GTKWF (Myanmar Translation )

Par Liz_774

338K 46K 5.2K

Title: Get to Know about Wife Fan Author: Chun Dao Han Chapters: 167 chapter This is just a fan translation ... Plus

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 40
Manhwa
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
ကြော်ငြာ 💙
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64.1
Chapter 64.2
Chapter 65
Heaven's Greatest Plan
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69.1
Chapter 69.2
Chapter 70.1
Chapter 70.2
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81.1
Chapter 81.2
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93.1
Chapter 93.2
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99.1
Chapter 99.2
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108.1
Chapter 108.2
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131.1
Chapter 131.2
Chapter 132
Chapter 133
Chapter 133 (2nd version)
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140.1
Chapter 140.2
Chapter 141.1
Chapter 141.2
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149.1
Chapter 149.2
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155.1

Chapter 39

2K 278 24
Par Liz_774

{Unicode}

အပိုင်း ၃၉

နောက်တစ်ရက်မနက် ရှန့်ချောင် နိုးလာချိန်တွင် ဝယ်ယူရန်လိုအပ်သည့် ဟင်းရွက်စာရင်းများရေးကာ ဖန်းပိုင်ဆီပို့လိုက်ပြီး ဝယ်ယူပြီးနောက် လာပို့ပေးရန် မှာလိုက်သည်။ လက်ရှိအချိန်တွင် သူမ၏ ကျော်ကြားမှုမှာ တဖြည်းဖြည်းမြင့်တက်လာပြီဖြစ်သဖြင့် ယခင်ကကဲ့သို့ စိတ်လွတ်လက်လွတ် အပြင်မထွက်ရဲတော့ချေ။

မုန့်ရှင်းချန်၏ စမ်းသပ်လိုသည့် အဓိပ္ပါယ်ရောယှက်နေသည့် အကြည့်ကို လစ်လျူရှုရန် သူမ ဆုံးဖြတ်လိုက်ပြီး စီနီယာတစ်ယောက်ကို လေးစားသမှုမျိုးဖြင့် ဆက်ဆံရန်သာ စဉ်းစားလိုက်သည်။ သူ မည်ကဲ့သို့ သဲလွန်စမျိုး ပေးသည်ဖြစ်စေ သူမ နားလည်နိုင်သည်မျိုးမဟုတ်ချေ။

နေ့လယ်ခင်းတွင် မုန့်ရှင်းချန်က အချိန်မှန်ရောက်ရှိလာသည်။

ရှန့်ချောင် သူ့အား အိမ်ထဲသို့ ရိုရိုသေသေကြိုဆိုလိုက်ကာ သူမ သူ့ထံကြည့်လာသည့်အကြည့်မှာ မုန့်ရှင်းချန်အား အဘိုးအရွယ်ဟု ခံစားသွားရစေသည်။

ယနေ့သင်ခန်းစာမှာ အခြေခံအကျဆုံး သိမ်မွေ့သည့် မျက်နှာအမူအရာများအကြောင်းဖြစ်သည်။

ရှန့်ချောင် ဂရုတစိုက်နားထောင်သည်။ သူ ပြောပြနေသည်မှာ ပရော်ဖက်ရှင်နယ်တင်ဆက်မှုနည်းပညာသာမက နှစ်ပေါင်းများစွာ ဖြတ်သန်းလာသော အတွေ့အကြုံများနှင့် သူ၏ ကိုယ်ပိုင်စွမ်းရည်တို့ ပေါင်းစပ်ထားခြင်းဖြစ်သည်။ ရှန့်ချောင် သင်ယူရင်းဖြင့် သူမ တကြိမ်တခါမှ ပါဝင်ပတ်သက်မှုမရှိခဲ့သည့် နယ်ပယ်ထဲသို့ ချဉ်းနင်းဝင်ရောက်လာသည်။

နေ့လယ်ခင်းကား လျှင်မြန်စွာ ကုန်ဆုံးသွားသည်။

အချိန်အတော်ကြာ ထိုင်လိုက်ရသည့်အတွက် မုန့်ရှင်းချန်က ညောင်းညာသွားပုံရကာ ဇက်ဟိုဘက်ဒီဘက်လှည့်ရင်း ပခုံးထုလိုက်သည်။

"ဒီနေ့တော့ ဒီမှာပဲရပ်လိုက်ရအောင်၊ ငါ အများကြီးပြောရင် မင်း နားမလည်နိုင်မှာစိုးတယ်!"

"အိုကေ! ရှင့်ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ် စီနီယာမုန့်!"

မုန့်ရှင်းချန်က သူမထံ လှမ်းကြည့်လာသည်။

"ဒါဆို ဒီနေ့ မင်း ညစာအတွက် ပြင်ထားလား?"

".... အင်း၊ ကျွန်မ အခုချက်ချင်း သွားပြင်လိုက်မယ်၊ စီနီယာ ဘာစားချင်လဲ?"

သူက ခပ်ဖျော့ဖျော့ပြုံးသည်။

"ပြီးခဲ့တဲ့တစ်ခေါက်က မင်း ငါ့ကို ပဲခေါက်ဆွဲ (zhajiangmian) စားဖို့ ဖိတ်ခဲ့ပေမဲ့ မစားခဲ့ရတော့ ဒီနေ့ အဲ့အတွက် ပြန်ဖြည့်ဆည်းရမှာပေါ့"

"အင်း၊ ကျေးဇူးပြုပြီး ခဏစောင့်ပါ"

သူမ မှတ်စုစာအုပ်ကို သိမ်းလိုက်ပြီးနောက် မီးဖိုချောင်ဆီ ဦးတည်လိုက်သည်။

မုန့်ရှင်းချန် မတ်တပ်ရပ်ကာ လမ်းထလျှောက်လိုက်သည်။ သူ့အသက်အရွယ်မှာ မငယ်တော့ပဲ ယခင်ရိုက်ကူးရေးများမှ ရရှိခဲ့သည့် ဒဏ်ရာဟောင်းများက သူ့ခန္ဓာကိုယ်ပေါ် သက်ရောက်မှုရှိလာသည်။ တနေ့လယ်ခင်းလုံး ထိုင်နေခြင်းက သူ့ပခုံးနှင့် ခါးကို နာလာစေသည်။

သူ့ကြွက်သားတွေကို လှုပ်ရှားလိုက်ကာ ဧည့်ခန်းပတ်လည် လမ်းလျှောက်ပြီးနောက် မီးဖိုခန်းတံခါးဆီ သွားကာ ရှန့်ချောင်ကို မေးလိုက်သည်။

"ငါ လျှောက်ကြည့်လို့ရလား?"

"ရတယ်၊ ကိုယ့်အိမ်လို သဘောထားပါ"

မုန့်ရှင်းချန် ပြုံးကာ ပထမဆုံးအနေဖြင့် ဝရံတာဆီ ဦးတည်လိုက်ပြီး ပန်းပင်များသွားကြည့်သည်။ ပန်းပင်များကား ဂရုတစိုက် ပျိုးထောင်ထားခြင်းခံရသည်။ နွေဦးရာသီထဲ ချဉ်းနှင်းဝင်ရောက်လာပြီဖြစ်ပြီး အကိုင်းသစ်များက ပန်းငုံတို့ ထွက်စပြုပြီးဖြစ်ကာ ပန်းပွင့်ရန် အချိန်သိပ်မလိုတော့ချေ။

သူ ဧည့်ခန်းထဲ ပြန်ဝင်လာပြီးနောက် နံရံကပ်စင်ပေါ်ရှိ အလှဆင်ပစ္စည်းများနှင့် နံရံပေါ် ချိတ်ဆွဲထားသည့် ပန်းချီကို ခဏမျှ လှည့်ပတ်ကြည့်ရှုသည်။

ရှန့်ချောင်၏ အိပ်ခန်းတံခါးဝပေါ်တွင် တင်းကျန် သူမအတွက် လုပ်လာပေးသည့် 'ချောင်ချောင်၏ နန်းတော်' ဟူသော ဇာအနားကွပ်ဆိုင်းဘုတ်ငယ် ချိတ်ဆွဲထားသည်။ ရှန့်ချောင်က စာကြည့်ခန်းအငယ်စားကို တောင်းဆိုထားသည်မို့ တင်းကျန်က သူမထံတွင် မင်းသမီးငယ်များ၏ နှလုံးသားရှိနေဆဲဟု ထင်မှတ်ကာ ရှန့်ချောင်သာ သူမကို မတားဆီးလျှင် သူမက ပန်းရောင်ဇာဖြင့် အလှဆင်ထားသည့် အိပ်ခန်းကိုပင် ပြင်ဆင်ပေးပေမည်။

မုန့်ရှင်းချန် အိပ်ခန်းထဲ မဝင်ပဲ သစ်သားဆိုင်းဘုတ်ကိုသာ ခဏမျှ စိုက်ကြည့်သည်။ ထို့နောက် သူ အခြားလွတ်နေသည့် ဧည့်သည်အခန်းနှစ်ခန်းကို ဝင်ကြည့်လိုက်ပြီး နောက်ဆုံးအခန်းမှာ ဝရံတာအနားတွင်ဖြစ်ကာ တံခါးပိတ်ထားသည်မို့ စာကြည့်ခန်းဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။ သူ အထဲဝင်ကာ သူမ ပုံမှန် မည်ကဲ့သို့ စာအုပ်မျိုး ဖတ်လေ့ရှိသည်ကို ဝင်ကြည့်ချင်သည်။

သို့သော် သူ တံခါးလက်ကိုင်ကို လှည့်ဖွင့်ချိန်တွင်မူ သော့ခတ်ထားမှန်း သိလိုက်ရသည်။

အခြားအခန်း​တွေအားလုံး သော့ခတ်ထားခြင်းမရှိပဲ ဒီတစ်ခန်းထဲ သော့ပိတ်ထားတယ်?

မုန့်ရှင်းချန် ခပ်သာသာပြုံးကာ နောက်လှည့်ပြီး ဧည့်ခန်းထဲ ပြန်ထိုင်သည်။

ခဏမျှအကြာတွင် ရှန့်ချောင်က ပဲခေါက်ဆွဲနှစ်ပွဲဖြင့် ပြန်ထွက်လာကာ စားပွဲပြင်ဆင်ပြီးနောက် သံပုရာသီးလှီးကာ သံပုရာရည်ဖျော်လိုက်ပြီး သူ့ကို ရိုရိုသေသေလှမ်းခေါ်သည်။

"စီနီယာမုန့် ခေါက်ဆွဲရပြီ၊ ရှင့်အကြိုက်ဖြစ်ဖို့ မျှော်လင့်ပါတယ်"

မုန့်ရှင်းချန် အနားကပ်လာပြီးနောက် သူမထံ အကြိမ်ရေအနည်းငယ်လောက်ကြည့်ပြီးမှ ထိုင်ခုံဆွဲထုတ်ကာ ထိုင်လိုက်သည်။

"ရှောင်ချောင် မင်းအကြောင်း နည်းနည်းဆွေးနွေးရအောင်"

"စီနီယာပြောပါ"

"မင်း ငါ့ကို လေးလေးစားစား ခေါ်နေတာကို ရပ်လို့ရမလား? မင်းလုပ်တာ ငါ အရမ်းကြီး အသက်ကြီးနေပြီလို့ ခံစားရတယ်"

"......"

ရှန့်ချောင် ဟန်ဆောင်ပန်ဆောင် ပြုံးလိုက်သည်။

"ရှင်က ကျွန်မရဲ့ စီနီယာနဲ့ လောင်ရှီးလေ၊ ရိုရိုသေသေခေါ်တာက ဖြစ်သင့်တာပေါ့"

မုန့်ရှင်းချန် - "ငါက မင်းရဲ့ စီနီယာနဲ့ လောင်ရှီးဖြစ်ပေမဲ့ မင်းက မင်းရဲ့ စီနီယာနဲ့ လောင်ရှီးပြောတာကို နားမထောင်ဘူးပေါ့လေ"

ရှန့်ချောင် - "......"

သူမ ပြုံးလိုက်ပြီးနောက်

"နားလည်ပြီ"

ထိုအချိန်မှသာ မုန့်ရှင်းချန်က တူကောက်ကိုင်သည်။

ယခင်က သူမ အကြိမ်ရေအတော်များများ ပဲခေါက်ဆွဲလုပ်ဖူးသည်မို့ အရသာမှာ သဘာဝကျစွာပင် ဆိုးရွားမှုမရှိပဲ မုန့်ရှင်းချန် အကြိမ်ရေအနည်းငယ်လောက် မြည်းစမ်းပြီးနောက်

"မင်း စားသောက်ဆိုင် ဖွင့်လို့ရပြီ"

"စီနီယာက ကျွန်မကို မြှောက်နေပြန်ပါပြီ"

သူမ၏ ရိုသေလေးစားဟန်နှင့် စိမ်းသက်သည့် ပြုမူဟန်ကို မုန့်ရှင်းချန် မမြင်နိုင်သည်မဟုတ်ပေ။

သူမကား အများကြီး ပြောင်းလဲသွားလေပြီ။ သတင်းနှင့် ရသစုံအစီအစဉ်များတွင် တွေ့မြင်ရသည့် ပြောင်းလဲမှုများသာမက သူ့အပေါ်ထားရှိသည့် သူမ၏ အမြင်၊ သူ့ကို ကြည့်လာသည့် သူမ၏ အကြည့်၊ သူနှင့် အတူရှိနေချိန် သူမပြုမူသမျှ အရာအားလုံးကား ယခင်နှင့်မတူ ပြောင်းလဲသွားချေပြီ။

သူက မိမိကိုယ်ကိုယ် ယုံကြည်မှုနည်းကာ ဖိနှိပ်ခံထားရသည့် မိန်းကလေးကို ကူညီချင်ရုံမျှသာဖြစ်ပြီး သူမ ပြန်လည်တိုက်ခိုက်လိုစိတ်ရှိလာချိန်၌ သူက ကိတ်မုန့်ပေါ် ကရင်တင်ပေးသည့်အနေဖြင့် ထောက်ပံ့လိုခဲ့သည်။ ရသစုံရှိုးတွင် ဧည့်သည်အနေဖြင့် ပါဝင်ခြင်းသာမက သူမကို စာချုပ်ချုပ်ဖို့ ကုမ္ပဏီတွင် ထောက်ခံပေးခဲ့သည်မှအဆုံးပင်။

သို့သော် လက်ရှိအခြေအနေအရ သူ့အကူအညီကို သူမ လုံးဝ မလိုအပ်ပုံပေါ်သည်။

ဘာတွေဖြစ်နေလဲ သူ မစူးစမ်းပဲ မနေနိုင်တော့ချေ။

မုန့်ရှင်းချန် - "ရှောင်ချောင်၊ မင်း အရင်ကနဲ့ အရမ်းကွဲပြားသွားပြီ"

ခေါက်ဆွဲစားနေတဲ့ ရှန့်ချောင် အေးခဲသွားကာ မနေနိုင်ပဲ ဟော့ရှီးကို သတိရသွားသည်။

သူမ ရှန့်ချောင် ဖြစ်လာကာစတွင် ဟော့ရှီးသည်လည်း တူညီသော စကားကို ဆိုခဲ့ဖူးသည်။

သူမအိုင်ဒေါလ် အခု ဘာများလုပ်နေလဲ? သူ အချိန်မှန်မှ စားရဲ့လား? ရှိုးပွဲအတွက် ညနက်တဲ့အထိများ နေနေသလား? သူ့ကို သူမ မတွေ့သည်မှာ အချိန်အတော်ကြာပြီဖြစ်ကာ သူမ သူ့ကို တကယ့်ကို လွမ်းသည်။

ရှန့်ချောင် မော့ကြည့်ကာ မုန့်ရှင်းချန်ကို ပြုံးပြလိုက်သည်။

"လူတွေက အမြဲပြောင်းလဲနေတာပဲ"

ထိုအပြုံးကား တည်ငြိမ်လွန်းလှကာ သူမအကြည့်ကား ရေပြင်ငြိမ်ပမာ။

မုန့်ရှင်းချန် တောင့်ခဲသွားပြီးနောက် ပြုံးသည်။

"အင်း"

