{Unicode}
အပိုင်း ၂၆ | ဒီလိုလူတွေကို အကျိုးသင့်အကြောင်းသင့်သွားပြောလို့မရဘူး
အနုပညာရှင်၏ တရားဝင်ကြေငြာထားသော Schedule မှာ ပရိသတ်များက သူတို့အား လာရောက်ကြိုဆိုကာ လာရောက်ပို့ဆောင်ခြင်း ဖြစ်နိုင်သည်။ ပရိသတ်ပိုများလေ၊ နာမည်ပိုကြီးလေဖြစ်သည်။ သို့သော် ဤကဲ့သို့သော လူစုလူဝေးကား ခန်းမထဲ အရှုပ်အထွေးဆီ ဦးတည်လေ့ရှိတာမို့ မကြာခဏတားမြစ်ခံရသော်လည်း ပရိသတ်များအတွက်မူ သူတို့အိုင်ဒေါလ်နှင့် တွေ့ဆုံနိုင်သည့် အလွယ်ဆုံးနည်းလမ်းဖြစ်သည်။
ရှန့်ချောင် မမျှော်လင့်ထားသည်မှာ တနေ့တွင် သူမသည်လည်း ပရိသတ်များ၏ လိုက်လံပို့ဆောင်ခြင်း ခံရမည်ဟူ၍ပင်။ သူမက သူတို့ယူဆောင်လာသည့်ဆိုင်းဘုတ်များ၊ မျက်နှာထက်က အပြုံးများအပြင် သူတို့အနိုင်ဒေါလ် သူတို့ဆီ လှမ်းကြည့်လာသည့်အခိုက်အတန့်အတွက် စိတ်လှုပ်ရှားမှု၊ ဘေးက လျှောက်ကာ ဖုန်းနဲ့ ဓါတ်ပုံရိုက်သည့်အပြုအမူများအပေါ် ရင်းနှီးကျွမ်းဝင်လှသည်။ သူမက သူတို့ထဲက တစ်ယောက်ဖြစ်ခဲ့သည်မလား။
ရှန့်ချောင် သူမ mask ကို ချွတ်လိုက်ကာ
"နင်တို့ဘာလို့ ဒီရောက်နေတာလဲ?"
"ငါတို့အားလုံး တိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်နေတာ!! နင့်လေယာဉ်ချိန်က ၇နာရီလို့ ငါတို့ ကြားလို့ ငါတို့ နင့်ကို လိုက်ပို့တာ!!"
"ဟုတ်တယ်၊ ဟုတ်တယ် ငါ ထမင်းမစားခင် လေဆိပ်မြန်မြန်ပြေးလာတာ!!"
"ချောင်ချောင်၊ နင် ဘယ်တော့ စာချုပ်ဖျက်သိမ်းမှာလဲ? ငါတို့ နင့်အတွက် အရမ်းစိတ်ပူတယ်!"
"ဒီ {Challenge around the world} အစီအစဉ်က ရိုက်ကူးရတာ တအားခက်တာ! ချောင်ချောင်၊ နင် ကိုယ့်ကိုယ်ကိုယ် သေချာပေါက် ဂရုစိုက်ရမယ်နော်"
တစ်အုပ်စုလုံးက သူမဆီ တစ်ယောက်တစ်ပေါက်လှမ်းမှာကာ ရှန့်ချောင် လမ်းလျှောက်ရင်း သူတို့ပြောစကားကို နားထောင်နေသည်။ ရံဖန်ရံခါ သူမခေါင်းကို အနည်းငယ်ငဲ့စောင်းကာ တစ်ယောက်ချင်းစီကို ပြန်ဖြေသည်။ ဖန်းပိုင်က check in လုပ်ဖို့ လေယာဉ်လက်မှတ်ယူလာချိန်တွင် ပရိသတ်တစ်ယောက်က သူမထံ ပန်းရောင်အိတ်သေးတစ်လုံး ကမ်းပေးလာသည်။
"ချောင်ချောင်၊ ငါ အိုင်ယာလန်က ရာသီဥတုကို ကြည့်လိုက်တော့ မနက်ပိုင်းနဲ့ ညနေပိုင်းဆို ပိုအေးတယ်တဲ့၊ အဲ့ဒါကြောင့် ငါ နင့်အတွက် ရေနွေးအိတ်ပြင်လာပေးတယ်၊ နင်နဲ့ အတူယူသွား၊ တကယ်လို့ အေးရင် သုံးနော်၊ မဖျားစေနဲ့!"
ရှန့်ချောင် သူမကို ကြည့်ကာ ပြုံးလိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ ငါကောင်းကောင်းသုံးပါ့မယ်"
ပရိသတ်ငယ်လေးမှာ ရှက်သွေးဖြာသွားကာ ဘေးကပ်ရပ်လိုက်သည်။
ဖန်းပိုင်က လိုအပ်သည်များ လုပ်ပြီးသည်နှင့် ရှန့်ချောင် လုံခြုံရေးဂိတ်ကို ဖြတ်လိုက်သည်။ ပရိသတ်များက သူမနောက် ဆက်မလိုက်နိုင်တော့ပဲ အပြင်တွင် မတ်တပ်ရပ်ကာ သူမကို စောင့်ကြည့်သည်။ ရှန့်ချောင် နောက်ပြန်လှည့်ကြည့်ကာ သူတို့ထံ လက်ဝှေ့ရမ်းပြလိုက်သည်။
"မြန်မြန်ပြန်တော့၊ လမ်းမှာ ဂရုစိုက်!!"
"ချောင်ချောင်၊ ဘိုင့်ဘိုင့်!"
"နင်ပြန်လာတာ ငါတို့စောင့်နေမယ်!"
....
....
သူမထိုင်ခုံမှာ ပုံမှန်တန်းတွင်ဖြစ်သည်။ ရှန့်ချောင်က ဦးထုပ်ဆောင်းထားပြီး Mask တပ်ထားသဖြင့် မည်သူမှ မမှတ်မိချေ။ သူမက ပြတင်းပေါက်နားတွင် ထိုင်ကာ ဖန်းပိုင်က သူမဘေးတွင် ထိုင်ရင်း ခပ်တိုးတိုးဆိုလိုက်သည်။
"ဆယ့်လေးနာရီတောင် လေယာဉ်စီးရမှာ၊ ခရီးတဝက်ကျရင် Transit ရှိသေးတယ်၊ ဒီလောက်ပင်ပန်းတဲ့ အချိန်ဇယားအတွက် အစ်မကို Economy မှာ ထိုင်ခိုင်းတာ ရှက်ဖို့ကောင်းလိုက်တာ"
အချိန်အတော်ကြာ ကွန်ပလိန်းတက်ပြီးသည့်တိုင် သူမဆီမှ တုံ့ပြန်မလာသည်မို့ သူ လှည့်ကြည့်လိုက်သည်။ ရှန့်ချောင်က ရေနွေးအိတ်ကို ကြည့်ရင်း အရူးတစ်ယောက်လို ပြုံးနေသည်။
လေယာဉ်အချိန်အတိအကျ စတင်ထွက်ခွါသည်နှင့် လေယာဉ်မယ်ဆီမှ ရှန့်ချောင် စောင်တောင်းလိုက်သည်။ သူမထိုင်နေပုံကို ပြင်လိုက်ပြီးနောက် အိပ်ဖို့ ပြင်တော့သည်။ ဖန်းပိုင် သူမကို စိုက်ကြည့်လိုက်ကာ သက်ပြင်းချရင်း မေးသည်။
"အစ်မချောင်ချောင်၊ အစ်မတကယ်ပဲ စိတ်မဆိုးဘူးလား?"
"ငါမျှော်လင့်ပြီးသားကိစ္စကို ဘာလို့ စိတ်ဆိုးရမှာလဲ? သူတို့ နင့်ကို ပထမတန်းမှာ ပေးထိုင်ရင်ရော နင် ထိုင်ရဲလို့လား?"
ဖန်းပိုင် - "....."
ရှန့်ချောင် သူ့ပခုံးကို ပုတ်ကာ
"စောစောနားလိုက်၊ ငါထင်တာတော့ ငါရောက်တာနဲ့ ချက်ချင်းရိုက်ရမယ်ထင်တယ်၊ နားဖို့ အချိန်မရှိလောက်ဘူး"
ကျဉ်းမြောင်းတဲ့နေရာကိုကြည့်ရင်း ဖန်းပိုင် ခြေထောက်ဆန့်၍ မရချေ။ သူ သက်ပြင်းထပ်ချလိုက်ပေမဲ့ နောက်ဆုံးတွင် တိတ်ဆိတ်သွားသည်။
လေယာဉ် အေးအေးဆေးဆေးပျံသန်းနေချိန်တွင် တဖက်ရှိ Indoor Variety Show တွင် မုန့်ရှင်းချန်းကို ကြိုဆိုနေကြသည်။ ထို့နောက် ရှန့်ချောင်မရှိသည့် အဖွဲ့မှာ ရှုပ်ယှက်ခတ်နေမှန်း အင်တာနက်သုံးသူများက ခပ်မြန်မြန်ပင် သတိပြုမိသွားသည်။
သူနေရမည့်အခန်းကို ကြည့်ဖို့ မုန့်ရှင်းချန်းအဆိုပြုချိန်တွင် လဲ့ရှောင် သူမနဖူး သူမရိုက်လိုက်သည်။
"ရွှမ်းရွှမ်း ပြန်သွားပြီးကတည်းက အခန်းသန့်ရှင်းရေးမလုပ်ရသေးဘူး"
တစ်အုပ်စုလုံး သန့်ရှင်းရေးလုပ်ဖို့ အပေါ်ထပ်ပြေးသွားပေမဲ့ တံခါးဖွင့်ချိန်တွင် မြင်လိုက်ရသည်မှာ အိပ်ယာခင်းအသစ်၊ စောင်အသစ်ဖြစ်ကာ ကြမ်းပြင်မှာ သန့်ရှင်းလွန်းသဖြင့် တောက်ပနေပြီး အိပ်ရာဘေးတွင် နှင်းဆီနီအချို့ ထိုးထားသည်။
ရှန့်ချောင်က ဘယ်လိုတောင် မှော်ဆန်တဲ့ နတ်သမီးမျိုးလဲ?
အင်တာနက်သုံးသူအားလုံး စိတ်လှုပ်ရှားသွားကာ Weibo ပေါ်တက်ကာ ရှန့်ချောင်ဆီ သွားရှာချိန်တွင် ဒီနေ့ညနေက တင်ထားသော လေဆိပ်ရှိသူမ၏ ဗီဒီယိုကို ရှာတွေ့သွားသည်။ ရှန့်ချောင်က သူမ၏အနည်းငယ်မျှသော ပရိသတ်ဘေးတွင် နွေးထွေးတဲ့ အမူအရာဖြင့် ခပ်ဖြည်းဖြည်းလမ်းလျှောက်ကာ စိတ်ရှည်ရှည်ဖြင့် လူတိုင်းဆီ ပြန်ဖြေပေးနေသည်။ သူမကို လိုက်ပို့ဖို့ စုစည်းလာသည့် ပရိသတ်များမှာ ပျော်ရွှင်မှုကြောင့် အော်ဟစ်နေသည်။
[သူ(မ)က နူးညံ့လိုက်တာ! သူ(မ)က စကားပြောရင် နင့်မျက်လုံးတွေထဲ စိုက်ကြည့်ပြီး ပြုံးပြလိမ့်မယ်၊ အိုးးးး ငါ သူ(မ)ကို ချစ်လိုက်တာ!]
[ဒီနေ့ အရမ်းအေးလို့ ငါ အပြင်မထွက်ချင်ပေမဲ့ သူ(မ)အဆင်ပြေတာ မြင်ရတော့ ငါ ဝမ်းသာတယ်]
[သူ(မ)က ငါပေးတဲ့ ရေနွေးအိတ်ကိုယူပြီး ကျေးဇူးတင်စကားပြောသေးတယ်၊ သူ့လေသံက စိတ်ရင်းနဲ့ ပြောတာ၊ ပြီးတော့ တအားနွေးထွေးတာပဲ၊ ငါတော့ သေတော့မလိုပဲ!]
