GTKWF (Myanmar Translation )

By Liz_774

338K 46.1K 5.2K

Title: Get to Know about Wife Fan Author: Chun Dao Han Chapters: 167 chapter This is just a fan translation ... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Manhwa
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
ကြော်ငြာ 💙
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64.1
Chapter 64.2
Chapter 65
Heaven's Greatest Plan
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69.1
Chapter 69.2
Chapter 70.1
Chapter 70.2
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81.1
Chapter 81.2
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93.1
Chapter 93.2
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99.1
Chapter 99.2
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108.1
Chapter 108.2
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131.1
Chapter 131.2
Chapter 132
Chapter 133
Chapter 133 (2nd version)
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140.1
Chapter 140.2
Chapter 141.1
Chapter 141.2
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149.1
Chapter 149.2
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155.1

Chapter 59

1.9K 294 13
By Liz_774

{Unicode}

အပိုင်း ၅၉

နောက်တနေ့ မနက်ခင်းတွင် ဖန်းပိုင်က သူမကို အချိန်မှန် လာကြိုသည်။

ရှန့်ချောင် မှန်ထဲ နှစ်ကြိမ်မျှ လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း အခြေအနေကား သိပ်မကောင်းလှ။ သူမ နေမကောင်းဖြစ်နေခြင်း မဟုတ်မှန်း ဖန်းပိုင် သိနှင့်ပြီးဖြစ်ကာ လှမ်းအော်သည်။ ရှန့်ချောင်က စကားလုံးတစ်လုံးချင်းဆိုကာ ခြိမ်းခြောက်လိုက်သည်။

"ငါ ရှိုးပွဲကြည့်ဖို့ ကွမ်ကျိုးကို တိတ်တိတ်လေး ခိုးသွားတဲ့အကြောင်း ပေ့မင်းဖန်ကို ပြောပြရင် နင်အသေပဲ!"

ရှန့်ချောင်က ဖန်းပိုင်ထံ အေးစက်စက် စိုက်ကြည့်လိုက်ပြီးနောက်

"သူ သိသွားရင် ကျိန်းသေ နင်ပြောလို့ပဲ၊ ငါ နင့်ကို အသေလုပ်မှာ"

ဖန်းပိုင် - "......"

ဖန်းပိုင်၏ နှလုံးသားမှာ ခါးသီးသွားရ၏။

ပေ့မင်းဖန်က ကားထဲတွင် သူမကို စောင့်နေပြီး သူမအတွက် မနက်စာပေါ့ပေါးပါးပါးကိုပင် ပြင်ဆင်ပေးထားသည်။ ရှန့်ချောင် ကားပေါ်သို့ တက်လာချိန်တွင် သူက စကားစသည်။

"အသံဘယ်လိုလဲ? စကားနှစ်ခွန်းလောက် ပြောကြည့်"

ရှန့်ချောင် - "အာ အာ အာ"

ပေ့မင်းဖန် - "......"

ရှန့်ချောင် ပါးစပ်ပိတ်သွားသည်။

ကားက Red မဂ္ဂဇင်းတိုက်တည်ရှိရာနေရာဆီ ဦးတည်ပြေးလွှားနေသည်။ ရောက်ရှိချိန်တွင် မဂ္ဂဇင်းတိုက်ဓါတ်ပုံဆရာက ပစ္စည်းကိရိယာများကို ချိန်ညှိနေပြီးဖြစ်ကာ ဝတ်စုံမှာလည်း အဆင်သင့်ပင်။

အချပ်ပိုစာမျက်နှာမှာ မဂ္ဂဇင်းတိုက်၏ Stylist အတွက် အထူးတလည် ပြင်ဆင်ပေးထားခြင်းဖြစ်သည်။ Red မဂ္ဂဇင်းမှာ နောက်ဆုံးပေါ်ဖက်ရှင်မဂ္ဂဇင်းဖြစ်ပြီး သူမ ဝတ်ဆင်ရမည့် ဝတ်စုံများမှာလည်း လက်ရှိတွင် ခေတ်အစားဆုံး Luxury ဝတ်စုံများဖြစ်သည်။ မိတ်ကပ်ပညာရှင်က သူမ၏ လှိုင်းတွန့်ဆံနွယ်တွေကို ဖြောင့်လိုက်ပြီး အလယ်ခွဲလိုက်သည်။ ထို့နောက် အိုင်းလိုင်နာကို အသုံးပြုကာ မျက်ဝန်းတို့ကို ရှည်မျောမျောဖြစ်စေပြီး အိုင်းရှဲဒိုးကို အသားပေးအရောင်တင်ကာ နူးညံ့ချစ်စဖွယ်ကောင်းသည့် သူမ၏ ပုံရိပ်ကို ထက်မြက်သည့်အသွင် ပြောင်းလဲပေးလိုက်သည်။

ရှန့်ချောင် သူမကိုယ်သူမ မှန်ထဲတွင် ကြည့်ကာ အနည်းငယ် အနေရခက်စွာဖြင့် ပေ့မင်းဖန်ထံ လှမ်းမေးသည်။

"ကြည့်ကောင်းရဲ့လား?"

ပေ့မင်းဖန် - "ကြည့်ကောင်းတယ်! ဒီအဆောက်အအုံထဲမှာ မင်းအလှဆုံးပဲ!"

ရှန့်ချောင် - "....."

ရိုက်ကူးရေးအစပိုင်းတွင် ဒီကာဗာရိုက်ကူးမှုအပေါ် သူမ အနေရခက်နေကာ သူမ၏ မျက်နှာအမူအရာမှာ ခပ်တောင့်တောင့်ဖြစ်နေ၏။ ကံကောင်းစွာဖြင့်ပင် ဓါတ်ပုံဆရာမှာ အလျင်မလိုပဲ လမ်းညွှန်ချက်အနည်းငယ်ဖြင့် သဘာဝကျကျ ခံစားရစေရန် သူမကို ဦးဆောင်သည်။

ဒီလို စိတ်ရှည်လက်ရှည် သင်ပြပေးသည့် ဓါတ်ပုံဆရာနှင့် ရိုက်ကူးရသည်မှာ ကောင်းမွန်လှ၏။ ရိုက်ကူးရေးပြီးဆုံးချိန်တွင် ရှန့်ချောင်က ဓါတ်ပုံဆရာထံ တကူးတကသွားရောက်ကာ ကျေးဇူးတင်စကားဆိုသည်။ ဓါတ်ပုံဆရာမှာ အသက်သုံးဆယ်တွင်းဖြစ်ပြီး ကြင်ကြင်နာနာပြုံးရင်း ဆိုသည်။

"ရပါတယ်၊ ဒါနဲ့ ရှောင်ချောင် မင်း ငါ့သားအတွက် လက်မှတ်ထိုးပေးလို့ရမလား? သူက မင်းပရိသတ်"

ရှန့်ချောင်က လက်မှတ်ကိစ္စပြန်မဖြေပဲ မေးခွန်းထုတ်သည်။

"ရှင့်သား အသက်ဘယ်လောက်ရှိပြီလဲ? သူ့အတွက် မက်ဆေ့ချ်ပါ ရေးပေးမယ်"

ဓါတ်ပုံဆရာ - "လေးနှစ်ရှိပြီ"

"...."

သူမသည်လည်း အောင်မြင်သည့် ပညာရေးလမ်းကြောင်းဖြစ်ပါစေနှင့် တိုးတက်ပါစေဟု ရေးလိုသည်။ ယခုတော့ 'ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာပါ' ဟုသာ ရေးရတော့မည်။

ခဏအနားယူပြီးနောက် အင်တာဗျူးမည့်အစီအစဉ်ကို အဆင်သင့်ပြင်ဆင်ထားသည်။ စတူဒီယိုနောက်ဘက်ရှိ ကော်ဖီအခန်းငယ်တွင် အင်တာဗျူးမည်ဖြစ်ကာ ကင်မရာကို အဆင်သင့် ပြင်ဆင်ထားပြီး အထူးသတင်းတင်ဆက်သူမှာ ဆိုဖာပေါ် ထိုင်နေပြီး သူတို့ ဝင်လာသည်ကို မြင်သည်နှင့် မတ်တပ်ထကာ နှုတခွန်းဆက်သည်။

ရှန့်ချောင်၏ ခပ်အက်အက်အသံကို နားထောင်ကာ သတင်းထောက်က ဂရုတစိုက် မေးမြန်းသည်။

"အအေးမိထားတာလား? စကားပြောရင် နာလား?"

ရှန့်ချောင် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ကာ ပြုံးရင်း ဖြေသည်။

"အနှောင့်အယှက်မဖြစ်ပါဘူး၊ စလိုက်ရအောင်"

အင်တာဗျူးမေးခွန်းများမှာ အစောကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့ပြီးဖြစ်ကာ နှစ်ဖက်စလုံး၏ အတည်ပြုချက် ရယူထားပြီးဖြစ်သည်။ ဖြေဆိုရမည်များကိုလည်း ဒီမေးခွန်းများ​ပေါ် မူတည်ကာ ပေ့မင်းဖန် ပြင်ဆင်ထားခြင်းဖြစ်သည်။ မနက်ပိုင်းကတည်းကပင် ရှန့်ချောင်ကို ကားထဲတွင် ပြထားပြီးဖြစ်သည်။ အင်တာဗျူးစတင်ချိန်တွင် ရှန့်ချောင်က ပုံကြမ်းအဖြေများထဲကအတိုင်း ဖြေဆိုကာ အမှားအယွင်းမရှိချေ။

မေးခွန်းအစပိုင်းတွင် ရှန့်ချောင်က သူမ၏ လက်ရှိအခြေအနေအကြောင်း ပြောဆိုသည်။ အလုပ်အကိုင်မှတဆင့် ပြင်ပလူနေမှု ခံစားချက်များအထိ ရှန့်ချောင်၏ ပုံသဏ္ဍာန်အစစ်အမှန်ကို ချပြနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားထားသည်။ သို့မှသာ ပရိသတ်များက ဖတ်ရှုလိုမည်ဖြစ်သည်။

သတင်းထောက် အံ့အားသင့်ရသည့်အချက်မှာ ရှန့်ချောင်၏ စကားလုံးအသုံးအနှုန်း ဝေါဟာရများမှာ အလွန်အမင်း ပညာရှိဆန်ပြီး သူမ၏ ပုံမှန်စိတ်ပါဝင်စားမှု ဝါသနာများအကြောင်း ဖော်ပြရာတွင်သော်လည်းကောင်း၊ အခြေအနေတစ်ခုခုပေါ် သူမ ရှုမြင်ရာတွင်လည်းကောင်း နက်နက်နဲနဲတွေးတောတတ်သူဟု ယူဆနိုင်သည်။

ဒီအင်တာဗျူး၏ ခေါင်းစဉ်နှင့် စာမိတ်ဆက်အကျဉ်းကို မည်ကဲ့သို့ ရေးရမည်ကိုပင် သတင်းထောက်က စဉ်းစားပြီးလေပြီ။

နောက်ဆုံးမေးခွန်းအတွက်မူ သတင်းထောက်က ရယ်ရယ်မောမောဆိုသည်။

"မင်းရဲ့ ပရိသတ်တွေပြောတာက မင်းက ဖန်တွေကို အလိုလိုက်လွန်းတယ်တဲ့၊ လေဆိပ်မှာလဲ သူတို့လက်ဆောင်တွေကို မင်း လက်ခံပေးတယ်တဲ့၊ မင်းကို ငါတို့ အင်တာဗျူးမဲ့အကြောင်း သူတို့ကြားတော့ မင်းကို ပြောပေးဖို့ ငါတို့ဆီ စာပို့လာကြတယ်၊ မင်းကို သူတို့ ထာဝရချစ်နေမယ်ဆိုတဲ့အကြောင်း ပြောပေးပါတဲ့၊ မင်းဖန်တွေနဲ့ မင်းနဲ့ကြားက ဆက်ဆံရေးကို ဘယ်လို အဓိပ္ပါယ်ဖွင့်ချင်လဲ?"

