{Unicode}
အပိုင်း ၇၀.၁
အိမ်ရှေ့စံက အတင့်ရဲစွာပင် သူ ပုန်ကန်ကြောင်းဆိုလာခြင်းက ရှိနေသည့်အရံသရုပ်ဆောင်အားလုံးကို အံ့အားသင့်သွားစေသည်။ ရှန့်ချောင်က အခွင့်အရေးကို အမိအရယူကာ အထဲခိုးဝင်ပြီး ကျီကျားယို့ကို တိုင်တွင်ချည်ထားသည်ကို မြင်လျှင် ခပ်မြန်မြန် ကြိုးဖြည်ပေးလိုက်သည်။
သူမ ခိုးထွက်နေချိန်တွင် ဖိရားငယ်သည်လည်း ဒါရိုက်တာ၏ အချက်ပြမှုကို လက်ခံရရှိကာ အိဒ္ဒြေဆယ်လိုက်ပြီး ရဲမက်များထံ အမိန့်ပေးသည်။
"အရှင့်သားက မဟုတ်တမ်းတရား လျှောက်ပြောနေတာပဲ၊ ကျိန်းသေပေါက် လူရမ်းကားတွေ သွေးထိုးတာပဲ ဖြစ်ရမယ်၊ အရင်ဆုံး အိမ်ရှေ့စံကို အရှေ့နန်းဆောင်ဆီ ခေါ်ဆောင်သွား၊ ပြီးတော့ လူရမ်းကား...."
နေဦး၊ လူရမ်းကားက ဘယ်မှာလဲ?
လှမ်းကြည့်ချိန်တွင် ဗီလိန်ဖြစ်သူမှာ နံရံကျော်တက်ကာ ထွက်ပြေးနေလေပြီ။
နံရံထောင့်စွန်းတနေရာတွင် ကြီးမားသည့် ရေစည်တစ်ခုရှိပြီး ရှန့်ချောင်နှင့် ကျီကျားယို့က ရေစည်တစ်ဖက်တစ်ချက်ကို နင်းကာ နံရံကို တွဲလွဲခိုပြီး ကျော်တက်သွားခြင်းဖြစ်သည်။
နောက်မှ လိုက်ပါလာသူ ကင်မရာသမားနှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် စိတ်ပျက်လက်ပျက်လှမ်းကြည့်လိုက်ပြီး ပခုံးပေါ် ကင်မရာများထမ်းလျက် တံခါးမှ ဖြတ်ကာ လိုက်ရသည်။
ရှန်ကျွင့်ယီးက လှမ်းအော်သည်။
"ခွေးကောင်တွေ!! မင်းတို့ တိုက်ခိုက်ရဲလား! မင်းတို့ ခေါင်းတွေကို ဒီမင်းသားက ဖြတ်ပြီး ငါ့ခမည်းတော်နဲ့ အတူမြုပ်ပစ်မယ်!!"
ဇာတ်ဝင်ခန်းကား ရုတ်ရုတ်သဲသဲ။
ကျီကျားယို့က ပြေးနေရင်း လှမ်းမေးသည်။
"အစ်ကို ကျွင့်ယီးကို ဘယ်လိုလုပ်ကြမလဲ?"
ရှန့်ချောင် - "ဘယ်လိုပဲဖြစ်ဖြစ် သူက အရှေ့နန်းဆောင်က ငတုံးအိမ်ရှေ့စံပဲ၊ ဘယ်သူမှ သူ့ကို ထိရဲမှာ မဟုတ်ဘူး"
သူမ ထိုစကားဆိုပြီးသည်နှင့် လေအေးတချက်တိုက်ခတ်လာကာ ဘေးပတ်လည်တွင် အေးစိမ့်စိမ့်လေများ တိုးဝှေ့လာသည်။ နန်းတွင်းမီးအိမ်များ၏ အလင်းဖျဖျအောက်တွင် မက်မွန်ပွင့်များ လွင့်မျောနေသည်မှာ လူများအား ဝါးမျိုတော့မလို။
ရှန့်ချောင် တုန်တုန်ယင်ယင်ဖြင့် ဆောင့်ကြောင့်ထိုင်လိုက်ကာ ကျီကျားယို့၏ အကျီလက်ကို လှမ်းဆွဲသည်။
"သူ လူထပ်စားတော့မယ်၊ ဘယ်လို လူစားမလဲ ငါ အခုထိ မသိသေးဘူး၊ ဒီတစ်ခေါက် ငါ့အလှည့်တော့ မဟုတ်ဘူးမလား?"
