တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
By Anaisa365
349K 43.5K 541
Title - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDI... More
↪ဇာတ်လမ်းမိတ်ဆက်↩
အခန်း၁
အခန်း၂
အခန်း၃
အခန်း၄
အခန်း၅
အခန်း၆
အခန်း၇
အခန်း၈
အခန်း၉
အခန်း၁၀
အခန်း၁၁
အခန်း၁၂
အခန်း၁၃
အခန်း၁၄
အခန်း၁၅
အခန်း၁၆
အခန်း၁၇
အခန်း၁၈
အခန်း၁၉
အခန်း၂၀
အခန်း၂၁
အခန်း၂၂
အခန်း၂၃
အခန်း၂၄
အခန်း၂၅
အခန်း၂၆
အခန်း၂၇
အခန်း၂၈
အခန်း၂၉
အခန်း၃၀
အခန်း၃၁
အခန်း၃၂
အခန်း၃၃
အခန်း၃၄
အခန်း၃၅
အခန်း၃၆
အခန်း၃၇
အခန်း၃၈
အခန်း၃၉
အခန်း၄၀
အခန်း၄၁
အခန်း၄၂
အခန်း၄၃
အခန်း၄၄
အခန်း၄၅
အခန်း၄၆
အခန်း၄၇
အခန်း၄၈
အခန်း၄၉
အခန်း၅၀
အခန်း၅၁
အခန်း၅၂
အခန်း၅၃
အခန်း၅၄
အခန်း၅၅
အခန်း၅၆
အခန်း၅၇
အခန်း၅၈
အခန်း၅၉
အခန်း၆၀
အခန်း၆၁
အခန်း၆၂
အခန်း၆၃
အခန်း၆၄
အခန်း၆၅
အခန်း၆၆
အခန်း၆၇
အခန်း၆၈
အခန်း၆၉
အခန်း၇၀
အခန်း၇၁
အခန်း၇၂
အခန်း၇၃
အခန်း၇၄
အခန်း၇၅
အခန်း၇၆
အခန်း၇၇
အခန်း၇၈
အခန်း၇၉
အခန်း၈၀
အခန်း၈၁
အခန်း၈၂
အခန်း၈၃
အခန်း၈၄
အခန်း၈၅
အခန်း၈၆
အခန်း၈၇
အခန်း၈၈
အခန်း၈၉
အခန်း၉၀
အခန်း၉၁
အခန်း၉၂
အခန်း၉၃
အခန်း၉၄
အခန်း၉၅
အခန်း၉၆
အခန်း၉၇
အခန်း၉၈
အခန်း၉၉
အခန်း၁၀၀
အခန်း၁၀၁
အခန်း၁၀၂
အခန်း၁၀၃
အခန်း၁၀၄
အခန်း၁၀၅
အခန်း၁၀၆
အခန်း၁၀၇
အခန်း၁၀၈
အခန်း၁၀၉
အခန်း၁၁၀
အခန်း၁၁၁
အခန်း၁၁၂
အခန်း၁၁၃
အခန်း၁၁၄
အခန်း၁၁၅
အခန်း၁၁၆
အခန်း၁၁၇
အခန်း၁၁၈
အခန်း၁၁၉
အခန်း၁၂၀
အခန်း၁၂၁
အခန်း၁၂၂
အခန်း၁၂၃
အခန်း၁၂၄
အခန်း၁၂၅
အခန်း၁၂၆
အခန်း၁၂၇
အခန်း၁၂၈
အခန်း၁၂၉
အခန်း၁၃၀
အခန်း၁၃၁
အခန်း၁၃၂
အခန်း၁၃၃
အခန်း၁၃၄
အခန်း၁၃၅
အခန်း၁၃၆
အခန်း၁၃၇
အခန်း၁၃၈
အခန်း၁၃၉
အခန်း၁၄၀
အခန်း၁၄၁
အခန်း၁၄၂
အခန်း၁၄၃
အခန်း၁၄၄
အခန်း၁၄၅
အခန်း၁၄၆
အခန်း၁၄၇
အခန်း၁၄၈
အခန်း၁၄၉
အခန်း၁၅၀
အခန်း၁၅၁
အခန်း၁၅၂
အခန်း၁၅၃
အခန်း၁၅၄
အခန်း၁၅၅
အခန်း၁၅၆
အခန်း၁၅၇
အခန်း၁၅၈
အခန်း၁၅၉
အခန်း၁၆၀
အခန်း၁၆၁
အခန်း၁၆၂
အခန်း၁၆၃
အခန်း၁၆၄
အခန်း၁၆၅
အခန်း၁၆၆
အခန်း၁၆၇
အခန်း၁၆၈
အခန်း၁၆၉
အခန်း၁၇၀
အခန်း၁၇၁
အခန်း၁၇၂
အခန်း၁၇၃
အခန်း၁၇၄
အခန်း၁၇၅
အခန်း၁၇၆
အခန်း၁၇၇
အခန်း၁၇၈
အခန်း၁၇၉
အခန်း၁၈၁
အခန်း၁၈၂
အခန်း၁၈၃
အခန်း၁၈၄
အခန်း၁၈၅
အခန်း၁၈၆
အခန်း၁၈၇
အခန်း၁၈၈
အခန်း၁၈၉
အခန်း၁၉၀
အခန်း၁၉၁
အခန်း၁၉၂
အခန်း၁၉၃
အခန်း၁၉၄
အခန်း၁၉၅
အခန်း၁၉၆
အခန်း၁၉၇
အခန်း၁၉၈
Announcement!!