နောက်နှစ်ရက်အတွင်း မုန့်ရှင်းချန်က ပုံမှန်အတိုင်း သူမကို သင်ကြားပေးကာ သူမကို အခြေခံစွမ်းရည်ကို သင်ကြားပေးပြီးနောက်တွင် သူ့ကိုယ်ပိုင်အလုပ်အတွက် နိုင်ငံခြားထွက်ရန်လိုလာပြီး သူမကို အိမ်စာပေးခဲ့သည်။

တကိုယ်တော်ပြောဆိုရမည့် ရှည်လျားလှသည့် ဇာတ်ညွှန်း။

သူမ လေ့ကျင့်ပြီးနောက်တွင် သူမဖုန်းပေါ်၌ တင်ဆက်မှုကို ရိုက်ကူးကာ မုန့်ရှင်းချန်ထံပို့ပြီး အကဲဖြတ်မှုကို ခံယူရပေမည်။

ရှန့်ချောင် ခံစားချက်တစ်ခုချင်းစီတိုင်းကို လေ့လာ၍ စာသားတစ်ကြောင်းချင်းစီတိုင်း အလွတ်ကျက်မှတ်ကာ မှန်ရှေ့တွင် စတင်လေ့ကျင့်သည်။

မကြာခင်မှာပင် 'Starlight Junior' ထပ်မံရိုက်ကူးရမည့်နေ့ရက်သို့ ရောက်ရှိလာသည်။

တိုက်ရိုက်ထုတ်လွှင့်မှုဖြစ်သည်မို့ ပြိုင်ပွဲဝင်များက ပထမရက်၏ နေ့လယ်ခင်းတွင် အစမ်းလေ့ကျင့်ကြသည်။ နောက်တစ်ရက် ဒိုင်များ ရောက်ရှိလာချိန်တွင် စတိတ်စင်ပေါ်ရှိ ကကွက်များ၊ မီးအလင်းအရောင်နှင်ြ အသံပိုင်းဆိုင်ရာများကို ပြီးပြည့်စုံသည်အထိ ချိန်ညှိထားပြီးဖြစ်သည်။

ပထမပိုင်း ကြည့်ရှုနှုန်းမှာ တရှိန်ထိုး မြင့်တက်သွားခဲ့ကာ အစီအစဉ်ကို ကြည့်ရှူခဲ့သည့် ပရိသတ်အားလုံးနီးပါးက ဒုတိယပိုင်း တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသည်။

သူတို့အားလုံး ရှန့်ချောင် တိုက်ရိုက်ထုတ်လွှင့်မှုတွင် မည်ကဲ့သို့ သက်တန့်ချေးတုံးများ ထုတ်လွှင့်မည်ကို စိတ်ဝင်စားနေကြသည်။

တိုက်ရိုက်ထုတ်လွှင့်မှုက မကြာခင် စတင်မည်ဖြစ်ကာ သူတို့အားလုံး၏ မျှော်လင့်ချက်မှာ မကြာခင်မှာပင် ပြည့်ဝပေမည်။

ဤအဆင့်တွင် ပထမအဆင့်ကို ကျော်ဖြတ်လာနိုင်သည့် ပြိုင်ပွဲဝင်များမှ ထက်ဝက်ကို ဖယ်ထုတ်ပစ်မည်ဖြစ်ကာ သူတို့အားလုံး ကောင်းမွန်စွာ တင်ဆက်နိုင်ခဲ့လျှင်တောင် သူတို့နောက်ကွယ်တွင် ထောက်ပံ့အားပေးထားသူမရှိလျှင် အဖြုတ်ခံရမည်ဖြစ်သည်။

ဤလောက၏ ယှဉ်ပြိုင်မှုများမှာ အမြဲတစေ ရက်စက်ပြီး စွမ်းရည်သာရှိပြီး နောက်ခံမရှိလျှင် ပေါ်လွင်ဖို့ တကယ့်ကို ခက်ခဲပေသည်။

ရှန့်ချောင်၏ မိတ်ကပ်ပညာရှင် ကျိုးခန်က သူမကို ယနေ့အတွက် ချိုမြိန်ပြီး ချစ်စဖွယ်ကောင်းသည့် ပုံရိပ်ကို ဖန်တီးပေးထားကာ နဖူးရှေ့တွင် ဆံမြိတ်ခပ်ဝဲဝဲကျလျက်ရှိပြီး မက်မွန်ရောင်မျက်ဝန်းအကြည့်ကို လိမ်းခြယ်ပေးထားသည်။ နောက်ဆုံးအနေဖြင့် မိန်းကလေးဆန်သည့် ခံစားချက်ကို ပိုမိုပံ့ပိုးကာ ရိုးသားဖြူစင် ချစ်စဖွယ်ကောင်းစေသည့် ဂါဝန်ကို ဝတ်ဆင်ထားသည်။

သူတို့အားလုံး စတိတ်စင်ပေါ် ပေါ်ထွက်လာချိန်တွင် ပရိသတ်များအားလုံး အရူးအမူးအော်ဟစ်အားပေးလာကြသည်။ ပထမပိုင်း ထုတ်လွှင့်မှုအပြီးတွင် ယှဉ်ပြိုင်သူအားလုံးသည်လည်း ပရိသတ်ကိုယ်စီ ရရှိပြီးဖြစ်သည်။ ထိုအချိန်ခဏတွင် မီးရောင်စုံများနှင့် ရောင်စုံသည့်နာမည်များ ပြည့်နှက်နေသည်မှာ တက်ကြွသည့် ပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေသည်။

အစပျိုးမှုပြီးဆုံးသည်နှင့် ဖြုတ်ချခြင်း အစီအစဉ်စတင်သည်။

ယနေ့အတွက် ဖျော်ဖြေရမည့်အစီအစဉ်မှာ ကြယ်ပွင့်ဖယ်ရှားသူက ပုံးတပုံးထဲမှ မဲနှိုက်သည့်အစီအစဉ်အတိုင်းဖြစ်သည်။ စတိတ်စင်ပေါ်တွင် ဦးဆုံးဖျော်ဖြေရမည့်သူများမှာ အနည်းနဲ့အများ ဖိအားရှိလေ့ရှိသည်။ ပြိုင်ပွဲဝင်များက သူတို့နံပါတ်ကို အခေါ်မခံရစေရန် ဆုတောင်းနေကြပြီး ရှန့်ချောင် ဘောလုံးတစ်လုံးထုတ်ယူကာ မိုက်ခရိုဖုန်းကိုင်ရင်း ဖတ်ပြသည်ကို ကြည့်နေသည်။

"နံပါတ် ၉၊ ကျွန်မ ဒီပြိုင်ပွဲဝင်ကို မှတ်မိတယ်၊ သူ သီချင်းဆိုတာ သိပ်ကောင်းတယ်၊ ဒီတစ်ခေါက် သူ ဘယ်လိုဖျော်ဖြေမလဲ သိရအောင် စင်ပေါ် ကြိုဆိုလိုက်ရအောင်"

ပြိုင်ပွဲဝင်နံပါတ် ၉ က အသက်ပြင်းပြင်းရှူလိုက်ကာ စင်ပေါ်တက်လာသည်။

ဒီပြိုင်ပွဲဝင်က လဲ့ယိနှင့် စာချုပ်ချုပ်ထားခြင်းမရှိသော်လည်း ရှိုးအစီအစဉ်တွင် လူသစ်လာရောက်စုဆောင်းသည့် အခြား ကုမ္ပဏီကြီးနှင့် စာချုပ်ချုပ်ထားပြီးဖြစ်သည်မှာ ထင်ရှားသည်။

သူက သူ့ကိုယ်ပိုင်သီချင်းကို သီဆိုကာ သီချင်းပုံစံမှာ Rock ပုံစံနွယ်ပြီး သု့ကိုယ်ပိုင်ဟန် ရောယှက်နေသည်။ စတိတ်စင်အောက်တွင် အနည်းငယ်ရှက်ရွံ့နေဟန်ရပေမဲ့ အမှန်တကယ်ဖျော်ဖြေချိန်တွင်မူ အင်ပြည့်အားပြည့်ဖြစ်ကာ ပတ်ဝန်းကျင်ကို ပို၍ တက်ကြွသွားစေသည်။

တင်ဆက်မှုပြီးဆုံးချိန်တွင် ဒိုင်သုံးယောက်က မှတ်ချက်စကားဆိုကာ စကရင်မှ ကြည့်ရှုနေသည့် ပရိသတ်များသည်လည်း ကွန်မန့်များ အဆက်မပြတ်ပေးနေသည်။

[လာတော့၊ လာတော့၊ သက်တန့်ချေးတုံးတွေ လာတော့!]

[ဒီနေ့ည ဘယ်လို သက်တန်းချေးတုံးတွေ ကြားရမလဲ ငါ သိချင်နေပြီ၊ ငါ စောင့်နေတာ!!]

[Rainbow farts, Rainbow farts, Rainbow farts!!]

.......

...

.....

.....

နောက်ဆုံးတွင် ရှန့်ချောင် အလှည့်သို့ ရောက်ရှိလာသည်။ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသည့် အင်တာနက်အသုံးပြုသူများသာမက ခန်းမထဲရှိ ပရိသတ်များပါ အသက်ရှူအောင့်ကာ သူမ စကားဆိုမည်ကို စောင့်ဆိုင်းနေသည်။

စင်ပေါ်ရှိ အနည်းငယ်မောဟိုက်နေတဲ့ လူရွယ်ကို ရှန့်ချောင် ပြုံးကြည့်လိုက်ကာ သူမလေသံထဲရှိ သဘောကျမှုကို ဖုံးကွယ်မထားချေ။

"ဘုရားက မင်းကို ဖန်ဆင်းတုန်းက အချိန်ခြောက်ရက်ယူတယ်လို့ ငါထင်တယ်၊ ပထမရက်မှာ မင်းရဲ့အရိုးတွေကို ဖန်ဆင်းပြီး ဒုတိယရက်မှာ အသွေးအသားတွေကို ဖန်ဆင်းတယ်၊ တတိယရက်မှာ မင်းရဲ့ အရေပြားကို ဖန်ဆင်းပြီး လေးရက်မြောက်နေ့မှာတော့ မင်းရဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖန်တီးတယ်၊ ငါးရက်နေ့မှာ မင်းရဲ့ ပါရမီကို ဖြည့်တင်းပြီး နောက်ဆုံးနေ့မှာတော့ မင်းရဲ့ အသံကို အနမ်းတပွင့် စွန့်ကြဲတယ်"

ဒိုင်သုံးယောက် - "??"

ပရိသတ် - "??"

အင်တာနက်အသုံးပြုသူများ - "??"

သောက်ကျိုးနည်း၊ ဒါဘယ်လိုတောင် ချီးမွမ်းခန်းဖွင့်လိုက်တာလဲ?!

ထောင်ပေါင်းများစွာသော လူများ ဒူးထောက်ကာ သူတို့အိုင်ဒေါလ်တွေအတွက် ချီးမွမ်းစကားရေးပေးဖို့ ရှန့်ချောင်ကို တောင်းပန်ချင်စိတ်ပေါက်သွားသည်!!

အင်တာနက်အသုံးပြုသူများ၏ အာရုံမှာ ပြိုင်ပွဲဝင်များထံတွင် လုံးဝရှိမနေပေ။ ယခုလက်ရှိတိုက်ရိုက်ထုတ်လွှင့်နေခြင်းသာ မဟုတ်လျှင် သူတို့အားလုံး ရှေ့ကျော်ရစ်ကာ ရှန့်ချောင်၏ ကွန်မန့်များကို ကျော်ကြည့်ပေမည်။

ဒိုင်သုံးယောက်လုံး အဆင့်တက်ပေးလိုက်သည့် ပြိုင်ပွဲဝင်များ ပေါ်လာတိုင်း ရှန့်ချောင်က သက်တန့်ကဲ့သို့ ချီးမွမ်းစကား တသီကြီး ထုတ်လွှတ်ပေမည်။ ပြိုင်ပွဲမှ ထုတ်ပယ်ခံရသည့် ယှဉ်ပြိုင်သူများကိုပင် သူမက 'ငါ မင်းဆီမှာ မဆုံးနိုင်တဲ့ ဖြစ်နိုင်ချေတွေ အများကြီး မြင်ရတယ်' စသည်ဖြင့် စိတ်ခွန်အားပေးသည့် စကားများ ဆိုပေမည်။

တကြိမ်တခါမှပင် သူမ၏ အခွင့်အရေးဖြစ်သည့် ကြယ်ပွင့်ဖယ်ရှားမှုကို အသုံးမပြုခဲ့ချေ။

ထပ်ခါတလဲလဲ မီးစိမ်းများသာ ဖြစ်သည်။

ပရိုဂရမ်အလယ်နားတွင် ရှန့်ချောင်၏ သက်တန့်ကဲ့သို့သော ချီးမွမ်းစကားအသစ်များမှာ အင်တာနက်တခွင် ပျံ့နှံ့သွားကာ နာမည်ကျော်သွားသည်။ ယင်းက များစွာသော ကြည့်ရှုသူများကို ဆွဲဆောင်ကာ ကြည့်ရှုနှုန်းမှာ အဆက်မပြတ် မြင့်တက်လာသည်။

ဒါရိုက်တာအဖွဲ့မှာ အပျော်လုံးဆို့ကာ ရှန့်ချောင်ကို နားကြပ်မှတဆင့် တိုက်တိုက်တွန်းတွန်းဆိုသည်။

"များများပြောပေး၊ တကယ်လို့ မင်း ပြောစရာကုန်သွားရင် ငါတို့ မင်းအတွက် ကြိုရေးထားတဲ့ စာရွက် လာပို့ခိုင်းပေးမယ်"

ကြည့်ရှုနှုန်းမှာ အမြင့်ဆုံးထိ ထိုးတက်သွားပြီး အခြေအနေမှာ တက်ကြွနေသည်။ နောက်ထပ်ယှဉ်ပြိုင်သူတစ်ယောက် စတိတ်စင်ပေါ် တက်ရောက်လာချိန်တွင် ထိုပြိုင်ပွဲဝင်မှာ ခရေပွင့်(*) ဖြင့် အမှတ်အသားပြုထားခံရသူဖြစ်ပြီး လဲ့ယိဖြင့် စာချုပ်ချုပ်ထားသူဖြစ်သည်။

စတိတ်စင်ပေါ်တွင် ထိုလူရွယ်က ဂစ်တာလွယ်ထားပြီး သူ့မျက်နှာမှာ ချောမောလှသည်။ ထိုလူရွယ်က ဒါရိုက်တာတစ်ယောက်၏ သားဖြစ်ပြီး ဒုတိယမျိုးဆက်ကြယ်ပွင့်ဟု သတ်မှတ်နိုင်ကြောင်း ယဲ့ထုန်ပြောဖူးသည်ကို ရှန့်ချောင် အမှတ်ရလိုက်သည်။ ထိုသူကား ချောမောကြည့်ကောင်းကာ ပါရမီရှိပြီး သူ့မိသားစု၏ ထောက်ပံ့မှုဖြင့် ပွဲဦးထွက်ပြီးသည်နှင့် သူ့အနာဂတ်မှာ ဖြောင့်ဖြူးနေသည်။

ထိုလူရွယ်က အဆိုစွမ်းရည်ကောင်းကောင်းဖြင့် ကိုယ်ပိုင်သီချင်းတစ်ပုဒ်ကို သီဆိုကာ သူ့အသံမှာလည်း မဆိုးလှ။ ယဲ့ထုန်က သူမ၏ စကရင်အချိန်ကို မြှင့်တင်လိုဟန်ရကာ အဦးဆုံး မှတ်ချက်ပေးလာသည်။

"မင်း ဘာလို့ ဒီအစီအစဉ်ကို လာတာလဲ? ပြိုင်ပွဲက ဒီလောက် ပြိုင်ဆိုင်မှုများတာ၊ မင်းအနေနဲ့ ဒီလောက် ကြိုးစားစရာ မလိုဘူး ထင်တယ်"

