GTKWF (Myanmar Translation )

Bởi Liz_774

338K 46K 5.2K

Title: Get to Know about Wife Fan Author: Chun Dao Han Chapters: 167 chapter This is just a fan translation ... Xem Thêm

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Manhwa
Chapter 41
Chapter 42
Chapter 43
Chapter 45
Chapter 46
ကြော်ငြာ 💙
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64.1
Chapter 64.2
Chapter 65
Heaven's Greatest Plan
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69.1
Chapter 69.2
Chapter 70.1
Chapter 70.2
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81.1
Chapter 81.2
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93.1
Chapter 93.2
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99.1
Chapter 99.2
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108.1
Chapter 108.2
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131.1
Chapter 131.2
Chapter 132
Chapter 133
Chapter 133 (2nd version)
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140.1
Chapter 140.2
Chapter 141.1
Chapter 141.2
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149.1
Chapter 149.2
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155.1

Chapter 44

2K 291 31
Bởi Liz_774

{Unicode}

အပိုင်း ၄၄

ဟော့ရှီးက သူမအတွက် တတိယမြောက်ရှိုးပွဲလက်မှတ် ယူဆောင်လာပေးခြင်းဖြစ်သည်။

ရှန့်ချောင်မှာ ပျော်လွန်းလှသဖြင့်

"ငါ တော်တော်အရှက်မရှိတာပဲ"

ထိုစကားကိုဆိုရင်းပင် လက်မှတ်ကို အလျှင်အမြန်လှမ်းယူပြီးဖြစ်ကာ အရောင်ထွက်နေတဲ့ မျက်ဝန်းတို့ဖြင့် ဖင်တပြန်ခေါင်းတပြန် လှည့်ကြည့်သည်။

ပါးစပ်က ငြင်းနေပေမဲ့ ခန္ဓာကိုယ်က ရိုးသားသည်။

သူတို့ အိမ်ထဲဝင်လာချိန်တွင် အခန်းထဲ၌ ယောက်ျားလေးသုံး ရေမွေးနံ့မှာ ဝေ့ဝဲကျန်နေဆဲ။ ဟော့ရှီး မျက်မှောင်ကြုတ်လိုက်ပေမဲ့ ဘာမှ မမေးချေ။ ရှန့်ချောင် လက်မှတ်ကို သိမ်းလိုက်ကာ သူ့ထံပြေးလာသည်။

"ဟော့ရှီး နင် ဘာစားချင်လဲ? ငါ နင့်အတွက် ချက်ပေးမယ်"

"ဘာပဲဖြစ်ဖြစ်ရတယ်"

သူမ ဆံပင်ချည်လိုက်ကာ သူ့အတွက် တီဗီဖွင့်ပေးလိုက်ပြီး အတော်လေးကောင်းမွန်ပုံရသည့် မှတ်တမ်းရုပ်ရှင်ကို ဖွင့်လိုက်သည်။ ထို့နောက် ရေနွေးဖြင့် အသီးလက်ဖက်ရည်ကြမ်းတခွက် ဖျော်လိုက်ကာ အားလုံးပြီးဆုံးချိန်မှ မီးဖိုခန်းဆီ ပြေးဝင်သွားသည်။

မကြာခင်မှာပင် ကြော်လှော်သံကြားရသည်။ သူမကား စိတ်အခြေအနေကောင်းနေပုံရကာ ခပ်တိုးတိုး သီချင်းညည်းနေသည်။ ဂရုတစိုက်နားထောင်ကြည့်လျှင် သူ့သီချင်း။ တီဗီသံ၊ သီချင်းတိုးတိုးညည်းနေသံ ရောယှက်နေတဲ့ ဟင်းချက်သံက အခန်းတစ်ခုလုံး ပျံ့နှံ့လာကာ ပျောက်ဆုံးနေတဲ့ အနွေးဓါတ်ကို သူ့အား တောင့်တလာစေသည်။

ဟော့ရှီး မတ်တပ်ရပ်ကာ လမ်းထလျှောက်လိုက်ပြီး သူ့မျက်လုံးတွေက နံရံပေါ်ချိတ်ထားတဲ့ ပန်းချီတွေပေါ် အာရုံရောက်သွားသည်။

ယင်းမှာ တရုတ်ရိုးရာပန်းချီကားဖြစ်ပြီး တောင်တန်းအလယ်ရှိ ရေအိုင်ထက်မှ လရောင်ကို ရေးဆွဲထားခြင်းဖြစ်ကာ လက်မှတ်ထိုးထားသည်မှာ 'ရှန်ချင်းယွန်'။ ငယ်ရွယ်သူအချို့တလေသာ နံရံပေါ် တရုတ်ရိုးရာပန်းချီကားကို ချိတ်ဆွဲလေ့ရှိသည်။

ရှန့်ချောင် ရေခဲသေတ္တာမှ တစ်ခုခုထုတ်ယူရန် ထွက်လာချိန်တွင် သူ ပန်းချီကားရှေ့ ရပ်နေသည်ကို မြင်လိုက်ရသည်။ သူမက ရှင်းပြစကားဆိုသည်။

"အဲ့ဒါအတု၊ အစစ်က အရမ်းစျေးကြီးလို့ ဝယ်ဖို့ မတတ်နိုင်သေးဘူး"

ဟော့ရှီး နောက်လှည့်ကာ သူမအား မေးသည်။

"မင်း ဒီပန်းချီဆရာကို ကြိုက်လား?"

ရှန့်ချောင် နှုတ်ခမ်းစေ့ကာ သူ့ထံပြုံးပြသည်။

"အွန်း၊ ငါ အရမ်းကြိုက်တယ်"

ထိုသူမှာ သူမ၏ မိခင်မဟုတ်လော။

ညစာမှာ သိပ်မကြာခင်မှာပင် ပြင်ဆင်ပြီးသွားကာ သူ ဘာစားရတာကြိုက်လဲ၊ မကြိုက်လဲ သိသူတစ်ယောက်အနေဖြင့် ပြင်ဆင်ထားသည့်ညစာမှာ သူ့အကြိုက်ပင်။ သူမြည်းကြည့်လိုက်ပြီး ခေါင်းညိတ်ကာ ပြုံးရင်း အတော်လေးကောင်းသည်ဟု ချီးကျူးသည်။ သူ့ပုံစံမှာ ပျော်ရွှင်နေဟန်။

(အားးးးး... ငါ့အိုင်ဒေါလ်နဲ့ နှစ်ယောက်ထဲ အတူ ထမင်းစားရတာ၊ ငါ ဘယ်လိုလုပ် စားနိုင်မှာလဲ!! ငါ သူစားတာပဲ ထိုင်ကြည့်မယ်)

ချောမောမှုက မျက်စိပဒဿဖြစ်စေသည်မှာ အမှန်တရားပင်။

ဟော့ရှီးက ရုတ်တရက် သူမထံ ဆိုလာသည်။

"မင်း မနက်ဖြန် ထပ်ပြီး ရိုက်ကူးရေးရှိတာလား?"

"အင်း"

သူက သူမထံ အကြိမ်ရေအနည်းငယ်လောက် ကြည့်ပြီးနောက်

"တကယ်လို့ တစ်ခုခုထပ်ဖြစ်ရင် အရင်လို ထပ်ပြီး စိတ်လိုက်မာန်ပါ မလုပ်နဲ့"

ဆန်ကောက်စားသည့် ကြက်ကလေးသဖွယ် သူမက ခေါင်းတဆတ်ဆတ်ညိတ်သည်။

"Uh-huh-huh-huh"

(သူမအိုင်ဒေါလ်ပြောသမျှ သူမနားထောင်မည်!! သူမက မိန်းမကောင်းလေး!!)

"ငါနဲ့ ပတ်သက်နေရင်တောင်မှ မင်း အချိန်စောင့်ပြီး မင်းရဲ့ မန်နေဂျာဆီ တိတ်တိတ်လေး ဆက်သွယ်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် ငါ့ဆီ ဆက်သွယ်ပြီး ဖြေရှင်းခိုင်း၊ မင်း ကိုယ်တိုင် ဖြေရှင်းဖို့ ခွင့်မပြုဘူး"

"မင်း စကားနားမထောင်ပဲ ထပ်လုပ်ရင်..."

ဟော့ရှီးက သူမကို တချက်လှမ်းကြည့်သည်။

"မင်း ငါ့ကို တစ်လမတွေ့ရဘူး၊ ပြီးရင် ရှိုးပွဲကိုလည်း သွားခွင့်မပြုဘူး"

ရှန့်ချောင် - "???"

(အာ... ဒီအပြစ်ဒဏ်က တအားရက်စက်လွန်းတယ်၊  ငါ သေသွားလိမ့်မယ်!!!)

ရှန့်ချောင် ချက်ချင်းပင် လက်သုံးချောင်းထောင်ကာ ကျိန်ဆိုသည်။

"ငါ ထပ်ပြီး စိတ်လိုက်မာန်ပါမလုပ်တော့ဘူးလို့ ကတိပေးတယ်!! ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းပြီး စည်းစနစ်နဲ့ နေပါ့မယ်၊ ဆိုရှယ်လစ်အခြေခံစည်းကမ်းချက်တွေကို အမှတ်ရပြီး စံပြဆိုရှယ်လစ် လူငယ်ဖြစ်ရပါစေ့မယ်"

ဟော့ရှီး ရယ်ချင်ဟန်ဖြင့် နှုတ်ခမ်းတင်းတင်းစေ့လိုက်ကာ ရယ်ချင်စိတ်ကို ထိန်းချုပ်ရင်း ပေါ့ပေါ့ပါးပါးဆိုသည်။

"ကောင်းပြီ၊ စားတော့"

........

