GTKWF (Myanmar Translation )

By Liz_774

338K 46.1K 5.2K

Title: Get to Know about Wife Fan Author: Chun Dao Han Chapters: 167 chapter This is just a fan translation ... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Manhwa
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
ကြော်ငြာ 💙
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64.1
Chapter 64.2
Chapter 65
Heaven's Greatest Plan
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69.1
Chapter 69.2
Chapter 70.1
Chapter 70.2
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81.1
Chapter 81.2
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93.1
Chapter 93.2
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99.1
Chapter 99.2
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108.1
Chapter 108.2
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131.1
Chapter 131.2
Chapter 132
Chapter 133
Chapter 133 (2nd version)
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140.1
Chapter 140.2
Chapter 141.1
Chapter 141.2
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149.1
Chapter 149.2
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155.1

Chapter 15

2.3K 264 4
By Liz_774

{Unicode}

အပိုင်း ၁၅ | သူမအပြုံးကနေ လှပတဲ့ ပန်းတပွင့် ပေါ်ထွက်လာဖို့ မျှော်လင့်တယ်

ရှိုးပွဲအပြီးတွင် ဂုဏ်ပြုညစာစားပွဲကျင်းပကာ ဟော့ရှီးက လူအားလုံးနှင့် တကြိမ်ဆီသောက်ပြီးနောက် သူ့အခန်းဆီ ပြန်ချိန်တွင် မနက်အစောပိုင်းဖြစ်သည်။ ဖုန်းလှမ်းယူကာ သူ့ပရိသတ်အားလုံး အိမ်ပြန်ရာလမ်းတစ်လျှောက် လုံခြုံရေးဂရုစိုက်ဖို့ ပို့စ်တင်လိုက်ပြီးနောက် မနေ့က hot search ထိ ရောက်သွားတဲ့ ကော်ဇောနီလျှောက်လမ်းအကြောင်း ရှာကြည့်လိုက်သည်။

ဓါတ်ပုံထဲရှိ ရှန့်ချောင်မှာ သူ့အတွေးထဲမှ မိမိကိုယ်ကို ယုံကြည်မှုနည်းပြီး သတ္တိမရှိတဲ့ မိန်းကလေးပုံစံနှင့် လုံးလုံးမှ မတူချေ။

သူ ထိုအကြောင်းတွေးလိုက်ကာ ဖုန်းခေါ်လိုက်သည်။

ဖုန်းဝင်သွားပြီးနောက် နားကြပ်ထဲရှိ အသံမှာ အမြဲတစေ ပြုံးပျော်လျက်ရှိသည်။

"ဟော့ရှီး၊ ရှင့်ဂုဏ်ပြုပွဲပြီးသွားပြီလား?"

သူမ သူ့အကြောင်း သေချာနားလည်လေသည်။

"မင်း ဒီနေ့ ရောက်လာသေးလား?"

"ဒါပေါ့၊ ကျွန်မ ဓါတ်ပုံအများကြီးရိုက်ခဲ့တယ်"

သူမ အချိန်အတော်ကြာ စိတ်ဓါတ်ကျနေမည်ဟု သူ တွေးထားခဲ့ခြင်းဖြစ်သည်။ သူ့ရှိုးပွဲကို ကြည့်ဖို့ သူမစိတ်ပါမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ခဏမျှ တုံ့ဆိုင်းပြီးနောက် ဟော့ရှီးက

"ငါ အစောပိုင်းက ရှိုးပွဲအတွက် ပြင်နေရလို့ အချိန်သိပ်မရှိဘူး"

အမှန်တကယ်တော့ အသံသွင်းဖိုင်နဲ့ ပတ်သက်ပြီး သူ ဂရုတစိုက်ရှိလိုခဲ့သည်။ အခုတွင်တော့ အသိုင်းအဝိုင်းထဲရှိ လူအားလုံး သက်ပြင်းချနေလေပြီ။

ရှင်းယောင်မီဒီယာက သူမစိန်ခေါ်သလိုမျိုး အဝတ်မဲ့ဓါတ်ပုံတွေ ထုတ်မပြလာပေမဲ့ သူမဂုဏ်သိက္ခာကိုတော့ ညစ်နွမ်းစေဖို့ ကြိုးပမ်းလာသည်။ သူမ ဘယ်လိုစိတ်ထားမျိုးနဲ့များ အပြင်ထွက်နိုင်ရတာလဲ? အင်တာနက်လောကတခုလုံး၏ ကိုယ်ချင်းစာတရားကို သူမ ရလိုက်သော်လည်း အတွင်းလူတွေ မျက်လုံးထဲတွင်တော့ ဒီကိုယ့်ကိုကိုယ် ထိခိုက်စေတဲ့ ဂုဏ်သတင်းက ဆုံးရှုံးမှုများလွန်းသည်။

နောက်ပိုင်း အခြားသူတွေ သူမအားမြင်သည်နှင့် ဒီသတင်းကို သူမနှင့် တွဲမြင်ပေလိမ့်မည်။ ဒါက အဝတ်မဲ့ပုံတွေ ရိုက်ယူခဲ့သော မင်းသမီး။ မည်သူမျှ ထိုပုံတွေကို မမြင်ဖူးသော်လည်း ရှုတ်ချသူများကတော့ အပြစ်ရှာကြပေမည်။

တစ်စုံတစ်ယောက်က သူမကို အပြစ်ရှာလိုလျှင် ဒါက ပျော့ကွက်ဖြစ်ပေမည်။ တချက်ထိလိုက်တာနဲ့ အရှိုက်တည့်တည့်ပင်။

ကြည့်ရတာ သူမ ယခင်နှင့် လုံးဝ ကွဲပြားခြားနားသွားပေပြီ။ ဒါက သူမထံတွင် သူ မမြင်ဖူးခဲ့သော အရာဖြစ်သည်။ သတ္တိရှိမှု၊ ယုံကြည်မှုနှင့် အကောင်းမြင်တတ်မှု။

ဟော့ရှီးတွေးလိုက်ကာ စကားလုံးစီလိုက်သည်။

"ငါ တခုခုကူနိုင်တာရှိရင် မင်း ငါ့ကို ပြောလိုက်"

ရှန့်ချောင် ထပ်တလဲလဲ ခေါင်းယမ်းလိုက်သည်။

"မလိုပါဘူး၊ ဒါကိစ္စအသေးလေးပဲ၊ သိပ်မကြာခင် ဖြေရှင်းပြီးသွားလိမ့်မယ်၊ ရှင် ကျွန်မ weibo ကို ပြန်တင်ပြီး တကူးတကဖုန်းခေါ်တာနဲ့တင် အရမ်းပျော်နေပြီ"

ရောင့်ရဲခြင်းက လူကို ပျော်ရွှင်စေပြီး ထိုအချက်ကို သူမ အချိန်အတော်ကြာကတည်းက နားလည်ထားခဲ့သည်။

သူမ စိတ်ပျော်နေကာ

"ဟော့ရှီး၊ ရှင် စောစောနားတော့၊ ပင်ပန်းသွားပြီ၊ ရှိုးပွဲက လုံးဝ ပြီးပြည့်စုံတယ်"

ဟော့ရှီး ထပ်မမေးတော့ပဲ

"ကောင်းပြီလေ၊ ဝမ်အန်း!"

"ဝမ်အန်း!"

(T/N - ဝမ်အန်း = ကောင်းသောညပါ၊ ဝမ်အန်းက ပိုနွေးထွေးတယ် ခံစားရလို့ 😆)

သူမ အိုင်ဒေါလ်ဆီမှ ဂွတ်နိုက်ဒ်ဆုတောင်းစကားကို ကြားပြီးနောက် ရှန့်ချောင် အိပ်မက်ပင် မမက်ပဲ ကောင်းကောင်းအိပ်ပျော်သွားသည်။ နောက်တရက်မနက်ခင်းတွင် သူမ သဘာဝကျကျ နိုးလာကာ သန့်ရှင်းရေးလုပ်ပြီးနောက် သူမ အိမ်သာပေါ်ထိုင်ရင်း တရားဝင်ဖန်အကောင့်ထဲ log in ဝင်လိုက်သည်။ သူမက ယနေ့မနက်ခင်းအတွက် နှုတ်ခွန်းဆက်ပို့စ် တင်နေခြင်းဖြစ်သည်။ ရုတ်တရက် တရားဝင်ဖန်အကောင့်ရဲ့ follower မှာ တစ်ညထဲ ငါးသိန်းတိုးသွားလေသည်။

သူမရဲ့ ကြိုးပမ်းအားထုတ်မှုဖြစ်သော သတင်းမျှဝေခြင်း၊ ကွန်မန့်ပေးခြင်းနှင့် like လုပ်ခြင်းသည်လည်း ရာဂဏန်း ဖြစ်လာသည်။

ကိုယ်ချင်းစာစိတ်ကြောင့်ဖြစ်စေ၊ စပ်စုလိုစိတ်ကြောင့်ဖြစ်စေ၊ ဒါမှမဟုတ် လှပတဲ့ ကော်ဇောနီဓါတ်ပုံတွေရဲ့ ဆွဲဆောင်မှုကြောင့်ဖြစ်စေ သရုပ်ဆောင်တစ်ယောက်၏ တရားဝင်ဖန်အကောင့်ထံ အာရုံစိုက်ခြင်းမှာ တဖက်လူက အနည်းဆုံးတော့ anti fan မဟုတ်ကြောင်း သက်သေပြနေသည်။ Anti fan အဖြစ်မှ ဖြတ်သွားဖြတ်လာဖန်အဖြစ် ပြောင်းသွားခဲ့လျှင်တောင် ရှန့်ချောင်ကို စိတ်ပျော်စေနိုင်သည်။

သူမ၏ ဦးတည်ရာမှာ ပရိသတ်များများကို ဆွဲဆောင်ဖို့ မဟုတ်ပဲ anti fan မရှိသည့် ကမ္ဘာတခု ဖန်တီးရန်ဖြစ်သည်။

