{Unicode}
အပိုင်း ၂၄ | အိုင်ဒေါလ်ကြည့်ရတာ ဒေါသထွက်နေတယ်
ဆေးသွင်းထားတာ ကုန်သွားချိန်တွင် ဟော့ရှီး သူနာပြုတစ်ယောက်ကို ခေါ်ကာ အပ်ဖြုတ်ခိုင်းလိုက်သည်။ အပ်ဖြုတ်ပြီးသည်နှင့် သူနာပြုအချို့က တစ်ယောက်နှင့်တစ်ယောက် တွန်းတိုက်ကာ ဟော့ရှီးထံ လျှောက်လာသည်။
"တဆိတ်လောက် ရှင် ကျွန်မတို့ကို လက်မှတ်ထိုးပေးလို့ ရမလား?"
ဟော့ရှီး ခေါင်းညိတ်သည်။
သူတို့လက်မှတ်ရပြီးနောက် သူနာပြုအားလုံး ပျော်ပျော်ရွှင်ရွှင် ထွက်သွားဖို့ ပြင်ချိန်တွင် ရှန့်ချောင် လှမ်းတားလိုက်သည်။
"သူနာပြုအစ်မ၊ ကျွန်မကို ဘောပင်ခဏဌားပါလား?"
ဘောပင်ရပြီး သူနာပြုပြန်ထွက်သွားချိန်၌ ရှန့်ချောင် ကုတင်ပေါ်မှ ခုန်ထကာ အကျီချိတ်တွင် ချိတ်ထားသော သူမကုတ်အကျီကို လှမ်းယူကာ အတွင်းအိတ်ထဲမှ သူမပိုက်ဆံအိတ်ကို ထုတ်ယူလိုက်သည်။
သူမဘာလုပ်နေမှန်း ဟော့ရှီးတွေးနေစဉ်မှာပင် ရှန့်ချောင်က အနားကပ်လာကာ သူ့ထံ ရှက်ရှက်ရွံ့ရွံ့ဖြင့် ဓါတ်ပုံကမ်းပေးလာသည်။
"ကျွန်မရော"
? ? ?
ယင်းမှာ သူ့ဓါတ်ပုံဖြစ်သည်။ နောက်ဆုံးရှိုးပွဲတွင် ရိုက်ယူထားသည့် စတိတ်စင်မှ ပုံဖြစ်သည်။ သူက အဖြူရောင်ဝတ်စုံဖြင့် မီးရောင်အောက်တွင်ရပ်နေပြီး လက်နှစ်ဖက်ဖြင့် မိုက်ခရိုဖုန်းကိုင်ထားကာ ခေါင်းအနည်းငယ် စောင်းငဲ့နေသည်။ ဒီတခေါက်ရှိုးပွဲတွင် ရှန့်ချောင်၏ အကြိုက်ဆုံးဝတ်စုံဖြစ်သည်။ သူ့ပုံစံက မင်းသားငယ်ပမာဖြစ်ပြီး လရောင်ထက်ပင် ပို၍ သန့်စင်သည်။ နောက်ဆုံးတခေါက် ရှန့်အမေထံ သူမပြန်ချိန်က အကြိုက်ဆုံးဓါတ်ပုံတစ်ပုံကို သူမ ရွေးထုတ်ပြီး မြို့ထဲရှိ ဓါတ်ပုံစတူဒီယိုတွင် ပရင့်ထုတ်ကာ ထိုအချိန်ကတည်းက ပိုက်ဆံအိတ်ထဲ ထည့်သယ်လာခြင်းဖြစ်သည်။
ဟော့ရှီးက ရှုပ်ထွေးတဲ့ မျက်နှာဖြင့် သူမကို အချိန်အတော်ကြာ စိုက်ကြည့်နေသည်။
ရှန့်ချောင် တိုက်တွန်းလိုက်သည်။
"မြန်မြန်လုပ်! ရိုက်ကူးရေးအဖွဲ့သားတွေ မမြင်စေနဲ့"
ဟော့ရှီး ဓါတ်ပုံကို ယူကာ သူ့နာမည်ကို လက်မှတ်ထိုးလိုက်သည်။ ရှန့်ချောင်က ထပ်ပေါင်းဆိုလိုက်သည်။
"ဒီမှာ အသဲပုံဆွဲပေး"
ဟော့ရှီး - ? ?
သူ ဆွဲပြီးသည်နှင့် တံခါးလက်ကိုင်လှည့်သံကို ကြားလိုက်ရသည်။ ရှန့်ချောင် ခပ်မြန်မြန်တုံ့ပြန်လာသည်။ သူမ ဓါတ်ပုံကို ဆွဲယူကာ နောက်လှည့်ပြီး ကုတင်ဆီပြေးသွားကာ သူမ၏ ဆုလာဘ်ကို ခေါင်းအုံးအောက် ထိုးထည့်လိုက်သည်။ ထို့နောက် သူမ ပြန်လှဲနေပုံမှာ အခုမှ နိုးလာဟန်ဖြစ်ပြီး ဘာမှမဖြစ်ခဲ့သလိုပင်။
ဟော့ရှီး - "....."
ကျုံးရှန်းက အရင်ဝင်လာကာ လဲ့ရှောင်နှင့် လုရီဟန်က ရှန့်ချောင်အတွက် စွပ်ပြုတ်ထည့်ထားသည့် ဓါတ်ဘူးကိုင်လာသည်။ သူမနိုးနေသည်ကို မြင်သည်နှင့် သုံးယောက်လုံးက သူတို့စိုးရိမ်မှုကို ဖော်ပြလာသည်။
ထိုအချိန်တွင် ရိုက်ကူးရေးအဖွဲ့သားများက နောက်မှလိုက်လာကာ တိုက်ရိုက်ထုတ်လွှင့်မှု စတင်သည်။
ကျုံးရှန်းက ကုတင်ဘေးတွင် ထိုင်ကာ ရှန့်ချောင်ခေါင်းကို ပုတ်လိုက်သည်။
"နင် ဘာဖြစ်နေတာလဲ? နင့်ကိုယ်နင် ခရမ်းသီးနဲ့ မတည့်မှန်း မသိဘူးလား? ပြီးခဲ့တဲ့တစ်ခေါက်က ငါတို့ စျေးမှာ ခရမ်းသီးအများကြီး ဝယ်လာတာ!! ကံကောင်းလို့ မစားရသေးလို့!!"
သူမ ခရမ်းသီး အမြောက်အများဝယ်လာခြင်းမှာ ဟော့ရှီး ကြိုက်၍ ဖြစ်သည်။ ရှန့်ချောင် ခန္ဓာကိုယ်က ခရမ်းသီးနှင့် မတည့်မှန်း သူမ မသိချေ။ ချောင်ချောင် အပြစ်လုပ်ခံရသူပမာ ခံစားလိုက်ရသည်။
လဲ့ရှောင်က ကျုံးရှန်းကို တွန်းထုတ်လိုက်သည်။
"နင် ဘာလို့ သူ့ကို တို့နေတာလဲ? နင် ဘာလို့ ချောင်ချောင် ခေါင်းကို ပုတ်နေတာလဲ?"
သူမက စွပ်ပြုတ်ယူလာကာ
"ချောင်ချောင်၊ စွပ်ပြုတ်နည်းနည်းသောက်လိုက်"
ရှန့်ချောင် တငုံသောက်လိုက်ကာ
"အရသာကောင်းလိုက်တာ၊ နင်ချက်လာတာလား?"
"ငါ ရှောင်ဟန်နဲ့အတူ ဟင်းချက်နည်းအတိုင်း လေးနာရီကျော် ပေါင်းလာတာ၊ သောက်လိုက်၊ မြန်မြန်သောက်လိုက်၊ အများကြီး ကျန်သေးတယ်"
ရှန့်ချောင် ပြုံးလိုက်ပြီး
"ဒါက ဓာတ်မတည့်ရုံပဲ၊ ငါ ကောင်းသွားပြီ၊ သေနိုင်တဲ့ ရောဂါမဟုတ်ပါဘူး"
လဲ့ရှောင်ပုံစံက ငိုတော့မလိုပင်။
"ငါ အရမ်းကြောက်သွားတာ! ငါထင်တာ ဆောက်လုပ်ရေးထဲမှာ တခုခုပြုတ်ကျပြီး နင့်ကို ထိသွားတယ်ထင်လို့"
ဘယ်လိုတောင် စိတ်ကူးဉာဏ်ကွန့်မြူးလိုက်တာလဲ?
ရှန့်ချောင် သူမခေါင်းကို ပုတ်လိုက်ကာ
"ငါ ကောင်းသွားပြီ၊ နင် ထပ်စိတ်မပူနဲ့တော့"
အင်တာနက် အသုံးပြုသူများမှာ ဆက်သည်းမခံနိုင်တော့ချေ။
[ဒီ အုတ်ခဲ CP က ခိုင်မာနေပြီလို့ ငါကြေငြာတယ်]
[ဘာအုတ်ခဲ CP လဲ ဟားဟားဟား]
[ရှန့်ရှောင် သင်္ဘောက ရွက်လွှင့်နေပြီ]
[အုတ်ခဲ CP က နားဝင်ဆိုးလိုက်တာ၊ ငါ ရှန့်ရှောင်ကို မဲပေးတယ်]
[ဒီ လဲ့ချောင် အုပ်စုက သဘောမတူဘူး]
[ရှန့်ရှောင်ပဲ ဖြစ်ရမယ်! လဲ့ချောင်ဆိုတာ ဘယ်လိုဂိုဏ်းကြီးလဲ]
[မရဘူး၊ အုတ်ခဲ CPပဲ !! ခေါ်ရတာ ကောင်းတယ်၊ အုတ်ခဲ CP ပဲ ခေါ်ရအောင်!!]
