GTKWF (Myanmar Translation )

By Liz_774

335K 45.7K 5.2K

Title: Get to Know about Wife Fan Author: Chun Dao Han Chapters: 167 chapter This is just a fan translation ... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Manhwa
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
ကြော်ငြာ 💙
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64.1
Chapter 64.2
Chapter 65
Heaven's Greatest Plan
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69.1
Chapter 69.2
Chapter 70.1
Chapter 70.2
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81.1
Chapter 81.2
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93.1
Chapter 93.2
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99.1
Chapter 99.2
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108.1
Chapter 108.2
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131.1
Chapter 131.2
Chapter 132
Chapter 133
Chapter 133 (2nd version)
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140.1
Chapter 140.2
Chapter 141.1
Chapter 141.2
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149.1
Chapter 149.2
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154

Chapter 28

2K 256 11
By Liz_774

{Unicode}

အပိုင်း ၂၈ | နင့်ပရိသတ်တွေကို နင့်မျက်နှာ သွားပြလိုက်ဦး

Variety Show တွင် နှစ်ရက်မျှနေထိုင်ပြီးနောက် ရှန့်ချောင်၏ စိတ်အခြေအနေမှာ မူလအတိုင်းပြန်ဖြစ်လာသည်။ သူမ၏အလှတရားမှာလည်း အရင်တိုင်းပြန်ဖြစ်လာကာ သူမမျက်နှာက နောက်ထပ်အလှတန်ဖိုးတစ်ခု ထပ်တိုးလာသည်။ သူမ Weibo follower အရေအတွက်မှာ နေ့စဉ်တိုးတက်နေသည်ဟု ဆိုကြကာ မကြာမှီမှာပင် 8 မီလီယံ ပြည့်သွားသည်။

[ချာချာက သူမထံ မက်ဆေ့ချ်ပို့လာသည်။ 'ဥက္ကဌ၊ ပရိသတ် 8 မီလီယံပြည့်တဲ့အတွက် ချောင်ချောင်ဆီက လက်ဆောင်တောင်းပေးပါလား၊ သူ့နာမည်က တဖြည်းဖြည်းတက်နေတာ၊ ပရိသတ်များတာ အရေးကြီးတယ်!!]

ရှန့်ချောင် စဉ်းစားကာ သဘောတူလိုက်သည်။

ရှန့်ချောင်၏ Weibo acc ထံမှ ပိုစ့်အသစ်တက်လာဖို့ ကြာကြာ မစောင့်လိုက်ရချေ။

@ShengQiao: Follower  ၈ မီလီယံပြည့် အထိမ်းအမှတ်။ ဂိမ်းထဲ Penta kill ယူပြခြင်း

အောက်မှာ အတူတွဲတင်လာသည်မှာ Honor of kings မှ ဗီဒီယိုဖြစ်သည်။ ရှန့်ချောင်၏ ဟီးရိုးမှာ သူ့အနီရောင်အရိပ်နှင့်အတူ မည်သည်ကိုမှ အသက်ရှင်ချန်မထားသော အာကီ နတ်ဆိုးဖြစ်သည်။ သူမက ကျားတစ်ကောင်လို လက်ရဲဇက်ရဲရှိကာ Penta kill ကို လွယ်လင့်တကူ ယူသွားသည်။

အင်တာနက်အသုံးပြုသူများ - [Awesome!!]

ပရိတ်သတ်များ - [ဝူး..ဝူး.ဝူး... တခြားသူတွေက လက်ဆောင်အနေနဲ့ သူတို့ဆယ်လ်ဖီပုံတင်ကြတယ်။ ငါတို့ကတော့ အေးစက်တဲ့ သတ်ဖြတ်မှု ဗီဒီယိုကို ကြည့်နေရတယ်]

***
တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်မှာ ပေါ့ပါးလွယ်ကူပြီး ပျော်စရာကောင်းလှသည်။ ထိုကဲ့သို့ စိတ်သက်သောင့်သက်သာဖြစ်စေသော ရှိုးအစီအစဉ်ကို ကောင်းမေလင်က ရှန့်ချောင်ကို ဘယ်ခံစားခွင့်ပြုမလဲ? ထို့ကြောင့် နှစ်ရက်အကြာတွင် ဖန်းပိုင်က ရိုက်ကူးရှိရာဆီ မျက်နှာမဲမှောင်လျက် ရောက်လာပြန်သည်။

"ကြယ်ပွင့်ပြိုင်ပွဲ?"

လက်ရှိ Variety show အစီအစဉ်နာမည်များမှာ ပို၍ ပို၍ ဖန်စီကျလာသည်ဟု ရှန့်ချောင် ခံစားရသည်။

"နင် ငါ့ကို ဘယ်ပြိုင်ပွဲမှာ စာရင်းပေးထားတာလဲ?"

"မီတာရှစ်ရာ အပြေးပြိုင်ပွဲ"

"......"

"......."

သူမ မသေမချင်း ကောင်းမေလင်က အလျှော့ပေးမည်မဟုတ်မှန်း ရှန့်ချောင် နားလည်လိုက်သည်။

သူတို့စကားသံကို ကြားလိုက်သည့် လူအချို့မှာ မျက်နှာပေါ်တွင် ဒေါသထွက်သည့် အရိပ်အယောင်ပေါ်ထွက်လာပြီး ဖန်းပိုင်ကို ရန်လိုသည့်ပုံစံဖြင့် ကြည့်လာသည်။ ဖန်းပိုင်သည်လည်း နစ်နာသူမို့

"ဒီတစ်ခေါက် ကျွန်တော်တို့ နိုင်ငံခြားထွက်စရာမလိုဘူး၊ ပြည်တွင်းကစားကွင်းတခုမှာ လုပ်မှာ၊ ပြိုင်ပွဲက လွဲရင် ကျန်တာက အတော်လေးလွယ်တယ်"

ဒေါသထွက်နေသည့်မျက်နှာများရှေ့တွင် ရှန့်ချောင် လက်ဝှေ့ရမ်းလိုက်သည်။

"ငါ့ခန္ဓာကိုယ်အနေအထားအရ သေချာပေါက် ပထမအဆင့်မှာတင် ပြုတ်မှာ၊ ငါ ခရီးထွက်တယ်လို့ သဘောထားပြီး ချက်ချင်း ပြန်လာခဲ့မယ်"

လိုအပ်သည်များကို ထုတ်ပိုးပြီးနောက် ရှန့်ချောင် ဖန်းပိုင်နောက်မှ လိုက်လာသည်။

ကားထဲရောက်သည်နှင့် သူမ၏ တရားဝင်ဖန်ကလပ်အကောင့်ကို ဝင်ကာ "ကြယ်ပွင့်ပြိုင်ပွဲ" အစီအစဉ်အကြောင်း ကြေငြာလိုက်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသည့် ပရိသတ်များက နောက်ကောက်မကျစေရန် အလျှင်အမြန် ကွန်မန့်ပေးလာသည်။

[ငါတို့ နောက်ဆုံးနေရာကို မျှော်မှန်းထားတယ်]

[ပထမဆုံးအဆင့်မှာ ပြုတ်ဖို့ ကြိုးစားရမယ်]

[ဒီတရားဝင်ဖန်အကောင့်က ဟို အမှိုက်သရိုက်ကုမ္ပဏီက ကိုင်တာမဟုတ်ဘူးမလား? ဒီမှာ လာပြီး ကျိန်ဆဲလို့ရလား?]

[သူငယ်ချင်းလေးတို့ မဆူနဲ့၊ မကျိန်ဆဲနဲ့၊ ဒီတရားဝင်အကောင့်က ချောင်ချောင်ရဲ့ စီနီယာဖန်တစ်ယောက် ကိုင်ထားတာ၊ ရှင်းယောင်နဲ့ ဘာမှ မဆိုင်ဘူး]

[ပြောရရင် ချောင်ချောင်အတွက် အကောင်းဆုံး အထောက်အပံ့ဖြစ်အောင် လုပ်ပေးရမယ်၊ တခြားဖန်တွေအားလုံးက သူတို့သရုပ်ဆောင်ကို အားပေးဖို့ သွားကြပြီ၊ ချောင်ချောင်သာ ငါတို့ကို မတွေ့ရင် ဘယ်လောက်ဝမ်းနည်းနေမလဲ?]

[တချို့က အခုမှ စဝင်လာတာဆိုတော့ ချောင်အင်အားက တအား ပြန့်ကျဲနေတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် အစီအစဉ်ဆွဲကြရအောင်]

***
တရားဝင်အကောင့်ရှိ ကွန်မန့်များကို ရှန့်ချောင် လိုက်ဖတ်ပြီးနောက် စိတ်လှုပ်ရှားသွားရသည်။ သို့သော် သူမပရိသတ်များ ပြောသလိုပင် ချောင်အင်အားက ပြန့်ကျဲလွန်းနေကာ တချို့က လောလောလတ်လတ်ပါဝင်လာသည်မို့ စုစည်းမှုမရှိသေးချေ။ လက်ရှိအခြေအနေမှာ ပရိသတ်အများစုမှာ ဖြတ်သွားဖြတ်လာများသာဖြစ်ပြီး ဒီဖြတ်သွားဖြတ်လာပရိသတ်များကို သစ္စာရှိသည့် ဖန်များအဖြစ် ပြောင်းလဲယူနိုင်ပေသည်။ ရှန့်ချောင် စိတ်မလောပေ။

အုပ်ချုပ်ရေးအဖွဲ့က အစီအစဉ်ကို စတင်ဆွေးနွေးပြီးနောက် "ရှန့်ချောင် ကြယ်ပွင့်ပြိုင်ပွဲ" ဟုအမည်ရသော QQ အဖွဲ့ကို ခပ်မြန်မြန်ဖွဲ့စည်းလိုက်ကာ ချာချာနှင့် ချောင်မိုင်ကိုပါ အဖွဲ့ထဲ ထည့်လိုက်သည်။ ကောင်းသောအချက်တစ်ခုမှာ သူတို့က တမြို့ထဲမှဖြစ်တာမို့ ပို၍ အဆင်ပြေသွားစေသည်။

[အဖွဲ့လိုက်လှုပ်ရှားမှုအစီအစဉ်ကို ခဏနေကျရင် တရားဝင်အကောင့်မှာ ငါ ကြေငြာမယ်၊ နင်က ပရိသတ်တွေကို စုစည်းမဲ့တာဝန်ယူ။ ဒီခရီးစဉ်က ရုတ်တရက်ဆန်လွန်းတော့ တမြို့ထဲက ပရိသတ်တွေပဲ တက်နိုင်လိမ့်မယ်၊ ချာ... နောက်ဆုံးတစ်ခေါက်က ပြင်ဆင်ခိုင်းထားတဲ့ ဆိုင်းဘုတ်တွေ အဆင်သင့်ဖြစ်ပြီလား?]

