{Unicode}
အပိုင်း ၆၄.၁
အခြေအနေအရပ်ရပ်ကို တွက်ဆထားသည့်တိုင် နောက်ဆုံး အောင်နိုင်သူမှာ ရှန်ကျွင့်ယီး ဖြစ်မည်ဟု မမျှော်မှန်းထားခဲ့ပေ။
ပင်ပန်းမှုကြောင့် အချိန်စေ့သည်ထိ စောင့်ကာ ရေအမြုပ်ခံဖို့ စောင့်ဆိုင်းနေသည့် လော့ချင်းမှလွဲ၍ ကျန် လေးယောက်စလုံးမှာ သေနတ်ဖြင့် ပစ်သတ်ခံရသည်။ ရိုက်ကူးရေးပြီးဆုံးချိန်တွင် ဒါရိုက်တာအဖွဲ့က လှေတစ်စင်းလွှတ်ကာ ကျွန်းပေါ်ရှိ လူငါးယောက်ကို ပြန်ကြိုစေသည်။
ရှန့်ချောင် သေသွားမှန်း ကြားလိုက်ရချိန်တွင် လူတိုင်း အံ့အားသင့်သွားသည်။
ဖန်းကျီ - "သူက ကျားကို စားဖို့ ဝက် ဟန်ဆောင်နေတာ!! တမင်သက်သက် သေနတ်နဲ့ ပစ်တာပဲ ဖြစ်ရမယ်!"
သူ တမင်တကာ ပစ်သည်ဖြစ်စေ မတော်တဆဖြစ်သည်ဖြစ်စေ ရလဒ်ကား အတည်ပြုပြီးဖြစ်သည်။ ကျွန်းမှ ပြန်ရောက်ချိန်တွင် ကမ်းစပ်တွင် စောင့်ဆိုင်းနေသည့် ရှန်ကျွင့်ယီးက ခပ်မြန်မြန်ပြေးလာကာ ရှန့်ချောင်၏ လက်မောင်းကို ဆွဲရင်း ဆိုသည်။
"ရှုန်းတိ၊ မင်း ငါပြောတာ ယုံ၊ ငါ့မှာ ကျည်ဆန်ရှိသေးမှန်း ငါ တကယ်မသိဘူး!!"
ရှန့်ချောင် - "နင် သရဲဆိုရင် ငါ ယုံမယ်"
အခြားသူများသည်လည်း ရှန်ကျွင့်ယီးဆီ ပြေးလာကာ ဆူပူကြသည်။
ပင်ပန်းသည့်နေ့ရက်တစ်ရက် ကုန်လွန်သွားပြီးနောက် ပရိုဂရမ်အဖွဲ့က မနက်ဖြန်မနက် တရုတ်နိုင်ငံသို့ မပြန်မှီ သူတို့အားလုံး အနားယူနိုင်ရန်အတွက် ဟိုတယ်ဆီ ပို့ဆောင်ပေးသည်။ ရှန့်ချောင် ရေချိုးပြီးနောက် ကုတင်ပေါ်လဲလျောင်းနေရင်း တင်းကျန်ကို သူမခြေထောက်များအား အနည်းငယ်နှိပ်နယ်ပေးရန် ဆိုပြီး ဖုန်းဆော့သည်။
သူမအချိန်ဇယားများ စတင်ပြည့်ကျပ်လာချိန်မှစ၍ သူမဖန်ကလပ်အကောင့်များကို ကိုင်တွယ်ရန် ချာချာနှင့် ဖန်းပိုင်ထံ အပ်နှင်းထားသည်။ တရားဝင်အလုပ်ချိန်စာရင်းမှာ သူတို့နှစ်ယောက် ကြေငြာပေးခြင်းဖြစ်သော်လည်း မနက်ခင်းနှုတ်ခွန်းဆက်စကားကိုမူ သူမကိုယ်တိုင် ရေးဆဲဖြစ်သည်။ ထိုမျှသာမက သူမက မကြာခဏဆိုသလို ချောင်ဖန်များထံမှ မက်ဆေ့ချ်များကို ဖတ်လေ့ရှိပြီး အကြံပြုချက်များနှင့် တောင်းဆိုချက်များရှိမရှိ စစ်ဆေးလေ့ရှိသည်။
ရှန့်ချောင် ဖန်ကလပ်အကောင့်ထံ ဝင်ကြည့်ပြီးနောက် ဖူဆောရီးအကောင့်ထဲ ဝင်လိုက်သည်။ ဟော့ရှီးထောက်ခံသူများအဖွဲ့ ဂရုချက်အားလုံး၏ မက်ဆေ့ချ်များမှာ 999+ ဖြစ်သည်။ သူမ ဝင်ကြည့်ချိန်တွင် လူတိုင်းက တက်တက်ကြွကြွဖြင့် မနက်ဖြန်ကျင်းပမည့် ချောင်ရင်းပွဲတော်အကြောင်း ဆွေးနွေးနေသည်။
ချောင်ရင်း (潮音)ပွဲတော်မှာ နှစ်စဉ်နှစ်တိုင်း ခမ်းနားစွာ ကျင်းပသည့် ဂီတပွဲတော်ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ထိပ်တန်းအဆိုတော်များ၊ ထုတ်လုပ်ရေးကုမ္ပဏီများ ပါဝင်ဆင်နွှဲရန် ဖိတ်ခေါ်ခြင်း ခံရသည်။ နှစ်တိုင်းပင် မြောက်များစွာသော အဆိုကျော်များက ဤစတိတ်စင်ပေါ်တွင် လာရောက်ဖျော်ဖြေကြပြီး နာမည်ကျော်သွားသည့် သီချင်းအချို့ပင် ရှိခဲ့ဖူးသည်။
ရှန့်ချောင် ဂရုချက်ထဲတွင် ဟဲလိုဟု နှုတ်ဆက်စကားဆိုလိုက်သည်။ သူမ အွန်လိုင်းဖြစ်နေမှန်း လူတိုင်း သတိထားမိသွားကာ အားတက်သရော မေးမြန်းလာသည်။
"အားဖူ၊ မနက်ဖြန်ည နင်သွားမှာလား?"