သူတို့နှစ်ယောက်စလုံး နေရာတွင် ရပ်နေကာ မလှုပ်ရဲချေ။ လေထုကား အော်မြည်သံပေးလာသည်။ ခဏအကြာတွင် လေထုထဲမှာ ခပ်သာသာပြုံးနေသည့် အမျိုးသမီးလေသံ ပေါ်ထွက်လာသည်။
"စားပြီးပြီ"
နောက်တခဏတွင် System က ကြေညာသည်။
"ရှန်ကျွင့်ယီး သေဆုံးပြီ"
ရှန့်ချောင်နှင့် ကျီကျားယို့ တစ်ယောက်ကို တစ်ယောက်လှမ်းကြည့်ကာ မိဖုရားနန်းဆောင်ဆီ ဦးတည်ပြေးသည်။ လမ်းမထက်ရှိ မက်မွန်ပွင့်များကို နန်းတွင်းအပျိုတော်များက ရှင်းလင်းနေကြသည်။ ယခင်က လမ်းမထက်ရှိ မက်မွန်ပွင့်များကို ရှန့်ချောင် တစ်ခါမှ အာရုံမစိုက်ဖူးပေ။ သူမ တွေးထင်ခဲ့သည်မှာ ပွင့်ဖတ်များ လေတွင် လွင့်မျောကာ မြေပြင်ပေါ် ကျဆင်းသွားသည်ဟူ၍သာ။ သို့သော် ဤနေရာတွင်တော့ မက်မွန်ပွင့်များကား များပြားလှသည်။
နန်းတွင်းအစေခံက ပွင့်ဖတ်များကို လှည်းကျင်းလျက်ရှိပြီး စင်တီမီတာအနည်းငယ်မျှ မြင့်သည့် မက်မွန်ပွင့် အပုံအဖြစ် စုစည်းထားသည်။
လမ်းတစ်လျှောက်တွင် ရှန့်ချောင် မက်မွန်ပွင့် အပုံ အတော်များများကို မြင်ရသည်။
သူမတို့နှစ်ယောက် မိဖုရားနန်းဆောင်ထံ ရောက်ရှိချိန်တွင် အတွင်းဘက်တွင် တိတ်ဆိတ်ငြိမ်းအေးလျက်ရှိသည်။
မိဖုရားမှာ သလွန်တော် ကိုယ်တဝက်လဲလျောင်းနေကာ ပင်ပန်းနွမ်းနယ်နေပုံရကာ သူမဘေးရှိ အစေခံက ယပ်ခတ်ပေးလျက်ရှိသည်။
အလောတကြီး ပြေးဝင်တော့မည်ဟန်ပြင်နေသည့် ကျီကျားယို့ကို ရှန့်ချောင် လှမ်းတားလိုက်ကာ အရင်ဆုံး နှုတ်ဆက်ဟန်ဆောင်လိုက်ပြီးနောက် အစေခံတစ်ယောက်ကို အကြောင်းကြားစေပြီး ခွင့်ပြုချက်ရမှသာ အထဲဝင်သည်။ မိဖုရားငယ်မှာ သူတို့အား လှည့်ကြည့်ရန် ပျင်းရိပျင်းတွဲဖြစ်ဟန်ဖြင့် မေးသည်။
"ဘာတွေဖြစ်နေတာလဲ?"
ရှန့်ချောင် - "အရှင်မကို မေးပါရစေ၊ မင်းသား ဘယ်ရောက်သွားလဲ?"
"ဘယ်လို မင်းသားမျိုးလဲ?"
မိဖုရားက နောက်လှည့်ကာ သူမထံ ခပ်စူးစူးကြည့်လာသည်။
"အရှင်မင်းကြီး နန်းတက်ချိန်ကတည်းက ဘယ်မင်းသားမှ ဘွဲ့မချီးမြှင့်ခဲ့ဘူး၊ မင်း အသက်ရှင်နေတာ ကြာလွန်းသွားပုံရတယ်၊ မင်းက ဘယ်သူလဲ? ဆွဲထုတ်ပြီး တုတ်နဲ့ အသေရိုက်သတ်ပစ်!!"
ရှန့်ချောင် - "......"
သေသွားတာနဲ့ တည်ရှိမှုကိုပင် ဖျောက်ဖျက်ခံရတာလား?
ရဲမက်များက ရှန့်ချောင်အား ဆွဲထုတ်ရန် ပြင်ချိန်တွင် ဇာတ်လမ်းအသစ် အစပျိုးပြန်သည်။ နန်းတွင်းအပျိုတော်တစ်ယောက်က အလျှင်အမြန် ပြေးဝင်လာပြီး မိဖုရားရှေ့ ဒူးထောက်ကာ ခပ်တိုးတိုးလေသံဖြင့် လျှောက်တင်သည်။
"မယ်မယ်၊ ချင်းယွမ်နန်းဆောင်က မယ်မယ်က ကိုယ်ဝန်ရှိနေပြီလို့ သတင်းပို့လာပါတယ်"
မိဖုရားငယ်က ရုတ်တရက် မတ်တပ်ထရပ်ကာ စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်များကို တိုက်ချပစ်သည်။ သူမလက်ချောင်းများကား ဒေါသစိတ်ကြောင့် တုန်ယင်လျက်ရှိသည်။
"ဒီအောက်တန်းစားက!! ဒီအောက်တန်းစားမက ဘယ်လိုအရည်အချင်းတွေ ပိုင်ဆိုင်ထားလို့ မင်းသားတစ်ပါး မွေးဖွားခွင့် ရှိရမှာလဲ?"
ရှန့်ချောင် - "မှန်တယ်၊ မယ်မယ်လို အရည်အချင်းရှိသူမျိုးကသာ ထိုက်တန်တာ"
မိဖုရား - "....."
