အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်...

由 Miracle_Phyu97

65K 6.5K 80

Name - Transmigrating Into The Male Lead's Villainess Older Sister Type - Web novel (CN) Genre - Comedy Roman... 更多

Description
Ch-1.1
Ch-1.2
Chapter-2.2
Chapter-3.1
Chapter-3.2
Chapter-4.1
Chapter-4.2
Chapter-5.1
Chapter-5.2
Paid Gp
Chapter-6.1
Chapter-6.2
Chapter-7.1
Chapter-7.2
Chapter-8.1
Chapter-8.2
Chapter-9.1
Chapter-9.2
Chapter-10.1
Chapter-10.2
Chapter-11.1
Chapter-11.2
Chapter-11.3
Chapter-12.1
Chapter-12.2
Chapter-12.3
Chapter-13.1
Chapter-13.2
Chapter-14.1
Chapter-14.2
Chapter-15.1
Chapter-15.2
Chapter-16.1
Chapter-16.2
Ch-17.1
Ch-17.2
Ch-18.1
Ch-18.2
Chapter-18.3
Ch-18.4
Ch-19.1
Ch-19.2
Ch-19.3
Ch-20.1
Ch-20.2
Attention
Ch-21.1
Ch-21.2
Ch-21.3
Ch-22.1
Ch-22.2

Chapter-2.1

1.6K 179 5
由 Miracle_Phyu97

အခန်း (၂) (က)

ထို ရုတ်တရတ်ဖြစ်မှုသည် လူတိုင်းအား အထိတ်တလန့်ဖြစ်သွားစေသည်။

စစ်ယွီလည်း ကြောင်သွား၏။ သူမရဲ့ရောဂါက အဲ့လောက်ထိ ပြင်းထန်လိမ့်မယ်လို့ မထင်ထားမိပေ။ သွေးတစ်လုတ်အန်တာနဲ့ပင် ရပ်မသွားသေးဘဲ အဆက်မပြတ် ချောင်းဆိုးနေသည်။ သူမ၏ပါးစပ်အား အချိန်မှီ အုပ်လိုက်သော်လည်း လက်ကြားမှ ယိုစီးကျလာသော သွေးစက်များသည် ‌မြေပြင်တွင် ထောင်ထားသော ပန်းများ၏ ပွင့်လွှာများအား အနီရင့်ရင့်ဆိုးပေးနေသကဲ့သို့ပင်။

သူမကိုယ်တိုင် ကြုံတွေ့ခဲ့ရလို့သာ မဟုတ်ရင် စစ်ယွီသည် လူတစ်ယောက်ဟာ ချောင်းဆိုးနေရင်း ဒီလိုကြီး သွေးအန်နိုင်တယ်ဆိုတာကို မယုံကြည်နိုင်ပေ။ ပြောရမယ်ဆိုရင် မန်ဟွာထဲမှာ အမျိုးသမီးဇာတ်ပို့ရဲ့ ရှုတင်က တအား အဆင်ပြေချောမွေ့နေခဲ့တာ မဟုတ်ဘူးလား။ သူမက ဖက်ရှင်လောကထဲဝင်ဖို့ လှေကားတစ်ထစ်တက်နိုင်ခဲ့ပြီး တစ်ညထဲနဲ့ ကျော်ကြားသွားခဲ့တာ မဟုတ်ဘူးလား။

တစ်ဖက်မှာတော့ စစ်ယွီသည် လမ်းချော်သွားသော ဇာတ်လမ်းကြီးကြောင့် အလွန်အံ့အားသင့်နေခဲ့သည်။ မတ်တပ်ရပ်နေသော ယွီလင်းကတော့ အလွန်ကြောက်လန့်နေပြီဖြစ်၏။ သူမသည် ယနေ့ရှုတင်၏ အကြီးအမှူးဖြစ်သည်။ တစ်ခုခုသာဖြစ်ခဲ့မည်ဆိုလျှင် ပြဿနာအားလုံး သူမ တာဝန်ယူရမှာဖြစ်သည်။

"မြန်မြန် ရိုက်နေတာရပ်ပြီး ဆေးရုံကားခေါ်တော့။" နောက်ဆုံးတွင် ယွီလင်းသည် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရ၏။ သူမသည် မြန်မြန်ပင် စိတ်တည်ငြိမ်အောင်လုပ်ကာ တခြားလူများကို အော်လိုက်သည်။ "အဲ့မှာပဲ ရပ်မနေကြနဲ့။ သူမကို နားနေခန်းဆီ မြန်မြန်ခေါ်သွားလေ။"