......

နောက်တရက်မနက်တွင် နေ့လယ်စာစားပြီးချိန်တွင် ရှန့်ချောင်က ပျင်းပျင်းရိရိထိုင်နေပြီး တင်းကျန်က ကျိုးခန်ကို ခေါ်လာကာ သူမအား မိတ်ကပ်ပြင်ပေးစေပြီး 'Starlight Junior' ရိုက်ကူးရေးရှိရာဆီ တိုက်ရိုက်ခေါ်ဆောင်သွားသည်။

ဒီအပိုင်းမှ စတင်ကာ ကျန်ရှိသည့် ပြိုင်ပွဲဝင် ၂၅ယောက်မှာ ငါးယောက်တစ်ဖွဲ့ အဖွဲ့ဖွဲ့ထားကာ အဖွဲ့တစ်ခုချင်းဆီမှ တစ်ယောက်ဆီ အဖြုတ်ခံရမည်ဖြစ်သည်။ အခြားဒိုင်သုံးယောက်စလုံး မနေ့က လာရောက်ကာ ပြိုင်ပွဲဝင်များကို ရီဟာဇယ်တွင် ညွှန်ကြားပြသပေးခဲ့သည်။ ရှန့်ချောင်က ဘာမှ လုပ်နိုင်သည်မဟုတ်၍ ပရိုဂရမ်အဖွဲ့က သူမအား လာရောက်ရန် မတောင်းဆိုခဲ့ပေ။

သူမ ရိုက်ကွင်းဆီ ရောက်လာသည်နှင့် ဝန်ထမ်းအားလုံးက သူမထံ လှမ်းကြည့်လာသည်။

နောက်ဆုံးအကြိမ် တိုက်ရိုက်ထုတ်လွှင့်မှုမှ တပတ်ကြာမြင့်ခဲ့ပြီးဖြစ်သော်လည်း ရှန့်ချောင်၏ ရုတ်တရက် ဒေါသပုန်ထမှုက သူတို့အားလုံးကို မှင်သက်သွားစေသည်။ ယခင်က သူတို့တွေးခဲ့သည်မှာ သူမက ပေါင်မုန့်လုံးမျှသာဖြစ်ပြီး မည်သူ့ကိုမှ အပြစ်မပြုရဲတာမို့ သူမ၏ မဲပေးခွင့်ကို အသုံးမပြုခြင်းဟု ထင်ခဲ့သည်။

သူတို့ မမျှော်လင့်ထားသည်မှာ မီးတောင်ပေါက်ကွဲမှုဖြစ်ကာ ချော်ရည်တွေမှာလည်း လူကို သေစေနိုင်သည်ဟူ၍။

သူမ ထပ်မံပြဿနာရှာမည်ကို စိုးရွံ့တာမို့ ပေ့မင်းဖန်က အကြိမ်ပေါင်းမနည်း ဖုန်းခေါ်ကာ သူမအား သတိပေးသည်။ ရှန့်ချောင် စင်နောက်ဘက်ဆီ ဝင်သွားချိန်တွင် ယဲ့ထုန်က သူမအား သူရဲကောင်းတစ်ယောက်ပမာ ကြည့်လာသည်။

ဝေ့ဟယ်သုန်း - "ရို့... ရှောင်ချောင် လာပြီလား၊ ပြီးခဲ့တဲ့ရက်တွေက ဘယ်လိုလဲ? စိတ်ပျော်ရဲ့လား?"

"အင်း၊ အတော်လေး ပျော်နေတာ"

ရှန့်ချောင် ပြုံးရင်း တစ်ယောက်ချင်းစီ နှုတ်ဆက်စကားဆိုလိုက်ကာ နူးညံ့ပြီး ပေါင်းသင်းရလွယ်ကူသည့် မိန်းကလေးငယ်အဖြစ် အသွင်ပြန်ပြောင်းသွားသော်လည်း လူအချို့မှာ သူမ၏ ရုပ်ရည်ကြောင့် အညာမမိတော့ချေ။ သူမကို သိပ်သဘောကျဟန်မရသော လီယောင်က ကဲ့ရဲ့သည်လား ချီးကျူးသည်လား မသဲကွဲသည့် စကားကို ဆိုလာသည်။

"မင်းက လူတွေကို ချီးကျူးတာပဲ တတ်တယ်လို့ ငါထင်နေတာ၊ မင်းက ဆူဆဲတတ်သေးတာကိုး"

ရှန့်ချောင် - "ဆဲဆိုတဲ့နေရာမှာလည်း ကျွန်မက အတော်လေး တော်တယ်၊ ရှင် နားထောင်ချင်လား?"

သူမဘေးရှိ ဖန်းပိုင်က ချက်ချင်းဆိုသလိုပင် နားကန်းစေနိုင်သည့် 'ကျောက်ကပ်ယိုယွင်း၊ သုတ်လွှတ်စော' ဟူသည့် စကားသံကို အမှတ်ရလိုက်ကာ ရှန့်ချောင် ချက်ချင်းလက်ငင်း ပြောချလိုက်မည်ကို စိုးရိမ်တာမို့ သူ အထိတ်တလန့် လှမ်းတားလိုက်သည်။

"ချောင်ချောင်! လိမ္မာတဲ့ မိန်းကလေးတွေက ညစ်ပတ်တဲ့ စကားမပြောရဘူး!"

ယနေ့အတွက် ဖြုတ်ချခံရလုနီးပါးဖြစ်နေသည့် ယှဉ်ပြိုင်သူများအကြောင်းကို လူများစွာက ဆွေးနွေးနေသည်။ လူ ငါးယောက် ဖျော်ဖြေတင်ဆက်ကာ လေးယောက်မှာ နောက်တစ်ဆင့်တက်ရောက်ခွင့်ရပြီး နောက်တစ်ယောက် အဖြုတ်ခံရခြင်းမှာ ရက်စက်လွန်းလှသည်။

ယဲ့ထုန်သည်ပင် ဆိုလာသည်။

"ရှောင်ချောင်၊ ဒီနေ့ အဖြုတ်ခံရတဲ့ ကလေးတွေကို နင် နှစ်သိမ့်ပေးရမယ်နော်၊ သူတို့ နောင်ကျရင် ယုံကြည်ချက်မရှိတော့တာမျိုး မဖြစ်စေနဲ့"

ပေ့မင်းဖန်သည်လည်း သူမထံ လင့်ခ်ပို့လာကာ

"မင်းမှာ ချီးမွမ်းစကားတွေ အဆင်သင့်ရှိသေးလား? ငါ မင်းအတွက် အကြံဉာဏ်နည်းနည်းရှာလာခဲ့တယ်၊ စင်ပေါ်မတက်ခင် မင်း နည်းနည်းဖတ်သွား"

ရုတ်ချည်းပင် ရှန့်ချောင် ဖိအားများ ပြင်းထန်လာသည်ဟု ခံစားလိုက်ရသည်။

တိုက်ရိုက်ထုတ်လွှင့်မှု မကြာခင် စတင်ကာ ဒီတကြိမ်တွင် အရင်တစ်ခေါက်ထပ် လူပိုများများ ကြည့်ရှူလာပြီး အကြောင်းအရင်းမှာ ရှန့်ချောင်၏ ဒေါသပုန်ထမှုကြောင့်ပင်ဖြစ်သည်။ သမာသမတ်ကျသည့်ဒိုင်ဖြစ်သူရှန့်ချောင်ရှေ့မှာ ယှဉ်ပြိုင်သူများက မရိုးဖြောင့်သည်ကို လုပ်ရန် သတ္တိရှိဖို့ လူတိုင်းက မျှော်လင့်နေသော်လည််း ပြိုင်ပွဲဝင်များမှာ ရိုးသားလွန်းသဖြင့် ရှန့်ချောင်သည်ပင် သက်တန့်ချီးမွမ်းစကား များများစားစား မဆိုနိုင်ပေ။

စာကြောင်းအနည်းငယ်မျှသာ ဖြစ်သော်လည်း သူမက ယှဉ်ပြိုင်သူများကို ပရော်ဖက်ရှင်နယ်ရှုထောင့်မှ တလေးတနက် သုံးသပ်စကားဆိုလာသည်။

"မင်း အခုလေးတင် စန္ဒရားတီးသွားတုန်းက ဟာမီနီတီးလုံး နှစ်ခုမှားနှိပ်မိတယ်၊ ဒါပေမဲ့ မင်းက သတိရှိရှိနဲ့ သတိမမူမိအောင် ကိုင်တွယ်သွားနိုင်တယ်၊ နောကိတခေါက်ကျရင် ပိုကြိုးစားပါ"

"မင်းက ဒီသီချင်းကို အပြောင်းအလဲအချို့လုပ်တဲ့အနေနဲ့ Electric အသံတချို့ထည့်ထားတယ်၊ ဒါပေမဲ့ နဂိုမူလသီချင်းကိုက ဟဲဗီးမက်တယ်သီချင်းဖြစ်တာဆိုတော့ Rock & Roll ဘက်ကို ပိုအားကောင်းသွားစေတယ်၊ ဒါက နည်းနည်းကျယ်လောင်ပြီး နားထောင်သူတွေအဖို့ ဆူညံနေတာမျိုး ဖြစ်နိုင်တယ်"

.......

.....

(ဘာ? နင်လည်း ဂီတအကြောင်းနားလည်တာလား?)

