ကျီဖန်ယင်းက ၉ နာရီမှာ အလုပ်ဆင်းတာက ကျိုးကြောင်းဆီလျော်သည်ဟု တွေးသည်။ ညသန်းခေါင်မှ အိမ်ပြန်ရတာထက်စာရင် ပိုကောင်းပါသည်။
အက ဘိုင်ကျိုးသည် သူမ၏လျှာစောင်းထက်မှုမှာ ချုပ်နှောင်မိနေသော်လည်း သူသည် နောက်သုံးနာရီအတွင်း သူမကို များစွာဒုက္ခမပေးခဲ့ပေ။ သူသည် ထူးထူးခြားခြား လိမ္မာနေပြီး သူမပြောသမျှကို ညည်းညူခြင်းမရှိ၊ လိုက်လုပ်ပေးခဲ့သည်။ အစားချေးများတာတောင် ဟင်းသီးဟင်းရွက်တွေကိုတောင် ကုန်အောင်စားခဲ့သည်။
သုံးနာရီကျော်ကြာအောင် စကားကို အများကြီးမပြောခဲ့ပေ။
သူ့ကို ဖောက်သည်များထဲမှ ထုတ်ပစ်နိုင်သည်ဟူသောအတွေးကြောင့် ထိတ်လန့်နေတာဖြစ်မည်ဟု ကျီဖန်ယင်းက တွေးလိုက်သည်။
ဘိုင်ကျိုးသည် တံခါးပေါက်နားက ထိုင်ခုံပေါ်တွင်ထိုင်ကာ ဘွတ်ဖိနပ်ကိုစီးနေသော သူမကို သိပ်မဝေးလွန်းသောနေရာမှ စိုက်ကြည့်နေသည်။
သူမ ဖိနပ်ကိုသေချာဝတ်ပြီးနောက် ပေါ့ပေါ့တန်တန်မတ်တပ်ရပ်လိုက်ပြီး ဘိုင်ကျိုးဆီကို လှည့်ကာ "မင်းမှာ သုံးဖို့ ပိုက်ဆံအလုံအလောက်ရှိသေးလား"ဟု မေးလိုက်တယ်။
ဘယ်လိုပဲဆိုပါစေ ဘိုင်ကျိုးက ကျောင်းသားဖြစ်နေတုန်းပင်။ သူ့မိသားစုက ဘယ်လောက်ပဲချမ်းသာပြီး သူ့ကို ဘယ်လောက်ပဲ ဂရုမစိုက်ပါစေ၊ သူ့ဘဏ်အကောင့်ထဲက ငွေသန်းပေါင်းများစွာ ထွက်သွားတဲ့ကိစ္စကိုတော့ စိုးရိမ်လောက်မှာပဲ။
မစ္စစ်ဘိုင် ယွမ်သန်း ၈၀၀တန်ချက်လက်မှတ်ကို ကိုင်ကာ တံခါးလာခေါက်မလားဟူသော ဖြစ်နိုင်ချေကို သူမစဉ်းစားကြည့်ခဲ့သည်။ ဒီလိုအခြေအနေမျိုးသာ တကယ်ဖြစ်လာခဲ့ရင် သူမရဲ့တုံ့ပြန်မှုကတော့ ချက်လက်မှတ်ကို ယူပြီး ဘိုင်ကျိုးဆီကနေ ထွက်သွားဖို့ပါပဲ။
ဘိုင်ကျိုးက "မင်းနဲ့မဆိုင်ဘူး။"
ကျီဖန်ယင်းက အဲဒါကို တစ်ချက်လောက် စဉ်းစားလိုက်ကာ တကယ်လည်း သူ့ကိစ္စမဟုတ်ဘူးဟု ဆုံးဖြတ်လိုက်သည်။
ဘိုင်မိသားစုသာ သူမတို့၏အရောင်းအ၀ယ်ကိစ္စနှင့်ပတ်သက်၍ ကန့်ကွက်စရာများရှိလျှင် တစ်ခုခုလုပ်မည်ဖြစ်သည်။ နောက်ဆုံး သူမ တံခါးကိုလာခေါက်လျှင်တောင် သူမ ဖြေရှင်းနိုင်သည်။
"ငါသွားပြီ" ကျီဖန်ယင်းက လည်ပင်းမှာ လည်စည်းပဝါကို ပတ်ပြီး တံခါးဖွင့်လိုက်သည်။
ဘိုင်ကျိုးက သူမအား ရုတ်တရက် "ဟိတ်" ဟုအော်ခေါ်လိုက်သည်။
ကျီဖန်ယင်းသည် မေးခွန်းထုတ်သောမျက်နှာဖြင့် လှည့်ကြည့်လိုက်သည်။
"မင်းဘာလို့ ပိုက်ဆံတွေအများကြီးလိုနေတာလဲ" ဘိုင်ကျိုး နှုတ်ခမ်းကို ကိုက်ပြီး စိတ်မရှည်စွာ မေးလိုက်သည်။ "ငွေတိုးချေးထားတာလိုမျိုး တစ်ယောက်ယောက်ကိုအကြွေးတင်နေတာလား။ နောက်ထပ် ဘယ်လောက်လိုသေးလဲ။ မင်းရဲ့အကြွေးတွေကို ငါဆပ်ပေးမယ်။"
"ဆယ်ဘီလီယံ" ကျီဖန်ယင်းက သူ့အား ရိုးသားစွာ ဝန်ခံခဲ့သည်။
ဘိုင်ကျိုး: "..."
