{Unicode}
အပိုင်း ၅၁
ရှန့်ချောင် - "ရှင် အရှုံးပေးဖို့ ကျွန်မ အကြံပေးမယ်"
ရှန်ကျွင့်ယီးက မျက်ခုံးပင့်သည်။
"ဒါဘယ်လိုဖြစ်နိုင်မှာလဲ? စစ်သားဆိုတာ အသက်ပဲ အသေခံမယ်၊ အရှက်ကွဲမခံဘူး၊ သေရင်လည်း ရန်သူ့ Crystal အောက်မှာပဲ သေမယ်"
သူ့စွမ်းရည်မှာ ကောင်းမွန်ခြင်းမရှိသော်လည်း သူ့စိတ်အားထက်သန်မှုက အတော်လေးကောင်းမွန်သည်။
ရှန့်ချောင် ပြုံးလိုက်ပြီး စကားထပ်မဆိုပဲ သူမရှေ့ရှိ ဖန်ခွက်ကို ကိုင်ကာ လက်ဖက်ရည်သောက်လိုက်သည်။ ဖန်းကျီက စကားစသည်။
"မင်းတို့ကောင်လေးအားလုံးက ဂိမ်းဆော့ရတာ အတော်ကြိုက်တာပဲ၊ ရှောင်ကျားလဲ အခုလေးတင် ဆော့နေတာ၊ ပြီးကျရင် အတူအဖွဲ့ဖွဲ့ကြပေါ့"
ရှန်ကျွင့်ယီးက သူ့အကြောင်း သူသိစွာ ဆိုသည်။
"ပရော်ဖက်ရှင်နယ်ကစားသမားတွေနဲ့ ကျွန်တော် အတူ မဆော့ရဲဘူး"
ကျီကျားယို့က LOL ဂိမ်း၏ ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်ဖြစ်သော်လည်း အမြဲတမ်း အရန်ခုံမှာသာ ထိုင်ခဲ့ရသည်။ နောက်ပိုင်းတွင် တိုက်ရိုက်ထုတ်လွှင့်မှုမှ ရရှိသည့် ကျော်ကြားမှုများကြောင့် သူက ရိုးရှင်းစွာပင် အသင်းမှ နှုတ်ထွက်ပြီး Game Anchor ဖြစ်လာသည်။
ရှန်ကျွင့်ယီး၏ သိသာသည့် ချီးကျူးစကားကြောင့် သူက အနည်းငယ် အနေရခက်စွာ ကျောမတ်သွားသည်။ သူ၏ ခပ်အေးအေးပုံစံကို ပြသသင့်သော်လည်း အနည်းငယ် ခပ်အမ်းအမ်း ပြန်ဖြေချိန်တွင် ယဉ်ယဉ်ကျေးကျေး ရှိနေဆဲပင်။
"ကျွန်တော် King of glory ကို သိပ်မဆော့ပေမဲ့ အခွင့်အရေးရရင် ကျွန်တော်တို့ အတူဆော့ရအောင်"
သူတို့ စကားပြောနေစဉ် ကျန်းမင်နှင့် လော့ချင်းက ပြုံးပြုံးရွှင်ရွှင် ဝင်ရောက်လာသည်။ နှစ်ယောက်စလုံးက ရုပ်ရှင်ဇာတ်ကားနယ်ပယ်မှ ဖြစ်သည်မို့ ယခင်ကတည်းက သိကျွမ်းနှင့်ပြီးဖြစ်ကာ သဘာဝကျကျပင် အချင်းချင်း ရင်းနှီးသည်။
လော့ချင်းက ပို၍ စီနီယာကျပြီး သူမအသက်မှာ ၄၇နှစ် ရှိပြီးဖြစ်ကာ ဒီလောကထဲ ရှစ်နှစ်ကျင်လည်ပြီးသော်လည်း ရုပ်ရည်ကို ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်သည်။ သူမက ရုပ်ရှင်ရိုက်ကူးမှု ရပ်နားပြီးနောက် ချမ်းသာကြွယ်ဝသည့် မိသားစုနှင့် အိမ်ထောင်ကျကာ သားနှစ်ယောက်၊ သမီးတစ်ယောက်ထွန်းကားပြီး လူတိုင်းပါးစပ်ဖျားတွင် ဘဝကို အောင်နိုင်သူဟု ပြောစမှတ်တွင်သည်။
လူအချို့ ချက်ချင်းမတ်တပ်ရပ်ကာ အချင်းချင်း နှုတ်ဆက်စကားဆိုလိုက်ပြီး သူမက အပြုံးဖြင့်ဆိုသည်။
"ထိုင် ထိုင် အားလုံးထိုင်။ ငါနောက်ကျသွားတော့ မင်းတို့ ကလေးတွေကို အကြာကြီး စောင့်စေမိပြီ"
လူတိုင်း နေရာယူလိုက်ကာ စားပွဲထိုးက စတင်တည်ခင်းသည်။ မနက်ဖြန်တွင် ရိုက်ကူးမည့် ပရိုဂရမ်အကြောင်း စကားစမြည်ဆိုကြသည်။ လော့ချင်းက အပြုံးဖြင့်
"ငါကြားတာတော့ ငါတို့ထဲက တစ်ယောက်က သရဲအရမ်းကြောက်တယ်ဆို"
ပုစွန်ခွါနေသည့် ရှန့်ချောင် - "......"
ရုတ်ချည်း သံပတ်ပေးလိုက်သကဲ့သို့ လူတိုင်းက သူမထံ လှမ်းကြည့်လာသည်။ ရှန့်ချောင်ခမျာ ခွါလက်စပုစွန်တဝက်ကို ပန်းကန်ထဲ ထည့်ရုံသာ တတ်နိုင်ပြီး အားလုံးကို ရှက်ပြုံးပြုံးပြလိုက်သည်။
ဖန်းကျီ - "ငါ နင့် ဗီဒီယိုကိုတွေ့တယ်၊ နင်က တအားချစ်ဖို့ ကောင်းတာပဲ၊ အဲ့လောက်စကားအရှည်ကြီး မှတ်မိနိုင်တာ မလွယ်ဘူး၊ ဒီလောက် ခက်တာ၊ ငါ ဒီမလာခင် ရွတ်ခဲ့တာတောင် မမှတ်မိဘူး၊ ရှောင်ချောင် နင်ဘယ်လိုများ မှတ်မိတာလဲ?"
ရှန့်ချောင် - "ဖြစ်နိုင်တာ ကျွန်မ အလွတ်ကျက်ထားလို့ ဖြစ်မယ်"
လူတိုင်း - "....."
သူတို့ရှေ့တွင် စားကောင်းသောက်ဖွယ်များ ရှိနေသည့်တိုင်အောင် အနုပညာရှင်များစွာက ခန္ဓာကိုယ်ကို ထိန်းသိမ်းရန်အတွက် သူတို့တူများ မလှုပ်ရှားလာပဲ အတင်းအဖျင်းကိုသာ ဦးစားပေးသည်။ ကျီကျားယို့နှင့် ရှန့်ချောင်သည်သာ ခေါင်းမဖော်တမ်းစားနေသည်မှာ အငတ်ခံလာသည်များသဖွယ်။ နှစ်ယောက်သားက အရသာရှိသည့် အမဲသားကြက်ဥနှစ်ပန်းကန်အတွက် တစ်ယောက်နှင့် တစ်ယောက် အလျှော့ပေးရင်း....