မိဖုရာရက သူမပုံရိပ်ကို ထိန်းသိမ်းရန်ကြိုးစားပြီး ပြုံးသည်။
"နန်းတွင်းထဲ ၁၄နှစ်အရွယ်မှာ စဝင်လာကတည်းက အရှင်မင်းကြီးနဲ့ အတူရှိလာခဲ့တာ၊ ကံကောင်းမှုရော ကြမ်းတမ်းမှုတွေကိုပါ ရင်ဆိုင်ခဲ့တာ၊ လိုအပ်နေတာက ကလေးပဲ၊ ဒါပေမယ့် မိုးနတ်မင်းက ဖြည့်ဆည်းမပေးချင်ဘူး!!"
အစေခံက သက်ပြင်းချရင်း ဖျောင်းဖြသည်။
"အရှင်မ၊ ဒီအတွက်ကြောင့် ထိခိုက်မခံပါနဲ့၊ ဒီအစေခံက အရှင်မင်းကြီး ပို့ထားတဲ့ ဆေးရည်သွားကြိုလိုက်ပါ့မယ်၊ အရှင်မရဲ့ ခန္ဓာကိုယ် နေကောင်းကျန်းမာရင် မင်းသားကို မွေးဖွားနိုင်မှာ သဘာဝပါပဲ"
ထိုသို့ လျှောက်ပြီးသည်နှင့် အစေခံက ပြန်ထွက်ရန် ပြင်သည်။
နန်းတော်တွင်းရှိ တိုက်ပွဲများကို ကြည့်ရှုလာသည့် ရှန့်ချောင်က ဤဆေးနောက်ကွယ်မှ ထူးဆန်းမှုကို သတိမထားမိပဲ မည်သို့ နေမည်နည်း။
"ခဏလေး"
ခန်းလုံးပြည့် လူများက သူမအား လှမ်းကြည့်လာသည်။
"အရှင်မ နေ့စဉ်သောက်တဲ့ ဆေးရည်က အရှင်မင်းကြီး နေ့တိုင်း ပို့ပေးတာလား?"
အစေခံ - "ဟုတ်တယ်၊ အရှင်မင်းကြီးက မိဖုရား ကိုယ်ဝန်မဆောင်နိုင်သေးတာအတွက် စိတ်မကောင်းဖြစ်လို့ မယ်မယ့် ခန္ဓာကိုယ်ကျန်းမာရေး ပြန်ကောင်ရအောင် သမားတော်ကို ဆေးဖော်စပ်ခိုင်းထားတာ"
ရှန့်ချောင် - "ဆေးရည် သောက်တာ ဘယ်လောက်ကြာပြီလဲ?"
အစေခံ - "ငါးနှစ်ကျော်ပြီ"
ရှန့်ချောင် သက်ပြင်းချရင်း
"ဒီဆေးရည်မှာ တစ်ခုခုမှားနေမလား တခါမှ သံသယမဝင်ဖူးဘူးလား? အရှင်မင်းကြီးက သူ့သွေးသားကို အရှင်မကို မွေးဖွားစေချင်တယ်လို့ ယုံကြည်ထားတာလား?"
ဒါရိုက်တာ - "သူက နန်းတွင်းဇာတ်ကား အကြည့်များသွားတာလား? နောက်ဇာတ်ဝင်ခန်း စတော့"
မိဖုရားငယ်၏ မျက်နှာ ဖြူဖျော့သွားကာ ခြေနှစ်လှမ်းမျှ ယိုင်ကျသွားပြီး သဲလွန်တော်ပေါ် ထိုင်ကျသွားရင်း တုန်ယင်နေသည့် နှုတ်ခမ်းတို့ဖြင့်
"မင်းဆိုလိုတာက... မဟုတ်ဘူး! ငါ မယုံဘူး!! ငါ မယုံဘူး!!"
"ယုံ မယုံကို ဆေးရည်အကြွင်းအကျန်ကို သမားတော်ထံ စစ်ဆေးခိုင်းရင် သိရမှာပဲမလား?"
မိဖုရားငယ်က မျက်နှာကို လက်ဖြင့် အုပ်ကာ ငိုကြွေးရင်း
"ငါ မယုံဘူး၊ ငါ မယုံဘူး၊ အရှင်မင်းကြီးက ငါ့ကို ဒီလို ဆက်ဆံမှာ မဟုတ်ဘူး၊ သူက ဘာလို့ ဒီလို ငါ့ကို ဆက်ဆံရမှာလဲ?"