အခန်း၁၈၀
806 142 0
By Anaisa365
ကျီဖန်ယင်းသည် သူမ၏ အိမ်သို့ခိုး​ပြန်ရန်ဟူသော အကြံကို အကောင်အထည်မဖော်နိုင်ခဲ့ပေ။ စူးရှသောမျက်လုံးတစ်စုံက သူမ ပွဲထဲမှ ထွက်မသွားနိုင်အောင် အဆက်မပြတ် စောင့်ကြည့်နေသောကြောင့်ပင်။
ကျန်းနင်
သူမပန်းကန်ပြားကို ချလိုက်တဲ့အချိန် ကျန်းနင်က သူမရှေ့တွင် ပေါ်လာပြီး "ချစ်လေး၊ သွားနှုတ်ဆက်ရအောင်" လို့ ပြောလိုက်သည်။
"ဘယ်သူ့ကိုလဲ"
"ဘိုင်မိသားစုကအကြီးအကဲတွေ။" ကျန်းနင်က ပြန်ပြောသည်။
ကျီဖန်ယင်း မျက်​ခုံးပင့်​လိုက်သည်​။
"..." ကျန်းနင်သည် တစ်ခုခုမူမမှန်သည်ကို ချက်ချင်း သဘောပေါက်လိုက်သည်။ "ဘာလဲ၊ နင့်အမူအရာက"
"သူ့သားက ငါ့ညီမရဲ့လူတွေထဲကဆိုတာ မသိဘူးလား။" ကျီဖန်ယင်းက မေးသည်၊ "နင်တို့အသိုင်းအဝိုင်းထဲမှာ ဒီကိစ္စကနာမည်ကြီးမယ်လို့ ငါထင်နေတာ။"
"မရင့်ကျက်သေးတဲ့လူငယ်တွေအတွက်တော့ နာမည်ကြီးမှာပေါ့၊ ဒါပေမဲ့ ငါက သူတို့အဖွဲ့ထဲက မဟုတ်ဘူးလေ။" ကျန်းနင်က ဂုဏ်ယူစွာ သူမကိုယ်သူမ လက်မဖြင့် ညွှန်ပြပြီး "ငါက ဘိုင်ကျိုးနဲ့ မရင်းနှီးဘူး။ ဝါစဉ်အရဆို သူက ငါ့ကို 'အန်တီ ကျန်းနင်' လို့​တောင်ခေါ်ရဦးမှာ။"
ကျီဖန်ယင်းက ရှန်ပိန်ခွက်ကို ကိုင်ထားတာကြောင့် သူမက လက်ကောက်ဝတ်ကိုသာ ပုတ်၍ လက်ခုပ်တီးလိုက်တယ်။ "ဟုတ်တာပေါ့၊ ဒါမှ ငါတို့ကျန်းနင်ပဲ။"
ကျန်းနင်သည် ကျီဖန်ယင်း၏ ပိုလွန်းသောတုန့်ပြန်မှုကို ကြည့်ပြီး မျက်လုံးကိုလှိမ့်လိုက်သည်။ သူမသည် ခန်းမထဲကို အမြန်ဝေ့ဝိုက်ကြည့်လိုက်ပြီး ကျီဖန်ယင်းကို ရှေ့သို့ တွန်းကာ "ဒါနဲ့ ဘိုင်ကျိုးက ဘိုင်စုံတွဲနဲ့အတူ ခန်းမထဲကို ဝင်လာတာကို ငါတွေ့လိုက်တယ်။ သူကလေးတုန်းကတည်းက ရုပ်ချောခဲ့တာ ကြီးလာတဲ့အထိ သူ့ရုပ်ကိုထိန်းနိုင်ခဲ့သားပဲ။ သူ့အဒေါ်အနေနဲ့တောင်မှ မျက်စိအစာကျွေးချင်စိတ်ပေါက်တယ်။"
ကျီဖန်ယင်းက "သူ့ရဲ့ဆိုးရွားတဲ့ဒေါသကိုသာထိန်းနိုင်ရင် ပို​တောင်မျက်စိပဒေဿဖြစ်မှာ။"
ဘိုင်ကျိုးသည် အရပ်မြင့်ကာ ရုပ်ရည်ချောမောတာကြောင့် သူ့ကို ရှာတွေ့ဖို့က လွယ်ပါသည်။ ကျန်းနင်သည် ခဏအတွင်း သူ့ကို ရှာတွေ့နိုင်ခဲ့ပြီး "အာ၊ သူက ဟိုမှာပဲ။ ဟမ်... သူက နင့်ကို စိုက်ကြည့်နေသလိုပဲနော်။"