ရှန့်ချောင်၏ အလာဂျစ်မှာ သိပ်မပြင်းထန်လှပေ။ သူမက စားသောက်တာကို ရပ်ပြီး ခပ်မြန်မြန်အန်ထုတ်ပစ်ခဲ့သည်။ နောက်ဆုံးဆရာဝန်တစ်ယောက် စစ်ဆေးပြီးချိန်တွင် သူမ ဆေးရုံဆင်းခွင့်ရသွားသည်။
ပြန်မလာခင် ရှန့်ချောင်က ဟော့ရှီးဓါတ်ပုံကို သူမပိုက်ဆံအိတ်ထဲ တိတ်တိတ်လေး ထိုးထည့်လိုက်သည်။
သူမ အိမ်ရောက်ခါနီးတွင် ဖုန်ဝေးက ဖုန်းခေါ်လာသည်။ သူမတာဝန်အတိုင်း ခွေးရေချိုးပေးနေခြင်းဖြစ်ကာ ရှန့်ချောင် ဆေးရုံတက်ရကြောင်းကို ခဏအကြာမှသာ ကြားသိရခြင်းဖြစ်သည်။
ရှန့်ချောင် ကားပေါ်မှ ဆင်းချိန်တွင် ဖုန်ဝေးက ခြံဝင်းအပြင်၌ မတ်တပ်ရပ်စောင့်နေသည်။ သူမ၏ အရပ်မြင့်မြင့် ပိန်သွယ်သည့်ခန္ဓာကိုယ်က လမ်းမီးရောင်အောင်တွင် လင်းထင်းနေသည်။ သူတို့ပြန်လာသည်ကို မြင်သည်နှင့် ပုံမှန်အေးစက်သည့်မျက်နှာပေါ်တွင် နွေးထွေးသည့် အပြုံးတပွင့် ပေါ်ထွက်လာသည်။
သူမ ရှေ့တိုးလာကာ ရှန့်ချောင် အဆင်ပြေ မပြေ သေချာစေရန် လှည့်ပတ်ကြည့်ရှုလိုက်သည်။ ထို့နောက် သူမ သက်ပြင်းချလိုက်ကာ
"ငါ တအားလန့်သွားတာပဲ၊ ငါ ခရမ်းသီးအားလုံး လွှင့်ပစ်လိုက်ပြီ"
ရှန့်ချောင် - "....."
သူမအိုင်ဒေါလ်အတွက် ချစ်မေတ္တာအပြည့်ဖြင့် ပြင်ဆင်ထားသော ခရမ်းသီးတွေ!!
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူများက သက်ပြင်းချလိုက်သည်။
[သူတို့ဆက်ဆံရေးက တအားကောင်းတာပဲ]
[ရှန့်ချောင်က သူတို့အုပ်စုရဲ့ အချစ်တော်လေးလိုပဲ၊ ငါ နည်းနည်းမနာလိုလာပြီ]
[ငါတို့ မနာလိုရုံပဲ တတ်နိုင်တယ်]
[ငါအရင်က သူ့(မ)ကို အရမ်းမုန်းတယ်။ ငါ့ဘေးကသူတွေလည်း တအားမုန်းတာ၊ သူ(မ)က အခုဘာလို့ မျက်လုံးထဲ ကြည့်ကောင်းနေတာလဲ?"
[အရင်က သူ့(မ) ပုံစံနဲ့ ယှဉ်ရင် အခုက လုံးဝ တခြားလူလိုပဲ]
[အရင်က ရှင်းယောင်မီဒီယာဆီက ဖိနှိပ်ခံရတာ တော်တော်ဆိုးမှာပဲ၊ အခု သတင်းထွက်လာတော့ သူမပင်ကိုယ်ပုံစံအတိုင်း နေနိုင်ပြီထင်တယ်]
ပြန်လာပြီးနောက် တဖွဲ့လုံးက ညစာအဖြစ် စွပ်ပြုတ်သာ စားကြသည်။ မနေ့က အားလုံး ဟော့ပေါ့စားခဲ့သည်မို့ ဒီနေ့တွင် ပို၍ ဂရုစိုက်ရလေသည်။ တစ်နေ့လည်ခင်းလုံး အုတ်ခဲသယ်ထားရကာ ဗိုက်ဆာနေသည့် ကျုံးရှန်းတစ်ယောက်ထဲကသာ ခေါက်ဆွဲတစ်ပွဲချက်လိုက်သည်။
ဒါရိုက်တာ - "ရှန့်ချောင်ရဲ့ လက်တလော ခန္ဓာကိုယ်အခြေအနေက ဆောက်လုပ်ရေးနဲ့ မသင့်တော်လို့ ကျုံးရှန်းနဲ့ သူနဲ့ တာဝန်လဲရမယ်၊ ရှန့်ချောင်က ရုပ်ရှင်ဧကရာဇ်ကို ဧည့်သည်အနေနဲ့ ဖိတ်ရမယ်၊ တကယ်လို့ တာဝန်မအောင်မြင်ရင် ကျုံးရှန်းက သီချင်းဆိုပြီး ကရမယ်"
ခေါက်ဆွဲစားလက်စ ကျုံးရှန်းက ကြောင်အသွားကာ ဒေါသကြောင့် ကြက်သေသေသွားသည်။
"မင်းတို့ ငါ့ကို အနိုင်ကျင့်နေတာ!!"
ရှန့်ချောင် သူ့ခြေထောက်ကို ပုတ်ကာ ရယ်မောလိုက်သည်။
"ကောင်းတယ်၊ ဒါဆို ငါ တာဝန်ကို လက်လျှော့လိုက်ပြီလို့ ကြေငြာပြီး ကျုံးရှန်းကို ကခိုင်းရအောင်"
ကျုံးရှန်း သူမကို ဆိတ်ဆွဲချင်ပေမဲ့ ရှန့်ချောင်နှင့် လုရီဟန်ကို ကာကွယ်ထားသော လဲ့ရှောင်နှင့် ဖုန်ဝေးအကြားတွင် အခြေအနေက ချက်ချင်းပြောင်းလဲသွားကာ သူသည်သာ ဆိုဖာပေါ်တွင် ဖိချုပ်ထားခြင်း ခံလိုက်ရသည်။
ကျုံးရှန်း အော်ဟစ်လိုက်သည်။
"ငါ ဒီအစီအစဉ်က ထွက်ချင်တယ်!!"
ထိုအဖြစ်အပျက်ပြီးသည့်နောက် ရှန့်ချောင် သူမဖုန်းကို ထုတ်ကာ နဂိုမူလရှန့်ချောင်က ရုပ်ရှင်ဧကရာဇ်တစ်ယောက်ယောက်များ သိမလားဟု ရှာဖွေကြည့်လိုက်သည်။
လဲ့ရှောင်က သူမကိုယ်ပိုင်ဖုန်းနှင့် အနားကပ်လာကာ
"ချောင်ချောင် ငါ ဒီတစ်ယောက်ပဲ သိတယ်၊ စီနီယာ မုန့်ရှင်းချန်း။ ငါ ကံကောင်းပြီး မနှစ်က သူနဲ့ အတူတွဲရိုက်ရတယ်၊ သူက ရိုက်ကွင်းပေါ်မှာ တအားသဘောကောင်းတာပဲ၊ စိတ်ရှည်ပြီး စကားပြောရတာ အဆင်ပြေတယ်၊ နောက်ပြီး သူ အခု ဖင်လန်ကို ခရီးထွက်နေတယ်ထင်တယ်၊ သူ့ schedule လွတ်နေတော့ နင်စမ်းကြည့်လို့ရတယ်"
ထို့နောက် လဲ့ရှောင်က ရှန့်ချောင်ကို ခပ်ဆတ်ဆတ်ပုတ်လိုက်ကာ
"နောက်ပြီး နင်လည်း သူနဲ့ အရင်က အလုပ်အတူလုပ်ဖူးတယ်!"
တကယ်ကြီးလား? ရှန့်ချောင်က ဒီမင်းသားနဲ့ အလုပ်တွဲလုပ်ဖူးတာလား? ရှန့်ချောင် အချိန်အတော်ကြာ စဉ်းစားပြီးချိန်မှ အမှတ်ရလိုက်သည်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က သူတို့နှစ်ယောက်အတူ သရုပ်ဆောင်ဖူးတဲ့ ရှေးခေတ်ဒရာမာဖြစ်သည်။ မုန့်ရှင်းချန်းက အဓိကသရုပ်ဆောင်ဖြစ်ကာ ရှန့်ချောင်က ဇာတ်ပို့ဖြစ်ပြီး သူနှင့် စကားပြောဆိုသည့် အခွင့်အရေးနည်းပါးသည်။
လဲ့ရှောင် - "ငါ သူ့ဆီ အခြေအနေကို Wechat မှာ အရင်ပြောထားပြီး ဘယ်လိုပြောမလဲ ကြည့်လိုက်မယ်၊ တကယ်လို့ ချက်ချင်း မငြင်းရင် နင် မေးလို့ရပြီ"
သူမစကားပြောပြီးသည်နှင့် လဲ့ရှောင်က စတင်စာရိုက်လိုက်သည်။
သူတို့ မုန့်ရှင်းချန်းကို ဖိတ်ခေါ်နိုင်လောက်မည်ဟု ကြားချိန်တွင် အင်တာနက်အသုံးပြုသူအားလုံး စိတ်လှုပ်ရှားသွားသည်။ အနှီလူကား ရုပ်ရှင်ဧကရာဇ်ဖြစ်ကာ Variety show များတွင် ပါဝင်မှု နည်းပါးသည်။
မုန့်ရှင်းချန်းက ခပ်ငယ်ငယ်မှာပင် နာမည်ကျော်လာခဲ့ကာ ပြီးပြည့်စုံတဲ့ သရုပ်ဆောင်စွမ်းရည်နှင့် ချောမောသောရုပ်ရည်ကြောင့် ခပ်မြန်မြန်နာမည်ကြီးလာခဲ့သည်။ ရုပ်ရှင်ဧကရာဇ်ဘွဲ့ထူးကို ရပြီးသည်နှင့် သူက ရုပ်ရှင်ပိတ်ကားထက်ပေါ် ပြောင်းရွှေ့သွားကာ လက်တလောတွင်လည်း သူ၏ ရုပ်ရှင် {Silent} ဖြင့် ဇကာတင်စာရင်း ဝင်ထားသည်။
သို့သော် သူက အတော်လေး သိုသိုသိပ်သိပ်နေထိုင်တတ်ကာ ရသစုံရှိုးများတွင် ပါဝင်မှုနည်းပါးပြီး အနုပညာအသိုင်းအဝိုင်းတွင် ကောင်းမွန်သော ဂုဏ်သတင်းရှိသည်။
လဲ့ရှောင် ခပ်မြန်မြန် မက်ဆေ့ချ်ပို့လိုက်သည်။ သူမပုံစံက ရှန့်ချောင်ထက် ပို၍ ပူပန်နေဟန်ရှိကာ မက်ဆေ့ချ်ပို့ပြီးသည်နှင့် စိုးရိမ်တကြီးမေးလာသည်။
"သူ အိပ်များပျော်နေလား?"
