GTKWF (Myanmar Translation )

By Liz_774

326K 44.5K 5.1K

Title: Get to Know about Wife Fan Author: Chun Dao Han Chapters: 167 chapter This is just a fan translation ... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Manhwa
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
ကြော်ငြာ 💙
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64.1
Chapter 64.2
Chapter 65
Heaven's Greatest Plan
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69.1
Chapter 69.2
Chapter 70.1
Chapter 70.2
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81.1
Chapter 81.2
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93.1
Chapter 93.2
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99.1
Chapter 99.2
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108.1
Chapter 108.2
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131.1
Chapter 131.2
Chapter 132
Chapter 133
Chapter 133 (2nd version)
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140.1
Chapter 140.2
Chapter 141.1
Chapter 141.2
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149.1
Chapter 149.2
Chapter 150
Chapter 151
Chapter 152

Chapter 16

2.2K 233 1
By Liz_774

{Unicode}

အပိုင်း ၁၆ | အတူတကွနေထိုင်ခြင်း ရသစုံရှိုး

အဆုံးတွင်တော့ နှစ်ယောက်လုံး၏ rank မှာ အတော်မြင့်သွားကာ အချိန်ကိုကြည့်လိုက်ချိန်တွင် နှစ်နာရီကြာသွားလေပြီ။ ချောင်းအမေအကြောင်း ရှန့်ချောင်တွေးလိုက်မိပြီးနောက် မတ်တပ်ရပ်ကာ ဟော့ရှီးကို နှုတ်ဆက်စကားဆိုလိုက်သည်။

သူ သူမကို တံခါးဝထိ လိုက်ပို့ပြီး လေသံခပ်တိုးတိုးဖြင့်

"သူတို့ ပြန်မလာသေးရင် ထပ်မစောင့်နဲ့တော့"

"အင်း! ဘိုင့် ဟော့ရှီး၊ စောစောနားနော်"

သူ ခေါင်းညိတ်ပြလိုက်သည်။

ရှန့်ချောင် လှည့်ထွက်သွားပြီး အရှေ့အိမ်ရှိ လူသွားလမ်းပေါ် ပျောက်ကွယ်မသွားမချင်း သူ တံခါးမပိတ်ပေ။ အခန်းကား တဖန်ပြန်လည်တိတ်ဆိတ်သွားသည်။ သူမ ဒီမှာ ရှိနေချိန်တွင်လည်း ဆူညံဆူညံမလုပ်ပေ။ သူ့ထံ စကားဆိုလျှင်တောင် ဂရုတစိုက်ဆိုလေ့ရှိသည်။

သူ တီဗီ ဖွင့်လိုက်ကာ ရှန့်ချောင် ကြည့်ပြီးဖြစ်တဲ့ 'ရွှမ်းကျန့်၏ ခရီးစဉ်' ကို အပြီးထိ ကြည့်လိုက်ပြီးနောက် အပေါ်ထပ်တက်ကာ အိပ်ဖို့ ပြင်သည်။

ပျင်းစရာကောင်းတဲ့ တရားဓမ္မနှင့် ပတ်သက်သော မှတ်တမ်းရုပ်ရှင်မျိုးကို သူမကြိုက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့။

နောက်ဆုံးတော့ ချောင်းမိသားစုအိမ်က မီးလင်းလာသည်။

ရှန့်ချောင် တွေးတောလိုက်ကာ သတ္တိမွေးပြီး တံခါးခေါက်လိုက်သည်။

တံခါးဖွင့်လာသူမှာ ချောင်းအိမ်တော်ထိန်း ကျန်းမား ဖြစ်ကာ မျက်နှာစိမ်းလူကို တံခါးဝမှာ မြင်ပြီးနောက်

"ဘယ်သူ့ကို ရှာတာလဲ မိန်းကလေး?"

"ကျွန်မ ချောင်းယွီနဲ့ တွေ့ချင်လို့ပါ"

အချိန်အတော်လေးနောက်ကျနေပြီဖြစ်မှန်း ကျန်းမား သတိထားမိလိုက်ကာ သူမရှေ့ရှိလူမှာ မိန်းကလေးဖြစ်သည့်အပြင် ချောင်းယွီနှင့် တွေ့လိုသည်ဟု ဆိုလာတာမို့ သူမအကြည့်တွေ ပြောင်းလဲသွားသည်။ ထိုအချိန်တွင် ချောင်းယွီ အပေါ်ထပ်မှ အောက်ဆင်းလာကာ လှမ်းမေးသည်။

"ဘယ်သူလဲ ကျန်းမား?"

ကျန်းမား နောက်လှည့်ကြည့်ကာ ပြန်ဖြေသည်။

"သူက မင်းကို ရှာနေတာ"

ချောင်းယွီ တံခါးဝဆီ ခြေနှစ်လှမ်း လှမ်းလိုက်ပြီး ရှန့်ချောင်ကို မြင်လိုက်ချိန်တွင် သူ့မျက်ဝန်းတွေ ပြူးကျယ်သွားသည်။

"မင်း ဘယ်လိုရောက်လာတာလဲ?"

လွှတ်ခနဲ ဆိုပြီးနောက် အိမ်ထဲဝင်ဖို့ ခပ်မြန်မြန် ဖိတ်ခေါ်လိုက်သည်။

"အထဲအရင်ဝင်၊ ကျန်းမား ရေနွေးတခွက်လောက်ပေးပါဦး၊ အပြင်မှာ အေးတယ်"

ရှန့်ချောင် အထဲဝင်လာပြီးနောက် ရင်းနှီးတဲ့ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ သူမမျက်ခမ်းတွေ စပ်လာပြီး လျှာကိုက်ကာ မငိုမိစေရန် ထိန်းလိုက်သည်။ သူမကို ဧည့်ခန်းထဲ ဝင်ထိုင်ဖို့ ချောင်းယွီ ဖိတ်ခေါ်လိုက်ပြီး နှစ်ခါ၊ သုံးခါ လှမ်းကြည့်ပြီးနောက် သူမ စာချုပ်ကိစ္စအတွက် လာခြင်းဟု တွေးလိုက်သည်။

"အစီအစဉ်က စနေပြီ၊ ဒီ လုပ်ငန်းစဉ်က တအားကြာမှာ၊ မင်း ဘာမှ စိတ်မပူပါနဲ့"

ရှန့်ချောင် ခေါင်းညိတ်လိုက်ပြီးနောက် သံသယမဝင်စေရန် အကြောင်းပြချက်တခုပေးလိုက်သည်။

"ကျွန်မ ကိစ္စရှိလို့ ဒီကိုလာရင်းနဲ့ မနက်ဖြန် ရှင်လာပေးစရာမလိုအောင် လက်မှတ်ဝင်ထိုးလိုက်တာ"

ချောင်းယွီ - "ဒါပေမဲ့ စာရွက်စာတမ်းတွေက ကုမ္ပဏီမှာ"

ရှန့်ချောင် - "....."

ကျန်းမားဌဲ့လာပေးတဲ့ ရေနွေးခွက်ကို ရှန့်ချောင် လှမ်းယူလိုက်ပြီး ကျေးဇူတင်စကားဆိုရင်း အပေါ်ထပ်ဆီ လှမ်းကြည့်သည်။

ခဏမျှ တွေဝေပြီးနောက်

"ငါ့.. ရှင့်အမေ ဘယ်လိုနေသေးလဲ? သက်သာသွားပြီလား?"

"အဆင်ပြေသွားပါပြီ၊ သူ့ခြေထောက်တွေက လှုပ်ရှားဖို့ မလွယ်တော့ ဒီမနက်က ဝှီးချဲပေါ်က မတော်တဆ ပြုတ်ကျသွားတာ၊ ဆရာဝန်ပြပြီးပါပြီ"

ရှန့်ချောင် စိတ်သက်သာရာရသွားဟန် သက်ပြင်းချလိုက်သည်။

သူမအမေကို ကိုယ်တိုင်ကိုယ်ကျ မြင်ချင်ပေမဲ့ လက်ရှိအခြေအနေအရ တောင်းဆို၍ မဖြစ်ချေ။ ချောင်းယွီနှင့် စကားအနည်းငယ်ဆိုပြီးနောက် မတ်တပ်ထကာ ပြန်ဖို့ ပြင်လိုက်သည်။ သူမ တံခါးဆီ လျှောက်သွားကာ ဖိနပ်လဲဖို့ပြင်ချိန်မှာပင် ရုတ်တရက် အပေါ်ထပ်မှ အသံတသံကြားလိုက်ရသည်။

ချောင်းအမေက လှေကားအဝထိ ဝှီးချဲတွန်းလာကာ ခပ်ဖွဖွမေးလိုက်သည်။

"အိမ်မှာ ဧည့်သည်ရောက်နေတာလား?"

