{Unicode}
အပိုင်း ၇၇
နှလုံးသားထဲ ငြိမ်းချမ်းရေးနှင့် ချစ်ခြင်းမေတ္တာတို့ ပြည့်နှက်နေသည့် ဇွန်ဘီအနေနှင့်၊ ကြယ်ပွင့်နောက်လိုက်သည့် ဇွန်ဘီအနေဖြင့် System ၏ သတိပေးချက်ကို လစ်လျူရှုကာ သူမက ဇွန်ဘီဖြစ်မှန်း မသိဟန်ဆောင်နေရန် ရှန့်ချောင် ဆုံးဖြတ်လိုက်သည်။
ဘာတာဝန်ပဲ လုပ်ရ လုပ်ရ၊ ဘယ်လို ဇာတ်ကြောင်းပဲလာလာ၊ ဟော့ရှီးကို နောက်ဆုံးချိန်ထိ ကာကွယ်နိုင်လျှင် သူမ၏ mission အောင်မြင်လေပြီ။
ဇွန်ဘီက ချစ်ခြင်းမေတ္တာအနည်းငယ် ဖော်ပြနိုင်လျှင် ကမ္ဘာကြီးက လှပသည့် နေရာတစ်ခု ဖြစ်လာပေမည်။
ကားစုတ်ဘေးရှိ သူငယ်ချင်းလေးမှာ သက်ရှိလူများအား စိတ်ဝင်စားပုံရသည်။ သူ့လက်ထဲရှိ ဆက်တင်ပစ္စည်းနှလုံးတုကို လွှင့်ပစ်လိုက်ကာ သူတို့ထံ ယိုင်တိုင်တိုင်ဖြင့် ပြေးလာသည်။
အတုအယောင်မှန်း သိနေသည့်တိုင် ထိုမြင်ကွင်းမှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှသည်။ Special effect နှင့် မိတ်ကပ်အပြင်အဆင်မှာ အလွန်တရာ ရွံရှာဖွယ် ကောင်းလှသဖြင့် အနီးကပ် မြင်တွေ့ရလျှင် အိပ်မက်ဆိုးပင် မက်စေနိုင်သည်။
ဟော့ရှီး သူမ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ ထွက်ပြေးတော့သည်။
မီတာအနည်းငယ်မျှ ပြေးလွှားပြီးသည့်နောက် စုတ်ချာချာအဝတ်အစားများဖြင့် ဇွန်ဘီအုပ်က လမ်းမဘက်မှ ပေါ်ထွက်လာကာ သူတို့ခန္ဓာကိုယ်ကို ခပ်တောင့်တောင့်လှုပ်ရှားရင်း သူမတို့အား ဘက်ပေါင်းစုံမှ ဝန်းရံလိုက်သည်။
ပရိုဂရမ်အဖွဲ့က တကယ့်ကို နှလုံးသားမဲ့လိုက်တာ!!
လက်မောင်းပေါ်ရှိ အသက်တန်ဖိုးကို ညွှန်ပြနေသည့် အီလက်ထရောနစ်မီတာထံမှ သတိပေးသံပေါ်ထွက်လာပြီး သူတို့ရှေ့ရှိ ဇွန်ဘီများမှာ အသက်အန္တရာယ်ပေးနိုင်ကြောင်း သတိပေးလာသည်။
သူမတို့ ထွက်ပြေးရန် လမ်းမရှိပေ။
မြင်ကွင်းမှာ အလွန်တရာစစ်မှန်ပြီး ဇွန်ဘီများက သူမတို့အား အမှန်တကယ် ဝိုင်းပတ်ထားသယောင်။ ကူကယ်ရာမဲ့သည့်ခံစားချက်နှင့် ကြောက်ရွံ့မှုက တဟုန်ထိုး လွှမ်းမိုးလာသည်။
သန္ဓေပြောင်းလဲခြင်းမီတာမှာ ၁၀၀% သို့ ချက်ချင်းရောက်ရှိသွားရန် ရှန့်ချောင် အမှန်တကယ် မျှော်လင့်မိသည်။ သို့မှသာ သူမ ချစ်ခင်သည့်သူများအား ကာကွယ်နိုင်ပြီး ဇွန်ဘီအုပ်မှ ဖောက်ထွက်နိုင်ပေမည်။
သူတို့နောက်ဘက်တွင် ကုန်စုံဆိုင် တစ်ဆိုင် တည်ရှိသည်။ ထွက်မပြေးနိုင်လျှင် ပုန်းနေရုံသာ။ ဟော့ရှီး သူမကို ဆွဲကာ အတွင်းသို့ ပြေးဝင်လိုက်ပြီး တံခါးပိတ်လိုက်ပြီးနောက် မြေပြင်ပေါ် လဲကျနေသည့် စင်ကို ဆွဲယူကာ တံခါးရှေ့ ခံထားလိုက်သည်။
ဆိုင်မှန်ပြတင်းမှတဆင့် ဇွန်ဘီတစ်ကောင်ပြီး တစ်ကောင် အနားတိုးလာသည်ကို မြင်တွေ့ရကာ သိပ်မကြာလိုက်မှီမှာပင် စတိုးဆိုင်အား ပိတ်ဆို့လိုက်သည်။ ဇွန်ဘီများက ပြတင်းပေါက်ကို မှီကာ မှန်ချပ်များထံ လက်များဖြင့် ရိုက်ပုတ်လာပြီး အချို့မှာ တံခါးကိုပင် လှုပ်ယမ်းလာကာ တစ်ဦးက တစ်ဦးထက်ပို၍ အစစ်အမှန်နှင့် တူလာသည်။
စိတ်အေးအေးထားကြပါဟ!! ဒါက Variety Show လေ!! နင်တို့ Walking Dead ရိုက်နေတာ မဟုတ်ဘူး!!
ပြီးခဲ့သည့် အပိုင်းများ၌ ပရိုဂရမ်အဖွဲ့က ဧည့်သည်များအား ပြေးပေါက်မရှိအောင် ဖိအားပေးလာလျှင် ရှန့်ချောင်က ဒါရိုက်တာအဖွဲ့ အံ့အားသင့်ရလောက်အောင် ထွက်ပေါက်ရအောင် ရှာပေမည်။ သို့ရာတွင် လက်ရှိအချိန်၌ ဟော့ရှီး သူမဘေးရှိနေချိန်တွင် သူမစိတ်အာရုံအလုံးစုံမှာ ဟော့ရှီးထံ နှစ်မြုပ်ထားပြီး အနိုင်ရလိုသည်ထက် သူ့အား ကာကွယ်လိုစိတ်များနေသည်မို့ Bug power မှာ ပိတ်ဆို့ထားခြင်း ခံရသည်။
ရလဒ်အနေဖြင့် ဟော့ရှီးက
"မင်း အာလူးကြော်စားမလား?"
