{Unicode}
အပိုင်း ၅၅
တစ်နေ့တာလုံး ထိတ်လန့်တကြားဖြစ်ခဲ့ရပြီးနောက် သတို့သမီးကို လွတ်မြောက်အောင် ကယ်တင်ရမည့် နောက်ဆုံးမစ်ရှင်စတင်သည်။ နောက်ဆုံးတွင် Escape from Life အစီအစဉ်၏ ထွက်ပေါက်လမ်းကြောင်းကို သူတို့အဖွဲ့ ရှာတွေ့သွားလေပြီ။
သဲလွန်စအားလုံးကို ဆက်စပ်ပြီးနောက် 'သရဲမင်္ဂလာပွဲ' ဇာတ်လမ်းမှာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာသည်။ ယခုအခါတွင် အစီအစဉ်ကို အဆုံးသတ်ရန် နောက်ဆုံးမစ်ရှင်ကို ပြီးမြောက်အောင် ဆောင်ရွက်ရန်သာ လိုပြီး သူတို့အားလုံး အနိုင်ရပေမည်။ ရှုံးနိမ့်ခဲ့လျှင်မူ သူတို့အားလုံး သေဆုံးမည်ဖြစ်ကာ သုဿန်မြေတွင် ပိတ်လှောင်ခြင်း ခံရမည်ဖြစ်ကာ အပြစ်ဒဏ်ကို ခံယူရပေမည်။
မည်သည့်ပြစ်ဒဏ်ဖြစ်ကြောင်း ဒါရိုက်တာအဖွဲ့က မကြေညာထားသော်လည်း သေချာသည့်အရာမှာ ရိုက်ကူးရေးအဖွဲ့က သူတို့အား သက်ညှာမည်မဟုတ်ပေ။
ကျန်းမင် - "တခြားဟာထက် ငါတို့ ပြန်သွားပြီး ဖန်းကျီကို အရင်ကယ်ရမယ်"
ရှန်ကျွင့်ယီး - "သူ့ကို ဘယ်လိုကယ်မှာလဲ?"
ကျီကျားယို့ - "အကုန်သတ်ပစ်"
ရှန့်ချောင် - "......"
(ကောင်စုတ်လေး နင့်အတွေးတွေက အန္တရာယ်များလွန်းနေပြီ)
ရှန့်ချောင် တွေးတောလိုက်ကာ သတို့သမီးထံ မေးသည်။
"မနက်ရောက်လို့ သူတို့အားလုံး စက္ကူပြောင်းသွားတဲ့အချိန်မှာ နင် ထွက်ပြေးလာတာလား? ပြီးတော့ သူတို့ မလိုက်နိုင်အောင် ရေထဲ ပုန်းနေတာလား?"
သတို့သမီးက ခေါင်းညိတ်သည်။
ရှန့်ချောင် နောက်လှည့်ကာ ကျန်သူများထံ လှမ်းပြောလိုက်သည်။
"ကြက်ဖတွန်သံကြားတဲ့ချိန်ထိ ငါတို့ စောင့်တာပေါ့၊ အာရုဏ်တက်ရင် သူတို့အားလုံး စက္ကူအဖြစ်ပြောင်းသွားပြီး မလှုပ်နိုင်ချိန်ကျ ငါတို့ ဖန်းကျီကို ကယ်မယ်၊ ပြီးရင် ထွက်ပေါက်ဆီ သတို့သမီးကို လမ်းပြခိုင်းမယ်"
အပြင်ဘက်ရှိ ထိုမြင်ကွင်းကို ကြည့်ရှုနေသည့် ရိုက်ကူးရေးသမားများက တစ်ယောက်ပြီးတစ်ယောက် ကဲ့ရယ်လာသည်။ သူတို့အတွေးက ရိုးစင်းလွန်းတယ်၊ တွေးကြည့်ရင် အတော်လေးတော့ မဆိုးဘူး။
ထို့နောက် System သံက လူတိုင်း၏ နားကြပ်ထဲတွင် ထွက်ပေါ်လာသည်။
"မင်္ဂလာပွဲမတိုင်ခင် အချိန် မိနစ်၂၀ ကျန်ရှိသည်၊ သတ်မှတ်ချိန်အတွင်း တာဝန်ပြီးမြောက်ခြင်းမရှိပါက ဖမ်းဆီးခံထားရသည့် ကစားသမားက သတို့သမီးအစား လက်ထပ်ထိမ်းမြားခံရမည်ဖြစ်ပြီး သူသည်လည်း စက္ကူစအဖြစ် ပြောင်းလဲသွားမည်"
.........
ရှန်ကျွင့်ယီးက အော်ဟစ်လာသည်။
"သူတို့ကို သတ်ပစ်! ပရိုဂရမ်အဖွဲ့ကို တော်လှန်ပြီး တိုက်ပလိုက်ရအောင်!!"
ရှန့်ချောင် - "ကျွန်မ အကြံရပြီ"
ဒါရိုက်တာနှင့် သူ့အဖွဲ့ - "........"
(နင် ပါးစပ်ပိတ်ထားလို့ မရဘူးလား...)
သူမ လူအချို့ကို အနားတိုးလာရန် လက်ဟန်ပြလိုက်ပြီး စုစည်းစေသည်။ ရေဒီယိုအဖွဲ့က ရှန့်ချောင် ပြောသည်ကိုသာ ကြားရသည်။
"မိုက်ပိတ်လိုက်"
ထို့နောက် ရေဒီယိုလိုင်းမှာ တိတ်ဆိတ်သွားပြီး သူတို့အားလုံး ခေါင်းချင်းဆိုင်ကာ ဆွေးနွေးနေသည်ကိုသာ ကင်မရာမှတဆင့် မြင်ရသည်။
အဖွဲ့ခေါင်းဆောင် - "....."
(ငါ့ရဲ့ နှလုံးငြိမ်ဆေး ဘယ်မှာလဲ!!!)
တစ်မိနစ်အကြာတွင် မိုက်ပြန်ဖွင့်လာပြီး လူတိုင်း၏ မျက်နှာတွင် ပဟေဠိဖွက်လိုဟန် အမူအရာကို အထင်းသား မြင်နေရသည်။ ဒါရိုက်တာနှင့် သူ့အဖွဲ့က အပြင်ဘက်တွင် စိတ်လောကြီးစွာ ခြေဆောင့်နေရုံသာ တတ်နိုင်သည်။
"သူတို့ ဘာဆွေးနွေးခဲ့တာလဲ? သူတို့ ဘာလုပ်ကြမှာလဲ?"
ထို့နောက် သတို့သမီးက မင်္ဂလာဝတ်စုံ အပေါ်လွှာကို ချွတ်လိုက်သည်ကို မြင်လိုက်ရသည်။ ရှန့်ချောင် လှမ်းယူကာ ရေညှစ်လိုက်ပြီးနောက်ညသူမကိုယ်ပေါ် ဝတ်ဆင်လိုက်သည်။
တာဝန်ခံ ဒါရိုက်တာမှာ စဉ်းစားရခက်သွားသည်။
"သူ ဘာလုပ်ချင်တာလဲ? သတို့သမီးနဲ့ နေရာချင်းလဲတာ၊ သူက ဖန်းကျီနေရာ အစားဝင်ချင်တာလား?"
အဖွဲ့သားများသည်လည်း စကရင်ကို အာရုံစိုက် ကြည့်ရှုနေသည်။
စကရင်ပေါ်တွင် ထိုသူနှစ်ယောက်မှာ ခပ်မြန်မြန် အဝတ်လဲနှင့်ပြီးဖြစ်ကာ ငါးယောက်အဖွဲ့က နှစ်အုပ်စု ခွဲလိုက်သည်ကို မြင်လိုက်ရသည်။ လော့ချင်းနှင့် ကျန်းမင်က သတို့သမီးကို အပြင်သို့ ခေါ်ဆောင်သွားပြီး ရှန်ကျွင့်ယီးနှင့် ကျီကျားယို့က သတို့သမီးဟန်ဆောင်ထားသည့် ရှန့်ချောင်ကို ခေါ်ဆောင်သွားသည်။
စီစဉ်သူက ဒါရိုက်တာကို အကြံဉာဏ်လှမ်းတောင်းသည်။
"အရံသရုပ်ဆောင်တွေကို ဧည့်သည်တွေက သတို့သမီးနဲ့ လူချင်းချိန်းထားတယ်လို့ ပြောချင်လား?"
ဒီပရိုဂရမ်အဖွဲ့သည်လည်း သူတို့ဧည့်သည်များကို အနိုင်ကျင့်သည့် Hightlight များကြောင့် လူသိများသည်။
ရှန့်ချောင်၊ ရှန်ကျွင့်ယီးနှင့် ကျီကျားယို့တို့ သုံးယောက်မှာ အလျှင်မလိုပဲ မိနစ်၂၀ အချိန်ကန့်သတ်ချက်ကို အေးအေးလူလူ အသုံးချကာ အိမ်အိုဆီ နောက်ဆုံးမိနစ်တွင်မှ ရောက်ရှိသွားသည်။ ရှန်ကျွင့်ယီးက ရှန့်ချောင်၏ ဆံပင်အားလုံးကို စုစည်းကာ ရှေ့သို့ချလိုက်ပြီး သူမမျက်နှာကို ကွယ်လိုက်သည်။ သူနှင့် ကျီကျားယို့က သူမလက်မောင်းကို ဘယ်ညာတစ်ဖက်ဆီ ကိုင်ထားပြီး တံခါးမှ ဝင်လာချင်းပြင် အော်ဟစ်လာသည်။
"သတို့သမီးကို ရှာတွေ့ပြီ!!"
