{Unicode}
အပိုင်း ၅၇
ညစာစားပွဲပြီးနောက် ရှန့်ချောင် စာချုပ်တွင် လက်မှတ်ရေးထိုးသည်။
ဘုရားမှသာ သိနိုင်မဲ့ အချိန်ကတည်းက ပူပင်နေတဲ့ ပေ့မင်းဖန်သည်လည်း နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားသည်။ သို့သော် တိတ်ဆိတ်စွာ ထိုင်နေတဲ့ မိန်းကလေးကို မြင်ချိန်တွင်တော့ ပထမဆုံးအကြိမ်အဖြစ် စိတ်မချမ်းမြေ့ဖွယ် နှလုံးသားနာကျင်မှုကို ခံစားလိုက်ရသည်။
အစောပိုင်း Mr. ကျန်း သူမကို အခွင့်အရေးယူနေချိန်တွင် ရှန့်ချောင် ဒေါသပုန်ထကာ ရိုက်နှက်တော့မည်ဟု တွေးထင်နေမှုကြောင့် သူ ငြိမ်ငြိမ်ပင်မထိုင်နိုင်ချေ။ ထိုအချိန်ခဏတွင် ဒီဇာတ်ရုပ်ကို သူတို့မရနိုင်တော့ဟု တွေးမှတ်ကာ စိတ်အခြေအနေကိုပင် ကြိုတင်ပြင်ဆင်ထားခဲ့သည်။
သို့သော် လက်တွေ့တွင်မူ သူမက သည်းခံခဲ့သည်။
သူမကိုယ်တိုင်နှင့် ပတ်သက်သမျှအရာတိုင်းတွင် ရှန့်ချောင်က အမြဲတစေ သည်းညည်းခံလေ့ရှိမှန်း ပေ့မင်းဖန် ရုတ်တရက် နားလည်သွားသည်။
သူမနှင့် သိပင်မသိသည့် ပရိသတ်များအတွက် အခြားအနုပညာရှင်ကို စော်ကားနိုင်သူဟု သူမနှင့် ရင်းနှီးသူများက မြင်ကြသည်။ တခြားဖျော်ဖြေသူ၏ သီချင်းကို ခိုးကူးမှုအတွက် ဆိုးယုတ်သည့် တင်ဆက်သူကို သူမ ယမ်းပုံမီးကျ ဒေါပွပေမည်။ သူမက အချိန်မရွေး ပေါက်ကွဲနိုင်သည့် မီးတောင်ပမာဖြစ်ပြီး နေ့စဉ်လိုလို သူမ၏ ထိတ်လန့်ဖွယ် လုပ်ရပ်များက သူ့ကို စိုးရိမ်ပူပန်စေသည်။
သို့ရာတွင် အသက်အန္တရာယ်ခြိမ်းခြောက်စာများ လက်ခံရရှိရာတွင်သော်လည်းကောင်း သရဲကြောက်သော်လည်း သူ့ကြောင့် Horror show တွင် ပါဝင်ရန် သဘောတူညီခဲ့ခြင်းသော်လည်းကောင်း ယနေ့အရှက်ခွဲခံရသည့် အပြုအမူများပေါ်တွင်လည်းကောင်း သူမက အရာအားလုံးကို သည်းခံခဲ့သည်။
ယနေ့ည ညစာစားပွဲတွင် မည်သည်ကို ကြုံတွေ့ရမည်မှန်း သူမ မသိခဲ့သော်လည်း ကျိန်းသေပေါက် သည်းခံရမည်ဟု ကားပေါ်၌ သူမကို သူ သတိပေးခဲ့ချိန်တွင် ရှန့်ချောင်က လွယ်လင့်တကူ ခေါင်းညိတ်လက်ခံခဲ့သည်။
ဖျော်ဖြေရေးအသိုင်းအဝိုင်းအတွင်းတွင် ဤကဲ့သို့ နည်းလမ်းမျိုးမှာ အနုပညာရှင်များအတွက် အလွန်အမင်း ဖြစ်လေ့ဖြစ်ထရှိသည့် ကိစ္စရပ်မျိုး ဖြစ်သည်။ လူများစွာက ယခုကဲ့သို့ ဖြစ်ရပ်မျိုးအပေါ် အချိန်အတော်ကြာကတည်းကပင် ယဉ်ပါးနှင့်ခဲ့ပြီးလေပြီ။ ပေ့မင်းဖန် ဆိုခဲ့သလိုပင် နောက်ဆုံးစည်းမျဉ်းစည်းကမ်းကို ထိခိုက်မှု မရှိသရွေ့ သည်းခံခြင်းက အောင်နိုင်ခြင်းပင်။
ရှန့်ချောင် မည်သည်ကိုမှ နားမလည်ပဲ အနည်းငယ်သော ဆုံးရှုံးမှုကိုပင် သည်းမခံနိုင်ဟု ယခင်က သူ ထင်မှတ်ခဲ့ဖူးသည်။ သို့ရာတွင် ယနေ့အဖြစ်အပျက်အရ သူမက အရာအားလုံးကို နားလည်ပေသည်။
သူမရပ်တည်ရာနေရာအရ ဒီဒရာမာတွင် မင်းသမီးအဖြစ် သူမ ရိုက်ကူးခွင့်ရဖို့ မထိုက်တန်ချေ။ ယနေ့ဇာတ်ညွှန်းကို သူမ ရဖို့ရန်အတွက် အဖွဲ့က မည်မျှ အားအင်စိုက်ထုတ်ထားခဲ့သလဲ လူတိုင်း နားလည်သော်လည်း သူမသာ သည်းမခံနိုင်ခဲ့လျှင် အခွင့်အရေးကို တခြားသူများထံ လွှဲပြောင်းပေးရလိမ့်မည်။
ယနေ့ခေတ် အင်တာတိန်းမန့်လောကအတွင်း ထိပ်ဆုံးသို့ ရောက်ရှိလာသည့်သူများအနက် မည်သူကများ ဒီလို အရှက်ခွဲခံရမှုမျိုး မခံခဲ့ရသူ ရှိမလဲ?
မင်းကိုယ်တိုင်က လုံလုံလောက်လောက် မသန်မာလျှင် သည်းခံတတ်ဖို့ သင်ယူရပေမည်။
ကုမ္ပဏီက အခါအခွင့်သင့်အောင် ဖန်တီးပေးနိုင်ရုံသာ ရှိပြီး ရရှိလာသည့် အခွင့်အရေးကို ဆုပ်ကိုင်နိုင်ခြင်း ရှိမရှိမှာမူ မိမိကိုယ်တိုင်ပေါ်တွင်သာ မူတည်သည်။ အခွင့်အရေးတိုင်းက လှေကားထစ်များဖြစ်ပြီး ဒီလှေကားထစ်များပေါ် နင်းလျှောက်သွားမှသာလျှင် အမြင့်သို့ ရောက်နိုင်ကာ နောက်ဆုံးတွင် အခြားသူများနှင့် ကွဲပြားစွာ ရပ်တည်နိုင်လိမ့်မည်။
သူမက ပထမဆင့်အနုပညာရှင်မဟုတ်သလို သရုပ်ဆောင်ကောင်းသူ တစ်ယောက်လည်းမဟုတ်။ သူမ၏ အားအင်ကို ပြသနိုင်သည့် ဒရာမာစီးရီးကား နတ္တိ။ ကုမ္ပဏီကြီးတစ်ခုက သူမကို ထောက်ပံ့ပေးမည့် နေရာအတွက်ပင် ထိုက်တန်သူမဟုတ်။
ယခင်က သူမအားပြောခဲ့သည့် ပြန်လှန်တွန်းလှန်ခြင်းမှာ ဟာသသက်သက်သာ။
ဟော့ရှီးကို ကြည့်စမ်း၊ ထုတ်လုပ်သူက သူ့အလိုကိုလိုက်ကာ သူတို့၏ ဒေါသတွေကို ချိုးနှိမ်ထားရမည်မဟုတ်လား၊ ဒါသည်ပင် သူ၏ စွမ်းဆောင်နိုင်စွမ်းကို သက်သေထူနေခြင်းဖြစ်သည်။
သောက်ကျိုးနည်း နေစမ်းပါဦး၊ ဟော့ရှီးက ဘယ်လိုရောက်လာတာလဲ? နောက်ပြီး သူမကို ဒီလောက်ထိ ကာကွယ်ပေးနေတယ်တဲ့လား?
ပေ့မင်းဖန် အံ့အားသင့်သွားကာ ခိုးကြည့်လိုက်သည်။ ရင်းနှီးမြုပ်နှံသူများနှင့် ထုတ်လုပ်သူများကား ပြန်သွားနှင့်လေပြီ။ ရှန့်ချောင် စားပွဲထိုးဆီ ခပ်မြန်မြန်သွားကာ ရေနွေးပူတစ်ခွက် တောင်းချိန်တွင် သူမမျက်ဝန်းတွေက စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နှက်နေသည်။ သူမ ဟော့ရှီးဘေး ဆောင့်ကြောင့်ထိုင်ကာ သူ့ထံ ခပ်ဖွဖွမေးသည်။
"နေလို့ ကောင်းရဲ့လား? ဗိုက်အောင့်နေလား? အိမ်သာထဲ သွားအန်ချင်လား?"