သူမငိုကြွေးနေစဉ်တွင် သူမထံရှိ မြင်တွေ့နေကျ မောက်မာမှုမှာ ပျောက်ကွယ်သွားပြီး သူမအသံမှာ အာဃာတ တရားတို့ဖြင့် ပြည့်နှက်လျက်ရှိသည်။
ကျီကျားယို့မှာ အသံများကို အလွန်အမင်း ထိရှလွယ်သူဖြစ်တာမို့ ရှန့်ချောင်ကို လှမ်းဆွဲရင်း တီးတိုးဆိုသည်။
"ဒီအသံက အဲ့လူစားတဲ့ အသံနဲ့ တူတယ်"
ရှန့်ချောင်မှာ မိဖုရားငယ်ထံ မယုံကြည်နိုင်ဟန် လှမ်းကြည့်ပြီး ရုတ်တရက် တုန်ယင်လာသည်။
မိဖုရားက အချိန်တခဏမျှ ကြာသည့်တိုင် ငိုကြွေးပြီးနောက် မတ်တပ်ရပ်ကာ သူမမျက်ဝန်းထောင့်မှ မျက်ရည်စတို့ကို လက်ကိုင်ပုဝါဖြင့် သုတ်ပစ်ပြီးနောက် တစ်ခွန်းချင်းဆိုသည်။
"သွား၊ ဒီဆေးရည်ကို နန်းတွင်းကနေ ထုတ်ယူပြီး အစ်ကိုတော်ဆီ ပေးလိုက်"
နန်းတွင်းအပျိုတော်က အမိန့်အတိုင်း နာခံသည်။
ထို့နောက် မိဖုရားက နန်းတွင်းအပျိုတော်များထံ သူမအား ပြင်ဆင်ပေးရန် အမိန့်ပေးပြီးနောက် လှောင်ရယ်သည်။
"သူက ကိုယ်ဝန်ရှိနေရုံပဲမလား? ဒီအရှင်မက သွားကြည့်မယ်"
အခြွေအရံအုပ်စုများဖြင့် ချင်းယွမ်နန်းဆောင်ဆီ ဦးတည်လိုက်သည်။
ကျီကျားယို့ - "ငါတို့ လိုက်သွားမလား?"
ရှန့်ချောင် - "နန်းတွင်း အရှုပ်တော်ပုံကို မျက်မြင်တွေ့ချင်ရင် ကျိန်းသေ လိုက်ကြည့်ရမယ်"
သူမတို့နှစ်ယောက်စလုံး ရံရွှေတော်များနောက်မှ လိုက်ကာ ချင်းယွမ်နန်းဆောင်ဆီ ဦးတည်သည်။ မိဖုရားက ကြေညာချက်ကို တားဆီးလိုက်ပြီး တကိုယ်တည်း အတွင်းထဲ ဝင်ရောက်သွားသည်။ ကျန်ရှိသည့် ရံရွှေတော်အားလုံး တံခါးပြင်ဘက်တွင် စောင့်ကြပ်နေသည်ကို ရှန့်ချောင် မြင်တွေ့ပြီးနောက် ကျိန်းသေပေါက် ဇာတ်ကွက်ရှိရမည်ဟု ဆိုကာ ကျီကျားယို့အား လက်ဟန်ပြသည်။ ထို့နောက် နှစ်ဦးသား ခါးကိုင်းလျက် အထဲလိုက်ဝင်သွားကာ မည်သူမှ တားမြစ်လာခြင်းမရှိပေ။
ချင်းယွမ်နန်းဆောင်တွင်း၌ မိဖုရားက ပြတင်းပေါက်ရှေ့ တစောင်းရပ်နေသည်ကို မြင်လိုက်ရသည်။
အခန်းတွင်း၌မူ နဂါးနှင့် ဖီးနစ်ဌက်မှာ သံပြိုင်ကျူးရင့်နေသည်။ ဧကရီဝမ်ဝမ်က သဲလွန်တော်ပေါ် လဲလျောင်းလျက်ရှိပြီး ဧကရာဇ်ပေါင်ပေါ် ခေါင်းအုံးထားသည်။ ဧကရာဇ်က စာအုပ်တစ်အုပ်ကို ကိုင်ကာ သူမ ဝမ်းဗိုက်ကို ပွတ်သပ်ရင်း နွေးထွေးစွာ ဆိုသည်။
"ဒီအရှင့်ရဲ့ သားတော် မွေးလာရင် မင်းလို မဖြစ်ရအောင် ကိုယ်တော်တိုင် စာဖတ်တတ်အောင် သင်ပေးမယ်၊ မင်းနာမည်တောင် မပေါင်းတတ်ဘူး"
"အရှင်က သားတော်ကို သင်ပေးနေတုန်း ဒီမိဖုရားကလည်း အရှင်သင်ပေးတာကို စောင့်နေပါ့မယ်"
"မင်း"
အရှင်မင်းကြီးက လက်ဆန့်ကာ သူမနှာသီးဖျားဆီ တို့ထိလိုက်ပြီး အမျိုးသမီးက မင်းကြီးလက်မောင်းတွေထဲ လှည့်ပြုံးသည်။
****
{Zawgyi}
အပိုင္း ၇၀.၁
အိမ္ေရွ႕စံက အတင့္ရဲစြာပင္ သူ ပုန္ကန္ေၾကာင္းဆိုလာျခင္းက ရွိေနသည့္အရံသ႐ုပ္ေဆာင္အားလုံးကို အံ့အားသင့္သြားေစသည္။ ရွန့္ေခ်ာင္က အခြင့္အေရးကို အမိအရယူကာ အထဲခိုးဝင္ၿပီး က်ီက်ားယို႔ကို တိုင္တြင္ခ်ည္ထားသည္ကို ျမင္လၽွင္ ခပ္ျမန္ျမန္ ႀကိဳးျဖည္ေပးလိုက္သည္။
သူမ ခိုးထြက္ေနခ်ိန္တြင္ ဖိရားငယ္သည္လည္း ဒါရိုက္တာ၏ အခ်က္ျပမွုကို လက္ခံရရွိကာ အိေျဒၵဆယ္လိုက္ၿပီး ရဲမက္မ်ားထံ အမိန့္ေပးသည္။
"အရွင့္သားက မဟုတ္တမ္းတရား ေလၽွာက္ေျပာေနတာပဲ၊ က်ိန္းေသေပါက္ လူရမ္းကားေတြ ေသြးထိုးတာပဲ ျဖစ္ရမယ္၊ အရင္ဆုံး အိမ္ေရွ႕စံကို အေရွ႕နန္းေဆာင္ဆီ ေခၚေဆာင္သြား၊ ၿပီးေတာ့ လူရမ္းကား...."
