{Unicode}
အပိုင်း ၆၄.၂
နောက်ဆုံးတွင် ဆွဲဆောင်မှုကို မလွန်ဆန်နိုင်သည့် ရဲဘော်ရှန့်ချောင်မှာ ခပ်မြန်မြန်ရေချိုးပြီးနောက် ထင်သာမြင်သာမှုမရှိသည့် အဝတ်အစားကို လဲလှယ်လိုက်သည်။ အချိန်ရောက်လာချိန်တွင် ဦးထုပ်နှင့် Mask တပ်လိုက်ကာ အပြင်ထွက်ဖို့ မစောင့်နိုင်တော့ချေ။
ရှန့်ချောင် ခန်းမအပြင်ဘက်သို့ ရောက်ရှိချိန်တွင် အထဲတွင် တီးလုံးသံခပ်တိုးတိုးပင် ပျံ့လွင့်နေလေပြီ။ ရှန့်ချောင် လျန်ရှောင်ထန်ကို လှမ်းခေါ်လိုက်ကာ လမ်းမပေါ်ရှိ သတင်းစာဆိုင်နားတွင် တွေ့ဆုံသည်။
ရင်းနှီးနေသည့် သူမဝတ်စားဆင်ယင်ပုံကို မြင်တွေ့ပြီးနောက် လျန်ရှောင်ထန်က ဆိုသည်။
"စိတ်ချ! ဘယ်သူမှ မမှတ်မိနိုင်ဘူး!!"
ထို့နောက် ဆက်မေးသည်။
"ဆိုင်းဘုတ်ယူလာသေးလား? ဒီနေ့ညက ပရိသတ်အားပြိုင်ပွဲဖြစ်မှာ!"
ရှန့်ချောင် သူမအိတ်ထဲမှ ရွှေရောင်စာလုံးဖြင့် ရေးသားထားသည့် "ရှီး" ဆိုင်းဘုတ်ကို ထုတ်ယူလာသည်ကို မြင်လျှင် လျန်ရှောင်ထန် မပြုံးပဲ မနေနိုင်ပေ။
"ဘုရားရေ! ဆိုင်းဘုတ်ပါ ပါလာတာပဲ၊ မယူလာလောက်ဘူးထင်လို့ တစ်ခုအပိုယူလာပေးသေးတယ်"
နှစ်ဦးသား လုံခြုံရေးဂိတ်ဆီ ဦးတည်လိုက်သည်။
လက်ရှိအချိန်တွင် အနုပညာရှင်များရော ပရိသတ်များပါ ခန်းမထဲသို့ ဝင်ရောက်နှင့်ပြီးဖြစ်သည်။ လုံခြုံရေးက စကားများများ မဆိုသည့်အပြင် သူမကိုပင် အာရုံမစိုက်ချေ။ ရှန့်ချောင် သက်ပြင်းချနိုင်သွားကာ လျန်ရှောင်ထန်နှင့်အတူ လက်မှတ်အတိုင်း ခန်းမထဲသို့ ဝင်လာခဲ့သည်။
ရှန့်ချောင် အထဲရောက်သည်နှင့် ရွှေရောင်မီးများနှင့် အနီရောင် မီးပင်လယ်တို့ကြောင့် မျက်ဝန်းများ ကျိန်းစပ်သွားရသည်။
ရှန့်ချောင် - "ရှန်ကျွင့်ယီးရော ဒီညလာမှာလား?"
လျန်ရှောင်ထန် - "အင်း!! ဒါကြောင့် ကျိန်းသေပေါက် အားပေးရမယ်!"
ရှန့်ချောင် သူမလက်ထဲရှိ လက်မှတ်ကို ကြည့်ကာ ရွှေရောင်ပင်လယ်နှင့် အနီရောင်ပင်လယ်တို့ တည်ရှိရာနေရာဆီ လှမ်းကြည့်လိုက်ပြီး သူမစိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ပေါ်ပေါက်လာသည်။
"ငါတို့ ထိုင်ခုံနေရာက အနီရောင်ပင်လယ် အလယ်မှာတော့ မဟုတ်လောက်ဘူးမလား?"
လျန်ရှောင်ထန် - "....... လက်မှတ်က ခွဲတမ်းရောင်းတဲ့ဆီက ဝယ်လာတာဆိုတော့ ထိုင်ခုံက ကျရာနေရာပဲ"
စတိတ်စင်ပေါ်တွင် သီဆိုနေသူမှာ ထိုင်ဝမ်အချစ်သီချင်းအဆိုတော်ဖြစ်သည်။
သူမတို့နှစ်ဦးသား ထိုင်ခုံနေရာရှာချိန်တွင် အနီရောင်မီးပင်လယ်အလယ်၌ လစ်လပ်နေသည့် ထိုင်ခုံနှစ်လုံးကို မြင်လိုက်ရသည်။
ရှန့်ချောင်ရော လျန်ရှောင်ထန်ပါ ထိုင်ခုံတွင် ထိုင်ချလိုက်ကာ လှည့်ပတ်ကြည့်ရှုသည်။ သူမတို့ ဘေးပတ်ပတ်လည်တွင် ယီးရန်တို့ဖြင့်သာ ပြည့်နှက်နေသည်။ အနီးဆုံး ရွှေရောင်ဆိုင်းဘုတ်မှာ ခုံတန်း သုံးတန်းအကျော်တွင်ဖြစ်သည်။
သူမတို့နှစ်ယောက်စလုံး ဆိုင်းဘုတ်များ မထုတ်ရသေးခင်ပင် ဘေးဘက်ရှိ မိန်းကလေးက စိတ်လှုပ်ရှားစွာ မေးမြန်းလာသည်။
"မိသားစုပဲလား?"
ရှန့်ချောင်က သူမ၏ ဆိုင်းဘုတ်ကို တိတ်တဆိတ်ထုတ်ယူလိုက်ပြီး ဖွင့်ဟပြချိန်တွင် ရွှေရောင်အလင်းတန်းတို့ ဖြာကျလာသည်။
ဘေးပတ်လည်ရှိ ယီးရန်များ - "................"