ရှန့်ချောင် ကိုယ်တိုင်ပင် ရှင်းပြလာသည်။

"ငါက ဂီတကို နည်းလမ်းတကျ မလေ့လာဖူးလို့ အရိုးရှင်းဆုံးနဲ့ အစစ်မှန်ဆုံး နားထောင်သူဆီက ရှူထောင့်ကိုပဲ ပြောပြနိုင်မယ်၊ ဘယ်လိုပဲပြောပြော အနာဂတ်မှာ မင်းတို့ စင်ပေါ်တက်တဲ့အခါကျရင် ဒိုင်အကဲဖြတ်တွေကို သီချင်းဆိုပြမှာ မဟုတ်ပဲ အရိုးရှင်းဆုံး နားထောင်သူတွေကို ဆိုပြမှာပဲလေ"

အစပထမပိုင်းတွင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူများက သူမ၏ ခွန်အားကို ကျော်လွန်ကာ နားလည်ချင်ယောင်ဆောင်သည့်အတွက် သူမအား လှောင်ရယ်လိုသည်။ သို့ရာတွင် သူမ ထိုစကားပြောသံကို ကြားချိန်တွင် နားလည်မှု တစွန်းတစ ပေါ်ထွက်လာသည်။ မှန်ပေသည်၊ အကြိမ်ပေါင်းများစွာပင် အစီအစဉ်များ၌ ကြည့်ရှုသူများက မကောင်းဟု သတ်မှတ်ထားသော်လည်း အကဲဖြတ်ဒိုင်အားလုံး ခွင့်ပြုကာ အဆင့်တက်ပေးသည့် ပြိုင်ပွဲဝင်များ ရှိခဲ့သည်။ ထို့ပြင် ပရိသတ်များ နှစ်သက်သော်လည်း ဒိုင်များက များစွာသော အမှားထောက်ပြမှုများ ပြုလုပ်ခြင်းခံခဲ့ရသည့် ပြိုင်ပွဲဝင်များလည်း ရှိသည်။

သူတို့အားလုံး ပရော်ဖက်ရှင်နယ်အကြောင်းအရာကို နားမလည်၊ သူတို့က ဖျော်ဖြေတင်ဆက်မှုကိုသာ မြင်လိုသည်။

ထိုအတွေးဖြင့် ရှန့်ချောင်အပေါ် အတွေးအမြင်မှာ ပို၍ ကောင်းမွန်လာသည်။

တတိယပိုင်းအတွက် ရိုက်ကူးရေးမှာ အောင်မြငိစွာ ပြီးဆုံးသွားကာ စင်ပေါ်တွင် မျက်ရည်ဝေနေသည့် အဖြုတ်ခံ ပြိုင်ပွဲဝင်များမှာ သူတို့အိပ်မက်များနောက်လိုက်ရန် စတိတ်စင်ပေါ်မှ ထွက်ခွါသွားသည်။ ဒါသည်ပင် အနုပညာလောကပင်၊ ခဏလေးမျှပင် တုံ့ဆိုင်း၍ မရချေ။

ရိုက်ကူရေးပြီးဆုံးချိန်တွင် အတော်လေး နောက်ကျနေပြီဖြစ်တာမို့ လူအားလုံးကို နှုတ်ဆက်စကားဆိုပြီးသည်နှင့် ရှန့်ချောင်ကို အိမ်လိုက်ပို့ရန် ဖန်းပိုင်နှင့် တင်းကျန်က အဆင်သင့်ဖြစ်နေလေပြီ။ သူမ၏ ကုမ္ပဏီကားမှာ ကားပါကင်တွင် ရပ်ထားပြီး ဖန်းပိုင်က အရင်ဦးစွာ သွားမောင်းလာကာ တင်းကျန်က သူမနှင့်အတူ ထွက်ပေါက်တွင် စောင့်နေသည်။

ကားမောင်းလာချိန်တွင် ရှန့်ချောင်က တင်းကျန်နှင့် အာလာပသလာပ စကားဆိုနေပြီး သူမမျက်လုံးတွေက ကားရှေ့ဘီးတွေဆီ သာမန်ကာလျှံကာ အကြည့်ရောက်သွားသည်။ ထို့နောက် သူမနှလုံးသားက အဆက်မပြတ်ခုန်လာသည်။

ဖန်းပိုင်က သူတို့ဘေး ကားရပ်လိုက်ကာ နှစ်ယောက်စလုံး ကားပေါ်တက်ရန် စောင့်ဆိုင်းနေသည်။

သို့သော် ရှန့်ချောင်က လှုပ်ရှားမှုမရှိပဲ ကားတာယာကိုသာ မျက်မှောင်ကြုတ်လျက် ကြည့်နေသည်။

တင်းကျန် - "ချောင်ချောင် ဘာဖြစ်လို့လဲ?"

သူမက တိုးတိုးနေရန် လက်ဟန်လုပ်ပြလိုက်ပြီး

"စကားမပြောနဲ့ဦး၊ ဖန်းပိုင် ကားအရင်စက်သတ်လိုက်"

ဘာဖြစ်နေမှန်း ဖန်းပိုင် မသိပေမဲ့ သူမ၏ အလေးအနက်အမူအရာကို မြင်ပြီးနောက် သူ ချက်ချင်း ကားရပ်လိုက်သည်။ ကားရပ်သွားသည်နှင့် ကျယ်ပြန့်သည့် ကားပါကင်တစ်ခုလုံး တိတ်ဆိတ်သွားကာ တဖြေးဖြေးဖြင့် တာယာမှ လေတရှုးရှုးထွက်နေသံကို ကြားလိုက်ရသည်။

ထို့နောက် ထိုအသံမှာ ပို၍ ပို၍ ပီပြင်လာ၏။

ဖန်းပိုင်ကားထဲမှ ထွက်ကာ ရှေ့တာယာဆီ ကြည့်ရင်း သူ့လက်ဖဝါးဖြင့် တစ်လက်မချင်းဆီ စစ်ဆေးလိုက်ကာ နောက်ဆုံးတွင် ပေါက်နေသည်ကို တွေ့လိုက်ရသည်။

တစ်စုံတစ်ယောက်က ကားတာယာကို ဖောက်သွားခဲ့ခြင်း။

သူတို့သာ လမ်းမပေါ် တက်ခဲ့လျှင် ကားအမြန်နှုန်းကြောင့် တာယာပေါက်ကွဲသွားမည်ဖြစ်ကာ အကျိုးဆက်မှာ မတွေးဝံ့စရာ။

တင်းကျန်နှင့် ဖန်းပိုင်နှစ်ယောက်လုံး ဖြူဖျော့သွားသည်။

ရှန့်ချောင် - "ဓါတ်ပုံရိုက်ပြီး ကားကို ဒီမှာထားခဲ့၊ ပြီးရင် ပေ့ကောဆီ ဖုန်းဆက်ပြီး တစ်ယောက်ယောက်ကို ကားလာဆွဲခိုင်း"

တင်းကျန်က တည်တည်ငြိမ်ငြိမ်ဖြင့် ပေ့မင်းဖန်ဆီ ဆက်သွယ်လိုက်ကာ ဖန်းပိုင်က လက်သီးကျစ်ကျစ်ဆုပ်ရင်း သူ့စကားသံမှာ သွားကြားထဲက ညှစ်ထုတ်နေရလေဟန်။

"ဒါ လူသတ်တာပဲ!!"

ရှန့်ချောင်သာ ကွဲပြားခြားနားမှုကို သတိမပြုမိခဲ့လျှင် သူတို့အားလုံး အိမ်ပြန်လမ်းပေါ် ရောက်နေပေမည်။ ထိုအကြောင်းကို တွေးမိလိုက်လျှင် မယုံနိုင်ဖွယ် တုန်လှုပ်သွားရသည်။

ကားပါကင်တဖက်ဆီမှ စကားပြောသံ တချို့ ကြားလိုက်ရပြီး မကြာခင်မှာပင် ကားတစ်စီး ဖြတ်သန်းသွားပြီး သူတို့ကားရပ်ထားသည်ကို မြင်လျှင် ယဲ့ထုန်က ကားပြတင်းပေါက်မှတဆင့် ခေါင်းပြူထွက်လာသည်။

"ရှောင်ချောင် ဘာဖြစ်လို့လဲ? နင် ဒီမှာ ဘာလုပ်နေတာလဲ?"