[အစောင် ၅၀၀၊ အကုန်အဆင်သင့်!!]

[အိုကေ၊ ငါ ခဏနေကျရင် ခရီးစဉ်ကို နင့်ဆီ ပို့လိုက်မယ်၊ မနက်ဖြန်ကျရင် အားလုံးရောက်လာချိန်ကျ စုရပ်တခုသတ်မှတ်ပြီး အားလုံးစီစဉ်ပြီး ဝေပေး။ ပြီးတော့ အစီအစဉ်မှာ ပါဝင်ချင်တဲ့ လူအရေအတွက်စာရင်းကောက်လိုက်၊ ဒါမှ သူတို့ကိုယ်တိုင် လက်မှတ်ဝယ်စရာမလိုမှာ၊ ငါက ပွဲစီစဉ်သူကို ဆက်သွယ်ပြီး အုပ်စုလိုက်လက်မှတ် ဘိုကင်လုပ်လိုက်မယ်၊ ဒါမှ အားပေးဖို့ ထိုင်ခုံစုတာ ပိုအဆင်ပြေသွားမယ်]

[ချောင်မိုင်၊ နင်က လေဆိပ်နဲ့ အမြန်ရထားဂိတ်ကနေ ပွဲကျင်းပမဲ့ အားကစားကွင်းဆီ သွားရမဲ့ မြေပုံဆွဲပေးပြီး ဘတ်စ်ကားစီးရမဲ့လမ်းနဲ့ ရထားလမ်းအတွက် ပြင်ဆင်ပေး၊ တခြားနေရာက လာမဲ့ ပရိသတ်တွေရှိရင် လမ်းမပျောက်အောင်]

[ကောင်းပြီ!! ငါ စလုပ်နေပြီ!!]

[နောက်ပြီး ပြည်တွင်းက နာမည်ကြီးမုန့်တွေနဲ့ နာမည်ကျော်နေရာတွေအတွက်လည်း လမ်းညွှန်လုပ်ပေး၊ တချို့ ပရိသတ်တွေ အစီအစဉ်မှာ ပါဝင်ပြီးရင် သွားလည်လို့ရအောင်၊ လမ်းညွှန်ရှိတော့ ပိုအဆင်ပြေတာပေါ့]

[အိုကေ]

ရှန့်ချောင် အနည်းငယ်တွေးတောကာ ထပ်ပေါင်းထည့်လိုက်သည်။

[ခုရက်ပိုင်း ပရိသတ်အရေအတွက် အရမ်းတိုးလာတော့ တရားဝင်ဖန်ကလပ်ကို ကိုင်တွယ်တာမှာ နည်းနည်းအခက်အခဲရှိလာတယ်၊ ငါ သိပ်မကြာခင် နောက်ထပ် အစီအစဉ်အသစ်တခုဆွဲမယ်]

နှစ်ယောက်လုံး ပြန်ဖြေလိုက်ကာ ဥက္ကဌက ရိုးရှင်းသည့်စကားလုံးများသာ သုံးသွားခဲ့သော်လည်း အံ့ဩဖွယ်ကောင်းစွာပင် အားအင်နှင့် လွှမ်းမိုးနိုင်စွမ်းကို ခံစားရသည်။

အစည်းအဝေးပြီးသည်နှင့် သူမအား နောက်ဆုံးအကြိမ် ကော်ဇောနီပေါ် ဓါတ်ပုံရိုက်ပေးခဲ့သည့် ဓါတ်ပုံဆရာဆီ ရှန့်ချောင် ဆက်သွယ်လိုက်ကာ ဒီတစ်ခေါက်ခရီးစဉ်တွင် ဓါတ်ပုံရိုက်ပေး၍ ရ မရ မေးမြန်းလိုက်သည်။

ဓါတ်ပုံဆရာက ချက်ချင်းသဘောတူညီလာကာ သူမထံဆက်သွယ်လာသူမှာ ရှန့်ချောင် တရားဝင်ဖန်ကလပ်၏ ဥက္ကဌဟု ယူဆတာမို့ သူမက ဆိုလာသည်။

[နင့်မိသားစုရဲ့ အိုင်ဒေါလ်က အရမ်းသဘောကောင်းတာပဲ၊ ငါ ဖြတ်သွားဖြတ်လာဖန် ဖြစ်နေပြီ]

[ရှန့်ချောင်က သန်မာဖို့ ကြိုးစားနေတယ် - တကယ်လား? ဒါဆို ဒီတစ်ခေါက်လဲ ငါတို့ချောင်ချောင်ကို ပုံလှလှလေးတွေ ရိုက်ပေးဖို့ တောင်းဆိုပါတယ်]

[စိတ်မပူနဲ့]

ရှန့်ချောင်၏ တရားဝင်အကောင့်မှ သူတို့၏ လှုပ်ရှားမှုကို ကြေငြာလာပြီး ကြယ်ပွင့်ပြိုင်ပွဲ၏ တရားဝင်အကောင့်ကလည်း ခပ်မြန်မြန်ကြေငြာကာ သူတို့ပါဝင်မှုကို ကြိုဆိုလိုက်သည်။ ပရိုဂရမ်အဖွဲ့သားများက ဒီပြိုင်ပွဲအတွက် နှစ်လတိတိကြိုတင်ပြင်ဆင်ခဲ့ခြင်းဖြစ်ကာ အစောပိုင်း ပါဝင်မည့် အနုပညာရှင်များစာရင်းတွင် ရှန့်ချောင် မပါဝင်ပေ။ မနေ့ကမှသာ ပရိုဂရမ်အဖွဲ့က ထည့်သွင်းလိုက်ခြင်းကြောင့် ရှန့်ချောင် ပါဝင်လာခြင်းဖြစ်သည်။

ဒီအစီအစဉ်က ပုံမှန်အားဖြင့် ပွဲဦးထွက်ခါစ အနုပညာရှင်အသစ်များအတွက် ရည်ရွယ်ထားခြင်းဖြစ်ပြီး ဒီအသစ်များက နာမည်မကြီးသေးကာ သူတို့မျက်နှာ တခါပြခွင့်ရရေးသည်ပင် မလွယ်ကူလှ။ ဒါရိုက်တာအဖွဲ့ခမျာ မီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် ပါဝင်ရန် မူလက စီစဉ်ထားသည့် လူသစ်တစ်ယောက်ကိုသာ ထုတ်ပယ်ရန် တတ်နိုင်သည်။

တက်သစ်စအနုပညာရှင်ခမျာ ဒီသတင်းကိုကြားချိန်တွင် သူ့မန်နေဂျာရုံးခန်းထဲ တစ်နာရီနီးပါး ငိုကြွေးခဲ့သည်။

ဒီအကြောင်းကို ရှန့်ချောင်မသိသလို သိခဲ့လျှင် သူမသည်လည်း ငိုမိမည်ပင်။

ရိုက်ကူးရေးကား မနက်ဖြန်တွင် စတင်မည်ဖြစ်သည်။ ရှန့်ချောင် ရောက်ရှိလာချိန်တွင် ပရိုဂရမ်အဖွဲ့က အားကစားကွင်းအနားတွင် သူမအတွက် အခန်းတစ်ခန်း စီစဉ်ပေးထားသည်။ ညနေဘက်တွင် ခေတ္တအနားယူပြီးနောက် သူမ ရီဟာဇယ်အတွက် ချက်ချင်း ထွက်လာသည်။

***
ဒီအစီအစဉ်များက တက်သစ်စများအတွက် စီစဉ်ထားသည်ဟု ဆိုသော်လည်း အချို့မှာ ပရိသတ်များ ရှိနှင့်ပြီးဖြစ်သည်။ ရှန့်ချောင် ဟိုတယ်ထဲမှ ထွက်လာချိန်တွင် ပရိသတ်အုပ်စုတစ်စုက တစ်ယောက်ချင်းစီတွင် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဟိုတယ်အဝင်ဝတွင် စောင့်ဆိုင်းနေပြီး အများစုမှာ အပြာရောင်ဖြစ်သည်။ ရှန့်ချောင် တစ်ချက်လှမ်းကြည့်ကာ ဆိုင်းဘုတ်ပေါ်ရှိနာမည်မှာ ယွဲ့ရှုယန်။

သူမ ဒီနာမည်ကို မြင်ဖူးနေပြီး ဒါက အနည်းငယ် ကျော်ကြားတဲ့ အိုင်ဒေါလ်အဖွဲ့၏ အဖွဲ့ဝင်တစ်ယောက်နာမည်ဖြစ်သည်။ သိပ်မကြာခင်က အဖွဲ့ဖျက်သိမ်းခဲ့ကာ ယွဲ့ရှုယန်က ကုမ္ပဏီအသစ်ဖြင့် စာချုပ်ချုပ်ပြီး Solo artist ဖြစ်လာခဲ့သည်။

အဝင်ဝရှိအပြာရောင်ထွန်းညှိထားသော ဆိုင်းဘုတ်များက တခြားပရိသတ်များ၏ အဖွဲ့အရောင်ကို လွှမ်းမိုးသွားသည်။

ရှန့်ချောင် ထွက်လာသည်ကို မြင်သည်နှင့် အချို့မှာ မစောင့်နိုင်တော့ပဲ သူမကို လှမ်းမေးသည်။

"ရှောင်ချောင်၊ ရှင် ကျွန်မတို့မိသားစုရဲ့ ရှုယန်ကို တွေ့မိသေးလား? သူ ထွက်သွားပြီလား?"