အားဖူ - "ငါ ငိုနေပြီ၊ ဒါပေမယ့် သွားလို့ မရဘူး"
ချင်ရှူး - "နင့်အတွက် စိတ်မကောင်းဖြစ်သွားပြီ၊ မနက်ဖြန်ညကျ ငါ့ကောကောရဲ့ သီချင်းအသစ်နဲ့ လိုက်ကမှာ!! လက်မှတ်ရောင်းမယ့်ဆီက ခွဲတမ်းက အစောင် ၅၀၀၀ ထိ တိုးထားတယ်"
ဟော့ဟော့ - "သီချင်းအသစ်ရဲ့ ကကွက်စီစဉ်တဲ့သူက ကျုံးကော်ရဲ့ ထိပ်တန်း ဟစ်ဟော့စတူဒီယို DG နော်၊ တွေးတောင်မတွေးရဲဘူး၊ အတွေးနဲ့ လန့်သေသွားမှာစိုးလို့"
အားဖူ - "နင်တို့အားလုံးသွားကြမှာလား?"
ချင်ဖုန်း - "ကျိန်းသေသွားရမှာပေါ့!! သီချင်းအသစ်ကို ပထမဆုံး စင်ပေါ်မှာ ဖျော်ဖြေမှာ! ခြေထောက်ကျိုးနေရင်တောင် ခန်းမထဲဆီ တွားသွားဝင်ရမှာပဲ!!"
အားဖူ - "အားးးး အားးး မနာလိုလိုက်တာ!! ဒါဆို ငါ့အတွက် ဗီဒီယို ရိုက်ခဲ့ပေးဖို့ မမေ့နဲ့နော်!"
ချင်ရှူး - "Pat, Pat, Pat, ကျိန်းသေပေါက် ဓါတ်ပုံလည်း ရိုက်ရမယ်! အတူတူ ပြင်ရမှာပေါ့!!"
ဟော့ဟော့ - "@All Member, လူတိုင်း ဆိုင်းဘုတ်တွေ ယူလာပြီး ပေါင်ပေ့ကို အကောင်းဆုံး Support ပေးရမယ်၊ ပွဲကြည့်စင်အားလုံးကို ရွှေရောင်လွှမ်းသွားစေရမယ်!!"
ရှီးပေါင်ပေ့က ငါ့အချစ်ဆုံး - "မှန်တယ်၊ လုံးဝ ရှုံးလို့ မဖြစ်ဘူး!!"
ချင်ရှူး - "လူတိုင်း ဒီည စောစောအိပ်ပြီး မနက်ဖြန်အတွက် လည်ချောင်းအားမွေးထားကြ"
......
ရှန့်ချောင်က မျက်ဝန်းထဲ မျက်ရည်ဝေ့ကာ မနာလိုစိတ်အပြည့်ဖြင့် အထက်အောက် ဆွဲကြည့်ပြီးနောက် Supertopic ထံ ရောက်သွားချိန်တွင်လည်း လူတိုင်းက ချောင်ရင်းပွဲတော်အကြောင်း ပြောနေကာ အားလုံးက မနက်ဖြန်သွားရောက်ရမည်အတွက် စိတ်လှုပ်ရှားနေကြသည်။
ကြည့်ရတာ ထိုပွဲထံ မသွားနိုင်သည်မှာ လောကကြီးထဲ သူမတစ်ယောက်ထဲသာ ရှိပုံရသည်။
ဝူး... ဝူး.... သူမ နှလုံးသားမှာ ထိန်းမနိုင်သိမ်းမရ အသဲကွဲသွားရသည်။
တင်းကျန် အခန်းထဲမှ ထွက်သွားချိန်တွင် ရှန့်ချောင် ကုတင်ပေါ် တက်ပြီးနောက် Wechat ကို ဖွင့်ကာ ဟော့ရှီးထံ မက်ဆေ့ချ်ပို့လိုက်သည်။
"အယ်လ်ဘမ် ဘယ်တော့ထွက်မှာလဲ? ကျွန်မ သီချင်းအသစ်တွေနဲ့ ကကွက်အသစ်တွေ မြင်ချင်နေပြီ"
ခဏအကြာတွင် ဟော့ရှီးက စာပြန်လာသည်။
"တစ်လလောက်နေရင်"
ရှန့်ချောင် - "မနက်ဖြန်ညက ပထမဆုံးသီချင်းသစ်ဆိုမဲ့ ပွဲပေါ့"
ဟော့ရှီး - "မင်း မနက်ဖြန်ပွဲကြည့်ချင်လား?"
ရှန့်ချောင် - "......."
ဟော့ရှီး - "ငါ မင်းအတွက် လက်မှတ်ရှာပေးမယ်"
(T/N: သူများတွေ အိုင်ဒေါလ်နောက်လိုက်တယ်ဆိုတာ ကိုယ်က အမ်းရတာ၊ ရှန့်ချောင် အိုင်ဒေါလ်နောက်လိုက်တာ အိုင်ဒေါလ်ကချည်း အမ်းနေတာ၊ အလကားပေးမဲ့ လက်မှတ်တောင် အိမ်ထိ လာပို့တာ၊ စိတ်ထိန်းပါဦး ဟော့ သာကောရေ 🤧)
ရှန့်ချောင် - "အားးးးး!!!!! ..... တကယ် သွားချင်လာပြီ"
(ဒါပေမယ့် ငါ့ကို ဖမ်းမိသွားရင် ဘယ်လိုလုပ်မလဲ? ဝူးဝူးဝူး)
ရှန့်ချောင် တွန့်ဆုတ်ဆုတ်ဖြင့် ငြင်းလိုက်ပြီးနောက် ဘာမှမဖြစ်လေဟန်ဖြင့်
"မနက်ဖြန် အလုပ်ရှိတော့ သွားလို့ မရဘူး၊ တိုက်ရိုက်လွှင့်တာကနေ ကြည့်နေမယ်!"