သူမသည် စစ်ယွီတစ်ယောက် ခဏခဏ အနားယူဖို့ ပြောနေသည်ကို အသစ်လာသူတစ်ယောက်က ဖျားနာဟန်ဆောင်နေသည်ဟုထင်၍ မာန်မဲနေခဲ့တာဖြစ်သည်။ စစ်ယွီ သွေးတွေ အဆက်မပြတ် အန်နေတာမြင်မှ အဲ့ဒါက တကယ့်ကိစ္စကြီးဆိုတာ နားလည်သွားသည် ___ ကျေးဇူးပြုပြီး ကျိုးစစ်ယွီကို ဒီနေရာမှာ တစ်ခုခုမဖြစ်ပါစေနဲ့ အား... မဟုတ်ရင် ဒီကိစ္စပျံ့သွားလို့ကတော့ မီဒီယာက ဘယ်လိုတွေဖွမယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ။

ယွီလင်း ထိုသို့တွေးသည်မှာ မထူးဆန်းလှပေ။ ဒီမြင်ကွင်းကို မြင်ရုံနဲ့ ဘယ်သူမဆို စစ်ယွီသည် ကုသလို့မရတဲ့ ရောဂါအကြီးကြီး ခံစားနေရပြီး မကြာခင် သေတော့မယ်ဟု ထင်မိမှာ အမှန်ပင်။

စတူဒီယိုတစ်ခုလုံး ပွက်လောရိုက်ကုန်သည်။ စစ်ယွီသည် ကြမ်းပေါ်တွင် ဒူးထောက်ချလျက် ဟောဟဲလိုက်နေ၏။ သူမသည် သွေးတွေအန်ထုတ်ပြီးနောက် ရင်ဘတ်ဆီမှ ခံစားနေရမှုကြီးက သက်သာသွားသည်။ စစ်ယွီသည် ခေါင်းမော့ကာ အပြေးအလွှား ဖြစ်နေသော လူအုပ်ကြီးအား ကြည့်လိုက်သည်။ ယွီလင်းတစ်ယောက် သူမဆီပြေးလာပြီး ‌သူမအား ပွေ့ချီဖို့ ငုံ့ကိုင်းလိုက်သည်ကို တွေ့လိုက်ရ၏။

သူမသည် ယွီလင်းအား မြင်လိုက်ရသောအခါ အခုအချိန်သည် ရှုတင်ရိုက်နေဆဲ တစ်ဝက်ကြီးဖြစ်နေသည်ကို သတိရမိသွားသည်။ သူမသည် ဖုန်းရှန့်နှင့် စာချုပ်ချုပ်ထားတာဖြစ်သည်။ သူမသာ ပြဿနာတစ်ခုခုလုပ်မိပါက ငွေအမြောက်အများ လျော်ရမည်ဖြစ်သည်။ သူမကိုယ်သူမရောင်းစားရင်တောင် ထိုငွေအလုံအလောက် မရနိုင်သေးပေ။

ထိုအရာကို တွေးမိပြီးနောက် စစ်ယွီသည် လည်ချောင်းထဲမှ ခပ်ညှီညှီ ချိုမြမြအရသာအား ပြန်မြိုချလိုက်သည်။ သူမသည် အသက်ပြင်းပြင်းတစ်ချက်ရှူကာ သူမအား စတူဒီယိုအဝေးသို့ ခေါ်သွားချင်နေသော ယွီလင်းအား ပြောလိုက်သည်။ "လင်းကျဲ၊ ဒါက နောက်ဆုံး ဓာတ်ပုံတစ်ဆက်ပဲ။ ကျေးဇူးပြုပြီး ကျွန်မကို ပြီးအောင်လုပ်ခွင့်ပေးပါ။ ဘာပဲဖြစ်ဖြစ် လူနာတင်ကားကလည်း ရောက်ဖို့ အချိန်လိုဦးမှာပဲလေ။ ကျွန်မ ခန္ဓာကိုယ်က အဆင်ပြေပါသေးတယ် ပြဿနာမရှိပါဘူး။"

သူမ၏ရောဂါက ဘာလို့ ရုတ်တရတ်ကြီး ထဖြစ်လာတာလဲ သူမလည်းမသိပေ။ သို့သော် မန်ဟွာ၏ မူရင်းအော်သာအနေနဲ့ စစ်ယွီမှာ အမျိုးသမီးဇာတ်ပို့လေး၏ 'အဆုံးထိမသေဘူး' ဆိုသော ရောင်ဝါကြီးကို သေသေချာချာ ရှင်းရှင်းလင်းလင်း သိပေသည်။ ရောဂါက ဘယ်လောက်ပဲ ပြင်းထန်နေပါစေ အမျိုးသမီးဇာတ်ပို့မှာ နောက်ဆုံးအသက်တစ်ရှိုက်လေးဖြင့် အမြဲတမ်း အသက်ရှင်နိုင်လေသည်။ သွေးအန်ခြင်းမှာ အမြင်အားဖြင့်သာ ကြောက်စရာကောင်းနေခြင်းဖြစ်သည်။ နှိုင်းယှဉ်ရမည်ဆိုလျှင် မိုးလောက်မြင့်နေသော လျော်ကြေးကြီးက ပိုကြောက်ဖို့ကောင်းပေသည်။