ရှန့်ချောင် အချိန်တွက်လိုက်ကာ
"မဖြစ်နိုင်ဘူး၊ ဖင်လန်မှာ အခုချိန်က နေ့ဘက်"
"နင်ဘယ်လိုသိလဲ?"
"ဖင်လန်ရဲ့ အချိန်က UTC+2 ၊ ငါတို့က UTC+8 ၊ ခြောက်နာရီစောတယ်"
လဲ့ရှောင် သူမကို အံ့အားတကြီး ကြည့်လိုက်သည်။
"ဝိုး၊ ချောင်ချောင် နင့်ရဲ့ ပထဝီက အရမ်းကောင်းတာပဲ၊ ငါ ကျောင်းတက်တုန်းက ပထဝီဘာသာကို အမုန်းဆုံးပဲ၊ ဇုန်အချိန်တွေက တအားထူးဆန်းလွန်းလို့"
ကြည့်ရှုသူများသည်လည်း ကြောင်အသွားသည်။ သို့သော် ရှန့်ချောင်က အလယ်တန်းအောင်ထားသူသာ ဖြစ်မှန်း အမှတ်ရသွားချိန်တွင် သူမ ပထဝီမှာသာ တော်ခြင်းဖြစ်နိုင်သည်ဟု တွေးထင်ကြသည်။
နာရီဝက်အကြာ၌ မုန့်ရှင်းချန်းဆီမှ ပြန်စာကို လဲ့ရှောင် လက်ခံရရှိသည်။
"ကြားရတာ စိတ်ဝင်စားစရာပဲ"
လဲ့ရှောင်ဖတ်လိုက်ပြီးနောက် ရှန့်ချောင်လက်မောင်းကို စိတ်လှုပ်ရှားစွာ လှုပ်ယမ်းလိုက်သည်။
"ချောင်ချောင်!! သူစာပြန်ပြီ၊ မြန်မြန်လုပ်၊ ငါနင့်ကို သူ့ဖုန်းနံပါတ်ပေးမယ်၊ နင် သူ့ကို လေးလေးစားစားဖိတ်လိုက်"
ရှန့်ချောင် ဖုန်းနံပါတ်မှတ်ရန်အတွက် သူမဖုန်းကို လှမ်းယူလိုက်သည်။ နံပါတ်အားလုံးထည့်ပြီးချိန်တွင် သူမထံတွင် ထိုဖုန်းနံပါတ်ရှိနေမှန်းမြင်လိုက်သည်။
မှတ်ထားသည့်နာမည်မှာ...
{Moonlight} (လရောင်)
ဒါဘာကို ဆိုလိုတာလဲ?
ရှန့်ချောင် ရှူးတိုးတိုးလုပ်ကာ ဖုန်းခေါ်လိုက်သည်။ ဖုန်းသုံးခါမြည်ပြီးနောက် ဖုန်းဝင်သွားကာ နူးညံ့သည့်ယောကျာ်းသံတစ်သံက ဖုန်းဖြေလာသည်။
"ဟဲလို"
ရှန့်ချောင်က လဲ့ရှောင်ပါးစပ်ကို လက်ဖြင့် လှမ်းပိတ်လိုက်သည်။
"စီနီယာမုန့်၊ ဟဲလို။ ကျွန်မက ရှန့်ချောင်ပါ"
"ဟဲလို ရှန့်ချောင်"
"ကျွန်မတို့ လက်တလော Indoor Variety Show ရိုက်နေတာ၊ စီနီယာကို ဧည့်သည်အနေနဲ့ ဖိတ်ချင်လို့ပါ၊ စီနီယာမှာ အချိန်ရှိမလား မသိဘူး"
"လဲ့ရှောင်က ကျွန်တော့်ကို ရှင်းပြထားတယ်၊ ကျွန်တော်လည်း မနက်ဖြန် တရုတ်ပြည်ပြန်လာမှာ၊ ဒုက္ခမများဘူးဆိုရင် ကျွန်တော်လည်း မင်းရဲ့ အိမ်ချက်လက်ရာ ပဲငံပြာရည်ခေါက်ဆွဲနဲ့ ဟော့ပေါ့ကို မြည်းစမ်းချင်ပါတယ်"
မမျှော်လင့်ထားစွာပင် လွယ်လင့်တကူ ဖိတ်ကြားနိုင်သဖြင့် ရှန့်ချောင်က အနည်းငယ် အံ့ဩသွားသည်။
"ဒုက္ခမများပါဘူး၊ စီနီယာ့ကို ကြိုရမှာ ကျွန်မတို့အတွက် ဂုဏ်ယူစရာပါပဲ၊ ဒါဆို စီနီယာရောက်လာမှာကို မျှော်နေပါ့မယ်"
"ကောင်းပြီ၊ မနက်ဖြန်တွေ့မယ်"
ဖုန်းချပြီးသည်နှင့် နောက်ဆုံးတွင် လဲ့ရှောင်၏ စူးစူးရှရှအော်သံကို ကြားလိုက်ရသည်။
"ငါပြောသားပဲ! စီနီယာမုန့်က အရမ်းသဘောကောင်းတာ!"
လဲ့ရှောင် နောက်လှည့်ကာ ကျုံးရှန်းခေါင်းကို ပုတ်လိုက်သည်။
"နင်အခု သီချင်းဆိုပြီး ကစရာမလိုတော့ဘူး!!"
ရှန့်ချောင်က အနည်းငယ်တွေဝေနေကာ သူမဖုန်းနာမည်စာရင်းထဲရှိ {Moonlight} စာလုံးကို စိုက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။ ရှန့်ချောင်က ဘာလို့များ ဒီလိုနာမည်မှတ်ထားတာလဲ? ဖုန်းခေါ်ဆိုမှုစာရင်းကို ကြည့်ရုံနဲ့တင် တစ်ယောက်နဲ့တစ်ယောက်တခါမှ မဆက်သွယ်ဖူးမှန်း မြင်နိုင်သည်။ Wechat မှာပင် မဆက်သွယ်ဖူးပေ။ {Moonlight} ဟူသောစာလုံး၏ အဓိပ္ပါယ်မှာ မင်္သကာစရာကောင်းလှသည်။
သူတို့နှစ်ယောက်ကြားမှာ တခုခုများဖြစ်ခဲ့လေသလား?
သူမအတွေးတွေကြောင့် ရှန့်ချောင် အလွန်အမင်း စိတ်ရှုပ်ထွေးသွားရသည်။
သူမအတွေးထဲ နစ်မြောနေစဉ်မှာပင် ကိုယ်ပေါ် အရိပ်တစ်ခု အုပ်မိုးလာသည်။ ရှန့်ချောင် မော့ကြည့်လိုက်ချိန်တွင် ဟော့ရှီးက သူမအားစူးစိုက်ကြည့်နေကာ သူမသာ ကြားနိုင်ရုံလေသံတိုးတိုးဖြင့် ဆိုလာသည်။
"အဲ့ဒီမင်းသားနဲ့ ဖုန်းပြောလိုက်ရလို့ မင်း အဲ့လောက်ပျော်နေတာလား?"
သူယူလာတဲ့ ဆေးသေတ္တာကို သူမလက်ထဲ ထိုးထည့်ကာ
"မင်းလက်ပေါ်က အရည်ကြည်ဖုတွေကို ဆေးထည့်"
ထို့နောက် သူ နောက်လှည့်ကာ ထွက်သွားသည်။
အခုလေးတင် အဆူခံလိုက်ရသော ရှန့်ချောင် - ? ? ?
ဘာဖြစ်သွားတာလဲ? ဘာလို့ သူမအိုင်ဒေါလ် ဒေါသထွက်နေတာလဲ? ထိုညတွင် လူအားလုံး အပေါ်ထပ်တက်သွားချိန်ထိတိုင်အောင် ဟော့ရှီး သူမကို စကားတစ်ခွန်းမဆိုတော့ချေ။
သူ့ကိုယ်ရည်ကိုယ်သွေးက ထိုအတိုင်းပင်မို့ မည်သူမှ တခုခုမှားနေမှန်း သတိမထားမိပေ။ သို့သော် ရှန့်ချောင်က သူ့ဖန်ဖြစ်လာသည်မှာ အချိန်အတော်ကြာပြီးဖြစ်ကာ သေးငယ်လှသော ခံစားချက်အပြောင်းအလဲနှင့် မျက်နှာအမူအရာကိုပင် ရိပ်မိနိုင်စွမ်းရှိသည်။
ဟော့ရှီး ရုတ်တရက် ဘာလို့ စိတ်ဆိုးသွားမှန်း ရှန့်ချောင် နားမလည်ပဲ သူနှင့် မုန့်ရှင်းချန်း အကြားတွင် ပြဿနာတစ်စုံတစ်ရာ ရှိမရှိ တွေးတောလိုက်မိသည်။ သို့သော် သူ့နောက် နှစ်ပေါင်းများစွာ လိုက်ခဲ့သူတစ်ယောက်အနေနှင့် ထိုကိစ္စမျိုး တခါမှ မကြားခဲ့ဖူးပေ။
ရှန့်ချောင် ရူးချင်စိတ်ပေါက်လာသည်။ သူမကုတင်ပေါ်တွင် လူးလိမ့်နေကာ အိပ်မရချေ။ သူ့ထံ မက်ဆေ့ချ်ပို့ကာ မေးချင်ပေမဲ့ သူမအိုင်ဒေါလ်ကို နှောင့်ယှက်မိမည်ကို စိုးရိမ်သည်။ မနက်၁နာရီအချိန် သူမအိပ်ဖို့ ကြိုးစားနေချိန်၌ သူမအခန်းရှေ့မျက်နှာချင်းဆိုင်မှ တံခါးဖွင့်သံကြားလိုက်ရကာ အောက်ထပ်ဆင်းသွားသည့်ခြေသံကိုပါ ကြားလိုက်သည်။
ရှန့်ချောင် ခပ်မြန်မြန်ထလိုက်ပြီး ဂျက်ကတ်ဝတ်လိုက်ကာ ဆံပင်အနည်းငယ်ဖွရင်း သမ်းဝေလျက် တံခါးဖွင့်လိုက်သည်။
"ရေငတ်လိုက်တာ"
သူမအောက်ထပ်ဆင်းလာကာ ဧည့်ခန်းမီးနှင့် မီးဖိုချောင်မီးမှာ ပွင့်နေပြီး လူတစ်ယောက်က ရေခဲသေတ္တာရှေ့တွင် မတ်တပ်ရပ်နေသည်။ လူတစ်ယောက်လျှောက်လာသည်ကို ကြားချိန်တွင် သူခေါင်းငဲ့ကြည့်လာပေမဲ့ ရှန့်ချောင်ကို မြင်ချိန်၌လည်း မျက်နှာအမူအရာ မပြောင်းလဲသွားပေ။
ရှန့်ချောင်က 'အံ့အားသင့်သွားဟန်' ဖြင့် ခြေလှမ်းအနည်းငယ်လှမ်းလာသည်။
"အို့၊ ဟော့ရှီး ရှင်ဘာလို့ နိုးနေတာလဲ?"