အိမ်တော်သခင်ကြီးက အရှေ့ခန်းမတွင် လက်နောက်ပစ်လျက် မတ်တပ်ရပ်နေကာ အပြုံးဖြင့်ဆိုသည်။
"ရှာတွေ့တာ ကောင်းတယ်၊ ရှာတွေ့ရင် ကောင်းတယ်... မင်းတို့ ပင်ပန်းသွားရတဲ့အတွက် ကျေးဇူးတင်ပါတယ် ကောင်လေးတို့၊ မင်္ဂလာပွဲစရင် ငါတို့ အောင်ပွဲခံသေရည်သောက်ကြမယ်"
ထိုစကားဆိုပြီးသည်နှင့် သခင်ကြီးဖြစ်သူက ဖန်းကျီကို ဖမ်းချုပ်ထားသည့် အဒေါ်ကြီးကို လှမ်းခေါ်ကာ သတို့သမီးကို ပြန်ယူစေသည်။ ရှန်ကျွင့်ယီးက ရှန့်ချောင်ရှေ့မှ ပိတ်ကာရပ်လိုက်ပြီး ကျယ်ကျယ်လောင်လောင်ဆိုသည်။
"ကျွန်တော်တို့ သူငယ်ချင်းကို အရင်ထုတ်ပေး၊ ကျိန်းသေပေါက် ပစ္စည်းကို လဲလှယ်ရမယ်!"
ရှန့်ချောင် - "? ? ?"
(သောက်ခွေး... ဘယ်သူက အရာဝတ္ထုပစ္စည်းလဲ?)
အထိန်းတော်က ပြုံးလိုက်ပြီး သဘောတူသည်။
"ဒါပေါ့၊ ဒါပေါ့၊ လာကြစမ်း၊ ကောင်မလေးကို ခေါ်လာခဲ့၊ ဒီသခင်လေးတွေက အလုပ်ကြိုးစားခဲ့တာမို့ ကျိန်းသေပေါက် စားသောက်ပွဲဆင်နွှဲရမယ်နော်"
မကြာမှီမှာပင် ဖန်းကျီကို ခေါ်ထုတ်လာသည်။ သူတို့ သူမကို ပြန်လာကယ်သည်ကို မြင်လျှင် ဖန်းကျီမှာ စိတ်လှုပ်ရှားသွားရပြီး အပြေးတပိုင်းအနားကပ်လာသည်။
"ကောင်းလိုက်တာ! နင်တို့ နောက်ဆုံးတော့ ငါ့ကို လာကယ်ပြီ!"
သူမ စကားပြောနေချိန်တွင် ရှန်ကျွင့်ယီးက သူမထံ အရူးအမူး မျက်စိမှိတ်ပြလာသည်။
အထိန်းတော်က သူမနောက်ရှိ လူများထံ အမိန့်ပေးလိုက်သည်။
"မြန်မြန်လုပ်ကြ၊ သခင်မလေးကို သွားပြန်ခေါ်ကြ၊ မင်္ဂလာချိန်ရောက်နေပြီ၊ မင်္ဂလာပွဲအတွက် အသင့်ပြင်ရတော့မယ်"
သူမစကားမဆုံးခင်မှာပင် ရှန်ကျွင့်ယီးက သတို့သမီး၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲကာ နောက်လှည့်ထွက်ပြေးသည်။ ကျီကျားယို့သည်လည်း အနည်းငယ်ကြောင်အမ်းနေသည့် ဖန်းကျီကို ခေါ်ကာ ရှန်ကျွင့်ယီးနောက် ပြေးလိုက်သည်။
ပတ်ပတ်လည်ရှိသူများအားလုံး ကြောင်အသွားရသည်။ သေစမ်း!! ဒီဇာတ်ဝင်ခန်းက သူတို့အတွက် ဇာတ်ညွှန်းထဲမှာ မပါဘူး!!
သို့သော် အထိန်းတော်က ခပ်မြန်မြန် တုံ့ပြန်လာပြီး စူးစူးရှရှ အော်ဟစ်လိုက်သည်။
"သူတို့ကို တားထား၊ မင်းတို့အားလုံး သူတို့ကို ကျိန်းသေ တားထားရမယ်! တံခါးပိတ်ကြ!! သူတို့ကို ထွက်မပြေးစေနဲ့!!"
သူတို့လေးယောက်လုံး အိမ်ထဲမှ ထွက်လာပြီးဖြစ်သော်လည်း အပြင်ဘက်တွင် ဒါရိုက်တာအဖွဲ့၏ ညွှန်ကြားမှု ရရှိထားသည့် အရံသရုပ်ဆောင်များ၏ ဝိုင်းရံခြင်း ခံလိုက်ရသည်။
ပြေးနေချိန်တွင် ရှန့်ချောင်ဆံပင်မှာ လေတိုက်ခံရပြီး ဖန်းကျီက အံ့အားတကြီး ဆိုသည်;
"ရှောင်ချောင်!"
သတို့သမီးအလဲခံလိုက်ရပြီဖြစ်ကြောင်း အထိန်းတော်လည်း မြင်တွေ့သွားကာ နားကြပ်ထဲမှတဆင့် ဒါရိုက်တာက အမိန့်ပေးသည်။
"ဆက်သရုပ်ဆောင်၊ သူတို့ကို ထွက်ခွင့်မပြုနဲ့!"
ညွှန်ကြားချက်ရရှိပြီးနောက် သူမ ချက်ချင်း တုံ့ပြန်လာကာ သူတို့အား သူမခန္ဓာကိုယ်ဖြင့် ပိတ်ဆို့ထားလိုက်ပြီး အခြားသူများ ဝန်းပတ်ထားသည့် အလယ်ရှိ လူလေးယောက်ထံ လက်ညှိုးထိုးလိုက်သည်။
"ဘယ်လို စိတ်ယုတ်မာရှိတဲ့ သူခိုးတွေလဲ!! ဒီနေ့ မင်းတို့ သတို့သမီးကို ချန်မထားခဲ့ရင် ဒီက ထွက်သွားဖို့ မစဉ်းစားနဲ့!"
အရံသရုပ်ဆောင်အဖွဲ့မှာ အားကြိုးမာန်တက်ရှိလှပြီး ဆက်တင်အပြင်အဆင်မှာ စစ်မှန်လှကာ ပတ်ဝန်းကျင်အခြေအနေမှာ တကယ်ပင် လမ်းဆုံးရောက်နေသည့် ခံစားချက်မျိုးဖြစ်သည်။
ဖန်းကျီက စိုးရိမ်တကြီး မေးမြန်းသည်။
"ငါတို့ ဘာလုပ်ကြမလဲ?"
ကျီကျားယို့က မထူးခြားဟန်ဖြင့် သူ့အိတ်ထဲမှ လေးခွကို ထုတ်ယူလိုက်သည်။
"သူတို့အားလုံးကို သတ်ပစ်!"
အကျောမခံသည့်အနေဖြင့် ရှန်ကျွင့်ယီးက သူ၏ ခေါက်နိုင်သည့် ဂေါ်ပြားကို ထုတ်ယူသည်။ ထိုသည်ကို ရှန့်ချောင် မြင်လျှင် သူမကိုယ်သူမကာကွယ်ရန် ယူဆောင်လာသည့် တူအသေးလေးကို ယူထုတ်လိုက်သည်။
ဖန်းကျီ - "....."
ဒီတော့ နင်တို့အားလုံး ကိရိယာတွေ ယူလာတာ ဒီလို အရံအဖွဲ့နဲ့ တိုက်ခိုက်ဖို့ပေါ့လေ?
သို့သော် သူမက ယုန်ရုပ်သာ ယူလာမိသည်။
စစ်ပွဲနီးကပ်လာသည်ကို မြင်လျှင် ရှန့်ချောင်က ရုတ်ခြည်းဆိုသည်။
"ခဏလေး!!"
ဒါရိုက်တာနှင့် သူ့အဖွဲ့ - "......"
သူတို့အားလုံးထံတွင် မကောင်းသည့် ခံစားချက်ဖြစ်ပေါ်လာသည်။
ရှန့်ချောင်က ဘေးပတ်လည်ကို တရားမျှတမှုရှိဟန် လှည့်ပတ်ကြည့်သည်။
"အခု ငါတို့အားလုံး ဒီအခြေအနေရောက်ပြီဆိုမှတော့ အခြေအနေကို ရှင်းအောင် လုပ်မှရမယ်၊ ဒီမြို့ထဲမှာ ကျွန်မတို့က လွဲပြီး အသက်ရှိတဲ့သူ မရှိဘူးမလား?"
အရံသရုပ်ဆောင်များ - "........"
ဒါရိုက်တာက အဖွဲ့ ခေါင်းဆောက်ကို သတိလှမ်းပေးသည်။
"သူ့ကို ပြန်ဖြေပြီး ဘာလုပ်ချင်လဲ ကြည့်ရအောင်"
ရုတ်တရက်ဆိုသလို အထိန်းတော်က လှောင်ရယ်သည်။
"အခု မင်းတို့ သိပြီဆိုတော့ ဒီနေရာက အသက်ရှင်လျက်ထွက်သွားဖို့ မမျှော်လင့်နဲ့၊ ငါတို့နဲ့ လိမ်လိမ်မာမာနေစမ်းပါ!!"