ထောင်သောင်းပေါင်းများစွာသော အနီရောင်အလင်းများကြားတွင် ရွှေရောင်အလင်းစက်နှစ်ခုကား မှိတ်တုတ်တုတ်။
လျန်ရှောင်ထန်သည်လည်း သူမ၏ ဆိုင်းဘုတ်ကို ထုတ်ယူလိုက်သည်။ သူမ ပြုလုပ်လာသည့် ဆိုင်းဘုတ်တွင် 'ဟော့ရှီး' ဟူသည့် စကားလုံးမှာ တောင်ပလျက်ရှိပြီး အနီရောင်မီးပင်လယ်ကြားတွင် ရွှေရောင်တဖျပ်ဖျပ်လက်လျက်ရှိသည်။
တိုက်ရိုက်ထုတ်လွှင့်နေသည့် ကင်မရာမှာ ထိုနေရာကိူ နှစ်ခါမျှ ဖြတ်သန်းသွားပြီး ထုတ်လွှင့်မှုကို ကြည့်ရှုနေသည့် ရှီးကွမ်းများမှာ အနီရောင်မီးပင်လယ်ကြားက ရွှေရောင်အစက်အပြောက်ကို မြင်လျှင် အံ့အားသင့်သွား၏။
မေးခွန်းများကား တခုပြီး တခု ပေါ်ထွက်လာသည်။
"ဘယ်ညီအစ်မနှစ်ယောက်က ဒီလောက်ထိ သနားစရာကောင်းအောင် ယီးရန်တွေ ကြားထဲ ရောက်သွားရတာလဲ?
အားဖူက သူဖြစ်ကြောင်း ပြန်ဖြေသည်။
"ငါပါ၊ ငိုချင်နေပြီ"
ရှီးကွမ်းများမှာ ရယ်မောမှုကြောင့် သေလုနီးပါး။
Support အဖွဲ့ထဲမှ ချင်ရှူး - "အားဖူး၊ နင် လာဖို့ အချိန်မရှိဘူးလို့ ပြောထားတာမလား?
ဖူဆောရီး - "ငါ ဆက်မလုပ်နိုင်တော့ဘူး၊ နင် ဘယ်မှာလဲ? ဒီမှာ ဘေးပတ်လည်က ယီးရန်တွေချည်းပဲ၊"
ချင်ရှူး - "ဟားဟားဟား.... ငါတို့က နင်တို့နဲ့ မျက်စောင်းထိုးမှာ၊ အကြီးဆုံးရွှေရောင်ပင်လယ်က ငါတို့ပဲ၊ ငါတို့ လက်မှတ်ဝယ်တုန်းက စုဝယ်ထားတာ၊ ရှီးကွမ်းအားလုံးနီးပါးက ဒီနားမှာပဲ"
ဟော့ဟော့ - "အားဖူ၊ ဒါ နင့်ရဲ့ မစ်ရှင်ပဲ၊ တစ်ယောက်တည်းကျန်ရင်တောင် အရှုံးပေးလို့ မရဘူး၊ သူတို့အနီရောင်ပင်လယ်ကို လုံးဝ သန့်စင်ခွင့်ပေးလို့ မရဘူး!!"
အားကိုးခံရသည့် အားဖူ - "......"
အဓိကလူ ပေါ်မလာသေးသည်မို့ နှစ်ဖက်ဖန်ဒမ်းမှာ အလွန်အမင်း တိတ်ဆိတ်စွာ ထိုင်နေကာ ဆိုင်းဘုတ်ကိုယ်စီကိုင်လျက် ခေါင်းငုံ့ကာ ဖုန်းသုံးနေကြသည်။
လျန်ရှောင်ထန်က ရှန့်ချောင်နား ကပ်ကာ တိုးတိုးလေး မေးသည်။
"အစ်မ ရှန်ကျွင့်ယီးနဲ့ အတူတူ Variety Show ရိုက်နေတယ်မလား? သူတို့နဲ့ ရန်ဖြစ်ပြီးပြီလား?"
ရှန့်ချောင် အံကြိတ်ရင်း
"သူ့ခေါင်းကို ဖောက်ခွဲပစ်ချင်နေတာ"
စောင့်ဆိုင်းနေရင်းဖြင့် အချိန်ကား ကိုးနာရီခွဲသို့ နီးကပ်လာချိန်တွင် ဘေးပတ်လည်ရှိ ယီးရန်များ နားကွဲမတတ် အော်ဟစ်လာသည်။ ရှန့်ချောင် ထိတ်လန့်သွားကာ ရှန်ကျွင့်ယီး ပေါ်လာတော့မည်ဖြစ်မှန်း နားလည်သွားသည်။
ရုတ်ခြည်းဆိုသလို ပွဲကြည့်စင်များရှိ ပရိသတ်များမှ 'ရှန်ကျွင့်ယီး' ဟု သံပြိုင်အော်ဟစ်လာကာ အားပေးသံများမှာ ခန်းမတစ်ခုလုံး ပေါက်ကွဲထွက်မတတ်ပင်။ ရှေ့ဆုံးတန်း ဧည့်ထိုင်ခုံများတွင် ထိုင်နေသည့် အနုပညာရှင်များသည်ပင် နောက်သို့ ငဲ့စောင်းကြည့်လာသည်။
အော်ဟစ်သံများအလယ်တွင် လျန်ရှောင်ထန်က သူမအနား တိုးကပ်ကာ
"ခဏနေကျရင် ငါတို့ အားပေးသံက ကျိန်းသေ သူတို့ထက် ကျယ်ရမယ်"
တင်ဆက်သူက အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်နေချိန်မှာပင် အားပေးသံများမှာ ရပ်တန့်မသွားချေ။ စတိတ်စင်ပေါ်ရှိ မီးများမှိန်သွားကာ အနီရောင်ဆလိုက်မီးအောက်တွင် လူရိပ်ပေါ်ထွက်လာပြီး သီချင်းသံ စတင်သည်။
အော်ဟစ်အားပေးသံများကား အရူးအမူး။
ရှန့်ချောင် ကြီးမားသည့် စကရင်ကို လှမ်းကြည့်လိုက်သည်။ မနေ့က ရုပ်ဖျက်သည့် ဝတ်စုံကို ဝတ်ဆင်ထားသည့် သူ့သွင်ပြင်မှာ အခန်းပိုင်ရှင်၏ နုံအအသားနှင့် ဆင်တူသည်။ လက်ရှိအချိန်တွင်မူ စတိတ်စင်အလယ် ဝမ်းဗိုက်ကြွက်သားတို့ကို ထွင်းဖောက်မြင်ရလုနီးပါး အနီရောင်ပိတ်ကျဲအကျီကို ဝတ်ဆင်ကာ မတ်တပ်ရပ်နေသည်။ အနှီသူကား တတ်နိုင်သမျှ ထင်ပေါ်လိုနေခြင်း။