ထို့အပြင် သူမသာ ဆေးရုံသွားပြီး ရှုတင်အား လွတ်သွားခဲ့ပါက မူလဇာတ်လမ်းနှင့် လုံးဝကွဲသွားပြီဖြစ်၏။ မန်ဟွာကမ္ဘာထဲကို ရုတ်တရတ်ကြီး ကူးပြောင်းခံလိုက်ရခြင်းတွင် စစ်ယွီမှာ သူမ၏ သိပြီးသား မှတ်ဉာဏ်လေးတွေကိုသာ မှီခိုနိုင်ပေသည်။ သူမသာ ဇာတ်ကွက်အား ပြောင်းလဲလိုက်ပါက ဖြစ်လာမည့် အခြေအနေတွေကို သူမ လောင်းကြေးမထပ်ရဲပါချေ။ ထို့ကြောင့် အကြောင်းဆုံး အကြံဉာဏ်မှာ မူရင်းဇာတ်လမ်းအတိုင်းသွားဖို့သာ ဖြစ်သည်။

ယွီလင်းသည် သူမပြောတာကို ကြားသောအခါ တန့်သွားသည်။ "နင် နောက်နေတာ ဟုတ်တယ်မလား။"

စစ်ယွီသည် ချောင်းနှစ်ခါလောက် ထပ်ဆိုးပြီးနောက် သူမလက်ကိုမြှောက်ကာ နှုတ်ခမ်းမှသွေးများကို သုတ်လိုက်သည်။ သူမ ခေါင်းယမ်းလိုက်ပြီး သူမ၏အမူအရာသည်လည်း အတည်ကြီးဖြစ်နေသည်။ "မစ်စတာကျန်းချောင်က ဒီတစ်ရက်ပဲ အချိန်ရတာလို့ အမ မပြောခဲ့ဘူးလား။ အလုပ်ချိန်တွေက အရမ်းကြပ်နေပြီးတော့ အမမှာလည်း တစ်ခြားမော်ဒယ်လ်ရှာဖို့ အချိန်အလုံအလောက်မရှိဘူးလေ။ ကျွန်မပဲ ပြီးအောင်ရိုက်ပါရစေ။"

သူမပြောပြီးနောက် ယွီလင်းပြန်ပြောမည်ကိုပင် မစောင့်တော့ဘဲ သူမသည် ပန်းတွေကြားတွင် ဘေးတိုက်လှဲလိုက်သည်။ သူမလက်ထဲတွင် အနီရောင်ဆိုးထားသော ပန်းလေးအား လှည့်လိုက်ရင်း စောစောက ကျန်းချောင်ညွှန်ကြားထားသလိုပင် ပန်းအား သူမနှုတ်ခမ်းနားယူကာ ခပ်ဖွဖွနမ်းလိုက်၏။ ပန်းပေါ်မှ အနီရောင်သွေးများသည် သူမ၏ ‌ဖြူဖျော့ဖျော့ နှုတ်ခမ်းများကို စွန်းသွားသည်။ ထိုအနီရင့်ရောင် နည်းနည်းလေးက အလွန်ပင် စိတ်လှုပ်ရှားဖွယ်ကောင်းလှသည်။ သူမသည် ခုဏလေးတင်ကမှ သွေးအများကြီး အန်ထုတ်ထားသောကြောင့် သူမ၏မျက်နှာလေးမှာ ဖျားနာနေပုံပေါ်နေ၏။ သူမ၏အမူအရာမှာ ခပ်ယဲ့ယဲ့ပုံစံလေးသာဖြစ်ပြီး သူမ၏မျက်တောင်များကို ချလိုက်သည်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသည် လေကြမ်းကြမ်းတိုက်တာနှင့် ကျိုးပဲ့သွားနိုင်သော မိုးမခပင်ကဲ့သို့ လှပပြီးကျို့ပဲ့လွယ်သော ပုံစံကို ဖော်‌ပြနေ၏။

ကျန်းချောင်သည် သူမပြုလုပ်လိုက်သော ပို့စ်အား ကြည့်လိုက်သည်။ စိတ်လှုပ်ရှားသွားပြီးနောက် သူသည် ယွီလင်းအား "ဘေးဖယ်နေ" ဟု အော်လိုက်၏။ ထို့နောက် သူ့မျက်လုံးများကို ကင်မရာဆီရွှေ့လိုက်ကာ ခလုတ်အား အဆက်မပြတ်နှိပ်ရင်း တာဝန်ကျေပွန်စွာ ရိုက်ကူးနေသည်။

"ဒါက ..." ယွီလင်းသည် ကျန်းချောင်ဆီမှ အော်ခံလိုက်ရပြီး ခြေလှမ်းများစွာနောက်ဆုတ်သွားသည်။ သူမ သတိပြန်ဝင်လာသောအခါ ဒေါသချက်ချင်း ထွက်လာသည်။ ခန့်ထားတဲ့မော်ဒယ်ကမှ မယုံရပါဘူးဆို အခု ဓာတ်ပုံဆရာကပါ သူမဆန္ဒအတိုင်း လိုက်လုပ်နေတယ်။ အခုက အဲ့လိုလုပ်နေရမဲ့ အချိန်မဟုတ်ဘူး။