ေနဦး၊ လူရမ္းကားက ဘယ္မွာလဲ?
လွမ္းၾကည့္ခ်ိန္တြင္ ဗီလိန္ျဖစ္သူမွာ နံရံေက်ာ္တက္ကာ ထြက္ေျပးေနေလၿပီ။
နံရံေထာင့္စြန္းတေနရာတြင္ ႀကီးမားသည့္ ေရစည္တစ္ခုရွိၿပီး ရွန့္ေခ်ာင္ႏွင့္ က်ီက်ားယို႔က ေရစည္တစ္ဖက္တစ္ခ်က္ကို နင္းကာ နံရံကို တြဲလြဲခိုၿပီး ေက်ာ္တက္သြားျခင္းျဖစ္သည္။
ေနာက္မွ လိုက္ပါလာသူ ကင္မရာသမားႏွစ္ေယာက္မွာ တစ္ေယာက္ကို တစ္ေယာက္ စိတ္ပ်က္လက္ပ်က္လွမ္းၾကည့္လိုက္ၿပီး ပခုံးေပၚ ကင္မရာမ်ားထမ္းလ်က္ တံခါးမွ ျဖတ္ကာ လိုက္ရသည္။
ရွန္ကၽြင့္ယီးက လွမ္းေအာ္သည္။
"ေခြးေကာင္ေတြ!! မင္းတို႔ တိုက္ခိုက္ရဲလား! မင္းတို႔ ေခါင္းေတြကို ဒီမင္းသားက ျဖတ္ၿပီး ငါ့ခမည္းေတာ္နဲ႔ အတူျမဳပ္ပစ္မယ္!!"
ဇာတ္ဝင္ခန္းကား ႐ုတ္႐ုတ္သဲသဲ။
က်ီက်ားယို႔က ေျပးေနရင္း လွမ္းေမးသည္။
"အစ္ကို ကၽြင့္ယီးကို ဘယ္လိုလုပ္ၾကမလဲ?"
ရွန့္ေခ်ာင္ - "ဘယ္လိုပဲျဖစ္ျဖစ္ သူက အေရွ႕နန္းေဆာင္က ငတုံးအိမ္ေရွ႕စံပဲ၊ ဘယ္သူမွ သူ႔ကို ထိရဲမွာ မဟုတ္ဘူး"
သူမ ထိုစကားဆိုၿပီးသည္ႏွင့္ ေလေအးတခ်က္တိုက္ခတ္လာကာ ေဘးပတ္လည္တြင္ ေအးစိမ့္စိမ့္ေလမ်ား တိုးေဝွ႕လာသည္။ နန္းတြင္းမီးအိမ္မ်ား၏ အလင္းဖ်ဖ်ေအာက္တြင္ မက္မြန္ပြင့္မ်ား လြင့္ေမ်ာေနသည္မွာ လူမ်ားအား ဝါးမ်ိဳေတာ့မလို။
ရွန့္ေခ်ာင္ တုန္တုန္ယင္ယင္ျဖင့္ ေဆာင့္ေၾကာင့္ထိုင္လိုက္ကာ က်ီက်ားယို႔၏ အက်ီလက္ကို လွမ္းဆြဲသည္။
"သူ လူထပ္စားေတာ့မယ္၊ ဘယ္လို လူစားမလဲ ငါ အခုထိ မသိေသးဘူး၊ ဒီတစ္ေခါက္ ငါ့အလွည့္ေတာ့ မဟုတ္ဘူးမလား?"