သူမကို ပေ့မင်းဖန် ပေးထားသည့် အဖြေမှာ 'မိသားစု' ဟူ၍။ မိသားစုဟူသော စကားသည်ကား မှားနိုင်သည်မျိုးမဟုတ်။

ရှန့်ချောင် တွေးတောလိုက်ပြီးနောက် ကြိုတင်ပြင်ဆင်ထားသည့်အဖြေအတိုင်း မဖြေပေ။

ရှန့်ချောင် - "လူတစ်ယောက်ချင်းစီကြားက တိုးတက်အောင်မြင်လာတဲ့ ဆက်နွယ်မှုမျိုးလို့ ကျွန်မ ထင်တယ်၊ သူတို့က ကျွန်မကို ထောက်ပံ့ပေးမှုနဲ့ ရှေ့ဆက်နိုင်ဖို့ ခွန်အားတွေပေးသလို ကျွန်မကလည်း သူတို့အတွက် သတ္တိနဲ့ အလင်းရောင် ဖြစ်နေသလိုမျိုးပေါ့"

သူမအဖြေက အတော်လေး အသစ်အဆန်းဖြစ်သည်ဟု မေးမြန်းသူ ခံစားလိုက်ရသည်။ မေးရမည့် မေးခွန်းအားလုံးပြီးဆုံးသွားပြီးဖြစ်သော်လည်း သတင်းထောက်က မနေနိုင်ပဲ မေးမြန်းသည်။

"မင်းကြည့်ရတာ အိုင်ဒေါလ်နဲ့ ဖန်တွေကြားက ဆက်ဆံရေးကို နားလည်သလိုပဲ၊ အိုင်ဒေါလ်တွေနောက် လိုက်တာအပေါ် ဘယ်လိုမြင်လဲ?"

ပေ့မင်းဖန်က သူ့ဘေးရှိ သတိပေးခလုတ်ကို ဖွင့်ကာ တားမြစ်ချင်ပေမဲ့ ရှန့်ချောင် လက်လှုပ်ပြလိုက်ပြီးနောက် အဆင်ပြေကြောင်း လက်ဟန်ပြသည်။

သူမက သတင်းထောက်ထံ ရယ်ရယ်မောမော ပြန်ဖြေလာသည်။

"လူတိုင်းမှာ သူတို့ဘဝလမ်းကြောင်းကို ရွေးချယ်နိုင်တဲ့ အခွင့်အရေးရှိတယ်၊ အိုင်ဒေါလ်တွေနောက် လိုက်တာနဲ့ ပတ်သက်ပြီး 'ဦးနှောက်မရှိဘူး' လို့ သတ်မှတ်တာကိုတော့ ကျွန်မ သဘောမတူဘူး၊ သူတို့အရွယ်က စိတ်ပေါ့ပေါ့ပါးပါး နေနိုင်တဲ့အရွယ်၊ အကောင်းဆုံးဆိုတာတွေကို အသုံးချနိုင်သေးတယ်၊ အိပ်မက်မက်နိုင်နေတုန်းမှာ ဘယ်တော့မှ မရနိုင်မဲ့ လူတစ်ယောက်ကို ကိုယ်ပိုင်နည်းလမ်းတွေ သုံးပြီး ချစ်လို့ ရပါတယ်"

"တနေ့ကျရင် သူတို့က အသက်ကြီးလာကြမှာ၊ လူ့လောကရဲ့ တားမြစ်ချက် ကန့်သတ်ချက်တွေကို ရင်ဆိုင်ရမှာ၊ အဲ့အချိန်ကျရင် သူတို့အိပ်မက်တွေကနေ နိုးထလာလိမ့်မယ်၊ ပြီးရင်တော့ ကလေးဘဝက အိပ်မက်တွေကို သိမ်းဆည်းပြီး လက်တွေ့ဘဝကို ရင်ဆိုင်ကြလိမ့်မယ်"

သတင်းထောက်က လွှတ်ခနဲ ပြောထွက်သွားသည်။

"ဝမ်းနည်းစရာပဲ"

ရှန့်ချောင်က ရယ်မောလျက်ပင်။

"ဒါက ဘယ်လိုလုပ် ဝမ်းနည်းစရာဖြစ်မှာလဲ? နောက်က လိုက်နိုင်တဲ့ လူတစ်ယောက်ရှိခြင်းကလည်း သမာရိုးကျအဆန်ဆုံး လူငယ်ဘဝကိုတောင် တောက်ပသွားစေတာလေ"

တစ်ချိန် အသက်ကြီးလာချိန်ကျ ထိုလူ့အတွက် မင်းပြုမူခဲ့သမျှ မိုက်ရူးရဲဆန်သည့် လုပ်ရပ်တွေကို အမှတ်ရရင် ကျိန်းသေ ရယ်မောမိလိမ့်မည်။

......
ဒီနေ့အင်တာဗျူးအစီအစဉ် ပြီးဆုံးပြီးနောက် ပေ့မင်းဖန်က ဖန်းပိုင်ကို ခေါ်ကာ ရှန့်ချောင်ကို အိမ်ပြန်ပို့စေသည်။ သဘက်ခါတွင် 'Escape from Life' ရိုက်ကူးရေးအတွက် နိုင်ငံခြားသို့ သွားရောက်ရမည်ဖြစ်သည်။ ပေ့မင်းဖန် သူမ၏ အက်ရှရှ အသံကို နားထောင်ကာ သူမကို နောက်နှစ်ရက် အနားယူစေပြီး အချိန်ဇယားရှင်းလင်းပေးထားသည်။

အိမ်တွင် အနားယူရန် ညွှန်ကြားခံရပြီးနောက် ရှန့်ချောင် ကင်မရာကို ကွန်ပျူတာနှင့် ဆက်လိုက်ပြီး ယမန်နေ့ညက ရိုက်ကူးခဲ့သည့် ထောင်ပေါင်းများစွာသော ဓါတ်ပုံများကို ကူးထည့်လိုက်သည်။

(ဟေးး ဓါတ်ပုံအားလုံးက ချောမောနေတာ၊ ပြင်စရာတောင် မလိုဘူး၊ နတ်ဘုရားဆိုတာ ဒါမျိုးပဲ!)

သူမ ရေရွတ်ပြီးနောက် Photoshop app ကို ဖွင့်ကာ ဓါတ်ပုံ စတင်ပြင်ဆင်သည်။ မည်မျှပင် ချောမောစေကာမူ စလိုက်မီးရောင်က မျက်နှာထက် ရောင်စုံခြယ်စေပြီး အရိပ်ကျရာကိုပါ ချိန်ညှိရမည့်အပြင် သူမထံတွင်လည်း ကိုယ့် Style နှင့် ကိုယ်ရှိသည်။ သူမ ပြုပြင်ပြီးသမျှ ဓါတ်ပုံအားလုံးက အပေါက်ဆုံးဖြစ်သည်။ အကျယ်ချဲ့သည်ဖြစ်စေ ချုံ့သည်ဖြစ်စေ အစိတ်အပိုင်းအားလုံးက ပြုပြင်ထားပြီးဖြစ်သည်။

ဓါတ်ပုံပြုပြင်ခြင်းက ညအချိန်တွင် ပြီးဆုံးသွားပြီး ညစာစားရန်ပင် မေ့လျှော့သွားခဲ့သည်။ ဝတ်စုံ ငါးစုံစာဓါတ်ပုံများကို ပြင်ဆင်ပြီးနောက် 'ဖူဆောရီး' အကောင့်ထဲ ဝင်ကာ တင်ရန် ပြင်ဆင်သည်။

သူမ log in ဝင်လိုက်သည်နှင့် Private message များနှင့် ကွန်မန့် နိုတီများ အလုံးအရင်းဖြင့် ဝင်ရောက်လာကာ Private message အရေအတွက်မှာ တစ်ထောင်ပြည့်လုနီးပါးပင်။

ရှန့်ချောင် ထိတ်လန့်သွားရပြီး သူမ၏ သရုပ်မှန်ပေါ်ပေါက်သွားပြီဟုပင် ထင်မှတ်သွားရသည်။ ရလဒ်အနေဖြင့်ကာ သူမ ဝင်ကြည့်လိုက်ချိန်တွက် ဓါတ်ပုံတင်ရန် သူမကို သတိပေးထားသည့် စာများသာဖြစ်သည်။

_ ဖူသခင်ကြီး ဘယ်တော့ဓါတ်ပုံတင်မှာလဲ? ငါ စောင့်နေတာ တနေ့နဲ့ တညရှိပြီ။

_ ဖူ.... ဖန်ဒန်းအဖွဲ့ထဲက ထွက်သွားပြီလား?

_ အားဖူ၊ ဘယ်သွားနေတာလဲ? ဓါတ်ပုံတွေ ချက်ချင်းပို့ပေးတော့!

_ ဖူ.... နင် သုံးခုမြောက် ရှိုးပွဲ မသွားခဲ့လို့လား?

.......
ရှန့်ချောင် ချက်ချင်းဆိုသလို ပိုစ့်ငါးခုတင်လိုက်ပြီး ဝတ်စုံငါးစုံအတွက် တစ်စုံလျှင် ကိုးပုံတင်လိုက်ပြီးနောက် ဖြေရှင်းသည်။

[အလုပ်အရမ်းများနေလို့ အားလုံးကို စောင့်ဆိုင်းစေမိပြီ]

_ ဘုရားသခင်က နောက်ဆုံးတော့ လိုင်းပေါ်တက်လာပြီ!!