ဟော့ရှီး စာမပြန်လာသည်မို့ "စောစောအိပ်ပါ၊ ဝမ်အန်း'ဟု ရှန့်ချောင် စာပို့လိုက်ပြီး အိပ်ရာဝင်ရန်ပြင်သည်။ သူမ မီးပိတ်ကာ ကုတင်ပေါ် လှဲရင်း အိပ်ပျော်စပြုချိန်မှာပင် ဖုန်းမှ တုန်ယင်သံ ထွက်ပေါ်လာသည်။ လှမ်းကြည့်ချိန်တွင် ဟော့ရှီးမှ ဗီဒီယို ပို့လာသည့် နိုတီဖြစ်သည်။
ရှန့်ချောင် အိပ်ချင်မူးတူးဖြင့် ဖွင့်ကြည့်လိုက်သည်။ ဗီဒီယိုထဲတွင် ကြီးမားသည့် အကစတူဒီယိုကို ရိုက်ကူးထားသည်။ ဟော့ရှီးက ပေါ့ပေါ့ပါးပါးအဝတ်အစားကိုသာ ဝတ်ဆင်ထားပြီး ဘေ့စ်ဘောဦးထုပ်ဆောင်းထားသည်။ သီချင်းသံ စတင်ချိန်တွင် မှန်ချပ်များရှေ့တွင် ဟော့ရှီးက ကကွက်များ စတင်ပုံဖော်သည်။
ရှန့်ချောင် အော်ဟစ်ကာ အိပ်ရာမှ ချက်ချင်းထထိုင်သည်။
သီချင်းအသစ်နဲ့ ကကွက်အသစ် လေ့ကျင့်နေသည့် ဗီဒီယို!!!!
ဒါက ဘယ်လိုတောင် ခမ်းနားလိုက်တဲ့ ကကွက်မျိုးလဲ? ဘယ်လိုနတ်ဘုရားမျိုးက ကပြနေတာလဲ?
သူမ ရူးမတတ်ပင်။ မက်ဆေ့ချ်ကိုပင် စာမပြန်နိုင်ပဲ သူမ အကြိမ်ပေါင်းများစွာ အပြန်ပြန်အလှန်လှန်ကြည့်နေမိသည်။
တစ်ခါတစ်ရံ သူမ ရင်ဘတ်ကို ဖိ၍၊ တစ်ခါတစ်ရံ ပါးစပ်အုပ်၍ တစ်ခါတစ်ရံ အော်ဟစ်၍ အခေါက်ခေါက်အခါခါ ကြည့်နေမိသည်။
နာရီဝက်အကြာတွင် ဟော့ရှီးက မက်ဆေ့ချ်ပို့လာသည်။
"မကြည့်နဲ့တော့၊ အိပ်တော့"
နိုးးး ပေါင်ပေ့!! ငါ အကြိမ်ရေတစ်သောင်းလောက် ကြည့်နိုင်ပါသေးတယ်!!!
လေ့ကျင့်ရေးဗီဒီယိုသည်ပင် ဤမျှ ခမ်းနားကာ မိမိုက်နေလျှင် စတိတ်စင်ပေါ်မှာသာ ကြည့်ရပါက ဘယ်လောက်များ ရင်သပ်ရှုမောဖွယ်ရာ ဖြစ်နေမည်နည်း။
သူမ ပွဲဆီ မသွားနိုင်လျှင်တောင် တိုက်ရိုက်ထုတ်လွှင့်မှုကိုတော့ ကျိန်းသေပေါက် ကြည့်ရပေမည်!!
ထိုညတွင် ရှန့်ချောင် ထိုဗီဒီယိုကို အကြိမ်ပေါင်းမနည်း ကြည့်ရှုပြီးနောက် သီချင်းအသစ်ကိုပင် အလွတ်လိုက်ဆိုနိုင်လေပြီ။
နောက်တစ်နေ့မနက် နိုးလာချိန်တွင် ရှန့်ချောင်ခမျာ အိပ်ချင်လွန်းသဖြင့် လေဆိပ်သွားရာ တစ်လမ်းလုံး သမ်းဝေလာကာ အိမ်ပြန်ခရီးစတင်သည်။
သူတို့အားလုံး တရုတ်နိုင်ငံထံ ပြန်ရောက်ချိန်တွင် နေ့လယ်ခင်းသို့ ရောက်ရှိနေလေပြီး လာရောက်ကြိုဆိုသည့် ပရိသတ်အုပ်စုမှာ ရှိနေဆဲပင်။
ရှန့်ချောင်ကား နောက်ထပ်တကြိမ် အနီရောင်အုပ်စုများ ဝန်းရံခံထားရကာ ဘေးပတ်လည်ရှိ လူများမှာ အော်ဟစ်လာသည်။
"ပေါင်ပေ့၊ ဒီညတွေ့ကြမယ်!"
"ဟေ့၊ သားရေ၊ များများပိုစားထားနော်၊ ဒါမှ ညကျ ကဖို့ အားရှိမှာ"
"လောင်ကုန်း၊ ဒီညတွေ့မယ်၊ ငါတို့အားလုံး ရှင့်ကို စောင့်နေမယ်!"
ဖန်းကျီက လှမ်းမေးသည်။
"နင် ဒီည အလုပ်ရှိသေးတာလား?"
ရှန်ကျွင့်ယီး - "အင်း၊ ပွဲတက်ပြီး သီချင်းနှစ်ပုဒ်ဆိုရမှာ"
ယနေ့တစ်နေ့လုံး သူ လေယာဉ်ပေါ်တွင် တိတ်ဆိတ်နေသည်မှာ အံ့ဩစရာမဟုတ်ပေ၊ သူကား အားပြည့်ရန် အနားယူနေခြင်း။
လူအားလုံး ကားကိုယ်စီပေါ် တက်ကာ ပြန်ရန်ပြင်သည်။ ရှန့်ချောင် နောက်ခန်းထိုင်ခုံပေါ် မှီထိုင်လိုက်ပြီး Weibo ကို ဖွင့်ကြည့်သည်။
ပွဲကျင်းပမည့် ခန်းမအပြင်ဘက်တွင် ရှီးကွမ်းများ စုရုံးရောက်ရှိနေလေပြီကို မြင်လျှင် ရှန့်ချောင်မှာ မနာလို ဖြစ်လွန်းသဖြင့် နှလုံးအောင့်မှုကို သက်သာစေရန်အလိုဌာ ဗီဒီယိုဖွင့်ကြည့်လိုက်သည်။
Weibo မှ တင် မြည်သံနှင့်အတူ မက်ဆေချ့်လက်ခံရရှိကြောင်း အချက်ပေးသည်။
ရှန့်ချောင် ဖွင့်ကြည့်လိုက်ချိန်တွင် လျန်ရှောင်ထန်မှ စာပို့လာခြင်းဖြစ်သည်။
"ရှောင်ချောင်ကျဲ၊ ဘာလုပ်နေလဲ? ဒီည ချောင်ရင်းပွဲကို သွားမှာလား?"