သူ့နှုတ်ခမ်းထောင့်စွန်းတို့ကို ကော့ညွတ်ကာ ဂီတသံနှင့်အတူ စည်းချက်ကျကျ သီဆိုဖျော်ဖြေသည်။ ဖျော်ဖြေမှုကား တည်တည်ငြိမ်ငြိမ်။ သီဆိုကပြသွားသည်မှာ တချက်မျှပင် မမှား။ ကကွက်တိုင်းက မာန်ပါပြီး လူတိုင်း၏ အာရုံကို ဆွဲဆောင်ယူသွားသည်။
သူ နောက်သို့ ခုန်ဝင်လိုက်ပြီး ကျယ်ကျယ်လောင်လောင် အော်ဟစ်လိုက်ချိန်တွင် သူမဘေးရှိ ယီးရန်ကျယ်မေ့တို့မှာ အသံကုန်အော်ဟစ်လာသည်။
သီချင်းတပုဒ်ကို မြူးမြူးကြွကြွသီဆိုပြီးနောက် ဒုတိယအပုဒ်မှာ သီချင်းအေးဖြစ်သည်။ အသက်ဝဝရှူကာ သူ့အသက်ရှုသံကို ချိန်ညှိသည်။ စတိတ်စင်ပေါ် မတ်တပ်ရပ်လျက် မိုက်ခရိုဖုန်းကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ဆော့ကစားနေသည်။
သူ့ဘေးပတ်လည်ရှိ ယီးရန်များက အော်ဟစ်လာသည်။
"ရှန်ကျွင့်ယီး! မိုက်ကို မဆော့နဲ! ငါ့ကို ဆော့ကစားပါ!"
သီချင်းနှစ်ပုဒ်ဖျော်ဖြေမှုပြီးဆုံးချိန်တွင် ယီးရန်များအားလုံးက သူ့နာမည်ကို သံပြိုင်အော်ဟစ်လာကြပြီး ရှန်ကျွင့်ယီးက ပရိသတ်များထံ လှည့်ကြည့်လာသည်။ သူက လေထဲမှတဆင့် အနမ်းတပွင့်ပို့လွှတ်ကာ ပြုံးပြပြီးနောက် စင်ပေါ်မှ ပြန်ဆင်းသွားသည်။
တင်ဆက်သူက မိတ်ဆက်စကားဆိုနေချိန်တွင် လျန်ရှောင်ထန်က စိတ်လှုပ်ရှားစွာ ဆိုလာသည်။
"လာပြီ!! လာပြီ!!"
'ရှန်ကျွင့်ယီး' ဟု အော်ဟစ်သံများဖြင့် ဖုံးလွှမ်းနေခဲ့သည့် နေရာအားလုံးမှာ 'ဟော့ရှီး' ဟု အော်ခေါ်သံများအဖြစ် ပြောင်းလဲသွားသည်။ ရှီးကွမ်းများအားလုံးက ဆိုင်းဘုတ်များ ကိုင်မြှောက်ကာ အားကြိုးမာန်တက်ဖြင့် ဟော့ရှီးနာမည်ကို အော်ဟစ်လာသည်မှာ လည်ချောင်းများ ပြာဝေလာသည်အထိ။ လက်ရှိခဏလေးတွင်မှ ဖြစ်ပေါ်သွားခဲ့သည့် သောင်းသောင်းဖြဖြအားပေးမှုများနှင့် ယှဉ်ပြိုင်ရမည်မဟုတ်လား။
ရှန့်ချောင်နှင့် လျန်ရှောင်ထန်သည်လည်း ရှီးကွမ်းများနည်းတူ ဟစ်အော် အားပေးလာသည်။
ရှေ့ဆုံးတန်းများရှိ အနုပညာရှင်များက နောက်သို့ လှည့်ကြည့်လာသည်။
စတိတ်မီးရောင် အမှောင်ကျသွားသည်နှင့် ပထမဆုံး တီးလုံးသံထွက်ပေါ်လာပြီး ရှီးကွမ်းများအားလုံး၏ အသံမှာ ရုတ်ခြည်းဆိုသလို တိတ်ဆိတ်သွားသည်။ လူတိုင်းက သီချင်းသစ်ကို တလေးတနက် နားထောင်လိုကြသည်။ ရင်းနှီးတဲ့ သံစဉ်ကို ရှန့်ချောင် ကြားရချိန်တွင် စိတ်လှုပ်ရှားမှုကြောင့် ခြေထောက်ပင် ဆောင့်ချမိသွားသည်။
စတိတ်စင်တစ်ခုလုံး လင်းကျင်းသွားပြီးနောက် ဦးထုပ်ဆောင်းထားသည့် ဟော့ရှီးက အပေါ်မြှင့်တင်ပေးသည့် ပလက်ဖောင်းပေါ် မတ်တပ်ရပ်နေပြီးဖြစ်ကာ သံစဉ်အတိုင်း သီဆိုဖျော်ဖြေသည်။
တရားဝင်ဖျော်ဖြေခြင်း အခမ်းအနားနှင့် ရီဟာဇယ်အခန်းကြား ခြားနားချက်မှာ ကြီးမားလှ၏။ စတိတ်စင်အပြင်အဆင်ဖြစ်စေ၊ Sound effect ဖြစ်စေ၊ ရှန့်ချောင်၏ ဦးရေပြားများ ထုံကျင်လာသည်အထိ စွမ်းဆောင်နိုင်သည်။
ပလက်ဖောင်းတဖြည်းဖြည်း ကျဆင်းလာချိန်တွင် ဟော့ရှီးက ဦးထုပ်ကို ဆွဲချွတ်လိုက်ပြီးနောက်ဘက်ဆီ လှမ်းပစ်လိုက်သည်။ သူ့ကော်လာကို နှစ်ခါမျှ သပ်ချလိုက်ပြီးနောက် စတိတ်အပြင်အဆင်နှင့် လိုက်ဖက်အောင် လိမ်းချယ်ထားသည့် သူ့မိတ်ကပ်မှာ အပြစ်ဆိုဖွယ်ရာမရှိ။
သံစဉ်မှာ တဖြည်းဖြည်း ပို၍ ပို၍ မြန်လာပြီးနောက် ကကွက်များသည်လည်း ပို၍ ပို၍ မြူးကြွလာသည်။ ကြည့်ရှုနေသူများအားလုံးကို မြူးကြွလာစေသည်အထိပင်။ သီချင်းတစ်ပုဒ်ဖြင့်ပင် ရှန့်ချောင်မှာ လည်ချောင်း ကွဲလုမတတ်။
ကံကောင်းစွာနှင့် သူမ ဒီမှာ ရှိနေခဲ့ခြင်း။ ဒီညလိုမျိုး အံ့ချီးဖွယ် ဖျော်ဖြေပွဲကိုသာ မကြည့်လိုက်ရလျှင် သူမ တစ်ဘဝလုံး နောင်တရမဆုံးဖြစ်ပေမည်။
ငါ့ရဲ့ တရားလွန်ချောမောတဲ့ လောင်ကုန်းက ပထမပဲ!!!!