[သူ(မ) သွားတာကို ဘာလို့ ငါ့ကို ဘယ်သူမှ မပြောတာလဲ? အားးးးး ချောင်ချောင် ဘယ်နေ့ပြန်လာမှာလဲ! ငါ သူ့(မ)ကို သေချာပေါက်သွားကြိုရမယ်!]
....
....
ပျံသန်းချိန် ၁၄နာရီကြာမြင့်ပြီး ခရီးစဉ်အလယ်တွင် လေယာဉ်ပြောင်းပြီးနောက် နောက်ဆုံးတွင် ရှန့်ချောင်နှင့် ဖန်းပိုင် လေယာဉ်ပေါ်မှ ဆင်းလာချိန်၌ ပြည်တွင်းအချိန် မနက်၂နာရီ ထိုးနေလေပြီ။ ဖန်းပိုင်ခမျာ ပင်ပန်းလွန်းသဖြင့် မူးဝေနေကာ သူ့ခေါင်းတခုလုံး လေးပင်နေပြီး ခြေထောက်တွေပင် အားမရှိတော့။ ရှန့်ချောင်သည်လည်း ထူးမခြားနားလှပေ။ သူမခြေသလုံးတွေ ရောင်နေကာ သူမနားထင်တွေပါ ကိုက်နေသည်။
{Challenge around the world} မှ ရိုက်ကူးရေးအဖွဲ့က သူတို့အတွက် ကားလွှတ်ပေးလာကာ အပြင်တွင် စောင့်ဆိုင်းနေသည်။ သူတို့ကို လာကြိုသူမှာ သက်လတ်ပိုင်းအရွယ် ထိပ်ပြောင်လူဖြစ်ပြီး ဖန်းပိုင် luggage ယူလာချိန်တွင် အိတ်ကပ်ထဲ လက်ထည့်ကာ ဘေးဘက်တွင် ရပ်နေသည်။ ထို့နောက် ရှန့်ချောင်ထံ သူ လှောင်ပြုံးပြုံးလိုက်ကာ
"မင်းပင်ပန်းသွားပြီ"
ရှန့်ချောင်က ပူးပေါင်းလာဟန် ပြန်ပြုံးပြလိုက်ကာ
"မပင်ပန်းပါဘူး၊ အစီအစဉ်က ဘယ်လိုလဲ?"
"ငါတို့ မင်းကို ဟိုတယ်ဆီ အရင်ပို့ပေးမယ်၊ ဒါက ဇာတ်ညွှန်း၊ တချက်ဖတ်ကြည့်"
ကားထဲဝင်ပြီးသည်နှင့် သူတို့နှစ်ယောက်လုံး နောက်ခန်းတွင် ခြေပစ်လက်ပစ် ထိုင်လိုက်သည်။ ဇာတ်ညွှန်းဖတ်ရင်း ရှန့်ချောင်က သူမခြေထောက်ကို ပွတ်သပ်နေကာ အကြမ်းဖျင်းသဘောပေါက်ပြီးသည်နှင့် သူမ ပြတင်းပေါက်အပြင်ဘက်ဆီ ကြည့်လိုက်သည်။
ဒပ်ဗလင်၊ အိုင်ယာလန်၏ မြို့တော်။
သူမကျောင်းတက်နေစဉ်က ဒီနေရာကို လာဖို့ အမြဲ အိပ်မက်မက်ခဲ့ပေမဲ့ ဒီနည်းလမ်းနှင့် ရောက်လာရမည်ဟု မထင်မှတ်ထားပေ။
တနာရီအကြာ သူတို့ ဟိုတယ်သို့ ရောက်ချိန်တွင် ဖန်းပိုင်က နောက်ခန်းထိုင်ခုံတွင် အိပ်မောကျနေသည်။ ရှန့်ချောင် သူ့ကို နှိုးလိုက်ကာ ထိပ်ပြောင်လူနောက်လိုက်ပြီး ၁၉လွှာရှိ သူမအခန်းဆီ သွားလိုက်သည်။ ဖန်းပိုင်က တခြားလက်ထောက်တစ်ယောက်နှင့် အခန်းမျှသုံးရမည်ဖြစ်တာမို့ ရှန့်ချောင်အတွက် Luggage ယူလာပေးပြီးသည်နှင့် သူ့အခန်းပြန်သွားသည်။ ဟိုတယ်ခန်းမှာ ရိုးရှင်းလှပြီး ခပ်မြန်မြန်ရေချိုးပြီးသည်နှင့် ရှန့်ချောင် ကုတင်ပေါ် ပစ်လှဲချလိုက်သည်။
***
ရိုက်ကူးရေးအဖွဲ့လာနှိုးချိန်တွင် သူမ နှစ်နာရီသာ အိပ်ရသေးသည်။ ပြည်တွင်းချိန် မနက် ၅နာရီဖြစ်ကာ ကောင်းကင်က မဲမှောင်နေဆဲဖြစ်ပြီး ကင်မရာမှာ စတင်ရိုက်ကူးနေလေပြီ။ ကင်မရာသမားက ကုတင်ခြေရင်းတွင် မတ်တပ်ရပ်ကာ ရှန့်ချောင်၏ မျက်နှာကို ရိုက်ကူးနိုင်ရန် ကြိုးစားနေသည်။
ပိုနီတေးလ်စည်းထားတဲ့ မိန်းမရွယ်တစ်ယောက်က မီးဖွင့်လိုက်ပြီးနောက်
"ရှန့်ချောင် ထတော့၊ လူတိုင်း ရှင့်ကို စောင့်နေပြီ"
အခန်းတခုလုံး တိတ်ဆိတ်နေကာ လူတိုင်းက သူမ ဒေါသပုန်ထမည့်အချိန်ကို စောင့်ဆိုင်းနေသည်။ ရှန့်ချောင်၏ ဧည့်သရုပ်ဆောင်အနေဖြင့် ထွက်ပေါ်လာမှုမှာ ဒရာမာအတွက် ထည့်သွင်းထားခြင်းဖြစ်ပြီး သူမ၏ စိတ်လွတ်ကိုယ်လွတ်သောင်းကြမ်းမည့် အချိန်တိုင်းက အရေးပါသည့် ကုန်ကြမ်းဖြစ်သည်။ လေယာဉ် ၁၀နာရီကျော်စီးလာရပြီး ၂နာရီသာ အိပ်ရသေးသည့် မည်သူမဆို စိတ်ဆိုးဒေါသထွက်မည်ပင်။
မမျှော်လင့်စွာနှင့်ပင် ကုတင်ပေါ်က မိန်းကလေးက လက်မြှောက်ကာ အလင်းကို ကာလိုက်ပြီး ခပ်အက်အက်လေသံဖြင့်သာ ဆိုလာသည်။
"အိုကေ၊ အပြင်မှာစောင့်နေ၊ ကျွန်မ အကျီလဲလိုက်မယ်"
မိန်းမရွယ်က ကင်မရာသမားကို ကြည့်ကာ တိတ်တဆိတ် အပြင်ထွက်သွားသည်။
ဆယ့်ငါးမိနစ်အကြာတွင် ရှန့်ချောင်က ပြင်ဆင်မှုအပြည့်အစုံဖြင့် တံခါးဖွင့်လာသည်။ သူမခေါင်းပေါ်တွင် Messy bun တခုရှိပြီး အဖြူရောင် ကုတ်အကျီတထည်ဝတ်ဆင်ထားသည်။ သူမ၏ သေးငယ်ဖြူဖွေးတဲ့မျက်နှာက ကော်လာအောက်မြုပ်နေကာ ခပ်ဖျော့ဖျော့ပန်းရောင်နှုတ်ခမ်းနီသာ ဆိုးထားသည်။ သူမ ကင်မရာထံကြည့်လာချိန်တွင် ခပ်ဖွဖွပြုံးပြလာပြီး
"ရှင်တို့ စပြီး ရိုက်နေပြီလား?"
ရှန့်ချောင်၏ အလှတရားကြောင့် မိန်းမငယ်က အံ့အားသင့်သွားပုံရကာ ပြန်လည်တုံ့ပြန်ဖို့ အချိန်အနည်းငယ်ယူလိုက်ရသည်။
"အင်း၊ အစီအစဉ်စနေပြီ၊ ကျွန်မတို့ VIP အခန်းထဲ သွားပြီး တခြားသူတွေနဲ့ သွားတွေ့မယ်"
ဖန်းပိုင်သည်လည်း ခပ်မြန်မြန်ထွက်လာကာ ဓါတ်လှေကားစောင့်နေသည်။ ကောင်းကောင်းမအိပ်ခဲ့ရသဖြင့် သူ့မျက်လုံးတွေနီရဲနေကာ မီးတောက်မတတ် ဒေါသထွက်နေသည်ကို အဝေးမှပင် ရှန့်ချောင် လှမ်းမြင်နေရသည်။
သူမ သူ့ဆီ မျက်တောင်ခတ်ရင်း
"နင် အိပ်ရတာ ဘယ်လိုလဲ?"
သူ့ကို စနေမှန်း ဖန်းပိုင် နားလည်ကာ ရှန့်ချောင်ကဲ့သို့သော မိန်းကလေးပင် သူ့ထက် ပို၍နည်းနည်းသာ အိပ်ခဲ့ရမှန်း တွေးလိုက်ချိန်တွင် သူ့ဒေါသကို ချိုးနှိမ်ကာ စိုးရိမ်တကြီး မေးလိုက်သည်။
"အစ်မ အဆင်ပြေပါ့မလား?"
ရှန့်ချောင် သူ့ကို အိုကေသည်ဟု အမူအရာပြလာသည်။ သူမ ဓါတ်လှေကားထဲဝင်လိုက်ပြီးနောက် သူတို့အားလုံး ပထမထပ်ရှိ VIPအခန်းထံရောက်ရှိလာသည်။
အခြားဧည့်သည့် ငါးယောက်မှာ ရောက်နှင့်နေပြီးဖြစ်သည်။ အစီအစဉ်တွင် အမြဲတမ်းဧည့်သည် ငါးယောက်နှင့် ဖိတ်ကြားခံရသူ တစ်ယောက်ပါဝင်ကာ စုစုပေါင်း ခြောက်ယောက်ဖြစ်သည်။
ရှန့်ချောင် ဝင်လာသည်ကို မြင်သည်နှင့် တစ်ခန်းလုံး ရုတ်ခြည်း တိတ်ဆိတ်သွားသည်။
ဆောင်းရာသီဖြစ်သော်လည်း လူတိုင်းက ကြည့်ကောင်းစေရန်အတွက် ခပ်ပါးပါးအကျီသာ ဝတ်ဆင်လာပြီး သူတို့အားလုံး၏ မိတ်ကပ်ပြင်ဆင်မှုမှာ ပရော်ဖက်ရှင်နယ်မိတ်ကပ်ဖန်တီးသူ၏ လက်ရာဖြစ်သည်။ သို့သော် သူတို့အားလုံး အမျိုးသမီးတစ်ယောက်က နွေးထွေးတဲ့ ဂျက်ကတ်၊ ပေါ့ပါးတဲ့ ဆံပင်ထုံးဖွဲ့မှုအပြင် အစက်အပျောက်မရှိတဲ့ သူမမျက်နှာပေါ် မိတ်ကပ်မပါလုနီးပါးမျက်နှာဖြင့် ဝင်ရောက်လာသည်ကို မြင်ချိန်တွင် ဂရုတစိုက်ပြင်ဆင်ထားသူအားလုံးမှာ သူတို့နှင့်သူမ မနှိုင်းယှဉ်ပဲ မနေနိုင်အောင်ပင်။
ဒီရှိုးအစီအစဉ်၏ လက်ရှိ Season တွင် အချိီးမွမ်းအခံရဆုံး အင်တာနက် ဆယ်လီဘရစ်တီ တစ်ဦးဖြစ်သူ ဖေးယွီမှာ စားပွဲအောက်တွင် လက်သီးခပ်တင်းတင်းဆုပ်လိုက်သည်။ အစီအစဉ်ကြည့်ရှုသူအရေအတွက်မှာ နည်းပါးသော်လည်း သူမကဲ့သို့သော အင်တာနက် ဆယ်လီဘရစ်တီအတွက်မူ တန်ဖိုးရှိပေသည်။ သူမက ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ကာ အရပ်မြင့်ပြီး ညို့ငင်နိုင်သည့် ပုံရိပ်ကို ဖော်ဆောင်သည်။ ရိုက်ကူးနေစဉ်အတောအတွင်း၌ သူမက မိန်းမချောအဖြစ် သတ်မှတ်ခံရပြီး အဖွဲ့သားများထံမှ သူမရုပ်ရည်ကို ချီးကျူးမှု အများအပြားရရှိခဲ့သည်။ သူမ၏နေရာအတွက် အလွန်အမင်း ကျေနပ်နေခဲ့ခြင်း။
သို့သော် အင်တာနက်ဆယ်လီဘရစ်တီမှာ အင်တာနက်ဆယ်လီဘရစ်တီသာဖြစ်ပြီး ဤမျှ အံ့ချီးဖွယ် ရုပ်ရည်ဖြင့် မင်းသမီးတစ်ယောက်နှင့်တော့ ကွာခြားမှုမှာ ကြီးမားလှသည်။
ရှန့်ချောင်လှည့်ပတ်ကြည့်ကာ လွတ်နေတဲ့ တစ်လုံးတည်းသော ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး ပြုံးပြလိုက်သည်။
"ကျွန်မဝင်လာတာနဲ့ ဘာလို့ ရှင်တို့အားလုံး စကားပြောတာ ရပ်လိုက်တာလဲ?"
