"နင့်အိမ်က ဒီနေရာနဲ့ ဝေးတယ်မဟုတ်ဘူးလား" ကျန်းနင်က အရှိန်မြှင့်လိုက်ရင်း စပ်စုသည်။ "အိမ်ပြောင်းထားတာလား။"
"ပြောင်းမလို့ပဲ၊ အိမ်တွေကို အရင်လိုက်ကြည့်မလို့ စီတော့စီစဉ်ထားတယ်။" ကျီဖန်ယင်းက သူမရဲ့ ထိုင်ခုံခါးပတ်ကို ပတ်ရင်း ပြန်ပြောခဲ့သည်။ "မနေ့ညက ငါ့မိဘတွေ ငါ့အိမ်ကို ရောက်လာပြီး လက်ထပ်ခိုင်းဖို့ ပြန်ဆွဲခေါ်နေကြတယ်။"
"အခုခေတ် ဒီလိုလုပ်တဲ့သူတွေရှိသေးတာလား။ ဒါပေမဲ့ နင်ကတော့ သူများစီစဉ်ပေးတဲ့ အိမ်ထောင်ရေးကို ငြိမ်ခံမဲ့ပုံမပေါ်ဘူး။" ကျန်းနင်က ပြောသည် "အမှန်တိုင်းပြောရရင် ငါနင်နဲ့မတွေ့ခင်က နင်တို့အိမ်မှာ သမီးတစ်ယောက်ဘဲ ရှိတယ်လို့ထင်နေခဲ့တာ။"
ကျီဖန်ယင်းက တိုးတိုးလေး ရယ်လိုက်သည် ။ သူမ လက်ကို ကားပြတင်းပေါက်တွင်တင်ကာ နဖူးကို ထောက်ထားရင်း "ဘယ်ဟုတ်မလဲ။ သူများ ငါ့အိမ်ထောင်ရေးကို စီစဉ်ပေးဖို့မပြောနဲ့၊ ငါ့ဘာသာတောင်လက်ထပ်ဖို့ စိတ်ကူးမရှိသေးဘူး။"
"ဟုတ်တယ်။ နင်သာဆို ဘယ်ယောကျ်ားမဆို ခေါင်းခေါက်ရွေးလို့ရတယ်။" ကျန်းနင်က စနောက်လိုက်သည်၊ "နင်ဖောက်ပြန်တယ်လို့သတင်းထွက်ရင်တောင် နင့်ဆီကိုယ့်ကိုကိုယ်ပေးအပ်ချင်တဲ့ အဆင်လေးတွေအများကြီး တန်းစီနေဦးသေးတယ်။"
ကျီဖန်ယင်းသည် ကျန်းနင်က သူမထံ ချဉ်းကပ်ရန် ကြိုးစားခဲ့သော သရုပ်ဆောင်အသစ်လေးကိစ္စကို ပြောနေကြောင်းကိုသိတာကြောင့် ကူကယ်ရာမဲ့သောအပြုံးဖြင့်သာ တုံ့ပြန်ခဲ့သည်။ ထို့နောက် ခေါင်းစဉ်ပြောင်းပြီး "ငါရိုက်ကွင်းကို မရောက်တာတောင်ကြာပြီ။ အကုန်အဆင်ပြေရဲ့လား?"