ကျန်းနင်သည် တည်ငြိမ်အေးဆေးနေသော ကျန်းနင်နှင့် စိုက်ကြည့်နေသော ဘိုင်ကျိုးအကြား ကူးချည်သန်းချည် လှည့်ပတ်ကြည့်နေသည်။
"သူက တကယ်​ကြီး နင့်ကိုကြည့်နေတာ" ကျန်းနင်က အခိုင်အမာ ခေါင်းညိတ်ကာ ပြောသည်။
"ငါ့ညီမလေးက နိုင်ငံခြားမှာ ပညာသွားသင်တယ်လေ။ ငါတို့နှစ်ယောက်က ရုပ်တူတယ်ဆိုတော့ သူကငါ့ကို အစားထိုးပြီးကြည့်နေတာ။" ကျီဖန်ယင်းသည် ရှက်ရွံနေသောအရိပ်အယောက်တစ်စက်မှမရှိဘဲ ပြောလိုက်သည်။
"အချစ်​လေး၊ အစားထိုးလိုကြည့်တာလား တကယ်ကြိုက်နေတာလားတော့ ငါခွဲတတ်ပါတယ်။" ကျန်းနင်က အဓိပ္ပါယ်ရှိတဲ့ အပြုံးနဲ့ ပြန်ပြောခဲ့သည်၊ "သူက နင့်ညီမ မဟုတ်ဘဲ နင့်ကိုစိုက်ကြည့်နေတာ။"
ကျီဖန်ယင်း ခေါင်းကို လှည့်လိုက်သည်။ သူမ၏မျက်လုံးများတွင် ပြုံးနေသည့်အရိပ်အယောင်ရှိနေပြီး သူမ၏နှုတ်ခမ်းဆီသို့ လက်ညှိုးကိုထိကပ်ကာ ကျန်းနင်ကို "ရှူး" ဟူ၍ တိတ်တိတ်နေခိုင်းလိုက်သည်။
"တကယ်ကြီးလား" ကျန်းနင်သည် အံ့ဩစွာ မျက်လုံးပြူးသွားသည်။
ကျီဖန်ယင်းက "သူက အရင်က ငါ့ညီမကို 'ကြိုက်'သလို ငါ့ကို လာကြိုက်'နေတာ" ဟု ကျီဖန်ယင်းက ရှင်းပြသည်။ "အရမ်းအံ့သြမနေနဲ့။ လူငယ်​​တွေက စိတ်အပြောင်းအလဲအရမ်းမြန်တာကို နင်မသိတာလဲမဟုတ်။"
"ငါလည်းအဲ့ဒီလိုထင်တာပဲ။" ကျန်းနင်သည် နှုတ်ခမ်းကို ဖိကာ ချင့်ချိန်စဉ်းစားသည် "သူတို့အိမ်ကလူနဲ့ တွဲရတာ အတော်တော့ ဒုက္ခရောက်တယ်။ သူတို့အိမ်ကို အိမ်ထောင်ပြုပြီးဝင်ဖို့ကလည်းမလွယ်ဘူး၊ ဒါပေမဲ့ နင်အဲ့လိုလူမျိုးကိုမကြိုက်လောက်ဘူးလို့ ငါထင်တယ်။"
ကျီဖန်ယင်းက စဉ်းစားလိုက်ပြီး "ဒါပေမယ့် သူနဲ့ကစားရတာ ပျော်စရာတော့ကောင်းတယ်လေ။" လို့ ပြန်ဖြေလိုက်သည်။
ကျန်းနင် ရယ်မောလိုက်သည်။ သူမသည် ရယ်သံဖြင့် စနောက်လိုက်သည်၊ "နင်တကယ်မကောင်းတဲ့လူပဲ။"
သူမသည် အရမ်းပြင်းပြင်းထန်ထန် ရယ်မောနေရာ ကျီဖန်ယင်း၏ ပုခုံးပေါ်ထိ ခေါင်းကဆိုက်ကျသွားသည်။
သူများတွေအကြောင်း အတင်းအဖျင်းပြောနေကြတာ မိသွားရင် မကောင်းသောကြောင့် သူတို့နှစ်ယောက်သည် အချင်းချင်း နား,နားကပ်ကာ တီးတိုးပြောနေခဲ့ကြတာဖြစ်ငည်။ အတင်းတုပ်စ​နောက်နေ​ကြချိန်မှာတောင် ပတ်ဝန်းကျင်အပေါ် သတိရှိတာကြောင့် အချိန်သိပ်မကြာလိုက်ခင်မှာပဲ ပုံမှန်ပြန်ဖြစ်လာတော့သည်။