ဖေးယွီအပြင် နောက်ထပ် အမျိုးသမီးအစီအစဉ်မှူးတစ်ယောက်ရှိကာ အမျိုးသားမော်ဒယ်တစ်ယောက်နှင့် ၁၈ဆင့် အမျိုးသားသရုပ်ဆောင်နှစ်ယောက်ပါဝင်သည်။ {Challenge around the world}၏ ယခု Season တွင် ရှန့်ချောင်ကဲ့သို့သော သရုပ်ဆောင်မျိုးကို တခါမှ မဖိတ်ဖူးခဲ့ပေ။
အမျိုးသမီးအစီအစဉ်မှူးမှာ စကားပြောကောင်းသူဖြစ်ကာ ဦးဆောင်ဆိုသည်။
"ဒီတစ်ခေါက်အစီအစဉ်ရဲ့ ဧည့်သည်က ရှင်မှန်း ကျွန်မတို့ မထင်ထားတော့ အရမ်းအံ့ဩသွားတာ"
ဖေးယွီက ထပ်ပေါင်းဆိုသည်။
"ရှောင်ချောင်၊ ကျွန်မ ကျောင်းတက်နေတုန်းက ရှင့်ဒရာမာတွေကြည့်ရတာ အကြိုက်ဆုံးပဲ၊ ကျွန်မ ရှင့်ကို တအားသဘောကျတာ"
ရှန့်ချောင်က ပြုံးနေဆဲဖြစ်ပေမဲ့ သူမမျက်ဝန်းထဲက အကြည့်က သူမကို မသက်မသာဖြစ်စေသည်။ ရှန့်ချောင် သူမကို လှမ်းကြည့်ကာ ပြန်ဖြေလိုက်သည်။
"ရှင် ကျွန်မရဲ့ ဒရာမာတွေကို ဒီလောက်ကြိုက်ရင် ရှင့်အမြင်က အတော်လေး သီးသန့်ဆန်တယ် ပြောရမယ်"
ရုတ်တရက်ကြီး ဖေးယွီ ဘာမှ မပြောနိုင်တော့ပေ။
ဒီလူက ဘာဖြစ်နေတာလဲ? သူမက ဘာလို့ သူ့ကိုယ်သူ လှောင်နေရတာလဲ?
အမျိုးသားမော်ဒယ်က ရှန့်ချောင်နှင့် အနီးဆုံးတွင် ထိုင်နေသူဖြစ်ပြီး သူ့အံ့ဩစိတ်ကို ထိန်းချုပ်ပြီးနောက် သူမထံ ပြုံးပြလာသည်။
"ရှောင်ချောင်၊ ကျွန်တော်တို့အစီအစဉ်က အရမ်းကြောက်ဖို့ ကောင်းတယ်၊ ခင်များမှာ ကြောက်တတ်တာမျိုးရှိရင် မဖော်ပြနဲ့၊ ဘာအားနည်းချက်မှ မပြနဲ့"
"ကျွန်မ သတိထားပါ့မယ်၊ သတိပေးလို့ ကျေးဇူးတင်ပါတယ်"
သူမက မောက်မာမှု အလျဉ်းမရှိပဲ ခပ်အေးအေးပြုံးကာ ယဉ်ကျေးပြီး လူတိုင်းအပေါ် စိတ်ရင်းနှင့် ဆက်ဆံသော်လည်း တစ်ယောက်ယောက်က ရင်းနှီးဖို့ ကြိုးစားလာလျှင် ရင်းနှီးဖို့ ခက်ခဲမှန်း သိရလိမ့်မည်။
ရိုက်ကူးရေးအဖွဲ့သားများက တနေ့တာ၏ အစီအစဉ်ကို အဆိုမပြုလာချိန်အထိ အဖွဲ့သားတွေက ခဏမျှ စကားစမြည်ဆိုကြသည်။ ပထမဆုံးအနေဖြင့် မဲနှိုက်ကာ အုပ်စုဖွဲ့လိုက်ပြီး ရှန့်ချောင်က အမျိုးသားမော်ဒယ်ဖြင့် တဖွဲ့ထဲကျသည်။ အမျိုးသားနှင့် အမျိုးသမီးတစ်တွဲစီ တွဲရခြင်းမှာ အသစ်အဆန်းမဟုတ်ချေ။
မော်ဒယ်အမျိုးသား၏ နာမည်ကို ရှန့်ချောင် မမှတ်မိပဲ နောက်ဆုံးတွင် သူ့အား 'ခြေတံရှည်' ဟုခေါ်ရန် ဆုံးဖြတ်လိုက်သည်။
အုပ်စုခွဲပြီးနောက် ရှန့်ချောင် မနက်စာစားဖို့ အချိန်မရှိပဲ 'ခြေတံရှည်'နှင့်အတူ တာဝန်စတင်ရာနေရာဆီ မသွားခင် ဖန်းပိုင်ယူလာပေးသည့် နွားနို့ပူတချို့သာ သောက်လိုက်ရသည်။
တာဝန်နှင့် အတားအဆီးတွေက ပရိုဂရမ်အဖွဲ့မှ ပုံမှန်အတိုင်း ပြင်ဆင်ထားခြင်းဖြစ်ကာ ကြည့်ရှုနှုန်းနိမ့်ကျသည်မှာ အံ့ဩစရာမဟုတ်တော့ချေ။ အဆင့်တစ်ဆင့်ပြီးတစ်ဆင့် ဖြေရှင်းကာ နောက်တဆင့်တက်ရာတွင် လွယ်ကူစေမည့် ဖုံးကွယ်ထားသည့် ဆုတချို့ ရရှိချိန်တွင် ရှန့်ချောင် သူမကိုယ်သူမ စူပါမာရီယိုပမာ ခံစားလိုက်ရသည်။
ကြိုတင်သတ်မှတ်ထားသည့် အခက်အခဲများ ဖြေရှင်းပြီးချိန်တွင် အဖွဲ့သုံးဖွဲ့လုံး ကစားကွင်းဆီ သွားရောက်ကာ ရိုလာကိုစတာအောက်တွင် စုရုံးလိုက်သည်။ ဖေးယွီနှင့် အမျိုးသမီးအစီအစဉ်မှူးမှာ စတင်အော်ဟစ်တော့သည်။
"ဘုရားရေ၊ ကျွန်မ ရိုလာကိုစတာတွေကို အကြောက်ဆုံးပဲ! ကျွန်မ အမြင့်ကြောက်တယ်!!"
"Final Destination ကြည့်ပြီးတော့ ဒီလိုအရာတွေပေါ် ဘယ်တော့မှ မတက်တော့ဘူးလို့ ကျွန်မ ကျိန်ထားတာ!!"
ဒါရိုက်တာက တိတ်ဆိတ်နေသည့် ရှန့်ချောင်ထံ လှမ်းကြည့်ကာ မေးလာသည်။
"ရှောင်ချောင်၊ မင်းရော?"
ရှန့်ချောင်က ပင်ပန်းကာ ဆာလောင်နေလေပြီ။ သူမ ကင်မရာကို ကြည့်ကာ ဒီနေ့မနက်က 'ခြေတံရှည်' သူမအား သတိပေးခဲ့သည်ကို အမှတ်ရသွားကာ ကြိုးစားပြီး စိတ်ပျော်ဟန်ဆောင်လိုက်သည်။
"ကျွန်မ အရမ်းကြောက်တယ်၊ ကြောက်ဖို့ကောင်းလိုက်တာ"
....
ညီအစ်မရေ၊ မင်းတော့ သွားပြီ။
****
အဖွဲ့သုံးဖွဲ့က ကစားကွင်းထဲတွင် Challenge တခုလုပ်ရမည်ဖြစ်ပြီး နောက်ထပ်လာမည့်မစ်ရှင်အတွက် သဲလွန်စရှာရမည်ဖြစ်သည်။ ရိုလာကိုစတာအတွက် သဲလွန်စမှာ လေထုထဲတွင် ဖြစ်မည့်အစား မြေပြင်ပေါ်တွင် ဖြစ်ရမည်ဟု ရှန့်ချောင် ခန့်မှန်းလိုက်သည်။
အဖွဲ့တခုစီတိုင်းက သူတို့စိန်ခေါ်ရမည့်အရာကို ဆော့ကစားရင်း ရရှိသည်။ ရှန့်ချောင် သူမ၏ ကဒ်ပြားကို ကြည့်လိုက်သည် - ရိုလာကိုစတာ၊ လုံးဝပြီးပြည့်စုံပြီ။ သို့သော် ဒီပရိုဂရမ်တွင် မတူညီတဲ့ လှည့်စားမှုအသစ်များ ထည့်ရောထည့်ရဲ့လားဟု သူမ မနေနိုင်ပဲ တွေးမိသွားသည်။
ဖေးယွီက သရဲအိမ်ကို ရကာ အမျိုးသမီးအစီအစဉ်မှူးက ချားရဟတ်ကို ရသည်။ သို့သော် ဖေးယွီထံတွင် အစောပိုင်းက သူမနိုင်ထားသည့် အလဲအလှယ်လုပ်နိုင်သည့် ကဒ်ပြားရှိကာ တခြားအဖွဲ့တာဝန်နှင့် တကြိမ်အလဲအလှယ်လုပ်နိုင်သည်။
ယခုချိန်လေးတင် သူမ၏ အမြင့်ကြောက်မှုကို အော်ဟစ်ပြောဆိုထားသည်မို့ သရဲအိမ်ရထားခြင်းအတွက် သူမ စိတ်ကျေနပ်နေမည်ဟု လူတိုင်းက တွေးထင်ထားသည်။ မမျှော်လင့်စွာနှင့်ပင် သူမက ရုတ်ခြည်းဆိုလာသည်။
"ကျွန်မ အလဲအလှယ်ကဒ်ကို သုံးပြီး ရှန့်ချောင်နဲ့ တာဝန်လဲချင်တယ်"
ရှန့်ချောင် - "? ? ?"
သောက်ကျိုးနည်း!!
ရှန့်ချောင် သူမကို အကျိုးသင့်အကြောင်းသင့် ဖျောင်းဖျဖို့ ကြိုးစားလိုက်သည်။
"ဘာလို့လဲ? သရဲအိမ်က ကောင်းသားပဲ၊ လုံခြုံပြီး နွေးထွေးတယ်လေ၊ ရိုလာကိုစတာတွေက ကြောက်စရာကြီး၊ ရှင် အမြင့်ကြောက်တယ်မလား?"
ဖေးယွီ - "ကျွန်မတို့ အစီအစဉ်နာမည်က {Challenge around the world} လေ။ ကျွန်မ ကြောက်လို့ သေချာပေါက်ရင်ဆိုင်ကြည့်ရမှာ"
ရှန့်ချောင် - "? ? ?"
