ကျီဖန်ယင်းသည် စားစရာဝယ်ရန် အနီးနားရှိ ၂၄ နာရီဖွင့်သောစတိုးဆိုင်သို့ သွားခဲ့သည်။ သူမရဲ့ လက်ဖက်ကြက်ဥထုပ်ပေးတာကို စောင့်ရင်း လွတ်သွားသော အသိပေးချက်များကို စစ်ဆေးဖို့ ဖုန်းကို ထုတ်လိုက်တယ်။
ဘိုင်ကျိုးရဲ့ ကြိုတင်မှာယူမှုတောင်းဆိုချက်တွေက သူမရဲ့ဖန်သားပြင်မှာ ပြည့်နေခဲ့သည်။ သူမရဲ့ ဘဏ်စာရင်းလက်ရှိငွေထဲတွင်လည်း ယွမ်သန်းနှစ်ဆယ်နီးပါး တိုးလာပါသည်။
ကျီဖန်ယင်းက စဉ်းစားလိုက်ပြီးနောက် မနက်ဖြန်အတွက် ဘိုင်ကျိုးရဲ့ ကြိုတင်စာရင်းသွင်းမှုကိုသာ အတည်ပြုရန် ဆုံးဖြတ်လိုက်သည်။ သူမသည် အခြားတောင်းဆိုချက် ၁၂ ခုလုံးကို ပယ်ချပြီး သူ့အား ငွေပြန်အမ်းပေးခဲ့သည်။
သူမ၏ဖောက်သည်များသည် အမြဲကြိုတင်စာရင်းသွင်းနေကြတာကြောင့် ရံဖန်ရံခါရောက်လာသည့် တစ်နေကုန်စာရင်းသွင်းမှုမှာ သူမအတွက် သိပ်ကြီးကြီးမာမားမဟုတ်ပေ။ ဒါပေမယ့် ဘိုင်ကျိုးကိုသာ လက်ခံပေးလိုက်ရင် ပင်ပန်းလွန်းလို့ မကြာခင်သေနိုင်သည်။
WeChatမှတဆင့် သူမ၏အစားအစာအတွက်ပေးချေလိုက်သည်။
အိမ်အပြန်လမ်းတွင် သူမသည် အစားထိုးလုပ်ငန်းအတွက်systemကို ဘယ်လိုထပ်ပြောင်းလဲနိုင်မည်ကို တွေးတောနေရင်းမှ နွားနို့ကို ငုံ့သောက်လိုက်သည်။
ပထမဆုံးတစ်ခု၊ ဖောက်သည်တစ်ယောက်တည်းနဲ့ အစုလိုက်အပြုံလိုက် ကြိုတင်စာရင်းသွင်းတာကို တားသင့်တယ်။ တစ်နေ့၁၅နာရီနှုန်းနဲ့ နှစ်ပတ်ဆက်တိုက် အလုပ်လုပ်ရရင် ငါသေမှာပဲ။
ကိုယ့်ကိုကိုယ် ထိုအတိုင်းအတာအထိ တွန်းမပို့နိုင်ပေ။
ကျီဖန်ယင်းသည် စိတ်ထဲတွင် အစီအစဉ်ကို အကြမ်းဖျင်း ရေးဆွဲခဲ့သည်။ အိမ်ပြန်ရောက်သောအခါတွင် သူမသည် ကြိုတင်စာရင်းသွင်းသည့်အက်ပ်ကို ပြုလုပ်ပေးသည့် ပရိုဂရမ်မာကို WeChatထဲတွင် ရှာဖွေရန် ဝင်လိုက်သည်။
Wechatထဲဝင်လိုက်ရာ ချန်ယွမ်ရှန်းသည် သူမထံ မက်ဆေ့ချ်အနည်းငယ်ကိုပေးပို့ထားသည်ကို သတိပြုမိလိုက်သည်။