ဟော့ရှီး မျက်ဝန်းတို့ မှေးမှိတ်ကာ နားထင်ကို ပွတ်သပ်လိုက်ပြီးနောက် ခပ်တိုးတိုးဖြေသည်။
"ရတယ်၊ အဆင်ပြေတယ်"
ရှန့်ချောင် စိတ်ပူလွန်းသဖြင့် ငိုချင်စိတ်ပေါက်လာသည်။
အစောပိုင်း ညစာစားချိန်တွင် ဟော့ရှီးက သူ့ဆီ ရောက်လာသမျှ ဂုဏ်ပြုသေရည်မှန်သမျှကို မငြင်းခဲ့ပေ။ ဒီလောကထဲ သူ ရောက်ရှိနေပြီမှာ အချိန်ကြာမြင့်ခဲ့ပြီးဖြစ်ကာ စည်းကမ်းချက်များကို ကောင်းစွာ နားလည်သည်။ နေ့လယ်ခင်း ဖုန်းပြောချိန်တွင် ရင်းနှီးမြုပ်နှံသူများနှင့် ရှန့်ချောင် ညစာစားမည့်အကြောင်း သိရှိပြီးဖြစ်ကာ ဒီအခြေအနေကို သူ မျှော်လင့်ထားခဲ့ပြီးဖြစ်သည်။ ရှိုးပွဲအတွက် အသံသွင်းပြီးသည်နှင့် သူမကို အရှက်ခွဲမည့်နည်းလမ်းများကို တားဆီးကာကွယ်ပေးနိုင်ရန် သူ အလျှင်အမြန်ပြန်လာခဲ့ပြီး ဝင်လာချင်းတုန်းက ဖြစ်ပျက်ခဲ့သည့် အခန့်မသင့်မှုကို ဖြေရှင်းရန် အရက်သောက်ရုံသာ တတ်နိုင်သည်။
ဝိုင်အရသာမှာ ခပ်ပြင်းပြင်း။ ပထမပိုင်းတွင် အကျိုးသက်ရောက်မှု မရှိသော်လည်း ယခု သူ မတ်တပ်ရပ်ရန် ဟန်ပြင်ချိန်တွင်မူ မျက်ဝန်းတို့ မှိတ်လိုက်ချိန်တိုင်း ကမ္ဘာတစ်ခုလုံး ချာချာလည်နေသည်ဟု ခံစားနေရပြီး သူ့အသိစိတ်ပင် ဝေဝါးစပြုလာသည်။
ဟော့ရှီး တဖြည်းဖြည်း ဘေးဘက်သို့ ယိုင်သွားသည်ကို ရှန့်ချောင် မြင်လိုက်ရသည်မို့ သူ့ကို တွဲပွေ့လိုက်သည်။ သူ့ကို ဒီလိုမြင်ရသည်မှာ သူမကို နာကျင်စေသည်။ သူမ ခေါင်းမော့ကာ ပေ့မင်းဖန်ဆီ လှမ်းအော်ခေါ်လိုက်သည်။
"ပေ့ကော၊ သူ့ကို ကားဆီ အရင်ခေါ်သွားရအောင်"
ပေ့မင်းဖန် ခပ်မြန်မြန် သဘောတူလာပြီးနောက် သူမကို လာကူညီသည်။ ရှန့်ချောင်က အိတ်ထဲမှ ဦးထုပ်နှင့် Mask ကို ထုတ်ယူလိုက်ပြီး ဟော့ရှီးကို ဂရုတစိုက် ဝတ်ဆင်ပေးသည်။ ပေ့မင်းဖန်နှင့် သူမတို့နှစ်ယောက် သူ့ဘေးတွင် ဘယ်ညာတွဲကူကာ အပြင်သို့ ထွက်လာသည်။
ဖန်းပိုင်က ကားထဲတွင် ဂိမ်းဆော့နေခြင်းဖြစ်ပြီး ဒီမြင်ကွင်းကြောင့် သူ ထိတ်လန့်သွားသည်။
"ဟော့ရှီးကော? ဘယ်လိုဖြစ်တာလဲ? သူ ဘာလို့ ဒီလောက်ထိ အရက်မူးနေတာလဲ?"
လူသုံးယောက်က ဟော့ရှီးကို ကားထဲ ဝင်နိုင်ရန် ကူညီပေးလိုက်ကာ ရှန့်ချောင်က ဟော့ရှီးနှင့်အတူ နောက်ခန်းတွင် ထိုင်သည်။ ဟော့ရှီးကို သူမ ပခုံးပေါ် မှီစေပြီး ဖန်းပိုင်ထံ သူ့အိမ်လိပ်စာ ရွတ်ပြလိုက်သည်။
ဖန်းပိုင် လမ်းညွှန်တွင် အိမ်လိပ်စာကို ရိုက်ထည့်လိုက်ပြီးနောက် လမ်းမပေါ် ကားမောင်းထွက်လာသည်။ ပေ့မင်းဖန် ခေါင်းလှည့်ကာ အနောက်လှည့်ကြည့်ချိန်တွင် မလှုပ်နိုင်တော့သည့် ဟော့ရှီးကို ရှန့်ချောင်က ပွေ့ဖက်ထားပြီး သူမမျက်ဝန်းတွေက ကိုယ့်ကိုယ်ကိုယ်အပြစ်တင်စိတ်နှင့် နာကျင်မှုတို့ဖြင့် ပြည့်နှက်နေသည်။ ဂရုတစိုက်ရှိလှသည့် ပြုမူဟန်မှာ သူမလက်မောင်းတွေထဲ ပွေ့ဖက်ထားသည်က ကွဲရှလွယ်သည့် ရတနာတစ်ပါးသဖွယ်။
ဒီတော့ ဒါက ဟော့ရှီးကို မုန်းတယ်ဆိုတဲ့ အပြုအမူလား?
ဒါက သိသိသာသာကြီးကို အရိုးထဲထိ ချစ်မြတ်နိုးမှု မဟုတ်ဘူးလား?
ပေ့မင်းဖန် သူ့စိတ်ထဲ သက်ပြင်းချလိုက်ပြီးနောက် အကဲစမ်းလိုဟန် မေးခွန်းထုတ်သည်။
"ရှောင်ချောင်၊ မင်းနဲ့ ဟော့ရှီးက ကြိုက်နေတာလား?"
သူ ဒီမေးခွန်းမေးလိုက်မိမှန်း သူ့ကိုယ်သူပင် မယုံနိုင်ပေ။ ဒါကို ချစ်မြတ်နိုးသည်ဟု မခေါ်လျှင် ချစ်ခြင်းမေတ္တာကား အဘယ်နည်း။
ရလဒ်အနေဖြင့် ရှန့်ချောင် ငြင်းဆန်လာမည်ဟု သူ မမျှော်မှန်းထားခဲ့။
"မဟုတ်ဘူး"
ပေ့မင်းဖန် ကြောင်အသွားခဲ့ရပြီးနောက် သူမ တမင်ငြင်းနေသည်ဟု တွေးကာ
"ရှောင်ချောင်၊ ငါ့ကို မဖုံးကွယ်ထားနဲ့၊ ကုမ္ပဏီက မင်းကို ချစ်သူမထားရဘူး မပြောပေမဲ့ တစ်ဖက်လူက ဟော့ရှီး ဖြစ်နေရင်တော့ ဒီဆက်ဆံရေး ပေါ်သွားတဲ့ချိန်ကျ ဖြစ်လာနိုင်တာတွေကို ကြိုပြင်ထားမှ ဖြစ်မယ်"
"ကျွန်မတို့က တကယ့်ကို စုံတွဲတွေ မဟုတ်ဘူး"
သူ့ဘေးရှိ ဖန်းပိုင်က မနေနိုင်တော့ပဲ ဝင်ရှင်းပြသည်။
"သူ ဘယ်လို ချစ်ခြင်းမျိုးနဲ့ ပတ်သက်နေလဲ သိလား? သူက သူ့အိုင်ဒေါလ်နောက်လိုက်နေတာ၊ သူက ဟော့ရှီးဖန်"
ပေ့မင်းဖန် - "? ? ?"
သူ အတွက်အချက် မှားယွင်းသွားခဲ့ခြင်း။
ကားက ဆေးဆိုင်တစ်ဆိုင်ကို ဖြတ်ကျော်သွားချိန်တွင် ဖန်းပိုင်ကို ကားရပ်ပေးဖို့ ရှန့်ချောင် လှမ်းပြောလ်ုက်ပြီး ပေ့မင်းဖန်ကို အမူးပြေဆေးတစ်ချို့ ဝယ်ခိုင်းလိုက်သည်။ ထို့နောက်တွင်မှ ဟော့ရှီး အိမ်ရှိရာဆီ မောင်းနှင်လာသည်။
ဖန်းပိုင်နှင့် ပေ့မင်းဖန်က ဟော့ရှီးကို တွဲကူထားပြီး ရှန့်ချောင်က ရှေ့မှ ဦးဆောင်သည်။ သူမ ဟော့ရှီးအိမ်ရှေ့ ရောက်ချိန်တွင် တံခါးသော့မှာ Password ဖြင့် ဖွင့်ရသည့် အမျိုးအစားမှန်း မြင်တွေ့လိုက်ရသည်။ ဟော့ရှီးက အိပ်ပျော်သွားသည်အထိ မူးနေခြင်းမျိုး မဟုတ်တာမို့ password ရွတ်ပြသည်။ အိမ်ထဲဝင်လာပြီးနောက် နှစ်ယောက်သားက အပေါ်ထပ်ရှိအိပ်ခန်းဆီ ဟော့ရှီးကို တွဲပို့သည်။
ရှန့်ချောင်က သူ့ကို ကူညီပြီး ဖိနပ်နှင့် ကုတ်အကျီ ချွတ်ပေးပြီး စောင်ခြုံပေးသည်။ ထို့နောက် အမူးပြေဆေးသောက်ရန် ရေနွေးအတွက် အပေါ်အောက် ပြေးဆင်းယူသည်။
သူမရဲ့ လှုပ်ရှားမှုကြောင့် ပေ့မင်းဖန်မျက်နှာတွင် စိတ်ရှုပ်ထွေးဟန် အထင်းသား ပေါ်ပေါက်နေကာ နောက်ဆုံး သူမ ရပ်သွားချိန်တွင်မှ တုံ့ဆိုင်းစွာ မေးသည်။
"ဒါဆို ငါတို့ သွားကြမလား?"
