တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
By Anaisa365
348K 43.4K 541
Title - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDI... More
↪ဇာတ်လမ်းမိတ်ဆက်↩
အခန်း၁
အခန်း၂
အခန်း၃
အခန်း၄
အခန်း၅
အခန်း၆
အခန်း၇
အခန်း၈
အခန်း၉
အခန်း၁၀
အခန်း၁၁
အခန်း၁၂
အခန်း၁၃
အခန်း၁၄
အခန်း၁၅
အခန်း၁၆
အခန်း၁၇
အခန်း၁၈
အခန်း၁၉
အခန်း၂၀
အခန်း၂၁
အခန်း၂၂
အခန်း၂၃
အခန်း၂၄
အခန်း၂၅
အခန်း၂၆
အခန်း၂၇
အခန်း၂၈
အခန်း၂၉
အခန်း၃၀
အခန်း၃၁
အခန်း၃၂
အခန်း၃၃
အခန်း၃၄
အခန်း၃၅
အခန်း၃၆
အခန်း၃၇
အခန်း၃၈
အခန်း၃၉
အခန်း၄၀
အခန်း၄၁
အခန်း၄၂
အခန်း၄၃
အခန်း၄၄
အခန်း၄၅
အခန်း၄၆
အခန်း၄၇
အခန်း၄၈
အခန်း၄၉
အခန်း၅၀
အခန်း၅၁
အခန်း၅၂
အခန်း၅၃
အခန်း၅၄
အခန်း၅၅
အခန်း၅၆
အခန်း၅၇
အခန်း၅၈
အခန်း၅၉
အခန်း၆၀
အခန်း၆၁
အခန်း၆၂
အခန်း၆၃
အခန်း၆၄
အခန်း၆၅
အခန်း၆၆
အခန်း၆၇
အခန်း၆၈
အခန်း၆၉
အခန်း၇၀
အခန်း၇၁
အခန်း၇၂
အခန်း၇၃
အခန်း၇၄
အခန်း၇၅
အခန်း၇၆
အခန်း၇၇
အခန်း၇၈
အခန်း၇၉
အခန်း၈၀
အခန်း၈၁
အခန်း၈၂
အခန်း၈၃
အခန်း၈၄
အခန်း၈၅
အခန်း၈၆
အခန်း၈၇
အခန်း၈၈
အခန်း၈၉
အခန်း၉၀
အခန်း၉၁
အခန်း၉၂
အခန်း၉၃
အခန်း၉၄
အခန်း၉၅
အခန်း၉၆
အခန်း၉၇
အခန်း၉၈
အခန်း၉၉
အခန်း၁၀၀
အခန်း၁၀၁
အခန်း၁၀၂
အခန်း၁၀၃
အခန်း၁၀၄
အခန်း၁၀၅
အခန်း၁၀၆
အခန်း၁၀၇
အခန်း၁၀၈
အခန်း၁၀၉
အခန်း၁၁၀
အခန်း၁၁၁
အခန်း၁၁၂
အခန်း၁၁၃
အခန်း၁၁၄
အခန်း၁၁၅
အခန်း၁၁၆
အခန်း၁၁၇
အခန်း၁၁၈
အခန်း၁၁၉
အခန်း၁၂၀
အခန်း၁၂၁
အခန်း၁၂၂
အခန်း၁၂၃
အခန်း၁၂၄
အခန်း၁၂၅
အခန်း၁၂၆
အခန်း၁၂၇
အခန်း၁၂၈
အခန်း၁၂၉
အခန်း၁၃၀
အခန်း၁၃၁
အခန်း၁၃၂
အခန်း၁၃၃
အခန်း၁၃၄
အခန်း၁၃၅
အခန်း၁၃၆
အခန်း၁၃၇
အခန်း၁၃၈
အခန်း၁၃၉
အခန်း၁၄၀
အခန်း၁၄၁
အခန်း၁၄၂
အခန်း၁၄၃
အခန်း၁၄၄
အခန်း၁၄၅
အခန်း၁၄၆
အခန်း၁၄၇
အခန်း၁၄၈
အခန်း၁၄၉
အခန်း၁၅၀
အခန်း၁၅၁
အခန်း၁၅၂
အခန်း၁၅၃
အခန်း၁၅၄
အခန်း၁၅၅
အခန်း၁၅၆
အခန်း၁၅၇
အခန်း၁၅၈
အခန်း၁၅၉
အခန်း၁၆၀
အခန်း၁၆၁
အခန်း၁၆၂
အခန်း၁၆၃
အခန်း၁၆၄
အခန်း၁၆၅
အခန်း၁၆၆
အခန်း၁၆၇
အခန်း၁၆၈
အခန်း၁၆၉
အခန်း၁၇၀
အခန်း၁၇၁
အခန်း၁၇၂
အခန်း၁၇၃
အခန်း၁၇၄
အခန်း၁၇၅
အခန်း၁၇၆
အခန်း၁၇၇
အခန်း၁၇၈
အခန်း၁၇၉
အခန်း၁၈၀
အခန်း၁၈၁
အခန်း၁၈၂
အခန်း၁၈၃
အခန်း၁၈၄
အခန်း၁၈၅
အခန်း၁၈၆
အခန်း၁၈၇
အခန်း၁၈၈
အခန်း၁၉၀
အခန်း၁၉၁
အခန်း၁၉၂
အခန်း၁၉၃
အခန်း၁၉၄
အခန်း၁၉၅
အခန်း၁၉၆
အခန်း၁၉၇
အခန်း၁၉၈
Announcement!!
