တစ်နာရီတစ်သိန်း အစားထိုးချစ်သူ

By Anaisa365

349K 43.5K 541

Title - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDI... More

↪ဇာတ်လမ်းမိတ်ဆက်↩
အခန်း၁
အခန်း၂
အခန်း၃
အခန်း၄
အခန်း၅
အခန်း၆
အခန်း၇
အခန်း၈
အခန်း၉
အခန်း၁၀
အခန်း၁၁
အခန်း၁၂
အခန်း၁၃
အခန်း၁၄
အခန်း၁၅
အခန်း၁၆
အခန်း၁၇
အခန်း၁၈
အခန်း၁၉
အခန်း၂၀
အခန်း၂၁
အခန်း၂၂
အခန်း၂၃
အခန်း၂၄
အခန်း၂၅
အခန်း၂၆
အခန်း၂၇
အခန်း၂၈
အခန်း၂၉
အခန်း၃၀
အခန်း၃၁
အခန်း၃၂
အခန်း၃၃
အခန်း၃၄
အခန်း၃၅
အခန်း၃၆
အခန်း၃၇
အခန်း၃၈
အခန်း၃၉
အခန်း၄၀
အခန်း၄၁
အခန်း၄၂
အခန်း၄၃
အခန်း၄၄
အခန်း၄၅
အခန်း၄၆
အခန်း၄၇
အခန်း၄၈
အခန်း၄၉
အခန်း၅၀
အခန်း၅၁
အခန်း၅၂
အခန်း၅၃
အခန်း၅၄
အခန်း၅၅
အခန်း၅၆
အခန်း၅၇
အခန်း၅၈
အခန်း၅၉
အခန်း၆၀
အခန်း၆၁
အခန်း၆၂
အခန်း၆၃
အခန်း၆၄
အခန်း၆၅
အခန်း၆၆
အခန်း၆၇
အခန်း၆၈
အခန်း၆၉
အခန်း၇၀
အခန်း၇၁
အခန်း၇၂
အခန်း၇၃
အခန်း၇၄
အခန်း၇၅
အခန်း၇၆
အခန်း၇၇
အခန်း၇၈
အခန်း၇၉
အခန်း၈၀
အခန်း၈၁
အခန်း၈၂
အခန်း၈၃
အခန်း၈၄
အခန်း၈၅
အခန်း၈၆
အခန်း၈၇
အခန်း၈၈
အခန်း၈၉
အခန်း၉၀
အခန်း၉၁
အခန်း၉၂
အခန်း၉၃
အခန်း၉၄
အခန်း၉၅
အခန်း၉၆
အခန်း၉၇
အခန်း၉၈
အခန်း၉၉
အခန်း၁၀၀
အခန်း၁၀၁
အခန်း၁၀၂
အခန်း၁၀၃
အခန်း၁၀၄
အခန်း၁၀၅
အခန်း၁၀၆
အခန်း၁၀၇
အခန်း၁၀၈
အခန်း၁၀၉
အခန်း၁၁၀
အခန်း၁၁၁
အခန်း၁၁၂
အခန်း၁၁၃
အခန်း၁၁၄
အခန်း၁၁၅
အခန်း၁၁၆
အခန်း၁၁၇
အခန်း၁၁၈
အခန်း၁၁၉
အခန်း၁၂၀
အခန်း၁၂၁
အခန်း၁၂၂
အခန်း၁၂၃
အခန်း၁၂၄
အခန်း၁၂၅
အခန်း၁၂၆
အခန်း၁၂၇
အခန်း၁၂၈
အခန်း၁၂၉
အခန်း၁၃၀
အခန်း၁၃၁
အခန်း၁၃၂
အခန်း၁၃၃
အခန်း၁၃၄
အခန်း၁၃၅
အခန်း၁၃၆
အခန်း၁၃၇
အခန်း၁၃၈
အခန်း၁၃၉
အခန်း၁၄၀
အခန်း၁၄၁
အခန်း၁၄၂
အခန်း၁၄၃
အခန်း၁၄၄
အခန်း၁၄၅
အခန်း၁၄၆
အခန်း၁၄၇
အခန်း၁၄၈
အခန်း၁၄၉
အခန်း၁၅၀
အခန်း၁၅၁
အခန်း၁၅၂
အခန်း၁၅၃
အခန်း၁၅၄
အခန်း၁၅၅
အခန်း၁၅၆
အခန်း၁၅၇
အခန်း၁၅၈
အခန်း၁၅၉
အခန်း၁၆၀
အခန်း၁၆၁
အခန်း၁၆၂
အခန်း၁၆၃
အခန်း၁၆၄
အခန်း၁၆၅
အခန်း၁၆၆
အခန်း၁၆၇
အခန်း၁၆၈
အခန်း၁၆၉
အခန်း၁၇၀
အခန်း၁၇၁
အခန်း၁၇၂
အခန်း၁၇၃
အခန်း၁၇၄
အခန်း၁၇၅
အခန်း၁၇၆
အခန်း၁၇၇
အခန်း၁၇၈
အခန်း၁၇၉
အခန်း၁၈၀
အခန်း၁၈၁
အခန်း၁၈၂
အခန်း၁၈၃
အခန်း၁၈၄
အခန်း၁၈၅
အခန်း၁၈၆
အခန်း၁၈၇
အခန်း၁၈၈
အခန်း၁၈၉
အခန်း၁၉၀
အခန်း၁၉၁
အခန်း၁၉၂
အခန်း၁၉၃
အခန်း၁၉၅
အခန်း၁၉၆
အခန်း၁၉၇
အခန်း၁၉၈
Announcement!!

