အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်...

由 Miracle_Phyu97

65K 6.5K 80

Name - Transmigrating Into The Male Lead's Villainess Older Sister Type - Web novel (CN) Genre - Comedy Roman... 更多

Description
Ch-1.1
Ch-1.2
Chapter-2.1
Chapter-2.2
Chapter-3.1
Chapter-3.2
Chapter-4.1
Chapter-4.2
Chapter-5.1
Chapter-5.2
Paid Gp
Chapter-6.1
Chapter-6.2
Chapter-7.1
Chapter-7.2
Chapter-8.1
Chapter-8.2
Chapter-9.1
Chapter-9.2
Chapter-10.1
Chapter-10.2
Chapter-11.1
Chapter-11.2
Chapter-11.3
Chapter-12.1
Chapter-12.2
Chapter-12.3
Chapter-13.1
Chapter-13.2
Chapter-14.1
Chapter-14.2
Chapter-15.1
Chapter-15.2
Chapter-16.1
Chapter-16.2
Ch-17.1
Ch-17.2
Ch-18.1
Ch-18.2
Chapter-18.3
Ch-18.4
Ch-19.1
Ch-19.3
Ch-20.1
Ch-20.2
Attention
Ch-21.1
Ch-21.2
Ch-21.3
Ch-22.1
Ch-22.2

Ch-19.2

864 109 0
由 Miracle_Phyu97

အခန်း (၁၉) (ခ)

ဤ ကောမစ်၏ အမည်မှာ <<အို ဖေဖေ ကြောင်>> ဖြစ်သည်။ မူလက ပျော်ရွှင်ဖွယ် ဘဝမှာ နေထိုင်နေခဲ့တဲ့ ကလေးလေးတစ်ယောက်အကြောင်းပင်။ ရုတ်တရက်၊ တစ်နေ့မှာ သူတို့မိသားစုတွင် မထင်မှတ်ထားသော အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ပွားခဲ့၏။ ဖခင်ဖြစ်သူသည် ယာဉ်မတော်တဆမှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး ကိုမာဝင်သွားခဲ့သည်။ ထိုအချိန်မှာပဲ ကောင်လေး၏ ပင်ကိုယ်စရိုက်သည် အလွန်ပြောင်းလဲသွား၏။ သူသည် စိတ်ဝေဒနာ(အော်တစ်ဇင်)ကို ခံစားလာရပြီး သူ့ကိုယ်သူ အခန်းထဲမှာ တစ်နေ့လုံး သော့ခတ်ထားခဲ့သည်။ သူသည် အခြားသူများနှင့် ဆက်သွယ်ခြင်း မပြုတော့ဘဲ အပြင်ထွက်ဖို့ကိုလည်း ငြင်းဆန်ခဲ့သည်။ နောက်ပိုင်းတွင် ကောင်လေး၏ မိသားစုသည် လမ်းဘေး တက်ဘီကြောင်လေးတစ်ကောင်ကို ကောက်ယူလာပြီး ကောင်လေး ပြန်လည်ပျော်ရွှင်လာစေဖို့ မျှော်လင့်ချက်လေးဖြင့် ကြောင်ကလေးကို ကောင်လေးအနားသို့ ခေါ်သွားခဲ့ကြ၏။ ဤကြောင်လေးသည် အလွန်ထက်မြက်ပြီး လူ့စကားများကို နားလည်နိုင်ကာ သူ့ကြည့်ရသည်မှာ ဘာမဆိုလုပ်နိုင်နေသလိုပင်။ တက်ဘီကြောင်လေး၏ အဖော်ပြုပေးမှုအောက်တွင် ကောင်လေး၏ရောဂါသည် တဖြည်းဖြည်း သက်သာလာခဲ့သည်။ ထိုအချိန်မှာပဲ တက်ဘီကြောင်လေးသည် ကောင်လေးကို သူက တကယ်တော့ သူ့အဖေဖြစ်ကြောင်း ပြောပြခဲ့သည်။ ထိုနှစ်က ကားမတော်တဆမှုဖြစ်ပြီးနောက်တွင် ဖခင်၏ဝိညာဉ်သည် ကြောင်တစ်ကောင်နှင့် ချိတ်ဆက်မိသွားခဲ့သည်။ သူသည် သူ့သားအနီးသို့ ပြန်လာရန် များစွာ အားထုတ်ခဲ့ရပြီး သူ့သား၏ အော်တစ်ဇင်ရောဂါကို ပျောက်သွားအောင် ကလေးကို အဖော်ပြုကူညီပေးခဲ့၏။ သူ့ကို ထားသွားခဲ့တာကြာပြီလို့ ထင်နေတဲ့လူက သူ့ဘေးမှာ အမြဲရှိနေပေးခဲ့တာ ဖြစ်သည်။

ပိုင်ပိုင့်သည် ဒီဇာတ်လမ်းကို အလွန် ကြိုက်နှစ်သက်၏။ သူမသည် စိတ်အာရုံနှင့် ကာတွန်းထဲက ကောင်လေးကို ရှာတွေ့နိုင်ပုံရသည်။ သူမက ဒါကို အရမ်းသဘောကျနေတာတွေ့တော့ စစ်ယွီသည် မူရင်းဇာတ်ညွှန်းကို သူမလေးနှင့်အတူ အိမ်ပြန်ယူသွားနိုင်ဖို့ လက်ဆောင်ပေးခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ စစ်ယွီအတွက်တော့ ခွေးသွေးမဟုတ်တဲ့ ကောမစ်ကို ပထမဆုံး စဆွဲခြင်းပင်ဖြစ်သည်။ ထို့ကြောင့် မူယန်ထံ စာမူပေးပို့ပြီးနောက် သူမ အနည်းငယ် စိတ်လှုပ်ရှားနေမိ၏။

