ဧည့်ကြိုဝန်ထမ်းသည် ကျီဖန်ယင်း၏ အင်္ကျီကို ထုတ်ယူကာ သူမဆီ ပေးလိုက်သည်။ ကျီဖန်ယင်းသည် ဘိုင်ကျိုးလှည့်ကြည့်ကာ "ဘိုင်ကျိုး၊ မင်းငါ့ကို အရင်က ဘယ်လိုဆက်ဆံခဲ့တယ်ဆိုတာ မေ့သွားတဲ့ပုံပဲ။"
ထိုစကားများသည် ဘိုင်ကျိုးကို စကားမပြောအောင် ဖြစ်သွားစေခဲ့သည်။
အရင်တုန်းက သူကျီဖန်ယင်းကို အထင်သေးခဲ့သည်။ သူမကိုယ်သူမ ယုံကြည်ချက်မရှိကာ အခြားသူများ သူမအပေါ် လုပ်သမျှအားလုံးကို လက်ခံနေသည်ကို သူလက်မခံနိုင်ခဲ့ပေ၊ အထူးသဖြင့် ကျီရှင်းရှင်းနဲ့ယှဥ်လျှင် လုံးဝကို ကွာခြားလွန်းနေသည်။
သူမကို တစ်စုံတစ်ယောက်က လာကူညီလျှင်ပင် သူ့ကို ဒေါသထွက်ခဲ့သည်။ ကျီဖန်ယင်းတောင် ဘာမှမပြောတာကို၊ သူကိုယ်တိုင်တောင် တိုက်ခိုက်မှုတွေအကုန်လုံးလက်ခံနေတာကို ဘယ်သူကကူညီပေးနိုင်မှာလဲ။
ဒါတွေအားလုံးက အခုချိန်တွင် သူ့ကို ပြန်ထိခိုက်လာခဲ့ပြီ။
ဒါပေမယ့် သူ့စိတ်ထဲတွင်တော့ ဘိုင်ကျိုးသည် ကျီဖန်ယင်းလည်း ဒီကိစ္စမှာ အပြစ်ရှိသည်ဟု တွေးသည်။ သူမ စောစော သတိဝင်လာပြီး ပြောင်းလဲခဲ့မယ်ဆိုရင် အရာအားလုံးက ကွဲပြားသွားနိုင်သည်။
"ဘိုင်ကျိုး၊ ငါမင်းကို တစ်ကြိမ်ထက်ပိုပြီးသတိပေးခဲ့တယ်။" ကျီဖန်ယင်းက အေးဆေးစွာပြောသည်။ "ငါတို့ရဲ့အလုပ်ချိန်အတွင်းမှာ ငါက'ကျီရှင်းရှင်း' ပဲ။ မင်းစိတ်ယိုင်သွားတဲ့အချိန် ကိုယ့်ကိုကိုယ်သတိပေးနေတာ ပိုကောင်းမယ်။"
ဘိုင်ကျိုး မျက်လုံးပြူးသွားသည်။ သူ့အတွင်းစိတ်ထဲမှ အတွေးများသည် ရုတ်တရက် ကျယ်လောင်လာသလို ခံစားလိုက်ရသည်။
ကျီဖန်ယင်းသည် သူ့ကို သတိပေးရန် သူမ၏ 'အလုပ်ချိန်အတွင်း' မသိမသာ အရိပ်အမြွက်များကို ပေးခဲ့သည်ပဲ။
'မမဘယ်သူလဲဆိုတာ သိလား'ကဲ့သို့သော မေးခွန်းများကို ရံဖန်ရံခါ မေးတတ်တာကို သူသတိထားမိပေမဲ့ အဲဒါတွေက သူ့ကို လက်တွေ့ကို သတိပေးနေခဲ့တာပင်။
... ငါ့စိတ်ကယိုင်နေပြီဆိုတာ သူသိနေတာ ကြာပြီပဲ။