သို့ရာတွင် ကျန်းချောင်မှာ သူ၏ အလုပ်ထဲ လုံးဝစိတ်နှစ်ထားပြီး ယွီလင်း၏ ဆိုးဝါးနေသောမျက်နှာအား လျစ်လျူရှုထားကာ ကင်မရာကို ဆက်တိုက်နှိပ်ရင်း အလုပ်များနေ၏။

"ဟုတ်တယ် ဟုတ်တယ် ဒါပဲ .... မိုက်တယ်။" ကျန်းချောင်သည် စိတ်လှုပ်ရှားစွာ နှုတ်ခမ်းသပ်လိုက်ပြီး အမျိုးမျိုးသော ရှုထောင့်များကို ချိန်းပြီး ရိုက်ကူးလိုက်သည်။

'သေနေတဲ့ အလှလေး' ဟူသည့် အလှတရားမျိုး သူလိုချင်သည်ဟု ပြောခဲ့သော်လည်း ထိုအရာမှာ စိတ်ကူးယဥ်သက်သက် ညွှန်ကြားချက်မျှသာ ဖြစ်၏။ ဤမော်ဒယ်သည် ဖျားနာဖျော့တော့နေသော ပုံစံကြောင့်သော်လည်းကောင်း ပြန်လည်မွန်းမံထားသည့် သူမ၏ ခံစားချက်ဟန်ပန်ကြောင့်သော်လည်းကောင်း ဘယ်နေရာမှရိုက်ရိုက် အပြစ်ကင်း ရှင်းလင်းနေပေသည်။ သူမ၏ အင်္ကျီမှ သွေးစီးကြောင်းလေးကပင် အဆင်တန်ဆာတစ်ခုလိုဖြစ်နေ၏။

"အခု မင်းရဲ့ခေါင်းကို ဘယ်ဘက် နည်းနည်းလေး ရွှေ့လိုက် ..."

ကျန်းချောင်သာမက ပျာယာခတ်နေခဲ့သော ဝန်ထမ်းများသည်လည်း မီးရောင်အောက်မှ ကောင်မလေးအား မကြည့်ဘဲ မနေနိုင်ကြပေ။ သံသယဖြစ်စရာ မကောင်းစွာပင် သူမသည် လွန်ခဲ့သော နာရီဝက်က တောင့်တင်းနေသော ခြေလက်များနှင့် ပိုစ့်ဘယ်လိုပေးရမလဲ မသိခဲ့ပေ။ အခုတော့ သူမသည် လေထုနှင့် လုံးဝလိုက်ဖက်ညီ‌နေ၏။ သူမ၏ ခေါင်းထိပ်မှ ဆံပင်လေးကစလို့ သူမ၏ခြေချောင်းလေးများအထိ သူမသည် ဖျားနာ၊ အားနည်း၊ ပိန်ပါး၊ ဖျော့တော့နေသည့် ပုံစံကို ထုတ်လွှတ်နေသည်။ ဤသည်မှာ သူမသည် သူမဘဝ၏ နောက်ဆုံးအချိန်ကို ရောက်နေပြီး သူမ၏နောက်ဆုံးသော ဆန္ဒလေးဖြင့် သူမကိုယ်သူမ လောင်ကျွမ်းနေစေသလိုပင်။

စစ်ယွီသည် နာနာခံခံပင် ပိုစ့်ပေးလိုက်သည်။ သူမ၏ မျက်နှာမှာ ပြုံးရလွန်းလို့ တောင့်နေပြီဖြစ်သည်။ ခဏကြာပြီးနောက် သူမသည် ချောင်းမဆိုးဘဲ မနေနိုင်တော့သဖြင့် အနည်းငယ် မျက်မှောင်ကြုံ့လိုက်သည်။ သူမ၏ အမူအရာမှာ အလွန်အမင်း သနားစရာကောင်းနေ၏။ ကျန်းချောင်သည် နောက်ထပ် ပုံများစွာ ထပ်ရိုက်လိုက်သည်။ 

***

Zawgyi

အခန္း (၂) (က)

ထို ႐ုတ္တရတ္ျဖစ္မႈသည္ လူတိုင္းအား အထိတ္တလန္႔ျဖစ္သြားေစသည္။

စစ္ယြီလည္း ေၾကာင္သြား၏။ သူမရဲ႕ေရာဂါက အဲ့ေလာက္ထိ ျပင္းထန္လိမ့္မယ္လို႔ မထင္ထားမိေပ။ ေသြးတစ္လုတ္အန္တာနဲ႔ပင္ ရပ္မသြားေသးဘဲ အဆက္မျပတ္ ေခ်ာင္းဆိုးေနသည္။ သူမ၏ပါးစပ္အား အခ်ိန္မွီ အုပ္လိုက္ေသာ္လည္း လက္ၾကားမွ ယိုစီးက်လာေသာ ေသြးစက္မ်ားသည္ ‌ေျမျပင္တြင္ ေထာင္ထားေသာ ပန္းမ်ား၏ ပြင့္လႊာမ်ားအား အနီရင့္ရင့္ဆိုးေပးေနသကဲ့သို႔ပင္။