အခန်း၁၈၉
595 97 1
By Anaisa365
ကျီဖန်ယင်းသည် သဘောတူညီချက်နှင့်ပတ်သက်၍ အတွေးများရှိနေခဲ့သည်။
ဘိုင်ကျိုးနှင့် တွဲပေးပြီးနောက် နှလုံးသားမဲ့စွာ စွန့်ပစ်ခြင်းသည်က သူမပြောခဲ့သည့်အတွေးပင်။ သူမသည် သူ့ကို ဘယ်တော့မှထပ်မချစ်ချင်လောက်တဲ့အထိ နက်ရှိုင်းစွာ အမြစ်တွယ်စေမည့် စိတ်ဒဏ်ရာများကိုပေးရန် နည်းလမ်းများကို သိထားပါသည်။
ဒါပေမယ့် အဲဒါက သူမနဲ့ ဘိုင်ကျိုးကြားက လုပ်ငန်း၏ သဘောတူညီမှုကို ပြောင်းလဲသွားစေလိမ့်မယ်။
မစ္စဘိုင်၏ ကမ်းလှမ်းချက်ကို လက်ခံခြင်းတွင် အကျိုးကျေးဇူးများရှိသည်။ ငွေကြေးသည် အကြီးမားဆုံးသော အကြောင်းပြချက်ဖြစ်ပြီး နောင်တွင် ဘိုင်မိသားစု သူမကိုစာရင်းလာရှင်းမည့် ဖြစ်နိုင်ချေကိုလည်း ဖယ်ရှားလိုက်နိုင်မည်ပဲဖြစ်သည်။
မစ္စစ်ဘိုင်၏ကမ်းလှမ်းမှုကို ငြင်းပယ်၍ရနိုင်သော်လည်း အန္တရာယ်ရှိသည်။
မစ္စစ်ဘိုင်သည် အဖေ၊ အမေကျီတို့နှင့် မတူညီပေ။ သူမသာ တစ်စုံတစ်ယောက်ကို ပြဿနာပေးချင်လျှင် အသေးအဖွဲလှည့်ကွက်များကို အားကိုးနေမည်မဟုတ်ပေ။
မစ္စစ်ဘိုင်၏ကမ်းလှမ်းမှုတွင် ရွေးချယ်စရာနှစ်ခုသာရှိသော်လည်း ကျီဖန်ယင်းသည် နှစ်ခုစလုံးကိုမရွေးချယ်ရန် ဆုံးဖြတ်ခဲ့ပြီး သူမအတွက် တတိယမြောက်ရွေးချယ်မှုကို ဖန်တီးခဲ့သည်။
"မစ္စစ်က ရလဒ်ကိုပဲ စိတ်ဝင်စားတာဆိုတော့ ကျွန်မက မစ္စစ် လိုချင်တဲ့ ရလဒ်ကို ပေးနိုင်ပါတယ်။" ကျီဖန်ယင်းက ဆက်ပြီး "ဒါပေမယ့် ကျွန်မ ဘယ်လိုနည်းလမ်းပဲသုံးသုံး အဆင်ပြေတယ်မလား။"
"ဟုတ်တယ်၊ ရလဒ်ကိုပဲ စိတ်ဝင်စားတာ။" ဟု မစ္စစ်ဘိုင်က ပြန်ဖြေသည်။ "သူ့ရဲ့ကျန်းမာရေးတစ်ခုခုမဖြစ်သရွေ့ မင်းလုပ်ချင်တာလုပ်လို့ရတယ်။ ဒါဆို အဆင်ပြေပြီမလားယ"
ကျီဖန်ယင်းက ရုတ်တရက် တစ်ခုခုကို သတိရသွားပုံဖြင့် "ဘိုင်ကျိုး ခဏခဏ အစာအိမ်နာတတ်တယ်ဆိုတာ မစ္စစ်သိလား။"
မစ္စဘိုင်၏ လှုပ်ရှားမှုများ ခဏရပ်သွားသည်။ "ဟုတ်လား"
ထို့နောက် သူမလက်ကို မြှောက်ကာ မန်နေဂျာကို ဟင်းပွဲများချခိုင်းလိုက်သည်။
ဤသည်မှာ ကျီဖန်ယင်း၏ လွန်ခဲ့သည့်လအနည်းငယ်အတွင်း အတိတ်ဆိတ်ဆုံး ထမင်းပွဲဖြစ်ခဲ့သည်။