ကောမစ်၏ ကြာချိန်သည် သိပ်မရှည်သော်လည်း မူယန်ထံမှ စာပြန်လာဖို့ တစ်နာရီကျော်လောက် စောင့်ခဲ့ရသည်။ မူယန်အွန်လိုင်း‌ပေါ်တက်လာသည်နှင့်တပြိုင်နက် သူမ(မူယန်)သည် အော်ဟစ်နေသော စတစ်ကာများ ပို့လာခဲ့သည်။

စစ်ယွီက ခပ်မြန်မြန် မေးလိုက်၏။ "ဘာဖြစ်တာလဲ။"

"ခိုအီလေး၊ နင်က ငါ့ကို အသက်မရှူနိုင်လောက်တဲ့ထိ ပြင်းပြင်းထန်ထန် ငိုရအောင် လုပ်ခဲ့တာပဲ။ ငါ့ လက်အောက်ကလူတွေ သတိထားမိလုနီးပါးပဲ။ ကံကောင်းလို့ ငါ့မှာ အချိန်မီ အိမ်သာထဲမှာ ဝင်ပုန်းလိုက်ရတယ်၊ မဟုတ်ရင် ငါတော့ နာမည်ပျက်ပါပြီ။ အခုထိကို ငါ့မျက်လုံးတွေ ရောင်နေတုန်းပဲ။"

စစ်ယွီ: "ဒါဆို ရှင်ထင်လား ... ဒီကောမစ်ကို ထုတ်ဝေလို့ရမယ်လို့ .."

မူယန်သည် မတွန့်မဆုတ် ချက်ချင်းပင် ပြန်ဖြေလိုက်၏။ "ပြဿနာမရှိဘူး၊ ထုတ်ကို ထုတ်ဝေနိုင်ရမယ်။"

ထိုအကြောင်းကို စဉ်းစားပြီးနောက် မူယန် သက်ပြင်းချလိုက်သည်။ "တကယ်တော့ ငါထင်တာ ဒီဇာတ်လမ်းကို လိုက်လျောညီထွေဖြစ်အောင် ရိုက်ကူးပြီး ဖန်သားပြင်ပေါ်မှာ တင်နိုင်ရင် ပိုသင့်တော်လောက်တယ်။ ဒါ​ပေမယ့်​ ဘယ်ကလေးသရုပ်ဆောင်ကများ ဒါကို စွမ်း​ဆောင်​နိုင်​မှာလဲ....."

စစ်ယွီ၏စိတ်ထဲတွင် မူယန်သည် အမှန်တကယ်ကို အဝေးကြီးထိ တွေးနေတယ်လို့ ထင်မိသည်။ သူမ ပြောလိုက်သည်။ "ကျွန်မကတော့ အဲ့လောက်ထိ မတွေးထားဘူး။ အဲဒီတုန်းက ကျွန်မသူငယ်ချင်းရဲ့ သမီးလေးက အော်တစ်ဇင်ဖြစ်နေပြီးတော့ သူမလေးကို ကြည့်ရတာ သနားစရာကောင်းတယ်လို့ ထင်မိလို့ ဒီ ကောမစ်ကိုဆွဲဖို့ စဉ်းစားမိလိုက်တာပါ။"

မူယန်သည် ဖြတ်ထိုးဉာဏ်ကောင်းလှ၏။ သူမသည် ချက်ချင်းပဲ တစ်ခုခုကိုစဉ်းစားမိခဲ့သည်။ "မှန်တယ်၊ ဇာတ်ကြောင်းက အော်တစ်ဇင်အကြောင်းဆိုတော့ ငါတို့ အော်တစ်ဇင်ဖြစ်နေတဲ့ ကလေးတစ်ချို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားလို့ရတယ်လို့ ငါထင်တယ်။ ဥပမာဆိုရင် ရန်ပုံငွေပလပ်ဖောင်းတစ်ခုထောင်တာ ဒါမှမဟုတ် တစ်ခုခုပေါ့။ ပြီးရင် နင့်ရဲ့ ကောမစ်ကိုသုံးပြီး လူသိရှင်ကြား ဖြစ်သွားအောင် လုပ်လို့ရတယ်။ ဒီနည်းနဲ့ဆို ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် သတ်နိုင်တာပဲ။"

မူယန်၏ အကြံပြုချက်သည် စစ်ယွီရဲ့ မူလရည်ရွယ်ချက်နှင့် ကိုက်ညီနေသည်။ ဤအခြေခံနှင့် မူယန်သည် ရုတ်တရက် အားတက်မှုအပြည့်နှင့်ပင် စစ်ယွီကို 'အပ်ဒိတ်တင်ပေးနေတာတွေ မရပ်လိုက်နဲ့' ဟု စာကြောင်း‌တစ်ကြောင်းသာ ပြောပြီး အမြန် ထွက်သွားခဲ့၏။ ထို့နောက် သူမသည် အလုက်လုပ်ဖို့ ချက်ချင်း ပြေးသွားခဲ့သည်။