ရှန့်ချောင် - " ??? "
ရိုက်ကူးရေးအဖွဲ့သားများ၏ ဆက်တင်အပြင်အဆင်မှာ အမြဲတစေ စစ်မှန်သည်။ စတိုးဆိုင်အတွင်းရှိ စင်များပေါ်တွင် မုန့်ထုပ်များအပြည့်။ ထုတ်လုပ်သည့်ရက်စွဲကို ကြည့်လျှင် ဒိတ်မအောက်သေး။
ရှန့်ချောင်က တိုးတိုးပြန်ဖြေသည်။
"တစ်ထုပ်လောက်စားတာပေါ့"
ဟော့ရှီးက ထပ်မေးသည်။
"ဘာအရသာ စားမလဲ?"
ရှန့်ချောင် - "သခွါးသီးအရသာ၊ မူရင်းအရသာဆိုလည်း ရတယ်"
ဟော့ရှီးက စင်ပေါ်မှ ရွေးချယ်ကာ အာလူးကြော်နှစ်ထုပ်ယူလာသည်။
ဤသို့ဖြင့် အပြင်ဘက်ရှိ ဇွန်ဘီများခမျာ အတွင်းဘက်၌ သူတို့နှစ်ယောက် အာလူးကြော်စားနေသည်ကို ကြည့်နေရသည်။
ဇွန်ဘီများ - " ??? "
ဒါဘာသဘောလဲ? ငါတို့ကို ဇွန်ဘီဆိုပြီး အထင်အမြင်သေးတဲ့ သဘောလား? အရံသရုပ်ဆောင်တွေရဲ့ ကြိုးစားအားထုတ်မှုကို နည်းနည်းလောက် အသိအမှတ်ပြုပေးပါလား!
ရှန့်ချောင်က အာလူးကြော်စားရင်း အပြင်ဘက်အခြေအနေကို လှမ်းကြည့်နေသည်။ ထို့နောက် သူမက ပါးစပ်အုပ်ရင်း လှမ်းမေးသည်။
"ဟော့ရှီး ကျွန်မတို့က အပေါ်ယံမှာ အာလူးကြော်စားပြီး သူတို့ စိတ်ရှုပ်အောင် လုပ်နေတာမလား?"
ဟော့ရှီး - "ငါတို့ ဒီတိုင်း အာလူးကြော်စားနေတာ၊ ငါ ညစာ မစားရသေးဘူး"
ရှန့်ချောင် - "အာ?"
သူမက ရေခဲသေတ္တာဆီ ပြေးသွားကာ နို့ဘူးတစ်ဘူးယူလာပြီး
"ဒါဆို များများစား၊ ဗိုက်ပြည့်မှ နည်းလမ်းရှာတာပေါ့၊ မလောဘူး"
အပြင်ဘက်ရှိ ဇွန်ဘီများ - " ??? "
ဒါရိုက်တာအဖွဲ့ - " !!!! "
ဒါရိုက်တာချုပ် - "သူတို့ကို နည်းနည်း လှုံ့ဆော်ပေးလိုက်!!"
ဇွန်ဘီများက တံခါးရှိရာဆီ အကြမ်းပတမ်း ရိုက်ပုတ်လာသည်။ သူတို့ ရိုက်လိုက်သည့် အကြိမ်တိုင်း တံခါးက လှုပ်လှုပ်ခတ်ခတ်။ ရှန့်ချောင်က ခြေလှမ်း သုံးလှမ်းမျှဖြင့် ပြေးလာကာ တံခါးကို အားကုန်တွန်းရင်း အံကြိတ်ကာ ဆိုသည်။
"ဟော့ရှီး ဖြည်းဖြည်းစား! မလောနဲ့!"
မှန်ကွဲကာ လူထိခိုက်မိမည်စိုးသဖြင့် ပရိုဂရမ်အဖွဲ့သားများက အရမ်းကာရော မှန်မခွဲရဲပေ။ တံခါးတွန်းဖွင့်ရုံသာ တတ်နိုင်သည်။
ဟော့ရှီးက သောက်လက်စ နို့ဘူးကို စင်ပေါ်တင်ကာ နှုတ်ခမ်းထောင့်စွန်းဆီ လက်မဖြင့် သုတ်လိုက်ပြီးနောက် ထောင့်တနေရာဆီ သွားကာ ပြိုကျနေသည့်စင်ကို တွန်းဖယ်လိုက်လျှင် နံရံနောက်ဘက်ရှိ မီးသတ်ပိုက် ပေါ်ထွက်လာသည်။
သူက မီးသတ်ပိုက်ကို ဖြေချလိုက်ကာ တံခါးဆီ ယူလာပြီး ရှန့်ချောင်ကို လှမ်းခေါ်သည်။
"အဲ့နားက မီးသတ်ဆေးဘူးသွားယူ"
ရှန့်ချောင် ခပ်မြန်မြန် ပြေးယူသည်။
မီးသတ်ပိုက်ရော မီးသတ်ဆေးဘူးပါ ပုံမှန်တိုင်း အလုပ် လုပ်မလုပ် စစ်ဆေးလိုက်သည်။ ဟော့ရှီးက တံခါးနားရှိ ရေပိုက်ခေါင်းကို လက်ညှိုးညွှန်ကာ တီးတိုးပြောသည်။
"သူတို့ တံခါးက ဝင်လာရင် ရေပိုက်ဖွင့်လိုက်၊ မီးသတ်ပိုက်အားက တအားပြင်းတော့ သူတို့ခံနိုင်မှာ မဟုတ်ဘူး၊ ခဏစောင့်ပြီး တံခါးနားမှာ ရှင်းသွားတာနဲ့ ပြေးတော့၊ ဇွန်ဘီတွေ အနားကပ်လာရင် မီးသတ်ဆေးဘူးနဲ့ ဖြန်းပစ်"
ရှန့်ချောင်က စိုးရိမ်တကြီးမေးမြန်းသည်။
"ရှင်ကရော ဘယ်လိုလုပ်မလဲ?"
သူက ခေါင်းငုံ့ကာ သူမထံ ပြုံးပြလာသည်။
"ငါ မင်းထက် ပိုမြန်မြန်ပြေးနိုင်တယ်၊ မင်းနောက် အမှီလိုက်ခဲ့မယ်"
သူမက ခေါင်းညိတ်ကာ မီးသတ်ဆေးဘူးကို တင်းတင်းပိုက်လိုက်သည်။
ဒါရိုက်တာအဖွဲ့ - "........."