ဘေးပတ်လည်ရှိ အရံသရုပ်ဆောင်များသည်လည်း ပူးပေါင်းပါဝင်ဟန်ဖြင့် ကျောချမ်းဖွယ် ရယ်မောလာသည်။ ရှန့်ချောင်က ပြုံးလျက်ပင် သူမလက်ထဲရှိ တူကို ဖန်းကျီထံ ကမ်းပေးလိုက်ပြီး ခါးကိုင်းကာ သူမဘောင်းဘီစကို လိပ်တင်သည်။
သူမ၏ ဘယ်ခြေထောက် ခြေသလုံးတွင် တစ်စုံတစ်ခုကို သားရေပင်ဖြင့် တွဲချည်ထားပုံပေါ်သည်။
ရှန့်ချောင်က သားရေပင်ကို ဖြည်လိုက်ကာ ထိုအရာကို လက်ထဲကိုင်လိုက်ပြီး ပတ်ဝန်းကျင်ကို အောင်နိုင်သူလို ရယ်မောလိုက်သည်။
"ရှင်တို့အားလုံး လူမဟုတ်မှတော့ ဒါကို ကြောက်ရမယ်မဟုတ်လား?"
သူမလက်ထဲ ဘာကိုင်ထားသလဲ လူတိုင်းက စိတ်ဝင်တစား ကြည့်ရှုလာကာ သူမကိုင်ထားသည်မှာ....
မက်မွန်သား ဓား။ ထိုမျှသာမက ယင်းမှာ သရဲနှင်သည့် ဓါး ဖြစ်နေသေးသည်။
ဒါရိုက်တာနှင့် သူ့အဖွဲ့ - "..................."
F*ck!!!!
ခေါင်းဆောင်ဒါရိုက်တာမှာ မိုးခြိမ်းသံကဲ့သို့ ဒေါသတကြီး အော်ဟစ်လာသည်။
"နောက် Season ကျရင် အားလုံးကို ရှာဖွေရမယ်!!! ရိုက်ကွင်းကို မဝင်သေးခင်မှာကို အစိတ်အပိုင်းတစ်ခုစီတိုင်းကို နှံ့နှံ့စပ်စပ်စစ်ဆေးရမယ်!!!"
သူမ၏ နည်းလမ်းကြောင့် အရံသရုပ်ဆောင်အားလုံး အံ့အားသင့်သွားရကာ အကြည့်ဖြင့် မေးမြန်းလာသည်။
'ငါတို့က ဓါးကို ကြောက်ရမှာလား မကြောက်ရဘူးလား?'
ရှန့်ချောင်က သရဲနှင်ဓါးကို ကိုင်ကာ အားပါးတရ ကခုန်သည်။
"ရှင်တို့အားလုံးက သရဲတွေဆိုမှတော့ ကြောက်ကို ကြောက်ရမယ်! ရှင်တို့က သရဲတွေဆိုရင် ဒါကို ကြောက်ရမယ်! မဟုတ်ရင် သရဲဖြစ်ခွင့် အရည်အချင်း မပြည့်မှီဘူး! အဲ့ဒါဆို ငါတို့ရှေ့က ဖယ်! တကယ်လို့ တစ်ယောက်ယောက်သာ လမ်းပိတ်ရဲရင် ကျွန်မဓါးက အကုန်လုံးကို မျိုးဖြုတ်ပစ်မယ်!"
ဒါရိုက်တာနှင့် သူ့အဖွဲ့ - "..............."
ပြင်ဆင်ထားမှုမှား ထောင်ပေါင်းများစွာရှိသော်လည်း ဤကဲ့သို့ Bug မျိုးကား တကယ့်ကို ကာကွယ်ရန် ခက်ပေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့် တင်းကျန် - "? ? ? "
ဒီမက်မွန်သား ဓါးကို ခရီးဆောင်အိတ်ထဲက ငါကိုယ်တိုင် ထုတ်လိုက်တယ် မဟုတ်ဘူးလား? သူမ ဘယ်ချိန်တုန်းက ပြန်ခိုးထည့်လိုက်တာလဲ? သေစမ်း!!! ဆိုရှယ်လစ်အမွေဆက်ခံသူ ပုံရိပ်တော့ ပျောက်ပါပြီ!
ရှန့်ချောင် စတင်လိုက်သည့် ဖရိုဖရဲဖြစ်စဉ်ကြောင့် ဒါရိုက်တာအဖွဲ့မှာ စိတ်မတည်ငြိမ်နိုင်သေးပေ။ တဖက်ခြမ်းတွင်မူ လော့ချင်းနှင့် ကျန်းမင်က ဆက်တင်ဆင်ထားသည့် မြို့မှ သတို့သမီးနှင့်အတူ လွတ်မြောက်ပြီးဖြစ်သည်။ ကျန်းမင်က ဒါရိုက်တာရှိရာဆီ ပြေးလာကာ သတို့သမီးကို လက်ညှိုးညွှန်ရင်း အော်ပြောသည်။
"ငါတို့ မစ်ရှင်အောင်သွားပြီ!! သတို့သမီးကို စက္ကူမြို့ကနေ အောင်အောင်မြင်မြင် လွတ်မြောက်နိုင်အောင် ကူညီလိုက်ပြီ၊ ဇာတ်လမ်းပြီးပြီ!"
ထိုစကားဆိုရင်း သူ့လက်ကို ရုပ်ရှင်ဘုတ်သဏ္ဍာန်ဟန်လုပ်ကာ အော်သည်။
"Cut!!"
ခေါင်းဆောင်ဒါရိုက်တာ - "? ? ? "
(ငါ နှလုံးအောင့်လာပြီ!)
ဒီအစီအစဉ်မှာ ယခုလေးတင် သူတို့နောက်ကွယ်တွင် ရှန့်ချောင် တိတ်တဆိတ်ဆွေးနွေးလိုက်သည့် အကြံဉာဏ်ဖြစ်သည်။ သူတို့ချမှတ်ထားသည့် စည်းကမ်းချက်များမှ ဟာကွက်ယိုပေါက်များကို အသုံးချထားခြင်း ဖြစ်သည်။
System က မစ်ရှင်အောင်မြင်ရန် သတို့သမီးကို စက္ကူမြို့မှ လွတ်မြောက်အောင် ကူညီရမည်ဟု ဆိုထားပြီး ဧည့်သည်အားလုံးသည်လည်း လုံခြုံစွာ ဆုတ်ခွါရမည်ဟူသည့် အချက်ကို မထည့်သွင်းထားချေ။ ထို့ကြောင့် သူတို့ထဲကအချို့တဝက်ဖြင့် သတို့သမီးကို အရင်ဦးဆုံး အပြင်သို့ ထွက်လာစေကာ တဝက်မှာ အချိန်ဆွဲထားသည်။ ဒါရိုက်တာအဖွဲ့က ဒီတစ်ခေါက်ဧည့်သည်များကို တကယ့်ကို အထင်သေးမိသွားသည်။
သူ့အသက်ရှုသံကို ပုံမှန်ပြန်ဖြစ်စေပြီးနောက် ဒါရိုက်တာက ဆိုသည်။
"အခုချိန်ကစပြီး.... ဇာတ်ညွှန်းကို ငါ တင်းတင်းကျပ်ကျပ် ကိုင်တွယ်မယ်!!"
လော့ချင်းက ပြုံးရင်းမေးသည်။
"အခု မစ်ရှစ်ပြီးပြီဆိုတော့ ဒါကို ထုတ်လွှင့်လို့ ရပြီလား?"
......