_ ဘုရားသခင်က နတ်ဘုရားအတွက် ဓါတ်ပုံရိုက်ပေးမှတော့ ငါ့အနေနဲ့.... အားးးး အားး အားးးး

_ ဖူသခင်ကြီးရေ ပွဲတိုင်း ရှေ့ဆုံးတန်းလက်မှတ်ရတဲ့ လျှို့ဝှက်ချက်ကို ငါ့ကို သင်ပေးပါ

_ ငါ့ကောကောက ကြည့်လို့ကောင်းလိုက်တာ၊ ဒီလို ကြည့်ကောင်းတဲ့သူမျိုး ဘယ်လိုမျိုး ရှိနေနိုင်တာလဲ?

_ ဖူသခင်ကြီးရဲ့ ဓါတ်ပုံပြုပြင်မှုက သန့်စင်တဲ့ ခံစားချက်မျိုး ရတယ်

_ ကျယ်မေ့တို့ ဒီလူကို သူငယ်ချင်းအဖြစ် လက်ခံပေးပါဦး

_ နတ်ဘုရားလို ကခုန်ခြင်း၊ ဘုရားကောင်းချီးပေးတဲ့ ဓါတ်ပုံတွေ၊ ငါ မင်းကို သေဆုံးခြင်းနဲ့သာ ဂုဏ်ပြုနိုင်တော့မယ်!

........

......

ရှီးကွမ်းများထံမှ ယခင်မေးခွန်းမျိုး အမေးခံရပြီးတဲ့နောက် ရှန့်ချောင်က ကြယ်ပွင့်များနောက် လိုက်ခြင်းကို ပြန်လည်အစပြုတော့သည်။ နေ့စဉ်နေ့တိုင်း အကောင့်ထဲ log in ဝင်ကာ အခြေခံကျသည့် လုပ်ဆောင်တာများဖြစ်သည့် Supertopic တွင် ဝင်ခြင်း၊ List ပေါ်တွင် မဲပေးခြင်းနှင့် Anti များကို ထိုးနှက်ခြင်းတို့ ဖြစ်သည်။

'ဖူဆောရီး' အိုင်ဒီမှာ မဲပေးသည့်စာရင်းတွင် အမြဲတစေ ရှေ့ဆုံးတန်းတွင် ဖြစ်သည်။ ပြီးခဲ့သည့်အခေါက် နေ့ရောညပါ မဲပေးမှုတွင်လည်း ထိပ်ဆုံးငါးယောက်နေရာတွင် ပါဝင်ခဲ့ပြီး ရံပုံငွေမြှင့်တင်ခြင်း ထောက်ကူမှုတွင်လည်း နောက်ကျကျန်ခဲ့ခြင်းမရှိပေ။ ဟော့ရှီး၏ ဖန်ဒန်းတွင် ရံပုံငွေမြှင့်တင်ခြင်းနှင့် ပတ်သက်သည့် အထူးစပရှယ်အချက်အလက်စာရင်းရှိသည်။ အကြိမ်တိုင်းတွင် ထိပ်ဆုံးအယောက် ၁၀၀ စာရင်းကို အများမြင်နိုင်ရန် ချပြလေ့ရှိပြီး 'ဖူဆောရီး' က အမြဲတစေ ဇယားပေါ်တွင် ပါဝင်သည်။

သစ္စာရှိမှုရေချိန်တွင် အချိန်အတော်ကြာ တည်ရှိနေပြီးနောက် သူမက ဖန်ဒန်းလောကတွင် အရေးပါ အရာရောက်သူ ခပ်မြန်မြန် ဖြစ်လာပြီး သူမ၏ Follower မှာ ၅၀၀၀၀ နီးပါးဖြစ်လာသည်။

လုပ်သင့်သည်များ လုပ်ဆောင်ပြီးနောက် ရှန့်ချောင် အကောင့်မှ ထွက်ကာ ခြေလက်ဆန့်လိုက်သည်။ ထို့နောက် သူမ ပါဆယ်မှာလိုက်ပြီး ဗီဒီယိုဖွင့်လိုက်ကာ စားရင်းကြည့်သည်။

တဝက်မျှ စားသောက်ပြီးချိန်တွင် [ဟော့ရှီး၏ ထောက်ပံ့ခြင်းအဖွဲ့]မှ စာပို့လာခဲ့သည်။

ဒီလို အဖွဲ့အစည်းမျိုးက တရားဝင်သည်ဟုဆိုနိုင်ပြီး အပြာရောင် V အမှတ်အသားရှိသော်လည်း ဟော့ရှီးကုမ္ပဏီမှ ပိုင်ဆိုင်ခြင်းကားမဟုတ်။ သို့သော် အုပ်ချုပ်သူမှာ အဆုံးစွန် သစ္စာရှိသူဖြစ်ကာ ဖန်ဒန်းစည်းမျဉ်းများအတိုင်း တင်းတင်းကြပ်ကြပ်လိုက်နာပြီး ဟော့ရှီး၏ ကောင်းကျိုးသည်သာ တစ်ခုတည်းသော ဦးတည်ရာဖြစ်သည်။

{ဟော့ရှီး ဒေတာအဖွဲ့}၊ {ဟော့ရှီး Anti တိုက်ခိုက်ခြင်းအဖွဲ့} ၊ {ဟော့ရှီး၏ ရင်းနှီးမြုပ်နှံမှုအဖွဲ့}၊ စသည်တို့အားလုံးက Semi - official အဖွဲ့များဖြစ်ပြီး ဒီလောကတွင် သက်ရောက်မှု အရှိဆုံးသူများဟု ဆိုနိုင်သည်။

သူမ စားလက်ကို ချကာ မက်ဆေ့ချ်ကို ဖွင့်ကြည့်လိုက်သည်။ တဖက်လူမှ ပို့လာသည်မှာ

"ဟိုင်း၊ ဟဲလို ငါတို့က ဟော့ရှီးရဲ့ ထောက်ပံ့ခြင်းအဖွဲ့ကပါ၊ မင်းနဲ့ ဆွေးနွေးချင်တာလေး ရှိလို့ပါ၊ ရှီးပေါင်ပေ့ရဲ့ မွေးနေ့မရောက်ခင် နှစ်လ လိုသေးတယ်၊ ဒီနေ့ မြို့လယ်ခေါင်က LED screen ပေါ်မှာ မွေးနေ့အမှတ်တရဗီဒီယိုကို တနေ့လုံးဖွင့်ဖို့ အဖွဲ့အားလုံးက စီစဉ်ထားတယ်၊ လောလောဆယ် ငါတို့က ဗီဒီယိုအတွက် လိုအပ်တာ စုဆောင်းနေတာ၊ သေချာ စစ်ထုတ်လိုက်တော့ မင်းရဲ့ ဓါတ်ပုံအရည်အသွေးက အကောင်းဆုံးပဲ၊ ပြီးတော့ ရှီးပေါင်ပေ့ရဲ့ စတိုင်လ်ကိုလဲ ဖော်ပြနိုင်တာ အနီးကပ်ဆုံးပဲ၊ ဒါကြောင့် ဓါတ်ပုံတွေကို သုံးခွင့်ပေးနိုင်မလားလို့ ငါ မေးချင်တာပါ၊ ဒါမှ ငါတို့ ဗီဒိယိုလုပ်နိုင်မှာမလို့၊ အဆင်ပြေရဲ့လား?"

အဖွဲ့အစည်းက ခွင့်ပြုချက်တောင်းခံမှုအပေါ် သိသိသာသာဖော်ပြထားသည်။ တကိုယ်တော်ရိုက်ကူးခြင်းဓါတ်ပုံများနှင့် ဝဘ်ဆိုဒ်ဓါတ်ပုံများမှာ ပြန်လည်ပြင်ဆင်ခြင်း၊ ပြန်လည်ဖြန့်ဝေခြင်းနှင့် စီးပွါးရေးအရအသုံးပြုခြင်းများကို ပြင်းပြင်းထန်ထန် တားမြစ်ထားသည်။ ထိုအဖွဲ့အစည်းများက ယင်းနှင့်ပတ်သက်၍ စီစီစစ်စစ်လုပ်ဆောင်ထားသည်။

ရှန့်ချောင်မှာမူ သေချာပေါက် မည်သည့်ကန့်ကွက်မှုမျှမရှိပဲ ချက်ချင်းပင် သဘောတူညီလိုက်သည်။

မူရင်းဓါတ်ပုံများပို့နိုင်ရန် တဖက်မှ QQ အကောင့်နာမည်ကို ပို့လာသည်။ ရှန့်ချောင် အကောင့်သေးတစ်ခုဖြင့် add လိုက်ပြီး တဖက်လူ၏ အိုင်ဒီမှာ 'ချင်ရှူး' ဖြစ်သည်။ ချင်ရှူး၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် ဓါတ်ပုံများကို ရှန့်ချောင် ပို့ပေးလိုက်သည်။

ချင်ရှူးကိုယ်တိုင်သည်လည်း အံ့အားသင့်နေသည်။ လူများစွာက မိမိတို့ အားစိုက်ထုတ်ကာ ရိုက်ကူးခဲ့သည့် ဓါတ်ပုံများကို အခကြေးငွေမယူပဲ ယူသုံးခွင့် ပေးနိုင်သည်မဟုတ်ပေ။ Fan Station များ၏ တည်ရှိမှုမှာ အကျိုးအမြတ်နှင့်ဆက်နွယ်နေပြီး တစ်ခါတစ်ရံ တရားဝင်အဖွဲ့အစည်းများနှင့် ဆက်ဆံရေးမှာ သဟဇာတဖြစ်လေ့မရှိပေ။

ရှန့်ချောင်က ထပ်ပေါင်းဆိုသည်။

"ငါ့ဆီမှာ အများကြီး ရှိသေးတယ်၊ ထပ်လိုချင်ရင် အချိန်မရွေး ငါ့ကို လာရှာလို့ ရတယ်"

ချင်ရှူးက အလွန်အမင်းပျော်ရွှင်သွား၏။ ဒီလို ဓါတ်ပုံပြုပြင်နိုင်သည့် ဆရာကျသည့်သူမျိုးမှာ တွေ့ဖို့ခဲ့ယဉ်းလှ၏။ သူမက ချက်ချင်းပင် ဆိုလာသည်။

"ငါတို့အားလုံး မင်းဓါတ်ပုံတွေကို သဘောကျတယ်၊ လူတိုင်းက မင်းကိုဆရာတင်ချင်နေတာ၊ ငါတို့အဖွဲ့ထဲ မင်းကို ထည့်လို့ရလား?"