သူ့အတွေးများသာ စကားလုံးတွေအဖြစ် ထင်ရှားနိုင်ရင် သူ့ဘယ်ဘက်ပါးတွင် 'အဓိပ္ပါယ်မရှိတာတွေ'နှင့် ညာဖက်ပါးတွင် 'ဘယ်သူကို လာလိမ်နေတာလဲ' လို့ရေးထားလိမ့်မည်။
ကျီဖန်ယင်းက စိတ်မွန်းကျပ်စွာ ရယ်မောလိုက်သည်။ သူမသည် ဘိုင်ကျိုးကို လက်ပြနှုတ်ဆက်ပြီး အိမ်မှထွက်လာခဲ့သည်။
...
နောက်ရက်များတွင် ကြီးမားသော ဖြစ်ရပ်နှစ်ခု ဖြစ်ပွားခဲ့သည်။
တစ်ခုမှာ၊ ကျီရှင်းရှင်းသည် သူမအား ယာယီပြည်တွင်းသို့ ပြန်လည်လာနိုင်မည့် ကျောင်းသားဖလှယ်ရေးအစီအစဉ်တစ်ခုကို လျှောက်ထားခဲ့သည်။ သူမသည် သူမ၏ပြင်သစ်အတန်းဖော်များကို ပြည်တွင်းတက္ကသိုလ်များသို့ ခေါ်သွားပေးမှာဖြစ်ပြီး နှစ်ဦးနှစ်ဘက် အပြန်အလှန်စကားပြောဆိုရာတွင် လွယ်ကူချောမွေ့စေမည်ဖြစ်သည်။ ကျောင်းသားဖလှယ်ရေးအစီအစဉ်၏တည်နေရာမှာ ဟူမြို့တွင်ဖြစ်သောကြောင့် ဟူပြန့်တက္ကသိုလ်သည်လည်း သွားရောက်လှည့်ပတ်ကြည့်ရှုမည့် တက္ကသိုလ်များထဲတွင်ပါဝင်သည်။
ကျောင်းသားဖလှယ်ရေးအစီအစဉ်သည် ကျောင်းစာသင်နှစ်တစ်ခုစာ ကြာပါသည်။
ကျီဖန်ယင်းသည် ကျီရှင်းရှင်း စစ်ကြေညာတာ ဖြစ်နိုင်သည်ဟု မှန်းဆခဲ့သည်။
ဒုတိယမြောက်တစ်ခုက ဘိုင်မိသားစုက သူမဆီ ရောက်လာတယ်ဆိုပေမဲ့ သူမထင်ထားတာနဲ့တော့ အနည်းငယ် ကွဲပြားပါသည်။ ပိုအတိအကျပြောရလျှင် ဘိုင်မိသားစုဝင်ထဲကမဟုတ်ဘဲ သူတို့နဲ့ရင်းနှီးတယ်ဟုပြောလို့ရသောလူမှဖြစ်သည်။
ကျီဖန်ယင်းသည် ဒီရက်အနည်းငယ်အတွင်း တိုက်ခန်းများစွာကို ကြည့်ရှုခဲ့ပြီး ဘယ်နေရာကိုရွေးရမည်ကို ဆုံးဖြတ်နေဆဲဖြစ်သည်။ လုံခြုံရေးနှင့် အဆင်ပြေဖို့အပါအဝင် သူမ၏ ပန်းတိုင်သည် ငွေရှာရန်ဖြစ်တာကြောင့် စျေးမြှင့်လာနိုင်မည့် အလားအလာကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။
သူမကိုယ်ပိုင်ငွေဖြင့် အိမ်တစ်လုံးဝယ်ခြင်းသည် 'အိမ်ပြန်ဖို့ရန် ဖျားယောင်းသွေးဆောင်ခြင်း' အက်ပ်တွင် ငွေလျော့သွားလိမ့်မည်မဟုတ်ပေ။
