Start with Heart And End with...

De frozenmanobannca

126K 10.2K 1.5K

နှလုံးအစားထိုး ခွဲစိတ်မှုကနေ ဖြစ်ပေါ်လာသော ချစ်ခြင်းများ... ႏွလုံးအစားထိုး ခြဲစိတ္မႈကေန ျဖစ္ေပၚလာေသာ ခ်စ္ျခင္... Mais

Intro
1 💞
2 💞
3 💞
4 💞
5 💞
6 💞
7 💞
8 💞
9 💞
10💞
10💞
11 ❤
12 💞
13 💞
14 💞
15 💞
16 💞
17 💞
18 💞
19 💞
20 💞
21 💞
22 💞
23 💞
တောင်းပန်လွှာ
24 💞
25 💞
27 💞
28 💞
29 💞
30 💞
31 💞
32 💞
33 💞
34 💞
35 💞
36 💞
37💞
38 💝
Extra 💖
ကျေးဇူးတင်လွှာ
Thadingyut gift 💞💞

26 💞

2.9K 243 25
De frozenmanobannca

၂၆

ကုမ္မဏီအစည်းအဝေးဖြစ်တာကြောင့် ဟိုတယ်က meeting ခန်းကို ခဏငှားကာ အစည်းအဝေးလုပ်နေခြင်းဖြစ်သည်။ ဟိုတယ်ဒီဇိုင်းကို နောက်ဆုံး ဇကာတင်အနေဖြင့် ပူးပေါင်းသည့် ကုမ္မဏီပိုင်ရှင်နှစ်ယောက်လု ံးအကြိုက်ကို ရွေးချယ်ကာ အင်ဂျင်နီယာနဲ့ ဆွေးနွေးပြီး စတင်ဆောက်လုပ်မည့်ရက်နဲ့ ပြီးနိုင်မည့် ခန်းမှန်းချိန်ကို သတ်မှတ်ပြီးနောက် အစည်းအဝေးကို အပြီးသတ်လိုက်လေသည်။

အရင်က ဆုံးဖြတ်ထားသဘ့်အတိုင်း ဒီဇိူင်းနာဖြစ်သည့် ဇင်ယော်ရယ် မမေနွဲ့စိုးရယ်နဲ့ အင်ဂျင်နီယာအဖွဲ့က ကျန်ခဲ့ရမှာဖြစ်ပြီး ဇင်ယော်တို့အတွက် စီစဥ်ပေးထားသည့် ဘန်ဂလိုတွင် ဇင်ယော်နဲ့ အမမေနွဲ့စိုးက အတူနေရမည်ဖြစ်ပြီး အင်ဂျင်နီယာအဖွဲ့က တစ်အိမ်နေရမည်ဖြစ်သည်။ ဒါက မူလက ဆုံးဖြတ်ချက်ဖြစ်သည်။

သို့ပေမယ့် အစည်းအဝေးပြီး သိပ်မကြာ..Mine company ၏ Ceo ဒေါ်ပိုးသဒ္ဒါမင်း ရဲ့ဆုံးဖြတ်ချက်အရ ဝင့်လွှာသည် ဇင်ယော်ရဲ့ assistant အနေဖြင့် ကျန်ခဲ့ရမည် ဆိုတဲ့ ဆုံးဖြတ်ချက်ထွက်ပေါ်ပြီးနောက် ဇင်ယော့်အား နင့်မမ Jelly နင်တာ ငါ ပါ
ဒုက္ခရောက်ပြီ ဆိုပြီး ဇင်ယော့်ကို တပွမ်ပွမ်နဲ့ နားငြီးတော့လေသည်။
ဘယ်သူသိမလဲ... ဇင်ယော်တစ်ယောက် သူ့မမရဲ့ jelly နင်ပုံလေးကို သဘောကျလွန်းလို့ ခဏခဏပြန်တွေးမိရင်း လက်သည်းကိုက်ရတာအခါခါ..ဒါကို ဝင့်လွှာတို့များသိရင်တော့ ဇင်ယော်တော့ မတွေးရဲးရာပင်..

....
"မောင် အဲ့တစ်ယောက်နား သိပ်မကပ်နဲ့နော်.. နောက်ပြီး ဘယ်သွားသွား ဝင့်လွှာနဲ့သွား "

ကလောက ပန်းခြံလေးရဲ့ ချောင်ချတဲ့နေရာလေးမှာ သူမလေးဟာ ကိုယ့်ရဲ့ရင်ခွင်ထဲမှာနေ၍ မှာတမ်းချွေတာ ဒီစကားကိုသာ ထပ်တလဲလဲမှာနေလေသည်။

"မရယ် မောင်သိပါတယ် မမေနွဲ့စိုးက ကူညီပေးတာပါ မောင်နဲ့ ဘာအကန့်မှမရှိဘူး နော် "

"ရှိရှိ မရှိရှိ သူ့အကြည့်တွေကို သဘောမကျပါဘူး ကူညီပါတယ်ဆိုပြီး ရှင့်ကို ကြံသွားမှ ဟုတ်ပေ့ဖြစ်နေအုန်းမယ် "

"ဟာ မကလည်း မဟူတ်ပါဘူးဆို "

"မောင်နော် အခုတော့ လေသံမာပါပြီပေါ့ ငြိုငြင်တာလား "

ဇင်ယော် တကယ့်ကို ရင်ခွင်ထဲက မျက်စောင်းထိုးနေတဲ့ ရစ်လုံးလေးကို မနိုင်တော့ပါ..ပန်းခြံရောက်ကတည်းက ရစ်လိုက်တာ
ဇင်ယော့်မှာ အခုထိ ဝက်ပါထဲကလို ဘယ်လောက်သွားသွား ဒီနေရာပဲ ပြန်ရောက်နေသည်။ မဟူတ်မှန်ကြောင်း ငြင်းဆိုလိုက်တာ လေသံလေးမဆိုသလောက်ပြောင်းသွားလိုက်ပါတယ်... အခုတော့ ငြိုငြင်ပြီလားတဲ့...
ဒါပေမယ်ံလည်း သူမလေး ဘယ်လောက်ရစ်ရစ် ဒီကလူရဲ့ရင်ထဲမှာ ပုရွက်ဆိတ်ကိုက်သလို ယားကျိယားကျိနဲ့..

"မငြိုငြင်ပါဘူးဗျာ အဲ့လိုတွေခဏခဏ သဝန်တိုရင် မောင် အသက်တိုလိမ့်မယ်သိလား "

"ဘာလို့ "

ရင်ခွင်ထဲကနေ တကယ့်ကို မသိလို့မေးတဲ့ မျက်နှာပေးလေးဟာ
ဇင်ယော့်ကို ရင်ခုန်သံတွေမြန်စေသည်။ မောင်လို့စခေါ်ကတည်းကချွဲလာတဲ့ မဟာ သူချွဲတိုင်း နှလုံးခုန်သံတွေဂနာမငြိမ်ဲတဲ့
သူ့ကို အသေသတ်မယ့်ပုံပေါ်၏...

"မရဲ့အသည်းယားစရာပုံလေးကြောင့်ပေါ့ ေမာင့်မဟေသီလေးရဲ့ ".

ပြောလည်းပြော ပိုးရဲ့မျက်နှာပြင်တစ်ခုလုံးကို အနမ်းချွေချလိုက်တာကြောင့် ဇင်ယော့်ရဲ့အနမ်းတွေကြားမှာ ပိုး တစ်ယောက်လမ်းပျောက်လို့ အသက်ရှုသံတွေမြန်ဆန်ကာ နှလုံးခုန်သံတွေမှာမူမမှန်တော့ပေ.....