အခန်း၁၉၄

627 102 0
By Anaisa365

စုန့်ရှီးယွီဟာ သူ့မိဘတွေ၏ သူငယ်ချင်းရဲ့သား၏ မင်္ဂလာပွဲကို တက်ရောက်ခဲ့ပါသည်။

အသက်မွေးဝမ်းကြောင်းဖြစ်စေ၊ ရုပ်ရည်ဖြစ်စေ စုန့်ရှီးယွီသည် 'အခြားသူများ၏​လိုချင်​သောကလေး' နေရာတွင်ရှိတတ်သော်လည်း ဒီပွဲတွင်တော့ ရှုထောင့်တစ်ခုကြောင့် အခြားသူများထက် နိမ့်ကျသလိုခံစားနေရသည်။

သူသည် အိမ်ထောင်မရှိသလို ရည်းစားလည်းမရှိသေးပါဘူး။

မင်္ဂလာပွဲများသည် အချင်းချင်းချိတ်ဆက်နိုင်သည့် ပွဲအမျိုးအစားတစ်ခုထဲတွင် အပါအဝင်ဖြစ်သည်။ အနည်းငယ်သောက်ပြီးနောက် ဧည့်သည်များသည် တစ်ယောက်နှင့်တစ်ယောက် စကားစမြည်ပြောရန် အခန်းတွင်း လှည့်ပတ်သွားလာကြသည်။ စုန့်ရှီးယွီက လူ​ကြီးအချို့ကို သွားနှုတ်ဆက်ကာ စကားများပြောခဲ့သည်။ ထို့ကြောင့် သိပ်မကြာခင်မှာပဲ ရီဝေဝေဖြစ်လာတော့သည်။

သူသည် အရက်အလွန်အကျွံသောက်တတ်သူမဟုတ်ပေ။ သူ့အဖေက အရက်မသောက်သလို သူ့အမေကလည်း ဝိုင်နီကိုသာ သောက်တတ်သည်။ ထိုသို့သောမျိုးရိုးဗီဇများကြောင့် သူသည် အရက်ကိုခံနိုင်ရည်ရှိအောင် ဘယ်လောက်ပဲ လေ့ကျင့်ပါစေ၊ ပျမ်းမျှအဆင့်သာ ရှိခဲ့သည်။

ပိုဆိုးတာက ဒီမင်္ဂလာပွဲမှာ ဧည့်ခံတဲ့ အရက်က အယ်ကိုဟောနှုန်းမြင့်သော Five Lakeဝိုင်ဖြူပဲဖြစ်သည်။

ခွက်အနည်းငယ်သာ သောက်ရသေးသော်လည်း သူ့မျက်နှာနီရဲလာပြီး ခေါင်းသည်ချာချာလည်နေပြီဖြစ်သည်။

မစ္စစ်စုန့်က စိတ်လှုပ်ရှားစွာဖြင့် "သား မျက်နှာ ဘာလို့နီနေတာလဲ။ ခုနက ကောင်မလေးကို စိတ်ဝင်စားလို့လား"

စုန့်ရှီးယွီသည် အရက်မူးနေတာကြောင့် သူမကို ကောင်းစွာမကြားနိုင်ချင်ယောင်ဆောင်ကာ လက်ကိုဝှေ့ယမ်းလိုက်သည်။

ဤအခွင့်အရေးကို အသုံးပြုကာ မစ္စစ်စုန့်သည် စုန့်ရှီးယွီနှင့် သက်တူရွယ်တူအချို့ကို ခေါ်လိုက်သည်။ သူမသည် သူတို့ကို လူငယ်များစုဝေး​နေရာ စားပွဲကို ဆွဲ​ခေါ်သွားရန် ပြောခဲ့သည်။