အပြင်ဘက်ရှိ ဇွန်ဘီများ - "ရုတ်တရက်ကြီး တံခါး မဖွင့်ချင်တော့ဘူး!!"
ထိုအချိန်၌ ရုတ်တရက် တံခါးအပြင်ဘက်ဆီမှ အော်ဟစ်သံ ပေါ်ထွက်လာသည်။
"ရှုန်းတိ!! ငါတို့ မင်းကို လာကယ်ပြီ!!"
ရှန့်ချောင် - " ??? "
ဟော့ရှီး - "...."
မှန်ပြတင်းပေါက်မှတဆင့် လမ်းတစ်ဖက်ခြမ်းထံ လှမ်းမြင်နေရပြီး ရှန်ကျွင့်ယီးနှင့် ကျီကျားယို့က လက်ထဲတွင် မီးတုတ်ကိုယ်စီကိုင်ကာ အိုလံပစ်မီးရှူးတိုင်သယ်ဆောင်သူများသဖွယ် ပြေးလာသည်။
အတွင်း၌ ရေရှိပြီး အပြင်ဘက်တွင်မူ မီး။ ဇွန်ဘီများမှာ အလွန်အမင်း စိတ်လောကြီးလာသည်။
ဒါရိုက်တာအဖွဲ့သားများက ကူကယ်ရာမဲ့စွာ ဆိုလာသည်။
"သူတို့ကို ခြောက်ပြီး နောက်ပြန်ဆုတ်"
ဤသို့ဖြင့် ဇွန်ဘီများမှာ အစွယ်များထုတ်ကာ ခြောက်လှန့်ပြီး တစ်ယောက်ပြီး တစ်ယောက် နောက်ပြန်ဆုတ်သွား၏။
ဟော့ရှီးက စင်ကို ဖယ်လိုက်ပြီး တံခါးဖွင့်လိုက်သည်။ ရှန်ကျွင့်ယီးနှင့် ကျီကျားယို့မှာ အပြင်ဘက်တွင် မီးတုတ်များကို မီးငြိမ်းလျက်ရှိပြီး လောင်စာချွေတာမည်ဟု ဆိုသည်။
ရှန့်ချောင်မှ မေးသည်။
"နင်တို့ ဘယ်လို ရောက်လာတာလဲ?"
ကျီကျားယို့ - "ငါတို့ ရှေ့မျက်နှာချင်းဆိုင်က အဆောက်အအုံထဲ ပုန်းနေတုန်း မင်းတို့နောက် ဇွန်ဘီတွေ လိုက်လာတာ မြင်လိုက်လို့၊ ကံကောင်းလို့ အဆောက်အအုံထဲမှာ မီးတုတ်တွေ ပြန့်ကျဲနေတာ၊ ကျွင့်ယီးကောကလည်း မီးခြစ်ယူလာတာနဲ့"
မီးငြှိမ်းသတ်ပြီးသည့် မီးတုတ်ကို ရှန်ကျွင့်ယီးက ကျောပိုးအိတ်ထဲသို့ ထိုးထည့်လိုက်သည်။ ထို့နောက် သူက ဂုဏ်ယူစွာဖြင့် ဆိုသည်။
"ညီအစ်ကို ငါ မတော်ဘူးလား? ဆုံတွေ့ရတယ်ဆိုတာ ကံတရားပဲ၊ မဟာမိတ်ဖွဲ့ရင် ဘယ်လိုလဲ?"
ရှန့်ချောင် - "မရဘူး! စဉ်းတောင် မစဉ်းစားလိုက်နဲ့"
ရှန်ကျွင့်ယီး - "ညီအစ်ကို၊ ငါတို့ အရင်က အတူရင်ဆိုင်ခဲ့တာတွေကို မေ့သွားပြီလား?"
ရှန့်ချောင် နောက်လှည့်ထွက်သွားသည်။
ဟော့ရှီးက နောက်မှ တဖြည်းဖြည်းလိုက်သွားကာ ထွက်မသွားခင် လက်ပြနှုတ်ဆက်သွားသေးသည်။
ရှန်ကျွင့်ယီးက ကျီကျားယို့ဘက်လှည့်ကာ
"ညီအစ်ကိုက ပြောင်းလဲသွားပြီ၊ သူက အရင်က ဒီလို မဟုတ်ပါဘူး၊ အခု ငါ့အပေါ် အေးစက်သွားပြီ"
ကျီကျားယို့ - "သူ မပြောင်းလဲပါဘူး၊ အရင်ကတည်းက အေးစက်စက်ဆက်ဆံတာပဲလေ"
ရှန်ကျွင့်ယီး - "......"
သွေးအေးသည့် ရှန့်ချောင်က ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် လှည့်ကြည့်ကာ ဟော့ရှီး လိုက်လာ မလာ စစ်ဆေးသည်။ ဟော့ရှီးကို မြင်လျှင် အေးစက်မှုမှာ အရည်ပျော်သွားရသည်။ သူမက လက်ထဲတွင် မီးသတ်ဆေးဘူး ပိုက်ထားလျက်ဖြင့် စိုးရိမ်တကြီး မေးသည်။
"ဟော့ရှီး ရှင်ဗိုက်ပြည့်ပြီလား?"
သူက ခေါင်းညိတ်သည်။
"ရှင် ဗိုက်မဝသေးရင်...."
ရှန့်ချောင်က ဟိုဒီလိုက်စမ်းကာ အိတ်ကပ်ထဲမှ ဘီစကစ် တစ်ထုပ် ထုတ်ယူလာသည်။
"ဒီမှာ မုန့်နည်းနည်းရှိသေးတယ်"
ဒါရိုက်တာချုပ် - "မင်းတို့ မစစ်ခဲ့ဘူးလား?"
အဖွဲ့သားများ - "စစ်ခဲ့တယ်၊ အဲ့ဒီမုန့်က အခုလေးတင် သူ စတိုးဆိုင်က ယူလာတာ"
ဒါရိုက်တာချုပ် - "အဲ့လို အခြေအနေမှာတောင် သူက မုန့်ခိုးဖို့ သတိရသေးတယ်?"
အဖွဲ့သားများ - "..... Bug ဆိုမှတော့ တွေးတောတာ နည်းနည်းကွဲပြားမှာပေါ့"
ဒါရိုက်တာချုပ်ခမျာ ဆွံ့အသွားရသည်။
.....