ဒုတိယမျိုးဆက်ကြယ်ပွင့်က ရိုးရိုးရှင်းရှင်းဖြေသည်။

"ကျွန်တော်ငယ်ကတည်းက သီချင်းဆိုရတာကို သဘောကျခဲ့တာ၊ နောက်ပြီး ပရိသတ်တွေကလည်း ကျွန်တော့်သီချင်းသံကနေတဆင့် ကျွန်တော့်ကို မှတ်မိဖို့ မျှော်လင့်တယ်၊ အမှန်တော့ ကျွန်တော့်ရဲ့ တကိုယ်ရည်ခွန်အားက အများကြီးသေးငယ်ပါတယ်၊ သီချင်းဆိုတာကလွဲလို့ ကျန်တာ ဘာမှ မလုပ်တတ်ပေမဲ့ ဒီသီချင်းသံနဲ့ ဂီတလောကကို အလင်းပေးဖို့ မျှော်လင့်ပြီး ကျော်ကြားမှုကို အားကိုးထားတဲ့ ပုံရိပ်ယောင်အောက်မှာ သီချင်းကောင်းတွေ ပျောက်ကွယ်မသွားဖို့ မျှော်လင့်တယ်"

ကြည့်ရှုသူအများစုက ချက်ချင်း သူ့စကားအဓိပ္ပါယ်ကို နားလည်သည်။

သူက လက်ရှိဂီတလောကရှိ အိုင်ဒေါလ်များကို လှောင်ပြောင်နေခြင်းဖြစ်ပြီး ကျော်ကြားမှုကြောင့် သီချင်းကောင်း မကောင်းမှာ ပုံရိပ်ယောင်မျှသာ ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

ထိုစကားများအတွက် ကြည့်ရှူသူများက သူ့အား လက်ခုပ်တီး အားပေးလာပြီး ဒိုင်များက ချီးကျူးစကားဆိုကာ သူတို့အားလုံး သူ့ကို တစ်ယောက်ပြီး တစ်ယောက် အဆင့်တက်ပေးကြသည်။ ရှန့်ချောင်အလှည့်ရောက်ချိန်၌ ဒီတစ်ကြိမ်တွင် သူမ ဘယ်လိုအံ့ဩဖွယ်ရာစကားများ ဆိုမလဲ လူတိုင်း မျှော်လင့်စောင့်စားနေကြသည်။

ကင်မရာမြင်ကွင်း ပြောင်းလဲသွားပြီးနောက် ဒီတချိန်လုံး ပြုံးနေခဲ့သည့် ရှန့်ချောင်က လက်ရှိတွင် အေးစက်နေသည်ကို မြင်လိုက်ရသည်။

သူမကား စကားတစ်ခွန်းမှ မဆို။ သူမရှေ့ရှိ အနီရောင်ခလုတ်ကို ဖိနှိပ်လိုက်ချိန်တွင် သူမမျက်နှာပေါ်တွင် အမူအရာကင်းမဲ့လျက်ရှိသည်။

ကြယ်ပွင့်ဖယ်ရှားသူက သူမ၏ ပထမဆုံးပယ်မဲကို အသုံးပြုလိုက်သည်။

ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ။

ဒိုင်များ စကားမဆိုမှီမှာပင် ပြိုင်ပွဲဝင်က အငြိမ်မနေနိုင်ပုံရကာ သူ့ပုံစံက တခါမှ အငြင်းစကား အဆိုမခံရဖူးလေဟန်။ သူက မိုက်ခရိုဖုန်းကို ချက်ချင်း ကောက်ကိုင်ကာ မေးခွန်းထုတ်သည်။

"ကျွန်တော့်ကို ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက်ပေးဖို့ Ms. ရှန့်ချောင်ကို တောင်းဆိုလို့ရမလား? ဂီတအကြောင်း နားမလည်တဲ့ လူတစ်ယောက်က ကျွန်တော့်ရဲ့ ဖန်တီးမှုကို ငြင်းပယ်တာ လက်မခံနိုင်ပါဘူး"

ရှန့်ချောင် သူ့ကို သရော်ပြုံးပြုံးလိုက်သည်။

"ငါ ဂီတသီအိုရီတွေအကြောင်း နားမလည်ပေမဲ့ မင်းသီချင်းက မူရင်းလား ခိုးကူးထားတာလားတော့ ငါ ခွဲခြားနိုင်တယ်၊ ကျော်ကြားမှုပုံရိပ်မှာ သီချင်းကောင်းတွေ ပျောက်ကွယ်မသွားစေချင်ဘူးလို့ မင်းပြောတယ်၊ ဒါပေမဲ့ မင်းကိုယ်တိုင်က နာမည်ကြီးတစ်ယောက်ရဲ့ သီချင်းကို ခိုးကူးထားတယ်၊ သူ့သီချင်းကို အမှီပြုပြီး စင်ပေါ်မှာ ကြွားလုံးထုတ် ကဲ့ရယ်ဖို့ မင်းမှာ ဘာအရည်အချင်းရှိလဲ?"

ဒုတိယမျိုးဆက်ကြယ်ပွင့်ပုံစံမှာ တောင့်ခဲသွားကာ သူ့မျက်နှာနီရဲသွားပြီးနောက် ဒေါသတကြီး ခွန်းတုံံ့ပြန်သည်။

"ငါ ဘာမှ မခိုးကူးဘူး!! တီထွင်ဖန်တီးမှုဆိုတာကို မင်း ဘာမှ နားမလည်ဘူး!!"

ကြည့်ရှူသူများရော ဒိုင်သုံးယောက်ပါ အေးခဲသွားသည်။

ခိုးကူးတယ်? ဘာကို ခိုးကူးတာလဲ? သူတို့ ဘာလို့ သတိမပြုမိတာလဲ?

သူ့အရှက်မဲ့မှုကြောင့် ရှန့်ချောင် ဒေါသထွက်လွန်းရသဖြင့် မတ်တပ်ထရပ်လိုက်သည်။

"မင်းရဲ့ ဒီသီချင်း ခိုးကူးထားတာက..."

မိုက်ခရိုဖုန်းကား ရုတ်ခြည်း ပိတ်ချခံလိုက်ရသည်။

သူမ မိုက်ခရိုဖုန်းကို တောက်လိုက်ကာ ဒါရိုက်တာက အသံပိတ်လိုက်ကြောင်း ချက်ချင်း သတိပြုမိသွားသည်။ ထို ဒါရိုက်တာက နားကြပ်ထဲမှတဆင့် ညွှန်ကြားလာသည်။

"အစီအစဉ်မှူး စတိတ်စင်ပေါ်တက်ပြီး အခြေအနေကို ထိန်းသိမ်း၊ ယဲ့ထုန်နဲ့ ဝေ့ဟယ်သုန်း ခိုးကူးတယ်ဆိုတာကို ငြင်း"

ထို့နောက် သူ အံကြိတ်ဆိုလိုက်သည်။

"ရှန့်ချောင် ဒါ တိုက်ရိုက်ထုတ်လွှင့်နေတာ!! စတိတ်စင်ပေါ်က လူက စာချုပ်ချုပ်ပြီးသား လူ!! အဓိပ္ပါယ်မရှိတာ မလုပ်နဲ့!! ချက်ချင်း တောင်းပန်ပြီး မင်းအကြားမှားတယ်လို့ ပြောလိုက်!!"

ရှန့်ချောင် ရယ်မောလုနီးပါးပင်။

သူမနားကြပ်ကို ဆွဲဖြုတ်ကာ မြေကြီးပေါ် ပေါက်ခွဲလိုက်ပြီး သူမ၏ ဂါဝန်တိုဖြင့် စတိတ်စင်ပေါ် ပြေးတက်သွားသည်။

ယနေ့တွင် သူမ၏ ပုံရိပ်မှာ သိသာထင်ရှားစွာဖြင့် ချိုမြိန်သည့် မင်းသမီးဟန်ပန်ဖြစ်သော်လည်း လက်ရှိအချိန်တွင်မူ သူမက ဒေါသတကြီးဖြစ်နေသည်။ တုံ့ပြန်မှုမရှိတဲ့ ဒုတိယမျိုးဆက်လက်ထဲမှ မိုက်ခရိုဖုန်းကို ဆွဲယူလိုက်ကာ အလျှင်အမြန် တရစပ်ေပြောလာသည်။

"သူ ခိုးချတာက ဟော့ရှီးရဲ့ ပထမနှစ် ပွဲဦးထွက်ထဲက မူရင်းသီချင်း 'Wind & Cold' ၊ အယ်လ်ဘမ်ထဲ မပါခဲ့ပေမဲ့...."

မိုက်ခရိုဖုန်းက နောက်ထပ်တကြိမ် အသံပိတ်ခြင်း ခံလိုက်ရသည်။

ရှန့်ချောင်ကား အလွန်အမင်း ဒေါသပုန်ထနေသည်။

တင်းကျန်နှင့် ဖန်းပိုင်သည်လည်း ပရိုဂရမ်အဖွဲ့၏ တွန်းအားပေးမှုဖြင့် စင်ပေါ် တက်လာကာ သူမကို ဆွဲခေါ်သွားသည်။ ဖန်းပိုင်ခမျာ ငိုချလုနီးနီး။

"အစ်မချောင် ဒါ တိုက်ရိုက်ထုတ်လွှင့်နေတာ!! ကျေးဇူးပြုပြီး တော်ပါတော့"

"သူ ခိုးကူးတာ! သူ ဟော့ရှီးရဲ့ သီချင်းကို ခိုးကူးထားတာ! ပြီးတော့ သူက နာမည်ကြီး အဆိုတော်တွေကို အထင်သေးရဲသေးတယ်!! သူက ခိုးကူးတဲ့ခွေးတစ်ကောင်သက်သက်ပဲ၊ ဟော့ရှီးကို အထင်သေးရအောင် သူက ဘာအရည်အချင်းများရှိနေလို့လဲ!!"

သူမထံတွင် မိုက်ခရိုဖုန်းမရှိသည်မို့ ထိုစကားများကို သူမ အော်ပြောလိုက်သည်။ ဖန်းပိုင်နှင့် တင်းကျန် ဆွဲခေါ်သွားရာလမ်းတစ်လျောက် အနီးနားရှိလူများမှ လွဲကာ မည်သူမျှ မကြားကြချေ။

ထိုအဖြစ်အပျက်မှာ ရုတ်တရက်ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် ဒေါသထွက်လေ့မရှိပဲ ကောင်းကောင်းမွန်မွန်ပြောဆိုကာ နူးညံ့ဖော်ရွေတတ်သော ရှန့်ချောင်က ရုတ်တရက် ပေါက်ကွဲလာမည်ဟု မည်သူမှ မမျှော်လင့်ထားပေ။

မြင်ကွင်းမှာ ယောက်ယက်ခတ်နေသလို တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူများကလည်း ရှန့်ချောင်ပြောသွားသည့် သီချင်းကို ရှာဖွေကာ အလုပ်များလျက်ရှိသည်။

ဟော့ရှီး၏ ပထမဆုံး တကိုယ်တော်သီချင်း 'Wind & Cold'

သူတို့အားလုံး သီချင်းကို နှိပ်ကာ ဖွင့်နားထောင်လိုက်သည်။ Intro နှင့် Chorus မှာ အမှန်တကယ်ပင် ဆင်တူလွန်းလှသည်။

ရှန့်ချောင်ပါဝင်မှုကြောင့် ရှီးကွမ်းအကုန်နီးပါးက ပရိုဂရမ်ကို လာရောက်ကြည့်ရှုခြင်းမရှိပေ။ ဟော့ရှီး၏ သီချင်းထုတ်လွှင့်ခဲ့သည်မှာ ကြာမြင့်လှပြီးဖြစ်ကာ အယ်လ်ဘမ်ထဲတွင် မပါဝင်သည့်အပြင် လက်တလောနှစ်များအတွင် သီချင်းများစွာ ပေါ်ထွက်ခဲ့ပြီး လူကြိုက်မများလှခြင်းကြောင့် ဟော့ရှီးက ထိုသီချင်းကို ပြန်လည်သီဆိုခဲ့ခြင်းမရှိပေ။ သူ၏ Diehard fan များမှ လွဲ၍ လူတိုင်းနီးပါး ဒီသီချင်းကို နားမထောင်ဖူးပေ။

ရှန့်ချောင်၏ လက်တလော ပေါက်ကွဲမှုကြောင့်သာ မဟုတ်လျှင် ဒီသီချင်းက ခိုးကူးခံထားရမှန်း သိရှိနိုင်ရန် မည်မျှကြာမလဲ မသိချေ။

ထိုအချိန်တွင် ဒုတိယမျိုးဆက်ကြယ်ပွင့်မှာ ပွဲဦးထွက်ပြီး ဖြစ်နေလောက်သည်။

တဖက်တွင် နာမည်ကြီး အဆိုတော်များကို အထင်သေးကာ အခြားတဖက်တွင် သူတို့သီချင်းများကို ခိုးကူးသည်။ ဒီလို အရှက်မရှိတဲ့သူမျိုးက ကြွားဝါဖို့ သတ္တိရှိရဲသေးတယ်!!

ကွန်မန့်များက ချက်ချင်းပင် ပေါက်ကွဲထွက်လာကာ ဒုတိယမျိုးဆက်ကြယ်ပွင့်ကို ဆူဆဲနေပြီး ရှန့်ချောင် အနိုင်ကျင့်ခံနေရကြောင်း ဆိုနေကြသည်။

သူမက တိုက်ရိုက်ထုတ်လွှင့်မှုတွင် ထိုကဲ့သို့ ကြီးမားသော ပြဿနာကို ဖန်တီးခဲ့ပြီး ပရိုဂရမ်အဖွဲ့မှာ အစီအစဉ်ကို မည်သို့ အဆုံးသတ်ရမလဲ မသိသေးချေ။ ပရိုဂရမ်အဖွဲ့က သူမအား နှုတ်ပိတ်မည်ကိုပင် စိုးရိမ်ရသည်။

ထို့နောက် ရှန့်ချောင် Hot search ထဲ ရောက်နေမှန်း ရှီးကွမ်းများ သိသွားကြသည်။

[ဒီငကန်းခွေးက ဘာလုပ်ပြန်တာလဲ? ကုမ္ပဏီအသစ်နဲ့ စာချုပ်ချုပ်ပြီး သူ ဘဝသစ်စပြီလို့ ငါထင်နေတာ၊ နာမည်ကြီးအောင် လုပ်တဲ့နည်းက အခုထိ တူတူပဲလား?"

['ရှန့်ချောင်ဒေါသပုန်ထခြင်း' ဆိုတဲ့ ဗီဒီယိုကို ဖွင့်ကြည့်လိုက်၊ 'သူဟော့ရှီးရဲ့ သီချင်းကို ခိုးကူးနေတယ်' လို့ ရှန့်ချောင် အကျယ်ကြီး အော်ပြောတာ ငါ ကြားလိုက်တယ်၊ ပရိုဂရမ်အဖွဲ့က သူ့ကို ထပ်ခါတလဲလဲ စင်ပေါ်က ဆွဲချတာ ငါမြင်လိုက်တယ်]

[ဒီဒုတိယမျိုးဆက်ကြယ်ပွင့်ရဲ့ မူရင်းကိုယ်ပိုင်သီချင်းဆိုတာကို နားထောင်ပြီးတော့ ဒါက တကယ်ကြီး ဟော့ရှီးရဲ့ 'Wind & Cold' ပဲ]

[ဒီမြင်းရိုင်းက ငါတို့ဆီက ခိုးကူးပြီး ဘယ်လိုများ ငါတို့ကို လှောင်ရဲတာလဲ?]

