{Unicode}
အပိုင်း ၆၉.၁
ရှန့်ချောင်၏ ဇာတ်ညွှန်းမှာ ရှန်ကျွင့်ယီး၏ အတင်းအဓမ္မဖြတ်တောက်ခြင်းကို ခံလိုက်ရ၏။
အတွင်းရေးဝန်ကြီးဌာနကို မသွားနိုင်လျှင် အမွှေးနံ့သာ ထျန်းကျူကို သွားမယူနိုင်လျှင် ဧကရီအရှင်မ ဝမ်ဝမ်နှင့် မဆုံနိုင်လျှင် နောက်ထပ်ဇာတ်ကြောင်းဆက်ရန် မဖြစ်နိုင်ပေ။ နားကြပ်ထဲရှိ အေးစက်စက် System သံက သတိပေးစကားဆိုသည်။
"ယှဉ်ပြိုင်သူများက ကျေးဇူးပြုပြီး ဇာတ်ညွှန်းအတိုင်း လုပ်ဆောင်ပါ၊ အခြားသူများ၏ ဇာတ်ကောင်ကို ဝင်ရောက် စွက်ဖက်ခြင်း မပြုပါနဲ့"
ရှန်ကျွင့်ယီး - "ငါက အိမ်ရှေ့စံပဲ၊ ငါစွက်ဖက်ချင်တဲ့ ဘယ်သူ့ကိုမဆို ငါ စွက်ဖက်လို့ ရတယ်၊ ဒါကိုက ငါ့ရဲ့ ဇာတ်ကောင်ပဲ"
ဒါရိုက်တာ - " ??? "
ဒါရိုက်တာချုပ် - "လေးပစ်ပြိုင်ပွဲအကြံဉာဏ်ကို ထုတ်လာတာ ဘယ်သူလဲ?"
ဒါရိုက်တာ - "ဘယ်သူက သိမှာလဲ သူ ဒီလောက် ကောင်းကောင်းပစ်တတ်မယ်မှန်း!!!"
အိမ်ရှေ့စံအရှင့်သားက ဝေါယာဉ်ဖြင့် ရှေ့ဆက်ရန် အမိန့်ပေးပြီးနောက် မည်သည့်လူသားအခွင့်အရေးမှ ရရှိထားခြင်းမရှိသည့် ရှောင်ချောင်ကျီမှာ သူ့ကို ခစားရန်သာ တတ်နိုင်သည်။ ရှန်ကျွင့်ယီးက ရှေ့တိုးနောက်ငင်လှုပ်ရှားနေသည့် ဝေါယာဉ်ထဲ သက်သောင့်သက်သာရှိစွာဖြင့် ထိုင်နေသည်။
ရှန့်ချောင် - "နင့်ရဲ့ ဇာတ်ကြောင်းက ဘာလဲ? ဘာဆက်လုပ်မှာလဲ?"
ရှန်ကျွင့်ယီး - "မင်းဘာလို့ ဇာတ်ကြောင်းကို ဂရုစိုက်နေတာလဲ? ငါက အိမ်ရှေ့စံပဲ၊ နောက်ဆုံး ဆုံးဖြတ်ပိုင်ခွင့်က ငါ့လက်ထဲမှာ"
ဒါရိုက်တာအဖွဲ့ - " ??? "
ငါတို့ အချိန်အကြာကြီး ကြိုတင်ပြင်ဆင်ခဲ့ရတဲ့ ဇာတ်ကြောင်းတစ်ခုလုံးကို မင်း လစ်လျူရှုလိုက်တာလား?
နန်းတွင်းတော်ဝင်အိမ်ရှေ့စံမင်းသားကား အစောင့်များထံ စိတ်အားထက်သန်စွာ အမိန့်ပေးလိုက်သည်။
"တော်ဝင်ပန်းခြံထဲ သွားမယ်!"
ထို့နောက် လူတန်းရှည်ကြီးမှာ တော်ဝင်ပန်းခြံရှိရာဆီ ဦးတည်သွားသည်။ လက်ရှိရာသီချိန်တွင် တော်ဝင်ပန်းခြံ၏ အခြေအနေမှာ ထောင်ပေါင်းများစွာသော ပန်းများဖူးပွင့်နေချိန်မဟုတ်သေးသော်လည်း နွေဦးအကြိုတွင် ပွင့်သည့် အချို့အပင်များနှင့် ပန်းများကား ပွင့်နေလေပြီ။
မုခ်ခုံးတစ်ခုကို ဖြတ်သန်းသွားချိန်၌ ကင်မရာသမားတစ်ယောက်က ဘေးဘက်တွင် ရပ်နေကာ နန်းတွင်းအပျိုတော်အုပ်စုက သစ်သားခြင်းများကို ကိုင်ဆောင်ရင်း ပြုံးရယ်လျက် မြေပေါ်မှ ပန်းများ ကောက်ယူနေသည်ကို အဝေးမှ မြင်တွေ့လိုက်ရသည်။
ကျီကျားယို့မှာ ပန်းရောင်နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားကာ အလယ်တွင် အသက်မဲ့စွာ မတ်တပ်ရပ်နေသည်။
ချောမောသည့် ညီငယ်လေး မိန်းကလေးအဝတ်ဝတ်ထားဟန်မှာ လူယုတ်မာပုံမပေါက်ပဲ အဝတ်အစားပြောင်းလဲဝတ်ဆင်ထားသည့် သခင်ကြီးဟန်ပန်သာ ပေါ်စေသည်။
ရှန်ကျွင့်ယီးက ဟက်ဟက်ပက်ပက် ရယ်မောလာသည်။ ကျီကျားယို့က သူ့ရယ်သံကို အဝေးမှပင် ကြားနိုင်ပြီး နောက်လှည့်ထွက်ပြေးရန် ဟန်ပြင်သည်။ အိမ်ရှေ့စံက ရုတ်ခြည်းဆိုသလို
"မင်း ဘယ်သူလဲ? အားလုံးပဲ အဲ့ဒီ မျက်ဝန်းတောက်တောက် သွားဖြူဖြူနဲ့ ချစ်စရာကောင်းတဲ့ အပျိုတော်ကို ဝိုင်းဖမ်းကြ"
ရှန့်ချောင် - "......"
ကျီကျားယို့ - "......"
မင်း ထီးနန်းတောင် မတက်ရသေးဘူး၊ နေ့လယ်ကြောင်တောင် အာဏာထုတ်ပြရဲတယ်ပေါ့လေ!!