ပြီးတော့ သူက ငါ့ကို အစကတည်းက ငြင်းထားတာပဲ။
ဘိုင်ကျိုးရဲ့ ခေါင်းထဲကို သွေးများဆောင့်တက်လာကာ သူ့ဦးနှောက်သည် အေးခဲသွားသည်။ သူ့ခံစားချက်များကို နောက်ဆုံးမှသာ နားလည်လာနိုင်ခဲ့သော်လည်း သူတို့ရဲ့ဆက်ဆံရေးသည် လုံးဝပြောင်းလဲသွားနိုင်ချေမရှိချေ။ သူကိုယ်တိုင်က ထုတ်မပြောနိုင်သလို ကျီဖန်ယင်းသည်လည်း ဂရုမစိုက်သည်မှာ ရှင်းလင်းပါသည်။
ဘိုင်ကျိုးက အံကြိတ်ပြီး "ဘာကိုသတိပေးရမှာလဲ။"
ကျီဖန်ယင်းက "မင်းရဲ့နှလုံးသားက လိုချင်တဲ့လူ၊ အဲဒီလူက မတည်ရှိဘူးဆိုတာ" ဟု ဖြေလိုက်သည်။
ဘိုင်ကျိုးသည် သူ့ရင်ဘတ်ထဲ တစ်ခုခုက ပြင်းထန်စွာလှုပ်ရှားသွားသလို ခံစားလိုက်ရသည်။ တစ်စုံတစ်ယောက်က သူ့နံရိုးတည့်တည့်ကို ထိုးလိုက်သကဲ့သို့ သည်းမခံနိုင်သော ဝေဒနာကို ခံစားနေရသည်။
"ငါအရင်သွားတော့မယ်။" ကျီဖန်ယင်းသည် ပွဲထဲတွင် တိုက်ဆိုင်စွာ တွေ့ဆုံခဲ့သော သူစိမ်းများကဲ့သို့ ယဉ်ကျေးသော်လည်း စိမ်းသောအမူအရာဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။
ဘိုင်ကျိုး စိတ်ထဲမှာ မေးခွန်းများစွာ ထွက်ပေါ်လာသည်။
သူမကို ကြိုက်ဖို့ရန် သူသည် တကယ် အရည်အချင်းမပြည့်မှီဘူးလားဆိုတာကို မေးချင်သည်။ သူမနဲ့ သူငယ်ချင်းဖြစ်ခွင့်တောင် မရှိဘူးလားဟု မေးချင်တယ်။ သူမက ဘယ်လိုလူစားမျိုးလဲဆိုတာကိုလည်း မေးချင်သည်။
သို့တိုင်၊ ထိုမေးခွန်းများကို မေးရန် သူ့တွင် အခွင့်အရေးမရှိသည်ကို တစ်နည်းနည်းဖြင့် မသိစိတ်ထဲတွင် ခံစားနေရသည်။
... ထိုမေးခွန်းများကို သူ ရဲရဲဝံ့ဝံ့ ထုတ်မေးမည်ဆိုလျှင် ကျီဖန်ယင်းသည် ပို၍ပင် ရက်စက်သောအဖြေများဖြင့် ဖြေလိမ့်မည်ကိုလည်း သူသိသည်။