သေလိုက်ပါတော့!!!
ဒီလူတွေက တိုက်ခိုက်ဖို့ပဲ သိပြီး ဘယ်လိုတောင် ကျိုးကြောင်း မသင့်တာလဲ!!
ရှန့်ချောင် သူမကို ရိုက်ပစ်ချင်စိတ်ကို ထိန်းချုပ်ကာ
"ဘာလို့ တခြားအဖွဲ့နဲ့ မလဲတာလဲ? အမှန်အတိုင်းပြောရရင် ကျွန်မကိုယ်တိုင်လဲ ရင်ဆိုင်ကြည့်ချင်လို့"
ဖေးယွီက ရှက်ရွံ့ဟန် စတင်ဟန်ဆောင်တော့သည်။
"ချားရဟတ်ပေါ်ကို ကျွန်မကောင်လေးနဲ့မှ အတူစီးမယ်လို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးထားတယ်၊ အစီအစဉ်ရိုက်ကူးနေတယ်ဆိုရင်တောင် ကျွန်မနှလုံးသားကို သစ္စာဖောက်လို့ မဖြစ်ဘူးလေ"
ရှန့်ချောင် ထပ်မငြင်းနိုင်တော့ပဲ ဖေးယွီနှင့် တာဝန်လဲလှယ်လိုက်ရသည်။
'ခြေတံရှည်'သည်လည်း အမြင့်ကြောက်သူဖြစ်ကာ သူတို့ ရိုလာကိုစတာ တာဝန်ကို ရချိန်တွင် ကြိုးစားကာ အားတင်းထားရသည်။ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားပြီးချိန်မှ သူ သွားဖို့ပင် မလိုတော့တာမို့ သူ ပျော်သွားသည်ဟု ဆိုလျှင်ပင် လိုနေပေဦးမည်။
သူ နောက်လှည့်ကာ ရှန့်ချောင်ထံ ပြောလိုက်သည်။
"ငါတို့ ကံကောင်းတယ်"
ရှန့်ချောင် - "Haha"
ယခုတော့ စိတ်ပိုင်းဆိုင်ရာပြင်ဆင်ရမည်မှာ သူမအလှည့်ဖြစ်လာသည်။ နိုင်ငံခြားသရဲကြောင့် သူမပိုပြီး စိတ်ခြောက်ခြားနေသလားပင် သူမကိုယ်သူမ မသိချေ။
သူမတို့အဖွဲ့က သရဲအိမ်ရှေ့ ရောက်လာကြသည်။ တံခါးမှာ အရိုးခေါင်းပုံဖြစ်ကာ မျက်တွင်းဟောက်ပက်နေရာနှစ်နေရာတွင် အစိမ်းရောင်မီးနှစ်လုံးရှိသည်။ ဝင်ပေါက်မှာ ပါးစပ်ပေါက်ဖြစ်ပြီး သွားနှစ်တန်းမှာ သွေးတွေ စီးကျနေသည်။
ရှန့်ချောင်၏ မူလဓါတ်ခံမှာ သန်မာပြီး အပြင်လူများရှေ့တွင် အားနည်းသည့်ပုံစံ မပြလိုပေ။ သူမ သရဲကြောက်တတ်သည့် သတင်းသာပျံ့သွားလျှင် လူတိုင်းက သူမကို ကလေးဆန်သည်ဟု ဆိုကြပေမည်။
သူမအံကြိတ်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် Vajra Guru မန္တန်ကို စိတ်ထဲတွင် တိတ်တိတ်ရွတ်ကာ အထဲဝင်လိုက်သည်။
'ခြေတံရှည်'က လူကြီးလူကောင်းဆန်စွာဖြင့် ဦးဆောင်ဝင်သည်။ သူက အနည်းငယ်စိုးရိမ်နေသလို စိတ်လှုက်ရှားနေသည်။ သူ့စိတ်ထဲတွင် ရှန့်ချောင် ကြောက်လန့်တကြား သူ့ရင်ခွင်ထဲ ခုန်ဝင်လာမည့်ပုံကို စိတ်ကူးယဉ်နေသည်။
ကင်မရာသမားများက နောက်မှ လိုက်လာကာ သူတို့၏ ခြေလှမ်းအရှိန်မှာ နှေးကွေးလှပြီး သရဲများက ခြေလှမ်းတိုင်းတွင် ခုန်ထွက်လာကာ ခြောက်လှန့်ကြသည်။ ရှန့်ချောင်က ရူးမလို ခံစားနေရကာ မြန်မြန်သွားရန် လှုံ့ဆော်သည်။
"ကျွန်မတို့ မြန်မြန်သွားလို့ ရမလား?"
ခြေတံရှည် - "ဒီမှာမှောင်လွန်းတယ်၊ ကျွန်တော်တို့အတွက် သဲလွန်စလည်း ရှာနေလို့"
ရှန့်ချောင် ခေါင်းငုံ့ကာ သူမခြေချောင်းတွေကို ကြည့်လိုက်သည်။ မစ်ရှင်အကြောင်းကို မေ့လိုက်တော့!! သူမ ဒီကနေပဲ ထွက်ချင်နေပြီ!!
ထောင့်ချိုးတစ်ခု ချိုးကွေ့ပြီးနောက်တွင် ကော်ရစ်တာတစ်ခု ပေါ်ထွက်လာသည်။ ဘေးနှစ်ဖက်ရှိ အုတ်နံရံများပေါ်ရှိ နံရံကပ်စင်များပေါ်တွင် ကလေးခေါင်းများနှင့် သွေးပေနေသည့် လူအင်္ဂါအစိတ်အပိုင်းများက အစီအစဉ်မကျစွာ တည်ရှိနေသည်။ အတော်လေး ထိတ်လန့်စရာကောင်းသည်ဟု ခြေတံရှည်က ခံစားလိုက်ရပေမဲ့ ထိုအရာများအလယ်တွင် စာရွက်လိပ်တစ်လိပ်ကို သတိထားမိလိုက်ကာ လက်ညိုးထိုးလိုက်သည်။
"အဲ့ဒါက ကျွန်တော်တို့ သဲလွန်စများလား?"
ရှန့်ချောင် မသိစိတ်ဖြင့် ခေါင်းမော့လိုက်ကာ ရုတ်တရက် သူမခေါင်းပေါ်တွင် အသံတစ်သံပေါ်ထွက်လာသည်။ အနီရောင်ဝတ်ရုံဝတ်သရဲက မျက်နှာကြက်ပေါ်မှ ပေါ်ထွက်လာကာ ရှန့်ချောင်၏ အရပ်အမြင့်အထိ ရောက်လာပြီး ကြောက်စရာ ပုံပန်းအနေအထားဖြင့် လေထုထဲ တွဲလောင်းကျနေသည်။ နှစ်ယောက်သားမှာ မျက်နှာချင်းဆိုင်လျက်ဖြစ်ကာ စင်တီမီတာအနည်းငယ်မျှသာ ကွာဝေးပြီး တစ်ယောက်နှင့်တစ်ယောက် နမ်းလုနီးပါးဖြစ်သည်။ သရဲမက လျှာဆန့်ထုတ်လာကာ သူမရှေ့ရှိ ခပ်ချောချောမိန်းကလေးကို ရယ်ပြလာသည်။
သရဲမ၏ ရယ်သံ မဆုံးခင်မှာပင် သူမခန္ဓာကိုယ်က အကြမ်းပတမ်း တွန်းဖယ်ခြင်း ခံလိုက်ရသည်။ ခြေတံရှည်က စာရွက်လိပ်လှမ်းယူချိန်တွင် ရှန့်ချောင်က မျက်စိတမှိတ်အတွင်း ပျောက်ကွယ်သွားကာ အော်ဟစ်ထွက်ပြေးသွားသည်။
"ကြီးပွါးချမ်းသာခြင်း!! ဒီမိုကရေစီ!! ယဉ်ကျေးသိမ်မွေ့မှု!! လိုက်လျောညီထွေရှိခြင်း!! လွတ်လပ်မှု!! ညီတူညီမျှရှိမှု!! တရားမျှတမှု!! တရားဥပဒေစိုးမိုးမှု!! မျိုးချစ်စိတ်!! စွန့်လွှတ်ပေးဆပ်မှု!! ရိုးသားဖြောင့်မတ်မှု!! ခင်မင်ရင်းနှီးမှု!!"
....
သူမ၏ နိုင်ငံရေးအသိတရားရေချိန်မှာ အတော်လေး မြင့်သည်ဟု ဆိုရမည်!!
****
Note:
ရှန့်ချောင် ရွတ်သွားတာက တရုတ်နိုင်ငံရဲ့ နိုင်ငံရေးအယူအဆ ဆိုရှယ်လစ်တန်ဖိုးပါ။ မြန်မာမှာဆို ဗီဒီယိုအစတွေမှာ လာလေ့ရှိတဲ့ဟာ။ အဲ့ဟာ နာမည်မေ့သွားလို့။
အောက်က သူရွတ်သွားတာရဲ့ English Version ။
Core Socialist Value:
"prosperity", "democracy", "civility" and "harmony"; the social values of "freedom", "equality", "justice" and the "rule of law"; and the individual values of "patriotism", "dedication", "integrity" and "friendship"
***
{Zawgyi}
အပိုင္း ၂၆ | ဒီလိုလူေတြကို အက်ိဳးသင့္အေၾကာင္းသင့္သြားေျပာလို႔မရဘူး
အႏုပညာရွင္၏ တရားဝင္ေၾကျငာထားေသာ Schedule မွာ ပရိသတ္မ်ားက သူတို႔အား လာေရာက္ႀကိဳဆိုကာ လာေရာက္ပို႔ေဆာင္ျခင္း ျဖစ္နိုင္သည္။ ပရိသတ္ပိုမ်ားေလ၊ နာမည္ပိုႀကီးေလျဖစ္သည္။ သို႔ေသာ္ ဤကဲ့သို႔ေသာ လူစုလူေဝးကား ခန္းမထဲ အရွုပ္အေထြးဆီ ဦးတည္ေလ့ရွိတာမို႔ မၾကာခဏတားျမစ္ခံရေသာ္လည္း ပရိသတ္မ်ားအတြက္မူ သူတို႔အိုင္ေဒါလ္ႏွင့္ ေတြ႕ဆုံနိုင္သည့္ အလြယ္ဆုံးနည္းလမ္းျဖစ္သည္။
ရွန့္ေခ်ာင္ မေမၽွာ္လင့္ထားသည္မွာ တေန႔တြင္ သူမသည္လည္း ပရိသတ္မ်ား၏ လိုက္လံပို႔ေဆာင္ျခင္း ခံရမည္ဟူ၍ပင္။ သူမက သူတို႔ယူေဆာင္လာသည့္ဆိုင္းဘုတ္မ်ား၊ မ်က္ႏွာထက္က အျပဳံးမ်ားအျပင္ သူတို႔အနိုင္ေဒါလ္ သူတို႔ဆီ လွမ္းၾကည့္လာသည့္အခိုက္အတန့္အတြက္ စိတ္လွုပ္ရွားမွု၊ ေဘးက ေလၽွာက္ကာ ဖုန္းနဲ႔ ဓါတ္ပုံရိုက္သည့္အျပဳအမူမ်ားအေပၚ ရင္းႏွီးကၽြမ္းဝင္လွသည္။ သူမက သူတို႔ထဲက တစ္ေယာက္ျဖစ္ခဲ့သည္မလား။
ရွန့္ေခ်ာင္ သူမ mask ကို ခၽြတ္လိုက္ကာ
"နင္တို႔ဘာလို႔ ဒီေရာက္ေနတာလဲ?"
"ငါတို႔အားလုံး တိုက္ရိုက္ထုတ္လႊင့္တာကို ၾကည့္ေနတာ!! နင့္ေလယာဥ္ခ်ိန္က ၇နာရီလို႔ ငါတို႔ ၾကားလို႔ ငါတို႔ နင့္ကို လိုက္ပို႔တာ!!"