ရှန့်ချောင် ရုတ်တရက် မျက်ရည်ကျလာသည်။

သူမ ခပ်မြန်မြန် နောက်လှည့်ကာ မျက်ရည်သုတ်ပြီးနောက် ခံစားချက်ကို ထိန်းချုပ်ပြီးမှ နှုတ်ဆက်လိုက်သည်။

"ဟဲလို ဒေါ်ဒေါ်"

"မား၊ ဒါ ကျွန်တော့် အမှုသည် ရှန့်ချောင်"

ချောင်းအမေက တံခါးဝတွင်ရပ်ကာ အဝေးရှိ မိန်းကလေးထံ လှမ်းကြည့်သည်။ မျက်နှာကို ကွဲကွဲပြားပြား မမြင်နိုင်ပေမဲ့ ရင်းနှီးနေသလို ခံစားနေရသည်။ သူမ ချောင်းယွီကို ခပ်တိုးတိုးဆူလိုက်သည်။

"ဧည့်သည်ရောက်နေမှန်း မားကို မပြောဘူး၊ ဧည့်ဝတ်မကျေသလို ဖြစ်နေပြီ"

ချောင်းအမေက ဓါတ်လှေကားဖြင့် အောက်ထပ်ဆင်းဖို့ ပြင်နေသည်ကို ရှန့်ချောင်မြင်သည်နှင့် ခပ်မြန်မြန်လှမ်းတားသည်။

"ဒေါ်ဒေါ် ကျွန်မ အရင်ပြန်လိုက်ပါဦးမယ်၊ နောက်တခေါက် ထပ်လာတွေ့ပါ့မယ်"

သူမ အဆင်သင့်မဖြစ်သေးပေ။ ချောင်းအမေကို အနီးကပ်မြင်လျှင် စိတ်မထိန်းနိုင်ဖြစ်မည်ကို သူမ စိုးရိမ်သည်။

ချောင်းအမေက နံရံပေါ်က နာရီကို လှမ်းကြည့်ပြီး နောက်ကျနေပြီမို့ ခေါင်းညိတ်လိုက်ကာ

"ကောင်းပြီ၊ လမ်းမှာ ဂရုစိုက်သွား၊ ချောင်းယွီ ရှန့်မိန်းကလေးကို လိုက်ပို့လိုက်"

ချောင်းယွီ သဘောတူလိုက်ကာ ရှန့်ချောင်ကို အပြင်ဘက်ဆီ လိုက်ပို့သည်။ ညချမ်းထဲ ခေါင်းငိုက်စိုက်ဖြင့် သူမ လမ်းလျှောက်သွားသည်ကို ကြည့်ရင်း သူ ရှန့်ချောင်ကို လှမ်းဆွဲလိုက်ကာ

"ငါ မင်းကို လိုက်ပို့ပေးမယ်၊ အရမ်းနောက်ကျနေပြီ၊ တက်စီဌားဖို့ မလွယ်ဘူး"

ရှန့်ချောင် မငြင်းပဲ သူ့နောက်မှ ကားဂိုဒေါင်ဆီ လိုက်လာသည်။ ကားထဲရှိ မွှေးရနံ့မှာ သူမ သူ့ကို ဝယ်ပေးနေကျ အမွှေးဆီနံ့ဖြစ်သည်။ ချောင်းချောင် မတည်ရှိဘူးဆိုလျှင် ဘယ်သူက သူ့ကို ဒါတွေ ဝယ်ပေးတာလဲ?

သူမ ပိုစဉ်းစားလေ၊ ပိုဝမ်းနည်းလေပင်။ သူမ နောက်ခန်းထဲတွင် ငိုရှိုက်လိုက်သည်။

ချောင်းယွီ - "....."

လက်တလောတွင် သူမထံတွင် ဖိအားများနေမှန်း သူနားလည်ကာ နှစ်သိမ့်စကားဆိုလိုက်သည်။

"ရှန့်ချောင်၊ အခု ဥပဒေအရပဲဖြစ်ဖြစ် လူထုအမြင်ပဲဖြစ်ဖြစ် အားလုံးက မင်းဘက်မှာပဲ၊ အားလုံးက ကောင်းမွန်တဲ့ဘက်ကို ဦးတည်နေတာ၊ တအားစိတ်မပူပါနဲ့၊ အဆင်ပြေသွားမှာပါ"

"ဘာများ အသုံးဝင်မှာမို့လဲ?"

ရှန့်ချောင် ငိုရှိုက်လိုက်သည်။

ဘာများ အသုံးဝင်လို့လဲ? ဟော့ရှီးကလွဲပြီး သူမကမ္ဘာထဲ ဘာမှ မရှိချေ။

ချောင်းယွီက လူတွေကို နှစ်သိမ့်ရာတွင် မကျွမ်းကျင်လှ။ လက်ရှိအချိန်တွင် ကားဂီယာဖိနင်းကာ အရှိန်တင်ပြီး ရှန့်ချောင်ကို အိမ်မြန်မြန်ပို့ရုံကလွဲ၍ တခြားနည်းလမ်းမရှိပေ။

ထိုညတွင် ရှန့်ချောင် ကောင်းကောင်းအိပ်မပျော်ပဲ အိမ်မက်မက်လေသည်။ သို့သော် သူမ နိုးလာချိန်တွင်တော့ အိပ်မက်အားလုံး ပူဖောင်းပမာ ပျောက်ကွယ်သွားပြီး ဘာမက်ခဲ့မှန်းပင် မမှတ်မိတော့။

ရှန့်ချောင် သန့်ရှင်းရေးလုပ်ကာ မနက်စာစားပြီးနောက် ချောင်းယွီနှင့် ချိန်းထားသည့်နေရာဆီသွားပြီး လက်မှတ်ထိုးပေးလိုက်သည်။ ထို့နောက် အဝတ်အိတ်ဆွဲကာ လေဆိပ်ဆီ ဦးတည်လိုက်သည်။

ခရီးစဉ်အတွင်း မည်သူမျှ သူမအား အာရုံမစိုက်လာပေ။ လုံခြုံရေးအရ စစ်ဆေးချိန်တွင် ဦးထုပ်နှင့် နေကာမျက်မှန်ချွတ်ခိုင်းခံရပြီး ကံကောင်းစွာဖြင့်ပင် တန်းစီနေသူ များများစားစားမရှိလှ။ လူဝင်မှုကြီးကြပ်ရေးဌာနဝန်ထမ်းမှာ သူမအား မှတ်မိသွားသော်လည်း ပရော်ဖက်ရှင်နယ်ဆန်ဆန် ပြုံးပြပြီး ခေါင်းညိတ်သည်။

VIP ခုံနှင့် ပထမတန်းထိုင်ခုံကို မတတ်နိုင်သည့်အလျောက် ရှန့်ချောင် economy တန်းကိုသာ ရွေးချယ်ထားသည်။ နားကြပ်တပ်လိုက်ပြီးနောက် ခရီးစဉ်တလျှောက်လုံး သူမ နေကာမျက်မှန် မချွတ်တော့ပေ။

လေယာဉ်ပေါ်မှ ဆင်းသည်နှင့် တက်စီသမားထံ အိမ်လိပ်စာပြလိုက်သည်။ နှစ်နာရီကြာမျှ မောင်းပြီး နောက်ဆုံးတွင်တော့ သူမ အိမ်ရှိရာဆီ ရောက်ရှိလာ၏။

ဒီမြို့ကား ကျေးလက်နှင့် မြို့ပြရောနှောနေသည့် မြို့ဖြစ်သည်။

ကတ္တရာလမ်းတစ်ဖက်တချက်စီရှိ အဆောက်အအုံများမှာ ကိုယ်ပိုင်ဆောက်လုပ်ထားခြင်းဖြစ်ကာ အနိမ့်အမြင့်တူညီမှုမရှိပေ။ အချို့မှာ အဖြူရောင်ကျောက်သားတို့ဖြင့် ဆောက်လုပ်ထားပြီး အချို့မှာ အုတ်ခဲဖြင့် တည်ဆောက်ထားသည်။ သူမဖုန်းပေါ်တွင် အိမ်လိပ်စာ ရှာဖွေလိုက်ပြီးနောက် နေကာလိုက်ကာတို့ဖြင့် တန်ဆာဆင်ထားသော ဘန်ဂလိုကို မြင်တွေ့လိုက်သည်။

ရှန့်ချောင်၏ အိမ်။

ညစာစားချိန်ဖြစ်ကာ ကျဉ်းမြောင်းတဲ့ မီးဖိုချောင်မှ စားစရာအနံ့တို့ ပျံ့လွင့်နေသည်။ ရှန့်ချောင် တံခါးဝတွင် ရပ်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး လှမ်းခေါ်လိုက်သည်။

"မား သမီးပြန်လာပြီ"

အတွင်းမှ အသံတချို့ကြားလိုက်ကာ တံခါးဝတွင် မီးလင်းလာပြီး မြေကြီးပေါ် ဘီးလှိမ့်သံကြားလိုက်ရသည်။ ဝှီးချဲနှင့် အမျိုးသမီးတစ်ယောက် မီးဖိုချောင်မှ ထွက်လာကာ သူမထံ အံ့ဩတကြီး ကြည့်လာသည်။

"ချောင်ချောင်၊ သမီးပြန်လာပြီလား"

အမျိုးသမီး၏ မျက်နှာကို ကြည့်ရင်း ဘယ်ဘက်ခြေထောက်ရှိ လစ်လပ်နေတဲ့ ဘောင်းဘီစကို အကြည့်ရောက်ချိန်တွင် ရှန့်ချောင်မျက်ဝန်းတို့ အေးခဲသွားသည်။

သူမစိတ်ထဲတွင် ကောင်းမေလင်ရဲ့ စကားသံကို ပြန်ကြားယောင်လာသည်။

'နင့်ရဲ့ မသန်မစွမ်း အမေ'

သူမ၏ အမေနှစ်ယောက်လုံးက ဝှီးချဲနှင့်ဖြစ်သည်။

သူမ မျက်ဝန်းတို့မှိတ်လိုက်ကာ မျက်ရည်မကျစေရန် ထိန်းပြီးနောက် ပြုံးလိုက်သည်။

"အင်း၊ လက်တလော ဘာအလုပ်မှ မရှိလို့ မားဆီ ပြန်လာကြည့်တာ၊ မားကို သတိရလို့"