ဖန်းပိုင်က ဒေါသထွက်နေဟန်ဖြင့် တခုခုပြောရန် ပြင်လိုက်သော်လည်း ရှန့်ချောင် သူ့ကို လှမ်းဆွဲလိုက်ကာ သူမထံ နွေးနွေးထွေးထွေး ပြုံးပြလိုက်သည်။

"ကားပျက်သွားလို့၊ တစ်ယောက်ယောက် လာဆွဲတာ စောင့်နေတာ"

ယဲ့ထုန် - "အာ.. ကံဆိုးလိုက်တာ၊ ဒါဆို ငါ နင့်ကို ပြန်ပို့ပေးမယ်၊ နောက်ကျနေပြီ၊ ကားပေါ်တက်ခဲ့"

"ကျေးဇူးတင်ပါတယ် အစ်မယဲ့၊ အစ်မက တအားကြင်နာတတ်တာပဲ"

ဘေးဖက်ရှိ တင်းကျန်မှာ ဖုန်းပြော၍ ပြီးသွားလေပြီ။ သူမက ဖန်းပိုင်ထက် ပို၍ တည်ငြိမ်ကာ အချို့အရာများမှာ ထုတ်ပြော၍ မရမှန်း နားလည်တာမို့ စကားတစ်ခွန်းမှ မဆိုပဲ ရှန့်ချောင်နောက် လိုက်လာသည်။

ယဲ့ထုန်က ရှန့်ချောက်ကို အရင်ဆုံး အိမ်လိုက်ပို့ကာ ဖန်းပိုင်နှင့် တင်းကျန်က သူမနှင့်အတူ ကားပေါ်မှ ဆင်းရင်း ကျေးဇူးတင်စကားဆိုသည်။ ကားတိုးဝင်ကာ ရှန့်ချောင်ကို ပြန်ပေးဆွဲမည်စိုးတာမို့ သူမဘေး ဘယ်ညာ တစ်ဖက်တစ်ယောက်ဆီ ခြံရံကာကွယ်ကာ အထဲသို့ လိုက်ပို့သည်။

သူတို့ ဓါတ်လှေကားထဲ ရောက်ချိန်မှသာ နှစ်ယောက်လုံး စိတ်သက်သာရာရသွားကာ ဖန်းပိုင်က အပြင်းအထန် ဆိုလာသည်။

"ဒါ သေချာပေါက် ဒုတိယမျိုးဆက်ကြယ်ပွင့် လက်ချက်ဖြစ်ရမယ်!!"

ရှန့်ချောင် တွေးတောကြည့်လိုက်သည်။

"အဲ့လိုမျိုးသေချာပေါက်လည်း မဆိုနိုင်ဘူး"

ဖြစ်နိုင်ချေမှာ ကောင်းမေလင်ရော တာဝန်ခံပါ သူမအား အသေသတ်လိုနေနိုင်သည်။ ထိုမျှသာမကသေး၊ ကမ္ဘာပေါ်တွင် မကောင်းသည့်လူမှာ နည်းပါးသည်မဟုတ်လှပဲ ထိုသူနှစ်ယောက်လုံး မဟုတ်လျှင် သူမအား မုန်းတီးသည့် အစွန်းရောက် ပရိသတ်လည်း ဖြစ်နိုင်သည်။

ဖန်းပိုင် - "အစ်မချောင်ချောင်၊ ကျွန်တော်တို့ ရဲတိုင်သင့်တယ်၊ ရဲကို ကာကွယ်ပေးခိုင်းကြရအောင်"

သူမ အနည်းငယ် ဖိအားများလာသည်ဟု ခံစားလိုက်ရကာ

"ပေ့ကော မနက်ဖြန်လာတဲ့အထိ စောင့်ရအောင်"

ရှန့်ချောင်အား အိမ်ပို့ပြီးသည့်တိုင် ဖန်းပိုင်မှာ စိတ်မအေးနိုင်သေး၊ ထို့ကြောင့် တင်းကျန်ကို ယနေ့ည သူမနှင့်အတူ အိပ်စေသည်။ သူ မပြန်ခင် တံခါးနှင့် ပြတင်းပေါက်များကို စစ်ဆေးသွားကာ တံခါးသေချာပိတ်ရန် မှာခဲ့သည်။

တင်းကျန်က ဧည့်သည်ခန်းတွင် အိပ်ကာ သူမတံခါးကို ဖွင့်လျက်ထားထားပြီး ရှန့်ချောင်ထံ ဆိုသည်။

"တစ်ခုခုဆို ငါ့ကို လှမ်းခေါ်လိုက်"

တင်းကျန်၏ မျက်နှာအမူအရာမှာ လူသတ်သမားက မိုးပေါ်မှ ကျလာပြီး ပြတင်းပေါက်မှ ခုန်ဝင်လာတော့မည်ပမာ။

ညကား နောက်ကျနေလေပြီ။

ရှန့်ချောင် ကုတင်ပေါ်တွင် လှဲကာ ဘယ်ညာလူးလိမ့်ရင်း အိပ်မပျော်နိုင်ပေ။ အမှန်တကယ်တွင်မူ ပြင်ပတွင် မြင်နေရသကဲ့သို့ သူမ မတည်ငြိမ်နေပေ။ တစ်စုံတစ်ယောက်က သူမအား သတ်လိုမှန်း သိနေခြင်းအပေါ် မည်သို့များ မကြောက်ရွံ့ပဲ နေနိုင်မလဲ?

သို့သော် သူမ ပို၍ ထိတ်လန့်ကြောက်ရွံ့လေ၊ ပို၍ တည်ငြိမ်ရလေပင်။ သို့မှသာ ထိုရက်စက်သည့်သူများကို အမှောင်ထဲမှ ထွက်လာအောင် ဆွဲထုတ်နိုင်ပေမည်။

သူမ သေချာပေါက် အသက်ရှင်သန်ရမည်။ သူမထံတွင် လုပ်စရာ များစွာ ကျန်နေသေးသည်။

ထိုအချိန်၌ ဖုန်းရုတ်တရက် ထမြည်လာကာ ဖုန်းတုန်ခါမှုကြောင့် ရှန့်ချောင်၏ တင်းကြပ်နေသည့် စိတ်အစဉ်မှာ လန့်ဖြပ်သွားရသည်။

'My Baby' ဟူသော ခေါ်ဆိုသူနာမည်ကို မြင်လိုက်ချိန်မှသာ စိတ်တင်းကြပ်မှုနှင့် ထိတ်လန့်မှုများက နေရောင်ကြောင့် ကွယ်ပျောက်သွားရတဲ့ တိမ်တိုက်များပမာ အလျှင်အမြန် ပျောက်ကွယ်သွားကာ နွေးထွေးသည့်ခံစားချက်သာ ကျန်ရစ်ခဲ့သည်။

"ဟော့ရှီး !!"

သူက တိုးညှင်းညှင်း 'hmm' လိုက်ပြီးနောက်

"ဒီနေ့ တင်ဆက်တာ ကောင်းတယ်"

စိတ်လိုက်မာန်ပါလုပ်ခြင်းမျိုး အလျဉ်းမရှိပဲ မှတ်ချက်အချို့၌ ဂီတအသုံးအနှုန်းအချို့ သုံးစွဲထားခြင်းက သူ့အား အံ့အားသင့်စေသည်။

"ရှင် တိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်နေတာလား?"

ချက်ချင်းဆိုသလိုပင် သူမ ရှက်ရွံ့သွားရသည်။

"ငါက ဒီတိုင်း လျှောက်ပြောနေတာ၊ မကြည့်နဲ့လေ"

သူ့ပုံစံက ရယ်မောနေပုံရသော်လည်း သူ့လေသံမှာ ပေါ့ပေါ့ပါးပါး။

"မင်း လူတွေကို ချီးကျူးတာ အတော်လေး တော်တာပဲ၊ ဒါပေမဲ့ မင်း ငါ့ကို အဲ့လိုမျိုး ချီးကျူးတာတော့ မတွေ့ပါလား"

"အဲ့ဒါကျ မတူဘူးလေ"

"ဘာကွာလို့လဲ?"

ရှန့်ချောင် တုံ့ဆိုင်းပြီးမှ ခပ်တိုးတိုး ဆိုသည်။

"သေမျိုးလူသားတွေရဲ့ စကားလုံးတွေကို သုံးပြီး နတ်ဘုရားကို ပုံဖော်လို့ မရဘူး"

****
ကြာသပတေးအကြွေးပါ။ ဒီရက်ပိုင်း တော်တော်အလုပ်ရှုပ်နေလို့ အချိန်မှန် မတင်နိုင်ဘူးဖြစ်။

စာပြန်မစစ်ရသေးပါ။ ညတုန်းက အိပ်ချင်မူးတူး ရေးထားလို့ အမှားတွေ ပါနေနိုင်ပါတယ်။ မြင်ရင် ပြောပေးနော်။

****







{Zawgyi}

အပိုင္း ၄၄

ေဟာ့ရွီးက သူမအတြက္ တတိယေျမာက္ရွိုးပြဲလက္မွတ္ ယူေဆာင္လာေပးျခင္းျဖစ္သည္။

ရွန့္ေခ်ာင္မွာ ေပ်ာ္လြန္းလွသျဖင့္

"ငါ ေတာ္ေတာ္အရွက္မရွိတာပဲ"

ထိုစကားကိုဆိုရင္းပင္ လက္မွတ္ကို အလၽွင္အျမန္လွမ္းယူၿပီးျဖစ္ကာ အေရာင္ထြက္ေနတဲ့ မ်က္ဝန္းတို႔ျဖင့္ ဖင္တျပန္ေခါင္းတျပန္ လွည့္ၾကည့္သည္။

ပါးစပ္က ျငင္းေနေပမဲ့ ခႏၶာကိုယ္က ရိုးသားသည္။

သူတို႔ အိမ္ထဲဝင္လာခ်ိန္တြင္ အခန္းထဲ၌ ေယာက္်ားေလးသုံး ေရေမြးနံ႔မွာ ေဝ့ဝဲက်န္ေနဆဲ။ ေဟာ့ရွီး မ်က္ေမွာင္ၾကဳတ္လိုက္ေပမဲ့ ဘာမွ မေမးေခ်။ ရွန့္ေခ်ာင္ လက္မွတ္ကို သိမ္းလိုက္ကာ သူ႔ထံေျပးလာသည္။

"ေဟာ့ရွီး နင္ ဘာစားခ်င္လဲ? ငါ နင့္အတြက္ ခ်က္ေပးမယ္"

"ဘာပဲျဖစ္ျဖစ္ရတယ္"