ဟော့ရှီး ရေခဲသေတ္တာထဲမှ Sandwich တစ်ခုယူလိုက်သည်။
"ငါ ဗိုက်နည်းနည်းဆာလို့"
သူ ထိုစကားဆိုလိုက်သည်နှင့် ရှန့်ချောင်က သူ့လက်ထဲမှ Sandwich ကို လှမ်းဆွဲလိုက်သည်။
"နောက်ကျနေပြီ၊ အေးတာတွေ မစားနဲ့တော့"
သူမ ရေခဲသေတ္တာထဲကြည့်လိုက်ကာ ခရမ်းချဉ်သီးနှစ်လုံးနှင့် ကြက်ဥနှစ်လုံးကို ထုတ်ယူလာသည်။
"ကျွန်မလည်း ဗိုက်ဆာတယ်၊ ကျွန်မ ကြက်ဥခေါက်ဆွဲလုပ်ပေးမယ်"
ဟော့ရှီး ပြန်မဖြေနိုင်ခင်မှာပင် သူမက မီးဖိုဆီ လျှောက်သွားပြီးဖြစ်သည်။ ဟော့ရှီး ခဏမတ်တပ်ရပ်နေပြီးနောက် သူမနောက်က လိုက်လာသည်။
ရှန့်ချောင် ရေနွေးတည်ကာ ကြက်ဥခေါက်လိုက်ပြီး ခရမ်းချဉ်သီးလှီးလိုက်သည်။ ရေနွေးဆူလာသည်နှင့် ချက်ထားသည့် ခေါက်ဆွဲကို ဆယ်ယူကာ ရေအေးတွင် စိမ်လိုက်သည်။ ထို့နောက် ပန်းကန်လုံး ထုတ်ယူကာ ခေါက်ဆွဲထည့်ပြီး ကြက်ဥနှင့် ခရမ်းချဉ်သီးပါ ထည့်လိုက်၏။
ဟော့ရှီး သူမရှေ့တွင် ဝင်ထိုင်ကာ တူတစ်စုံယူပြီးနောက် မစားခင် နှံ့စပ်အောင် မွှေလိုက်သည်။ ရှန့်ချောင်က မျက်ဝန်းထဲ သဘောကျမှု၊ ကြင်နာမှုနှင့် ပျော်ရွှင်မှုတို့ ရောပြွန်းလျက် သူ့ကို ကြည့်လိုက်သည်။
သူမရှေ့တွင် ထိုင်နေသောသူမမှာ သူမ ခြောက်နှစ်တိုင်တိုင် သဘောကျခဲ့ရသောသူဖြစ်သည်။ လေ့ကျင့်ရေးသင်တန်းသားအဖြစ် သူ ပွဲဦးထွက်သည်ကို သူမ စောင့်ကြည့်ခဲ့ကာ ယနေ့ရောက်နေသည့် အောင်မြင်မှုဆီ တစ်လှမ်းချင်း လျှောက်လှမ်းလာသည်ကို မြင်တွေ့ခဲ့သည်။ ခြောက်နှစ်ကြာမြင့်ခဲ့ပြီး ဖြစ်ပေမဲ့ သူ့အပေါ်ထားသည့် သူမ၏ ချစ်ခြင်းမေတ္တာမှာ ယခင်အတိုင်းဖြစ်ကာ နွေးထွေးပြည့်ဝပြီး ဘယ်တော့မှ မှေးမှိန်သွားမည် မဟုတ်ပေ။ သူ့ထံတွင် လူတိုင်း သူ့ကို ပို၍ ပို၍ တိုးသဘောကျစေလာနိုင်သည့် ဆွဲဆောင်အား ရှိသည်။
သူမ သူ့ကို အများကြီး သဘောကျရလေသည်။
ဟော့ရှီး ရုတ်တရက်ခေါင်းမော့လာကာ သူမနှင့် အကြည့်ချင်းဆုံသည်။ ရှန့်ချောင် လန့်သွားကာ သူမပန်းကန်လုံးထဲ အာရုံစိုက်လိုက်သည်။ သူမပါးစပ်ထဲ သွပ်ထည့်နေချိန်တွင် သူမနားရွက်ဖျားတွေ နီရဲသွားလေပြီ။
သူမအိုင်ဒေါလ်နှင့် နေ့တိုင်း ထမင်းအတူစားလျှင်ပင် သူမကား ရှက်ရွံ့နေမြဲ။
ဟော့ရှီး သူမကို အနည်းငယ်စိုက်ကြည့်လိုက်ပြီးနောက် ခေါက်ဆွဲပြန်စားသည်။ သူ့မျက်ဝန်းထဲမှ အေးစက်မှုမှာ ပျောက်ကွယ်သွားလေပြီ။
ကံကောင်းစွာနှင့်ပင် အားလုံးအိပ်ရာဝင်ပြီးဖြစ်ကာ ကြည့်ရှုသူအားလုံး အနားယူကုန်တာမို့ တိုက်ရိုက်ထုတ်လွှင့်မှုပေါ်က ဒီမြင်ကွင်းကို မြင်တွေ့သူ ရှားပါးလှသည်။
စားပြီးသည်နှင့် ရှန့်ချောင် ပန်းကန်သိမ်းလိုက်ကာ ဆေးကြောရင်း ဟော့ရှီးကို အရင်အိပ်ရာဝင်စေသည်။
ဟော့ရှီး သူမထံ ထပ်ကြည့်ကာ မေးလိုက်သည်။
"မင်း သရဲကြောက်တာလား?"
သူမထံတွင် ရှိနေသည့် လက်တလော လက်မှတ်ထိုးထားသည့် ဓါတ်ပုံအကြောင်းကို တွေးရင်း ပြန်ဖြေသည်။
"မကြောက်တော့ဘူး၊ ကျွန်မမှာ အဆာင်ရှိတယ်"
အခန်းပြန်ချိန်တွင် ရှန့်ချောင်က အိတ်ထဲမှ ဓါတ်ပုံ ထုတ်ယူကာ အခန်းထဲရှိ ခေါင်းအုံအောက်သို့ ထိုးထည့်လိုက်သည်။ သူမအိုင်ဒေါလ်၏ ကာကွယ်ပေးခြင်းကို ခံရသောစိတ်ခံစားမှု ပြန်လည်ထွက်ပါ်လာပြီး ထိုညတွင် သူမအိပ်စက်ဖူးသမျှ ညတွေထဲ အကောင်းဆုံး အိပ်စက်ခြင်းဖြစ််သည်။
****
ဒီအပတ်အတွက် နက်ဖြန်တပိုင်းပဲ ကျန်ပါတော့တယ်။
Enjoy ~
****
{Zawgyi}
အပိုင္း ၂၄ | အိုင္ေဒါလ္ၾကည့္ရတာ ေဒါသထြက္ေနတယ္
ေဆးသြင္းထားတာ ကုန္သြားခ်ိန္တြင္ ေဟာ့ရွီး သူနာျပဳတစ္ေယာက္ကို ေခၚကာ အပ္ျဖဳတ္ခိုင္းလိုက္သည္။ အပ္ျဖဳတ္ၿပီးသည္ႏွင့္ သူနာျပဳအခ်ိဳ႕က တစ္ေယာက္ႏွင့္တစ္ေယာက္ တြန္းတိုက္ကာ ေဟာ့ရွီးထံ ေလၽွာက္လာသည္။
"တဆိတ္ေလာက္ ရွင္ ကၽြန္မတို႔ကို လက္မွတ္ထိုးေပးလို႔ ရမလား?"
ေဟာ့ရွီး ေခါင္းညိတ္သည္။
သူတို႔လက္မွတ္ရၿပီးေနာက္ သူနာျပဳအားလုံး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ထြက္သြားဖို႔ ျပင္ခ်ိန္တြင္ ရွန့္ေခ်ာင္ လွမ္းတားလိုက္သည္။
"သူနာျပဳအစ္မ၊ ကၽြန္မကို ေဘာပင္ခဏဌားပါလား?"
ေဘာပင္ရၿပီး သူနာျပဳျပန္ထြက္သြားခ်ိန္၌ ရွန့္ေခ်ာင္ ကုတင္ေပၚမွ ခုန္ထကာ အက်ီခ်ိတ္တြင္ ခ်ိတ္ထားေသာ သူမကုတ္အက်ီကို လွမ္းယူကာ အတြင္းအိတ္ထဲမွ သူမပိုက္ဆံအိတ္ကို ထုတ္ယူလိုက္သည္။
သူမဘာလုပ္ေနမွန္း ေဟာ့ရွီးေတြးေနစဥ္မွာပင္ ရွန့္ေခ်ာင္က အနားကပ္လာကာ သူ႔ထံ ရွက္ရွက္ရြံ႕ရြံ႕ျဖင့္ ဓါတ္ပုံကမ္းေပးလာသည္။
"ကၽြန္မေရာ"
? ? ?