ရှန့်ချောင် ခါးကိုင်းကာ သူမကို ပွေ့ဖက်လိုက်သည်။

အမျိုးသမီး၏ မျက်ဝန်းတို့က ပျော်ရွှင်မှုဖြင့် နီရဲနေသည်။

"အချိန်ကိုက်ပဲ၊ မား ညစာချက်ထားတယ်၊ သမီးပြန်လာတာ အချိန်ကိုက်ပဲ၊ ခဏစောင့်၊ သမီးကြိုက်တဲ့ ဟင်းနှစ်မယ်လောက် မားသွားကြော်လိုက်မယ်"

ရှန့်ချောင် ပျော်ပျော်ရွှင်ရွှင်ပြန်ဖြေလိုက်ကာ အဝတ်အိတ်ကို ဘေးချလိုက်ပြီး ဆံပင်စည်းပြီးနောက် မီးဖိုချောင်တွင် သူမအမေကို ပန်းကန်ကူဆေးပေးလိုက်သည်။

ရှန့်ချောင် အမေက ဝေးလံတဲ့မြို့တွင် နေထိုင်ခြင်းဖြစ်သည်။ ရှင်းယောင်မီဒီယာဖြင့် ရှန့်ချောင် စာချုပ်လက်မှတ်ထိုးချိန်တွင် ကောင်းမေလင်က ပတ်ဝန်းကျင်အသစ်၌ အိမ်အသစ်တစ်လုံးရှာပေးခဲ့ခြင်းဖြစ်သည်။ လက်လုပ်ဖိနပ်ခု ရောင်းသည့်အမျိုးသမီးမှာ နာမည်ကျော်မင်းသမီး ရှန့်ချောင်၏ အမေဖြစ်မှန်း မည်သူမှ မသိပေ။

ရှန့်ချောင်က အပြင်ထွက်လေ့မရှိပဲ အချိန်အများစုတွင် အခန်းကျဉ်းထဲနေကာ စာအုပ်ဖတ်လေ့ရှိသည်။ တစ်ယောက်ယောက်က ဖိနပ်ခု လာဝယ်ချိန်တွင်လည်း mask တပ်ပြီးမှ အပြင်ထွက်လေ့ရှိသည်။ အိမ်နီးနားချင်းအားလုံးက သူမအား ရှန့်အမေ၏ သမီးမှန်း သိကြကာ သူမ၏ အလှအပကို ချီးကျူးလေ့ရှိသည်။ နေ့ရက်တွေကား သက်သောင့်သက်သာရှိလှသည်။

သို့သော် ဤကဲ့သို့ ပေါ့ပါးသည့်နေ့ရက်များမှာ တပတ်ပင်မခံချေ။ ဖန်းပိုင်ထံမှ ဖုန်းခေါ်ဆိုမှုကို ရှန့်ချောင် လက်ခံရရှိပြီးနောက် သူ့လေသံမှာ ပျော်ရမလား၊ စိုးရိမ်ရမလား ရောထွေးနေသည်။

"အစ်မချောင် ဘယ်မှာလဲ? အစ်မကောင်းက ကျွန်တော်ကို အစ်မဆီ လာခေါ်ခိုင်းပြီး... အစ်မအတွက် အလုပ်စီစဉ်ထားတယ် ပြောတယ်"

"အာ?"

ရှန့်ချောင် ကုတင်ပေါ်မှ ထလိုက်ကာ ဆံပင်ကောက်စက်ကို ဆွဲဖြုတ်လိုက်သည်။

"ဘာအလုပ်လဲ?"

"သူ အစ်မအတွက် ရသစုံရှိုးပွဲ(Variety show) လက်ခံထားတယ်။ မနက်ဖြန်မနက် ရိုက်ကူးရေးစမှာ"

ကောင်းမေလင် ရူးများနေသလား? ဒီအခြေအနေရောက်နေတာကို သူမကို အလုပ်လုပ်ခိုင်းမယ်?

ရှန့်ချောင် စိတ်ငြိမ်အောင် ကြိုးစားလိုက်ပြီးနောက် စကားဆိုလိုက်သည်။

"ငါ အခု မွေးရပ်မြေပြန်ရောက်နေတယ်၊ ခဏစောင့်၊ ငါ ဖုန်းဆက်မေးလိုက်မယ်"

သူမ ကောင်းမေလင်ထံ ဖုန်းခေါ်လိုက်သည်။

သူမဖုန်းခေါ်လာမည်ဟု ကြိုတင်တွက်ဆထားဟန်ဖြင့် တဖက်က ခပ်မြန်မြန်ဖုန်းပြန်ဖြေလာကာ ကောင်းမေလင် လေသံတွင် လွန်ခဲ့တဲ့ရက်အနည်းငယ်က ကတောက်ကဆ မဖြစ်ထားပုံဖြင့် ဆိုလာသည်။

"တရားရုံးရဲ့ အဆုံးအဖြတ်မချမချင်း နင်က ရှင်းယောင်မီဒီယာရဲ့ အနုပညာရှင်ပဲ၊ စာချုပ်ထဲကအတိုင်း လိုက်နာဖို့ လိုတယ်"

သူမဘာကိုဆိုလိုမှန်း ရှန့်ချောင် နားလည်သည်။

ရှင်းယောင်မီဒီယာက တချိန်ထဲတွင် ပိုက်ဆံရော အနုပညာရှင်ပါ အဆုံးရှုံးမခံနိုင်ပေ။ ဥပဒေအရရော လူထုအမြင်အရပါ သူတို့အသာစီးမရနိုင်တော့သည်မို့ စာချုပ်ကိုအသုံးချကာ ရှန့်ချောင်ဆီက နောက်ဆုံးအကြိမ်အဖြစ် ငွေညှစ်ထုတ်မည်ဖြစ်သည်။

လက်တလော မုန်တိုင်းထန်နေချိန်တွင် ရသစုံရှိုးမှ ကိုယ်တိုင်ဆက်သွယ်လာသည်ဖြစ်စေ ရှင်းယောင်မီဒီယာမှ တက်တက်ကြွကြွကမ်းလှမ်းသည်ဖြစ်စေ ရှန့်ချောင်၏ တန်ဖိုးမှာ စျေးကြီးပေမည်။

ယခုအချိန်တွင် ခွေးက နံရံပေါ်မှ ခုန်ချသလိုမျိုး ရှင်းယောင်မီဒီယာနှင့် တိုက်ခိုက်သည်မှာ အဓိပ္ပါယ်မရှိပေ။ အလုပ်ကို ပြီးဆုံးအောင် လုပ်ပြီးနောက် ထွက်ခွါရပေမည်။

ရှန့်ချောင် ပြုံးလိုက်ကာ

"ကောင်းပြီ၊ ဖန်းပိုင်ကို မနက်ဖြန်မနက်လာကြိုခိုင်းလိုက်၊ အခု အလုပ်ပြန်စပြီဆိုတော့ လက်ထောက်ရော မိတ်ကပ်ပညာရှင်ပါ ကျွန်မဆီ ပြန်ပေးရမယ်မလား?

ကောင်းမေလင် အေးစက်စက်ဆိုလိုက်သည်။

"Indoor ရသစုံရှိုးအတွက် ပရိုဂရမ်အဖွဲ့သားတွေက လက်ထောက်မလိုဘူး၊ နင် ကိုယ့်ဘာသာဖြေရှင်း"

ထို့နောက် ဖုန်းချသွားသည်။

ရှန့်ချောင် သူမဖုန်းကို စိုက်ကြည့်နေချိန်မှာပင် သူမအမေက အပြင်ဘက်မှ အော်ခေါ်လာသည်။

"ချောင်ချောင်၊ ထမင်းစားရအောင်"

"လာပြီ မား"

ထမင်းစားနေချိန်အတွင်း သူမ အလုပ်ဆီ နေ့လည်ပြန်သွားရမည်ဖြစ်ကြောင်း သူမအမေကို ပြောပြလိုက်သည်။ ရှန့်အမေက သမီးဖြစ်သူနှင့် မခွဲချင်ပေမဲ့ သူမသမီး၏ အလုပ်ကို အမြဲထောက်ခံအားပေးခဲ့သည်။ ညနေတွင် သူမဝှီးချဲနှင့်အတူ ရှန့်ချောင်ကို ကားဆီလိုက်ပို့ပြီးနောက် ဘဲဥအငန်နှစ်အိတ်နှင့် အသီးအရွက်ကိုပါ ထည့်ပေးလိုက်သည်။

လေယာဉ်ပေါ် စားစရာ ယူလို့မရသည်မို့ ရှန့်ချောင်ထပ်မံပြီး check in ဝင်ရပေမဲ့ ဒုက္ခများသည်ဟု မထင်ပေ။ သူမ ဝိညာဉ်ကူးပြောင်းသွားလျှင်တောင် အမေတစ်ယောက်၏ သမီးအပေါ်ထားရှိသည့် မေတ္တာကို ခံစားနိုင်ပေသည်။

နောက်တနေ့မနက်ခင်းတွင် ဖန်းပိုင်က အချိန်အတိအကျပင် တံခါးလာခေါက်သည်။

ရှန့်ချောင် မိတ်ကပ်လူးရင်း တံခါးဖွင့်လိုက်ကာ ဖန်းပိုင်လက်ထဲမှ မနက်စာကို မြင်လိုက်သည်။ သူမ ပျော်ပျော်ရွှင်ရွှင်လက်ခံယူပြီးနောက် ကျေးဇူးတင်စကားဆိုလိုက်သည်။

"နင် ငါ့အတွက် ဝယ်လာမယ်မှန်း သိလို့ ဘာမှတောင် မလုပ်ထားဘူး"

မနက်စာစားနေချိန်တွင် ဖန်းပိုင်က ရှိုးအကြောင်း ရှန့်ချောင်ကို ပြောပြသည်။

"အဲ့ဒါက ၂၄နာရီ အတူတကွနေထိုင်ခြင်းလို့ခေါ်တယ်၊ ရိုက်ကူးရေးက ရက်၂၀ကြာမယ်၊ စုစုပေါင်း ဧည့်သည် ၆ယောက်ပါပြီး ရက်၂၀ တူတူနေရမှာ၊ အစ်မချောင် အကျီပိုယူသွား၊ ရာသီဥတုက တဖြည်းဖြည်း ပိုအေးလာပြီ"

ရှန့်ချောင် ခေါင်းညိတ်ကာ မေးခွန်းထုတ်သည်။

"တခြားငါးယောက်က ဘယ်သူလဲ?"