"လုံးဝ ပြီးပြည့်စုံသွားတယ်။" ကျန်းနင်က လက်မထောင်ပြလိုက်သည်။ "ဒီတစ်ကားတည်းနဲ့ ငါတို့အတွက်လိုတဲ့ရံပုံငွေတွေ ရနိုင်လောက်တယ်။"
"ငါတို့ ဒီနှစ် ဇာတ်ကားခြောက်ကားလောက်ကို ရင်းနှီးမြှုပ်နှံဖို့လုပ်ထားတယ်လေ။ ပန်းတိုင်ကိုရောက်ဖို့ အများကြီးသွားရဦးမှာ။" ဟု ကျီဖန်ယင်းက သတိပေးသည်။
"ချစ်လေးရေ၊ နင်သာ တစ်ကားလောက် ဝင်သရုပ်ဆောင်ရင် အရမ်းကောင်းမှာ" ကျန်းနင်သည် သက်ပြင်း ခပ်ပြင်းပြင်းတစ်ချက်ချလိုက်သည်။ "တက်သစ်စတွေကို နင်တကယ်ကောင်းကောင်း လမ်းညွှန်တတ်တာပဲ၊ သေချာပေါက် ဝင်သရုပ်ဆောင်ရင်လည်း အရမ်းသရုပ်ဆောင်ကောင်းမှာ။ ပြီးတော့ နင့်မျက်နှာကိုလည်း တစ်ချက်ရှိုးဦး၊ ဘာလို့ အနောက်မှာပဲ နေရတာလဲ၊ လူရှေ့ထွက်ပါ့လား။"
"ဘေဘီ မသိပါဘူး၊ အဲဒါ အရမ်းပင်ပန်းတယ်။ ငါကတော့ ကောင်တာနောက်မှာထိုင်ပြီး ငွေသိမ်းရတာကို ပိုကျေနပ်တယ်" ကျီဖန်ယင်းက ပြန်ပြောခဲ့သည်။
ချစ်လေး၊ ဘေဘီ၊ ဟန်နီ... သူတို့နှစ်ယောက်က အဲ့လိုပဲ တစ်ယောက်နဲ့တစ်ယောက် စကားပြောလေ့ရှိတယ်။
"ဒါဆိုလည်း ရွေးချယ်စရာမရှိဘူးပေါ့..." ကျန်းနင်က ခေါင်းခါလိုက်သည်။ "ငါတို့ရဲ့ဇာတ်ကားထဲ ဟဲရှန်ကိုပဲ လျော့စျေးနဲ့ ခေါ်ရတော့မယ်။"
"တကယ်ဆို သူအလကား ဝင်သရုပ်ဆောင်ပေးသင့်တာ။" ကျီဖန်ယင်းက အေးဆေးစွာ ပြန်ပြောသည်။ "သူလည်း ငါတို့စတူဒီယိုထဲမှာ ရှယ်ယာပါတာပဲလေ။ ဘာလို့ ဝင်သရုပ်ဆောင်ပေးဖို့ ပိုက်ဆံပေးရမှယလဲ။ ဒါက ပိုက်ဆံဖြုန်းတီးတာပဲ။"
"... ချစ်လေး၊ နင်က ငါထင်ထားတာထက်ကို အများကြီး ပိုဆိုးနေတာပါလား" ကျန်းနင်က ပြောသည်။
ကျီဖန်ယင်း၏ နှုတ်ခမ်းထောင့်များသည် ပင့်တက်သွားပြီး "ငါ့ရဲ့ ပင်ကိုယ်စရိုက်ပဲလေ"
ငါက ခံစားချက်မဲ့တဲ့ ငွေရှာစက်ပဲ၊ ငါ့မှာသာ ကိုယ်ချင်းစာစိတ်လေးရှိခဲ့ရင် အဲဒီငါးတွေထဲက တစ်ပြားမှတောင်ရနိုင်မှာမဟုတ်ဘူးယ
ရုပ်ရှင်က နှစ်နာရီသာကြာတယ်။ အသွားအပြန်နှင့် စောင့်ဆိုင်းရသောအချိန်များအပါအဝင် ကျီဖန်ယင်းသည် နှစ်နာရီအတွင်း ပြန်ရောက်နိုင်လောက်သည်။