ဟော့ရှီးက ယင်းသီချင်းတစ်ပုဒ်ကိုသာ ဖျော်ဖြေသည်။ သီချင်းပြီးဆုံးသည်နှင့် ကြည့်ရှုသူများထံ လက်ဝှေ့ရမ်းနှုတ်ဆက်ပြီးနောက် စင်ပေါ်မှ ဆင်းသွားသည်။
အားပေးထောက်ခံသံများမှာ အချိန်အတော်ကြာသည်အထိ ညံနေဆဲ။
ရှန့်ချောင်က ခုန်ပေါက်နေတဲ့ သူမရင်ဘတ်ကို အုပ်ကိုင်ကာ လျန်ရှောင်ထန်ကို ဆွဲခေါ်ပြီး ခန်းမရှိရာမှ ပြန်ထွက်လာသည်။
လှေကားပေါ်မှ ဆင်းချိန်တွင် ဘေးပတ်လည်တွင်ကား ရှီးကွမ်းများ အပြည့်။ လူတိုင်းက လက်တလောပြီးဆုံးသွားခဲ့သည့် ဖျော်ဖြေမှုအကြောင်း ဆွေးနွေးနေခြင်းဖြစ်ကာ အားလုံးမှာ အရူးအမူး။
ပြန်ထွက်လာသည့် တချိန်လုံး ရှန့်ချောင်က ခေါင်းငိုက်စိုက်ချထားကာ ခြေလှမ်းသွက်စေရန် လျန်ရှောင်ထန်က ဆွဲခေါ်သည်။ အောက်ဆုံးထစ်ဆီမရောက်ခင်မှာပင် ရှန့်ချောင် ဖုန်းမြည်လာသည်။
သူမ ခေါင်းငုံ့လိုက်ပေမဲ့ ဂရုတစိုက်ကြည့်ရှုခြင်းမရှိပဲ ဖုန်းလက်ခံဖြေလိုက်သည်။
ဖုန်းလက်ခံပြီးနောက် သူမ 'ဟဲလို' ဟု ထူးလိုက်သည်။ ထိုခဏတွင် သူမဘေး ရှီးကွမ်းတစ်ယောက် ရှိနေပြီး အနှီသူက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လာသည်။
"ဟော့ရှီးက ကမ္ဘာပေါ်မှာ အချောဆုံး လူသားပဲ!!"
ဖုန်းတဖက်မှ ဟော့ရှီး - "........"
ဖုန်းဒီဘက်မှ ရှန့်ချောင် - "........"
အချိန်အတော်ကြာမှ သူ စကားစသည်။
"အဲ့ဒီတော့ မင်း ဒီမှာ ရှိတုန်းပဲလား?"
ရှန့်ချောင် - ".......အင်း"
ပြုံးလိုက်ပုံရကာ သူ့လေသံမှာ တိုးဖျော့ဖျော့။
"ဒါဆို ငါ့ကို အပြင်မှာ စောင့်နေ"
ရှန့်ချောင် - "? ? ?"
အားးးးး အားးး အားးးး ငါ့ရဲ့ တရားလွန်ချောမောတဲ့ ယောကျ်ားက လူကိုယ်တိုင်တွေ့ဖို့ တောင်းဆိုနေတာတဲ့လား!!!!!
*****
ရှန်ကျွင့်ယီးက သီးခြား ဝတ္ထုတစ်ပုဒ်ထွက်တယ်။ နာမည်က Heaven's Greatest Plan ပါ။ အဲ့ထဲမှာကျ သူနဲ့ အတွဲဖြစ်မဲ့သူကလည်း အိုင်ဒေါလ်ပဲ။ သူ့ကို ကြိုက်လို့ သူ့လို အိုင်ဒေါလ်ဖြစ်လာအောင် ကြိုးစားတဲ့သူ။
Good night 💙
****
{Zawgyi}
အပိုင္း ၆၄.၂
ေနာက္ဆုံးတြင္ ဆြဲေဆာင္မွုကို မလြန္ဆန္နိုင္သည့္ ရဲေဘာ္ရွန့္ေခ်ာင္မွာ ခပ္ျမန္ျမန္ေရခ်ိဳးၿပီးေနာက္ ထင္သာျမင္သာမွုမရွိသည့္ အဝတ္အစားကို လဲလွယ္လိုက္သည္။ အခ်ိန္ေရာက္လာခ်ိန္တြင္ ဦးထုပ္ႏွင့္ Mask တပ္လိုက္ကာ အျပင္ထြက္ဖို႔ မေစာင့္နိုင္ေတာ့ေခ်။
ရွန့္ေခ်ာင္ ခန္းမအျပင္ဘက္သို႔ ေရာက္ရွိခ်ိန္တြင္ အထဲတြင္ တီးလုံးသံခပ္တိုးတိုးပင္ ပ်ံ႕လြင့္ေနေလၿပီ။ ရွန့္ေခ်ာင္ လ်န္ေရွာင္ထန္ကို လွမ္းေခၚလိုက္ကာ လမ္းမေပၚရွိ သတင္းစာဆိုင္နားတြင္ ေတြ႕ဆုံသည္။
ရင္းႏွီးေနသည့္ သူမဝတ္စားဆင္ယင္ပုံကို ျမင္ေတြ႕ၿပီးေနာက္ လ်န္ေရွာင္ထန္က ဆိုသည္။
"စိတ္ခ်! ဘယ္သူမွ မမွတ္မိနိုင္ဘူး!!"