နှစ်ဦးသားက အထပ်မြင့်အဆောက်အအုံရှိရာဆီ ဦးတည်သွားနေကာ နောက်ဘက်မှ ရှန်ကျွင့်ယီးနှင့် ကျီကျားယို့က ကပ်လိုက်လာသည်။ သူတို့က မိတ်မဖွဲ့ထားသော်လည်း တသင်းတည်းသားများဟု ဆိုကြသေးသည်။
ရှေ့သို့ တိုးလျှောက်လာလေ မီးဆလိုက်များ ပိုများလာလေဖြစ်သည်။ ဒါရိုက်တာအဖွဲ့က ညဘက်ဇာတ်ကွက်ကို ဖန်တီးကာ အလင်းတန်းများကို သုံး၍ ကောင်းကင်ကို ထိန်းချုပ်သည်။
ရှေ့ဘက်တွင် ပန်းခြံတစ်ခုရှိပြီး အလယ်နေရာရှိ ရေပန်းမှ ရေများ ပန်းထုတ်နေသည်။ ရေအားမှာ အလွန်တရာ အားဖျော့လျက်ရှိပြီး လျှပ်စီးဓါတ်အား အပြည့်အဝမရရှိမှုကြောင့် ဖြစ်ဟန်တူသည်။ သို့ရာတွင် ရေမျက်နှာပြင်ကား အရောင်တောက်လျက်ရှိသည်။ အနီးကပ်ကြည့်ရှူလျှင် ရေမျက်နှာပြင်အောက်ခြေ၌ ဆုတောင်းစကားဆို၍ ပစ်ထားသည့် ငွေရောင်အကြွေစေ့များကို မြင်တွေ့နိူင်သည်။
ရှန်ကျွင့်ယီး - "ရေပန်း ဒီနေရာမှာ ပေါ်လာဖို့ဆိုတာ မလွယ်ကူဘူး"
ကျန်သူများက သူ့အားလှမ်းကြည့်လာသည်။ ရှန်ကျွင့်ယီးက သူ့ဘောင်းဘီအိတ်ထဲမှ အကြွေစေ့ကို ထုတ်ယူပြီးနောက် ရေထဲ ပစ်ထည့်လိုက်ကာ မျက်စိမှိတ်ရင်း ဆုတောင်းစကားဆိုသည်။
"ကမ္ဘာမြေပေါ်က ထွက်ပြေးနိုင်ဖို့ အာကသယာဉ် လိုချင်ပါတယ်!"
ကျန်သုံးယောက် - " ??? "
ရှန်ကျွင့်ယီးက အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် သက်ပြင်းချသည်။
"ငါထင်တာက ဒါက ဒါရိုက်တာအဖွဲ့ရဲ့ လျို့ဝှက်ချက်လို့၊ သူတို့ ဒီလောက် သဘောမကောင်းပါဘူးလို့ ထင်သားပဲ"
ဒါရိုက်တာအဖွဲ့ - " ??? "
"ဒါဆို ငါ့ပိုက်ဆံ ပြန်ယူမှပဲ"
သူက ရေပန်းဘောင်ပေါ် ထိုင်ကာ အကြွေစေ့ကို လှမ်းယူရန် ကြိုးစားသည်။ ရှန့်ချောင် သူ့အား ကန်ချပစ်လိုက်ချင်သည်။
အချိန်အတော်ကြာ ဟန်ဆောင်နေပြီးနောက် ရှန်ကျွင့်ယီးက အကြွေစေ့လက်တစ်ဆုပ်ယူကာ ဟိုလှန် ဒီလှန်ကြည့်ရှုပြီးနောက် ပြန်ပစ်ထည့်သည်။
တစ်ခုသော အကြွေစေ့မှာ လွတ်ကျလာပြီး ရှန့်ချောင်၏ ခြေရင်းသို့ လိမ့်လာသည်။ သူမ အောက်ငုံ့ကာ ကောက်ယူလိုက်သည်။
ဆုတောင်းအကြွေစေ့မှာ ပုံမှန် အကြွေစေ့ထက် နှစ်ဆမျှ ပိုကြီးကာ ရှေ့ဘက်ရော နောက်ဘက်တွင်ပါ ရုပ်ပုံထွင်းထားသည်။ အလင်းရောင်အောက် သူမမျက်ဝန်းတို့ မှေးစင်းကြည့်လိုက်ကာ အကြွေစေ့ပေါ်တွင် သေးငယ်သည့် ပုံစံများ ထွင်းထားသည်ကို မြင်ရသည်။ ရုပ်ပုံများမှာ သေးငယ်လွန်းသည့်အပြင် အလင်းအား မကောင်းလှသည်မို့ သူမအိတ်ကပ်ထဲ ထည့်လိုက်သည်။
နားကြပ်ထဲမှ ကြေညာချက်ထွက်ပေါ်လာသည်။
"ပြိုင်ပွဲဝင်၏ သန္ဓေပြောင်းလဲနှုန်းမှာ ၂၀%"
ရှန့်ချောင်က အနီးနားရှိ လူသုံးယောက် ကြားသွားမည်ကို စိုးရိမ်သဖြင့် ခန္ဓာကိုယ်ကို ကျုံ့လိုက်သည်။
ရုတ်တရက် မျက်ဝန်းရှေ့ အမှောင်ထုကျရောက်လာကာ ဘေးပတ်လည်ရှိ အလင်းတန်းများ ပိတ်ကျသွားသည်။
အမှောင်ထဲ ကျင့်သားမရသေးသည်မို့ မည်သည်ကိုမှ မမြင်ရပေ။
အမှောင်ထဲမှ ခြေသံများထွက်ပေါ်လာသည်။
*****
{Zawgyi}
အပိုင္း ၇၇
ႏွလုံးသားထဲ ၿငိမ္းခ်မ္းေရးႏွင့္ ခ်စ္ျခင္းေမတၱာတို႔ ျပည့္ႏွက္ေနသည့္ ဇြန္ဘီအေနႏွင့္၊ ၾကယ္ပြင့္ေနာက္လိုက္သည့္ ဇြန္ဘီအေနျဖင့္ System ၏ သတိေပးခ်က္ကို လစ္လ်ဴရွုကာ သူမက ဇြန္ဘီျဖစ္မွန္း မသိဟန္ေဆာင္ေနရန္ ရွန့္ေခ်ာင္ ဆုံးျဖတ္လိုက္သည္။
ဘာတာဝန္ပဲ လုပ္ရ လုပ္ရ၊ ဘယ္လို ဇာတ္ေၾကာင္းပဲလာလာ၊ ေဟာ့ရွီးကို ေနာက္ဆုံးခ်ိန္ထိ ကာကြယ္နိုင္လၽွင္ သူမ၏ mission ေအာင္ျမင္ေလၿပီ။
ဇြန္ဘီက ခ်စ္ျခင္းေမတၱာအနည္းငယ္ ေဖာ္ျပနိုင္လၽွင္ ကမၻာႀကီးက လွပသည့္ ေနရာတစ္ခု ျဖစ္လာေပမည္။
ကားစုတ္ေဘးရွိ သူငယ္ခ်င္းေလးမွာ သက္ရွိလူမ်ားအား စိတ္ဝင္စားပုံရသည္။ သူ႔လက္ထဲရွိ ဆက္တင္ပစၥည္းႏွလုံးတုကို လႊင့္ပစ္လိုက္ကာ သူတို႔ထံ ယိုင္တိုင္တိုင္ျဖင့္ ေျပးလာသည္။
အတုအေယာင္မွန္း သိေနသည့္တိုင္ ထိုျမင္ကြင္းမွာ အလြန္အမင္း ေၾကာက္မက္ဖြယ္ေကာင္းလွသည္။ Special effect ႏွင့္ မိတ္ကပ္အျပင္အဆင္မွာ အလြန္တရာ ရြံရွာဖြယ္ ေကာင္းလွသျဖင့္ အနီးကပ္ ျမင္ေတြ႕ရလၽွင္ အိပ္မက္ဆိုးပင္ မက္ေစနိုင္သည္။
ေဟာ့ရွီး သူမ လက္ေကာက္ဝတ္ကို ဆုပ္ကိုင္ကာ ထြက္ေျပးေတာ့သည္။
မီတာအနည္းငယ္မၽွ ေျပးလႊားၿပီးသည့္ေနာက္ စုတ္ခ်ာခ်ာအဝတ္အစားမ်ားျဖင့္ ဇြန္ဘီအုပ္က လမ္းမဘက္မွ ေပၚထြက္လာကာ သူတို႔ခႏၶာကိုယ္ကို ခပ္ေတာင့္ေတာင့္လွုပ္ရွားရင္း သူမတို႔အား ဘက္ေပါင္းစုံမွ ဝန္းရံလိုက္သည္။
ပရိုဂရမ္အဖြဲ႕က တကယ့္ကို ႏွလုံးသားမဲ့လိုက္တာ!!