တကယ်ဆို ကျန်းနင်ဆီမှာ အလုပ်ညစာစားပွဲရှိပြီး ကျီဖန်ယင်းသည်လည်း ဘိုင်ကျိုး၏တိုက်ခန်းကို ပြန်ဖို့ လိုသေးသည်။ သူတို့နှစ်ယောက်က ဒီဇာတ်ကားကို အတူတူကြည့်ရန် အချိန်ကိုညှစ်ထုတ်ခဲ့ကြတာပင်။
"တခါတလေ စတူဒီယိုကို ငါတစ်ယောက်တည်း လည်ပတ်နေရသလိုပဲ။ ဟဲရှန်က ငွေတွေကိုဖြုန်းနေပြီး နင်ကကျ ရုပ်ရှင်အရည်အသွေးကိုပဲ ကြည့်နေတယ်။ ငါပဲ လူမှုပေါင်းသင်းဆက်ဆံရေးနဲ့ ညစ်ပတ်တဲ့အလုပ်တွေအားလုံးကို လုပ်နေရတယ်။ ဒါပေမယ့်လည်း ငါက အဲဒီယုတ်မာတဲ့လူတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ တစ်ဦးတည်းသောသူပဲဆိုတော့၊ ဟုတ်ပါတယ်လေ။" ကျန်းနင်သည် သူမ၏ ဆံပင်ရှည်များကို ဂုဏ်ယူစွာ သပ်လိုက်သည်။
"ဟဲရှန်က မကူညီချင်တာမဟုတ်ပါဘူး၊ သူကမကူညီနိုင်ဖြစ်နေတာမဟုတ်ဘူးလား။" ဟု ကျန်းနင်က မှတ်ချက်ချသည်။
"အမ်?" ကျန်းနင်သည် ကျီဖန်ယင်းကို ကြည့်လိုက်သည်။
"ငါသူ့ကို လမ်းမှာတွေ့ခဲ့တယ်" ကျီဖန်ယင်းက ခေါင်းငုံ့ပြီး အသံတိုးစွာ "သူပုံစံက လူမှုဆက်ဆံရေးကိစ္စတွေမှာ သိပ်အဆင်မပြေတဲ့ပုံပဲ။ ပွဲတစ်ခုခုတက်ဖို့ဆို တစ်ပတ်လောက်ကြိုစိတ်ပူတတ်တဲ့ လူစားမျိုး ဟုတ်တယ်မလား။"
ကျန်းနင်သည် နှစ်စက္ကန့်လောက် ကြက်သေသေနေပြီးမှ ကျယ်လောင်စွာ ရယ်မောချလိုက်သည် "နင်အဲဒါကို ဒီလောက်မြန်မြန် သတိထားမိတယ်ပေါ့။ နင်သူ့ကို ထုတ်မေးခဲ့တာတော့မဟုတ်ဘူးမလား။"
"ငါကနင့်မျက်လုံးထဲ အဲ့လောက်မကောင်းတဲ့လူဖြစ်နေခဲ့တာလား။" ကျီဖန်ယင်းက မေးရင်း သူမ ကုတ်အင်္ကျီမှ လက်များကိူထုတ်ကာ ရယ်မောနေသော ကျန်းနင်၏ပါးပြင်ပေါ်တွင် တင်လိုက်ပြီး "...နင့်အတွက် အရမ်းရယ်ရတယ်လား။"
"ဒါပေါ့" ကျန်းနင်က ရယ်နေရင်း မျက်ရည်များကို သုတ်လိုက်သည်။ "သူ့ရဲ့လူကြောက်တတ်တာကို ကောင်းကောင်းဖုံးကွယ်ထားတယ်ဆိုပြီး သူက အရမ်းဂုဏ်ယူနေခဲ့တာလေ။ တကယ်လည်း အတော်လေးဖုံးကွယ်နိုင်ခဲ့ပါတယ်။ ဘယ်သူမှသိပ်မသိသေးဘူးဆိုတော့လည်း။"
"... ငါတို့ကနယ်ပယ်တစ်ခုတည်းကမလို့လို့ ထင်တာပဲ။ တစ်ယောက်ယောက်က သရုပ်ဆောင်နေရင် ငါတန်းသိတယ်လေ။" ကျီဖန်ယင်းက ပြန်ပြောခဲ့ပါတယ်။