ယင္းမွာ သူ႔ဓါတ္ပုံျဖစ္သည္။ ေနာက္ဆုံးရွိုးပြဲတြင္ ရိုက္ယူထားသည့္ စတိတ္စင္မွ ပုံျဖစ္သည္။ သူက အျဖဴေရာင္ဝတ္စုံျဖင့္ မီးေရာင္ေအာက္တြင္ရပ္ေနၿပီး လက္ႏွစ္ဖက္ျဖင့္ မိုက္ခရိုဖုန္းကိုင္ထားကာ ေခါင္းအနည္းငယ္ ေစာင္းငဲ့ေနသည္။ ဒီတေခါက္ရွိုးပြဲတြင္ ရွန့္ေခ်ာင္၏ အႀကိဳက္ဆုံးဝတ္စုံျဖစ္သည္။ သူ႔ပုံစံက မင္းသားငယ္ပမာျဖစ္ၿပီး လေရာင္ထက္ပင္ ပို၍ သန့္စင္သည္။ ေနာက္ဆုံးတေခါက္ ရွန့္အေမထံ သူမျပန္ခ်ိန္က အႀကိဳက္ဆုံးဓါတ္ပုံတစ္ပုံကို သူမ ေရြးထုတ္ၿပီး ၿမိဳ႕ထဲရွိ ဓါတ္ပုံစတူဒီယိုတြင္ ပရင့္ထုတ္ကာ ထိုအခ်ိန္ကတည္းက ပိုက္ဆံအိတ္ထဲ ထည့္သယ္လာျခင္းျဖစ္သည္။
ေဟာ့ရွီးက ရွုပ္ေထြးတဲ့ မ်က္ႏွာျဖင့္ သူမကို အခ်ိန္အေတာ္ၾကာ စိုက္ၾကည့္ေနသည္။
ရွန့္ေခ်ာင္ တိုက္တြန္းလိုက္သည္။
"ျမန္ျမန္လုပ္! ရိုက္ကူးေရးအဖြဲ႕သားေတြ မျမင္ေစနဲ႔"
ေဟာ့ရွီး ဓါတ္ပုံကို ယူကာ သူ႔နာမည္ကို လက္မွတ္ထိုးလိုက္သည္။ ရွန့္ေခ်ာင္က ထပ္ေပါင္းဆိုလိုက္သည္။
"ဒီမွာ အသဲပုံဆြဲေပး"
ေဟာ့ရွီး - ? ?
သူ ဆြဲၿပီးသည္ႏွင့္ တံခါးလက္ကိုင္လွည့္သံကို ၾကားလိုက္ရသည္။ ရွန့္ေခ်ာင္ ခပ္ျမန္ျမန္တုံ႔ျပန္လာသည္။ သူမ ဓါတ္ပုံကို ဆြဲယူကာ ေနာက္လွည့္ၿပီး ကုတင္ဆီေျပးသြားကာ သူမ၏ ဆုလာဘ္ကို ေခါင္းအုံးေအာက္ ထိုးထည့္လိုက္သည္။ ထို႔ေနာက္ သူမ ျပန္လွဲေနပုံမွာ အခုမွ နိုးလာဟန္ျဖစ္ၿပီး ဘာမွမျဖစ္ခဲ့သလိုပင္။
ေဟာ့ရွီး - "....."
က်ဳံးရွန္းက အရင္ဝင္လာကာ လဲ့ေရွာင္ႏွင့္ လုရီဟန္က ရွန့္ေခ်ာင္အတြက္ စြပ္ျပဳတ္ထည့္ထားသည့္ ဓါတ္ဘူးကိုင္လာသည္။ သူမနိုးေနသည္ကို ျမင္သည္ႏွင့္ သုံးေယာက္လုံးက သူတို႔စိုးရိမ္မွုကို ေဖာ္ျပလာသည္။
ထိုအခ်ိန္တြင္ ရိုက္ကူးေရးအဖြဲ႕သားမ်ားက ေနာက္မွလိုက္လာကာ တိုက္ရိုက္ထုတ္လႊင့္မွု စတင္သည္။
က်ဳံးရွန္းက ကုတင္ေဘးတြင္ ထိုင္ကာ ရွန့္ေခ်ာင္ေခါင္းကို ပုတ္လိုက္သည္။
"နင္ ဘာျဖစ္ေနတာလဲ? နင့္ကိုယ္နင္ ခရမ္းသီးနဲ႔ မတည့္မွန္း မသိဘူးလား? ၿပီးခဲ့တဲ့တစ္ေခါက္က ငါတို႔ ေစ်းမွာ ခရမ္းသီးအမ်ားႀကီး ဝယ္လာတာ!! ကံေကာင္းလို႔ မစားရေသးလို႔!!"
သူမ ခရမ္းသီး အေျမာက္အမ်ားဝယ္လာျခင္းမွာ ေဟာ့ရွီး ႀကိဳက္၍ ျဖစ္သည္။ ရွန့္ေခ်ာင္ ခႏၶာကိုယ္က ခရမ္းသီးႏွင့္ မတည့္မွန္း သူမ မသိေခ်။ ေခ်ာင္ေခ်ာင္ အျပစ္လုပ္ခံရသူပမာ ခံစားလိုက္ရသည္။
လဲ့ေရွာင္က က်ဳံးရွန္းကို တြန္းထုတ္လိုက္သည္။
"နင္ ဘာလို႔ သူ႔ကို တို႔ေနတာလဲ? နင္ ဘာလို႔ ေခ်ာင္ေခ်ာင္ ေခါင္းကို ပုတ္ေနတာလဲ?"
သူမက စြပ္ျပဳတ္ယူလာကာ
"ေခ်ာင္ေခ်ာင္၊ စြပ္ျပဳတ္နည္းနည္းေသာက္လိုက္"
ရွန့္ေခ်ာင္ တငုံေသာက္လိုက္ကာ
"အရသာေကာင္းလိုက္တာ၊ နင္ခ်က္လာတာလား?"
"ငါ ေရွာင္ဟန္နဲ႔အတူ ဟင္းခ်က္နည္းအတိုင္း ေလးနာရီေက်ာ္ ေပါင္းလာတာ၊ ေသာက္လိုက္၊ ျမန္ျမန္ေသာက္လိုက္၊ အမ်ားႀကီး က်န္ေသးတယ္"
ရွန့္ေခ်ာင္ ျပဳံးလိုက္ၿပီး
"ဒါက ဓာတ္မတည့္႐ုံပဲ၊ ငါ ေကာင္းသြားၿပီ၊ ေသနိုင္တဲ့ ေရာဂါမဟုတ္ပါဘူး"
လဲ့ေရွာင္ပုံစံက ငိုေတာ့မလိုပင္။
"ငါ အရမ္းေၾကာက္သြားတာ! ငါထင္တာ ေဆာက္လုပ္ေရးထဲမွာ တခုခုျပဳတ္က်ၿပီး နင့္ကို ထိသြားတယ္ထင္လို႔"
ဘယ္လိုေတာင္ စိတ္ကူးဉာဏ္ကြန့္ျမဴးလိုက္တာလဲ?
ရွန့္ေခ်ာင္ သူမေခါင္းကို ပုတ္လိုက္ကာ
"ငါ ေကာင္းသြားၿပီ၊ နင္ ထပ္စိတ္မပူနဲ႔ေတာ့"
အင္တာနက္ အသုံးျပဳသူမ်ားမွာ ဆက္သည္းမခံနိုင္ေတာ့ေခ်။
[ဒီ အုတ္ခဲ CP က ခိုင္မာေနၿပီလို႔ ငါေၾကျငာတယ္]
[ဘာအုတ္ခဲ CP လဲ ဟားဟားဟား]
[ရွန့္ေရွာင္ သေဘၤာက ရြက္လႊင့္ေနၿပီ]
[အုတ္ခဲ CP က နားဝင္ဆိုးလိုက္တာ၊ ငါ ရွန့္ေရွာင္ကို မဲေပးတယ္]
[ဒီ လဲ့ေခ်ာင္ အုပ္စုက သေဘာမတူဘူး]
[ရွန့္ေရွာင္ပဲ ျဖစ္ရမယ္! လဲ့ေခ်ာင္ဆိုတာ ဘယ္လိုဂိုဏ္းႀကီးလဲ]
[မရဘူး၊ အုတ္ခဲ CPပဲ !! ေခၚရတာ ေကာင္းတယ္၊ အုတ္ခဲ CP ပဲ ေခၚရေအာင္!!]
ရွန့္ေခ်ာင္၏ အလာဂ်စ္မွာ သိပ္မျပင္းထန္လွေပ။ သူမက စားေသာက္တာကို ရပ္ၿပီး ခပ္ျမန္ျမန္အန္ထုတ္ပစ္ခဲ့သည္။ ေနာက္ဆုံးဆရာဝန္တစ္ေယာက္ စစ္ေဆးၿပီးခ်ိန္တြင္ သူမ ေဆး႐ုံဆင္းခြင့္ရသြားသည္။
ျပန္မလာခင္ ရွန့္ေခ်ာင္က ေဟာ့ရွီးဓါတ္ပုံကို သူမပိုက္ဆံအိတ္ထဲ တိတ္တိတ္ေလး ထိုးထည့္လိုက္သည္။
သူမ အိမ္ေရာက္ခါနီးတြင္ ဖုန္ေဝးက ဖုန္းေခၚလာသည္။ သူမတာဝန္အတိုင္း ေခြးေရခ်ိဳးေပးေနျခင္းျဖစ္ကာ ရွန့္ေခ်ာင္ ေဆး႐ုံတက္ရေၾကာင္းကို ခဏအၾကာမွသာ ၾကားသိရျခင္းျဖစ္သည္။
ရွန့္ေခ်ာင္ ကားေပၚမွ ဆင္းခ်ိန္တြင္ ဖုန္ေဝးက ၿခံဝင္းအျပင္၌ မတ္တပ္ရပ္ေစာင့္ေနသည္။ သူမ၏ အရပ္ျမင့္ျမင့္ ပိန္သြယ္သည့္ခႏၶာကိုယ္က လမ္းမီးေရာင္ေအာင္တြင္ လင္းထင္းေနသည္။ သူတို႔ျပန္လာသည္ကို ျမင္သည္ႏွင့္ ပုံမွန္ေအးစက္သည့္မ်က္ႏွာေပၚတြင္ ေႏြးေထြးသည့္ အျပဳံးတပြင့္ ေပၚထြက္လာသည္။
သူမ ေရွ႕တိုးလာကာ ရွန့္ေခ်ာင္ အဆင္ေၿပ မေၿပ ေသခ်ာေစရန္ လွည့္ပတ္ၾကည့္ရွုလိုက္သည္။ ထို႔ေနာက္ သူမ သက္ျပင္းခ်လိုက္ကာ
"ငါ တအားလန့္သြားတာပဲ၊ ငါ ခရမ္းသီးအားလုံး လႊင့္ပစ္လိုက္ၿပီ"
ရွန့္ေခ်ာင္ - "....."