နှစ်ယောက်သား အချိန်အတော်ကြာ ပန်းခြံထဲမှာ အချိန်ဖြုန်းပြီးနောက် သိပ်မနီးမဝေးမှာရှိတဲ့ ဟိုတယ်ဆီ လက်ချင်းတွဲကာ ခြေလျင်လျှောက်လာခဲ့ကြရင်း ဟိုတယ်အခန်းတွေဆီမရောက်ခင်
ဟိုတယ်ပန်းခြံထဲ၌ပင် လက်ချင်းဖြုတ်ကာ မခွဲချင်မခွာချင်နဲ့ နှုတ်ဆက်ခဲ့ရသေးသည်။

အခုချိန်မှာ မ ဘက်ကရော သူ့ဘက်ကပါ တစ်ခြားသူတွေကို အသိပေးဖို့အဆင်သင့်ဖြစ်နေပေမယ့် ကုမ္မဏီ နှစ်ခုပူးပေါင်းကာလုပ်ဆောင်တဲ့အရေးဖြစ်ပြီး ကုမ္မဏီနှစ်ခုလုံးကသူတွေရောအပါ
ဇင်ယော်က မိန်းကလေးဖြစ်နေတာမို့တစ်ကြောင်း မဘေးနားမှာ တောက်တဲ့လိုလိုက်ကပ်နေတဲ့ ရာဇာထွန်း ကြောင့်တစ်ကြောင်း
မို့ မပြောကြသေးခြင်းဖြစ်သည်။

ပတ်ဝန်းကျင်ဆိုတာ ချီးမွမ်း၇ရက် ကဲ့ရဲ့ ၇ရက်ပေမယ့်
သူ့ကြောင့် မကုိ တစ်ခြားသူတွေဆီမှာ အထင်သေးမခံချင်...
သူ့ကိုပြောတာကိစ္စမရှိပေမယ့် လူတွေရဲ့ပါးစပ်ဆိုတာ ကြောက်ဖို့ကောင်းတာကြောင့် ကလောက ကိစ္စအပြီး မန္တလေးပြန်ရောက်မှာသာ official တွဲဖိူ့ မကုိ မနည်းပြောထားရလေသည်။
အခုချက်ချင်းကို ကောက်ကာငင်ကာ ကြေငြာပစ်ချင်နေတဲ့မက
တာစဆီးနေတဲ့ ဇင်ယော့်ကို တစ်ရက်က စိတ်ကောက်သွားသေးသည်။

ဒါပေမယ့်လည်း ချစ်ရသူလေးကို အလုပ်ခွင်ထဲမှာ တစ်ခြားသူတွေ အရိုသေမဲ့တာမျိုး မမြင်ချင်တဲ့ ဇင်ယော့်စိတ်ကြောင့် မမှာလည်း ပြောမရတဲ့အဆုံး ဇင်ယော့်သဘောဆိုပြီးလွှတ်ထားခြင်းဖြစ်သည်။

...

မနေ့က အင်ဂျင်နီယာအဖွဲ့နဲ့တိုင်ပင်ပြီး ဆောက်လုပ်မယ့်ရက်ပါ အတိအကျသတ်မှတ်ပေးထားပြီးပြီမို့ ဒီနေ့ပဲ ဇင်ယော်တို့နေရမယ့်
ဘန်ဂလိုကို ပြောင်းရွှေ့ခဲ့ပြီးဖြစ်သညိ။ အားလုံးနေရာချပြီးတာနဲ့
Ceo တွေကလည်း ပြန်ရတော့မှာမို့ ဇင်ယော်တစ်ယောက်
မျက်နှာမကောင်း...အခုမှ တကယ့်အတွဲလိုလေးဖြစ်သွားတဲ့
ဇင်ယော့်မှာ ဒီရက်ပိုင်းအတွင်းမှာပင် မရဲ့ ချွဲနွဲ့မှုများနှင့် သဝန်တိုမှုလေးတွေကို မကြာူရမနေနိုင်ဖြစ်လာသည်အထိ ရောဂါရင့်နေတော့
ခွဲရတော့မယ်ဆိုတဲ့အသိက ဇင်ယော်ငှက်ကလေးကနေ လဒလေးအဖြစ်သို့ ကူးပြောင်းသွားပြီး တစ်မနက်လုံး မျက်နှာမကောင်းပဲ မှုိင်ပျပျနဲ့ပင်...

ခဏတော့ Ceo တွေရောက်လာပြီး မှာစရာရှိတာမှာရင်း ဇင်ယော်ကတော့ ကိုယ့်ချစ်သူမျက်နှာလေးကို အကြည့်မပျက်ခဲ့..
ထိုနည်းတူစွာပင် မ မှာလည်း မနည်းဟန်ဆောင်ကာ မျက်နှာတည်ထားရပြီး စကားပြောရင်းဆိုသလိုပင် ဇင်ယော့်ဆီခဏခဏ အကြည့်ပို့ရင်း မျက်လုံးတွေမှ တစ်ဆင့် အလွမ်းကို သရုပ်ဖော်နေသလို...

"ကဲ ဇင်ယော်ရေ ဝင့်လွှာကို စိတ်ချခဲ့မယ်နော် သူက မင်းထက်ကလေးဆန်ပြီး ဦးနှောက်မရှိတော့ မင်းဆီပဲ အပ်ခဲ့မယ်.. ဝင့်လွှာ နင်လိမ်လိမ်မာမာနေနော် တစ်ခုခုကြားရလို့ကတော့ နင့်ကတ်အပိတ်ပဲကြားလား "

တစ်ဦးတည်းသော တူမလေးဖြစ်သည်မို့ အလိုလည်းလိုက်ကာ
ချော့တစ်ခါ ချောက်တစ်လှည့်မို့ ဇသ်ယော့်သူဌေးမှာလည်း သူ့တူမကို မှာတမ်းတော် ချွေလို့မပြီးတော့....ဘေးနားက ဝင့်လွှာမကတော့
မျက်နှာမှာဦးလေးစကားကို သေချာနားထောင်လို့ မျက်နှာက ရှုံ့မဲ့နေလေပြီ..

"ဟုတ်ကဲ့ပါ ဦးလေး ကျွန်တော်သေချာစောင့်ရှောက်ထားလိုက်ပါ့မယ် သူလည်း ကိုယ့်ဖာသာ ဆုံးဖြတ်နိုင်နေပြီပဲ ဘာမှ ဖြစ်မှာမဟူတ်ပါဘူး "

ဒီလိုနဲ့ သူဌေးနဲ့ စကားပြောရင်း သူဌေးကို ကားနားထိ လိုက်ပို့ပေးရင်း မပြန်သေးတဲ့ မကတော့ ဇင်ယော့်ကို ကားထဲမှ စောင့်နေလေသည်။ တော်သေးတာက ဟိုတောက်တဲ့ ရာဇာထွန်းဆိုတဲ့လူက တစ်ရက်စောကြိုပြန်သွားလို့ အခုလို မနဲ့ အေးဆေးစကားပြောချိန်ရခြင်းဖြစ်သည်။ မဟုတ်လို့ကတော့ အဲ့လူကြောင့်မနဲ့ နှုတ်ဆက်စကားတောင်ပြောလို့ရမယ်မထင်..

ခြံရှေ့ကျ ပစ္စည်းတွေရွေ့ပြောင်းနေတဲ့ အင်ဂျင်နီယာအဖွဲ့တွေပါ ရှိတာမို့ လူခြေတိတ်တဲ့ လမ်းကြားလေးဘက်ကို မောင်းနှင်ရင်း
ထင်းရှူးပင်တွေတန်းစဖိပေါက်လို့ ကြွေကျထားတဲ့ ထင်ရှူးသီး
အများအပြားကိုလည်း လမ်းဘေးတစ်ချို့၌တွေ့ရသည်။
တစ်ချက်တစ်ချက်တိုက်ခတ်လာတဲ့ ဆောင်းလေ တစ်ချို့မှာ
အချို့ပင်တို့၏ ရွက်ဝါတို့ကြွေကျရင်း လွမ်းမောဖွယ်ကောင်းတဲ့ ဒီလမ်းလေးမှာ မကြာခင်ခွဲရတော့မယ့် ချစ်သူနှစ်ဦး၏
အလွမ်းဓာတ်တို့ဟာလည်း ဖြေမဆည်နိုင်ပေ...

အချိန်တစ်ခုကြာသည်အထိ လမ်းဘေးအားငေးရင်း ကားကိုကျော်မှိကာ လက်ပိုက်ထားတဲ့မ ကြောင့် ဇင်ယော့်မှာလည်း ဘာပြောလို့ပြောရမယ်မသိ..သေချာတာတစ်ခုကတော့ ဘာစကားစလိုက်
စလိုက် ခွဲခွာချိန်မို့ လွမ်းမောဖို့ကောင်းမှာပဲ...