စုန့်ရှီးယွီက နှစ်ဖက်စလုံးက အတူတူလောက် ဆိုးရွားသည်ဟု ထင်သော်လည်း အိမ်ထောင်ပြုခိုင်းသည့် ဖိအားကိုမခံစားရမည့် နေရာသို့ သွားရန် ဆုံးဖြတ်ခဲ့ပါတယ်။ သူသည် သက်တူရွယ်တူများကြားတွင် အနည်းငယ်လွှမ်းမိုးနိုင်တာကြောင့် သူတို့ဆီမှ ဖိအားများစွာကို ကြုံတွေ့ရမည်မဟုတ်ပေ။

ဒါကြောင့် သူ့ဝမ်းကွဲတွေက လူကြီးတွေရဲ့ အနားမှ သူ့ကိုဆွဲခေါ်သွားကြသည်။ စားပွဲအနည်းငယ်လောက်ကွာဝေးလာချိန် သူတို့ထဲမှ တစ်ယောက်က တိုးတိုးလေး "စုန့်ရှီးယွီက တကယ်​​ကြီးမူးနေတာလား။ ငါသူ့ကို စချင်သေးတယ်..."

စုန့်ရှီးယွီသည် ထိုလူ၏ပခုံးပေါ်မှ လက်ကို ပြန်ရုတ်လိုက်ပြီး ကျက်သရေရှိသော အပြုံးတစ်ခုကို ထုတ်ပြလိုက်သည်။

ဝမ်းကွဲများသည် တစ်ယောက်ကို တစ်ယောက် ကြည့်ပြီးနောက် ရယ်ကြတော့သည်။ အရက်၏လွှမ်းမိုးမှုအောက်တွင်ရှိနေသော သူတို့သည် သက်တူရွယ်တူများစုဝေးနေသော စားပွဲသို့ စုန့်ရှီးယွီကို ရဲဝံ့စွာတွန်းပို့လိုက်ကြသည်။

ဒီလူအုပ်သည် စိတ်ထဲတွင် ပျင်းရိ​နေသော်လည်း မိဘများ၏ ခွင့်ပြုချက်မရှိတာကြောင့် မင်္ဂလာပွဲမှ မထွက်ခွာနိုင်ဖြစ်နေသော သူများအုပ်စုဖြစ်သည်။ ထို့ကြောင့် သူတို့သည် 'Truth and Dare' ဂိမ်းဖြင့် ပျော်ရန် ဆုံးဖြတ်ခဲ့ကြသည်။

အနည်းငယ်မူးနေသော စုန့်ရှီးယွီသည် ထိုင်ခုံတစ်ခုထဲသို့ တွန်းပို့ခံလိုက်ရသည်။

တစ်ယောက်က "ငါ စုန့်ရှီးယွီကို ခေါ်လာခဲ့ပြီ။ ပွဲသစ်စကြရအောင်!"

စုန့်ရှီးယွီ : "..."

သူ့ဘေးနားမှ လူတစ်ယောက်က စည်းကမ်းချက်တွေကို အမြန်ရှင်းပြသည် "ပြာခွက်ထဲမှာ အန်စာတုံးအခု​လေးဆယ်ရှိတယ်။ အန်စာတုံးတစ်ခုကို အရင်ရွေးပြီး ပြာခွက်ကိုခေါက်လိုက်။ ဖွင့်လိုက်လို့ အံစာဆုံးတွေထဲ မင်းရွေးလိုက်တဲ့နံပါတ် ပါလာရင် ပါလာတဲ့အန်စာတွေအကုန်လုံးထုတ်ပြီး ပါမလာခဲ့ရင် 'Truth or Dare' ရွေးရမှာ။"

စည်းမျဥ်းများကို မြန်မြန်ဆန်ဆန် ပြောပြပြီးနောက်၊ ထိုကောင်လေးသည် ညစ်ကာ စုန့်ရှီးယွီဘေးရှိလူကို ပြာခွက်ကိုပေးလိုက်သည်။

စားပွဲပေါ်တွင် လူဆယ့်ခြောက်ယောက် ထိုင်နေပြီး နောက်ရောက်သောသူများသည် အပြစ်ပေးခံရရန် အခွင့်အလမ်းပိုများသည်။ ကောင်လေးက သူ့ကို အပြစ်ခံရနိုင်ချေများအောင် နောက်ဆုံးဖြစ်စေရန် ​လုပ်နေတာဖြစ်သည်။

စုန့်ရှီးယွီက သူ့နက်ကတိုင်ကို ဖြည်လိုက်ပြီး နူးညံ့သော အပြုံးဖြင့် "ငါအရင်လုပ်မယ်။ ဒါငါပထမဆုံးအကြိမ်ဆော့ဖူးတာဆိုတော့ တစ်ခုခုမှားရင် ချက်ချင်းပြင်ပေးလို့ရတယ်။"