ထို့ကြောင့် ကျီဖန်ယင်း ထွက်သွားသောအခါတွင် သူ ကူကယ်ရာမဲ့ ကြည့်သာနေနိုင်တော့သည်။ သူမ၏အပေါ်ထပ်အင်္ကျီသည် သူမ၏ပခုံးထက်တွင်ခြုံထားကာ သူမ၏ခြေလှမ်းနှင့်အတူ ပေါ့ပါးစွာ လွင့်နေသည်။ ဟိုတယ်၏အဝင်တံခါးပေါက်များကို ဖွင့်လိုက်သောအခါ အေးစက်သောလေများက သူမ၏အင်္ကျီကို လွင့်ပျံသွားစေကာ အတောင်ပံများကိုဖြန့်ကားထားသည့် ငှက်တစ်ကောင်ကိုပင် ပြန်သတိရစေသည်။
ကျီဖန်ယင်း တက္ကစီတစ်စီးပေါ်တက်ကာ ထွက်သွားတာကို ကြည့်နေရင်း ဘိုင်ကျိုးသည် သူ၏တစ်စိတ်တစ်ပိုင်းသည် သူမနှင့်ပါသွားသလို ခံစားလိုက်ရသည်။ သူ့၏ကိုယ်ပိုင်အတွေးများကိုပင် နားမလည်နိုင်တော့ပေ။
ငါကျီဖန်ယင်းကို ကြိုက်လား၊ ဒါဆိုရင် ဘယ်ကျီဖန်ယင်းကို ကြိုက်တာလဲ။
ဒါမှမဟုတ် ငါတကယ်ကြိုက်နေတဲ့လူက ကျီရှင်းရှင်းပဲလား။ ငါသူ့ကို လွတ်မချနိုင်သေးပေမဲ့ အရင်က သူ့ကို စိတ်အားထက်ထက်သန်သန် လိုက်ခဲ့တာတွေကို ပြန်တွေးကြည့်ရင် မဖြစ်နိုင်တဲ့ အိပ်မက်တစ်ခုနောက်ကို လိုက်နေသလိုပဲ။
အရင်က ငါကျီရှင်းရှင်းကို ဘာလို့ စွဲလန်းခဲ့တာလဲ။
သူ့ဆီက ရတဲ့ ခံစားချက်တွေကို တခြားလူကလည်းပေးနိုင်ရင် ငါ့ခံစားချက်တွေက တခြားသူဆီ ရောက်သွားမှာလား။
ဘိုင်ကျိုးသည် ဟိုတယ်ဧည့်ခန်းထဲတွင် အချိန်အတော်ကြာ ရပ်နေပြီး သူ့စိတ်ထဲတွင် ရုတ်တရက်ပေါ်လာသော မေးခွန်းကို စဉ်းစားနေမိသည်။
ဘိုင်ကျိုး: "..."
ငါက တကယ် မကောင်းတဲ့လူလား။
သူ့ဖုန်းက ရုတ်တရက် မြည်လာသည်။
တုန်လှုပ်ချောက်ချားနေသည့် အခြေအနေဖြင့် သူသည် ဖုန်းကို ထုတ်ပြီး မှင်သက်စွာ တစ်ချက်ကြည့်လိုက်သည်။ ကျီရှင်းရှင်း၏ နာမည်ကို မြင်လိုက်သည်နှင့် ဖုန်းကို မသိစိတ်မှ ချလိုက်မိသည်။ နောက်တော့ သူ့စိတ်သည် အပျိုဖော်ဝင်စဆယ်ကျော်သက် မိန်းကလေးတစ်ယောက်ကဲ့သို့ အတွေးများနေခဲ့သည်။
တကယ်လို့ ဖုန်းခေါ်တဲ့လူကသာ ကျီရှင်းရှင်းဆိုရင် ငါကိုင်မှာလား။
ဟုတ်တယ်၊ ကိုင်မှာပါ။ သူမ၏တက္ကစီက ဒီကိုပြန်မောင်းလာလားဆိုတာကို စစ်ဆေးရန် အဝင်ပေါက်သို့ပင် ပြေးသွားနိုင်သည်။
