တစ်နာရီတစ်သိန်း အစားထိုးချစ်သူ

By Anaisa365

348K 43.5K 541

Title - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDI... More

↪ဇာတ်လမ်းမိတ်ဆက်↩
အခန်း၁
အခန်း၂
အခန်း၃
အခန်း၄
အခန်း၅
အခန်း၆
အခန်း၇
အခန်း၈
အခန်း၉
အခန်း၁၀
အခန်း၁၁
အခန်း၁၂
အခန်း၁၃
အခန်း၁၄
အခန်း၁၅
အခန်း၁၆
အခန်း၁၇
အခန်း၁၈
အခန်း၁၉
အခန်း၂၀
အခန်း၂၁
အခန်း၂၂
အခန်း၂၃
အခန်း၂၄
အခန်း၂၅
အခန်း၂၆
အခန်း၂၇
အခန်း၂၈
အခန်း၂၉
အခန်း၃၀
အခန်း၃၁
အခန်း၃၂
အခန်း၃၃
အခန်း၃၄
အခန်း၃၅
အခန်း၃၆
အခန်း၃၇
အခန်း၃၈
အခန်း၃၉
အခန်း၄၀
အခန်း၄၁
အခန်း၄၂
အခန်း၄၃
အခန်း၄၄
အခန်း၄၅
အခန်း၄၆
အခန်း၄၇
အခန်း၄၈
အခန်း၄၉
အခန်း၅၀
အခန်း၅၁
အခန်း၅၂
အခန်း၅၃
အခန်း၅၄
အခန်း၅၅
အခန်း၅၆
အခန်း၅၇
အခန်း၅၈
အခန်း၅၉
အခန်း၆၀
အခန်း၆၁
အခန်း၆၂
အခန်း၆၃
အခန်း၆၄
အခန်း၆၅
အခန်း၆၆
အခန်း၆၇
အခန်း၆၈
အခန်း၆၉
အခန်း၇၀
အခန်း၇၁
အခန်း၇၂
အခန်း၇၃
အခန်း၇၄
အခန်း၇၅
အခန်း၇၆
အခန်း၇၇
အခန်း၇၈
အခန်း၇၉
အခန်း၈၀
အခန်း၈၁
အခန်း၈၂
အခန်း၈၃
အခန်း၈၄
အခန်း၈၅
အခန်း၈၆
အခန်း၈၇
အခန်း၈၈
အခန်း၈၉
အခန်း၉၀
အခန်း၉၁
အခန်း၉၂
အခန်း၉၃
အခန်း၉၄
အခန်း၉၅
အခန်း၉၆
အခန်း၉၇
အခန်း၉၈
အခန်း၉၉
အခန်း၁၀၀
အခန်း၁၀၁
အခန်း၁၀၂
အခန်း၁၀၃
အခန်း၁၀၄
အခန်း၁၀၅
အခန်း၁၀၆
အခန်း၁၀၇
အခန်း၁၀၈
အခန်း၁၀၉
အခန်း၁၁၀
အခန်း၁၁၁
အခန်း၁၁၂
အခန်း၁၁၃
အခန်း၁၁၄
အခန်း၁၁၅
အခန်း၁၁၆
အခန်း၁၁၇
အခန်း၁၁၈
အခန်း၁၁၉
အခန်း၁၂၀
အခန်း၁၂၁
အခန်း၁၂၂
အခန်း၁၂၃
အခန်း၁၂၄
အခန်း၁၂၅
အခန်း၁၂၆
အခန်း၁၂၇
အခန်း၁၂၈
အခန်း၁၂၉
အခန်း၁၃၀
အခန်း၁၃၁
အခန်း၁၃၂
အခန်း၁၃၃
အခန်း၁၃၄
အခန်း၁၃၅
အခန်း၁၃၆
အခန်း၁၃၇
အခန်း၁၃၈
အခန်း၁၃၉
အခန်း၁၄၀
အခန်း၁၄၁
အခန်း၁၄၂
အခန်း၁၄၃
အခန်း၁၄၄
အခန်း၁၄၅
အခန်း၁၄၆
အခန်း၁၄၇
အခန်း၁၄၈
အခန်း၁၄၉
အခန်း၁၅၀
အခန်း၁၅၁
အခန်း၁၅၂
အခန်း၁၅၃
အခန်း၁၅၄
အခန်း၁၅၅
အခန်း၁၅၆
အခန်း၁၅၇
အခန်း၁၅၈
အခန်း၁၅၉
အခန်း၁၆၀
အခန်း၁၆၂
အခန်း၁၆၃
အခန်း၁၆၄
အခန်း၁၆၅
အခန်း၁၆၆
အခန်း၁၆၇
အခန်း၁၆၈
အခန်း၁၆၉
အခန်း၁၇၀
အခန်း၁၇၁
အခန်း၁၇၂
အခန်း၁၇၃
အခန်း၁၇၄
အခန်း၁၇၅
အခန်း၁၇၆
အခန်း၁၇၇
အခန်း၁၇၈
အခန်း၁၇၉
အခန်း၁၈၀
အခန်း၁၈၁
အခန်း၁၈၂
အခန်း၁၈၃
အခန်း၁၈၄
အခန်း၁၈၅
အခန်း၁၈၆
အခန်း၁၈၇
အခန်း၁၈၈
အခန်း၁၈၉
အခန်း၁၉၀
အခန်း၁၉၁
အခန်း၁၉၂
အခန်း၁၉၃
အခန်း၁၉၄
အခန်း၁၉၅
အခန်း၁၉၆
အခန်း၁၉၇
အခန်း၁၉၈
Announcement!!