"ဟုတ္တယ္၊ ဟုတ္တယ္ ငါ ထမင္းမစားခင္ ေလဆိပ္ျမန္ျမန္ေျပးလာတာ!!"
"ေခ်ာင္ေခ်ာင္၊ နင္ ဘယ္ေတာ့ စာခ်ဳပ္ဖ်က္သိမ္းမွာလဲ? ငါတို႔ နင့္အတြက္ အရမ္းစိတ္ပူတယ္!"
"ဒီ {Challenge around the world} အစီအစဥ္က ရိုက္ကူးရတာ တအားခက္တာ! ေခ်ာင္ေခ်ာင္၊ နင္ ကိုယ့္ကိုယ္ကိုယ္ ေသခ်ာေပါက္ ဂ႐ုစိုက္ရမယ္ေနာ္"
တစ္အုပ္စုလုံးက သူမဆီ တစ္ေယာက္တစ္ေပါက္လွမ္းမွာကာ ရွန့္ေခ်ာင္ လမ္းေလၽွာက္ရင္း သူတို႔ေျပာစကားကို နားေထာင္ေနသည္။ ရံဖန္ရံခါ သူမေခါင္းကို အနည္းငယ္ငဲ့ေစာင္းကာ တစ္ေယာက္ခ်င္းစီကို ျပန္ေျဖသည္။ ဖန္းပိုင္က check in လုပ္ဖို႔ ေလယာဥ္လက္မွတ္ယူလာခ်ိန္တြင္ ပရိသတ္တစ္ေယာက္က သူမထံ ပန္းေရာင္အိတ္ေသးတစ္လုံး ကမ္းေပးလာသည္။
"ေခ်ာင္ေခ်ာင္၊ ငါ အိုင္ယာလန္က ရာသီဥတုကို ၾကည့္လိုက္ေတာ့ မနက္ပိုင္းနဲ႔ ညေနပိုင္းဆို ပိုေအးတယ္တဲ့၊ အဲ့ဒါေၾကာင့္ ငါ နင့္အတြက္ ေရေႏြးအိတ္ျပင္လာေပးတယ္၊ နင္နဲ႔ အတူယူသြား၊ တကယ္လို႔ ေအးရင္ သုံးေနာ္၊ မဖ်ားေစနဲ႔!"
ရွန့္ေခ်ာင္ သူမကို ၾကည့္ကာ ျပဳံးလိုက္သည္။
"ေက်းဇူးတင္ပါတယ္၊ ငါေကာင္းေကာင္းသုံးပါ့မယ္"
ပရိသတ္ငယ္ေလးမွာ ရွက္ေသြးျဖာသြားကာ ေဘးကပ္ရပ္လိုက္သည္။
ဖန္းပိုင္က လိုအပ္သည္မ်ား လုပ္ၿပီးသည္ႏွင့္ ရွန့္ေခ်ာင္ လုံျခဳံေရးဂိတ္ကို ျဖတ္လိုက္သည္။ ပရိသတ္မ်ားက သူမေနာက္ ဆက္မလိုက္နိုင္ေတာ့ပဲ အျပင္တြင္ မတ္တပ္ရပ္ကာ သူမကို ေစာင့္ၾကည့္သည္။ ရွန့္ေခ်ာင္ ေနာက္ျပန္လွည့္ၾကည့္ကာ သူတို႔ထံ လက္ေဝွ႕ရမ္းျပလိုက္သည္။
"ျမန္ျမန္ျပန္ေတာ့၊ လမ္းမွာ ဂ႐ုစိုက္!!"
"ေခ်ာင္ေခ်ာင္၊ ဘိုင့္ဘိုင့္!"
"နင္ျပန္လာတာ ငါတို႔ေစာင့္ေနမယ္!"
....
....
သူမထိုင္ခုံမွာ ပုံမွန္တန္းတြင္ျဖစ္သည္။ ရွန့္ေခ်ာင္က ဦးထုပ္ေဆာင္းထားၿပီး Mask တပ္ထားသျဖင့္ မည္သူမွ မမွတ္မိေခ်။ သူမက ျပတင္းေပါက္နားတြင္ ထိုင္ကာ ဖန္းပိုင္က သူမေဘးတြင္ ထိုင္ရင္း ခပ္တိုးတိုးဆိုလိုက္သည္။
"ဆယ့္ေလးနာရီေတာင္ ေလယာဥ္စီးရမွာ၊ ခရီးတဝက္က်ရင္ Transit ရွိေသးတယ္၊ ဒီေလာက္ပင္ပန္းတဲ့ အခ်ိန္ဇယားအတြက္ အစ္မကို Economy မွာ ထိုင္ခိုင္းတာ ရွက္ဖို႔ေကာင္းလိုက္တာ"
အခ်ိန္အေတာ္ၾကာ ကြန္ပလိန္းတက္ၿပီးသည့္တိုင္ သူမဆီမွ တုံ႔ျပန္မလာသည္မို႔ သူ လွည့္ၾကည့္လိုက္သည္။ ရွန့္ေခ်ာင္က ေရေႏြးအိတ္ကို ၾကည့္ရင္း အ႐ူးတစ္ေယာက္လို ျပဳံးေနသည္။
ေလယာဥ္အခ်ိန္အတိအက် စတင္ထြက္ခြါသည္ႏွင့္ ေလယာဥ္မယ္ဆီမွ ရွန့္ေခ်ာင္ ေစာင္ေတာင္းလိုက္သည္။ သူမထိုင္ေနပုံကို ျပင္လိုက္ၿပီးေနာက္ အိပ္ဖို႔ ျပင္ေတာ့သည္။ ဖန္းပိုင္ သူမကို စိုက္ၾကည့္လိုက္ကာ သက္ျပင္းခ်ရင္း ေမးသည္။
"အစ္မေခ်ာင္ေခ်ာင္၊ အစ္မတကယ္ပဲ စိတ္မဆိုးဘူးလား?"
"ငါေမၽွာ္လင့္ၿပီးသားကိစၥကို ဘာလို႔ စိတ္ဆိုးရမွာလဲ? သူတို႔ နင့္ကို ပထမတန္းမွာ ေပးထိုင္ရင္ေရာ နင္ ထိုင္ရဲလို႔လား?"
ဖန္းပိုင္ - "....."
ရွန့္ေခ်ာင္ သူ႔ပခုံးကို ပုတ္ကာ
"ေစာေစာနားလိုက္၊ ငါထင္တာေတာ့ ငါေရာက္တာနဲ႔ ခ်က္ခ်င္းရိုက္ရမယ္ထင္တယ္၊ နားဖို႔ အခ်ိန္မရွိေလာက္ဘူး"
က်ဥ္းေျမာင္းတဲ့ေနရာကိုၾကည့္ရင္း ဖန္းပိုင္ ေျခေထာက္ဆန့္၍ မရေခ်။ သူ သက္ျပင္းထပ္ခ်လိုက္ေပမဲ့ ေနာက္ဆုံးတြင္ တိတ္ဆိတ္သြားသည္။
ေလယာဥ္ ေအးေအးေဆးေဆးပ်ံသန္းေနခ်ိန္တြင္ တဖက္ရွိ Indoor Variety Show တြင္ မုန့္ရွင္းခ်န္းကို ႀကိဳဆိုေနၾကသည္။ ထို႔ေနာက္ ရွန့္ေခ်ာင္မရွိသည့္ အဖြဲ႕မွာ ရွုပ္ယွက္ခတ္ေနမွန္း အင္တာနက္သုံးသူမ်ားက ခပ္ျမန္ျမန္ပင္ သတိျပဳမိသြားသည္။
သူေနရမည့္အခန္းကို ၾကည့္ဖို႔ မုန့္ရွင္းခ်န္းအဆိုျပဳခ်ိန္တြင္ လဲ့ေရွာင္ သူမနဖူး သူမရိုက္လိုက္သည္။
"ရႊမ္းရႊမ္း ျပန္သြားၿပီးကတည္းက အခန္းသန့္ရွင္းေရးမလုပ္ရေသးဘူး"
တစ္အုပ္စုလုံး သန့္ရွင္းေရးလုပ္ဖို႔ အေပၚထပ္ေျပးသြားေပမဲ့ တံခါးဖြင့္ခ်ိန္တြင္ ျမင္လိုက္ရသည္မွာ အိပ္ယာခင္းအသစ္၊ ေစာင္အသစ္ျဖစ္ကာ ၾကမ္းျပင္မွာ သန့္ရွင္းလြန္းသျဖင့္ ေတာက္ပေနၿပီး အိပ္ရာေဘးတြင္ ႏွင္းဆီနီအခ်ိဳ႕ ထိုးထားသည္။
ရွန့္ေခ်ာင္က ဘယ္လိုေတာင္ ေမွာ္ဆန္တဲ့ နတ္သမီးမ်ိဳးလဲ?
အင္တာနက္သုံးသူအားလုံး စိတ္လွုပ္ရွားသြားကာ Weibo ေပၚတက္ကာ ရွန့္ေခ်ာင္ဆီ သြားရွာခ်ိန္တြင္ ဒီေန႔ညေနက တင္ထားေသာ ေလဆိပ္ရွိသူမ၏ ဗီဒီယိုကို ရွာေတြ႕သြားသည္။ ရွန့္ေခ်ာင္က သူမ၏အနည္းငယ္မၽွေသာ ပရိသတ္ေဘးတြင္ ေႏြးေထြးတဲ့ အမူအရာျဖင့္ ခပ္ျဖည္းျဖည္းလမ္းေလၽွာက္ကာ စိတ္ရွည္ရွည္ျဖင့္ လူတိုင္းဆီ ျပန္ေျဖေပးေနသည္။ သူမကို လိုက္ပို႔ဖို႔ စုစည္းလာသည့္ ပရိသတ္မ်ားမွာ ေပ်ာ္ရႊင္မွုေၾကာင့္ ေအာ္ဟစ္ေနသည္။
[သူ(မ)က ႏူးညံ့လိုက္တာ! သူ(မ)က စကားေျပာရင္ နင့္မ်က္လုံးေတြထဲ စိုက္ၾကည့္ၿပီး ျပဳံးျပလိမ့္မယ္၊ အိုးးးး ငါ သူ(မ)ကို ခ်စ္လိုက္တာ!]
[ဒီေန႔ အရမ္းေအးလို႔ ငါ အျပင္မထြက္ခ်င္ေပမဲ့ သူ(မ)အဆင္ေျပတာ ျမင္ရေတာ့ ငါ ဝမ္းသာတယ္]
[သူ(မ)က ငါေပးတဲ့ ေရေႏြးအိတ္ကိုယူၿပီး ေက်းဇူးတင္စကားေျပာေသးတယ္၊ သူ႔ေလသံက စိတ္ရင္းနဲ႔ ေျပာတာ၊ ၿပီးေတာ့ တအားေႏြးေထြးတာပဲ၊ ငါေတာ့ ေသေတာ့မလိုပဲ!]
[သူ(မ) သြားတာကို ဘာလို႔ ငါ့ကို ဘယ္သူမွ မေျပာတာလဲ? အားးးးး ေခ်ာင္ေခ်ာင္ ဘယ္ေန႔ျပန္လာမွာလဲ! ငါ သူ႔(မ)ကို ေသခ်ာေပါက္သြားႀကိဳရမယ္!]
....
....