ရဲမက်များက ကုန်းကုန်းနှစ်ယောက်ကို ဦးဆောင်ကာကျီကျားယို့အား ချက်ချင်းပင် ဖမ်းချုပ်လိုက်သည်။
အိမ်ရှေ့စံအရှင့်သားမှာ နောက်ဆုံးတွင် ဝေါယာဉ်ပေါ်မှ ဆင်းလာရန် ဆုံးဖြတ်လိုက်ပြီး ချစ်စရာကောင်းသည့် နန်းတွင်းအပျိုတော်ထံ ဆွေမျိုးများကိုပင် မမှတ်မိဟန် ခြေလှမ်းမျိုးဖြင့် လှမ်းလျှောက်သွားသည်။ အပျိုတော်ရဲ့ မေးစေ့ကို လက်ညိုးဖြင့် ပင့်တင်လိုက်ကာ အချိန်အတော်ကြာ ကြည့်ရှုပြီးနောက် စိတ်ကျေနပ်သွားပုံဖြင့်
"ချောလိုက်တဲ့ မိန်းကလေးပဲ၊ လမင်းလို ရှက်ရွံ့တတ်ပြီး ငါးတစ်ကောင်လို ပျော်ရွှင်တတ်တဲ့သူ၊ ဒီနေ့ကစပြီး မင်း ဒီမင်းသားနောက်လိုက်ပြီး ခစားရမယ်"
ကျီကျားယို့ - "......"
အိမ်ရှေ့စံ - "မိန်းမလှလေး၊ ဒီမင်းသားကို အကနဲ့ ကပြဖျော်ဖြေပါဦး"
ကျီကျားယို့ - "အရှင့်သားက နောက်တဆင့် တက်လိုပါသလား?"
အိမ်ရှေ့စံ - "ရှောင်ကျား၊ ပင်ပန်းနေပြီလား? ရေသောက်မလား? မင်း ငါ့ဝေါယာဉ်ပေါ် ထိုင်စီးချင်လား?"
ရှန့်ချောင် - "......"
နောက်ဆုံးတွင် သည်းမခံနိုင်တော့သည့် ဒါရိုက်တာအဖွဲ့က ရှန့်ချောင်အား လမ်းညွှန်ခဲ့သည့် ကုန်းကုန်းကို စေလွှတ်လိုက်သည်။ သူက အမောတကော ပြေးလာကာ ရှန့်ချောင်ကို မျက်ထောင့်နီဖြင့် စိုက်ကြည့်ပြီးနောက်
"ရှောင်ချောင်ကျီ!! မင်း ဘာလို့ ဒီမှာ ရှိနေသေးတာလဲ? အရှင်မက ထျန်းကျူနံ့သာကို မရလို့ နန်းဆောင်ထဲ အမျက်ထွက်နေပြီ၊ မင်း ဘာလို့ သွားမယူရသေးတာလဲ?"
ရှန့်ချောင် နောက်လှည့်ကာ ထွက်ပြေးဖို့ ပြင်ရင်း အာဏာရှင်အဖြစ် ပြောင်းလဲရန် အလားအလာရှိနေသော မင်းသားလက်ထဲမှ လွတ်မြောက်ရန် ကြိုးစားသည်။ သို့သော် အိမ်ရှေ့စံမှ
"ဘယ်ဧကရီကများ ဒီလောက်ထိ ဒေါသကြီးနေတာလဲ ဒီမင်းသား သိချင်မိတယ်၊ လမ်းပြ"
ခပ်ငယ်ငယ်ကုန်းကုန်းက အလျှင်အမြန် တားမြစ်လာသည်။
"အရှင့်သား! အရှင်က အနောက်ဆောင်ကို ဘယ်လိုဝင်မှာလဲ? ဒါ တရားနည်းလမ်း မကျပါဘူး"
ပန်းကောက်နေသည့် နန်းတွင်းအပျိုရံများကလည်း လှမ်းအော်ခေါ်သည်။
"ရှောင်ကျား၊ မယ်မယ်က လတ်ဆတ်တဲ့ ပန်းပွင့်တွေ အသုံးပြုဖို့ စောင့်နေတယ်၊ မြန်မြန်သွား"
ကျီကျားယို့က ခပ်မြန်မြန်ထွက်ပြေးသွားကာ ရှန့်ချောင်သည်လည်း နောက်မှ အလျှင်အမြန်ပြေးထွက်သွားသည်။
နေရာတွင် ရှိနေသည့် ရှန်ကျွင့်ယီးက လက်ကိို ခါယမ်းလိုက်ရင်း
"ဒီမင်းသားဖြစ်ရတာ ကောင်းမွန်မနေဘူး!!"
System က ရုတ်ချည်းပင် မေးမြန်းသည်။
"ယှဉ်ပြိုင်သူက ဇာတ်ကောင်ကို ဆန္ဒအလျှောက် လက်လျှော့ပါသလား?"
ရှန်ကျွင့်ယီး - "ဒီမင်းသား မသေမချင်း စဉ်းတောင်မစဉ်းစားနဲ့!!"
ဒါရိုက်တာအဖွဲ့ - "......"
ရှန့်ချောင်က ကုန်းကုန်း၏ နောက်မှ လိုက်ကာ အရှင်မ ဝမ်ဝမ်၏ အိပ်ဆောင်ထိတိုင် ရောက်ရှိလာသည်။ ဝမ်ဝမ်နေရာမှ သရုပ်ဆောင်သည့် မင်းသမီးမှာ အတော်လေး ကြည့်ကောင်းကာ မိုးမခကိုင်း မျက်ခုံးများနှင့် ဘဲဥပုံမျက်နှာကျကို ပိုင်ဆိုင်သည်။ သူမက နန်းတွင်းဝတ်စုံ အဖြူရောင်ကို ဝတ်ဆင်ထားကာ အမြင့်နေရာတွင် ထိုင်နေသည်။ ရှန့်ချောင် ဝင်လာသည်ကို မြင်သည်နှင့်....
"မင်းကို ထျန်းကျူသွားယူခိုင်းတာ၊ မင်းက အိမ်ရှေ့စံနဲ့ သွားရောနှောနေတယ်၊ ဒီအရှင်မရဲ့ချင်းယွမ်နန်းဆောင်က မင်းကို မတင်းတိမ်စေနိုင်ဘူးလား?"
ရှန့်ချောင်က ချက်ချင်း တုံ့ပြန်သည်။
"ဒီအစေခံက အပြစ်ရှိပါတယ်၊ အရှင်မ ခွင့်လွှတ်မှုကို တောင်းခံပါတယ်၊ အရှင်မအပေါ် ကျွန်တော်မျိုးရဲ့ သစ္စာစောင့်သိမှုကို နေမင်းရော လမင်းပါ သက်သေထူနိုင်ပါတယ်၊ အရှင့်သားက ရက်စက်ပြီး တွေးတောဆင်ခြင်မှု မရှိတာကြောင့်ပါ၊ တစ်နေ့ကျရင် ဒီအစေခံက မင်းသားကို သတ်ဖြတ်ပစ်ပြီး သူ့ဦးခေါင်းကို အရှင်မထံ ဆက်သပါမယ်"
ဝမ်ဝမ် - "......"
ဒါရိုက်တာ - "......."
ဝမ်ဝမ် - "မင်း.... မင်းက အစေခံဖြစ်ပြီး အဓိပ္ပါယ်မရှိ ရိုင်းစိုင်းတဲ့စကားကို ဆိုနေတာပဲ၊ တစ်ယောက်ယောက် လာကြစမ်း!! သူ့ကို အတွင်းဆောင်ထဲ ခေါ်သွားပြီး ပြစ်ဒဏ်ကျခံစေ!!"