"ပရိုဂရမ်အဖွဲ့သားတွေက မပြောပြဘူး၊ ကျွန်တော်တို့ ရိုက်ကူးရေးဆီ ရောက်မှ သိရမှာ"

ဖန်းပိုင် တုံ့ဆိုင်းနေပြီးနောက် ဆက်ဆိုသည်။

"နောက်ပြီး အစ်မချောင်၊ ဒီဂရိုဂရမ်က ၂၄နာရီ တိုက်ရိုက်ထုတ်လွှင့်မှာ၊ ကျွန်တော်တို့ ရောက်တာနဲ့ ရိုက်ကူးရေးစပြီ"

"ကောင်းတာပေါ့"

တချိန်ထဲမှာပင် ရှန့်ချောင် ကွန်ပျူတာပေါ်တွင် ရှာဖွေလိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို အလေးပေးထားသည့် ဒီရသစုံရှိုးက လွန်ခဲ့သည့်နှစ်လကတည်းက အင်တာနက်ပေါ် ကြိုတင်ကြေငြာထားပြီးဖြစ်ကာ ပါဝင်မည့်ဧည့်သည်စာရင်းကိုမူ မဖော်ပြထားပေ။ အွန်လိုင်းပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအတွက် ကြိုတင်စာရင်းသွင်းနိုင်ကာ စာရင်းသွင်းထားသူအရေအတွက်မှာ တသိန်းမပြည့်ချေ။

တချက်ကြည့်ရုံနှင့်ပင် ဒီရှိုးက နာမည်မကြီးမှန်း မြင်နိုင်သည်။ ကုမ္ပဏီက သူမကို နာမည်ကြီးကျော်ကြားတဲ့ ရှိုးတွေဆီ မလွှတ်မှန်း သူမသိပြီးသားဖြစ်သည်။ သူမအား ပင်ပန်းစေပြီး သရုပ်ဆောင်ခများများရခြင်းက ပိုကောင်းလေသည်။

"နောက်ပြီး ပရိုဂရမ်အဖွဲ့က ပုံမှန်ရှိုးတွေလိုပဲ စနေနေ့တိုင်း ဗီဒီယိုအပိုင်းအနေနဲ့လဲ ပြန်တင်ပေးမယ်၊ တိုက်ရိုက်ထုတ်လွှင့်မှုကို မမှီတဲ့သူတွေအတွက်"

သူမနားလည်ကြောင်း ရှန့်ချောင်ဆိုလိုက်သည်။

သူမဤမျှ ကြာကြာသွားရမည်ဟု မထင်ထားတာမို့ နံနက်စာစားပြီးချိန်တွင် အဝတ်အစားပြန်လည်ထုတ်ပိုးလိုက်သည်။ လွန်ခဲ့တဲ့နှစ်နှစ်အတွင်းရှိ ရှိုးပွဲလုပ်ငန်းစဉ်ကို ပြန်လည်တွေးတောလိုက်ကာ သူမ ပါဝင်ချိန်တွင် ကိုယ်ပိုင်အဝတ်အစား၊ အစားအစာနှင့် ပို့ဆောင်ဆက်သွယ်ရေးပေါ် မူတည်ရမည်ဟု တွက်ဆလိုက်သည်။ အဝတ်အစားအနည်းငယ်သာ ထည့်ယူလိုက်ပြီး ကျန်အရာများမှာ လက်ရှိလူနေမှုဘဝတွင် လိုအပ်သည့် အခြေခံလိုအပ်ချက်များဖြစ်သည်။ နောက်ဆုံးတွင် ဘဲဥအငန်ဆယ်လုံးကိုပါ အိတ်ထဲထည့်လိုက်သည်။

သုံးနာရီအကြာတွင် မြို့ဆင်ခြေဖုံးတနေရာရှိ ဝေးလံတဲ့နေရာဆီ ရောက်ရှိလာသည်။

အနီးအနားတွင် အဆောက်အအုံသစ်များရှိပြီး အိမ်ရာများစွာမှာ တည်ဆောက်ဆဲဖြစ်ကာ တချို့မှာ နေထိုင်ရန် လွှဲပြောင်းပြီးဖြစ်သည်။ သို့သော် လူနေသည့်အိမ်အရေအတွက်မှာ နည်းပါးဆဲဖြစ်ပြီး စိမ်းလန်းသည့်ပတ်ဝန်းကျင်မှာ ကောင်းမွန်လှသော်လည်း လူအနည်းစုသာ ရှိသည်မို့ အနည်းငယ် ခြောက်သွေ့သွေ့နိုင်သည်။

ရိုက်ကူးရေးအတွက် အသုံးပြုသည့်နေရာမှာ ပရိုဂရမ်အဖွဲ့မှ ဌားရမ်းထားသည့် နှစ်ထပ်တိုက်ဖြစ်သည်။ သူတို့ တံခါးဝဆီရောက်သည်နှင့် ကင်မရာနှင့် ဝန်ထမ်းများကို တွေ့လိုက်ရသည်။ ရှန့်ချောင် သူမ၏ luggage နှင့်အတူ ကားပေါ်မှ ဆင်းလိုက်ပြီး မကြာခင်မှာပင် ရိုက်ကူးရေးအဖွဲ့မှ ဒါရိုက်တာ ရောက်လာကာ သူ့ကိုယ်သူ မိတ်ဆက်သည်။

"ဟဲလို ရှန့်ချောင်၊ ငါက အထွေထွေဒါရိုက်တာ ချန်ဖုန်းပါ"

ရှန့်ချောင် ယဉ်ယဉ်ကျေးကျေးလက်ဆွဲနှုတ်ဆက်လိုက်ပြီးနောက် ချန်ဖုန်းက ဆိုလာသည်။

"တံခါးကနေ ဝင်သွားတာနဲ့ ရိုက်ကူးရေးစပြီ၊ မင်းက ဒုတိယမြောက်ရောက်တဲ့သူပဲ"

ရှန့်ချောင် ခေါင်းညိတ်ကာ အနည်းငယ်စိတ်ပူနေတဲ့ ဖန်းပိုင်ဆီ လှည့်ကြည့်လိုက်သည်။

"ပြန်တော့လေ"

ဖန်းပိုင်က ချွေးမငယ်လေးလိုမျိုး ရှန့်ချောင် luggage ဆွဲကာ အိမ်ထဲဝင်သွားသည်အထိ စောင့်ကြည့်ပြီးမှ ကားပေါ် ပြန်တက်သွားသည်။

****







{Zawgyi}

အပိုင္း ၁၆ | အတူတကြေနထိုင္ျခင္း ရသစုံရွိုး

အဆုံးတြင္ေတာ့ ႏွစ္ေယာက္လုံး၏ rank မွာ အေတာ္ျမင့္သြားကာ အခ်ိန္ကိုၾကည့္လိုက္ခ်ိန္တြင္ ႏွစ္နာရီၾကာသြားေလၿပီ။ ေခ်ာင္းအေမအေၾကာင္း ရွန့္ေခ်ာင္ေတြးလိုက္မိၿပီးေနာက္ မတ္တပ္ရပ္ကာ ေဟာ့ရွီးကို ႏွုတ္ဆက္စကားဆိုလိုက္သည္။

သူ သူမကို တံခါးဝထိ လိုက္ပို႔ၿပီး ေလသံခပ္တိုးတိုးျဖင့္

"သူတို႔ ျပန္မလာေသးရင္ ထပ္မေစာင့္နဲ႔ေတာ့"

"အင္း! ဘိုင့္ ေဟာ့ရွီး၊ ေစာေစာနားေနာ္"

သူ ေခါင္းညိတ္ျပလိုက္သည္။

ရွန့္ေခ်ာင္ လွည့္ထြက္သြားၿပီး အေရွ႕အိမ္ရွိ လူသြားလမ္းေပၚ ေပ်ာက္ကြယ္မသြားမခ်င္း သူ တံခါးမပိတ္ေပ။ အခန္းကား တဖန္ျပန္လည္တိတ္ဆိတ္သြားသည္။ သူမ ဒီမွာ ရွိေနခ်ိန္တြင္လည္း ဆူညံဆူညံမလုပ္ေပ။ သူ႔ထံ စကားဆိုလၽွင္ေတာင္ ဂ႐ုတစိုက္ဆိုေလ့ရွိသည္။

သူ တီဗီ ဖြင့္လိုက္ကာ ရွန့္ေခ်ာင္ ၾကည့္ၿပီးျဖစ္တဲ့ 'ရႊမ္းက်န့္၏ ခရီးစဥ္' ကို အၿပီးထိ ၾကည့္လိုက္ၿပီးေနာက္ အေပၚထပ္တက္ကာ အိပ္ဖို႔ ျပင္သည္။

ပ်င္းစရာေကာင္းတဲ့ တရားဓမၼႏွင့္ ပတ္သက္ေသာ မွတ္တမ္း႐ုပ္ရွင္မ်ိဳးကို သူမႀကိဳက္လိမ့္မည္ဟု သူ မေမၽွာ္လင့္ထားခဲ့။

ေနာက္ဆုံးေတာ့ ေခ်ာင္းမိသားစုအိမ္က မီးလင္းလာသည္။

ရွန့္ေခ်ာင္ ေတြးေတာလိုက္ကာ သတၱိေမြးၿပီး တံခါးေခါက္လိုက္သည္။

တံခါးဖြင့္လာသူမွာ ေခ်ာင္းအိမ္ေတာ္ထိန္း က်န္းမား ျဖစ္ကာ မ်က္ႏွာစိမ္းလူကို တံခါးဝမွာ ျမင္ၿပီးေနာက္

"ဘယ္သူ႔ကို ရွာတာလဲ မိန္းကေလး?"