ပြာခွက်ကို မလှုပ်မီ သူသည် နံပါတ် '၃'ကို ရွေးခဲ့သည်။ အန်စာတုံးအခုလေးဆယ်တွင် '၃'ကျနေသော အံစာမှာ ရှစ်ခုတောင်ရှိသည်။ ထိုအန်စာတုံးရှစ်လုံးကို ထုတ်ယူပြီး နောက်လူကို ပြာခွက်ကို လက်ဆင့်ကမ်းလိုက်သည်

"ဒီလိုဆော့ရတာ ဟုတ်တယ်မလား" သူကမေးသည်။

တခြားသူတွေက တွန့်ဆုတ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် ဂိမ်းကိုဆက်ကြသည်။

တစ်ခါတရံမှာ ဉာဏ်ထက်မြက်​သောသူတောင်မှ ကံဆိုးမိုးမှောင်ကျတာကို မကျော်လွှားနိုင်ပါဘူး။ စုန့်ရှီးယွီအား စည်းမျဉ်းများကို ရှင်းပြပေးသူ အပါအဝင် သေဆုံးခြင်းနတ်ဘုရား၏စမ်းသပ်မှုကို အခြားကစားသမား၁၅ ဦးလုံးက ဘေးကင်းစွာ ကျော်ဖြတ်နိုင်ခဲ့​ကြသည်။

"ကံတရားရဲ့နတ်သမီး​လေးက ငါ့ကိုမျက်နှာသာပေးနေတာပဲ!" ကောင်လေးက စိတ်သက်သာရာရစွာ အော်လိုက်သည်။

သူသည် စုန့်ရှီးယွီဆီသို့ ပျော်ရွှင်စွာ ပြာခွက်ကို မကမ်းမီ ကျန်ရှိသည့် အန်စာတုံးနှစ်ခုထဲမှ '၆'ဟုပေါ်နေသော တစ်ခုကို ထုတ်ယူခဲ့သည်။

စုန့်ရှီးယွီသည် ပြာခွက်တွင် ကျန်ခဲ့သော တစ်ခုတည်းသောအန်စာတုံးကို ကြည့်လိုက်သည်။

အခွင့်အရေးက ခြောက်ပုံပုံ တစ်ပုံပဲရှိတယ်။

"၁" စုန့်ရှီးယွီက ပြောလိုက်ပြီးနောက် ပြာခွက်ကို သူ၏ လှပသောလက်ကောက်ဝတ်ဖြင့် လှုပ်ယမ်းကာ ချလိုက်သည်။

စပ်စုချင်နေသော ပရိသတ်တစ်ဦးသည် လည်ပင်းကို ဆွဲဆန့်ကာ "၂ကျတယ်ဟေ့!" ဟု အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။

စိတ်လှုပ်ရှားမှု လှိုင်းလုံးကြီးက စားပွဲပေါ်သို့ ပြန့်ကျဲလာသည်။

"Truth of Dare"

"Dareကျမှ​​​ဖြစ်မယ်။ ပြောမရဘူး၊ သူTruthရွေးပြီး လိမ်ချင်လိမ်နေမှာ။"

တစ်စုံတစ်ယောက်သည် စုန့်ရှီးယွီဆီသို့ ပြစ်ဒဏ်ကတ်များကို တွန်းပို့လိုက်ပြီး "တစ်ခုရွေး!"

"တစ်ခုရွေး! တစ်ခုရွေး!" လူအုပ်ကြီးက စပြီးအော်ဟစ်လာတယ်။

စုန့်ရှီးယွီသည် ဤမျှများစွာသောလူများရှေ့တွင် အရှုံးသမားပုံစံ မဖြစ်ချင်ပေ။ ဒီဖြတ်သန်းနေတဲ့ အခိုက်အတန့်တိုင်းတွင် သူ့ခေါင်းက ပိုပိုလေးလာနေပါသည်။ သူသည် သူ၏လေးလံသောခေါင်းကို လက်ဖြင့်ထောက်ကာ ကတ်ပြားတစ်ချပ်ကို ယူလိုက်သည်။ သူသည် ကျဉ်းမြောင်းသော မျက်လုံးများဖြင့် စာကိုဖတ်လိုက်သည်။

"ဝိုး၊ ကိုယ်ကြိုက်တဲ့သူကို ဖုန်းခေါ်ပြီး ဖွင့်ပြောရမယ်တဲ့။ ဟင်း...ပျော်စရာလည်းမကောင်းဘူး။ သူကြိုက်နေတဲ့လူကို ငါတို့အားလုံးသိပြီးသားကြီးကို။"

"ဘယ်လိုပဲဖြစ်ဖြစ် ဖုန်းဆက်ရမယ်။ ဒါက စည်းကမ်းပဲ!"

"ဖုန်းခေါ်ပါ ဖုန်းခေါ်ပါ! မခေါ်ရင် မင်းကယောက်ျားမဟုတ်ဘူးပဲ!"