သူမကိုယ္တိုင္ ၾကဳံေတြ႕ခဲ့ရလို႔သာ မဟုတ္ရင္ စစ္ယြီသည္ လူတစ္ေယာက္ဟာ ေခ်ာင္းဆိုးေနရင္း ဒီလိုႀကီး ေသြးအန္ႏိုင္တယ္ဆိုတာကို မယုံၾကည္ႏိုင္ေပ။ ေျပာရမယ္ဆိုရင္ မန္ဟြာထဲမွာ အမ်ိဳးသမီးဇာတ္ပို႔ရဲ႕ ႐ႈတင္က တအား အဆင္ေျပေခ်ာေမြ႕ေနခဲ့တာ မဟုတ္ဘူးလား။ သူမက ဖက္႐ွင္ေလာကထဲဝင္ဖို႔ ေလွကားတစ္ထစ္တက္ႏိုင္ခဲ့ၿပီး တစ္ညထဲနဲ႔ ေက်ာ္ၾကားသြားခဲ့တာ မဟုတ္ဘူးလား။

တစ္ဖက္မွာေတာ့ စစ္ယြီသည္ လမ္းေခ်ာ္သြားေသာ ဇာတ္လမ္းႀကီးေၾကာင့္ အလြန္အံ့အားသင့္ေနခဲ့သည္။ မတ္တပ္ရပ္ေနေသာ ယြီလင္းကေတာ့ အလြန္ေၾကာက္လန္႔ေနၿပီျဖစ္၏။ သူမသည္ ယေန႔႐ႈတင္၏ အႀကီးအမႉးျဖစ္သည္။ တစ္ခုခုသာျဖစ္ခဲ့မည္ဆိုလွ်င္ ျပႆနာအားလုံး သူမ တာဝန္ယူရမွာျဖစ္သည္။

"ျမန္ျမန္ ႐ိုက္ေနတာရပ္ၿပီး ေဆး႐ုံကားေခၚေတာ့။" ေနာက္ဆုံးတြင္ ယြီလင္းသည္ အခက္အခဲမ်ားစြာ ၾကဳံေတြ႕ခဲ့ရ၏။ သူမသည္ ျမန္ျမန္ပင္ စိတ္တည္ၿငိမ္ေအာင္လုပ္ကာ တျခားလူမ်ားကို ေအာ္လိုက္သည္။ "အဲ့မွာပဲ ရပ္မေနၾကနဲ႔။ သူမကို နားေနခန္းဆီ ျမန္ျမန္ေခၚသြားေလ။"

သူမသည္ စစ္ယြီတစ္ေယာက္ ခဏခဏ အနားယူဖို႔ ေျပာေနသည္ကို အသစ္လာသူတစ္ေယာက္က ဖ်ားနာဟန္ေဆာင္ေနသည္ဟုထင္၍ မာန္မဲေနခဲ့တာျဖစ္သည္။ စစ္ယြီ ေသြးေတြ အဆက္မျပတ္ အန္ေနတာျမင္မွ အဲ့ဒါက တကယ့္ကိစၥႀကီးဆိုတာ နားလည္သြားသည္ ___ ေက်းဇူးျပဳၿပီး က်ိဳးစစ္ယြီကို ဒီေနရာမွာ တစ္ခုခုမျဖစ္ပါေစနဲ႔ အား... မဟုတ္ရင္ ဒီကိစၥပ်ံ႕သြားလို႔ကေတာ့ မီဒီယာက ဘယ္လိုေတြဖြမယ္ဆိုတာ ဘယ္သူသိႏိုင္မွာလဲ။

ယြီလင္း ထိုသို႔ေတြးသည္မွာ မထူးဆန္းလွေပ။ ဒီျမင္ကြင္းကို ျမင္႐ုံနဲ႔ ဘယ္သူမဆို စစ္ယြီသည္ ကုသလို႔မရတဲ့ ေရာဂါအႀကီးႀကီး ခံစားေနရၿပီး မၾကာခင္ ေသေတာ့မယ္ဟု ထင္မိမွာ အမွန္ပင္။