ရှန့်ချောင် တံခါးဝတွင်ရပ်ကာ အိပ်မောကျနေပုံရသည့် ထိုသူ့ထံ လှမ်းကြည့်ပြီးနောက် ခေါင်းခါယမ်းသည်။
"ကျွန်မ မပြန်ဘူး၊ သူ့ကို စောင့်ကြည့်မှ ရမယ်၊ နောက်ပြီး မူးနေတဲ့ သူကို တစ်ယောက်ထဲ ချန်ထားခဲ့လို့ မဖြစ်ဘူး"
(T/N: အမူးသောက်ပြီး တစ်ကောင်တည်း အိပ်ရသူများအတွက် မျက်ရည်နှစ်စက် 🥲)
အသက်ရှူလမ်းကြောင်းတွင်း အန်ဖတ်ပိတ်ဆို့ကာ သေဆုံးရသည့်အခြေအနေမျိုး များစွာ ရှိဖူးသည်မို့ ပေ့မင်းဖန် အငြင်းစကား မဆိုနိုင်ပေ။ ထို့ကြောင့် သူမကို အနည်းငယ် မှာကြားပြောဆိုပြီးနောက် ဖန်းပိုင်နှင့် အတူပြန်သွားသည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားချိန်တွင် ရှန့်ချောင် ရေချိုးခန်းဆီ ခြေဖော့သွားကာ မျက်နှာသုတ်ပဝါတစ်ထည်ကို ရေနွေးဆွတ်လိုက်ပြီးနောက် အိပ်ခန်းဆီ ပြန်လာသည်။ ထို့နောက် အိပ်ရာဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ သူ့မျက်နှာနှင့် ခြေလက်တို့ကို သန့်ရှင်းပေးသည်။
သူ့လက်ဖဝါးကို သူမ သုတ်သင်ပေးနေချိန်တွင် သူ့လက်ချောင်းတို့ ကွေးညွတ်သွားပြီး သူ့လက်ဖဝါးထဲ သူမလက်ကို ထွေးဆုပ်လာသည်။
သူ့မျက်ဝန်းတွေကား ပိတ်ယှက်ထားဆဲဖြစ်ပြီး အရက်မူးနေသည့် လေသံဖြင့် တိုးတိုးဖွဖွမေးသည်။
"မင်း မပြန်ဘူးလား?"
ရှန့်ချောင် သူ့ကို ငုံ့ကြည့်လိုက်သည်။ နှစ်ဦးသားမှာ နီးကပ်လွန်းလှသဖြင့် သူ၏ လှုပ်ခတ်နေသည့် မျက်တောင်ရှည်တွေနှင့် အရက်ရှိန်ကြောင့် နီမြန်းမြန်းဖြစ်နေသည့် ပါးပြင်ကို မြင်နေရသည်။ သူ့မျက်ဝန်းထောင့်ရှိ ကပ်ညိနေသည့် ဆံနွယ်စကို သူမ ဖယ်ပေးလိုက်ပြီးနောက် ဂရုတစိုက်မေးသည်။
"အင်း... ကျွန်မ နေခဲ့လို့ ရလား?"
သူ့မျက်တောင်ဖျားတို့ လှုပ်ခတ်သွားသည်မှာ မျက်ဝန်းတို့ ဖွင့်လိုဟန်၊ သို့သော် ဟော့ရှီးခမျာ အမူးလွန်နေပြီးဖြစ်ကာ အဆုံးထိ မျက်ဝန်းတို့ မဖွင့်နိုင်ချေ။ သူ ပြုံးလိုက်ပြီးနောက် ဖွဖွဆိုသည်။
"အင်း"
သူမ သူ့လက်ကို ထုတ်ယူလိုက်ပြီးနောက် သူမလက်ထဲရှိ ပဝါဖြင့် အသေအချာ သုတ်သင်ပေးသည်။ ဟော့ရှီးက အိပ်မောကျသွားပြီးနောက် ထပ်လှုပ်မလာတော့ပဲ အသက်ရှူသံမှာ တိုးညှင်းသွားသည်။ ရှန့်ချောင် မီးပိတ်လိုက်ပြီးနောက် ကုတင်ရှိရာဆီ ပြန်လျှောက်လာကာ ကြမ်းပြင်ပေါ် ထိုင်ချလိုက်သည်။
ပြတင်းပေါက်ကျဆင်းလာတဲ့ လရောင်ကလွဲ၍ ပတ်ပတ်လည်တွင် ပိန်းပိတ်အောင် မှောင်မဲလျက်ရှိသည်။ သူမနှာသီးဖျားတွင် အရက်နံ့ရနေသော်လည်း အနေခက်သည်ဟု စိုးစဉ်းမျှ မထင်ပေ။ ကုတင်ဘေးတွင် ခေါင်းတင်ကာ သူ့အသက်ရှူသံကို နားထောင်ရင်း အမှောင်ထဲတွင် တိတ်တဆိတ် မျက်ရည်ကျသည်။
......
ဟော့ရှီးနိုးလာချိန်ကား နောက်တစ်ရက် နေ့လယ်ခင်း။
အမူးဒဏ်ကြောင့် သူ့ခေါင်းတစ်ခုလုံး အုံခဲနေကာ နာကျင်လျက်ရှိသည်။ သူ ထထိုင်လိုက်ပြီး မော့ကြည့်သည်။ ရှန့်ချောင်ကား အခန်းထဲတွင် မရှိတော့။ သူ တံခါးဖွင့်ပြီး အပြင်သို့ ထွက်လာကာ လှေကားဆီ လျှောက်လာပြီး အောက်သို့ ငုံ့ကြည့်ချိန်တွင် မီးဖိုခန်းမီးလင်းနေပြီး ရေကျသံ ကြားနေရသည်။
သူ နောက်လှည့်ကာ အခန်းပြန်ပြီး ရေမျိုးချိုးပြီးနောက် အဝတ်လဲပြီးချိန်မှ အောက်ထပ်ဆင်းလာသည်။
မီးဖိုခန်းထဲတွင် ထမင်းနံ့သင်းသင်းကား ပျံ့နှံ့လျက်။ သူမက ဆန်ပြုတ်အိုးတစ်ဝက်ချက်ထားကာ ယောက်မဖြင့် ခပ်သာသာမွှေနေသည်။ ခေါင်းလှည့်ကြည့်ကာ တံခါးတွင် ရပ်နေသည့် ဟော့ရှီးကို မြင်ချိန်တွင် ပျော်ပျော်ရွှင်ရွှင်ဆိုလာသည်။
"ဟော့ရှီး၊ ရှင်နိုးလာပြီ!"
ရှန့်ချောင် အမူးပြေဟင်းရည်ကို ထုတ်ယူလာကာ သူ့ထံ ကမ်းပေးသည်။ ထို့နောက် စိုးရိမ်တကြီး မေးမြန်းသည်။
"မသက်မသာဖြစ်နေတဲ့ နေရာမျိုး ရှိလား?"
အမူးပြေဟင်းရည်ကို မော့သောက်ပြီးနောက် ဟော့ရှီး ခေါင်းယမ်းသည်။ သူမမျက်ဝန်းအောက်ရှိ ခပ်ညိုညိုအရာတို့ကို မြင်တွေ့ပြီးနောက် မျက်မှောင်ကြုတ်သည်။
"မင်း မနေ့ညက မအိပ်ဘူးလား?"
သူမ တစ်ညလုံး ကုတင်ဘေးတွင် လှဲလျောင်းနေခဲ့မှန်း သူ မသိပေ။
ရှန့်ချောင်က ရယ်ရယ်မောမောဖြင့်
"ကျွန်မ အဆင်ပြေတယ်၊ ဆန်ပြုတ်အဆင်သင့်ဖြစ်နေပြီ၊ ရှင်အပြင်ထွက်စောင့်နေ"
သူမ ပြန်လှည့်သွားကာ မီးဖိုထဲ အလုပ်ရှုပ်နေသည်။ ဆန်ပြုတ်ပန်းကန်အပြင် တွဲစားစရာ ဟင်းအမယ်အချို့ကိုပါ ထုတ်ယူလာပြီး သူ မြည်းစမ်းပြီးသည်အထိ စောင့်ဆိုင်းပြီးမှ
"ဗိုက်က နေလို့ ကောင်းသွားပြီလား?"