အစီအစဉ်အဖွဲ့သားများမှာ ခါးသီးသွားရသည်။ သူတို့အားလုံးက ခြောက်လှန့်မည့် အဆင့်များစွာကို ပြင်ဆင်ထားခဲ့ပြီး ဇာတ်ညွှန်းကို ပို၍ စိတ်ဝင်စားဖွယ် ကောင်းစေရန် မြုပ်ကွက်များ ထည့်သွင်းထားခဲ့သော်လည်း အများစုမှာ သုံးပင် မသုံးလိုက်ရပေ။
ခဏအကြာတွင် ရှန့်ချောင်နှင့် အခြားသူများပါ ထွက်လာကာ လမ်းလျှောက်ထွက်လာချိန်တွင် မက်မွန်ဓားကို ဝှေ့ရမ်းလာသည်။
ထိုမြင်ကွင်းကို မြင်လျှင် ဒါရိုက်တာအဖွဲ့မှာ နှလုံးအောင့်သွားရပြီး ကစားသမားများက မစ်ရှင်အောင်မြင်ကြောင်း ခပ်မြန်မြန်ကြေညာသည်။ ကြော်ငြာရှင်များ စပွန်ဆာပေးထားသည့် ဆုလက်ဆောင်များကား သူတို့ထံ ခွဲဝေပေးလာသည်။ ထိုအချိန်မှသာ ဒါရိုက်တာက clapper ဘုတ်ကို တရားဝင်ပိတ်ကာ ရိုက်ကူးရေးအစီအစဉ်ပထမပိုင်း ပြီးဆုံးကြောင်း ကြေညာသည်။
တစ်နေကုန် ပြေးလွှားခဲ့ရပြီးနောက် လူခြောက်ယောက်စလုံးမှာ ပင်ပန်းလွန်းလှသဖြင့် ရိုက်ကွင်းထမင်းပင် ကောင်းကောင်းမစားနိုင်ပေ။ သူတို့၏ သက်ဆိုင်ရာကားဆီ ဝင်ရောက်ပြီးနောက် ကိုယ်စီကိုယ်ဌ ထိုင်ခုံများပေါ် အားလျော့စွာ မှီထိုင်လိုက်သည်။ ရှန့်ချောင်က သူမ ထုတ်ယူခဲ့သမျှ သရဲနှင်သည့် အဆောင်ပစ္စည်းများအားလုံးကို ပြန်လည်သိမ်းဆည်းလိုက်ပြီး သူမ၏ အစွမ်းထက်ဆုံးအဆောင်ဖြစ်သည့် ဟော့ရှီးလက်မှတ်ထိုးထားသည့် ဓါတ်ပုံကို ပိုက်ဆံအိတ်အတွင်းဆုံးတွင် ဂရုတစိုက်သိမ်းဆည်းသည်။
တစ်ရက်လုံး အပေးအယူမျှမျှ နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်ပြီးနောက် သရုပ်ဆောင်များကြားရှိ ဆကိဆံရေးမှာ ယခင်ကထက် အဆပေါင်းများစွာ ပို၍ နွေးထွေးလာသည်။ သူတို့အားလုံး တူညီသည့် သရဲ၊ တူညီသည့် စက္ကူလူ၊ တူညီသည့်နေရာတွင် ခြောက်လှန့်ခံခဲ့ရသည်မို့ ရှန်ကျွင့်ယီးစကားအရ သူတို့အားလုံးက အနိမ့်အမြင့်အတက်အကျများ အတူတကွရင်ဆိုင်ခဲ့သည့် ညီအစ်ကိုများ ဖြစ်သွားလေပြီ။
ထို့ကြောင့် သူတို့အားလုံးအချင်းချင်း Wechat လဲလှယ်လိုက်ကာ 'ဆိုရှယ်လစ်အောင်မြင်မှုကို ထိန်းသိမ်းခြင်း' အမည်ရသည့် chat group တစ်ခု ဖွဲ့လိုက်သည်။
သူတို့ ဟိုတယ် ပြန်ရောက်ချိန်တွင် မှောင်နေပြီဖြစ်ကာ မနက်ဖြန်မနက်စောစောတွင် ပြန်ရပေမည်။ တင်းကျန်က ပေ့မင်းဖန်ဆီ ဖုန်းခေါ်ကာ သတင်းပို့လိုက်ပြီး ဝမ်းနည်းတကြီး ဆိုသည်။
"ကျွန်မတောင်းပန်ပါတယ်၊ သူ ပြဿနာမရှာအောင် ကျွန်မ မတားနိုင်တဲ့အပြင် ရိုက်ကူးနေတုန်း သဘာဝလွန်ယုံကြည်တာကိုပါ လုပ်ခွင့်ပြုလိုက်မိတယ်၊ အစီအစဉ်ထုတ်လွှင့်ရင် ဝေ့ကွမ်းကျန်ရဲ့လူတွေက သည်းခံမှာ မဟုတ်တော့ဘူး"
တရားခံမှာမူ တင်းကျန်နှင့် ပေ့မင်းဖန်အကြားရှိ စကားပြောဆိုမှုအကြောင်း မသိသေးပဲ ဆိုဖာပေါ် နစ်ဝင်မတတ်ထိုင်နေရင်း အချိန်တွက်ရန် ပြက္ခဒိန်ကို ကြည့်နေသည်။
ရက်အနည်းငယ်အတွင်းတွင် ဟော့ရှီး၏ တတိယမြောက် ရှိုးပွဲရှိသည်မို့ ထိုနေ့အတွက် သူမအချိန်ဇယားကို ရှင်းလင်းထားရပေမည်။ သူမက ရှိုးပွဲနေ့ကို အနီရေုင်စက်ဝိုင်းဖြင့် ဝိုင်းလိုက်ကာ ပေ့မင်းဖန်ဆီ Screenshot ပို့ရင်း ဆိုသည်။
"ကျွန်မအတွက် အဲ့ဒီနေ့ကျရင် ဘာမှ မစီစဉ်ထားနဲ့၊ အရေးကြီးတာ လုပ်စရာတစ်ခုရှိလို့ ကျေးဇူးပြုပြီး အချိန်ဇယား အအားထားပေးပါ"
ပေ့မင်းဖန်က ခဏအကြာတွင်မှ စာပြန်လာသည်။
"အိုကေ၊ ဒါနဲ့ ငါ မင်းကို တရားဝင်ပြောရဦးမယ်၊ လုပ်ငန်းခွင်ဒရာမာက ညှိနှိုင်းပြီးပြီ၊ မင်းက အဲ့စီးရီးမှာ ခေါင်းဆောင်မင်းသမီးပဲ၊ မင်းပြန်လာရင် စာချုပ်လက်မှတ်ထိုးလို့ ရပြီ"
ယင်းမှာ သူမ ကျုံးရှားနှင့် စာချုပ်ချုပ်ပြီးနောက် ပထမဆုံးရိုက်ကူးမည့် ဇာတ်ကောင်ဖြစ်ပြီး ပရော်ဖက်ရှင်နယ် သရုပ်ဆောင်သင်ခန်းစာ ရယူပြီးနောက် ပထမဆုံး သရုပ်ဆောင်မည့် ဇာတ်ကောင်လည်းဖြစ်သည်။ ထို့ကြောင့် တွေးကြည့်ရုံဖြင့်ပင် သူမ အလွန်အမင်း စိတ်လှုပ်ရှားလာရသည်။
ပေ့မင်းဖန်က ထပ်မံ၍ မက်ဆေ့ချ်ပို့သည်။
"ဒီပရောဂျက်ကိုရဖို့ ပန်းပွင့်ငယ်လေးတွေ ဘယ်လောက်ကြိုးစားကြမှန်း မင်း မသိဘူး၊ မင်းအတွက် ငါ ရအောင် မနည်းကြိုးစားယူပေးထားတာ၊ ရိုက်ကူးရေးအဖွဲ့က ပြင်ဆင်မှုတွေ စနေပြီ၊ တစ်လအတွင်း ရိုက်ကူးရေးစမယ်၊ မင်း ကောင်းကောင်း ပြင်ဆင်ရမယ်၊ အကောင်းဆုံးလုပ်ပြီး တစ်နိုင်ငံလုံး မင်းကို အမြင်သစ်နဲ့ မြင်အောင် လုပ်ပြလိုက်!"
ရှန့်ချောင် သူ့ကို စိတ်ချစေရန် နှစ်သိမ့်ပြီးနောက် မေးသည်။
"ခေါင်းဆောင်မင်းသား ဘယ်သူလဲ?"
ပေ့မင်းဖန်က စိတ်လှုပ်ရှားစွာ ဆိုသည်။
"ဘယ်သူလဲ ငါ ပြောလိုက်ရင် မင်း လန့်သေသွားမယ်"
"Hmm?"
"ဟော့ရှီး!"
"ဘယ်သူ?"
"ဟော့ရှီး!!"
"? ? ?"
ဆိုရိုးစကားရှိပေသည်။ မင်း ပို၍ လွတ်မြောက်ချင်လေ၊ ကျိန်းသေပေါက် ညိတွယ်လေပင်။
****
မနေ့က ပြောမဲ့ သတင်းပါ။ Liz တပတ်လောက် ခွင့်ယူချင်ပါတယ်။ ဒီတလော ongoing လိုက်နေတဲ့သူတွေဆို သိမှာပါ။ အရင် ညနေပိုင်းတင်နေကျကနေ အခု ညဘက်မှ တင်နိုင်တယ်ဆိုတာ။ အမှန်တော့ Liz အလုပ်နည်းနည်းရှုပ်နေလို့ပါ။
စာဖတ်သူတွေက ဘယ်လိုမှ သဘောမထားပေမဲ့ Liz တစ်ယောက်ထဲ Stress ပိနေလို့။ ဒါကြောင့် တပတ်လောက်ခွင့်ယူမယ်နော်။
16 Oct မှာ ပြန်တွေ့မယ်နော်။ အဲ့ချိန်ကျရင်လည်း ongoing လိုက်ပေးပါဦး"
****
{Zawgyi}
အပိုင္း ၅၅
တစ္ေန႔တာလုံး ထိတ္လန့္တၾကားျဖစ္ခဲ့ရၿပီးေနာက္ သတို႔သမီးကို လြတ္ေျမာက္ေအာင္ ကယ္တင္ရမည့္ ေနာက္ဆုံးမစ္ရွင္စတင္သည္။ ေနာက္ဆုံးတြင္ Escape from Life အစီအစဥ္၏ ထြက္ေပါက္လမ္းေၾကာင္းကို သူတို႔အဖြဲ႕ ရွာေတြ႕သြားေလၿပီ။
သဲလြန္စအားလုံးကို ဆက္စပ္ၿပီးေနာက္ 'သရဲမဂၤလာပြဲ' ဇာတ္လမ္းမွာ တျဖည္းျဖည္း ႐ုပ္လုံးေပၚလာသည္။ ယခုအခါတြင္ အစီအစဥ္ကို အဆုံးသတ္ရန္ ေနာက္ဆုံးမစ္ရွင္ကို ၿပီးေျမာက္ေအာင္ ေဆာင္ရြက္ရန္သာ လိုၿပီး သူတို႔အားလုံး အနိုင္ရေပမည္။ ရွုံးနိမ့္ခဲ့လၽွင္မူ သူတို႔အားလုံး ေသဆုံးမည္ျဖစ္ကာ သုႆန္ေျမတြင္ ပိတ္ေလွာင္ျခင္း ခံရမည္ျဖစ္ကာ အျပစ္ဒဏ္ကို ခံယူရေပမည္။
မည္သည့္ျပစ္ဒဏ္ျဖစ္ေၾကာင္း ဒါရိုက္တာအဖြဲ႕က မေၾကညာထားေသာ္လည္း ေသခ်ာသည့္အရာမွာ ရိုက္ကူးေရးအဖြဲ႕က သူတို႔အား သက္ညႇာမည္မဟုတ္ေပ။
က်န္းမင္ - "တျခားဟာထက္ ငါတို႔ ျပန္သြားၿပီး ဖန္းက်ီကို အရင္ကယ္ရမယ္"
ရွန္ကၽြင့္ယီး - "သူ႔ကို ဘယ္လိုကယ္မွာလဲ?"