ဤသို့ဖြင့် ရှန့်ချောင်မှာ အတွင်းဆောင်ထဲ ခေါ်ဆောင်သွားခြင်းခံရကာ အိပ်ထမတင် အကြိမ်နှစ်ဆယ် လုပ်ပြီးမှသာ ပြန်ထွက်လာနိုင်ပေမည်။
လမ်းတဝက်အရောက်တွင် အဖမ်းခံရသည့် ဖန်းကျီနှင့် တွေ့ဆုံသည်။ ဖန်းကျီက ဆိုသည်မှာ သူမကို တော်ဝင်မိဖုရားငယ်တစ်ပါးက အခေါ်လွှတ်ကာ သင်ခန်းစာပေးရန် ကြံရွယ်သည်။ သူမ စကားလုံးအနည်းငယ်မျှ တုံ့ပြန်ချိန်တွင် 'ပြစ်မှုကျူးလွန်သည်'ဟု စွပ်စွဲခံရကာ အပြစ်ပေးခံရသည်။ ဖန်းကျီက စိုးရိမ်တကြီးဆိုသည်။
"ဇာတ်ကြောင်းက ဘာမှန်း ငါ အခုထိ မသိသေးဘူး၊ ငါတို့ ဘာဆက်လုပ်ကြမလဲ? မှောင်လာရင် ဒီနေရာက စိတ်ခြောက်ခြားစရာ ဖြစ်လာမှာ"
ရှန့်ချောင် ခဏမျှ တွေးတောလိုက်သည်။
"ဒီတစ်ခေါက် ခေါင်းစဉ်က 'နတ်ဆိုး မိဖုရား' ဆိုတော့ မိဖုရားတွေနဲ့ ပတ်သက်နေတာများလား? အခုလောလောဆယ် မိဖုရားနှစ်ပါးရှိတယ်၊ နင်ပြောတဲ့ မိဖုရားနဲ့ ငါ ကြုံခဲ့ရတဲ့ မိဖုရား၊ ကြည့်ရတာ သဲလွန်စက သူတို့ဆီမှာပဲ၊ ခဏနေကျရင် ငါ နောက်ထပ်ဇာတ်ညွှန်းစနိုင် မစနိုင် စမ်းကြည့်မယ်"
သူမတို့ နှစ်ယောက်သား စကားပြောနေစဉ်မှာပင် သူတို့နောက်ဘက်ရှိ ပြတင်းပေါက်မှာ နှစ်ကြိမ်မျှ အကြမ်းပတမ်း ပိတ်သွားသည်။ နှစ်ဦးသား ထိတ်လန့်တကြား နောက်လှည့်ကြည့်ချိန်တွင် ပြတင်းပေါက်နှစ်ခုမှာ ပွင့်ထွက်သွားပြီး လေပြင်းများ တိုးဝင်လာသည်။ လေပြင်းနှင့်အတူ မက်မွန်ပွင့်များ ပါလာပြီး နန်းဆောင်အနှံ့ ပျံ့လွင့်သွားသည်။
လေငြိမ်သွားပြီးနောက် မက်မွန်ပွင့်များက မြေပြင်ပေါ် ဖြေးညှင်းစွာ ကျဆင်းလာသည်။
ဖန်းကျီနှင့် ရှန့်ချောင်မှာ တစ်ယောက်ကို တစ်ယောက် အမူအရာကင်းမဲ့စွာ ကြည့်လိုက်သည်။ သူတို့ ပြန်ကြည့်ချိန်တွင် သူမတို့အား အပြစ်ပေးရန် ခေါ်လာသည့် လူသုံးယောက်မှာ ပျောက်ချင်းမလှပျောက်သွား၏။
နန်းဆောင်ခန်းမအတွင်းရော အပြင်ပါ တိတ်ဆိတ်လျက်ရှိကာ မြေပြင်ပေါ်ရှိ မက်မွန်ပွင့်အချို့သာ လေအဝှေ့ကြောင့် ကြွတက်လာပြီး ခပ်ဝဲဝဲ ဝေ့ဝဲနေသည်။ ရှန့်ချောင်နှင့် ဖန်းကျီ အပြင်ထွက်လာသည်။ ယခုလေးတင် လူများ ပျားပန်းခပ်မျှ လုပ်ရှားနေသည့် နန်းတော်တွင်းတွင် လူသူကင်းမဲ့သွားသည်။
မက်မွန်ပွင့်များသာ နေရာအနှံ့၊ မြေပြင်အနှံ့အပြားတွင် မက်မွန်ပွင့်များသာ ပြန့်ကျဲလျက်ရှိ၏။
ဒါရိုက်တာအဖွဲ့က ထိုမျှ များပြားသော မက်မွန်ပွင့်များကို မည်သည့်နေရာမှ ရခဲ့မှန်းမသိ။
ဖန်းကျီမှာ အနည်းငယ် ထိတ်လန့်ကြောက်ရွံ့နေကာ ရှန့်ချောင်ကို ပို၍ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရင်း
"ဒါဘာတွေ ဖြစ်နေတာလဲ?"
မလိုအပ်လောက်ဟု ယူဆထားသည့် သူမ၏ အကြွေစေ့အိတ်ထဲမှ ပါးကွမှန်ကို ရှန့်ချောင် ထုတ်ယူလိုက်ကာ တံတွေးမျိုချရင်း ပြန်ဖြေသည်။
"လျှောက်ကြည့်ကြမလား?"
လက်ရှိတွင် အချိန်ကား မမှောင်သေး၊ ကောင်းကင်မှာမူ တဖြည်းဖြည်း မှောင်ရိပ်သမ်းလာပြီဖြစ်ကာ လူသူရှင်းလင်းနေသည့် နန်းတော်တွင်းကား ခြောက်ခြားဖွယ်ဖြစ်လာသည်။
ဖန်းကျီမှာ မြေကြီးပေါ်ရှိ မက်မွန်ပွင့်များကို ကြည့်ကာ မလှုပ်ရဲလေပဲ
"ဒါက ဘာသဘောလဲ?"
ရှန့်ချောင်မှာ တွန့်ဆုတ်ဆုတ်ဖြင့်
"ငါတို့ကို... ပန်းခင်းလမ်းလျှောက်စေချင်တာများလား?"
ဒါရိုက်တာအဖွဲ့ - " ??? "
ရုတ်တရက် အမျိုးသမီးအသံတစ်သံမှာ လေထုထဲမှ ပျံ့လွင့်လာသည်။ သူမက ပြုံးနေဟန်ဖြင့် ဆိုလာသည်မှာ လေသံခပ်တိုးတိုး။
"စားပြီးပြီ"
ထိုအသံမှာ ဒါရိုက်တာအဖွဲ့၏ ရေဒီယိုမှ ထွက်ပေါ်လာခြင်းဖြစ်မှန်း သိသော်လည်း နှစ်ဦးသားမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ နားကြပ်ထဲမှ System ၏ အေးစက်စက်အသံ ထွက်ပေါ်လာသည်။
"ကျန်းမင် သေဆုံးသွားပြီ"
ဖန်းကျီမှာ ငိုချမိတော့မတတ်။
"ကျန်းမင်က ဘယ်လိုသေသွားတာလဲ? အခုလေးတင် ပြောတဲ့ အသံက 'စားပြီးပြီ' ဆိုတာလား? သူက ကျန်းမင်ကို စားလိုက်တာလား?"