"ကျွန်မ မသိဘူး၊ သူ့ကို မတွေ့မိဘူး"

ရှန့်ချောင် ခြေလှမ်းတုံ့ကာ ရပ်လိုက်ပြီး သူတို့ကို ပြန်ဖြေသည်။

"အခုချိန်က အရမ်းနောက်ကျပြီး အပြင်မှာအေးတယ်၊ နင်တို့ အရင်ပြန်တာကောင်းမယ်"

ဆောင်းရာသီ၏ လေမှာ လူ့အသားအရေကို ကျိန်းစပ်စေပြီး လူတိုင်းက အအေးဒဏ်ကြောင့် တုန်ယင်နေမှန်း သူမ မြင်နေရသည်။ သို့သော် ပရိသတ်များက ခေါင်းယမ်းကာ

"ငါတို့ သူထွက်လာတဲ့ထိ စောင့်ရမယ်"

ထိုခေါင်းမာပြီး မျှော်လင့်တကြီးနဲ့ မျက်ဝန်းတွေကို လူအားလုံးထက်ပိုပြီး ရှန့်ချောင်က နားလည်နိုင်ပေသည်။ ထို့ကြောင့် သူမ ထပ်မဖြောင့်ဖျတော့ပဲ

"ငါ အားကစားရုံဆီ သွားမလို့၊ သူ ရောက်နေပြီလား ငါ ကူကြည့်ပေးမယ်"

သူမ ထိုသို့ပြောသည်ကို ကြားလိုက်သည်နှင့် ပရိသတ်များက ကျေးဇူးတင်စကား ဆိုလာကြသည်။

ရှန့်ချောင် အားကစားရုံဆီ လာသည်မှာ ရှားပါးလှပြီး သူမ ရုံထဲ ဝင်လိုက်ချိန်တွင် စိတ်အားတက်ကြွသလို ခံစားလိုက်ရသည်။ မီးအလင်းရောင်မှာ ထိန်ညီးနေကာ အထဲတွင် ရောက်နှင့်ပြီးဖြစ်သူများကို သူမ လှည့်ပတ်ကြည့်လိုက်သည်။ တခြားတဖက်တွင် အခြားသူများနှင့် စကားပြောနေသည့် ယွဲ့ရှုယန်ကို ရှန့်ချောင် လှမ်းမြင်လိုက်ကာ ဖန်းပိုင်ဘက်လှည့်ပြီး

"ဟိုတယ်ဆီ ပြန်သွားပြီး ယွဲ့ရှုယန်ရဲ့ ပရိသတ်တွေဆီ သူဒီမှာ ရောက်နေပြီလို့ ပြောလိုက်"

ဖန်းပိုင် မတ်တပ်ထကာ သဘောတူလိုက်သည်။ မည်သူမျှ သူမဆီ စကားလာမပြောတာမို့ ခုံပေါ်တွင် ရှန့်ချောင် တကိုယ်တည်းထိုင်နေသည်။ ရုံထဲရှိ လူတိုင်းမှာ တက်သစ်စများဖြစ်ကာ သူမကဲ့သို့ စီနီယာမှာ အနည်းငယ် အံခွင်ဝင်ကျ မဖြစ်သလို ခံစားနေရသည်။

ကံကောင်းစွာနှင့်ပင် ရီဟာဇယ်က သိပ်မကြာခင်တွင် စတင်လာပြီး ရှန့်ချောင်က ဒါရိုက်တာ၏အစီအစဉ်ကို ဂရုတစိုက်နားထောင်ကာ သူမ၏ အပိုင်းကို အမှားအယွင်းမရှိစေရန် လုပ်ဆောင်သည်။ ပရိုဂရမ်အဆုံးတွင် အဖွဲ့သားများက သူတို့အား ဟိုတယ်ဆီပြန်ပို့ရန် ဘတ်စ်ကားတစ်စီး စီစဉ်ပေးသည်။ ရှန့်ချောင် ဘတ်စ်ကားပေါ်တက်ပြီးချိန်တွင် ယွဲ့ရှုယန်က တခြားကားပေါ် တက်သွားသည်ကို မြင်လိုက်ရသည်။

ဟိုတယ်ရှေ့ရှိ ပရိသတ်များမှာမူ ဆက်လက်စောင့်ဆိုင်းနေကာ အပြာရောင်အလင်းမှာ တချက်တချက် လက်ခနဲ။ ဘတ်စ်ကားပေါ်ရှိ နောက်ဆုံး လူတစ်ယောက် ဆင်းလာချိန်ထိ ယွဲ့ရှုယန် မပါလာခြင်းက မျှော်လင့်တကြီး ကြည့်နေတဲ့ သူတို့မျက်ဝန်းတွေကို မှေးမှိန်သွားစေသည်။

ရှန့်ချောင်က သူတို့ဆီ လျှောက်လာကာ ဆိုလိုက်သည်။

"ယွဲ့ရှုယန်က တခြားကားပေါ်တက်သွားတယ်"

ပရိသတ်တစ်ယောက်က မေးခွန်းထုတ်သည်။

"ဒါဆို သူ ပြန်လာမှာလား?"

"ငါ မသိဘူး"

အချိန်ကား ည ၁၀နာရီ ကျော်ပြီဖြစ်ကာ အဆုံးတွင် ရှန့်ချောင်က သူတို့ကို ကိုယ်ချင်းစာလာသည်။

"မြန်မြန်ပြန်တော့၊ နင်တို့ မနက်ဖြန်ကျ သူ့ကို အားကစားရုံမှာ တွေ့လို့ရတယ်"

"ငါတို့ သူ့ကို အလုပ်အပို့အကြိုလုပ်ဖို့ သဘောတူထားတယ်၊ ဒါ ငါတို့ သူနဲ့ သဘောတူထားတာ"

"ဟုတ်တယ်၊ ဟုတ်တယ်၊ ငါ ဒီနေ့အလုပ်ပျက်ပြီးပြီဆိုတော့ ထပ်ပျက်လို့ မဖြစ်ဘူး"

ပရိသတ်အသိုင်းအဝိုင်းထဲတွင် ပရိသတ်များက အနုပညာရှင်များ သူတို့နှင့် တွေ့ဖို့နောက်ကျလျှင်ပင် နားလည်ပေးလေ့ရှိသည်။ အနုပညာရှင်များထံတွင် ဦးစားပေးလုပ်ရမည့် အစီအစဉ်များ၊ ရိုက်ကူးရေးများ ရှိနေသည်မလား။

"သူက တခုခုကြောင့် နောက်ကျနေတာ ဖြစ်မှာ၊ ခဏနေကျရင် ကျိန်းသေ ပြန်လာမှာ"

"ဟုတ်တယ်၊ စောင့်ရအောင်"

ရှန့်ချောင် စကားထပ်မဆိုနိုင်တော့တာမို့ ဟိုတယ်ထဲ ဝင်လာပြီးနောက် ကောင်တာအဝင်ဝရှိ တာဝန်ရှိသူကို အကူအညီတောင်းလိုက်သည်။

"အပြင်မှာရှိတဲ့ ပရိသတ်တွေဆီ ရေနွေးပို့ပေးလို့ ရမလား?"

မန်နေဂျာက ခေါင်းညိတ်ကာ လက်ခံသည်။

သူမ ဓါတ်လှေကားထဲ ဝင်ကာ ဖန်းပိုင်က သူမအခန်းဆီ ပြန်ပို့ပေးပြီးနောက် ထွက်ခွါသွားသည်။ ရှန့်ချောင် ရေချိုးပြီးနောက် သူမ၏ QQ ကို ဖွင့်ချိန်တွင် ဂရုထဲ လူတစ်ရာကျော်ရှိနေမှန်း မြင်လိုက်ရသည်။

ဒီအစီအစဉ်၏ ဧည့်သရုပ်ဆောင်များမှာ တက်သစ်စများဖြစ်ပြီး သူတို့၏ ပရိသတ်အင်အားမှာ နည်းပါးသည်မို့ လက်မှတ်ကြိုဝယ်စရာမလိုသလို လက်မှတ်လုစရာလဲ မလိုပေ။ မနက်ဖြန်အစီအစဉ်အတွက် လာရောက်လိုသည့် လူအရေအတွက်ကို ချာချာက အတည်ပြုပြီးဖြစ်ကာ လက်မှတ်ဖိုးကို ကောက်ခံပြီး ရှန့်ချောင်ဆီ လွှဲပေးပြီးဖြစ်သည်။ ထို့နောက် ရှန့်ချောင်က ဖန်းပိုင်ဆီ တိုက်ရိုက်ပို့လိုက်ကာ ယနေ့ညတွင် လက်မှတ်ဝယ်ခိုင်းလိုက်သည်။

အားလုံးလုပ်ပြီးချိန်မှ သူမ၏ တရားဝင်အကောင့်ထံ ဝင်ရောက်ကာ ပို့စ်တင်လိုက်သည်။ သူမပရိသတ်များ အားကြိုးမာန်တက် ကွန်မန့်ပေးနေသည်ကို မြင်ကာ ဟိုတယ်အပြင်ဘက်ရှိ အေးခဲတုန်ယင်နေသည့် ပရိသတ်များကို သတိရသွားသည်။

ရှန့်ချောင် အချိန်ကို ကြည့်လိုက်ချိန်တွင် ၁၁နာရီ ကျော်နေလေပြီ။ သူမ ပြတင်းပေါက်တွန်းဖွင့်ကာ ပေါက်ငုံကြည့်လိုက်လျှင် အပြာရောင်မီးရောင် မှိတ်တုတ်မှိတ်တုတ်လင်းနေသည်ကို မြင်နေရဆဲ။ ရှန့်ချောင် သက်ပြင်းချကာ မတ်တပ်ထရပ်လိုက်ပြီး ဂျက်ကတ်ဝတ်ပြီးနောက် အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။

သူမ အခန်းအပြင်ဘက်ဆီ ထွက်လိုက်သည်နှင့် ယွဲ့ရှုယန် ကော်ရစ်တာမှ ထွက်လာနေသည်ကို လှမ်းမြင်လိုက်ရသည်။

နှစ်ယောက်သား အချင်းချင်းကြည့်လိုက်ကာ အံ့ဩသွားကြသည်။ ယွဲ့ရှုယန်က သေချာပေါက် ရှန့်ချောင်ကို သိသည်ပင်။ စာချုပ်ဖျက်သိမ်းခြင်းကိစ္စက ပြဿနာကြီးဖြစ်ကာ သူတို့အချင်းချင်းသည်လည်း တိုးတိုးတိတ်တိတ် ဆွေးနွေးကြသည်မို့ လူနည်းစုကသာ ဒီဖြစ်ရပ်အကြောင်း မသိမည်ဖြစ်သည်။

ငယ်ရွယ်ပြီး ကျန်းမာသည့် ကောင်ကလေးများဖြစ်သည်နှင့်အညီ သူတို့အားလုံးက သူမ၏ အဝတ်မဲ့ဓါတ်ပုံများအကြောင်း စိတ်လှုပ်ရှားစွာဖြင့် သိလိုစိတ်ပြင်းပြနေကြသည်။ ထိုမျှသာမက သူမပတ်လည်ရှိ ကိစ္စရပ်များကြောင့် သူတို့အားလုံး ရှန့်ချောင်ကို အထင်အမြင်သေးကြသည်။

သို့သော် သူက အနုပညာလောကရှိ စည်းမျဉ်းများကို တလေးတစား လိုက်နာနေမြဲဖြစ်ကာ ရှန့်ချောင်ကို ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်သည်။

"စီနီယာရှန့်ချောင် ဟဲလို"

ရှန့်ချောင်ကမူ မျက်မှောင်ကြုတ်ကာ သူ့ကို မေးခွန်းထုတ်သည်။

"နင် ဘယ်က ဝင်လာတာလဲ?"