အခန်း၁၆၁

914 130 2
By Anaisa365

ကျီဖန်ယင်းက ဖုန်းကို accesory​ဘူးတစ်ခုဆီ ကပ်ပြလိုက်ကာ "အဲဒီထဲမှာ ဘာရှိနေတယ်လို့ထင်လဲ။" လို့ မေးတယ်။

ချန်ယွမ်ရှန်းက တည်တံ့စွာ ပြန်ဖြေတယ် "ဘူးက ပြားတော့... လက်ကောက်?"

"မဟုတ်ဘူး"

"ဒါဆို လည်ဆွဲလား။"

ကျီဖန်ယင်းသည် ခေါင်းညိတ်ပြနေသလို ဖုန်းကို အထက်အောက်လှုပ်လိုက်ပြီး "နီးလာပြီ"

ချန်ယွမ်ရှန်းသည် နောက်ထပ် စက္ကန့်အနည်းငယ်မျှကြာအောင် သူသိသမျှ အမျိုးသမီးအသုံးအဆောင်များကို စဉ်းစားနေခဲ့သည်။ "မင်းသမီးလည်ဆွဲ?" (ဒါကကျ ကော်လာအရိုးလောက်ဘဲရှိတဲ့ လည်ဆွဲလေးပါတဲ့၊ ဆွဲသီးပါတဲ့ဟာမျိုးမဟုတ်ပါဘူး။)

ကျီဖန်ယင်း၏ နှုတ်ခမ်းများက စိတ်ဝင်စားစွာ တွန့်သွားသည်။ ထိုလူငယ်ကို မစနောက်တော့ရန် ဆုံးဖြတ်ပြီး သေတ္တာကိုဖွင့်လိုက်သည်။

သေတ္တာထဲတွင် ဘတ်စကက်ဘောပုံတစ်ခုပါသော ရွှေတံဆိပ်တစ်ခုရှိနေသည်။

ဆုတံဆိပ်ရဲ့ဒီဇိုင်းက အရမ်းမလှသော်လည်း နောက်ကွယ်မှ ခံစားချက်များက ရိုးသားတာကြောင့် သူမသည် ဂရုတစိုက် သိမ်းဆည်းထားခဲ့သည်။

တစ်စုံတစ်ခုကျသွားသလို ဖုန်း၏တစ်ဖက်ခြမ်းတွင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

မြင်ကွင်းသည် လှည့်ပတ်သွားပြီး နောက်ဆုံးမှသာ မျက်နှာကို အုပ်ထားသော ချန်ယွမ်ရှန်းဆီတွင် ရပ်တန့်သွားသည်။