မည်သူမှ ပန်းကန်ပြားပေါ်ရှိ နောက်ဆုံး အသားဖတ်ထံ လက်မလှမ်းချေ။
ဝိတ်တာက ထိုပန်းကန်ပြားကို သိမ်းဆည်းသွားချိန်မှသာ ရှန့်ချောင်က နောင်တဖြင့် တွေးတောလိုက်သည်။ ဘယ်သူမှ မယူမှန်း သူမသာ ကြိုသိလျှင် သူမ သေချာပေါက် စားလိုက်ပေမည်။ တချိန်ထဲမှာပင် ကျီကျားယို့သည်လည်း ပန်းကန်ပြားထံ နောင်တဖြင့် စိုက်ကြည့်နေသည်မှာ စားပွဲထိုးက အခန်းပြင်ထုတ်သွားသည်အထိပင်။ ထိုအခါမှသာ သူ့အကြည့်တို့ကို ပြန်ရုတ်သိမ်းသည်။
သူ မော့ကြည့်ကာ ရှန့်ချောင်နှင့် အကြည့်ချင်းဆုံချိန်တွင် သူ တောင့်ခဲသွားရပြီး သူ၏ 'ကျွန်တော်က အမိုက်စား' မျက်နှာသွင်ပြင်ထံ ပြန်ပြောင်းသွားသည်။
ညစာစားပွဲပြီးချိန်တွင် တစ်ယောက်ချင်းစီတွင် ထင်မြင်ယူဆချက်များ ရှိနေလေပြီ။
ရှန်ကျွင့်ယီးက နာမည်အကြီးဆုံးသူဖြစ်သော်လည်း ပေါင်းသင်းရလွယ်ကူသည့် ကိုယ်ရည်ကိုယ်သွေး ရှိပြီး တချက်တချက်တွင် အနည်းငယ် တုံးအသည်။
လော့ချင်းက ကျက်သရေရှိကာ ဂုဏ်သရေအပြည့်ဖြစ်သည်။ သူမက မနှေးမမြန် စကားပြောလေ့ရှိသည်မှာ စီနီယာတစ်ယောက်၏ ဟန်ပန်မျိုး။
ဖန်းကျီက ခပ်နောက်နောက် စကားဆိုတတ်သည်။
ကျီကျားယို့မှာ အနေရခက်နေသည့်ကလေးတစ်ယောက်ပမာဖြစ်ပြီး အဆုံးထိ စတိုင်လ်မိုက်သည့်ဟန်ပန်ကို ထိန်းသိမ်းသွားသည်။
ကျန်းမင်က ရုပ်ဆင်းသွင်ပြင်တွင် ထူးကဲအံ့ချီးဖွယ်ဖြစ်ပြီး စကားပြောဆိုရာတွင်လည်းကောင်း၊ အပြုအမူတွင်လည်းကောင်း အမှားတခုသော်မျှ မပြုလုပ်ချေ။
ရှန့်ချောင်ထံတွင် သိမ်မွေ့သည့် ကိုယ်ရည်ကိုယ်သွေးရှိသည်။ သူမက ရယ်ရယ်မောမော စကားပြောဆိုလေ့ရှိပြီး အာရုံစိုက်ခံရမှုကို ခိုးယူလိုခြင်းမရှိပေ။ သူမက တခါတလေ သဲရုပ်ထုပမာ စကားဆိုလေ့ရှိသည်။
ညစာစားပွဲပြီးဆုံးသည့်နောက် ပရိုဂရမ်အဖွဲ့က မနက်ဖြန်မနက်၇နာရီတွင် ဟိုတယ်ရှေ့၌ လူစုရမည်ပြီး ကားတစ်စီးက ရိုက်ကူးရမည့်နေရာထံ ပို့ဆောင်မည်ဖြစ်ကြောင်း မှာကြားသည်။ များမကြာမှီ ဝန်ထမ်းများက အချိန်ဇယားနှင့် ဇာတ်ညွှန်းကို သူတို့၏ အခန်းများဆီ ပို့ဆောင်ပေမည်။
ရှန့်ချောင် အခန်းပြန်ရန် ပြင်ချိန်မှာပင် ရှန်ကျွင့်ယီးက သူမကို လှမ်းခေါ်သည်။
"ညီလေး၊ ငါ ရှောင်ကျားနဲ့ အတူဆော့မလို့၊ ပါမလား?"
ရှန့်ချောင် - "မပါတော့ဘူး၊ မပါတော့ဘူး၊ ရှင်တို့ဆော့"
သူမ အငြင်းစကားဆိုလိုက်ရင်း ကျီကျားယို့ထံ ကရုဏာသက်ဟန် အကြည့်တချက်ပို့လွှတ်ပြီးနောက် နောင်လှည့်ကာ ထွက်ပြေးလာသည်။
အစပထမပိုင်းတွင် ကျီကျားယို့က ထိုကရုဏာအကြည့်ကို နားမလည်နိုင်ပဲ အကြောင်းရင်းကို စဉ်းစားနေမိသည်မှာ သူတို့ စမဆော့ခင်အထိပင်...
ကျီကျားယို့ - "အစ်မရှောင်ချောင်က တကယ့်စိတ်ပုတ်ပဲ"
..........
....
အခန်းဆီပြန်ကာ ရေချိုးပြီးနောက် ဆံပင်ကို လေမှုတ်လိုက်သည်။ ဧည့်ခန်းအတွင်းထိုင်ကာ ဖုန်းဆော့နေသည့် တင်းကျန်က ရုတ်တရက်လှမ်းအော်လာသည်။
"ချောင်ချောင်!! နင်နဲ့ ရှန်ကျွင့်ယီး သတင်းထွက်နေတယ်!"
ရှန့်ချောင် လေမှုတ်စက်ကို ပိတ်လိုက်ကာ
"ဘယ်သူနဲ့?"
"ရှန်ကျွင့်ယီး!!"
ရှန့်ချောင် ပြေးလာပြီး ဖုန်းဆွဲယူလိုက်သည်။ Hot Search ခေါင်းစဉ်မှာ 'ရှန်ကျွင့်ယီး၊ ရှန့်ချောင် လေဆိပ်တွင် ရင်းရင်းနှီးနှီး ပြုမူခြင်း'။
ယနေ့မနက်ပိုင်း ဗီအိုင်ပီခန်းထဲရှိ သူတို့နှစ်ယောက်၏ ဓါတ်ပုံများကို ဖော်ပြထားပြီး မည်သည့်ရှူထောင့်မှ ရိုက်ကူးထားမှန်း သူမ မသိသော်လည်း ဓါတ်ပုံချည်းသက်သက် ကြည့်ရှူလျှင် သူတို့နှစ်ယောက်၏ ဦးခေါင်းများ နီးကပ်စွာ ငဲ့စောင်းနေသည်မှာ တိုးတိုးတိတ်တိတ် စကားဆိုနေဟန်။
ရှန်ကျွင့်ယီးနာမည်ကြောင့် Hot search မှာ ဒုတိယနေရာ ချိတ်သည်။
ရှန့်ချောင် ခေါင်းထဲတွင် အတွေးတစ်ခုသာ ရှိသည်။
(သွားပြီ!! ငါတော့ ရှီးကွမ်းဖန်ဒမ်းက အထုတ်ခံရပြီ!!)
ရှီးကွမ်းများလိုပင် ယီးရန်ဖန်ဒမ်သည်လည်း ကျိန်းသေပေါက် သူမကို မုန်းတီးပေမည်။ ပထမဆုံး သူမတို့ ဆက်ဆံရေးကို ရှင်းလင်းအောင် လုပ်ရမည်ဖြစ်ပြီး ပရိုဂရမ်အဖွဲ့ထံ အကြောင်းကြားကာ လမ်းကြောင်းကို အသိပေးရပေမည်။ ထို့ပြင် ထိုကဲ့သို့ သူတို့ မလုပ်နိုင်ခင်မှာပင် ကျော်ကြားမှုကို ကူးယူသည်ဟု အစွပ်စွဲခံရခြင်းကို ရှောင်ရှားနိုင်ရန် မည်သည့်သတင်းအချက်အလက်ကိုမှ အရင်မထုတ်ပြန်နိုင်ပေ။ လုပ်ဆောင်ရမည့် အဆင့်များစွာကြောင့် ရှန့်ချောင်၏ အဖွဲ့မှာ အလုပ်များပေတော့မည်။
သို့သော် ပထမဆုံးအနေဖြင့် သူမ ရှီးကွမ်းဖိုရမ်ဆီ တချက်သွားရောက်ကြည့်ရှူလိုက်ပြီး နှစ်သစ်ကူးဆင်နွှဲနေဟန် ရှီးကွမ်းအားလုံး အလုပ်ရှုပ်နေပုံရသည်။ ဖိုရမ်တွင် ကွဲပြားသည့် emoji များနှင့် ဟော့ရှီး၏ ဆိုင်းဘုတ်များအကြောင်း တင်ရင်း စည်ကားနေသည်။
ယင်းကို စစ်ဆေးပြီးနောက် ရှန့်ချောင် ပေ့မင်းဖန်ထံ ဖုန်းခေါ်လိုက်ကာ တဖက်လူမှာ အပြင်းအထန် ငြင်းဆိုလာသည်။
"ငါ မင်းကို အစောကတည်းက ကတိပေးပြီးသွားပြီ၊ ငါ ကတိဖျက်တယ်ဆိုတာ မဖြစ်နိုင်တာပဲ၊ နောက်ပြီး CP သတင်းလွှင့်ချင်ရင်တောင် ရှန်ကျွင့်ယီးကို ငါ ရွေးလို့ မဖြစ်ဘူး"
ထို့နောက် သူက ထပ်ပေါင်းဆိုသည်။
"ဖြစ်နိုင်တာ အစီအစဉ်အဖွဲ့က လုပ်တာဖြစ်မယ်၊ မင်း စိတ်လျှော့ထား၊ ငါ ဒီဘက်ကို ဆက်သွယ်ကြည့်လိုက်မယ်"
(ငါက ဘယ်လိုများ စိတ်မလှုပ်ရှားပဲ နေနိုင်မှာလဲ!! ဟော့ရှီးသာ အထင်လွဲသွားရင် ငါ့ခြေထောက် ရိုက်ချိုးခံရမှာ!!)