ရှန့်ချောင်သည်လည်း မျက်နှာကို လက်ဝါးဖြင့် အုပ်ကာ နေရာတွင် ထိုင်ချလိုက်သည်။
ရုတ်တရက် သူမတို့ နောက်ပါးဆီမှ တစ်စုံတစ်ယောက်က ဆိုလာသည်။
"မင်းတို့နှစ်ယောက် အိပ်ထမတင်လုပ်ပြီးပြီမို့ ပြေးထွက်လာတာလား?"
နောက်လှည့်ချိန်တွင် သူမတို့ အပြစ်ဒဏ်ကို စောင့်ကြည့်ရန် တာဝန်ယူထားသည့် ရဲမက်မှာ တဖန်ပြန်ပေါ်လာသည်။ ထို့နောက် မည်သည်မှ မဖြစ်ခဲ့လေဟန် နန်းတွင်းကုန်းကုန်းများသည်လည်း ထွက်ပေါ်လာသည်။
သူမတို့ နှစ်ဦးမှာ အပြစ်ဒဏ်ဖြစ်သည့် အိပ်ထမတင် ဆက်လက်လုပ်ဆောင်ရန် ခေါ်ဆောင်သွားခြင်း ခံရသည်။ ပြစ်ဒဏ်ပြီးဆုံးချိန်တွင် ဖန်းကျီက တကိုယ်တော် သွားလာရန် ငြင်းဆိုသည်။ ရှန့်ချောင်က ဧကရီနန်းဆောင်သို့ အရင်ပြန်သွားကြည့်ရန် ဆုံးဖြတ်လိုက်ကာ ချင်းယွမ်ခန်းမဆီ ပြန်လျှောက်သွားသည်။ နန်းဆောင်အတွင်းရှိ အစေခံများအားလုံး အလုပ်များလျက်ရှိကာ ဝမ်ဝမ်သည်လည်း အဝတ်လဲခန်းအတွင်းရှိ မှန်တင်ခုံရှေ့တွင် အလှပြင်လျက်ရှိသည်။
ကုန်းကုန်းတစ်ယောက်က ဖန်းကျီအား မြင်တွေ့ချိန်တွင်
"ရှန်မယ်မယ်က ဘာလို့ ဒီကို ရောက်လာရတာလဲ?"
ဖန်းကျီ - "ငါလား?"
ဧကရီဝမ်ဝမ်က ရှက်ကိုးရှက်ကန်းဆိုလာသည်။
"အရှင်မင်းကြီးက မကြာခင် ဒီရောက်လာတော့မှာ၊ ရှန်ရွှမ်နွီက မြန်မြန်ထွက်ခွါသင့်တယ်၊ မဟုတ်ရင် အရှင်မြင်ရင် ထပ်ပြီး ဒေါသထွက်မယ်မဟုတ်လား?"
ဖန်းကျီ - "ငါ့ကို တွေ့လို့ မပျော်မရွှင်ဖြစ်သွားမယ်? ဘာလို့ စိတ်မပျော်ဖြစ်ရမှာလဲ? သူက စိတ်မမှန်လို့များလား?"
ဝမ်ဝမ် - "......."
သူမဘေးဘက်တွင် အပျိုတော်တစ်ယောက်က အရှင်မင်းကြီး လာမည်ကို ကြိုဆိုသည့်အနေဖြင့် ပန်းခက်များ လဲလှယ်နေသည်။ သူမ မက်မွန်ကိုင်းယူဆောင်လာသည်ကို ဝမ်ဝမ်မြင်လျှင် သူမမျက်နှာအမူအရာ ပြောင်းလဲသွားကာ ခက်ထန်စွာ ဆိုသည်။
"ဘယ်သူက ဒီပစ္စည်းကို အထဲယူလာခိုင်းတာလဲ?"
နန်းတွင်းအစေခံမှာ ချက်ချင်း ဒူးထောက်ကျသွားကာ မြေပြင်ပေါ် ဝပ်တွားလျက်။
အခြားအစေခံက ခပ်မြန်မြန်ပြေးဝင်လညပြီး ဒူးထောက် တောင်းပန်သည်။
"အရှင်မ ခွင့်လွှတ်ပေးပါ၊ အသစ်ဝင်လာတဲ့ နန်းတွင်းသူမို့ စည်းမျဉ်းစည်းကမ်းတွေ နားမလည်လို့ပါ၊ ဒီအစေခံက ဒီပစ္စည်းတွေ ချက်ချင်းယူထုတ်ပြီး လွှင့်ပစ်လိုက်ပါ့မယ်"
ထိုအစေခံက အကြိမ်ရေအနည်းငယ်မျှ ဦးတိုက်ကာ တောင်းပန်ပြီးနောက် မက်မွန်ကိုင်းကို ယူပြီး ပြေးထွက်သွားသည်။
ရှန့်ချောင်က ဖန်းကျီကို ဆွဲခေါ်ကာ နောက်လှည့်ပြီး ထိုအစေခံနောက် ပြေးလိုက်သည်။
ရှန့်ချောင် အစေခံကို လှမ်းတားလိုက်ပြီးနောက် ရိုရိုကျိုးကျိုး မေးမြန်းသည်။
"ဒီက အစ်မ၊ အရှင်မက မက်မွန်ကိုင်းကို ဘာလို့ ဒီလောက် မနှစ်မြို့တာလဲ?"
****
{Zawgyi}
အပိုင္း ၆၉.၁
ရွန့္ေခ်ာင္၏ ဇာတ္ညႊန္းမွာ ရွန္ကၽြင့္ယီး၏ အတင္းအဓမၼျဖတ္ေတာက္ျခင္းကို ခံလိုက္ရ၏။
အတြင္းေရးဝန္ႀကီးဌာနကို မသြားနိုင္လၽွင္ အေမႊးနံ႔သာ ထ်န္းက်ဴကို သြားမယူနိုင္လၽွင္ ဧကရီအရွင္မ ဝမ္ဝမ္ႏွင့္ မဆုံနိုင္လၽွင္ ေနာက္ထပ္ဇာတ္ေၾကာင္းဆက္ရန္ မျဖစ္နိုင္ေပ။ နားၾကပ္ထဲရွိ ေအးစက္စက္ System သံက သတိေပးစကားဆိုသည္။
"ယွဥ္ၿပိဳင္သူမ်ားက ေက်းဇူးျပဳၿပီး ဇာတ္ညႊန္းအတိုင္း လုပ္ေဆာင္ပါ၊ အျခားသူမ်ား၏ ဇာတ္ေကာင္ကို ဝင္ေရာက္ စြက္ဖက္ျခင္း မျပဳပါနဲ႔"
ရွန္ကၽြင့္ယီး - "ငါက အိမ္ေရွ႕စံပဲ၊ ငါစြက္ဖက္ခ်င္တဲ့ ဘယ္သူ႔ကိုမဆို ငါ စြက္ဖက္လို႔ ရတယ္၊ ဒါကိုက ငါ့ရဲ့ ဇာတ္ေကာင္ပဲ"
ဒါရိုက္တာ - " ??? "
ဒါရိုက္တာခ်ဳပ္ - "ေလးပစ္ၿပိဳင္ပြဲအႀကံဉာဏ္ကို ထုတ္လာတာ ဘယ္သူလဲ?"