ရှီးကွမ်းများက ထို ဒုတိယမျိုးဆက်ကြယ်ပွင့်နှင့် 'Starlight Junior' ၏ ပရိုဂရမ်အဖွဲ့ကို ဒေါသတကြီး စုတ်ဖြဲလာသည်။ အင်တာနက်တစ်ခုလုံး ပွက်လောရိုက်နေပြီး ပြင်ပအခြေအနေမှာလည်း မထူးလှချေ။

နောက်ဘက်စင်ဆီ ပြေးလာတဲ့ ဒါရိုက်တာက ရှန့်ချောင်ကို ဆူလာပြီး ဆူပူမှုအပြီးတွင် တင်းတင်းမာမာဆိုလာသည်။

"ဒီကိစ္စမှာ မင်း လုံးဝတာဝန်ရှိတယ်!!"

ရှန့်ချောင်မျက်နှာကား အမူအရာကင်းမဲ့လျက်။

"ခိုးကူးတဲ့အကြောင်း မပြောတော့ဘူးလား?"

"ထပ်ပြောလိုက်စမ်း!! သူက လဲ့ယိရဲ့ စာချုပ်ချုပ်ထားတဲ့ အနုပညာရှင်၊ သူ့အဖေက ဒါရိုက်တာ လုဖင်းကျုံး!!"

"စာချုပ်ချုပ်ထားတဲ့ အနုပညာရှင်က ခိုးကူးလို့ရလား? သူ့အဖေက ဒါရိုက်တာဆိုတာနဲ့ ခိုးကူးလို့ ရရောလား?"

ဒါရိုက်တာအဖွဲ့ - "......."

(ငါ သူ့ကို အသေရိုက်သတ်ပစ်ချင်လာပြီ!!)

ရှန့်ချောင် သရော်ပြုံးပြုံးကာ လှောင်ရယ်လိုက်သည်။

"သူ ခိုးကူးတာကို ကြေညာပြီး ပြိုင်ပွဲက ချက်ချင်း ဖယ်ရှားဖို့ ကျွန်မ အကြံပေးမယ်၊ ဒါဆို ကျွန်မ ရိုက်ကူးရေးကို ပြန်သွားပြီး ပရိသတ်တွေကို သွားတောင်းပန်မယ်၊ ဒါက အကောင်းဆုံးဖြေရှင်းနည်းပဲ"

ထိုအဖြစ်အပျက်မှာ အင်တာနက်တစ်ခွင်လုံး တောမီးပမာ ပျံ့နှံ့သွား၏။ အုပ်ကွယ်လို့ မရသည်မျိုးကို သူတို့ ဖုံးကွယ်ထား၍ မရနိုင်ချေ။

ဒါရိုက်တာအဖွဲ့က သူတို့၏ ကံကြမ္မာကို လက်ခံသွားရသည်။

မကြာမှီပင် ရှန့်ချောင် လူမြင်ကွင်းပေါ် ပြန်ဝင်လာကာ အစီအစဉ်မှူးက သီချင်းမှာ ခိုးကူးထားသောကြောင့် အစီအစဉ်မှ ချက်ချင်း ဖယ်ရှားလိုက်ကြောင်း ပထမဆုံးကြေညာသည်။ ရှန့်ချောင်သည်လည်း တိုက်ရိုက်ကြည့်ရှုနေသူများနှင့် ခန်းမထဲရှိ ပရိသတ်များကို သူတို့၏ ကြည့်ရှုမှုအတွေ့အကြုံ အနှောက်အယှက်ဖြစ်သွားရမှုအတွက် တောင်းပန်စကားဆိုသည်။

ဒိုင်သုံးယောက်က အခြေအနေကို အဖတ်ဆယ်ရန် သဘောတူညီကာ ပတ်ဝန်းကျင်ကို သာတူညီမျှဖြစ်စေပြီး ရိုက်ကူးရေးဆက်လက်ရိုက်ကူးသည်။

သို့သော် ဤအဖြစ်အပျက်ပြီးနောက်တွင် မည်သူက အစီအစဉ်ကို ဆက်ကြည့်လိုမည်နည်း။

ခိုးကူးသည့်ပြိုင်ပွဲဝင်ကို ရှန့်ချောင် သဘောမကျခြင်းနှင့် အစီအစဉ်အဖွဲ့မှ မိုက်ပိတ်ချသည့်ဗီဒီယိုမှာ လူသန်းပေါင်းများစွာထံ ရောက်ရှိသွားသည်။

ဒါက ဘယ်လောက်တောင် တိုက်ရိုက်ဆန်ပြီး ဘယ်လိုသတ္တိမျိုးနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ခိုးကူးတာကို ဖော်ထုတ်ရဲတာလဲ? သူမက ပရိုဂရမ်အဖွဲ့ကို အပြစ်လုပ်သည်သာမက ဒါရိုက်တာကိုပါ စော်ကားခြင်းဖြစ်ပြီး အနာဂတ်တွင် သူမက ရုပ်ရှင်နယ်ပယ်တွင် ကျင်လည်ရဦးမည်မလား။

အစီအစဉ်အဖွဲ့၏ ဖုန်းခေါ်ဆိုမှုကို ပေ့မင်းဖန်လက်ခံရရှိချိန်တွင် သူအကြားမှားသည်ဟုပင် ထင်မှတ်ခဲ့သည်။

လူတိုင်းအပေါ် ကြင်နာနူးညံ့သည့် အဲ့ဒီရှန့်ချောင်ကလေ? စကားလုံးတိုင်းကို ရယ်ရယ်မောမောဆိုတတ်သည့်မိန်းကလေးငယ်က ယမ်းကုန်မီးကျ ဒေါသူပုန်ထသည်တဲ့လား? ထို့ပြင် မိုက်ခရိုဖုန်းကိုပါ ဆွဲယူသေးတယ်?

သူ ဗီဒီယို မကြည့်မိခင်အချိန်အထိ....

(သေစမ်း!! ဒါ မီးတောင်ပေါက်ကွဲတာမလား!!)

ပြဿနာမှာ သူတို့ဘာများလုပ်နိုင်သနည်း? ခိုးကူးမှုမပေါ် သူမဆန့်ကျင်ခြင်းနှင့် ပွင့်ပွင့်လင်းလင်းဖော်ထုတ်ရန် သတ္တိရှိမှုကိုသာ မီးမောင်းထိုးကာ သူမ၏ လူထုအမြင်ကို မြှင့်တင်ရန်သာ တတ်နိုင်သည်။

ကံကောင်းတာတစ်ခုမှာ အစီအစဉ်မှာ တဝက်ရောက်နေပြီးဖြစ်ကာ တိုက်ရိုက်ထုတ်လွှင့်မှုပြီးဆုံးရန် အချိန်သိပ်မလိုချေ။ တိုက်ရိုက်ထုတ်လွှင့်မှုပြဿနာနှင့်ပတ်သက်ပြီး ဒါရိုက်တာအဖွဲ့က ဖြေရှင်းရန် အလျင်လိုနေကာ ရိုက်ကူးရေးပြီးသည်နှင့် နှုတ်မဆက်ပဲ အလျင်စလို ထွက်ခွါသွားသည်။

ဖန်းပိုင်နှင့် တင်းကျန်ကား ရှန့်ချောင်ကို စိုက်ကြည့်နေကာ သူတို့အကြည့်များကား 'ငါတို့တော့သွားပြီ' ဟု အော်ဟစ်နေကြသည်။

ချောင်ဖန်များ တဖြည်းဖြည်း လျော့ပါးပျောက်ကွယ်သွားသည်ကို ရှန့်ချောင်ကြည့်ရင်း စုတ်သပ်လိုက်သည်။

ထိုအချိန်တွင် မည်သူက စအော်ဟစ်လိုက်မှန်းမသိပဲ

"ချောင်ချောင်! ငါတို့ နင့်ကို အမြဲအားပေးနေမယ်! မကြောက်နဲ့!"

ထိုအော်ဟစ်သံနောက်တွင် ထောက်ခံအားပေးသံ တခဲနက် ပေါ်ထွက်လာသည်။

သူမ ပရိသတ်ဘက်လှည့်ကြည့်ကာ ချစ်စဖွယ် ပြုံးပြလိုက်သည်။

ဖန်းပိုင် သူမကို အိမ်ပြန်ပို့ရင်း သူမ၏ ဘာမှမဖြစ်လေဟန် အမူအရာကို မြင်လျှင် သူ တကယ့်ကို ဆူပူပစ်ချင်သော်လည်း ဘယ်နေရာကစကာ ဘယ်လိုဆူရမလဲပင် မသိချေ။ နောက်ဆုံးတွင်တော့ သူ သက်ပြင်းချရုံသာ တတ်နိုင်သည်။

ပေ့မင်းဖန်က အရေးပေါ် PR နည်းလမ်းများ အသုံးပြုကာ နောက်ဆုံးတွင် သူမ၏ ပုံရိပ်ကို အဖက်ဆယ်နိုင်ခဲ့သည်။

ဖန်းပိုင်ထံ ရှန့်ချောင် လက်ဝှေ့ရမ်းပြလိုက်ကာ ကားထဲမှ ထွက်ရင်း ဖုန်းကိုင်လိုက်သည်။

"ရှန့်ချောင်!! နင် သောက်ကျိုးနည်း ဘာတွေလုပ်နေတာလဲ! နင်က ခုမှ လူသစ်လား?! နင် ဘာအရေးကြီးမှန်း မသိဘူးလား?!"

ဓါတ်လှေကားဆီ ဦးတည်လျှောက်သွားရင်း ရှန့်ချောင် တလေးတနက်ဆိုလိုက်သည်။

"ငါ စိတ်လောကြီးသွားပြီး နင့်ကို ပြဿနာဖြစ်စေလို့ တောင်းပန်ပါတယ်"

ထိုကဲ့သို့ ခပ်မြန်မြန်တောင်းပန်လာသည့်နောက် ပေ့မင်းဖန်ခမျာ သူမကို မည်သို့ဆက်လက်ဆူရမည်ပင် မသိတော့ချေ။

ဓါတ်လှေကားဆီ ရောက်ချိန်တွင် သူမမော့ကြည့်လိုက်ကာ အမှောင်ထဲတွင် ရပ်နေသည့်လူတစ်ယောက်ကို မြင်လိုက်သည်။ သူမ ရပ်လိုက်ချိန်တွင် အမဲရောင်ဘေ့စ်ဘောဦးထုပ်ဆောင်းထားသည့် ထိုလူထွက်လာကာ သူ မော့ကြည့်လာချိန်တွင် သူ့မျက်ဝန်းများကား ပင်လယ်ကဲ့သို့ပင်။

ရှန့်ချောင် ဖုန်းချလိုက်ကာ သူမမျက်နှာပေါ်တွင် သိသာတဲ့ ဝမ်းသာမှုဖြင့် ရှေ့ ခြေနှစ်လှမ်းတိုးသွားသည်။

"ဟော့ရှီး! နင် ဘာလို့ ဒီကိုရောက်နေတာလဲ? တရုတ်ကို ဘယ်တုန်းက ပြန်ရောက်တာလဲ?"

သူက သူမထံ နက်နက်နဲနဲစိုက်ကြည့်လာသည်။ အချိန်ခဏအကြာတွင်မှ ခပ်တိုးတိုးလေသံဖြင့်

"တိုက်ရိုက်ထုတ်လွှင့်မှုပြဿနာက ကြီးလွန်းတော့ ငါ ပြန်မလာရသေးရင်တောင် ပြန်လာမှဖြစ်တော့မှာလေ"

ရှန့်ချောင် ပခုံးကျုံ့သွားကာ ခပ်တိုးတိုးဆိုလိုက်သည်။

"ငါ နင့်ကို ပြဿနာထပ်ဖြစ်စေလို့ တောင်းပန်ပါတယ်"

သူမ ထိုစကားပြောပြီးချိန်မှာပင် သူမဦးခေါင်းထိပ်က နွေးထွေးမှုဖြင့် ရုတ်ခြည်း ဖုံးလွှမ်းခံလိုက်ရသည်။

အနွေးဓါတ်ခပ်ပါးပါးဖြင့် သူ့လက်ဖဝါးက သူမခေါင်းကို ဖွဖွပွတ်သပ်လာပြီးနောက် ဖွဖွဆိုသည်။

"မင်းက တကယ့်ငတုံးလေးပဲမလား?"

****
နောက်တပိုင်း ဒီနေ့လာမှာပေမဲ့ နောက်ကျပါမယ်။ သန်းခေါင်ကျော်နိုင်တာမို့ မနက်ဖြန်မှ ဖတ်နော်။

****






{Zawgyi}

အပိုင္း ၃၉

ေနာက္တစ္ရက္မနက္ ရွန့္ေခ်ာင္ နိုးလာခ်ိန္တြင္ ဝယ္ယူရန္လိုအပ္သည့္ ဟင္းရြက္စာရင္းမ်ားေရးကာ ဖန္းပိုင္ဆီပို႔လိုက္ၿပီး ဝယ္ယူၿပီးေနာက္ လာပို႔ေပးရန္ မွာလိုက္သည္။ လက္ရွိအခ်ိန္တြင္ သူမ၏ ေက်ာ္ၾကားမွုမွာ တျဖည္းျဖည္းျမင့္တက္လာၿပီျဖစ္သျဖင့္ ယခင္ကကဲ့သို႔ စိတ္လြတ္လက္လြတ္ အျပင္မထြက္ရဲေတာ့ေခ်။

မုန့္ရွင္းခ်န္၏ စမ္းသပ္လိုသည့္ အဓိပၸါယ္ေရာယွက္ေနသည့္ အၾကည့္ကို လစ္လ်ဴရွုရန္ သူမ ဆုံးျဖတ္လိုက္ၿပီး စီနီယာတစ္ေယာက္ကို ေလးစားသမွုမ်ိဳးျဖင့္ ဆက္ဆံရန္သာ စဥ္းစားလိုက္သည္။ သူ မည္ကဲ့သို႔ သဲလြန္စမ်ိဳး ေပးသည္ျဖစ္ေစ သူမ နားလည္နိုင္သည္မ်ိဳးမဟုတ္ေခ်။

ေန႔လယ္ခင္းတြင္ မုန့္ရွင္းခ်န္က အခ်ိန္မွန္ေရာက္ရွိလာသည္။

ရွန့္ေခ်ာင္ သူ႔အား အိမ္ထဲသို႔ ရိုရိုေသေသႀကိဳဆိုလိုက္ကာ သူမ သူ႔ထံၾကည့္လာသည့္အၾကည့္မွာ မုန့္ရွင္းခ်န္အား အဘိုးအရြယ္ဟု ခံစားသြားရေစသည္။

ယေန႔သင္ခန္းစာမွာ အေျခခံအက်ဆုံး သိမ္ေမြ႕သည့္ မ်က္ႏွာအမူအရာမ်ားအေၾကာင္းျဖစ္သည္။

ရွန့္ေခ်ာင္ ဂ႐ုတစိုက္နားေထာင္သည္။ သူ ေျပာျပေနသည္မွာ ပေရာ္ဖက္ရွင္နယ္တင္ဆက္မွုနည္းပညာသာမက ႏွစ္ေပါင္းမ်ားစြာ ျဖတ္သန္းလာေသာ အေတြ႕အၾကဳံမ်ားႏွင့္ သူ၏ ကိုယ္ပိုင္စြမ္းရည္တို႔ ေပါင္းစပ္ထားျခင္းျဖစ္သည္။ ရွန့္ေခ်ာင္ သင္ယူရင္းျဖင့္ သူမ တႀကိမ္တခါမွ ပါဝင္ပတ္သက္မွုမရွိခဲ့သည့္ နယ္ပယ္ထဲသို႔ ခ်ဥ္းနင္းဝင္ေရာက္လာသည္။

ေန႔လယ္ခင္းကား လၽွင္ျမန္စြာ ကုန္ဆုံးသြားသည္။

အခ်ိန္အေတာ္ၾကာ ထိုင္လိုက္ရသည့္အတြက္ မုန့္ရွင္းခ်န္က ေညာင္းညာသြားပုံရကာ ဇက္ဟိုဘက္ဒီဘက္လွည့္ရင္း ပခုံးထုလိုက္သည္။

"ဒီေန႔ေတာ့ ဒီမွာပဲရပ္လိုက္ရေအာင္၊ ငါ အမ်ားႀကီးေျပာရင္ မင္း နားမလည္နိုင္မွာစိုးတယ္!"