သူတို့ ကောမစ်အကြောင်း ဆွေးနွေးပြီးသောအခါ ကောင်းကင်သည် မှောင်နေပြီ ဖြစ်သည်။ ချန်ယွဲ့သည် စစ်ယွီအခန်းမှ သူမအခန်းသို့ ပြန်သွားခဲ့ပြီးဖြစ်သည်။ သူမ ဘာမှမစားရသေးသောကြောင့် အပြင်ထွက်ပြီး ဝယ်ဖို့ စဉ်းစားလိုက်၏။ သို့သော် သူမ အခန်းအပြင်ထွက်လိုက်သည်နှင့် သူမအခန်းနှင့် မျက်နှာချင်းဆိုင်အခန်းက တံခါး ပွင့်လာသည်ကို တွေ့လိုက်ရသည်။ ကျီလင်းသည် လက်နှစ်ဖက်ကို အိပ်ကပ်ထဲထည့်ထားပြီး နားကြပ်တပ်ထားကာ သီချင်းလေးညည်းရင်း ထွက်လာခဲ့သည်။ လူနှစ်ယောက်သည် ချက်ချင်း မျက်နှာချင်းဆိုင် တွေ့လိုက်ကြ၏။

ကျီလင်း: "....." သူ့ပုံရိပ်လေး။

သခင်ငယ်လေးကျီသည် နားကြပ်ကြိုးကို ကပျာကယာဆွဲပြီး အိတ်ကပ်ထဲ ထည့်လိုက်သည်။ သူသည် စစ်ယွီရှေ့တွင် တည့်တည့်မတ်မတ်ရပ်နေပုံမှာ အတန်းပိုင်ဆရာမကိုတွေ့ရတဲ့ ကျောင်းသားငယ်‌လေးတစ်ယောက်လိုပင်။ သူသည် စစ်ယွီကို တိတ်တိတ်လေး ကြည့်ပြီး ပြောလိုက်သည်။ "စစ်ယွီကျဲ .... ကျွန်တော် မင်းကို အဲ့လိုခေါ်လို့ရမလား။"

သူသည် သူမကို 'ကျဲကျဲ'လို့ တိုက်ရိုက်မခေါ်ရဲဘဲ ဒုတိယအကောင်းဆုံးဖြစ်သည့် နာမည်ကိုသာ ခေါ်နိုင်ခဲ့သည်။ သခင်ငယ်လေးကျီသည် သူ့ဟာသူ တွေးကြည့်လိုက်၏။ 'သူက သူမကို နောက်ဆုံးတစ်ခေါက်က လူရွေးပွဲမှာ ကူညီပေးခဲ့တာ။ ဒါဆို သူမနှလုံးသားထဲမှာ ပုံရိပ်ကောင်းလေး ချန်ထားခဲ့သင့်တယ်မဟုတ်လား'

စစ်ယွီမှာ သူက ရယ်စရာကောင်းတယ်ဟု တွေးမိလိုက်သည်။ "ဒါနဲ့ ပတ်သက်ပြီး ငါ့ဘက်ကတော့ ဘာမှ ပြဿနာမရှိပါဘူး။ မင်းရဲ့လုပ်သက်က ငါ့ထက်ကြာနေတာမို့ သူများတွေ ကြားရင်တော့ မကောင်းလောက်ဘူး။"

"ဒါဆို သီးသန့်တွေ့တဲ့အခါမှ ခေါ်မယ်လေ။" ကျီလင်းမှာ ကောင်းကင်ကြီးကို ကန်တော့မိလုနီးပါးပင်။ စစ်ယွီကျဲလို့ ခေါ်ခွင့်ရပြီးနောက်တွင် ထိန်းမနိုင်သိမ်းမရ‌သော အပြုံးကြီးတစ်ခု သူ့မျက်နှာတွင် ပေါ်လာခဲ့၏။ သူက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ "စစ်ယွီကျဲ၊ အပြင်ထွက်ပြီး ထမင်းသွားစားမလို့လား။"

စစ်ယွီက ခေါင်းညိတ်လိုက်ပြီး "ငါ အချိန်ဘယ်လောက်ရှိနေပြီလဲ ဂရုမစိုက်မိလိုက်ဘူး။ အဲ့ဒါကြောင့်မို့ ထမင်းစားခန်းမှာ သွားစားဖို့ စဉ်းစားနေတာ။" ဟု ပြောလိုက်သည်။

ကျီလင်းက ခေတ္တရပ်သွားပြီး တည့်တိုးပြောလိုက်သည်။ "ထမင်းစားခန်းက ဒီအချိန်ဆို ပိတ်နေလောက်ပြီ။ ကျွန်တော် ဒီနားက စားသောက်ဆိုင်တစ်ဆိုင်ကို သိတယ်။ ဆိုင်နေရာက နည်းနည်းချောင်ကျပြီး ပတ်ဝန်းကျင်ကလည်း အရမ်းတိတ်ဆိတ်တယ်။ ကျွန်တော်တို့ ဘာလို့ အဲဒီကို မသွားတာလဲ။"

ဤသည်မှာ သေချာပေါက်ကို အဓိပ္ပါယ်မရှိသော အရာဖြစ်၏။ သရုပ်ဆောင်များအတွက် စဉ်းစားပြီး ထုတ်လုပ်ရေးအဖွဲ့သည် ဟိုတယ်တစ်ထပ်လုံးက အခန်းအကုန်လုံးကို အထူးဘွတ်ကင်လုပ်ထားခဲ့တာဖြစ်ပြီး ထမင်းစားခန်းကိုလည်း ၂၄ နာရီ အစားအသောက်ပြင်ဆင်ထားဖို့ ပြောထားခဲ့ပြီးဖြစ်သည်။ သို့သော်၊ စစ်ယွီမှာ ဒီနှစ်ရက်အတွင်း အခန်းအောင်းပြီး စာမူကို အဆုံးသတ်နေခဲ့ဝာာ ဖြစ်သောကြောင့် သူမ နေ့စဉ် စားနေသည်များက ချန်ယွဲ့ ယူလာပေးတာသာ ဖြစ်သည်။ ထို့ကြောင့် သဘာဝကျစွာပင် စစ်ယွီမှာ ထိုအကြောင်းကို မသိခဲ့ပေ။