ထိုအချိန်တွင် ဟော့ရှီးရဲ့ Weibo မှ ရှင်းယောင်မီဒီယာနှင့် စာချုပ်ဖျက်သိမ်းကြောင်းနှင့် ကိုယ်ပိုင်စတူဒီယို တည်ထောင်ကြောင်း ကြေငြာသည်။ ပရိသတ်အားလုံးက သူ ယခင်က ရှန့်ချောင်၏ စာချုပ်ဖျက်သိမ်းကြောင်း တောင်းဆိုမှုကို ပြန်တင်ခဲ့ကြောင်း အမှတ်ရလိုက်သည်။ ကြည့်ရတာ သူသည်လည်း ရှင်းယောင်မီဒီယာနှင့် ချုပ်ဆိုထားသည့် သူ့ကိုယ်ပိုင်စာချုပ်ကို ဖျက်သိမ်းတော့မည်ဖြစ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဖန်အားလုံးက ယခင်က တွေးတောထားသမျှကို မေ့ပစ်လိုက်ကာ သူတို့အိုင်ဒေါလ် တစ်ကိုယ်တည်း စတင်အလုပ်လုပ်မည်ကို ချီးကျူးဂုဏ်ပြုလာသည်။

မနက်စာစားပြီးနောက် ချောင်းယွီထံ ရှန့်ချောင် ဖုန်းခေါ်လိုက်သည်။ ဒီနေ့ သူမ စာရွက်စာတမ်းတချို့ လက်မှတ်ထိုးစရာရှိကြောင်း သူ သတိပေးခဲ့တာမို့ ရှန့်ချောင် ဖုန်းဆက်ကာ ပြန်အတည်ပြုခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ရှင်းယောင်မီဒီယာက သူမအလုပ်အားလုံး ရပ်ဆိုင်းထားပြီးဖြစ်ရာ နေ့လည်ခင်းတွင် သူမ ရှော့ပင်းထွက်ရင်း အိမ်အတွက် လိုအပ်သည့်ပစ္စည်းအချို့ ဝယ်ယူရန် စီစဉ်ထားသည်။

နှစ်ကြိမ်မြောက် ဖုန်းခေါ်ပြီးချိန်မှ ချောင်းယွီက ဖုန်းကိုင်လာကာ သူ့အသံက အနည်းငယ် လောပြာနေသည်။

"တောင်းပန်ပါတယ် Miss ရှန့်၊ ကျွန်တော် ဒီနေ့ လုပ်စရာလေးရှိလို့၊ မနက်ဖြန်ကျမှ လက်မှတ်ထိုးစရာ စာရွက်တွေ ယူလာပေးမယ်"

ရှန့်ချောင် မေးခွန်းထုတ်လိုက်သည်။

"ဘာဖြစ်လို့လဲ? ဘာပြဿနာဖြစ်လို့လဲ?"

"ကျွန်တော့်အမေ နေမကောင်းဖြစ်နေလို့၊ ကျွန်တော် သူ့ကို ဂရုစိုက်ရမှာမို့ မနက်ဖြန်မှ ဆက်သွယ်လိုက်ပါမယ်"

ထို့နောက် သူဖုန်းချသွားသည်။

ရှန့်ချောင် ခဏမျှ အံ့အားသင့်သွားသည်။ ချောင်းအမေရဲ့ ကျန်းမာရေးက အမြဲတစေ ကောင်းမွန်ခဲ့သည်မဟုတ်ပေ။ သူမငယ်ရွယ်စဉ်က ရခဲ့သည့် ရောဂါရင်းမြစ်က အသက်ကြီးချိန်တွင် ပြန်ပေါ်လာသည်။ ထို့အပြင် သူမခြေထောက်တွေက လှုပ်ရှားဖို့ မလွယ်ကူတာကြောင့် လမ်းလျှောက်ရမည့်အစား ဝှီးချဲကို အသုံးပြုလေ့ရှိသည်။ ချောင်းယွီရဲ့လေသံမှာ လောပြာလှသည်။ သူမအမေ တခုခုများ ဖြစ်နေလား?

ရှန့်ချောင် ဦးနှောက်တခုလုံး ပေါက်ကွဲထွက်သွားသလို ခံစားလိုက်ရကာ သူမနားတွေ အူလာသည်။ သူတို့ ဘယ်ဆေးရုံရောက်နေမှန်း မေးဖို့ ဖုန်းခေါ်လိုက်ပေမဲ့ ဖုန်းပြန်မဖြေပေ။ ရှန့်ချောင် စိတ်လောကြီးကာ ဘာလုပ်ရမလဲ မသိတော့ချေ။ အဆုံးတွင် သူမတက်စီဌားကာ ချောင်းမိသားစု ဗီလာဆီ ဦးတည်လိုက်သည်။

ချောင်းမိသားစုအိမ်တံခါးမှာ ပိတ်လျက်သားဖြစ်ပြီး အချိန်အတော်ကြာ တံခါးခေါက်သော်လည်း တံခါးမဖွင့်လာပေ။

ဘာလုပ်ရမလဲ ရှန့်ချောင် မသိတော့တာမို့ သူမ အိမ်ရှေ့တံခါးပေါက်ဝရှေ့တွင် ထိုင်ချလိုက်သည်။

ဘေးပတ်လည်ကား မှောင်မဲလျက်သား။

ဆောင်းညတွေက အမြဲတစေ စောစောရောက်လာတတ်ပြီး အေးစက်တဲ့လေတွေ အဖော်ပြုလာတာမို့ ရှန့်ချောင် တုန်ယင်လာသည်။ သူမအလောတကြီးထွက်လာကာ လည်စည်းနှင့် လက်အိတ်ဝတ်မလာမိပေ။ သူမခြေလက်တွေ အေးခဲတော့မလို ခံစားနေရသည်။

သူမလက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်ကာ ပါးစပ်နားကပ်လိုက်ပြီးနောက် နားနှစ်ဖက်ဆီ အုပ်မိုးပွတ်သပ်လိုက်သည်။

အိမ်ရှေ့ရှိ မြက်ခင်းစိမ်းပေါ် အားကစားဝတ်စုံဝတ်ထားတဲ့ လူရွယ် ဖြတ်ပြေးသွားပြီးနောက် နောက်ပြန်ဆုတ်လာသည်။ ခဏအကြာတွင် ထိုလူရွယ်က နားကြပ်ဖြုတ်လိုက်ကာ ဘေးဘက်ဆီ လှမ်းအော်လာသည်။

"ရှန့်ချောင်၊ မင်းဒီမှာ ဘာလုပ်နေတာလဲ?"

သူမ ခေါင်းမော့လိုက်သည်။ တစ်ယောက်မျက်နှာ တစ်ယောက် ရှင်းရှင်းလင်းလင်းမမြင်နိုင်အောင် မှောင်နေပြီဖြစ်သော်လည်း သူ့အသံနှင့် ကိုယ်ခန္ဓာကိုမြင်ရုံနဲ့တင် သူ့ကို သူမ မှတ်မိသည်။

"ဟော့ရှီး!"

သူမ အနည်းငယ် စိတ်ပျော်သွားပြီး ရုတ်တရက် မတ်တပ်ထရပ်လိုက်ပေမဲ့ အချိန်အတော်ကြာ ထိုင်နေခဲ့ခြင်းဖြစ်ကာ ထုံကျင်နေတဲ့ ခြေလက်တွေကြောင့် ယိမ်းထိုးသွားသည်။

ကံကောင်းစွာဖြင့် ဟော့ရှီးက အလျှင်အမြန်တုံ့ပြန်လာကာ ခြေနှစ်လှမ်း၊ သုံးလှမ်းဖြင့် သူမရှေ့ရောက်လာပြီး လက်တဖက်ကို လှမ်းကိုင်ထိန်းလိုက်သည်။ သူမရဲ့ အေးစက်စက် လက်ချောင်းတွေကို ထိတွေ့လိုက်ပြီးနောက် သူ မျက်မှောင်ကြုတ်လိုက်သည်။

ရှန့်ချောင် သူ့လက်ကိုကိုင်ကာ ထိန်းရပ်လိုက်သည်။ သူမ သက်သာသွားသည်နှင့် တောင်းပန်စကားဆိုရင်း ကျေးဇူးတင်လိုက်သည်။ ဟော့ရှီး သူမကို ခဏမျှ စိုက်ကြည့်နေပြီးနောက်

"ဒီလောက်အေးနေတဲ့ချိန် သူများအိမ်ရှေ့တံခါးဝမှာထိုင်ပြီး မင်းဘာလုပ်နေတာလဲ?"

"စောင့်... လူတစ်ယောက်ကို စောင့်နေတာ"

"မင်း ဒီမိသားစုကို သိလို့လား?"

"ကျွန်မ ဌားထားတဲ့ ရှေ့နေက ဒီမိသားစုက..."

သူမ အိုင်ဒေါလ်ကို မလိမ်ညာချင်သည်မို့ အမှန်စကားတဝက်ဆိုပြီးနောက် စကားလမ်းကြောင်းပြောင်းလိုက်သည်။

"ဟော့ရှီး၊ ရှင် ညဘက်အပြေးလေ့ကျင့်တာလား?"

"အင်း"

သူမကို အချိန်ခဏမျှ စိုက်ကြည့်နေပြီး အအေးဒဏ်ကြောင့် သူမ လက်ပိုက်ကာ တုန်ယင်နေသည်ကို စိုက်ကြည့်လိုက်သည်။

"တကယ်လို့ အဲ့လူပြန်မလာရင် မင်း ဒီမှာပဲ အေးခဲပြီး အသေခံမှာလား?"