ရှန့်ချောင် ငြင်းဆန်ခြင်းမပြုပဲ ဖန်အဖွဲ့၏ group ထဲ ဝင်လိုက်သည်။

အဖွဲ့ထဲရှိ အယောက် ၂၀ထက်မနည်းသောသူများက "ကြိုဆိုပါတယ် ကျယ်ကျဲ" ဟု ရေးသားလာကြသည်။ ချင်ရှူးက

"ဖူဆောရီးနာမည်က ခေါ်ရထောက်လို့၊ နောင်ကျ ငါတို့ နင့်ကို အားဖူလို့ ခေါ်လို့ရလား?"

ရှန့်ချောင် - "......"

လူတိုင်း ခဏမျှ ပျော်ရွှင်စွာ စကားပြောဆိုပြီးနောက် 'ဟော့ဟော့' အမည်ရသူတစ်ယောက်က သူမထံ မေးမြန်းလာသည်။

"အားဖူ၊ နင် ရှိုးပွဲတွေပဲ လိုက်တာလား? တခြား လှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ ဓါတ်ပုံတင်တာ မတွေ့လို့ဎ

ဖူဆောရီး - "အင်း၊ အလုပ်များလွန်းတော့ ရှိုးပွဲလောက်ပဲ ကြည့်နိုင်တာ"

ဟော့ဟော့ - "နှမြောစရာပဲ၊ ငါတို့ကောရဲ့ စီးပွါးရေးလှုပ်ရှားမှုဓါတ်ပုံတွေကလည်း တအားမိုက်တာ"

ဖူဆောရီး - "နင်တို့ ရိုက်ထားတဲ့ ပုံတွေ ငါ့ဆီ ပို့ပေးလို့ရတယ်၊ ငါ ပြင်ပေးမယ်လေ၊ ငါ မသွားနိုင်ပေမဲ့ ကြည့်လို့တော့ ရပါသေးတယ်"

ထိုမက်ဆေ့ချ်ပို့လိုက်သည်နှင့် QQ တွင် request များစွာ ပေါ်ပေါက်လာသည်။

[ဟော့ဟော့] က သင့်အားသူငယ်ချင်းဖြစ်ခွင့် တောင်းခံလာပါသည်။

[လေညှင်းလေး] က သင့်အား သူငယ်ချင်းဖြစ်ခွင့် တောင်းခံလာပါသည်။

[ရှီးပေါင်ပေ့က ငါ့အချစ်ဆုံး] က သင့်အား သူငယ်ချင်းဖြစ်ခွင့် တောင်းခံလာပါသည်။

.......
တစ်ဒါဇင်ထက်မနည်းသော သူငယ်ချင်းဖြစ်ခွင့်တောင်းခံလွှာများ ပေါ်ထွက်လာပြီး ရှန့်ချောင်က တစ်ယောက်ချင်းစီလက်ခံပြီး သူတို့ပို့လာသည့် ဓါတ်ပုံများကို လက်ခံသည်။

ဓါတ်ပုံပြင်နိုင်သည့် ဆရာကျသူများမှာ ရှားပါးလှသည်။ သေချာပေါက် ပေါင်လုံးဖက်ထားမှ ဖြစ်မည်။

ထို့နောက် ရှန့်ချောင်က တညလုံး ဓါတ်ပုံပြင်ခြင်းဖြင့် အချိန်ကုန်ဆုံးသည်။

မသိခဲ့လျှင် ကိစ္စမရှိ၊ သို့သော် ထိုဓါတ်ပုံများကို ရှန့်ချောင် မြင်ပြီးနောက် ထိုလှုပ်ရှားမှုပွဲများဆီ မသွားနိုင်သည်ကို နောင်တရသလို ခံစားလာရသည်။ သူမ မမြင်ဖူးသည့် စတိုင်လ်မှန်သမျှကို ဤနေရာတွင် တစုတစည်းထဲ မြင်နေရသည်။

သူမလက်ခံရရှိသမျှ ဓါတ်ပုံများကို ပြင်ဆင်ပြီး ပြန်ပို့ပြီးချိန်တွင် ညလယ်ရောက်နေလေပြီ။ ဓါတ်ပုံအားလုံးပြန်ပို့ပေးပြီးနောက် သူမ အရောင်ကျဆေးနှစ်လုံးသောက်လိုက်ပြီး အိပ်ရာဝင်သည်။

နောက်တစ်နေ့မနက် ရှန့်ချောင် နောက်ကျသည်အထိ အိပ်နေဆဲမှာပင် ပေ့မင်းဖန်က ဇာတ်ညွှန်းကိုင်ကာ ရောက်ရှိလာသည်။ ရှန့်ချောင် မျက်ကွင်းအောက်တွင် ညိုမဲလျက် တံခါးဖွင့်ပေးလိုက်ပြီး အိပ်ခန်းထဲမှ စောင်ခြုံလျက်သားဖြင့် ဆိုဖာပေါ် ပုစွန်တုပ်လို တုပ်ကွေးလိုက်သည်။

ပေ့မင်းဖန် - "မင်းမနေ့ညက ဘာလုပ်နေတာလဲ? မင်းကို နားခိုင်းတာ မနားပဲ နောက်ကျမှ အိပ်တယ်၊ မနက်ဖြန် ဂျာကာတာဆီ လေယာဉ်စီးသွားပြီး ရိုက်ကူးရေး ဘယ်လိုလုပ်မလဲ ငါ ကြည့်ဦးမယ်"

ရှန့်ချောင် သူမလည်ချောင်းကို လက်ညှိုးညွှန်ကာ စကားပြောခြင်းမှ သူမလည်ချောင်းကို ကာကွယ်ရမည်ဟု ဆိုလိုက်သည်။

ပေ့မင်းဖန်ခမျာ ပြောစရာစကားမဲ့သွားရပြီး သူ့လက်ထဲရှိ ဇာတ်ညွှန်းကို ကမ်းပေးလိုက်သည်။

"ဇာတ်ညွှန်းကို ငါ့ဆီ ပို့လာပြီ၊ အချိန်ရရင် ပိုဖတ်ပြီး ပိုကျက်မှတ်ထား၊ တစ်ယောက်ယောက်ကို ရှာပြီး ဇာတ်ဝင်ခန်းတွေ လေ့ကျင့်ထား၊ နောက်လကျရင် အဆင်သင့်ဖြစ်နေအောင်"

သူမအိုင်ဒေါလ်နှင့် ပထမဆုံး ပူးတွဲလုပ်ဆောင်ရမည့် ဒရာမာမှာ မည်ကဲ့သို့သော အမျိုးအစားနည်း။

ရှန့်ချောင် ဇာတ်ညွှန်းစာအုပ်ကို လှမ်းယူလိုက်ပြီး စိတ်အားထက်သန်စွာ လှန်ကြည့်သည်။

ဒရာမာ ခေါင်းစဉ်မှာ "Fearless" ။

ဝိုး... ဒီနာမည်က တအားလေးနက်မနေဘူးလား?

သူမ စိတ်လှုပ်ရှားကြီးစွာဖြင့် ဇာတ်ဆောင်စာမျက်နှာကို ဖတ်လိုက်သည်။

{အမျိုးသမီးဇာတ်ဆောင် - နျဲ့ချင်း

အလုပ်အကိုင် - ရဲအရာရှိ}

{အမျိုးသားဇာတ်ဆောင် - ရွှီလုရှန်း

အလုပ်အကိုင် - ရှေ့နေ့ }

ဘုရားရေ?! ရှေ့နေ့ဝတ်စုံအပြင် မျက်မှန်နဲ့?

ဟော့ရှီးကလေ?

ရူးပြီ!!! ဒါ သူမကို အသေသတ်နေတာပဲ!!!

*****
Note:

MTL translation အစွမ်းကြောင့် အရင်ထက် ဘာသာပြန်တာ နှစ်ဆကြာနေတာပါ။ ဒါပေမယ့် တပတ်ငါးပိုင်းကိုတော့ ကျိန်းသေပေါက် ပြည့်အောင် တင်ပေးမှာနော်။

နောက်ပြီး GTKWF ကို Storyglory မှာလဲ တင်ထားပါတယ်။ Support လုပ်ချင်ရင်လဲ အဲ့မှာလဲ ဖတ်လို့ ရပါတယ်။ Storyglory နဲ့ ပတ်သက်တဲ့အသေးစိတ် သိချင်တာပဲဖြစ်ဖြစ် ကျဲကို မေးချင်ရင် Telegram @Blue_Oasis7 မှာ မေးလို့ ရပါတယ်။

နောက် ဟိုရက်က ထပ်မေးပြန်လို့။ GTKWF က paid group မရှိပါ။ pdf လဲ မရှိပါ။ အစအဆုံးလည်း မရသေးပါဘူးနော်

*****






{Zawgyi}

အပိုင္း ၅၉

ေနာက္တေန႔ မနက္ခင္းတြင္ ဖန္းပိုင္က သူမကို အခ်ိန္မွန္ လာႀကိဳသည္။

ရွန့္ေခ်ာင္ မွန္ထဲ ႏွစ္ႀကိမ္မၽွ လွည့္ပတ္ၾကည့္ရွုလိုက္ေသာ္လည္း အေျခအေနကား သိပ္မေကာင္းလွ။ သူမ ေနမေကာင္းျဖစ္ေနျခင္း မဟုတ္မွန္း ဖန္းပိုင္ သိႏွင့္ၿပီးျဖစ္ကာ လွမ္းေအာ္သည္။ ရွန့္ေခ်ာင္က စကားလုံးတစ္လုံးခ်င္းဆိုကာ ၿခိမ္းေျခာက္လိုက္သည္။

"ငါ ရွိုးပြဲၾကည့္ဖို႔ ကြမ္က်ိဳးကို တိတ္တိတ္ေလး ခိုးသြားတဲ့အေၾကာင္း ေပ့မင္းဖန္ကို ေျပာျပရင္ နင္အေသပဲ!"

ရွန့္ေခ်ာင္က ဖန္းပိုင္ထံ ေအးစက္စက္ စိုက္ၾကည့္လိုက္ၿပီးေနာက္

"သူ သိသြားရင္ က်ိန္းေသ နင္ေျပာလို႔ပဲ၊ ငါ နင့္ကို အေသလုပ္မွာ"

ဖန္းပိုင္ - "......"

ဖန္းပိုင္၏ ႏွလုံးသားမွာ ခါးသီးသြားရ၏။

ေပ့မင္းဖန္က ကားထဲတြင္ သူမကို ေစာင့္ေနၿပီး သူမအတြက္ မနက္စာေပါ့ေပါးပါးပါးကိုပင္ ျပင္ဆင္ေပးထားသည္။ ရွန့္ေခ်ာင္ ကားေပၚသို႔ တက္လာခ်ိန္တြင္ သူက စကားစသည္။

"အသံဘယ္လိုလဲ? စကားႏွစ္ခြန္းေလာက္ ေျပာၾကည့္"

ရွန့္ေခ်ာင္ - "အာ အာ အာ"

ေပ့မင္းဖန္ - "......"