သူမ ဆံပင္ခ်ည္လိုက္ကာ သူ႔အတြက္ တီဗီဖြင့္ေပးလိုက္ၿပီး အေတာ္ေလးေကာင္းမြန္ပုံရသည့္ မွတ္တမ္း႐ုပ္ရွင္ကို ဖြင့္လိုက္သည္။ ထို႔ေနာက္ ေရေႏြးျဖင့္ အသီးလက္ဖက္ရည္ၾကမ္းတခြက္ ေဖ်ာ္လိုက္ကာ အားလုံးၿပီးဆုံးခ်ိန္မွ မီးဖိုခန္းဆီ ေျပးဝင္သြားသည္။

မၾကာခင္မွာပင္ ေၾကာ္ေလွာ္သံၾကားရသည္။ သူမကား စိတ္အေျခအေနေကာင္းေနပုံရကာ ခပ္တိုးတိုး သီခ်င္းညည္းေနသည္။ ဂ႐ုတစိုက္နားေထာင္ၾကည့္လၽွင္ သူ႔သီခ်င္း။ တီဗီသံ၊ သီခ်င္းတိုးတိုးညည္းေနသံ ေရာယွက္ေနတဲ့ ဟင္းခ်က္သံက အခန္းတစ္ခုလုံး ပ်ံ႕ႏွံ့လာကာ ေပ်ာက္ဆုံးေနတဲ့ အေႏြးဓါတ္ကို သူ႔အား ေတာင့္တလာေစသည္။

ေဟာ့ရွီး မတ္တပ္ရပ္ကာ လမ္းထေလၽွာက္လိုက္ၿပီး သူ႔မ်က္လုံးေတြက နံရံေပၚခ်ိတ္ထားတဲ့ ပန္းခ်ီေတြေပၚ အာ႐ုံေရာက္သြားသည္။

ယင္းမွာ တ႐ုတ္ရိုးရာပန္းခ်ီကားျဖစ္ၿပီး ေတာင္တန္းအလယ္ရွိ ေရအိုင္ထက္မွ လေရာင္ကို ေရးဆြဲထားျခင္းျဖစ္ကာ လက္မွတ္ထိုးထားသည္မွာ 'ရွန္ခ်င္းယြန္'။ ငယ္ရြယ္သူအခ်ိဳ႕တေလသာ နံရံေပၚ တ႐ုတ္ရိုးရာပန္းခ်ီကားကို ခ်ိတ္ဆြဲေလ့ရွိသည္။

ရွန့္ေခ်ာင္ ေရခဲေသတၱာမွ တစ္ခုခုထုတ္ယူရန္ ထြက္လာခ်ိန္တြင္ သူ ပန္းခ်ီကားေရွ႕ ရပ္ေနသည္ကို ျမင္လိုက္ရသည္။ သူမက ရွင္းျပစကားဆိုသည္။

"အဲ့ဒါအတု၊ အစစ္က အရမ္းေစ်းႀကီးလို႔ ဝယ္ဖို႔ မတတ္နိုင္ေသးဘူး"

ေဟာ့ရွီး ေနာက္လွည့္ကာ သူမအား ေမးသည္။

"မင္း ဒီပန္းခ်ီဆရာကို ႀကိဳက္လား?"

ရွန့္ေခ်ာင္ ႏွုတ္ခမ္းေစ့ကာ သူ႔ထံျပဳံးျပသည္။

"အြန္း၊ ငါ အရမ္းႀကိဳက္တယ္"

ထိုသူမွာ သူမ၏ မိခင္မဟုတ္ေလာ။

ညစာမွာ သိပ္မၾကာခင္မွာပင္ ျပင္ဆင္ၿပီးသြားကာ သူ ဘာစားရတာႀကိဳက္လဲ၊ မႀကိဳက္လဲ သိသူတစ္ေယာက္အေနျဖင့္ ျပင္ဆင္ထားသည့္ညစာမွာ သူ႔အႀကိဳက္ပင္။ သူျမည္းၾကည့္လိုက္ၿပီး ေခါင္းညိတ္ကာ ျပဳံးရင္း အေတာ္ေလးေကာင္းသည္ဟု ခ်ီးက်ဴးသည္။ သူ႔ပုံစံမွာ ေပ်ာ္ရႊင္ေနဟန္။

(အားးးးး... ငါ့အိုင္ေဒါလ္နဲ႔ ႏွစ္ေယာက္ထဲ အတူ ထမင္းစားရတာ၊ ငါ ဘယ္လိုလုပ္ စားနိုင္မွာလဲ!! ငါ သူစားတာပဲ ထိုင္ၾကည့္မယ္)

ေခ်ာေမာမွုက မ်က္စိပဒႆျဖစ္ေစသည္မွာ အမွန္တရားပင္။

ေဟာ့ရွီးက ႐ုတ္တရက္ သူမထံ ဆိုလာသည္။

"မင္း မနက္ျဖန္ ထပ္ၿပီး ရိုက္ကူးေရးရွိတာလား?"

"အင္း"

သူက သူမထံ အႀကိမ္ေရအနည္းငယ္ေလာက္ ၾကည့္ၿပီးေနာက္

"တကယ္လို႔ တစ္ခုခုထပ္ျဖစ္ရင္ အရင္လို ထပ္ၿပီး စိတ္လိုက္မာန္ပါ မလုပ္နဲ႔"

ဆန္ေကာက္စားသည့္ ၾကက္ကေလးသဖြယ္ သူမက ေခါင္းတဆတ္ဆတ္ညိတ္သည္။

"Uh-huh-huh-huh"

(သူမအိုင္ေဒါလ္ေျပာသမၽွ သူမနားေထာင္မည္!! သူမက မိန္းမေကာင္းေလး!!)

"ငါနဲ႔ ပတ္သက္ေနရင္ေတာင္မွ မင္း အခ်ိန္ေစာင့္ၿပီး မင္းရဲ့ မန္ေနဂ်ာဆီ တိတ္တိတ္ေလး ဆက္သြယ္တာပဲျဖစ္ျဖစ္ ဒါမွမဟုတ္ ငါ့ဆီ ဆက္သြယ္ၿပီး ေျဖရွင္းခိုင္း၊ မင္း ကိုယ္တိုင္ ေျဖရွင္းဖို႔ ခြင့္မျပဳဘူး"

"မင္း စကားနားမေထာင္ပဲ ထပ္လုပ္ရင္..."

ေဟာ့ရွီးက သူမကို တခ်က္လွမ္းၾကည့္သည္။

"မင္း ငါ့ကို တစ္လမေတြ႕ရဘူး၊ ၿပီးရင္ ရွိုးပြဲကိုလည္း သြားခြင့္မျပဳဘူး"

ရွန့္ေခ်ာင္ - "???"

(အာ... ဒီအျပစ္ဒဏ္က တအားရက္စက္လြန္းတယ္၊  ငါ ေသသြားလိမ့္မယ္!!!)

ရွန့္ေခ်ာင္ ခ်က္ခ်င္းပင္ လက္သုံးေခ်ာင္းေထာင္ကာ က်ိန္ဆိုသည္။

"ငါ ထပ္ၿပီး စိတ္လိုက္မာန္ပါမလုပ္ေတာ့ဘူးလို႔ ကတိေပးတယ္!! ကိုယ့္ကိုယ္ကိုယ္ ထိန္းသိမ္းၿပီး စည္းစနစ္နဲ႔ ေနပါ့မယ္၊ ဆိုရွယ္လစ္အေျခခံစည္းကမ္းခ်က္ေတြကို အမွတ္ရၿပီး စံျပဆိုရွယ္လစ္ လူငယ္ျဖစ္ရပါေစ့မယ္"

ေဟာ့ရွီး ရယ္ခ်င္ဟန္ျဖင့္ ႏွုတ္ခမ္းတင္းတင္းေစ့လိုက္ကာ ရယ္ခ်င္စိတ္ကို ထိန္းခ်ဳပ္ရင္း ေပါ့ေပါ့ပါးပါးဆိုသည္။

"ေကာင္းၿပီ၊ စားေတာ့"

........

......

ေနာက္တရက္မနက္တြင္ ေန႔လယ္စာစားၿပီးခ်ိန္တြင္ ရွန့္ေခ်ာင္က ပ်င္းပ်င္းရိရိထိုင္ေနၿပီး တင္းက်န္က က်ိဳးခန္ကို ေခၚလာကာ သူမအား မိတ္ကပ္ျပင္ေပးေစၿပီး 'Starlight Junior' ရိုက္ကူးေရးရွိရာဆီ တိုက္ရိုက္ေခၚေဆာင္သြားသည္။

ဒီအပိုင္းမွ စတင္ကာ က်န္ရွိသည့္ ၿပိဳင္ပြဲဝင္ ၂၅ေယာက္မွာ ငါးေယာက္တစ္ဖြဲ႕ အဖြဲ႕ဖြဲ႕ထားကာ အဖြဲ႕တစ္ခုခ်င္းဆီမွ တစ္ေယာက္ဆီ အျဖဳတ္ခံရမည္ျဖစ္သည္။ အျခားဒိုင္သုံးေယာက္စလုံး မေန႔က လာေရာက္ကာ ၿပိဳင္ပြဲဝင္မ်ားကို ရီဟာဇယ္တြင္ ညႊန္ၾကားျပသေပးခဲ့သည္။ ရွန့္ေခ်ာင္က ဘာမွ လုပ္နိုင္သည္မဟုတ္၍ ပရိုဂရမ္အဖြဲ႕က သူမအား လာေရာက္ရန္ မေတာင္းဆိုခဲ့ေပ။