သူ ခပ်တိုးတိုးမေးလိုက်သည်။

ရှန့်ချောင် စကားမဆိုပဲ သူ့ထံ ပျော်ပျော်ရွှင်ရွှင် ပြုံးကြည့်လိုက်သည်။

နီးကပ်လွန်းလှသည်။ မနေ့က စင်ပေါ်ရှိသူမှာ သူမလက်လှမ်းမမှီနိုင်သော အလင်းရောင်ဖြစ်ပြီး ယနေ့တွင်တော့ သူမရှေ့ သူမတ်တပ်ရပ်နေကာ လက်တကမ်းအကွာတွင်ဖြစ်သည်။

သူမခြေဖျားထောက်ကာ သူ့အားပွေ့ဖက်ပြီး သူ့ကို သူမ သဘောကျကြောင်းဆိုလိုက်ချင်သည်။

မဖြစ်ဘူး!! နင်ဒီလိုလုပ်လို့ မရဘူး!! နင့်ရဲ့ အန္တရာယ်ရှိတဲ့ အတွေးတွေကို ချက်ချင်းရပ်လိုက်စမ်း!

ဟော့ရှီးက သူ့ကို ထိတာ မကြိုက်ဘူး! သူ စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်နဲ့! ချစ်ခြင်းတရားက ထိန်းချုပ်နိုင်ခြင်းပဲ! ကိုယ့်ကိုကိုယ် ထိန်းချုပ်စမ်း!!

ထို့နောက် သူ့ရှေ့ရှိ အမျိုးသမီးမှာ စိတ်ရှည်လက်ရှည်ဖြင့် နောက်သို့ ခြေနှစ်လှမ်းဆုတ်သွားမှန်း ဟော့ရှး သတိထားမိလိုက်သည်။

".... မင်းဘယ်လောက်ကြာကြာဒီမှာ စောင့်မှာလဲ?"

"နောက်ထပ်နှစ်နာရီလောက်"

သူ မျက်မှောင်ကြုတ်ကာ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ထို့နောက် သူ ခပ်တိုးတိုးဆိုလိုက်သည်။

"ငါ့အိမ်မှာ သွားစောင့်၊ အပြင်မှာ အေးလွန်းတယ်"

ထို့အပြင် ဒီအိမ်ရာရှိ လုံခြုံရေးမှာ မကြာခင် ကင်းလှည့်တော့မည်ဖြစ်သည်။ ပတ်ဝန်းကျင်အား ဂရုစိုက်ရမည်ကို ထည့်မတွက်လျှင်တောင် သူမက နာမည်ကြီး မင်းသမီးဖြစ်ပြီး ဥပဒေအရ တရားရင်ဆိုင်နေရသေးသည်။ သူမ ဉာဏ်ကောင်းလာပြီဟု သူထင်ခဲ့တာမလား? ဘယ်လိုလုပ် ချက်ချင်း ငတုံးဖြစ်သွားရတာလဲ?

ရှန့်ချောင်မျက်ဝန်းတွေ ရုတ်ခြည်းတောက်ပသွားသည်။ နောက်ဆုံးတစ်ခေါက် သူမအိုင်ဒေါလ်အိမ် ရောက်ခဲ့စဉ်က သူမ ငိုနေခဲ့ခြင်းဖြစ်ကာ ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်ခဲ့ပေ။ သူမနောက်ထပ် အခွင့်အရေးရတာလား?

သူမ ခပ်မြန်မြန်ခြေလှမ်းစလိုက်ကာ

"သွားကြစို့!"

ခြေနှစ်လှမ်း လှမ်းပြီးချိန်မှ သူမ တစုံတခုကို တွေးမိသွားကာ သူ့ဘက်လှည့်မေးလာသည်။

"ဟော့ရှီး၊ ဒီအိမ်ရာထဲ ပါပါရာဇီ မရှိဘူးမလား? ဓါတ်ပုံအရိုက်ခံရလို့ မဖြစ်ဘူး"

သူ ဘေးမှဖြတ်ရင်း

"မင်းကိုယ်မင်း ပိုလုံလုံခြုံခြုံအုပ်လိုက်"

သူပြောနေတုန်းမှာပင် ရှန့်ချောင် ကုတ်အကျီချွတ်လိုက်ကာ သူမဦးခေါင်းမှ တလွှာပြီးတလွှာရစ်ပတ်လိုက်သည်။

အိမ်ထဲရောက်ရောက်ချင်း သူမပထမဆုံးလုပ်သည်မှာ လိုက်ကာတွေ ဆွဲပိတ်လိုက်ခြင်း။

အိမ်ထဲတွင် အပူပေးစက်ဖွင့်ထားကာ ခြေဖဝါးအောက်မှ အပူချိန်ကြောင့် တကိုယ်လုံး နွေးထွေးသွားသည်။ သူမ ဆိုဖာပေါ်ထိုင်လိုက်ပြီး ဘေးပတ်ပတ်လည်ဆီ ဝေ့ကြည့်လိုက်သည်။ သူမစိတ်ထဲမှ ပျော်ရွှင်မှုမှာ သေလုမြောပါး။

ဒါက သူမအိုင်ဒေါလ်ရဲ့အိမ်။

သေချာပေါက်ပင် ဒါက နာမည်ကျော် နေထိုင်ရာနေရာဖြစ်သည်။ လှပတိတ်ဆိတ်ကာ အေးချမ်းလှသည်။ အိမ်တွင်းနေရာ အခန်းဖွဲ့ပုံမှာ ချောင်းမိသားစုအိမ်နှင့် တူညီသော်လည်း အလှဆင်ထားဟန်မှာ ပို၍ အေးစက်သည်။

အတိတ်က ချောင်းချောင်မှာ အမြဲ လက်တွေ့ကျသည်။ ဖန်များအတွက် အိုင်ဒေါလ်ဆိုသည်မှာ ကောင်းကင်ရှိ နေမင်းကဲ့သို့ ဖြစ်သည်။ ကိုယ်ပိုင်နွေးထွေးမှုနှင့် ကြီးပြင်းမှုအတွက် အလင်းရောင်ကို စုပ်ယူ၍ ရသော်လည်း နေမင်းဆီချဉ်းကပ်ရန် အိပ်မက်လို့တော့ မရချေ။

တစ်ယောက်နှင့် တစ်ယောက်အကြား အကွာအဝေးခြားနားနေမည်ဖြစ်ကာ သူက အိုင်ဒေါလ်တာဝန်နဲ့အညီ ထွန်းလင်းတောက်ပနေမည်ဖြစ်ပြီး ဖန်တစ်ယောက် တာဝန်မှာ ထောက်ခံအားပေးရန်ဖြစ်သည်။ များများစားစား တောင်းဆို၍ မဖြစ်။ ဒါသည်ပင် အကောင်းဆုံးနှင့် အပျော်ရွှင်ရဆုံး အခြေအနေဖြစ်သည်။

သို့သော် ယခုတွင်မူ နေမင်းက သူမရှေ့ မျက်နှာချင်းဆိုင်တွင် ထိုင်နေကာ သူမတကိုယ်လုံး အရည်ပျော်ကျတော့မလို ရှန့်ချောင် ခံစားနေရသည်။

ဟော့ရှီး ရီမုယူကာ တီဗီဖွင့်လိုက်သည်။ သူ့ပုံစံက သူမအား စကားပြောချင်ပုံမရပဲ သူ့အိမ်ထဲ ဖိတ်ခေါ်ခြင်းမှာ ကြင်နာတတ်မှုအရသာဖြစ်သည်။ သူမအိုင်ဒေါလ်၏ ကြင်နာတတ်မှုကို သူမနှလုံးသားထဲ ရှန့်ချောင် သိမ်းဆည်းလိုက်ကာ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ရင်း တီဗီပရိုဂရမ်ဆီ အကြည့်ပို့လိုက်သည်။

တီဗီတွင် မှတ်တမ်းရုပ်ရှင်လာနေကာ ရိုးစင်းတဲ့ဝတ်စုံ ဝတ်ဆင်ထားသည့် ဘုန်းတော်ကြီးက တောတာင်၊ မြစ်ရေကို ဖြတ်ကျော်ကာ စာပေကျမ်းဂန်တွေကို သယ်ဆောင်ဖို့ မွေးရပ်မြေမှ အနောက်အရပ်ဆီ ဦးတည်နေပုံအကြောင်းဖြစ်သည်။ နယ်စပ်ရှိအစောင့်အကြပ်တို့က ဘုန်းတော်ကြီးကို ခိုးဝင်ခွင့်ပြုနေခြင်းဖြစ်သည်။

ရှန့်ချောင် အချိန်ခဏမျှ ကြည့်လိုက်ပြီးနောက် ဆိုလာသည်။

"ခေါင်းဆောင်က ရွှန်းကျန့်ကို ယုံကြည်သူ။ ဘုန်းတော်ကြီးကို ဖမ်းပြီး အပြစ်မပေးတဲ့အပြင် ရေနှင့် စားစရာပါ ပို့ပေးပြီး နယ်စပ်ဖြတ်ရမဲ့လမ်းကိုပါ ညွှန်ပေးတဲ့သူ၊ ရွှန်းကျန့်က လမ်းတဝက်မှာ လမ်းပျောက်သွားတယ်၊ နောက်တော့ သူက ကောင်းချန်ဘုရင်နှင့် တွေ့ဆုံပြီး ညီအစ်ကိုကောင်းတွေ ဖြစ်လာတယ်..."

ဟော့ရှီး ခေါင်းလှည့်ကာ သူမအား စိုက်ကြည့်လိုက်သည်။

"No spoiler"

ရှန့်ချောင် - "အို့"

ထို့နောက် ရှန့်ချောင်ပြောသည့်အတိုင်း ဖြစ်လာကာ ဟော့ရှီး ပျင်းလာသည်။ သူမကို ကြည့်ရင်း

"မင်း ကြည့်ဖူးလား?