ကျန်းနင်က လည်ချောင်းရှင်းကာ "မစ္စစ်ဘိုင် နင့်ကို သိလား" လို့ မေးတယ်။
ကျီဖန်ယင်းက ထိုမေးခွန်းကိုစဉ်းစားကာ "မသိလောက်ဘူး"ဟု ခေါင်းယမ်းကာပြန်ပြောသည်။
ဘိုင်ကျိုး၏အ​မေသည် ကျီရှင်းရှင်းကို သတိ​ထားမိခဲ့သည်။ ဘိုင်ကျိုးက သူမကြောင့် ဟူ​ပြန့်တက္ကသိုလ်မှာ အတင်းတက်ခဲ့ပြီး ပဲရစ်ကိုတောင် လိုက်သွားချင်နေခဲ့တာကြောင့် သူမအကြောင်းကို ဘယ်လိုမှ မသိဘူးဆိုတာမဖြစ်နိုင်ပေ။
"ဒါဆို သွားမယ်" ကျန်းနင်က မေးစေ့ကိုမော့ကာ ပြောလိုက်သည်။ "စိတ်မပူနဲ့၊ မစ္စစ်ဘိုင်နဲ့ ငါက တစ်သွေးတည်းစီးနေကြတာ။"
"ဒါမဲ့ကြောက်တယ်လေ။ ချစ်သူ ကိုယ့်ကိုကာကွယ်ပေးရမယ်နော်။" ကျီဖန်ယင်းသည် ဒုက္ခရောက်နေသည့် မိန်းကလေးပုံစံ သရုပ်ဆောင်လိုက်သည်။
ထိုစကားကြောင့် ကျန်းနင်သည် နောက်တစ်ကြိမ် အူပြန်တက်သွားခဲ့သည် "ချစ်လေး၊ ငါမရယ်တော့အောင် တစ်ခုခုလုပ်ပါဦး။ ဘိုင်ကျိုးရဲ့ စူးရှလွန်းလှတဲ့ အကြည့်ကြီးကို ငါခံစားနေရတယ်ကွဲ့။ နင်က နည်းနည်းလေးမှကို နှလုံးသားမရှိဘူးပဲ။ သူ့ဘက်ကို တစ်ချက်လေးတောင် လှည့်မကြည့်ဘူး။"
ကျီဖန်ယင်းက ပြန်မတုံ့ပြန်ပေ။
__________
Zawgyi
ကျန်းနင်
"ဘယ်သူ့ကိုလဲ"
__________
Continue Reading
You'll Also Like
483K 17.1K 194
Won Yoo-ha, a trainee unfairly deprived of the opportunity to appear on a survival program scheduled to hit the jackpot, became a failure of an idol...
9.5K 811 10
နွေဦးမိုး၊ မက်မွန်ပန်းနှင့် လှပသောမိန်းမပျို လက်ထဲတွင်အနက်ရောင်ဝါးထီးတစ်လက်ကိုကိုင်ထားကာဤပန်းပင်အောက်၌ရပ်နေရင်း သူမ၏အပြုံးသည်နွေးထွေးပျော်ရွှင်နေသ...
1.7M 141K 65
RATHOD In a broken family, every person suffers from his insecurities and guilt. Successful in every field but a big failure when it comes to emotio...
503K 32.1K 41
Let's see how different personalities mends with each other to form a beautifull bond together. Where the Eldest is calm and cold, Second is aggress...