ထို႔ေနာက္ ဆက္ေမးသည္။
"ဆိုင္းဘုတ္ယူလာေသးလား? ဒီေန႔ညက ပရိသတ္အားၿပိဳင္ပြဲျဖစ္မွာ!"
ရွန့္ေခ်ာင္ သူမအိတ္ထဲမွ ေရႊေရာင္စာလုံးျဖင့္ ေရးသားထားသည့္ "ရွီး" ဆိုင္းဘုတ္ကို ထုတ္ယူလာသည္ကို ျမင္လၽွင္ လ်န္ေရွာင္ထန္ မျပဳံးပဲ မေနနိုင္ေပ။
"ဘုရားေရ! ဆိုင္းဘုတ္ပါ ပါလာတာပဲ၊ မယူလာေလာက္ဘူးထင္လို႔ တစ္ခုအပိုယူလာေပးေသးတယ္"
ႏွစ္ဦးသား လုံျခဳံေရးဂိတ္ဆီ ဦးတည္လိုက္သည္။
လက္ရွိအခ်ိန္တြင္ အႏုပညာရွင္မ်ားေရာ ပရိသတ္မ်ားပါ ခန္းမထဲသို႔ ဝင္ေရာက္ႏွင့္ၿပီးျဖစ္သည္။ လုံျခဳံေရးက စကားမ်ားမ်ား မဆိုသည့္အျပင္ သူမကိုပင္ အာ႐ုံမစိုက္ေခ်။ ရွန့္ေခ်ာင္ သက္ျပင္းခ်နိုင္သြားကာ လ်န္ေရွာင္ထန္ႏွင့္အတူ လက္မွတ္အတိုင္း ခန္းမထဲသို႔ ဝင္လာခဲ့သည္။
ရွန့္ေခ်ာင္ အထဲေရာက္သည္ႏွင့္ ေရႊေရာင္မီးမ်ားႏွင့္ အနီေရာင္ မီးပင္လယ္တို႔ေၾကာင့္ မ်က္ဝန္းမ်ား က်ိန္းစပ္သြားရသည္။
ရွန့္ေခ်ာင္ - "ရွန္ကၽြင့္ယီးေရာ ဒီညလာမွာလား?"
လ်န္ေရွာင္ထန္ - "အင္း!! ဒါေၾကာင့္ က်ိန္းေသေပါက္ အားေပးရမယ္!"
ရွန့္ေခ်ာင္ သူမလက္ထဲရွိ လက္မွတ္ကို ၾကည့္ကာ ေရႊေရာင္ပင္လယ္ႏွင့္ အနီေရာင္ပင္လယ္တို႔ တည္ရွိရာေနရာဆီ လွမ္းၾကည့္လိုက္ၿပီး သူမစိတ္ထဲ မေကာင္းသည့္ ခံစားခ်က္တို႔ ေပၚေပါက္လာသည္။
"ငါတို႔ ထိုင္ခုံေနရာက အနီေရာင္ပင္လယ္ အလယ္မွာေတာ့ မဟုတ္ေလာက္ဘူးမလား?"
လ်န္ေရွာင္ထန္ - "....... လက္မွတ္က ခြဲတမ္းေရာင္းတဲ့ဆီက ဝယ္လာတာဆိုေတာ့ ထိုင္ခုံက က်ရာေနရာပဲ"
စတိတ္စင္ေပၚတြင္ သီဆိုေနသူမွာ ထိုင္ဝမ္အခ်စ္သီခ်င္းအဆိုေတာ္ျဖစ္သည္။
သူမတို႔ႏွစ္ဦးသား ထိုင္ခုံေနရာရွာခ်ိန္တြင္ အနီေရာင္မီးပင္လယ္အလယ္၌ လစ္လပ္ေနသည့္ ထိုင္ခုံႏွစ္လုံးကို ျမင္လိုက္ရသည္။
ရွန့္ေခ်ာင္ေရာ လ်န္ေရွာင္ထန္ပါ ထိုင္ခုံတြင္ ထိုင္ခ်လိုက္ကာ လွည့္ပတ္ၾကည့္ရွုသည္။ သူမတို႔ ေဘးပတ္ပတ္လည္တြင္ ယီးရန္တို႔ျဖင့္သာ ျပည့္ႏွက္ေနသည္။ အနီးဆုံး ေရႊေရာင္ဆိုင္းဘုတ္မွာ ခုံတန္း သုံးတန္းအေက်ာ္တြင္ျဖစ္သည္။
သူမတို႔ႏွစ္ေယာက္စလုံး ဆိုင္းဘုတ္မ်ား မထုတ္ရေသးခင္ပင္ ေဘးဘက္ရွိ မိန္းကေလးက စိတ္လွုပ္ရွားစြာ ေမးျမန္းလာသည္။
"မိသားစုပဲလား?"
ရွန့္ေခ်ာင္က သူမ၏ ဆိုင္းဘုတ္ကို တိတ္တဆိတ္ထုတ္ယူလိုက္ၿပီး ဖြင့္ဟျပခ်ိန္တြင္ ေရႊေရာင္အလင္းတန္းတို႔ ျဖာက်လာသည္။
ေဘးပတ္လည္ရွိ ယီးရန္မ်ား - "................"
ေထာင္ေသာင္းေပါင္းမ်ားစြာေသာ အနီေရာင္အလင္းမ်ားၾကားတြင္ ေရႊေရာင္အလင္းစက္ႏွစ္ခုကား မွိတ္တုတ္တုတ္။
လ်န္ေရွာင္ထန္သည္လည္း သူမ၏ ဆိုင္းဘုတ္ကို ထုတ္ယူလိုက္သည္။ သူမ ျပဳလုပ္လာသည့္ ဆိုင္းဘုတ္တြင္ 'ေဟာ့ရွီး' ဟူသည့္ စကားလုံးမွာ ေတာင္ပလ်က္ရွိၿပီး အနီေရာင္မီးပင္လယ္ၾကားတြင္ ေရႊေရာင္တဖ်ပ္ဖ်ပ္လက္လ်က္ရွိသည္။
တိုက္ရိုက္ထုတ္လႊင့္ေနသည့္ ကင္မရာမွာ ထိုေနရာကိူ ႏွစ္ခါမၽွ ျဖတ္သန္းသြားၿပီး ထုတ္လႊင့္မွုကို ၾကည့္ရွုေနသည့္ ရွီးကြမ္းမ်ားမွာ အနီေရာင္မီးပင္လယ္ၾကားက ေရႊေရာင္အစက္အေျပာက္ကို ျမင္လၽွင္ အံ့အားသင့္သြား၏။
ေမးခြန္းမ်ားကား တခုၿပီး တခု ေပၚထြက္လာသည္။
"ဘယ္ညီအစ္မႏွစ္ေယာက္က ဒီေလာက္ထိ သနားစရာေကာင္းေအာင္ ယီးရန္ေတြ ၾကားထဲ ေရာက္သြားရတာလဲ?