ဒါရိုက္တာ - "ဘယ္သူက သိမွာလဲ သူ ဒီေလာက္ ေကာင္းေကာင္းပစ္တတ္မယ္မွန္း!!!"
အိမ္ေရွ႕စံအရွင့္သားက ေဝါယာဥ္ျဖင့္ ေရွ႕ဆက္ရန္ အမိန့္ေပးၿပီးေနာက္ မည္သည့္လူသားအခြင့္အေရးမွ ရရွိထားျခင္းမရွိသည့္ ေရွာင္ေခ်ာင္က်ီမွာ သူ႔ကို ခစားရန္သာ တတ္နိုင္သည္။ ရွန္ကၽြင့္ယီးက ေရွ႕တိုးေနာက္ငင္လွုပ္ရွားေနသည့္ ေဝါယာဥ္ထဲ သက္ေသာင့္သက္သာရွိစြာျဖင့္ ထိုင္ေနသည္။
ရွန့္ေခ်ာင္ - "နင့္ရဲ့ ဇာတ္ေၾကာင္းက ဘာလဲ? ဘာဆက္လုပ္မွာလဲ?"
ရွန္ကၽြင့္ယီး - "မင္းဘာလို႔ ဇာတ္ေၾကာင္းကို ဂ႐ုစိုက္ေနတာလဲ? ငါက အိမ္ေရွ႕စံပဲ၊ ေနာက္ဆုံး ဆုံးျဖတ္ပိုင္ခြင့္က ငါ့လက္ထဲမွာ"
ဒါရိုက္တာအဖြဲ႕ - " ??? "
ငါတို႔ အခ်ိန္အၾကာႀကီး ႀကိဳတင္ျပင္ဆင္ခဲ့ရတဲ့ ဇာတ္ေၾကာင္းတစ္ခုလုံးကို မင္း လစ္လ်ဴရွုလိုက္တာလား?
နန္းတြင္းေတာ္ဝင္အိမ္ေရွ႕စံမင္းသားကား အေစာင့္မ်ားထံ စိတ္အားထက္သန္စြာ အမိန့္ေပးလိုက္သည္။
"ေတာ္ဝင္ပန္းၿခံထဲ သြားမယ္!"
ထို႔ေနာက္ လူတန္းရွည္ႀကီးမွာ ေတာ္ဝင္ပန္းၿခံရွိရာဆီ ဦးတည္သြားသည္။ လက္ရွိရာသီခ်ိန္တြင္ ေတာ္ဝင္ပန္းၿခံ၏ အေျခအေနမွာ ေထာင္ေပါင္းမ်ားစြာေသာ ပန္းမ်ားဖူးပြင့္ေနခ်ိန္မဟုတ္ေသးေသာ္လည္း ေႏြဦးအႀကိဳတြင္ ပြင့္သည့္ အခ်ိဳ႕အပင္မ်ားႏွင့္ ပန္းမ်ားကား ပြင့္ေနေလၿပီ။
မုခ္ခုံးတစ္ခုကို ျဖတ္သန္းသြားခ်ိန္၌ ကင္မရာသမားတစ္ေယာက္က ေဘးဘက္တြင္ ရပ္ေနကာ နန္းတြင္းအပ်ိဳေတာ္အုပ္စုက သစ္သားျခင္းမ်ားကို ကိုင္ေဆာင္ရင္း ျပဳံးရယ္လ်က္ ေျမေပၚမွ ပန္းမ်ား ေကာက္ယူေနသည္ကို အေဝးမွ ျမင္ေတြ႕လိုက္ရသည္။
က်ီက်ားယို႔မွာ ပန္းေရာင္နန္းတြင္းဝတ္စုံကို ဝတ္ဆင္ထားကာ အလယ္တြင္ အသက္မဲ့စြာ မတ္တပ္ရပ္ေနသည္။
ေခ်ာေမာသည့္ ညီငယ္ေလး မိန္းကေလးအဝတ္ဝတ္ထားဟန္မွာ လူယုတ္မာပုံမေပါက္ပဲ အဝတ္အစားေျပာင္းလဲဝတ္ဆင္ထားသည့္ သခင္ႀကီးဟန္ပန္သာ ေပၚေစသည္။
ရွန္ကၽြင့္ယီးက ဟက္ဟက္ပက္ပက္ ရယ္ေမာလာသည္။ က်ီက်ားယို႔က သူ႔ရယ္သံကို အေဝးမွပင္ ၾကားနိုင္ၿပီး ေနာက္လွည့္ထြက္ေျပးရန္ ဟန္ျပင္သည္။ အိမ္ေရွ႕စံက ႐ုတ္ျခည္းဆိုသလို
"မင္း ဘယ္သူလဲ? အားလုံးပဲ အဲ့ဒီ မ်က္ဝန္းေတာက္ေတာက္ သြားျဖဴျဖဴနဲ႔ ခ်စ္စရာေကာင္းတဲ့ အပ်ိဳေတာ္ကို ဝိုင္းဖမ္းၾက"
ရွန့္ေခ်ာင္ - "......"
က်ီက်ားယို႔ - "......"
မင္း ထီးနန္းေတာင္ မတက္ရေသးဘူး၊ ေန႔လယ္ေၾကာင္ေတာင္ အာဏာထုတ္ျပရဲတယ္ေပါ့ေလ!!
ရဲမက္မ်ားက ကုန္းကုန္းႏွစ္ေယာက္ကို ဦးေဆာင္ကာက်ီက်ားယို႔အား ခ်က္ခ်င္းပင္ ဖမ္းခ်ဳပ္လိုက္သည္။
အိမ္ေရွ႕စံအရွင့္သားမွာ ေနာက္ဆုံးတြင္ ေဝါယာဥ္ေပၚမွ ဆင္းလာရန္ ဆုံးျဖတ္လိုက္ၿပီး ခ်စ္စရာေကာင္းသည့္ နန္းတြင္းအပ်ိဳေတာ္ထံ ေဆြမ်ိဳးမ်ားကိုပင္ မမွတ္မိဟန္ ေျခလွမ္းမ်ိဳးျဖင့္ လွမ္းေလၽွာက္သြားသည္။ အပ်ိဳေတာ္ရဲ့ ေမးေစ့ကို လက္ညိဳးျဖင့္ ပင့္တင္လိုက္ကာ အခ်ိန္အေတာ္ၾကာ ၾကည့္ရွုၿပီးေနာက္ စိတ္ေက်နပ္သြားပုံျဖင့္
"ေခ်ာလိုက္တဲ့ မိန္းကေလးပဲ၊ လမင္းလို ရွက္ရြံ႕တတ္ၿပီး ငါးတစ္ေကာင္လို ေပ်ာ္ရႊင္တတ္တဲ့သူ၊ ဒီေန႔ကစၿပီး မင္း ဒီမင္းသားေနာက္လိုက္ၿပီး ခစားရမယ္"
က်ီက်ားယို႔ - "......"