ပ်ံသန္းခ်ိန္ ၁၄နာရီၾကာျမင့္ၿပီး ခရီးစဥ္အလယ္တြင္ ေလယာဥ္ေျပာင္းၿပီးေနာက္ ေနာက္ဆုံးတြင္ ရွန့္ေခ်ာင္ႏွင့္ ဖန္းပိုင္ ေလယာဥ္ေပၚမွ ဆင္းလာခ်ိန္၌ ျပည္တြင္းအခ်ိန္ မနက္၂နာရီ ထိုးေနေလၿပီ။ ဖန္းပိုင္ခမ်ာ ပင္ပန္းလြန္းသျဖင့္ မူးေဝေနကာ သူ႔ေခါင္းတခုလုံး ေလးပင္ေနၿပီး ေျခေထာက္ေတြပင္ အားမရွိေတာ့။ ရွန့္ေခ်ာင္သည္လည္း ထူးမျခားနားလွေပ။ သူမေျခသလုံးေတြ ေရာင္ေနကာ သူမနားထင္ေတြပါ ကိုက္ေနသည္။
{Challenge around the world} မွ ရိုက္ကူးေရးအဖြဲ႕က သူတို႔အတြက္ ကားလႊတ္ေပးလာကာ အျပင္တြင္ ေစာင့္ဆိုင္းေနသည္။ သူတို႔ကို လာႀကိဳသူမွာ သက္လတ္ပိုင္းအရြယ္ ထိပ္ေျပာင္လူျဖစ္ၿပီး ဖန္းပိုင္ luggage ယူလာခ်ိန္တြင္ အိတ္ကပ္ထဲ လက္ထည့္ကာ ေဘးဘက္တြင္ ရပ္ေနသည္။ ထို႔ေနာက္ ရွန့္ေခ်ာင္ထံ သူ ေလွာင္ျပဳံးျပဳံးလိုက္ကာ
"မင္းပင္ပန္းသြားၿပီ"
ရွန့္ေခ်ာင္က ပူးေပါင္းလာဟန္ ျပန္ျပဳံးျပလိုက္ကာ
"မပင္ပန္းပါဘူး၊ အစီအစဥ္က ဘယ္လိုလဲ?"
"ငါတို႔ မင္းကို ဟိုတယ္ဆီ အရင္ပို႔ေပးမယ္၊ ဒါက ဇာတ္ညႊန္း၊ တခ်က္ဖတ္ၾကည့္"
ကားထဲဝင္ၿပီးသည္ႏွင့္ သူတို႔ႏွစ္ေယာက္လုံး ေနာက္ခန္းတြင္ ေျခပစ္လက္ပစ္ ထိုင္လိုက္သည္။ ဇာတ္ညႊန္းဖတ္ရင္း ရွန့္ေခ်ာင္က သူမေျခေထာက္ကို ပြတ္သပ္ေနကာ အၾကမ္းဖ်င္းသေဘာေပါက္ၿပီးသည္ႏွင့္ သူမ ျပတင္းေပါက္အျပင္ဘက္ဆီ ၾကည့္လိုက္သည္။
ဒပ္ဗလင္၊ အိုင္ယာလန္၏ ၿမိဳ႕ေတာ္။
သူမေက်ာင္းတက္ေနစဥ္က ဒီေနရာကို လာဖို႔ အျမဲ အိပ္မက္မက္ခဲ့ေပမဲ့ ဒီနည္းလမ္းႏွင့္ ေရာက္လာရမည္ဟု မထင္မွတ္ထားေပ။
တနာရီအၾကာ သူတို႔ ဟိုတယ္သို႔ ေရာက္ခ်ိန္တြင္ ဖန္းပိုင္က ေနာက္ခန္းထိုင္ခုံတြင္ အိပ္ေမာက်ေနသည္။ ရွန့္ေခ်ာင္ သူ႔ကို ႏွိုးလိုက္ကာ ထိပ္ေျပာင္လူေနာက္လိုက္ၿပီး ၁၉လႊာရွိ သူမအခန္းဆီ သြားလိုက္သည္။ ဖန္းပိုင္က တျခားလက္ေထာက္တစ္ေယာက္ႏွင့္ အခန္းမၽွသုံးရမည္ျဖစ္တာမို႔ ရွန့္ေခ်ာင္အတြက္ Luggage ယူလာေပးၿပီးသည္ႏွင့္ သူ႔အခန္းျပန္သြားသည္။ ဟိုတယ္ခန္းမွာ ရိုးရွင္းလွၿပီး ခပ္ျမန္ျမန္ေရခ်ိဳးၿပီးသည္ႏွင့္ ရွန့္ေခ်ာင္ ကုတင္ေပၚ ပစ္လွဲခ်လိုက္သည္။
***
ရိုက္ကူးေရးအဖြဲ႕လာႏွိုးခ်ိန္တြင္ သူမ ႏွစ္နာရီသာ အိပ္ရေသးသည္။ ျပည္တြင္းခ်ိန္ မနက္ ၅နာရီျဖစ္ကာ ေကာင္းကင္က မဲေမွာင္ေနဆဲျဖစ္ၿပီး ကင္မရာမွာ စတင္ရိုက္ကူးေနေလၿပီ။ ကင္မရာသမားက ကုတင္ေျခရင္းတြင္ မတ္တပ္ရပ္ကာ ရွန့္ေခ်ာင္၏ မ်က္ႏွာကို ရိုက္ကူးနိုင္ရန္ ႀကိဳးစားေနသည္။
ပိုနီေတးလ္စည္းထားတဲ့ မိန္းမရြယ္တစ္ေယာက္က မီးဖြင့္လိုက္ၿပီးေနာက္
"ရွန့္ေခ်ာင္ ထေတာ့၊ လူတိုင္း ရွင့္ကို ေစာင့္ေနၿပီ"
အခန္းတခုလုံး တိတ္ဆိတ္ေနကာ လူတိုင္းက သူမ ေဒါသပုန္ထမည့္အခ်ိန္ကို ေစာင့္ဆိုင္းေနသည္။ ရွန့္ေခ်ာင္၏ ဧည့္သ႐ုပ္ေဆာင္အေနျဖင့္ ထြက္ေပၚလာမွုမွာ ဒရာမာအတြက္ ထည့္သြင္းထားျခင္းျဖစ္ၿပီး သူမ၏ စိတ္လြတ္ကိုယ္လြတ္ေသာင္းၾကမ္းမည့္ အခ်ိန္တိုင္းက အေရးပါသည့္ ကုန္ၾကမ္းျဖစ္သည္။ ေလယာဥ္ ၁၀နာရီေက်ာ္စီးလာရၿပီး ၂နာရီသာ အိပ္ရေသးသည့္ မည္သူမဆို စိတ္ဆိုးေဒါသထြက္မည္ပင္။
မေမၽွာ္လင့္စြာႏွင့္ပင္ ကုတင္ေပၚက မိန္းကေလးက လက္ေျမႇာက္ကာ အလင္းကို ကာလိုက္ၿပီး ခပ္အက္အက္ေလသံျဖင့္သာ ဆိုလာသည္။
"အိုေက၊ အျပင္မွာေစာင့္ေန၊ ကၽြန္မ အက်ီလဲလိုက္မယ္"
မိန္းမရြယ္က ကင္မရာသမားကို ၾကည့္ကာ တိတ္တဆိတ္ အျပင္ထြက္သြားသည္။
ဆယ့္ငါးမိနစ္အၾကာတြင္ ရွန့္ေခ်ာင္က ျပင္ဆင္မွုအျပည့္အစုံျဖင့္ တံခါးဖြင့္လာသည္။ သူမေခါင္းေပၚတြင္ Messy bun တခုရွိၿပီး အျဖဴေရာင္ ကုတ္အက်ီတထည္ဝတ္ဆင္ထားသည္။ သူမ၏ ေသးငယ္ျဖဴေဖြးတဲ့မ်က္ႏွာက ေကာ္လာေအာက္ျမဳပ္ေနကာ ခပ္ေဖ်ာ့ေဖ်ာ့ပန္းေရာင္ႏွုတ္ခမ္းနီသာ ဆိုးထားသည္။ သူမ ကင္မရာထံၾကည့္လာခ်ိန္တြင္ ခပ္ဖြဖြျပဳံးျပလာၿပီး
"ရွင္တို႔ စၿပီး ရိုက္ေနၿပီလား?"
ရွန့္ေခ်ာင္၏ အလွတရားေၾကာင့္ မိန္းမငယ္က အံ့အားသင့္သြားပုံရကာ ျပန္လည္တုံ႔ျပန္ဖို႔ အခ်ိန္အနည္းငယ္ယူလိုက္ရသည္။
"အင္း၊ အစီအစဥ္စေနၿပီ၊ ကၽြန္မတို႔ VIP အခန္းထဲ သြားၿပီး တျခားသူေတြနဲ႔ သြားေတြ႕မယ္"
ဖန္းပိုင္သည္လည္း ခပ္ျမန္ျမန္ထြက္လာကာ ဓါတ္ေလွကားေစာင့္ေနသည္။ ေကာင္းေကာင္းမအိပ္ခဲ့ရသျဖင့္ သူ႔မ်က္လုံးေတြနီရဲေနကာ မီးေတာက္မတတ္ ေဒါသထြက္ေနသည္ကို အေဝးမွပင္ ရွန့္ေခ်ာင္ လွမ္းျမင္ေနရသည္။
သူမ သူ႔ဆီ မ်က္ေတာင္ခတ္ရင္း
"နင္ အိပ္ရတာ ဘယ္လိုလဲ?"
သူ႔ကို စေနမွန္း ဖန္းပိုင္ နားလည္ကာ ရွန့္ေခ်ာင္ကဲ့သို႔ေသာ မိန္းကေလးပင္ သူ႔ထက္ ပို၍နည္းနည္းသာ အိပ္ခဲ့ရမွန္း ေတြးလိုက္ခ်ိန္တြင္ သူ႔ေဒါသကို ခ်ိဳးႏွိမ္ကာ စိုးရိမ္တႀကီး ေမးလိုက္သည္။
"အစ္မ အဆင္ေျပပါ့မလား?"
ရွန့္ေခ်ာင္ သူ႔ကို အိုေကသည္ဟု အမူအရာျပလာသည္။ သူမ ဓါတ္ေလွကားထဲဝင္လိုက္ၿပီးေနာက္ သူတို႔အားလုံး ပထမထပ္ရွိ VIPအခန္းထံေရာက္ရွိလာသည္။
အျခားဧည့္သည့္ ငါးေယာက္မွာ ေရာက္ႏွင့္ေနၿပီးျဖစ္သည္။ အစီအစဥ္တြင္ အျမဲတမ္းဧည့္သည္ ငါးေယာက္ႏွင့္ ဖိတ္ၾကားခံရသူ တစ္ေယာက္ပါဝင္ကာ စုစုေပါင္း ေျခာက္ေယာက္ျဖစ္သည္။
ရွန့္ေခ်ာင္ ဝင္လာသည္ကို ျမင္သည္ႏွင့္ တစ္ခန္းလုံး ႐ုတ္ျခည္း တိတ္ဆိတ္သြားသည္။
ေဆာင္းရာသီျဖစ္ေသာ္လည္း လူတိုင္းက ၾကည့္ေကာင္းေစရန္အတြက္ ခပ္ပါးပါးအက်ီသာ ဝတ္ဆင္လာၿပီး သူတို႔အားလုံး၏ မိတ္ကပ္ျပင္ဆင္မွုမွာ ပေရာ္ဖက္ရွင္နယ္မိတ္ကပ္ဖန္တီးသူ၏ လက္ရာျဖစ္သည္။ သို႔ေသာ္ သူတို႔အားလုံး အမ်ိဳးသမီးတစ္ေယာက္က ေႏြးေထြးတဲ့ ဂ်က္ကတ္၊ ေပါ့ပါးတဲ့ ဆံပင္ထုံးဖြဲ႕မွုအျပင္ အစက္အေပ်ာက္မရွိတဲ့ သူမမ်က္ႏွာေပၚ မိတ္ကပ္မပါလုနီးပါးမ်က္ႏွာျဖင့္ ဝင္ေရာက္လာသည္ကို ျမင္ခ်ိန္တြင္ ဂ႐ုတစိုက္ျပင္ဆင္ထားသူအားလုံးမွာ သူတို႔ႏွင့္သူမ မႏွိုင္းယွဥ္ပဲ မေနနိုင္ေအာင္ပင္။
ဒီရွိုးအစီအစဥ္၏ လက္ရွိ Season တြင္ အခ်ိီးမြမ္းအခံရဆုံး အင္တာနက္ ဆယ္လီဘရစ္တီ တစ္ဦးျဖစ္သူ ေဖးယြီမွာ စားပြဲေအာက္တြင္ လက္သီးခပ္တင္းတင္းဆုပ္လိုက္သည္။ အစီအစဥ္ၾကည့္ရွုသူအေရအတြက္မွာ နည္းပါးေသာ္လည္း သူမကဲ့သို႔ေသာ အင္တာနက္ ဆယ္လီဘရစ္တီအတြက္မူ တန္ဖိုးရွိေပသည္။ သူမက ၾကည့္ေကာင္းတဲ့ ခႏၶာကိုယ္အခ်ိဳးအစားကို ပိုင္ဆိုင္ကာ အရပ္ျမင့္ၿပီး ညိဳ႕ငင္နိုင္သည့္ ပုံရိပ္ကို ေဖာ္ေဆာင္သည္။ ရိုက္ကူးေနစဥ္အေတာအတြင္း၌ သူမက မိန္းမေခ်ာအျဖစ္ သတ္မွတ္ခံရၿပီး အဖြဲ႕သားမ်ားထံမွ သူမ႐ုပ္ရည္ကို ခ်ီးက်ဴးမွု အမ်ားအျပားရရွိခဲ့သည္။ သူမ၏ေနရာအတြက္ အလြန္အမင္း ေက်နပ္ေနခဲ့ျခင္း။
သို႔ေသာ္ အင္တာနက္ဆယ္လီဘရစ္တီမွာ အင္တာနက္ဆယ္လီဘရစ္တီသာျဖစ္ၿပီး ဤမၽွ အံ့ခ်ီးဖြယ္ ႐ုပ္ရည္ျဖင့္ မင္းသမီးတစ္ေယာက္ႏွင့္ေတာ့ ကြာျခားမွုမွာ ႀကီးမားလွသည္။
ရွန့္ေခ်ာင္လွည့္ပတ္ၾကည့္ကာ လြတ္ေနတဲ့ တစ္လုံးတည္းေသာ ထိုင္ခုံတြင္ ဝင္ထိုင္လိုက္ၿပီး ျပဳံးျပလိုက္သည္။
"ကၽြန္မဝင္လာတာနဲ႔ ဘာလို႔ ရွင္တို႔အားလုံး စကားေျပာတာ ရပ္လိုက္တာလဲ?"