အားဖူက သူျဖစ္ေၾကာင္း ျပန္ေျဖသည္။
"ငါပါ၊ ငိုခ်င္ေနၿပီ"
ရွီးကြမ္းမ်ားမွာ ရယ္ေမာမွုေၾကာင့္ ေသလုနီးပါး။
Support အဖြဲ႕ထဲမွ ခ်င္ရွူး - "အားဖူး၊ နင္ လာဖို႔ အခ်ိန္မရွိဘူးလို႔ ေျပာထားတာမလား?
ဖူေဆာရီး - "ငါ ဆက္မလုပ္နိုင္ေတာ့ဘူး၊ နင္ ဘယ္မွာလဲ? ဒီမွာ ေဘးပတ္လည္က ယီးရန္ေတြခ်ည္းပဲ၊"
ခ်င္ရွူး - "ဟားဟားဟား.... ငါတို႔က နင္တို႔နဲ႔ မ်က္ေစာင္းထိုးမွာ၊ အႀကီးဆုံးေရႊေရာင္ပင္လယ္က ငါတို႔ပဲ၊ ငါတို႔ လက္မွတ္ဝယ္တုန္းက စုဝယ္ထားတာ၊ ရွီးကြမ္းအားလုံးနီးပါးက ဒီနားမွာပဲ"
ေဟာ့ေဟာ့ - "အားဖူ၊ ဒါ နင့္ရဲ့ မစ္ရွင္ပဲ၊ တစ္ေယာက္တည္းက်န္ရင္ေတာင္ အရွုံးေပးလို႔ မရဘူး၊ သူတို႔အနီေရာင္ပင္လယ္ကို လုံးဝ သန့္စင္ခြင့္ေပးလို႔ မရဘူး!!"
အားကိုးခံရသည့္ အားဖူ - "......"
အဓိကလူ ေပၚမလာေသးသည္မို႔ ႏွစ္ဖက္ဖန္ဒမ္းမွာ အလြန္အမင္း တိတ္ဆိတ္စြာ ထိုင္ေနကာ ဆိုင္းဘုတ္ကိုယ္စီကိုင္လ်က္ ေခါင္းငုံ႔ကာ ဖုန္းသုံးေနၾကသည္။
လ်န္ေရွာင္ထန္က ရွန့္ေခ်ာင္နား ကပ္ကာ တိုးတိုးေလး ေမးသည္။
"အစ္မ ရွန္ကၽြင့္ယီးနဲ႔ အတူတူ Variety Show ရိုက္ေနတယ္မလား? သူတို႔နဲ႔ ရန္ျဖစ္ၿပီးၿပီလား?"
ရွန့္ေခ်ာင္ အံႀကိတ္ရင္း
"သူ႔ေခါင္းကို ေဖာက္ခြဲပစ္ခ်င္ေနတာ"
ေစာင့္ဆိုင္းေနရင္းျဖင့္ အခ်ိန္ကား ကိုးနာရီခြဲသို႔ နီးကပ္လာခ်ိန္တြင္ ေဘးပတ္လည္ရွိ ယီးရန္မ်ား နားကြဲမတတ္ ေအာ္ဟစ္လာသည္။ ရွန့္ေခ်ာင္ ထိတ္လန့္သြားကာ ရွန္ကၽြင့္ယီး ေပၚလာေတာ့မည္ျဖစ္မွန္း နားလည္သြားသည္။
႐ုတ္ျခည္းဆိုသလို ပြဲၾကည့္စင္မ်ားရွိ ပရိသတ္မ်ားမွ 'ရွန္ကၽြင့္ယီး' ဟု သံၿပိဳင္ေအာ္ဟစ္လာကာ အားေပးသံမ်ားမွာ ခန္းမတစ္ခုလုံး ေပါက္ကြဲထြက္မတတ္ပင္။ ေရွ႕ဆုံးတန္း ဧည့္ထိုင္ခုံမ်ားတြင္ ထိုင္ေနသည့္ အႏုပညာရွင္မ်ားသည္ပင္ ေနာက္သို႔ ငဲ့ေစာင္းၾကည့္လာသည္။
ေအာ္ဟစ္သံမ်ားအလယ္တြင္ လ်န္ေရွာင္ထန္က သူမအနား တိုးကပ္ကာ
"ခဏေနက်ရင္ ငါတို႔ အားေပးသံက က်ိန္းေသ သူတို႔ထက္ က်ယ္ရမယ္"
တင္ဆက္သူက အစီအစဥ္အတိုင္း ဆက္လက္ေဆာင္ရြက္ေနခ်ိန္မွာပင္ အားေပးသံမ်ားမွာ ရပ္တန့္မသြားေခ်။ စတိတ္စင္ေပၚရွိ မီးမ်ားမွိန္သြားကာ အနီေရာင္ဆလိုက္မီးေအာက္တြင္ လူရိပ္ေပၚထြက္လာၿပီး သီခ်င္းသံ စတင္သည္။
ေအာ္ဟစ္အားေပးသံမ်ားကား အ႐ူးအမူး။
ရွန့္ေခ်ာင္ ႀကီးမားသည့္ စကရင္ကို လွမ္းၾကည့္လိုက္သည္။ မေန႔က ႐ုပ္ဖ်က္သည့္ ဝတ္စုံကို ဝတ္ဆင္ထားသည့္ သူ႔သြင္ျပင္မွာ အခန္းပိုင္ရွင္၏ ႏုံအအသားႏွင့္ ဆင္တူသည္။ လက္ရွိအခ်ိန္တြင္မူ စတိတ္စင္အလယ္ ဝမ္းဗိုက္ႂကြက္သားတို႔ကို ထြင္းေဖာက္ျမင္ရလုနီးပါး အနီေရာင္ပိတ္က်ဲအက်ီကို ဝတ္ဆင္ကာ မတ္တပ္ရပ္ေနသည္။ အႏွီသူကား တတ္နိုင္သမၽွ ထင္ေပၚလိုေနျခင္း။