ဟော့ရှီး ခေါင်းညိတ်သည်။
"အိုးထဲမှာ ဆန်ပြုတ်ကျန်သေးတယ်၊ ဗိုက်ကို အားဖြည့်တဲ့အနေနဲ့ ခပ်ပေါ့ပေါ့စားသင့်တယ်"
မနေ့ညက ဖြစ်ပျက်ခဲ့သည်ကို နှစ်ယောက်စလုံး စကားမစချေ။
သူ စားနေချိန်တွင် သူမက မီးဖိုချောင်ကို သန့်ရှင်းပြီးဖြစ်ပြီး ပြန်ထွက်လာပြီးနောက် ကုတ်အကျီ ဝတ်လိုက်သည်။
"ဒါဆို ဟော့ရှီး ကျွန်မ ပြန်တော့မယ်"
ဟော့ရှီး ဆန်ပြုတ်ပန်းကန်ကို အောက်ချကာ
"ငါ မင်းကို လိုက်ပို့ပေးမယ်"
ရှန့်ချောင်က ခပ်မြန်မြန်လက်ခါလာသည်။
"မဟုတ်ဘူး မဟုတ်ဘူး၊ နေ့လယ်ခင်းကြီး ဘာလို့ ဟိုပြေး ဒီပြေးလုပ်မှာလဲ? အိမ်မှာပဲ အနားယူ၊ ရှင့်မျက်နှာအရောင်က သိပ်မကောင်းသေးဘူး၊ ကော်ဖီစားပွဲပေါ်မှာ ကျွန်မ ဆေးတင်ထားခဲ့တယ်၊ အမျိုးအစားကို ခွဲမှတ်ပေးထားတယ်၊ တကယ်လို့ မသက်သာရင် ဆေးသောက်ဖို့ မမေ့နဲ့နော်"
ဟော့ရှီးက အနည်းငယ် မူးဝေနေဆဲဖြစ်ကာ ကားမောင်းဖို့ မသင့်တော်သေးသည်မို့ သူ ပြန်ထိုင်လိုက်ပြီး ခေါင်းညိတ်သည်။
ရှန့်ချောင် ရယ်ရယ်မောမောဖြင့် သူ့ကိုနှုတ်ဆက်ကာ တံခါးဝတွင် ဖိနပ်လဲဝတ်ပြီးနောက်
"ဟော့ရှီး ဘိုင့်ဘိုင့်"
ဟော့ရှီး - "မင်း အိမ်ပြန်ရောက်ရင် မက်ဆေ့ချ်ပို့နော်"
ရှန့်ချောင် ခေါင်းညိတ်ကာ ဦးထုပ်နှင့် mask တက်လိုက်ပြီး တံခါးဖွင့်ကာ ခေါင်းငုံထွက်သည်။
......
သူမအိမ်ပြန်ရောက်ချိန်တွင် ပေ့မင်းဖန်ထံမှ ဖုန်းဝင်လာကာ သူမ ဟော့ရှီးအိမ်မှ ပြန်ထွက်လာပြီးဖြစ်ကြောင်း သတင်းပို့သည်။ ပေ့မင်းဖန်က စိတ်သက်သာရာရသွားဟန် သက်ပြင်းချပြီး တောင်းပန်စကားဆိုသည်။
"ရှောင်ချောင်၊ မနေ့ညက ကိစ္စအတွက် ငါ တောင်းပန်ပါတယ်၊ ဒီ ကျန်းမျိုးရိုးက သူ့ဂုဏ်သိက္ခာကိုတောင် ထည့်မတွက်တော့ဘူးလို့ ငါ မထင်ထားမိဘူး၊ သူ့ကုမ္ပဏီက တွဲဖက်မြုပ်နှံသူပဲ ဆိုပေမဲ့ ထုတ်လုပ်ရေးမှာတော့ ပြောရေးဆိုခွင့် ရှိတဲ့သူဖြစ်နေတာ၊ အဲ့ဒါကြောင့် မင်းကို ထိကပါးရိကပါးလုပ်ရမှာ မကြောက်တာ"
"ရပါတယ်၊ ကျွန်မ အရမ်းကြီး စော်ကားခံရတာလဲ မဟုတ်ပါဘူး"
သူမ၏ စိတ်ထားကို သူ သဘောကျသွားကာ အပြုံးဖြင့် ဆိုသည်။
"အခု စာချုပ်မှာ လက်မှတ်ထိုးပြီးပြီဆိုတော့ စိတ်ချနိုင်ပြီ၊ နောက်အပတ်ကျရင် မင်းဆီ ဇာတ်ညွှန်းပို့ပေးလိမ့်မယ်၊ မင်း ကြိုပြင်ဆင်ထားပေါ့၊ ငါ မင်းကို ယုံတယ်၊ ဒီ ဒရာမာက ကျိန်းသေပေါက် နာမည်ကြီးမယ်မှန်း ငါ သိတယ်၊ နောက်ပြီး အချိန်ကျရင် မင်း ဆုရပြီး စူပါစတားဖြစ်လာမှာ၊ ဘဝမှာ အောင်မြင်မှု အထွတ်အထိပ်ရောက်လိမ့်မယ်"
ရှန့်ချောင် - "ဒရာမာဖြင့် မရိုက်ရသေးဘူး၊ ရှင်တွေးတာ လွန်နေပြီ"
အမှန်တကယ်တွင်မူ ပေ့မင်းဖန်က အခြေအနေကို ပုံမှန်အတိုင်း ဖြစ်စေလိုခြင်းဖြစ်ပြီး နှစ်ဦးသား ရယ်မောကာ စကားစမြည်ဆိုပြီးနောက် ဖုန်းချလိုက်သည်။
နောက်ရက်အနည်းငယ်အတွင်း မုန့်ရှင်းချန်က သူမကို သရုပ်ဆောင်သင်တန်း ပို့ချသည်။ သူမက ယခင်အသိပညာအဟောင်းနှင့် အသစ်များ ရောနှောစေသည်။ ထို့နောက် 'Starlight Junior' အတွက် အပိုင်းသစ် ရိုက်ကူးပေးသည်။ သူမ၏ လစဉ်သုံးပစ္စည်းကြော်ငြာမှာလည်း အဓိကရုပ်သံလိုင်းများတွင် ကြိမ်ဖန်များစွာ ထုတ်လွှင့်လျက်ရှိသည်။
ဤကဲ့သို့ လူနေမှုဘဝနှင့် ပတ်သက်သည့် ကြော်ငြာများမှာ ထပ်ဖန်တလဲလဲ ထုတ်လွှင့်လေ့ရှိသည်။ တီဗီအစီအစဉ်များကြည့်ရှုရသည်ကို သဘောကျသည့် မိခင်များမှာ ချန်နယ်ပြောင်းသည့်အခါတိုင်း လစဉ်သုံး ပစ္စည်းအပေါ် သူမ ကနေသည်ကို မြင့်ရလေ့ရှိသည်။
သူမ၏ တိုင်းပြည်တွင်း ကျော်ကြားမှုမှာ ထိုးတက်လာကာ ဒီကြော်ငြာကို သူမအား မှတ်မိစေသည့် ကြော်ငြာအဖြစ် ရှုမြင်နိုင်သည်။ နောင်အခါ သူမ၏ ဒရာမာများ ထုတ်လွှင့်ချိန်တိုင်း မိခင်များနှင့် ရီမုကိုင်ထားသည့် အဘွားများက သူမကို မြင်ချိန်တိုင်း 'ဒါလစဉ်သုံးပစ္စည်းပေါ် ကနေတဲ့ မင်းသမီးမဟုတ်ဘူးလား?' ဟု မေးကြပေမည်။
*****
စာဖတ်သူတွေ မေးနေကြသလိုပဲ သူတို့ တွဲနေပြီလားဆို မတွဲသေးပါဘူး၊ တွဲဖို့က လိုပါသေးတယ် 🤧 ဒါပေမယ့် ကလိကလိဖြစ်အောင်ကတော့ ဆက်လုပ်ဦးမှာပါ။
ခုထိ ကွန်မန့် မန့်လို့ မရသေးလို့ T/N တွေတော့ များနေဦးမှာ။ T/N မကြိုက်သူများ ဆောရီးပါလို့ 🥲
ဒါနဲ့ ဒီတလော CR ကိစ္စကြောင့် ခေါင်းစဉ်ကို GTKWF လို့ အတိုကောက် ပြောင်းထားပါမယ်။ မြန်မာလို တပ်ဖို့ကျ နည်းနည်းတမျိုးကြီးဖြစ်လို့။
****
{Zawgyi}
အပိုင္း ၅၇
ညစာစားပြဲၿပီးေနာက္ ရွန့္ေခ်ာင္ စာခ်ဳပ္တြင္ လက္မွတ္ေရးထိုးသည္။
ဘုရားမွသာ သိနိုင္မဲ့ အခ်ိန္ကတည္းက ပူပင္ေနတဲ့ ေပ့မင္းဖန္သည္လည္း ေနာက္ဆုံးတြင္ သက္ျပင္းခ်နိုင္သြားသည္။ သို႔ေသာ္ တိတ္ဆိတ္စြာ ထိုင္ေနတဲ့ မိန္းကေလးကို ျမင္ခ်ိန္တြင္ေတာ့ ပထမဆုံးအႀကိမ္အျဖစ္ စိတ္မခ်မ္းေျမ့ဖြယ္ ႏွလုံးသားနာက်င္မွုကို ခံစားလိုက္ရသည္။