"အရမ်းစိတ်မလှုပ်ရှားပါနဲ့" ကျီဖန်ယင်းက ဆက်စပ်ပစ္စည်းသေတ္တာကို ပိတ်လိုက်ပြီး "အစ်မက ဒီတံဆိပ်ကို ကောင်းကောင်းသိမ်းထားတဲ့အကြောင်း ပြချင်ရုံပဲယ"

ချန်ယွမ်ရှန်းသည် သူ၏နီရဲနေသော မျက်နှာကို မပြချင်တာကြောင့် သူ့ဖုန်းကို လှည့်လိုက်သည်။ သူက အားပျော့စွာ "...မတရားဘူး"

ကျီဖန်ယင်းက ထပ်မံကာ မွေးနေ့ဆုတောင်းစကားပြောလိုက်သည် "ဟက်ပီဘက်ဒေး"

သူမသည် လူငယ်လေးကို စနောက်ရတာ ပျော်စရာကောင်းနေပြီး စုန့်ရှီးယွီကို ရန်စသည်နဲ့ ခပ်ဆင်ဆင်တူပါသည်။ တစ်​ယောက်သည် အပြစ်ကင်းစင်တာကြောင့် ပျော်စရာကောင်းတာဖြစ်ပြီး နောက်တစ်ယောက်ကတော့ သူမ၏အတွင်းစိတ်ထဲမှ ကောက်ကျစ်မှာကြောင့် ပျော်စရာကောင်းတာပါ။

ဘာဘဲဖြစ်ဖြစ် နှစ်ယောက်လုံးက ပျော်စရာကောင်းသည်။

မကြာမီတွင် သန်းခေါင်ယံသို့ ရောက်ရှိလာပြီး လူငယ်​လေး၏ မွေးနေ့သည်လည်း ကုန်ဆုံးသွားခဲ့​ပြီ။ ကျီဖန်ယင်းက သူ့ကို နှုတ်ဆက်ပြီး video callကို ချလိုက်တယ်။ သူမသည် လက်ပ်တော့ဆီသို့ ပြန်သွားလိုက်ပြီး ပရိုဂရမ်မာကို ဆယ်မိနစ်ကျော်လောက် လျစ်လျူရှုမိကြောင်းကို သတိပြုမိလိုက်သည်။

သူကမေးထားသည် [ခင်ဗျားရဲ့စကားကို အနှစ်ချုပ်ရရင် ခင်ဗျားက ဒီလက်ရှိစနစ်ထဲကို လေလံဆွဲသည့်စနစ်ပါလုပ်ုပီးထည့်ချင်တာ ဟုတ်တယ်မဟုတ်လား။]

ကျီဖန်ယင်းက တိုတိုတုတ်တုတ် ဖြေသည် [ဟုတ်တယ်]

ပရိုဂရမ်မာက သူမလိုပဲ ခပ်ပြတ်ပြတ် ပြန်ပြောသည် [သိပြီ၊ အဲ့လိုတစ်ခုဆွဲပေးမယ်။ အရင်စျေးအတိုင်းပဲ။]

ကျီဖန်ယင်းသည် အမြန်ရေးဆွဲပေးရန် သူ့ကိုဘေနပ်စ်ပါထည့်ပေးပြီး ရက်ရောစွာ ကမ်းလှမ်းခဲ့သည်။

ပေးရသည့် ပမာဏသည် လေလံစနစ်မှ ရရှိနိုင်မည့် အကျိုးကျေးဇူးများနှင့် နှိုင်းယှဉ်ပါက မများလှပေ။

ပရိုဂရမ်မာသည် အလုပ်တော့ ကောင်းကောင်းလုပ်သည်။ မိနစ်နှစ်ဆယ်အတွင်း ပရိုဂရမ်သည် ကျီဖန်ယင်း၏အီးမေးလ်သို့ ရောက်လာပြီဖြစ်သည်။

ကြိုတင်စာရင်းသွင်းခြင်းအက်ပ်၏ ဒီဇိုင်းသည် ရုပ်ရှင်လက်မှတ်ရောင်းသည့်အက်ပ်များကို အတူယူထားပြီး အတော်လေးရိုးရှင်းပါသည်။ လူတစ်ဦးသည် နေရာတစ်ခုအတွက် ငွေချေချင်သရွေ့ လက်မှတ်သည် သူ့ထံသို့ ရောက်သွားမည်ဖြစ်သည်။