_________
Zawgyi
ဧည့္ႀကိဳဝန္ထမ္းသည္ က်ီဖန္ယင္း၏ အကၤ်ီကို ထုတ္ယူကာ သူမဆီ ေပးလိုက္သည္။ က်ီဖန္ယင္းသည္ ဘိုင္က်ိဳးလွည့္ၾကည့္ကာ "ဘိုင္က်ိဳး၊ မင္းငါ့ကို အရင္က ဘယ္လိုဆက္ဆံခဲ့တယ္ဆိုတာ ေမ့သြားတဲ့ပုံပဲ။"
ထိုစကားမ်ားသည္ ဘိုင္က်ိဳးကို စကားမေျပာေအာင္ ျဖစ္သြားေစခဲ့သည္။
အရင္တုန္းက သူက်ီဖန္ယင္းကို အထင္ေသးခဲ့သည္။ သူမကိုယ္သူမ ယုံၾကည္ခ်က္မရွိကာ အျခားသူမ်ား သူမအေပၚ လုပ္သမၽွအားလုံးကို လက္ခံေနသည္ကို သူလက္မခံနိုင္ခဲ့ေပ၊ အထူးသျဖင့္ က်ီရွင္းရွင္းနဲ႔ယွဥ္လၽွင္ လုံးဝကို ကြာျခားလြန္းေနသည္။
သူမကို တစ္စုံတစ္ေယာက္က လာကူညီလၽွင္ပင္ သူ႔ကို ေဒါသထြက္ခဲ့သည္။ က်ီဖန္ယင္းေတာင္ ဘာမွမေျပာတာကို၊ သူကိုယ္တိုင္ေတာင္ တိုက္ခိုက္မွုေတြအကုန္လုံးလက္ခံေနတာကို ဘယ္သူကကူညီေပးနိုင္မွာလဲ။
ဒါေတြအားလုံးက အခုခ်ိန္တြင္ သူ႔ကို ျပန္ထိခိုက္လာခဲ့ၿပီ။
ဒါေပမယ့္ သူ႔စိတ္ထဲတြင္ေတာ့ ဘိုင္က်ိဳးသည္ က်ီဖန္ယင္းလည္း ဒီကိစၥမွာ အျပစ္ရွိသည္ဟု ေတြးသည္။ သူမ ေစာေစာ သတိဝင္လာၿပီး ေျပာင္းလဲခဲ့မယ္ဆိုရင္ အရာအားလုံးက ကြဲျပားသြားနိုင္သည္။
"ဘိုင္က်ိဳး၊ ငါမင္းကို တစ္ႀကိမ္ထက္ပိုၿပီးသတိေပးခဲ့တယ္။" က်ီဖန္ယင္းက ေအးေဆးစြာေျပာသည္။ "ငါတို႔ရဲ့အလုပ္ခ်ိန္အတြင္းမွာ ငါက'က်ီရွင္းရွင္း' ပဲ။ မင္းစိတ္ယိုင္သြားတဲ့အခ်ိန္ ကိုယ့္ကိုကိုယ္သတိေပးေနတာ ပိုေကာင္းမယ္။"
ဘိုင္က်ိဳး မ်က္လုံးျပဴးသြားသည္။ သူ႔အတြင္းစိတ္ထဲမွ အေတြးမ်ားသည္ ႐ုတ္တရက္ က်ယ္ေလာင္လာသလို ခံစားလိုက္ရသည္။
က်ီဖန္ယင္းသည္ သူ႔ကို သတိေပးရန္ သူမ၏ 'အလုပ္ခ်ိန္အတြင္း' မသိမသာ အရိပ္အႁမြက္မ်ားကို ေပးခဲ့သည္ပဲ။
'မမဘယ္သူလဲဆိုတာ သိလား'ကဲ့သို႔ေသာ ေမးခြန္းမ်ားကို ရံဖန္ရံခါ ေမးတတ္တာကို သူသတိထားမိေပမဲ့ အဲဒါေတြက သူ႔ကို လက္ေတြ႕ကို သတိေပးေနခဲ့တာပင္။