သူတို႔ႏွစ္ေယာက္စလုံး ေနရာတြင္ ရပ္ေနကာ မလွုပ္ရဲေခ်။ ေလထုကား ေအာ္ျမည္သံေပးလာသည္။ ခဏအၾကာတြင္ ေလထုထဲမွာ ခပ္သာသာျပဳံးေနသည့္ အမ်ိဳးသမီးေလသံ ေပၚထြက္လာသည္။
"စားၿပီးၿပီ"
ေနာက္တခဏတြင္ System က ေၾကညာသည္။
"ရွန္ကၽြင့္ယီး ေသဆုံးၿပီ"
ရွန့္ေခ်ာင္ႏွင့္ က်ီက်ားယို႔ တစ္ေယာက္ကို တစ္ေယာက္လွမ္းၾကည့္ကာ မိဖုရားနန္းေဆာင္ဆီ ဦးတည္ေျပးသည္။ လမ္းမထက္ရွိ မက္မြန္ပြင့္မ်ားကို နန္းတြင္းအပ်ိဳေတာ္မ်ားက ရွင္းလင္းေနၾကသည္။ ယခင္က လမ္းမထက္ရွိ မက္မြန္ပြင့္မ်ားကို ရွန့္ေခ်ာင္ တစ္ခါမွ အာ႐ုံမစိုက္ဖူးေပ။ သူမ ေတြးထင္ခဲ့သည္မွာ ပြင့္ဖတ္မ်ား ေလတြင္ လြင့္ေမ်ာကာ ေျမျပင္ေပၚ က်ဆင္းသြားသည္ဟူ၍သာ။ သို႔ေသာ္ ဤေနရာတြင္ေတာ့ မက္မြန္ပြင့္မ်ားကား မ်ားျပားလွသည္။
နန္းတြင္းအေစခံက ပြင့္ဖတ္မ်ားကို လွည္းက်င္းလ်က္ရွိၿပီး စင္တီမီတာအနည္းငယ္မၽွ ျမင့္သည့္ မက္မြန္ပြင့္ အပုံအျဖစ္ စုစည္းထားသည္။
လမ္းတစ္ေလၽွာက္တြင္ ရွန့္ေခ်ာင္ မက္မြန္ပြင့္ အပုံ အေတာ္မ်ားမ်ားကို ျမင္ရသည္။
သူမတို႔ႏွစ္ေယာက္ မိဖုရားနန္းေဆာင္ထံ ေရာက္ရွိခ်ိန္တြင္ အတြင္းဘက္တြင္ တိတ္ဆိတ္ၿငိမ္းေအးလ်က္ရွိသည္။
မိဖုရားမွာ သလြန္ေတာ္ ကိုယ္တဝက္လဲေလ်ာင္းေနကာ ပင္ပန္းႏြမ္းနယ္ေနပုံရကာ သူမေဘးရွိ အေစခံက ယပ္ခတ္ေပးလ်က္ရွိသည္။
အေလာတႀကီး ေျပးဝင္ေတာ့မည္ဟန္ျပင္ေနသည့္ က်ီက်ားယို႔ကို ရွန့္ေခ်ာင္ လွမ္းတားလိုက္ကာ အရင္ဆုံး ႏွုတ္ဆက္ဟန္ေဆာင္လိုက္ၿပီးေနာက္ အေစခံတစ္ေယာက္ကို အေၾကာင္းၾကားေစၿပီး ခြင့္ျပဳခ်က္ရမွသာ အထဲဝင္သည္။ မိဖုရားငယ္မွာ သူတို႔အား လွည့္ၾကည့္ရန္ ပ်င္းရိပ်င္းတြဲျဖစ္ဟန္ျဖင့္ ေမးသည္။
"ဘာေတြျဖစ္ေနတာလဲ?"
ရွန့္ေခ်ာင္ - "အရွင္မကို ေမးပါရေစ၊ မင္းသား ဘယ္ေရာက္သြားလဲ?"
"ဘယ္လို မင္းသားမ်ိဳးလဲ?"
မိဖုရားက ေနာက္လွည့္ကာ သူမထံ ခပ္စူးစူးၾကည့္လာသည္။
"အရွင္မင္းႀကီး နန္းတက္ခ်ိန္ကတည္းက ဘယ္မင္းသားမွ ဘြဲ႕မခ်ီးျမႇင့္ခဲ့ဘူး၊ မင္း အသက္ရွင္ေနတာ ၾကာလြန္းသြားပုံရတယ္၊ မင္းက ဘယ္သူလဲ? ဆြဲထုတ္ၿပီး တုတ္နဲ႔ အေသရိုက္သတ္ပစ္!!"
ရွန့္ေခ်ာင္ - "......"
ေသသြားတာနဲ႔ တည္ရွိမွုကိုပင္ ေဖ်ာက္ဖ်က္ခံရတာလား?
ရဲမက္မ်ားက ရွန့္ေခ်ာင္အား ဆြဲထုတ္ရန္ ျပင္ခ်ိန္တြင္ ဇာတ္လမ္းအသစ္ အစပ်ိဳးျပန္သည္။ နန္းတြင္းအပ်ိဳေတာ္တစ္ေယာက္က အလၽွင္အျမန္ ေျပးဝင္လာၿပီး မိဖုရားေရွ႕ ဒူးေထာက္ကာ ခပ္တိုးတိုးေလသံျဖင့္ ေလၽွာက္တင္သည္။
"မယ္မယ္၊ ခ်င္းယြမ္နန္းေဆာင္က မယ္မယ္က ကိုယ္ဝန္ရွိေနၿပီလို႔ သတင္းပို႔လာပါတယ္"
မိဖုရားငယ္က ႐ုတ္တရက္ မတ္တပ္ထရပ္ကာ စားပြဲေပၚရွိ လက္ဖက္ရည္ခြက္မ်ားကို တိုက္ခ်ပစ္သည္။ သူမလက္ေခ်ာင္းမ်ားကား ေဒါသစိတ္ေၾကာင့္ တုန္ယင္လ်က္ရွိသည္။
"ဒီေအာက္တန္းစားက!! ဒီေအာက္တန္းစားမက ဘယ္လိုအရည္အခ်င္းေတြ ပိုင္ဆိုင္ထားလို႔ မင္းသားတစ္ပါး ေမြးဖြားခြင့္ ရွိရမွာလဲ?"
ရွန့္ေခ်ာင္ - "မွန္တယ္၊ မယ္မယ္လို အရည္အခ်င္းရွိသူမ်ိဳးကသာ ထိုက္တန္တာ"
မိဖုရား - "....."