ကျန်းနင်သည် ခေါင်းငုံ့ကာ ရယ်နေသေးသည်။ သူမသည် ဟန်ချက်ထိန်းရန် ကျီဖန်ယင်း၏ပခုံးကိုပင် ကိုင်ထားရသည်။ သူမသည် အချိန်အနည်းငယ်ကြာပြီးမှ တည်ငြိမ်သွားပြီး နောက်ကျောကိုမတ်ကာ "ဟုတ်ပြီ၊ ငါအခု အလုပ်သွားလုပ်ရတော့မယ်။"
"လိမ္မာလိုက်တာ။" ကျီဖန်ယင်းက ချီးကျူးစကားဆိုကာ ခေါင်းညိတ်လိုက်ပြီး "ငါလည်း လုပ်စရာရှိသေးတယ်။"
"လိုက်ပို့ပေးမယ်လေ" ကျန်းနင်က သူမကို ဆွဲဆောင်မှုရှိစွာ မျက်တောင်ခတ်ပြလိုက်တယ်။
ကျီဖန်ယင်းက ခေါင်းခါလိုက်သည်။ "ရပါတယ်၊ တက္ကစီပဲ ခေါ်လိုက်တော့မယ်။ ညစာစားပွဲမှာ ကံကောင်းပါစေ၊ အချစ်ရေ"
_____
Zawgyi
"နင့္အိမ္က ဒီေနရာနဲ႔ ေဝးတယ္မဟုတ္ဘူးလား" က်န္းနင္က အရွိန္ျမႇင့္လိုက္ရင္း စပ္စုသည္။ "အိမ္ေျပာင္းထားတာလား။"
"ေျပာင္းမလို႔ပဲ၊ အိမ္ေတြကို အရင္လိုက္ၾကည့္မလို႔ စီေတာ့စီစဥ္ထားတယ္။" က်ီဖန္ယင္းက သူမရဲ့ ထိုင္ခုံခါးပတ္ကို ပတ္ရင္း ျပန္ေျပာခဲ့သည္။ "မေန႔ညက ငါ့မိဘေတြ ငါ့အိမ္ကို ေရာက္လာၿပီး လက္ထပ္ခိုင္းဖို႔ ျပန္ဆြဲေခၚေနၾကတယ္။"
"အခုေခတ္ ဒီလိုလုပ္တဲ့သူေတြရွိေသးတာလား။ ဒါေပမဲ့ နင္ကေတာ့ သူမ်ားစီစဥ္ေပးတဲ့ အိမ္ေထာင္ေရးကို ၿငိမ္ခံမဲ့ပုံမေပၚဘူး။" က်န္းနင္က ေျပာသည္ "အမွန္တိုင္းေျပာရရင္ ငါနင္နဲ႔မေတြ႕ခင္က နင္တို႔အိမ္မွာ သမီးတစ္ေယာက္ဘဲ ရွိတယ္လို႔ထင္ေနခဲ့တာ။"
က်ီဖန္ယင္းက တိုးတိုးေလး ရယ္လိုက္သည္ ။ သူမ လက္ကို ကားျပတင္းေပါက္တြင္တင္ကာ နဖူးကို ေထာက္ထားရင္း "ဘယ္ဟုတ္မလဲ။ သူမ်ား ငါ့အိမ္ေထာင္ေရးကို စီစဥ္ေပးဖို႔မေျပာနဲ႔၊ ငါ့ဘာသာေတာင္လက္ထပ္ဖို႔ စိတ္ကူးမရွိေသးဘူး။"
"ဟုတ္တယ္။ နင္သာဆို ဘယ္ေယာက်္ားမဆို ေခါင္းေခါက္ေရြးလို႔ရတယ္။" က်န္းနင္က စေနာက္လိုက္သည္၊ "နင္ေဖာက္ျပန္တယ္လို႔သတင္းထြက္ရင္ေတာင္ နင့္ဆီကိုယ့္ကိုကိုယ္ေပးအပ္ခ်င္တဲ့ အဆင္ေလးေတြအမ်ားႀကီး တန္းစီေနဦးေသးတယ္။"
က်ီဖန္ယင္းသည္ က်န္းနင္က သူမထံ ခ်ဥ္းကပ္ရန္ ႀကိဳးစားခဲ့ေသာ သ႐ုပ္ေဆာင္အသစ္ေလးကိစၥကို ေျပာေနေၾကာင္းကိုသိတာေၾကာင့္ ကူကယ္ရာမဲ့ေသာအျပဳံးျဖင့္သာ တုံ႔ျပန္ခဲ့သည္။ ထို႔ေနာက္ ေခါင္းစဥ္ေျပာင္းၿပီး "ငါရိုက္ကြင္းကို မေရာက္တာေတာင္ၾကာၿပီ။ အကုန္အဆင္ေျပရဲ့လား?"