အိမ္ေရွ႕စံ - "မိန္းမလွေလး၊ ဒီမင္းသားကို အကနဲ႔ ကျပေဖ်ာ္ေျဖပါဦး"
က်ီက်ားယို႔ - "အရွင့္သားက ေနာက္တဆင့္ တက္လိုပါသလား?"
အိမ္ေရွ႕စံ - "ေရွာင္က်ား၊ ပင္ပန္းေနၿပီလား? ေရေသာက္မလား? မင္း ငါ့ေဝါယာဥ္ေပၚ ထိုင္စီးခ်င္လား?"
ရွန့္ေခ်ာင္ - "......"
ေနာက္ဆုံးတြင္ သည္းမခံနိုင္ေတာ့သည့္ ဒါရိုက္တာအဖြဲ႕က ရွန့္ေခ်ာင္အား လမ္းညႊန္ခဲ့သည့္ ကုန္းကုန္းကို ေစလႊတ္လိုက္သည္။ သူက အေမာတေကာ ေျပးလာကာ ရွန့္ေခ်ာင္ကို မ်က္ေထာင့္နီျဖင့္ စိုက္ၾကည့္ၿပီးေနာက္
"ေရွာင္ေခ်ာင္က်ီ!! မင္း ဘာလို႔ ဒီမွာ ရွိေနေသးတာလဲ? အရွင္မက ထ်န္းက်ဴနံ႔သာကို မရလို႔ နန္းေဆာင္ထဲ အမ်က္ထြက္ေနၿပီ၊ မင္း ဘာလို႔ သြားမယူရေသးတာလဲ?"
ရွန့္ေခ်ာင္ ေနာက္လွည့္ကာ ထြက္ေျပးဖို႔ ျပင္ရင္း အာဏာရွင္အျဖစ္ ေျပာင္းလဲရန္ အလားအလာရွိေနေသာ မင္းသားလက္ထဲမွ လြတ္ေျမာက္ရန္ ႀကိဳးစားသည္။ သို႔ေသာ္ အိမ္ေရွ႕စံမွ
"ဘယ္ဧကရီကမ်ား ဒီေလာက္ထိ ေဒါသႀကီးေနတာလဲ ဒီမင္းသား သိခ်င္မိတယ္၊ လမ္းျပ"
ခပ္ငယ္ငယ္ကုန္းကုန္းက အလၽွင္အျမန္ တားျမစ္လာသည္။
"အရွင့္သား! အရွင္က အေနာက္ေဆာင္ကို ဘယ္လိုဝင္မွာလဲ? ဒါ တရားနည္းလမ္း မက်ပါဘူး"
ပန္းေကာက္ေနသည့္ နန္းတြင္းအပ်ိဳရံမ်ားကလည္း လွမ္းေအာ္ေခၚသည္။
"ေရွာင္က်ား၊ မယ္မယ္က လတ္ဆတ္တဲ့ ပန္းပြင့္ေတြ အသုံးျပဳဖို႔ ေစာင့္ေနတယ္၊ ျမန္ျမန္သြား"
က်ီက်ားယို႔က ခပ္ျမန္ျမန္ထြက္ေျပးသြားကာ ရွန့္ေခ်ာင္သည္လည္း ေနာက္မွ အလၽွင္အျမန္ေျပးထြက္သြားသည္။
ေနရာတြင္ ရွိေနသည့္ ရွန္ကၽြင့္ယီးက လက္ကိို ခါယမ္းလိုက္ရင္း
"ဒီမင္းသားျဖစ္ရတာ ေကာင္းမြန္မေနဘူး!!"
System က ႐ုတ္ခ်ည္းပင္ ေမးျမန္းသည္။
"ယွဥ္ၿပိဳင္သူက ဇာတ္ေကာင္ကို ဆႏၵအေလၽွာက္ လက္ေလၽွာ့ပါသလား?"
ရွန္ကၽြင့္ယီး - "ဒီမင္းသား မေသမခ်င္း စဥ္းေတာင္မစဥ္းစားနဲ႔!!"
ဒါရိုက္တာအဖြဲ႕ - "......"
ရွန့္ေခ်ာင္က ကုန္းကုန္း၏ ေနာက္မွ လိုက္ကာ အရွင္မ ဝမ္ဝမ္၏ အိပ္ေဆာင္ထိတိုင္ ေရာက္ရွိလာသည္။ ဝမ္ဝမ္ေနရာမွ သ႐ုပ္ေဆာင္သည့္ မင္းသမီးမွာ အေတာ္ေလး ၾကည့္ေကာင္းကာ မိုးမခကိုင္း မ်က္ခုံးမ်ားႏွင့္ ဘဲဥပုံမ်က္ႏွာက်ကို ပိုင္ဆိုင္သည္။ သူမက နန္းတြင္းဝတ္စုံ အျဖဴေရာင္ကို ဝတ္ဆင္ထားကာ အျမင့္ေနရာတြင္ ထိုင္ေနသည္။ ရွန့္ေခ်ာင္ ဝင္လာသည္ကို ျမင္သည္ႏွင့္....
"မင္းကို ထ်န္းက်ဴသြားယူခိုင္းတာ၊ မင္းက အိမ္ေရွ႕စံနဲ႔ သြားေရာေႏွာေနတယ္၊ ဒီအရွင္မရဲ့ခ်င္းယြမ္နန္းေဆာင္က မင္းကို မတင္းတိမ္ေစနိုင္ဘူးလား?"
ရွန့္ေခ်ာင္က ခ်က္ခ်င္း တုံ႔ျပန္သည္။
"ဒီအေစခံက အျပစ္ရွိပါတယ္၊ အရွင္မ ခြင့္လႊတ္မွုကို ေတာင္းခံပါတယ္၊ အရွင္မအေပၚ ကၽြန္ေတာ္မ်ိဳးရဲ့ သစၥာေစာင့္သိမွုကို ေနမင္းေရာ လမင္းပါ သက္ေသထူနိုင္ပါတယ္၊ အရွင့္သားက ရက္စက္ၿပီး ေတြးေတာဆင္ျခင္မွု မရွိတာေၾကာင့္ပါ၊ တစ္ေန႔က်ရင္ ဒီအေစခံက မင္းသားကို သတ္ျဖတ္ပစ္ၿပီး သူ႔ဦးေခါင္းကို အရွင္မထံ ဆက္သပါမယ္"
ဝမ္ဝမ္ - "......"
ဒါရိုက္တာ - "......."
ဝမ္ဝမ္ - "မင္း.... မင္းက အေစခံျဖစ္ၿပီး အဓိပၸါယ္မရွိ ရိုင္းစိုင္းတဲ့စကားကို ဆိုေနတာပဲ၊ တစ္ေယာက္ေယာက္ လာၾကစမ္း!! သူ႔ကို အတြင္းေဆာင္ထဲ ေခၚသြားၿပီး ျပစ္ဒဏ္က်ခံေစ!!"