သူမ ရိုက္ကြင္းဆီ ေရာက္လာသည္ႏွင့္ ဝန္ထမ္းအားလုံးက သူမထံ လွမ္းၾကည့္လာသည္။

ေနာက္ဆုံးအႀကိမ္ တိုက္ရိုက္ထုတ္လႊင့္မွုမွ တပတ္ၾကာျမင့္ခဲ့ၿပီးျဖစ္ေသာ္လည္း ရွန့္ေခ်ာင္၏ ႐ုတ္တရက္ ေဒါသပုန္ထမွုက သူတို႔အားလုံးကို မွင္သက္သြားေစသည္။ ယခင္က သူတို႔ေတြးခဲ့သည္မွာ သူမက ေပါင္မုန့္လုံးမၽွသာျဖစ္ၿပီး မည္သူ႔ကိုမွ အျပစ္မျပဳရဲတာမို႔ သူမ၏ မဲေပးခြင့္ကို အသုံးမျပဳျခင္းဟု ထင္ခဲ့သည္။

သူတို႔ မေမၽွာ္လင့္ထားသည္မွာ မီးေတာင္ေပါက္ကြဲမွုျဖစ္ကာ ေခ်ာ္ရည္ေတြမွာလည္း လူကို ေသေစနိုင္သည္ဟူ၍။

သူမ ထပ္မံျပႆနာရွာမည္ကို စိုးရြံ႕တာမို႔ ေပ့မင္းဖန္က အႀကိမ္ေပါင္းမနည္း ဖုန္းေခၚကာ သူမအား သတိေပးသည္။ ရွန့္ေခ်ာင္ စင္ေနာက္ဘက္ဆီ ဝင္သြားခ်ိန္တြင္ ယဲ့ထုန္က သူမအား သူရဲေကာင္းတစ္ေယာက္ပမာ ၾကည့္လာသည္။

ေဝ့ဟယ္သုန္း - "ရို႔... ေရွာင္ေခ်ာင္ လာၿပီလား၊ ၿပီးခဲ့တဲ့ရက္ေတြက ဘယ္လိုလဲ? စိတ္ေပ်ာ္ရဲ့လား?"

"အင္း၊ အေတာ္ေလး ေပ်ာ္ေနတာ"

ရွန့္ေခ်ာင္ ျပဳံးရင္း တစ္ေယာက္ခ်င္းစီ ႏွုတ္ဆက္စကားဆိုလိုက္ကာ ႏူးညံ့ၿပီး ေပါင္းသင္းရလြယ္ကူသည့္ မိန္းကေလးငယ္အျဖစ္ အသြင္ျပန္ေျပာင္းသြားေသာ္လည္း လူအခ်ိဳ႕မွာ သူမ၏ ႐ုပ္ရည္ေၾကာင့္ အညာမမိေတာ့ေခ်။ သူမကို သိပ္သေဘာက်ဟန္မရေသာ လီေယာင္က ကဲ့ရဲ့သည္လား ခ်ီးက်ဴးသည္လား မသဲကြဲသည့္ စကားကို ဆိုလာသည္။

"မင္းက လူေတြကို ခ်ီးက်ဴးတာပဲ တတ္တယ္လို႔ ငါထင္ေနတာ၊ မင္းက ဆူဆဲတတ္ေသးတာကိုး"

ရွန့္ေခ်ာင္ - "ဆဲဆိုတဲ့ေနရာမွာလည္း ကၽြန္မက အေတာ္ေလး ေတာ္တယ္၊ ရွင္ နားေထာင္ခ်င္လား?"

သူမေဘးရွိ ဖန္းပိုင္က ခ်က္ခ်င္းဆိုသလိုပင္ နားကန္းေစနိုင္သည့္ 'ေက်ာက္ကပ္ယိုယြင္း၊ သုတ္လႊတ္ေစာ' ဟူသည့္ စကားသံကို အမွတ္ရလိုက္ကာ ရွန့္ေခ်ာင္ ခ်က္ခ်င္းလက္ငင္း ေျပာခ်လိုက္မည္ကို စိုးရိမ္တာမို႔ သူ အထိတ္တလန့္ လွမ္းတားလိုက္သည္။

"ေခ်ာင္ေခ်ာင္! လိမၼာတဲ့ မိန္းကေလးေတြက ညစ္ပတ္တဲ့ စကားမေျပာရဘူး!"

ယေန႔အတြက္ ျဖဳတ္ခ်ခံရလုနီးပါးျဖစ္ေနသည့္ ယွဥ္ၿပိဳင္သူမ်ားအေၾကာင္းကို လူမ်ားစြာက ေဆြးေႏြးေနသည္။ လူ ငါးေယာက္ ေဖ်ာ္ေျဖတင္ဆက္ကာ ေလးေယာက္မွာ ေနာက္တစ္ဆင့္တက္ေရာက္ခြင့္ရၿပီး ေနာက္တစ္ေယာက္ အျဖဳတ္ခံရျခင္းမွာ ရက္စက္လြန္းလွသည္။

ယဲ့ထုန္သည္ပင္ ဆိုလာသည္။

"ေရွာင္ေခ်ာင္၊ ဒီေန႔ အျဖဳတ္ခံရတဲ့ ကေလးေတြကို နင္ ႏွစ္သိမ့္ေပးရမယ္ေနာ္၊ သူတို႔ ေနာင္က်ရင္ ယုံၾကည္ခ်က္မရွိေတာ့တာမ်ိဳး မျဖစ္ေစနဲ႔"

ေပ့မင္းဖန္သည္လည္း သူမထံ လင့္ခ္ပို႔လာကာ

"မင္းမွာ ခ်ီးမြမ္းစကားေတြ အဆင္သင့္ရွိေသးလား? ငါ မင္းအတြက္ အႀကံဉာဏ္နည္းနည္းရွာလာခဲ့တယ္၊ စင္ေပၚမတက္ခင္ မင္း နည္းနည္းဖတ္သြား"

႐ုတ္ခ်ည္းပင္ ရွန့္ေခ်ာင္ ဖိအားမ်ား ျပင္းထန္လာသည္ဟု ခံစားလိုက္ရသည္။

တိုက္ရိုက္ထုတ္လႊင့္မွု မၾကာခင္ စတင္ကာ ဒီတႀကိမ္တြင္ အရင္တစ္ေခါက္ထပ္ လူပိုမ်ားမ်ား ၾကည့္ရွူလာၿပီး အေၾကာင္းအရင္းမွာ ရွန့္ေခ်ာင္၏ ေဒါသပုန္ထမွုေၾကာင့္ပင္ျဖစ္သည္။ သမာသမတ္က်သည့္ဒိုင္ျဖစ္သူရွန့္ေခ်ာင္ေရွ႕မွာ ယွဥ္ၿပိဳင္သူမ်ားက မရိုးေျဖာင့္သည္ကို လုပ္ရန္ သတၱိရွိဖို႔ လူတိုင္းက ေမၽွာ္လင့္ေနေသာ္လည္္း ၿပိဳင္ပြဲဝင္မ်ားမွာ ရိုးသားလြန္းသျဖင့္ ရွန့္ေခ်ာင္သည္ပင္ သက္တန့္ခ်ီးမြမ္းစကား မ်ားမ်ားစားစား မဆိုနိုင္ေပ။

စာေၾကာင္းအနည္းငယ္မၽွသာ ျဖစ္ေသာ္လည္း သူမက ယွဥ္ၿပိဳင္သူမ်ားကို ပေရာ္ဖက္ရွင္နယ္ရွုေထာင့္မွ တေလးတနက္ သုံးသပ္စကားဆိုလာသည္။

"မင္း အခုေလးတင္ စႏၵရားတီးသြားတုန္းက ဟာမီနီတီးလုံး ႏွစ္ခုမွားႏွိပ္မိတယ္၊ ဒါေပမဲ့ မင္းက သတိရွိရွိနဲ႔ သတိမမူမိေအာင္ ကိုင္တြယ္သြားနိုင္တယ္၊ ေနာကိတေခါက္က်ရင္ ပိုႀကိဳးစားပါ"

"မင္းက ဒီသီခ်င္းကို အေျပာင္းအလဲအခ်ိဳ႕လုပ္တဲ့အေနနဲ႔ Electric အသံတခ်ိဳ႕ထည့္ထားတယ္၊ ဒါေပမဲ့ နဂိုမူလသီခ်င္းကိုက ဟဲဗီးမက္တယ္သီခ်င္းျဖစ္တာဆိုေတာ့ Rock & Roll ဘက္ကို ပိုအားေကာင္းသြားေစတယ္၊ ဒါက နည္းနည္းက်ယ္ေလာင္ၿပီး နားေထာင္သူေတြအဖို႔ ဆူညံေနတာမ်ိဳး ျဖစ္နိုင္တယ္"

.......

.....

(ဘာ? နင္လည္း ဂီတအေၾကာင္းနားလည္တာလား?)