"လုံးဝ ၿပီးျပည့္စုံသြားတယ္။" က်န္းနင္က လက္မေထာင္ျပလိုက္သည္။ "ဒီတစ္ကားတည္းနဲ႔ ငါတို႔အတြက္လိုတဲ့ရံပုံေငြေတြ ရနိုင္ေလာက္တယ္။"
"ငါတို႔ ဒီႏွစ္ ဇာတ္ကားေျခာက္ကားေလာက္ကို ရင္းႏွီးျမႇုပ္ႏွံဖို႔လုပ္ထားတယ္ေလ။ ပန္းတိုင္ကိုေရာက္ဖို႔ အမ်ားႀကီးသြားရဦးမွာ။" ဟု က်ီဖန္ယင္းက သတိေပးသည္။
"ခ်စ္ေလးေရ၊ နင္သာ တစ္ကားေလာက္ ဝင္သ႐ုပ္ေဆာင္ရင္ အရမ္းေကာင္းမွာ" က်န္းနင္သည္ သက္ျပင္း ခပ္ျပင္းျပင္းတစ္ခ်က္ခ်လိုက္သည္။ "တက္သစ္စေတြကို နင္တကယ္ေကာင္းေကာင္း လမ္းညႊန္တတ္တာပဲ၊ ေသခ်ာေပါက္ ဝင္သ႐ုပ္ေဆာင္ရင္လည္း အရမ္းသ႐ုပ္ေဆာင္ေကာင္းမွာ။ ၿပီးေတာ့ နင့္မ်က္ႏွာကိုလည္း တစ္ခ်က္ရွိုးဦး၊ ဘာလို႔ အေနာက္မွာပဲ ေနရတာလဲ၊ လူေရွ႕ထြက္ပါ့လား။"
"ေဘဘီ မသိပါဘူး၊ အဲဒါ အရမ္းပင္ပန္းတယ္။ ငါကေတာ့ ေကာင္တာေနာက္မွာထိုင္ၿပီး ေငြသိမ္းရတာကို ပိုေက်နပ္တယ္" က်ီဖန္ယင္းက ျပန္ေျပာခဲ့သည္။
ခ်စ္ေလး၊ ေဘဘီ၊ ဟန္နီ... သူတို႔ႏွစ္ေယာက္က အဲ့လိုပဲ တစ္ေယာက္နဲ႔တစ္ေယာက္ စကားေျပာေလ့ရွိတယ္။
"ဒါဆိုလည္း ေရြးခ်ယ္စရာမရွိဘူးေပါ့..." က်န္းနင္က ေခါင္းခါလိုက္သည္။ "ငါတို႔ရဲ့ဇာတ္ကားထဲ ဟဲရွန္ကိုပဲ ေလ်ာ့ေစ်းနဲ႔ ေခၚရေတာ့မယ္။"
"တကယ္ဆို သူအလကား ဝင္သ႐ုပ္ေဆာင္ေပးသင့္တာ။" က်ီဖန္ယင္းက ေအးေဆးစြာ ျပန္ေျပာသည္။ "သူလည္း ငါတို႔စတူဒီယိုထဲမွာ ရွယ္ယာပါတာပဲေလ။ ဘာလို႔ ဝင္သ႐ုပ္ေဆာင္ေပးဖို႔ ပိုက္ဆံေပးရမွယလဲ။ ဒါက ပိုက္ဆံျဖဳန္းတီးတာပဲ။"
"... ခ်စ္ေလး၊ နင္က ငါထင္ထားတာထက္ကို အမ်ားႀကီး ပိုဆိုးေနတာပါလား" က်န္းနင္က ေျပာသည္။