အင်ဂျင်နီယာတွေနဲ့တိုင်ပင်ရင်း အဆောက်အဦးအကြမ်းထည်နဲ့
ဟိုတယ်ပုံစံ အကြမ်းထည်ရသည်အထိ ဆောက်လုပ်တာကို ေစာင့်ကြည့်ရမှာမို့ လနဲ့ချီကြာမည့်အရေးမှာ နေ့တိုင်းမတွေ့ရတော့မည့်
ချစ်ရသူ မျက်နှာလေးအား အဝကြည့်ချင်ပေမယ့် မဟာ ဇင်ယော့်ဘက်ကိုလှည့်မလာတော့ ဒီကလူကပဲ မရဲ့ကျောပြင်လေးဆီဖက်တွယ်တော့ ပိုက်ထားတဲ့လက်တို့ဟာ ပြေလျော့ရင်း ဖက်ထားတဲ့ ဇင်ယော့်ရဲ့ လက်ပေါ်ဆီ တစ်ထပ်တည်း ထပ်ကာ ဆုပ်ကိုင်လာခဲ့သည်။

"တို့မရှိတဲ့အချိန်မှာ နေကောင်းအောင်နေ တစ်လကို နှစ်ခါလောက်တော့ တွေ့ဖြစ်အောင်တော့ တို့စီစဥ်ပါ့မယ် ဒီအတောအတွင်း တို့ကိုသာ ဖုန်းဆက်မပျက်နဲ့ "

"အင်းပါ....မလညး် ဂရုစိုက်အုန်း အလုပ်တွေချည်းဖိလုပ်မနေနဲ့
ပင်ပန်းရင် နည်းနည်းလောက်အနားယူတာပဲဖြစ်ဖြစ် မောင့်ဆီဖုန်းဆက်တာပဲ ဖြစ်ဖြစ်လုပ်နော် ဘယ်အချိန်မဆို မဖုန်းကို ကိုင်ဖို့အသင့်ပဲ "

အခုထိလှည့်မလာသေးတဲ့ မရဲ့ကျောပြင်လေးအား ပို၍ပင် ဖက်တွယ်ရင်း မရဲ့ ပုခုံးပေါ် မေးတင်ကာ ချစ်သေူနှစ်ဦးအလွမ်းပြေ စကားပြောတာ နာရီဝက်လောက်ကြာတော့ မလည်း ပြန်ရမည့်အချိန်ရှိသေးတာမို့ စကားအားမဖြတ်ချင်နဲ့ဖြတ်ကာ ဇင်ယော့်အား
ဘန်ဂလိုဆီပြန်ပို့ပေးခဲ့သည်။

ဘန်ဂလိုပြန်ရောက်တော့ ကားပေါ်ကမဆင်းခင် တစ်လျှောက်လုံးမှာတော်မူလာတဲ့ ဘယ်မိန်းကလေးကို မရောနဲ့ မကြည့်နဲ့ အထူးသဖြင်ံ့ မေနွဲ့စိုးနဲ့ ဝေးဝေးရှောင်စတဲ့ စကားတွေကို အဖန်တရာထပ်လဲလဲမှာနေတဲ့ သဝန်အရမ်းတိုတတ်တဲ့ ချစ်သူလေးအား အနမ်းတို့ဖြင့် ဖိကပ်နမ်းခဲ့ပြီး နှုတ်ပိတ်ခဲ့ရသည်။


မခွဲခင်အနမ်းမို့လားမသိ..ကြာရှည်ပြီး ရင်ခုန်ဖို့ကောင်းတာကတော့
ဇင်ယော်တစ်ယောက် အိပ်ခါနီးတောင် ပြုံးပြုံးကြီးမို့ ဝင့်လွှာရဲ့ ဂေါက်သွားပြီ လို့တောင်အပြောခံခဲ့ရသည်အထိ ဇင်ယော်တို့ရူးခဲ့ရပါသည်။

....

"မြေကတော့ အရင်ညှိမှ ရမယ်ဗျ မြေမညှိပဲနဲ့ foundation က ဘယ်လိုမှ ချလို့မရသေးဘူး "

"ဟူတ်ကဲ့ မြေညှိဖို့အတွက် မနက်ဖြန် မြေကော်ကား တွေနဲ့ အလုပ်သမားတွေရောက်မယ်လို့ မနက်က ကုမ္မဏီက ဖုန်းဆက်ထားပြီးပါပြီ ဒီက အကိုတို့ကပဲ sketch ထဲကအတိုင်း စတင်လုပ်ဆောင်ရမှာပါပဲ "

"ဟုတ်ကဲ့ပါ ဒါဆို ကျွန်တော်တို့တွေ မနက်ဖြန်ကျရင် အဖွဲ့လိုက်
ကြီးကြပ်ပြီး လုပ်ထားလိုက်ပါ့မယ် ဒီဘက်က လိုအပ်တာရှိရင်လည်း ပြောလို့ရပါတယ်ဗျ ရေရှည်လက်ဲတွဲမယ့်သူတွေဆို တော့ "

"ဒါပေါ့ဗျာ အကုိ့တို့ဘက်ကလည်း တစ်ခုခု အဆင်မပြေတာ တို့ လိုအပ်တာတို့ရှိရင် ပြောပါ ကုမ္မဏီကိုလှမ်းပြောပေးပါ့မယ် "

အင်ဂျင်နီယာခေါင်းဆောင်နဲ ခြံထဲ လမ်းလျှောက်ရင်း အလုပ်အကြောင်းဆွေးနွေးနေခြင်းဖြစ်သည်။ ဒီနေ့ကတော့ အလုပ်သမား အဖွဲ့အပ်ဖို့နဲ စီမံဖို့ဖြစ်တာကြောင့် ဇင်ယော်တို့နဲ့ မသက်ဆိုင်ပေ..မနက်ဖြန် မြေညှိပြီး foundation ချမှသာ ဘယ်နေရာမှာ ဘာလုပ်မယ် ဘာထားမယ်ဆိုတာ ကိုယ်တွေနဲ့ အင်ဂျင်နီယာတွေနဲ့ ေဆွးနွေးရုံသာ...အမှန်တော့ အင်ဂျင်နီယာတွေနဲ့ပစ်ထားလို့ရပေမယ့် အခန်းဖွဲ့စည်းပုံ ဟိုတယ်ဖွဲ့စည်းပုံ တို့ကျတော့ ဒီဇိုင်းဆွဲတဲ့ ဇင်ယော်တို့ကိုယ်တိုင် လုပ်မယ့်နည်းပြောမှသာ နည်းစနစ်ကျမှာမို့ ဇင်ယော်တို့ကိုယ်တိုင် ရှိနေရခြင်းဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ဒီနေ့ကတော့ အလုပ်မရှိတာကြောင့် မနက်စာစားပြီးတာနဲ့ မမနွေဆီသွားမယ်လို့ ဆုံးဖြတ်ထားတာကြောင့် ကလောမနက်ခင်းစျေးထဲကနေ လတ်လတ်ဆတ်ဆတ်သစ်သီးတစ်ချို့နဲ့ မုန့်ပုံးလေးဝင်ဝယ်ကာ ကလောဆေးရုံကြီးကိုလာခဲ့လိုက်သည်။

မနက်ပိုင်းဖြစ်တာကြောင့် မမနွေဟာ အလုပ်မသွားသေးဘဲနဲ့ ဆေးရုံမှာပဲ ရှိမယ်ဆိုတာ သိတာကြောင့် မမနွေအတွက်ပါ မနက်စာဝင်ဝယ်ခဲ့လိုက်သေးသည်။ ဟိုရောက်တော့ ဇင်ယော်ထင်သလိုပါပဲ..
မမနွေ သူ့သားလေးကို ပုံပြင်ပြောပြနေခြင်းဖြစ်သည်။

ဆေးရုံကြီးမို့ အခန်းသီးသန့်မရှိဘဲ Hall တွေဖြစ်ပေမယ့် လူသိပ်မရှိတာကြောင့် မမနွေတို့နေရတဲ့ Hallတွင် စုစုပေါင်း လူနာငါးယောက်ထဲသာ... ကင်ဆာသမားတွေသီးသန့်မို့ အရွယ်ကတော့ ကြီးတဲ့သူများပြီး ထိုထဲမှ သားသားလေးဟာ အငယ်ဆုံးနဲ့ ကျန်းမာရေးအဆိုးရွားဆုံးလည်း ဖြစ်သည်။

မမနွေလည်း သူ့သားလေးအတွက်စိတ်မကောင်းဖြစိပေမယ့် ဆေးဖိုးနဲ့ စားဝတ်နေရေးအတွက် အမြဲတမ်း သားဘေးမှာမရှိနိုင်တော့ သူလည်း စိတ်မကောင်း...မမနွေအလုပ်သွားလုပ်တဲ့အချိန်ဆို အရင်က မမနွေတို့အိမ်မှာ အလုပ်လုပ်ခဲ့ဖူးတဲ့ အန်တီကြီး က လာစောင့်ပေးရှာသည်။ အန်တီကြီးက အသက် ၆၀ ကျော်အရွယ်မို့ သားသားက ဖွားဖွားလို့ပင်ခေါ်ပြီး မြေးမရှိတဲ့ အန်တီကြီးမှာလည်း သူ့မြေးလေးသဖွယ်စောင့်ရှောက်ပေးရှာသည်။