ရွန့္ေခ်ာင္ ပါးစပ္ပိတ္သြားသည္။

ကားက Red မဂၢဇင္းတိုက္တည္ရွိရာေနရာဆီ ဦးတည္ေျပးလႊားေနသည္။ ေရာက္ရွိခ်ိန္တြင္ မဂၢဇင္းတိုက္ဓါတ္ပုံဆရာက ပစၥည္းကိရိယာမ်ားကို ခ်ိန္ညႇိေနၿပီးျဖစ္ကာ ဝတ္စုံမွာလည္း အဆင္သင့္ပင္။

အခ်ပ္ပိုစာမ်က္ႏွာမွာ မဂၢဇင္းတိုက္၏ Stylist အတြက္ အထူးတလည္ ျပင္ဆင္ေပးထားျခင္းျဖစ္သည္။ Red မဂၢဇင္းမွာ ေနာက္ဆုံးေပၚဖက္ရွင္မဂၢဇင္းျဖစ္ၿပီး သူမ ဝတ္ဆင္ရမည့္ ဝတ္စုံမ်ားမွာလည္း လက္ရွိတြင္ ေခတ္အစားဆုံး Luxury ဝတ္စုံမ်ားျဖစ္သည္။ မိတ္ကပ္ပညာရွင္က သူမ၏ လွိုင္းတြန့္ဆံႏြယ္ေတြကို ေျဖာင့္လိုက္ၿပီး အလယ္ခြဲလိုက္သည္။ ထို႔ေနာက္ အိုင္းလိုင္နာကို အသုံးျပဳကာ မ်က္ဝန္းတို႔ကို ရွည္ေမ်ာေမ်ာျဖစ္ေစၿပီး အိုင္းရွဲဒိုးကို အသားေပးအေရာင္တင္ကာ ႏူးညံ့ခ်စ္စဖြယ္ေကာင္းသည့္ သူမ၏ ပုံရိပ္ကို ထက္ျမက္သည့္အသြင္ ေျပာင္းလဲေပးလိုက္သည္။

ရွန့္ေခ်ာင္ သူမကိုယ္သူမ မွန္ထဲတြင္ ၾကည့္ကာ အနည္းငယ္ အေနရခက္စြာျဖင့္ ေပ့မင္းဖန္ထံ လွမ္းေမးသည္။

"ၾကည့္ေကာင္းရဲ့လား?"

ေပ့မင္းဖန္ - "ၾကည့္ေကာင္းတယ္! ဒီအေဆာက္အအုံထဲမွာ မင္းအလွဆုံးပဲ!"

ရွန့္ေခ်ာင္ - "....."

ရိုက္ကူးေရးအစပိုင္းတြင္ ဒီကာဗာရိုက္ကူးမွုအေပၚ သူမ အေနရခက္ေနကာ သူမ၏ မ်က္ႏွာအမူအရာမွာ ခပ္ေတာင့္ေတာင့္ျဖစ္ေန၏။ ကံေကာင္းစြာျဖင့္ပင္ ဓါတ္ပုံဆရာမွာ အလ်င္မလိုပဲ လမ္းညႊန္ခ်က္အနည္းငယ္ျဖင့္ သဘာဝက်က် ခံစားရေစရန္ သူမကို ဦးေဆာင္သည္။

ဒီလို စိတ္ရွည္လက္ရွည္ သင္ျပေပးသည့္ ဓါတ္ပုံဆရာႏွင့္ ရိုက္ကူးရသည္မွာ ေကာင္းမြန္လွ၏။ ရိုက္ကူးေရးၿပီးဆုံးခ်ိန္တြင္ ရွန့္ေခ်ာင္က ဓါတ္ပုံဆရာထံ တကူးတကသြားေရာက္ကာ ေက်းဇူးတင္စကားဆိုသည္။ ဓါတ္ပုံဆရာမွာ အသက္သုံးဆယ္တြင္းျဖစ္ၿပီး ၾကင္ၾကင္နာနာျပဳံးရင္း ဆိုသည္။

"ရပါတယ္၊ ဒါနဲ႔ ေရွာင္ေခ်ာင္ မင္း ငါ့သားအတြက္ လက္မွတ္ထိုးေပးလို႔ရမလား? သူက မင္းပရိသတ္"

ရွန့္ေခ်ာင္က လက္မွတ္ကိစၥျပန္မေျဖပဲ ေမးခြန္းထုတ္သည္။

"ရွင့္သား အသက္ဘယ္ေလာက္ရွိၿပီလဲ? သူ႔အတြက္ မက္ေဆ့ခ်္ပါ ေရးေပးမယ္"

ဓါတ္ပုံဆရာ - "ေလးႏွစ္ရွိၿပီ"

"...."

သူမသည္လည္း ေအာင္ျမင္သည့္ ပညာေရးလမ္းေၾကာင္းျဖစ္ပါေစႏွင့္ တိုးတက္ပါေစဟု ေရးလိုသည္။ ယခုေတာ့ 'ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ႀကီးျပင္းလာပါ' ဟုသာ ေရးရေတာ့မည္။

ခဏအနားယူၿပီးေနာက္ အင္တာဗ်ဴးမည့္အစီအစဥ္ကို အဆင္သင့္ျပင္ဆင္ထားသည္။ စတူဒီယိုေနာက္ဘက္ရွိ ေကာ္ဖီအခန္းငယ္တြင္ အင္တာဗ်ဴးမည္ျဖစ္ကာ ကင္မရာကို အဆင္သင့္ ျပင္ဆင္ထားၿပီး အထူးသတင္းတင္ဆက္သူမွာ ဆိုဖာေပၚ ထိုင္ေနၿပီး သူတို႔ ဝင္လာသည္ကို ျမင္သည္ႏွင့္ မတ္တပ္ထကာ ႏွုတခြန္းဆက္သည္။

ရွန့္ေခ်ာင္၏ ခပ္အက္အက္အသံကို နားေထာင္ကာ သတင္းေထာက္က ဂ႐ုတစိုက္ ေမးျမန္းသည္။

"အေအးမိထားတာလား? စကားေျပာရင္ နာလား?"

ရွန့္ေခ်ာင္ မ်က္ႏွာခ်င္းဆိုင္တြင္ ဝင္ထိုင္လိုက္ကာ ျပဳံးရင္း ေျဖသည္။

"အေႏွာင့္အယွက္မျဖစ္ပါဘူး၊ စလိုက္ရေအာင္"

အင္တာဗ်ဴးေမးခြန္းမ်ားမွာ အေစာကတည္းက ႀကိဳတင္ျပင္ဆင္ထားခဲ့ၿပီးျဖစ္ကာ ႏွစ္ဖက္စလုံး၏ အတည္ျပဳခ်က္ ရယူထားၿပီးျဖစ္သည္။ ေျဖဆိုရမည္မ်ားကိုလည္း ဒီေမးခြန္းမ်ား​ေပၚ မူတည္ကာ ေပ့မင္းဖန္ ျပင္ဆင္ထားျခင္းျဖစ္သည္။ မနက္ပိုင္းကတည္းကပင္ ရွန့္ေခ်ာင္ကို ကားထဲတြင္ ျပထားၿပီးျဖစ္သည္။ အင္တာဗ်ဴးစတင္ခ်ိန္တြင္ ရွန့္ေခ်ာင္က ပုံၾကမ္းအေျဖမ်ားထဲကအတိုင္း ေျဖဆိုကာ အမွားအယြင္းမရွိေခ်။

ေမးခြန္းအစပိုင္းတြင္ ရွန့္ေခ်ာင္က သူမ၏ လက္ရွိအေျခအေနအေၾကာင္း ေျပာဆိုသည္။ အလုပ္အကိုင္မွတဆင့္ ျပင္ပလူေနမွု ခံစားခ်က္မ်ားအထိ ရွန့္ေခ်ာင္၏ ပုံသ႑ာန္အစစ္အမွန္ကို ခ်ျပနိုင္ရန္ အတတ္နိုင္ဆုံး ႀကိဳးစားထားသည္။ သို႔မွသာ ပရိသတ္မ်ားက ဖတ္ရွုလိုမည္ျဖစ္သည္။

သတင္းေထာက္ အံ့အားသင့္ရသည့္အခ်က္မွာ ရွန့္ေခ်ာင္၏ စကားလုံးအသုံးအႏွုန္း ေဝါဟာရမ်ားမွာ အလြန္အမင္း ပညာရွိဆန္ၿပီး သူမ၏ ပုံမွန္စိတ္ပါဝင္စားမွု ဝါသနာမ်ားအေၾကာင္း ေဖာ္ျပရာတြင္ေသာ္လည္းေကာင္း၊ အေျခအေနတစ္ခုခုေပၚ သူမ ရွုျမင္ရာတြင္လည္းေကာင္း နက္နက္နဲနဲေတြးေတာတတ္သူဟု ယူဆနိုင္သည္။

ဒီအင္တာဗ်ဴး၏ ေခါင္းစဥ္ႏွင့္ စာမိတ္ဆက္အက်ဥ္းကို မည္ကဲ့သို႔ ေရးရမည္ကိုပင္ သတင္းေထာက္က စဥ္းစားၿပီးေလၿပီ။

ေနာက္ဆုံးေမးခြန္းအတြက္မူ သတင္းေထာက္က ရယ္ရယ္ေမာေမာဆိုသည္။

"မင္းရဲ့ ပရိသတ္ေတြေျပာတာက မင္းက ဖန္ေတြကို အလိုလိုက္လြန္းတယ္တဲ့၊ ေလဆိပ္မွာလဲ သူတို႔လက္ေဆာင္ေတြကို မင္း လက္ခံေပးတယ္တဲ့၊ မင္းကို ငါတို႔ အင္တာဗ်ဴးမဲ့အေၾကာင္း သူတို႔ၾကားေတာ့ မင္းကို ေျပာေပးဖို႔ ငါတို႔ဆီ စာပို႔လာၾကတယ္၊ မင္းကို သူတို႔ ထာဝရခ်စ္ေနမယ္ဆိုတဲ့အေၾကာင္း ေျပာေပးပါတဲ့၊ မင္းဖန္ေတြနဲ႔ မင္းနဲ႔ၾကားက ဆက္ဆံေရးကို ဘယ္လို အဓိပၸါယ္ဖြင့္ခ်င္လဲ?"