စုန့်ရှီးယွီ၏ဖုန်းကို ထုတ်လာ​စေရန် လူအုပ်က အတင်းအကြပ် တွန်းအားပေးခဲ့သည်။ သူသည် သူ၏အဆက်အသွယ်စာရင်းထဲမှ 'J'ကို နှိပ်လိုက်သည်။ မဆိုင်းမတွဘဲ နာမည်တစ်ခုကို နှိပ်ကာ ဖုန်းခေါ်လိုက်တယ်။

သူ့ဘေးကလူတစ်ယောက်က ချက်ချင်းပဲ "လူမှားခေါ်မိသွားပြီ။ ကျီရှင်းရှင်းရဲ့ နာမည်က အဲ့အောက်ကတစ်ခုလေ။"

ထိုစကားများသည် စုန့်ရှီးယွီကို ရီဝေနေရာမှ နိုးထလာစေခဲ့သည်။ တစ်ဖက်ကလူက သူ့ဖုန်းကို ချလိုက်မှသာ သူဘက်မှလည်း အမြန်ဖုန်းချလိုက်သည်။

"အဲဒါကို ထည့်မတွက်ဘူးနော်၊ ထပ်လုပ်ရမယ်။ အစ်ကိုစုန့်က လူမှား​ခေါ်မိ​သွားတာ ဟုတ်တယ်မလား?"

စုန့်ရှီးယွီသည် ခဏလောက် မျက်လွှာချကာ တွေဝေနေပြီးမှ ကျီဖန်ယင်း၏ နာမည်ကို နှိပ်လိုက်သည်။

_______

Zawgyi

စုန့္ရွီးယြီဟာ သူ႔မိဘေတြ၏ သူငယ္ခ်င္းရဲ့သား၏ မဂၤလာပြဲကို တက္ေရာက္ခဲ့ပါသည္။

အသက္ေမြးဝမ္းေၾကာင္းျဖစ္ေစ၊ ႐ုပ္ရည္ျဖစ္ေစ စုန့္ရွီးယြီသည္ 'အျခားသူမ်ား၏​လိုခ်င္​ေသာကေလး' ေနရာတြင္ရွိတတ္ေသာ္လည္း ဒီပြဲတြင္ေတာ့ ရွုေထာင့္တစ္ခုေၾကာင့္ အျခားသူမ်ားထက္ နိမ့္က်သလိုခံစားေနရသည္။

သူသည္ အိမ္ေထာင္မရွိသလို ရည္းစားလည္းမရွိေသးပါဘူး။

မဂၤလာပြဲမ်ားသည္ အခ်င္းခ်င္းခ်ိတ္ဆက္နိုင္သည့္ ပြဲအမ်ိဳးအစားတစ္ခုထဲတြင္ အပါအဝင္ျဖစ္သည္။ အနည္းငယ္ေသာက္ၿပီးေနာက္ ဧည့္သည္မ်ားသည္ တစ္ေယာက္ႏွင့္တစ္ေယာက္ စကားစျမည္ေျပာရန္ အခန္းတြင္း လွည့္ပတ္သြားလာၾကသည္။ စုန့္ရွီးယြီက လူ​ႀကီးအခ်ိဳ႕ကို သြားႏွုတ္ဆက္ကာ စကားမ်ားေျပာခဲ့သည္။ ထို႔ေၾကာင့္ သိပ္မၾကာခင္မွာပဲ ရီေဝေဝျဖစ္လာေတာ့သည္။

သူသည္ အရက္အလြန္အကၽြံေသာက္တတ္သူမဟုတ္ေပ။ သူ႔အေဖက အရက္မေသာက္သလို သူ႔အေမကလည္း ဝိုင္နီကိုသာ ေသာက္တတ္သည္။ ထိုသို႔ေသာမ်ိဳးရိုးဗီဇမ်ားေၾကာင့္ သူသည္ အရက္ကိုခံနိုင္ရည္ရွိေအာင္ ဘယ္ေလာက္ပဲ ေလ့က်င့္ပါေစ၊ ပ်မ္းမၽွအဆင့္သာ ရွိခဲ့သည္။

ပိုဆိုးတာက ဒီမဂၤလာပြဲမွာ ဧည့္ခံတဲ့ အရက္က အယ္ကိုေဟာႏွုန္းျမင့္ေသာ Five Lakeဝိုင္ျဖဴပဲျဖစ္သည္။

ခြက္အနည္းငယ္သာ ေသာက္ရေသးေသာ္လည္း သူ႔မ်က္ႏွာနီရဲလာၿပီး ေခါင္းသည္ခ်ာခ်ာလည္ေနၿပီျဖစ္သည္။

မစၥစ္စုန့္က စိတ္လွုပ္ရွားစြာျဖင့္ "သား မ်က္ႏွာ ဘာလို႔နီေနတာလဲ။ ခုနက ေကာင္မေလးကို စိတ္ဝင္စားလို႔လား"