စစ်ယွီသည် လုံးဝ သံသယမရှိခဲ့ပေ။ ဒီအကြောင်းကို သူမ တွေးကြည့်သောအခါ သူမသည် ဒီမောင်လေးနဲ့ တစ်ခါမှ ကောင်းကောင်း စကားမပြောခဲ့ဖူးပေ။ ထို့ကြောင့် သူမသည် ရိုးရိုးရှင်းရှင်းပဲ သဘောတူလိုက်၏။

"ခဏလေး စောင့်နော်။ ကျွန်တော် အဝတ်အစား မြန်မြန် သွားလဲလိုက်ဦးမယ်။ ကျွန်တော် မြန်မြန် လုပ်မှာပါ။ ခဏလေးပဲ စောင့်။" ကျီလင်းသည် ချက်ချင်းပင် ဝမ်းသာအားရ ပြုံးလိုက်၏။ သကြားလုံး ရထားတဲ့ ကလေးလေးတစ်ယောက်လိုပင် သူ့အခန်းထဲ ပြန်ပြေးသွားခဲ့သည်။ သူသည် နာမည်ကြီးကြယ်ပွင့်တစ်ဦး ဖြစ်သောကြောင့် အပြင်ထွက်တဲ့အခါ သူ့ကိုယ်သူ ဖုံးကွယ်ထားဖို့က ပုံမှန်အရာပင်။

ထိုလူနှစ်ယောက် စကားပြောနေစဉ် သတိမထားမိသည်ကတော့ ခိုးကြောင်ခိုးဝှက်နှင့် တံခါးကိုသေးသေးလေးဖွင့်ထားသည့် အခန်းတစ်ခု ရှိနေတယ်ဆိုတာပင်။ ရှုချင်းဝမ်သည် ထိုတံခါးနောက်တွင် ပုန်းနေ၏။ သူမသည် ဖုန်းကို တိတ်တိတ်လေး ထုတ်ကာ ကင်မရာကို ထိုလူနှစ်ယောက်ဆီ ချိန်လိုက်ပြီး ဓာတ်ပုံခိုးရိုက်လိုက်သည်။

ဓာတ်ပုံရိုက်ပြီးနောက် ရှုချင်းဝမ်သည် လျင်မြန်စွာပင် တံခါးကို အသံမမြည်အောင် ပိတ်လိုက်သည်။ သူမ ရိုက်ထားသည့် ဓာတ်ပုံများကို လျှောက်ကြည့်လိုက်သည်။ ရှုထောင့်အလွန်ကောင်းသောကြောင့် ဓာတ်ပုံအများစုမှာ အလွန်ရှင်းလင်းနေခဲ့၏။ ဓာတ်ပုံများထဲမှ တစ်ပုံတွင် ကျီလင်းသည် စစ်ယွီဘက်ကို ပြုံးပြလိုက်ပြီး အဝတ်အစားလဲဖို့ သူ့တံခါးကိုဖွင့်လိုက်သည့်ပုံပင်။ ဓာတ်ပုံကိုကြည့်ရသည်မှာ သူတို့နှစ်ယောက်ကြား တစ်ခုခုတော့ ရှိနေပုံပေါ်နေ၏။

ရှုချင်းဝမ်၏ မျက်နှာအမူအရာမှာ သုန်မှုန်နေခဲ့သည်။ ကျီလင်းသည် သူမရှေ့တွင် ဒီလောက်ရိုးရိုးသားသား ပြုံးပြခဲ့ဖူးခြင်းမျိုး မရှိခဲ့ပေ .... ကျိုးစစ်ယွီ၊ ဘာလို့ သူမဖြစ်နေရတာလဲ...

လျစ်လျူရှုခံရခြင်းကြောင့် ဖြစ်လာသော ဒေါသများသည် သူမ၏ နှလုံးသားထဲ ပိုတိုးလာခဲ့၏။ ရှုချင်းဝမ်သည် ရှင်းရှင်းလင်းလင်း အရှိဆုံး ဓာတ်ပုံအချို့ကို ဂရုတစိုက် ရွေးထုတ်လိုက်သည်။ ထို့နောက် ဥက္ကဌဝမ် သူမကိုပေးထားသည့် သွမ့်ရူလန်၏ ဖုန်းနံပါတ်ကိုရှာပြီး ထိုဓာတ်ပုံအားလုံးကို သူမဆီပို့လိုက်သည်။

သူမ ဒီလိုလုပ်ပြီးနောက် ရှုချင်းဝမ်သည် တံခါးကို မှီပြီး ခပ်တိုးတိုး နှာမှုတ်လိုက်သည်။ မဒမ်ကျီက သူမရဲ့ဒီလက်ဆောင်ကို သေချာပေါက် သဘောကျမယ်လို့ သူမ ယုံကြည်တယ်။

Zawgyi

အခန္း (၁၉) (ခ)