"အိုေက! ရွင့္ႀကိဳးစားမွုအတြက္ ေက်းဇူးတင္ပါတယ္ စီနီယာမုန့္!"

မုန့္ရွင္းခ်န္က သူမထံ လွမ္းၾကည့္လာသည္။

"ဒါဆို ဒီေန႔ မင္း ညစာအတြက္ ျပင္ထားလား?"

".... အင္း၊ ကၽြန္မ အခုခ်က္ခ်င္း သြားျပင္လိုက္မယ္၊ စီနီယာ ဘာစားခ်င္လဲ?"

သူက ခပ္ေဖ်ာ့ေဖ်ာ့ျပဳံးသည္။

"ၿပီးခဲ့တဲ့တစ္ေခါက္က မင္း ငါ့ကို ပဲေခါက္ဆြဲ (zhajiangmian) စားဖို႔ ဖိတ္ခဲ့ေပမဲ့ မစားခဲ့ရေတာ့ ဒီေန႔ အဲ့အတြက္ ျပန္ျဖည့္ဆည္းရမွာေပါ့"

"အင္း၊ ေက်းဇူးျပဳၿပီး ခဏေစာင့္ပါ"

သူမ မွတ္စုစာအုပ္ကို သိမ္းလိုက္ၿပီးေနာက္ မီးဖိုေခ်ာင္ဆီ ဦးတည္လိုက္သည္။

မုန့္ရွင္းခ်န္ မတ္တပ္ရပ္ကာ လမ္းထေလၽွာက္လိုက္သည္။ သူ႔အသက္အရြယ္မွာ မငယ္ေတာ့ပဲ ယခင္ရိုက္ကူးေရးမ်ားမွ ရရွိခဲ့သည့္ ဒဏ္ရာေဟာင္းမ်ားက သူ႔ခႏၶာကိုယ္ေပၚ သက္ေရာက္မွုရွိလာသည္။ တေန႔လယ္ခင္းလုံး ထိုင္ေနျခင္းက သူ႔ပခုံးႏွင့္ ခါးကို နာလာေစသည္။

သူ႔ႂကြက္သားေတြကို လွုပ္ရွားလိုက္ကာ ဧည့္ခန္းပတ္လည္ လမ္းေလၽွာက္ၿပီးေနာက္ မီးဖိုခန္းတံခါးဆီ သြားကာ ရွန့္ေခ်ာင္ကို ေမးလိုက္သည္။

"ငါ ေလၽွာက္ၾကည့္လို႔ရလား?"

"ရတယ္၊ ကိုယ့္အိမ္လို သေဘာထားပါ"

မုန့္ရွင္းခ်န္ ျပဳံးကာ ပထမဆုံးအေနျဖင့္ ဝရံတာဆီ ဦးတည္လိုက္ၿပီး ပန္းပင္မ်ားသြားၾကည့္သည္။ ပန္းပင္မ်ားကား ဂ႐ုတစိုက္ ပ်ိဳးေထာင္ထားျခင္းခံရသည္။ ေႏြဦးရာသီထဲ ခ်ဥ္းႏွင္းဝင္ေရာက္လာၿပီျဖစ္ၿပီး အကိုင္းသစ္မ်ားက ပန္းငုံတို႔ ထြက္စျပဳၿပီးျဖစ္ကာ ပန္းပြင့္ရန္ အခ်ိန္သိပ္မလိုေတာ့ေခ်။

သူ ဧည့္ခန္းထဲ ျပန္ဝင္လာၿပီးေနာက္ နံရံကပ္စင္ေပၚရွိ အလွဆင္ပစၥည္းမ်ားႏွင့္ နံရံေပၚ ခ်ိတ္ဆြဲထားသည့္ ပန္းခ်ီကို ခဏမၽွ လွည့္ပတ္ၾကည့္ရွုသည္။

ရွန့္ေခ်ာင္၏ အိပ္ခန္းတံခါးဝေပၚတြင္ တင္းက်န္ သူမအတြက္ လုပ္လာေပးသည့္ 'ေခ်ာင္ေခ်ာင္၏ နန္းေတာ္' ဟူေသာ ဇာအနားကြပ္ဆိုင္းဘုတ္ငယ္ ခ်ိတ္ဆြဲထားသည္။ ရွန့္ေခ်ာင္က စာၾကည့္ခန္းအငယ္စားကို ေတာင္းဆိုထားသည္မို႔ တင္းက်န္က သူမထံတြင္ မင္းသမီးငယ္မ်ား၏ ႏွလုံးသားရွိေနဆဲဟု ထင္မွတ္ကာ ရွန့္ေခ်ာင္သာ သူမကို မတားဆီးလၽွင္ သူမက ပန္းေရာင္ဇာျဖင့္ အလွဆင္ထားသည့္ အိပ္ခန္းကိုပင္ ျပင္ဆင္ေပးေပမည္။

မုန့္ရွင္းခ်န္ အိပ္ခန္းထဲ မဝင္ပဲ သစ္သားဆိုင္းဘုတ္ကိုသာ ခဏမၽွ စိုက္ၾကည့္သည္။ ထို႔ေနာက္ သူ အျခားလြတ္ေနသည့္ ဧည့္သည္အခန္းႏွစ္ခန္းကို ဝင္ၾကည့္လိုက္ၿပီး ေနာက္ဆုံးအခန္းမွာ ဝရံတာအနားတြင္ျဖစ္ကာ တံခါးပိတ္ထားသည္မို႔ စာၾကည့္ခန္းျဖစ္မည္ဟု ခန့္မွန္းလိုက္သည္။ သူ အထဲဝင္ကာ သူမ ပုံမွန္ မည္ကဲ့သို႔ စာအုပ္မ်ိဳး ဖတ္ေလ့ရွိသည္ကို ဝင္ၾကည့္ခ်င္သည္။

သို႔ေသာ္ သူ တံခါးလက္ကိုင္ကို လွည့္ဖြင့္ခ်ိန္တြင္မူ ေသာ့ခတ္ထားမွန္း သိလိုက္ရသည္။

အျခားအခန္း​ေတြအားလုံး ေသာ့ခတ္ထားျခင္းမရွိပဲ ဒီတစ္ခန္းထဲ ေသာ့ပိတ္ထားတယ္?

မုန့္ရွင္းခ်န္ ခပ္သာသာျပဳံးကာ ေနာက္လွည့္ၿပီး ဧည့္ခန္းထဲ ျပန္ထိုင္သည္။

ခဏမၽွအၾကာတြင္ ရွန့္ေခ်ာင္က ပဲေခါက္ဆြဲႏွစ္ပြဲျဖင့္ ျပန္ထြက္လာကာ စားပြဲျပင္ဆင္ၿပီးေနာက္ သံပုရာသီးလွီးကာ သံပုရာရည္ေဖ်ာ္လိုက္ၿပီး သူ႔ကို ရိုရိုေသေသလွမ္းေခၚသည္။

"စီနီယာမုန့္ ေခါက္ဆြဲရၿပီ၊ ရွင့္အႀကိဳက္ျဖစ္ဖို႔ ေမၽွာ္လင့္ပါတယ္"

မုန့္ရွင္းခ်န္ အနားကပ္လာၿပီးေနာက္ သူမထံ အႀကိမ္ေရအနည္းငယ္ေလာက္ၾကည့္ၿပီးမွ ထိုင္ခုံဆြဲထုတ္ကာ ထိုင္လိုက္သည္။

"ေရွာင္ေခ်ာင္ မင္းအေၾကာင္း နည္းနည္းေဆြးေႏြးရေအာင္"

"စီနီယာေျပာပါ"

"မင္း ငါ့ကို ေလးေလးစားစား ေခၚေနတာကို ရပ္လို႔ရမလား? မင္းလုပ္တာ ငါ အရမ္းႀကီး အသက္ႀကီးေနၿပီလို႔ ခံစားရတယ္"

"......"

ရွန့္ေခ်ာင္ ဟန္ေဆာင္ပန္ေဆာင္ ျပဳံးလိုက္သည္။

"ရွင္က ကၽြန္မရဲ့ စီနီယာနဲ႔ ေလာင္ရွီးေလ၊ ရိုရိုေသေသေခၚတာက ျဖစ္သင့္တာေပါ့"

မုန့္ရွင္းခ်န္ - "ငါက မင္းရဲ့ စီနီယာနဲ႔ ေလာင္ရွီးျဖစ္ေပမဲ့ မင္းက မင္းရဲ့ စီနီယာနဲ႔ ေလာင္ရွီးေျပာတာကို နားမေထာင္ဘူးေပါ့ေလ"

ရွန့္ေခ်ာင္ - "......"

သူမ ျပဳံးလိုက္ၿပီးေနာက္

"နားလည္ၿပီ"

ထိုအခ်ိန္မွသာ မုန့္ရွင္းခ်န္က တူေကာက္ကိုင္သည္။

ယခင္က သူမ အႀကိမ္ေရအေတာ္မ်ားမ်ား ပဲေခါက္ဆြဲလုပ္ဖူးသည္မို႔ အရသာမွာ သဘာဝက်စြာပင္ ဆိုးရြားမွုမရွိပဲ မုန့္ရွင္းခ်န္ အႀကိမ္ေရအနည္းငယ္ေလာက္ ျမည္းစမ္းၿပီးေနာက္

"မင္း စားေသာက္ဆိုင္ ဖြင့္လို႔ရၿပီ"

"စီနီယာက ကၽြန္မကို ေျမႇာက္ေနျပန္ပါၿပီ"

သူမ၏ ရိုေသေလးစားဟန္ႏွင့္ စိမ္းသက္သည့္ ျပဳမူဟန္ကို မုန့္ရွင္းခ်န္ မျမင္နိုင္သည္မဟုတ္ေပ။

သူမကား အမ်ားႀကီး ေျပာင္းလဲသြားေလၿပီ။ သတင္းႏွင့္ ရသစုံအစီအစဥ္မ်ားတြင္ ေတြ႕ျမင္ရသည့္ ေျပာင္းလဲမွုမ်ားသာမက သူ႔အေပၚထားရွိသည့္ သူမ၏ အျမင္၊ သူ႔ကို ၾကည့္လာသည့္ သူမ၏ အၾကည့္၊ သူႏွင့္ အတူရွိေနခ်ိန္ သူမျပဳမူသမၽွ အရာအားလုံးကား ယခင္ႏွင့္မတူ ေျပာင္းလဲသြားေခ်ၿပီ။

သူက မိမိကိုယ္ကိုယ္ ယုံၾကည္မွုနည္းကာ ဖိႏွိပ္ခံထားရသည့္ မိန္းကေလးကို ကူညီခ်င္႐ုံမၽွသာျဖစ္ၿပီး သူမ ျပန္လည္တိုက္ခိုက္လိုစိတ္ရွိလာခ်ိန္၌ သူက ကိတ္မုန့္ေပၚ ကရင္တင္ေပးသည့္အေနျဖင့္ ေထာက္ပံ့လိုခဲ့သည္။ ရသစုံရွိုးတြင္ ဧည့္သည္အေနျဖင့္ ပါဝင္ျခင္းသာမက သူမကို စာခ်ဳပ္ခ်ဳပ္ဖို႔ ကုမၸဏီတြင္ ေထာက္ခံေပးခဲ့သည္မွအဆုံးပင္။

သို႔ေသာ္ လက္ရွိအေျခအေနအရ သူ႔အကူအညီကို သူမ လုံးဝ မလိုအပ္ပုံေပၚသည္။

ဘာေတြျဖစ္ေနလဲ သူ မစူးစမ္းပဲ မေနနိုင္ေတာ့ေခ်။

မုန့္ရွင္းခ်န္ - "ေရွာင္ေခ်ာင္၊ မင္း အရင္ကနဲ႔ အရမ္းကြဲျပားသြားၿပီ"

ေခါက္ဆြဲစားေနတဲ့ ရွန့္ေခ်ာင္ ေအးခဲသြားကာ မေနနိုင္ပဲ ေဟာ့ရွီးကို သတိရသြားသည္။

သူမ ရွန့္ေခ်ာင္ ျဖစ္လာကာစတြင္ ေဟာ့ရွီးသည္လည္း တူညီေသာ စကားကို ဆိုခဲ့ဖူးသည္။

သူမအိုင္ေဒါလ္ အခု ဘာမ်ားလုပ္ေနလဲ? သူ အခ်ိန္မွန္မွ စားရဲ့လား? ရွိုးပြဲအတြက္ ညနက္တဲ့အထိမ်ား ေနေနသလား? သူ႔ကို သူမ မေတြ႕သည္မွာ အခ်ိန္အေတာ္ၾကာၿပီျဖစ္ကာ သူမ သူ႔ကို တကယ့္ကို လြမ္းသည္။

ရွန့္ေခ်ာင္ ေမာ့ၾကည့္ကာ မုန့္ရွင္းခ်န္ကို ျပဳံးျပလိုက္သည္။

"လူေတြက အျမဲေျပာင္းလဲေနတာပဲ"

ထိုအျပဳံးကား တည္ၿငိမ္လြန္းလွကာ သူမအၾကည့္ကား ေရျပင္ၿငိမ္ပမာ။

မုန့္ရွင္းခ်န္ ေတာင့္ခဲသြားၿပီးေနာက္ ျပဳံးသည္။

"အင္း"

ေနာက္ႏွစ္ရက္အတြင္း မုန့္ရွင္းခ်န္က ပုံမွန္အတိုင္း သူမကို သင္ၾကားေပးကာ သူမကို အေျခခံစြမ္းရည္ကို သင္ၾကားေပးၿပီးေနာက္တြင္ သူ႔ကိုယ္ပိုင္အလုပ္အတြက္ နိုင္ငံျခားထြက္ရန္လိုလာၿပီး သူမကို အိမ္စာေပးခဲ့သည္။

တကိုယ္ေတာ္ေျပာဆိုရမည့္ ရွည္လ်ားလွသည့္ ဇာတ္ညႊန္း။

သူမ ေလ့က်င့္ၿပီးေနာက္တြင္ သူမဖုန္းေပၚ၌ တင္ဆက္မွုကို ရိုက္ကူးကာ မုန့္ရွင္းခ်န္ထံပို႔ၿပီး အကဲျဖတ္မွုကို ခံယူရေပမည္။

ရွန့္ေခ်ာင္ ခံစားခ်က္တစ္ခုခ်င္းစီတိုင္းကို ေလ့လာ၍ စာသားတစ္ေၾကာင္းခ်င္းစီတိုင္း အလြတ္က်က္မွတ္ကာ မွန္ေရွ႕တြင္ စတင္ေလ့က်င့္သည္။

မၾကာခင္မွာပင္ 'Starlight Junior' ထပ္မံရိုက္ကူးရမည့္ေန႔ရက္သို႔ ေရာက္ရွိလာသည္။

တိုက္ရိုက္ထုတ္လႊင့္မွုျဖစ္သည္မို႔ ၿပိဳင္ပြဲဝင္မ်ားက ပထမရက္၏ ေန႔လယ္ခင္းတြင္ အစမ္းေလ့က်င့္ၾကသည္။ ေနာက္တစ္ရက္ ဒိုင္မ်ား ေရာက္ရွိလာခ်ိန္တြင္ စတိတ္စင္ေပၚရွိ ကကြက္မ်ား၊ မီးအလင္းအေရာင္ႏွင္ျ အသံပိုင္းဆိုင္ရာမ်ားကို ၿပီးျပည့္စုံသည္အထိ ခ်ိန္ညႇိထားၿပီးျဖစ္သည္။

ပထမပိုင္း ၾကည့္ရွုႏွုန္းမွာ တရွိန္ထိုး ျမင့္တက္သြားခဲ့ကာ အစီအစဥ္ကို ၾကည့္ရွူခဲ့သည့္ ပရိသတ္အားလုံးနီးပါးက ဒုတိယပိုင္း တိုက္ရိုက္ထုတ္လႊင့္မွုကို ၾကည့္ရွုေနၾကသည္။