"မှတ်တမ်းရုပ်ရှင်တွေကို ကျွန်မ ပိုကြိုက်တယ်။

အနောက်အရပ်သို့ ခရီးထွက်ခြင်းကို သူမအကြိုက်ဆုံးဖြစ်ကြောင်း ရှန့်ချောင် မပြောလိုက်ပေ။ သူမ သဘောကျတာကြောင့် သမိုင်းထဲရှိ ရွှမ်းကျန့်အစစ်အမှန်ကိုပါ သူမ နားလည်လာသည်။ သမိုင်းမှတ်တမ်းရှိ ရွှမ်းကျန့်အကြောင်း သူမဖတ်ပြီးချိန်တွင် ဗုဒ္ဓဘာသာ၏ အတက်အကျအပေါ် ပို၍ နားလည်လာသည်။ သူသာ သဘောကျလျှင် သူမ မဟာယနအကြောင်းပင် ပြောနိုင်သေးသည်။

ဟော့ရှီးက အနည်းငယ် အံ့ဩသွားဟန်။ မျက်ခုံးတို့ ပင့်တက်သွားပြီး စကားမဆိုလာချေ။ မှတ်တမ်းရုပ်ရှင်ကို ပြောင်းလိုက်ကာ နောက်တလိုင်းမှာ 'ပိုးလမ်းမအကြောင်း' ဖြစ်သည်။ ခေါင်းစဉ်ကို မြင်လိုက်သည်နှင့် ရှန့်ချောင် စိတ်လှုပ်ရှားသွားသည်။

"ကျွန်မ ဒါလဲ ကြည့်ပြီးပြီ၊ အဲ့ဒါက..."

ဟော့ရှီး လက်မြှောက်လိုက်ကာ တီဗီပိတ်လိုက်သည်။

ရှန့်ချောင် - "...."

ဒါဘာလုပ်တာလဲ?

ကျွန်မက ရှင်နဲ့ စကားပြောချင်ရုံ။

ဟော့ရှီး ဖုန်းထုတ်ကာ ဂိမ်းဖွင့်လိုက်သည်။ ရှေ့မှ လူဆီက Honor of King ရဲ့ ရင်းနှီးတဲ့ သံစဉ်ကို ရှန့်ချောင်ကြားလိုက်ကာ ရုတ်ချည်းတက်ကြွသွားသည်။

"ကျွန်မတို့ အတူကစားကြမလား? ကျွန်မကစားတာ မဆိုးဘူး"

ဟော့ရှီး - "...."

နှစ်ယောက်သား ခပ်မြန်မြန် အဖွဲ့ဖွဲ့လိုက်သည်။

ရှန့်ချောင်က Tank မှလွဲ၍ ကျန်သည့်နေရာအားလုံးတွင် ကောင်းကောင်းကစားနိုင်သည်။ ဟော့ရှီးက တချိန်လုံး Shooter နေရာမှ ကစားဖို့ ခေါင်းမာနေပေမဲ့ သူ့လက်ရည်မှာ... အကောင်းအဆိုးပြောရန်မှာ အဖွဲ့သားတွေ၏ အားအင်ပေါ် မူတည်နေသည်။

အဖွဲ့သားတွေသာ အကူအညီပေးနိုင်လျှင် သူက တိုးတက်မှုကို အခွင့်အရေးယူပြီး ငါးကြိမ်ထက်မနည်း ရန်သူသတ်နိုင်သော်လည်း အဖွဲ့သားတွေ ကူညီမပေးနိုင်လျှင် သူ့အခြေအနေမှာ သာမန်သာဖြစ်သည်။

ကံကောင်းစွာဖြင့် ရှန့်ချောင်၏ နည်းလမ်းမှာ အတော်လေးကောင်းမွန်ကာ အနိုင်ယူဖို့ သယ်ဆောင်သွားပေးနိုင်သည်။ ဟော့ရှီးက တကိုယ်တည်းဆော့လေ့ရှိပြီး ယခုတွင်မူ သူ့ရှေ့၌ အကူအညီပေးနိုင်မည့်သူကို မြင်ပြီးနောက် နောက်ကွယ်တွင် တိတ်တဆိတ်နေကာ အနိုင်ရခြင်းသည်လည်း ကောင်းမွန်သည်ဟု တွေးမိသည်။

ထို့ကြောင့် သူ စတင်ပြီး rank တင်တော့သည်။

ရှန့်ချောင်က လူနှစ်ယောက်ဖြင့် ညီမျှကာ စစ်သားတွေနှင့် တိုက်ခိုက်ရုံသာမက တာဝါတိုင်ကိုပင် ဖြိုနိုင်သည်။ မြေပုံပေါ်ရှိ ရှိသမျှ အကောင်တွေကိုပင် စားနိုင်သေးသည်။

ထို့နောက် သူတို့အဖွဲ့သားများက ဟော့ရှီးအား ဆူပူကြတော့သည်။

အလယ်လမ်းရှိ Mage မှာ မြေကြီးပေါ် လဲလျောင်းနေကာ သေသွားပြီးနောက် စာရိုက်လာသည်။

"အသုံးမကျတဲ့ shooter. ****"

ပိတ်ဆို့ခြင်းခံလိုက်ရတဲ့ စကားစုမှာ ကောင်းမွန်သည်မဟုတ်။ ဟော့ရှီး သူတို့ကို လစ်လျူရှုလိုက်သော်လည်း ရလဒ်မှာ နေရာအနှံ့ သတ်ဖြတ်နေတဲ့ ရှန့်ချောင်က ရပ်လိုက်ကာ စာရိုက်ရင်း မေးခွန်းထုတ်သည်။

"Mage က အမှိုက်သရိုက်လို့ ဘယ်သူ့ကို ဆဲနေတာလဲ?"

__ အမှိုက်သရိုက်ငါက ဆဲနေတာ

__ ဘာလို့ ကိုယ့်ဘာသာ ဆဲနေတာလဲ? နင်က သေချာပေါက် အမှိုက်သရိုက်ပေါ့

__ ဟားဟား

__ ဘာကိုလာရယ်တာလဲ? နင် လူစကားပြောတတ်လား? လူရော ဟုတ်ရဲ့လား?

__ မင်း fu*****

__ တပည့်တွေက ဂိမ်းမဆော့ခင် စာဘယ်လိုရိုက်လဲ သင်ဦး၊ နင့် အိမ်စာတွေ ပြီးပြီလား? ဒီအဖေက စာဘယ်လိုရေးရမလဲ သင်ပေးရမလား?

ဟော့ရှီး - "....."

အဆုံးတွင်တော့ ဂိမ်းရှုံးသွားလေသည်။ ဂိမ်းဒုတိယပိုင်းတွင် ရှန့်ချောင်က တာဝါတိုင်အောက်မှ မထွက်လာပဲ Mage ကို တစ်လျှောက်လုံး ဆူဆဲနေပေမဲ့ ညစ်ညမ်းစကားတခွန်း မသုံးပေ။ စကရင်တဖက်ခြမ်းမှ mage မှ ဒေါသပုန်ထကာ အော်ဟစ်နေပြီဟု သူ ခံစားနေရသည်။

သူ ရှန့်ချောင်ကို မော့ကြည့်လိုက်သည်။

သူမက မျက်မှောင်ကုတ်နေကာ မျက်နှာတခုလုံး လေးနက်နေသည်ကို မြင်လိုက်ရသည်။ သူ့အကြည့်ကို သတိထားမိသွားပုံရပြီး မော့ကြည့်လာချိန်တွင်မူ သူမမျက်ဝန်းတို့က နူးညံ့လျက်။ သူမအပြုံးမှ လှပတဲ့ ပန်းတပွင့် ပေါ်ထွက်လာတော့မလို။

ဟော့ရှီးဆိုလိုက်သည်။

"ဂိမ်းပဲဆော့၊ မဆဲနဲ့"

သူမ ခပ်မြန်မြန်ခေါင်းညိတ်လိုက်ပေမဲ့ ခေါင်းမာမာနဲ့ ဆိုလာသည်။

"ဒါပေမဲ့ ရှင့်ကို ဆူဆဲတာကိုတော့ တားမြစ်တယ်"

ဟော့ရှီး ခေါင်းငုံ့လိုက်ကာ နောက်ထပ်ပွဲစဉ်တခု စတင်လိုက်သည်။

****
တင်္နလာနေ့ ပြန်တွေ့ပါမယ်။ နောက်တပတ်ကျ ဟော့ရှီးနဲ့ ရှန့်ချောင် variety show အတူရိုက်မှာပါ။ Variety show က အတူနေရမဲ့ ရှိုးပါ။

See you~

****







{Zawgyi}

အပိုင္း ၁၅ | သူမအျပဳံးကေန လွပတဲ့ ပန္းတပြင့္ ေပၚထြက္လာဖို႔ ေမၽွာ္လင့္တယ္

ရွိုးပြဲအၿပီးတြင္ ဂုဏ္ျပဳညစာစားပြဲက်င္းပကာ ေဟာ့ရွီးက လူအားလုံးႏွင့္ တႀကိမ္ဆီေသာက္ၿပီးေနာက္ သူ႔အခန္းဆီ ျပန္ခ်ိန္တြင္ မနက္အေစာပိုင္းျဖစ္သည္။ ဖုန္းလွမ္းယူကာ သူ႔ပရိသတ္အားလုံး အိမ္ျပန္ရာလမ္းတစ္ေလၽွာက္ လုံျခဳံေရးဂ႐ုစိုက္ဖို႔ ပို႔စ္တင္လိုက္ၿပီးေနာက္ မေန႔က hot search ထိ ေရာက္သြားတဲ့ ေကာ္ေဇာနီေလၽွာက္လမ္းအေၾကာင္း ရွာၾကည့္လိုက္သည္။

ဓါတ္ပုံထဲရွိ ရွန့္ေခ်ာင္မွာ သူ႔အေတြးထဲမွ မိမိကိုယ္ကို ယုံၾကည္မွုနည္းၿပီး သတၱိမရွိတဲ့ မိန္းကေလးပုံစံႏွင့္ လုံးလုံးမွ မတူေခ်။

သူ ထိုအေၾကာင္းေတြးလိုက္ကာ ဖုန္းေခၚလိုက္သည္။

ဖုန္းဝင္သြားၿပီးေနာက္ နားၾကပ္ထဲရွိ အသံမွာ အျမဲတေစ ျပဳံးေပ်ာ္လ်က္ရွိသည္။

"ေဟာ့ရွီး၊ ရွင့္ဂုဏ္ျပဳပြဲၿပီးသြားၿပီလား?"

သူမ သူ႔အေၾကာင္း ေသခ်ာနားလည္ေလသည္။

"မင္း ဒီေန႔ ေရာက္လာေသးလား?"