လက္ေမာင္းေပၚရွိ အသက္တန္ဖိုးကို ညႊန္ျပေနသည့္ အီလက္ထေရာနစ္မီတာထံမွ သတိေပးသံေပၚထြက္လာၿပီး သူတို႔ေရွ႕ရွိ ဇြန္ဘီမ်ားမွာ အသက္အႏၲရာယ္ေပးနိုင္ေၾကာင္း သတိေပးလာသည္။
သူမတို႔ ထြက္ေျပးရန္ လမ္းမရွိေပ။
ျမင္ကြင္းမွာ အလြန္တရာစစ္မွန္ၿပီး ဇြန္ဘီမ်ားက သူမတို႔အား အမွန္တကယ္ ဝိုင္းပတ္ထားသေယာင္။ ကူကယ္ရာမဲ့သည့္ခံစားခ်က္ႏွင့္ ေၾကာက္ရြံ႕မွုက တဟုန္ထိုး လႊမ္းမိုးလာသည္။
သေႏၶေျပာင္းလဲျခင္းမီတာမွာ ၁၀၀% သို႔ ခ်က္ခ်င္းေရာက္ရွိသြားရန္ ရွန့္ေခ်ာင္ အမွန္တကယ္ ေမၽွာ္လင့္မိသည္။ သို႔မွသာ သူမ ခ်စ္ခင္သည့္သူမ်ားအား ကာကြယ္နိုင္ၿပီး ဇြန္ဘီအုပ္မွ ေဖာက္ထြက္နိုင္ေပမည္။
သူတို႔ေနာက္ဘက္တြင္ ကုန္စုံဆိုင္ တစ္ဆိုင္ တည္ရွိသည္။ ထြက္မေျပးနိုင္လၽွင္ ပုန္းေန႐ုံသာ။ ေဟာ့ရွီး သူမကို ဆြဲကာ အတြင္းသို႔ ေျပးဝင္လိုက္ၿပီး တံခါးပိတ္လိုက္ၿပီးေနာက္ ေျမျပင္ေပၚ လဲက်ေနသည့္ စင္ကို ဆြဲယူကာ တံခါးေရွ႕ ခံထားလိုက္သည္။
ဆိုင္မွန္ျပတင္းမွတဆင့္ ဇြန္ဘီတစ္ေကာင္ၿပီး တစ္ေကာင္ အနားတိုးလာသည္ကို ျမင္ေတြ႕ရကာ သိပ္မၾကာလိုက္မွီမွာပင္ စတိုးဆိုင္အား ပိတ္ဆို႔လိုက္သည္။ ဇြန္ဘီမ်ားက ျပတင္းေပါက္ကို မွီကာ မွန္ခ်ပ္မ်ားထံ လက္မ်ားျဖင့္ ရိုက္ပုတ္လာၿပီး အခ်ိဳ႕မွာ တံခါးကိုပင္ လွုပ္ယမ္းလာကာ တစ္ဦးက တစ္ဦးထက္ပို၍ အစစ္အမွန္ႏွင့္ တူလာသည္။
စိတ္ေအးေအးထားၾကပါဟ!! ဒါက Variety Show ေလ!! နင္တို႔ Walking Dead ရိုက္ေနတာ မဟုတ္ဘူး!!
ၿပီးခဲ့သည့္ အပိုင္းမ်ား၌ ပရိုဂရမ္အဖြဲ႕က ဧည့္သည္မ်ားအား ေျပးေပါက္မရွိေအာင္ ဖိအားေပးလာလၽွင္ ရွန့္ေခ်ာင္က ဒါရိုက္တာအဖြဲ႕ အံ့အားသင့္ရေလာက္ေအာင္ ထြက္ေပါက္ရေအာင္ ရွာေပမည္။ သို႔ရာတြင္ လက္ရွိအခ်ိန္၌ ေဟာ့ရွီး သူမေဘးရွိေနခ်ိန္တြင္ သူမစိတ္အာ႐ုံအလုံးစုံမွာ ေဟာ့ရွီးထံ ႏွစ္ျမဳပ္ထားၿပီး အနိုင္ရလိုသည္ထက္ သူ႔အား ကာကြယ္လိုစိတ္မ်ားေနသည္မို႔ Bug power မွာ ပိတ္ဆို႔ထားျခင္း ခံရသည္။
ရလဒ္အေနျဖင့္ ေဟာ့ရွီးက
"မင္း အာလူးေၾကာ္စားမလား?"