ဤ ေကာမစ္၏ အမည္မွာ <<အို ေဖေဖ ေၾကာင္>> ျဖစ္သည္။ မူလက ေပ်ာ္႐ႊင္ဖြယ္ ဘဝမွာ ေနထိုင္ေနခဲ့တဲ့ ကေလးေလးတစ္ေယာက္အေၾကာင္းပင္။ ႐ုတ္တရက္၊ တစ္ေန႔မွာ သူတို႔မိသားစုတြင္ မထင္မွတ္ထားေသာ အျဖစ္အပ်က္ႀကီးတစ္ခု ျဖစ္ပြားခဲ့၏။ ဖခင္ျဖစ္သူသည္ ယာဥ္မေတာ္တဆမႈတစ္ခုႏွင့္ ၾကဳံေတြ႕ခဲ့ရၿပီး ကိုမာဝင္သြားခဲ့သည္။ ထိုအခ်ိန္မွာပဲ ေကာင္ေလး၏ ပင္ကိုယ္စ႐ိုက္သည္ အလြန္ေျပာင္းလဲသြား၏။ သူသည္ စိတ္ေဝဒနာ(ေအာ္တစ္ဇင္)ကို ခံစားလာရၿပီး သူ႕ကိုယ္သူ အခန္းထဲမွာ တစ္ေန႔လုံး ေသာ့ခတ္ထားခဲ့သည္။ သူသည္ အျခားသူမ်ားႏွင့္ ဆက္သြယ္ျခင္း မျပဳေတာ့ဘဲ အျပင္ထြက္ဖို႔ကိုလည္း ျငင္းဆန္ခဲ့သည္။ ေနာက္ပိုင္းတြင္ ေကာင္ေလး၏ မိသားစုသည္ လမ္းေဘး တက္ဘီေၾကာင္ေလးတစ္ေကာင္ကို ေကာက္ယူလာၿပီး ေကာင္ေလး ျပန္လည္ေပ်ာ္႐ႊင္လာေစဖို႔ ေမွ်ာ္လင့္ခ်က္ေလးျဖင့္ ေၾကာင္ကေလးကို ေကာင္ေလးအနားသို႔ ေခၚသြားခဲ့ၾက၏။ ဤေၾကာင္ေလးသည္ အလြန္ထက္ျမက္ၿပီး လူ႕စကားမ်ားကို နားလည္ႏိုင္ကာ သူ႕ၾကည့္ရသည္မွာ ဘာမဆိုလုပ္ႏိုင္ေနသလိုပင္။ တက္ဘီေၾကာင္ေလး၏ အေဖာ္ျပဳေပးမႈေအာက္တြင္ ေကာင္ေလး၏ေရာဂါသည္ တျဖည္းျဖည္း သက္သာလာခဲ့သည္။ ထိုအခ်ိန္မွာပဲ တက္ဘီေၾကာင္ေလးသည္ ေကာင္ေလးကို သူက တကယ္ေတာ့ သူ႕အေဖျဖစ္ေၾကာင္း ေျပာျပခဲ့သည္။ ထိုႏွစ္က ကားမေတာ္တဆမႈျဖစ္ၿပီးေနာက္တြင္ ဖခင္၏ဝိညာဥ္သည္ ေၾကာင္တစ္ေကာင္ႏွင့္ ခ်ိတ္ဆက္မိသြားခဲ့သည္။ သူသည္ သူ႕သားအနီးသို႔ ျပန္လာရန္ မ်ားစြာ အားထုတ္ခဲ့ရၿပီး သူ႕သား၏ ေအာ္တစ္ဇင္ေရာဂါကို ေပ်ာက္သြားေအာင္ ကေလးကို အေဖာ္ျပဳကူညီေပးခဲ့၏။ သူ႕ကို ထားသြားခဲ့တာၾကာၿပီလို႔ ထင္ေနတဲ့လူက သူ႕ေဘးမွာ အၿမဲ႐ွိေနေပးခဲ့တာ ျဖစ္သည္။

ပိုင္ပိုင့္သည္ ဒီဇာတ္လမ္းကို အလြန္ ႀကိဳက္ႏွစ္သက္၏။ သူမသည္ စိတ္အာ႐ုံႏွင့္ ကာတြန္းထဲက ေကာင္ေလးကို ႐ွာေတြ႕ႏိုင္ပုံရသည္။ သူမက ဒါကို အရမ္းသေဘာက်ေနတာေတြ႕ေတာ့ စစ္ယြီသည္ မူရင္းဇာတ္ၫႊန္းကို သူမေလးႏွင့္အတူ အိမ္ျပန္ယူသြားႏိုင္ဖို႔ လက္ေဆာင္ေပးခဲ့သည္။ မည္သို႔ပင္ဆိုေစကာမူ ဤသည္မွာ စစ္ယြီအတြက္ေတာ့ ေခြးေသြးမဟုတ္တဲ့ ေကာမစ္ကို ပထမဆုံး စဆြဲျခင္းပင္ျဖစ္သည္။ ထို႔ေၾကာင့္ မူယန္ထံ စာမူေပးပို႔ၿပီးေနာက္ သူမ အနည္းငယ္ စိတ္လႈပ္႐ွားေနမိ၏။

ေကာမစ္၏ ၾကာခ်ိန္သည္ သိပ္မ႐ွည္ေသာ္လည္း မူယန္ထံမွ စာျပန္လာဖို႔ တစ္နာရီေက်ာ္ေလာက္ ေစာင့္ခဲ့ရသည္။ မူယန္အြန္လိုင္း‌ေပၚတက္လာသည္ႏွင့္တၿပိဳင္နက္ သူမ(မူယန္)သည္ ေအာ္ဟစ္ေနေသာ စတစ္ကာမ်ား ပို႔လာခဲ့သည္။

စစ္ယြီက ခပ္ျမန္ျမန္ ေမးလိုက္၏။ "ဘာျဖစ္တာလဲ။"

"ခိုအီေလး၊ နင္က ငါ့ကို အသက္မ႐ွဴႏိုင္ေလာက္တဲ့ထိ ျပင္းျပင္းထန္ထန္ ငိုရေအာင္ လုပ္ခဲ့တာပဲ။ ငါ့ လက္ေအာက္ကလူေတြ သတိထားမိလုနီးပါးပဲ။ ကံေကာင္းလို႔ ငါ့မွာ အခ်ိန္မီ အိမ္သာထဲမွာ ဝင္ပုန္းလိုက္ရတယ္၊ မဟုတ္ရင္ ငါေတာ့ နာမည္ပ်က္ပါၿပီ။ အခုထိကို ငါ့မ်က္လုံးေတြ ေရာင္ေနတုန္းပဲ။"

စစ္ယြီ: "ဒါဆို ႐ွင္ထင္လား ... ဒီေကာမစ္ကို ထုတ္ေဝလို႔ရမယ္လို႔ .."