စုန့္ရွီးယြီသည္ အရက္မူးေနတာေၾကာင့္ သူမကို ေကာင္းစြာမၾကားနိုင္ခ်င္ေယာင္ေဆာင္ကာ လက္ကိုေဝွ႕ယမ္းလိုက္သည္။

ဤအခြင့္အေရးကို အသုံးျပဳကာ မစၥစ္စုန့္သည္ စုန့္ရွီးယြီႏွင့္ သက္တူရြယ္တူအခ်ိဳ႕ကို ေခၚလိုက္သည္။ သူမသည္ သူတို႔ကို လူငယ္မ်ားစုေဝး​ေနရာ စားပြဲကို ဆြဲ​ေခၚသြားရန္ ေျပာခဲ့သည္။

စုန့္ရွီးယြီက ႏွစ္ဖက္စလုံးက အတူတူေလာက္ ဆိုးရြားသည္ဟု ထင္ေသာ္လည္း အိမ္ေထာင္ျပဳခိုင္းသည့္ ဖိအားကိုမခံစားရမည့္ ေနရာသို႔ သြားရန္ ဆုံးျဖတ္ခဲ့ပါတယ္။ သူသည္ သက္တူရြယ္တူမ်ားၾကားတြင္ အနည္းငယ္လႊမ္းမိုးနိုင္တာေၾကာင့္ သူတို႔ဆီမွ ဖိအားမ်ားစြာကို ၾကဳံေတြ႕ရမည္မဟုတ္ေပ။

ဒါေၾကာင့္ သူ႔ဝမ္းကြဲေတြက လူႀကီးေတြရဲ့ အနားမွ သူ႔ကိုဆြဲေခၚသြားၾကသည္။ စားပြဲအနည္းငယ္ေလာက္ကြာေဝးလာခ်ိန္ သူတို႔ထဲမွ တစ္ေယာက္က တိုးတိုးေလး "စုန့္ရွီးယြီက တကယ္​​ႀကီးမူးေနတာလား။ ငါသူ႔ကို စခ်င္ေသးတယ္..."

စုန့္ရွီးယြီသည္ ထိုလူ၏ပခုံးေပၚမွ လက္ကို ျပန္႐ုတ္လိုက္ၿပီး က်က္သေရရွိေသာ အျပဳံးတစ္ခုကို ထုတ္ျပလိုက္သည္။

ဝမ္းကြဲမ်ားသည္ တစ္ေယာက္ကို တစ္ေယာက္ ၾကည့္ၿပီးေနာက္ ရယ္ၾကေတာ့သည္။ အရက္၏လႊမ္းမိုးမွုေအာက္တြင္ရွိေနေသာ သူတို႔သည္ သက္တူရြယ္တူမ်ားစုေဝးေနေသာ စားပြဲသို႔ စုန့္ရွီးယြီကို ရဲဝံ့စြာတြန္းပို႔လိုက္ၾကသည္။

ဒီလူအုပ္သည္ စိတ္ထဲတြင္ ပ်င္းရိ​ေနေသာ္လည္း မိဘမ်ား၏ ခြင့္ျပဳခ်က္မရွိတာေၾကာင့္ မဂၤလာပြဲမွ မထြက္ခြာနိုင္ျဖစ္ေနေသာ သူမ်ားအုပ္စုျဖစ္သည္။ ထို႔ေၾကာင့္ သူတို႔သည္ 'Truth and Dare' ဂိမ္းျဖင့္ ေပ်ာ္ရန္ ဆုံးျဖတ္ခဲ့ၾကသည္။

အနည္းငယ္မူးေနေသာ စုန့္ရွီးယြီသည္ ထိုင္ခုံတစ္ခုထဲသို႔ တြန္းပို႔ခံလိုက္ရသည္။

တစ္ေယာက္က "ငါ စုန့္ရွီးယြီကို ေခၚလာခဲ့ၿပီ။ ပြဲသစ္စၾကရေအာင္!"

စုန့္ရွီးယြီ : "..."

သူ႔ေဘးနားမွ လူတစ္ေယာက္က စည္းကမ္းခ်က္ေတြကို အျမန္ရွင္းျပသည္ "ျပာခြက္ထဲမွာ အန္စာတုံးအခု​ေလးဆယ္ရွိတယ္။ အန္စာတုံးတစ္ခုကို အရင္ေရြးၿပီး ျပာခြက္ကိုေခါက္လိုက္။ ဖြင့္လိုက္လို႔ အံစာဆုံးေတြထဲ မင္းေရြးလိုက္တဲ့နံပါတ္ ပါလာရင္ ပါလာတဲ့အန္စာေတြအကုန္လုံးထုတ္ၿပီး ပါမလာခဲ့ရင္ 'Truth or Dare' ေရြးရမွာ။"