ယွဲ့ရှုယန် - "အရေးပေါ်လှေကားက"

ပြင်ပတွင် ပုံဖော်ထားသည့် သူ့ပုရိပ်နှင့် ကွဲပြားလှသည့် အရေးမစိုက်တတ်သည့် လူပင်။

ရှန့်ချောင် လှောင်ရယ်လိုက်သည်။

"နင့်ပရိသတ်တွေ အခုချိန်ထိ အပြင်မှာ နင့်ကို စောင့်နေတာ သိလား?"

ယွဲ့ရှုယန်၏ မျက်နှာမှာ ရှက်ရွံ့မှုကြောင့် နီမြန်းသွားပေမဲ့ သူမ၏ လှောင်ရယ်သံကြောင့် စိတ်ရှုပ်သွားသည်။ သူ့ပရိသတ်များ ဘာလုပ်လုပ်၊ ဘယ်ပဲ ရောက်နေနေ သူမ အပူမပါချေ။ ထို့ကြောင့် ခပ်တိုးတိုးဖြင့်

"ကျွန်တော်မသိဘူး၊ ကိစ္စမရှိရင် ကျွန်တော့်အခန်းအရင်ပြန်တော့မယ်"

သူ ခြေထောက်ကြွကာ လျှောက်ထွက်သွားဖို့ ပြင်ချိန်မှာပင် ရှန့်ချောင်က သူ့လက်မောင်းကို လှမ်းဆွဲလိုက်သည့်အားမှာ ကြီးလွန်းလှသဖြင့် ခါချ၍ပင်မရချေ။

ယွဲ့ရှုယန်က ဒေါသတကြီး ခေါင်းလှည့်လာကာ ကျိန်ဆဲတော့မည်အချိန်တွင် အေးစက်နေသည့်မျက်ဝန်းတို့ဖြင့် ထိပ်တိုက်ရင်ဆိုင်မိသည်။ သူမက မိတ်ကပ်မလိမ်းထားကာ လျှော်ပြီးကာစ ဆံနွယ်တို့က ပျော့ပျောင်းလျက်ရှိပြီး ရင်ဘတ်ပေါ်တွင် ပုံကျနေသည်။ သူမမျက်နှာက ဖြူဖွေးကာ ရှင်းသန့်နေသော်လည်း သူမမျက်ဝန်းအကြည့်တို့က အေးစက်နေသည်မှာ သူ့ကို ကြက်သီးမွှေးညှင်းထစေသည်အထိ။

သူမကို ကျိန်ဆဲပစ်ချင်သည့်စကားလုံးများမှာ သူ့လည်ချောင်းထဲ ဆို့နစ်သွားသည်။

ထိုအစား ရှန့်ချောင်၏ စကားတလုံးချင်းပြောလာသံကို ကြားလိုက်ရသည်။

"အခုချက်ချင်း အောက်ဆင်းပြီး နင့်ပရိသတ်တွေကို သွားနှုတ်ဆက်။ သူတို့ကို အိမ်စောစောပြန်ဖို့ ပြောပြီး ဘေးကင်းအောင် ဂရုစိုက်ဖို့ သွားပြော"

ရှန့်ချောင်၏ အမိန့်ပေးသည့်လေသံအောက်တွင် ယွဲ့ရှုယန်က ရုန်းကန်လိုက်ကာ သူမ၏လက်ကို ခါချသည်။

"ခင်များက သောက်ကျိုးနည်းရူးနေတာပဲ!! ကျွန်တော့်ပရိသတ်က ခင်များ အပူပါလား? သူတို့စောင့်ချင်သလောက်စောင့်၊ ကျွန်တော်စောင့်ခိုင်းတာမှ မဟုတ်တာ"

ရှန့်ချောင် သူ့ကို ကြည့်ကာ ရုတ်တရက်ရယ်မောလိုက်သည်။

"ယွဲ့ရှုယန်၊ ငါ မနက်ဖြန် နင့်ကို hot search ထဲ တက်အောင် လုပ်နိုင်တာ ယုံလား! ဒီလိုဆို နင့်ပရိသတ်တွေ နင့်မျက်နှာကို သေချာမြင်ရတာပေါ့"

ယွဲ့ရှုယန်၏မျက်နှာ ဖြူဖျော့သွားသည်။ သူအခုလေးတင် အပြင်ထွက်ပျော်လာကာ ဝိုင်အနည်းငယ်သောက်လာခဲ့တာမို့ သူ့ဒေါသကို မထိန်းလိုက်နိုင်ပဲ ရှန့်ချောင်ကြောင့် စိတ်လောကြီးသွားကာ မပြောသင့်သည်ကို ပြောမိသွားသည်။

သူအခုလေးတင်ပြောလိုက်သည်ကို ရှန့်ချောင်သာ သတင်းလွှင့်လိုက်လျှင် သူ့ပရိသတ်များ သူမကို ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ PR ဌာနမှာ ကျိန်းသေ ဒုက္ခများပေမည်။

သူ့တစ်ကိုယ်လုံး ဒေါသတို့ဖြင့် ပြည့်နှက်နေကာ ဒီည ဒီအရူးမိန်းမနှင့် တွေ့ရသည်မှာ ကံဆိုးလှသည်ဟု ခံစားရသော်လည်း သူ ဘာမှ မလုပ်နိုင်ချေ။ သူမထံ စူးစိုက်ကြည့်ပြီးနောက် သွားကြားမှ ညှစ်ထုတ်လာသည့်လေသံဖြင့်

"ကျွန်တော်သိပြီ၊ ကျွန်တော်အခုသွားမယ်"

သူပြန်လှည့်ကာ ခြေလှမ်းခပ်သွက်သွက်ဖြင့် ဓါတ်လှေကားထံ ဝင်လိုက်သည်။

ရှန့်ချောင် သူမလက်ချောင်းတွေကို ဖုန်ခါလိုက်ပြီးနောက် အခန်းထဲပြန်ဝင်ကာ တံခါးပြန်ပိတ်လိုက်သည်။ ထို့နောက် ပြတင်းပေါက်ဆီ တိုက်ရိုက်သွားကာ အောက်ငုံ့ကြည့်ချိန်တွင် အားပေးသံများ ထပ်မကြားရတော့ပဲ အပြာရောင်အလင်းမှာ လူစုကွဲသွားကာ တဖြည်းဖြည်းပျောက်ကွယ်သွားသည်။

သူမ စိတ်ချလက်ချဖြင့် အိပ်ရာပေါ်လှဲလိုက်ကာ မီးပိတ်လိုက်ပြီးနောက် အမှောင်ထုက ကြီးစိုးသွားသည်။

သူမပတ်လည်တွင် အမှောင်ထုရစ်သိုင်းလျက် လဲလျောင်းနေစဉ်တွင် ရှန့်ချောင် သူမ၏ အရင်ဘဝကို အမှတ်ရလိုက်သည်။

လေအေးထဲက အချိန်တွေ၊ နွေနေပြင်းပြင်းအောက်က ပြေးလွှားခဲ့ရချိန်တွေ။

ကံကောင်းစွာဖြင့်ပင် သူမသဘောကျရသူမှာ နူးညံ့ပြီး အရိုးရှင်းဆုံးနည်းလမ်းဖြင့် ကြင်နာတတ်သူဖြစ်ကာ သူမတို့၏ ကြိုက်နှစ်သက်မှုနှင့် သဘောကျမှုကို တုံ့ပြန်တတ်သူဖြစ်သည်။

****
နည်းနည်းနောက်ကျသွားတယ်။ သွေ့ပုချီ။

ဒါနဲ့ ဒီတလော လာမေးတာများနေလို့ပါ။ GTKWF ရော RRMY ရော paid group မရှိဘူးနော်။ ရှိတဲ့ အခြား paid group တွေလည်း အကုန်ပိတ်ထားပါတယ်။ မနိူင်တာမို့ ဖွင့်ဖို့ အစီအစဉ်လဲ မရှိဘူးရယ်။ ပုံမှန် မှန်မှန်လေးပဲ ဒီတိုင်း ဆက်သွားရအောင်နော်။

****







{Zawgyi}

အပိုင္း ၂၈ | နင့္ပရိသတ္ေတြကို နင့္မ်က္ႏွာ သြားျပလိုက္ဦး

Variety Show တြင္ ႏွစ္ရက္မၽွေနထိုင္ၿပီးေနာက္ ရွန့္ေခ်ာင္၏ စိတ္အေျခအေနမွာ မူလအတိုင္းျပန္ျဖစ္လာသည္။ သူမ၏အလွတရားမွာလည္း အရင္တိုင္းျပန္ျဖစ္လာကာ သူမမ်က္ႏွာက ေနာက္ထပ္အလွတန္ဖိုးတစ္ခု ထပ္တိုးလာသည္။ သူမ Weibo follower အေရအတြက္မွာ ေန႔စဥ္တိုးတက္ေနသည္ဟု ဆိုၾကကာ မၾကာမွီမွာပင္ 8 မီလီယံ ျပည့္သြားသည္။

[ခ်ာခ်ာက သူမထံ မက္ေဆ့ခ်္ပို႔လာသည္။ 'ဥကၠဌ၊ ပရိသတ္ 8 မီလီယံျပည့္တဲ့အတြက္ ေခ်ာင္ေခ်ာင္ဆီက လက္ေဆာင္ေတာင္းေပးပါလား၊ သူ႔နာမည္က တျဖည္းျဖည္းတက္ေနတာ၊ ပရိသတ္မ်ားတာ အေရးႀကီးတယ္!!]

ရွန့္ေခ်ာင္ စဥ္းစားကာ သေဘာတူလိုက္သည္။

ရွန့္ေခ်ာင္၏ Weibo acc ထံမွ ပိုစ့္အသစ္တက္လာဖို႔ ၾကာၾကာ မေစာင့္လိုက္ရေခ်။

@ShengQiao: Follower  ၈ မီလီယံျပည့္ အထိမ္းအမွတ္။ ဂိမ္းထဲ Penta kill ယူျပျခင္း

ေအာက္မွာ အတူတြဲတင္လာသည္မွာ Honor of kings မွ ဗီဒီယိုျဖစ္သည္။ ရွန့္ေခ်ာင္၏ ဟီးရိုးမွာ သူ႔အနီေရာင္အရိပ္ႏွင့္အတူ မည္သည္ကိုမွ အသက္ရွင္ခ်န္မထားေသာ အာကီ နတ္ဆိုးျဖစ္သည္။ သူမက က်ားတစ္ေကာင္လို လက္ရဲဇက္ရဲရွိကာ Penta kill ကို လြယ္လင့္တကူ ယူသြားသည္။

အင္တာနက္အသုံးျပဳသူမ်ား - [Awesome!!]