ဒီနေ့က သူ့မွေးနေ့ဟု ပြောပြီးနောက် သူ့အချိန်ဇယားကို အစီရင်ခံတော့သည်။ ညစာစားနေတဲ့ပုံတွေတောင် ပို့ပေးထားသေးသည်။
သူသည် နောက်ဆုံးတွင် သူ့အစီရင်ခံစာကို နိဂုံးချုပ်လိုက်တော့သည် [အစ်မ၊ အလုပ်ရှုပ်နေတုန်းလား။ ဘယ်ချိန်မှအားမှာလဲ။ ပင်ပန်းနေရင် ကျွန်တော့်စာများကို replyမပြန်လည်းရတယ်နော်။ ကောင်းကောင်းအနားယူပါ။ ဂွတ်နိုက်။]
ဒီစကားလုံးများသည် လုံးဝပုံမှန်ဖြစ်နေသော်လည်း တစ်နည်းနည်းဖြင့် ကျီဖန်ယင်းသည် ချန်ယွမ်ရှန်း၏ နားမလည်နိုင်သော မျှော်လင့်ချက်တစ်စွန်းတစ်စကို ခံစားမိသည်။ သူမသည် အချိန်ကို တစ်ချက်ကြည့်လိုက်တော့ တစ်နေ့တာမကုန်မီ မိနစ်နှစ်ဆယ်ကျန်နေသေးသည်ကို
သူမသည် ချန်ယွမ်ရှန်းအား Wechat 'အစ်မ တစ်နေကုန် အလုပ်များနေခဲ့တာ' ဟု စာရိုက်လိုက်သော်လည်း တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် စာရိုက်ထားသည်ကိုဖျက်ကာ ဖုန်းခေါ်လိုက်သည်။
ဖုန်းကို စောင့်ဆိုင်းနေစဉ်တွင် သူမသည် ဆိုဖာပေါ်တွင်ထိုက်ကာ လက်တော့ပ်ကို ဖွင့်လိုက်သည်။ သူမသည် ပရိုဂရမ်မာ၏နံပါတ်ကို ကြည့်ကာ သူမ၏အစီအစဉ်ကို ပို့လိုက်သည်။
အခု ညသန်းခေါင်တောင်မရှိသေးတော့ ညဇီးကွက်တွေက အိပ်ဦးမှာမဟုတ်ဘူး။
သူမမျှော်လင့်ထားသည့်အတိုင်း ပရိုဂရမ်မာသည် [?] ဖြင့် လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။
သူမ ဖုန်းကို စားပွဲပေါ် အရင်တင်လိုက်ပြီး သူမတောင်းဆိုချက်ကို ပရိုဂရမ်မာထံ စာရိုက်ပါတော့တယ်။
နောက်ဆုံးတွင် ချန်ယွမ်ရှန်းက ဖုန်းကိုင်လာသောအခါတွင် သူမသည် သူမ၏ ဒုတိယစာကြောင်းကို ရိုက်နေပြီဖြစ်သည်။ သူသည် စောင်ထဲမှ စကားပြောနေသလိုမျိုး လေသံက အနည်းငယ် ရှုပ်ထွေးနေတယ်။ "ဘယ်သူလဲ"
ကျီဖန်ယင်းက ရွှင်မြူးစွာ "ဟက်ပီဘက်ဒေး"
တစ်ဖက်မှ ပြင်းထန်သော အသက်ရှုသံများ ထွက်ပေါ်လာသည်။ ချန်ယွမ်ရှန်းသည် သူ၏တုန်လှုပ်နေဆဲ အခြေအနေမှ ရုန်းထွက်ရန် တစ်စက္ကန့်မျှ အချိန်ယူခဲ့ရသည်။ "အစ်မ!"