သို့သော်လည်း ဘိုင်ကျိုး၏ ပုံမှန်မဟုတ်သော ဝယ်ယူမှုသည် သူမကို ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကို သတိပေးခဲ့ပြီး နည်းနည်းပါးပါး ကန့်သတ်ထားရန် ဆုံးဖြတ်ခဲ့သည်။

အရင်အတိုင်းပဲ၊ အသုံးပြုသူသည် ကြိုတင်စာရင်းသွင်းရန် အချိန်များကို အရင်ဆုံးရွေးချယ်ရမည်ဖြစ်သည်။ ကွာခြားသွားသည်မှာ ပုံမှန်စျေးထပ် ဆယ်ဆတိုးပြီး ပေးချေချင်သလားဟူသော အပိုရွေးချယ်မှုဖြစ်သည်။

အကယ်၍ အခြားအသုံးပြုသူသည်လည်း ထိုတူညီသောအချိန်ကို လိုချင်ပါက အချိန်ကို လေလံပွဲကဲ့သို့ ခပ်ဆင်ဆင်ပုံစံဖြင့် ပိုမိုမြင့်မားသောစျေးနှုန်းပေးချေနိုင်သည်။ ဟုတ်ပါတယ်၊ မူရင်းအသုံးပြုသူဟာ သူ့ရဲ့အချိန်များကို မပေးချင်လျှင် သူ့စျေးကိုထပ်မြှင့်ဖို့ ရွေးချယ်ခွင့်လည်း ရှိပါတယ်။

ထို့အပြင်၊ သူမသည် အလုပ်ချိန်ကို တစ်ရက်လျှင် ဆယ့်ငါးနာရီမှ တစ်ရက်လျှင် ဆယ်နာရီသို့ လျှော့ချခဲ့သည်။ မနက်၁၁နာရီမှ ည ၉ နာရီအထိသည် အလုပ်ချိန်ဖြစ်သည်။

သူမသည် အလုပ်အလွန်အကျွံမလုပ်ချင်သလို သူမနှင့်ကျန်းနင် တည်ထောင်ထားသော စတူဒီယိုကိုလည်း ဦးစားပေးချင်သေးသည်။

ငါ့ရဲ့ အချိန်ပိုင်းအလုပ်သည် တရားဝင်အချိန်ပြည့်အလုပ်ဖြစ်လာတဲ့အထိ ဒီလိုပဲလုပ်ရတော့မယ်။

စျေးနှုန်းများ တိုးလာခြင်းသည် ဝယ်ယူလိုအား ကျဆင်းခြင်းဆီသို့ ဦးတည်သွားတတ်သော်လည်း သူမ၏အခြေအနေအတွက် ဖြစ်နိုင်ချေရှိသော လုပ်ငန်းပုံစံကို ချမှတ်ရန်လိုအပ်ပါသည်။

ကျီဖန်ယင်းသည် အသစ်မွမ်းမံထားသော အက်ပ်ကို ကြည့်ကာ ထိုကိစ္စကို တစ်ချက်စဉ်းစားလိုက်သည်။

အင်း၊ ငါ့ရဲ့အများဆုံးဝင်ငွေက အခုထိ ဘိုင်ကျိုးနဲ့အတူ ဂရိကိုလိုက်သွားခဲ့တဲ့ စီးပွားရေးခရီးတုန်းက ရခဲ့တာပဲဖြစ်နေသေးတယ်။ ငါ့ရဲ့ချမ်းသာတဲ့ဖောက်သည်တွေသာ အချင်းချင်း ပြိုင်ဆိုင်ကြရင် ငါ့ရဲ့ဝင်ငွေလည်း တက်လာနိုင်မှာပဲ။

_____

Zawgyi

က်ီဖန္ယင္းက ဖုန္းကို accesory​ဘူးတစ္ခုဆီ ကပ္ျပလိုက္ကာ "အဲဒီထဲမွာ ဘာရွိေနတယ္လို႔ထင္လဲ။" လို႔ ေမးတယ္။

ခ်န္ယြမ္ရွန္းက တည္တံ့စြာ ျပန္ေျဖတယ္ "ဘူးက ျပားေတာ့... လက္ေကာက္?"