ရှန့်ချောင် - "ငါ တကယ်သွားချင်နေတာ" (မျက်ရည်ကျနေ)
လျန်ရှောင်ထန် - "သွားရအောင်! ငါ့ကို ငါ့ညီမက အလုပ်ရှိလို့ မသွားနိုင်ဘူး ငြင်းလိုက်လို့၊ လက်မှတ်နှစ်စောင်ရှိတယ်၊ သွားမလား? သွားမလား?"
ရှန့်ချောင် - "! ! !"
လျန်ရှောင်ထန် - "နောက်ဆုံးတန်းမှာ တွေ့ကြမယ်! အားလုံးဝင်ပြီးတဲ့ထိ စောင့်ပြီးမှ ဝင်မယ်လေ၊ လူတွေ ဒီလောက်များတာ မှတ်မိမှာ မဟုတ်ပါဘူး!!"
ရှန့်ချောင် - "ငါ့ကို မဆွဲဆောင်ပါနဲ့တော့!!!"
လျန်ရှောင်ထန် - "တကယ်မသွားဘူးလား? ဒါဆို တခြားသူဆီ လက်မှတ်လွှဲပေးလိုက်မယ်"
ရှန့်ချောင် - "......"
လျန်ရှောင်ထန် - "ဒီညပြီးရင် သူက ရုပ်ရှင်ရိုက်ကူးရေး စတော့မှာ၊ အချိန်ကြာတဲ့ထိ ရှိုးပွဲမလုပ်လောက်ဘူး၊ တစ်ယောက်ယောက်က မနေ့ညက အစမ်းလေ့ကျင့်တာကို မြင်ခဲ့တယ် ပြောတယ်၊ အရမ်းမိုက်တာပဲတဲ့"
ရှန့်ချောင် - " !!!! "
လျန်ရှောင်ထန် - "ဒါဆို ငါသွားဖို့ ပြင်နေပြီ၊ လက်မှတ်ကို တခြားသူဆီ ပေးလိုက်တော့မယ်"
ရှန့်ချောင် - "မလုပ်နဲ့၊ မလုပ်နဲ့၊ မလုပ်နဲ့၊ ငါ သွားမယ် ငါသွားမယ်"
လျန်ရှောင်ထန် - "ဟားဟားဟား... ကောင်းပြီလေ၊ ခန်းမအပြင်ဘက်မှာ ၈နာရီခွဲလောက်ကျရင် ဆုံရအောင်၊ ကော်ဇောနီအခမ်းအနားက ၇နာရီစမှာ၊ အဲ့အချိန်လောက်ဆိုရင် အားလုံး အထဲဝင်ကုန်လောက်ပြီ၊ ဒါဆို မီးမှောင်ချတဲ့ချိန် ခိုးဝင်လို့ရတယ်"
ရှန့်ချောင် - "OK!"
****
ဒီနေ့ကစပြီး အပိုင်းတွေကို နှစ်ပိုင်းခွဲမယ်နော်။ တိုတာတွေတော့ တပိုင်းထဲ တင်ပေးပါ့မယ်။ စာအရှည်တူတူပဲပေမဲ့ MTL က အဓိပ္ပါယ်ဖော်မရတာတွေပါ ပါလာနေလို့ စာအုပ်နဲ့ ပြန်ပြန်တိုက်နေရတော့ အချိန်ပိုကြာနေလို့ပါ။ တပိုင်းထဲ တဆက်ထဲ ဖတ်ချင်တယ်ဆိုရင်တော့ နှစ်ရက်ခြားတစ်ခါမှ တင်နိုင်တော့မှာ။ အဲ့တော့ အပိုင်းခွဲရင်တော့ နေ့တိုင်း တင်နိုင်ဖို့ ပိုသေချာသွားတာပေါ့နော်။ ဘယ်လိုမျိုး ပိုအဆင်ပြေလဲ ပြောခဲ့လေနော်။
*****
{Zawgyi}
အပိုင္း ၆၄.၁
အေျခအေနအရပ္ရပ္ကို တြက္ဆထားသည့္တိုင္ ေနာက္ဆုံး ေအာင္နိုင္သူမွာ ရွန္ကၽြင့္ယီး ျဖစ္မည္ဟု မေမၽွာ္မွန္းထားခဲ့ေပ။
ပင္ပန္းမွုေၾကာင့္ အခ်ိန္ေစ့သည္ထိ ေစာင့္ကာ ေရအျမဳပ္ခံဖို႔ ေစာင့္ဆိုင္းေနသည့္ ေလာ့ခ်င္းမွလြဲ၍ က်န္ ေလးေယာက္စလုံးမွာ ေသနတ္ျဖင့္ ပစ္သတ္ခံရသည္။ ရိုက္ကူးေရးၿပီးဆုံးခ်ိန္တြင္ ဒါရိုက္တာအဖြဲ႕က ေလွတစ္စင္းလႊတ္ကာ ကၽြန္းေပၚရွိ လူငါးေယာက္ကို ျပန္ႀကိဳေစသည္။
ရွန့္ေခ်ာင္ ေသသြားမွန္း ၾကားလိုက္ရခ်ိန္တြင္ လူတိုင္း အံ့အားသင့္သြားသည္။
ဖန္းက်ီ - "သူက က်ားကို စားဖို႔ ဝက္ ဟန္ေဆာင္ေနတာ!! တမင္သက္သက္ ေသနတ္နဲ႔ ပစ္တာပဲ ျဖစ္ရမယ္!"