သူမကို ေပ့မင္းဖန္ ေပးထားသည့္ အေျဖမွာ 'မိသားစု' ဟူ၍။ မိသားစုဟူေသာ စကားသည္ကား မွားနိုင္သည္မ်ိဳးမဟုတ္။

ရွန့္ေခ်ာင္ ေတြးေတာလိုက္ၿပီးေနာက္ ႀကိဳတင္ျပင္ဆင္ထားသည့္အေျဖအတိုင္း မေျဖေပ။

ရွန့္ေခ်ာင္ - "လူတစ္ေယာက္ခ်င္းစီၾကားက တိုးတက္ေအာင္ျမင္လာတဲ့ ဆက္ႏြယ္မွုမ်ိဳးလို႔ ကၽြန္မ ထင္တယ္၊ သူတို႔က ကၽြန္မကို ေထာက္ပံ့ေပးမွုနဲ႔ ေရွ႕ဆက္နိုင္ဖို႔ ခြန္အားေတြေပးသလို ကၽြန္မကလည္း သူတို႔အတြက္ သတၱိနဲ႔ အလင္းေရာင္ ျဖစ္ေနသလိုမ်ိဳးေပါ့"

သူမအေျဖက အေတာ္ေလး အသစ္အဆန္းျဖစ္သည္ဟု ေမးျမန္းသူ ခံစားလိုက္ရသည္။ ေမးရမည့္ ေမးခြန္းအားလုံးၿပီးဆုံးသြားၿပီးျဖစ္ေသာ္လည္း သတင္းေထာက္က မေနနိုင္ပဲ ေမးျမန္းသည္။

"မင္းၾကည့္ရတာ အိုင္ေဒါလ္နဲ႔ ဖန္ေတြၾကားက ဆက္ဆံေရးကို နားလည္သလိုပဲ၊ အိုင္ေဒါလ္ေတြေနာက္ လိုက္တာအေပၚ ဘယ္လိုျမင္လဲ?"

ေပ့မင္းဖန္က သူ႔ေဘးရွိ သတိေပးခလုတ္ကို ဖြင့္ကာ တားျမစ္ခ်င္ေပမဲ့ ရွန့္ေခ်ာင္ လက္လွုပ္ျပလိုက္ၿပီးေနာက္ အဆင္ေျပေၾကာင္း လက္ဟန္ျပသည္။

သူမက သတင္းေထာက္ထံ ရယ္ရယ္ေမာေမာ ျပန္ေျဖလာသည္။

"လူတိုင္းမွာ သူတို႔ဘဝလမ္းေၾကာင္းကို ေရြးခ်ယ္နိုင္တဲ့ အခြင့္အေရးရွိတယ္၊ အိုင္ေဒါလ္ေတြေနာက္ လိုက္တာနဲ႔ ပတ္သက္ၿပီး 'ဦးေႏွာက္မရွိဘူး' လို႔ သတ္မွတ္တာကိုေတာ့ ကၽြန္မ သေဘာမတူဘူး၊ သူတို႔အရြယ္က စိတ္ေပါ့ေပါ့ပါးပါး ေနနိုင္တဲ့အရြယ္၊ အေကာင္းဆုံးဆိုတာေတြကို အသုံးခ်နိုင္ေသးတယ္၊ အိပ္မက္မက္နိုင္ေနတုန္းမွာ ဘယ္ေတာ့မွ မရနိုင္မဲ့ လူတစ္ေယာက္ကို ကိုယ္ပိုင္နည္းလမ္းေတြ သုံးၿပီး ခ်စ္လို႔ ရပါတယ္"

"တေန႔က်ရင္ သူတို႔က အသက္ႀကီးလာၾကမွာ၊ လူ႔ေလာကရဲ့ တားျမစ္ခ်က္ ကန့္သတ္ခ်က္ေတြကို ရင္ဆိုင္ရမွာ၊ အဲ့အခ်ိန္က်ရင္ သူတို႔အိပ္မက္ေတြကေန နိုးထလာလိမ့္မယ္၊ ၿပီးရင္ေတာ့ ကေလးဘဝက အိပ္မက္ေတြကို သိမ္းဆည္းၿပီး လက္ေတြ႕ဘဝကို ရင္ဆိုင္ၾကလိမ့္မယ္"

သတင္းေထာက္က လႊတ္ခနဲ ေျပာထြက္သြားသည္။

"ဝမ္းနည္းစရာပဲ"

ရွန့္ေခ်ာင္က ရယ္ေမာလ်က္ပင္။

"ဒါက ဘယ္လိုလုပ္ ဝမ္းနည္းစရာျဖစ္မွာလဲ? ေနာက္က လိုက္နိုင္တဲ့ လူတစ္ေယာက္ရွိျခင္းကလည္း သမာရိုးက်အဆန္ဆုံး လူငယ္ဘဝကိုေတာင္ ေတာက္ပသြားေစတာေလ"

တစ္ခ်ိန္ အသက္ႀကီးလာခ်ိန္က် ထိုလူ႔အတြက္ မင္းျပဳမူခဲ့သမၽွ မိုက္႐ူးရဲဆန္သည့္ လုပ္ရပ္ေတြကို အမွတ္ရရင္ က်ိန္းေသ ရယ္ေမာမိလိမ့္မည္။

......
ဒီေန႔အင္တာဗ်ဴးအစီအစဥ္ ၿပီးဆုံးၿပီးေနာက္ ေပ့မင္းဖန္က ဖန္းပိုင္ကို ေခၚကာ ရွန့္ေခ်ာင္ကို အိမ္ျပန္ပို႔ေစသည္။ သဘက္ခါတြင္ 'Escape from Life' ရိုက္ကူးေရးအတြက္ နိုင္ငံျခားသို႔ သြားေရာက္ရမည္ျဖစ္သည္။ ေပ့မင္းဖန္ သူမ၏ အက္ရွရွ အသံကို နားေထာင္ကာ သူမကို ေနာက္ႏွစ္ရက္ အနားယူေစၿပီး အခ်ိန္ဇယားရွင္းလင္းေပးထားသည္။

အိမ္တြင္ အနားယူရန္ ညႊန္ၾကားခံရၿပီးေနာက္ ရွန့္ေခ်ာင္ ကင္မရာကို ကြန္ပ်ဴတာႏွင့္ ဆက္လိုက္ၿပီး ယမန္ေန႔ညက ရိုက္ကူးခဲ့သည့္ ေထာင္ေပါင္းမ်ားစြာေသာ ဓါတ္ပုံမ်ားကို ကူးထည့္လိုက္သည္။

(ေဟးး ဓါတ္ပုံအားလုံးက ေခ်ာေမာေနတာ၊ ျပင္စရာေတာင္ မလိုဘူး၊ နတ္ဘုရားဆိုတာ ဒါမ်ိဳးပဲ!)

သူမ ေရရြတ္ၿပီးေနာက္ Photoshop app ကို ဖြင့္ကာ ဓါတ္ပုံ စတင္ျပင္ဆင္သည္။ မည္မၽွပင္ ေခ်ာေမာေစကာမူ စလိုက္မီးေရာင္က မ်က္ႏွာထက္ ေရာင္စုံျခယ္ေစၿပီး အရိပ္က်ရာကိုပါ ခ်ိန္ညႇိရမည့္အျပင္ သူမထံတြင္လည္း ကိုယ့္ Style ႏွင့္ ကိုယ္ရွိသည္။ သူမ ျပဳျပင္ၿပီးသမၽွ ဓါတ္ပုံအားလုံးက အေပါက္ဆုံးျဖစ္သည္။ အက်ယ္ခ်ဲ့သည္ျဖစ္ေစ ခ်ဳံ႕သည္ျဖစ္ေစ အစိတ္အပိုင္းအားလုံးက ျပဳျပင္ထားၿပီးျဖစ္သည္။

ဓါတ္ပုံျပဳျပင္ျခင္းက ညအခ်ိန္တြင္ ၿပီးဆုံးသြားၿပီး ညစာစားရန္ပင္ ေမ့ေလၽွာ့သြားခဲ့သည္။ ဝတ္စုံ ငါးစုံစာဓါတ္ပုံမ်ားကို ျပင္ဆင္ၿပီးေနာက္ 'ဖူေဆာရီး' အေကာင့္ထဲ ဝင္ကာ တင္ရန္ ျပင္ဆင္သည္။

သူမ log in ဝင္လိုက္သည္ႏွင့္ Private message မ်ားႏွင့္ ကြန္မန႔္ နိုတီမ်ား အလုံးအရင္းျဖင့္ ဝင္ေရာက္လာကာ Private message အေရအတြက္မွာ တစ္ေထာင္ျပည့္လုနီးပါးပင္။

ရွန့္ေခ်ာင္ ထိတ္လန့္သြားရၿပီး သူမ၏ သ႐ုပ္မွန္ေပၚေပါက္သြားၿပီဟုပင္ ထင္မွတ္သြားရသည္။ ရလဒ္အေနျဖင့္ကာ သူမ ဝင္ၾကည့္လိုက္ခ်ိန္တြက္ ဓါတ္ပုံတင္ရန္ သူမကို သတိေပးထားသည့္ စာမ်ားသာျဖစ္သည္။

_ ဖူသခင္ႀကီး ဘယ္ေတာ့ဓါတ္ပုံတင္မွာလဲ? ငါ ေစာင့္ေနတာ တေန႔နဲ႔ တညရွိၿပီ။

_ ဖူ.... ဖန္ဒန္းအဖြဲ႕ထဲက ထြက္သြားၿပီလား?

_ အားဖူ၊ ဘယ္သြားေနတာလဲ? ဓါတ္ပုံေတြ ခ်က္ခ်င္းပို႔ေပးေတာ့!

_ ဖူ.... နင္ သုံးခုေျမာက္ ရွိုးပြဲ မသြားခဲ့လို႔လား?

.......
ရွန့္ေခ်ာင္ ခ်က္ခ်င္းဆိုသလို ပိုစ့္ငါးခုတင္လိုက္ၿပီး ဝတ္စုံငါးစုံအတြက္ တစ္စုံလၽွင္ ကိုးပုံတင္လိုက္ၿပီးေနာက္ ေျဖရွင္းသည္။

[အလုပ္အရမ္းမ်ားေနလို႔ အားလုံးကို ေစာင့္ဆိုင္းေစမိၿပီ]

_ ဘုရားသခင္က ေနာက္ဆုံးေတာ့ လိုင္းေပၚတက္လာၿပီ!!

_ ဘုရားသခင္က နတ္ဘုရားအတြက္ ဓါတ္ပုံရိုက္ေပးမွေတာ့ ငါ့အေနနဲ႔.... အားးးး အားး အားးးး

_ ဖူသခင္ႀကီးေရ ပြဲတိုင္း ေရွ႕ဆုံးတန္းလက္မွတ္ရတဲ့ လၽွို႔ဝွက္ခ်က္ကို ငါ့ကို သင္ေပးပါ

_ ငါ့ေကာေကာက ၾကည့္လို႔ေကာင္းလိုက္တာ၊ ဒီလို ၾကည့္ေကာင္းတဲ့သူမ်ိဳး ဘယ္လိုမ်ိဳး ရွိေနနိုင္တာလဲ?