ရွန့္ေခ်ာင္ - " ??? "
ရိုက္ကူးေရးအဖြဲ႕သားမ်ား၏ ဆက္တင္အျပင္အဆင္မွာ အျမဲတေစ စစ္မွန္သည္။ စတိုးဆိုင္အတြင္းရွိ စင္မ်ားေပၚတြင္ မုန့္ထုပ္မ်ားအျပည့္။ ထုတ္လုပ္သည့္ရက္စြဲကို ၾကည့္လၽွင္ ဒိတ္မေအာက္ေသး။
ရွန့္ေခ်ာင္က တိုးတိုးျပန္ေျဖသည္။
"တစ္ထုပ္ေလာက္စားတာေပါ့"
ေဟာ့ရွီးက ထပ္ေမးသည္။
"ဘာအရသာ စားမလဲ?"
ရွန့္ေခ်ာင္ - "သခြါးသီးအရသာ၊ မူရင္းအရသာဆိုလည္း ရတယ္"
ေဟာ့ရွီးက စင္ေပၚမွ ေရြးခ်ယ္ကာ အာလူးေၾကာ္ႏွစ္ထုပ္ယူလာသည္။
ဤသို႔ျဖင့္ အျပင္ဘက္ရွိ ဇြန္ဘီမ်ားခမ်ာ အတြင္းဘက္၌ သူတို႔ႏွစ္ေယာက္ အာလူးေၾကာ္စားေနသည္ကို ၾကည့္ေနရသည္။
ဇြန္ဘီမ်ား - " ??? "
ဒါဘာသေဘာလဲ? ငါတို႔ကို ဇြန္ဘီဆိုၿပီး အထင္အျမင္ေသးတဲ့ သေဘာလား? အရံသ႐ုပ္ေဆာင္ေတြရဲ့ ႀကိဳးစားအားထုတ္မွုကို နည္းနည္းေလာက္ အသိအမွတ္ျပဳေပးပါလား!
ရွန့္ေခ်ာင္က အာလူးေၾကာ္စားရင္း အျပင္ဘက္အေျခအေနကို လွမ္းၾကည့္ေနသည္။ ထို႔ေနာက္ သူမက ပါးစပ္အုပ္ရင္း လွမ္းေမးသည္။
"ေဟာ့ရွီး ကၽြန္မတို႔က အေပၚယံမွာ အာလူးေၾကာ္စားၿပီး သူတို႔ စိတ္ရွုပ္ေအာင္ လုပ္ေနတာမလား?"
ေဟာ့ရွီး - "ငါတို႔ ဒီတိုင္း အာလူးေၾကာ္စားေနတာ၊ ငါ ညစာ မစားရေသးဘူး"
ရွန့္ေခ်ာင္ - "အာ?"
သူမက ေရခဲေသတၱာဆီ ေျပးသြားကာ နို႔ဘူးတစ္ဘူးယူလာၿပီး
"ဒါဆို မ်ားမ်ားစား၊ ဗိုက္ျပည့္မွ နည္းလမ္းရွာတာေပါ့၊ မေလာဘူး"
အျပင္ဘက္ရွိ ဇြန္ဘီမ်ား - " ??? "
ဒါရိုက္တာအဖြဲ႕ - " !!!! "
ဒါရိုက္တာခ်ဳပ္ - "သူတို႔ကို နည္းနည္း လွုံ႔ေဆာ္ေပးလိုက္!!"
ဇြန္ဘီမ်ားက တံခါးရွိရာဆီ အၾကမ္းပတမ္း ရိုက္ပုတ္လာသည္။ သူတို႔ ရိုက္လိုက္သည့္ အႀကိမ္တိုင္း တံခါးက လွုပ္လွုပ္ခတ္ခတ္။ ရွန့္ေခ်ာင္က ေျခလွမ္း သုံးလွမ္းမၽွျဖင့္ ေျပးလာကာ တံခါးကို အားကုန္တြန္းရင္း အံႀကိတ္ကာ ဆိုသည္။
"ေဟာ့ရွီး ျဖည္းျဖည္းစား! မေလာနဲ႔!"
မွန္ကြဲကာ လူထိခိုက္မိမည္စိုးသျဖင့္ ပရိုဂရမ္အဖြဲ႕သားမ်ားက အရမ္းကာေရာ မွန္မခြဲရဲေပ။ တံခါးတြန္းဖြင့္႐ုံသာ တတ္နိုင္သည္။
ေဟာ့ရွီးက ေသာက္လက္စ နို႔ဘူးကို စင္ေပၚတင္ကာ ႏွုတ္ခမ္းေထာင့္စြန္းဆီ လက္မျဖင့္ သုတ္လိုက္ၿပီးေနာက္ ေထာင့္တေနရာဆီ သြားကာ ၿပိဳက်ေနသည့္စင္ကို တြန္းဖယ္လိုက္လၽွင္ နံရံေနာက္ဘက္ရွိ မီးသတ္ပိုက္ ေပၚထြက္လာသည္။
သူက မီးသတ္ပိုက္ကို ေျဖခ်လိုက္ကာ တံခါးဆီ ယူလာၿပီး ရွန့္ေခ်ာင္ကို လွမ္းေခၚသည္။
"အဲ့နားက မီးသတ္ေဆးဘူးသြားယူ"
ရွန့္ေခ်ာင္ ခပ္ျမန္ျမန္ ေျပးယူသည္။
မီးသတ္ပိုက္ေရာ မီးသတ္ေဆးဘူးပါ ပုံမွန္တိုင္း အလုပ္ လုပ္မလုပ္ စစ္ေဆးလိုက္သည္။ ေဟာ့ရွီးက တံခါးနားရွိ ေရပိုက္ေခါင္းကို လက္ညႇိုးညႊန္ကာ တီးတိုးေျပာသည္။
"သူတို႔ တံခါးက ဝင္လာရင္ ေရပိုက္ဖြင့္လိုက္၊ မီးသတ္ပိုက္အားက တအားျပင္းေတာ့ သူတို႔ခံနိုင္မွာ မဟုတ္ဘူး၊ ခဏေစာင့္ၿပီး တံခါးနားမွာ ရွင္းသြားတာနဲ႔ ေျပးေတာ့၊ ဇြန္ဘီေတြ အနားကပ္လာရင္ မီးသတ္ေဆးဘူးနဲ႔ ျဖန္းပစ္"
ရွန့္ေခ်ာင္က စိုးရိမ္တႀကီးေမးျမန္းသည္။
"ရွင္ကေရာ ဘယ္လိုလုပ္မလဲ?"
သူက ေခါင္းငုံ႔ကာ သူမထံ ျပဳံးျပလာသည္။
"ငါ မင္းထက္ ပိုျမန္ျမန္ေျပးနိုင္တယ္၊ မင္းေနာက္ အမွီလိုက္ခဲ့မယ္"
သူမက ေခါင္းညိတ္ကာ မီးသတ္ေဆးဘူးကို တင္းတင္းပိုက္လိုက္သည္။
ဒါရိုက္တာအဖြဲ႕ - "........."