သူ တမင္တကာ ပစ္သည္ျဖစ္ေစ မေတာ္တဆျဖစ္သည္ျဖစ္ေစ ရလဒ္ကား အတည္ျပဳၿပီးျဖစ္သည္။ ကၽြန္းမွ ျပန္ေရာက္ခ်ိန္တြင္ ကမ္းစပ္တြင္ ေစာင့္ဆိုင္းေနသည့္ ရွန္ကၽြင့္ယီးက ခပ္ျမန္ျမန္ေျပးလာကာ ရွန့္ေခ်ာင္၏ လက္ေမာင္းကို ဆြဲရင္း ဆိုသည္။
"ရွုန္းတိ၊ မင္း ငါေျပာတာ ယုံ၊ ငါ့မွာ က်ည္ဆန္ရွိေသးမွန္း ငါ တကယ္မသိဘူး!!"
ရွန့္ေခ်ာင္ - "နင္ သရဲဆိုရင္ ငါ ယုံမယ္"
အျခားသူမ်ားသည္လည္း ရွန္ကၽြင့္ယီးဆီ ေျပးလာကာ ဆူပူၾကသည္။
ပင္ပန္းသည့္ေန႔ရက္တစ္ရက္ ကုန္လြန္သြားၿပီးေနာက္ ပရိုဂရမ္အဖြဲ႕က မနက္ျဖန္မနက္ တ႐ုတ္နိုင္ငံသို႔ မျပန္မွီ သူတို႔အားလုံး အနားယူနိုင္ရန္အတြက္ ဟိုတယ္ဆီ ပို႔ေဆာင္ေပးသည္။ ရွန့္ေခ်ာင္ ေရခ်ိဳးၿပီးေနာက္ ကုတင္ေပၚလဲေလ်ာင္းေနရင္း တင္းက်န္ကို သူမေျခေထာက္မ်ားအား အနည္းငယ္ႏွိပ္နယ္ေပးရန္ ဆိုၿပီး ဖုန္းေဆာ့သည္။
သူမအခ်ိန္ဇယားမ်ား စတင္ျပည့္က်ပ္လာခ်ိန္မွစ၍ သူမဖန္ကလပ္အေကာင့္မ်ားကို ကိုင္တြယ္ရန္ ခ်ာခ်ာႏွင့္ ဖန္းပိုင္ထံ အပ္ႏွင္းထားသည္။ တရားဝင္အလုပ္ခ်ိန္စာရင္းမွာ သူတို႔ႏွစ္ေယာက္ ေၾကျငာေပးျခင္းျဖစ္ေသာ္လည္း မနက္ခင္းႏွုတ္ခြန္းဆက္စကားကိုမူ သူမကိုယ္တိုင္ ေရးဆဲျဖစ္သည္။ ထိုမၽွသာမက သူမက မၾကာခဏဆိုသလို ေခ်ာင္ဖန္မ်ားထံမွ မက္ေဆ့ခ်္မ်ားကို ဖတ္ေလ့ရွိၿပီး အႀကံျပဳခ်က္မ်ားႏွင့္ ေတာင္းဆိုခ်က္မ်ားရွိမရွိ စစ္ေဆးေလ့ရွိသည္။
ရွန့္ေခ်ာင္ ဖန္ကလပ္အေကာင့္ထံ ဝင္ၾကည့္ၿပီးေနာက္ ဖူေဆာရီးအေကာင့္ထဲ ဝင္လိုက္သည္။ ေဟာ့ရွီးေထာက္ခံသူမ်ားအဖြဲ႕ ဂ႐ုခ်က္အားလုံး၏ မက္ေဆ့ခ်္မ်ားမွာ 999+ ျဖစ္သည္။ သူမ ဝင္ၾကည့္ခ်ိန္တြင္ လူတိုင္းက တက္တက္ႂကြႂကြျဖင့္ မနက္ျဖန္က်င္းပမည့္ ေခ်ာင္ရင္းပြဲေတာ္အေၾကာင္း ေဆြးေႏြးေနသည္။
ေခ်ာင္ရင္း (潮音)ပြဲေတာ္မွာ ႏွစ္စဥ္ႏွစ္တိုင္း ခမ္းနားစြာ က်င္းပသည့္ ဂီတပြဲေတာ္ျဖစ္သည္။ ႏွစ္စဥ္ႏွစ္တိုင္း ထိပ္တန္းအဆိုေတာ္မ်ား၊ ထုတ္လုပ္ေရးကုမၸဏီမ်ား ပါဝင္ဆင္ႏႊဲရန္ ဖိတ္ေခၚျခင္း ခံရသည္။ ႏွစ္တိုင္းပင္ ေျမာက္မ်ားစြာေသာ အဆိုေက်ာ္မ်ားက ဤစတိတ္စင္ေပၚတြင္ လာေရာက္ေဖ်ာ္ေျဖၾကၿပီး နာမည္ေက်ာ္သြားသည့္ သီခ်င္းအခ်ိဳ႕ပင္ ရွိခဲ့ဖူးသည္။
ရွန့္ေခ်ာင္ ဂ႐ုခ်က္ထဲတြင္ ဟဲလိုဟု ႏွုတ္ဆက္စကားဆိုလိုက္သည္။ သူမ အြန္လိုင္းျဖစ္ေနမွန္း လူတိုင္း သတိထားမိသြားကာ အားတက္သေရာ ေမးျမန္းလာသည္။
"အားဖူ၊ မနက္ျဖန္ည နင္သြားမွာလား?"