ရွန့္ေခ်ာင္ ကိုယ္တိုင္ပင္ ရွင္းျပလာသည္။

"ငါက ဂီတကို နည္းလမ္းတက် မေလ့လာဖူးလို႔ အရိုးရွင္းဆုံးနဲ႔ အစစ္မွန္ဆုံး နားေထာင္သူဆီက ရွူေထာင့္ကိုပဲ ေျပာျပနိုင္မယ္၊ ဘယ္လိုပဲေျပာေျပာ အနာဂတ္မွာ မင္းတို႔ စင္ေပၚတက္တဲ့အခါက်ရင္ ဒိုင္အကဲျဖတ္ေတြကို သီခ်င္းဆိုျပမွာ မဟုတ္ပဲ အရိုးရွင္းဆုံး နားေထာင္သူေတြကို ဆိုျပမွာပဲေလ"

အစပထမပိုင္းတြင္ တိုက္ရိုက္ထုတ္လႊင့္မွုကို ၾကည့္ရွုေနသူမ်ားက သူမ၏ ခြန္အားကို ေက်ာ္လြန္ကာ နားလည္ခ်င္ေယာင္ေဆာင္သည့္အတြက္ သူမအား ေလွာင္ရယ္လိုသည္။ သို႔ရာတြင္ သူမ ထိုစကားေျပာသံကို ၾကားခ်ိန္တြင္ နားလည္မွု တစြန္းတစ ေပၚထြက္လာသည္။ မွန္ေပသည္၊ အႀကိမ္ေပါင္းမ်ားစြာပင္ အစီအစဥ္မ်ား၌ ၾကည့္ရွုသူမ်ားက မေကာင္းဟု သတ္မွတ္ထားေသာ္လည္း အကဲျဖတ္ဒိုင္အားလုံး ခြင့္ျပဳကာ အဆင့္တက္ေပးသည့္ ၿပိဳင္ပြဲဝင္မ်ား ရွိခဲ့သည္။ ထို႔ျပင္ ပရိသတ္မ်ား ႏွစ္သက္ေသာ္လည္း ဒိုင္မ်ားက မ်ားစြာေသာ အမွားေထာက္ျပမွုမ်ား ျပဳလုပ္ျခင္းခံခဲ့ရသည့္ ၿပိဳင္ပြဲဝင္မ်ားလည္း ရွိသည္။

သူတို႔အားလုံး ပေရာ္ဖက္ရွင္နယ္အေၾကာင္းအရာကို နားမလည္၊ သူတို႔က ေဖ်ာ္ေျဖတင္ဆက္မွုကိုသာ ျမင္လိုသည္။

ထိုအေတြးျဖင့္ ရွန့္ေခ်ာင္အေပၚ အေတြးအျမင္မွာ ပို၍ ေကာင္းမြန္လာသည္။

တတိယပိုင္းအတြက္ ရိုက္ကူးေရးမွာ ေအာင္ျမငိစြာ ၿပီးဆုံးသြားကာ စင္ေပၚတြင္ မ်က္ရည္ေဝေနသည့္ အျဖဳတ္ခံ ၿပိဳင္ပြဲဝင္မ်ားမွာ သူတို႔အိပ္မက္မ်ားေနာက္လိုက္ရန္ စတိတ္စင္ေပၚမွ ထြက္ခြါသြားသည္။ ဒါသည္ပင္ အႏုပညာေလာကပင္၊ ခဏေလးမၽွပင္ တုံ႔ဆိုင္း၍ မရေခ်။

ရိုက္ကူေရးၿပီးဆုံးခ်ိန္တြင္ အေတာ္ေလး ေနာက္က်ေနၿပီျဖစ္တာမို႔ လူအားလုံးကို ႏွုတ္ဆက္စကားဆိုၿပီးသည္ႏွင့္ ရွန့္ေခ်ာင္ကို အိမ္လိုက္ပို႔ရန္ ဖန္းပိုင္ႏွင့္ တင္းက်န္က အဆင္သင့္ျဖစ္ေနေလၿပီ။ သူမ၏ ကုမၸဏီကားမွာ ကားပါကင္တြင္ ရပ္ထားၿပီး ဖန္းပိုင္က အရင္ဦးစြာ သြားေမာင္းလာကာ တင္းက်န္က သူမႏွင့္အတူ ထြက္ေပါက္တြင္ ေစာင့္ေနသည္။

ကားေမာင္းလာခ်ိန္တြင္ ရွန့္ေခ်ာင္က တင္းက်န္ႏွင့္ အာလာပသလာပ စကားဆိုေနၿပီး သူမမ်က္လုံးေတြက ကားေရွ႕ဘီးေတြဆီ သာမန္ကာလၽွံကာ အၾကည့္ေရာက္သြားသည္။ ထို႔ေနာက္ သူမႏွလုံးသားက အဆက္မျပတ္ခုန္လာသည္။

ဖန္းပိုင္က သူတို႔ေဘး ကားရပ္လိုက္ကာ ႏွစ္ေယာက္စလုံး ကားေပၚတက္ရန္ ေစာင့္ဆိုင္းေနသည္။

သို႔ေသာ္ ရွန့္ေခ်ာင္က လွုပ္ရွားမွုမရွိပဲ ကားတာယာကိုသာ မ်က္ေမွာင္ၾကဳတ္လ်က္ ၾကည့္ေနသည္။

တင္းက်န္ - "ေခ်ာင္ေခ်ာင္ ဘာျဖစ္လို႔လဲ?"

သူမက တိုးတိုးေနရန္ လက္ဟန္လုပ္ျပလိုက္ၿပီး

"စကားမေျပာနဲ႔ဦး၊ ဖန္းပိုင္ ကားအရင္စက္သတ္လိုက္"

ဘာျဖစ္ေနမွန္း ဖန္းပိုင္ မသိေပမဲ့ သူမ၏ အေလးအနက္အမူအရာကို ျမင္ၿပီးေနာက္ သူ ခ်က္ခ်င္း ကားရပ္လိုက္သည္။ ကားရပ္သြားသည္ႏွင့္ က်ယ္ျပန့္သည့္ ကားပါကင္တစ္ခုလုံး တိတ္ဆိတ္သြားကာ တေျဖးေျဖးျဖင့္ တာယာမွ ေလတရွုးရွုးထြက္ေနသံကို ၾကားလိုက္ရသည္။

ထို႔ေနာက္ ထိုအသံမွာ ပို၍ ပို၍ ပီျပင္လာ၏။

ဖန္းပိုင္ကားထဲမွ ထြက္ကာ ေရွ႕တာယာဆီ ၾကည့္ရင္း သူ႔လက္ဖဝါးျဖင့္ တစ္လက္မခ်င္းဆီ စစ္ေဆးလိုက္ကာ ေနာက္ဆုံးတြင္ ေပါက္ေနသည္ကို ေတြ႕လိုက္ရသည္။

တစ္စုံတစ္ေယာက္က ကားတာယာကို ေဖာက္သြားခဲ့ျခင္း။

သူတို႔သာ လမ္းမေပၚ တက္ခဲ့လၽွင္ ကားအျမန္ႏွုန္းေၾကာင့္ တာယာေပါက္ကြဲသြားမည္ျဖစ္ကာ အက်ိဳးဆက္မွာ မေတြးဝံ့စရာ။

တင္းက်န္ႏွင့္ ဖန္းပိုင္ႏွစ္ေယာက္လုံး ျဖဴေဖ်ာ့သြားသည္။

ရွန့္ေခ်ာင္ - "ဓါတ္ပုံရိုက္ၿပီး ကားကို ဒီမွာထားခဲ့၊ ၿပီးရင္ ေပ့ေကာဆီ ဖုန္းဆက္ၿပီး တစ္ေယာက္ေယာက္ကို ကားလာဆြဲခိုင္း"

တင္းက်န္က တည္တည္ၿငိမ္ၿငိမ္ျဖင့္ ေပ့မင္းဖန္ဆီ ဆက္သြယ္လိုက္ကာ ဖန္းပိုင္က လက္သီးက်စ္က်စ္ဆုပ္ရင္း သူ႔စကားသံမွာ သြားၾကားထဲက ညႇစ္ထုတ္ေနရေလဟန္။

"ဒါ လူသတ္တာပဲ!!"

ရွန့္ေခ်ာင္သာ ကြဲျပားျခားနားမွုကို သတိမျပဳမိခဲ့လၽွင္ သူတို႔အားလုံး အိမ္ျပန္လမ္းေပၚ ေရာက္ေနေပမည္။ ထိုအေၾကာင္းကို ေတြးမိလိုက္လၽွင္ မယုံနိုင္ဖြယ္ တုန္လွုပ္သြားရသည္။

ကားပါကင္တဖက္ဆီမွ စကားေျပာသံ တခ်ိဳ႕ ၾကားလိုက္ရၿပီး မၾကာခင္မွာပင္ ကားတစ္စီး ျဖတ္သန္းသြားၿပီး သူတို႔ကားရပ္ထားသည္ကို ျမင္လၽွင္ ယဲ့ထုန္က ကားျပတင္းေပါက္မွတဆင့္ ေခါင္းျပဴထြက္လာသည္။

"ေရွာင္ေခ်ာင္ ဘာျဖစ္လို႔လဲ? နင္ ဒီမွာ ဘာလုပ္ေနတာလဲ?"