အျပင္ဘက္ရွိ ဇြန္ဘီမ်ား - "႐ုတ္တရက္ႀကီး တံခါး မဖြင့္ခ်င္ေတာ့ဘူး!!"
ထိုအခ်ိန္၌ ႐ုတ္တရက္ တံခါးအျပင္ဘက္ဆီမွ ေအာ္ဟစ္သံ ေပၚထြက္လာသည္။
"ရွုန္းတိ!! ငါတို႔ မင္းကို လာကယ္ၿပီ!!"
ရွန့္ေခ်ာင္ - " ??? "
ေဟာ့ရွီး - "...."
မွန္ျပတင္းေပါက္မွတဆင့္ လမ္းတစ္ဖက္ျခမ္းထံ လွမ္းျမင္ေနရၿပီး ရွန္ကၽြင့္ယီးႏွင့္ က်ီက်ားယို႔က လက္ထဲတြင္ မီးတုတ္ကိုယ္စီကိုင္ကာ အိုလံပစ္မီးရွူးတိုင္သယ္ေဆာင္သူမ်ားသဖြယ္ ေျပးလာသည္။
အတြင္း၌ ေရရွိၿပီး အျပင္ဘက္တြင္မူ မီး။ ဇြန္ဘီမ်ားမွာ အလြန္အမင္း စိတ္ေလာႀကီးလာသည္။
ဒါရိုက္တာအဖြဲ႕သားမ်ားက ကူကယ္ရာမဲ့စြာ ဆိုလာသည္။
"သူတို႔ကို ေျခာက္ၿပီး ေနာက္ျပန္ဆုတ္"
ဤသို႔ျဖင့္ ဇြန္ဘီမ်ားမွာ အစြယ္မ်ားထုတ္ကာ ေျခာက္လွန့္ၿပီး တစ္ေယာက္ၿပီး တစ္ေယာက္ ေနာက္ျပန္ဆုတ္သြား၏။
ေဟာ့ရွီးက စင္ကို ဖယ္လိုက္ၿပီး တံခါးဖြင့္လိုက္သည္။ ရွန္ကၽြင့္ယီးႏွင့္ က်ီက်ားယို႔မွာ အျပင္ဘက္တြင္ မီးတုတ္မ်ားကို မီးၿငိမ္းလ်က္ရွိၿပီး ေလာင္စာေခၽြတာမည္ဟု ဆိုသည္။
ရွန့္ေခ်ာင္မွ ေမးသည္။
"နင္တို႔ ဘယ္လို ေရာက္လာတာလဲ?"
က်ီက်ားယို႔ - "ငါတို႔ ေရွ႕မ်က္ႏွာခ်င္းဆိုင္က အေဆာက္အအုံထဲ ပုန္းေနတုန္း မင္းတို႔ေနာက္ ဇြန္ဘီေတြ လိုက္လာတာ ျမင္လိုက္လို႔၊ ကံေကာင္းလို႔ အေဆာက္အအုံထဲမွာ မီးတုတ္ေတြ ျပန့္က်ဲေနတာ၊ ကၽြင့္ယီးေကာကလည္း မီးျခစ္ယူလာတာနဲ႔"
မီးျငႇိမ္းသတ္ၿပီးသည့္ မီးတုတ္ကို ရွန္ကၽြင့္ယီးက ေက်ာပိုးအိတ္ထဲသို႔ ထိုးထည့္လိုက္သည္။ ထို႔ေနာက္ သူက ဂုဏ္ယူစြာျဖင့္ ဆိုသည္။
"ညီအစ္ကို ငါ မေတာ္ဘူးလား? ဆုံေတြ႕ရတယ္ဆိုတာ ကံတရားပဲ၊ မဟာမိတ္ဖြဲ႕ရင္ ဘယ္လိုလဲ?"
ရွန့္ေခ်ာင္ - "မရဘူး! စဥ္းေတာင္ မစဥ္းစားလိုက္နဲ႔"
ရွန္ကၽြင့္ယီး - "ညီအစ္ကို၊ ငါတို႔ အရင္က အတူရင္ဆိုင္ခဲ့တာေတြကို ေမ့သြားၿပီလား?"
ရွန့္ေခ်ာင္ ေနာက္လွည့္ထြက္သြားသည္။
ေဟာ့ရွီးက ေနာက္မွ တျဖည္းျဖည္းလိုက္သြားကာ ထြက္မသြားခင္ လက္ျပႏွုတ္ဆက္သြားေသးသည္။
ရွန္ကၽြင့္ယီးက က်ီက်ားယို႔ဘက္လွည့္ကာ
"ညီအစ္ကိုက ေျပာင္းလဲသြားၿပီ၊ သူက အရင္က ဒီလို မဟုတ္ပါဘူး၊ အခု ငါ့အေပၚ ေအးစက္သြားၿပီ"
က်ီက်ားယို႔ - "သူ မေျပာင္းလဲပါဘူး၊ အရင္ကတည္းက ေအးစက္စက္ဆက္ဆံတာပဲေလ"
ရွန္ကၽြင့္ယီး - "......"
ေသြးေအးသည့္ ရွန့္ေခ်ာင္က ေျခလွမ္းအနည္းငယ္ လွမ္းၿပီးေနာက္ လွည့္ၾကည့္ကာ ေဟာ့ရွီး လိုက္လာ မလာ စစ္ေဆးသည္။ ေဟာ့ရွီးကို ျမင္လၽွင္ ေအးစက္မွုမွာ အရည္ေပ်ာ္သြားရသည္။ သူမက လက္ထဲတြင္ မီးသတ္ေဆးဘူး ပိုက္ထားလ်က္ျဖင့္ စိုးရိမ္တႀကီး ေမးသည္။
"ေဟာ့ရွီး ရွင္ဗိုက္ျပည့္ၿပီလား?"
သူက ေခါင္းညိတ္သည္။
"ရွင္ ဗိုက္မဝေသးရင္...."
ရွန့္ေခ်ာင္က ဟိုဒီလိုက္စမ္းကာ အိတ္ကပ္ထဲမွ ဘီစကစ္ တစ္ထုပ္ ထုတ္ယူလာသည္။
"ဒီမွာ မုန့္နည္းနည္းရွိေသးတယ္"
ဒါရိုက္တာခ်ဳပ္ - "မင္းတို႔ မစစ္ခဲ့ဘူးလား?"
အဖြဲ႕သားမ်ား - "စစ္ခဲ့တယ္၊ အဲ့ဒီမုန့္က အခုေလးတင္ သူ စတိုးဆိုင္က ယူလာတာ"
ဒါရိုက္တာခ်ဳပ္ - "အဲ့လို အေျခအေနမွာေတာင္ သူက မုန့္ခိုးဖို႔ သတိရေသးတယ္?"