မနက်ပိုင်းကျရင်တော့ မမနွေကပဲ သားသားအနားရှိပြီး အန်တီကြီးလာတဲ့အချိန်မှ အလုပ်သွားတာမို့ မမနွေကိုပဲ တွေ့ရခြင်းဖြစ်သည်။

"ဟိတ် Superman လေး နေကောင်းရဲ့လား ""

"ဦးဦး ဇင်ဇင် မေမေ ဦးဦးဇင်ဇင်လာတယ် "

ဒါနဲ့ဆို ဇင်ယော်လာတွေ့တာ လေးခါမြောက်ရှိပြီမို့ မမနွေသားလေး
နွေဦးလင်း လေးမှာလည်း ဇင်ယော့်ကို ခင်တွယ်နေရှာပြီ..
ဒါပေမယ့် ဦးဦး ဇင်ဇင်လို့ခေါ်နေတာလေးကတော့ တစ်ခုပြင်မရ..
ဘယ်လောက်ပဲ မမနွေက မမလို့ပြောင်းခေါ်ခိုင်း ပြောင်းခေါ်ခိုင်း
ဦးဦးကနေ မပြောင်းတဲ့သားလေးရဲ့ ခေါင်းမာတဲ့အကျင့်ဟာ သေချာပေါက်မမနွေဆီက အမွေရတာဖြစ်ပါလိမ့်မည်။

"အဇင်ရောက်လာပြီလား "

"ဟုတ် မမနွေ ဒီကောင်လေး မနက်စာရော စားပြီပြီလား "

"ထုံးစံအတိုင်း ပဲပေါ့ အဇင်ရယ် မမမှာ သူ့မနက်စာကျွေးရတာစစ်တိုက်နေရတဲ့အတိုင်းပဲ ခုနမှ စစ်ခင်းလို့ပြီးသွားတာ "

စားပွဲပေါ်မှာတင်ထားတဲ့ တစ်ဝက်သာကုန်သော
ပေါင်မုန့်နဲ့နွားနို့ခွက်ကလေးကိုကြည့်ချင်းအားဖြင့် အဲ့တစ်ဝက်ကုန်အောင် မမနွေမနည်းအာပေါက်မတတ်ချော့ကျွေးထားရမှန်း
လာတွေ့တာလေးခါရှိပြီဖြစ်တဲ့ ဇင်ယော်သိပါသည်။
သားသားဟာ နှစ်နှစ်လောက်ကတည်းက ဒီရောဂါကြီးဖြစ်တော့
အမြဲတမ်း ပေါင်မုန့်နဲ့ နွားနို့ကိုသာ အားပြုသောက်ရတာမို့
သူ့မှာလည်း ဒီအစားအစာကိုစိတ်ကုန်နေသည်မှာမဆန်းပေ.

"ဒီမှာမမနွေအတွက် စျေးပြင်ဘက်ခြမ်းက ရှမ်းခေါက်ဆွဲဝယ်ခဲ့တယ် "

"အားနာစရာ အဇင်ရယ် မင်းမလဲ လာတိုင်း ဒီလိုလက်ဆောင်ပစ္စည်းတွေနဲ့ နောက်ဆို ဝယ်မလာနဲ့တော့ လို့ ပြောပေါင်းလည်း
မနည်းပြီ "

"အော် မမနွေရယ် ကျွန်တော်ရောဂါဖြစ်နေတုန်း ချူချာတုန်းက ကျွန်တော်တို့ကို တစ်ဖက်တစ်လမ်းက ကူညီခဲ့တဲ့ မမနွေတို့ကျေးဇူးတွေက ကျွန်တော်တို့အပေါ်ဆပ်လို့မကုန်ပါဘူး မမနွေရယ်
ဒါတောင် အမေမသိသေးလို့ သိများသိရင် အခုချက်ချင်းတောင် လိုက်လာလောက်တယ် "

"မသိတာပဲကောင်းပါတယ်အဇင်ရယ် အန်တီသိရင်လည်း စိတ်မကောင်းဖြစ်ရတာပဲ အဖက်တင်လိမ့်မယ် "

"ဒါနဲ့ ဆရာဝန်တွေက ဘာပြောသေးလဲ "

"ဟိုနေ့က ဓာတ်မှန်အဖြေ ထွက်လာပြီ အဇင် ဦးနှောက်မှာ အကြိတ်တွေ့တယ်တဲ့ "

ပြောရင်းနဲ့ပင် မျက်ရည်ကျလာကာ သားသားရဲ့ခေါင်းလေးကို အသာအယာ ပွတ်ပေးနေတဲ့ မမနွေကြောင့် ကုတင်ပေါ်က သားသားမှာလည်း သူ့အမေကိုကြည့်ကာ မျက်နှာလေးမကောင်းရှာသလို ဇင်ယော့်မှာလည်း မျက်ရည်ပင် ဝဲမိသည်အထိ..ကိုယ့်သားသမီးမှာ ဒီလိုရောဂါကပ်ဆိုးကြီး ခံစားနေရတာ ဘယ်လောက် ခံစားရခက်လဲဆိုတာ ဇင်ယော့်မေမေ အမြဲတမ်း ကွယ်ရာမှာ ကြိတ်ငိုနေခဲ့တာကို မြင်ခဲ့ရတဲ့
ဇင်ယော်က အသိဆုံးပါ..မိဘမေတ္တာဆိုတာ တိုင်းတာလို့မရအောင်ပင် ကျယ်ပြန့်ကြီးမားတာမို့..

"ခွဲစိတ်လို့ရောမရနိုင်ဘူးလား "

"မန်းလေးနဲ့ ရန်ကုန်နှစ်ခုထဲက တစ်ခုတက်ခွဲလို့ရတယ်တဲ့
ဒါပေမယ့် အဇင်ရယ် ဒီမှာခွဲရင် အောင်မြင်နိုင်ချေက နည်းတယ်လေ အလုပ်က သူဌေးပြောတာတော့ သူ့တူတစ်ယောက်လည်း ဒီလိုဖြစ်ဖူးတယ်တဲ့ ဘန်ကောက် သွားခွဲတာ အခုလူကောင်းအတိုင်းကို ဖြစ်နေပြီတဲ့ "

"ဒါဆို မျှော်လင့်ချက်ရှိသေးတာပေါ့ မမနွေ သွားမလားဟင် "

"ဒါပေမယ့် အဇင်ရယ် ပိုက်ဆံက ထောင်ဂဏန်းလောက်"

"ဟာ..မမနွေကလည်း အဲ့တာတွေအသာထားပါ မမနွေ ကုချင်တယ်မလား ခေါင်းသာငြိမ့်လိုက် ဇင်ယော်ဖြစ်အောင်လုပ်ပေးမယ် "

မမနွေမှာ ဇင်ယော်ကို အားနာတာကလည်းတစ်ဖက် ဒါပေမယ့်လည်း သူ့သားလေး အသက်ကလည်းတစ်ဖက်ဆိုတော့ နောက်ဆုံး သားအတွက် ခေါင်းငြိမ့်ပြခဲ့လေသည်။

#အေးချမ်းညိမ်း

Zawgi

၂၆

ကုမၼဏီအစည္းအေဝးျဖစ္တာေၾကာင့္ ဟိုတယ္က meeting ခန္းကို ခဏငွားကာ အစည္းအေဝးလုပ္ေနျခင္းျဖစ္သည္။ ဟိုတယ္ဒီဇိုင္းကို ေနာက္ဆုံး ဇကာတင္အေနျဖင့္ ပူးေပါင္းသည့္ ကုမၼဏီပိုင္ရွင္ႏွစ္ေယာက္လု ံးအႀကိဳက္ကို ေ႐ြးခ်ယ္ကာ အင္ဂ်င္နီယာနဲ႕ ေဆြးႏြေးၿပီး စတင္ေဆာက္လုပ္မည့္ရက္နဲ႕ ၿပီးနိုင္မည့္ ခန္းမွန္းခ်ိန္ကို သတ္မွတ္ၿပီးေနာက္ အစည္းအေဝးကို အၿပီးသတ္လိုက္ေလသည္။