သူမအိုင္ေဒါလ္အတြက္ ခ်စ္ေမတၱာအျပည့္ျဖင့္ ျပင္ဆင္ထားေသာ ခရမ္းသီးေတြ!!
တိုက္ရိုက္ထုတ္လႊင့္မွုကို ၾကည့္ရွုေနသူမ်ားက သက္ျပင္းခ်လိုက္သည္။
[သူတို႔ဆက္ဆံေရးက တအားေကာင္းတာပဲ]
[ရွန့္ေခ်ာင္က သူတို႔အုပ္စုရဲ့ အခ်စ္ေတာ္ေလးလိုပဲ၊ ငါ နည္းနည္းမနာလိုလာၿပီ]
[ငါတို႔ မနာလို႐ုံပဲ တတ္နိုင္တယ္]
[ငါအရင္က သူ႔(မ)ကို အရမ္းမုန္းတယ္။ ငါ့ေဘးကသူေတြလည္း တအားမုန္းတာ၊ သူ(မ)က အခုဘာလို႔ မ်က္လုံးထဲ ၾကည့္ေကာင္းေနတာလဲ?"
[အရင္က သူ႔(မ) ပုံစံနဲ႔ ယွဥ္ရင္ အခုက လုံးဝ တျခားလူလိုပဲ]
[အရင္က ရွင္းေယာင္မီဒီယာဆီက ဖိႏွိပ္ခံရတာ ေတာ္ေတာ္ဆိုးမွာပဲ၊ အခု သတင္းထြက္လာေတာ့ သူမပင္ကိုယ္ပုံစံအတိုင္း ေနနိုင္ၿပီထင္တယ္]
ျပန္လာၿပီးေနာက္ တဖြဲ႕လုံးက ညစာအျဖစ္ စြပ္ျပဳတ္သာ စားၾကသည္။ မေန႔က အားလုံး ေဟာ့ေပါ့စားခဲ့သည္မို႔ ဒီေန႔တြင္ ပို၍ ဂ႐ုစိုက္ရေလသည္။ တစ္ေန႔လည္ခင္းလုံး အုတ္ခဲသယ္ထားရကာ ဗိုက္ဆာေနသည့္ က်ဳံးရွန္းတစ္ေယာက္ထဲကသာ ေခါက္ဆြဲတစ္ပြဲခ်က္လိုက္သည္။
ဒါရိုက္တာ - "ရွန့္ေခ်ာင္ရဲ့ လက္တေလာ ခႏၶာကိုယ္အေျခအေနက ေဆာက္လုပ္ေရးနဲ႔ မသင့္ေတာ္လို႔ က်ဳံးရွန္းနဲ႔ သူနဲ႔ တာဝန္လဲရမယ္၊ ရွန့္ေခ်ာင္က ႐ုပ္ရွင္ဧကရာဇ္ကို ဧည့္သည္အေနနဲ႔ ဖိတ္ရမယ္၊ တကယ္လို႔ တာဝန္မေအာင္ျမင္ရင္ က်ဳံးရွန္းက သီခ်င္းဆိုၿပီး ကရမယ္"
ေခါက္ဆြဲစားလက္စ က်ဳံးရွန္းက ေၾကာင္အသြားကာ ေဒါသေၾကာင့္ ၾကက္ေသေသသြားသည္။
"မင္းတို႔ ငါ့ကို အနိုင္က်င့္ေနတာ!!"
ရွန့္ေခ်ာင္ သူ႔ေျခေထာက္ကို ပုတ္ကာ ရယ္ေမာလိုက္သည္။
"ေကာင္းတယ္၊ ဒါဆို ငါ တာဝန္ကို လက္ေလၽွာ့လိုက္ၿပီလို႔ ေၾကျငာၿပီး က်ဳံးရွန္းကို ကခိုင္းရေအာင္"
က်ဳံးရွန္း သူမကို ဆိတ္ဆြဲခ်င္ေပမဲ့ ရွန့္ေခ်ာင္ႏွင့္ လုရီဟန္ကို ကာကြယ္ထားေသာ လဲ့ေရွာင္ႏွင့္ ဖုန္ေဝးအၾကားတြင္ အေျခအေနက ခ်က္ခ်င္းေျပာင္းလဲသြားကာ သူသည္သာ ဆိုဖာေပၚတြင္ ဖိခ်ဳပ္ထားျခင္း ခံလိုက္ရသည္။
က်ဳံးရွန္း ေအာ္ဟစ္လိုက္သည္။
"ငါ ဒီအစီအစဥ္က ထြက္ခ်င္တယ္!!"
ထိုအျဖစ္အပ်က္ၿပီးသည့္ေနာက္ ရွန့္ေခ်ာင္ သူမဖုန္းကို ထုတ္ကာ နဂိုမူလရွန့္ေခ်ာင္က ႐ုပ္ရွင္ဧကရာဇ္တစ္ေယာက္ေယာက္မ်ား သိမလားဟု ရွာေဖြၾကည့္လိုက္သည္။
လဲ့ေရွာင္က သူမကိုယ္ပိုင္ဖုန္းႏွင့္ အနားကပ္လာကာ
"ေခ်ာင္ေခ်ာင္ ငါ ဒီတစ္ေယာက္ပဲ သိတယ္၊ စီနီယာ မုန့္ရွင္းခ်န္း။ ငါ ကံေကာင္းၿပီး မႏွစ္က သူနဲ႔ အတူတြဲရိုက္ရတယ္၊ သူက ရိုက္ကြင္းေပၚမွာ တအားသေဘာေကာင္းတာပဲ၊ စိတ္ရွည္ၿပီး စကားေျပာရတာ အဆင္ေျပတယ္၊ ေနာက္ၿပီး သူ အခု ဖင္လန္ကို ခရီးထြက္ေနတယ္ထင္တယ္၊ သူ႔ schedule လြတ္ေနေတာ့ နင္စမ္းၾကည့္လို႔ရတယ္"
ထို႔ေနာက္ လဲ့ေရွာင္က ရွန့္ေခ်ာင္ကို ခပ္ဆတ္ဆတ္ပုတ္လိုက္ကာ
"ေနာက္ၿပီး နင္လည္း သူနဲ႔ အရင္က အလုပ္အတူလုပ္ဖူးတယ္!"
တကယ္ႀကီးလား? ရွန့္ေခ်ာင္က ဒီမင္းသားနဲ႔ အလုပ္တြဲလုပ္ဖူးတာလား? ရွန့္ေခ်ာင္ အခ်ိန္အေတာ္ၾကာ စဥ္းစားၿပီးခ်ိန္မွ အမွတ္ရလိုက္သည္။ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္က သူတို႔ႏွစ္ေယာက္အတူ သ႐ုပ္ေဆာင္ဖူးတဲ့ ေရွးေခတ္ဒရာမာျဖစ္သည္။ မုန့္ရွင္းခ်န္းက အဓိကသ႐ုပ္ေဆာင္ျဖစ္ကာ ရွန့္ေခ်ာင္က ဇာတ္ပို႔ျဖစ္ၿပီး သူႏွင့္ စကားေျပာဆိုသည့္ အခြင့္အေရးနည္းပါးသည္။
လဲ့ေရွာင္ - "ငါ သူ႔ဆီ အေျခအေနကို Wechat မွာ အရင္ေျပာထားၿပီး ဘယ္လိုေျပာမလဲ ၾကည့္လိုက္မယ္၊ တကယ္လို႔ ခ်က္ခ်င္း မျငင္းရင္ နင္ ေမးလို႔ရၿပီ"
သူမစကားေျပာၿပီးသည္ႏွင့္ လဲ့ေရွာင္က စတင္စာရိုက္လိုက္သည္။
သူတို႔ မုန့္ရွင္းခ်န္းကို ဖိတ္ေခၚနိုင္ေလာက္မည္ဟု ၾကားခ်ိန္တြင္ အင္တာနက္အသုံးျပဳသူအားလုံး စိတ္လွုပ္ရွားသြားသည္။ အႏွီလူကား ႐ုပ္ရွင္ဧကရာဇ္ျဖစ္ကာ Variety show မ်ားတြင္ ပါဝင္မွု နည္းပါးသည္။
မုန့္ရွင္းခ်န္းက ခပ္ငယ္ငယ္မွာပင္ နာမည္ေက်ာ္လာခဲ့ကာ ၿပီးျပည့္စုံတဲ့ သ႐ုပ္ေဆာင္စြမ္းရည္ႏွင့္ ေခ်ာေမာေသာ႐ုပ္ရည္ေၾကာင့္ ခပ္ျမန္ျမန္နာမည္ႀကီးလာခဲ့သည္။ ႐ုပ္ရွင္ဧကရာဇ္ဘြဲ႕ထူးကို ရၿပီးသည္ႏွင့္ သူက ႐ုပ္ရွင္ပိတ္ကားထက္ေပၚ ေျပာင္းေရႊ႕သြားကာ လက္တေလာတြင္လည္း သူ၏ ႐ုပ္ရွင္ {Silent} ျဖင့္ ဇကာတင္စာရင္း ဝင္ထားသည္။
သို႔ေသာ္ သူက အေတာ္ေလး သိုသိုသိပ္သိပ္ေနထိုင္တတ္ကာ ရသစုံရွိုးမ်ားတြင္ ပါဝင္မွုနည္းပါးၿပီး အႏုပညာအသိုင္းအဝိုင္းတြင္ ေကာင္းမြန္ေသာ ဂုဏ္သတင္းရွိသည္။
လဲ့ေရွာင္ ခပ္ျမန္ျမန္ မက္ေဆ့ခ်္ပို႔လိုက္သည္။ သူမပုံစံက ရွန့္ေခ်ာင္ထက္ ပို၍ ပူပန္ေနဟန္ရွိကာ မက္ေဆ့ခ်္ပို႔ၿပီးသည္ႏွင့္ စိုးရိမ္တႀကီးေမးလာသည္။
"သူ အိပ္မ်ားေပ်ာ္ေနလား?"