ကျီဖန်ယင်းသည် သူမ၏ တောင်းဆိုချက်ကို အမြန်ရိုက်ပြီး ပရိုဂရမ်မာထံ ပေးပို့လိုက်သည်။ သူမလက်များအားသွားချိန်တွင် ထိုင်ခုံအပုလေးတစ်ခုပေါ်ထိုင်ပြီး သူမရဲ့နားကပ်ကို ချွတ်နေသည်။ ချွတ်ရင်း သူမဖုန်းစခရင်ကို တစ်ချက်ကြည့်လိုက်ရာ လုံးဝမှောင်နေတာကို သတိထားမိလိုက်တယ်။
"အခုဗီဒီယိုကောခေါ်နေတာနော်။" သူမက ရယ်မောရင်း ပြောလိုက်သည်။
ချန်ယွမ်ရှန်းက "အာ!" လို့ ဆိုလိုက်သည်။ ဖုန်းတစ်ဖက်မှလူသည် အနည်းငယ်ပြာယာခတ်သွားပြီး 'ဖတ်!' အသံဖြင့် အဝါရောင်မှိန်မှိန် ညမီးကို ဖွင့်လိုက်သည်။
ဆံပင်ရှုပ်ပွနေသော လူငယ်လေးသည် ဖုန်းစခရင်ပေါ်တွင် ပေါ်လာသည်။ သူသည် ဖုန်း၏ထောင့်ကို အလေးအနက်ထားကာ ချိန်ညှိနေချိန် ဗီဒီယိုတွင် လှုပ်ရမ်းနေသည်။ ဗီဒီယိုသည် နောက်ဆုံးတည်ငြိမ်သွားသောအခါ သူသည် တောက်ပစွာ ပြုံးလိုက်ပြီး "ဒီနေ့ အစ်မဆီက မွေးနေ့ဆုတောင်းမကြားရတော့ဘူးလို့ ထင်နေခဲ့တာ။" လို့ ပြောပါတယ်။
ကျီဖန်ယင်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "စောင်ကို သေချာခြုံထားဦး၊ အအေးမမိစေနဲ့။"
ချန်ယွမ်ရှန်းက သူ့စောင်ကို နာခံစွာဆွဲယူပြီး သူ့ကိုယ်သူ ခြုံလိုက်သည်။ "အစ်မ ဒီအချိန်ထိ အလုပ်လုပ်နေတာလား။"
"အင်း၊ အခုလေးတင် မင်းရဲ့မက်ဆေ့ချ်ကို တွေ့လိုက်တာ။ နောက်နေ့မရောက်သေးတာ တော်သေးတယ်။" ကျီဖန်ယယင်းသည် လက်ထဲတွင် နားကပ်ကိုကိုင်ရင်း ဖုန်းကိုကိုင်ကာ မတ်တပ်ထရပ်လိုက်သည်။ "မင်းမွေးနေ့အတွက် အစ်မလက်ဆောင်တောင် မပြင်လိုက်ရဘူး။ အံပေါင်းဆိုရင်ရော ရလား။"
ချန်ယွမ်ရှန်းက ခေါင်းခါလိုက်ပြီး "ကျွန်တော် အစ်မဆီက အကောင်းဆုံးလက်ဆောင်ကို ရပြီးသွားပြီ။"
ကျီဖန်ယင်းက သူ၏အိပ်ရာနိုးခါစ အနည်းငယ်ထောင်နေသောဆံပင်ကို သတိထားမိသည်။ သူ့ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်လျှင်လိုက်ကာ လှုပ်ရှားပေမဲ့ အောက်ကိုတော့ ကျမလာပေ။ ထူးထူးခြားခြား ရယ်စရာကောင်းသည်။