_ ဖူသခင္ႀကီးရဲ့ ဓါတ္ပုံျပဳျပင္မွုက သန့္စင္တဲ့ ခံစားခ်က္မ်ိဳး ရတယ္

_ က်ယ္ေမ့တို႔ ဒီလူကို သူငယ္ခ်င္းအျဖစ္ လက္ခံေပးပါဦး

_ နတ္ဘုရားလို ကခုန္ျခင္း၊ ဘုရားေကာင္းခ်ီးေပးတဲ့ ဓါတ္ပုံေတြ၊ ငါ မင္းကို ေသဆုံးျခင္းနဲ႔သာ ဂုဏ္ျပဳနိုင္ေတာ့မယ္!

........

......

ရွီးကြမ္းမ်ားထံမွ ယခင္ေမးခြန္းမ်ိဳး အေမးခံရၿပီးတဲ့ေနာက္ ရွန့္ေခ်ာင္က ၾကယ္ပြင့္မ်ားေနာက္ လိုက္ျခင္းကို ျပန္လည္အစျပဳေတာ့သည္။ ေန႔စဥ္ေန႔တိုင္း အေကာင့္ထဲ log in ဝင္ကာ အေျခခံက်သည့္ လုပ္ေဆာင္တာမ်ားျဖစ္သည့္ Supertopic တြင္ ဝင္ျခင္း၊ List ေပၚတြင္ မဲေပးျခင္းႏွင့္ Anti မ်ားကို ထိုးႏွက္ျခင္းတို႔ ျဖစ္သည္။

'ဖူေဆာရီး' အိုင္ဒီမွာ မဲေပးသည့္စာရင္းတြင္ အျမဲတေစ ေရွ႕ဆုံးတန္းတြင္ ျဖစ္သည္။ ၿပီးခဲ့သည့္အေခါက္ ေန႔ေရာညပါ မဲေပးမွုတြင္လည္း ထိပ္ဆုံးငါးေယာက္ေနရာတြင္ ပါဝင္ခဲ့ၿပီး ရံပုံေငြျမႇင့္တင္ျခင္း ေထာက္ကူမွုတြင္လည္း ေနာက္က်က်န္ခဲ့ျခင္းမရွိေပ။ ေဟာ့ရွီး၏ ဖန္ဒန္းတြင္ ရံပုံေငြျမႇင့္တင္ျခင္းႏွင့္ ပတ္သက္သည့္ အထူးစပရွယ္အခ်က္အလက္စာရင္းရွိသည္။ အႀကိမ္တိုင္းတြင္ ထိပ္ဆုံးအေယာက္ ၁၀၀ စာရင္းကို အမ်ားျမင္နိုင္ရန္ ခ်ျပေလ့ရွိၿပီး 'ဖူေဆာရီး' က အျမဲတေစ ဇယားေပၚတြင္ ပါဝင္သည္။

သစၥာရွိမွုေရခ်ိန္တြင္ အခ်ိန္အေတာ္ၾကာ တည္ရွိေနၿပီးေနာက္ သူမက ဖန္ဒန္းေလာကတြင္ အေရးပါ အရာေရာက္သူ ခပ္ျမန္ျမန္ ျဖစ္လာၿပီး သူမ၏ Follower မွာ ၅၀၀၀၀ နီးပါးျဖစ္လာသည္။

လုပ္သင့္သည္မ်ား လုပ္ေဆာင္ၿပီးေနာက္ ရွန့္ေခ်ာင္ အေကာင့္မွ ထြက္ကာ ေျခလက္ဆန႔္လိုက္သည္။ ထို႔ေနာက္ သူမ ပါဆယ္မွာလိုက္ၿပီး ဗီဒီယိုဖြင့္လိုက္ကာ စားရင္းၾကည့္သည္။

တဝက္မၽွ စားေသာက္ၿပီးခ်ိန္တြင္ [ေဟာ့ရွီး၏ ေထာက္ပံ့ျခင္းအဖြဲ႕]မွ စာပို႔လာခဲ့သည္။

ဒီလို အဖြဲ႕အစည္းမ်ိဳးက တရားဝင္သည္ဟုဆိုနိုင္ၿပီး အျပာေရာင္ V အမွတ္အသားရွိေသာ္လည္း ေဟာ့ရွီးကုမၸဏီမွ ပိုင္ဆိုင္ျခင္းကားမဟုတ္။ သို႔ေသာ္ အုပ္ခ်ဳပ္သူမွာ အဆုံးစြန္ သစၥာရွိသူျဖစ္ကာ ဖန္ဒန္းစည္းမ်ဥ္းမ်ားအတိုင္း တင္းတင္းၾကပ္ၾကပ္လိုက္နာၿပီး ေဟာ့ရွီး၏ ေကာင္းက်ိဳးသည္သာ တစ္ခုတည္းေသာ ဦးတည္ရာျဖစ္သည္။

{ေဟာ့ရွီး ေဒတာအဖြဲ႕}၊ {ေဟာ့ရွီး Anti တိုက္ခိုက္ျခင္းအဖြဲ႕} ၊ {ေဟာ့ရွီး၏ ရင္းႏွီးျမဳပ္ႏွံမွုအဖြဲ႕}၊ စသည္တို႔အားလုံးက Semi - official အဖြဲ႕မ်ားျဖစ္ၿပီး ဒီေလာကတြင္ သက္ေရာက္မွု အရွိဆုံးသူမ်ားဟု ဆိုနိုင္သည္။

သူမ စားလက္ကို ခ်ကာ မက္ေဆ့ခ်္ကို ဖြင့္ၾကည့္လိုက္သည္။ တဖက္လူမွ ပို႔လာသည္မွာ

"ဟိုင္း၊ ဟဲလို ငါတို႔က ေဟာ့ရွီးရဲ့ ေထာက္ပံ့ျခင္းအဖြဲ႕ကပါ၊ မင္းနဲ႔ ေဆြးေႏြးခ်င္တာေလး ရွိလို႔ပါ၊ ရွီးေပါင္ေပ့ရဲ့ ေမြးေန႔မေရာက္ခင္ ႏွစ္လ လိုေသးတယ္၊ ဒီေန႔ ၿမိဳ႕လယ္ေခါင္က LED screen ေပၚမွာ ေမြးေန႔အမွတ္တရဗီဒီယိုကို တေန႔လုံးဖြင့္ဖို႔ အဖြဲ႕အားလုံးက စီစဥ္ထားတယ္၊ ေလာေလာဆယ္ ငါတို႔က ဗီဒီယိုအတြက္ လိုအပ္တာ စုေဆာင္းေနတာ၊ ေသခ်ာ စစ္ထုတ္လိုက္ေတာ့ မင္းရဲ့ ဓါတ္ပုံအရည္အေသြးက အေကာင္းဆုံးပဲ၊ ၿပီးေတာ့ ရွီးေပါင္ေပ့ရဲ့ စတိုင္လ္ကိုလဲ ေဖာ္ျပနိုင္တာ အနီးကပ္ဆုံးပဲ၊ ဒါေၾကာင့္ ဓါတ္ပုံေတြကို သုံးခြင့္ေပးနိုင္မလားလို႔ ငါ ေမးခ်င္တာပါ၊ ဒါမွ ငါတို႔ ဗီဒိယိုလုပ္နိုင္မွာမလို႔၊ အဆင္ေျပရဲ့လား?"

အဖြဲ႕အစည္းက ခြင့္ျပဳခ်က္ေတာင္းခံမွုအေပၚ သိသိသာသာေဖာ္ျပထားသည္။ တကိုယ္ေတာ္ရိုက္ကူးျခင္းဓါတ္ပုံမ်ားႏွင့္ ဝဘ္ဆိုဒ္ဓါတ္ပုံမ်ားမွာ ျပန္လည္ျပင္ဆင္ျခင္း၊ ျပန္လည္ျဖန့္ေဝျခင္းႏွင့္ စီးပြါးေရးအရအသုံးျပဳျခင္းမ်ားကို ျပင္းျပင္းထန္ထန္ တားျမစ္ထားသည္။ ထိုအဖြဲ႕အစည္းမ်ားက ယင္းႏွင့္ပတ္သက္၍ စီစီစစ္စစ္လုပ္ေဆာင္ထားသည္။

ရွန့္ေခ်ာင္မွာမူ ေသခ်ာေပါက္ မည္သည့္ကန့္ကြက္မွုမၽွမရွိပဲ ခ်က္ခ်င္းပင္ သေဘာတူညီလိုက္သည္။

မူရင္းဓါတ္ပုံမ်ားပို႔နိုင္ရန္ တဖက္မွ QQ အေကာင့္နာမည္ကို ပို႔လာသည္။ ရွန့္ေခ်ာင္ အေကာင့္ေသးတစ္ခုျဖင့္ add လိုက္ၿပီး တဖက္လူ၏ အိုင္ဒီမွာ 'ခ်င္ရွူး' ျဖစ္သည္။ ခ်င္ရွူး၏ လိုအပ္ခ်က္ႏွင့္ ကိုက္ညီသည့္ ဓါတ္ပုံမ်ားကို ရွန့္ေခ်ာင္ ပို႔ေပးလိုက္သည္။

ခ်င္ရွူးကိုယ္တိုင္သည္လည္း အံ့အားသင့္ေနသည္။ လူမ်ားစြာက မိမိတို႔ အားစိုက္ထုတ္ကာ ရိုက္ကူးခဲ့သည့္ ဓါတ္ပုံမ်ားကို အခေၾကးေငြမယူပဲ ယူသုံးခြင့္ ေပးနိုင္သည္မဟုတ္ေပ။ Fan Station မ်ား၏ တည္ရွိမွုမွာ အက်ိဳးအျမတ္ႏွင့္ဆက္ႏြယ္ေနၿပီး တစ္ခါတစ္ရံ တရားဝင္အဖြဲ႕အစည္းမ်ားႏွင့္ ဆက္ဆံေရးမွာ သဟဇာတျဖစ္ေလ့မရွိေပ။

ရွန့္ေခ်ာင္က ထပ္ေပါင္းဆိုသည္။

"ငါ့ဆီမွာ အမ်ားႀကီး ရွိေသးတယ္၊ ထပ္လိုခ်င္ရင္ အခ်ိန္မေရြး ငါ့ကို လာရွာလို႔ ရတယ္"

ခ်င္ရွူးက အလြန္အမင္းေပ်ာ္ရႊင္သြား၏။ ဒီလို ဓါတ္ပုံျပဳျပင္နိုင္သည့္ ဆရာက်သည့္သူမ်ိဳးမွာ ေတြ႕ဖို႔ခဲ့ယဥ္းလွ၏။ သူမက ခ်က္ခ်င္းပင္ ဆိုလာသည္။

"ငါတို႔အားလုံး မင္းဓါတ္ပုံေတြကို သေဘာက်တယ္၊ လူတိုင္းက မင္းကိုဆရာတင္ခ်င္ေနတာ၊ ငါတို႔အဖြဲ႕ထဲ မင္းကို ထည့္လို႔ရလား?"