"ဒါေပါ့၊ ကၽြန္မ ဓါတ္ပုံအမ်ားႀကီးရိုက္ခဲ့တယ္"

သူမ အခ်ိန္အေတာ္ၾကာ စိတ္ဓါတ္က်ေနမည္ဟု သူ ေတြးထားခဲ့ျခင္းျဖစ္သည္။ သူ႔ရွိုးပြဲကို ၾကည့္ဖို႔ သူမစိတ္ပါမည္ဟု သူ မေမၽွာ္လင့္ထားခဲ့ေပ။

ခဏမၽွ တုံ႔ဆိုင္းၿပီးေနာက္ ေဟာ့ရွီးက

"ငါ အေစာပိုင္းက ရွိုးပြဲအတြက္ ျပင္ေနရလို႔ အခ်ိန္သိပ္မရွိဘူး"

အမွန္တကယ္ေတာ့ အသံသြင္းဖိုင္နဲ႔ ပတ္သက္ၿပီး သူ ဂ႐ုတစိုက္ရွိလိုခဲ့သည္။ အခုတြင္ေတာ့ အသိုင္းအဝိုင္းထဲရွိ လူအားလုံး သက္ျပင္းခ်ေနေလၿပီ။

ရွင္းေယာင္မီဒီယာက သူမစိန္ေခၚသလိုမ်ိဳး အဝတ္မဲ့ဓါတ္ပုံေတြ ထုတ္မျပလာေပမဲ့ သူမဂုဏ္သိကၡာကိုေတာ့ ညစ္ႏြမ္းေစဖို႔ ႀကိဳးပမ္းလာသည္။ သူမ ဘယ္လိုစိတ္ထားမ်ိဳးနဲ႔မ်ား အျပင္ထြက္နိုင္ရတာလဲ? အင္တာနက္ေလာကတခုလုံး၏ ကိုယ္ခ်င္းစာတရားကို သူမ ရလိုက္ေသာ္လည္း အတြင္းလူေတြ မ်က္လုံးထဲတြင္ေတာ့ ဒီကိုယ့္ကိုကိုယ္ ထိခိုက္ေစတဲ့ ဂုဏ္သတင္းက ဆုံးရွုံးမွုမ်ားလြန္းသည္။

ေနာက္ပိုင္း အျခားသူေတြ သူမအားျမင္သည္ႏွင့္ ဒီသတင္းကို သူမႏွင့္ တြဲျမင္ေပလိမ့္မည္။ ဒါက အဝတ္မဲ့ပုံေတြ ရိုက္ယူခဲ့ေသာ မင္းသမီး။ မည္သူမၽွ ထိုပုံေတြကို မျမင္ဖူးေသာ္လည္း ရွုတ္ခ်သူမ်ားကေတာ့ အျပစ္ရွာၾကေပမည္။

တစ္စုံတစ္ေယာက္က သူမကို အျပစ္ရွာလိုလၽွင္ ဒါက ေပ်ာ့ကြက္ျဖစ္ေပမည္။ တခ်က္ထိလိုက္တာနဲ႔ အရွိုက္တည့္တည့္ပင္။

ၾကည့္ရတာ သူမ ယခင္ႏွင့္ လုံးဝ ကြဲျပားျခားနားသြားေပၿပီ။ ဒါက သူမထံတြင္ သူ မျမင္ဖူးခဲ့ေသာ အရာျဖစ္သည္။ သတၱိရွိမွု၊ ယုံၾကည္မွုႏွင့္ အေကာင္းျမင္တတ္မွု။

ေဟာ့ရွီးေတြးလိုက္ကာ စကားလုံးစီလိုက္သည္။

"ငါ တခုခုကူနိုင္တာရွိရင္ မင္း ငါ့ကို ေျပာလိုက္"

ရွန့္ေခ်ာင္ ထပ္တလဲလဲ ေခါင္းယမ္းလိုက္သည္။

"မလိုပါဘူး၊ ဒါကိစၥအေသးေလးပဲ၊ သိပ္မၾကာခင္ ေျဖရွင္းၿပီးသြားလိမ့္မယ္၊ ရွင္ ကၽြန္မ weibo ကို ျပန္တင္ၿပီး တကူးတကဖုန္းေခၚတာနဲ႔တင္ အရမ္းေပ်ာ္ေနၿပီ"

ေရာင့္ရဲျခင္းက လူကို ေပ်ာ္ရႊင္ေစၿပီး ထိုအခ်က္ကို သူမ အခ်ိန္အေတာ္ၾကာကတည္းက နားလည္ထားခဲ့သည္။

သူမ စိတ္ေပ်ာ္ေနကာ

"ေဟာ့ရွီး၊ ရွင္ ေစာေစာနားေတာ့၊ ပင္ပန္းသြားၿပီ၊ ရွိုးပြဲက လုံးဝ ၿပီးျပည့္စုံတယ္"

ေဟာ့ရွီး ထပ္မေမးေတာ့ပဲ

"ေကာင္းၿပီေလ၊ ဝမ္အန္း!"

"ဝမ္အန္း!"

(T/N - ဝမ္အန္း = ေကာင္းေသာညပါ၊ ဝမ္အန္းက ပိုေႏြးေထြးတယ္ ခံစားရလို႔ 😆)

သူမ အိုင္ေဒါလ္ဆီမွ ဂြတ္နိုက္ဒ္ဆုေတာင္းစကားကို ၾကားၿပီးေနာက္ ရွန့္ေခ်ာင္ အိပ္မက္ပင္ မမက္ပဲ ေကာင္းေကာင္းအိပ္ေပ်ာ္သြားသည္။ ေနာက္တရက္မနက္ခင္းတြင္ သူမ သဘာဝက်က် နိုးလာကာ သန့္ရွင္းေရးလုပ္ၿပီးေနာက္ သူမ အိမ္သာေပၚထိုင္ရင္း တရားဝင္ဖန္အေကာင့္ထဲ log in ဝင္လိုက္သည္။ သူမက ယေန႔မနက္ခင္းအတြက္ ႏွုတ္ခြန္းဆက္ပို႔စ္ တင္ေနျခင္းျဖစ္သည္။ ႐ုတ္တရက္ တရားဝင္ဖန္အေကာင့္ရဲ့ follower မွာ တစ္ညထဲ ငါးသိန္းတိုးသြားေလသည္။

သူမရဲ့ ႀကိဳးပမ္းအားထုတ္မွုျဖစ္ေသာ သတင္းမၽွေဝျခင္း၊ ကြန္မန့္ေပးျခင္းႏွင့္ like လုပ္ျခင္းသည္လည္း ရာဂဏန္း ျဖစ္လာသည္။

ကိုယ္ခ်င္းစာစိတ္ေၾကာင့္ျဖစ္ေစ၊ စပ္စုလိုစိတ္ေၾကာင့္ျဖစ္ေစ၊ ဒါမွမဟုတ္ လွပတဲ့ ေကာ္ေဇာနီဓါတ္ပုံေတြရဲ့ ဆြဲေဆာင္မွုေၾကာင့္ျဖစ္ေစ သ႐ုပ္ေဆာင္တစ္ေယာက္၏ တရားဝင္ဖန္အေကာင့္ထံ အာ႐ုံစိုက္ျခင္းမွာ တဖက္လူက အနည္းဆုံးေတာ့ anti fan မဟုတ္ေၾကာင္း သက္ေသျပေနသည္။ Anti fan အျဖစ္မွ ျဖတ္သြားျဖတ္လာဖန္အျဖစ္ ေျပာင္းသြားခဲ့လၽွင္ေတာင္ ရွန့္ေခ်ာင္ကို စိတ္ေပ်ာ္ေစနိုင္သည္။

သူမ၏ ဦးတည္ရာမွာ ပရိသတ္မ်ားမ်ားကို ဆြဲေဆာင္ဖို႔ မဟုတ္ပဲ anti fan မရွိသည့္ ကမၻာတခု ဖန္တီးရန္ျဖစ္သည္။

ထိုအခ်ိန္တြင္ ေဟာ့ရွီးရဲ့ Weibo မွ ရွင္းေယာင္မီဒီယာႏွင့္ စာခ်ဳပ္ဖ်က္သိမ္းေၾကာင္းႏွင့္ ကိုယ္ပိုင္စတူဒီယို တည္ေထာင္ေၾကာင္း ေၾကျငာသည္။ ပရိသတ္အားလုံးက သူ ယခင္က ရွန့္ေခ်ာင္၏ စာခ်ဳပ္ဖ်က္သိမ္းေၾကာင္း ေတာင္းဆိုမွုကို ျပန္တင္ခဲ့ေၾကာင္း အမွတ္ရလိုက္သည္။ ၾကည့္ရတာ သူသည္လည္း ရွင္းေယာင္မီဒီယာႏွင့္ ခ်ဳပ္ဆိုထားသည့္ သူ႔ကိုယ္ပိုင္စာခ်ဳပ္ကို ဖ်က္သိမ္းေတာ့မည္ျဖစ္ေသာေၾကာင့္ျဖစ္သည္။ ထို႔ေၾကာင့္ ဖန္အားလုံးက ယခင္က ေတြးေတာထားသမၽွကို ေမ့ပစ္လိုက္ကာ သူတို႔အိုင္ေဒါလ္ တစ္ကိုယ္တည္း စတင္အလုပ္လုပ္မည္ကို ခ်ီးက်ဴးဂုဏ္ျပဳလာသည္။

မနက္စာစားၿပီးေနာက္ ေခ်ာင္းယြီထံ ရွန့္ေခ်ာင္ ဖုန္းေခၚလိုက္သည္။ ဒီေန႔ သူမ စာရြက္စာတမ္းတခ်ိဳ႕ လက္မွတ္ထိုးစရာရွိေၾကာင္း သူ သတိေပးခဲ့တာမို႔ ရွန့္ေခ်ာင္ ဖုန္းဆက္ကာ ျပန္အတည္ျပဳျခင္းျဖစ္သည္။ မည္သို႔ပင္ျဖစ္ေစ ရွင္းေယာင္မီဒီယာက သူမအလုပ္အားလုံး ရပ္ဆိုင္းထားၿပီးျဖစ္ရာ ေန႔လည္ခင္းတြင္ သူမ ေရွာ့ပင္းထြက္ရင္း အိမ္အတြက္ လိုအပ္သည့္ပစၥည္းအခ်ိဳ႕ ဝယ္ယူရန္ စီစဥ္ထားသည္။

ႏွစ္ႀကိမ္ေျမာက္ ဖုန္းေခၚၿပီးခ်ိန္မွ ေခ်ာင္းယြီက ဖုန္းကိုင္လာကာ သူ႔အသံက အနည္းငယ္ ေလာျပာေနသည္။

"ေတာင္းပန္ပါတယ္ Miss ရွန့္၊ ကၽြန္ေတာ္ ဒီေန႔ လုပ္စရာေလးရွိလို႔၊ မနက္ျဖန္က်မွ လက္မွတ္ထိုးစရာ စာရြက္ေတြ ယူလာေပးမယ္"

ရွန့္ေခ်ာင္ ေမးခြန္းထုတ္လိုက္သည္။

"ဘာျဖစ္လို႔လဲ? ဘာျပႆနာျဖစ္လို႔လဲ?"