သူ႔ႏွုတ္ခမ္းေထာင့္စြန္းတို႔ကို ေကာ့ညြတ္ကာ ဂီတသံႏွင့္အတူ စည္းခ်က္က်က် သီဆိုေဖ်ာ္ေျဖသည္။ ေဖ်ာ္ေျဖမွုကား တည္တည္ၿငိမ္ၿငိမ္။ သီဆိုကျပသြားသည္မွာ တခ်က္မၽွပင္ မမွား။ ကကြက္တိုင္းက မာန္ပါၿပီး လူတိုင္း၏ အာ႐ုံကို ဆြဲေဆာင္ယူသြားသည္။
သူ ေနာက္သို႔ ခုန္ဝင္လိုက္ၿပီး က်ယ္က်ယ္ေလာင္ေလာင္ ေအာ္ဟစ္လိုက္ခ်ိန္တြင္ သူမေဘးရွိ ယီးရန္က်ယ္ေမ့တို႔မွာ အသံကုန္ေအာ္ဟစ္လာသည္။
သီခ်င္းတပုဒ္ကို ျမဴးျမဴးႂကြႂကြသီဆိုၿပီးေနာက္ ဒုတိယအပုဒ္မွာ သီခ်င္းေအးျဖစ္သည္။ အသက္ဝဝရွူကာ သူ႔အသက္ရွုသံကို ခ်ိန္ညႇိသည္။ စတိတ္စင္ေပၚ မတ္တပ္ရပ္လ်က္ မိုက္ခရိုဖုန္းကို လက္ႏွစ္ဖက္ျဖင့္ ကိုင္ကာ ေဆာ့ကစားေနသည္။
သူ႔ေဘးပတ္လည္ရွိ ယီးရန္မ်ားက ေအာ္ဟစ္လာသည္။
"ရွန္ကၽြင့္ယီး! မိုက္ကို မေဆာ့နဲ! ငါ့ကို ေဆာ့ကစားပါ!"
သီခ်င္းႏွစ္ပုဒ္ေဖ်ာ္ေျဖမွုၿပီးဆုံးခ်ိန္တြင္ ယီးရန္မ်ားအားလုံးက သူ႔နာမည္ကို သံၿပိဳင္ေအာ္ဟစ္လာၾကၿပီး ရွန္ကၽြင့္ယီးက ပရိသတ္မ်ားထံ လွည့္ၾကည့္လာသည္။ သူက ေလထဲမွတဆင့္ အနမ္းတပြင့္ပို႔လႊတ္ကာ ျပဳံးျပၿပီးေနာက္ စင္ေပၚမွ ျပန္ဆင္းသြားသည္။
တင္ဆက္သူက မိတ္ဆက္စကားဆိုေနခ်ိန္တြင္ လ်န္ေရွာင္ထန္က စိတ္လွုပ္ရွားစြာ ဆိုလာသည္။
"လာၿပီ!! လာၿပီ!!"
'ရွန္ကၽြင့္ယီး' ဟု ေအာ္ဟစ္သံမ်ားျဖင့္ ဖုံးလႊမ္းေနခဲ့သည့္ ေနရာအားလုံးမွာ 'ေဟာ့ရွီး' ဟု ေအာ္ေခၚသံမ်ားအျဖစ္ ေျပာင္းလဲသြားသည္။ ရွီးကြမ္းမ်ားအားလုံးက ဆိုင္းဘုတ္မ်ား ကိုင္ေျမႇာက္ကာ အားႀကိဳးမာန္တက္ျဖင့္ ေဟာ့ရွီးနာမည္ကို ေအာ္ဟစ္လာသည္မွာ လည္ေခ်ာင္းမ်ား ျပာေဝလာသည္အထိ။ လက္ရွိခဏေလးတြင္မွ ျဖစ္ေပၚသြားခဲ့သည့္ ေသာင္းေသာင္းျဖျဖအားေပးမွုမ်ားႏွင့္ ယွဥ္ၿပိဳင္ရမည္မဟုတ္လား။
ရွန့္ေခ်ာင္ႏွင့္ လ်န္ေရွာင္ထန္သည္လည္း ရွီးကြမ္းမ်ားနည္းတူ ဟစ္ေအာ္ အားေပးလာသည္။
ေရွ႕ဆုံးတန္းမ်ားရွိ အႏုပညာရွင္မ်ားက ေနာက္သို႔ လွည့္ၾကည့္လာသည္။
စတိတ္မီးေရာင္ အေမွာင္က်သြားသည္ႏွင့္ ပထမဆုံး တီးလုံးသံထြက္ေပၚလာၿပီး ရွီးကြမ္းမ်ားအားလုံး၏ အသံမွာ ႐ုတ္ျခည္းဆိုသလို တိတ္ဆိတ္သြားသည္။ လူတိုင္းက သီခ်င္းသစ္ကို တေလးတနက္ နားေထာင္လိုၾကသည္။ ရင္းႏွီးတဲ့ သံစဥ္ကို ရွန့္ေခ်ာင္ ၾကားရခ်ိန္တြင္ စိတ္လွုပ္ရွားမွုေၾကာင့္ ေျခေထာက္ပင္ ေဆာင့္ခ်မိသြားသည္။
စတိတ္စင္တစ္ခုလုံး လင္းက်င္းသြားၿပီးေနာက္ ဦးထုပ္ေဆာင္းထားသည့္ ေဟာ့ရွီးက အေပၚျမႇင့္တင္ေပးသည့္ ပလက္ေဖာင္းေပၚ မတ္တပ္ရပ္ေနၿပီးျဖစ္ကာ သံစဥ္အတိုင္း သီဆိုေဖ်ာ္ေျဖသည္။
တရားဝင္ေဖ်ာ္ေျဖျခင္း အခမ္းအနားႏွင့္ ရီဟာဇယ္အခန္းၾကား ျခားနားခ်က္မွာ ႀကီးမားလွ၏။ စတိတ္စင္အျပင္အဆင္ျဖစ္ေစ၊ Sound effect ျဖစ္ေစ၊ ရွန့္ေခ်ာင္၏ ဦးေရျပားမ်ား ထုံက်င္လာသည္အထိ စြမ္းေဆာင္နိုင္သည္။