မစ္စစ်ဘိုင်သည် ထမင်းစားနေစဉ် စကားမပြောတတ်သည့် လူမျိုးဖြစ်သည်။ သူမ ဝါးနေသည့်အချိန်တွင် အသံတစ်ချက်မှမထွက်ပေ။
ခုမှပဲ သူမ သတိရသည်၊ ဘိုင်ကျိုးနဲ့ အတူတူ ထမင်းစစားခဲ့ချိန်က ဒီလိုပါပဲ။ အတူစားတာ အကြိမ်အနည်းငယ်လောက်ရှိမှ သူသည် တဖြည်းဖြည်း စကားပြောလာခဲ့တာပင်။
စားသောက်ဆိုင်မှ မထွက်မီ ကျီထန်ယင်းသည် သူမ၏ စိတ်ထဲမှ စပ်စုချင်စိတ်ကိုမထိန်းနိုင်တော့ဘဲ "ဒီလို ဘဝသင်ခန်းစာတွေကို ဘိုင်ကျိုးကို ကိုယ်တိုင်ကိုယ်ကျ သင်ပေးတာက ပိုကောင်းတယ်မဟုတ်ဘူးလား။"
"သူ့ခေါင်းထဲစွဲမှတ်သွားအောင် ကိုယ်တိုင်တွေ့ကြုံဖို့ လိုတယ်။" မစ္စစ်ဘိုင်က သူမ၏ကုတ်အင်္ကျီကို သပ်ရပ်အောင် ဖြန့်ဖြူးရင်း ပြန်ဖြေတယ်။ "ကျွန်မက သူ့အမေ၊ ဆရာ မဟုတ်ဘူး။ လမ်းကြောင်းမှန်ပေါ်ရောက်အောင် လမ်းညွှန်ပေးဖို့ အကောင်းဆုံးဆရာတွေဆီအပ်ဖို့က ကျွန်မတာဝန်ပါ။ ဒါကြောင့် ကျီဖန်ယင်း၊ မင်းက ကျေနပ်စရာကောင်းလောက်မဲ့ ဆရာတစ်ယောက်ဖြစ်ဖို့ မျှော်လင့်ပါတယ်။"
ကျီဖန်ယင်းသည် မေးထောက်ထားရင်း အမျိုးသမီးဘော့စ်ကြီး ကားပေါ်တက်ပြီး ထွက်သွားသည်ကို ကြည့်​နေသည်။ ထို့နောက် ဖုန်းကိုထုတ်ကာ စားသောက်ဆိုင်အမည်ကို စာရိုက်မှတ်ထားလိုက်သည်။
ဒီမှာ အစားအသောက်က တကယ်ကိုကောင်းတယ်။ သေချာပေါက် နောက်တစ်​ခေါက် ထပ်လာရမယ်။
သူမ နာရီကို တစ်ချက်ကြည့်လိုက်သည်။
လေဆိပ်ကိုသွားရမယ့်အချိန်ရောက်ပြီ။
သူမ တိုက်ခန်းမှ မထွက်ခွာလာခင်က ခရီးဆောင်အိတ်ကို လေဆိပ်သို့ယူသွားပေးရန် deliတစ်ဦးကိုအပ်ခဲ့တာကြောင့် အိမ်ပြန်လှည့်စရာ မလိုတော့ပေ။ သူမသည် လေဆိပ်သို့ တည့်တည့်မတ်မတ်သွားကာ ခရီးဆောင်အိတ်နှင့် ဖြတ်သန်းခွင့်ကဒ်တို့ကို ယူရန်သွားလိုက်သည်။
လီ​ရှောက်ရှင်းသည် ဖွင့်ပြောရန်အတွက် အစမ်းလေ့ကျင့်ချင်ပြီး တိုကျိုမျှော်စင်ကို ရွေးချယ်ခဲ့ထားခဲ့သည်တဲ့။
ကျီဖန်ယင်းက သူဘာကြောင့် နိုင်ငံခြားမှာ ဖွင့်ပြောသလဲဆိုတာ နားမလည်နိုင်ပေမယ့် ဒါက သူမနှင့်မဆိုင်ပေ။ သူကြိုက်တဲ့နေရာမှာ ဖွင့်ပြောနိုင်ပြီး သူမရဲ့အလုပ်ကတော့ သူနဲ့ အတူလေ့ကျင့်ပေးဖို့ပါပဲ။