"မဟုတ္ဘူး"

"ဒါဆို လည္ဆြဲလား။"

က်ီဖန္ယင္းသည္ ေခါင္းညိတ္ျပေနသလို ဖုန္းကို အထက္ေအာက္လွုပ္လိုက္ၿပီး "နီးလာၿပီ"

ခ်န္ယြမ္ရွန္းသည္ ေနာက္ထပ္ စကၠန႔္အနည္းငယ္မၽွၾကာေအာင္ သူသိသမၽွ အမ်ိဳးသမီးအသုံးအေဆာင္မ်ားကို စဥ္းစားေနခဲ့သည္။ "မင္းသမီးလည္ဆြဲ?" (ဒါကက် ေကာ္လာအရိုးေလာက္ဘဲရွိတဲ့ လည္ဆြဲေလးပါတဲ့၊ ဆြဲသီးပါတဲ့ဟာမ်ိဳးမဟုတ္ပါဘူး။)

က်ီဖန္ယင္း၏ ႏွုတ္ခမ္းမ်ားက စိတ္ဝင္စားစြာ တြန႔္သြားသည္။ ထိုလူငယ္ကို မစေနာက္ေတာ့ရန္ ဆုံးျဖတ္ၿပီး ေသတၱာကိုဖြင့္လိုက္သည္။

ေသတၱာထဲတြင္ ဘတ္စကက္ေဘာပုံတစ္ခုပါေသာ ေရႊတံဆိပ္တစ္ခုရွိေနသည္။

ဆုတံဆိပ္ရဲ့ဒီဇိုင္းက အရမ္းမလွေသာ္လည္း ေနာက္ကြယ္မွ ခံစားခ်က္မ်ားက ရိုးသားတာေၾကာင့္ သူမသည္ ဂ႐ုတစိုက္ သိမ္းဆည္းထားခဲ့သည္။

တစ္စုံတစ္ခုက်သြားသလို ဖုန္း၏တစ္ဖက္ျခမ္းတြင္ က်ယ္ေလာင္ေသာ အသံတစ္ခု ထြက္ေပၚလာသည္။

ျမင္ကြင္းသည္ လွည့္ပတ္သြားၿပီး ေနာက္ဆုံးမွသာ မ်က္ႏွာကို အုပ္ထားေသာ ခ်န္ယြမ္ရွန္းဆီတြင္ ရပ္တန႔္သြားသည္။

"အရမ္းစိတ္မလွုပ္ရွားပါနဲ႔" က်ီဖန္ယင္းက ဆက္စပ္ပစၥည္းေသတၱာကို ပိတ္လိုက္ၿပီး "အစ္မက ဒီတံဆိပ္ကို ေကာင္းေကာင္းသိမ္းထားတဲ့အေၾကာင္း ျပခ်င္႐ုံပဲယ"

ခ်န္ယြမ္ရွန္းသည္ သူ၏နီရဲေနေသာ မ်က္ႏွာကို မျပခ်င္တာေၾကာင့္ သူ႔ဖုန္းကို လွည့္လိုက္သည္။ သူက အားေပ်ာ့စြာ "...မတရားဘူး"

က်ီဖန္ယင္းက ထပ္မံကာ ေမြးေန႔ဆုေတာင္းစကားေျပာလိုက္သည္ "ဟက္ပီဘက္ေဒး"

သူမသည္ လူငယ္ေလးကို စေနာက္ရတာ ေပ်ာ္စရာေကာင္းေနၿပီး စုန့္ရွီးယြီကို ရန္စသည္နဲ႔ ခပ္ဆင္ဆင္တူပါသည္။ တစ္​ေယာက္သည္ အျပစ္ကင္းစင္တာေၾကာင့္ ေပ်ာ္စရာေကာင္းတာျဖစ္ၿပီး ေနာက္တစ္ေယာက္ကေတာ့ သူမ၏အတြင္းစိတ္ထဲမွ ေကာက္က်စ္မွာေၾကာင့္ ေပ်ာ္စရာေကာင္းတာပါ။