စည္းမ်ဥ္းမ်ားကို ျမန္ျမန္ဆန္ဆန္ ေျပာျပၿပီးေနာက္၊ ထိုေကာင္ေလးသည္ ညစ္ကာ စုန့္ရွီးယြီေဘးရွိလူကို ျပာခြက္ကိုေပးလိုက္သည္။

စားပြဲေပၚတြင္ လူဆယ့္ေျခာက္ေယာက္ ထိုင္ေနၿပီး ေနာက္ေရာက္ေသာသူမ်ားသည္ အျပစ္ေပးခံရရန္ အခြင့္အလမ္းပိုမ်ားသည္။ ေကာင္ေလးက သူ႔ကို အျပစ္ခံရနိုင္ေခ်မ်ားေအာင္ ေနာက္ဆုံးျဖစ္ေစရန္ ​လုပ္ေနတာျဖစ္သည္။

စုန့္ရွီးယြီက သူ႔နက္ကတိုင္ကို ျဖည္လိုက္ၿပီး ႏူးညံ့ေသာ အျပဳံးျဖင့္ "ငါအရင္လုပ္မယ္။ ဒါငါပထမဆုံးအႀကိမ္ေဆာ့ဖူးတာဆိုေတာ့ တစ္ခုခုမွားရင္ ခ်က္ခ်င္းျပင္ေပးလို႔ရတယ္။"

ျပာခြက္ကို မလွုပ္မီ သူသည္ နံပါတ္ '၃'ကို ေရြးခဲ့သည္။ အန္စာတုံးအခုေလးဆယ္တြင္ '၃'က်ေနေသာ အံစာမွာ ရွစ္ခုေတာင္ရွိသည္။ ထိုအန္စာတုံးရွစ္လုံးကို ထုတ္ယူၿပီး ေနာက္လူကို ျပာခြက္ကို လက္ဆင့္ကမ္းလိုက္သည္

"ဒီလိုေဆာ့ရတာ ဟုတ္တယ္မလား" သူကေမးသည္။

တျခားသူေတြက တြန့္ဆုတ္စြာ ေခါင္းညိတ္လိုက္ၿပီးေနာက္ ဂိမ္းကိုဆက္ၾကသည္။

တစ္ခါတရံမွာ ဉာဏ္ထက္ျမက္​ေသာသူေတာင္မွ ကံဆိုးမိုးေမွာင္က်တာကို မေက်ာ္လႊားနိုင္ပါဘူး။ စုန့္ရွီးယြီအား စည္းမ်ဥ္းမ်ားကို ရွင္းျပေပးသူ အပါအဝင္ ေသဆုံးျခင္းနတ္ဘုရား၏စမ္းသပ္မွုကို အျခားကစားသမား၁၅ ဦးလုံးက ေဘးကင္းစြာ ေက်ာ္ျဖတ္နိုင္ခဲ့​ၾကသည္။

"ကံတရားရဲ့နတ္သမီး​ေလးက ငါ့ကိုမ်က္ႏွာသာေပးေနတာပဲ!" ေကာင္ေလးက စိတ္သက္သာရာရစြာ ေအာ္လိုက္သည္။

သူသည္ စုန့္ရွီးယြီဆီသို႔ ေပ်ာ္ရႊင္စြာ ျပာခြက္ကို မကမ္းမီ က်န္ရွိသည့္ အန္စာတုံးႏွစ္ခုထဲမွ '၆'ဟုေပၚေနေသာ တစ္ခုကို ထုတ္ယူခဲ့သည္။

စုန့္ရွီးယြီသည္ ျပာခြက္တြင္ က်န္ခဲ့ေသာ တစ္ခုတည္းေသာအန္စာတုံးကို ၾကည့္လိုက္သည္။

အခြင့္အေရးက ေျခာက္ပုံပုံ တစ္ပုံပဲရွိတယ္။

"၁" စုန့္ရွီးယြီက ေျပာလိုက္ၿပီးေနာက္ ျပာခြက္ကို သူ၏ လွပေသာလက္ေကာက္ဝတ္ျဖင့္ လွုပ္ယမ္းကာ ခ်လိုက္သည္။

စပ္စုခ်င္ေနေသာ ပရိသတ္တစ္ဦးသည္ လည္ပင္းကို ဆြဲဆန႔္ကာ "၂က်တယ္ေဟ့!" ဟု အသံက်ယ္က်ယ္ျဖင့္ ေအာ္လိုက္သည္။

စိတ္လွုပ္ရွားမွု လွိုင္းလုံးႀကီးက စားပြဲေပၚသို႔ ျပန႔္က်ဲလာသည္။

"Truth of Dare"

"Dareက်မွ​​​ျဖစ္မယ္။ ေျပာမရဘူး၊ သူTruthေရြးၿပီး လိမ္ခ်င္လိမ္ေနမွာ။"

တစ္စုံတစ္ေယာက္သည္ စုန့္ရွီးယြီဆီသို႔ ျပစ္ဒဏ္ကတ္မ်ားကို တြန္းပို႔လိုက္ၿပီး "တစ္ခုေရြး!"