"ကၽြန္ေတာ့္အေမ ေနမေကာင္းျဖစ္ေနလို႔၊ ကၽြန္ေတာ္ သူ႔ကို ဂ႐ုစိုက္ရမွာမို႔ မနက္ျဖန္မွ ဆက္သြယ္လိုက္ပါမယ္"

ထို႔ေနာက္ သူဖုန္းခ်သြားသည္။

ရွန့္ေခ်ာင္ ခဏမၽွ အံ့အားသင့္သြားသည္။ ေခ်ာင္းအေမရဲ့ က်န္းမာေရးက အျမဲတေစ ေကာင္းမြန္ခဲ့သည္မဟုတ္ေပ။ သူမငယ္ရြယ္စဥ္က ရခဲ့သည့္ ေရာဂါရင္းျမစ္က အသက္ႀကီးခ်ိန္တြင္ ျပန္ေပၚလာသည္။ ထို႔အျပင္ သူမေျခေထာက္ေတြက လွုပ္ရွားဖို႔ မလြယ္ကူတာေၾကာင့္ လမ္းေလၽွာက္ရမည့္အစား ဝွီးခ်ဲကို အသုံးျပဳေလ့ရွိသည္။ ေခ်ာင္းယြီရဲ့ေလသံမွာ ေလာျပာလွသည္။ သူမအေမ တခုခုမ်ား ျဖစ္ေနလား?

ရွန့္ေခ်ာင္ ဦးေႏွာက္တခုလုံး ေပါက္ကြဲထြက္သြားသလို ခံစားလိုက္ရကာ သူမနားေတြ အူလာသည္။ သူတို႔ ဘယ္ေဆး႐ုံေရာက္ေနမွန္း ေမးဖို႔ ဖုန္းေခၚလိုက္ေပမဲ့ ဖုန္းျပန္မေျဖေပ။ ရွန့္ေခ်ာင္ စိတ္ေလာႀကီးကာ ဘာလုပ္ရမလဲ မသိေတာ့ေခ်။ အဆုံးတြင္ သူမတက္စီဌားကာ ေခ်ာင္းမိသားစု ဗီလာဆီ ဦးတည္လိုက္သည္။

ေခ်ာင္းမိသားစုအိမ္တံခါးမွာ ပိတ္လ်က္သားျဖစ္ၿပီး အခ်ိန္အေတာ္ၾကာ တံခါးေခါက္ေသာ္လည္း တံခါးမဖြင့္လာေပ။

ဘာလုပ္ရမလဲ ရွန့္ေခ်ာင္ မသိေတာ့တာမို႔ သူမ အိမ္ေရွ႕တံခါးေပါက္ဝေရွ႕တြင္ ထိုင္ခ်လိုက္သည္။

ေဘးပတ္လည္ကား ေမွာင္မဲလ်က္သား။

ေဆာင္းညေတြက အျမဲတေစ ေစာေစာေရာက္လာတတ္ၿပီး ေအးစက္တဲ့ေလေတြ အေဖာ္ျပဳလာတာမို႔ ရွန့္ေခ်ာင္ တုန္ယင္လာသည္။ သူမအေလာတႀကီးထြက္လာကာ လည္စည္းႏွင့္ လက္အိတ္ဝတ္မလာမိေပ။ သူမေျခလက္ေတြ ေအးခဲေတာ့မလို ခံစားေနရသည္။

သူမလက္ဖဝါးႏွစ္ဖက္ကို ပြတ္သပ္ကာ ပါးစပ္နားကပ္လိုက္ၿပီးေနာက္ နားႏွစ္ဖက္ဆီ အုပ္မိုးပြတ္သပ္လိုက္သည္။

အိမ္ေရွ႕ရွိ ျမက္ခင္းစိမ္းေပၚ အားကစားဝတ္စုံဝတ္ထားတဲ့ လူရြယ္ ျဖတ္ေျပးသြားၿပီးေနာက္ ေနာက္ျပန္ဆုတ္လာသည္။ ခဏအၾကာတြင္ ထိုလူရြယ္က နားၾကပ္ျဖဳတ္လိုက္ကာ ေဘးဘက္ဆီ လွမ္းေအာ္လာသည္။

"ရွန့္ေခ်ာင္၊ မင္းဒီမွာ ဘာလုပ္ေနတာလဲ?"

သူမ ေခါင္းေမာ့လိုက္သည္။ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ ရွင္းရွင္းလင္းလင္းမျမင္နိုင္ေအာင္ ေမွာင္ေနၿပီျဖစ္ေသာ္လည္း သူ႔အသံႏွင့္ ကိုယ္ခႏၶာကိုျမင္႐ုံနဲ႔တင္ သူ႔ကို သူမ မွတ္မိသည္။

"ေဟာ့ရွီး!"

သူမ အနည္းငယ္ စိတ္ေပ်ာ္သြားၿပီး ႐ုတ္တရက္ မတ္တပ္ထရပ္လိုက္ေပမဲ့ အခ်ိန္အေတာ္ၾကာ ထိုင္ေနခဲ့ျခင္းျဖစ္ကာ ထုံက်င္ေနတဲ့ ေျခလက္ေတြေၾကာင့္ ယိမ္းထိုးသြားသည္။

ကံေကာင္းစြာျဖင့္ ေဟာ့ရွီးက အလၽွင္အျမန္တုံ႔ျပန္လာကာ ေျခႏွစ္လွမ္း၊ သုံးလွမ္းျဖင့္ သူမေရွ႕ေရာက္လာၿပီး လက္တဖက္ကို လွမ္းကိုင္ထိန္းလိုက္သည္။ သူမရဲ့ ေအးစက္စက္ လက္ေခ်ာင္းေတြကို ထိေတြ႕လိုက္ၿပီးေနာက္ သူ မ်က္ေမွာင္ၾကဳတ္လိုက္သည္။

ရွန့္ေခ်ာင္ သူ႔လက္ကိုကိုင္ကာ ထိန္းရပ္လိုက္သည္။ သူမ သက္သာသြားသည္ႏွင့္ ေတာင္းပန္စကားဆိုရင္း ေက်းဇူးတင္လိုက္သည္။ ေဟာ့ရွီး သူမကို ခဏမၽွ စိုက္ၾကည့္ေနၿပီးေနာက္

"ဒီေလာက္ေအးေနတဲ့ခ်ိန္ သူမ်ားအိမ္ေရွ႕တံခါးဝမွာထိုင္ၿပီး မင္းဘာလုပ္ေနတာလဲ?"

"ေစာင့္... လူတစ္ေယာက္ကို ေစာင့္ေနတာ"

"မင္း ဒီမိသားစုကို သိလို႔လား?"

"ကၽြန္မ ဌားထားတဲ့ ေရွ႕ေနက ဒီမိသားစုက..."

သူမ အိုင္ေဒါလ္ကို မလိမ္ညာခ်င္သည္မို႔ အမွန္စကားတဝက္ဆိုၿပီးေနာက္ စကားလမ္းေၾကာင္းေျပာင္းလိုက္သည္။

"ေဟာ့ရွီး၊ ရွင္ ညဘက္အေျပးေလ့က်င့္တာလား?"

"အင္း"

သူမကို အခ်ိန္ခဏမၽွ စိုက္ၾကည့္ေနၿပီး အေအးဒဏ္ေၾကာင့္ သူမ လက္ပိုက္ကာ တုန္ယင္ေနသည္ကို စိုက္ၾကည့္လိုက္သည္။

"တကယ္လို႔ အဲ့လူျပန္မလာရင္ မင္း ဒီမွာပဲ ေအးခဲၿပီး အေသခံမွာလား?"

သူ ခပ္တိုးတိုးေမးလိုက္သည္။

ရွန့္ေခ်ာင္ စကားမဆိုပဲ သူ႔ထံ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျပဳံးၾကည့္လိုက္သည္။

နီးကပ္လြန္းလွသည္။ မေန႔က စင္ေပၚရွိသူမွာ သူမလက္လွမ္းမမွီနိုင္ေသာ အလင္းေရာင္ျဖစ္ၿပီး ယေန႔တြင္ေတာ့ သူမေရွ႕ သူမတ္တပ္ရပ္ေနကာ လက္တကမ္းအကြာတြင္ျဖစ္သည္။

သူမေျခဖ်ားေထာက္ကာ သူ႔အားေပြ႕ဖက္ၿပီး သူ႔ကို သူမ သေဘာက်ေၾကာင္းဆိုလိုက္ခ်င္သည္။

မျဖစ္ဘူး!! နင္ဒီလိုလုပ္လို႔ မရဘူး!! နင့္ရဲ့ အႏၲရာယ္ရွိတဲ့ အေတြးေတြကို ခ်က္ခ်င္းရပ္လိုက္စမ္း!