သူတို႔အားလုံး ရွန့္ေခ်ာင္ တိုက္ရိုက္ထုတ္လႊင့္မွုတြင္ မည္ကဲ့သို႔ သက္တန့္ေခ်းတုံးမ်ား ထုတ္လႊင့္မည္ကို စိတ္ဝင္စားေနၾကသည္။

တိုက္ရိုက္ထုတ္လႊင့္မွုက မၾကာခင္ စတင္မည္ျဖစ္ကာ သူတို႔အားလုံး၏ ေမၽွာ္လင့္ခ်က္မွာ မၾကာခင္မွာပင္ ျပည့္ဝေပမည္။

ဤအဆင့္တြင္ ပထမအဆင့္ကို ေက်ာ္ျဖတ္လာနိုင္သည့္ ၿပိဳင္ပြဲဝင္မ်ားမွ ထက္ဝက္ကို ဖယ္ထုတ္ပစ္မည္ျဖစ္ကာ သူတို႔အားလုံး ေကာင္းမြန္စြာ တင္ဆက္နိုင္ခဲ့လၽွင္ေတာင္ သူတို႔ေနာက္ကြယ္တြင္ ေထာက္ပံ့အားေပးထားသူမရွိလၽွင္ အျဖဳတ္ခံရမည္ျဖစ္သည္။

ဤေလာက၏ ယွဥ္ၿပိဳင္မွုမ်ားမွာ အျမဲတေစ ရက္စက္ၿပီး စြမ္းရည္သာရွိၿပီး ေနာက္ခံမရွိလၽွင္ ေပၚလြင္ဖို႔ တကယ့္ကို ခက္ခဲေပသည္။

ရွန့္ေခ်ာင္၏ မိတ္ကပ္ပညာရွင္ က်ိဳးခန္က သူမကို ယေန႔အတြက္ ခ်ိဳၿမိန္ၿပီး ခ်စ္စဖြယ္ေကာင္းသည့္ ပုံရိပ္ကို ဖန္တီးေပးထားကာ နဖူးေရွ႕တြင္ ဆံၿမိတ္ခပ္ဝဲဝဲက်လ်က္ရွိၿပီး မက္မြန္ေရာင္မ်က္ဝန္းအၾကည့္ကို လိမ္းျခယ္ေပးထားသည္။ ေနာက္ဆုံးအေနျဖင့္ မိန္းကေလးဆန္သည့္ ခံစားခ်က္ကို ပိုမိုပံ့ပိုးကာ ရိုးသားျဖဴစင္ ခ်စ္စဖြယ္ေကာင္းေစသည့္ ဂါဝန္ကို ဝတ္ဆင္ထားသည္။

သူတို႔အားလုံး စတိတ္စင္ေပၚ ေပၚထြက္လာခ်ိန္တြင္ ပရိသတ္မ်ားအားလုံး အ႐ူးအမူးေအာ္ဟစ္အားေပးလာၾကသည္။ ပထမပိုင္း ထုတ္လႊင့္မွုအၿပီးတြင္ ယွဥ္ၿပိဳင္သူအားလုံးသည္လည္း ပရိသတ္ကိုယ္စီ ရရွိၿပီးျဖစ္သည္။ ထိုအခ်ိန္ခဏတြင္ မီးေရာင္စုံမ်ားႏွင့္ ေရာင္စုံသည့္နာမည္မ်ား ျပည့္ႏွက္ေနသည္မွာ တက္ႂကြသည့္ ပတ္ဝန္းက်င္ကို ျဖစ္ေပၚေစသည္။

အစပ်ိဳးမွုၿပီးဆုံးသည္ႏွင့္ ျဖဳတ္ခ်ျခင္း အစီအစဥ္စတင္သည္။

ယေန႔အတြက္ ေဖ်ာ္ေျဖရမည့္အစီအစဥ္မွာ ၾကယ္ပြင့္ဖယ္ရွားသူက ပုံးတပုံးထဲမွ မဲႏွိုက္သည့္အစီအစဥ္အတိုင္းျဖစ္သည္။ စတိတ္စင္ေပၚတြင္ ဦးဆုံးေဖ်ာ္ေျဖရမည့္သူမ်ားမွာ အနည္းနဲ႔အမ်ား ဖိအားရွိေလ့ရွိသည္။ ၿပိဳင္ပြဲဝင္မ်ားက သူတို႔နံပါတ္ကို အေခၚမခံရေစရန္ ဆုေတာင္းေနၾကၿပီး ရွန့္ေခ်ာင္ ေဘာလုံးတစ္လုံးထုတ္ယူကာ မိုက္ခရိုဖုန္းကိုင္ရင္း ဖတ္ျပသည္ကို ၾကည့္ေနသည္။

"နံပါတ္ ၉၊ ကၽြန္မ ဒီၿပိဳင္ပြဲဝင္ကို မွတ္မိတယ္၊ သူ သီခ်င္းဆိုတာ သိပ္ေကာင္းတယ္၊ ဒီတစ္ေခါက္ သူ ဘယ္လိုေဖ်ာ္ေျဖမလဲ သိရေအာင္ စင္ေပၚ ႀကိဳဆိုလိုက္ရေအာင္"

ၿပိဳင္ပြဲဝင္နံပါတ္ ၉ က အသက္ျပင္းျပင္းရွူလိုက္ကာ စင္ေပၚတက္လာသည္။

ဒီၿပိဳင္ပြဲဝင္က လဲ့ယိႏွင့္ စာခ်ဳပ္ခ်ဳပ္ထားျခင္းမရွိေသာ္လည္း ရွိုးအစီအစဥ္တြင္ လူသစ္လာေရာက္စုေဆာင္းသည့္ အျခား ကုမၸဏီႀကီးႏွင့္ စာခ်ဳပ္ခ်ဳပ္ထားၿပီးျဖစ္သည္မွာ ထင္ရွားသည္။

သူက သူ႔ကိုယ္ပိုင္သီခ်င္းကို သီဆိုကာ သီခ်င္းပုံစံမွာ Rock ပုံစံႏြယ္ၿပီး သု႔ကိုယ္ပိုင္ဟန္ ေရာယွက္ေနသည္။ စတိတ္စင္ေအာက္တြင္ အနည္းငယ္ရွက္ရြံ႕ေနဟန္ရေပမဲ့ အမွန္တကယ္ေဖ်ာ္ေျဖခ်ိန္တြင္မူ အင္ျပည့္အားျပည့္ျဖစ္ကာ ပတ္ဝန္းက်င္ကို ပို၍ တက္ႂကြသြားေစသည္။

တင္ဆက္မွုၿပီးဆုံးခ်ိန္တြင္ ဒိုင္သုံးေယာက္က မွတ္ခ်က္စကားဆိုကာ စကရင္မွ ၾကည့္ရွုေနသည့္ ပရိသတ္မ်ားသည္လည္း ကြန္မန့္မ်ား အဆက္မျပတ္ေပးေနသည္။

[လာေတာ့၊ လာေတာ့၊ သက္တန့္ေခ်းတုံးေတြ လာေတာ့!]

[ဒီေန႔ည ဘယ္လို သက္တန္းေခ်းတုံးေတြ ၾကားရမလဲ ငါ သိခ်င္ေနၿပီ၊ ငါ ေစာင့္ေနတာ!!]

[Rainbow farts, Rainbow farts, Rainbow farts!!]

.......

...

.....

.....

ေနာက္ဆုံးတြင္ ရွန့္ေခ်ာင္ အလွည့္သို႔ ေရာက္ရွိလာသည္။ တိုက္ရိုက္ထုတ္လႊင့္မွုကို ၾကည့္ရွုေနသည့္ အင္တာနက္အသုံးျပဳသူမ်ားသာမက ခန္းမထဲရွိ ပရိသတ္မ်ားပါ အသက္ရွူေအာင့္ကာ သူမ စကားဆိုမည္ကို ေစာင့္ဆိုင္းေနသည္။

စင္ေပၚရွိ အနည္းငယ္ေမာဟိုက္ေနတဲ့ လူရြယ္ကို ရွန့္ေခ်ာင္ ျပဳံးၾကည့္လိုက္ကာ သူမေလသံထဲရွိ သေဘာက်မွုကို ဖုံးကြယ္မထားေခ်။

"ဘုရားက မင္းကို ဖန္ဆင္းတုန္းက အခ်ိန္ေျခာက္ရက္ယူတယ္လို႔ ငါထင္တယ္၊ ပထမရက္မွာ မင္းရဲ့အရိုးေတြကို ဖန္ဆင္းၿပီး ဒုတိယရက္မွာ အေသြးအသားေတြကို ဖန္ဆင္းတယ္၊ တတိယရက္မွာ မင္းရဲ့ အေရျပားကို ဖန္ဆင္းၿပီး ေလးရက္ေျမာက္ေန႔မွာေတာ့ မင္းရဲ့ ကိုယ္ရည္ကိုယ္ေသြးကို ဖန္တီးတယ္၊ ငါးရက္ေန႔မွာ မင္းရဲ့ ပါရမီကို ျဖည့္တင္းၿပီး ေနာက္ဆုံးေန႔မွာေတာ့ မင္းရဲ့ အသံကို အနမ္းတပြင့္ စြန့္ၾကဲတယ္"

ဒိုင္သုံးေယာက္ - "??"

ပရိသတ္ - "??"

အင္တာနက္အသုံးျပဳသူမ်ား - "??"

ေသာက္က်ိဳးနည္း၊ ဒါဘယ္လိုေတာင္ ခ်ီးမြမ္းခန္းဖြင့္လိုက္တာလဲ?!

ေထာင္ေပါင္းမ်ားစြာေသာ လူမ်ား ဒူးေထာက္ကာ သူတို႔အိုင္ေဒါလ္ေတြအတြက္ ခ်ီးမြမ္းစကားေရးေပးဖို႔ ရွန့္ေခ်ာင္ကို ေတာင္းပန္ခ်င္စိတ္ေပါက္သြားသည္!!

အင္တာနက္အသုံးျပဳသူမ်ား၏ အာ႐ုံမွာ ၿပိဳင္ပြဲဝင္မ်ားထံတြင္ လုံးဝရွိမေနေပ။ ယခုလက္ရွိတိုက္ရိုက္ထုတ္လႊင့္ေနျခင္းသာ မဟုတ္လၽွင္ သူတို႔အားလုံး ေရွ႕ေက်ာ္ရစ္ကာ ရွန့္ေခ်ာင္၏ ကြန္မန့္မ်ားကို ေက်ာ္ၾကည့္ေပမည္။

ဒိုင္သုံးေယာက္လုံး အဆင့္တက္ေပးလိုက္သည့္ ၿပိဳင္ပြဲဝင္မ်ား ေပၚလာတိုင္း ရွန့္ေခ်ာင္က သက္တန့္ကဲ့သို႔ ခ်ီးမြမ္းစကား တသီႀကီး ထုတ္လႊတ္ေပမည္။ ၿပိဳင္ပြဲမွ ထုတ္ပယ္ခံရသည့္ ယွဥ္ၿပိဳင္သူမ်ားကိုပင္ သူမက 'ငါ မင္းဆီမွာ မဆုံးနိုင္တဲ့ ျဖစ္နိုင္ေခ်ေတြ အမ်ားႀကီး ျမင္ရတယ္' စသည္ျဖင့္ စိတ္ခြန္အားေပးသည့္ စကားမ်ား ဆိုေပမည္။

တႀကိမ္တခါမွပင္ သူမ၏ အခြင့္အေရးျဖစ္သည့္ ၾကယ္ပြင့္ဖယ္ရွားမွုကို အသုံးမျပဳခဲ့ေခ်။

ထပ္ခါတလဲလဲ မီးစိမ္းမ်ားသာ ျဖစ္သည္။

ပရိုဂရမ္အလယ္နားတြင္ ရွန့္ေခ်ာင္၏ သက္တန့္ကဲ့သို႔ေသာ ခ်ီးမြမ္းစကားအသစ္မ်ားမွာ အင္တာနက္တခြင္ ပ်ံ႕ႏွံ့သြားကာ နာမည္ေက်ာ္သြားသည္။ ယင္းက မ်ားစြာေသာ ၾကည့္ရွုသူမ်ားကို ဆြဲေဆာင္ကာ ၾကည့္ရွုႏွုန္းမွာ အဆက္မျပတ္ ျမင့္တက္လာသည္။

ဒါရိုက္တာအဖြဲ႕မွာ အေပ်ာ္လုံးဆို႔ကာ ရွန့္ေခ်ာင္ကို နားၾကပ္မွတဆင့္ တိုက္တိုက္တြန္းတြန္းဆိုသည္။

"မ်ားမ်ားေျပာေပး၊ တကယ္လို႔ မင္း ေျပာစရာကုန္သြားရင္ ငါတို႔ မင္းအတြက္ ႀကိဳေရးထားတဲ့ စာရြက္ လာပို႔ခိုင္းေပးမယ္"

ၾကည့္ရွုႏွုန္းမွာ အျမင့္ဆုံးထိ ထိုးတက္သြားၿပီး အေျခအေနမွာ တက္ႂကြေနသည္။ ေနာက္ထပ္ယွဥ္ၿပိဳင္သူတစ္ေယာက္ စတိတ္စင္ေပၚ တက္ေရာက္လာခ်ိန္တြင္ ထိုၿပိဳင္ပြဲဝင္မွာ ခေရပြင့္(*) ျဖင့္ အမွတ္အသားျပဳထားခံရသူျဖစ္ၿပီး လဲ့ယိျဖင့္ စာခ်ဳပ္ခ်ဳပ္ထားသူျဖစ္သည္။

စတိတ္စင္ေပၚတြင္ ထိုလူရြယ္က ဂစ္တာလြယ္ထားၿပီး သူ႔မ်က္ႏွာမွာ ေခ်ာေမာလွသည္။ ထိုလူရြယ္က ဒါရိုက္တာတစ္ေယာက္၏ သားျဖစ္ၿပီး ဒုတိယမ်ိဳးဆက္ၾကယ္ပြင့္ဟု သတ္မွတ္နိုင္ေၾကာင္း ယဲ့ထုန္ေျပာဖူးသည္ကို ရွန့္ေခ်ာင္ အမွတ္ရလိုက္သည္။ ထိုသူကား ေခ်ာေမာၾကည့္ေကာင္းကာ ပါရမီရွိၿပီး သူ႔မိသားစု၏ ေထာက္ပံ့မွုျဖင့္ ပြဲဦးထြက္ၿပီးသည္ႏွင့္ သူ႔အနာဂတ္မွာ ေျဖာင့္ျဖဴးေနသည္။

ထိုလူရြယ္က အဆိုစြမ္းရည္ေကာင္းေကာင္းျဖင့္ ကိုယ္ပိုင္သီခ်င္းတစ္ပုဒ္ကို သီဆိုကာ သူ႔အသံမွာလည္း မဆိုးလွ။ ယဲ့ထုန္က သူမ၏ စကရင္အခ်ိန္ကို ျမႇင့္တင္လိုဟန္ရကာ အဦးဆုံး မွတ္ခ်က္ေပးလာသည္။

"မင္း ဘာလို႔ ဒီအစီအစဥ္ကို လာတာလဲ? ၿပိဳင္ပြဲက ဒီေလာက္ ၿပိဳင္ဆိုင္မွုမ်ားတာ၊ မင္းအေနနဲ႔ ဒီေလာက္ ႀကိဳးစားစရာ မလိုဘူး ထင္တယ္"