အေစာပိုင္း Mr. က်န္း သူမကို အခြင့္အေရးယူေနခ်ိန္တြင္ ရွန့္ေခ်ာင္ ေဒါသပုန္ထကာ ရိုက္ႏွက္ေတာ့မည္ဟု ေတြးထင္ေနမွုေၾကာင့္ သူ ၿငိမ္ၿငိမ္ပင္မထိုင္နိုင္ေခ်။ ထိုအခ်ိန္ခဏတြင္ ဒီဇာတ္႐ုပ္ကို သူတို႔မရနိုင္ေတာ့ဟု ေတြးမွတ္ကာ စိတ္အေျခအေနကိုပင္ ႀကိဳတင္ျပင္ဆင္ထားခဲ့သည္။
သို႔ေသာ္ လက္ေတြ႕တြင္မူ သူမက သည္းခံခဲ့သည္။
သူမကိုယ္တိုင္ႏွင့္ ပတ္သက္သမၽွအရာတိုင္းတြင္ ရွန့္ေခ်ာင္က အျမဲတေစ သည္းညည္းခံေလ့ရွိမွန္း ေပ့မင္းဖန္ ႐ုတ္တရက္ နားလည္သြားသည္။
သူမႏွင့္ သိပင္မသိသည့္ ပရိသတ္မ်ားအတြက္ အျခားအႏုပညာရွင္ကို ေစာ္ကားနိုင္သူဟု သူမႏွင့္ ရင္းႏွီးသူမ်ားက ျမင္ၾကသည္။ တျခားေဖ်ာ္ေျဖသူ၏ သီခ်င္းကို ခိုးကူးမွုအတြက္ ဆိုးယုတ္သည့္ တင္ဆက္သူကို သူမ ယမ္းပုံမီးက် ေဒါပြေပမည္။ သူမက အခ်ိန္မေရြး ေပါက္ကြဲနိုင္သည့္ မီးေတာင္ပမာျဖစ္ၿပီး ေန႔စဥ္လိုလို သူမ၏ ထိတ္လန့္ဖြယ္ လုပ္ရပ္မ်ားက သူ႔ကို စိုးရိမ္ပူပန္ေစသည္။
သို႔ရာတြင္ အသက္အႏၲရာယ္ၿခိမ္းေျခာက္စာမ်ား လက္ခံရရွိရာတြင္ေသာ္လည္းေကာင္း သရဲေၾကာက္ေသာ္လည္း သူ႔ေၾကာင့္ Horror show တြင္ ပါဝင္ရန္ သေဘာတူညီခဲ့ျခင္းေသာ္လည္းေကာင္း ယေန႔အရွက္ခြဲခံရသည့္ အျပဳအမူမ်ားေပၚတြင္လည္းေကာင္း သူမက အရာအားလုံးကို သည္းခံခဲ့သည္။
ယေန႔ည ညစာစားပြဲတြင္ မည္သည္ကို ၾကဳံေတြ႕ရမည္မွန္း သူမ မသိခဲ့ေသာ္လည္း က်ိန္းေသေပါက္ သည္းခံရမည္ဟု ကားေပၚ၌ သူမကို သူ သတိေပးခဲ့ခ်ိန္တြင္ ရွန့္ေခ်ာင္က လြယ္လင့္တကူ ေခါင္းညိတ္လက္ခံခဲ့သည္။
ေဖ်ာ္ေျဖေရးအသိုင္းအဝိုင္းအတြင္းတြင္ ဤကဲ့သို႔ နည္းလမ္းမ်ိဳးမွာ အႏုပညာရွင္မ်ားအတြက္ အလြန္အမင္း ျဖစ္ေလ့ျဖစ္ထရွိသည့္ ကိစၥရပ္မ်ိဳး ျဖစ္သည္။ လူမ်ားစြာက ယခုကဲ့သို႔ ျဖစ္ရပ္မ်ိဳးအေပၚ အခ်ိန္အေတာ္ၾကာကတည္းကပင္ ယဥ္ပါးႏွင့္ခဲ့ၿပီးေလၿပီ။ ေပ့မင္းဖန္ ဆိုခဲ့သလိုပင္ ေနာက္ဆုံးစည္းမ်ဥ္းစည္းကမ္းကို ထိခိုက္မွု မရွိသေရြ႕ သည္းခံျခင္းက ေအာင္နိုင္ျခင္းပင္။
ရွန့္ေခ်ာင္ မည္သည္ကိုမွ နားမလည္ပဲ အနည္းငယ္ေသာ ဆုံးရွုံးမွုကိုပင္ သည္းမခံနိုင္ဟု ယခင္က သူ ထင္မွတ္ခဲ့ဖူးသည္။ သို႔ရာတြင္ ယေန႔အျဖစ္အပ်က္အရ သူမက အရာအားလုံးကို နားလည္ေပသည္။
သူမရပ္တည္ရာေနရာအရ ဒီဒရာမာတြင္ မင္းသမီးအျဖစ္ သူမ ရိုက္ကူးခြင့္ရဖို႔ မထိုက္တန္ေခ်။ ယေန႔ဇာတ္ညႊန္းကို သူမ ရဖို႔ရန္အတြက္ အဖြဲ႕က မည္မၽွ အားအင္စိုက္ထုတ္ထားခဲ့သလဲ လူတိုင္း နားလည္ေသာ္လည္း သူမသာ သည္းမခံနိုင္ခဲ့လၽွင္ အခြင့္အေရးကို တျခားသူမ်ားထံ လႊဲေျပာင္းေပးရလိမ့္မည္။
ယေန႔ေခတ္ အင္တာတိန္းမန့္ေလာကအတြင္း ထိပ္ဆုံးသို႔ ေရာက္ရွိလာသည့္သူမ်ားအနက္ မည္သူကမ်ား ဒီလို အရွက္ခြဲခံရမွုမ်ိဳး မခံခဲ့ရသူ ရွိမလဲ?
မင္းကိုယ္တိုင္က လုံလုံေလာက္ေလာက္ မသန္မာလၽွင္ သည္းခံတတ္ဖို႔ သင္ယူရေပမည္။
ကုမၸဏီက အခါအခြင့္သင့္ေအာင္ ဖန္တီးေပးနိုင္႐ုံသာ ရွိၿပီး ရရွိလာသည့္ အခြင့္အေရးကို ဆုပ္ကိုင္နိုင္ျခင္း ရွိမရွိမွာမူ မိမိကိုယ္တိုင္ေပၚတြင္သာ မူတည္သည္။ အခြင့္အေရးတိုင္းက ေလွကားထစ္မ်ားျဖစ္ၿပီး ဒီေလွကားထစ္မ်ားေပၚ နင္းေလၽွာက္သြားမွသာလၽွင္ အျမင့္သို႔ ေရာက္နိုင္ကာ ေနာက္ဆုံးတြင္ အျခားသူမ်ားႏွင့္ ကြဲျပားစြာ ရပ္တည္နိုင္လိမ့္မည္။
သူမက ပထမဆင့္အႏုပညာရွင္မဟုတ္သလို သ႐ုပ္ေဆာင္ေကာင္းသူ တစ္ေယာက္လည္းမဟုတ္။ သူမ၏ အားအင္ကို ျပသနိုင္သည့္ ဒရာမာစီးရီးကား နတၱိ။ ကုမၸဏီႀကီးတစ္ခုက သူမကို ေထာက္ပံ့ေပးမည့္ ေနရာအတြက္ပင္ ထိုက္တန္သူမဟုတ္။
ယခင္က သူမအားေျပာခဲ့သည့္ ျပန္လွန္တြန္းလွန္ျခင္းမွာ ဟာသသက္သက္သာ။
ေဟာ့ရွီးကို ၾကည့္စမ္း၊ ထုတ္လုပ္သူက သူ႔အလိုကိုလိုက္ကာ သူတို႔၏ ေဒါသေတြကို ခ်ိဳးႏွိမ္ထားရမည္မဟုတ္လား၊ ဒါသည္ပင္ သူ၏ စြမ္းေဆာင္နိုင္စြမ္းကို သက္ေသထူေနျခင္းျဖစ္သည္။
ေသာက္က်ိဳးနည္း ေနစမ္းပါဦး၊ ေဟာ့ရွီးက ဘယ္လိုေရာက္လာတာလဲ? ေနာက္ၿပီး သူမကို ဒီေလာက္ထိ ကာကြယ္ေပးေနတယ္တဲ့လား?
ေပ့မင္းဖန္ အံ့အားသင့္သြားကာ ခိုးၾကည့္လိုက္သည္။ ရင္းႏွီးျမဳပ္ႏွံသူမ်ားႏွင့္ ထုတ္လုပ္သူမ်ားကား ျပန္သြားႏွင့္ေလၿပီ။ ရွန့္ေခ်ာင္ စားပြဲထိုးဆီ ခပ္ျမန္ျမန္သြားကာ ေရေႏြးပူတစ္ခြက္ ေတာင္းခ်ိန္တြင္ သူမမ်က္ဝန္းေတြက စိုးရိမ္ပူပန္မွုတို႔ျဖင့္ ျပည့္ႏွက္ေနသည္။ သူမ ေဟာ့ရွီးေဘး ေဆာင့္ေၾကာင့္ထိုင္ကာ သူ႔ထံ ခပ္ဖြဖြေမးသည္။
"ေနလို႔ ေကာင္းရဲ့လား? ဗိုက္ေအာင့္ေနလား? အိမ္သာထဲ သြားအန္ခ်င္လား?"