စတူဒီယိုတစ္ခုလုံး ပြက္ေလာ႐ိုက္ကုန္သည္။ စစ္ယြီသည္ ၾကမ္းေပၚတြင္ ဒူးေထာက္ခ်လ်က္ ေဟာဟဲလိုက္ေန၏။ သူမသည္ ေသြးေတြအန္ထုတ္ၿပီးေနာက္ ရင္ဘတ္ဆီမွ ခံစားေနရမႈႀကီးက သက္သာသြားသည္။ စစ္ယြီသည္ ေခါင္းေမာ့ကာ အေျပးအလႊား ျဖစ္ေနေသာ လူအုပ္ႀကီးအား ၾကည့္လိုက္သည္။ ယြီလင္းတစ္ေယာက္ သူမဆီေျပးလာၿပီး ‌သူမအား ေပြ႕ခ်ီဖို႔ ငုံ႔ကိုင္းလိုက္သည္ကို ေတြ႕လိုက္ရ၏။

သူမသည္ ယြီလင္းအား ျမင္လိုက္ရေသာအခါ အခုအခ်ိန္သည္ ႐ႈတင္႐ိုက္ေနဆဲ တစ္ဝက္ႀကီးျဖစ္ေနသည္ကို သတိရမိသြားသည္။ သူမသည္ ဖုန္း႐ွန္႔ႏွင့္ စာခ်ဳပ္ခ်ဳပ္ထားတာျဖစ္သည္။ သူမသာ ျပႆနာတစ္ခုခုလုပ္မိပါက ေငြအေျမာက္အမ်ား ေလ်ာ္ရမည္ျဖစ္သည္။ သူမကိုယ္သူမေရာင္းစားရင္ေတာင္ ထိုေငြအလုံအေလာက္ မရႏိုင္ေသးေပ။

ထိုအရာကို ေတြးမိၿပီးေနာက္ စစ္ယြီသည္ လည္ေခ်ာင္းထဲမွ ခပ္ညႇီညႇီ ခ်ိဳျမျမအရသာအား ျပန္ၿမိဳခ်လိုက္သည္။ သူမသည္ အသက္ျပင္းျပင္းတစ္ခ်က္႐ွဴကာ သူမအား စတူဒီယိုအေဝးသို႔ ေခၚသြားခ်င္ေနေသာ ယြီလင္းအား ေျပာလိုက္သည္။ "လင္းက်ဲ၊ ဒါက ေနာက္ဆုံး ဓာတ္ပုံတစ္ဆက္ပဲ။ ေက်းဇူးျပဳၿပီး ကြၽန္မကို ၿပီးေအာင္လုပ္ခြင့္ေပးပါ။ ဘာပဲျဖစ္ျဖစ္ လူနာတင္ကားကလည္း ေရာက္ဖို႔ အခ်ိန္လိုဦးမွာပဲေလ။ ကြၽန္မ ခႏၶာကိုယ္က အဆင္ေျပပါေသးတယ္ ျပႆနာမ႐ွိပါဘူး။"

သူမ၏ေရာဂါက ဘာလို႔ ႐ုတ္တရတ္ႀကီး ထျဖစ္လာတာလဲ သူမလည္းမသိေပ။ သို႔ေသာ္ မန္ဟြာ၏ မူရင္းေအာ္သာအေနနဲ႔ စစ္ယြီမွာ အမ်ိဳးသမီးဇာတ္ပို႔ေလး၏ 'အဆုံးထိမေသဘူး' ဆိုေသာ ေရာင္ဝါႀကီးကို ေသေသခ်ာခ်ာ ႐ွင္း႐ွင္းလင္းလင္း သိေပသည္။ ေရာဂါက ဘယ္ေလာက္ပဲ ျပင္းထန္ေနပါေစ အမ်ိဳးသမီးဇာတ္ပို႔မွာ ေနာက္ဆုံးအသက္တစ္႐ိႈက္ေလးျဖင့္ အၿမဲတမ္း အသက္႐ွင္ႏိုင္ေလသည္။ ေသြးအန္ျခင္းမွာ အျမင္အားျဖင့္သာ ေၾကာက္စရာေကာင္းေနျခင္းျဖစ္သည္။ ႏိႈင္းယွဥ္ရမည္ဆိုလွ်င္ မိုးေလာက္ျမင့္ေနေသာ ေလ်ာ္ေၾကးႀကီးက ပိုေၾကာက္ဖို႔ေကာင္းေပသည္။

ထို႔အျပင္ သူမသာ ေဆး႐ုံသြားၿပီး ႐ႈတင္အား လြတ္သြားခဲ့ပါက မူလဇာတ္လမ္းႏွင့္ လုံးဝကြဲသြားၿပီျဖစ္၏။ မန္ဟြာကမ႓ာထဲကို ႐ုတ္တရတ္ႀကီး ကူးေျပာင္းခံလိုက္ရျခင္းတြင္ စစ္ယြီမွာ သူမ၏ သိၿပီးသား မွတ္ဉာဏ္ေလးေတြကိုသာ မွီခိုႏိုင္ေပသည္။ သူမသာ ဇာတ္ကြက္အား ေျပာင္းလဲလိုက္ပါက ျဖစ္လာမည့္ အေျခအေနေတြကို သူမ ေလာင္းေၾကးမထပ္ရဲပါေခ်။ ထို႔ေၾကာင့္ အေၾကာင္းဆုံး အၾကံဉာဏ္မွာ မူရင္းဇာတ္လမ္းအတိုင္းသြားဖို႔သာ ျဖစ္သည္။