ဘာဘဲျဖစ္ျဖစ္ ႏွစ္ေယာက္လုံးက ေပ်ာ္စရာေကာင္းသည္။

မၾကာမီတြင္ သန္းေခါင္ယံသို႔ ေရာက္ရွိလာၿပီး လူငယ္​ေလး၏ ေမြးေန႔သည္လည္း ကုန္ဆုံးသြားခဲ့​ၿပီ။ က်ီဖန္ယင္းက သူ႔ကို ႏွုတ္ဆက္ၿပီး video callကို ခ်လိုက္တယ္။ သူမသည္ လက္ပ္ေတာ့ဆီသို႔ ျပန္သြားလိုက္ၿပီး ပရိုဂရမ္မာကို ဆယ္မိနစ္ေက်ာ္ေလာက္ လ်စ္လ်ဴရွုမိေၾကာင္းကို သတိျပဳမိလိုက္သည္။

သူကေမးထားသည္ [ခင္ဗ်ားရဲ့စကားကို အႏွစ္ခ်ဳပ္ရရင္ ခင္ဗ်ားက ဒီလက္ရွိစနစ္ထဲကို ေလလံဆြဲသည့္စနစ္ပါလုပ္ုပီးထည့္ခ်င္တာ ဟုတ္တယ္မဟုတ္လား။]

က်ီဖန္ယင္းက တိုတိုတုတ္တုတ္ ေျဖသည္ [ဟုတ္တယ္]

ပရိုဂရမ္မာက သူမလိုပဲ ခပ္ျပတ္ျပတ္ ျပန္ေျပာသည္ [သိၿပီ၊ အဲ့လိုတစ္ခုဆြဲေပးမယ္။ အရင္ေစ်းအတိုင္းပဲ။]

က်ီဖန္ယင္းသည္ အျမန္ေရးဆြဲေပးရန္ သူ႔ကိုေဘနပ္စ္ပါထည့္ေပးၿပီး ရက္ေရာစြာ ကမ္းလွမ္းခဲ့သည္။

ေပးရသည့္ ပမာဏသည္ ေလလံစနစ္မွ ရရွိနိုင္မည့္ အက်ိဳးေက်းဇူးမ်ားႏွင့္ ႏွိုင္းယွဥ္ပါက မမ်ားလွေပ။

ပရိုဂရမ္မာသည္ အလုပ္ေတာ့ ေကာင္းေကာင္းလုပ္သည္။ မိနစ္ႏွစ္ဆယ္အတြင္း ပရိုဂရမ္သည္ က်ီဖန္ယင္း၏အီးေမးလ္သို႔ ေရာက္လာၿပီျဖစ္သည္။

ႀကိဳတင္စာရင္းသြင္းျခင္းအက္ပ္၏ ဒီဇိုင္းသည္ ႐ုပ္ရွင္လက္မွတ္ေရာင္းသည့္အက္ပ္မ်ားကို အတူယူထားၿပီး အေတာ္ေလးရိုးရွင္းပါသည္။ လူတစ္ဦးသည္ ေနရာတစ္ခုအတြက္ ေငြေခ်ခ်င္သေရြ႕ လက္မွတ္သည္ သူ႔ထံသို႔ ေရာက္သြားမည္ျဖစ္သည္။

သို႔ေသာ္လည္း ဘိုင္က်ိဳး၏ ပုံမွန္မဟုတ္ေသာ ဝယ္ယူမွုသည္ သူမကို ျဖစ္ေပၚလာနိုင္သည့္ ျပႆနာမ်ားကို သတိေပးခဲ့ၿပီး နည္းနည္းပါးပါး ကန႔္သတ္ထားရန္ ဆုံးျဖတ္ခဲ့သည္။

အရင္အတိုင္းပဲ၊ အသုံးျပဳသူသည္ ႀကိဳတင္စာရင္းသြင္းရန္ အခ်ိန္မ်ားကို အရင္ဆုံးေရြးခ်ယ္ရမည္ျဖစ္သည္။ ကြာျခားသြားသည္မွာ ပုံမွန္ေစ်းထပ္ ဆယ္ဆတိုးၿပီး ေပးေခ်ခ်င္သလားဟူေသာ အပိုေရြးခ်ယ္မွုျဖစ္သည္။