ေဟာ့ရွီးက သူ႔ကို ထိတာ မႀကိဳက္ဘူး! သူ စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္ မလုပ္နဲ႔! ခ်စ္ျခင္းတရားက ထိန္းခ်ဳပ္နိုင္ျခင္းပဲ! ကိုယ့္ကိုကိုယ္ ထိန္းခ်ဳပ္စမ္း!!

ထို႔ေနာက္ သူ႔ေရွ႕ရွိ အမ်ိဳးသမီးမွာ စိတ္ရွည္လက္ရွည္ျဖင့္ ေနာက္သို႔ ေျခႏွစ္လွမ္းဆုတ္သြားမွန္း ေဟာ့ရွး သတိထားမိလိုက္သည္။

".... မင္းဘယ္ေလာက္ၾကာၾကာဒီမွာ ေစာင့္မွာလဲ?"

"ေနာက္ထပ္ႏွစ္နာရီေလာက္"

သူ မ်က္ေမွာင္ၾကဳတ္ကာ ေကာင္းကင္သို႔ ေမာ့ၾကည့္လိုက္သည္။ ထို႔ေနာက္ သူ ခပ္တိုးတိုးဆိုလိုက္သည္။

"ငါ့အိမ္မွာ သြားေစာင့္၊ အျပင္မွာ ေအးလြန္းတယ္"

ထို႔အျပင္ ဒီအိမ္ရာရွိ လုံျခဳံေရးမွာ မၾကာခင္ ကင္းလွည့္ေတာ့မည္ျဖစ္သည္။ ပတ္ဝန္းက်င္အား ဂ႐ုစိုက္ရမည္ကို ထည့္မတြက္လၽွင္ေတာင္ သူမက နာမည္ႀကီး မင္းသမီးျဖစ္ၿပီး ဥပေဒအရ တရားရင္ဆိုင္ေနရေသးသည္။ သူမ ဉာဏ္ေကာင္းလာၿပီဟု သူထင္ခဲ့တာမလား? ဘယ္လိုလုပ္ ခ်က္ခ်င္း ငတုံးျဖစ္သြားရတာလဲ?

ရွန့္ေခ်ာင္မ်က္ဝန္းေတြ ႐ုတ္ျခည္းေတာက္ပသြားသည္။ ေနာက္ဆုံးတစ္ေခါက္ သူမအိုင္ေဒါလ္အိမ္ ေရာက္ခဲ့စဥ္က သူမ ငိုေနခဲ့ျခင္းျဖစ္ကာ ပတ္ဝန္းက်င္ကို ဂ႐ုမစိုက္နိုင္ခဲ့ေပ။ သူမေနာက္ထပ္ အခြင့္အေရးရတာလား?

သူမ ခပ္ျမန္ျမန္ေျခလွမ္းစလိုက္ကာ

"သြားၾကစို႔!"

ေျခႏွစ္လွမ္း လွမ္းၿပီးခ်ိန္မွ သူမ တစုံတခုကို ေတြးမိသြားကာ သူ႔ဘက္လွည့္ေမးလာသည္။

"ေဟာ့ရွီး၊ ဒီအိမ္ရာထဲ ပါပါရာဇီ မရွိဘူးမလား? ဓါတ္ပုံအရိုက္ခံရလို႔ မျဖစ္ဘူး"

သူ ေဘးမွျဖတ္ရင္း

"မင္းကိုယ္မင္း ပိုလုံလုံျခဳံျခဳံအုပ္လိုက္"

သူေျပာေနတုန္းမွာပင္ ရွန့္ေခ်ာင္ ကုတ္အက်ီခၽြတ္လိုက္ကာ သူမဦးေခါင္းမွ တလႊာၿပီးတလႊာရစ္ပတ္လိုက္သည္။

အိမ္ထဲေရာက္ေရာက္ခ်င္း သူမပထမဆုံးလုပ္သည္မွာ လိုက္ကာေတြ ဆြဲပိတ္လိုက္ျခင္း။

အိမ္ထဲတြင္ အပူေပးစက္ဖြင့္ထားကာ ေျခဖဝါးေအာက္မွ အပူခ်ိန္ေၾကာင့္ တကိုယ္လုံး ေႏြးေထြးသြားသည္။ သူမ ဆိုဖာေပၚထိုင္လိုက္ၿပီး ေဘးပတ္ပတ္လည္ဆီ ေဝ့ၾကည့္လိုက္သည္။ သူမစိတ္ထဲမွ ေပ်ာ္ရႊင္မွုမွာ ေသလုေျမာပါး။

ဒါက သူမအိုင္ေဒါလ္ရဲ့အိမ္။

ေသခ်ာေပါက္ပင္ ဒါက နာမည္ေက်ာ္ ေနထိုင္ရာေနရာျဖစ္သည္။ လွပတိတ္ဆိတ္ကာ ေအးခ်မ္းလွသည္။ အိမ္တြင္းေနရာ အခန္းဖြဲ႕ပုံမွာ ေခ်ာင္းမိသားစုအိမ္ႏွင့္ တူညီေသာ္လည္း အလွဆင္ထားဟန္မွာ ပို၍ ေအးစက္သည္။

အတိတ္က ေခ်ာင္းေခ်ာင္မွာ အျမဲ လက္ေတြ႕က်သည္။ ဖန္မ်ားအတြက္ အိုင္ေဒါလ္ဆိုသည္မွာ ေကာင္းကင္ရွိ ေနမင္းကဲ့သို႔ ျဖစ္သည္။ ကိုယ္ပိုင္ေႏြးေထြးမွုႏွင့္ ႀကီးျပင္းမွုအတြက္ အလင္းေရာင္ကို စုပ္ယူ၍ ရေသာ္လည္း ေနမင္းဆီခ်ဥ္းကပ္ရန္ အိပ္မက္လို႔ေတာ့ မရေခ်။

တစ္ေယာက္ႏွင့္ တစ္ေယာက္အၾကား အကြာအေဝးျခားနားေနမည္ျဖစ္ကာ သူက အိုင္ေဒါလ္တာဝန္နဲ႔အညီ ထြန္းလင္းေတာက္ပေနမည္ျဖစ္ၿပီး ဖန္တစ္ေယာက္ တာဝန္မွာ ေထာက္ခံအားေပးရန္ျဖစ္သည္။ မ်ားမ်ားစားစား ေတာင္းဆို၍ မျဖစ္။ ဒါသည္ပင္ အေကာင္းဆုံးႏွင့္ အေပ်ာ္ရႊင္ရဆုံး အေျခအေနျဖစ္သည္။

သို႔ေသာ္ ယခုတြင္မူ ေနမင္းက သူမေရွ႕ မ်က္ႏွာခ်င္းဆိုင္တြင္ ထိုင္ေနကာ သူမတကိုယ္လုံး အရည္ေပ်ာ္က်ေတာ့မလို ရွန့္ေခ်ာင္ ခံစားေနရသည္။

ေဟာ့ရွီး ရီမုယူကာ တီဗီဖြင့္လိုက္သည္။ သူ႔ပုံစံက သူမအား စကားေျပာခ်င္ပုံမရပဲ သူ႔အိမ္ထဲ ဖိတ္ေခၚျခင္းမွာ ၾကင္နာတတ္မွုအရသာျဖစ္သည္။ သူမအိုင္ေဒါလ္၏ ၾကင္နာတတ္မွုကို သူမႏွလုံးသားထဲ ရွန့္ေခ်ာင္ သိမ္းဆည္းလိုက္ကာ စိတ္လွုပ္ရွားမွုကို ဖုံးကြယ္ရင္း တီဗီပရိုဂရမ္ဆီ အၾကည့္ပို႔လိုက္သည္။

တီဗီတြင္ မွတ္တမ္း႐ုပ္ရွင္လာေနကာ ရိုးစင္းတဲ့ဝတ္စုံ ဝတ္ဆင္ထားသည့္ ဘုန္းေတာ္ႀကီးက ေတာတာင္၊ ျမစ္ေရကို ျဖတ္ေက်ာ္ကာ စာေပက်မ္းဂန္ေတြကို သယ္ေဆာင္ဖို႔ ေမြးရပ္ေျမမွ အေနာက္အရပ္ဆီ ဦးတည္ေနပုံအေၾကာင္းျဖစ္သည္။ နယ္စပ္ရွိအေစာင့္အၾကပ္တို႔က ဘုန္းေတာ္ႀကီးကို ခိုးဝင္ခြင့္ျပဳေနျခင္းျဖစ္သည္။

ရွန့္ေခ်ာင္ အခ်ိန္ခဏမၽွ ၾကည့္လိုက္ၿပီးေနာက္ ဆိုလာသည္။

"ေခါင္းေဆာင္က ရႊန္းက်န့္ကို ယုံၾကည္သူ။ ဘုန္းေတာ္ႀကီးကို ဖမ္းၿပီး အျပစ္မေပးတဲ့အျပင္ ေရႏွင့္ စားစရာပါ ပို႔ေပးၿပီး နယ္စပ္ျဖတ္ရမဲ့လမ္းကိုပါ ညႊန္ေပးတဲ့သူ၊ ရႊန္းက်န့္က လမ္းတဝက္မွာ လမ္းေပ်ာက္သြားတယ္၊ ေနာက္ေတာ့ သူက ေကာင္းခ်န္ဘုရင္ႏွင့္ ေတြ႕ဆုံၿပီး ညီအစ္ကိုေကာင္းေတြ ျဖစ္လာတယ္..."

ေဟာ့ရွီး ေခါင္းလွည့္ကာ သူမအား စိုက္ၾကည့္လိုက္သည္။

"No spoiler"

ရွန့္ေခ်ာင္ - "အို႔"

ထို႔ေနာက္ ရွန့္ေခ်ာင္ေျပာသည့္အတိုင္း ျဖစ္လာကာ ေဟာ့ရွီး ပ်င္းလာသည္။ သူမကို ၾကည့္ရင္း

"မင္း ၾကည့္ဖူးလား?