ရွန့္ေခ်ာင္ ျငင္းဆန္ျခင္းမျပဳပဲ ဖန္အဖြဲ႕၏ group ထဲ ဝင္လိုက္သည္။

အဖြဲ႕ထဲရွိ အေယာက္ ၂၀ထက္မနည္းေသာသူမ်ားက "ႀကိဳဆိုပါတယ္ က်ယ္က်ဲ" ဟု ေရးသားလာၾကသည္။ ခ်င္ရွူးက

"ဖူေဆာရီးနာမည္က ေခၚရေထာက္လို႔၊ ေနာင္က် ငါတို႔ နင့္ကို အားဖူလို႔ ေခၚလို႔ရလား?"

ရွန့္ေခ်ာင္ - "......"

လူတိုင္း ခဏမၽွ ေပ်ာ္ရႊင္စြာ စကားေျပာဆိုၿပီးေနာက္ 'ေဟာ့ေဟာ့' အမည္ရသူတစ္ေယာက္က သူမထံ ေမးျမန္းလာသည္။

"အားဖူ၊ နင္ ရွိုးပြဲေတြပဲ လိုက္တာလား? တျခား လွုပ္ရွားမွုေတြနဲ႔ ပတ္သက္တဲ့ ဓါတ္ပုံတင္တာ မေတြ႕လို႔ဎ

ဖူေဆာရီး - "အင္း၊ အလုပ္မ်ားလြန္းေတာ့ ရွိုးပြဲေလာက္ပဲ ၾကည့္နိုင္တာ"

ေဟာ့ေဟာ့ - "ႏွေျမာစရာပဲ၊ ငါတို႔ေကာရဲ့ စီးပြါးေရးလွုပ္ရွားမွုဓါတ္ပုံေတြကလည္း တအားမိုက္တာ"

ဖူေဆာရီး - "နင္တို႔ ရိုက္ထားတဲ့ ပုံေတြ ငါ့ဆီ ပို႔ေပးလို႔ရတယ္၊ ငါ ျပင္ေပးမယ္ေလ၊ ငါ မသြားနိုင္ေပမဲ့ ၾကည့္လို႔ေတာ့ ရပါေသးတယ္"

ထိုမက္ေဆ့ခ်္ပို႔လိုက္သည္ႏွင့္ QQ တြင္ request မ်ားစြာ ေပၚေပါက္လာသည္။

[ေဟာ့ေဟာ့] က သင့္အားသူငယ္ခ်င္းျဖစ္ခြင့္ ေတာင္းခံလာပါသည္။

[ေလညႇင္းေလး] က သင့္အား သူငယ္ခ်င္းျဖစ္ခြင့္ ေတာင္းခံလာပါသည္။

[ရွီးေပါင္ေပ့က ငါ့အခ်စ္ဆုံး] က သင့္အား သူငယ္ခ်င္းျဖစ္ခြင့္ ေတာင္းခံလာပါသည္။

.......
တစ္ဒါဇင္ထက္မနည္းေသာ သူငယ္ခ်င္းျဖစ္ခြင့္ေတာင္းခံလႊာမ်ား ေပၚထြက္လာၿပီး ရွန့္ေခ်ာင္က တစ္ေယာက္ခ်င္းစီလက္ခံၿပီး သူတို႔ပို႔လာသည့္ ဓါတ္ပုံမ်ားကို လက္ခံသည္။

ဓါတ္ပုံျပင္နိုင္သည့္ ဆရာက်သူမ်ားမွာ ရွားပါးလွသည္။ ေသခ်ာေပါက္ ေပါင္လုံးဖက္ထားမွ ျဖစ္မည္။

ထို႔ေနာက္ ရွန့္ေခ်ာင္က တညလုံး ဓါတ္ပုံျပင္ျခင္းျဖင့္ အခ်ိန္ကုန္ဆုံးသည္။

မသိခဲ့လၽွင္ ကိစၥမရွိ၊ သို႔ေသာ္ ထိုဓါတ္ပုံမ်ားကို ရွန့္ေခ်ာင္ ျမင္ၿပီးေနာက္ ထိုလွုပ္ရွားမွုပြဲမ်ားဆီ မသြားနိုင္သည္ကို ေနာင္တရသလို ခံစားလာရသည္။ သူမ မျမင္ဖူးသည့္ စတိုင္လ္မွန္သမၽွကို ဤေနရာတြင္ တစုတစည္းထဲ ျမင္ေနရသည္။

သူမလက္ခံရရွိသမၽွ ဓါတ္ပုံမ်ားကို ျပင္ဆင္ၿပီး ျပန္ပို႔ၿပီးခ်ိန္တြင္ ညလယ္ေရာက္ေနေလၿပီ။ ဓါတ္ပုံအားလုံးျပန္ပို႔ေပးၿပီးေနာက္ သူမ အေရာင္က်ေဆးႏွစ္လုံးေသာက္လိုက္ၿပီး အိပ္ရာဝင္သည္။

ေနာက္တစ္ေန႔မနက္ ရွန့္ေခ်ာင္ ေနာက္က်သည္အထိ အိပ္ေနဆဲမွာပင္ ေပ့မင္းဖန္က ဇာတ္ညႊန္းကိုင္ကာ ေရာက္ရွိလာသည္။ ရွန့္ေခ်ာင္ မ်က္ကြင္းေအာက္တြင္ ညိဳမဲလ်က္ တံခါးဖြင့္ေပးလိုက္ၿပီး အိပ္ခန္းထဲမွ ေစာင္ျခဳံလ်က္သားျဖင့္ ဆိုဖာေပၚ ပုစြန္တုပ္လို တုပ္ေကြးလိုက္သည္။

ေပ့မင္းဖန္ - "မင္းမေန႔ညက ဘာလုပ္ေနတာလဲ? မင္းကို နားခိုင္းတာ မနားပဲ ေနာက္က်မွ အိပ္တယ္၊ မနက္ျဖန္ ဂ်ာကာတာဆီ ေလယာဥ္စီးသြားၿပီး ရိုက္ကူးေရး ဘယ္လိုလုပ္မလဲ ငါ ၾကည့္ဦးမယ္"

ရွန့္ေခ်ာင္ သူမလည္ေခ်ာင္းကို လက္ညႇိုးညႊန္ကာ စကားေျပာျခင္းမွ သူမလည္ေခ်ာင္းကို ကာကြယ္ရမည္ဟု ဆိုလိုက္သည္။

ေပ့မင္းဖန္ခမ်ာ ေျပာစရာစကားမဲ့သြားရၿပီး သူ႔လက္ထဲရွိ ဇာတ္ညႊန္းကို ကမ္းေပးလိုက္သည္။

"ဇာတ္ညႊန္းကို ငါ့ဆီ ပို႔လာၿပီ၊ အခ်ိန္ရရင္ ပိုဖတ္ၿပီး ပိုက်က္မွတ္ထား၊ တစ္ေယာက္ေယာက္ကို ရွာၿပီး ဇာတ္ဝင္ခန္းေတြ ေလ့က်င့္ထား၊ ေနာက္လက်ရင္ အဆင္သင့္ျဖစ္ေနေအာင္"

သူမအိုင္ေဒါလ္ႏွင့္ ပထမဆုံး ပူးတြဲလုပ္ေဆာင္ရမည့္ ဒရာမာမွာ မည္ကဲ့သို႔ေသာ အမ်ိဳးအစားနည္း။

ရွန့္ေခ်ာင္ ဇာတ္ညႊန္းစာအုပ္ကို လွမ္းယူလိုက္ၿပီး စိတ္အားထက္သန္စြာ လွန္ၾကည့္သည္။

ဒရာမာ ေခါင္းစဥ္မွာ "Fearless" ။

ဝိုး... ဒီနာမည္က တအားေလးနက္မေနဘူးလား?

သူမ စိတ္လွုပ္ရွားႀကီးစြာျဖင့္ ဇာတ္ေဆာင္စာမ်က္ႏွာကို ဖတ္လိုက္သည္။

{အမ်ိဳးသမီးဇာတ္ေဆာင္ - န်ဲ့ခ်င္း

အလုပ္အကိုင္ - ရဲအရာရွိ}

{အမ်ိဳးသားဇာတ္ေဆာင္ - ရႊီလုရွန္း

အလုပ္အကိုင္ - ေရွ႕ေန႔ }

ဘုရားေရ?! ေရွ႕ေန႔ဝတ္စုံအျပင္ မ်က္မွန္နဲ႔?

ေဟာ့ရွီးကေလ?

႐ူးၿပီ!!! ဒါ သူမကို အေသသတ္ေနတာပဲ!!!

*****
Note:

MTL translation အစြမ္းေၾကာင့္ အရင္ထက္ ဘာသာျပန္တာ ႏွစ္ဆၾကာေနတာပါ။ ဒါေပမယ့္ တပတ္ငါးပိုင္းကိုေတာ့ က်ိန္းေသေပါက္ ျပည့္ေအာင္ တင္ေပးမွာေနာ္။

ေနာက္ၿပီး GTKWF ကို Storyglory မွာလဲ တင္ထားပါတယ္။ Support လုပ္ခ်င္ရင္လဲ အဲ့မွာလဲ ဖတ္လို႔ ရပါတယ္။ Storyglory နဲ႔ ပတ္သက္တဲ့အေသးစိတ္ သိခ်င္တာပဲျဖစ္ျဖစ္ က်ဲကို ေမးခ်င္ရင္ Telegram @Blue_Oasis7 မွာ ေမးလို႔ ရပါတယ္။

ေနာက္ ဟိုရက္က ထပ္ေမးျပန္လို႔။ GTKWF က paid group မရွိပါ။ pdf လဲ မရွိပါ။ အစအဆုံးလည္း မရေသးပါဘူးေနာ္

*****

Continue Reading

You'll Also Like

507K 13.5K 42
The fate of a not so human king and a definitely human girl became entangled in a single meeting. A teenage girl from the 21st century somehow ended...
88.7K 2.3K 71
Akina Uchiha, the little sister of Itachi Uchiha, was known for her open and cheerful nature. There was hardly anyone in the Uchiha clan who behaved...
2.6M 150K 48
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
289K 4.3K 39
The class of 1-A were randomly sitting in the common space of their dorms until their teachers and the schools avid inventor Hatsume came into the ro...