အရင္က ဆုံးျဖတ္ထားသဘ့္အတိုင္း ဒီဇိူင္းနာျဖစ္သည့္ ဇင္ေယာ္ရယ္ မေမႏြဲ႕စိုးရယ္နဲ႕ အင္ဂ်င္နီယာအဖြဲ႕က က်န္ခဲ့ရမွာျဖစ္ၿပီး ဇင္ေယာ္တို႔အတြက္ စီစဥ္ေပးထားသည့္ ဘန္ဂလိုတြင္ ဇင္ေယာ္နဲ႕ အမေမႏြဲ႕စိုးက အတူေနရမည္ျဖစ္ၿပီး အင္ဂ်င္နီယာအဖြဲ႕က တစ္အိမ္ေနရမည္ျဖစ္သည္။ ဒါက မူလက ဆုံးျဖတ္ခ်က္ျဖစ္သည္။

သို႔ေပမယ့္ အစည္းအေဝးၿပီး သိပ္မၾကာ..Mine company ၏ Ceo ဒေါ်ပိုးသဒ္ဒါမင်း ရဲ႕ဆုံးျဖတ္ခ်က္အရ ဝင့္လႊာသည္ ဇင္ေယာ္ရဲ႕ assistant အေနျဖင့္ က်န္ခဲ့ရမည္ ဆိုတဲ့ ဆုံးျဖတ္ခ်က္ထြက္ေပၚၿပီးေနာက္ ဇင္ေယာ့္အား နင့္မမ Jelly နင္တာ ငါ ပါ
ဒုကၡေရာက္ၿပီ ဆိုၿပီး ဇင္ေယာ့္ကို တပြမ္ပြမ္နဲ႕ နားၿငီးေတာ့ေလသည္။
ဘယ္သူသိမလဲ... ဇင္ေယာ္တစ္ေယာက္ သူ႕မမရဲ႕ jelly နင္ပုံေလးကို သေဘာက်လြန္းလို႔ ခဏခဏျပန္ေတြးမိရင္း လက္သည္းကိုက္ရတာအခါခါ..ဒါကို ဝင့္လႊာတို႔မ်ားသိရင္ေတာ့ ဇင္ေယာ္ေတာ့ မေတြးရဲးရာပင္..

....
"ေမာင္ အဲ့တစ္ေယာက္နား သိပ္မကပ္နဲ႕ေနာ္.. ေနာက္ၿပီး ဘယ္သြားသြား ဝင့္လႊာနဲ႕သြား "

ကေလာက ပန္းၿခံေလးရဲ႕ ေခ်ာင္ခ်တဲ့ေနရာေလးမွာ သူမေလးဟာ ကိုယ့္ရဲ႕ရင္ခြင္ထဲမွာေန၍ မွာတမ္းေခြၽတာ ဒီစကားကိုသာ ထပ္တလဲလဲမွာေနေလသည္။

"မရယ္ ေမာင္သိပါတယ္ မေမႏြဲ႕စိုးက ကူညီေပးတာပါ ေမာင္နဲ႕ ဘာအကန့္မွမရွိဘူး ေနာ္ "

"ရွိရွိ မရွိရွိ သူ႕အၾကည့္ေတြကို သေဘာမက်ပါဘူး ကူညီပါတယ္ဆိုၿပီး ရွင့္ကို ႀကံသြားမွ ဟုတ္ေပ့ျဖစ္ေနအုန္းမယ္ "

"ဟာ မကလည္း မဟူတ္ပါဘူးဆို "

"ေမာင္ေနာ္ အခုေတာ့ ေလသံမာပါၿပီေပါ့ ၿငိဳျငင္တာလား "

ဇင္ေယာ္ တကယ့္ကို ရင္ခြင္ထဲက မ်က္ေစာင္းထိုးေနတဲ့ ရစ္လုံးေလးကို မနိုင္ေတာ့ပါ..ပန္းၿခံေရာက္ကတည္းက ရစ္လိုက္တာ
ဇင္ေယာ့္မွာ အခုထိ ဝက္ပါထဲကလို ဘယ္ေလာက္သြားသြား ဒီေနရာပဲ ျပန္ေရာက္ေနသည္။ မဟူတ္မွန္ေၾကာင္း ျငင္းဆိုလိုက္တာ ေလသံေလးမဆိုသေလာက္ေျပာင္းသြားလိုက္ပါတယ္... အခုေတာ့ ၿငိဳျငင္ၿပီလားတဲ့...
ဒါေပမယ္ံလည္း သူမေလး ဘယ္ေလာက္ရစ္ရစ္ ဒီကလူရဲ႕ရင္ထဲမွာ ပု႐ြက္ဆိတ္ကိုက္သလို ယားက်ိယားက်ိနဲ႕..

"မၿငိဳျငင္ပါဘူးဗ်ာ အဲ့လိုေတြခဏခဏ သဝန္တိုရင္ ေမာင္ အသက္တိုလိမ့္မယ္သိလား "

"ဘာလို႔ "

ရင္ခြင္ထဲကေန တကယ့္ကို မသိလို႔ေမးတဲ့ မ်က္ႏွာေပးေလးဟာ
ဇင္ေယာ့္ကို ရင္ခုန္သံေတြျမန္ေစသည္။ ေမာင္လို႔စေခၚကတည္းကခြၽဲလာတဲ့ မဟာ သူခြၽဲတိုင္း နှလုံးခုန်သံတွေဂနာမငြိမ်ဲတဲ့
သူ႕ကို အေသသတ္မယ့္ပုံေပၚ၏...

"မရဲ႕အသည္းယားစရာပုံေလးေၾကာင့္ေပါ့ ေမာင့်မဟေသီလေးရဲ့ ".

ေျပာလည္းေျပာ ပိုးရဲ႕မ်က္ႏွာျပင္တစ္ခုလုံးကို အနမ္းေခြၽခ်လိဳက္တာေၾကာင့္ ဇင္ေယာ့္ရဲ႕အနမ္းေတြၾကားမွာ ပိုး တစ္ေယာက္လမ္းေပ်ာက္လို႔ အသက္ရႈသံေတြျမန္ဆန္ကာ ႏွလုံးခုန္သံေတြမွာမူမမွန္ေတာ့ေပ.....

ႏွစ္ေယာက္သား အခ်ိန္အေတာ္ၾကာ ပန္းၿခံထဲမွာ အခ်ိန္ျဖဳန္းၿပီးေနာက္ သိပ္မနီးမေဝးမွာရွိတဲ့ ဟိုတယ္ဆီ လက္ခ်င္းတြဲကာ ေျခလ်င္ေလွ်ာက္လာခဲ့ၾကရင္း ဟိုတယ္အခန္းေတြဆီမေရာက္ခင္
ဟိုတယ္ပန္းၿခံထဲ၌ပင္ လက္ခ်င္းျဖဳတ္ကာ မခြဲခ်င္မခြာခ်င္နဲ႕ ႏႈတ္ဆက္ခဲ့ရေသးသည္။

အခုခ်ိန္မွာ မ ဘက္ကေရာ သူ႕ဘက္ကပါ တစ္ျခားသူေတြကို အသိေပးဖို႔အဆင္သင့္ျဖစ္ေနေပမယ့္ ကုမၼဏီ ႏွစ္ခုပူးေပါင္းကာလုပ္ေဆာင္တဲ့အေရးျဖစ္ၿပီး ကုမၼဏီႏွစ္ခုလုံးကသူေတြေရာအပါ
ဇင္ေယာ္က မိန္းကေလးျဖစ္ေနတာမို႔တစ္ေၾကာင္း မေဘးနားမွာ ေတာက္တဲ့လိုလိုက္ကပ္ေနတဲ့ ရာဇာထြန္း ေၾကာင့္တစ္ေၾကာင္း
မို႔ မေျပာၾကေသးျခင္းျဖစ္သည္။

ပတ္ဝန္းက်င္ဆိုတာ ခ်ီးမြမ္း၇ရက္ ကဲ့ရဲ႕ ၇ရက်ပေမယ့်
သူ႕ေၾကာင့္ မကုိ တစ္ျခားသူေတြဆီမွာ အထင္ေသးမခံခ်င္...
သူ႕ကိုေျပာတာကိစၥမရွိေပမယ့္ လူေတြရဲ႕ပါးစပ္ဆိုတာ ေၾကာက္ဖို႔ေကာင္းတာေၾကာင့္ ကေလာက ကိစၥအၿပီး မႏၱေလးျပန္ေရာက္မွာသာ official တြဲဖိူ႕ မကုိ မနည္းေျပာထားရေလသည္။
အခုခ်က္ခ်င္းကို ေကာက္ကာငင္ကာ ေၾကျငာပစ္ခ်င္ေနတဲ့မက
တာစဆီးေနတဲ့ ဇင္ေယာ့္ကို တစ္ရက္က စိတ္ေကာက္သြားေသးသည္။

ဒါေပမယ့္လည္း ခ်စ္ရသူေလးကို အလုပ္ခြင္ထဲမွာ တစ္ျခားသူေတြ အရိုေသမဲ့တာမ်ိဳး မျမင္ခ်င္တဲ့ ဇင္ေယာ့္စိတ္ေၾကာင့္ မမွာလည္း ေျပာမရတဲ့အဆုံး ဇင္ေယာ့္သေဘာဆိုၿပီးလႊတ္ထားျခင္းျဖစ္သည္။

...