သူမ ဟော့ရှီး၏ အလုပ်ချိန်ဇယားကို ကြည့်ရှုလိုက်ပြီး ယနေ့အတွက် သူ့အချိန်ဇယားမရှိမှန်း တွေ့လိုက်သည်။ လက်ရှိ သူ အိမ်မှာ ရှိနေလောက်သည်။ သူမဖုန်းမှတဆင့် Hot search ကို ကြည့်လိုက်ပြီး အထင်သေးဟန် နှာခေါင်းရှုံ့လိုက်သည်။
ဟော့ရှီးထံ ဖုန်းခေါ်ရန် သူမ ဆုံးဖြတ်လိုက်သည်။
ပထမဆုံး သူမ တင်းကျန်ကို အခန်းပြင်ဆီ ပထုတ်လိုက်သည်။ ဖုန်းခေါ် မခေါ် စိတ်ပိုင်းဖြတ်လိုက်ပြီး နောက်ဆုံးတွင် သတ္တိမွေးကာ နံပါတ်နှိပ်လိုက်သည်။ ရလဒ်အနေဖြင့် သူမဖုန်းကို နိုင်ငံခြားဖုန်းခေါ်ဆိုမှု ဖွင့်မထားသဖြင့် ဖုန်း မခေါ်နိုင်ပေ။
ခဏမျှ တွေးတောပြီးနောက် သူမမှန်ထဲကြည့်ကာ ဆံပင်သပ်ချပြီးနောက် Wechat ထဲဝင်ကာ ဗီဒီယိုကောလ်ခေါ်လိုက်သည်။
ဝင်သွားပြီ....
နောက်ခံမှာ မျက်နှာကျက်ဖြစ်ပြီး ခေတ္တမျှ ယိမ်းယိုင်ပြီးနောက် ကင်မရာမြင်ကွင်းမှာ တည်ငြိမ်သွားသည်...
ဟော့ရှီး၏ ဆံပင်များမှာ စိုစွတ်နေပြီး ရေချိုးဝတ်ရုံကို ဝတ်ဆင်ထားကာ ထင်ရှားသည့် လည်ဇလုပ်မှတဆင့် လည်တိုင်တစ်လျှောက် V ပုံစံ လှစ်ဟထားသည်။
ရှန့်ချောင် - "....."
(သေစမ်း!! ငါတော့ ရူးသေပြီ!! ငါ့မျက်လုံးတွေကို ကောင်းချီးပေးလာတဲ့ လှလိုက်တဲ့ မြင်ကွင်း.... ရေချိုးခန်း မြင်ကွင်း!!)
ထိုအချိန်၌ ဟော့ရှီးက ဗီဒီယိုမှတဆင့် သူမ၏ ညို့ငင်ခံထားရသည့်အကြည့်ကို စိုက်ကြည့်ကာ လေသံဖြင့် လှမ်းမေးသည်။
"ဘာလဲ?"
ရှန့်ချောင် သူမနှလုံးသားတည်နေရာဆီ လက်အုပ်လိုက်သည်။
"ဟော့....ဟော့....ဟော့....ဟော့....ဟော့.......ရှီး! ရှင် အရမ်းချောတာပဲ!"
ဟော့ရှီး - ".... မင်း ငါ့ကို တခြားနိုင်ငံကနေ ဗီဒီယိုကောလ်ခေါ်တာ ငါ ရုပ်ချောတာကို ချီးမွမ်းဖို့လား?"
သူမကိုယ်သူမ ခေါင်းပုတ်လိုက်ပြီး သူမရှေ့ရှိ အလှလေးကို လစ်လျူရှုရန် တွန်းအားပေးလိုက်သည်။ ရှန့်ချောင် သူ့လည်ဇလုပ်မှ မဖယ်ချင့်ဖယ်ချင် အကြည့်လွှဲလိုက်ပြီးနောက် တိတ်တိတ်လေး တံတွေးမျိုချလိုက်ကာ သူ့မျက်ဝန်းထဲ စိုက်ကြည့်လိုက်သည်။
"ဟော့ရှီး ရှင် ဒီနေ့ ဖုန်းဆော့သေးလား? အင်တာနက်ထဲ လျှောက်ကြည့်သေးလား? Weibo ပေါ်ရော ဝင်သေးလား?"
ဟော့ရှီး - "မဝင်ဘူး"
ရှန့်ချောင်က စိတ်သက်သာရာရသွားဟန် သက်ပြင်းခပ်ကြီးကြီးချလိုက်ကာ ထို သက်ပြင်းချသံမဆုံးခင်မှာပင် သူ့စကားဆက်သံကို သူမကြားလိုက်သည်။
"ဒါပေမဲ့ Sina က မင်းနဲ့ ရှန်ကျွင့်ယီးရဲ့ ရင်းနှီးတဲ့ ပုံတွေကိုတော့ ငါ့ဆီ ပို့လာတယ်"
သောက်ကျိုးနည်း!! ဒီအယုတ်တမာကို ငါ တိုက်ခိုက်မှ ဖြစ်တော့မယ်!!
ဟော့ရှီး သူ့ဆံပင်ကို ခါလိုက်ကာ ရေစက်အချို့ စီးကျလာပြီး သူ့ပါးပြင်မှတဆင့် လည်ချောင်းဆီထိ စီးဆင်းသွားသည်။
ရှန့်ချောင် - "....."
(ငါ မရတော့ဘူး၊ ငါ အသက်ရှူလို့ မရတော့ဘူး၊ ဆရာဝန်... ငါ့ကို ဟော့ရှီးနည်းနည်းလောက်ပေး...)
သူ့နှုတ်ခမ်းတို့ တွန့်ကွေးလိုက်ပြီး ခပ်သာသာဆိုသည်။
"ကြည့်ရတာ မင်းနဲ့ ရှန်ကျွင့်ယီးက စကားကောင်းနေတဲ့ ပုံပဲ?"
"မဟုတ်ဘူး!! ငါတို့ လုံးဝ စကားမပြောဘူး! သူက ဒီတိုင်း ငတုံး၊ ပြီး ဂိမ်းဆော့တဲ့နေရာမှာ လုံးဝ ငတုံး!!"
"အိုးး.. ဒါဆို မင်းတို့က ဂိမ်းလည်း အတူဆော့ခဲ့သေးတာပေါ့"
ရှန့်ချောင် - "...."
သူက ဖုန်းကိုင်လျက် အောက်ထပ်ဆင်းလာသည်။ ကင်မရာ တုန်ခါသွားပြီး အောက်မှ အပေါ်သို့ ပင့်ကြည့်သည့် ရှူထောင့်ထံ ပြောင်းလဲသွားသည်။ သူမက သူ၏ မေးရိုးနှင့် အနက်ရောင်ရေချိုးဝတ်ရုံအောက်မှ ပေါ်လုပေါ်ခင် ညှပ်ရိုးများကိုသာ မြင်ရသည်။
(ငါ နှာခေါင်းသွေးယိုနေပြီလား?)
သူမလက်မြှောက်ကာ နှာခေါင်းထံ တို့ထိလိုက်သည်။
ဧည့်ခန်းထဲရှိ ဆိုဖာပေါ် ဟော့ရှီး ဝင်ထိုင်လိုက်ကာ လက်တဖက်က ဖုန်းကို ကိုင်ရင်း အခြားတဖက်က ရီမုကိုကိုင်ကာ တီဗီဖွင့်လိုက်သည်။
ရှန့်ချောင်က မကျေမချမ်းဖြင့်
"ငါ သူနဲ့ ဂိမ်းလုံးဝမဆော့ချင်ဘူး၊ ငါ သူနဲ့ စကားလည်း မပြောချင်ဘူး၊ ငါ သူ့ကို မြင်တောင် မမြင်ချင်ဘူး"
ဟော့ရှီးက ခေါင်းငဲ့ကာ ကင်မရာထံ ငဲ့စောင်းကြည့်လာပြီး ဖုန်းကို အနားတိုးလိုက်သည်။ ထို့နောက် သူမနှလုံးခုန်သံကို အကြမ်းပတမ်းဖြစ်စေသည့်မျက်နှာကို ရှန့်ချောင် ကြည့်နေရင်း ထိုမျက်နှာက အနားတိုးလာကာ သူ့မေးခွန်းထုတ်သံကို ကြားလိုက်ရသည်။
"မင်း ဘာလို့ဆံပင်အခြောက်မခံတာလဲ?"
ရှန့်ချောင် သူမဆံနွယ်တို့ဖြင့် စိုစွတ်နေသည့် ပခုံးဆီ လက်လှမ်းလိုက်ပြီးနောက် ရယ်မောသည်။
"ထိုင်းမှာ တော်တော်ပူတယ်၊ ဘာမှ မဖြစ်ဘူး"
ဟော့ရှီးက မျက်မှောင်ကြုတ်လိုက်ပြီး
"အရင်ခြောက်အောင် သွားလုပ်"
"အလုပ်ရှုပ်တယ်၊ ပြီးမှ ငါ့ဘာသာ လုပ်လိုက်မယ်"
"မရဘူး၊ ငါ ဖုန်းချလိုက်မယ် ဒါဆို"
"အားးးးး နေဦး၊ ငါ သွားပြီ! ငါ အခုသွားပြီ!"