ပလက္ေဖာင္းတျဖည္းျဖည္း က်ဆင္းလာခ်ိန္တြင္ ေဟာ့ရွီးက ဦးထုပ္ကို ဆြဲခၽြတ္လိုက္ၿပီးေနာက္ဘက္ဆီ လွမ္းပစ္လိုက္သည္။ သူ႔ေကာ္လာကို ႏွစ္ခါမၽွ သပ္ခ်လိုက္ၿပီးေနာက္ စတိတ္အျပင္အဆင္ႏွင့္ လိုက္ဖက္ေအာင္ လိမ္းခ်ယ္ထားသည့္ သူ႔မိတ္ကပ္မွာ အျပစ္ဆိုဖြယ္ရာမရွိ။
သံစဥ္မွာ တျဖည္းျဖည္း ပို၍ ပို၍ ျမန္လာၿပီးေနာက္ ကကြက္မ်ားသည္လည္း ပို၍ ပို၍ ျမဴးႂကြလာသည္။ ၾကည့္ရွုေနသူမ်ားအားလုံးကို ျမဴးႂကြလာေစသည္အထိပင္။ သီခ်င္းတစ္ပုဒ္ျဖင့္ပင္ ရွန့္ေခ်ာင္မွာ လည္ေခ်ာင္း ကြဲလုမတတ္။
ကံေကာင္းစြာႏွင့္ သူမ ဒီမွာ ရွိေနခဲ့ျခင္း။ ဒီညလိုမ်ိဳး အံ့ခ်ီးဖြယ္ ေဖ်ာ္ေျဖပြဲကိုသာ မၾကည့္လိုက္ရလၽွင္ သူမ တစ္ဘဝလုံး ေနာင္တရမဆုံးျဖစ္ေပမည္။
ငါ့ရဲ့ တရားလြန္ေခ်ာေမာတဲ့ ေလာင္ကုန္းက ပထမပဲ!!!!
ေဟာ့ရွီးက ယင္းသီခ်င္းတစ္ပုဒ္ကိုသာ ေဖ်ာ္ေျဖသည္။ သီခ်င္းၿပီးဆုံးသည္ႏွင့္ ၾကည့္ရွုသူမ်ားထံ လက္ေဝွ႕ရမ္းႏွုတ္ဆက္ၿပီးေနာက္ စင္ေပၚမွ ဆင္းသြားသည္။
အားေပးေထာက္ခံသံမ်ားမွာ အခ်ိန္အေတာ္ၾကာသည္အထိ ညံေနဆဲ။
ရွန့္ေခ်ာင္က ခုန္ေပါက္ေနတဲ့ သူမရင္ဘတ္ကို အုပ္ကိုင္ကာ လ်န္ေရွာင္ထန္ကို ဆြဲေခၚၿပီး ခန္းမရွိရာမွ ျပန္ထြက္လာသည္။
ေလွကားေပၚမွ ဆင္းခ်ိန္တြင္ ေဘးပတ္လည္တြင္ကား ရွီးကြမ္းမ်ား အျပည့္။ လူတိုင္းက လက္တေလာၿပီးဆုံးသြားခဲ့သည့္ ေဖ်ာ္ေျဖမွုအေၾကာင္း ေဆြးေႏြးေနျခင္းျဖစ္ကာ အားလုံးမွာ အ႐ူးအမူး။
ျပန္ထြက္လာသည့္ တခ်ိန္လုံး ရွန့္ေခ်ာင္က ေခါင္းငိုက္စိုက္ခ်ထားကာ ေျခလွမ္းသြက္ေစရန္ လ်န္ေရွာင္ထန္က ဆြဲေခၚသည္။ ေအာက္ဆုံးထစ္ဆီမေရာက္ခင္မွာပင္ ရွန့္ေခ်ာင္ ဖုန္းျမည္လာသည္။
သူမ ေခါင္းငုံ႔လိုက္ေပမဲ့ ဂ႐ုတစိုက္ၾကည့္ရွုျခင္းမရွိပဲ ဖုန္းလက္ခံေျဖလိုက္သည္။
ဖုန္းလက္ခံၿပီးေနာက္ သူမ 'ဟဲလို' ဟု ထူးလိုက္သည္။ ထိုခဏတြင္ သူမေဘး ရွီးကြမ္းတစ္ေယာက္ ရွိေနၿပီး အႏွီသူက စိတ္လွုပ္ရွားစြာျဖင့္ ေအာ္ဟစ္လာသည္။
"ေဟာ့ရွီးက ကမၻာေပၚမွာ အေခ်ာဆုံး လူသားပဲ!!"
ဖုန္းတဖက္မွ ေဟာ့ရွီး - "........"
ဖုန္းဒီဘက္မွ ရွန့္ေခ်ာင္ - "........"
အခ်ိန္အေတာ္ၾကာမွ သူ စကားစသည္။
"အဲ့ဒီေတာ့ မင္း ဒီမွာ ရွိတုန္းပဲလား?"
ရွန့္ေခ်ာင္ - ".......အင္း"
ျပဳံးလိုက္ပုံရကာ သူ႔ေလသံမွာ တိုးေဖ်ာ့ေဖ်ာ့။
"ဒါဆို ငါ့ကို အျပင္မွာ ေစာင့္ေန"
ရွန့္ေခ်ာင္ - "? ? ?"
အားးးးး အားးး အားးးး ငါ့ရဲ့ တရားလြန္ေခ်ာေမာတဲ့ ေယာက်္ားက လူကိုယ္တိုင္ေတြ႕ဖို႔ ေတာင္းဆိုေနတာတဲ့လား!!!!!
*****
ရွန္ကၽြင့္ယီးက သီးျခား ဝတၳဳတစ္ပုဒ္ထြက္တယ္။ နာမည္က Heaven's Greatest Plan ပါ။ အဲ့ထဲမွာက် သူနဲ႔ အတြဲျဖစ္မဲ့သူကလည္း အိုင္ေဒါလ္ပဲ။ သူ႔ကို ႀကိဳက္လို႔ သူ႔လို အိုင္ေဒါလ္ျဖစ္လာေအာင္ ႀကိဳးစားတဲ့သူ။
Good night 💙
****