သူမသည် အိပ်ခန်းထဲသို့ လျှောက်သွားပြီး သူမ၏မှန်တင်ခုံပေါ်ရှိ accessoryဘူးများစွာကို ချန်ယွမ်ရှန်းကို ပြသလိုက်သည်။ "များနေလား။"
"အရမ်းမများပါဘူး၊ နေရာအများကြီးလွတ်နေသေးတယ်။" ချန်ယွမ်ရှန်းက ချက်ချင်းပြန်ဖြေသည်။
ကျီဖန်ယင်းက နောက်တစ်ကြိမ် ထပ်ရယ်မောလိုက်သည်။
ဖားကာပြောသော စကားလုံးများပင်လျှင် အပြစ်ကင်းသော လူငယ်တစ်ဦးပြောတာက လူကြီးနှင့် အလွန်ကွာခြားပါသည်။
________
Zawgyi
က်ီဖန္ယင္းသည္ စားစရာဝယ္ရန္ အနီးနားရွိ ၂၄ နာရီဖြင့္ေသာစတိုးဆိုင္သို႔ သြားခဲ့သည္။ သူမရဲ့ လက္ဖက္ၾကက္ဥထုပ္ေပးတာကို ေစာင့္ရင္း လြတ္သြားေသာ အသိေပးခ်က္မ်ားကို စစ္ေဆးဖို႔ ဖုန္းကို ထုတ္လိုက္တယ္။
ဘိုင္က်ိဳးရဲ့ ႀကိဳတင္မွာယူမွုေတာင္းဆိုခ်က္ေတြက သူမရဲ့ဖန္သားျပင္မွာ ျပည့္ေနခဲ့သည္။ သူမရဲ့ ဘဏ္စာရင္းလက္ရွိေငြထဲတြင္လည္း ယြမ္သန္းႏွစ္ဆယ္နီးပါး တိုးလာပါသည္။
က်ီဖန္ယင္းက စဥ္းစားလိုက္ၿပီးေနာက္ မနက္ျဖန္အတြက္ ဘိုင္က်ိဳးရဲ့ ႀကိဳတင္စာရင္းသြင္းမွုကိုသာ အတည္ျပဳရန္ ဆုံးျဖတ္လိုက္သည္။ သူမသည္ အျခားေတာင္းဆိုခ်က္ ၁၂ ခုလုံးကို ပယ္ခ်ၿပီး သူ႔အား ေငြျပန္အမ္းေပးခဲ့သည္။
သူမ၏ေဖာက္သည္မ်ားသည္ အျမဲႀကိဳတင္စာရင္းသြင္းေနၾကတာေၾကာင့္ ရံဖန္ရံခါေရာက္လာသည့္ တစ္ေနကုန္စာရင္းသြင္းမွုမွာ သူမအတြက္ သိပ္ႀကီးႀကီးမာမားမဟုတ္ေပ။ ဒါေပမယ့္ ဘိုင္က်ိဳးကိုသာ လက္ခံေပးလိုက္ရင္ ပင္ပန္းလြန္းလို႔ မၾကာခင္ေသနိုင္သည္။
WeChatမွတဆင့္ သူမ၏အစားအစာအတြက္ေပးေခ်လိုက္သည္။
အိမ္အျပန္လမ္းတြင္ သူမသည္ အစားထိုးလုပ္ငန္းအတြက္systemကို ဘယ္လိုထပ္ေျပာင္းလဲနိုင္မည္ကို ေတြးေတာေနရင္းမွ ႏြားနို႔ကို ငုံ႔ေသာက္လိုက္သည္။