မူယန္သည္ မတြန္႔မဆုတ္ ခ်က္ခ်င္းပင္ ျပန္ေျဖလိုက္၏။ "ျပႆနာမ႐ွိဘူး၊ ထုတ္ကို ထုတ္ေဝႏိုင္ရမယ္။"

ထိုအေၾကာင္းကို စဥ္းစားၿပီးေနာက္ မူယန္ သက္ျပင္းခ်လိုက္သည္။ "တကယ္ေတာ့ ငါထင္တာ ဒီဇာတ္လမ္းကို လိုက္ေလ်ာညီေထြျဖစ္ေအာင္ ႐ိုက္ကူးၿပီး ဖန္သားျပင္ေပၚမွာ တင္ႏိုင္ရင္ ပိုသင့္ေတာ္ေလာက္တယ္။ ဒါ​ေပမယ့္​ ဘယ္ကေလးသ႐ုပ္ေဆာင္ကမ်ား ဒါကို စြမ္း​ေဆာင္​ႏိုင္​မွာလဲ....."

စစ္ယြီ၏စိတ္ထဲတြင္ မူယန္သည္ အမွန္တကယ္ကို အေဝးႀကီးထိ ေတြးေနတယ္လို႔ ထင္မိသည္။ သူမ ေျပာလိုက္သည္။ "ကြၽန္မကေတာ့ အဲ့ေလာက္ထိ မေတြးထားဘူး။ အဲဒီတုန္းက ကြၽန္မသူငယ္ခ်င္းရဲ႕ သမီးေလးက ေအာ္တစ္ဇင္ျဖစ္ေနၿပီးေတာ့ သူမေလးကို ၾကည့္ရတာ သနားစရာေကာင္းတယ္လို႔ ထင္မိလို႔ ဒီ ေကာမစ္ကိုဆြဲဖို႔ စဥ္းစားမိလိုက္တာပါ။"

မူယန္သည္ ျဖတ္ထိုးဉာဏ္ေကာင္းလွ၏။ သူမသည္ ခ်က္ခ်င္းပဲ တစ္ခုခုကိုစဥ္းစားမိခဲ့သည္။ "မွန္တယ္၊ ဇာတ္ေၾကာင္းက ေအာ္တစ္ဇင္အေၾကာင္းဆိုေတာ့ ငါတို႔ ေအာ္တစ္ဇင္ျဖစ္ေနတဲ့ ကေလးတစ္ခ်ိဳ႕နဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ ႀကိဳးစားလို႔ရတယ္လို႔ ငါထင္တယ္။ ဥပမာဆိုရင္ ရန္ပုံေငြပလပ္ေဖာင္းတစ္ခုေထာင္တာ ဒါမွမဟုတ္ တစ္ခုခုေပါ့။ ၿပီးရင္ နင့္ရဲ႕ ေကာမစ္ကိုသုံးၿပီး လူသိ႐ွင္ၾကား ျဖစ္သြားေအာင္ လုပ္လို႔ရတယ္။ ဒီနည္းနဲ႔ဆို ခဲတစ္လုံးနဲ႔ ငွက္ႏွစ္ေကာင္ သတ္ႏိုင္တာပဲ။"

မူယန္၏ အၾကံျပဳခ်က္သည္ စစ္ယြီရဲ႕ မူလရည္႐ြယ္ခ်က္ႏွင့္ ကိုက္ညီေနသည္။ ဤအေျခခံႏွင့္ မူယန္သည္ ႐ုတ္တရက္ အားတက္မႈအျပည့္ႏွင့္ပင္ စစ္ယြီကို 'အပ္ဒိတ္တင္ေပးေနတာေတြ မရပ္လိုက္နဲ႔' ဟု စာေၾကာင္း‌တစ္ေၾကာင္းသာ ေျပာၿပီး အျမန္ ထြက္သြားခဲ့၏။ ထို႔ေနာက္ သူမသည္ အလုက္လုပ္ဖို႔ ခ်က္ခ်င္း ေျပးသြားခဲ့သည္။

သူတို႔ ေကာမစ္အေၾကာင္း ေဆြးေႏြးၿပီးေသာအခါ ေကာင္းကင္သည္ ေမွာင္ေနၿပီ ျဖစ္သည္။ ခ်န္ယြဲ႕သည္ စစ္ယြီအခန္းမွ သူမအခန္းသို႔ ျပန္သြားခဲ့ၿပီးျဖစ္သည္။ သူမ ဘာမွမစားရေသးေသာေၾကာင့္ အျပင္ထြက္ၿပီး ဝယ္ဖို႔ စဥ္းစားလိုက္၏။ သို႔ေသာ္ သူမ အခန္းအျပင္ထြက္လိုက္သည္ႏွင့္ သူမအခန္းႏွင့္ မ်က္ႏွာခ်င္းဆိုင္အခန္းက တံခါး ပြင့္လာသည္ကို ေတြ႕လိုက္ရသည္။ က်ီလင္းသည္ လက္ႏွစ္ဖက္ကို အိပ္ကပ္ထဲထည့္ထားၿပီး နားၾကပ္တပ္ထားကာ သီခ်င္းေလးညည္းရင္း ထြက္လာခဲ့သည္။ လူႏွစ္ေယာက္သည္ ခ်က္ခ်င္း မ်က္ႏွာခ်င္းဆိုင္ ေတြ႕လိုက္ၾက၏။