သူမက ဖုန်းကိုင်လျက် ရေချိုးခန်းဆီ ပြေးသွားကာ ဘေစင်ပေါ် ဖုန်းတင်လိုက်ပြီးနောက် ကင်မရာဆီ လေမှုတ်စက် ဖွင့်ပြလိုက်သည်။ လေမှုတ်စက်အသံမှာ ဆူညံလှကာ သေချာပေါက် နားညီးမည်ဖြစ်သော်လည်း သူ့ပုံစံက စိတ်မရှည်ဟန် တစိုးတစိမှ မရှိချေ။ သူက တီဗီချန်နယ်ကို ချိန်ညှိလိုက်ပြီး တချက်တချက် သူမဆီ လှမ်းကြည့်သည်။
ရေတံခွန်လို အနက်ရောင်ဆံနွယ်တွေက ဗရမ်းဗတာ လေမှုတ်ခံနေရပြီး အချို့မှာ သူမနှုတ်ခမ်းစွန်းဆီ ကပ်ညိလာပြီး သူမက နှုတ်ခမ်းစူကာ မှုတ်ထုတ်လျှင် သူ့မျက်ဝန်းထောင့်များမှာ မနေနိုင်ပဲ တွန့်ကွေးသွားရသည်။
လေမှုတ်ပြီးနောက် သူမက ဆံပင်ချည်လိုက်ချိန်တွင် ပန်းနုရောင်နားရွက်များနှင့် ဖြူဖွေးသည့်လည်တိုင်က အထင်းသား ပေါ်ထွက်လာသည်။
ဟော့ရှီး သူ့မျက်ဝန်းတွေကို အကြည့်လွှဲလိုက်သည်။
ရှန့်ချောင်က ဖုန်းကိုင်လျက်ပင် ဧည့်ခန်းဆီ ပျော်ပျော်ရွှင်ရွှင် ပြန်ပြေးသွားပြီး ဆိုဖာပေါ် ဆောင့်ကြောင့်ထိုင်ရင်း မေးသည်။
"ဟော့ရှီး ရှင် ဘာအစီအစဉ်တွေ ကြည့်နေတာလဲ? ဒီမှာ ဘာ ပြည်တွင်းချန်နယ်မှ မရှိဘူး၊ အကုန်လုံးက ထိုင်းဒရာမာတွေချည်းပဲ"
ဟော့ရှီး - "မင်းကို ကြည့်နေတာ"
ရှန့်ချောင် - "ကျွန်မကို? ရှင် ဘာကြည့်နေတာလဲ?"
"မင်း Tampon ပေါ် Waltz ကတာ ကြည့်နေတာ"
???
............
......
ဒီကြော်ငြာ ဘယ်တုန်းက စလွှင့်တာလဲ? သူမ ဘာလို့များ မသိရတာလဲ? အားးးးး ဒီကြော်ငြာကြည့်ပြီးရင် သူမအိုင်ဒေါလ်က သူမကို ဘယ်လို မြင်သွားမှာလဲ!!!!
ရှန့်ချောင် အော်ဟစ်လုနီးပါးပင်။
"မကြည့်နဲ့..... ဟော့ရှီး ရှင် အဲ့ဒါကို မကြည့်နဲ့၊ ကျေးဇူးပြုပြီး....."
သူ ခေါင်းငဲ့လိုက်ကာ နားလည်ဟန် ပြုံးပြလာသည်။
"ကတာ မဆိုးဘူး"
သူမ ဘယ်အလွှာမှာ နေတာလဲ? ဆယ့်လေးလွှာ ဟုတ်တယ်မလား? သူမ ခုန်ချရင် သေမှာလား? တံခါးခေါက်သံက သူမရှက်ရွံ့စိတ်ကို သက်သာသွားစေကာ ခေါင်းလှည့်ရင်း လှမ်းမေးလိုက်သည်။
"ဘယ်သူလဲ?"
တံခါးအပြင်ဘက်ရှိ လူက အော်ဟစ်လာသည်။
"ညီလေး ငါပါ!!"
ရှန့်ချောင် - "???"
ဗီဒီယိုကောလ်ထဲမှ ဟော့ရှီးက ဆိုလာသည်။
"ငါ ကြားတာသာ မမှားရင် အဲ့ဒါ ရှန်ကျွင့်ယီးရဲ့ အသံမလား?"
ရှန့်ချောင် - "...."
(မဟုတ်ဘူး၊ ရှင် အကြားမှားတာ!!)
ဟော့ရှီးက ပြုံးရင်း
"တံခါးမဖွင့်ဘူးလား?"
ရှန့်ချောင် - "ဖွင့်... လို့ ရမှာလား?"
ဟော့ရှီး - "မင်း စမ်းကြည့်လေ"
ရှန့်ချောင် - "....."
(ဒါဆို ဖွင့်ရမလား? မဖွင့်ရဘူးလား?)
တံခါးအပြင်ဘက်တွင်မူ ရှန်ကျွင့်ယီးက အလိုက်မသိစွာ အော်ဟစ်နေဆဲ။
"ညီအစ်ကို၊ မင်း အထဲမှာ ရှိလား?"
(ငါ ဒီမှာ ရှိမနေဘူး)
နောက်ဆုံးတွင် ဟော့ရှီး ပြုံးရင်း
"ကောင်းပြီ၊ တံခါးသွားဖွင့်လိုက်၊ မနက်ဖြန် အလုပ်မှာ ကောင်းမွန်တဲ့နေ့ရက်ဖြစ်ပါစေ"
ဖုန်းချခါနီးတွင်မှ သူ့လက်တုံ့သွားကာ
"အနွေးထည် အရင်ဝတ်"
ရှန့်ချောင်က သူမအိုင်ဒေါလ်နှင့် အတူပြောသည့် ပထမဆုံးဗီဒီယိုကောလ်ကို အဆုံးသတ်လိုက်သည်။
နာခံစွာပင် သူမကုတ်အကျီကို ယူဝတ်သည်။ သူမ ဒေါသတကြီး တံခါးဖွင့်ချိန်တွင် ရှန်ကျွင့်ယီးက မျက်နှာပေါ် ရိုးသားဟန်အပြုံးဖြင့် ဇာတ်ညွန်းကိုင်ကာ မတ်တပ်ရပ်နေသည်။
"ပရိုဂရမ်အဖွဲ့က အခုပဲ ဇာတ်ညွှန်းလာပို့သွားတယ်၊ ငါလည်း မင်းကို မေးစရာရှိတာနဲ့ မင်းအစား ယူလာပေးတာ"
သူက သူမဆီ သူ့ဖုန်းကမ်းပေးရင်း
"ငါ ဒီ Hero ကို ဘယ်လိုဆော့ရမလဲ? သူများတွေဆော့တာ ပျံနိုင်တယ်လို့ ငါတွေ့တယ်၊ ဘယ်လိုပျံရမလဲ?"
(ဟ ဟ၊ နင်က ပျံချင်တယ်ဟုတ်လား?)
(ငါ အခု နင့်ကို ၁၄လွှာက ပစ်ချလိုက်မယ်၊ ဒါဆို နင် ပြုတ်ကျတဲ့ ခံစားချက်ကို မြည်းစမ်းလို့ ရတာပေါ့!!)