ဥပမာအားဖြင့်၊ သူမသည် သူမ သန်းနှစ်ဆယ်တန်အိမ်တစ်လုံးကိုဝယ်ခဲ့လျှင် သူမ၏ပိုင်ဆိုင်မှုသည် ပြောင်းလဲမှာမဟုတ်ပေ။ သို့သော် အိမ်၏စျေးနှုန်းသည် ယွမ်၂၅သန်းအထိ တက်လာပါက၊ ယွမ်ငါးသန်းသည် အက်ပ်ထဲ ဝင်သွားလိမ့်မည်ဖြစ်သည်။
ထိုအကြောင်းကြောင့် ကျီဖန်ယင်းသည် သူမ၏ပိုက်ဆံများကို ငွေစံမံပေးသောမန်နေဂျာဆီသို့ အပ်နှင်းပြီးကတည်းက၊ အက်ပ်ရှိ ငွေအရေအတွက်သည် ဆက်တိုက်ဆိုသလို ပြောင်းလဲနေခဲ့တာဖြစ်သည်။
{T/N:ငွေစီမံပေးတဲ့မန်နေဂျာတွေက ရှယ်ယာတွေဝယ်တာတို့ ရင်းနှီးမြှုပ်နှံတာတို့ အဲ့လိုပိုက်ဆံကိုတိုးပွားအောင်လုပ်ပေးပါတယ်။}
ခြုံပြောရရင် အဓိကအချက်က ကျီဖန်ယင်းဟာ စိတ်ကျေနပ်လောက်တဲ့အိမ်ကို ရှာမတွေ့သေးတာဘဲ။ ထို့ကြောင့် သူမသည် လီရှောက်ရှင်းနှင့် အဖေ၊ အမေကျီတို့ရှာတွေ့ထားသော အိမ်တွင် နေထိုင်နေရဆဲဖြစ်သည်။
ယခုလည်း သူမ၏တတိယမြောက်ဧည့်သည်က သူမ၏အိမ်တံခါးကို လာခေါက်နေပြီ။ လှပကာကျက်သရေရှိသော သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်ဖြစ်သည်။
သူမတို့နှစ်ယောက် မျက်လုံးချင်းဆုံမိချိန်တွင် ကျီဖန်ယင်းသည် အမျိုးသမီးရောက်လာရသော အကြောင်းအရင်းကို အရိပ်ဖမ်းယူနေသည်။
"မင်္ဂလာပါ မစ္စကျီဖန်ယင်း" လို့ အမျိုးသမီးကြီးက ပြုံးကာ ပြောလိုက်သည်၊ "ကျွန်မ ဘိုင်ကျိုးအကြောင်း ရှင်နဲ့စကားပြောချင်လို့ပါ။"
_______
Zawgyi
က်ီဖန္ယင္းက ၉ နာရီမွာ အလုပ္ဆင္းတာက က်ိဳးေၾကာင္းဆီေလ်ာ္သည္ဟု ေတြးသည္။ ညသန္းေခါင္မွ အိမ္ျပန္ရတာထက္စာရင္ ပိုေကာင္းပါသည္။
အက ဘိုင္က်ိဳးသည္ သူမ၏လၽွာေစာင္းထက္မွုမွာ ခ်ဳပ္ေႏွာင္မိေနေသာ္လည္း သူသည္ ေနာက္သုံးနာရီအတြင္း သူမကို မ်ားစြာဒုကၡမေပးခဲ့ေပ။ သူသည္ ထူးထူးျခားျခား လိမၼာေနၿပီး သူမေျပာသမၽွကို ညည္းညဴျခင္းမရွိ၊ လိုက္လုပ္ေပးခဲ့သည္။ အစားေခ်းမ်ားတာေတာင္ ဟင္းသီးဟင္းရြက္ေတြကိုေတာင္ ကုန္ေအာင္စားခဲ့သည္။
သုံးနာရီေက်ာ္ၾကာေအာင္ စကားကို အမ်ားႀကီးမေျပာခဲ့ေပ။
သူ႔ကို ေဖာက္သည္မ်ားထဲမွ ထုတ္ပစ္နိုင္သည္ဟူေသာအေတြးေၾကာင့္ ထိတ္လန႔္ေနတာျဖစ္မည္ဟု က်ီဖန္ယင္းက ေတြးလိုက္သည္။