မိဖုရာရက သူမပုံရိပ္ကို ထိန္းသိမ္းရန္ႀကိဳးစားၿပီး ျပဳံးသည္။
"နန္းတြင္းထဲ ၁၄ႏွစ္အရြယ္မွာ စဝင္လာကတည္းက အရွင္မင္းႀကီးနဲ႔ အတူရွိလာခဲ့တာ၊ ကံေကာင္းမွုေရာ ၾကမ္းတမ္းမွုေတြကိုပါ ရင္ဆိုင္ခဲ့တာ၊ လိုအပ္ေနတာက ကေလးပဲ၊ ဒါေပမယ့္ မိုးနတ္မင္းက ျဖည့္ဆည္းမေပးခ်င္ဘူး!!"
အေစခံက သက္ျပင္းခ်ရင္း ေဖ်ာင္းျဖသည္။
"အရွင္မ၊ ဒီအတြက္ေၾကာင့္ ထိခိုက္မခံပါနဲ႔၊ ဒီအေစခံက အရွင္မင္းႀကီး ပို႔ထားတဲ့ ေဆးရည္သြားႀကိဳလိုက္ပါ့မယ္၊ အရွင္မရဲ့ ခႏၶာကိုယ္ ေနေကာင္းက်န္းမာရင္ မင္းသားကို ေမြးဖြားနိုင္မွာ သဘာဝပါပဲ"
ထိုသို႔ ေလၽွာက္ၿပီးသည္ႏွင့္ အေစခံက ျပန္ထြက္ရန္ ျပင္သည္။
နန္းေတာ္တြင္းရွိ တိုက္ပြဲမ်ားကို ၾကည့္ရွုလာသည့္ ရွန့္ေခ်ာင္က ဤေဆးေနာက္ကြယ္မွ ထူးဆန္းမွုကို သတိမထားမိပဲ မည္သို႔ ေနမည္နည္း။
"ခဏေလး"
ခန္းလုံးျပည့္ လူမ်ားက သူမအား လွမ္းၾကည့္လာသည္။
"အရွင္မ ေန႔စဥ္ေသာက္တဲ့ ေဆးရည္က အရွင္မင္းႀကီး ေန႔တိုင္း ပို႔ေပးတာလား?"
အေစခံ - "ဟုတ္တယ္၊ အရွင္မင္းႀကီးက မိဖုရား ကိုယ္ဝန္မေဆာင္နိုင္ေသးတာအတြက္ စိတ္မေကာင္းျဖစ္လို႔ မယ္မယ့္ ခႏၶာကိုယ္က်န္းမာေရး ျပန္ေကာင္ရေအာင္ သမားေတာ္ကို ေဆးေဖာ္စပ္ခိုင္းထားတာ"
ရွန့္ေခ်ာင္ - "ေဆးရည္ ေသာက္တာ ဘယ္ေလာက္ၾကာၿပီလဲ?"
အေစခံ - "ငါးႏွစ္ေက်ာ္ၿပီ"
ရွန့္ေခ်ာင္ သက္ျပင္းခ်ရင္း
"ဒီေဆးရည္မွာ တစ္ခုခုမွားေနမလား တခါမွ သံသယမဝင္ဖူးဘူးလား? အရွင္မင္းႀကီးက သူ႔ေသြးသားကို အရွင္မကို ေမြးဖြားေစခ်င္တယ္လို႔ ယုံၾကည္ထားတာလား?"
ဒါရိုက္တာ - "သူက နန္းတြင္းဇာတ္ကား အၾကည့္မ်ားသြားတာလား? ေနာက္ဇာတ္ဝင္ခန္း စေတာ့"
မိဖုရားငယ္၏ မ်က္ႏွာ ျဖဴေဖ်ာ့သြားကာ ေျခႏွစ္လွမ္းမၽွ ယိုင္က်သြားၿပီး သဲလြန္ေတာ္ေပၚ ထိုင္က်သြားရင္း တုန္ယင္ေနသည့္ ႏွုတ္ခမ္းတို႔ျဖင့္
"မင္းဆိုလိုတာက... မဟုတ္ဘူး! ငါ မယုံဘူး!! ငါ မယုံဘူး!!"
"ယုံ မယုံကို ေဆးရည္အႂကြင္းအက်န္ကို သမားေတာ္ထံ စစ္ေဆးခိုင္းရင္ သိရမွာပဲမလား?"
မိဖုရားငယ္က မ်က္ႏွာကို လက္ျဖင့္ အုပ္ကာ ငိုေႂကြးရင္း
"ငါ မယုံဘူး၊ ငါ မယုံဘူး၊ အရွင္မင္းႀကီးက ငါ့ကို ဒီလို ဆက္ဆံမွာ မဟုတ္ဘူး၊ သူက ဘာလို႔ ဒီလို ငါ့ကို ဆက္ဆံရမွာလဲ?"