က်ီက်ားယို႔ - "အကုန္သတ္ပစ္"
ရွန့္ေခ်ာင္ - "......"
(ေကာင္စုတ္ေလး နင့္အေတြးေတြက အႏၲရာယ္မ်ားလြန္းေနၿပီ)
ရွန့္ေခ်ာင္ ေတြးေတာလိုက္ကာ သတို႔သမီးထံ ေမးသည္။
"မနက္ေရာက္လို႔ သူတို႔အားလုံး စကၠဴေျပာင္းသြားတဲ့အခ်ိန္မွာ နင္ ထြက္ေျပးလာတာလား? ၿပီးေတာ့ သူတို႔ မလိုက္နိုင္ေအာင္ ေရထဲ ပုန္းေနတာလား?"
သတို႔သမီးက ေခါင္းညိတ္သည္။
ရွန့္ေခ်ာင္ ေနာက္လွည့္ကာ က်န္သူမ်ားထံ လွမ္းေျပာလိုက္သည္။
"ၾကက္ဖတြန္သံၾကားတဲ့ခ်ိန္ထိ ငါတို႔ ေစာင့္တာေပါ့၊ အာ႐ုဏ္တက္ရင္ သူတို႔အားလုံး စကၠဴအျဖစ္ေျပာင္းသြားၿပီး မလွုပ္နိုင္ခ်ိန္က် ငါတို႔ ဖန္းက်ီကို ကယ္မယ္၊ ၿပီးရင္ ထြက္ေပါက္ဆီ သတို႔သမီးကို လမ္းျပခိုင္းမယ္"
အျပင္ဘက္ရွိ ထိုျမင္ကြင္းကို ၾကည့္ရွုေနသည့္ ရိုက္ကူးေရးသမားမ်ားက တစ္ေယာက္ၿပီးတစ္ေယာက္ ကဲ့ရယ္လာသည္။ သူတို႔အေတြးက ရိုးစင္းလြန္းတယ္၊ ေတြးၾကည့္ရင္ အေတာ္ေလးေတာ့ မဆိုးဘူး။
ထို႔ေနာက္ System သံက လူတိုင္း၏ နားၾကပ္ထဲတြင္ ထြက္ေပၚလာသည္။
"မဂၤလာပြဲမတိုင္ခင္ အခ်ိန္ မိနစ္၂၀ က်န္ရွိသည္၊ သတ္မွတ္ခ်ိန္အတြင္း တာဝန္ၿပီးေျမာက္ျခင္းမရွိပါက ဖမ္းဆီးခံထားရသည့္ ကစားသမားက သတို႔သမီးအစား လက္ထပ္ထိမ္းျမားခံရမည္ျဖစ္ၿပီး သူသည္လည္း စကၠဴစအျဖစ္ ေျပာင္းလဲသြားမည္"
.........
ရွန္ကၽြင့္ယီးက ေအာ္ဟစ္လာသည္။
"သူတို႔ကို သတ္ပစ္! ပရိုဂရမ္အဖြဲ႕ကို ေတာ္လွန္ၿပီး တိုက္ပလိုက္ရေအာင္!!"
ရွန့္ေခ်ာင္ - "ကၽြန္မ အႀကံရၿပီ"
ဒါရိုက္တာႏွင့္ သူ႔အဖြဲ႕ - "........"
(နင္ ပါးစပ္ပိတ္ထားလို႔ မရဘူးလား...)
သူမ လူအခ်ိဳ႕ကို အနားတိုးလာရန္ လက္ဟန္ျပလိုက္ၿပီး စုစည္းေစသည္။ ေရဒီယိုအဖြဲ႕က ရွန့္ေခ်ာင္ ေျပာသည္ကိုသာ ၾကားရသည္။
"မိုက္ပိတ္လိုက္"
ထို႔ေနာက္ ေရဒီယိုလိုင္းမွာ တိတ္ဆိတ္သြားၿပီး သူတို႔အားလုံး ေခါင္းခ်င္းဆိုင္ကာ ေဆြးေႏြးေနသည္ကိုသာ ကင္မရာမွတဆင့္ ျမင္ရသည္။
အဖြဲ႕ေခါင္းေဆာင္ - "....."
(ငါ့ရဲ့ ႏွလုံးၿငိမ္ေဆး ဘယ္မွာလဲ!!!)
တစ္မိနစ္အၾကာတြင္ မိုက္ျပန္ဖြင့္လာၿပီး လူတိုင္း၏ မ်က္ႏွာတြင္ ပေဟဠိဖြက္လိုဟန္ အမူအရာကို အထင္းသား ျမင္ေနရသည္။ ဒါရိုက္တာႏွင့္ သူ႔အဖြဲ႕က အျပင္ဘက္တြင္ စိတ္ေလာႀကီးစြာ ေျခေဆာင့္ေန႐ုံသာ တတ္နိုင္သည္။
"သူတို႔ ဘာေဆြးေႏြးခဲ့တာလဲ? သူတို႔ ဘာလုပ္ၾကမွာလဲ?"
ထို႔ေနာက္ သတို႔သမီးက မဂၤလာဝတ္စုံ အေပၚလႊာကို ခၽြတ္လိုက္သည္ကို ျမင္လိုက္ရသည္။ ရွန့္ေခ်ာင္ လွမ္းယူကာ ေရညႇစ္လိုက္ၿပီးေနာက္ညသူမကိုယ္ေပၚ ဝတ္ဆင္လိုက္သည္။
တာဝန္ခံ ဒါရိုက္တာမွာ စဥ္းစားရခက္သြားသည္။
"သူ ဘာလုပ္ခ်င္တာလဲ? သတို႔သမီးနဲ႔ ေနရာခ်င္းလဲတာ၊ သူက ဖန္းက်ီေနရာ အစားဝင္ခ်င္တာလား?"
အဖြဲ႕သားမ်ားသည္လည္း စကရင္ကို အာ႐ုံစိုက္ ၾကည့္ရွုေနသည္။
စကရင္ေပၚတြင္ ထိုသူႏွစ္ေယာက္မွာ ခပ္ျမန္ျမန္ အဝတ္လဲႏွင့္ၿပီးျဖစ္ကာ ငါးေယာက္အဖြဲ႕က ႏွစ္အုပ္စု ခြဲလိုက္သည္ကို ျမင္လိုက္ရသည္။ ေလာ့ခ်င္းႏွင့္ က်န္းမင္က သတို႔သမီးကို အျပင္သို႔ ေခၚေဆာင္သြားၿပီး ရွန္ကၽြင့္ယီးႏွင့္ က်ီက်ားယို႔က သတို႔သမီးဟန္ေဆာင္ထားသည့္ ရွန့္ေခ်ာင္ကို ေခၚေဆာင္သြားသည္။
စီစဥ္သူက ဒါရိုက္တာကို အႀကံဉာဏ္လွမ္းေတာင္းသည္။
"အရံသ႐ုပ္ေဆာင္ေတြကို ဧည့္သည္ေတြက သတို႔သမီးနဲ႔ လူခ်င္းခ်ိန္းထားတယ္လို႔ ေျပာခ်င္လား?"
ဒီပရိုဂရမ္အဖြဲ႕သည္လည္း သူတို႔ဧည့္သည္မ်ားကို အနိုင္က်င့္သည့္ Hightlight မ်ားေၾကာင့္ လူသိမ်ားသည္။
ရွန့္ေခ်ာင္၊ ရွန္ကၽြင့္ယီးႏွင့္ က်ီက်ားယို႔တို႔ သုံးေယာက္မွာ အလၽွင္မလိုပဲ မိနစ္၂၀ အခ်ိန္ကန့္သတ္ခ်က္ကို ေအးေအးလူလူ အသုံးခ်ကာ အိမ္အိုဆီ ေနာက္ဆုံးမိနစ္တြင္မွ ေရာက္ရွိသြားသည္။ ရွန္ကၽြင့္ယီးက ရွန့္ေခ်ာင္၏ ဆံပင္အားလုံးကို စုစည္းကာ ေရွ႕သို႔ခ်လိုက္ၿပီး သူမမ်က္ႏွာကို ကြယ္လိုက္သည္။ သူႏွင့္ က်ီက်ားယို႔က သူမလက္ေမာင္းကို ဘယ္ညာတစ္ဖက္ဆီ ကိုင္ထားၿပီး တံခါးမွ ဝင္လာခ်င္းျပင္ ေအာ္ဟစ္လာသည္။
"သတို႔သမီးကို ရွာေတြ႕ၿပီ!!"
အိမ္ေတာ္သခင္ႀကီးက အေရွ႕ခန္းမတြင္ လက္ေနာက္ပစ္လ်က္ မတ္တပ္ရပ္ေနကာ အျပဳံးျဖင့္ဆိုသည္။
"ရွာေတြ႕တာ ေကာင္းတယ္၊ ရွာေတြ႕ရင္ ေကာင္းတယ္... မင္းတို႔ ပင္ပန္းသြားရတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ေကာင္ေလးတို႔၊ မဂၤလာပြဲစရင္ ငါတို႔ ေအာင္ပြဲခံေသရည္ေသာက္ၾကမယ္"
ထိုစကားဆိုၿပီးသည္ႏွင့္ သခင္ႀကီးျဖစ္သူက ဖန္းက်ီကို ဖမ္းခ်ဳပ္ထားသည့္ အေဒၚႀကီးကို လွမ္းေခၚကာ သတို႔သမီးကို ျပန္ယူေစသည္။ ရွန္ကၽြင့္ယီးက ရွန့္ေခ်ာင္ေရွ႕မွ ပိတ္ကာရပ္လိုက္ၿပီး က်ယ္က်ယ္ေလာင္ေလာင္ဆိုသည္။
"ကၽြန္ေတာ္တို႔ သူငယ္ခ်င္းကို အရင္ထုတ္ေပး၊ က်ိန္းေသေပါက္ ပစၥည္းကို လဲလွယ္ရမယ္!"