... ငါ့စိတ္ကယိုင္ေနၿပီဆိုတာ သူသိေနတာ ၾကာၿပီပဲ။
ၿပီးေတာ့ သူက ငါ့ကို အစကတည္းက ျငင္းထားတာပဲ။
ဘိုင္က်ိဳးရဲ့ ေခါင္းထဲကို ေသြးမ်ားေဆာင့္တက္လာကာ သူ႔ဦးေႏွာက္သည္ ေအးခဲသြားသည္။ သူ႔ခံစားခ်က္မ်ားကို ေနာက္ဆုံးမွသာ နားလည္လာနိုင္ခဲ့ေသာ္လည္း သူတို႔ရဲ့ဆက္ဆံေရးသည္ လုံးဝေျပာင္းလဲသြားနိုင္ေခ်မရွိေခ်။ သူကိုယ္တိုင္က ထုတ္မေျပာနိုင္သလို က်ီဖန္ယင္းသည္လည္း ဂ႐ုမစိုက္သည္မွာ ရွင္းလင္းပါသည္။
ဘိုင္က်ိဳးက အံႀကိတ္ၿပီး "ဘာကိုသတိေပးရမွာလဲ။"
က်ီဖန္ယင္းက "မင္းရဲ့ႏွလုံးသားက လိုခ်င္တဲ့လူ၊ အဲဒီလူက မတည္ရွိဘူးဆိုတာ" ဟု ေျဖလိုက္သည္။
ဘိုင္က်ိဳးသည္ သူ႔ရင္ဘတ္ထဲ တစ္ခုခုက ျပင္းထန္စြာလွုပ္ရွားသြားသလို ခံစားလိုက္ရသည္။ တစ္စုံတစ္ေယာက္က သူ႔နံရိုးတည့္တည့္ကို ထိုးလိုက္သကဲ့သို႔ သည္းမခံနိုင္ေသာ ေဝဒနာကို ခံစားေနရသည္။
"ငါအရင္သြားေတာ့မယ္။" က်ီဖန္ယင္းသည္ ပြဲထဲတြင္ တိုက္ဆိုင္စြာ ေတြ႕ဆုံခဲ့ေသာ သူစိမ္းမ်ားကဲ့သို႔ ယဥ္ေက်းေသာ္လည္း စိမ္းေသာအမူအရာျဖင့္ ေခါင္းညိတ္ကာ ေျပာလိုက္သည္။
ဘိုင္က်ိဳး စိတ္ထဲမွာ ေမးခြန္းမ်ားစြာ ထြက္ေပၚလာသည္။
သူမကို ႀကိဳက္ဖို႔ရန္ သူသည္ တကယ္ အရည္အခ်င္းမျပည့္မွီဘူးလားဆိုတာကို ေမးခ်င္သည္။ သူမနဲ႔ သူငယ္ခ်င္းျဖစ္ခြင့္ေတာင္ မရွိဘူးလားဟု ေမးခ်င္တယ္။ သူမက ဘယ္လိုလူစားမ်ိဳးလဲဆိုတာကိုလည္း ေမးခ်င္သည္။
သို႔တိုင္၊ ထိုေမးခြန္းမ်ားကို ေမးရန္ သူ႔တြင္ အခြင့္အေရးမရွိသည္ကို တစ္နည္းနည္းျဖင့္ မသိစိတ္ထဲတြင္ ခံစားေနရသည္။
... ထိုေမးခြန္းမ်ားကို သူ ရဲရဲဝံ့ဝံ့ ထုတ္ေမးမည္ဆိုလၽွင္ က်ီဖန္ယင္းသည္ ပို၍ပင္ ရက္စက္ေသာအေျဖမ်ားျဖင့္ ေျဖလိမ့္မည္ကိုလည္း သူသိသည္။