ေဟာ့ရွီး မ်က္ဝန္းတို႔ ေမွးမွိတ္ကာ နားထင္ကို ပြတ္သပ္လိုက္ၿပီးေနာက္ ခပ္တိုးတိုးေျဖသည္။
"ရတယ္၊ အဆင္ေျပတယ္"
ရွန့္ေခ်ာင္ စိတ္ပူလြန္းသျဖင့္ ငိုခ်င္စိတ္ေပါက္လာသည္။
အေစာပိုင္း ညစာစားခ်ိန္တြင္ ေဟာ့ရွီးက သူ႔ဆီ ေရာက္လာသမၽွ ဂုဏ္ျပဳေသရည္မွန္သမၽွကို မျငင္းခဲ့ေပ။ ဒီေလာကထဲ သူ ေရာက္ရွိေနၿပီမွာ အခ်ိန္ၾကာျမင့္ခဲ့ၿပီးျဖစ္ကာ စည္းကမ္းခ်က္မ်ားကို ေကာင္းစြာ နားလည္သည္။ ေန႔လယ္ခင္း ဖုန္းေျပာခ်ိန္တြင္ ရင္းႏွီးျမဳပ္ႏွံသူမ်ားႏွင့္ ရွန့္ေခ်ာင္ ညစာစားမည့္အေၾကာင္း သိရွိၿပီးျဖစ္ကာ ဒီအေျခအေနကို သူ ေမၽွာ္လင့္ထားခဲ့ၿပီးျဖစ္သည္။ ရွိုးပြဲအတြက္ အသံသြင္းၿပီးသည္ႏွင့္ သူမကို အရွက္ခြဲမည့္နည္းလမ္းမ်ားကို တားဆီးကာကြယ္ေပးနိုင္ရန္ သူ အလၽွင္အျမန္ျပန္လာခဲ့ၿပီး ဝင္လာခ်င္းတုန္းက ျဖစ္ပ်က္ခဲ့သည့္ အခန့္မသင့္မွုကို ေျဖရွင္းရန္ အရက္ေသာက္႐ုံသာ တတ္နိုင္သည္။
ဝိုင္အရသာမွာ ခပ္ျပင္းျပင္း။ ပထမပိုင္းတြင္ အက်ိဳးသက္ေရာက္မွု မရွိေသာ္လည္း ယခု သူ မတ္တပ္ရပ္ရန္ ဟန္ျပင္ခ်ိန္တြင္မူ မ်က္ဝန္းတို႔ မွိတ္လိုက္ခ်ိန္တိုင္း ကမၻာတစ္ခုလုံး ခ်ာခ်ာလည္ေနသည္ဟု ခံစားေနရၿပီး သူ႔အသိစိတ္ပင္ ေဝဝါးစျပဳလာသည္။
ေဟာ့ရွီး တျဖည္းျဖည္း ေဘးဘက္သို႔ ယိုင္သြားသည္ကို ရွန့္ေခ်ာင္ ျမင္လိုက္ရသည္မို႔ သူ႔ကို တြဲေပြ႕လိုက္သည္။ သူ႔ကို ဒီလိုျမင္ရသည္မွာ သူမကို နာက်င္ေစသည္။ သူမ ေခါင္းေမာ့ကာ ေပ့မင္းဖန္ဆီ လွမ္းေအာ္ေခၚလိုက္သည္။
"ေပ့ေကာ၊ သူ႔ကို ကားဆီ အရင္ေခၚသြားရေအာင္"
ေပ့မင္းဖန္ ခပ္ျမန္ျမန္ သေဘာတူလာၿပီးေနာက္ သူမကို လာကူညီသည္။ ရွန့္ေခ်ာင္က အိတ္ထဲမွ ဦးထုပ္ႏွင့္ Mask ကို ထုတ္ယူလိုက္ၿပီး ေဟာ့ရွီးကို ဂ႐ုတစိုက္ ဝတ္ဆင္ေပးသည္။ ေပ့မင္းဖန္ႏွင့္ သူမတို႔ႏွစ္ေယာက္ သူ႔ေဘးတြင္ ဘယ္ညာတြဲကူကာ အျပင္သို႔ ထြက္လာသည္။
ဖန္းပိုင္က ကားထဲတြင္ ဂိမ္းေဆာ့ေနျခင္းျဖစ္ၿပီး ဒီျမင္ကြင္းေၾကာင့္ သူ ထိတ္လန့္သြားသည္။
"ေဟာ့ရွီးေကာ? ဘယ္လိုျဖစ္တာလဲ? သူ ဘာလို႔ ဒီေလာက္ထိ အရက္မူးေနတာလဲ?"
လူသုံးေယာက္က ေဟာ့ရွီးကို ကားထဲ ဝင္နိုင္ရန္ ကူညီေပးလိုက္ကာ ရွန့္ေခ်ာင္က ေဟာ့ရွီးႏွင့္အတူ ေနာက္ခန္းတြင္ ထိုင္သည္။ ေဟာ့ရွီးကို သူမ ပခုံးေပၚ မွီေစၿပီး ဖန္းပိုင္ထံ သူ႔အိမ္လိပ္စာ ရြတ္ျပလိုက္သည္။
ဖန္းပိုင္ လမ္းညႊန္တြင္ အိမ္လိပ္စာကို ရိုက္ထည့္လိုက္ၿပီးေနာက္ လမ္းမေပၚ ကားေမာင္းထြက္လာသည္။ ေပ့မင္းဖန္ ေခါင္းလွည့္ကာ အေနာက္လွည့္ၾကည့္ခ်ိန္တြင္ မလွုပ္နိုင္ေတာ့သည့္ ေဟာ့ရွီးကို ရွန့္ေခ်ာင္က ေပြ႕ဖက္ထားၿပီး သူမမ်က္ဝန္းေတြက ကိုယ့္ကိုယ္ကိုယ္အျပစ္တင္စိတ္ႏွင့္ နာက်င္မွုတို႔ျဖင့္ ျပည့္ႏွက္ေနသည္။ ဂ႐ုတစိုက္ရွိလွသည့္ ျပဳမူဟန္မွာ သူမလက္ေမာင္းေတြထဲ ေပြ႕ဖက္ထားသည္က ကြဲရွလြယ္သည့္ ရတနာတစ္ပါးသဖြယ္။
ဒီေတာ့ ဒါက ေဟာ့ရွီးကို မုန္းတယ္ဆိုတဲ့ အျပဳအမူလား?
ဒါက သိသိသာသာႀကီးကို အရိုးထဲထိ ခ်စ္ျမတ္နိုးမွု မဟုတ္ဘူးလား?
ေပ့မင္းဖန္ သူ႔စိတ္ထဲ သက္ျပင္းခ်လိုက္ၿပီးေနာက္ အကဲစမ္းလိုဟန္ ေမးခြန္းထုတ္သည္။
"ေရွာင္ေခ်ာင္၊ မင္းနဲ႔ ေဟာ့ရွီးက ႀကိဳက္ေနတာလား?"
သူ ဒီေမးခြန္းေမးလိုက္မိမွန္း သူ႔ကိုယ္သူပင္ မယုံနိုင္ေပ။ ဒါကို ခ်စ္ျမတ္နိုးသည္ဟု မေခၚလၽွင္ ခ်စ္ျခင္းေမတၱာကား အဘယ္နည္း။
ရလဒ္အေနျဖင့္ ရွန့္ေခ်ာင္ ျငင္းဆန္လာမည္ဟု သူ မေမၽွာ္မွန္းထားခဲ့။
"မဟုတ္ဘူး"
ေပ့မင္းဖန္ ေၾကာင္အသြားခဲ့ရၿပီးေနာက္ သူမ တမင္ျငင္းေနသည္ဟု ေတြးကာ
"ေရွာင္ေခ်ာင္၊ ငါ့ကို မဖုံးကြယ္ထားနဲ႔၊ ကုမၸဏီက မင္းကို ခ်စ္သူမထားရဘူး မေျပာေပမဲ့ တစ္ဖက္လူက ေဟာ့ရွီး ျဖစ္ေနရင္ေတာ့ ဒီဆက္ဆံေရး ေပၚသြားတဲ့ခ်ိန္က် ျဖစ္လာနိုင္တာေတြကို ႀကိဳျပင္ထားမွ ျဖစ္မယ္"
"ကၽြန္မတို႔က တကယ့္ကို စုံတြဲေတြ မဟုတ္ဘူး"
သူ႔ေဘးရွိ ဖန္းပိုင္က မေနနိုင္ေတာ့ပဲ ဝင္ရွင္းျပသည္။
"သူ ဘယ္လို ခ်စ္ျခင္းမ်ိဳးနဲ႔ ပတ္သက္ေနလဲ သိလား? သူက သူ႔အိုင္ေဒါလ္ေနာက္လိုက္ေနတာ၊ သူက ေဟာ့ရွီးဖန္"
ေပ့မင္းဖန္ - "? ? ?"
သူ အတြက္အခ်က္ မွားယြင္းသြားခဲ့ျခင္း။
ကားက ေဆးဆိုင္တစ္ဆိုင္ကို ျဖတ္ေက်ာ္သြားခ်ိန္တြင္ ဖန္းပိုင္ကို ကားရပ္ေပးဖို႔ ရွန့္ေခ်ာင္ လွမ္းေျပာလ္ုက္ၿပီး ေပ့မင္းဖန္ကို အမူးေျပေဆးတစ္ခ်ိဳ႕ ဝယ္ခိုင္းလိုက္သည္။ ထို႔ေနာက္တြင္မွ ေဟာ့ရွီး အိမ္ရွိရာဆီ ေမာင္းႏွင္လာသည္။
ဖန္းပိုင္ႏွင့္ ေပ့မင္းဖန္က ေဟာ့ရွီးကို တြဲကူထားၿပီး ရွန့္ေခ်ာင္က ေရွ႕မွ ဦးေဆာင္သည္။ သူမ ေဟာ့ရွီးအိမ္ေရွ႕ ေရာက္ခ်ိန္တြင္ တံခါးေသာ့မွာ Password ျဖင့္ ဖြင့္ရသည့္ အမ်ိဳးအစားမွန္း ျမင္ေတြ႕လိုက္ရသည္။ ေဟာ့ရွီးက အိပ္ေပ်ာ္သြားသည္အထိ မူးေနျခင္းမ်ိဳး မဟုတ္တာမို႔ password ရြတ္ျပသည္။ အိမ္ထဲဝင္လာၿပီးေနာက္ ႏွစ္ေယာက္သားက အေပၚထပ္ရွိအိပ္ခန္းဆီ ေဟာ့ရွီးကို တြဲပို႔သည္။
ရွန့္ေခ်ာင္က သူ႔ကို ကူညီၿပီး ဖိနပ္ႏွင့္ ကုတ္အက်ီ ခၽြတ္ေပးၿပီး ေစာင္ျခဳံေပးသည္။ ထို႔ေနာက္ အမူးေျပေဆးေသာက္ရန္ ေရေႏြးအတြက္ အေပၚေအာက္ ေျပးဆင္းယူသည္။
သူမရဲ့ လွုပ္ရွားမွုေၾကာင့္ ေပ့မင္းဖန္မ်က္ႏွာတြင္ စိတ္ရွုပ္ေထြးဟန္ အထင္းသား ေပၚေပါက္ေနကာ ေနာက္ဆုံး သူမ ရပ္သြားခ်ိန္တြင္မွ တုံ႔ဆိုင္းစြာ ေမးသည္။
"ဒါဆို ငါတို႔ သြားၾကမလား?"