မေန႕က အင္ဂ်င္နီယာအဖြဲ႕နဲ႕တိုင္ပင္ၿပီး ေဆာက္လုပ္မယ့္ရက္ပါ အတိအက်သတ္မွတ္ေပးထားၿပီးၿပီမို႔ ဒီေန႕ပဲ ဇင္ေယာ္တို႔ေနရမယ့္
ဘန္ဂလိုကို ေျပာင္းေ႐ႊ႕ခဲ့ၿပီးျဖစ္သညိ။ အားလုံးေနရာခ်ၿပီးတာနဲ႕
Ceo ေတြကလည္း ျပန္ရေတာ့မွာမို႔ ဇင္ေယာ္တစ္ေယာက္
မ်က္ႏွာမေကာင္း...အခုမွ တကယ့္အတြဲလိုေလးျဖစ္သြားတဲ့
ဇင္ေယာ့္မွာ ဒီရက္ပိုင္းအတြင္းမွာပင္ မရဲ႕ ခြၽဲႏြဲ႕မႈမ်ားႏွင့္ သဝန္တိုမႈေလးေတြကို မၾကာူရမေနနိုင္ျဖစ္လာသည္အထိ ေရာဂါရင့္ေနေတာ့
ခြဲရေတာ့မယ္ဆိုတဲ့အသိက ဇင္ေယာ္ငွက္ကေလးကေန လဒေလးအျဖစ္သို႔ ကူးေျပာင္းသြားၿပီး တစ္မနက္လုံး မ်က္ႏွာမေကာင္းပဲ မှုိင်ပျပျနဲ့ပင်...

ခဏေတာ့ Ceo ေတြေရာက္လာၿပီး မွာစရာရွိတာမွာရင္း ဇင္ေယာ္ကေတာ့ ကိုယ့္ခ်စ္သူမ်က္ႏွာေလးကို အၾကည့္မပ်က္ခဲ့..
ထိုနည္းတူစြာပင္ မ မွာလည္း မနည္းဟန္ေဆာင္ကာ မ်က္ႏွာတည္ထားရၿပီး စကားေျပာရင္းဆိုသလိုပင္ ဇင္ေယာ့္ဆီခဏခဏ အၾကည့္ပို႔ရင္း မ်က္လုံးေတြမွ တစ္ဆင့္ အလြမ္းကို သ႐ုပ္ေဖာ္ေနသလို...

"ကဲ ဇင္ေယာ္ေရ ဝင့္လႊာကို စိတ္ခ်ခဲ့မယ္ေနာ္ သူက မင္းထက္ကေလးဆန္ၿပီး ဦးႏွောက္မရွိေတာ့ မင္းဆီပဲ အပ္ခဲ့မယ္.. ဝင့္လႊာ နင္လိမ္လိမ္မာမာေနေနာ္ တစ္ခုခုၾကားရလို႔ကေတာ့ နင့္ကတ္အပိတ္ပဲၾကားလား "

တစ္ဦးတည္းေသာ တူမေလးျဖစ္သည္မို႔ အလိုလည္းလိုက္ကာ
ေခ်ာ့တစ္ခါ ေခ်ာက္တစ္လွည့္မို႔ ဇသ္ေယာ့္သူေဌးမွာလည္း သူ႕တူမကို မွာတမ္းေတာ္ ေခြၽလို႔မၿပီးေတာ့....ေဘးနားက ဝင့္လႊာမကေတာ့
မ်က္ႏွာမွာဦးေလးစကားကို ေသခ်ာနားေထာင္လို႔ မ်က္ႏွာက ရႈံ႕မဲ့ေနေလၿပီ..

"ဟုတ္ကဲ့ပါ ဦးေလး ကြၽန္ေတာ္ေသခ်ာေစာင့္ေရွာက္ထားလိုက္ပါ့မယ္ သူလည္း ကိုယ့္ဖာသာ ဆုံးျဖတ္နိုင္ေနၿပီပဲ ဘာမွ ျဖစ္မွာမဟူတ္ပါဘူး "

ဒီလိုနဲ႕ သူေဌးနဲ႕ စကားေျပာရင္း သူေဌးကို ကားနားထိ လိုက္ပို႔ေပးရင္း မျပန္ေသးတဲ့ မကေတာ့ ဇင္ေယာ့္ကို ကားထဲမွ ေစာင့္ေနေလသည္။ ေတာ္ေသးတာက ဟိုေတာက္တဲ့ ရာဇာထြန္းဆိုတဲ့လူက တစ္ရက္ေစာႀကိဳျပန္သြားလို႔ အခုလို မနဲ႕ ေအးေဆးစကားေျပာခ်ိန္ရျခင္းျဖစ္သည္။ မဟုတ္လို႔ကေတာ့ အဲ့လူေၾကာင့္မနဲ႕ ႏႈတ္ဆက္စကားေတာင္ေျပာလို႔ရမယ္မထင္..

ၿခံေရွ႕က် ပစၥည္းေတြေ႐ြ႕ေျပာင္းေနတဲ့ အင္ဂ်င္နီယာအဖြဲ႕ေတြပါ ရွိတာမို႔ လူေျခတိတ္တဲ့ လမ္းၾကားေလးဘက္ကို ေမာင္းႏွင္ရင္း
ထင္းရႉးပင္ေတြတန္းစဖိေပါက္လို႔ ေႂကြက်ထားတဲ့ ထင္ရႉးသီး
အမ်ားအျပားကိုလည္း လမ္းေဘးတစ္ခ်ိဳ႕၌ေတြ႕ရသည္။
တစ္ခ်က္တစ္ခ်က္တိုက္ခတ္လာတဲ့ ေဆာင္းေလ တစ္ခ်ိဳ႕မွာ
အခ်ိဳ႕ပင္တို႔၏ ႐ြက္ဝါတို႔ေႂကြက်ရင္း လြမ္းေမာဖြယ္ေကာင္းတဲ့ ဒီလမ္းေလးမွာ မၾကာခင္ခြဲရေတာ့မယ့္ ခ်စ္သူႏွစ္ဦး၏
အလြမ္းဓာတ္တို႔ဟာလည္း ေျဖမဆည္နိုင္ေပ...

အခ်ိန္တစ္ခုၾကာသည္အထိ လမ္းေဘးအားေငးရင္း ကားကိုေက်ာ္မွိကာ လက္ပိုက္ထားတဲ့မ ေၾကာင့္ ဇင္ေယာ့္မွာလည္း ဘာေျပာလို႔ေျပာရမယ္မသိ..ေသခ်ာတာတစ္ခုကေတာ့ ဘာစကားစလိုက္
စလိုက္ ခြဲခြာခ်ိန္မို႔ လြမ္းေမာဖို႔ေကာင္းမွာပဲ...