ဖန္းပိုင္က ေဒါသထြက္ေနဟန္ျဖင့္ တခုခုေျပာရန္ ျပင္လိုက္ေသာ္လည္း ရွန့္ေခ်ာင္ သူ႔ကို လွမ္းဆြဲလိုက္ကာ သူမထံ ေႏြးေႏြးေထြးေထြး ျပဳံးျပလိုက္သည္။

"ကားပ်က္သြားလို႔၊ တစ္ေယာက္ေယာက္ လာဆြဲတာ ေစာင့္ေနတာ"

ယဲ့ထုန္ - "အာ.. ကံဆိုးလိုက္တာ၊ ဒါဆို ငါ နင့္ကို ျပန္ပို႔ေပးမယ္၊ ေနာက္က်ေနၿပီ၊ ကားေပၚတက္ခဲ့"

"ေက်းဇူးတင္ပါတယ္ အစ္မယဲ့၊ အစ္မက တအားၾကင္နာတတ္တာပဲ"

ေဘးဖက္ရွိ တင္းက်န္မွာ ဖုန္းေျပာ၍ ၿပီးသြားေလၿပီ။ သူမက ဖန္းပိုင္ထက္ ပို၍ တည္ၿငိမ္ကာ အခ်ိဳ႕အရာမ်ားမွာ ထုတ္ေျပာ၍ မရမွန္း နားလည္တာမို႔ စကားတစ္ခြန္းမွ မဆိုပဲ ရွန့္ေခ်ာင္ေနာက္ လိုက္လာသည္။

ယဲ့ထုန္က ရွန့္ေခ်ာက္ကို အရင္ဆုံး အိမ္လိုက္ပို႔ကာ ဖန္းပိုင္ႏွင့္ တင္းက်န္က သူမႏွင့္အတူ ကားေပၚမွ ဆင္းရင္း ေက်းဇူးတင္စကားဆိုသည္။ ကားတိုးဝင္ကာ ရွန့္ေခ်ာင္ကို ျပန္ေပးဆြဲမည္စိုးတာမို႔ သူမေဘး ဘယ္ညာ တစ္ဖက္တစ္ေယာက္ဆီ ၿခံရံကာကြယ္ကာ အထဲသို႔ လိုက္ပို႔သည္။

သူတို႔ ဓါတ္ေလွကားထဲ ေရာက္ခ်ိန္မွသာ ႏွစ္ေယာက္လုံး စိတ္သက္သာရာရသြားကာ ဖန္းပိုင္က အျပင္းအထန္ ဆိုလာသည္။

"ဒါ ေသခ်ာေပါက္ ဒုတိယမ်ိဳးဆက္ၾကယ္ပြင့္ လက္ခ်က္ျဖစ္ရမယ္!!"

ရွန့္ေခ်ာင္ ေတြးေတာၾကည့္လိုက္သည္။

"အဲ့လိုမ်ိဳးေသခ်ာေပါက္လည္း မဆိုနိုင္ဘူး"

ျဖစ္နိုင္ေခ်မွာ ေကာင္းေမလင္ေရာ တာဝန္ခံပါ သူမအား အေသသတ္လိုေနနိုင္သည္။ ထိုမၽွသာမကေသး၊ ကမၻာေပၚတြင္ မေကာင္းသည့္လူမွာ နည္းပါးသည္မဟုတ္လွပဲ ထိုသူႏွစ္ေယာက္လုံး မဟုတ္လၽွင္ သူမအား မုန္းတီးသည့္ အစြန္းေရာက္ ပရိသတ္လည္း ျဖစ္နိုင္သည္။

ဖန္းပိုင္ - "အစ္မေခ်ာင္ေခ်ာင္၊ ကၽြန္ေတာ္တို႔ ရဲတိုင္သင့္တယ္၊ ရဲကို ကာကြယ္ေပးခိုင္းၾကရေအာင္"

သူမ အနည္းငယ္ ဖိအားမ်ားလာသည္ဟု ခံစားလိုက္ရကာ

"ေပ့ေကာ မနက္ျဖန္လာတဲ့အထိ ေစာင့္ရေအာင္"

ရွန့္ေခ်ာင္အား အိမ္ပို႔ၿပီးသည့္တိုင္ ဖန္းပိုင္မွာ စိတ္မေအးနိုင္ေသး၊ ထို႔ေၾကာင့္ တင္းက်န္ကို ယေန႔ည သူမႏွင့္အတူ အိပ္ေစသည္။ သူ မျပန္ခင္ တံခါးႏွင့္ ျပတင္းေပါက္မ်ားကို စစ္ေဆးသြားကာ တံခါးေသခ်ာပိတ္ရန္ မွာခဲ့သည္။

တင္းက်န္က ဧည့္သည္ခန္းတြင္ အိပ္ကာ သူမတံခါးကို ဖြင့္လ်က္ထားထားၿပီး ရွန့္ေခ်ာင္ထံ ဆိုသည္။

"တစ္ခုခုဆို ငါ့ကို လွမ္းေခၚလိုက္"

တင္းက်န္၏ မ်က္ႏွာအမူအရာမွာ လူသတ္သမားက မိုးေပၚမွ က်လာၿပီး ျပတင္းေပါက္မွ ခုန္ဝင္လာေတာ့မည္ပမာ။

ညကား ေနာက္က်ေနေလၿပီ။

ရွန့္ေခ်ာင္ ကုတင္ေပၚတြင္ လွဲကာ ဘယ္ညာလူးလိမ့္ရင္း အိပ္မေပ်ာ္နိုင္ေပ။ အမွန္တကယ္တြင္မူ ျပင္ပတြင္ ျမင္ေနရသကဲ့သို႔ သူမ မတည္ၿငိမ္ေနေပ။ တစ္စုံတစ္ေယာက္က သူမအား သတ္လိုမွန္း သိေနျခင္းအေပၚ မည္သို႔မ်ား မေၾကာက္ရြံ႕ပဲ ေနနိုင္မလဲ?

သို႔ေသာ္ သူမ ပို၍ ထိတ္လန့္ေၾကာက္ရြံ႕ေလ၊ ပို၍ တည္ၿငိမ္ရေလပင္။ သို႔မွသာ ထိုရက္စက္သည့္သူမ်ားကို အေမွာင္ထဲမွ ထြက္လာေအာင္ ဆြဲထုတ္နိုင္ေပမည္။

သူမ ေသခ်ာေပါက္ အသက္ရွင္သန္ရမည္။ သူမထံတြင္ လုပ္စရာ မ်ားစြာ က်န္ေနေသးသည္။

ထိုအခ်ိန္၌ ဖုန္း႐ုတ္တရက္ ထျမည္လာကာ ဖုန္းတုန္ခါမွုေၾကာင့္ ရွန့္ေခ်ာင္၏ တင္းၾကပ္ေနသည့္ စိတ္အစဥ္မွာ လန့္ျဖပ္သြားရသည္။

'My Baby' ဟူေသာ ေခၚဆိုသူနာမည္ကို ျမင္လိုက္ခ်ိန္မွသာ စိတ္တင္းၾကပ္မွုႏွင့္ ထိတ္လန့္မွုမ်ားက ေနေရာင္ေၾကာင့္ ကြယ္ေပ်ာက္သြားရတဲ့ တိမ္တိုက္မ်ားပမာ အလၽွင္အျမန္ ေပ်ာက္ကြယ္သြားကာ ေႏြးေထြးသည့္ခံစားခ်က္သာ က်န္ရစ္ခဲ့သည္။

"ေဟာ့ရွီး !!"

သူက တိုးညႇင္းညႇင္း 'hmm' လိုက္ၿပီးေနာက္

"ဒီေန႔ တင္ဆက္တာ ေကာင္းတယ္"

စိတ္လိုက္မာန္ပါလုပ္ျခင္းမ်ိဳး အလ်ဥ္းမရွိပဲ မွတ္ခ်က္အခ်ိဳ႕၌ ဂီတအသုံးအႏွုန္းအခ်ိဳ႕ သုံးစြဲထားျခင္းက သူ႔အား အံ့အားသင့္ေစသည္။

"ရွင္ တိုက္ရိုက္ထုတ္လႊင့္တာကို ၾကည့္ေနတာလား?"

ခ်က္ခ်င္းဆိုသလိုပင္ သူမ ရွက္ရြံ႕သြားရသည္။

"ငါက ဒီတိုင္း ေလၽွာက္ေျပာေနတာ၊ မၾကည့္နဲ႔ေလ"

သူ႔ပုံစံက ရယ္ေမာေနပုံရေသာ္လည္း သူ႔ေလသံမွာ ေပါ့ေပါ့ပါးပါး။

"မင္း လူေတြကို ခ်ီးက်ဴးတာ အေတာ္ေလး ေတာ္တာပဲ၊ ဒါေပမဲ့ မင္း ငါ့ကို အဲ့လိုမ်ိဳး ခ်ီးက်ဴးတာေတာ့ မေတြ႕ပါလား"

"အဲ့ဒါက် မတူဘူးေလ"

"ဘာကြာလို႔လဲ?"

ရွန့္ေခ်ာင္ တုံ႔ဆိုင္းၿပီးမွ ခပ္တိုးတိုး ဆိုသည္။

"ေသမ်ိဳးလူသားေတြရဲ့ စကားလုံးေတြကို သုံးၿပီး နတ္ဘုရားကို ပုံေဖာ္လို႔ မရဘူး"

****
ၾကာသပေတးအေႂကြးပါ။ ဒီရက္ပိုင္း ေတာ္ေတာ္အလုပ္ရွုပ္ေနလို႔ အခ်ိန္မွန္ မတင္နိုင္ဘူးျဖစ္။

စာျပန္မစစ္ရေသးပါ။ ညတုန္းက အိပ္ခ်င္မူးတူး ေရးထားလို႔ အမွားေတြ ပါေနနိုင္ပါတယ္။ ျမင္ရင္ ေျပာေပးေနာ္။

****

Đọc tiếp

Bạn Cũng Sẽ Thích

517K 7.7K 32
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
11.9K 186 48
"You feel that? You need a lot more flour. There's some in your hair, use that." "There's flour in my hair?" "I just said that didn't I? What did ya...
23.2K 1.1K 10
Tay and New have been married for years and they try to figure out how to change their dynamic once they discover they're expecting. Oh! Did I mentio...
840K 70K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...