"ကၽြန္မ ေခ်ာင္းယြီနဲ႔ ေတြ႕ခ်င္လို႔ပါ"

အခ်ိန္အေတာ္ေလးေနာက္က်ေနၿပီျဖစ္မွန္း က်န္းမား သတိထားမိလိုက္ကာ သူမေရွ႕ရွိလူမွာ မိန္းကေလးျဖစ္သည့္အျပင္ ေခ်ာင္းယြီႏွင့္ ေတြ႕လိုသည္ဟု ဆိုလာတာမို႔ သူမအၾကည့္ေတြ ေျပာင္းလဲသြားသည္။ ထိုအခ်ိန္တြင္ ေခ်ာင္းယြီ အေပၚထပ္မွ ေအာက္ဆင္းလာကာ လွမ္းေမးသည္။

"ဘယ္သူလဲ က်န္းမား?"

က်န္းမား ေနာက္လွည့္ၾကည့္ကာ ျပန္ေျဖသည္။

"သူက မင္းကို ရွာေနတာ"

ေခ်ာင္းယြီ တံခါးဝဆီ ေျခႏွစ္လွမ္း လွမ္းလိုက္ၿပီး ရွန့္ေခ်ာင္ကို ျမင္လိုက္ခ်ိန္တြင္ သူ႔မ်က္ဝန္းေတြ ျပဴးက်ယ္သြားသည္။

"မင္း ဘယ္လိုေရာက္လာတာလဲ?"

လႊတ္ခနဲ ဆိုၿပီးေနာက္ အိမ္ထဲဝင္ဖို႔ ခပ္ျမန္ျမန္ ဖိတ္ေခၚလိုက္သည္။

"အထဲအရင္ဝင္၊ က်န္းမား ေရေႏြးတခြက္ေလာက္ေပးပါဦး၊ အျပင္မွာ ေအးတယ္"

ရွန့္ေခ်ာင္ အထဲဝင္လာၿပီးေနာက္ ရင္းႏွီးတဲ့ ပတ္ဝန္းက်င္ကို လွည့္ပတ္ၾကည့္ရွုလိုက္သည္။ သူမမ်က္ခမ္းေတြ စပ္လာၿပီး လၽွာကိုက္ကာ မငိုမိေစရန္ ထိန္းလိုက္သည္။ သူမကို ဧည့္ခန္းထဲ ဝင္ထိုင္ဖို႔ ေခ်ာင္းယြီ ဖိတ္ေခၚလိုက္ၿပီး ႏွစ္ခါ၊ သုံးခါ လွမ္းၾကည့္ၿပီးေနာက္ သူမ စာခ်ဳပ္ကိစၥအတြက္ လာျခင္းဟု ေတြးလိုက္သည္။

"အစီအစဥ္က စေနၿပီ၊ ဒီ လုပ္ငန္းစဥ္က တအားၾကာမွာ၊ မင္း ဘာမွ စိတ္မပူပါနဲ႔"

ရွန့္ေခ်ာင္ ေခါင္းညိတ္လိုက္ၿပီးေနာက္ သံသယမဝင္ေစရန္ အေၾကာင္းျပခ်က္တခုေပးလိုက္သည္။

"ကၽြန္မ ကိစၥရွိလို႔ ဒီကိုလာရင္းနဲ႔ မနက္ျဖန္ ရွင္လာေပးစရာမလိုေအာင္ လက္မွတ္ဝင္ထိုးလိုက္တာ"

ေခ်ာင္းယြီ - "ဒါေပမဲ့ စာရြက္စာတမ္းေတြက ကုမၸဏီမွာ"

ရွန့္ေခ်ာင္ - "....."

က်န္းမားဌဲ့လာေပးတဲ့ ေရေႏြးခြက္ကို ရွန့္ေခ်ာင္ လွမ္းယူလိုက္ၿပီး ေက်းဇူတင္စကားဆိုရင္း အေပၚထပ္ဆီ လွမ္းၾကည့္သည္။

ခဏမၽွ ေတြေဝၿပီးေနာက္

"ငါ့.. ရွင့္အေမ ဘယ္လိုေနေသးလဲ? သက္သာသြားၿပီလား?"

"အဆင္ေျပသြားပါၿပီ၊ သူ႔ေျခေထာက္ေတြက လွုပ္ရွားဖို႔ မလြယ္ေတာ့ ဒီမနက္က ဝွီးခ်ဲေပၚက မေတာ္တဆ ျပဳတ္က်သြားတာ၊ ဆရာဝန္ျပၿပီးပါၿပီ"

ရွန့္ေခ်ာင္ စိတ္သက္သာရာရသြားဟန္ သက္ျပင္းခ်လိုက္သည္။

သူမအေမကို ကိုယ္တိုင္ကိုယ္က် ျမင္ခ်င္ေပမဲ့ လက္ရွိအေျခအေနအရ ေတာင္းဆို၍ မျဖစ္ေခ်။ ေခ်ာင္းယြီႏွင့္ စကားအနည္းငယ္ဆိုၿပီးေနာက္ မတ္တပ္ထကာ ျပန္ဖို႔ ျပင္လိုက္သည္။ သူမ တံခါးဆီ ေလၽွာက္သြားကာ ဖိနပ္လဲဖို႔ျပင္ခ်ိန္မွာပင္ ႐ုတ္တရက္ အေပၚထပ္မွ အသံတသံၾကားလိုက္ရသည္။

ေခ်ာင္းအေမက ေလွကားအဝထိ ဝွီးခ်ဲတြန္းလာကာ ခပ္ဖြဖြေမးလိုက္သည္။

"အိမ္မွာ ဧည့္သည္ေရာက္ေနတာလား?"

ရွန့္ေခ်ာင္ ႐ုတ္တရက္ မ်က္ရည္က်လာသည္။

သူမ ခပ္ျမန္ျမန္ ေနာက္လွည့္ကာ မ်က္ရည္သုတ္ၿပီးေနာက္ ခံစားခ်က္ကို ထိန္းခ်ဳပ္ၿပီးမွ ႏွုတ္ဆက္လိုက္သည္။

"ဟဲလို ေဒၚေဒၚ"

"မား၊ ဒါ ကၽြန္ေတာ့္ အမွုသည္ ရွန့္ေခ်ာင္"

ေခ်ာင္းအေမက တံခါးဝတြင္ရပ္ကာ အေဝးရွိ မိန္းကေလးထံ လွမ္းၾကည့္သည္။ မ်က္ႏွာကို ကြဲကြဲျပားျပား မျမင္နိုင္ေပမဲ့ ရင္းႏွီးေနသလို ခံစားေနရသည္။ သူမ ေခ်ာင္းယြီကို ခပ္တိုးတိုးဆူလိုက္သည္။

"ဧည့္သည္ေရာက္ေနမွန္း မားကို မေျပာဘူး၊ ဧည့္ဝတ္မေက်သလို ျဖစ္ေနၿပီ"

ေခ်ာင္းအေမက ဓါတ္ေလွကားျဖင့္ ေအာက္ထပ္ဆင္းဖို႔ ျပင္ေနသည္ကို ရွန့္ေခ်ာင္ျမင္သည္ႏွင့္ ခပ္ျမန္ျမန္လွမ္းတားသည္။

"ေဒၚေဒၚ ကၽြန္မ အရင္ျပန္လိုက္ပါဦးမယ္၊ ေနာက္တေခါက္ ထပ္လာေတြ႕ပါ့မယ္"

သူမ အဆင္သင့္မျဖစ္ေသးေပ။ ေခ်ာင္းအေမကို အနီးကပ္ျမင္လၽွင္ စိတ္မထိန္းနိုင္ျဖစ္မည္ကို သူမ စိုးရိမ္သည္။

ေခ်ာင္းအေမက နံရံေပၚက နာရီကို လွမ္းၾကည့္ၿပီး ေနာက္က်ေနၿပီမို႔ ေခါင္းညိတ္လိုက္ကာ

"ေကာင္းၿပီ၊ လမ္းမွာ ဂ႐ုစိုက္သြား၊ ေခ်ာင္းယြီ ရွန့္မိန္းကေလးကို လိုက္ပို႔လိုက္"

ေခ်ာင္းယြီ သေဘာတူလိုက္ကာ ရွန့္ေခ်ာင္ကို အျပင္ဘက္ဆီ လိုက္ပို႔သည္။ ညခ်မ္းထဲ ေခါင္းငိုက္စိုက္ျဖင့္ သူမ လမ္းေလၽွာက္သြားသည္ကို ၾကည့္ရင္း သူ ရွန့္ေခ်ာင္ကို လွမ္းဆြဲလိုက္ကာ

"ငါ မင္းကို လိုက္ပို႔ေပးမယ္၊ အရမ္းေနာက္က်ေနၿပီ၊ တက္စီဌားဖို႔ မလြယ္ဘူး"

ရွန့္ေခ်ာင္ မျငင္းပဲ သူ႔ေနာက္မွ ကားဂိုေဒါင္ဆီ လိုက္လာသည္။ ကားထဲရွိ ေမႊးရနံ႔မွာ သူမ သူ႔ကို ဝယ္ေပးေနက် အေမႊးဆီနံ႔ျဖစ္သည္။ ေခ်ာင္းေခ်ာင္ မတည္ရွိဘူးဆိုလၽွင္ ဘယ္သူက သူ႔ကို ဒါေတြ ဝယ္ေပးတာလဲ?