ရွန့္ေခ်ာင္ အခ်ိန္တြက္လိုက္ကာ
"မျဖစ္နိုင္ဘူး၊ ဖင္လန္မွာ အခုခ်ိန္က ေန႔ဘက္"
"နင္ဘယ္လိုသိလဲ?"
"ဖင္လန္ရဲ့ အခ်ိန္က UTC+2 ၊ ငါတို႔က UTC+8 ၊ ေျခာက္နာရီေစာတယ္"
လဲ့ေရွာင္ သူမကို အံ့အားတႀကီး ၾကည့္လိုက္သည္။
"ဝိုး၊ ေခ်ာင္ေခ်ာင္ နင့္ရဲ့ ပထဝီက အရမ္းေကာင္းတာပဲ၊ ငါ ေက်ာင္းတက္တုန္းက ပထဝီဘာသာကို အမုန္းဆုံးပဲ၊ ဇုန္အခ်ိန္ေတြက တအားထူးဆန္းလြန္းလို႔"
ၾကည့္ရွုသူမ်ားသည္လည္း ေၾကာင္အသြားသည္။ သို႔ေသာ္ ရွန့္ေခ်ာင္က အလယ္တန္းေအာင္ထားသူသာ ျဖစ္မွန္း အမွတ္ရသြားခ်ိန္တြင္ သူမ ပထဝီမွာသာ ေတာ္ျခင္းျဖစ္နိုင္သည္ဟု ေတြးထင္ၾကသည္။
နာရီဝက္အၾကာ၌ မုန့္ရွင္းခ်န္းဆီမွ ျပန္စာကို လဲ့ေရွာင္ လက္ခံရရွိသည္။
"ၾကားရတာ စိတ္ဝင္စားစရာပဲ"
လဲ့ေရွာင္ဖတ္လိုက္ၿပီးေနာက္ ရွန့္ေခ်ာင္လက္ေမာင္းကို စိတ္လွုပ္ရွားစြာ လွုပ္ယမ္းလိုက္သည္။
"ေခ်ာင္ေခ်ာင္!! သူစာျပန္ၿပီ၊ ျမန္ျမန္လုပ္၊ ငါနင့္ကို သူ႔ဖုန္းနံပါတ္ေပးမယ္၊ နင္ သူ႔ကို ေလးေလးစားစားဖိတ္လိုက္"
ရွန့္ေခ်ာင္ ဖုန္းနံပါတ္မွတ္ရန္အတြက္ သူမဖုန္းကို လွမ္းယူလိုက္သည္။ နံပါတ္အားလုံးထည့္ၿပီးခ်ိန္တြင္ သူမထံတြင္ ထိုဖုန္းနံပါတ္ရွိေနမွန္းျမင္လိုက္သည္။
မွတ္ထားသည့္နာမည္မွာ...
{Moonlight} (လေရာင္)
ဒါဘာကို ဆိုလိုတာလဲ?
ရွန့္ေခ်ာင္ ရွူးတိုးတိုးလုပ္ကာ ဖုန္းေခၚလိုက္သည္။ ဖုန္းသုံးခါျမည္ၿပီးေနာက္ ဖုန္းဝင္သြားကာ ႏူးညံ့သည့္ေယာက်ာ္းသံတစ္သံက ဖုန္းေျဖလာသည္။
"ဟဲလို"
ရွန့္ေခ်ာင္က လဲ့ေရွာင္ပါးစပ္ကို လက္ျဖင့္ လွမ္းပိတ္လိုက္သည္။
"စီနီယာမုန့္၊ ဟဲလို။ ကၽြန္မက ရွန့္ေခ်ာင္ပါ"
"ဟဲလို ရွန့္ေခ်ာင္"
"ကၽြန္မတို႔ လက္တေလာ Indoor Variety Show ရိုက္ေနတာ၊ စီနီယာကို ဧည့္သည္အေနနဲ႔ ဖိတ္ခ်င္လို႔ပါ၊ စီနီယာမွာ အခ်ိန္ရွိမလား မသိဘူး"
"လဲ့ေရွာင္က ကၽြန္ေတာ့္ကို ရွင္းျပထားတယ္၊ ကၽြန္ေတာ္လည္း မနက္ျဖန္ တ႐ုတ္ျပည္ျပန္လာမွာ၊ ဒုကၡမမ်ားဘူးဆိုရင္ ကၽြန္ေတာ္လည္း မင္းရဲ့ အိမ္ခ်က္လက္ရာ ပဲငံျပာရည္ေခါက္ဆြဲနဲ႔ ေဟာ့ေပါ့ကို ျမည္းစမ္းခ်င္ပါတယ္"
မေမၽွာ္လင့္ထားစြာပင္ လြယ္လင့္တကူ ဖိတ္ၾကားနိုင္သျဖင့္ ရွန့္ေခ်ာင္က အနည္းငယ္ အံ့ဩသြားသည္။
"ဒုကၡမမ်ားပါဘူး၊ စီနီယာ့ကို ႀကိဳရမွာ ကၽြန္မတို႔အတြက္ ဂုဏ္ယူစရာပါပဲ၊ ဒါဆို စီနီယာေရာက္လာမွာကို ေမၽွာ္ေနပါ့မယ္"
"ေကာင္းၿပီ၊ မနက္ျဖန္ေတြ႕မယ္"
ဖုန္းခ်ၿပီးသည္ႏွင့္ ေနာက္ဆုံးတြင္ လဲ့ေရွာင္၏ စူးစူးရွရွေအာ္သံကို ၾကားလိုက္ရသည္။
"ငါေျပာသားပဲ! စီနီယာမုန့္က အရမ္းသေဘာေကာင္းတာ!"
လဲ့ေရွာင္ ေနာက္လွည့္ကာ က်ဳံးရွန္းေခါင္းကို ပုတ္လိုက္သည္။
"နင္အခု သီခ်င္းဆိုၿပီး ကစရာမလိုေတာ့ဘူး!!"
ရွန့္ေခ်ာင္က အနည္းငယ္ေတြေဝေနကာ သူမဖုန္းနာမည္စာရင္းထဲရွိ {Moonlight} စာလုံးကို စိုက္ၾကည့္ကာ မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ ရွန့္ေခ်ာင္က ဘာလို႔မ်ား ဒီလိုနာမည္မွတ္ထားတာလဲ? ဖုန္းေခၚဆိုမွုစာရင္းကို ၾကည့္႐ုံနဲ႔တင္ တစ္ေယာက္နဲ႔တစ္ေယာက္တခါမွ မဆက္သြယ္ဖူးမွန္း ျမင္နိုင္သည္။ Wechat မွာပင္ မဆက္သြယ္ဖူးေပ။ {Moonlight} ဟူေသာစာလုံး၏ အဓိပၸါယ္မွာ မသၤကာစရာေကာင္းလွသည္။
သူတို႔ႏွစ္ေယာက္ၾကားမွာ တခုခုမ်ားျဖစ္ခဲ့ေလသလား?
သူမအေတြးေတြေၾကာင့္ ရွန့္ေခ်ာင္ အလြန္အမင္း စိတ္ရွုပ္ေထြးသြားရသည္။
သူမအေတြးထဲ နစ္ေျမာေနစဥ္မွာပင္ ကိုယ္ေပၚ အရိပ္တစ္ခု အုပ္မိုးလာသည္။ ရွန့္ေခ်ာင္ ေမာ့ၾကည့္လိုက္ခ်ိန္တြင္ ေဟာ့ရွီးက သူမအားစူးစိုက္ၾကည့္ေနကာ သူမသာ ၾကားနိုင္႐ုံေလသံတိုးတိုးျဖင့္ ဆိုလာသည္။
"အဲ့ဒီမင္းသားနဲ႔ ဖုန္းေျပာလိုက္ရလို႔ မင္း အဲ့ေလာက္ေပ်ာ္ေနတာလား?"
သူယူလာတဲ့ ေဆးေသတၱာကို သူမလက္ထဲ ထိုးထည့္ကာ
"မင္းလက္ေပၚက အရည္ၾကည္ဖုေတြကို ေဆးထည့္"
ထို႔ေနာက္ သူ ေနာက္လွည့္ကာ ထြက္သြားသည္။
အခုေလးတင္ အဆူခံလိုက္ရေသာ ရွန့္ေခ်ာင္ - ? ? ?