ဤသို႔ျဖင့္ ရွန့္ေခ်ာင္မွာ အတြင္းေဆာင္ထဲ ေခၚေဆာင္သြားျခင္းခံရကာ အိပ္ထမတင္ အႀကိမ္ႏွစ္ဆယ္ လုပ္ၿပီးမွသာ ျပန္ထြက္လာနိုင္ေပမည္။
လမ္းတဝက္အေရာက္တြင္ အဖမ္းခံရသည့္ ဖန္းက်ီႏွင့္ ေတြ႕ဆုံသည္။ ဖန္းက်ီက ဆိုသည္မွာ သူမကို ေတာ္ဝင္မိဖုရားငယ္တစ္ပါးက အေခၚလႊတ္ကာ သင္ခန္းစာေပးရန္ ႀကံရြယ္သည္။ သူမ စကားလုံးအနည္းငယ္မၽွ တုံ႔ျပန္ခ်ိန္တြင္ 'ျပစ္မွုက်ဴးလြန္သည္'ဟု စြပ္စြဲခံရကာ အျပစ္ေပးခံရသည္။ ဖန္းက်ီက စိုးရိမ္တႀကီးဆိုသည္။
"ဇာတ္ေၾကာင္းက ဘာမွန္း ငါ အခုထိ မသိေသးဘူး၊ ငါတို႔ ဘာဆက္လုပ္ၾကမလဲ? ေမွာင္လာရင္ ဒီေနရာက စိတ္ေျခာက္ျခားစရာ ျဖစ္လာမွာ"
ရွန့္ေခ်ာင္ ခဏမၽွ ေတြးေတာလိုက္သည္။
"ဒီတစ္ေခါက္ ေခါင္းစဥ္က 'နတ္ဆိုး မိဖုရား' ဆိုေတာ့ မိဖုရားေတြနဲ႔ ပတ္သက္ေနတာမ်ားလား? အခုေလာေလာဆယ္ မိဖုရားႏွစ္ပါးရွိတယ္၊ နင္ေျပာတဲ့ မိဖုရားနဲ႔ ငါ ၾကဳံခဲ့ရတဲ့ မိဖုရား၊ ၾကည့္ရတာ သဲလြန္စက သူတို႔ဆီမွာပဲ၊ ခဏေနက်ရင္ ငါ ေနာက္ထပ္ဇာတ္ညႊန္းစနိုင္ မစနိုင္ စမ္းၾကည့္မယ္"
သူမတို႔ ႏွစ္ေယာက္သား စကားေျပာေနစဥ္မွာပင္ သူတို႔ေနာက္ဘက္ရွိ ျပတင္းေပါက္မွာ ႏွစ္ႀကိမ္မၽွ အၾကမ္းပတမ္း ပိတ္သြားသည္။ ႏွစ္ဦးသား ထိတ္လန့္တၾကား ေနာက္လွည့္ၾကည့္ခ်ိန္တြင္ ျပတင္းေပါက္ႏွစ္ခုမွာ ပြင့္ထြက္သြားၿပီး ေလျပင္းမ်ား တိုးဝင္လာသည္။ ေလျပင္းႏွင့္အတူ မက္မြန္ပြင့္မ်ား ပါလာၿပီး နန္းေဆာင္အႏွံ့ ပ်ံ႕လြင့္သြားသည္။
ေလၿငိမ္သြားၿပီးေနာက္ မက္မြန္ပြင့္မ်ားက ေျမျပင္ေပၚ ေျဖးညႇင္းစြာ က်ဆင္းလာသည္။
ဖန္းက်ီႏွင့္ ရွန့္ေခ်ာင္မွာ တစ္ေယာက္ကို တစ္ေယာက္ အမူအရာကင္းမဲ့စြာ ၾကည့္လိုက္သည္။ သူတို႔ ျပန္ၾကည့္ခ်ိန္တြင္ သူမတို႔အား အျပစ္ေပးရန္ ေခၚလာသည့္ လူသုံးေယာက္မွာ ေပ်ာက္ခ်င္းမလွေပ်ာက္သြား၏။
နန္းေဆာင္ခန္းမအတြင္းေရာ အျပင္ပါ တိတ္ဆိတ္လ်က္ရွိကာ ေျမျပင္ေပၚရွိ မက္မြန္ပြင့္အခ်ိဳ႕သာ ေလအေဝွ႕ေၾကာင့္ ႂကြတက္လာၿပီး ခပ္ဝဲဝဲ ေဝ့ဝဲေနသည္။ ရွန့္ေခ်ာင္ႏွင့္ ဖန္းက်ီ အျပင္ထြက္လာသည္။ ယခုေလးတင္ လူမ်ား ပ်ားပန္းခပ္မၽွ လုပ္ရွားေနသည့္ နန္းေတာ္တြင္းတြင္ လူသူကင္းမဲ့သြားသည္။
မက္မြန္ပြင့္မ်ားသာ ေနရာအႏွံ့၊ ေျမျပင္အႏွံ့အျပားတြင္ မက္မြန္ပြင့္မ်ားသာ ျပန့္က်ဲလ်က္ရွိ၏။
ဒါရိုက္တာအဖြဲ႕က ထိုမၽွ မ်ားျပားေသာ မက္မြန္ပြင့္မ်ားကို မည္သည့္ေနရာမွ ရခဲ့မွန္းမသိ။
ဖန္းက်ီမွာ အနည္းငယ္ ထိတ္လန့္ေၾကာက္ရြံ႕ေနကာ ရွန့္ေခ်ာင္ကို ပို၍ တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ထားရင္း
"ဒါဘာေတြ ျဖစ္ေနတာလဲ?"
မလိုအပ္ေလာက္ဟု ယူဆထားသည့္ သူမ၏ အေႂကြေစ့အိတ္ထဲမွ ပါးကြမွန္ကို ရွန့္ေခ်ာင္ ထုတ္ယူလိုက္ကာ တံေတြးမ်ိဳခ်ရင္း ျပန္ေျဖသည္။
"ေလၽွာက္ၾကည့္ၾကမလား?"
လက္ရွိတြင္ အခ်ိန္ကား မေမွာင္ေသး၊ ေကာင္းကင္မွာမူ တျဖည္းျဖည္း ေမွာင္ရိပ္သမ္းလာၿပီျဖစ္ကာ လူသူရွင္းလင္းေနသည့္ နန္းေတာ္တြင္းကား ေျခာက္ျခားဖြယ္ျဖစ္လာသည္။
ဖန္းက်ီမွာ ေျမႀကီးေပၚရွိ မက္မြန္ပြင့္မ်ားကို ၾကည့္ကာ မလွုပ္ရဲေလပဲ
"ဒါက ဘာသေဘာလဲ?"
ရွန့္ေခ်ာင္မွာ တြန့္ဆုတ္ဆုတ္ျဖင့္
"ငါတို႔ကို... ပန္းခင္းလမ္းေလၽွာက္ေစခ်င္တာမ်ားလား?"