သူမ ပိုစဥ္းစားေလ၊ ပိုဝမ္းနည္းေလပင္။ သူမ ေနာက္ခန္းထဲတြင္ ငိုရွိုက္လိုက္သည္။

ေခ်ာင္းယြီ - "....."

လက္တေလာတြင္ သူမထံတြင္ ဖိအားမ်ားေနမွန္း သူနားလည္ကာ ႏွစ္သိမ့္စကားဆိုလိုက္သည္။

"ရွန့္ေခ်ာင္၊ အခု ဥပေဒအရပဲျဖစ္ျဖစ္ လူထုအျမင္ပဲျဖစ္ျဖစ္ အားလုံးက မင္းဘက္မွာပဲ၊ အားလုံးက ေကာင္းမြန္တဲ့ဘက္ကို ဦးတည္ေနတာ၊ တအားစိတ္မပူပါနဲ႔၊ အဆင္ေျပသြားမွာပါ"

"ဘာမ်ား အသုံးဝင္မွာမို႔လဲ?"

ရွန့္ေခ်ာင္ ငိုရွိုက္လိုက္သည္။

ဘာမ်ား အသုံးဝင္လို႔လဲ? ေဟာ့ရွီးကလြဲၿပီး သူမကမၻာထဲ ဘာမွ မရွိေခ်။

ေခ်ာင္းယြီက လူေတြကို ႏွစ္သိမ့္ရာတြင္ မကၽြမ္းက်င္လွ။ လက္ရွိအခ်ိန္တြင္ ကားဂီယာဖိနင္းကာ အရွိန္တင္ၿပီး ရွန့္ေခ်ာင္ကို အိမ္ျမန္ျမန္ပို႔႐ုံကလြဲ၍ တျခားနည္းလမ္းမရွိေပ။

ထိုညတြင္ ရွန့္ေခ်ာင္ ေကာင္းေကာင္းအိပ္မေပ်ာ္ပဲ အိမ္မက္မက္ေလသည္။ သို႔ေသာ္ သူမ နိုးလာခ်ိန္တြင္ေတာ့ အိပ္မက္အားလုံး ပူေဖာင္းပမာ ေပ်ာက္ကြယ္သြားၿပီး ဘာမက္ခဲ့မွန္းပင္ မမွတ္မိေတာ့။

ရွန့္ေခ်ာင္ သန့္ရွင္းေရးလုပ္ကာ မနက္စာစားၿပီးေနာက္ ေခ်ာင္းယြီႏွင့္ ခ်ိန္းထားသည့္ေနရာဆီသြားၿပီး လက္မွတ္ထိုးေပးလိုက္သည္။ ထို႔ေနာက္ အဝတ္အိတ္ဆြဲကာ ေလဆိပ္ဆီ ဦးတည္လိုက္သည္။

ခရီးစဥ္အတြင္း မည္သူမၽွ သူမအား အာ႐ုံမစိုက္လာေပ။ လုံျခဳံေရးအရ စစ္ေဆးခ်ိန္တြင္ ဦးထုပ္ႏွင့္ ေနကာမ်က္မွန္ခၽြတ္ခိုင္းခံရၿပီး ကံေကာင္းစြာျဖင့္ပင္ တန္းစီေနသူ မ်ားမ်ားစားစားမရွိလွ။ လူဝင္မွုႀကီးၾကပ္ေရးဌာနဝန္ထမ္းမွာ သူမအား မွတ္မိသြားေသာ္လည္း ပေရာ္ဖက္ရွင္နယ္ဆန္ဆန္ ျပဳံးျပၿပီး ေခါင္းညိတ္သည္။

VIP ခုံႏွင့္ ပထမတန္းထိုင္ခုံကို မတတ္နိုင္သည့္အေလ်ာက္ ရွန့္ေခ်ာင္ economy တန္းကိုသာ ေရြးခ်ယ္ထားသည္။ နားၾကပ္တပ္လိုက္ၿပီးေနာက္ ခရီးစဥ္တေလၽွာက္လုံး သူမ ေနကာမ်က္မွန္ မခၽြတ္ေတာ့ေပ။

ေလယာဥ္ေပၚမွ ဆင္းသည္ႏွင့္ တက္စီသမားထံ အိမ္လိပ္စာျပလိုက္သည္။ ႏွစ္နာရီၾကာမၽွ ေမာင္းၿပီး ေနာက္ဆုံးတြင္ေတာ့ သူမ အိမ္ရွိရာဆီ ေရာက္ရွိလာ၏။

ဒီၿမိဳ႕ကား ေက်းလက္ႏွင့္ ၿမိဳ႕ျပေရာေႏွာေနသည့္ ၿမိဳ႕ျဖစ္သည္။

ကတၱရာလမ္းတစ္ဖက္တခ်က္စီရွိ အေဆာက္အအုံမ်ားမွာ ကိုယ္ပိုင္ေဆာက္လုပ္ထားျခင္းျဖစ္ကာ အနိမ့္အျမင့္တူညီမွုမရွိေပ။ အခ်ိဳ႕မွာ အျဖဴေရာင္ေက်ာက္သားတို႔ျဖင့္ ေဆာက္လုပ္ထားၿပီး အခ်ိဳ႕မွာ အုတ္ခဲျဖင့္ တည္ေဆာက္ထားသည္။ သူမဖုန္းေပၚတြင္ အိမ္လိပ္စာ ရွာေဖြလိုက္ၿပီးေနာက္ ေနကာလိုက္ကာတို႔ျဖင့္ တန္ဆာဆင္ထားေသာ ဘန္ဂလိုကို ျမင္ေတြ႕လိုက္သည္။

ရွန့္ေခ်ာင္၏ အိမ္။

ညစာစားခ်ိန္ျဖစ္ကာ က်ဥ္းေျမာင္းတဲ့ မီးဖိုေခ်ာင္မွ စားစရာအနံ႔တို႔ ပ်ံ႕လြင့္ေနသည္။ ရွန့္ေခ်ာင္ တံခါးဝတြင္ ရပ္ကာ အသက္ျပင္းျပင္းရွူလိုက္ၿပီး လွမ္းေခၚလိုက္သည္။

"မား သမီးျပန္လာၿပီ"

အတြင္းမွ အသံတခ်ိဳ႕ၾကားလိုက္ကာ တံခါးဝတြင္ မီးလင္းလာၿပီး ေျမႀကီးေပၚ ဘီးလွိမ့္သံၾကားလိုက္ရသည္။ ဝွီးခ်ဲႏွင့္ အမ်ိဳးသမီးတစ္ေယာက္ မီးဖိုေခ်ာင္မွ ထြက္လာကာ သူမထံ အံ့ဩတႀကီး ၾကည့္လာသည္။

"ေခ်ာင္ေခ်ာင္၊ သမီးျပန္လာၿပီလား"

အမ်ိဳးသမီး၏ မ်က္ႏွာကို ၾကည့္ရင္း ဘယ္ဘက္ေျခေထာက္ရွိ လစ္လပ္ေနတဲ့ ေဘာင္းဘီစကို အၾကည့္ေရာက္ခ်ိန္တြင္ ရွန့္ေခ်ာင္မ်က္ဝန္းတို႔ ေအးခဲသြားသည္။

သူမစိတ္ထဲတြင္ ေကာင္းေမလင္ရဲ့ စကားသံကို ျပန္ၾကားေယာင္လာသည္။

'နင့္ရဲ့ မသန္မစြမ္း အေမ'

သူမ၏ အေမႏွစ္ေယာက္လုံးက ဝွီးခ်ဲႏွင့္ျဖစ္သည္။

သူမ မ်က္ဝန္းတို႔မွိတ္လိုက္ကာ မ်က္ရည္မက်ေစရန္ ထိန္းၿပီးေနာက္ ျပဳံးလိုက္သည္။

"အင္း၊ လက္တေလာ ဘာအလုပ္မွ မရွိလို႔ မားဆီ ျပန္လာၾကည့္တာ၊ မားကို သတိရလို႔"