အားဖူ - "ငါ ငိုေနၿပီ၊ ဒါေပမယ့္ သြားလို႔ မရဘူး"
ခ်င္ရွူး - "နင့္အတြက္ စိတ္မေကာင္းျဖစ္သြားၿပီ၊ မနက္ျဖန္ညက် ငါ့ေကာေကာရဲ့ သီခ်င္းအသစ္နဲ႔ လိုက္ကမွာ!! လက္မွတ္ေရာင္းမယ့္ဆီက ခြဲတမ္းက အေစာင္ ၅၀၀၀ ထိ တိုးထားတယ္"
ေဟာ့ေဟာ့ - "သီခ်င္းအသစ္ရဲ့ ကကြက္စီစဥ္တဲ့သူက က်ဳံးေကာ္ရဲ့ ထိပ္တန္း ဟစ္ေဟာ့စတူဒီယို DG ေနာ္၊ ေတြးေတာင္မေတြးရဲဘူး၊ အေတြးနဲ႔ လန့္ေသသြားမွာစိုးလို႔"
အားဖူ - "နင္တို႔အားလုံးသြားၾကမွာလား?"
ခ်င္ဖုန္း - "က်ိန္းေသသြားရမွာေပါ့!! သီခ်င္းအသစ္ကို ပထမဆုံး စင္ေပၚမွာ ေဖ်ာ္ေျဖမွာ! ေျခေထာက္က်ိဳးေနရင္ေတာင္ ခန္းမထဲဆီ တြားသြားဝင္ရမွာပဲ!!"
အားဖူ - "အားးးး အားးး မနာလိုလိုက္တာ!! ဒါဆို ငါ့အတြက္ ဗီဒီယို ရိုက္ခဲ့ေပးဖို႔ မေမ့နဲ႔ေနာ္!"
ခ်င္ရွူး - "Pat, Pat, Pat, က်ိန္းေသေပါက္ ဓါတ္ပုံလည္း ရိုက္ရမယ္! အတူတူ ျပင္ရမွာေပါ့!!"
ေဟာ့ေဟာ့ - "@All Member, လူတိုင္း ဆိုင္းဘုတ္ေတြ ယူလာၿပီး ေပါင္ေပ့ကို အေကာင္းဆုံး Support ေပးရမယ္၊ ပြဲၾကည့္စင္အားလုံးကို ေရႊေရာင္လႊမ္းသြားေစရမယ္!!"
ရွီးေပါင္ေပ့က ငါ့အခ်စ္ဆုံး - "မွန္တယ္၊ လုံးဝ ရွုံးလို႔ မျဖစ္ဘူး!!"
ခ်င္ရွူး - "လူတိုင္း ဒီည ေစာေစာအိပ္ၿပီး မနက္ျဖန္အတြက္ လည္ေခ်ာင္းအားေမြးထားၾက"
......
ရွန့္ေခ်ာင္က မ်က္ဝန္းထဲ မ်က္ရည္ေဝ့ကာ မနာလိုစိတ္အျပည့္ျဖင့္ အထက္ေအာက္ ဆြဲၾကည့္ၿပီးေနာက္ Supertopic ထံ ေရာက္သြားခ်ိန္တြင္လည္း လူတိုင္းက ေခ်ာင္ရင္းပြဲေတာ္အေၾကာင္း ေျပာေနကာ အားလုံးက မနက္ျဖန္သြားေရာက္ရမည္အတြက္ စိတ္လွုပ္ရွားေနၾကသည္။
ၾကည့္ရတာ ထိုပြဲထံ မသြားနိုင္သည္မွာ ေလာကႀကီးထဲ သူမတစ္ေယာက္ထဲသာ ရွိပုံရသည္။
ဝူး... ဝူး.... သူမ ႏွလုံးသားမွာ ထိန္းမနိုင္သိမ္းမရ အသဲကြဲသြားရသည္။
တင္းက်န္ အခန္းထဲမွ ထြက္သြားခ်ိန္တြင္ ရွန့္ေခ်ာင္ ကုတင္ေပၚ တက္ၿပီးေနာက္ Wechat ကို ဖြင့္ကာ ေဟာ့ရွီးထံ မက္ေဆ့ခ်္ပို႔လိုက္သည္။
"အယ္လ္ဘမ္ ဘယ္ေတာ့ထြက္မွာလဲ? ကၽြန္မ သီခ်င္းအသစ္ေတြနဲ႔ ကကြက္အသစ္ေတြ ျမင္ခ်င္ေနၿပီ"
ခဏအၾကာတြင္ ေဟာ့ရွီးက စာျပန္လာသည္။
"တစ္လေလာက္ေနရင္"
ရွန့္ေခ်ာင္ - "မနက္ျဖန္ညက ပထမဆုံးသီခ်င္းသစ္ဆိုမဲ့ ပြဲေပါ့"
ေဟာ့ရွီး - "မင္း မနက္ျဖန္ပြဲၾကည့္ခ်င္လား?"
ရွန့္ေခ်ာင္ - "......."
ေဟာ့ရွီး - "ငါ မင္းအတြက္ လက္မွတ္ရွာေပးမယ္"
(T/N: သူမ်ားေတြ အိုင္ေဒါလ္ေနာက္လိုက္တယ္ဆိုတာ ကိုယ္က အမ္းရတာ၊ ရွန့္ေခ်ာင္ အိုင္ေဒါလ္ေနာက္လိုက္တာ အိုင္ေဒါလ္ကခ်ည္း အမ္းေနတာ၊ အလကားေပးမဲ့ လက္မွတ္ေတာင္ အိမ္ထိ လာပို႔တာ၊ စိတ္ထိန္းပါဦး ေဟာ့ သာေကာေရ 🤧)
ရွန့္ေခ်ာင္ - "အားးးးး!!!!! ..... တကယ္ သြားခ်င္လာၿပီ"
(ဒါေပမယ့္ ငါ့ကို ဖမ္းမိသြားရင္ ဘယ္လိုလုပ္မလဲ? ဝူးဝူးဝူး)
ရွန့္ေခ်ာင္ တြန့္ဆုတ္ဆုတ္ျဖင့္ ျငင္းလိုက္ၿပီးေနာက္ ဘာမွမျဖစ္ေလဟန္ျဖင့္
"မနက္ျဖန္ အလုပ္ရွိေတာ့ သြားလို႔ မရဘူး၊ တိုက္ရိုက္လႊင့္တာကေန ၾကည့္ေနမယ္!"