ေဖးယြီအျပင္ ေနာက္ထပ္ အမ်ိဳးသမီးအစီအစဥ္မွူးတစ္ေယာက္ရွိကာ အမ်ိဳးသားေမာ္ဒယ္တစ္ေယာက္ႏွင့္ ၁၈ဆင့္ အမ်ိဳးသားသ႐ုပ္ေဆာင္ႏွစ္ေယာက္ပါဝင္သည္။ {Challenge around the world}၏ ယခု Season တြင္ ရွန့္ေခ်ာင္ကဲ့သို႔ေသာ သ႐ုပ္ေဆာင္မ်ိဳးကို တခါမွ မဖိတ္ဖူးခဲ့ေပ။
အမ်ိဳးသမီးအစီအစဥ္မွူးမွာ စကားေျပာေကာင္းသူျဖစ္ကာ ဦးေဆာင္ဆိုသည္။
"ဒီတစ္ေခါက္အစီအစဥ္ရဲ့ ဧည့္သည္က ရွင္မွန္း ကၽြန္မတို႔ မထင္ထားေတာ့ အရမ္းအံ့ဩသြားတာ"
ေဖးယြီက ထပ္ေပါင္းဆိုသည္။
"ေရွာင္ေခ်ာင္၊ ကၽြန္မ ေက်ာင္းတက္ေနတုန္းက ရွင့္ဒရာမာေတြၾကည့္ရတာ အႀကိဳက္ဆုံးပဲ၊ ကၽြန္မ ရွင့္ကို တအားသေဘာက်တာ"
ရွန့္ေခ်ာင္က ျပဳံးေနဆဲျဖစ္ေပမဲ့ သူမမ်က္ဝန္းထဲက အၾကည့္က သူမကို မသက္မသာျဖစ္ေစသည္။ ရွန့္ေခ်ာင္ သူမကို လွမ္းၾကည့္ကာ ျပန္ေျဖလိုက္သည္။
"ရွင္ ကၽြန္မရဲ့ ဒရာမာေတြကို ဒီေလာက္ႀကိဳက္ရင္ ရွင့္အျမင္က အေတာ္ေလး သီးသန့္ဆန္တယ္ ေျပာရမယ္"
႐ုတ္တရက္ႀကီး ေဖးယြီ ဘာမွ မေျပာနိုင္ေတာ့ေပ။
ဒီလူက ဘာျဖစ္ေနတာလဲ? သူမက ဘာလို႔ သူ႔ကိုယ္သူ ေလွာင္ေနရတာလဲ?
အမ်ိဳးသားေမာ္ဒယ္က ရွန့္ေခ်ာင္ႏွင့္ အနီးဆုံးတြင္ ထိုင္ေနသူျဖစ္ၿပီး သူ႔အံ့ဩစိတ္ကို ထိန္းခ်ဳပ္ၿပီးေနာက္ သူမထံ ျပဳံးျပလာသည္။
"ေရွာင္ေခ်ာင္၊ ကၽြန္ေတာ္တို႔အစီအစဥ္က အရမ္းေၾကာက္ဖို႔ ေကာင္းတယ္၊ ခင္မ်ားမွာ ေၾကာက္တတ္တာမ်ိဳးရွိရင္ မေဖာ္ျပနဲ႔၊ ဘာအားနည္းခ်က္မွ မျပနဲ႔"
"ကၽြန္မ သတိထားပါ့မယ္၊ သတိေပးလို႔ ေက်းဇူးတင္ပါတယ္"
သူမက ေမာက္မာမွု အလ်ဥ္းမရွိပဲ ခပ္ေအးေအးျပဳံးကာ ယဥ္ေက်းၿပီး လူတိုင္းအေပၚ စိတ္ရင္းႏွင့္ ဆက္ဆံေသာ္လည္း တစ္ေယာက္ေယာက္က ရင္းႏွီးဖို႔ ႀကိဳးစားလာလၽွင္ ရင္းႏွီးဖို႔ ခက္ခဲမွန္း သိရလိမ့္မည္။
ရိုက္ကူးေရးအဖြဲ႕သားမ်ားက တေန႔တာ၏ အစီအစဥ္ကို အဆိုမျပဳလာခ်ိန္အထိ အဖြဲ႕သားေတြက ခဏမၽွ စကားစျမည္ဆိုၾကသည္။ ပထမဆုံးအေနျဖင့္ မဲႏွိုက္ကာ အုပ္စုဖြဲ႕လိုက္ၿပီး ရွန့္ေခ်ာင္က အမ်ိဳးသားေမာ္ဒယ္ျဖင့္ တဖြဲ႕ထဲက်သည္။ အမ်ိဳးသားႏွင့္ အမ်ိဳးသမီးတစ္တြဲစီ တြဲရျခင္းမွာ အသစ္အဆန္းမဟုတ္ေခ်။
ေမာ္ဒယ္အမ်ိဳးသား၏ နာမည္ကို ရွန့္ေခ်ာင္ မမွတ္မိပဲ ေနာက္ဆုံးတြင္ သူ႔အား 'ေျခတံရွည္' ဟုေခၚရန္ ဆုံးျဖတ္လိုက္သည္။
အုပ္စုခြဲၿပီးေနာက္ ရွန့္ေခ်ာင္ မနက္စာစားဖို႔ အခ်ိန္မရွိပဲ 'ေျခတံရွည္'ႏွင့္အတူ တာဝန္စတင္ရာေနရာဆီ မသြားခင္ ဖန္းပိုင္ယူလာေပးသည့္ ႏြားနို႔ပူတခ်ိဳ႕သာ ေသာက္လိုက္ရသည္။
တာဝန္ႏွင့္ အတားအဆီးေတြက ပရိုဂရမ္အဖြဲ႕မွ ပုံမွန္အတိုင္း ျပင္ဆင္ထားျခင္းျဖစ္ကာ ၾကည့္ရွုႏွုန္းနိမ့္က်သည္မွာ အံ့ဩစရာမဟုတ္ေတာ့ေခ်။ အဆင့္တစ္ဆင့္ၿပီးတစ္ဆင့္ ေျဖရွင္းကာ ေနာက္တဆင့္တက္ရာတြင္ လြယ္ကူေစမည့္ ဖုံးကြယ္ထားသည့္ ဆုတခ်ိဳ႕ ရရွိခ်ိန္တြင္ ရွန့္ေခ်ာင္ သူမကိုယ္သူမ စူပါမာရီယိုပမာ ခံစားလိုက္ရသည္။
ႀကိဳတင္သတ္မွတ္ထားသည့္ အခက္အခဲမ်ား ေျဖရွင္းၿပီးခ်ိန္တြင္ အဖြဲ႕သုံးဖြဲ႕လုံး ကစားကြင္းဆီ သြားေရာက္ကာ ရိုလာကိုစတာေအာက္တြင္ စု႐ုံးလိုက္သည္။ ေဖးယြီႏွင့္ အမ်ိဳးသမီးအစီအစဥ္မွူးမွာ စတင္ေအာ္ဟစ္ေတာ့သည္။
"ဘုရားေရ၊ ကၽြန္မ ရိုလာကိုစတာေတြကို အေၾကာက္ဆုံးပဲ! ကၽြန္မ အျမင့္ေၾကာက္တယ္!!"
"Final Destination ၾကည့္ၿပီးေတာ့ ဒီလိုအရာေတြေပၚ ဘယ္ေတာ့မွ မတက္ေတာ့ဘူးလို႔ ကၽြန္မ က်ိန္ထားတာ!!"
ဒါရိုက္တာက တိတ္ဆိတ္ေနသည့္ ရွန့္ေခ်ာင္ထံ လွမ္းၾကည့္ကာ ေမးလာသည္။
"ေရွာင္ေခ်ာင္၊ မင္းေရာ?"
ရွန့္ေခ်ာင္က ပင္ပန္းကာ ဆာေလာင္ေနေလၿပီ။ သူမ ကင္မရာကို ၾကည့္ကာ ဒီေန႔မနက္က 'ေျခတံရွည္' သူမအား သတိေပးခဲ့သည္ကို အမွတ္ရသြားကာ ႀကိဳးစားၿပီး စိတ္ေပ်ာ္ဟန္ေဆာင္လိုက္သည္။
"ကၽြန္မ အရမ္းေၾကာက္တယ္၊ ေၾကာက္ဖို႔ေကာင္းလိုက္တာ"
....
ညီအစ္မေရ၊ မင္းေတာ့ သြားၿပီ။
****
အဖြဲ႕သုံးဖြဲ႕က ကစားကြင္းထဲတြင္ Challenge တခုလုပ္ရမည္ျဖစ္ၿပီး ေနာက္ထပ္လာမည့္မစ္ရွင္အတြက္ သဲလြန္စရွာရမည္ျဖစ္သည္။ ရိုလာကိုစတာအတြက္ သဲလြန္စမွာ ေလထုထဲတြင္ ျဖစ္မည့္အစား ေျမျပင္ေပၚတြင္ ျဖစ္ရမည္ဟု ရွန့္ေခ်ာင္ ခန့္မွန္းလိုက္သည္။
အဖြဲ႕တခုစီတိုင္းက သူတို႔စိန္ေခၚရမည့္အရာကို ေဆာ့ကစားရင္း ရရွိသည္။ ရွန့္ေခ်ာင္ သူမ၏ ကဒ္ျပားကို ၾကည့္လိုက္သည္ - ရိုလာကိုစတာ၊ လုံးဝၿပီးျပည့္စုံၿပီ။ သို႔ေသာ္ ဒီပရိုဂရမ္တြင္ မတူညီတဲ့ လွည့္စားမွုအသစ္မ်ား ထည့္ေရာထည့္ရဲ့လားဟု သူမ မေနနိုင္ပဲ ေတြးမိသြားသည္။
ေဖးယြီက သရဲအိမ္ကို ရကာ အမ်ိဳးသမီးအစီအစဥ္မွူးက ခ်ားရဟတ္ကို ရသည္။ သို႔ေသာ္ ေဖးယြီထံတြင္ အေစာပိုင္းက သူမနိုင္ထားသည့္ အလဲအလွယ္လုပ္နိုင္သည့္ ကဒ္ျပားရွိကာ တျခားအဖြဲ႕တာဝန္ႏွင့္ တႀကိမ္အလဲအလွယ္လုပ္နိုင္သည္။
ယခုခ်ိန္ေလးတင္ သူမ၏ အျမင့္ေၾကာက္မွုကို ေအာ္ဟစ္ေျပာဆိုထားသည္မို႔ သရဲအိမ္ရထားျခင္းအတြက္ သူမ စိတ္ေက်နပ္ေနမည္ဟု လူတိုင္းက ေတြးထင္ထားသည္။ မေမၽွာ္လင့္စြာႏွင့္ပင္ သူမက ႐ုတ္ျခည္းဆိုလာသည္။
"ကၽြန္မ အလဲအလွယ္ကဒ္ကို သုံးၿပီး ရွန့္ေခ်ာင္နဲ႔ တာဝန္လဲခ်င္တယ္"
ရွန့္ေခ်ာင္ - "? ? ?"