ရွန့္ေခ်ာင္ ခါးကိုင္းကာ သူမကို ေပြ႕ဖက္လိုက္သည္။

အမ်ိဳးသမီး၏ မ်က္ဝန္းတို႔က ေပ်ာ္ရႊင္မွုျဖင့္ နီရဲေနသည္။

"အခ်ိန္ကိုက္ပဲ၊ မား ညစာခ်က္ထားတယ္၊ သမီးျပန္လာတာ အခ်ိန္ကိုက္ပဲ၊ ခဏေစာင့္၊ သမီးႀကိဳက္တဲ့ ဟင္းႏွစ္မယ္ေလာက္ မားသြားေၾကာ္လိုက္မယ္"

ရွန့္ေခ်ာင္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ျပန္ေျဖလိုက္ကာ အဝတ္အိတ္ကို ေဘးခ်လိုက္ၿပီး ဆံပင္စည္းၿပီးေနာက္ မီးဖိုေခ်ာင္တြင္ သူမအေမကို ပန္းကန္ကူေဆးေပးလိုက္သည္။

ရွန့္ေခ်ာင္ အေမက ေဝးလံတဲ့ၿမိဳ႕တြင္ ေနထိုင္ျခင္းျဖစ္သည္။ ရွင္းေယာင္မီဒီယာျဖင့္ ရွန့္ေခ်ာင္ စာခ်ဳပ္လက္မွတ္ထိုးခ်ိန္တြင္ ေကာင္းေမလင္က ပတ္ဝန္းက်င္အသစ္၌ အိမ္အသစ္တစ္လုံးရွာေပးခဲ့ျခင္းျဖစ္သည္။ လက္လုပ္ဖိနပ္ခု ေရာင္းသည့္အမ်ိဳးသမီးမွာ နာမည္ေက်ာ္မင္းသမီး ရွန့္ေခ်ာင္၏ အေမျဖစ္မွန္း မည္သူမွ မသိေပ။

ရွန့္ေခ်ာင္က အျပင္ထြက္ေလ့မရွိပဲ အခ်ိန္အမ်ားစုတြင္ အခန္းက်ဥ္းထဲေနကာ စာအုပ္ဖတ္ေလ့ရွိသည္။ တစ္ေယာက္ေယာက္က ဖိနပ္ခု လာဝယ္ခ်ိန္တြင္လည္း mask တပ္ၿပီးမွ အျပင္ထြက္ေလ့ရွိသည္။ အိမ္နီးနားခ်င္းအားလုံးက သူမအား ရွန့္အေမ၏ သမီးမွန္း သိၾကကာ သူမ၏ အလွအပကို ခ်ီးက်ဴးေလ့ရွိသည္။ ေန႔ရက္ေတြကား သက္ေသာင့္သက္သာရွိလွသည္။

သို႔ေသာ္ ဤကဲ့သို႔ ေပါ့ပါးသည့္ေန႔ရက္မ်ားမွာ တပတ္ပင္မခံေခ်။ ဖန္းပိုင္ထံမွ ဖုန္းေခၚဆိုမွုကို ရွန့္ေခ်ာင္ လက္ခံရရွိၿပီးေနာက္ သူ႔ေလသံမွာ ေပ်ာ္ရမလား၊ စိုးရိမ္ရမလား ေရာေထြးေနသည္။

"အစ္မေခ်ာင္ ဘယ္မွာလဲ? အစ္မေကာင္းက ကၽြန္ေတာ္ကို အစ္မဆီ လာေခၚခိုင္းၿပီး... အစ္မအတြက္ အလုပ္စီစဥ္ထားတယ္ ေျပာတယ္"

"အာ?"

ရွန့္ေခ်ာင္ ကုတင္ေပၚမွ ထလိုက္ကာ ဆံပင္ေကာက္စက္ကို ဆြဲျဖဳတ္လိုက္သည္။

"ဘာအလုပ္လဲ?"

"သူ အစ္မအတြက္ ရသစုံရွိုးပြဲ(Variety show) လက္ခံထားတယ္။ မနက္ျဖန္မနက္ ရိုက္ကူးေရးစမွာ"

ေကာင္းေမလင္ ႐ူးမ်ားေနသလား? ဒီအေျခအေနေရာက္ေနတာကို သူမကို အလုပ္လုပ္ခိုင္းမယ္?

ရွန့္ေခ်ာင္ စိတ္ၿငိမ္ေအာင္ ႀကိဳးစားလိုက္ၿပီးေနာက္ စကားဆိုလိုက္သည္။

"ငါ အခု ေမြးရပ္ေျမျပန္ေရာက္ေနတယ္၊ ခဏေစာင့္၊ ငါ ဖုန္းဆက္ေမးလိုက္မယ္"

သူမ ေကာင္းေမလင္ထံ ဖုန္းေခၚလိုက္သည္။

သူမဖုန္းေခၚလာမည္ဟု ႀကိဳတင္တြက္ဆထားဟန္ျဖင့္ တဖက္က ခပ္ျမန္ျမန္ဖုန္းျပန္ေျဖလာကာ ေကာင္းေမလင္ ေလသံတြင္ လြန္ခဲ့တဲ့ရက္အနည္းငယ္က ကေတာက္ကဆ မျဖစ္ထားပုံျဖင့္ ဆိုလာသည္။

"တရား႐ုံးရဲ့ အဆုံးအျဖတ္မခ်မခ်င္း နင္က ရွင္းေယာင္မီဒီယာရဲ့ အႏုပညာရွင္ပဲ၊ စာခ်ဳပ္ထဲကအတိုင္း လိုက္နာဖို႔ လိုတယ္"

သူမဘာကိုဆိုလိုမွန္း ရွန့္ေခ်ာင္ နားလည္သည္။

ရွင္းေယာင္မီဒီယာက တခ်ိန္ထဲတြင္ ပိုက္ဆံေရာ အႏုပညာရွင္ပါ အဆုံးရွုံးမခံနိုင္ေပ။ ဥပေဒအရေရာ လူထုအျမင္အရပါ သူတို႔အသာစီးမရနိုင္ေတာ့သည္မို႔ စာခ်ဳပ္ကိုအသုံးခ်ကာ ရွန့္ေခ်ာင္ဆီက ေနာက္ဆုံးအႀကိမ္အျဖစ္ ေငြညႇစ္ထုတ္မည္ျဖစ္သည္။

လက္တေလာ မုန္တိုင္းထန္ေနခ်ိန္တြင္ ရသစုံရွိုးမွ ကိုယ္တိုင္ဆက္သြယ္လာသည္ျဖစ္ေစ ရွင္းေယာင္မီဒီယာမွ တက္တက္ႂကြႂကြကမ္းလွမ္းသည္ျဖစ္ေစ ရွန့္ေခ်ာင္၏ တန္ဖိုးမွာ ေစ်းႀကီးေပမည္။

ယခုအခ်ိန္တြင္ ေခြးက နံရံေပၚမွ ခုန္ခ်သလိုမ်ိဳး ရွင္းေယာင္မီဒီယာႏွင့္ တိုက္ခိုက္သည္မွာ အဓိပၸါယ္မရွိေပ။ အလုပ္ကို ၿပီးဆုံးေအာင္ လုပ္ၿပီးေနာက္ ထြက္ခြါရေပမည္။

ရွန့္ေခ်ာင္ ျပဳံးလိုက္ကာ

"ေကာင္းၿပီ၊ ဖန္းပိုင္ကို မနက္ျဖန္မနက္လာႀကိဳခိုင္းလိုက္၊ အခု အလုပ္ျပန္စၿပီဆိုေတာ့ လက္ေထာက္ေရာ မိတ္ကပ္ပညာရွင္ပါ ကၽြန္မဆီ ျပန္ေပးရမယ္မလား?

ေကာင္းေမလင္ ေအးစက္စက္ဆိုလိုက္သည္။

"Indoor ရသစုံရွိုးအတြက္ ပရိုဂရမ္အဖြဲ႕သားေတြက လက္ေထာက္မလိုဘူး၊ နင္ ကိုယ့္ဘာသာေျဖရွင္း"

ထို႔ေနာက္ ဖုန္းခ်သြားသည္။

ရွန့္ေခ်ာင္ သူမဖုန္းကို စိုက္ၾကည့္ေနခ်ိန္မွာပင္ သူမအေမက အျပင္ဘက္မွ ေအာ္ေခၚလာသည္။

"ေခ်ာင္ေခ်ာင္၊ ထမင္းစားရေအာင္"

"လာၿပီ မား"

ထမင္းစားေနခ်ိန္အတြင္း သူမ အလုပ္ဆီ ေန႔လည္ျပန္သြားရမည္ျဖစ္ေၾကာင္း သူမအေမကို ေျပာျပလိုက္သည္။ ရွန့္အေမက သမီးျဖစ္သူႏွင့္ မခြဲခ်င္ေပမဲ့ သူမသမီး၏ အလုပ္ကို အျမဲေထာက္ခံအားေပးခဲ့သည္။ ညေနတြင္ သူမဝွီးခ်ဲႏွင့္အတူ ရွန့္ေခ်ာင္ကို ကားဆီလိုက္ပို႔ၿပီးေနာက္ ဘဲဥအငန္ႏွစ္အိတ္ႏွင့္ အသီးအရြက္ကိုပါ ထည့္ေပးလိုက္သည္။

ေလယာဥ္ေပၚ စားစရာ ယူလို႔မရသည္မို႔ ရွန့္ေခ်ာင္ထပ္မံၿပီး check in ဝင္ရေပမဲ့ ဒုကၡမ်ားသည္ဟု မထင္ေပ။ သူမ ဝိညာဥ္ကူးေျပာင္းသြားလၽွင္ေတာင္ အေမတစ္ေယာက္၏ သမီးအေပၚထားရွိသည့္ ေမတၱာကို ခံစားနိုင္ေပသည္။