အင္ဂ်င္နီယာေတြနဲ႕တိုင္ပင္ရင္း အေဆာက္အဦးအၾကမ္းထည္နဲ႕
ဟိုတယ္ပုံစံ အၾကမ္းထည္ရသည္အထိ ေဆာက္လုပ္တာကို ေစာင့်ကြည့်ရမှာမို့ လနဲ႕ခ်ီၾကာမည့္အေရးမွာ ေန႕တိုင္းမေတြ႕ရေတာ့မည့္
ခ်စ္ရသူ မ်က္ႏွာေလးအား အဝၾကည့္ခ်င္ေပမယ့္ မဟာ ဇင္ေယာ့္ဘက္ကိုလွည့္မလာေတာ့ ဒီကလူကပဲ မရဲ႕ေက်ာျပင္ေလးဆီဖက္တြယ္ေတာ့ ပိုက္ထားတဲ့လက္တို႔ဟာ ေျပေလ်ာ့ရင္း ဖက္ထားတဲ့ ဇင္ေယာ့္ရဲ႕ လက္ေပၚဆီ တစ္ထပ္တည္း ထပ္ကာ ဆုပ္ကိုင္လာခဲ့သည္။

"တို႔မရွိတဲ့အခ်ိန္မွာ ေနေကာင္းေအာင္ေန တစ္လကို ႏွစ္ခါေလာက္ေတာ့ ေတြ႕ျဖစ္ေအာင္ေတာ့ တို႔စီစဥ္ပါ့မယ္ ဒီအေတာအတြင္း တို႔ကိုသာ ဖုန္းဆက္မပ်က္နဲ႕ "

"အင္းပါ....မလညး္ ဂ႐ုစိုက္အုန္း အလုပ္ေတြခ်ည္းဖိလုပ္မေနနဲ႕
ပင္ပန္းရင္ နည္းနည္းေလာက္အနားယူတာပဲျဖစ္ျဖစ္ ေမာင့္ဆီဖုန္းဆက္တာပဲ ျဖစ္ျဖစ္လုပ္ေနာ္ ဘယ္အခ်ိန္မဆို မဖုန္းကို ကိုင္ဖို႔အသင့္ပဲ "

အခုထိလွည့္မလာေသးတဲ့ မရဲ႕ေက်ာျပင္ေလးအား ပို၍ပင္ ဖက္တြယ္ရင္း မရဲ႕ ပုခုံးေပၚ ေမးတင္ကာ ခ်စ္ေသူႏွစ္ဦးအလြမ္းေျပ စကားေျပာတာ နာရီဝက္ေလာက္ၾကာေတာ့ မလည္း ျပန္ရမည့္အခ်ိန္ရွိေသးတာမို႔ စကားအားမျဖတ္ခ်င္နဲ႕ျဖတ္ကာ ဇင္ေယာ့္အား
ဘန္ဂလိုဆီျပန္ပို႔ေပးခဲ့သည္။

ဘန္ဂလိုျပန္ေရာက္ေတာ့ ကားေပၚကမဆင္းခင္ တစ္ေလွ်ာက္လုံးမွာေတာ္မူလာတဲ့ ဘယ္မိန္းကေလးကို မေရာနဲ႕ မၾကည့္နဲ႕ အထူးသျဖင္ံ့ ေမႏြဲ႕စိုးနဲ႕ ေဝးေဝးေရွာင္စတဲ့ စကားေတြကို အဖန္တရာထပ္လဲလဲမွာေနတဲ့ သဝန္အရမ္းတိုတတ္တဲ့ ခ်စ္သူေလးအား အနမ္းတို႔ျဖင့္ ဖိကပ္နမ္းခဲ့ၿပီး ႏႈတ္ပိတ္ခဲ့ရသည္။


မခြဲခင္အနမ္းမို႔လားမသိ..ၾကာရွည္ၿပီး ရင္ခုန္ဖို႔ေကာင္းတာကေတာ့
ဇင္ေယာ္တစ္ေယာက္ အိပ္ခါနီးေတာင္ ၿပဳံးၿပဳံးႀကီးမို႔ ဝင့္လႊာရဲ႕ ေဂါက္သြားၿပီ လို႔ေတာင္အေျပာခံခဲ့ရသည္အထိ ဇင္ေယာ္တို႔႐ူးခဲ့ရပါသည္။

....

"ေျမကေတာ့ အရင္ညွိမွ ရမယ္ဗ် ေျမမညွိပဲနဲ႕ foundation က ဘယ္လိုမွ ခ်လိဳ႕မရေသးဘူး "

"ဟူတ္ကဲ့ ေျမညွိဖို႔အတြက္ မနက္ျဖန္ ေျမေကာ္ကား ေတြနဲ႕ အလုပ္သမားေတြေရာက္မယ္လို႔ မနက္က ကုမၼဏီက ဖုန္းဆက္ထားၿပီးပါၿပီ ဒီက အကိုတို႔ကပဲ sketch ထဲကအတိုင္း စတင္လုပ္ေဆာင္ရမွာပါပဲ "

"ဟုတ္ကဲ့ပါ ဒါဆို ကြၽန္ေတာ္တို႔ေတြ မနက္ျဖန္က်ရင္ အဖြဲ႕လိုက္
ႀကီးၾကပ္ၿပီး လုပ္ထားလိုက္ပါ့မယ္ ဒီဘက္က လိုအပ္တာရွိရင္လည္း ေျပာလို႔ရပါတယ္ဗ် ရေရှည်လက်ဲတွဲမယ့်သူတွေဆို ေတာ့ "

"ဒါေပါ့ဗ်ာ အကုိ့တို့ဘက်ကလည်း တစ္ခုခု အဆင္မေျပတာ တို႔ လိုအပ္တာတို႔ရွိရင္ ေျပာပါ ကုမၼဏီကိုလွမ္းေျပာေပးပါ့မယ္ "

အင္ဂ်င္နီယာေခါင္းေဆာင္နဲ ၿခံထဲ လမ္းေလွ်ာက္ရင္း အလုပ္အေၾကာင္းေဆြးႏြေးေနျခင္းျဖစ္သည္။ ဒီေန႕ကေတာ့ အလုပ္သမား အဖြဲ႕အပ္ဖို႔နဲ စီမံဖို႔ျဖစ္တာေၾကာင့္ ဇင္ေယာ္တို႔နဲ႕ မသက္ဆိုင္ေပ..မနက္ျဖန္ ေျမညွိၿပီး foundation ခ်မွသာ ဘယ္ေနရာမွာ ဘာလုပ္မယ္ ဘာထားမယ္ဆိုတာ ကိုယ္ေတြနဲ႕ အင္ဂ်င္နီယာေတြနဲ႕ ေဆွးနွေးရုံသာ...အမွန္ေတာ့ အင္ဂ်င္နီယာေတြနဲ႕ပစ္ထားလို႔ရေပမယ့္ အခန္းဖြဲ႕စည္းပုံ ဟိုတယ္ဖြဲ႕စည္းပုံ တို႔က်ေတာ့ ဒီဇိုင္းဆြဲတဲ့ ဇင္ေယာ္တို႔ကိုယ္တိုင္ လုပ္မယ့္နည္းေျပာမွသာ နည္းစနစ္က်မွာမို႔ ဇင္ေယာ္တို႔ကိုယ္တိုင္ ရွိေနရျခင္းျဖစ္သည္။

ဘာပဲျဖစ္ျဖစ္ ဒီေန႕ကေတာ့ အလုပ္မရွိတာေၾကာင့္ မနက္စာစားၿပီးတာနဲ႕ မမႏြေဆီသြားမယ္လို႔ ဆုံးျဖတ္ထားတာေၾကာင့္ ကေလာမနက္ခင္းေစ်းထဲကေန လတ္လတ္ဆတ္ဆတ္သစ္သီးတစ္ခ်ိဳ႕နဲ႕ မုန့္ပုံးေလးဝင္ဝယ္ကာ ကေလာေဆး႐ုံႀကီးကိုလာခဲ့လိုက္သည္။

မနက္ပိုင္းျဖစ္တာေၾကာင့္ မမႏြေဟာ အလုပ္မသြားေသးဘဲနဲ႕ ေဆး႐ုံမွာပဲ ရွိမယ္ဆိုတာ သိတာေၾကာင့္ မမႏြေအတြက္ပါ မနက္စာဝင္ဝယ္ခဲ့လိုက္ေသးသည္။ ဟိုေရာက္ေတာ့ ဇင္ေယာ္ထင္သလိုပါပဲ..
မမႏြေ သူ႕သားေလးကို ပုံျပင္ေျပာျပေနျခင္းျဖစ္သည္။

ေဆး႐ုံႀကီးမို႔ အခန္းသီးသန့္မရွိဘဲ Hall ေတြျဖစ္ေပမယ့္ လူသိပ္မရွိတာေၾကာင့္ မမႏြေတို႔ေနရတဲ့ Hallတြင္ စုစုေပါင္း လူနာငါးေယာက္ထဲသာ... ကင္ဆာသမားေတြသီးသန့္မို႔ အ႐ြယ္ကေတာ့ ႀကီးတဲ့သူမ်ားၿပီး ထိုထဲမွ သားသားေလးဟာ အငယ္ဆုံးနဲ႕ က်န္းမာေရးအဆိုး႐ြားဆုံးလည္း ျဖစ္သည္။