ေဟာ့ရွီး စာမျပန္လာသည္မို႔ "ေစာေစာအိပ္ပါ၊ ဝမ္အန္း'ဟု ရွန့္ေခ်ာင္ စာပို႔လိုက္ၿပီး အိပ္ရာဝင္ရန္ျပင္သည္။ သူမ မီးပိတ္ကာ ကုတင္ေပၚ လွဲရင္း အိပ္ေပ်ာ္စျပဳခ်ိန္မွာပင္ ဖုန္းမွ တုန္ယင္သံ ထြက္ေပၚလာသည္။ လွမ္းၾကည့္ခ်ိန္တြင္ ေဟာ့ရွီးမွ ဗီဒီယို ပို႔လာသည့္ နိုတီျဖစ္သည္။
ရွန့္ေခ်ာင္ အိပ္ခ်င္မူးတူးျဖင့္ ဖြင့္ၾကည့္လိုက္သည္။ ဗီဒီယိုထဲတြင္ ႀကီးမားသည့္ အကစတူဒီယိုကို ရိုက္ကူးထားသည္။ ေဟာ့ရွီးက ေပါ့ေပါ့ပါးပါးအဝတ္အစားကိုသာ ဝတ္ဆင္ထားၿပီး ေဘ့စ္ေဘာဦးထုပ္ေဆာင္းထားသည္။ သီခ်င္းသံ စတင္ခ်ိန္တြင္ မွန္ခ်ပ္မ်ားေရွ႕တြင္ ေဟာ့ရွီးက ကကြက္မ်ား စတင္ပုံေဖာ္သည္။
ရွန့္ေခ်ာင္ ေအာ္ဟစ္ကာ အိပ္ရာမွ ခ်က္ခ်င္းထထိုင္သည္။
သီခ်င္းအသစ္နဲ႔ ကကြက္အသစ္ ေလ့က်င့္ေနသည့္ ဗီဒီယို!!!!
ဒါက ဘယ္လိုေတာင္ ခမ္းနားလိုက္တဲ့ ကကြက္မ်ိဳးလဲ? ဘယ္လိုနတ္ဘုရားမ်ိဳးက ကျပေနတာလဲ?
သူမ ႐ူးမတတ္ပင္။ မက္ေဆ့ခ်္ကိုပင္ စာမျပန္နိုင္ပဲ သူမ အႀကိမ္ေပါင္းမ်ားစြာ အျပန္ျပန္အလွန္လွန္ၾကည့္ေနမိသည္။
တစ္ခါတစ္ရံ သူမ ရင္ဘတ္ကို ဖိ၍၊ တစ္ခါတစ္ရံ ပါးစပ္အုပ္၍ တစ္ခါတစ္ရံ ေအာ္ဟစ္၍ အေခါက္ေခါက္အခါခါ ၾကည့္ေနမိသည္။
နာရီဝက္အၾကာတြင္ ေဟာ့ရွီးက မက္ေဆ့ခ်္ပို႔လာသည္။
"မၾကည့္နဲ႔ေတာ့၊ အိပ္ေတာ့"
နိုးးး ေပါင္ေပ့!! ငါ အႀကိမ္ေရတစ္ေသာင္းေလာက္ ၾကည့္နိုင္ပါေသးတယ္!!!
ေလ့က်င့္ေရးဗီဒီယိုသည္ပင္ ဤမၽွ ခမ္းနားကာ မိမိုက္ေနလၽွင္ စတိတ္စင္ေပၚမွာသာ ၾကည့္ရပါက ဘယ္ေလာက္မ်ား ရင္သပ္ရွုေမာဖြယ္ရာ ျဖစ္ေနမည္နည္း။
သူမ ပြဲဆီ မသြားနိုင္လၽွင္ေတာင္ တိုက္ရိုက္ထုတ္လႊင့္မွုကိုေတာ့ က်ိန္းေသေပါက္ ၾကည့္ရေပမည္!!
ထိုညတြင္ ရွန့္ေခ်ာင္ ထိုဗီဒီယိုကို အႀကိမ္ေပါင္းမနည္း ၾကည့္ရွုၿပီးေနာက္ သီခ်င္းအသစ္ကိုပင္ အလြတ္လိုက္ဆိုနိုင္ေလၿပီ။
ေနာက္တစ္ေန႔မနက္ နိုးလာခ်ိန္တြင္ ရွန့္ေခ်ာင္ခမ်ာ အိပ္ခ်င္လြန္းသျဖင့္ ေလဆိပ္သြားရာ တစ္လမ္းလုံး သမ္းေဝလာကာ အိမ္ျပန္ခရီးစတင္သည္။
သူတို႔အားလုံး တ႐ုတ္နိုင္ငံထံ ျပန္ေရာက္ခ်ိန္တြင္ ေန႔လယ္ခင္းသို႔ ေရာက္ရွိေနေလၿပီး လာေရာက္ႀကိဳဆိုသည့္ ပရိသတ္အုပ္စုမွာ ရွိေနဆဲပင္။
ရွန့္ေခ်ာင္ကား ေနာက္ထပ္တႀကိမ္ အနီေရာင္အုပ္စုမ်ား ဝန္းရံခံထားရကာ ေဘးပတ္လည္ရွိ လူမ်ားမွာ ေအာ္ဟစ္လာသည္။
"ေပါင္ေပ့၊ ဒီညေတြ႕ၾကမယ္!"
"ေဟ့၊ သားေရ၊ မ်ားမ်ားပိုစားထားေနာ္၊ ဒါမွ ညက် ကဖို႔ အားရွိမွာ"
"ေလာင္ကုန္း၊ ဒီညေတြ႕မယ္၊ ငါတို႔အားလုံး ရွင့္ကို ေစာင့္ေနမယ္!"
ဖန္းက်ီက လွမ္းေမးသည္။
"နင္ ဒီည အလုပ္ရွိေသးတာလား?"