ေနာက္တေန႔မနက္ခင္းတြင္ ဖန္းပိုင္က အခ်ိန္အတိအက်ပင္ တံခါးလာေခါက္သည္။

ရွန့္ေခ်ာင္ မိတ္ကပ္လူးရင္း တံခါးဖြင့္လိုက္ကာ ဖန္းပိုင္လက္ထဲမွ မနက္စာကို ျမင္လိုက္သည္။ သူမ ေပ်ာ္ေပ်ာ္ရႊင္ရႊင္လက္ခံယူၿပီးေနာက္ ေက်းဇူးတင္စကားဆိုလိုက္သည္။

"နင္ ငါ့အတြက္ ဝယ္လာမယ္မွန္း သိလို႔ ဘာမွေတာင္ မလုပ္ထားဘူး"

မနက္စာစားေနခ်ိန္တြင္ ဖန္းပိုင္က ရွိုးအေၾကာင္း ရွန့္ေခ်ာင္ကို ေျပာျပသည္။

"အဲ့ဒါက ၂၄နာရီ အတူတကြေနထိုင္ျခင္းလို႔ေခၚတယ္၊ ရိုက္ကူးေရးက ရက္၂၀ၾကာမယ္၊ စုစုေပါင္း ဧည့္သည္ ၆ေယာက္ပါၿပီး ရက္၂၀ တူတူေနရမွာ၊ အစ္မေခ်ာင္ အက်ီပိုယူသြား၊ ရာသီဥတုက တျဖည္းျဖည္း ပိုေအးလာၿပီ"

ရွန့္ေခ်ာင္ ေခါင္းညိတ္ကာ ေမးခြန္းထုတ္သည္။

"တျခားငါးေယာက္က ဘယ္သူလဲ?"

"ပရိုဂရမ္အဖြဲ႕သားေတြက မေျပာျပဘူး၊ ကၽြန္ေတာ္တို႔ ရိုက္ကူးေရးဆီ ေရာက္မွ သိရမွာ"

ဖန္းပိုင္ တုံ႔ဆိုင္းေနၿပီးေနာက္ ဆက္ဆိုသည္။

"ေနာက္ၿပီး အစ္မေခ်ာင္၊ ဒီဂရိုဂရမ္က ၂၄နာရီ တိုက္ရိုက္ထုတ္လႊင့္မွာ၊ ကၽြန္ေတာ္တို႔ ေရာက္တာနဲ႔ ရိုက္ကူးေရးစၿပီ"

"ေကာင္းတာေပါ့"

တခ်ိန္ထဲမွာပင္ ရွန့္ေခ်ာင္ ကြန္ပ်ဴတာေပၚတြင္ ရွာေဖြလိုက္သည္။

တိုက္ရိုက္ထုတ္လႊင့္မွုကို အေလးေပးထားသည့္ ဒီရသစုံရွိုးက လြန္ခဲ့သည့္ႏွစ္လကတည္းက အင္တာနက္ေပၚ ႀကိဳတင္ေၾကျငာထားၿပီးျဖစ္ကာ ပါဝင္မည့္ဧည့္သည္စာရင္းကိုမူ မေဖာ္ျပထားေပ။ အြန္လိုင္းေပၚတြင္ တိုက္ရိုက္ထုတ္လႊင့္မွုအတြက္ ႀကိဳတင္စာရင္းသြင္းနိုင္ကာ စာရင္းသြင္းထားသူအေရအတြက္မွာ တသိန္းမျပည့္ေခ်။

တခ်က္ၾကည့္႐ုံႏွင့္ပင္ ဒီရွိုးက နာမည္မႀကီးမွန္း ျမင္နိုင္သည္။ ကုမၸဏီက သူမကို နာမည္ႀကီးေက်ာ္ၾကားတဲ့ ရွိုးေတြဆီ မလႊတ္မွန္း သူမသိၿပီးသားျဖစ္သည္။ သူမအား ပင္ပန္းေစၿပီး သ႐ုပ္ေဆာင္ခမ်ားမ်ားရျခင္းက ပိုေကာင္းေလသည္။

"ေနာက္ၿပီး ပရိုဂရမ္အဖြဲ႕က ပုံမွန္ရွိုးေတြလိုပဲ စေနေန႔တိုင္း ဗီဒီယိုအပိုင္းအေနနဲ႔လဲ ျပန္တင္ေပးမယ္၊ တိုက္ရိုက္ထုတ္လႊင့္မွုကို မမွီတဲ့သူေတြအတြက္"

သူမနားလည္ေၾကာင္း ရွန့္ေခ်ာင္ဆိုလိုက္သည္။

သူမဤမၽွ ၾကာၾကာသြားရမည္ဟု မထင္ထားတာမို႔ နံနက္စာစားၿပီးခ်ိန္တြင္ အဝတ္အစားျပန္လည္ထုတ္ပိုးလိုက္သည္။ လြန္ခဲ့တဲ့ႏွစ္ႏွစ္အတြင္းရွိ ရွိုးပြဲလုပ္ငန္းစဥ္ကို ျပန္လည္ေတြးေတာလိုက္ကာ သူမ ပါဝင္ခ်ိန္တြင္ ကိုယ္ပိုင္အဝတ္အစား၊ အစားအစာႏွင့္ ပို႔ေဆာင္ဆက္သြယ္ေရးေပၚ မူတည္ရမည္ဟု တြက္ဆလိုက္သည္။ အဝတ္အစားအနည္းငယ္သာ ထည့္ယူလိုက္ၿပီး က်န္အရာမ်ားမွာ လက္ရွိလူေနမွုဘဝတြင္ လိုအပ္သည့္ အေျခခံလိုအပ္ခ်က္မ်ားျဖစ္သည္။ ေနာက္ဆုံးတြင္ ဘဲဥအငန္ဆယ္လုံးကိုပါ အိတ္ထဲထည့္လိုက္သည္။

သုံးနာရီအၾကာတြင္ ၿမိဳ႕ဆင္ေျခဖုံးတေနရာရွိ ေဝးလံတဲ့ေနရာဆီ ေရာက္ရွိလာသည္။

အနီးအနားတြင္ အေဆာက္အအုံသစ္မ်ားရွိၿပီး အိမ္ရာမ်ားစြာမွာ တည္ေဆာက္ဆဲျဖစ္ကာ တခ်ိဳ႕မွာ ေနထိုင္ရန္ လႊဲေျပာင္းၿပီးျဖစ္သည္။ သို႔ေသာ္ လူေနသည့္အိမ္အေရအတြက္မွာ နည္းပါးဆဲျဖစ္ၿပီး စိမ္းလန္းသည့္ပတ္ဝန္းက်င္မွာ ေကာင္းမြန္လွေသာ္လည္း လူအနည္းစုသာ ရွိသည္မို႔ အနည္းငယ္ ေျခာက္ေသြ႕ေသြ႕နိုင္သည္။

ရိုက္ကူးေရးအတြက္ အသုံးျပဳသည့္ေနရာမွာ ပရိုဂရမ္အဖြဲ႕မွ ဌားရမ္းထားသည့္ ႏွစ္ထပ္တိုက္ျဖစ္သည္။ သူတို႔ တံခါးဝဆီေရာက္သည္ႏွင့္ ကင္မရာႏွင့္ ဝန္ထမ္းမ်ားကို ေတြ႕လိုက္ရသည္။ ရွန့္ေခ်ာင္ သူမ၏ luggage ႏွင့္အတူ ကားေပၚမွ ဆင္းလိုက္ၿပီး မၾကာခင္မွာပင္ ရိုက္ကူးေရးအဖြဲ႕မွ ဒါရိုက္တာ ေရာက္လာကာ သူ႔ကိုယ္သူ မိတ္ဆက္သည္။

"ဟဲလို ရွန့္ေခ်ာင္၊ ငါက အေထြေထြဒါရိုက္တာ ခ်န္ဖုန္းပါ"

ရွန့္ေခ်ာင္ ယဥ္ယဥ္ေက်းေက်းလက္ဆြဲႏွုတ္ဆက္လိုက္ၿပီးေနာက္ ခ်န္ဖုန္းက ဆိုလာသည္။

"တံခါးကေန ဝင္သြားတာနဲ႔ ရိုက္ကူးေရးစၿပီ၊ မင္းက ဒုတိယေျမာက္ေရာက္တဲ့သူပဲ"

ရွန့္ေခ်ာင္ ေခါင္းညိတ္ကာ အနည္းငယ္စိတ္ပူေနတဲ့ ဖန္းပိုင္ဆီ လွည့္ၾကည့္လိုက္သည္။

"ျပန္ေတာ့ေလ"

ဖန္းပိုင္က ေခၽြးမငယ္ေလးလိုမ်ိဳး ရွန့္ေခ်ာင္ luggage ဆြဲကာ အိမ္ထဲဝင္သြားသည္အထိ ေစာင့္ၾကည့္ၿပီးမွ ကားေပၚ ျပန္တက္သြားသည္။

****

Continue Reading

You'll Also Like

653K 54.5K 32
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
3.5K 136 18
Hi, my name is Abby, Full name Abigail Smith but please call me Abby. I just turned 17 and the vampires have decided to make themselves heard and kno...
123K 2.7K 29
Freen, a college student who is willing to drink herself to a end. Becky, a college student who goes to the bar to meet with her friends for her birt...
2M 121K 43
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...