****
{Zawgyi}
အပိုင္း ၅၁
ရွန့္ေခ်ာင္ - "ရွင္ အရွုံးေပးဖို႔ ကၽြန္မ အႀကံေပးမယ္"
ရွန္ကၽြင့္ယီးက မ်က္ခုံးပင့္သည္။
"ဒါဘယ္လိုျဖစ္နိုင္မွာလဲ? စစ္သားဆိုတာ အသက္ပဲ အေသခံမယ္၊ အရွက္ကြဲမခံဘူး၊ ေသရင္လည္း ရန္သူ႔ Crystal ေအာက္မွာပဲ ေသမယ္"
သူ႔စြမ္းရည္မွာ ေကာင္းမြန္ျခင္းမရွိေသာ္လည္း သူ႔စိတ္အားထက္သန္မွုက အေတာ္ေလးေကာင္းမြန္သည္။
ရွန့္ေခ်ာင္ ျပဳံးလိုက္ၿပီး စကားထပ္မဆိုပဲ သူမေရွ႕ရွိ ဖန္ခြက္ကို ကိုင္ကာ လက္ဖက္ရည္ေသာက္လိုက္သည္။ ဖန္းက်ီက စကားစသည္။
"မင္းတို႔ေကာင္ေလးအားလုံးက ဂိမ္းေဆာ့ရတာ အေတာ္ႀကိဳက္တာပဲ၊ ေရွာင္က်ားလဲ အခုေလးတင္ ေဆာ့ေနတာ၊ ၿပီးက်ရင္ အတူအဖြဲ႕ဖြဲ႕ၾကေပါ့"
ရွန္ကၽြင့္ယီးက သူ႔အေၾကာင္း သူသိစြာ ဆိုသည္။
"ပေရာ္ဖက္ရွင္နယ္ကစားသမားေတြနဲ႔ ကၽြန္ေတာ္ အတူ မေဆာ့ရဲဘူး"
က်ီက်ားယို႔က LOL ဂိမ္း၏ ပေရာ္ဖက္ရွင္နယ္ကစားသမားတစ္ေယာက္ျဖစ္ေသာ္လည္း အျမဲတမ္း အရန္ခုံမွာသာ ထိုင္ခဲ့ရသည္။ ေနာက္ပိုင္းတြင္ တိုက္ရိုက္ထုတ္လႊင့္မွုမွ ရရွိသည့္ ေက်ာ္ၾကားမွုမ်ားေၾကာင့္ သူက ရိုးရွင္းစြာပင္ အသင္းမွ ႏွုတ္ထြက္ၿပီး Game Anchor ျဖစ္လာသည္။
ရွန္ကၽြင့္ယီး၏ သိသာသည့္ ခ်ီးက်ဴးစကားေၾကာင့္ သူက အနည္းငယ္ အေနရခက္စြာ ေက်ာမတ္သြားသည္။ သူ၏ ခပ္ေအးေအးပုံစံကို ျပသသင့္ေသာ္လည္း အနည္းငယ္ ခပ္အမ္းအမ္း ျပန္ေျဖခ်ိန္တြင္ ယဥ္ယဥ္ေက်းေက်း ရွိေနဆဲပင္။
"ကၽြန္ေတာ္ King of glory ကို သိပ္မေဆာ့ေပမဲ့ အခြင့္အေရးရရင္ ကၽြန္ေတာ္တို႔ အတူေဆာ့ရေအာင္"
သူတို႔ စကားေျပာေနစဥ္ က်န္းမင္ႏွင့္ ေလာ့ခ်င္းက ျပဳံးျပဳံးရႊင္ရႊင္ ဝင္ေရာက္လာသည္။ ႏွစ္ေယာက္စလုံးက ႐ုပ္ရွင္ဇာတ္ကားနယ္ပယ္မွ ျဖစ္သည္မို႔ ယခင္ကတည္းက သိကၽြမ္းႏွင့္ၿပီးျဖစ္ကာ သဘာဝက်က်ပင္ အခ်င္းခ်င္း ရင္းႏွီးသည္။
ေလာ့ခ်င္းက ပို၍ စီနီယာက်ၿပီး သူမအသက္မွာ ၄၇ႏွစ္ ရွိၿပီးျဖစ္ကာ ဒီေလာကထဲ ရွစ္ႏွစ္က်င္လည္ၿပီးေသာ္လည္း ႐ုပ္ရည္ကို ေကာင္းမြန္စြာ ထိန္းသိမ္းထားနိုင္သည္။ သူမက ႐ုပ္ရွင္ရိုက္ကူးမွု ရပ္နားၿပီးေနာက္ ခ်မ္းသာႂကြယ္ဝသည့္ မိသားစုႏွင့္ အိမ္ေထာင္က်ကာ သားႏွစ္ေယာက္၊ သမီးတစ္ေယာက္ထြန္းကားၿပီး လူတိုင္းပါးစပ္ဖ်ားတြင္ ဘဝကို ေအာင္နိုင္သူဟု ေျပာစမွတ္တြင္သည္။
လူအခ်ိဳ႕ ခ်က္ခ်င္းမတ္တပ္ရပ္ကာ အခ်င္းခ်င္း ႏွုတ္ဆက္စကားဆိုလိုက္ၿပီး သူမက အျပဳံးျဖင့္ဆိုသည္။
"ထိုင္ ထိုင္ အားလုံးထိုင္။ ငါေနာက္က်သြားေတာ့ မင္းတို႔ ကေလးေတြကို အၾကာႀကီး ေစာင့္ေစမိၿပီ"
လူတိုင္း ေနရာယူလိုက္ကာ စားပြဲထိုးက စတင္တည္ခင္းသည္။ မနက္ျဖန္တြင္ ရိုက္ကူးမည့္ ပရိုဂရမ္အေၾကာင္း စကားစျမည္ဆိုၾကသည္။ ေလာ့ခ်င္းက အျပဳံးျဖင့္
"ငါၾကားတာေတာ့ ငါတို႔ထဲက တစ္ေယာက္က သရဲအရမ္းေၾကာက္တယ္ဆို"
ပုစြန္ခြါေနသည့္ ရွန့္ေခ်ာင္ - "......"
႐ုတ္ခ်ည္း သံပတ္ေပးလိုက္သကဲ့သို႔ လူတိုင္းက သူမထံ လွမ္းၾကည့္လာသည္။ ရွန့္ေခ်ာင္ခမ်ာ ခြါလက္စပုစြန္တဝက္ကို ပန္းကန္ထဲ ထည့္႐ုံသာ တတ္နိုင္ၿပီး အားလုံးကို ရွက္ျပဳံးျပဳံးျပလိုက္သည္။
ဖန္းက်ီ - "ငါ နင့္ ဗီဒီယိုကိုေတြ႕တယ္၊ နင္က တအားခ်စ္ဖို႔ ေကာင္းတာပဲ၊ အဲ့ေလာက္စကားအရွည္ႀကီး မွတ္မိနိုင္တာ မလြယ္ဘူး၊ ဒီေလာက္ ခက္တာ၊ ငါ ဒီမလာခင္ ရြတ္ခဲ့တာေတာင္ မမွတ္မိဘူး၊ ေရွာင္ေခ်ာင္ နင္ဘယ္လိုမ်ား မွတ္မိတာလဲ?"
ရွန့္ေခ်ာင္ - "ျဖစ္နိုင္တာ ကၽြန္မ အလြတ္က်က္ထားလို႔ ျဖစ္မယ္"
လူတိုင္း - "....."
သူတို႔ေရွ႕တြင္ စားေကာင္းေသာက္ဖြယ္မ်ား ရွိေနသည့္တိုင္ေအာင္ အႏုပညာရွင္မ်ားစြာက ခႏၶာကိုယ္ကို ထိန္းသိမ္းရန္အတြက္ သူတို႔တူမ်ား မလွုပ္ရွားလာပဲ အတင္းအဖ်င္းကိုသာ ဦးစားေပးသည္။ က်ီက်ားယို႔ႏွင့္ ရွန့္ေခ်ာင္သည္သာ ေခါင္းမေဖာ္တမ္းစားေနသည္မွာ အငတ္ခံလာသည္မ်ားသဖြယ္။ ႏွစ္ေယာက္သားက အရသာရွိသည့္ အမဲသားၾကက္ဥႏွစ္ပန္းကန္အတြက္ တစ္ေယာက္ႏွင့္ တစ္ေယာက္ အေလၽွာ့ေပးရင္း....
မည္သူမွ ပန္းကန္ျပားေပၚရွိ ေနာက္ဆုံး အသားဖတ္ထံ လက္မလွမ္းေခ်။
ဝိတ္တာက ထိုပန္းကန္ျပားကို သိမ္းဆည္းသြားခ်ိန္မွသာ ရွန့္ေခ်ာင္က ေနာင္တျဖင့္ ေတြးေတာလိုက္သည္။ ဘယ္သူမွ မယူမွန္း သူမသာ ႀကိဳသိလၽွင္ သူမ ေသခ်ာေပါက္ စားလိုက္ေပမည္။ တခ်ိန္ထဲမွာပင္ က်ီက်ားယို႔သည္လည္း ပန္းကန္ျပားထံ ေနာင္တျဖင့္ စိုက္ၾကည့္ေနသည္မွာ စားပြဲထိုးက အခန္းျပင္ထုတ္သြားသည္အထိပင္။ ထိုအခါမွသာ သူ႔အၾကည့္တို႔ကို ျပန္႐ုတ္သိမ္းသည္။
သူ ေမာ့ၾကည့္ကာ ရွန့္ေခ်ာင္ႏွင့္ အၾကည့္ခ်င္းဆုံခ်ိန္တြင္ သူ ေတာင့္ခဲသြားရၿပီး သူ၏ 'ကၽြန္ေတာ္က အမိုက္စား' မ်က္ႏွာသြင္ျပင္ထံ ျပန္ေျပာင္းသြားသည္။
ညစာစားပြဲၿပီးခ်ိန္တြင္ တစ္ေယာက္ခ်င္းစီတြင္ ထင္ျမင္ယူဆခ်က္မ်ား ရွိေနေလၿပီ။
ရွန္ကၽြင့္ယီးက နာမည္အႀကီးဆုံးသူျဖစ္ေသာ္လည္း ေပါင္းသင္းရလြယ္ကူသည့္ ကိုယ္ရည္ကိုယ္ေသြး ရွိၿပီး တခ်က္တခ်က္တြင္ အနည္းငယ္ တုံးအသည္။
ေလာ့ခ်င္းက က်က္သေရရွိကာ ဂုဏ္သေရအျပည့္ျဖစ္သည္။ သူမက မေႏွးမျမန္ စကားေျပာေလ့ရွိသည္မွာ စီနီယာတစ္ေယာက္၏ ဟန္ပန္မ်ိဳး။
ဖန္းက်ီက ခပ္ေနာက္ေနာက္ စကားဆိုတတ္သည္။
က်ီက်ားယို႔မွာ အေနရခက္ေနသည့္ကေလးတစ္ေယာက္ပမာျဖစ္ၿပီး အဆုံးထိ စတိုင္လ္မိုက္သည့္ဟန္ပန္ကို ထိန္းသိမ္းသြားသည္။
က်န္းမင္က ႐ုပ္ဆင္းသြင္ျပင္တြင္ ထူးကဲအံ့ခ်ီးဖြယ္ျဖစ္ၿပီး စကားေျပာဆိုရာတြင္လည္းေကာင္း၊ အျပဳအမူတြင္လည္းေကာင္း အမွားတခုေသာ္မၽွ မျပဳလုပ္ေခ်။
ရွန့္ေခ်ာင္ထံတြင္ သိမ္ေမြ႕သည့္ ကိုယ္ရည္ကိုယ္ေသြးရွိသည္။ သူမက ရယ္ရယ္ေမာေမာ စကားေျပာဆိုေလ့ရွိၿပီး အာ႐ုံစိုက္ခံရမွုကို ခိုးယူလိုျခင္းမရွိေပ။ သူမက တခါတေလ သဲ႐ုပ္ထုပမာ စကားဆိုေလ့ရွိသည္။
ညစာစားပြဲၿပီးဆုံးသည့္ေနာက္ ပရိုဂရမ္အဖြဲ႕က မနက္ျဖန္မနက္၇နာရီတြင္ ဟိုတယ္ေရွ႕၌ လူစုရမည္ၿပီး ကားတစ္စီးက ရိုက္ကူးရမည့္ေနရာထံ ပို႔ေဆာင္မည္ျဖစ္ေၾကာင္း မွာၾကားသည္။ မ်ားမၾကာမွီ ဝန္ထမ္းမ်ားက အခ်ိန္ဇယားႏွင့္ ဇာတ္ညႊန္းကို သူတို႔၏ အခန္းမ်ားဆီ ပို႔ေဆာင္ေပမည္။
ရွန့္ေခ်ာင္ အခန္းျပန္ရန္ ျပင္ခ်ိန္မွာပင္ ရွန္ကၽြင့္ယီးက သူမကို လွမ္းေခၚသည္။
"ညီေလး၊ ငါ ေရွာင္က်ားနဲ႔ အတူေဆာ့မလို႔၊ ပါမလား?"