ရွန္ကၽြင့္ယီး - "အင္း၊ ပြဲတက္ၿပီး သီခ်င္းႏွစ္ပုဒ္ဆိုရမွာ"
ယေန႔တစ္ေန႔လုံး သူ ေလယာဥ္ေပၚတြင္ တိတ္ဆိတ္ေနသည္မွာ အံ့ဩစရာမဟုတ္ေပ၊ သူကား အားျပည့္ရန္ အနားယူေနျခင္း။
လူအားလုံး ကားကိုယ္စီေပၚ တက္ကာ ျပန္ရန္ျပင္သည္။ ရွန့္ေခ်ာင္ ေနာက္ခန္းထိုင္ခုံေပၚ မွီထိုင္လိုက္ၿပီး Weibo ကို ဖြင့္ၾကည့္သည္။
ပြဲက်င္းပမည့္ ခန္းမအျပင္ဘက္တြင္ ရွီးကြမ္းမ်ား စု႐ုံးေရာက္ရွိေနေလၿပီကို ျမင္လၽွင္ ရွန့္ေခ်ာင္မွာ မနာလို ျဖစ္လြန္းသျဖင့္ ႏွလုံးေအာင့္မွုကို သက္သာေစရန္အလိုဌာ ဗီဒီယိုဖြင့္ၾကည့္လိုက္သည္။
Weibo မွ တင္ ျမည္သံႏွင့္အတူ မက္ေဆခ်႕္လက္ခံရရွိေၾကာင္း အခ်က္ေပးသည္။
ရွန့္ေခ်ာင္ ဖြင့္ၾကည့္လိုက္ခ်ိန္တြင္ လ်န္ေရွာင္ထန္မွ စာပို႔လာျခင္းျဖစ္သည္။
"ေရွာင္ေခ်ာင္က်ဲ၊ ဘာလုပ္ေနလဲ? ဒီည ေခ်ာင္ရင္းပြဲကို သြားမွာလား?"
ရွန့္ေခ်ာင္ - "ငါ တကယ္သြားခ်င္ေနတာ" (မ်က္ရည္က်ေန)
လ်န္ေရွာင္ထန္ - "သြားရေအာင္! ငါ့ကို ငါ့ညီမက အလုပ္ရွိလို႔ မသြားနိုင္ဘူး ျငင္းလိုက္လို႔၊ လက္မွတ္ႏွစ္ေစာင္ရွိတယ္၊ သြားမလား? သြားမလား?"
ရွန့္ေခ်ာင္ - "! ! !"
လ်န္ေရွာင္ထန္ - "ေနာက္ဆုံးတန္းမွာ ေတြ႕ၾကမယ္! အားလုံးဝင္ၿပီးတဲ့ထိ ေစာင့္ၿပီးမွ ဝင္မယ္ေလ၊ လူေတြ ဒီေလာက္မ်ားတာ မွတ္မိမွာ မဟုတ္ပါဘူး!!"
ရွန့္ေခ်ာင္ - "ငါ့ကို မဆြဲေဆာင္ပါနဲ႔ေတာ့!!!"
လ်န္ေရွာင္ထန္ - "တကယ္မသြားဘူးလား? ဒါဆို တျခားသူဆီ လက္မွတ္လႊဲေပးလိုက္မယ္"
ရွန့္ေခ်ာင္ - "......"
လ်န္ေရွာင္ထန္ - "ဒီညၿပီးရင္ သူက ႐ုပ္ရွင္ရိုက္ကူးေရး စေတာ့မွာ၊ အခ်ိန္ၾကာတဲ့ထိ ရွိုးပြဲမလုပ္ေလာက္ဘူး၊ တစ္ေယာက္ေယာက္က မေန႔ညက အစမ္းေလ့က်င့္တာကို ျမင္ခဲ့တယ္ ေျပာတယ္၊ အရမ္းမိုက္တာပဲတဲ့"
ရွန့္ေခ်ာင္ - " !!!! "
လ်န္ေရွာင္ထန္ - "ဒါဆို ငါသြားဖို႔ ျပင္ေနၿပီ၊ လက္မွတ္ကို တျခားသူဆီ ေပးလိုက္ေတာ့မယ္"
ရွန့္ေခ်ာင္ - "မလုပ္နဲ႔၊ မလုပ္နဲ႔၊ မလုပ္နဲ႔၊ ငါ သြားမယ္ ငါသြားမယ္"
လ်န္ေရွာင္ထန္ - "ဟားဟားဟား... ေကာင္းၿပီေလ၊ ခန္းမအျပင္ဘက္မွာ ၈နာရီခြဲေလာက္က်ရင္ ဆုံရေအာင္၊ ေကာ္ေဇာနီအခမ္းအနားက ၇နာရီစမွာ၊ အဲ့အခ်ိန္ေလာက္ဆိုရင္ အားလုံး အထဲဝင္ကုန္ေလာက္ၿပီ၊ ဒါဆို မီးေမွာင္ခ်တဲ့ခ်ိန္ ခိုးဝင္လို႔ရတယ္"
ရွန့္ေခ်ာင္ - "OK!"
****
ဒီေန႔ကစၿပီး အပိုင္းေတြကို ႏွစ္ပိုင္းခြဲမယ္ေနာ္။ တိုတာေတြေတာ့ တပိုင္းထဲ တင္ေပးပါ့မယ္။ စာအရွည္တူတူပဲေပမဲ့ MTL က အဓိပၸါယ္ေဖာ္မရတာေတြပါ ပါလာေနလို႔ စာအုပ္နဲ႔ ျပန္ျပန္တိုက္ေနရေတာ့ အခ်ိန္ပိုၾကာေနလို႔ပါ။ တပိုင္းထဲ တဆက္ထဲ ဖတ္ခ်င္တယ္ဆိုရင္ေတာ့ ႏွစ္ရက္ျခားတစ္ခါမွ တင္နိုင္ေတာ့မွာ။ အဲ့ေတာ့ အပိုင္းခြဲရင္ေတာ့ ေန႔တိုင္း တင္နိုင္ဖို႔ ပိုေသခ်ာသြားတာေပါ့ေနာ္။ ဘယ္လိုမ်ိဳး ပိုအဆင္ေျပလဲ ေျပာခဲ့ေလေနာ္။
*****