ရွန့္ေခ်ာင္ တံခါးဝတြင္ရပ္ကာ အိပ္ေမာက်ေနပုံရသည့္ ထိုသူ႔ထံ လွမ္းၾကည့္ၿပီးေနာက္ ေခါင္းခါယမ္းသည္။
"ကၽြန္မ မျပန္ဘူး၊ သူ႔ကို ေစာင့္ၾကည့္မွ ရမယ္၊ ေနာက္ၿပီး မူးေနတဲ့ သူကို တစ္ေယာက္ထဲ ခ်န္ထားခဲ့လို႔ မျဖစ္ဘူး"
(T/N: အမူးေသာက္ၿပီး တစ္ေကာင္တည္း အိပ္ရသူမ်ားအတြက္ မ်က္ရည္ႏွစ္စက္ 🥲)
အသက္ရွူလမ္းေၾကာင္းတြင္း အန္ဖတ္ပိတ္ဆို႔ကာ ေသဆုံးရသည့္အေျခအေနမ်ိဳး မ်ားစြာ ရွိဖူးသည္မို႔ ေပ့မင္းဖန္ အျငင္းစကား မဆိုနိုင္ေပ။ ထို႔ေၾကာင့္ သူမကို အနည္းငယ္ မွာၾကားေျပာဆိုၿပီးေနာက္ ဖန္းပိုင္ႏွင့္ အတူျပန္သြားသည္။
ပတ္ဝန္းက်င္တစ္ခုလုံး တိတ္ဆိတ္သြားခ်ိန္တြင္ ရွန့္ေခ်ာင္ ေရခ်ိဳးခန္းဆီ ေျခေဖာ့သြားကာ မ်က္ႏွာသုတ္ပဝါတစ္ထည္ကို ေရေႏြးဆြတ္လိုက္ၿပီးေနာက္ အိပ္ခန္းဆီ ျပန္လာသည္။ ထို႔ေနာက္ အိပ္ရာေဘးတြင္ ေဆာင့္ေၾကာင့္ထိုင္ကာ သူ႔မ်က္ႏွာႏွင့္ ေျခလက္တို႔ကို သန့္ရွင္းေပးသည္။
သူ႔လက္ဖဝါးကို သူမ သုတ္သင္ေပးေနခ်ိန္တြင္ သူ႔လက္ေခ်ာင္းတို႔ ေကြးညြတ္သြားၿပီး သူ႔လက္ဖဝါးထဲ သူမလက္ကို ေထြးဆုပ္လာသည္။
သူ႔မ်က္ဝန္းေတြကား ပိတ္ယွက္ထားဆဲျဖစ္ၿပီး အရက္မူးေနသည့္ ေလသံျဖင့္ တိုးတိုးဖြဖြေမးသည္။
"မင္း မျပန္ဘူးလား?"
ရွန့္ေခ်ာင္ သူ႔ကို ငုံ႔ၾကည့္လိုက္သည္။ ႏွစ္ဦးသားမွာ နီးကပ္လြန္းလွသျဖင့္ သူ၏ လွုပ္ခတ္ေနသည့္ မ်က္ေတာင္ရွည္ေတြႏွင့္ အရက္ရွိန္ေၾကာင့္ နီျမန္းျမန္းျဖစ္ေနသည့္ ပါးျပင္ကို ျမင္ေနရသည္။ သူ႔မ်က္ဝန္းေထာင့္ရွိ ကပ္ညိေနသည့္ ဆံႏြယ္စကို သူမ ဖယ္ေပးလိုက္ၿပီးေနာက္ ဂ႐ုတစိုက္ေမးသည္။
"အင္း... ကၽြန္မ ေနခဲ့လို႔ ရလား?"
သူ႔မ်က္ေတာင္ဖ်ားတို႔ လွုပ္ခတ္သြားသည္မွာ မ်က္ဝန္းတို႔ ဖြင့္လိုဟန္၊ သို႔ေသာ္ ေဟာ့ရွီးခမ်ာ အမူးလြန္ေနၿပီးျဖစ္ကာ အဆုံးထိ မ်က္ဝန္းတို႔ မဖြင့္နိုင္ေခ်။ သူ ျပဳံးလိုက္ၿပီးေနာက္ ဖြဖြဆိုသည္။
"အင္း"
သူမ သူ႔လက္ကို ထုတ္ယူလိုက္ၿပီးေနာက္ သူမလက္ထဲရွိ ပဝါျဖင့္ အေသအခ်ာ သုတ္သင္ေပးသည္။ ေဟာ့ရွီးက အိပ္ေမာက်သြားၿပီးေနာက္ ထပ္လွုပ္မလာေတာ့ပဲ အသက္ရွူသံမွာ တိုးညႇင္းသြားသည္။ ရွန့္ေခ်ာင္ မီးပိတ္လိုက္ၿပီးေနာက္ ကုတင္ရွိရာဆီ ျပန္ေလၽွာက္လာကာ ၾကမ္းျပင္ေပၚ ထိုင္ခ်လိုက္သည္။
ျပတင္းေပါက္က်ဆင္းလာတဲ့ လေရာင္ကလြဲ၍ ပတ္ပတ္လည္တြင္ ပိန္းပိတ္ေအာင္ ေမွာင္မဲလ်က္ရွိသည္။ သူမႏွာသီးဖ်ားတြင္ အရက္နံ႔ရေနေသာ္လည္း အေနခက္သည္ဟု စိုးစဥ္းမၽွ မထင္ေပ။ ကုတင္ေဘးတြင္ ေခါင္းတင္ကာ သူ႔အသက္ရွူသံကို နားေထာင္ရင္း အေမွာင္ထဲတြင္ တိတ္တဆိတ္ မ်က္ရည္က်သည္။
......
ေဟာ့ရွီးနိုးလာခ်ိန္ကား ေနာက္တစ္ရက္ ေန႔လယ္ခင္း။
အမူးဒဏ္ေၾကာင့္ သူ႔ေခါင္းတစ္ခုလုံး အုံခဲေနကာ နာက်င္လ်က္ရွိသည္။ သူ ထထိုင္လိုက္ၿပီး ေမာ့ၾကည့္သည္။ ရွန့္ေခ်ာင္ကား အခန္းထဲတြင္ မရွိေတာ့။ သူ တံခါးဖြင့္ၿပီး အျပင္သို႔ ထြက္လာကာ ေလွကားဆီ ေလၽွာက္လာၿပီး ေအာက္သို႔ ငုံ႔ၾကည့္ခ်ိန္တြင္ မီးဖိုခန္းမီးလင္းေနၿပီး ေရက်သံ ၾကားေနရသည္။
သူ ေနာက္လွည့္ကာ အခန္းျပန္ၿပီး ေရမ်ိဳးခ်ိဳးၿပီးေနာက္ အဝတ္လဲၿပီးခ်ိန္မွ ေအာက္ထပ္ဆင္းလာသည္။
မီးဖိုခန္းထဲတြင္ ထမင္းနံ႔သင္းသင္းကား ပ်ံ႕ႏွံ့လ်က္။ သူမက ဆန္ျပဳတ္အိုးတစ္ဝက္ခ်က္ထားကာ ေယာက္မျဖင့္ ခပ္သာသာေမႊေနသည္။ ေခါင္းလွည့္ၾကည့္ကာ တံခါးတြင္ ရပ္ေနသည့္ ေဟာ့ရွီးကို ျမင္ခ်ိန္တြင္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ဆိုလာသည္။
"ေဟာ့ရွီး၊ ရွင္နိုးလာၿပီ!"
ရွန့္ေခ်ာင္ အမူးေျပဟင္းရည္ကို ထုတ္ယူလာကာ သူ႔ထံ ကမ္းေပးသည္။ ထို႔ေနာက္ စိုးရိမ္တႀကီး ေမးျမန္းသည္။
"မသက္မသာျဖစ္ေနတဲ့ ေနရာမ်ိဳး ရွိလား?"
အမူးေျပဟင္းရည္ကို ေမာ့ေသာက္ၿပီးေနာက္ ေဟာ့ရွီး ေခါင္းယမ္းသည္။ သူမမ်က္ဝန္းေအာက္ရွိ ခပ္ညိဳညိဳအရာတို႔ကို ျမင္ေတြ႕ၿပီးေနာက္ မ်က္ေမွာင္ၾကဳတ္သည္။
"မင္း မေန႔ညက မအိပ္ဘူးလား?"
သူမ တစ္ညလုံး ကုတင္ေဘးတြင္ လွဲေလ်ာင္းေနခဲ့မွန္း သူ မသိေပ။
ရွန့္ေခ်ာင္က ရယ္ရယ္ေမာေမာျဖင့္
"ကၽြန္မ အဆင္ေျပတယ္၊ ဆန္ျပဳတ္အဆင္သင့္ျဖစ္ေနၿပီ၊ ရွင္အျပင္ထြက္ေစာင့္ေန"
သူမ ျပန္လွည့္သြားကာ မီးဖိုထဲ အလုပ္ရွုပ္ေနသည္။ ဆန္ျပဳတ္ပန္းကန္အျပင္ တြဲစားစရာ ဟင္းအမယ္အခ်ိဳ႕ကိုပါ ထုတ္ယူလာၿပီး သူ ျမည္းစမ္းၿပီးသည္အထိ ေစာင့္ဆိုင္းၿပီးမွ
"ဗိုက္က ေနလို႔ ေကာင္းသြားၿပီလား?"