... ဒါကိုပြောရင် စုန့်ရှီးယွီရဲ့ ဘလိုင်းဒိတ်ကရော ဘယ်လိုဖြစ်သွားလဲ။ စေ့စပ်ဖို့ကိစ္စကို ဆွေးနွေးနေကြတုန်းပဲလား။
စဉ်းစားပြီးနောက် ကျီဖန်ယင်းက ချန်ယွမ်ရှန်းကို မေးရန် ဆုံးဖြတ်လိုက်သည်။ [အရင်တစ်ခေါက် ဘတ်စကက်ဘောပြိုင်ပွဲတုန်းက မင်းအစ်မနဲ့တွေ့ခဲ့တာလေ။ သူက စုန့်ရှီးယွီနဲ့တွဲနေတာလား။]
ချန်ယွမ်ရှန်း၏ တုံ့ပြန်မှုသည် ယခင်ကထက် လျင်မြန်စွာရောက်လာလေသည်၊ [စီနီယာစုန့်နဲ့လား။ သူ စီနီယာစုန့်နဲ့ တွဲနေလားဆိုတာတော့ မသေချာပေမယ့် တစ်​ယောက်နဲ့တစ်ယောက် ရင်းနှီးကြတဲ့ပုံတော့ပေါ်တယ်။ သူတို့နှစ်ယောက် စေ့စပ်မဲ့ရက်ကို အတည်ပြု​ပြီးသွားတဲ့အကြောင်း ကျွန်တော့်မိဘတွေဆီက ကြားခဲ့သေးတယ်။]
ကျီဖန်ယင်း : "..."
သူမသည် ကြိုတင်စာရင်းသွင်း​သောအက်ပ်သို့ဝင်ရောက်ပြီး စုန့်ရှီးယွီ၏ မနက်ဖြန်အတွက် တစ်နေကုန်ကြိုတင်စာရင်းသွင်းထားမှုကို ကြည့်ရှုသည်။ သူနဲ့ ကိစ္စများအဆုံးသတ်ရတော့မယ်ဟု သူမ တွေးလိုက်သည်။
ဖောက်သည်ဘက်က ပြဿနာဆိုတော့ ငါငွေပြန်အမ်းပေးဖို့အတွေးမရှိဘူး။ တစ်ခုခုဖြစ်ရင် သူတောင် လျော်ကြေးငွေ ​ပြန်ပေးရဦးမှာ။
ချန်ယွင်ရှန်၊ ကျီဖန်ယင်းနှင့် ကျီရှင်းရှင်း။
စုန့်ရှီးယွီကလည်း 'ပင်လယ်ဘုရင်' ဖြစ်ချင်နေတာလား။
________
Zawgyi
ကျီဖန်ယင်း : "..."
________
Continue Reading
You'll Also Like
9.5K 811 10
နွေဦးမိုး၊ မက်မွန်ပန်းနှင့် လှပသောမိန်းမပျို လက်ထဲတွင်အနက်ရောင်ဝါးထီးတစ်လက်ကိုကိုင်ထားကာဤပန်းပင်အောက်၌ရပ်နေရင်း သူမ၏အပြုံးသည်နွေးထွေးပျော်ရွှင်နေသ...
938K 27K 43
Athena is trying to adjust in her newfound freedom but she is forcefully ripped away from it. But sometimes bad things happen for better!
50K 2.2K 28
This story starts when the mafia king kidnapped a wrong person lee yn. After that incident , they encountered eachother again and again. Will they...
7.7K 666 15
ပညာသင်ဆုရရှိ​ရေးအတွက် ပြိုင်ဆိုင်ကြသည်မှာ ​တောမီး​လောင်သဖွယ် အကျိတ်အနယ်။ ​ကျောင်းအုပ်ကြီးရုံးခန်း​ရှေ့တွင် 'လင်းယွီကျင်း' နှင့် 'ရှန်ကျွမ့်'တို့ ထိပ်...