"မွတ္တမ္း႐ုပ္ရွင္ေတြကို ကၽြန္မ ပိုႀကိဳက္တယ္။

အေနာက္အရပ္သို႔ ခရီးထြက္ျခင္းကို သူမအႀကိဳက္ဆုံးျဖစ္ေၾကာင္း ရွန့္ေခ်ာင္ မေျပာလိုက္ေပ။ သူမ သေဘာက်တာေၾကာင့္ သမိုင္းထဲရွိ ရႊမ္းက်န့္အစစ္အမွန္ကိုပါ သူမ နားလည္လာသည္။ သမိုင္းမွတ္တမ္းရွိ ရႊမ္းက်န့္အေၾကာင္း သူမဖတ္ၿပီးခ်ိန္တြင္ ဗုဒၶဘာသာ၏ အတက္အက်အေပၚ ပို၍ နားလည္လာသည္။ သူသာ သေဘာက်လၽွင္ သူမ မဟာယနအေၾကာင္းပင္ ေျပာနိုင္ေသးသည္။

ေဟာ့ရွီးက အနည္းငယ္ အံ့ဩသြားဟန္။ မ်က္ခုံးတို႔ ပင့္တက္သြားၿပီး စကားမဆိုလာေခ်။ မွတ္တမ္း႐ုပ္ရွင္ကို ေျပာင္းလိုက္ကာ ေနာက္တလိုင္းမွာ 'ပိုးလမ္းမအေၾကာင္း' ျဖစ္သည္။ ေခါင္းစဥ္ကို ျမင္လိုက္သည္ႏွင့္ ရွန့္ေခ်ာင္ စိတ္လွုပ္ရွားသြားသည္။

"ကၽြန္မ ဒါလဲ ၾကည့္ၿပီးၿပီ၊ အဲ့ဒါက..."

ေဟာ့ရွီး လက္ေျမႇာက္လိုက္ကာ တီဗီပိတ္လိုက္သည္။

ရွန့္ေခ်ာင္ - "...."

ဒါဘာလုပ္တာလဲ?

ကၽြန္မက ရွင္နဲ႔ စကားေျပာခ်င္႐ုံ။

ေဟာ့ရွီး ဖုန္းထုတ္ကာ ဂိမ္းဖြင့္လိုက္သည္။ ေရွ႕မွ လူဆီက Honor of King ရဲ့ ရင္းႏွီးတဲ့ သံစဥ္ကို ရွန့္ေခ်ာင္ၾကားလိုက္ကာ ႐ုတ္ခ်ည္းတက္ႂကြသြားသည္။

"ကၽြန္မတို႔ အတူကစားၾကမလား? ကၽြန္မကစားတာ မဆိုးဘူး"

ေဟာ့ရွီး - "...."

ႏွစ္ေယာက္သား ခပ္ျမန္ျမန္ အဖြဲ႕ဖြဲ႕လိုက္သည္။

ရွန့္ေခ်ာင္က Tank မွလြဲ၍ က်န္သည့္ေနရာအားလုံးတြင္ ေကာင္းေကာင္းကစားနိုင္သည္။ ေဟာ့ရွီးက တခ်ိန္လုံး Shooter ေနရာမွ ကစားဖို႔ ေခါင္းမာေနေပမဲ့ သူ႔လက္ရည္မွာ... အေကာင္းအဆိုးေျပာရန္မွာ အဖြဲ႕သားေတြ၏ အားအင္ေပၚ မူတည္ေနသည္။

အဖြဲ႕သားေတြသာ အကူအညီေပးနိုင္လၽွင္ သူက တိုးတက္မွုကို အခြင့္အေရးယူၿပီး ငါးႀကိမ္ထက္မနည္း ရန္သူသတ္နိုင္ေသာ္လည္း အဖြဲ႕သားေတြ ကူညီမေပးနိုင္လၽွင္ သူ႔အေျခအေနမွာ သာမန္သာျဖစ္သည္။

ကံေကာင္းစြာျဖင့္ ရွန့္ေခ်ာင္၏ နည္းလမ္းမွာ အေတာ္ေလးေကာင္းမြန္ကာ အနိုင္ယူဖို႔ သယ္ေဆာင္သြားေပးနိုင္သည္။ ေဟာ့ရွီးက တကိုယ္တည္းေဆာ့ေလ့ရွိၿပီး ယခုတြင္မူ သူ႔ေရွ႕၌ အကူအညီေပးနိုင္မည့္သူကို ျမင္ၿပီးေနာက္ ေနာက္ကြယ္တြင္ တိတ္တဆိတ္ေနကာ အနိုင္ရျခင္းသည္လည္း ေကာင္းမြန္သည္ဟု ေတြးမိသည္။

ထို႔ေၾကာင့္ သူ စတင္ၿပီး rank တင္ေတာ့သည္။

ရွန့္ေခ်ာင္က လူႏွစ္ေယာက္ျဖင့္ ညီမၽွကာ စစ္သားေတြႏွင့္ တိုက္ခိုက္႐ုံသာမက တာဝါတိုင္ကိုပင္ ၿဖိဳနိုင္သည္။ ေျမပုံေပၚရွိ ရွိသမၽွ အေကာင္ေတြကိုပင္ စားနိုင္ေသးသည္။

ထို႔ေနာက္ သူတို႔အဖြဲ႕သားမ်ားက ေဟာ့ရွီးအား ဆူပူၾကေတာ့သည္။

အလယ္လမ္းရွိ Mage မွာ ေျမႀကီးေပၚ လဲေလ်ာင္းေနကာ ေသသြားၿပီးေနာက္ စာရိုက္လာသည္။

"အသုံးမက်တဲ့ shooter. ****"

ပိတ္ဆို႔ျခင္းခံလိုက္ရတဲ့ စကားစုမွာ ေကာင္းမြန္သည္မဟုတ္။ ေဟာ့ရွီး သူတို႔ကို လစ္လ်ဴရွုလိုက္ေသာ္လည္း ရလဒ္မွာ ေနရာအႏွံ့ သတ္ျဖတ္ေနတဲ့ ရွန့္ေခ်ာင္က ရပ္လိုက္ကာ စာရိုက္ရင္း ေမးခြန္းထုတ္သည္။

"Mage က အမွိုက္သရိုက္လို႔ ဘယ္သူ႔ကို ဆဲေနတာလဲ?"

__ အမွိုက္သရိုက္ငါက ဆဲေနတာ

__ ဘာလို႔ ကိုယ့္ဘာသာ ဆဲေနတာလဲ? နင္က ေသခ်ာေပါက္ အမွိုက္သရိုက္ေပါ့

__ ဟားဟား

__ ဘာကိုလာရယ္တာလဲ? နင္ လူစကားေျပာတတ္လား? လူေရာ ဟုတ္ရဲ့လား?

__ မင္း fu*****

__ တပည့္ေတြက ဂိမ္းမေဆာ့ခင္ စာဘယ္လိုရိုက္လဲ သင္ဦး၊ နင့္ အိမ္စာေတြ ၿပီးၿပီလား? ဒီအေဖက စာဘယ္လိုေရးရမလဲ သင္ေပးရမလား?

ေဟာ့ရွီး - "....."

အဆုံးတြင္ေတာ့ ဂိမ္းရွုံးသြားေလသည္။ ဂိမ္းဒုတိယပိုင္းတြင္ ရွန့္ေခ်ာင္က တာဝါတိုင္ေအာက္မွ မထြက္လာပဲ Mage ကို တစ္ေလၽွာက္လုံး ဆူဆဲေနေပမဲ့ ညစ္ညမ္းစကားတခြန္း မသုံးေပ။ စကရင္တဖက္ျခမ္းမွ mage မွ ေဒါသပုန္ထကာ ေအာ္ဟစ္ေနၿပီဟု သူ ခံစားေနရသည္။

သူ ရွန့္ေခ်ာင္ကို ေမာ့ၾကည့္လိုက္သည္။

သူမက မ်က္ေမွာင္ကုတ္ေနကာ မ်က္ႏွာတခုလုံး ေလးနက္ေနသည္ကို ျမင္လိုက္ရသည္။ သူ႔အၾကည့္ကို သတိထားမိသြားပုံရၿပီး ေမာ့ၾကည့္လာခ်ိန္တြင္မူ သူမမ်က္ဝန္းတို႔က ႏူးညံ့လ်က္။ သူမအျပဳံးမွ လွပတဲ့ ပန္းတပြင့္ ေပၚထြက္လာေတာ့မလို။

ေဟာ့ရွီးဆိုလိုက္သည္။

"ဂိမ္းပဲေဆာ့၊ မဆဲနဲ႔"

သူမ ခပ္ျမန္ျမန္ေခါင္းညိတ္လိုက္ေပမဲ့ ေခါင္းမာမာနဲ႔ ဆိုလာသည္။

"ဒါေပမဲ့ ရွင့္ကို ဆူဆဲတာကိုေတာ့ တားျမစ္တယ္"

ေဟာ့ရွီး ေခါင္းငုံ႔လိုက္ကာ ေနာက္ထပ္ပြဲစဥ္တခု စတင္လိုက္သည္။

****
တနၤလာေန႔ ျပန္ေတြ႕ပါမယ္။ ေနာက္တပတ္က် ေဟာ့ရွီးနဲ႔ ရွန့္ေခ်ာင္ variety show အတူရိုက္မွာပါ။ Variety show က အတူေနရမဲ့ ရွိုးပါ။

See you~

****

Continue Reading

You'll Also Like

289K 4.3K 39
The class of 1-A were randomly sitting in the common space of their dorms until their teachers and the schools avid inventor Hatsume came into the ro...
4M 168K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
9K 664 13
ခင်ဗျားနဲ့ပဲ လုံလောက်တာ နောက်ထပ်မရှိဘူး တကယ် ခင်ဗျားတစ်ယောက်တည်း ကျွန်တော့်ရဲ့ ဖြစ်တည်မှုတစ်ခုလုံးနဲ့ တိုင်းတာပြီးကို ခင်ဗျားကို ချစ်တာ....
11.9K 186 48
"You feel that? You need a lot more flour. There's some in your hair, use that." "There's flour in my hair?" "I just said that didn't I? What did ya...