အကယ္၍ အျခားအသုံးျပဳသူသည္လည္း ထိုတူညီေသာအခ်ိန္ကို လိုခ်င္ပါက အခ်ိန္ကို ေလလံပြဲကဲ့သို႔ ခပ္ဆင္ဆင္ပုံစံျဖင့္ ပိုမိုျမင့္မားေသာေစ်းႏွုန္းေပးေခ်နိုင္သည္။ ဟုတ္ပါတယ္၊ မူရင္းအသုံးျပဳသူဟာ သူ႔ရဲ့အခ်ိန္မ်ားကို မေပးခ်င္လၽွင္ သူ႔ေစ်းကိုထပ္ျမႇင့္ဖို႔ ေရြးခ်ယ္ခြင့္လည္း ရွိပါတယ္။

ထို႔အျပင္၊ သူမသည္ အလုပ္ခ်ိန္ကို တစ္ရက္လၽွင္ ဆယ့္ငါးနာရီမွ တစ္ရက္လၽွင္ ဆယ္နာရီသို႔ ေလၽွာ့ခ်ခဲ့သည္။ မနက္၁၁နာရီမွ ည ၉ နာရီအထိသည္ အလုပ္ခ်ိန္ျဖစ္သည္။

သူမသည္ အလုပ္အလြန္အကၽြံမလုပ္ခ်င္သလို သူမႏွင့္က်န္းနင္ တည္ေထာင္ထားေသာ စတူဒီယိုကိုလည္း ဦးစားေပးခ်င္ေသးသည္။

ငါ့ရဲ့ အခ်ိန္ပိုင္းအလုပ္သည္ တရားဝင္အခ်ိန္ျပည့္အလုပ္ျဖစ္လာတဲ့အထိ ဒီလိုပဲလုပ္ရေတာ့မယ္။

ေစ်းႏွုန္းမ်ား တိုးလာျခင္းသည္ ဝယ္ယူလိုအား က်ဆင္းျခင္းဆီသို႔ ဦးတည္သြားတတ္ေသာ္လည္း သူမ၏အေျခအေနအတြက္ ျဖစ္နိုင္ေခ်ရွိေသာ လုပ္ငန္းပုံစံကို ခ်မွတ္ရန္လိုအပ္ပါသည္။

က်ီဖန္ယင္းသည္ အသစ္မြမ္းမံထားေသာ အက္ပ္ကို ၾကည့္ကာ ထိုကိစၥကို တစ္ခ်က္စဥ္းစားလိုက္သည္။

အင္း၊ ငါ့ရဲ့အမ်ားဆုံးဝင္ေငြက အခုထိ ဘိုင္က်ိဳးနဲ႔အတူ ဂရိကိုလိုက္သြားခဲ့တဲ့ စီးပြားေရးခရီးတုန္းက ရခဲ့တာပဲျဖစ္ေနေသးတယ္။ ငါ့ရဲ့ခ်မ္းသာတဲ့ေဖာက္သည္ေတြသာ အခ်င္းခ်င္း ၿပိဳင္ဆိုင္ၾကရင္ ငါ့ရဲ့ဝင္ေငြလည္း တက္လာနိုင္မွာပဲ။

_____

Continue Reading

You'll Also Like

5.7K 323 5
ဒါ​ပေမယ့်​လေ ထင်းထင်....ကျန်းရန်က အရမ်းလည်း​ကောင်း​ပေးနိုင်ပါတယ်....သူက​လေ မင်းအတွက်ဆိုပြီး အ​ကောင်းဆုံးဖြစ်​အောင် အမြဲတမ်း​ပြောင်းလဲ​ပေး​နေခဲ့တာပါ...
288K 21K 25
Avantika Aadish Rajawat Aadi, with his fiery nature, adds intensity and excitement to their relationship, igniting a spark in Avni. Avni, like the ca...
Alina By ihidethisapp

General Fiction

1.5M 39.5K 80
The Lombardi family is the most notorious group in the crime world. They rule both the American and Italian mafias and have many others bowing at the...
51K 2.3K 28
This story starts when the mafia king kidnapped a wrong person lee yn. After that incident , they encountered eachother again and again. Will they...