မမႏြေလည္း သူ႕သားေလးအတြက္စိတ္မေကာင္းျဖစိေပမယ့္ ေဆးဖိုးနဲ႕ စားဝတ္ေနေရးအတြက္ အၿမဲတမ္း သားေဘးမွာမရွိနိုင္ေတာ့ သူလည္း စိတ္မေကာင္း...မမႏြေအလုပ္သြားလုပ္တဲ့အခ်ိန္ဆို အရင္က မမႏြေတို႔အိမ္မွာ အလုပ္လုပ္ခဲ့ဖူးတဲ့ အန္တီႀကီး က လာေစာင့္ေပးရွာသည္။ အန္တီႀကီးက အသက္ ၆၀ ေက်ာ္အ႐ြယ္မို႔ သားသားက ဖြားဖြားလို႔ပင္ေခၚၿပီး ေျမးမရွိတဲ့ အန္တီႀကီးမွာလည္း သူ႕ေျမးေလးသဖြယ္ေစာင့္ေရွာက္ေပးရွာသည္။

မနက္ပိုင္းက်ရင္ေတာ့ မမႏြေကပဲ သားသားအနားရွိၿပီး အန္တီႀကီးလာတဲ့အခ်ိန္မွ အလုပ္သြားတာမို႔ မမႏြေကိုပဲ ေတြ႕ရျခင္းျဖစ္သည္။

"ဟိတ္ Superman ေလး ေနေကာင္းရဲ႕လား ""

"ဦးဦး ဇင္ဇင္ ေမေမ ဦးဦးဇင္ဇင္လာတယ္ "

ဒါနဲ႕ဆို ဇင္ေယာ္လာေတြ႕တာ ေလးခါေျမာက္ရွိၿပီမို႔ မမႏြေသားေလး
ႏြေဦးလင္း ေလးမွာလည္း ဇင္ေယာ့္ကို ခင္တြယ္ေနရွာၿပီ..
ဒါေပမယ့္ ဦးဦး ဇင္ဇင္လို႔ေခၚေနတာေလးကေတာ့ တစ္ခုျပင္မရ..
ဘယ္ေလာက္ပဲ မမႏြေက မမလို႔ေျပာင္းေခၚခိုင္း ေျပာင္းေခၚခိုင္း
ဦးဦးကေန မေျပာင္းတဲ့သားေလးရဲ႕ ေခါင္းမာတဲ့အက်င့္ဟာ ေသခ်ာေပါက္မမႏြေဆီက အေမြရတာျဖစ္ပါလိမ့္မည္။

"အဇင္ေရာက္လာၿပီလား "

"ဟုတ္ မမႏြေ ဒီေကာင္ေလး မနက္စာေရာ စားၿပီၿပီလား "

"ထုံးစံအတိုင္း ပဲေပါ့ အဇင္ရယ္ မမမွာ သူ႕မနက္စာေကြၽးရတာစစ္တိုက္ေနရတဲ့အတိုင္းပဲ ခုနမွ စစ္ခင္းလို႔ၿပီးသြားတာ "

စားပြဲေပၚမွာတင္ထားတဲ့ တစ္ဝက္သာကုန္ေသာ
ေပါင္မုန့္နဲ႕ႏြားနို႔ခြက္ကေလးကိုၾကည့္ခ်င္းအားျဖင့္ အဲ့တစ္ဝက္ကုန္ေအာင္ မမႏြေမနည္းအာေပါက္မတတ္ေခ်ာ့ေကြၽးထားရမွန္း
လာေတြ႕တာေလးခါရွိၿပီျဖစ္တဲ့ ဇင္ေယာ္သိပါသည္။
သားသားဟာ ႏွစ္ႏွစ္ေလာက္ကတည္းက ဒီေရာဂါႀကီးျဖစ္ေတာ့
အၿမဲတမ္း ေပါင္မုန့္နဲ႕ ႏြားနို႔ကိုသာ အားျပဳေသာက္ရတာမို႔
သူ႕မွာလည္း ဒီအစားအစာကိုစိတ္ကုန္ေနသည္မွာမဆန္းေပ.

"ဒီမွာမမႏြေအတြက္ ေစ်းျပင္ဘက္ျခမ္းက ရွမ္းေခါက္ဆြဲဝယ္ခဲ့တယ္ "

"အားနာစရာ အဇင္ရယ္ မင္းမလဲ လာတိုင္း ဒီလိုလက္ေဆာင္ပစၥည္းေတြနဲ႕ ေနာက္ဆို ဝယ္မလာနဲ႕ေတာ့ လို႔ ေျပာေပါင္းလည္း
မနည္းၿပီ "

"ေအာ္ မမႏြေရယ္ ကြၽန္ေတာ္ေရာဂါျဖစ္ေနတုန္း ခ်ဴခ်ာတုန္းက ကြၽန္ေတာ္တို႔ကို တစ္ဖက္တစ္လမ္းက ကူညီခဲ့တဲ့ မမႏြေတို႔ေက်းဇူးေတြက ကြၽန္ေတာ္တို႔အေပၚဆပ္လို႔မကုန္ပါဘူး မမႏြေရယ္
ဒါေတာင္ အေမမသိေသးလို႔ သိမ်ားသိရင္ အခုခ်က္ခ်င္းေတာင္ လိုက္လာေလာက္တယ္ "

"မသိတာပဲေကာင္းပါတယ္အဇင္ရယ္ အန္တီသိရင္လည္း စိတ္မေကာင္းျဖစ္ရတာပဲ အဖက္တင္လိမ့္မယ္ "

"ဒါနဲ႕ ဆရာဝန္ေတြက ဘာေျပာေသးလဲ "

"ဟိုေန႕က ဓာတ္မွန္အေျဖ ထြက္လာၿပီ အဇင္ ဦးႏွောက္မွာ အႀကိတ္ေတြ႕တယ္တဲ့ "

ေျပာရင္းနဲ႕ပင္ မ်က္ရည္က်လာကာ သားသားရဲ႕ေခါင္းေလးကို အသာအယာ ပြတ္ေပးေနတဲ့ မမႏြေေၾကာင့္ ကုတင္ေပၚက သားသားမွာလည္း သူ႕အေမကိုၾကည့္ကာ မ်က္ႏွာေလးမေကာင္းရွာသလို ဇင္ေယာ့္မွာလည္း မ်က္ရည္ပင္ ဝဲမိသည္အထိ..ကိုယ့္သားသမီးမွာ ဒီလိုေရာဂါကပ္ဆိုးႀကီး ခံစားေနရတာ ဘယ္ေလာက္ ခံစားရခက္လဲဆိုတာ ဇင္ေယာ့္ေမေမ အၿမဲတမ္း ကြယ္ရာမွာ ႀကိတ္ငိုေနခဲ့တာကို ျမင္ခဲ့ရတဲ့
ဇင္ေယာ္က အသိဆုံးပါ..မိဘေမတၱာဆိုတာ တိုင္းတာလို႔မရေအာင္ပင္ က်ယ္ျပန့္ႀကီးမားတာမို႔..

"ခြဲစိတ္လို႔ေရာမရနိုင္ဘူးလား "

"မန္းေလးနဲ႕ ရန္ကုန္ႏွစ္ခုထဲက တစ္ခုတက္ခြဲလို႔ရတယ္တဲ့
ဒါေပမယ့္ အဇင္ရယ္ ဒီမွာခြဲရင္ ေအာင္ျမင္နိုင္ေခ်က နည္းတယ္ေလ အလုပ္က သူေဌးေျပာတာေတာ့ သူ႕တူတစ္ေယာက္လည္း ဒီလိုျဖစ္ဖူးတယ္တဲ့ ဘန္ေကာက္ သြားခြဲတာ အခုလူေကာင္းအတိုင္းကို ျဖစ္ေနၿပီတဲ့ "

"ဒါဆို ေမွ်ာ္လင့္ခ်က္ရွိေသးတာေပါ့ မမႏြေ သြားမလားဟင္ "

"ဒါေပမယ့္ အဇင္ရယ္ ပိုက္ဆံက ေထာင္ဂဏန္းေလာက္"

"ဟာ..မမႏြေကလည္း အဲ့တာေတြအသာထားပါ မမႏြေ ကုခ်င္တယ္မလား ေခါင္းသာၿငိမ့္လိုက္ ဇင္ေယာ္ျဖစ္ေအာင္လုပ္ေပးမယ္ "

မမႏြေမွာ ဇင္ေယာ္ကို အားနာတာကလည္းတစ္ဖက္ ဒါေပမယ့္လည္း သူ႕သားေလး အသက္ကလည္းတစ္ဖက္ဆိုေတာ့ ေနာက္ဆုံး သားအတြက္ ေခါင္းၿငိမ့္ျပခဲ့ေလသည္။

#ေအးခ်မ္းညိမ္း

Continue lendo

Você também vai gostar

268K 7.2K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
262K 41.6K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
350K 8.7K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
2.5M 157K 100
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...