ရွန့္ေခ်ာင္ - "မပါေတာ့ဘူး၊ မပါေတာ့ဘူး၊ ရွင္တို႔ေဆာ့"
သူမ အျငင္းစကားဆိုလိုက္ရင္း က်ီက်ားယို႔ထံ က႐ုဏာသက္ဟန္ အၾကည့္တခ်က္ပို႔လႊတ္ၿပီးေနာက္ ေနာင္လွည့္ကာ ထြက္ေျပးလာသည္။
အစပထမပိုင္းတြင္ က်ီက်ားယို႔က ထိုက႐ုဏာအၾကည့္ကို နားမလည္နိုင္ပဲ အေၾကာင္းရင္းကို စဥ္းစားေနမိသည္မွာ သူတို႔ စမေဆာ့ခင္အထိပင္...
က်ီက်ားယို႔ - "အစ္မေရွာင္ေခ်ာင္က တကယ့္စိတ္ပုတ္ပဲ"
..........
....
အခန္းဆီျပန္ကာ ေရခ်ိဳးၿပီးေနာက္ ဆံပင္ကို ေလမွုတ္လိုက္သည္။ ဧည့္ခန္းအတြင္းထိုင္ကာ ဖုန္းေဆာ့ေနသည့္ တင္းက်န္က ႐ုတ္တရက္လွမ္းေအာ္လာသည္။
"ေခ်ာင္ေခ်ာင္!! နင္နဲ႔ ရွန္ကၽြင့္ယီး သတင္းထြက္ေနတယ္!"
ရွန့္ေခ်ာင္ ေလမွုတ္စက္ကို ပိတ္လိုက္ကာ
"ဘယ္သူနဲ႔?"
"ရွန္ကၽြင့္ယီး!!"
ရွန့္ေခ်ာင္ ေျပးလာၿပီး ဖုန္းဆြဲယူလိုက္သည္။ Hot Search ေခါင္းစဥ္မွာ 'ရွန္ကၽြင့္ယီး၊ ရွန့္ေခ်ာင္ ေလဆိပ္တြင္ ရင္းရင္းႏွီးႏွီး ျပဳမူျခင္း'။
ယေန႔မနက္ပိုင္း ဗီအိုင္ပီခန္းထဲရွိ သူတို႔ႏွစ္ေယာက္၏ ဓါတ္ပုံမ်ားကို ေဖာ္ျပထားၿပီး မည္သည့္ရွူေထာင့္မွ ရိုက္ကူးထားမွန္း သူမ မသိေသာ္လည္း ဓါတ္ပုံခ်ည္းသက္သက္ ၾကည့္ရွူလၽွင္ သူတို႔ႏွစ္ေယာက္၏ ဦးေခါင္းမ်ား နီးကပ္စြာ ငဲ့ေစာင္းေနသည္မွာ တိုးတိုးတိတ္တိတ္ စကားဆိုေနဟန္။
ရွန္ကၽြင့္ယီးနာမည္ေၾကာင့္ Hot search မွာ ဒုတိယေနရာ ခ်ိတ္သည္။
ရွန့္ေခ်ာင္ ေခါင္းထဲတြင္ အေတြးတစ္ခုသာ ရွိသည္။
(သြားၿပီ!! ငါေတာ့ ရွီးကြမ္းဖန္ဒမ္းက အထုတ္ခံရၿပီ!!)
ရွီးကြမ္းမ်ားလိုပင္ ယီးရန္ဖန္ဒမ္သည္လည္း က်ိန္းေသေပါက္ သူမကို မုန္းတီးေပမည္။ ပထမဆုံး သူမတို႔ ဆက္ဆံေရးကို ရွင္းလင္းေအာင္ လုပ္ရမည္ျဖစ္ၿပီး ပရိုဂရမ္အဖြဲ႕ထံ အေၾကာင္းၾကားကာ လမ္းေၾကာင္းကို အသိေပးရေပမည္။ ထို႔ျပင္ ထိုကဲ့သို႔ သူတို႔ မလုပ္နိုင္ခင္မွာပင္ ေက်ာ္ၾကားမွုကို ကူးယူသည္ဟု အစြပ္စြဲခံရျခင္းကို ေရွာင္ရွားနိုင္ရန္ မည္သည့္သတင္းအခ်က္အလက္ကိုမွ အရင္မထုတ္ျပန္နိုင္ေပ။ လုပ္ေဆာင္ရမည့္ အဆင့္မ်ားစြာေၾကာင့္ ရွန့္ေခ်ာင္၏ အဖြဲ႕မွာ အလုပ္မ်ားေပေတာ့မည္။
သို႔ေသာ္ ပထမဆုံးအေနျဖင့္ သူမ ရွီးကြမ္းဖိုရမ္ဆီ တခ်က္သြားေရာက္ၾကည့္ရွူလိုက္ၿပီး ႏွစ္သစ္ကူးဆင္ႏႊဲေနဟန္ ရွီးကြမ္းအားလုံး အလုပ္ရွုပ္ေနပုံရသည္။ ဖိုရမ္တြင္ ကြဲျပားသည့္ emoji မ်ားႏွင့္ ေဟာ့ရွီး၏ ဆိုင္းဘုတ္မ်ားအေၾကာင္း တင္ရင္း စည္ကားေနသည္။
ယင္းကို စစ္ေဆးၿပီးေနာက္ ရွန့္ေခ်ာင္ ေပ့မင္းဖန္ထံ ဖုန္းေခၚလိုက္ကာ တဖက္လူမွာ အျပင္းအထန္ ျငင္းဆိုလာသည္။
"ငါ မင္းကို အေစာကတည္းက ကတိေပးၿပီးသြားၿပီ၊ ငါ ကတိဖ်က္တယ္ဆိုတာ မျဖစ္နိုင္တာပဲ၊ ေနာက္ၿပီး CP သတင္းလႊင့္ခ်င္ရင္ေတာင္ ရွန္ကၽြင့္ယီးကို ငါ ေရြးလို႔ မျဖစ္ဘူး"
ထို႔ေနာက္ သူက ထပ္ေပါင္းဆိုသည္။
"ျဖစ္နိုင္တာ အစီအစဥ္အဖြဲ႕က လုပ္တာျဖစ္မယ္၊ မင္း စိတ္ေလၽွာ့ထား၊ ငါ ဒီဘက္ကို ဆက္သြယ္ၾကည့္လိုက္မယ္"
(ငါက ဘယ္လိုမ်ား စိတ္မလွုပ္ရွားပဲ ေနနိုင္မွာလဲ!! ေဟာ့ရွီးသာ အထင္လြဲသြားရင္ ငါ့ေျခေထာက္ ရိုက္ခ်ိဳးခံရမွာ!!)