ဘိုင္က်ိဳးသည္ တံခါးေပါက္နားက ထိုင္ခုံေပၚတြင္ထိုင္ကာ ဘြတ္ဖိနပ္ကိုစီးေနေသာ သူမကို သိပ္မေဝးလြန္းေသာေနရာမွ စိုက္ၾကည့္ေနသည္။
သူမ ဖိနပ္ကိုေသခ်ာဝတ္ၿပီးေနာက္ ေပါ့ေပါ့တန္တန္မတ္တပ္ရပ္လိုက္ၿပီး ဘိုင္က်ိဳးဆီကို လွည့္ကာ "မင္းမွာ သုံးဖို႔ ပိုက္ဆံအလုံအေလာက္ရွိေသးလား"ဟု ေမးလိုက္တယ္။
ဘယ္လိုပဲဆိုပါေစ ဘိုင္က်ိဳးက ေက်ာင္းသားျဖစ္ေနတုန္းပင္။ သူ႔မိသားစုက ဘယ္ေလာက္ပဲခ်မ္းသာၿပီး သူ႔ကို ဘယ္ေလာက္ပဲ ဂ႐ုမစိုက္ပါေစ၊ သူ႔ဘဏ္အေကာင့္ထဲက ေငြသန္းေပါင္းမ်ားစြာ ထြက္သြားတဲ့ကိစၥကိုေတာ့ စိုးရိမ္ေလာက္မွာပဲ။
မစၥစ္ဘိုင္ ယြမ္သန္း ၈၀၀တန္ခ်က္လက္မွတ္ကို ကိုင္ကာ တံခါးလာေခါက္မလားဟူေသာ ျဖစ္နိုင္ေခ်ကို သူမစဥ္းစားၾကည့္ခဲ့သည္။ ဒီလိုအေျခအေနမ်ိဳးသာ တကယ္ျဖစ္လာခဲ့ရင္ သူမရဲ့တုံ႔ျပန္မွုကေတာ့ ခ်က္လက္မွတ္ကို ယူၿပီး ဘိုင္က်ိဳးဆီကေန ထြက္သြားဖို႔ပါပဲ။
ဘိုင္က်ိဳးက "မင္းနဲ႔မဆိုင္ဘူး။"
က်ီဖန္ယင္းက အဲဒါကို တစ္ခ်က္ေလာက္ စဥ္းစားလိုက္ကာ တကယ္လည္း သူ႔ကိစၥမဟုတ္ဘူးဟု ဆုံးျဖတ္လိုက္သည္။
ဘိုင္မိသားစုသာ သူမတို႔၏အေရာင္းအ၀ယ္ကိစၥႏွင့္ပတ္သက္၍ ကန႔္ကြက္စရာမ်ားရွိလၽွင္ တစ္ခုခုလုပ္မည္ျဖစ္သည္။ ေနာက္ဆုံး သူမ တံခါးကိုလာေခါက္လၽွင္ေတာင္ သူမ ေျဖရွင္းနိုင္သည္။
"ငါသြားၿပီ" က်ီဖန္ယင္းက လည္ပင္းမွာ လည္စည္းပဝါကို ပတ္ၿပီး တံခါးဖြင့္လိုက္သည္။
ဘိုင္က်ိဳးက သူမအား ႐ုတ္တရက္ "ဟိတ္" ဟုေအာ္ေခၚလိုက္သည္။
က်ီဖန္ယင္းသည္ ေမးခြန္းထုတ္ေသာမ်က္ႏွာျဖင့္ လွည့္ၾကည့္လိုက္သည္။
"မင္းဘာလို႔ ပိုက္ဆံေတြအမ်ားႀကီးလိုေနတာလဲ" ဘိုင္က်ိဳး ႏွုတ္ခမ္းကို ကိုက္ၿပီး စိတ္မရွည္စြာ ေမးလိုက္သည္။ "ေငြတိုးေခ်းထားတာလိုမ်ိဳး တစ္ေယာက္ေယာက္ကိုအေႂကြးတင္ေနတာလား။ ေနာက္ထပ္ ဘယ္ေလာက္လိုေသးလဲ။ မင္းရဲ့အေႂကြးေတြကို ငါဆပ္ေပးမယ္။"
"ဆယ္ဘီလီယံ" က်ီဖန္ယင္းက သူ႔အား ရိုးသားစြာ ဝန္ခံခဲ့သည္။
ဘိုင္က်ိဳး: "..."