ဒါရိုက္တာအဖြဲ႕ - " ??? "
႐ုတ္တရက္ အမ်ိဳးသမီးအသံတစ္သံမွာ ေလထုထဲမွ ပ်ံ႕လြင့္လာသည္။ သူမက ျပဳံးေနဟန္ျဖင့္ ဆိုလာသည္မွာ ေလသံခပ္တိုးတိုး။
"စားၿပီးၿပီ"
ထိုအသံမွာ ဒါရိုက္တာအဖြဲ႕၏ ေရဒီယိုမွ ထြက္ေပၚလာျခင္းျဖစ္မွန္း သိေသာ္လည္း ႏွစ္ဦးသားမွာ ထိတ္လန့္တၾကား ေအာ္ဟစ္လိုက္သည္။ နားၾကပ္ထဲမွ System ၏ ေအးစက္စက္အသံ ထြက္ေပၚလာသည္။
"က်န္းမင္ ေသဆုံးသြားၿပီ"
ဖန္းက်ီမွာ ငိုခ်မိေတာ့မတတ္။
"က်န္းမင္က ဘယ္လိုေသသြားတာလဲ? အခုေလးတင္ ေျပာတဲ့ အသံက 'စားၿပီးၿပီ' ဆိုတာလား? သူက က်န္းမင္ကို စားလိုက္တာလား?"
ရွန့္ေခ်ာင္သည္လည္း မ်က္ႏွာကို လက္ဝါးျဖင့္ အုပ္ကာ ေနရာတြင္ ထိုင္ခ်လိုက္သည္။
႐ုတ္တရက္ သူမတို႔ ေနာက္ပါးဆီမွ တစ္စုံတစ္ေယာက္က ဆိုလာသည္။
"မင္းတို႔ႏွစ္ေယာက္ အိပ္ထမတင္လုပ္ၿပီးၿပီမို႔ ေျပးထြက္လာတာလား?"
ေနာက္လွည့္ခ်ိန္တြင္ သူမတို႔ အျပစ္ဒဏ္ကို ေစာင့္ၾကည့္ရန္ တာဝန္ယူထားသည့္ ရဲမက္မွာ တဖန္ျပန္ေပၚလာသည္။ ထို႔ေနာက္ မည္သည္မွ မျဖစ္ခဲ့ေလဟန္ နန္းတြင္းကုန္းကုန္းမ်ားသည္လည္း ထြက္ေပၚလာသည္။
သူမတို႔ ႏွစ္ဦးမွာ အျပစ္ဒဏ္ျဖစ္သည့္ အိပ္ထမတင္ ဆက္လက္လုပ္ေဆာင္ရန္ ေခၚေဆာင္သြားျခင္း ခံရသည္။ ျပစ္ဒဏ္ၿပီးဆုံးခ်ိန္တြင္ ဖန္းက်ီက တကိုယ္ေတာ္ သြားလာရန္ ျငင္းဆိုသည္။ ရွန့္ေခ်ာင္က ဧကရီနန္းေဆာင္သို႔ အရင္ျပန္သြားၾကည့္ရန္ ဆုံးျဖတ္လိုက္ကာ ခ်င္းယြမ္ခန္းမဆီ ျပန္ေလၽွာက္သြားသည္။ နန္းေဆာင္အတြင္းရွိ အေစခံမ်ားအားလုံး အလုပ္မ်ားလ်က္ရွိကာ ဝမ္ဝမ္သည္လည္း အဝတ္လဲခန္းအတြင္းရွိ မွန္တင္ခုံေရွ႕တြင္ အလွျပင္လ်က္ရွိသည္။
ကုန္းကုန္းတစ္ေယာက္က ဖန္းက်ီအား ျမင္ေတြ႕ခ်ိန္တြင္
"ရွန္မယ္မယ္က ဘာလို႔ ဒီကို ေရာက္လာရတာလဲ?"
ဖန္းက်ီ - "ငါလား?"
ဧကရီဝမ္ဝမ္က ရွက္ကိုးရွက္ကန္းဆိုလာသည္။
"အရွင္မင္းႀကီးက မၾကာခင္ ဒီေရာက္လာေတာ့မွာ၊ ရွန္ရႊမ္ႏြီက ျမန္ျမန္ထြက္ခြါသင့္တယ္၊ မဟုတ္ရင္ အရွင္ျမင္ရင္ ထပ္ၿပီး ေဒါသထြက္မယ္မဟုတ္လား?"
ဖန္းက်ီ - "ငါ့ကို ေတြ႕လို႔ မေပ်ာ္မရႊင္ျဖစ္သြားမယ္? ဘာလို႔ စိတ္မေပ်ာ္ျဖစ္ရမွာလဲ? သူက စိတ္မမွန္လို႔မ်ားလား?"
ဝမ္ဝမ္ - "......."
သူမေဘးဘက္တြင္ အပ်ိဳေတာ္တစ္ေယာက္က အရွင္မင္းႀကီး လာမည္ကို ႀကိဳဆိုသည့္အေနျဖင့္ ပန္းခက္မ်ား လဲလွယ္ေနသည္။ သူမ မက္မြန္ကိုင္းယူေဆာင္လာသည္ကို ဝမ္ဝမ္ျမင္လၽွင္ သူမမ်က္ႏွာအမူအရာ ေျပာင္းလဲသြားကာ ခက္ထန္စြာ ဆိုသည္။
"ဘယ္သူက ဒီပစၥည္းကို အထဲယူလာခိုင္းတာလဲ?"
နန္းတြင္းအေစခံမွာ ခ်က္ခ်င္း ဒူးေထာက္က်သြားကာ ေျမျပင္ေပၚ ဝပ္တြားလ်က္။
အျခားအေစခံက ခပ္ျမန္ျမန္ေျပးဝင္လညၿပီး ဒူးေထာက္ ေတာင္းပန္သည္။
"အရွင္မ ခြင့္လႊတ္ေပးပါ၊ အသစ္ဝင္လာတဲ့ နန္းတြင္းသူမို႔ စည္းမ်ဥ္းစည္းကမ္းေတြ နားမလည္လို႔ပါ၊ ဒီအေစခံက ဒီပစၥည္းေတြ ခ်က္ခ်င္းယူထုတ္ၿပီး လႊင့္ပစ္လိုက္ပါ့မယ္"
ထိုအေစခံက အႀကိမ္ေရအနည္းငယ္မၽွ ဦးတိုက္ကာ ေတာင္းပန္ၿပီးေနာက္ မက္မြန္ကိုင္းကို ယူၿပီး ေျပးထြက္သြားသည္။
ရွန့္ေခ်ာင္က ဖန္းက်ီကို ဆြဲေခၚကာ ေနာက္လွည့္ၿပီး ထိုအေစခံေနာက္ ေျပးလိုက္သည္။
ရွန့္ေခ်ာင္ အေစခံကို လွမ္းတားလိုက္ၿပီးေနာက္ ရိုရိုက်ိဳးက်ိဳး ေမးျမန္းသည္။
"ဒီက အစ္မ၊ အရွင္မက မက္မြန္ကိုင္းကို ဘာလို႔ ဒီေလာက္ မႏွစ္ၿမိဳ႕တာလဲ?"
****