ဘာျဖစ္သြားတာလဲ? ဘာလို႔ သူမအိုင္ေဒါလ္ ေဒါသထြက္ေနတာလဲ? ထိုညတြင္ လူအားလုံး အေပၚထပ္တက္သြားခ်ိန္ထိတိုင္ေအာင္ ေဟာ့ရွီး သူမကို စကားတစ္ခြန္းမဆိုေတာ့ေခ်။
သူ႔ကိုယ္ရည္ကိုယ္ေသြးက ထိုအတိုင္းပင္မို႔ မည္သူမွ တခုခုမွားေနမွန္း သတိမထားမိေပ။ သို႔ေသာ္ ရွန့္ေခ်ာင္က သူ႔ဖန္ျဖစ္လာသည္မွာ အခ်ိန္အေတာ္ၾကာၿပီးျဖစ္ကာ ေသးငယ္လွေသာ ခံစားခ်က္အေျပာင္းအလဲႏွင့္ မ်က္ႏွာအမူအရာကိုပင္ ရိပ္မိနိုင္စြမ္းရွိသည္။
ေဟာ့ရွီး ႐ုတ္တရက္ ဘာလို႔ စိတ္ဆိုးသြားမွန္း ရွန့္ေခ်ာင္ နားမလည္ပဲ သူႏွင့္ မုန့္ရွင္းခ်န္း အၾကားတြင္ ျပႆနာတစ္စုံတစ္ရာ ရွိမရွိ ေတြးေတာလိုက္မိသည္။ သို႔ေသာ္ သူ႔ေနာက္ ႏွစ္ေပါင္းမ်ားစြာ လိုက္ခဲ့သူတစ္ေယာက္အေနႏွင့္ ထိုကိစၥမ်ိဳး တခါမွ မၾကားခဲ့ဖူးေပ။
ရွန့္ေခ်ာင္ ႐ူးခ်င္စိတ္ေပါက္လာသည္။ သူမကုတင္ေပၚတြင္ လူးလိမ့္ေနကာ အိပ္မရေခ်။ သူ႔ထံ မက္ေဆ့ခ်္ပို႔ကာ ေမးခ်င္ေပမဲ့ သူမအိုင္ေဒါလ္ကို ေႏွာင့္ယွက္မိမည္ကို စိုးရိမ္သည္။ မနက္၁နာရီအခ်ိန္ သူမအိပ္ဖို႔ ႀကိဳးစားေနခ်ိန္၌ သူမအခန္းေရွ႕မ်က္ႏွာခ်င္းဆိုင္မွ တံခါးဖြင့္သံၾကားလိုက္ရကာ ေအာက္ထပ္ဆင္းသြားသည့္ေျခသံကိုပါ ၾကားလိုက္သည္။
ရွန့္ေခ်ာင္ ခပ္ျမန္ျမန္ထလိုက္ၿပီး ဂ်က္ကတ္ဝတ္လိုက္ကာ ဆံပင္အနည္းငယ္ဖြရင္း သမ္းေဝလ်က္ တံခါးဖြင့္လိုက္သည္။
"ေရငတ္လိုက္တာ"
သူမေအာက္ထပ္ဆင္းလာကာ ဧည့္ခန္းမီးႏွင့္ မီးဖိုေခ်ာင္မီးမွာ ပြင့္ေနၿပီး လူတစ္ေယာက္က ေရခဲေသတၱာေရွ႕တြင္ မတ္တပ္ရပ္ေနသည္။ လူတစ္ေယာက္ေလၽွာက္လာသည္ကို ၾကားခ်ိန္တြင္ သူေခါင္းငဲ့ၾကည့္လာေပမဲ့ ရွန့္ေခ်ာင္ကို ျမင္ခ်ိန္၌လည္း မ်က္ႏွာအမူအရာ မေျပာင္းလဲသြားေပ။
ရွန့္ေခ်ာင္က 'အံ့အားသင့္သြားဟန္' ျဖင့္ ေျခလွမ္းအနည္းငယ္လွမ္းလာသည္။
"အို႔၊ ေဟာ့ရွီး ရွင္ဘာလို႔ နိုးေနတာလဲ?"
ေဟာ့ရွီး ေရခဲေသတၱာထဲမွ Sandwich တစ္ခုယူလိုက္သည္။
"ငါ ဗိုက္နည္းနည္းဆာလို႔"
သူ ထိုစကားဆိုလိုက္သည္ႏွင့္ ရွန့္ေခ်ာင္က သူ႔လက္ထဲမွ Sandwich ကို လွမ္းဆြဲလိုက္သည္။
"ေနာက္က်ေနၿပီ၊ ေအးတာေတြ မစားနဲ႔ေတာ့"
သူမ ေရခဲေသတၱာထဲၾကည့္လိုက္ကာ ခရမ္းခ်ဥ္သီးႏွစ္လုံးႏွင့္ ၾကက္ဥႏွစ္လုံးကို ထုတ္ယူလာသည္။
"ကၽြန္မလည္း ဗိုက္ဆာတယ္၊ ကၽြန္မ ၾကက္ဥေခါက္ဆြဲလုပ္ေပးမယ္"
ေဟာ့ရွီး ျပန္မေျဖနိုင္ခင္မွာပင္ သူမက မီးဖိုဆီ ေလၽွာက္သြားၿပီးျဖစ္သည္။ ေဟာ့ရွီး ခဏမတ္တပ္ရပ္ေနၿပီးေနာက္ သူမေနာက္က လိုက္လာသည္။
ရွန့္ေခ်ာင္ ေရေႏြးတည္ကာ ၾကက္ဥေခါက္လိုက္ၿပီး ခရမ္းခ်ဥ္သီးလွီးလိုက္သည္။ ေရေႏြးဆူလာသည္ႏွင့္ ခ်က္ထားသည့္ ေခါက္ဆြဲကို ဆယ္ယူကာ ေရေအးတြင္ စိမ္လိုက္သည္။ ထို႔ေနာက္ ပန္းကန္လုံး ထုတ္ယူကာ ေခါက္ဆြဲထည့္ၿပီး ၾကက္ဥႏွင့္ ခရမ္းခ်ဥ္သီးပါ ထည့္လိုက္၏။
ေဟာ့ရွီး သူမေရွ႕တြင္ ဝင္ထိုင္ကာ တူတစ္စုံယူၿပီးေနာက္ မစားခင္ ႏွံ့စပ္ေအာင္ ေမႊလိုက္သည္။ ရွန့္ေခ်ာင္က မ်က္ဝန္းထဲ သေဘာက်မွု၊ ၾကင္နာမွုႏွင့္ ေပ်ာ္ရႊင္မွုတို႔ ေရာႁပြန္းလ်က္ သူ႔ကို ၾကည့္လိုက္သည္။
သူမေရွ႕တြင္ ထိုင္ေနေသာသူမမွာ သူမ ေျခာက္ႏွစ္တိုင္တိုင္ သေဘာက်ခဲ့ရေသာသူျဖစ္သည္။ ေလ့က်င့္ေရးသင္တန္းသားအျဖစ္ သူ ပြဲဦးထြက္သည္ကို သူမ ေစာင့္ၾကည့္ခဲ့ကာ ယေန႔ေရာက္ေနသည့္ ေအာင္ျမင္မွုဆီ တစ္လွမ္းခ်င္း ေလၽွာက္လွမ္းလာသည္ကို ျမင္ေတြ႕ခဲ့သည္။ ေျခာက္ႏွစ္ၾကာျမင့္ခဲ့ၿပီး ျဖစ္ေပမဲ့ သူ႔အေပၚထားသည့္ သူမ၏ ခ်စ္ျခင္းေမတၱာမွာ ယခင္အတိုင္းျဖစ္ကာ ေႏြးေထြးျပည့္ဝၿပီး ဘယ္ေတာ့မွ ေမွးမွိန္သြားမည္ မဟုတ္ေပ။ သူ႔ထံတြင္ လူတိုင္း သူ႔ကို ပို၍ ပို၍ တိုးသေဘာက်ေစလာနိုင္သည့္ ဆြဲေဆာင္အား ရွိသည္။
သူမ သူ႔ကို အမ်ားႀကီး သေဘာက်ရေလသည္။
ေဟာ့ရွီး ႐ုတ္တရက္ေခါင္းေမာ့လာကာ သူမႏွင့္ အၾကည့္ခ်င္းဆုံသည္။ ရွန့္ေခ်ာင္ လန့္သြားကာ သူမပန္းကန္လုံးထဲ အာ႐ုံစိုက္လိုက္သည္။ သူမပါးစပ္ထဲ သြပ္ထည့္ေနခ်ိန္တြင္ သူမနားရြက္ဖ်ားေတြ နီရဲသြားေလၿပီ။
သူမအိုင္ေဒါလ္ႏွင့္ ေန႔တိုင္း ထမင္းအတူစားလၽွင္ပင္ သူမကား ရွက္ရြံ႕ေနျမဲ။
ေဟာ့ရွီး သူမကို အနည္းငယ္စိုက္ၾကည့္လိုက္ၿပီးေနာက္ ေခါက္ဆြဲျပန္စားသည္။ သူ႔မ်က္ဝန္းထဲမွ ေအးစက္မွုမွာ ေပ်ာက္ကြယ္သြားေလၿပီ။
ကံေကာင္းစြာႏွင့္ပင္ အားလုံးအိပ္ရာဝင္ၿပီးျဖစ္ကာ ၾကည့္ရွုသူအားလုံး အနားယူကုန္တာမို႔ တိုက္ရိုက္ထုတ္လႊင့္မွုေပၚက ဒီျမင္ကြင္းကို ျမင္ေတြ႕သူ ရွားပါးလွသည္။
စားၿပီးသည္ႏွင့္ ရွန့္ေခ်ာင္ ပန္းကန္သိမ္းလိုက္ကာ ေဆးေၾကာရင္း ေဟာ့ရွီးကို အရင္အိပ္ရာဝင္ေစသည္။
ေဟာ့ရွီး သူမထံ ထပ္ၾကည့္ကာ ေမးလိုက္သည္။
"မင္း သရဲေၾကာက္တာလား?"
သူမထံတြင္ ရွိေနသည့္ လက္တေလာ လက္မွတ္ထိုးထားသည့္ ဓါတ္ပုံအေၾကာင္းကို ေတြးရင္း ျပန္ေျဖသည္။
"မေၾကာက္ေတာ့ဘူး၊ ကၽြန္မမွာ အဆာင္ရွိတယ္"
အခန္းျပန္ခ်ိန္တြင္ ရွန့္ေခ်ာင္က အိတ္ထဲမွ ဓါတ္ပုံ ထုတ္ယူကာ အခန္းထဲရွိ ေခါင္းအုံေအာက္သို႔ ထိုးထည့္လိုက္သည္။ သူမအိုင္ေဒါလ္၏ ကာကြယ္ေပးျခင္းကို ခံရေသာစိတ္ခံစားမွု ျပန္လည္ထြက္ပၚလာၿပီး ထိုညတြင္ သူမအိပ္စက္ဖူးသမၽွ ညေတြထဲ အေကာင္းဆုံး အိပ္စက္ျခင္းျဖစ္္သည္။
****
ဒီအပတ္အတြက္ နက္ျဖန္တပိုင္းပဲ က်န္ပါေတာ့တယ္။
Enjoy ~
****