"တစ္ခုေရြး! တစ္ခုေရြး!" လူအုပ္ႀကီးက စၿပီးေအာ္ဟစ္လာတယ္။

စုန့္ရွီးယြီသည္ ဤမၽွမ်ားစြာေသာလူမ်ားေရွ႕တြင္ အရွုံးသမားပုံစံ မျဖစ္ခ်င္ေပ။ ဒီျဖတ္သန္းေနတဲ့ အခိုက္အတန႔္တိုင္းတြင္ သူ႔ေခါင္းက ပိုပိုေလးလာေနပါသည္။ သူသည္ သူ၏ေလးလံေသာေခါင္းကို လက္ျဖင့္ေထာက္ကာ ကတ္ျပားတစ္ခ်ပ္ကို ယူလိုက္သည္။ သူသည္ က်ဥ္းေျမာင္းေသာ မ်က္လုံးမ်ားျဖင့္ စာကိုဖတ္လိုက္သည္။

"ဝိုး၊ ကိုယ္ႀကိဳက္တဲ့သူကို ဖုန္းေခၚၿပီး ဖြင့္ေျပာရမယ္တဲ့။ ဟင္း...ေပ်ာ္စရာလည္းမေကာင္းဘူး။ သူႀကိဳက္ေနတဲ့လူကို ငါတို႔အားလုံးသိၿပီးသားႀကီးကို။"

"ဘယ္လိုပဲျဖစ္ျဖစ္ ဖုန္းဆက္ရမယ္။ ဒါက စည္းကမ္းပဲ!"

"ဖုန္းေခၚပါ ဖုန္းေခၚပါ! မေခၚရင္ မင္းကေယာက္်ားမဟုတ္ဘူးပဲ!"

စုန့္ရွီးယြီ၏ဖုန္းကို ထုတ္လာ​ေစရန္ လူအုပ္က အတင္းအၾကပ္ တြန္းအားေပးခဲ့သည္။ သူသည္ သူ၏အဆက္အသြယ္စာရင္းထဲမွ 'J'ကို ႏွိပ္လိုက္သည္။ မဆိုင္းမတြဘဲ နာမည္တစ္ခုကို ႏွိပ္ကာ ဖုန္းေခၚလိုက္တယ္။

သူ႔ေဘးကလူတစ္ေယာက္က ခ်က္ခ်င္းပဲ "လူမွားေခၚမိသြားၿပီ။ က်ီရွင္းရွင္းရဲ့ နာမည္က အဲ့ေအာက္ကတစ္ခုေလ။"

ထိုစကားမ်ားသည္ စုန့္ရွီးယြီကို ရီေဝေနရာမွ နိုးထလာေစခဲ့သည္။ တစ္ဖက္ကလူက သူ႔ဖုန္းကို ခ်လိုက္မွသာ သူဘက္မွလည္း အျမန္ဖုန္းခ်လိုက္သည္။

"အဲဒါကို ထည့္မတြက္ဘူးေနာ္၊ ထပ္လုပ္ရမယ္။ အစ္ကိုစုန့္က လူမွား​ေခၚမိ​သြားတာ ဟုတ္တယ္မလား?"

စုန့္ရွီးယြီသည္ ခဏေလာက္ မ်က္လႊာခ်ကာ ေတြေဝေနၿပီးမွ က်ီဖန္ယင္း၏ နာမည္ကို ႏွိပ္လိုက္သည္။

_______

Continue Reading

You'll Also Like

7.7K 681 15
ပညာသင်ဆုရရှိ​ရေးအတွက် ပြိုင်ဆိုင်ကြသည်မှာ ​တောမီး​လောင်သဖွယ် အကျိတ်အနယ်။ ​ကျောင်းအုပ်ကြီးရုံးခန်း​ရှေ့တွင် 'လင်းယွီကျင်း' နှင့် 'ရှန်ကျွမ့်'တို့ ထိပ်...
Serçe By 🌥

Teen Fiction

91.9K 3.8K 21
"Efsun." "Nefesin bile beni tahrik ediyorken, üvey kardeşim olmanı umursayacağımı mı sanıyorsun?" Yayım tarihi | 05.02.2024 🪐 #1 komedi 24.02.24 #1...
265K 16.9K 47
The feeling of being abandoned by one's own family was not unknown to Aadhira. She hates her family for abandoning her when she was only a newborn, l...
8.4M 229K 61
Warning this book is rough. Not edited. We wanted privacy. We wanted a normal relationship with no high expectations. But that's hard when you have...