ပရိတ္သတ္မ်ား - [ဝူး..ဝူး.ဝူး... တျခားသူေတြက လက္ေဆာင္အေနနဲ႔ သူတို႔ဆယ္လ္ဖီပုံတင္ၾကတယ္။ ငါတို႔ကေတာ့ ေအးစက္တဲ့ သတ္ျဖတ္မွု ဗီဒီယိုကို ၾကည့္ေနရတယ္]

***
တိုက္ရိုက္ထုတ္လႊင့္မွုအစီအစဥ္မွာ ေပါ့ပါးလြယ္ကူၿပီး ေပ်ာ္စရာေကာင္းလွသည္။ ထိုကဲ့သို႔ စိတ္သက္ေသာင့္သက္သာျဖစ္ေစေသာ ရွိုးအစီအစဥ္ကို ေကာင္းေမလင္က ရွန့္ေခ်ာင္ကို ဘယ္ခံစားခြင့္ျပဳမလဲ? ထို႔ေၾကာင့္ ႏွစ္ရက္အၾကာတြင္ ဖန္းပိုင္က ရိုက္ကူးရွိရာဆီ မ်က္ႏွာမဲေမွာင္လ်က္ ေရာက္လာျပန္သည္။

"ၾကယ္ပြင့္ၿပိဳင္ပြဲ?"

လက္ရွိ Variety show အစီအစဥ္နာမည္မ်ားမွာ ပို၍ ပို၍ ဖန္စီက်လာသည္ဟု ရွန့္ေခ်ာင္ ခံစားရသည္။

"နင္ ငါ့ကို ဘယ္ၿပိဳင္ပြဲမွာ စာရင္းေပးထားတာလဲ?"

"မီတာရွစ္ရာ အေျပးၿပိဳင္ပြဲ"

"......"

"......."

သူမ မေသမခ်င္း ေကာင္းေမလင္က အေလၽွာ့ေပးမည္မဟုတ္မွန္း ရွန့္ေခ်ာင္ နားလည္လိုက္သည္။

သူတို႔စကားသံကို ၾကားလိုက္သည့္ လူအခ်ိဳ႕မွာ မ်က္ႏွာေပၚတြင္ ေဒါသထြက္သည့္ အရိပ္အေယာင္ေပၚထြက္လာၿပီး ဖန္းပိုင္ကို ရန္လိုသည့္ပုံစံျဖင့္ ၾကည့္လာသည္။ ဖန္းပိုင္သည္လည္း နစ္နာသူမို႔

"ဒီတစ္ေခါက္ ကၽြန္ေတာ္တို႔ နိုင္ငံျခားထြက္စရာမလိုဘူး၊ ျပည္တြင္းကစားကြင္းတခုမွာ လုပ္မွာ၊ ၿပိဳင္ပြဲက လြဲရင္ က်န္တာက အေတာ္ေလးလြယ္တယ္"

ေဒါသထြက္ေနသည့္မ်က္ႏွာမ်ားေရွ႕တြင္ ရွန့္ေခ်ာင္ လက္ေဝွ႕ရမ္းလိုက္သည္။

"ငါ့ခႏၶာကိုယ္အေနအထားအရ ေသခ်ာေပါက္ ပထမအဆင့္မွာတင္ ျပဳတ္မွာ၊ ငါ ခရီးထြက္တယ္လို႔ သေဘာထားၿပီး ခ်က္ခ်င္း ျပန္လာခဲ့မယ္"

လိုအပ္သည္မ်ားကို ထုတ္ပိုးၿပီးေနာက္ ရွန့္ေခ်ာင္ ဖန္းပိုင္ေနာက္မွ လိုက္လာသည္။

ကားထဲေရာက္သည္ႏွင့္ သူမ၏ တရားဝင္ဖန္ကလပ္အေကာင့္ကို ဝင္ကာ "ၾကယ္ပြင့္ၿပိဳင္ပြဲ" အစီအစဥ္အေၾကာင္း ေၾကျငာလိုက္သည္။ တိုက္ရိုက္ထုတ္လႊင့္မွုကို ၾကည့္ရွုေနသည့္ ပရိသတ္မ်ားက ေနာက္ေကာက္မက်ေစရန္ အလၽွင္အျမန္ ကြန္မန့္ေပးလာသည္။

[ငါတို႔ ေနာက္ဆုံးေနရာကို ေမၽွာ္မွန္းထားတယ္]

[ပထမဆုံးအဆင့္မွာ ျပဳတ္ဖို႔ ႀကိဳးစားရမယ္]

[ဒီတရားဝင္ဖန္အေကာင့္က ဟို အမွိုက္သရိုက္ကုမၸဏီက ကိုင္တာမဟုတ္ဘူးမလား? ဒီမွာ လာၿပီး က်ိန္ဆဲလို႔ရလား?]

[သူငယ္ခ်င္းေလးတို႔ မဆူနဲ႔၊ မက်ိန္ဆဲနဲ႔၊ ဒီတရားဝင္အေကာင့္က ေခ်ာင္ေခ်ာင္ရဲ့ စီနီယာဖန္တစ္ေယာက္ ကိုင္ထားတာ၊ ရွင္းေယာင္နဲ႔ ဘာမွ မဆိုင္ဘူး]

[ေျပာရရင္ ေခ်ာင္ေခ်ာင္အတြက္ အေကာင္းဆုံး အေထာက္အပံ့ျဖစ္ေအာင္ လုပ္ေပးရမယ္၊ တျခားဖန္ေတြအားလုံးက သူတို႔သ႐ုပ္ေဆာင္ကို အားေပးဖို႔ သြားၾကၿပီ၊ ေခ်ာင္ေခ်ာင္သာ ငါတို႔ကို မေတြ႕ရင္ ဘယ္ေလာက္ဝမ္းနည္းေနမလဲ?]

[တခ်ိဳ႕က အခုမွ စဝင္လာတာဆိုေတာ့ ေခ်ာင္အင္အားက တအား ျပန့္က်ဲေနတယ္၊ ဘယ္လိုပဲျဖစ္ျဖစ္ အစီအစဥ္ဆြဲၾကရေအာင္]

***
တရားဝင္အေကာင့္ရွိ ကြန္မန့္မ်ားကို ရွန့္ေခ်ာင္ လိုက္ဖတ္ၿပီးေနာက္ စိတ္လွုပ္ရွားသြားရသည္။ သို႔ေသာ္ သူမပရိသတ္မ်ား ေျပာသလိုပင္ ေခ်ာင္အင္အားက ျပန့္က်ဲလြန္းေနကာ တခ်ိဳ႕က ေလာေလာလတ္လတ္ပါဝင္လာသည္မို႔ စုစည္းမွုမရွိေသးေခ်။ လက္ရွိအေျခအေနမွာ ပရိသတ္အမ်ားစုမွာ ျဖတ္သြားျဖတ္လာမ်ားသာျဖစ္ၿပီး ဒီျဖတ္သြားျဖတ္လာပရိသတ္မ်ားကို သစၥာရွိသည့္ ဖန္မ်ားအျဖစ္ ေျပာင္းလဲယူနိုင္ေပသည္။ ရွန့္ေခ်ာင္ စိတ္မေလာေပ။

အုပ္ခ်ဳပ္ေရးအဖြဲ႕က အစီအစဥ္ကို စတင္ေဆြးေႏြးၿပီးေနာက္ "ရွန့္ေခ်ာင္ ၾကယ္ပြင့္ၿပိဳင္ပြဲ" ဟုအမည္ရေသာ QQ အဖြဲ႕ကို ခပ္ျမန္ျမန္ဖြဲ႕စည္းလိုက္ကာ ခ်ာခ်ာႏွင့္ ေခ်ာင္မိုင္ကိုပါ အဖြဲ႕ထဲ ထည့္လိုက္သည္။ ေကာင္းေသာအခ်က္တစ္ခုမွာ သူတို႔က တၿမိဳ႕ထဲမွျဖစ္တာမို႔ ပို၍ အဆင္ေျပသြားေစသည္။

[အဖြဲ႕လိုက္လွုပ္ရွားမွုအစီအစဥ္ကို ခဏေနက်ရင္ တရားဝင္အေကာင့္မွာ ငါ ေၾကျငာမယ္၊ နင္က ပရိသတ္ေတြကို စုစည္းမဲ့တာဝန္ယူ။ ဒီခရီးစဥ္က ႐ုတ္တရက္ဆန္လြန္းေတာ့ တၿမိဳ႕ထဲက ပရိသတ္ေတြပဲ တက္နိုင္လိမ့္မယ္၊ ခ်ာ... ေနာက္ဆုံးတစ္ေခါက္က ျပင္ဆင္ခိုင္းထားတဲ့ ဆိုင္းဘုတ္ေတြ အဆင္သင့္ျဖစ္ၿပီလား?]

[အေစာင္ ၅၀၀၊ အကုန္အဆင္သင့္!!]

[အိုေက၊ ငါ ခဏေနက်ရင္ ခရီးစဥ္ကို နင့္ဆီ ပို႔လိုက္မယ္၊ မနက္ျဖန္က်ရင္ အားလုံးေရာက္လာခ်ိန္က် စုရပ္တခုသတ္မွတ္ၿပီး အားလုံးစီစဥ္ၿပီး ေဝေပး။ ၿပီးေတာ့ အစီအစဥ္မွာ ပါဝင္ခ်င္တဲ့ လူအေရအတြက္စာရင္းေကာက္လိုက္၊ ဒါမွ သူတို႔ကိုယ္တိုင္ လက္မွတ္ဝယ္စရာမလိုမွာ၊ ငါက ပြဲစီစဥ္သူကို ဆက္သြယ္ၿပီး အုပ္စုလိုက္လက္မွတ္ ဘိုကင္လုပ္လိုက္မယ္၊ ဒါမွ အားေပးဖို႔ ထိုင္ခုံစုတာ ပိုအဆင္ေျပသြားမယ္]

[ေခ်ာင္မိုင္၊ နင္က ေလဆိပ္နဲ႔ အျမန္ရထားဂိတ္ကေန ပြဲက်င္းပမဲ့ အားကစားကြင္းဆီ သြားရမဲ့ ေျမပုံဆြဲေပးၿပီး ဘတ္စ္ကားစီးရမဲ့လမ္းနဲ႔ ရထားလမ္းအတြက္ ျပင္ဆင္ေပး၊ တျခားေနရာက လာမဲ့ ပရိသတ္ေတြရွိရင္ လမ္းမေပ်ာက္ေအာင္]

[ေကာင္းၿပီ!! ငါ စလုပ္ေနၿပီ!!]