သူမငိုေႂကြးေနစဥ္တြင္ သူမထံရွိ ျမင္ေတြ႕ေနက် ေမာက္မာမွုမွာ ေပ်ာက္ကြယ္သြားၿပီး သူမအသံမွာ အာဃာတ တရားတို႔ျဖင့္ ျပည့္ႏွက္လ်က္ရွိသည္။
က်ီက်ားယို႔မွာ အသံမ်ားကို အလြန္အမင္း ထိရွလြယ္သူျဖစ္တာမို႔ ရွန့္ေခ်ာင္ကို လွမ္းဆြဲရင္း တီးတိုးဆိုသည္။
"ဒီအသံက အဲ့လူစားတဲ့ အသံနဲ႔ တူတယ္"
ရွန့္ေခ်ာင္မွာ မိဖုရားငယ္ထံ မယုံၾကည္နိုင္ဟန္ လွမ္းၾကည့္ၿပီး ႐ုတ္တရက္ တုန္ယင္လာသည္။
မိဖုရားက အခ်ိန္တခဏမၽွ ၾကာသည့္တိုင္ ငိုေႂကြးၿပီးေနာက္ မတ္တပ္ရပ္ကာ သူမမ်က္ဝန္းေထာင့္မွ မ်က္ရည္စတို႔ကို လက္ကိုင္ပုဝါျဖင့္ သုတ္ပစ္ၿပီးေနာက္ တစ္ခြန္းခ်င္းဆိုသည္။
"သြား၊ ဒီေဆးရည္ကို နန္းတြင္းကေန ထုတ္ယူၿပီး အစ္ကိုေတာ္ဆီ ေပးလိုက္"
နန္းတြင္းအပ်ိဳေတာ္က အမိန့္အတိုင္း နာခံသည္။
ထို႔ေနာက္ မိဖုရားက နန္းတြင္းအပ်ိဳေတာ္မ်ားထံ သူမအား ျပင္ဆင္ေပးရန္ အမိန့္ေပးၿပီးေနာက္ ေလွာင္ရယ္သည္။
"သူက ကိုယ္ဝန္ရွိေန႐ုံပဲမလား? ဒီအရွင္မက သြားၾကည့္မယ္"
အေႁခြအရံအုပ္စုမ်ားျဖင့္ ခ်င္းယြမ္နန္းေဆာင္ဆီ ဦးတည္လိုက္သည္။
က်ီက်ားယို႔ - "ငါတို႔ လိုက္သြားမလား?"
ရွန့္ေခ်ာင္ - "နန္းတြင္း အရွုပ္ေတာ္ပုံကို မ်က္ျမင္ေတြ႕ခ်င္ရင္ က်ိန္းေသ လိုက္ၾကည့္ရမယ္"
သူမတို႔ႏွစ္ေယာက္စလုံး ရံေရႊေတာ္မ်ားေနာက္မွ လိုက္ကာ ခ်င္းယြမ္နန္းေဆာင္ဆီ ဦးတည္သည္။ မိဖုရားက ေၾကညာခ်က္ကို တားဆီးလိုက္ၿပီး တကိုယ္တည္း အတြင္းထဲ ဝင္ေရာက္သြားသည္။ က်န္ရွိသည့္ ရံေရႊေတာ္အားလုံး တံခါးျပင္ဘက္တြင္ ေစာင့္ၾကပ္ေနသည္ကို ရွန့္ေခ်ာင္ ျမင္ေတြ႕ၿပီးေနာက္ က်ိန္းေသေပါက္ ဇာတ္ကြက္ရွိရမည္ဟု ဆိုကာ က်ီက်ားယို႔အား လက္ဟန္ျပသည္။ ထို႔ေနာက္ ႏွစ္ဦးသား ခါးကိုင္းလ်က္ အထဲလိုက္ဝင္သြားကာ မည္သူမွ တားျမစ္လာျခင္းမရွိေပ။
ခ်င္းယြမ္နန္းေဆာင္တြင္း၌ မိဖုရားက ျပတင္းေပါက္ေရွ႕ တေစာင္းရပ္ေနသည္ကို ျမင္လိုက္ရသည္။
အခန္းတြင္း၌မူ နဂါးႏွင့္ ဖီးနစ္ဌက္မွာ သံၿပိဳင္က်ဴးရင့္ေနသည္။ ဧကရီဝမ္ဝမ္က သဲလြန္ေတာ္ေပၚ လဲေလ်ာင္းလ်က္ရွိၿပီး ဧကရာဇ္ေပါင္ေပၚ ေခါင္းအုံးထားသည္။ ဧကရာဇ္က စာအုပ္တစ္အုပ္ကို ကိုင္ကာ သူမ ဝမ္းဗိုက္ကို ပြတ္သပ္ရင္း ေႏြးေထြးစြာ ဆိုသည္။
"ဒီအရွင့္ရဲ့ သားေတာ္ ေမြးလာရင္ မင္းလို မျဖစ္ရေအာင္ ကိုယ္ေတာ္တိုင္ စာဖတ္တတ္ေအာင္ သင္ေပးမယ္၊ မင္းနာမည္ေတာင္ မေပါင္းတတ္ဘူး"
"အရွင္က သားေတာ္ကို သင္ေပးေနတုန္း ဒီမိဖုရားကလည္း အရွင္သင္ေပးတာကို ေစာင့္ေနပါ့မယ္"
"မင္း"
အရွင္မင္းႀကီးက လက္ဆန့္ကာ သူမႏွာသီးဖ်ားဆီ တို႔ထိလိုက္ၿပီး အမ်ိဳးသမီးက မင္းႀကီးလက္ေမာင္းေတြထဲ လွည့္ျပဳံးသည္။
****