က်ီဖန္ယင္း၏ ႏွုတ္ခမ္းေထာင့္မ်ားသည္ ပင့္တက္သြားၿပီး "ငါ့ရဲ့ ပင္ကိုယ္စရိုက္ပဲေလ"
ငါက ခံစားခ်က္မဲ့တဲ့ ေငြရွာစက္ပဲ၊ ငါ့မွာသာ ကိုယ္ခ်င္းစာစိတ္ေလးရွိခဲ့ရင္ အဲဒီငါးေတြထဲက တစ္ျပားမွေတာင္ရနိုင္မွာမဟုတ္ဘူးယ
႐ုပ္ရွင္က ႏွစ္နာရီသာၾကာတယ္။ အသြားအျပန္ႏွင့္ ေစာင့္ဆိုင္းရေသာအခ်ိန္မ်ားအပါအဝင္ က်ီဖန္ယင္းသည္ ႏွစ္နာရီအတြင္း ျပန္ေရာက္နိုင္ေလာက္သည္။
တကယ္ဆို က်န္းနင္ဆီမွာ အလုပ္ညစာစားပြဲရွိၿပီး က်ီဖန္ယင္းသည္လည္း ဘိုင္က်ိဳး၏တိုက္ခန္းကို ျပန္ဖို႔ လိုေသးသည္။ သူတို႔ႏွစ္ေယာက္က ဒီဇာတ္ကားကို အတူတူၾကည့္ရန္ အခ်ိန္ကိုညႇစ္ထုတ္ခဲ့ၾကတာပင္။
"တခါတေလ စတူဒီယိုကို ငါတစ္ေယာက္တည္း လည္ပတ္ေနရသလိုပဲ။ ဟဲရွန္က ေငြေတြကိုျဖဳန္းေနၿပီး နင္ကက် ႐ုပ္ရွင္အရည္အေသြးကိုပဲ ၾကည့္ေနတယ္။ ငါပဲ လူမွုေပါင္းသင္းဆက္ဆံေရးနဲ႔ ညစ္ပတ္တဲ့အလုပ္ေတြအားလုံးကို လုပ္ေနရတယ္။ ဒါေပမယ့္လည္း ငါက အဲဒီယုတ္မာတဲ့လူေတြကို ကိုင္တြယ္ေျဖရွင္းနိုင္တဲ့ တစ္ဦးတည္းေသာသူပဲဆိုေတာ့၊ ဟုတ္ပါတယ္ေလ။" က်န္းနင္သည္ သူမ၏ ဆံပင္ရွည္မ်ားကို ဂုဏ္ယူစြာ သပ္လိုက္သည္။
"ဟဲရွန္က မကူညီခ်င္တာမဟုတ္ပါဘူး၊ သူကမကူညီနိုင္ျဖစ္ေနတာမဟုတ္ဘူးလား။" ဟု က်န္းနင္က မွတ္ခ်က္ခ်သည္။
"အမ္?" က်န္းနင္သည္ က်ီဖန္ယင္းကို ၾကည့္လိုက္သည္။
"ငါသူ႔ကို လမ္းမွာေတြ႕ခဲ့တယ္" က်ီဖန္ယင္းက ေခါင္းငုံ႔ၿပီး အသံတိုးစြာ "သူပုံစံက လူမွုဆက္ဆံေရးကိစၥေတြမွာ သိပ္အဆင္မေျပတဲ့ပုံပဲ။ ပြဲတစ္ခုခုတက္ဖို႔ဆို တစ္ပတ္ေလာက္ႀကိဳစိတ္ပူတတ္တဲ့ လူစားမ်ိဳး ဟုတ္တယ္မလား။"