သူ႔အေတြးမ်ားသာ စကားလုံးေတြအျဖစ္ ထင္ရွားနိုင္ရင္ သူ႔ဘယ္ဘက္ပါးတြင္ 'အဓိပၸါယ္မရွိတာေတြ'ႏွင့္ ညာဖက္ပါးတြင္ 'ဘယ္သူကို လာလိမ္ေနတာလဲ' လို႔ေရးထားလိမ့္မည္။
က်ီဖန္ယင္းက စိတ္မြန္းက်ပ္စြာ ရယ္ေမာလိုက္သည္။ သူမသည္ ဘိုင္က်ိဳးကို လက္ျပႏွုတ္ဆက္ၿပီး အိမ္မွထြက္လာခဲ့သည္။
...
ေနာက္ရက္မ်ားတြင္ ႀကီးမားေသာ ျဖစ္ရပ္ႏွစ္ခု ျဖစ္ပြားခဲ့သည္။
တစ္ခုမွာ၊ က်ီရွင္းရွင္းသည္ သူမအား ယာယီျပည္တြင္းသို႔ ျပန္လည္လာနိုင္မည့္ ေက်ာင္းသားဖလွယ္ေရးအစီအစဥ္တစ္ခုကို ေလၽွာက္ထားခဲ့သည္။ သူမသည္ သူမ၏ျပင္သစ္အတန္းေဖာ္မ်ားကို ျပည္တြင္းတကၠသိုလ္မ်ားသို႔ ေခၚသြားေပးမွာျဖစ္ၿပီး ႏွစ္ဦးႏွစ္ဘက္ အျပန္အလွန္စကားေျပာဆိုရာတြင္ လြယ္ကူေခ်ာေမြ႕ေစမည္ျဖစ္သည္။ ေက်ာင္းသားဖလွယ္ေရးအစီအစဥ္၏တည္ေနရာမွာ ဟူၿမိဳ႕တြင္ျဖစ္ေသာေၾကာင့္ ဟူျပန့္တကၠသိုလ္သည္လည္း သြားေရာက္လွည့္ပတ္ၾကည့္ရွုမည့္ တကၠသိုလ္မ်ားထဲတြင္ပါဝင္သည္။
ေက်ာင္းသားဖလွယ္ေရးအစီအစဥ္သည္ ေက်ာင္းစာသင္ႏွစ္တစ္ခုစာ ၾကာပါသည္။
က်ီဖန္ယင္းသည္ က်ီရွင္းရွင္း စစ္ေၾကညာတာ ျဖစ္နိုင္သည္ဟု မွန္းဆခဲ့သည္။
ဒုတိယေျမာက္တစ္ခုက ဘိုင္မိသားစုက သူမဆီ ေရာက္လာတယ္ဆိုေပမဲ့ သူမထင္ထားတာနဲ႔ေတာ့ အနည္းငယ္ ကြဲျပားပါသည္။ ပိုအတိအက်ေျပာရလၽွင္ ဘိုင္မိသားစုဝင္ထဲကမဟုတ္ဘဲ သူတို႔နဲ႔ရင္းႏွီးတယ္ဟုေျပာလို႔ရေသာလူမွျဖစ္သည္။
က်ီဖန္ယင္းသည္ ဒီရက္အနည္းငယ္အတြင္း တိုက္ခန္းမ်ားစြာကို ၾကည့္ရွုခဲ့ၿပီး ဘယ္ေနရာကိုေရြးရမည္ကို ဆုံးျဖတ္ေနဆဲျဖစ္သည္။ လုံျခဳံေရးႏွင့္ အဆင္ေျပဖို႔အပါအဝင္ သူမ၏ ပန္းတိုင္သည္ ေငြရွာရန္ျဖစ္တာေၾကာင့္ ေစ်းျမႇင့္လာနိုင္မည့္ အလားအလာကိုလည္း ထည့္သြင္းစဥ္းစားရန္ လိုအပ္ပါသည္။