ရွန့္ေခ်ာင္ - "? ? ?"
(ေသာက္ေခြး... ဘယ္သူက အရာဝတၳဳပစၥည္းလဲ?)
အထိန္းေတာ္က ျပဳံးလိုက္ၿပီး သေဘာတူသည္။
"ဒါေပါ့၊ ဒါေပါ့၊ လာၾကစမ္း၊ ေကာင္မေလးကို ေခၚလာခဲ့၊ ဒီသခင္ေလးေတြက အလုပ္ႀကိဳးစားခဲ့တာမို႔ က်ိန္းေသေပါက္ စားေသာက္ပြဲဆင္ႏႊဲရမယ္ေနာ္"
မၾကာမွီမွာပင္ ဖန္းက်ီကို ေခၚထုတ္လာသည္။ သူတို႔ သူမကို ျပန္လာကယ္သည္ကို ျမင္လၽွင္ ဖန္းက်ီမွာ စိတ္လွုပ္ရွားသြားရၿပီး အေျပးတပိုင္းအနားကပ္လာသည္။
"ေကာင္းလိုက္တာ! နင္တို႔ ေနာက္ဆုံးေတာ့ ငါ့ကို လာကယ္ၿပီ!"
သူမ စကားေျပာေနခ်ိန္တြင္ ရွန္ကၽြင့္ယီးက သူမထံ အ႐ူးအမူး မ်က္စိမွိတ္ျပလာသည္။
အထိန္းေတာ္က သူမေနာက္ရွိ လူမ်ားထံ အမိန့္ေပးလိုက္သည္။
"ျမန္ျမန္လုပ္ၾက၊ သခင္မေလးကို သြားျပန္ေခၚၾက၊ မဂၤလာခ်ိန္ေရာက္ေနၿပီ၊ မဂၤလာပြဲအတြက္ အသင့္ျပင္ရေတာ့မယ္"
သူမစကားမဆုံးခင္မွာပင္ ရွန္ကၽြင့္ယီးက သတို႔သမီး၏ လက္ေကာက္ဝတ္ကို ဖမ္းဆြဲကာ ေနာက္လွည့္ထြက္ေျပးသည္။ က်ီက်ားယို႔သည္လည္း အနည္းငယ္ေၾကာင္အမ္းေနသည့္ ဖန္းက်ီကို ေခၚကာ ရွန္ကၽြင့္ယီးေနာက္ ေျပးလိုက္သည္။
ပတ္ပတ္လည္ရွိသူမ်ားအားလုံး ေၾကာင္အသြားရသည္။ ေသစမ္း!! ဒီဇာတ္ဝင္ခန္းက သူတို႔အတြက္ ဇာတ္ညႊန္းထဲမွာ မပါဘူး!!
သို႔ေသာ္ အထိန္းေတာ္က ခပ္ျမန္ျမန္ တုံ႔ျပန္လာၿပီး စူးစူးရွရွ ေအာ္ဟစ္လိုက္သည္။
"သူတို႔ကို တားထား၊ မင္းတို႔အားလုံး သူတို႔ကို က်ိန္းေသ တားထားရမယ္! တံခါးပိတ္ၾက!! သူတို႔ကို ထြက္မေျပးေစနဲ႔!!"
သူတို႔ေလးေယာက္လုံး အိမ္ထဲမွ ထြက္လာၿပီးျဖစ္ေသာ္လည္း အျပင္ဘက္တြင္ ဒါရိုက္တာအဖြဲ႕၏ ညႊန္ၾကားမွု ရရွိထားသည့္ အရံသ႐ုပ္ေဆာင္မ်ား၏ ဝိုင္းရံျခင္း ခံလိုက္ရသည္။
ေျပးေနခ်ိန္တြင္ ရွန့္ေခ်ာင္ဆံပင္မွာ ေလတိုက္ခံရၿပီး ဖန္းက်ီက အံ့အားတႀကီး ဆိုသည္;
"ေရွာင္ေခ်ာင္!"
သတို႔သမီးအလဲခံလိုက္ရၿပီျဖစ္ေၾကာင္း အထိန္းေတာ္လည္း ျမင္ေတြ႕သြားကာ နားၾကပ္ထဲမွတဆင့္ ဒါရိုက္တာက အမိန့္ေပးသည္။
"ဆက္သ႐ုပ္ေဆာင္၊ သူတို႔ကို ထြက္ခြင့္မျပဳနဲ႔!"
ညႊန္ၾကားခ်က္ရရွိၿပီးေနာက္ သူမ ခ်က္ခ်င္း တုံ႔ျပန္လာကာ သူတို႔အား သူမခႏၶာကိုယ္ျဖင့္ ပိတ္ဆို႔ထားလိုက္ၿပီး အျခားသူမ်ား ဝန္းပတ္ထားသည့္ အလယ္ရွိ လူေလးေယာက္ထံ လက္ညႇိုးထိုးလိုက္သည္။
"ဘယ္လို စိတ္ယုတ္မာရွိတဲ့ သူခိုးေတြလဲ!! ဒီေန႔ မင္းတို႔ သတို႔သမီးကို ခ်န္မထားခဲ့ရင္ ဒီက ထြက္သြားဖို႔ မစဥ္းစားနဲ႔!"
အရံသ႐ုပ္ေဆာင္အဖြဲ႕မွာ အားႀကိဳးမာန္တက္ရွိလွၿပီး ဆက္တင္အျပင္အဆင္မွာ စစ္မွန္လွကာ ပတ္ဝန္းက်င္အေျခအေနမွာ တကယ္ပင္ လမ္းဆုံးေရာက္ေနသည့္ ခံစားခ်က္မ်ိဳးျဖစ္သည္။
ဖန္းက်ီက စိုးရိမ္တႀကီး ေမးျမန္းသည္။
"ငါတို႔ ဘာလုပ္ၾကမလဲ?"
က်ီက်ားယို႔က မထူးျခားဟန္ျဖင့္ သူ႔အိတ္ထဲမွ ေလးခြကို ထုတ္ယူလိုက္သည္။
"သူတို႔အားလုံးကို သတ္ပစ္!"
အေက်ာမခံသည့္အေနျဖင့္ ရွန္ကၽြင့္ယီးက သူ၏ ေခါက္နိုင္သည့္ ေဂၚျပားကို ထုတ္ယူသည္။ ထိုသည္ကို ရွန့္ေခ်ာင္ ျမင္လၽွင္ သူမကိုယ္သူမကာကြယ္ရန္ ယူေဆာင္လာသည့္ တူအေသးေလးကို ယူထုတ္လိုက္သည္။
ဖန္းက်ီ - "....."
ဒီေတာ့ နင္တို႔အားလုံး ကိရိယာေတြ ယူလာတာ ဒီလို အရံအဖြဲ႕နဲ႔ တိုက္ခိုက္ဖို႔ေပါ့ေလ?
သို႔ေသာ္ သူမက ယုန္႐ုပ္သာ ယူလာမိသည္။
စစ္ပြဲနီးကပ္လာသည္ကို ျမင္လၽွင္ ရွန့္ေခ်ာင္က ႐ုတ္ျခည္းဆိုသည္။
"ခဏေလး!!"
ဒါရိုက္တာႏွင့္ သူ႔အဖြဲ႕ - "......"
သူတို႔အားလုံးထံတြင္ မေကာင္းသည့္ ခံစားခ်က္ျဖစ္ေပၚလာသည္။
ရွန့္ေခ်ာင္က ေဘးပတ္လည္ကို တရားမၽွတမွုရွိဟန္ လွည့္ပတ္ၾကည့္သည္။
"အခု ငါတို႔အားလုံး ဒီအေျခအေနေရာက္ၿပီဆိုမွေတာ့ အေျခအေနကို ရွင္းေအာင္ လုပ္မွရမယ္၊ ဒီၿမိဳ႕ထဲမွာ ကၽြန္မတို႔က လြဲၿပီး အသက္ရွိတဲ့သူ မရွိဘူးမလား?"
အရံသ႐ုပ္ေဆာင္မ်ား - "........"
ဒါရိုက္တာက အဖြဲ႕ ေခါင္းေဆာက္ကို သတိလွမ္းေပးသည္။
"သူ႔ကို ျပန္ေျဖၿပီး ဘာလုပ္ခ်င္လဲ ၾကည့္ရေအာင္"
႐ုတ္တရက္ဆိုသလို အထိန္းေတာ္က ေလွာင္ရယ္သည္။
"အခု မင္းတို႔ သိၿပီဆိုေတာ့ ဒီေနရာက အသက္ရွင္လ်က္ထြက္သြားဖို႔ မေမၽွာ္လင့္နဲ႔၊ ငါတို႔နဲ႔ လိမ္လိမ္မာမာေနစမ္းပါ!!"