ထို႔ေၾကာင့္ က်ီဖန္ယင္း ထြက္သြားေသာအခါတြင္ သူ ကူကယ္ရာမဲ့ ၾကည့္သာေနနိုင္ေတာ့သည္။ သူမ၏အေပၚထပ္အကၤ်ီသည္ သူမ၏ပခုံးထက္တြင္ျခဳံထားကာ သူမ၏ေျခလွမ္းႏွင့္အတူ ေပါ့ပါးစြာ လြင့္ေနသည္။ ဟိုတယ္၏အဝင္တံခါးေပါက္မ်ားကို ဖြင့္လိုက္ေသာအခါ ေအးစက္ေသာေလမ်ားက သူမ၏အကၤ်ီကို လြင့္ပ်ံသြားေစကာ အေတာင္ပံမ်ားကိုျဖန့္ကားထားသည့္ ငွက္တစ္ေကာင္ကိုပင္ ျပန္သတိရေစသည္။
က်ီဖန္ယင္း တကၠစီတစ္စီးေပၚတက္ကာ ထြက္သြားတာကို ၾကည့္ေနရင္း ဘိုင္က်ိဳးသည္ သူ၏တစ္စိတ္တစ္ပိုင္းသည္ သူမႏွင့္ပါသြားသလို ခံစားလိုက္ရသည္။ သူ႔၏ကိုယ္ပိုင္အေတြးမ်ားကိုပင္ နားမလည္နိုင္ေတာ့ေပ။
ငါက်ီဖန္ယင္းကို ႀကိဳက္လား၊ ဒါဆိုရင္ ဘယ္က်ီဖန္ယင္းကို ႀကိဳက္တာလဲ။
ဒါမွမဟုတ္ ငါတကယ္ႀကိဳက္ေနတဲ့လူက က်ီရွင္းရွင္းပဲလား။ ငါသူ႔ကို လြတ္မခ်နိုင္ေသးေပမဲ့ အရင္က သူ႔ကို စိတ္အားထက္ထက္သန္သန္ လိုက္ခဲ့တာေတြကို ျပန္ေတြးၾကည့္ရင္ မျဖစ္နိုင္တဲ့ အိပ္မက္တစ္ခုေနာက္ကို လိုက္ေနသလိုပဲ။
အရင္က ငါက်ီရွင္းရွင္းကို ဘာလို႔ စြဲလန္းခဲ့တာလဲ။
သူ႔ဆီက ရတဲ့ ခံစားခ်က္ေတြကို တျခားလူကလည္းေပးနိုင္ရင္ ငါ့ခံစားခ်က္ေတြက တျခားသူဆီ ေရာက္သြားမွာလား။
ဘိုင္က်ိဳးသည္ ဟိုတယ္ဧည့္ခန္းထဲတြင္ အခ်ိန္အေတာ္ၾကာ ရပ္ေနၿပီး သူ႔စိတ္ထဲတြင္ ႐ုတ္တရက္ေပၚလာေသာ ေမးခြန္းကို စဥ္းစားေနမိသည္။
ဘိုင္က်ိဳး: "..."
ငါက တကယ္ မေကာင္းတဲ့လူလား။
သူ႔ဖုန္းက ႐ုတ္တရက္ ျမည္လာသည္။
တုန္လွုပ္ေခ်ာက္ခ်ားေနသည့္ အေျခအေနျဖင့္ သူသည္ ဖုန္းကို ထုတ္ၿပီး မွင္သက္စြာ တစ္ခ်က္ၾကည့္လိုက္သည္။ က်ီရွင္းရွင္း၏ နာမည္ကို ျမင္လိုက္သည္ႏွင့္ ဖုန္းကို မသိစိတ္မွ ခ်လိုက္မိသည္။ ေနာက္ေတာ့ သူ႔စိတ္သည္ အပ်ိဳေဖာ္ဝင္စဆယ္ေက်ာ္သက္ မိန္းကေလးတစ္ေယာက္ကဲ့သို႔ အေတြးမ်ားေနခဲ့သည္။
တကယ္လို႔ ဖုန္းေခၚတဲ့လူကသာ က်ီရွင္းရွင္းဆိုရင္ ငါကိုင္မွာလား။
ဟုတ္တယ္၊ ကိုင္မွာပါ။ သူမ၏တကၠစီက ဒီကိုျပန္ေမာင္းလာလားဆိုတာကို စစ္ေဆးရန္ အဝင္ေပါက္သို႔ပင္ ေျပးသြားနိုင္သည္။
_________