သူမကိုယ္ပိုင္ေငြျဖင့္ အိမ္တစ္လုံးဝယ္ျခင္းသည္ 'အိမ္ျပန္ဖို႔ရန္ ဖ်ားေယာင္းေသြးေဆာင္ျခင္း' အက္ပ္တြင္ ေငြေလ်ာ့သြားလိမ့္မည္မဟုတ္ေပ။
ဥပမာအားျဖင့္၊ သူမသည္ သူမ သန္းႏွစ္ဆယ္တန္အိမ္တစ္လုံးကိုဝယ္ခဲ့လၽွင္ သူမ၏ပိုင္ဆိုင္မွုသည္ ေျပာင္းလဲမွာမဟုတ္ေပ။ သို႔ေသာ္ အိမ္၏ေစ်းႏွုန္းသည္ ယြမ္၂၅သန္းအထိ တက္လာပါက၊ ယြမ္ငါးသန္းသည္ အက္ပ္ထဲ ဝင္သြားလိမ့္မည္ျဖစ္သည္။
ထိုအေၾကာင္းေၾကာင့္ က်ီဖန္ယင္းသည္ သူမ၏ပိုက္ဆံမ်ားကို ေငြစံမံေပးေသာမန္ေနဂ်ာဆီသို႔ အပ္ႏွင္းၿပီးကတည္းက၊ အက္ပ္ရွိ ေငြအေရအတြက္သည္ ဆက္တိုက္ဆိုသလို ေျပာင္းလဲေနခဲ့တာျဖစ္သည္။
{T/N:ေငြစီမံေပးတဲ့မန္ေနဂ်ာေတြက ရွယ္ယာေတြဝယ္တာတို႔ ရင္းႏွီးျမႇုပ္ႏွံတာတို႔ အဲ့လိုပိုက္ဆံကိုတိုးပြားေအာင္လုပ္ေပးပါတယ္။}
ျခဳံေျပာရရင္ အဓိကအခ်က္က က်ီဖန္ယင္းဟာ စိတ္ေက်နပ္ေလာက္တဲ့အိမ္ကို ရွာမေတြ႕ေသးတာဘဲ။ ထို႔ေၾကာင့္ သူမသည္ လီေရွာက္ရွင္းႏွင့္ အေဖ၊ အေမက်ီတို႔ရွာေတြ႕ထားေသာ အိမ္တြင္ ေနထိုင္ေနရဆဲျဖစ္သည္။
ယခုလည္း သူမ၏တတိယေျမာက္ဧည့္သည္က သူမ၏အိမ္တံခါးကို လာေခါက္ေနၿပီ။ လွပကာက်က္သေရရွိေသာ သက္လတ္ပိုင္း အမ်ိဳးသမီးတစ္ေယာက္ျဖစ္သည္။
သူမတို႔ႏွစ္ေယာက္ မ်က္လုံးခ်င္းဆုံမိခ်ိန္တြင္ က်ီဖန္ယင္းသည္ အမ်ိဳးသမီးေရာက္လာရေသာ အေၾကာင္းအရင္းကို အရိပ္ဖမ္းယူေနသည္။
"မဂၤလာပါ မစၥက်ီဖန္ယင္း" လို႔ အမ်ိဳးသမီးႀကီးက ျပဳံးကာ ေျပာလိုက္သည္၊ "ကၽြန္မ ဘိုင္က်ိဳးအေၾကာင္း ရွင္နဲ႔စကားေျပာခ်င္လို႔ပါ။"
_______