သူမ ေဟာ့ရွီး၏ အလုပ္ခ်ိန္ဇယားကို ၾကည့္ရွုလိုက္ၿပီး ယေန႔အတြက္ သူ႔အခ်ိန္ဇယားမရွိမွန္း ေတြ႕လိုက္သည္။ လက္ရွိ သူ အိမ္မွာ ရွိေနေလာက္သည္။ သူမဖုန္းမွတဆင့္ Hot search ကို ၾကည့္လိုက္ၿပီး အထင္ေသးဟန္ ႏွာေခါင္းရွုံ႔လိုက္သည္။
ေဟာ့ရွီးထံ ဖုန္းေခၚရန္ သူမ ဆုံးျဖတ္လိုက္သည္။
ပထမဆုံး သူမ တင္းက်န္ကို အခန္းျပင္ဆီ ပထုတ္လိုက္သည္။ ဖုန္းေခၚ မေခၚ စိတ္ပိုင္းျဖတ္လိုက္ၿပီး ေနာက္ဆုံးတြင္ သတၱိေမြးကာ နံပါတ္ႏွိပ္လိုက္သည္။ ရလဒ္အေနျဖင့္ သူမဖုန္းကို နိုင္ငံျခားဖုန္းေခၚဆိုမွု ဖြင့္မထားသျဖင့္ ဖုန္း မေခၚနိုင္ေပ။
ခဏမၽွ ေတြးေတာၿပီးေနာက္ သူမမွန္ထဲၾကည့္ကာ ဆံပင္သပ္ခ်ၿပီးေနာက္ Wechat ထဲဝင္ကာ ဗီဒီယိုေကာလ္ေခၚလိုက္သည္။
ဝင္သြားၿပီ....
ေနာက္ခံမွာ မ်က္ႏွာက်က္ျဖစ္ၿပီး ေခတၱမၽွ ယိမ္းယိုင္ၿပီးေနာက္ ကင္မရာျမင္ကြင္းမွာ တည္ၿငိမ္သြားသည္...
ေဟာ့ရွီး၏ ဆံပင္မ်ားမွာ စိုစြတ္ေနၿပီး ေရခ်ိဳးဝတ္႐ုံကို ဝတ္ဆင္ထားကာ ထင္ရွားသည့္ လည္ဇလုပ္မွတဆင့္ လည္တိုင္တစ္ေလၽွာက္ V ပုံစံ လွစ္ဟထားသည္။
ရွန့္ေခ်ာင္ - "....."
(ေသစမ္း!! ငါေတာ့ ႐ူးေသၿပီ!! ငါ့မ်က္လုံးေတြကို ေကာင္းခ်ီးေပးလာတဲ့ လွလိုက္တဲ့ ျမင္ကြင္း.... ေရခ်ိဳးခန္း ျမင္ကြင္း!!)
ထိုအခ်ိန္၌ ေဟာ့ရွီးက ဗီဒီယိုမွတဆင့္ သူမ၏ ညိဳ႕ငင္ခံထားရသည့္အၾကည့္ကို စိုက္ၾကည့္ကာ ေလသံျဖင့္ လွမ္းေမးသည္။
"ဘာလဲ?"
ရွန့္ေခ်ာင္ သူမႏွလုံးသားတည္ေနရာဆီ လက္အုပ္လိုက္သည္။
"ေဟာ့....ေဟာ့....ေဟာ့....ေဟာ့....ေဟာ့.......ရွီး! ရွင္ အရမ္းေခ်ာတာပဲ!"
ေဟာ့ရွီး - ".... မင္း ငါ့ကို တျခားနိုင္ငံကေန ဗီဒီယိုေကာလ္ေခၚတာ ငါ ႐ုပ္ေခ်ာတာကို ခ်ီးမြမ္းဖို႔လား?"
သူမကိုယ္သူမ ေခါင္းပုတ္လိုက္ၿပီး သူမေရွ႕ရွိ အလွေလးကို လစ္လ်ဴရွုရန္ တြန္းအားေပးလိုက္သည္။ ရွန့္ေခ်ာင္ သူ႔လည္ဇလုပ္မွ မဖယ္ခ်င့္ဖယ္ခ်င္ အၾကည့္လႊဲလိုက္ၿပီးေနာက္ တိတ္တိတ္ေလး တံေတြးမ်ိဳခ်လိုက္ကာ သူ႔မ်က္ဝန္းထဲ စိုက္ၾကည့္လိုက္သည္။
"ေဟာ့ရွီး ရွင္ ဒီေန႔ ဖုန္းေဆာ့ေသးလား? အင္တာနက္ထဲ ေလၽွာက္ၾကည့္ေသးလား? Weibo ေပၚေရာ ဝင္ေသးလား?"
ေဟာ့ရွီး - "မဝင္ဘူး"
ရွန့္ေခ်ာင္က စိတ္သက္သာရာရသြားဟန္ သက္ျပင္းခပ္ႀကီးႀကီးခ်လိုက္ကာ ထို သက္ျပင္းခ်သံမဆုံးခင္မွာပင္ သူ႔စကားဆက္သံကို သူမၾကားလိုက္သည္။
"ဒါေပမဲ့ Sina က မင္းနဲ႔ ရွန္ကၽြင့္ယီးရဲ့ ရင္းႏွီးတဲ့ ပုံေတြကိုေတာ့ ငါ့ဆီ ပို႔လာတယ္"
ေသာက္က်ိဳးနည္း!! ဒီအယုတ္တမာကို ငါ တိုက္ခိုက္မွ ျဖစ္ေတာ့မယ္!!
ေဟာ့ရွီး သူ႔ဆံပင္ကို ခါလိုက္ကာ ေရစက္အခ်ိဳ႕ စီးက်လာၿပီး သူ႔ပါးျပင္မွတဆင့္ လည္ေခ်ာင္းဆီထိ စီးဆင္းသြားသည္။
ရွန့္ေခ်ာင္ - "....."
(ငါ မရေတာ့ဘူး၊ ငါ အသက္ရွူလို႔ မရေတာ့ဘူး၊ ဆရာဝန္... ငါ့ကို ေဟာ့ရွီးနည္းနည္းေလာက္ေပး...)
သူ႔ႏွုတ္ခမ္းတို႔ တြန့္ေကြးလိုက္ၿပီး ခပ္သာသာဆိုသည္။
"ၾကည့္ရတာ မင္းနဲ႔ ရွန္ကၽြင့္ယီးက စကားေကာင္းေနတဲ့ ပုံပဲ?"
"မဟုတ္ဘူး!! ငါတို႔ လုံးဝ စကားမေျပာဘူး! သူက ဒီတိုင္း ငတုံး၊ ၿပီး ဂိမ္းေဆာ့တဲ့ေနရာမွာ လုံးဝ ငတုံး!!"
"အိုးး.. ဒါဆို မင္းတို႔က ဂိမ္းလည္း အတူေဆာ့ခဲ့ေသးတာေပါ့"
ရွန့္ေခ်ာင္ - "...."
သူက ဖုန္းကိုင္လ်က္ ေအာက္ထပ္ဆင္းလာသည္။ ကင္မရာ တုန္ခါသြားၿပီး ေအာက္မွ အေပၚသို႔ ပင့္ၾကည့္သည့္ ရွူေထာင့္ထံ ေျပာင္းလဲသြားသည္။ သူမက သူ၏ ေမးရိုးႏွင့္ အနက္ေရာင္ေရခ်ိဳးဝတ္႐ုံေအာက္မွ ေပၚလုေပၚခင္ ညႇပ္ရိုးမ်ားကိုသာ ျမင္ရသည္။
(ငါ ႏွာေခါင္းေသြးယိုေနၿပီလား?)
သူမလက္ေျမႇာက္ကာ ႏွာေခါင္းထံ တို႔ထိလိုက္သည္။
ဧည့္ခန္းထဲရွိ ဆိုဖာေပၚ ေဟာ့ရွီး ဝင္ထိုင္လိုက္ကာ လက္တဖက္က ဖုန္းကို ကိုင္ရင္း အျခားတဖက္က ရီမုကိုကိုင္ကာ တီဗီဖြင့္လိုက္သည္။
ရွန့္ေခ်ာင္က မေက်မခ်မ္းျဖင့္
"ငါ သူနဲ႔ ဂိမ္းလုံးဝမေဆာ့ခ်င္ဘူး၊ ငါ သူနဲ႔ စကားလည္း မေျပာခ်င္ဘူး၊ ငါ သူ႔ကို ျမင္ေတာင္ မျမင္ခ်င္ဘူး"
ေဟာ့ရွီးက ေခါင္းငဲ့ကာ ကင္မရာထံ ငဲ့ေစာင္းၾကည့္လာၿပီး ဖုန္းကို အနားတိုးလိုက္သည္။ ထို႔ေနာက္ သူမႏွလုံးခုန္သံကို အၾကမ္းပတမ္းျဖစ္ေစသည့္မ်က္ႏွာကို ရွန့္ေခ်ာင္ ၾကည့္ေနရင္း ထိုမ်က္ႏွာက အနားတိုးလာကာ သူ႔ေမးခြန္းထုတ္သံကို ၾကားလိုက္ရသည္။
"မင္း ဘာလို႔ဆံပင္အေျခာက္မခံတာလဲ?"