[ေနာက္ၿပီး ျပည္တြင္းက နာမည္ႀကီးမုန့္ေတြနဲ႔ နာမည္ေက်ာ္ေနရာေတြအတြက္လည္း လမ္းညႊန္လုပ္ေပး၊ တခ်ိဳ႕ ပရိသတ္ေတြ အစီအစဥ္မွာ ပါဝင္ၿပီးရင္ သြားလည္လို႔ရေအာင္၊ လမ္းညႊန္ရွိေတာ့ ပိုအဆင္ေျပတာေပါ့]

[အိုေက]

ရွန့္ေခ်ာင္ အနည္းငယ္ေတြးေတာကာ ထပ္ေပါင္းထည့္လိုက္သည္။

[ခုရက္ပိုင္း ပရိသတ္အေရအတြက္ အရမ္းတိုးလာေတာ့ တရားဝင္ဖန္ကလပ္ကို ကိုင္တြယ္တာမွာ နည္းနည္းအခက္အခဲရွိလာတယ္၊ ငါ သိပ္မၾကာခင္ ေနာက္ထပ္ အစီအစဥ္အသစ္တခုဆြဲမယ္]

ႏွစ္ေယာက္လုံး ျပန္ေျဖလိုက္ကာ ဥကၠဌက ရိုးရွင္းသည့္စကားလုံးမ်ားသာ သုံးသြားခဲ့ေသာ္လည္း အံ့ဩဖြယ္ေကာင္းစြာပင္ အားအင္ႏွင့္ လႊမ္းမိုးနိုင္စြမ္းကို ခံစားရသည္။

အစည္းအေဝးၿပီးသည္ႏွင့္ သူမအား ေနာက္ဆုံးအႀကိမ္ ေကာ္ေဇာနီေပၚ ဓါတ္ပုံရိုက္ေပးခဲ့သည့္ ဓါတ္ပုံဆရာဆီ ရွန့္ေခ်ာင္ ဆက္သြယ္လိုက္ကာ ဒီတစ္ေခါက္ခရီးစဥ္တြင္ ဓါတ္ပုံရိုက္ေပး၍ ရ မရ ေမးျမန္းလိုက္သည္။

ဓါတ္ပုံဆရာက ခ်က္ခ်င္းသေဘာတူညီလာကာ သူမထံဆက္သြယ္လာသူမွာ ရွန့္ေခ်ာင္ တရားဝင္ဖန္ကလပ္၏ ဥကၠဌဟု ယူဆတာမို႔ သူမက ဆိုလာသည္။

[နင့္မိသားစုရဲ့ အိုင္ေဒါလ္က အရမ္းသေဘာေကာင္းတာပဲ၊ ငါ ျဖတ္သြားျဖတ္လာဖန္ ျဖစ္ေနၿပီ]

[ရွန့္ေခ်ာင္က သန္မာဖို႔ ႀကိဳးစားေနတယ္ - တကယ္လား? ဒါဆို ဒီတစ္ေခါက္လဲ ငါတို႔ေခ်ာင္ေခ်ာင္ကို ပုံလွလွေလးေတြ ရိုက္ေပးဖို႔ ေတာင္းဆိုပါတယ္]

[စိတ္မပူနဲ႔]

ရွန့္ေခ်ာင္၏ တရားဝင္အေကာင့္မွ သူတို႔၏ လွုပ္ရွားမွုကို ေၾကျငာလာၿပီး ၾကယ္ပြင့္ၿပိဳင္ပြဲ၏ တရားဝင္အေကာင့္ကလည္း ခပ္ျမန္ျမန္ေၾကျငာကာ သူတို႔ပါဝင္မွုကို ႀကိဳဆိုလိုက္သည္။ ပရိုဂရမ္အဖြဲ႕သားမ်ားက ဒီၿပိဳင္ပြဲအတြက္ ႏွစ္လတိတိႀကိဳတင္ျပင္ဆင္ခဲ့ျခင္းျဖစ္ကာ အေစာပိုင္း ပါဝင္မည့္ အႏုပညာရွင္မ်ားစာရင္းတြင္ ရွန့္ေခ်ာင္ မပါဝင္ေပ။ မေန႔ကမွသာ ပရိုဂရမ္အဖြဲ႕က ထည့္သြင္းလိုက္ျခင္းေၾကာင့္ ရွန့္ေခ်ာင္ ပါဝင္လာျခင္းျဖစ္သည္။

ဒီအစီအစဥ္က ပုံမွန္အားျဖင့္ ပြဲဦးထြက္ခါစ အႏုပညာရွင္အသစ္မ်ားအတြက္ ရည္ရြယ္ထားျခင္းျဖစ္ၿပီး ဒီအသစ္မ်ားက နာမည္မႀကီးေသးကာ သူတို႔မ်က္ႏွာ တခါျပခြင့္ရေရးသည္ပင္ မလြယ္ကူလွ။ ဒါရိုက္တာအဖြဲ႕ခမ်ာ မီတာ ၈၀၀ အေျပးၿပိဳင္ပြဲတြင္ ပါဝင္ရန္ မူလက စီစဥ္ထားသည့္ လူသစ္တစ္ေယာက္ကိုသာ ထုတ္ပယ္ရန္ တတ္နိုင္သည္။

တက္သစ္စအႏုပညာရွင္ခမ်ာ ဒီသတင္းကိုၾကားခ်ိန္တြင္ သူ႔မန္ေနဂ်ာ႐ုံးခန္းထဲ တစ္နာရီနီးပါး ငိုေႂကြးခဲ့သည္။

ဒီအေၾကာင္းကို ရွန့္ေခ်ာင္မသိသလို သိခဲ့လၽွင္ သူမသည္လည္း ငိုမိမည္ပင္။

ရိုက္ကူးေရးကား မနက္ျဖန္တြင္ စတင္မည္ျဖစ္သည္။ ရွန့္ေခ်ာင္ ေရာက္ရွိလာခ်ိန္တြင္ ပရိုဂရမ္အဖြဲ႕က အားကစားကြင္းအနားတြင္ သူမအတြက္ အခန္းတစ္ခန္း စီစဥ္ေပးထားသည္။ ညေနဘက္တြင္ ေခတၱအနားယူၿပီးေနာက္ သူမ ရီဟာဇယ္အတြက္ ခ်က္ခ်င္း ထြက္လာသည္။

***
ဒီအစီအစဥ္မ်ားက တက္သစ္စမ်ားအတြက္ စီစဥ္ထားသည္ဟု ဆိုေသာ္လည္း အခ်ိဳ႕မွာ ပရိသတ္မ်ား ရွိႏွင့္ၿပီးျဖစ္သည္။ ရွန့္ေခ်ာင္ ဟိုတယ္ထဲမွ ထြက္လာခ်ိန္တြင္ ပရိသတ္အုပ္စုတစ္စုက တစ္ေယာက္ခ်င္းစီတြင္ ဆိုင္းဘုတ္မ်ား ကိုင္ေဆာင္ကာ ဟိုတယ္အဝင္ဝတြင္ ေစာင့္ဆိုင္းေနၿပီး အမ်ားစုမွာ အျပာေရာင္ျဖစ္သည္။ ရွန့္ေခ်ာင္ တစ္ခ်က္လွမ္းၾကည့္ကာ ဆိုင္းဘုတ္ေပၚရွိနာမည္မွာ ယြဲ႕ရွုယန္။

သူမ ဒီနာမည္ကို ျမင္ဖူးေနၿပီး ဒါက အနည္းငယ္ ေက်ာ္ၾကားတဲ့ အိုင္ေဒါလ္အဖြဲ႕၏ အဖြဲ႕ဝင္တစ္ေယာက္နာမည္ျဖစ္သည္။ သိပ္မၾကာခင္က အဖြဲ႕ဖ်က္သိမ္းခဲ့ကာ ယြဲ႕ရွုယန္က ကုမၸဏီအသစ္ျဖင့္ စာခ်ဳပ္ခ်ဳပ္ၿပီး Solo artist ျဖစ္လာခဲ့သည္။

အဝင္ဝရွိအျပာေရာင္ထြန္းညႇိထားေသာ ဆိုင္းဘုတ္မ်ားက တျခားပရိသတ္မ်ား၏ အဖြဲ႕အေရာင္ကို လႊမ္းမိုးသြားသည္။

ရွန့္ေခ်ာင္ ထြက္လာသည္ကို ျမင္သည္ႏွင့္ အခ်ိဳ႕မွာ မေစာင့္နိုင္ေတာ့ပဲ သူမကို လွမ္းေမးသည္။

"ေရွာင္ေခ်ာင္၊ ရွင္ ကၽြန္မတို႔မိသားစုရဲ့ ရွုယန္ကို ေတြ႕မိေသးလား? သူ ထြက္သြားၿပီလား?"

"ကၽြန္မ မသိဘူး၊ သူ႔ကို မေတြ႕မိဘူး"

ရွန့္ေခ်ာင္ ေျခလွမ္းတုံ႔ကာ ရပ္လိုက္ၿပီး သူတို႔ကို ျပန္ေျဖသည္။

"အခုခ်ိန္က အရမ္းေနာက္က်ၿပီး အျပင္မွာေအးတယ္၊ နင္တို႔ အရင္ျပန္တာေကာင္းမယ္"

ေဆာင္းရာသီ၏ ေလမွာ လူ႔အသားအေရကို က်ိန္းစပ္ေစၿပီး လူတိုင္းက အေအးဒဏ္ေၾကာင့္ တုန္ယင္ေနမွန္း သူမ ျမင္ေနရသည္။ သို႔ေသာ္ ပရိသတ္မ်ားက ေခါင္းယမ္းကာ

"ငါတို႔ သူထြက္လာတဲ့ထိ ေစာင့္ရမယ္"

ထိုေခါင္းမာၿပီး ေမၽွာ္လင့္တႀကီးနဲ႔ မ်က္ဝန္းေတြကို လူအားလုံးထက္ပိုၿပီး ရွန့္ေခ်ာင္က နားလည္နိုင္ေပသည္။ ထို႔ေၾကာင့္ သူမ ထပ္မေျဖာင့္ဖ်ေတာ့ပဲ

"ငါ အားကစား႐ုံဆီ သြားမလို႔၊ သူ ေရာက္ေနၿပီလား ငါ ကူၾကည့္ေပးမယ္"