က်န္းနင္သည္ ႏွစ္စကၠန႔္ေလာက္ ၾကက္ေသေသေနၿပီးမွ က်ယ္ေလာင္စြာ ရယ္ေမာခ်လိုက္သည္ "နင္အဲဒါကို ဒီေလာက္ျမန္ျမန္ သတိထားမိတယ္ေပါ့။ နင္သူ႔ကို ထုတ္ေမးခဲ့တာေတာ့မဟုတ္ဘူးမလား။"
"ငါကနင့္မ်က္လုံးထဲ အဲ့ေလာက္မေကာင္းတဲ့လူျဖစ္ေနခဲ့တာလား။" က်ီဖန္ယင္းက ေမးရင္း သူမ ကုတ္အကၤ်ီမွ လက္မ်ားကိူထုတ္ကာ ရယ္ေမာေနေသာ က်န္းနင္၏ပါးျပင္ေပၚတြင္ တင္လိုက္ၿပီး "...နင့္အတြက္ အရမ္းရယ္ရတယ္လား။"
"ဒါေပါ့" က်န္းနင္က ရယ္ေနရင္း မ်က္ရည္မ်ားကို သုတ္လိုက္သည္။ "သူ႔ရဲ့လူေၾကာက္တတ္တာကို ေကာင္းေကာင္းဖုံးကြယ္ထားတယ္ဆိုၿပီး သူက အရမ္းဂုဏ္ယူေနခဲ့တာေလ။ တကယ္လည္း အေတာ္ေလးဖုံးကြယ္နိုင္ခဲ့ပါတယ္။ ဘယ္သူမွသိပ္မသိေသးဘူးဆိုေတာ့လည္း။"
"... ငါတို႔ကနယ္ပယ္တစ္ခုတည္းကမလို႔လို႔ ထင္တာပဲ။ တစ္ေယာက္ေယာက္က သ႐ုပ္ေဆာင္ေနရင္ ငါတန္းသိတယ္ေလ။" က်ီဖန္ယင္းက ျပန္ေျပာခဲ့ပါတယ္။
က်န္းနင္သည္ ေခါင္းငုံ႔ကာ ရယ္ေနေသးသည္။ သူမသည္ ဟန္ခ်က္ထိန္းရန္ က်ီဖန္ယင္း၏ပခုံးကိုပင္ ကိုင္ထားရသည္။ သူမသည္ အခ်ိန္အနည္းငယ္ၾကာၿပီးမွ တည္ၿငိမ္သြားၿပီး ေနာက္ေက်ာကိုမတ္ကာ "ဟုတ္ၿပီ၊ ငါအခု အလုပ္သြားလုပ္ရေတာ့မယ္။"
"လိမၼာလိုက္တာ။" က်ီဖန္ယင္းက ခ်ီးက်ဴးစကားဆိုကာ ေခါင္းညိတ္လိုက္ၿပီး "ငါလည္း လုပ္စရာရွိေသးတယ္။"
"လိုက္ပို႔ေပးမယ္ေလ" က်န္းနင္က သူမကို ဆြဲေဆာင္မွုရွိစြာ မ်က္ေတာင္ခတ္ျပလိုက္တယ္။
က်ီဖန္ယင္းက ေခါင္းခါလိုက္သည္။ "ရပါတယ္၊ တကၠစီပဲ ေခၚလိုက္ေတာ့မယ္။ ညစာစားပြဲမွာ ကံေကာင္းပါေစ၊ အခ်စ္ေရ"
_____