က်ီလင္း: "....." သူ႕ပုံရိပ္ေလး။

သခင္ငယ္ေလးက်ီသည္ နားၾကပ္ႀကိဳးကို ကပ်ာကယာဆြဲၿပီး အိတ္ကပ္ထဲ ထည့္လိုက္သည္။ သူသည္ စစ္ယြီေ႐ွ႕တြင္ တည့္တည့္မတ္မတ္ရပ္ေနပုံမွာ အတန္းပိုင္ဆရာမကိုေတြ႕ရတဲ့ ေက်ာင္းသားငယ္‌ေလးတစ္ေယာက္လိုပင္။ သူသည္ စစ္ယြီကို တိတ္တိတ္ေလး ၾကည့္ၿပီး ေျပာလိုက္သည္။ "စစ္ယြီက်ဲ .... ကြၽန္ေတာ္ မင္းကို အဲ့လိုေခၚလို႔ရမလား။"

သူသည္ သူမကို 'က်ဲက်ဲ'လို႔ တိုက္႐ိုက္မေခၚရဲဘဲ ဒုတိယအေကာင္းဆုံးျဖစ္သည့္ နာမည္ကိုသာ ေခၚႏိုင္ခဲ့သည္။ သခင္ငယ္ေလးက်ီသည္ သူ႕ဟာသူ ေတြးၾကည့္လိုက္၏။ 'သူက သူမကို ေနာက္ဆုံးတစ္ေခါက္က လူေ႐ြးပြဲမွာ ကူညီေပးခဲ့တာ။ ဒါဆို သူမႏွလုံးသားထဲမွာ ပုံရိပ္ေကာင္းေလး ခ်န္ထားခဲ့သင့္တယ္မဟုတ္လား'

စစ္ယြီမွာ သူက ရယ္စရာေကာင္းတယ္ဟု ေတြးမိလိုက္သည္။ "ဒါနဲ႔ ပတ္သက္ၿပီး ငါ့ဘက္ကေတာ့ ဘာမွ ျပႆနာမ႐ွိပါဘူး။ မင္းရဲ႕လုပ္သက္က ငါ့ထက္ၾကာေနတာမို႔ သူမ်ားေတြ ၾကားရင္ေတာ့ မေကာင္းေလာက္ဘူး။"

"ဒါဆို သီးသန္႔ေတြ႕တဲ့အခါမွ ေခၚမယ္ေလ။" က်ီလင္းမွာ ေကာင္းကင္ႀကီးကို ကန္ေတာ့မိလုနီးပါးပင္။ စစ္ယြီက်ဲလို႔ ေခၚခြင့္ရၿပီးေနာက္တြင္ ထိန္းမႏိုင္သိမ္းမရ‌ေသာ အျပဳံးႀကီးတစ္ခု သူ႕မ်က္ႏွာတြင္ ေပၚလာခဲ့၏။ သူက ေပါ့ေပါ့ပါးပါး ေမးလိုက္သည္။ "စစ္ယြီက်ဲ၊ အျပင္ထြက္ၿပီး ထမင္းသြားစားမလို႔လား။"

စစ္ယြီက ေခါင္းညိတ္လိုက္ၿပီး "ငါ အခ်ိန္ဘယ္ေလာက္႐ွိေနၿပီလဲ ဂ႐ုမစိုက္မိလိုက္ဘူး။ အဲ့ဒါေၾကာင့္မို႔ ထမင္းစားခန္းမွာ သြားစားဖို႔ စဥ္းစားေနတာ။" ဟု ေျပာလိုက္သည္။

က်ီလင္းက ေခတၱရပ္သြားၿပီး တည့္တိုးေျပာလိုက္သည္။ "ထမင္းစားခန္းက ဒီအခ်ိန္ဆို ပိတ္ေနေလာက္ၿပီ။ ကြၽန္ေတာ္ ဒီနားက စားေသာက္ဆိုင္တစ္ဆိုင္ကို သိတယ္။ ဆိုင္ေနရာက နည္းနည္းေခ်ာင္က်ၿပီး ပတ္ဝန္းက်င္ကလည္း အရမ္းတိတ္ဆိတ္တယ္။ ကြၽန္ေတာ္တို႔ ဘာလို႔ အဲဒီကို မသြားတာလဲ။"

ဤသည္မွာ ေသခ်ာေပါက္ကို အဓိပၸါယ္မ႐ွိေသာ အရာျဖစ္၏။ သ႐ုပ္ေဆာင္မ်ားအတြက္ စဥ္းစားၿပီး ထုတ္လုပ္ေရးအဖြဲ႕သည္ ဟိုတယ္တစ္ထပ္လုံးက အခန္းအကုန္လုံးကို အထူးဘြတ္ကင္လုပ္ထားခဲ့တာျဖစ္ၿပီး ထမင္းစားခန္းကိုလည္း ၂၄ နာရီ အစားအေသာက္ျပင္ဆင္ထားဖို႔ ေျပာထားခဲ့ၿပီးျဖစ္သည္။ သို႔ေသာ္၊ စစ္ယြီမွာ ဒီႏွစ္ရက္အတြင္း အခန္းေအာင္းၿပီး စာမူကို အဆုံးသတ္ေနခဲ့ဝာာ ျဖစ္ေသာေၾကာင့္ သူမ ေန႔စဥ္ စားေနသည္မ်ားက ခ်န္ယြဲ႕ ယူလာေပးတာသာ ျဖစ္သည္။ ထို႔ေၾကာင့္ သဘာဝက်စြာပင္ စစ္ယြီမွာ ထိုအေၾကာင္းကို မသိခဲ့ေပ။