အဖြဲ႕သားမ်ား - "..... Bug ဆိုမွေတာ့ ေတြးေတာတာ နည္းနည္းကြဲျပားမွာေပါ့"
ဒါရိုက္တာခ်ဳပ္ခမ်ာ ဆြံ႕အသြားရသည္။
.....
ႏွစ္ဦးသားက အထပ္ျမင့္အေဆာက္အအုံရွိရာဆီ ဦးတည္သြားေနကာ ေနာက္ဘက္မွ ရွန္ကၽြင့္ယီးႏွင့္ က်ီက်ားယို႔က ကပ္လိုက္လာသည္။ သူတို႔က မိတ္မဖြဲ႕ထားေသာ္လည္း တသင္းတည္းသားမ်ားဟု ဆိုၾကေသးသည္။
ေရွ႕သို႔ တိုးေလၽွာက္လာေလ မီးဆလိုက္မ်ား ပိုမ်ားလာေလျဖစ္သည္။ ဒါရိုက္တာအဖြဲ႕က ညဘက္ဇာတ္ကြက္ကို ဖန္တီးကာ အလင္းတန္းမ်ားကို သုံး၍ ေကာင္းကင္ကို ထိန္းခ်ဳပ္သည္။
ေရွ႕ဘက္တြင္ ပန္းၿခံတစ္ခုရွိၿပီး အလယ္ေနရာရွိ ေရပန္းမွ ေရမ်ား ပန္းထုတ္ေနသည္။ ေရအားမွာ အလြန္တရာ အားေဖ်ာ့လ်က္ရွိၿပီး လၽွပ္စီးဓါတ္အား အျပည့္အဝမရရွိမွုေၾကာင့္ ျဖစ္ဟန္တူသည္။ သို႔ရာတြင္ ေရမ်က္ႏွာျပင္ကား အေရာင္ေတာက္လ်က္ရွိသည္။ အနီးကပ္ၾကည့္ရွူလၽွင္ ေရမ်က္ႏွာျပင္ေအာက္ေျခ၌ ဆုေတာင္းစကားဆို၍ ပစ္ထားသည့္ ေငြေရာင္အေႂကြေစ့မ်ားကို ျမင္ေတြ႕နိူင္သည္။
ရွန္ကၽြင့္ယီး - "ေရပန္း ဒီေနရာမွာ ေပၚလာဖို႔ဆိုတာ မလြယ္ကူဘူး"
က်န္သူမ်ားက သူ႔အားလွမ္းၾကည့္လာသည္။ ရွန္ကၽြင့္ယီးက သူ႔ေဘာင္းဘီအိတ္ထဲမွ အေႂကြေစ့ကို ထုတ္ယူၿပီးေနာက္ ေရထဲ ပစ္ထည့္လိုက္ကာ မ်က္စိမွိတ္ရင္း ဆုေတာင္းစကားဆိုသည္။
"ကမၻာေျမေပၚက ထြက္ေျပးနိုင္ဖို႔ အာကသယာဥ္ လိုခ်င္ပါတယ္!"
က်န္သုံးေယာက္ - " ??? "
ရွန္ကၽြင့္ယီးက အခ်ိန္အေတာ္ၾကာ ေစာင့္ဆိုင္းၿပီးေနာက္ သက္ျပင္းခ်သည္။
"ငါထင္တာက ဒါက ဒါရိုက္တာအဖြဲ႕ရဲ့ လ်ိဳ႕ဝွက္ခ်က္လို႔၊ သူတို႔ ဒီေလာက္ သေဘာမေကာင္းပါဘူးလို႔ ထင္သားပဲ"
ဒါရိုက္တာအဖြဲ႕ - " ??? "
"ဒါဆို ငါ့ပိုက္ဆံ ျပန္ယူမွပဲ"
သူက ေရပန္းေဘာင္ေပၚ ထိုင္ကာ အေႂကြေစ့ကို လွမ္းယူရန္ ႀကိဳးစားသည္။ ရွန့္ေခ်ာင္ သူ႔အား ကန္ခ်ပစ္လိုက္ခ်င္သည္။
အခ်ိန္အေတာ္ၾကာ ဟန္ေဆာင္ေနၿပီးေနာက္ ရွန္ကၽြင့္ယီးက အေႂကြေစ့လက္တစ္ဆုပ္ယူကာ ဟိုလွန္ ဒီလွန္ၾကည့္ရွုၿပီးေနာက္ ျပန္ပစ္ထည့္သည္။
တစ္ခုေသာ အေႂကြေစ့မွာ လြတ္က်လာၿပီး ရွန့္ေခ်ာင္၏ ေျခရင္းသို႔ လိမ့္လာသည္။ သူမ ေအာက္ငုံ႔ကာ ေကာက္ယူလိုက္သည္။
ဆုေတာင္းအေႂကြေစ့မွာ ပုံမွန္ အေႂကြေစ့ထက္ ႏွစ္ဆမၽွ ပိုႀကီးကာ ေရွ႕ဘက္ေရာ ေနာက္ဘက္တြင္ပါ ႐ုပ္ပုံထြင္းထားသည္။ အလင္းေရာင္ေအာက္ သူမမ်က္ဝန္းတို႔ ေမွးစင္းၾကည့္လိုက္ကာ အေႂကြေစ့ေပၚတြင္ ေသးငယ္သည့္ ပုံစံမ်ား ထြင္းထားသည္ကို ျမင္ရသည္။ ႐ုပ္ပုံမ်ားမွာ ေသးငယ္လြန္းသည့္အျပင္ အလင္းအား မေကာင္းလွသည္မို႔ သူမအိတ္ကပ္ထဲ ထည့္လိုက္သည္။
နားၾကပ္ထဲမွ ေၾကညာခ်က္ထြက္ေပၚလာသည္။
"ၿပိဳင္ပြဲဝင္၏ သေႏၶေျပာင္းလဲႏွုန္းမွာ ၂၀%"
ရွန့္ေခ်ာင္က အနီးနားရွိ လူသုံးေယာက္ ၾကားသြားမည္ကို စိုးရိမ္သျဖင့္ ခႏၶာကိုယ္ကို က်ဳံ႕လိုက္သည္။
႐ုတ္တရက္ မ်က္ဝန္းေရွ႕ အေမွာင္ထုက်ေရာက္လာကာ ေဘးပတ္လည္ရွိ အလင္းတန္းမ်ား ပိတ္က်သြားသည္။
အေမွာင္ထဲ က်င့္သားမရေသးသည္မို႔ မည္သည္ကိုမွ မျမင္ရေပ။
အေမွာင္ထဲမွ ေျခသံမ်ားထြက္ေပၚလာသည္။
*****