သူမ ထိုသို႔ေျပာသည္ကို ၾကားလိုက္သည္ႏွင့္ ပရိသတ္မ်ားက ေက်းဇူးတင္စကား ဆိုလာၾကသည္။

ရွန့္ေခ်ာင္ အားကစား႐ုံဆီ လာသည္မွာ ရွားပါးလွၿပီး သူမ ႐ုံထဲ ဝင္လိုက္ခ်ိန္တြင္ စိတ္အားတက္ႂကြသလို ခံစားလိုက္ရသည္။ မီးအလင္းေရာင္မွာ ထိန္ညီးေနကာ အထဲတြင္ ေရာက္ႏွင့္ၿပီးျဖစ္သူမ်ားကို သူမ လွည့္ပတ္ၾကည့္လိုက္သည္။ တျခားတဖက္တြင္ အျခားသူမ်ားႏွင့္ စကားေျပာေနသည့္ ယြဲ႕ရွုယန္ကို ရွန့္ေခ်ာင္ လွမ္းျမင္လိုက္ကာ ဖန္းပိုင္ဘက္လွည့္ၿပီး

"ဟိုတယ္ဆီ ျပန္သြားၿပီး ယြဲ႕ရွုယန္ရဲ့ ပရိသတ္ေတြဆီ သူဒီမွာ ေရာက္ေနၿပီလို႔ ေျပာလိုက္"

ဖန္းပိုင္ မတ္တပ္ထကာ သေဘာတူလိုက္သည္။ မည္သူမၽွ သူမဆီ စကားလာမေျပာတာမို႔ ခုံေပၚတြင္ ရွန့္ေခ်ာင္ တကိုယ္တည္းထိုင္ေနသည္။ ႐ုံထဲရွိ လူတိုင္းမွာ တက္သစ္စမ်ားျဖစ္ကာ သူမကဲ့သို႔ စီနီယာမွာ အနည္းငယ္ အံခြင္ဝင္က် မျဖစ္သလို ခံစားေနရသည္။

ကံေကာင္းစြာႏွင့္ပင္ ရီဟာဇယ္က သိပ္မၾကာခင္တြင္ စတင္လာၿပီး ရွန့္ေခ်ာင္က ဒါရိုက္တာ၏အစီအစဥ္ကို ဂ႐ုတစိုက္နားေထာင္ကာ သူမ၏ အပိုင္းကို အမွားအယြင္းမရွိေစရန္ လုပ္ေဆာင္သည္။ ပရိုဂရမ္အဆုံးတြင္ အဖြဲ႕သားမ်ားက သူတို႔အား ဟိုတယ္ဆီျပန္ပို႔ရန္ ဘတ္စ္ကားတစ္စီး စီစဥ္ေပးသည္။ ရွန့္ေခ်ာင္ ဘတ္စ္ကားေပၚတက္ၿပီးခ်ိန္တြင္ ယြဲ႕ရွုယန္က တျခားကားေပၚ တက္သြားသည္ကို ျမင္လိုက္ရသည္။

ဟိုတယ္ေရွ႕ရွိ ပရိသတ္မ်ားမွာမူ ဆက္လက္ေစာင့္ဆိုင္းေနကာ အျပာေရာင္အလင္းမွာ တခ်က္တခ်က္ လက္ခနဲ။ ဘတ္စ္ကားေပၚရွိ ေနာက္ဆုံး လူတစ္ေယာက္ ဆင္းလာခ်ိန္ထိ ယြဲ႕ရွုယန္ မပါလာျခင္းက ေမၽွာ္လင့္တႀကီး ၾကည့္ေနတဲ့ သူတို႔မ်က္ဝန္းေတြကို ေမွးမွိန္သြားေစသည္။

ရွန့္ေခ်ာင္က သူတို႔ဆီ ေလၽွာက္လာကာ ဆိုလိုက္သည္။

"ယြဲ႕ရွုယန္က တျခားကားေပၚတက္သြားတယ္"

ပရိသတ္တစ္ေယာက္က ေမးခြန္းထုတ္သည္။

"ဒါဆို သူ ျပန္လာမွာလား?"

"ငါ မသိဘူး"

အခ်ိန္ကား ည ၁၀နာရီ ေက်ာ္ၿပီျဖစ္ကာ အဆုံးတြင္ ရွန့္ေခ်ာင္က သူတို႔ကို ကိုယ္ခ်င္းစာလာသည္။

"ျမန္ျမန္ျပန္ေတာ့၊ နင္တို႔ မနက္ျဖန္က် သူ႔ကို အားကစား႐ုံမွာ ေတြ႕လို႔ရတယ္"

"ငါတို႔ သူ႔ကို အလုပ္အပို႔အႀကိဳလုပ္ဖို႔ သေဘာတူထားတယ္၊ ဒါ ငါတို႔ သူနဲ႔ သေဘာတူထားတာ"

"ဟုတ္တယ္၊ ဟုတ္တယ္၊ ငါ ဒီေန႔အလုပ္ပ်က္ၿပီးၿပီဆိုေတာ့ ထပ္ပ်က္လို႔ မျဖစ္ဘူး"

ပရိသတ္အသိုင္းအဝိုင္းထဲတြင္ ပရိသတ္မ်ားက အႏုပညာရွင္မ်ား သူတို႔ႏွင့္ ေတြ႕ဖို႔ေနာက္က်လၽွင္ပင္ နားလည္ေပးေလ့ရွိသည္။ အႏုပညာရွင္မ်ားထံတြင္ ဦးစားေပးလုပ္ရမည့္ အစီအစဥ္မ်ား၊ ရိုက္ကူးေရးမ်ား ရွိေနသည္မလား။

"သူက တခုခုေၾကာင့္ ေနာက္က်ေနတာ ျဖစ္မွာ၊ ခဏေနက်ရင္ က်ိန္းေသ ျပန္လာမွာ"

"ဟုတ္တယ္၊ ေစာင့္ရေအာင္"

ရွန့္ေခ်ာင္ စကားထပ္မဆိုနိုင္ေတာ့တာမို႔ ဟိုတယ္ထဲ ဝင္လာၿပီးေနာက္ ေကာင္တာအဝင္ဝရွိ တာဝန္ရွိသူကို အကူအညီေတာင္းလိုက္သည္။

"အျပင္မွာရွိတဲ့ ပရိသတ္ေတြဆီ ေရေႏြးပို႔ေပးလို႔ ရမလား?"

မန္ေနဂ်ာက ေခါင္းညိတ္ကာ လက္ခံသည္။

သူမ ဓါတ္ေလွကားထဲ ဝင္ကာ ဖန္းပိုင္က သူမအခန္းဆီ ျပန္ပို႔ေပးၿပီးေနာက္ ထြက္ခြါသြားသည္။ ရွန့္ေခ်ာင္ ေရခ်ိဳးၿပီးေနာက္ သူမ၏ QQ ကို ဖြင့္ခ်ိန္တြင္ ဂ႐ုထဲ လူတစ္ရာေက်ာ္ရွိေနမွန္း ျမင္လိုက္ရသည္။

ဒီအစီအစဥ္၏ ဧည့္သ႐ုပ္ေဆာင္မ်ားမွာ တက္သစ္စမ်ားျဖစ္ၿပီး သူတို႔၏ ပရိသတ္အင္အားမွာ နည္းပါးသည္မို႔ လက္မွတ္ႀကိဳဝယ္စရာမလိုသလို လက္မွတ္လုစရာလဲ မလိုေပ။ မနက္ျဖန္အစီအစဥ္အတြက္ လာေရာက္လိုသည့္ လူအေရအတြက္ကို ခ်ာခ်ာက အတည္ျပဳၿပီးျဖစ္ကာ လက္မွတ္ဖိုးကို ေကာက္ခံၿပီး ရွန့္ေခ်ာင္ဆီ လႊဲေပးၿပီးျဖစ္သည္။ ထို႔ေနာက္ ရွန့္ေခ်ာင္က ဖန္းပိုင္ဆီ တိုက္ရိုက္ပို႔လိုက္ကာ ယေန႔ညတြင္ လက္မွတ္ဝယ္ခိုင္းလိုက္သည္။

အားလုံးလုပ္ၿပီးခ်ိန္မွ သူမ၏ တရားဝင္အေကာင့္ထံ ဝင္ေရာက္ကာ ပို႔စ္တင္လိုက္သည္။ သူမပရိသတ္မ်ား အားႀကိဳးမာန္တက္ ကြန္မန့္ေပးေနသည္ကို ျမင္ကာ ဟိုတယ္အျပင္ဘက္ရွိ ေအးခဲတုန္ယင္ေနသည့္ ပရိသတ္မ်ားကို သတိရသြားသည္။

ရွန့္ေခ်ာင္ အခ်ိန္ကို ၾကည့္လိုက္ခ်ိန္တြင္ ၁၁နာရီ ေက်ာ္ေနေလၿပီ။ သူမ ျပတင္းေပါက္တြန္းဖြင့္ကာ ေပါက္ငုံၾကည့္လိုက္လၽွင္ အျပာေရာင္မီးေရာင္ မွိတ္တုတ္မွိတ္တုတ္လင္းေနသည္ကို ျမင္ေနရဆဲ။ ရွန့္ေခ်ာင္ သက္ျပင္းခ်ကာ မတ္တပ္ထရပ္လိုက္ၿပီး ဂ်က္ကတ္ဝတ္ၿပီးေနာက္ အခန္းတံခါးကို တြန္းဖြင့္လိုက္သည္။

သူမ အခန္းအျပင္ဘက္ဆီ ထြက္လိုက္သည္ႏွင့္ ယြဲ႕ရွုယန္ ေကာ္ရစ္တာမွ ထြက္လာေနသည္ကို လွမ္းျမင္လိုက္ရသည္။

ႏွစ္ေယာက္သား အခ်င္းခ်င္းၾကည့္လိုက္ကာ အံ့ဩသြားၾကသည္။ ယြဲ႕ရွုယန္က ေသခ်ာေပါက္ ရွန့္ေခ်ာင္ကို သိသည္ပင္။ စာခ်ဳပ္ဖ်က္သိမ္းျခင္းကိစၥက ျပႆနာႀကီးျဖစ္ကာ သူတို႔အခ်င္းခ်င္းသည္လည္း တိုးတိုးတိတ္တိတ္ ေဆြးေႏြးၾကသည္မို႔ လူနည္းစုကသာ ဒီျဖစ္ရပ္အေၾကာင္း မသိမည္ျဖစ္သည္။

ငယ္ရြယ္ၿပီး က်န္းမာသည့္ ေကာင္ကေလးမ်ားျဖစ္သည္ႏွင့္အညီ သူတို႔အားလုံးက သူမ၏ အဝတ္မဲ့ဓါတ္ပုံမ်ားအေၾကာင္း စိတ္လွုပ္ရွားစြာျဖင့္ သိလိုစိတ္ျပင္းျပေနၾကသည္။ ထိုမၽွသာမက သူမပတ္လည္ရွိ ကိစၥရပ္မ်ားေၾကာင့္ သူတို႔အားလုံး ရွန့္ေခ်ာင္ကို အထင္အျမင္ေသးၾကသည္။

သို႔ေသာ္ သူက အႏုပညာေလာကရွိ စည္းမ်ဥ္းမ်ားကို တေလးတစား လိုက္နာေနျမဲျဖစ္ကာ ရွန့္ေခ်ာင္ကို ယဥ္ယဥ္ေက်းေက်း ႏွုတ္ဆက္လိုက္သည္။

"စီနီယာရွန့္ေခ်ာင္ ဟဲလို"

ရွန့္ေခ်ာင္ကမူ မ်က္ေမွာင္ၾကဳတ္ကာ သူ႔ကို ေမးခြန္းထုတ္သည္။

"နင္ ဘယ္က ဝင္လာတာလဲ?"