ေသာက္က်ိဳးနည္း!!
ရွန့္ေခ်ာင္ သူမကို အက်ိဳးသင့္အေၾကာင္းသင့္ ေဖ်ာင္းဖ်ဖို႔ ႀကိဳးစားလိုက္သည္။
"ဘာလို႔လဲ? သရဲအိမ္က ေကာင္းသားပဲ၊ လုံျခဳံၿပီး ေႏြးေထြးတယ္ေလ၊ ရိုလာကိုစတာေတြက ေၾကာက္စရာႀကီး၊ ရွင္ အျမင့္ေၾကာက္တယ္မလား?"
ေဖးယြီ - "ကၽြန္မတို႔ အစီအစဥ္နာမည္က {Challenge around the world} ေလ။ ကၽြန္မ ေၾကာက္လို႔ ေသခ်ာေပါက္ရင္ဆိုင္ၾကည့္ရမွာ"
ရွန့္ေခ်ာင္ - "? ? ?"
ေသလိုက္ပါေတာ့!!!
ဒီလူေတြက တိုက္ခိုက္ဖို႔ပဲ သိၿပီး ဘယ္လိုေတာင္ က်ိဳးေၾကာင္း မသင့္တာလဲ!!
ရွန့္ေခ်ာင္ သူမကို ရိုက္ပစ္ခ်င္စိတ္ကို ထိန္းခ်ဳပ္ကာ
"ဘာလို႔ တျခားအဖြဲ႕နဲ႔ မလဲတာလဲ? အမွန္အတိုင္းေျပာရရင္ ကၽြန္မကိုယ္တိုင္လဲ ရင္ဆိုင္ၾကည့္ခ်င္လို႔"
ေဖးယြီက ရွက္ရြံ႕ဟန္ စတင္ဟန္ေဆာင္ေတာ့သည္။
"ခ်ားရဟတ္ေပၚကို ကၽြန္မေကာင္ေလးနဲ႔မွ အတူစီးမယ္လို႔ ကိုယ့္ကိုယ္ကိုယ္ ကတိေပးထားတယ္၊ အစီအစဥ္ရိုက္ကူးေနတယ္ဆိုရင္ေတာင္ ကၽြန္မႏွလုံးသားကို သစၥာေဖာက္လို႔ မျဖစ္ဘူးေလ"
ရွန့္ေခ်ာင္ ထပ္မျငင္းနိုင္ေတာ့ပဲ ေဖးယြီႏွင့္ တာဝန္လဲလွယ္လိုက္ရသည္။
'ေျခတံရွည္'သည္လည္း အျမင့္ေၾကာက္သူျဖစ္ကာ သူတို႔ ရိုလာကိုစတာ တာဝန္ကို ရခ်ိန္တြင္ ႀကိဳးစားကာ အားတင္းထားရသည္။ စိတ္ပိုင္းဆိုင္ရာ ႀကိဳတင္ျပင္ဆင္ထားၿပီးခ်ိန္မွ သူ သြားဖို႔ပင္ မလိုေတာ့တာမို႔ သူ ေပ်ာ္သြားသည္ဟု ဆိုလၽွင္ပင္ လိုေနေပဦးမည္။
သူ ေနာက္လွည့္ကာ ရွန့္ေခ်ာင္ထံ ေျပာလိုက္သည္။
"ငါတို႔ ကံေကာင္းတယ္"
ရွန့္ေခ်ာင္ - "Haha"
ယခုေတာ့ စိတ္ပိုင္းဆိုင္ရာျပင္ဆင္ရမည္မွာ သူမအလွည့္ျဖစ္လာသည္။ နိုင္ငံျခားသရဲေၾကာင့္ သူမပိုၿပီး စိတ္ေျခာက္ျခားေနသလားပင္ သူမကိုယ္သူမ မသိေခ်။
သူမတို႔အဖြဲ႕က သရဲအိမ္ေရွ႕ ေရာက္လာၾကသည္။ တံခါးမွာ အရိုးေခါင္းပုံျဖစ္ကာ မ်က္တြင္းေဟာက္ပက္ေနရာႏွစ္ေနရာတြင္ အစိမ္းေရာင္မီးႏွစ္လုံးရွိသည္။ ဝင္ေပါက္မွာ ပါးစပ္ေပါက္ျဖစ္ၿပီး သြားႏွစ္တန္းမွာ ေသြးေတြ စီးက်ေနသည္။
ရွန့္ေခ်ာင္၏ မူလဓါတ္ခံမွာ သန္မာၿပီး အျပင္လူမ်ားေရွ႕တြင္ အားနည္းသည့္ပုံစံ မျပလိုေပ။ သူမ သရဲေၾကာက္တတ္သည့္ သတင္းသာပ်ံ႕သြားလၽွင္ လူတိုင္းက သူမကို ကေလးဆန္သည္ဟု ဆိုၾကေပမည္။
သူမအံႀကိတ္ကာ အသက္ျပင္းျပင္းရွူလိုက္ၿပီးေနာက္ Vajra Guru မႏၲန္ကို စိတ္ထဲတြင္ တိတ္တိတ္ရြတ္ကာ အထဲဝင္လိုက္သည္။
'ေျခတံရွည္'က လူႀကီးလူေကာင္းဆန္စြာျဖင့္ ဦးေဆာင္ဝင္သည္။ သူက အနည္းငယ္စိုးရိမ္ေနသလို စိတ္လွုက္ရွားေနသည္။ သူ႔စိတ္ထဲတြင္ ရွန့္ေခ်ာင္ ေၾကာက္လန့္တၾကား သူ႔ရင္ခြင္ထဲ ခုန္ဝင္လာမည့္ပုံကို စိတ္ကူးယဥ္ေနသည္။
ကင္မရာသမားမ်ားက ေနာက္မွ လိုက္လာကာ သူတို႔၏ ေျခလွမ္းအရွိန္မွာ ေႏွးေကြးလွၿပီး သရဲမ်ားက ေျခလွမ္းတိုင္းတြင္ ခုန္ထြက္လာကာ ေျခာက္လွန့္ၾကသည္။ ရွန့္ေခ်ာင္က ႐ူးမလို ခံစားေနရကာ ျမန္ျမန္သြားရန္ လွုံ႔ေဆာ္သည္။
"ကၽြန္မတို႔ ျမန္ျမန္သြားလို႔ ရမလား?"
ေျခတံရွည္ - "ဒီမွာေမွာင္လြန္းတယ္၊ ကၽြန္ေတာ္တို႔အတြက္ သဲလြန္စလည္း ရွာေနလို႔"
ရွန့္ေခ်ာင္ ေခါင္းငုံ႔ကာ သူမေျခေခ်ာင္းေတြကို ၾကည့္လိုက္သည္။ မစ္ရွင္အေၾကာင္းကို ေမ့လိုက္ေတာ့!! သူမ ဒီကေနပဲ ထြက္ခ်င္ေနၿပီ!!
ေထာင့္ခ်ိဳးတစ္ခု ခ်ိဳးေကြ႕ၿပီးေနာက္တြင္ ေကာ္ရစ္တာတစ္ခု ေပၚထြက္လာသည္။ ေဘးႏွစ္ဖက္ရွိ အုတ္နံရံမ်ားေပၚရွိ နံရံကပ္စင္မ်ားေပၚတြင္ ကေလးေခါင္းမ်ားႏွင့္ ေသြးေပေနသည့္ လူအဂၤါအစိတ္အပိုင္းမ်ားက အစီအစဥ္မက်စြာ တည္ရွိေနသည္။ အေတာ္ေလး ထိတ္လန့္စရာေကာင္းသည္ဟု ေျခတံရွည္က ခံစားလိုက္ရေပမဲ့ ထိုအရာမ်ားအလယ္တြင္ စာရြက္လိပ္တစ္လိပ္ကို သတိထားမိလိုက္ကာ လက္ညိဳးထိုးလိုက္သည္။
"အဲ့ဒါက ကၽြန္ေတာ္တို႔ သဲလြန္စမ်ားလား?"
ရွန့္ေခ်ာင္ မသိစိတ္ျဖင့္ ေခါင္းေမာ့လိုက္ကာ ႐ုတ္တရက္ သူမေခါင္းေပၚတြင္ အသံတစ္သံေပၚထြက္လာသည္။ အနီေရာင္ဝတ္႐ုံဝတ္သရဲက မ်က္ႏွာၾကက္ေပၚမွ ေပၚထြက္လာကာ ရွန့္ေခ်ာင္၏ အရပ္အျမင့္အထိ ေရာက္လာၿပီး ေၾကာက္စရာ ပုံပန္းအေနအထားျဖင့္ ေလထုထဲ တြဲေလာင္းက်ေနသည္။ ႏွစ္ေယာက္သားမွာ မ်က္ႏွာခ်င္းဆိုင္လ်က္ျဖစ္ကာ စင္တီမီတာအနည္းငယ္မၽွသာ ကြာေဝးၿပီး တစ္ေယာက္ႏွင့္တစ္ေယာက္ နမ္းလုနီးပါးျဖစ္သည္။ သရဲမက လၽွာဆန့္ထုတ္လာကာ သူမေရွ႕ရွိ ခပ္ေခ်ာေခ်ာမိန္းကေလးကို ရယ္ျပလာသည္။
သရဲမ၏ ရယ္သံ မဆုံးခင္မွာပင္ သူမခႏၶာကိုယ္က အၾကမ္းပတမ္း တြန္းဖယ္ျခင္း ခံလိုက္ရသည္။ ေျခတံရွည္က စာရြက္လိပ္လွမ္းယူခ်ိန္တြင္ ရွန့္ေခ်ာင္က မ်က္စိတမွိတ္အတြင္း ေပ်ာက္ကြယ္သြားကာ ေအာ္ဟစ္ထြက္ေျပးသြားသည္။
"ႀကီးပြါးခ်မ္းသာျခင္း!! ဒီမိုကေရစီ!! ယဥ္ေက်းသိမ္ေမြ႕မွု!! လိုက္ေလ်ာညီေထြရွိျခင္း!! လြတ္လပ္မွု!! ညီတူညီမၽွရွိမွု!! တရားမၽွတမွု!! တရားဥပေဒစိုးမိုးမွု!! မ်ိဳးခ်စ္စိတ္!! စြန့္လႊတ္ေပးဆပ္မွု!! ရိုးသားေျဖာင့္မတ္မွု!! ခင္မင္ရင္းႏွီးမွု!!"
....
သူမ၏ နိုင္ငံေရးအသိတရားေရခ်ိန္မွာ အေတာ္ေလး ျမင့္သည္ဟု ဆိုရမည္!!
****
Note:
ရွန့္ေခ်ာင္ ရြတ္သြားတာက တ႐ုတ္နိုင္ငံရဲ့ နိုင္ငံေရးအယူအဆ ဆိုရွယ္လစ္တန္ဖိုးပါ။ ျမန္မာမွာဆို ဗီဒီယိုအစေတြမွာ လာေလ့ရွိတဲ့ဟာ။ အဲ့ဟာ နာမည္ေမ့သြားလို႔။
ေအာက္က သူရြတ္သြားတာရဲ့ English Version ။
Core Socialist Value:
"prosperity", "democracy", "civility" and "harmony"; the social values of "freedom", "equality", "justice" and the "rule of law"; and the individual values of "patriotism", "dedication", "integrity" and "friendship"
***