ပထမဆုံးတစ္ခု၊ ေဖာက္သည္တစ္ေယာက္တည္းနဲ႔ အစုလိုက္အျပဳံလိုက္ ႀကိဳတင္စာရင္းသြင္းတာကို တားသင့္တယ္။ တစ္ေန႔၁၅နာရီႏွုန္းနဲ႔ ႏွစ္ပတ္ဆက္တိုက္ အလုပ္လုပ္ရရင္ ငါေသမွာပဲ။
ကိုယ့္ကိုကိုယ္ ထိုအတိုင္းအတာအထိ တြန္းမပို႔နိုင္ေပ။
က်ီဖန္ယင္းသည္ စိတ္ထဲတြင္ အစီအစဥ္ကို အၾကမ္းဖ်င္း ေရးဆြဲခဲ့သည္။ အိမ္ျပန္ေရာက္ေသာအခါတြင္ သူမသည္ ႀကိဳတင္စာရင္းသြင္းသည့္အက္ပ္ကို ျပဳလုပ္ေပးသည့္ ပရိုဂရမ္မာကို WeChatထဲတြင္ ရွာေဖြရန္ ဝင္လိုက္သည္။
Wechatထဲဝင္လိုက္ရာ ခ်န္ယြမ္ရွန္းသည္ သူမထံ မက္ေဆ့ခ်္အနည္းငယ္ကိုေပးပို႔ထားသည္ကို သတိျပဳမိလိုက္သည္။
ဒီေန႔က သူ႔ေမြးေန႔ဟု ေျပာၿပီးေနာက္ သူ႔အခ်ိန္ဇယားကို အစီရင္ခံေတာ့သည္။ ညစာစားေနတဲ့ပုံေတြေတာင္ ပို႔ေပးထားေသးသည္။
သူသည္ ေနာက္ဆုံးတြင္ သူ႔အစီရင္ခံစာကို နိဂုံးခ်ဳပ္လိုက္ေတာ့သည္ [အစ္မ၊ အလုပ္ရွုပ္ေနတုန္းလား။ ဘယ္ခ်ိန္မွအားမွာလဲ။ ပင္ပန္းေနရင္ ကၽြန္ေတာ့္စာမ်ားကို replyမျပန္လည္းရတယ္ေနာ္။ ေကာင္းေကာင္းအနားယူပါ။ ဂြတ္နိုက္။]
ဒီစကားလုံးမ်ားသည္ လုံးဝပုံမွန္ျဖစ္ေနေသာ္လည္း တစ္နည္းနည္းျဖင့္ က်ီဖန္ယင္းသည္ ခ်န္ယြမ္ရွန္း၏ နားမလည္နိုင္ေသာ ေမၽွာ္လင့္ခ်က္တစ္စြန္းတစ္စကို ခံစားမိသည္။ သူမသည္ အခ်ိန္ကို တစ္ခ်က္ၾကည့္လိုက္ေတာ့ တစ္ေန႔တာမကုန္မီ မိနစ္ႏွစ္ဆယ္က်န္ေနေသးသည္ကို
သူမသည္ ခ်န္ယြမ္ရွန္းအား Wechat 'အစ္မ တစ္ေနကုန္ အလုပ္မ်ားေနခဲ့တာ' ဟု စာရိုက္လိုက္ေသာ္လည္း တခဏမၽွ တုံ႔ဆိုင္းသြားၿပီးေနာက္ စာရိုက္ထားသည္ကိုဖ်က္ကာ ဖုန္းေခၚလိုက္သည္။
ဖုန္းကို ေစာင့္ဆိုင္းေနစဥ္တြင္ သူမသည္ ဆိုဖာေပၚတြင္ထိုက္ကာ လက္ေတာ့ပ္ကို ဖြင့္လိုက္သည္။ သူမသည္ ပရိုဂရမ္မာ၏နံပါတ္ကို ၾကည့္ကာ သူမ၏အစီအစဥ္ကို ပို႔လိုက္သည္။
အခု ညသန္းေခါင္ေတာင္မရွိေသးေတာ့ ညဇီးကြက္ေတြက အိပ္ဦးမွာမဟုတ္ဘူး။