ဒုတိယမ်ိဳးဆက္ၾကယ္ပြင့္က ရိုးရိုးရွင္းရွင္းေျဖသည္။

"ကၽြန္ေတာ္ငယ္ကတည္းက သီခ်င္းဆိုရတာကို သေဘာက်ခဲ့တာ၊ ေနာက္ၿပီး ပရိသတ္ေတြကလည္း ကၽြန္ေတာ့္သီခ်င္းသံကေနတဆင့္ ကၽြန္ေတာ့္ကို မွတ္မိဖို႔ ေမၽွာ္လင့္တယ္၊ အမွန္ေတာ့ ကၽြန္ေတာ့္ရဲ့ တကိုယ္ရည္ခြန္အားက အမ်ားႀကီးေသးငယ္ပါတယ္၊ သီခ်င္းဆိုတာကလြဲလို႔ က်န္တာ ဘာမွ မလုပ္တတ္ေပမဲ့ ဒီသီခ်င္းသံနဲ႔ ဂီတေလာကကို အလင္းေပးဖို႔ ေမၽွာ္လင့္ၿပီး ေက်ာ္ၾကားမွုကို အားကိုးထားတဲ့ ပုံရိပ္ေယာင္ေအာက္မွာ သီခ်င္းေကာင္းေတြ ေပ်ာက္ကြယ္မသြားဖို႔ ေမၽွာ္လင့္တယ္"

ၾကည့္ရွုသူအမ်ားစုက ခ်က္ခ်င္း သူ႔စကားအဓိပၸါယ္ကို နားလည္သည္။

သူက လက္ရွိဂီတေလာကရွိ အိုင္ေဒါလ္မ်ားကို ေလွာင္ေျပာင္ေနျခင္းျဖစ္ၿပီး ေက်ာ္ၾကားမွုေၾကာင့္ သီခ်င္းေကာင္း မေကာင္းမွာ ပုံရိပ္ေယာင္မၽွသာ ျဖစ္သည္ဟု ဆိုလိုျခင္းျဖစ္သည္။

ထိုစကားမ်ားအတြက္ ၾကည့္ရွူသူမ်ားက သူ႔အား လက္ခုပ္တီး အားေပးလာၿပီး ဒိုင္မ်ားက ခ်ီးက်ဴးစကားဆိုကာ သူတို႔အားလုံး သူ႔ကို တစ္ေယာက္ၿပီး တစ္ေယာက္ အဆင့္တက္ေပးၾကသည္။ ရွန့္ေခ်ာင္အလွည့္ေရာက္ခ်ိန္၌ ဒီတစ္ႀကိမ္တြင္ သူမ ဘယ္လိုအံ့ဩဖြယ္ရာစကားမ်ား ဆိုမလဲ လူတိုင္း ေမၽွာ္လင့္ေစာင့္စားေနၾကသည္။

ကင္မရာျမင္ကြင္း ေျပာင္းလဲသြားၿပီးေနာက္ ဒီတခ်ိန္လုံး ျပဳံးေနခဲ့သည့္ ရွန့္ေခ်ာင္က လက္ရွိတြင္ ေအးစက္ေနသည္ကို ျမင္လိုက္ရသည္။

သူမကား စကားတစ္ခြန္းမွ မဆို။ သူမေရွ႕ရွိ အနီေရာင္ခလုတ္ကို ဖိႏွိပ္လိုက္ခ်ိန္တြင္ သူမမ်က္ႏွာေပၚတြင္ အမူအရာကင္းမဲ့လ်က္ရွိသည္။

ၾကယ္ပြင့္ဖယ္ရွားသူက သူမ၏ ပထမဆုံးပယ္မဲကို အသုံးျပဳလိုက္သည္။

ခန္းမတစ္ခုလုံး ႐ုတ္႐ုတ္သဲသဲ။

ဒိုင္မ်ား စကားမဆိုမွီမွာပင္ ၿပိဳင္ပြဲဝင္က အၿငိမ္မေနနိုင္ပုံရကာ သူ႔ပုံစံက တခါမွ အျငင္းစကား အဆိုမခံရဖူးေလဟန္။ သူက မိုက္ခရိုဖုန္းကို ခ်က္ခ်င္း ေကာက္ကိုင္ကာ ေမးခြန္းထုတ္သည္။

"ကၽြန္ေတာ့္ကို က်ိဳးေၾကာင္းဆီေလ်ာ္တဲ့ အေၾကာင္းျပခ်က္ေပးဖို႔ Ms. ရွန့္ေခ်ာင္ကို ေတာင္းဆိုလို႔ရမလား? ဂီတအေၾကာင္း နားမလည္တဲ့ လူတစ္ေယာက္က ကၽြန္ေတာ့္ရဲ့ ဖန္တီးမွုကို ျငင္းပယ္တာ လက္မခံနိုင္ပါဘူး"

ရွန့္ေခ်ာင္ သူ႔ကို သေရာ္ျပဳံးျပဳံးလိုက္သည္။

"ငါ ဂီတသီအိုရီေတြအေၾကာင္း နားမလည္ေပမဲ့ မင္းသီခ်င္းက မူရင္းလား ခိုးကူးထားတာလားေတာ့ ငါ ခြဲျခားနိုင္တယ္၊ ေက်ာ္ၾကားမွုပုံရိပ္မွာ သီခ်င္းေကာင္းေတြ ေပ်ာက္ကြယ္မသြားေစခ်င္ဘူးလို႔ မင္းေျပာတယ္၊ ဒါေပမဲ့ မင္းကိုယ္တိုင္က နာမည္ႀကီးတစ္ေယာက္ရဲ့ သီခ်င္းကို ခိုးကူးထားတယ္၊ သူ႔သီခ်င္းကို အမွီျပဳၿပီး စင္ေပၚမွာ ႂကြားလုံးထုတ္ ကဲ့ရယ္ဖို႔ မင္းမွာ ဘာအရည္အခ်င္းရွိလဲ?"

ဒုတိယမ်ိဳးဆက္ၾကယ္ပြင့္ပုံစံမွာ ေတာင့္ခဲသြားကာ သူ႔မ်က္ႏွာနီရဲသြားၿပီးေနာက္ ေဒါသတႀကီး ခြန္းတုံံ့ျပန္သည္။

"ငါ ဘာမွ မခိုးကူးဘူး!! တီထြင္ဖန္တီးမွုဆိုတာကို မင္း ဘာမွ နားမလည္ဘူး!!"

ၾကည့္ရွူသူမ်ားေရာ ဒိုင္သုံးေယာက္ပါ ေအးခဲသြားသည္။

ခိုးကူးတယ္? ဘာကို ခိုးကူးတာလဲ? သူတို႔ ဘာလို႔ သတိမျပဳမိတာလဲ?

သူ႔အရွက္မဲ့မွုေၾကာင့္ ရွန့္ေခ်ာင္ ေဒါသထြက္လြန္းရသျဖင့္ မတ္တပ္ထရပ္လိုက္သည္။

"မင္းရဲ့ ဒီသီခ်င္း ခိုးကူးထားတာက..."

မိုက္ခရိုဖုန္းကား ႐ုတ္ျခည္း ပိတ္ခ်ခံလိုက္ရသည္။

သူမ မိုက္ခရိုဖုန္းကို ေတာက္လိုက္ကာ ဒါရိုက္တာက အသံပိတ္လိုက္ေၾကာင္း ခ်က္ခ်င္း သတိျပဳမိသြားသည္။ ထို ဒါရိုက္တာက နားၾကပ္ထဲမွတဆင့္ ညႊန္ၾကားလာသည္။

"အစီအစဥ္မွူး စတိတ္စင္ေပၚတက္ၿပီး အေျခအေနကို ထိန္းသိမ္း၊ ယဲ့ထုန္နဲ႔ ေဝ့ဟယ္သုန္း ခိုးကူးတယ္ဆိုတာကို ျငင္း"

ထို႔ေနာက္ သူ အံႀကိတ္ဆိုလိုက္သည္။

"ရွန့္ေခ်ာင္ ဒါ တိုက္ရိုက္ထုတ္လႊင့္ေနတာ!! စတိတ္စင္ေပၚက လူက စာခ်ဳပ္ခ်ဳပ္ၿပီးသား လူ!! အဓိပၸါယ္မရွိတာ မလုပ္နဲ႔!! ခ်က္ခ်င္း ေတာင္းပန္ၿပီး မင္းအၾကားမွားတယ္လို႔ ေျပာလိုက္!!"

ရွန့္ေခ်ာင္ ရယ္ေမာလုနီးပါးပင္။

သူမနားၾကပ္ကို ဆြဲျဖဳတ္ကာ ေျမႀကီးေပၚ ေပါက္ခြဲလိုက္ၿပီး သူမ၏ ဂါဝန္တိုျဖင့္ စတိတ္စင္ေပၚ ေျပးတက္သြားသည္။

ယေန႔တြင္ သူမ၏ ပုံရိပ္မွာ သိသာထင္ရွားစြာျဖင့္ ခ်ိဳၿမိန္သည့္ မင္းသမီးဟန္ပန္ျဖစ္ေသာ္လည္း လက္ရွိအခ်ိန္တြင္မူ သူမက ေဒါသတႀကီးျဖစ္ေနသည္။ တုံ႔ျပန္မွုမရွိတဲ့ ဒုတိယမ်ိဳးဆက္လက္ထဲမွ မိုက္ခရိုဖုန္းကို ဆြဲယူလိုက္ကာ အလၽွင္အျမန္ တရစပ္ေေျပာလာသည္။

"သူ ခိုးခ်တာက ေဟာ့ရွီးရဲ့ ပထမႏွစ္ ပြဲဦးထြက္ထဲက မူရင္းသီခ်င္း 'Wind & Cold' ၊ အယ္လ္ဘမ္ထဲ မပါခဲ့ေပမဲ့...."

မိုက္ခရိုဖုန္းက ေနာက္ထပ္တႀကိမ္ အသံပိတ္ျခင္း ခံလိုက္ရသည္။

ရွန့္ေခ်ာင္ကား အလြန္အမင္း ေဒါသပုန္ထေနသည္။

တင္းက်န္ႏွင့္ ဖန္းပိုင္သည္လည္း ပရိုဂရမ္အဖြဲ႕၏ တြန္းအားေပးမွုျဖင့္ စင္ေပၚ တက္လာကာ သူမကို ဆြဲေခၚသြားသည္။ ဖန္းပိုင္ခမ်ာ ငိုခ်လုနီးနီး။

"အစ္မေခ်ာင္ ဒါ တိုက္ရိုက္ထုတ္လႊင့္ေနတာ!! ေက်းဇူးျပဳၿပီး ေတာ္ပါေတာ့"

"သူ ခိုးကူးတာ! သူ ေဟာ့ရွီးရဲ့ သီခ်င္းကို ခိုးကူးထားတာ! ၿပီးေတာ့ သူက နာမည္ႀကီး အဆိုေတာ္ေတြကို အထင္ေသးရဲေသးတယ္!! သူက ခိုးကူးတဲ့ေခြးတစ္ေကာင္သက္သက္ပဲ၊ ေဟာ့ရွီးကို အထင္ေသးရေအာင္ သူက ဘာအရည္အခ်င္းမ်ားရွိေနလို႔လဲ!!"

သူမထံတြင္ မိုက္ခရိုဖုန္းမရွိသည္မို႔ ထိုစကားမ်ားကို သူမ ေအာ္ေျပာလိုက္သည္။ ဖန္းပိုင္ႏွင့္ တင္းက်န္ ဆြဲေခၚသြားရာလမ္းတစ္ေလ်ာက္ အနီးနားရွိလူမ်ားမွ လြဲကာ မည္သူမၽွ မၾကားၾကေခ်။

ထိုအျဖစ္အပ်က္မွာ ႐ုတ္တရက္ျဖစ္ေပၚလာျခင္းျဖစ္ၿပီး ပုံမွန္အားျဖင့္ ေဒါသထြက္ေလ့မရွိပဲ ေကာင္းေကာင္းမြန္မြန္ေျပာဆိုကာ ႏူးညံ့ေဖာ္ေရြတတ္ေသာ ရွန့္ေခ်ာင္က ႐ုတ္တရက္ ေပါက္ကြဲလာမည္ဟု မည္သူမွ မေမၽွာ္လင့္ထားေပ။

ျမင္ကြင္းမွာ ေယာက္ယက္ခတ္ေနသလို တိုက္ရိုက္ထုတ္လႊင့္မွုကို ၾကည့္ရွုေနသူမ်ားကလည္း ရွန့္ေခ်ာင္ေျပာသြားသည့္ သီခ်င္းကို ရွာေဖြကာ အလုပ္မ်ားလ်က္ရွိသည္။

ေဟာ့ရွီး၏ ပထမဆုံး တကိုယ္ေတာ္သီခ်င္း 'Wind & Cold'

သူတို႔အားလုံး သီခ်င္းကို ႏွိပ္ကာ ဖြင့္နားေထာင္လိုက္သည္။ Intro ႏွင့္ Chorus မွာ အမွန္တကယ္ပင္ ဆင္တူလြန္းလွသည္။

ရွန့္ေခ်ာင္ပါဝင္မွုေၾကာင့္ ရွီးကြမ္းအကုန္နီးပါးက ပရိုဂရမ္ကို လာေရာက္ၾကည့္ရွုျခင္းမရွိေပ။ ေဟာ့ရွီး၏ သီခ်င္းထုတ္လႊင့္ခဲ့သည္မွာ ၾကာျမင့္လွၿပီးျဖစ္ကာ အယ္လ္ဘမ္ထဲတြင္ မပါဝင္သည့္အျပင္ လက္တေလာႏွစ္မ်ားအတြင္ သီခ်င္းမ်ားစြာ ေပၚထြက္ခဲ့ၿပီး လူႀကိဳက္မမ်ားလွျခင္းေၾကာင့္ ေဟာ့ရွီးက ထိုသီခ်င္းကို ျပန္လည္သီဆိုခဲ့ျခင္းမရွိေပ။ သူ၏ Diehard fan မ်ားမွ လြဲ၍ လူတိုင္းနီးပါး ဒီသီခ်င္းကို နားမေထာင္ဖူးေပ။

ရွန့္ေခ်ာင္၏ လက္တေလာ ေပါက္ကြဲမွုေၾကာင့္သာ မဟုတ္လၽွင္ ဒီသီခ်င္းက ခိုးကူးခံထားရမွန္း သိရွိနိုင္ရန္ မည္မၽွၾကာမလဲ မသိေခ်။

ထိုအခ်ိန္တြင္ ဒုတိယမ်ိဳးဆက္ၾကယ္ပြင့္မွာ ပြဲဦးထြက္ၿပီး ျဖစ္ေနေလာက္သည္။

တဖက္တြင္ နာမည္ႀကီး အဆိုေတာ္မ်ားကို အထင္ေသးကာ အျခားတဖက္တြင္ သူတို႔သီခ်င္းမ်ားကို ခိုးကူးသည္။ ဒီလို အရွက္မရွိတဲ့သူမ်ိဳးက ႂကြားဝါဖို႔ သတၱိရွိရဲေသးတယ္!!

ကြန္မန့္မ်ားက ခ်က္ခ်င္းပင္ ေပါက္ကြဲထြက္လာကာ ဒုတိယမ်ိဳးဆက္ၾကယ္ပြင့္ကို ဆူဆဲေနၿပီး ရွန့္ေခ်ာင္ အနိုင္က်င့္ခံေနရေၾကာင္း ဆိုေနၾကသည္။

သူမက တိုက္ရိုက္ထုတ္လႊင့္မွုတြင္ ထိုကဲ့သို႔ ႀကီးမားေသာ ျပႆနာကို ဖန္တီးခဲ့ၿပီး ပရိုဂရမ္အဖြဲ႕မွာ အစီအစဥ္ကို မည္သို႔ အဆုံးသတ္ရမလဲ မသိေသးေခ်။ ပရိုဂရမ္အဖြဲ႕က သူမအား ႏွုတ္ပိတ္မည္ကိုပင္ စိုးရိမ္ရသည္။

ထို႔ေနာက္ ရွန့္ေခ်ာင္ Hot search ထဲ ေရာက္ေနမွန္း ရွီးကြမ္းမ်ား သိသြားၾကသည္။

[ဒီငကန္းေခြးက ဘာလုပ္ျပန္တာလဲ? ကုမၸဏီအသစ္နဲ႔ စာခ်ဳပ္ခ်ဳပ္ၿပီး သူ ဘဝသစ္စၿပီလို႔ ငါထင္ေနတာ၊ နာမည္ႀကီးေအာင္ လုပ္တဲ့နည္းက အခုထိ တူတူပဲလား?"