ယြီလင္းသည္ သူမေျပာတာကို ၾကားေသာအခါ တန္႔သြားသည္။ "နင္ ေနာက္ေနတာ ဟုတ္တယ္မလား။"

စစ္ယြီသည္ ေခ်ာင္းႏွစ္ခါေလာက္ ထပ္ဆိုးၿပီးေနာက္ သူမလက္ကိုေျမႇာက္ကာ ႏႈတ္ခမ္းမွေသြးမ်ားကို သုတ္လိုက္သည္။ သူမ ေခါင္းယမ္းလိုက္ၿပီး သူမ၏အမူအရာသည္လည္း အတည္ႀကီးျဖစ္ေနသည္။ "မစ္စတာက်န္းေခ်ာင္က ဒီတစ္ရက္ပဲ အခ်ိန္ရတာလို႔ အမ မေျပာခဲ့ဘူးလား။ အလုပ္ခ်ိန္ေတြက အရမ္းၾကပ္ေနၿပီးေတာ့ အမမွာလည္း တစ္ျခားေမာ္ဒယ္လ္႐ွာဖို႔ အခ်ိန္အလုံအေလာက္မ႐ွိဘူးေလ။ ကြၽန္မပဲ ၿပီးေအာင္႐ိုက္ပါရေစ။"

သူမေျပာၿပီးေနာက္ ယြီလင္းျပန္ေျပာမည္ကိုပင္ မေစာင့္ေတာ့ဘဲ သူမသည္ ပန္းေတြၾကားတြင္ ေဘးတိုက္လွဲလိုက္သည္။ သူမလက္ထဲတြင္ အနီေရာင္ဆိုးထားေသာ ပန္းေလးအား လွည့္လိုက္ရင္း ေစာေစာက က်န္းေခ်ာင္ၫႊန္ၾကားထားသလိုပင္ ပန္းအား သူမႏႈတ္ခမ္းနားယူကာ ခပ္ဖြဖြနမ္းလိုက္၏။ ပန္းေပၚမွ အနီေရာင္ေသြးမ်ားသည္ သူမ၏ ‌ျဖဴေဖ်ာ့ေဖ်ာ့ ႏႈတ္ခမ္းမ်ားကို စြန္းသြားသည္။ ထိုအနီရင့္ေရာင္ နည္းနည္းေလးက အလြန္ပင္ စိတ္လႈပ္႐ွားဖြယ္ေကာင္းလွသည္။ သူမသည္ ခုဏေလးတင္ကမွ ေသြးအမ်ားႀကီး အန္ထုတ္ထားေသာေၾကာင့္ သူမ၏မ်က္ႏွာေလးမွာ ဖ်ားနာေနပုံေပၚေန၏။ သူမ၏အမူအရာမွာ ခပ္ယဲ့ယဲ့ပုံစံေလးသာျဖစ္ၿပီး သူမ၏မ်က္ေတာင္မ်ားကို ခ်လိုက္သည္။ သူမ၏ခႏၶာကိုယ္တစ္ခုလုံးသည္ ေလၾကမ္းၾကမ္းတိုက္တာႏွင့္ က်ိဳးပဲ့သြားႏိုင္ေသာ မိုးမခပင္ကဲ့သို႔ လွပၿပီးက်ိဳ႕ပဲ့လြယ္ေသာ ပုံစံကို ေဖာ္‌ျပေန၏။

က်န္းေခ်ာင္သည္ သူမျပဳလုပ္လိုက္ေသာ ပို႔စ္အား ၾကည့္လိုက္သည္။ စိတ္လႈပ္႐ွားသြားၿပီးေနာက္ သူသည္ ယြီလင္းအား "ေဘးဖယ္ေန" ဟု ေအာ္လိုက္၏။ ထို႔ေနာက္ သူ႕မ်က္လုံးမ်ားကို ကင္မရာဆီေ႐ႊ႕လိုက္ကာ ခလုတ္အား အဆက္မျပတ္ႏွိပ္ရင္း တာဝန္ေက်ပြန္စြာ ႐ိုက္ကူးေနသည္။

"ဒါက ..." ယြီလင္းသည္ က်န္းေခ်ာင္ဆီမွ ေအာ္ခံလိုက္ရၿပီး ေျခလွမ္းမ်ားစြာေနာက္ဆုတ္သြားသည္။ သူမ သတိျပန္ဝင္လာေသာအခါ ေဒါသခ်က္ခ်င္း ထြက္လာသည္။ ခန္႔ထားတဲ့ေမာ္ဒယ္ကမွ မယုံရပါဘူးဆို အခု ဓာတ္ပုံဆရာကပါ သူမဆႏၵအတိုင္း လိုက္လုပ္ေနတယ္။ အခုက အဲ့လိုလုပ္ေနရမဲ့ အခ်ိန္မဟုတ္ဘူး။