ေဘးပတ္လည္ရွိ အရံသ႐ုပ္ေဆာင္မ်ားသည္လည္း ပူးေပါင္းပါဝင္ဟန္ျဖင့္ ေက်ာခ်မ္းဖြယ္ ရယ္ေမာလာသည္။ ရွန့္ေခ်ာင္က ျပဳံးလ်က္ပင္ သူမလက္ထဲရွိ တူကို ဖန္းက်ီထံ ကမ္းေပးလိုက္ၿပီး ခါးကိုင္းကာ သူမေဘာင္းဘီစကို လိပ္တင္သည္။
သူမ၏ ဘယ္ေျခေထာက္ ေျခသလုံးတြင္ တစ္စုံတစ္ခုကို သားေရပင္ျဖင့္ တြဲခ်ည္ထားပုံေပၚသည္။
ရွန့္ေခ်ာင္က သားေရပင္ကို ျဖည္လိုက္ကာ ထိုအရာကို လက္ထဲကိုင္လိုက္ၿပီး ပတ္ဝန္းက်င္ကို ေအာင္နိုင္သူလို ရယ္ေမာလိုက္သည္။
"ရွင္တို႔အားလုံး လူမဟုတ္မွေတာ့ ဒါကို ေၾကာက္ရမယ္မဟုတ္လား?"
သူမလက္ထဲ ဘာကိုင္ထားသလဲ လူတိုင္းက စိတ္ဝင္တစား ၾကည့္ရွုလာကာ သူမကိုင္ထားသည္မွာ....
မက္မြန္သား ဓား။ ထိုမၽွသာမက ယင္းမွာ သရဲႏွင္သည့္ ဓါး ျဖစ္ေနေသးသည္။
ဒါရိုက္တာႏွင့္ သူ႔အဖြဲ႕ - "..................."
F*ck!!!!
ေခါင္းေဆာင္ဒါရိုက္တာမွာ မိုးၿခိမ္းသံကဲ့သို႔ ေဒါသတႀကီး ေအာ္ဟစ္လာသည္။
"ေနာက္ Season က်ရင္ အားလုံးကို ရွာေဖြရမယ္!!! ရိုက္ကြင္းကို မဝင္ေသးခင္မွာကို အစိတ္အပိုင္းတစ္ခုစီတိုင္းကို ႏွံ့ႏွံ့စပ္စပ္စစ္ေဆးရမယ္!!!"
သူမ၏ နည္းလမ္းေၾကာင့္ အရံသ႐ုပ္ေဆာင္အားလုံး အံ့အားသင့္သြားရကာ အၾကည့္ျဖင့္ ေမးျမန္းလာသည္။
'ငါတို႔က ဓါးကို ေၾကာက္ရမွာလား မေၾကာက္ရဘူးလား?'
ရွန့္ေခ်ာင္က သရဲႏွင္ဓါးကို ကိုင္ကာ အားပါးတရ ကခုန္သည္။
"ရွင္တို႔အားလုံးက သရဲေတြဆိုမွေတာ့ ေၾကာက္ကို ေၾကာက္ရမယ္! ရွင္တို႔က သရဲေတြဆိုရင္ ဒါကို ေၾကာက္ရမယ္! မဟုတ္ရင္ သရဲျဖစ္ခြင့္ အရည္အခ်င္း မျပည့္မွီဘူး! အဲ့ဒါဆို ငါတို႔ေရွ႕က ဖယ္! တကယ္လို႔ တစ္ေယာက္ေယာက္သာ လမ္းပိတ္ရဲရင္ ကၽြန္မဓါးက အကုန္လုံးကို မ်ိဳးျဖဳတ္ပစ္မယ္!"
ဒါရိုက္တာႏွင့္ သူ႔အဖြဲ႕ - "..............."
ျပင္ဆင္ထားမွုမွား ေထာင္ေပါင္းမ်ားစြာရွိေသာ္လည္း ဤကဲ့သို႔ Bug မ်ိဳးကား တကယ့္ကို ကာကြယ္ရန္ ခက္ေပသည္။
ထိုျမင္ကြင္းကို ျမင္လိုက္ရသည့္ တင္းက်န္ - "? ? ? "
ဒီမက္မြန္သား ဓါးကို ခရီးေဆာင္အိတ္ထဲက ငါကိုယ္တိုင္ ထုတ္လိုက္တယ္ မဟုတ္ဘူးလား? သူမ ဘယ္ခ်ိန္တုန္းက ျပန္ခိုးထည့္လိုက္တာလဲ? ေသစမ္း!!! ဆိုရွယ္လစ္အေမြဆက္ခံသူ ပုံရိပ္ေတာ့ ေပ်ာက္ပါၿပီ!
ရွန့္ေခ်ာင္ စတင္လိုက္သည့္ ဖရိုဖရဲျဖစ္စဥ္ေၾကာင့္ ဒါရိုက္တာအဖြဲ႕မွာ စိတ္မတည္ၿငိမ္နိုင္ေသးေပ။ တဖက္ျခမ္းတြင္မူ ေလာ့ခ်င္းႏွင့္ က်န္းမင္က ဆက္တင္ဆင္ထားသည့္ ၿမိဳ႕မွ သတို႔သမီးႏွင့္အတူ လြတ္ေျမာက္ၿပီးျဖစ္သည္။ က်န္းမင္က ဒါရိုက္တာရွိရာဆီ ေျပးလာကာ သတို႔သမီးကို လက္ညႇိုးညႊန္ရင္း ေအာ္ေျပာသည္။
"ငါတို႔ မစ္ရွင္ေအာင္သြားၿပီ!! သတို႔သမီးကို စကၠဴၿမိဳ႕ကေန ေအာင္ေအာင္ျမင္ျမင္ လြတ္ေျမာက္နိုင္ေအာင္ ကူညီလိုက္ၿပီ၊ ဇာတ္လမ္းၿပီးၿပီ!"
ထိုစကားဆိုရင္း သူ႔လက္ကို ႐ုပ္ရွင္ဘုတ္သ႑ာန္ဟန္လုပ္ကာ ေအာ္သည္။
"Cut!!"
ေခါင္းေဆာင္ဒါရိုက္တာ - "? ? ? "
(ငါ ႏွလုံးေအာင့္လာၿပီ!)
ဒီအစီအစဥ္မွာ ယခုေလးတင္ သူတို႔ေနာက္ကြယ္တြင္ ရွန့္ေခ်ာင္ တိတ္တဆိတ္ေဆြးေႏြးလိုက္သည့္ အႀကံဉာဏ္ျဖစ္သည္။ သူတို႔ခ်မွတ္ထားသည့္ စည္းကမ္းခ်က္မ်ားမွ ဟာကြက္ယိုေပါက္မ်ားကို အသုံးခ်ထားျခင္း ျဖစ္သည္။
System က မစ္ရွင္ေအာင္ျမင္ရန္ သတို႔သမီးကို စကၠဴၿမိဳ႕မွ လြတ္ေျမာက္ေအာင္ ကူညီရမည္ဟု ဆိုထားၿပီး ဧည့္သည္အားလုံးသည္လည္း လုံျခဳံစြာ ဆုတ္ခြါရမည္ဟူသည့္ အခ်က္ကို မထည့္သြင္းထားေခ်။ ထို႔ေၾကာင့္ သူတို႔ထဲကအခ်ိဳ႕တဝက္ျဖင့္ သတို႔သမီးကို အရင္ဦးဆုံး အျပင္သို႔ ထြက္လာေစကာ တဝက္မွာ အခ်ိန္ဆြဲထားသည္။ ဒါရိုက္တာအဖြဲ႕က ဒီတစ္ေခါက္ဧည့္သည္မ်ားကို တကယ့္ကို အထင္ေသးမိသြားသည္။
သူ႔အသက္ရွုသံကို ပုံမွန္ျပန္ျဖစ္ေစၿပီးေနာက္ ဒါရိုက္တာက ဆိုသည္။
"အခုခ်ိန္ကစၿပီး.... ဇာတ္ညႊန္းကို ငါ တင္းတင္းက်ပ္က်ပ္ ကိုင္တြယ္မယ္!!"
ေလာ့ခ်င္းက ျပဳံးရင္းေမးသည္။
"အခု မစ္ရွစ္ၿပီးၿပီဆိုေတာ့ ဒါကို ထုတ္လႊင့္လို႔ ရၿပီလား?"
......