ရွန့္ေခ်ာင္ သူမဆံႏြယ္တို႔ျဖင့္ စိုစြတ္ေနသည့္ ပခုံးဆီ လက္လွမ္းလိုက္ၿပီးေနာက္ ရယ္ေမာသည္။
"ထိုင္းမွာ ေတာ္ေတာ္ပူတယ္၊ ဘာမွ မျဖစ္ဘူး"
ေဟာ့ရွီးက မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး
"အရင္ေျခာက္ေအာင္ သြားလုပ္"
"အလုပ္ရွုပ္တယ္၊ ၿပီးမွ ငါ့ဘာသာ လုပ္လိုက္မယ္"
"မရဘူး၊ ငါ ဖုန္းခ်လိုက္မယ္ ဒါဆို"
"အားးးးး ေနဦး၊ ငါ သြားၿပီ! ငါ အခုသြားၿပီ!"
သူမက ဖုန္းကိုင္လ်က္ ေရခ်ိဳးခန္းဆီ ေျပးသြားကာ ေဘစင္ေပၚ ဖုန္းတင္လိုက္ၿပီးေနာက္ ကင္မရာဆီ ေလမွုတ္စက္ ဖြင့္ျပလိုက္သည္။ ေလမွုတ္စက္အသံမွာ ဆူညံလွကာ ေသခ်ာေပါက္ နားညီးမည္ျဖစ္ေသာ္လည္း သူ႔ပုံစံက စိတ္မရွည္ဟန္ တစိုးတစိမွ မရွိေခ်။ သူက တီဗီခ်န္နယ္ကို ခ်ိန္ညႇိလိုက္ၿပီး တခ်က္တခ်က္ သူမဆီ လွမ္းၾကည့္သည္။
ေရတံခြန္လို အနက္ေရာင္ဆံႏြယ္ေတြက ဗရမ္းဗတာ ေလမွုတ္ခံေနရၿပီး အခ်ိဳ႕မွာ သူမႏွုတ္ခမ္းစြန္းဆီ ကပ္ညိလာၿပီး သူမက ႏွုတ္ခမ္းစူကာ မွုတ္ထုတ္လၽွင္ သူ႔မ်က္ဝန္းေထာင့္မ်ားမွာ မေနနိုင္ပဲ တြန့္ေကြးသြားရသည္။
ေလမွုတ္ၿပီးေနာက္ သူမက ဆံပင္ခ်ည္လိုက္ခ်ိန္တြင္ ပန္းႏုေရာင္နားရြက္မ်ားႏွင့္ ျဖဴေဖြးသည့္လည္တိုင္က အထင္းသား ေပၚထြက္လာသည္။
ေဟာ့ရွီး သူ႔မ်က္ဝန္းေတြကို အၾကည့္လႊဲလိုက္သည္။
ရွန့္ေခ်ာင္က ဖုန္းကိုင္လ်က္ပင္ ဧည့္ခန္းဆီ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျပန္ေျပးသြားၿပီး ဆိုဖာေပၚ ေဆာင့္ေၾကာင့္ထိုင္ရင္း ေမးသည္။
"ေဟာ့ရွီး ရွင္ ဘာအစီအစဥ္ေတြ ၾကည့္ေနတာလဲ? ဒီမွာ ဘာ ျပည္တြင္းခ်န္နယ္မွ မရွိဘူး၊ အကုန္လုံးက ထိုင္းဒရာမာေတြခ်ည္းပဲ"
ေဟာ့ရွီး - "မင္းကို ၾကည့္ေနတာ"
ရွန့္ေခ်ာင္ - "ကၽြန္မကို? ရွင္ ဘာၾကည့္ေနတာလဲ?"
"မင္း Tampon ေပၚ Waltz ကတာ ၾကည့္ေနတာ"
???
............
......
ဒီေၾကာ္ျငာ ဘယ္တုန္းက စလႊင့္တာလဲ? သူမ ဘာလို႔မ်ား မသိရတာလဲ? အားးးးး ဒီေၾကာ္ျငာၾကည့္ၿပီးရင္ သူမအိုင္ေဒါလ္က သူမကို ဘယ္လို ျမင္သြားမွာလဲ!!!!
ရွန့္ေခ်ာင္ ေအာ္ဟစ္လုနီးပါးပင္။
"မၾကည့္နဲ႔..... ေဟာ့ရွီး ရွင္ အဲ့ဒါကို မၾကည့္နဲ႔၊ ေက်းဇူးျပဳၿပီး....."
သူ ေခါင္းငဲ့လိုက္ကာ နားလည္ဟန္ ျပဳံးျပလာသည္။
"ကတာ မဆိုးဘူး"
သူမ ဘယ္အလႊာမွာ ေနတာလဲ? ဆယ့္ေလးလႊာ ဟုတ္တယ္မလား? သူမ ခုန္ခ်ရင္ ေသမွာလား? တံခါးေခါက္သံက သူမရွက္ရြံ႕စိတ္ကို သက္သာသြားေစကာ ေခါင္းလွည့္ရင္း လွမ္းေမးလိုက္သည္။
"ဘယ္သူလဲ?"
တံခါးအျပင္ဘက္ရွိ လူက ေအာ္ဟစ္လာသည္။
"ညီေလး ငါပါ!!"
ရွန့္ေခ်ာင္ - "???"
ဗီဒီယိုေကာလ္ထဲမွ ေဟာ့ရွီးက ဆိုလာသည္။
"ငါ ၾကားတာသာ မမွားရင္ အဲ့ဒါ ရွန္ကၽြင့္ယီးရဲ့ အသံမလား?"
ရွန့္ေခ်ာင္ - "...."
(မဟုတ္ဘူး၊ ရွင္ အၾကားမွားတာ!!)
ေဟာ့ရွီးက ျပဳံးရင္း
"တံခါးမဖြင့္ဘူးလား?"
ရွန့္ေခ်ာင္ - "ဖြင့္... လို႔ ရမွာလား?"
ေဟာ့ရွီး - "မင္း စမ္းၾကည့္ေလ"
ရွန့္ေခ်ာင္ - "....."
(ဒါဆို ဖြင့္ရမလား? မဖြင့္ရဘူးလား?)
တံခါးအျပင္ဘက္တြင္မူ ရွန္ကၽြင့္ယီးက အလိုက္မသိစြာ ေအာ္ဟစ္ေနဆဲ။
"ညီအစ္ကို၊ မင္း အထဲမွာ ရွိလား?"
(ငါ ဒီမွာ ရွိမေနဘူး)
ေနာက္ဆုံးတြင္ ေဟာ့ရွီး ျပဳံးရင္း
"ေကာင္းၿပီ၊ တံခါးသြားဖြင့္လိုက္၊ မနက္ျဖန္ အလုပ္မွာ ေကာင္းမြန္တဲ့ေန႔ရက္ျဖစ္ပါေစ"
ဖုန္းခ်ခါနီးတြင္မွ သူ႔လက္တုံ႔သြားကာ
"အေႏြးထည္ အရင္ဝတ္"
ရွန့္ေခ်ာင္က သူမအိုင္ေဒါလ္ႏွင့္ အတူေျပာသည့္ ပထမဆုံးဗီဒီယိုေကာလ္ကို အဆုံးသတ္လိုက္သည္။
နာခံစြာပင္ သူမကုတ္အက်ီကို ယူဝတ္သည္။ သူမ ေဒါသတႀကီး တံခါးဖြင့္ခ်ိန္တြင္ ရွန္ကၽြင့္ယီးက မ်က္ႏွာေပၚ ရိုးသားဟန္အျပဳံးျဖင့္ ဇာတ္ညြန္းကိုင္ကာ မတ္တပ္ရပ္ေနသည္။
"ပရိုဂရမ္အဖြဲ႕က အခုပဲ ဇာတ္ညႊန္းလာပို႔သြားတယ္၊ ငါလည္း မင္းကို ေမးစရာရွိတာနဲ႔ မင္းအစား ယူလာေပးတာ"
သူက သူမဆီ သူ႔ဖုန္းကမ္းေပးရင္း
"ငါ ဒီ Hero ကို ဘယ္လိုေဆာ့ရမလဲ? သူမ်ားေတြေဆာ့တာ ပ်ံနိုင္တယ္လို႔ ငါေတြ႕တယ္၊ ဘယ္လိုပ်ံရမလဲ?"
(ဟ ဟ၊ နင္က ပ်ံခ်င္တယ္ဟုတ္လား?)
(ငါ အခု နင့္ကို ၁၄လႊာက ပစ္ခ်လိုက္မယ္၊ ဒါဆို နင္ ျပဳတ္က်တဲ့ ခံစားခ်က္ကို ျမည္းစမ္းလို႔ ရတာေပါ့!!)
****