['ရွန့္ေခ်ာင္ေဒါသပုန္ထျခင္း' ဆိုတဲ့ ဗီဒီယိုကို ဖြင့္ၾကည့္လိုက္၊ 'သူေဟာ့ရွီးရဲ့ သီခ်င္းကို ခိုးကူးေနတယ္' လို႔ ရွန့္ေခ်ာင္ အက်ယ္ႀကီး ေအာ္ေျပာတာ ငါ ၾကားလိုက္တယ္၊ ပရိုဂရမ္အဖြဲ႕က သူ႔ကို ထပ္ခါတလဲလဲ စင္ေပၚက ဆြဲခ်တာ ငါျမင္လိုက္တယ္]

[ဒီဒုတိယမ်ိဳးဆက္ၾကယ္ပြင့္ရဲ့ မူရင္းကိုယ္ပိုင္သီခ်င္းဆိုတာကို နားေထာင္ၿပီးေတာ့ ဒါက တကယ္ႀကီး ေဟာ့ရွီးရဲ့ 'Wind & Cold' ပဲ]

[ဒီျမင္းရိုင္းက ငါတို႔ဆီက ခိုးကူးၿပီး ဘယ္လိုမ်ား ငါတို႔ကို ေလွာင္ရဲတာလဲ?]

ရွီးကြမ္းမ်ားက ထို ဒုတိယမ်ိဳးဆက္ၾကယ္ပြင့္ႏွင့္ 'Starlight Junior' ၏ ပရိုဂရမ္အဖြဲ႕ကို ေဒါသတႀကီး စုတ္ျဖဲလာသည္။ အင္တာနက္တစ္ခုလုံး ပြက္ေလာရိုက္ေနၿပီး ျပင္ပအေျခအေနမွာလည္း မထူးလွေခ်။

ေနာက္ဘက္စင္ဆီ ေျပးလာတဲ့ ဒါရိုက္တာက ရွန့္ေခ်ာင္ကို ဆူလာၿပီး ဆူပူမွုအၿပီးတြင္ တင္းတင္းမာမာဆိုလာသည္။

"ဒီကိစၥမွာ မင္း လုံးဝတာဝန္ရွိတယ္!!"

ရွန့္ေခ်ာင္မ်က္ႏွာကား အမူအရာကင္းမဲ့လ်က္။

"ခိုးကူးတဲ့အေၾကာင္း မေျပာေတာ့ဘူးလား?"

"ထပ္ေျပာလိုက္စမ္း!! သူက လဲ့ယိရဲ့ စာခ်ဳပ္ခ်ဳပ္ထားတဲ့ အႏုပညာရွင္၊ သူ႔အေဖက ဒါရိုက္တာ လုဖင္းက်ဳံး!!"

"စာခ်ဳပ္ခ်ဳပ္ထားတဲ့ အႏုပညာရွင္က ခိုးကူးလို႔ရလား? သူ႔အေဖက ဒါရိုက္တာဆိုတာနဲ႔ ခိုးကူးလို႔ ရေရာလား?"

ဒါရိုက္တာအဖြဲ႕ - "......."

(ငါ သူ႔ကို အေသရိုက္သတ္ပစ္ခ်င္လာၿပီ!!)

ရွန့္ေခ်ာင္ သေရာ္ျပဳံးျပဳံးကာ ေလွာင္ရယ္လိုက္သည္။

"သူ ခိုးကူးတာကို ေၾကညာၿပီး ၿပိဳင္ပြဲက ခ်က္ခ်င္း ဖယ္ရွားဖို႔ ကၽြန္မ အႀကံေပးမယ္၊ ဒါဆို ကၽြန္မ ရိုက္ကူးေရးကို ျပန္သြားၿပီး ပရိသတ္ေတြကို သြားေတာင္းပန္မယ္၊ ဒါက အေကာင္းဆုံးေျဖရွင္းနည္းပဲ"

ထိုအျဖစ္အပ်က္မွာ အင္တာနက္တစ္ခြင္လုံး ေတာမီးပမာ ပ်ံ႕ႏွံ့သြား၏။ အုပ္ကြယ္လို႔ မရသည္မ်ိဳးကို သူတို႔ ဖုံးကြယ္ထား၍ မရနိုင္ေခ်။

ဒါရိုက္တာအဖြဲ႕က သူတို႔၏ ကံၾကမၼာကို လက္ခံသြားရသည္။

မၾကာမွီပင္ ရွန့္ေခ်ာင္ လူျမင္ကြင္းေပၚ ျပန္ဝင္လာကာ အစီအစဥ္မွူးက သီခ်င္းမွာ ခိုးကူးထားေသာေၾကာင့္ အစီအစဥ္မွ ခ်က္ခ်င္း ဖယ္ရွားလိုက္ေၾကာင္း ပထမဆုံးေၾကညာသည္။ ရွန့္ေခ်ာင္သည္လည္း တိုက္ရိုက္ၾကည့္ရွုေနသူမ်ားႏွင့္ ခန္းမထဲရွိ ပရိသတ္မ်ားကို သူတို႔၏ ၾကည့္ရွုမွုအေတြ႕အၾကဳံ အေႏွာက္အယွက္ျဖစ္သြားရမွုအတြက္ ေတာင္းပန္စကားဆိုသည္။

ဒိုင္သုံးေယာက္က အေျခအေနကို အဖတ္ဆယ္ရန္ သေဘာတူညီကာ ပတ္ဝန္းက်င္ကို သာတူညီမၽွျဖစ္ေစၿပီး ရိုက္ကူးေရးဆက္လက္ရိုက္ကူးသည္။

သို႔ေသာ္ ဤအျဖစ္အပ်က္ၿပီးေနာက္တြင္ မည္သူက အစီအစဥ္ကို ဆက္ၾကည့္လိုမည္နည္း။

ခိုးကူးသည့္ၿပိဳင္ပြဲဝင္ကို ရွန့္ေခ်ာင္ သေဘာမက်ျခင္းႏွင့္ အစီအစဥ္အဖြဲ႕မွ မိုက္ပိတ္ခ်သည့္ဗီဒီယိုမွာ လူသန္းေပါင္းမ်ားစြာထံ ေရာက္ရွိသြားသည္။

ဒါက ဘယ္ေလာက္ေတာင္ တိုက္ရိုက္ဆန္ၿပီး ဘယ္လိုသတၱိမ်ိဳးနဲ႔ တိုက္ရိုက္ထုတ္လႊင့္မွုမွာ ခိုးကူးတာကို ေဖာ္ထုတ္ရဲတာလဲ? သူမက ပရိုဂရမ္အဖြဲ႕ကို အျပစ္လုပ္သည္သာမက ဒါရိုက္တာကိုပါ ေစာ္ကားျခင္းျဖစ္ၿပီး အနာဂတ္တြင္ သူမက ႐ုပ္ရွင္နယ္ပယ္တြင္ က်င္လည္ရဦးမည္မလား။

အစီအစဥ္အဖြဲ႕၏ ဖုန္းေခၚဆိုမွုကို ေပ့မင္းဖန္လက္ခံရရွိခ်ိန္တြင္ သူအၾကားမွားသည္ဟုပင္ ထင္မွတ္ခဲ့သည္။

လူတိုင္းအေပၚ ၾကင္နာႏူးညံ့သည့္ အဲ့ဒီရွန့္ေခ်ာင္ကေလ? စကားလုံးတိုင္းကို ရယ္ရယ္ေမာေမာဆိုတတ္သည့္မိန္းကေလးငယ္က ယမ္းကုန္မီးက် ေဒါသူပုန္ထသည္တဲ့လား? ထို႔ျပင္ မိုက္ခရိုဖုန္းကိုပါ ဆြဲယူေသးတယ္?

သူ ဗီဒီယို မၾကည့္မိခင္အခ်ိန္အထိ....

(ေသစမ္း!! ဒါ မီးေတာင္ေပါက္ကြဲတာမလား!!)

ျပႆနာမွာ သူတို႔ဘာမ်ားလုပ္နိုင္သနည္း? ခိုးကူးမွုမေပၚ သူမဆန့္က်င္ျခင္းႏွင့္ ပြင့္ပြင့္လင္းလင္းေဖာ္ထုတ္ရန္ သတၱိရွိမွုကိုသာ မီးေမာင္းထိုးကာ သူမ၏ လူထုအျမင္ကို ျမႇင့္တင္ရန္သာ တတ္နိုင္သည္။

ကံေကာင္းတာတစ္ခုမွာ အစီအစဥ္မွာ တဝက္ေရာက္ေနၿပီးျဖစ္ကာ တိုက္ရိုက္ထုတ္လႊင့္မွုၿပီးဆုံးရန္ အခ်ိန္သိပ္မလိုေခ်။ တိုက္ရိုက္ထုတ္လႊင့္မွုျပႆနာႏွင့္ပတ္သက္ၿပီး ဒါရိုက္တာအဖြဲ႕က ေျဖရွင္းရန္ အလ်င္လိုေနကာ ရိုက္ကူးေရးၿပီးသည္ႏွင့္ ႏွုတ္မဆက္ပဲ အလ်င္စလို ထြက္ခြါသြားသည္။

ဖန္းပိုင္ႏွင့္ တင္းက်န္ကား ရွန့္ေခ်ာင္ကို စိုက္ၾကည့္ေနကာ သူတို႔အၾကည့္မ်ားကား 'ငါတို႔ေတာ့သြားၿပီ' ဟု ေအာ္ဟစ္ေနၾကသည္။

ေခ်ာင္ဖန္မ်ား တျဖည္းျဖည္း ေလ်ာ့ပါးေပ်ာက္ကြယ္သြားသည္ကို ရွန့္ေခ်ာင္ၾကည့္ရင္း စုတ္သပ္လိုက္သည္။

ထိုအခ်ိန္တြင္ မည္သူက စေအာ္ဟစ္လိုက္မွန္းမသိပဲ

"ေခ်ာင္ေခ်ာင္! ငါတို႔ နင့္ကို အျမဲအားေပးေနမယ္! မေၾကာက္နဲ႔!"

ထိုေအာ္ဟစ္သံေနာက္တြင္ ေထာက္ခံအားေပးသံ တခဲနက္ ေပၚထြက္လာသည္။

သူမ ပရိသတ္ဘက္လွည့္ၾကည့္ကာ ခ်စ္စဖြယ္ ျပဳံးျပလိုက္သည္။

ဖန္းပိုင္ သူမကို အိမ္ျပန္ပို႔ရင္း သူမ၏ ဘာမွမျဖစ္ေလဟန္ အမူအရာကို ျမင္လၽွင္ သူ တကယ့္ကို ဆူပူပစ္ခ်င္ေသာ္လည္း ဘယ္ေနရာကစကာ ဘယ္လိုဆူရမလဲပင္ မသိေခ်။ ေနာက္ဆုံးတြင္ေတာ့ သူ သက္ျပင္းခ်႐ုံသာ တတ္နိုင္သည္။

ေပ့မင္းဖန္က အေရးေပၚ PR နည္းလမ္းမ်ား အသုံးျပဳကာ ေနာက္ဆုံးတြင္ သူမ၏ ပုံရိပ္ကို အဖက္ဆယ္နိုင္ခဲ့သည္။

ဖန္းပိုင္ထံ ရွန့္ေခ်ာင္ လက္ေဝွ႕ရမ္းျပလိုက္ကာ ကားထဲမွ ထြက္ရင္း ဖုန္းကိုင္လိုက္သည္။

"ရွန့္ေခ်ာင္!! နင္ ေသာက္က်ိဳးနည္း ဘာေတြလုပ္ေနတာလဲ! နင္က ခုမွ လူသစ္လား?! နင္ ဘာအေရးႀကီးမွန္း မသိဘူးလား?!"

ဓါတ္ေလွကားဆီ ဦးတည္ေလၽွာက္သြားရင္း ရွန့္ေခ်ာင္ တေလးတနက္ဆိုလိုက္သည္။

"ငါ စိတ္ေလာႀကီးသြားၿပီး နင့္ကို ျပႆနာျဖစ္ေစလို႔ ေတာင္းပန္ပါတယ္"

ထိုကဲ့သို႔ ခပ္ျမန္ျမန္ေတာင္းပန္လာသည့္ေနာက္ ေပ့မင္းဖန္ခမ်ာ သူမကို မည္သို႔ဆက္လက္ဆူရမည္ပင္ မသိေတာ့ေခ်။

ဓါတ္ေလွကားဆီ ေရာက္ခ်ိန္တြင္ သူမေမာ့ၾကည့္လိုက္ကာ အေမွာင္ထဲတြင္ ရပ္ေနသည့္လူတစ္ေယာက္ကို ျမင္လိုက္သည္။ သူမ ရပ္လိုက္ခ်ိန္တြင္ အမဲေရာင္ေဘ့စ္ေဘာဦးထုပ္ေဆာင္းထားသည့္ ထိုလူထြက္လာကာ သူ ေမာ့ၾကည့္လာခ်ိန္တြင္ သူ႔မ်က္ဝန္းမ်ားကား ပင္လယ္ကဲ့သို႔ပင္။

ရွန့္ေခ်ာင္ ဖုန္းခ်လိုက္ကာ သူမမ်က္ႏွာေပၚတြင္ သိသာတဲ့ ဝမ္းသာမွုျဖင့္ ေရွ႕ ေျခႏွစ္လွမ္းတိုးသြားသည္။

"ေဟာ့ရွီး! နင္ ဘာလို႔ ဒီကိုေရာက္ေနတာလဲ? တ႐ုတ္ကို ဘယ္တုန္းက ျပန္ေရာက္တာလဲ?"

သူက သူမထံ နက္နက္နဲနဲစိုက္ၾကည့္လာသည္။ အခ်ိန္ခဏအၾကာတြင္မွ ခပ္တိုးတိုးေလသံျဖင့္

"တိုက္ရိုက္ထုတ္လႊင့္မွုျပႆနာက ႀကီးလြန္းေတာ့ ငါ ျပန္မလာရေသးရင္ေတာင္ ျပန္လာမွျဖစ္ေတာ့မွာေလ"

ရွန့္ေခ်ာင္ ပခုံးက်ဳံ႕သြားကာ ခပ္တိုးတိုးဆိုလိုက္သည္။

"ငါ နင့္ကို ျပႆနာထပ္ျဖစ္ေစလို႔ ေတာင္းပန္ပါတယ္"

သူမ ထိုစကားေျပာၿပီးခ်ိန္မွာပင္ သူမဦးေခါင္းထိပ္က ေႏြးေထြးမွုျဖင့္ ႐ုတ္ျခည္း ဖုံးလႊမ္းခံလိုက္ရသည္။

အေႏြးဓါတ္ခပ္ပါးပါးျဖင့္ သူ႔လက္ဖဝါးက သူမေခါင္းကို ဖြဖြပြတ္သပ္လာၿပီးေနာက္ ဖြဖြဆိုသည္။

"မင္းက တကယ့္ငတုံးေလးပဲမလား?"

****
ေနာက္တပိုင္း ဒီေန႔လာမွာေပမဲ့ ေနာက္က်ပါမယ္။ သန္းေခါင္ေက်ာ္နိုင္တာမို႔ မနက္ျဖန္မွ ဖတ္ေနာ္။

****

Continuer la Lecture

Vous Aimerez Aussi

10.3K 883 25
သုံဟွာသီကျွင်း၊ ဖုန်းကျို တို့်ရဲ့ love story 💗💗💗 ပထမတွဲ (Unicode version) three lives three world:the pillow book 1 Myanmar translation by three...
66.1K 1.9K 21
A secret research for Remus and his 'furry little problem' takes Hermione and Lyra (OC) to Forks. Determined not to give false hope, they say that th...
507K 13.5K 42
The fate of a not so human king and a definitely human girl became entangled in a single meeting. A teenage girl from the 21st century somehow ended...
838K 69.8K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...