စစ္ယြီသည္ လုံးဝ သံသယမ႐ွိခဲ့ေပ။ ဒီအေၾကာင္းကို သူမ ေတြးၾကည့္ေသာအခါ သူမသည္ ဒီေမာင္ေလးနဲ႔ တစ္ခါမွ ေကာင္းေကာင္း စကားမေျပာခဲ့ဖူးေပ။ ထို႔ေၾကာင့္ သူမသည္ ႐ိုး႐ိုး႐ွင္း႐ွင္းပဲ သေဘာတူလိုက္၏။

"ခဏေလး ေစာင့္ေနာ္။ ကြၽန္ေတာ္ အဝတ္အစား ျမန္ျမန္ သြားလဲလိုက္ဦးမယ္။ ကြၽန္ေတာ္ ျမန္ျမန္ လုပ္မွာပါ။ ခဏေလးပဲ ေစာင့္။" က်ီလင္းသည္ ခ်က္ခ်င္းပင္ ဝမ္းသာအားရ ျပဳံးလိုက္၏။ သၾကားလုံး ရထားတဲ့ ကေလးေလးတစ္ေယာက္လိုပင္ သူ႕အခန္းထဲ ျပန္ေျပးသြားခဲ့သည္။ သူသည္ နာမည္ႀကီးၾကယ္ပြင့္တစ္ဦး ျဖစ္ေသာေၾကာင့္ အျပင္ထြက္တဲ့အခါ သူ႕ကိုယ္သူ ဖုံးကြယ္ထားဖို႔က ပုံမွန္အရာပင္။

ထိုလူႏွစ္ေယာက္ စကားေျပာေနစဥ္ သတိမထားမိသည္ကေတာ့ ခိုးေၾကာင္ခိုးဝွက္ႏွင့္ တံခါးကိုေသးေသးေလးဖြင့္ထားသည့္ အခန္းတစ္ခု ႐ွိေနတယ္ဆိုတာပင္။ ႐ႈခ်င္းဝမ္သည္ ထိုတံခါးေနာက္တြင္ ပုန္းေန၏။ သူမသည္ ဖုန္းကို တိတ္တိတ္ေလး ထုတ္ကာ ကင္မရာကို ထိုလူႏွစ္ေယာက္ဆီ ခ်ိန္လိုက္ၿပီး ဓာတ္ပုံခိုး႐ိုက္လိုက္သည္။

ဓာတ္ပုံ႐ိုက္ၿပီးေနာက္ ႐ႈခ်င္းဝမ္သည္ လ်င္ျမန္စြာပင္ တံခါးကို အသံမျမည္ေအာင္ ပိတ္လိုက္သည္။ သူမ ႐ိုက္ထားသည့္ ဓာတ္ပုံမ်ားကို ေလွ်ာက္ၾကည့္လိုက္သည္။ ႐ႈေထာင့္အလြန္ေကာင္းေသာေၾကာင့္ ဓာတ္ပုံအမ်ားစုမွာ အလြန္႐ွင္းလင္းေနခဲ့၏။ ဓာတ္ပုံမ်ားထဲမွ တစ္ပုံတြင္ က်ီလင္းသည္ စစ္ယြီဘက္ကို ျပဳံးျပလိုက္ၿပီး အဝတ္အစားလဲဖို႔ သူ႕တံခါးကိုဖြင့္လိုက္သည့္ပုံပင္။ ဓာတ္ပုံကိုၾကည့္ရသည္မွာ သူတို႔ႏွစ္ေယာက္ၾကား တစ္ခုခုေတာ့ ႐ွိေနပုံေပၚေန၏။

႐ႈခ်င္းဝမ္၏ မ်က္ႏွာအမူအရာမွာ သုန္မႈန္ေနခဲ့သည္။ က်ီလင္းသည္ သူမေ႐ွ႕တြင္ ဒီေလာက္႐ိုး႐ိုးသားသား ျပဳံးျပခဲ့ဖူးျခင္းမ်ိဳး မ႐ွိခဲ့ေပ .... က်ိဳးစစ္ယြီ၊ ဘာလို႔ သူမျဖစ္ေနရတာလဲ...

လ်စ္လ်ဴ႐ႈခံရျခင္းေၾကာင့္ ျဖစ္လာေသာ ေဒါသမ်ားသည္ သူမ၏ ႏွလုံးသားထဲ ပိုတိုးလာခဲ့၏။ ႐ႈခ်င္းဝမ္သည္ ႐ွင္း႐ွင္းလင္းလင္း အ႐ွိဆုံး ဓာတ္ပုံအခ်ိဳ႕ကို ဂ႐ုတစိုက္ ေ႐ြးထုတ္လိုက္သည္။ ထို႔ေနာက္ ဥကၠဌဝမ္ သူမကိုေပးထားသည့္ သြမ့္႐ူလန္၏ ဖုန္းနံပါတ္ကို႐ွာၿပီး ထိုဓာတ္ပုံအားလုံးကို သူမဆီပို႔လိုက္သည္။

သူမ ဒီလိုလုပ္ၿပီးေနာက္ ႐ႈခ်င္းဝမ္သည္ တံခါးကို မွီၿပီး ခပ္တိုးတိုး ႏွာမႈတ္လိုက္သည္။ မဒမ္က်ီက သူမရဲ႕ဒီလက္ေဆာင္ကို ေသခ်ာေပါက္ သေဘာက်မယ္လို႔ သူမ ယုံၾကည္တယ္။

继续阅读

You'll Also Like

792K 65.9K 52
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...
2.3M 374K 159
English Title- After a Flash Marriage With the Disabled Tyrant Author- 惗肆 English Translator- [Hua]rricane Status in COO- 94 chapters &17 extras All...
1.9M 121K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...