ယြဲ႕ရွုယန္ - "အေရးေပၚေလွကားက"

ျပင္ပတြင္ ပုံေဖာ္ထားသည့္ သူ႔ပုရိပ္ႏွင့္ ကြဲျပားလွသည့္ အေရးမစိုက္တတ္သည့္ လူပင္။

ရွန့္ေခ်ာင္ ေလွာင္ရယ္လိုက္သည္။

"နင့္ပရိသတ္ေတြ အခုခ်ိန္ထိ အျပင္မွာ နင့္ကို ေစာင့္ေနတာ သိလား?"

ယြဲ႕ရွုယန္၏ မ်က္ႏွာမွာ ရွက္ရြံ႕မွုေၾကာင့္ နီျမန္းသြားေပမဲ့ သူမ၏ ေလွာင္ရယ္သံေၾကာင့္ စိတ္ရွုပ္သြားသည္။ သူ႔ပရိသတ္မ်ား ဘာလုပ္လုပ္၊ ဘယ္ပဲ ေရာက္ေနေန သူမ အပူမပါေခ်။ ထို႔ေၾကာင့္ ခပ္တိုးတိုးျဖင့္

"ကၽြန္ေတာ္မသိဘူး၊ ကိစၥမရွိရင္ ကၽြန္ေတာ့္အခန္းအရင္ျပန္ေတာ့မယ္"

သူ ေျခေထာက္ႂကြကာ ေလၽွာက္ထြက္သြားဖို႔ ျပင္ခ်ိန္မွာပင္ ရွန့္ေခ်ာင္က သူ႔လက္ေမာင္းကို လွမ္းဆြဲလိုက္သည့္အားမွာ ႀကီးလြန္းလွသျဖင့္ ခါခ်၍ပင္မရေခ်။

ယြဲ႕ရွုယန္က ေဒါသတႀကီး ေခါင္းလွည့္လာကာ က်ိန္ဆဲေတာ့မည္အခ်ိန္တြင္ ေအးစက္ေနသည့္မ်က္ဝန္းတို႔ျဖင့္ ထိပ္တိုက္ရင္ဆိုင္မိသည္။ သူမက မိတ္ကပ္မလိမ္းထားကာ ေလၽွာ္ၿပီးကာစ ဆံႏြယ္တို႔က ေပ်ာ့ေပ်ာင္းလ်က္ရွိၿပီး ရင္ဘတ္ေပၚတြင္ ပုံက်ေနသည္။ သူမမ်က္ႏွာက ျဖဴေဖြးကာ ရွင္းသန့္ေနေသာ္လည္း သူမမ်က္ဝန္းအၾကည့္တို႔က ေအးစက္ေနသည္မွာ သူ႔ကို ၾကက္သီးေမႊးညႇင္းထေစသည္အထိ။

သူမကို က်ိန္ဆဲပစ္ခ်င္သည့္စကားလုံးမ်ားမွာ သူ႔လည္ေခ်ာင္းထဲ ဆို႔နစ္သြားသည္။

ထိုအစား ရွန့္ေခ်ာင္၏ စကားတလုံးခ်င္းေျပာလာသံကို ၾကားလိုက္ရသည္။

"အခုခ်က္ခ်င္း ေအာက္ဆင္းၿပီး နင့္ပရိသတ္ေတြကို သြားႏွုတ္ဆက္။ သူတို႔ကို အိမ္ေစာေစာျပန္ဖို႔ ေျပာၿပီး ေဘးကင္းေအာင္ ဂ႐ုစိုက္ဖို႔ သြားေျပာ"

ရွန့္ေခ်ာင္၏ အမိန့္ေပးသည့္ေလသံေအာက္တြင္ ယြဲ႕ရွုယန္က ႐ုန္းကန္လိုက္ကာ သူမ၏လက္ကို ခါခ်သည္။

"ခင္မ်ားက ေသာက္က်ိဳးနည္း႐ူးေနတာပဲ!! ကၽြန္ေတာ့္ပရိသတ္က ခင္မ်ား အပူပါလား? သူတို႔ေစာင့္ခ်င္သေလာက္ေစာင့္၊ ကၽြန္ေတာ္ေစာင့္ခိုင္းတာမွ မဟုတ္တာ"

ရွန့္ေခ်ာင္ သူ႔ကို ၾကည့္ကာ ႐ုတ္တရက္ရယ္ေမာလိုက္သည္။

"ယြဲ႕ရွုယန္၊ ငါ မနက္ျဖန္ နင့္ကို hot search ထဲ တက္ေအာင္ လုပ္နိုင္တာ ယုံလား! ဒီလိုဆို နင့္ပရိသတ္ေတြ နင့္မ်က္ႏွာကို ေသခ်ာျမင္ရတာေပါ့"

ယြဲ႕ရွုယန္၏မ်က္ႏွာ ျဖဴေဖ်ာ့သြားသည္။ သူအခုေလးတင္ အျပင္ထြက္ေပ်ာ္လာကာ ဝိုင္အနည္းငယ္ေသာက္လာခဲ့တာမို႔ သူ႔ေဒါသကို မထိန္းလိုက္နိုင္ပဲ ရွန့္ေခ်ာင္ေၾကာင့္ စိတ္ေလာႀကီးသြားကာ မေျပာသင့္သည္ကို ေျပာမိသြားသည္။

သူအခုေလးတင္ေျပာလိုက္သည္ကို ရွန့္ေခ်ာင္သာ သတင္းလႊင့္လိုက္လၽွင္ သူ႔ပရိသတ္မ်ား သူမကို ယုံသည္ျဖစ္ေစ မယုံသည္ျဖစ္ေစ PR ဌာနမွာ က်ိန္းေသ ဒုကၡမ်ားေပမည္။

သူ႔တစ္ကိုယ္လုံး ေဒါသတို႔ျဖင့္ ျပည့္ႏွက္ေနကာ ဒီည ဒီအ႐ူးမိန္းမႏွင့္ ေတြ႕ရသည္မွာ ကံဆိုးလွသည္ဟု ခံစားရေသာ္လည္း သူ ဘာမွ မလုပ္နိုင္ေခ်။ သူမထံ စူးစိုက္ၾကည့္ၿပီးေနာက္ သြားၾကားမွ ညႇစ္ထုတ္လာသည့္ေလသံျဖင့္

"ကၽြန္ေတာ္သိၿပီ၊ ကၽြန္ေတာ္အခုသြားမယ္"

သူျပန္လွည့္ကာ ေျခလွမ္းခပ္သြက္သြက္ျဖင့္ ဓါတ္ေလွကားထံ ဝင္လိုက္သည္။

ရွန့္ေခ်ာင္ သူမလက္ေခ်ာင္းေတြကို ဖုန္ခါလိုက္ၿပီးေနာက္ အခန္းထဲျပန္ဝင္ကာ တံခါးျပန္ပိတ္လိုက္သည္။ ထို႔ေနာက္ ျပတင္းေပါက္ဆီ တိုက္ရိုက္သြားကာ ေအာက္ငုံ႔ၾကည့္ခ်ိန္တြင္ အားေပးသံမ်ား ထပ္မၾကားရေတာ့ပဲ အျပာေရာင္အလင္းမွာ လူစုကြဲသြားကာ တျဖည္းျဖည္းေပ်ာက္ကြယ္သြားသည္။

သူမ စိတ္ခ်လက္ခ်ျဖင့္ အိပ္ရာေပၚလွဲလိုက္ကာ မီးပိတ္လိုက္ၿပီးေနာက္ အေမွာင္ထုက ႀကီးစိုးသြားသည္။

သူမပတ္လည္တြင္ အေမွာင္ထုရစ္သိုင္းလ်က္ လဲေလ်ာင္းေနစဥ္တြင္ ရွန့္ေခ်ာင္ သူမ၏ အရင္ဘဝကို အမွတ္ရလိုက္သည္။

ေလေအးထဲက အခ်ိန္ေတြ၊ ေႏြေနျပင္းျပင္းေအာက္က ေျပးလႊားခဲ့ရခ်ိန္ေတြ။

ကံေကာင္းစြာျဖင့္ပင္ သူမသေဘာက်ရသူမွာ ႏူးညံ့ၿပီး အရိုးရွင္းဆုံးနည္းလမ္းျဖင့္ ၾကင္နာတတ္သူျဖစ္ကာ သူမတို႔၏ ႀကိဳက္ႏွစ္သက္မွုႏွင့္ သေဘာက်မွုကို တုံ႔ျပန္တတ္သူျဖစ္သည္။

****
နည္းနည္းေနာက္က်သြားတယ္။ ေသြ႕ပုခ်ီ။

ဒါနဲ႔ ဒီတေလာ လာေမးတာမ်ားေနလို႔ပါ။ GTKWF ေရာ RRMY ေရာ paid group မရွိဘူးေနာ္။ ရွိတဲ့ အျခား paid group ေတြလည္း အကုန္ပိတ္ထားပါတယ္။ မနိူင္တာမို႔ ဖြင့္ဖို႔ အစီအစဥ္လဲ မရွိဘူးရယ္။ ပုံမွန္ မွန္မွန္ေလးပဲ ဒီတိုင္း ဆက္သြားရေအာင္ေနာ္။

****

Continue Reading

You'll Also Like

11.8K 186 48
"You feel that? You need a lot more flour. There's some in your hair, use that." "There's flour in my hair?" "I just said that didn't I? What did ya...
3.9M 162K 62
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
66K 1.9K 21
A secret research for Remus and his 'furry little problem' takes Hermione and Lyra (OC) to Forks. Determined not to give false hope, they say that th...
1.1M 86.8K 39
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...