ေဟာ့ရွီး ေခါင္းညိတ္သည္။
"အိုးထဲမွာ ဆန္ျပဳတ္က်န္ေသးတယ္၊ ဗိုက္ကို အားျဖည့္တဲ့အေနနဲ႔ ခပ္ေပါ့ေပါ့စားသင့္တယ္"
မေန႔ညက ျဖစ္ပ်က္ခဲ့သည္ကို ႏွစ္ေယာက္စလုံး စကားမစေခ်။
သူ စားေနခ်ိန္တြင္ သူမက မီးဖိုေခ်ာင္ကို သန့္ရွင္းၿပီးျဖစ္ၿပီး ျပန္ထြက္လာၿပီးေနာက္ ကုတ္အက်ီ ဝတ္လိုက္သည္။
"ဒါဆို ေဟာ့ရွီး ကၽြန္မ ျပန္ေတာ့မယ္"
ေဟာ့ရွီး ဆန္ျပဳတ္ပန္းကန္ကို ေအာက္ခ်ကာ
"ငါ မင္းကို လိုက္ပို႔ေပးမယ္"
ရွန့္ေခ်ာင္က ခပ္ျမန္ျမန္လက္ခါလာသည္။
"မဟုတ္ဘူး မဟုတ္ဘူး၊ ေန႔လယ္ခင္းႀကီး ဘာလို႔ ဟိုေျပး ဒီေျပးလုပ္မွာလဲ? အိမ္မွာပဲ အနားယူ၊ ရွင့္မ်က္ႏွာအေရာင္က သိပ္မေကာင္းေသးဘူး၊ ေကာ္ဖီစားပြဲေပၚမွာ ကၽြန္မ ေဆးတင္ထားခဲ့တယ္၊ အမ်ိဳးအစားကို ခြဲမွတ္ေပးထားတယ္၊ တကယ္လို႔ မသက္သာရင္ ေဆးေသာက္ဖို႔ မေမ့နဲ႔ေနာ္"
ေဟာ့ရွီးက အနည္းငယ္ မူးေဝေနဆဲျဖစ္ကာ ကားေမာင္းဖို႔ မသင့္ေတာ္ေသးသည္မို႔ သူ ျပန္ထိုင္လိုက္ၿပီး ေခါင္းညိတ္သည္။
ရွန့္ေခ်ာင္ ရယ္ရယ္ေမာေမာျဖင့္ သူ႔ကိုႏွုတ္ဆက္ကာ တံခါးဝတြင္ ဖိနပ္လဲဝတ္ၿပီးေနာက္
"ေဟာ့ရွီး ဘိုင့္ဘိုင့္"
ေဟာ့ရွီး - "မင္း အိမ္ျပန္ေရာက္ရင္ မက္ေဆ့ခ်္ပို႔ေနာ္"
ရွန့္ေခ်ာင္ ေခါင္းညိတ္ကာ ဦးထုပ္ႏွင့္ mask တက္လိုက္ၿပီး တံခါးဖြင့္ကာ ေခါင္းငုံထြက္သည္။
......
သူမအိမ္ျပန္ေရာက္ခ်ိန္တြင္ ေပ့မင္းဖန္ထံမွ ဖုန္းဝင္လာကာ သူမ ေဟာ့ရွီးအိမ္မွ ျပန္ထြက္လာၿပီးျဖစ္ေၾကာင္း သတင္းပို႔သည္။ ေပ့မင္းဖန္က စိတ္သက္သာရာရသြားဟန္ သက္ျပင္းခ်ၿပီး ေတာင္းပန္စကားဆိုသည္။
"ေရွာင္ေခ်ာင္၊ မေန႔ညက ကိစၥအတြက္ ငါ ေတာင္းပန္ပါတယ္၊ ဒီ က်န္းမ်ိဳးရိုးက သူ႔ဂုဏ္သိကၡာကိုေတာင္ ထည့္မတြက္ေတာ့ဘူးလို႔ ငါ မထင္ထားမိဘူး၊ သူ႔ကုမၸဏီက တြဲဖက္ျမဳပ္ႏွံသူပဲ ဆိုေပမဲ့ ထုတ္လုပ္ေရးမွာေတာ့ ေျပာေရးဆိုခြင့္ ရွိတဲ့သူျဖစ္ေနတာ၊ အဲ့ဒါေၾကာင့္ မင္းကို ထိကပါးရိကပါးလုပ္ရမွာ မေၾကာက္တာ"
"ရပါတယ္၊ ကၽြန္မ အရမ္းႀကီး ေစာ္ကားခံရတာလဲ မဟုတ္ပါဘူး"
သူမ၏ စိတ္ထားကို သူ သေဘာက်သြားကာ အျပဳံးျဖင့္ ဆိုသည္။
"အခု စာခ်ဳပ္မွာ လက္မွတ္ထိုးၿပီးၿပီဆိုေတာ့ စိတ္ခ်နိုင္ၿပီ၊ ေနာက္အပတ္က်ရင္ မင္းဆီ ဇာတ္ညႊန္းပို႔ေပးလိမ့္မယ္၊ မင္း ႀကိဳျပင္ဆင္ထားေပါ့၊ ငါ မင္းကို ယုံတယ္၊ ဒီ ဒရာမာက က်ိန္းေသေပါက္ နာမည္ႀကီးမယ္မွန္း ငါ သိတယ္၊ ေနာက္ၿပီး အခ်ိန္က်ရင္ မင္း ဆုရၿပီး စူပါစတားျဖစ္လာမွာ၊ ဘဝမွာ ေအာင္ျမင္မွု အထြတ္အထိပ္ေရာက္လိမ့္မယ္"
ရွန့္ေခ်ာင္ - "ဒရာမာျဖင့္ မရိုက္ရေသးဘူး၊ ရွင္ေတြးတာ လြန္ေနၿပီ"
အမွန္တကယ္တြင္မူ ေပ့မင္းဖန္က အေျခအေနကို ပုံမွန္အတိုင္း ျဖစ္ေစလိုျခင္းျဖစ္ၿပီး ႏွစ္ဦးသား ရယ္ေမာကာ စကားစျမည္ဆိုၿပီးေနာက္ ဖုန္းခ်လိုက္သည္။
ေနာက္ရက္အနည္းငယ္အတြင္း မုန့္ရွင္းခ်န္က သူမကို သ႐ုပ္ေဆာင္သင္တန္း ပို႔ခ်သည္။ သူမက ယခင္အသိပညာအေဟာင္းႏွင့္ အသစ္မ်ား ေရာေႏွာေစသည္။ ထို႔ေနာက္ 'Starlight Junior' အတြက္ အပိုင္းသစ္ ရိုက္ကူးေပးသည္။ သူမ၏ လစဥ္သုံးပစၥည္းေၾကာ္ျငာမွာလည္း အဓိက႐ုပ္သံလိုင္းမ်ားတြင္ ႀကိမ္ဖန္မ်ားစြာ ထုတ္လႊင့္လ်က္ရွိသည္။
ဤကဲ့သို႔ လူေနမွုဘဝႏွင့္ ပတ္သက္သည့္ ေၾကာ္ျငာမ်ားမွာ ထပ္ဖန္တလဲလဲ ထုတ္လႊင့္ေလ့ရွိသည္။ တီဗီအစီအစဥ္မ်ားၾကည့္ရွုရသည္ကို သေဘာက်သည့္ မိခင္မ်ားမွာ ခ်န္နယ္ေျပာင္းသည့္အခါတိုင္း လစဥ္သုံး ပစၥည္းအေပၚ သူမ ကေနသည္ကို ျမင့္ရေလ့ရွိသည္။
သူမ၏ တိုင္းျပည္တြင္း ေက်ာ္ၾကားမွုမွာ ထိုးတက္လာကာ ဒီေၾကာ္ျငာကို သူမအား မွတ္မိေစသည့္ ေၾကာ္ျငာအျဖစ္ ရွုျမင္နိုင္သည္။ ေနာင္အခါ သူမ၏ ဒရာမာမ်ား ထုတ္လႊင့္ခ်ိန္တိုင္း မိခင္မ်ားႏွင့္ ရီမုကိုင္ထားသည့္ အဘြားမ်ားက သူမကို ျမင္ခ်ိန္တိုင္း 'ဒါလစဥ္သုံးပစၥည္းေပၚ ကေနတဲ့ မင္းသမီးမဟုတ္ဘူးလား?' ဟု ေမးၾကေပမည္။
*****
စာဖတ္သူေတြ ေမးေနၾကသလိုပဲ သူတို႔ တြဲေနၿပီလားဆို မတြဲေသးပါဘူး၊ တြဲဖို႔က လိုပါေသးတယ္ 🤧 ဒါေပမယ့္ ကလိကလိျဖစ္ေအာင္ကေတာ့ ဆက္လုပ္ဦးမွာပါ။
ခုထိ ကြန္မန့္ မန့္လို႔ မရေသးလို႔ T/N ေတြေတာ့ မ်ားေနဦးမွာ။ T/N မႀကိဳက္သူမ်ား ေဆာရီးပါလို႔ 🥲
ဒါနဲ႔ ဒီတေလာ CR ကိစၥေၾကာင့္ ေခါင္းစဥ္ကို GTKWF လို႔ အတိုေကာက္ ေျပာင္းထားပါမယ္။ ျမန္မာလို တပ္ဖို႔က် နည္းနည္းတမ်ိဳးႀကီးျဖစ္လို႔။
****