သို႔ရာတြင္ က်န္းေခ်ာင္မွာ သူ၏ အလုပ္ထဲ လုံးဝစိတ္ႏွစ္ထားၿပီး ယြီလင္း၏ ဆိုးဝါးေနေသာမ်က္ႏွာအား လ်စ္လ်ဴ႐ႈထားကာ ကင္မရာကို ဆက္တိုက္ႏွိပ္ရင္း အလုပ္မ်ားေန၏။

"ဟုတ္တယ္ ဟုတ္တယ္ ဒါပဲ .... မိုက္တယ္။" က်န္းေခ်ာင္သည္ စိတ္လႈပ္႐ွားစြာ ႏႈတ္ခမ္းသပ္လိုက္ၿပီး အမ်ိဳးမ်ိဳးေသာ ႐ႈေထာင့္မ်ားကို ခ်ိန္းၿပီး ႐ိုက္ကူးလိုက္သည္။

'ေသေနတဲ့ အလွေလး' ဟူသည့္ အလွတရားမ်ိဳး သူလိုခ်င္သည္ဟု ေျပာခဲ့ေသာ္လည္း ထိုအရာမွာ စိတ္ကူးယဥ္သက္သက္ ၫႊန္ၾကားခ်က္မွ်သာ ျဖစ္၏။ ဤေမာ္ဒယ္သည္ ဖ်ားနာေဖ်ာ့ေတာ့ေနေသာ ပုံစံေၾကာင့္ေသာ္လည္းေကာင္း ျပန္လည္မြန္းမံထားသည့္ သူမ၏ ခံစားခ်က္ဟန္ပန္ေၾကာင့္ေသာ္လည္းေကာင္း ဘယ္ေနရာမွ႐ိုက္႐ိုက္ အျပစ္ကင္း ႐ွင္းလင္းေနေပသည္။ သူမ၏ အက်ႌမွ ေသြးစီးေၾကာင္းေလးကပင္ အဆင္တန္ဆာတစ္ခုလိုျဖစ္ေန၏။

"အခု မင္းရဲ႕ေခါင္းကို ဘယ္ဘက္ နည္းနည္းေလး ေ႐ႊ႕လိုက္ ..."

က်န္းေခ်ာင္သာမက ပ်ာယာခတ္ေနခဲ့ေသာ ဝန္ထမ္းမ်ားသည္လည္း မီးေရာင္ေအာက္မွ ေကာင္မေလးအား မၾကည့္ဘဲ မေနႏိုင္ၾကေပ။ သံသယျဖစ္စရာ မေကာင္းစြာပင္ သူမသည္ လြန္ခဲ့ေသာ နာရီဝက္က ေတာင့္တင္းေနေသာ ေျခလက္မ်ားႏွင့္ ပိုစ့္ဘယ္လိုေပးရမလဲ မသိခဲ့ေပ။ အခုေတာ့ သူမသည္ ေလထုႏွင့္ လုံးဝလိုက္ဖက္ညီ‌ေန၏။ သူမ၏ ေခါင္းထိပ္မွ ဆံပင္ေလးကစလို႔ သူမ၏ေျခေခ်ာင္းေလးမ်ားအထိ သူမသည္ ဖ်ားနာ၊ အားနည္း၊ ပိန္ပါး၊ ေဖ်ာ့ေတာ့ေနသည့္ ပုံစံကို ထုတ္လႊတ္ေနသည္။ ဤသည္မွာ သူမသည္ သူမဘဝ၏ ေနာက္ဆုံးအခ်ိန္ကို ေရာက္ေနၿပီး သူမ၏ေနာက္ဆုံးေသာ ဆႏၵေလးျဖင့္ သူမကိုယ္သူမ ေလာင္ကြၽမ္းေနေစသလိုပင္။

စစ္ယြီသည္ နာနာခံခံပင္ ပိုစ့္ေပးလိုက္သည္။ သူမ၏ မ်က္ႏွာမွာ ျပဳံးရလြန္းလို႔ ေတာင့္ေနၿပီျဖစ္သည္။ ခဏၾကာၿပီးေနာက္ သူမသည္ ေခ်ာင္းမဆိုးဘဲ မေနႏိုင္ေတာ့သျဖင့္ အနည္းငယ္ မ်က္ေမွာင္ၾကဳံ႕လိုက္သည္။ သူမ၏ အမူအရာမွာ အလြန္အမင္း သနားစရာေကာင္းေန၏။ က်န္းေခ်ာင္သည္ ေနာက္ထပ္ ပုံမ်ားစြာ ထပ္႐ိုက္လိုက္သည္။ 

继续阅读

You'll Also Like

236K 12.6K 79
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
285K 7K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
2.3M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
390K 38K 116
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်