အစီအစဥ္အဖြဲ႕သားမ်ားမွာ ခါးသီးသြားရသည္။ သူတို႔အားလုံးက ေျခာက္လွန့္မည့္ အဆင့္မ်ားစြာကို ျပင္ဆင္ထားခဲ့ၿပီး ဇာတ္ညႊန္းကို ပို၍ စိတ္ဝင္စားဖြယ္ ေကာင္းေစရန္ ျမဳပ္ကြက္မ်ား ထည့္သြင္းထားခဲ့ေသာ္လည္း အမ်ားစုမွာ သုံးပင္ မသုံးလိုက္ရေပ။
ခဏအၾကာတြင္ ရွန့္ေခ်ာင္ႏွင့္ အျခားသူမ်ားပါ ထြက္လာကာ လမ္းေလၽွာက္ထြက္လာခ်ိန္တြင္ မက္မြန္ဓားကို ေဝွ႕ရမ္းလာသည္။
ထိုျမင္ကြင္းကို ျမင္လၽွင္ ဒါရိုက္တာအဖြဲ႕မွာ ႏွလုံးေအာင့္သြားရၿပီး ကစားသမားမ်ားက မစ္ရွင္ေအာင္ျမင္ေၾကာင္း ခပ္ျမန္ျမန္ေၾကညာသည္။ ေၾကာ္ျငာရွင္မ်ား စပြန္ဆာေပးထားသည့္ ဆုလက္ေဆာင္မ်ားကား သူတို႔ထံ ခြဲေဝေပးလာသည္။ ထိုအခ်ိန္မွသာ ဒါရိုက္တာက clapper ဘုတ္ကို တရားဝင္ပိတ္ကာ ရိုက္ကူးေရးအစီအစဥ္ပထမပိုင္း ၿပီးဆုံးေၾကာင္း ေၾကညာသည္။
တစ္ေနကုန္ ေျပးလႊားခဲ့ရၿပီးေနာက္ လူေျခာက္ေယာက္စလုံးမွာ ပင္ပန္းလြန္းလွသျဖင့္ ရိုက္ကြင္းထမင္းပင္ ေကာင္းေကာင္းမစားနိုင္ေပ။ သူတို႔၏ သက္ဆိုင္ရာကားဆီ ဝင္ေရာက္ၿပီးေနာက္ ကိုယ္စီကိုယ္ဌ ထိုင္ခုံမ်ားေပၚ အားေလ်ာ့စြာ မွီထိုင္လိုက္သည္။ ရွန့္ေခ်ာင္က သူမ ထုတ္ယူခဲ့သမၽွ သရဲႏွင္သည့္ အေဆာင္ပစၥည္းမ်ားအားလုံးကို ျပန္လည္သိမ္းဆည္းလိုက္ၿပီး သူမ၏ အစြမ္းထက္ဆုံးအေဆာင္ျဖစ္သည့္ ေဟာ့ရွီးလက္မွတ္ထိုးထားသည့္ ဓါတ္ပုံကို ပိုက္ဆံအိတ္အတြင္းဆုံးတြင္ ဂ႐ုတစိုက္သိမ္းဆည္းသည္။
တစ္ရက္လုံး အေပးအယူမၽွမၽွ နားလည္မွုရွိရွိ ပူးေပါင္းေဆာင္ရြက္ၿပီးေနာက္ သ႐ုပ္ေဆာင္မ်ားၾကားရွိ ဆကိဆံေရးမွာ ယခင္ကထက္ အဆေပါင္းမ်ားစြာ ပို၍ ေႏြးေထြးလာသည္။ သူတို႔အားလုံး တူညီသည့္ သရဲ၊ တူညီသည့္ စကၠဴလူ၊ တူညီသည့္ေနရာတြင္ ေျခာက္လွန့္ခံခဲ့ရသည္မို႔ ရွန္ကၽြင့္ယီးစကားအရ သူတို႔အားလုံးက အနိမ့္အျမင့္အတက္အက်မ်ား အတူတကြရင္ဆိုင္ခဲ့သည့္ ညီအစ္ကိုမ်ား ျဖစ္သြားေလၿပီ။
ထို႔ေၾကာင့္ သူတို႔အားလုံးအခ်င္းခ်င္း Wechat လဲလွယ္လိုက္ကာ 'ဆိုရွယ္လစ္ေအာင္ျမင္မွုကို ထိန္းသိမ္းျခင္း' အမည္ရသည့္ chat group တစ္ခု ဖြဲ႕လိုက္သည္။
သူတို႔ ဟိုတယ္ ျပန္ေရာက္ခ်ိန္တြင္ ေမွာင္ေနၿပီျဖစ္ကာ မနက္ျဖန္မနက္ေစာေစာတြင္ ျပန္ရေပမည္။ တင္းက်န္က ေပ့မင္းဖန္ဆီ ဖုန္းေခၚကာ သတင္းပို႔လိုက္ၿပီး ဝမ္းနည္းတႀကီး ဆိုသည္။
"ကၽြန္မေတာင္းပန္ပါတယ္၊ သူ ျပႆနာမရွာေအာင္ ကၽြန္မ မတားနိုင္တဲ့အျပင္ ရိုက္ကူးေနတုန္း သဘာဝလြန္ယုံၾကည္တာကိုပါ လုပ္ခြင့္ျပဳလိုက္မိတယ္၊ အစီအစဥ္ထုတ္လႊင့္ရင္ ေဝ့ကြမ္းက်န္ရဲ့လူေတြက သည္းခံမွာ မဟုတ္ေတာ့ဘူး"
တရားခံမွာမူ တင္းက်န္ႏွင့္ ေပ့မင္းဖန္အၾကားရွိ စကားေျပာဆိုမွုအေၾကာင္း မသိေသးပဲ ဆိုဖာေပၚ နစ္ဝင္မတတ္ထိုင္ေနရင္း အခ်ိန္တြက္ရန္ ျပကၡဒိန္ကို ၾကည့္ေနသည္။
ရက္အနည္းငယ္အတြင္းတြင္ ေဟာ့ရွီး၏ တတိယေျမာက္ ရွိုးပြဲရွိသည္မို႔ ထိုေန႔အတြက္ သူမအခ်ိန္ဇယားကို ရွင္းလင္းထားရေပမည္။ သူမက ရွိုးပြဲေန႔ကို အနီေ႐ုင္စက္ဝိုင္းျဖင့္ ဝိုင္းလိုက္ကာ ေပ့မင္းဖန္ဆီ Screenshot ပို႔ရင္း ဆိုသည္။
"ကၽြန္မအတြက္ အဲ့ဒီေန႔က်ရင္ ဘာမွ မစီစဥ္ထားနဲ႔၊ အေရးႀကီးတာ လုပ္စရာတစ္ခုရွိလို႔ ေက်းဇူးျပဳၿပီး အခ်ိန္ဇယား အအားထားေပးပါ"
ေပ့မင္းဖန္က ခဏအၾကာတြင္မွ စာျပန္လာသည္။
"အိုေက၊ ဒါနဲ႔ ငါ မင္းကို တရားဝင္ေျပာရဦးမယ္၊ လုပ္ငန္းခြင္ဒရာမာက ညႇိႏွိုင္းၿပီးၿပီ၊ မင္းက အဲ့စီးရီးမွာ ေခါင္းေဆာင္မင္းသမီးပဲ၊ မင္းျပန္လာရင္ စာခ်ဳပ္လက္မွတ္ထိုးလို႔ ရၿပီ"
ယင္းမွာ သူမ က်ဳံးရွားႏွင့္ စာခ်ဳပ္ခ်ဳပ္ၿပီးေနာက္ ပထမဆုံးရိုက္ကူးမည့္ ဇာတ္ေကာင္ျဖစ္ၿပီး ပေရာ္ဖက္ရွင္နယ္ သ႐ုပ္ေဆာင္သင္ခန္းစာ ရယူၿပီးေနာက္ ပထမဆုံး သ႐ုပ္ေဆာင္မည့္ ဇာတ္ေကာင္လည္းျဖစ္သည္။ ထို႔ေၾကာင့္ ေတြးၾကည့္႐ုံျဖင့္ပင္ သူမ အလြန္အမင္း စိတ္လွုပ္ရွားလာရသည္။
ေပ့မင္းဖန္က ထပ္မံ၍ မက္ေဆ့ခ်္ပို႔သည္။
"ဒီပေရာဂ်က္ကိုရဖို႔ ပန္းပြင့္ငယ္ေလးေတြ ဘယ္ေလာက္ႀကိဳးစားၾကမွန္း မင္း မသိဘူး၊ မင္းအတြက္ ငါ ရေအာင္ မနည္းႀကိဳးစားယူေပးထားတာ၊ ရိုက္ကူးေရးအဖြဲ႕က ျပင္ဆင္မွုေတြ စေနၿပီ၊ တစ္လအတြင္း ရိုက္ကူးေရးစမယ္၊ မင္း ေကာင္းေကာင္း ျပင္ဆင္ရမယ္၊ အေကာင္းဆုံးလုပ္ၿပီး တစ္နိုင္ငံလုံး မင္းကို အျမင္သစ္နဲ႔ ျမင္ေအာင္ လုပ္ျပလိုက္!"
ရွန့္ေခ်ာင္ သူ႔ကို စိတ္ခ်ေစရန္ ႏွစ္သိမ့္ၿပီးေနာက္ ေမးသည္။
"ေခါင္းေဆာင္မင္းသား ဘယ္သူလဲ?"
ေပ့မင္းဖန္က စိတ္လွုပ္ရွားစြာ ဆိုသည္။
"ဘယ္သူလဲ ငါ ေျပာလိုက္ရင္ မင္း လန့္ေသသြားမယ္"
"Hmm?"
"ေဟာ့ရွီး!"
"ဘယ္သူ?"
"ေဟာ့ရွီး!!"
"? ? ?"
ဆိုရိုးစကားရွိေပသည္။ မင္း ပို၍ လြတ္ေျမာက္ခ်င္ေလ၊ က်ိန္းေသေပါက္ ညိတြယ္ေလပင္။
****
မေန႔က ေျပာမဲ့ သတင္းပါ။ Liz တပတ္ေလာက္ ခြင့္ယူခ်င္ပါတယ္။ ဒီတေလာ ongoing လိုက္ေနတဲ့သူေတြဆို သိမွာပါ။ အရင္ ညေနပိုင္းတင္ေနက်ကေန အခု ညဘက္မွ တင္နိုင္တယ္ဆိုတာ။ အမွန္ေတာ့ Liz အလုပ္နည္းနည္းရွုပ္ေနလို႔ပါ။
စာဖတ္သူေတြက ဘယ္လိုမွ သေဘာမထားေပမဲ့ Liz တစ္ေယာက္ထဲ Stress ပိေနလို႔။ ဒါေၾကာင့္ တပတ္ေလာက္ခြင့္ယူမယ္ေနာ္။
16 Oct မွာ ျပန္ေတြ႕မယ္ေနာ္။ အဲ့ခ်ိန္က်ရင္လည္း ongoing လိုက္ေပးပါဦး"
****