သူမေမၽွာ္လင့္ထားသည့္အတိုင္း ပရိုဂရမ္မာသည္ [?] ျဖင့္ လ်င္ျမန္စြာ တုံ႔ျပန္ခဲ့သည္။
သူမ ဖုန္းကို စားပြဲေပၚ အရင္တင္လိုက္ၿပီး သူမေတာင္းဆိုခ်က္ကို ပရိုဂရမ္မာထံ စာရိုက္ပါေတာ့တယ္။
ေနာက္ဆုံးတြင္ ခ်န္ယြမ္ရွန္းက ဖုန္းကိုင္လာေသာအခါတြင္ သူမသည္ သူမ၏ ဒုတိယစာေၾကာင္းကို ရိုက္ေနၿပီျဖစ္သည္။ သူသည္ ေစာင္ထဲမွ စကားေျပာေနသလိုမ်ိဳး ေလသံက အနည္းငယ္ ရွုပ္ေထြးေနတယ္။ "ဘယ္သူလဲ"
က်ီဖန္ယင္းက ရႊင္ျမဴးစြာ "ဟက္ပီဘက္ေဒး"
တစ္ဖက္မွ ျပင္းထန္ေသာ အသက္ရွုသံမ်ား ထြက္ေပၚလာသည္။ ခ်န္ယြမ္ရွန္းသည္ သူ၏တုန္လွုပ္ေနဆဲ အေျခအေနမွ ႐ုန္းထြက္ရန္ တစ္စကၠန႔္မၽွ အခ်ိန္ယူခဲ့ရသည္။ "အစ္မ!"
က်ီဖန္ယင္းသည္ သူမ၏ ေတာင္းဆိုခ်က္ကို အျမန္ရိုက္ၿပီး ပရိုဂရမ္မာထံ ေပးပို႔လိုက္သည္။ သူမလက္မ်ားအားသြားခ်ိန္တြင္ ထိုင္ခုံအပုေလးတစ္ခုေပၚထိုင္ၿပီး သူမရဲ့နားကပ္ကို ခၽြတ္ေနသည္။ ခၽြတ္ရင္း သူမဖုန္းစခရင္ကို တစ္ခ်က္ၾကည့္လိုက္ရာ လုံးဝေမွာင္ေနတာကို သတိထားမိလိုက္တယ္။
"အခုဗီဒီယိုေကာေခၚေနတာေနာ္။" သူမက ရယ္ေမာရင္း ေျပာလိုက္သည္။
ခ်န္ယြမ္ရွန္းက "အာ!" လို႔ ဆိုလိုက္သည္။ ဖုန္းတစ္ဖက္မွလူသည္ အနည္းငယ္ျပာယာခတ္သြားၿပီး 'ဖတ္!' အသံျဖင့္ အဝါေရာင္မွိန္မွိန္ ညမီးကို ဖြင့္လိုက္သည္။
ဆံပင္ရွုပ္ပြေနေသာ လူငယ္ေလးသည္ ဖုန္းစခရင္ေပၚတြင္ ေပၚလာသည္။ သူသည္ ဖုန္း၏ေထာင့္ကို အေလးအနက္ထားကာ ခ်ိန္ညႇိေနခ်ိန္ ဗီဒီယိုတြင္ လွုပ္ရမ္းေနသည္။ ဗီဒီယိုသည္ ေနာက္ဆုံးတည္ၿငိမ္သြားေသာအခါ သူသည္ ေတာက္ပစြာ ျပဳံးလိုက္ၿပီး "ဒီေန႔ အစ္မဆီက ေမြးေန႔ဆုေတာင္းမၾကားရေတာ့ဘူးလို႔ ထင္ေနခဲ့တာ။" လို႔ ေျပာပါတယ္။
က်ီဖန္ယင္းက သူ႔ကို တစ္ခ်က္ၾကည့္လိုက္ၿပီး "ေစာင္ကို ေသခ်ာျခဳံထားဦး၊ အေအးမမိေစနဲ႔။"
ခ်န္ယြမ္ရွန္းက သူ႔ေစာင္ကို နာခံစြာဆြဲယူၿပီး သူ႔ကိုယ္သူ ျခဳံလိုက္သည္။ "အစ္မ ဒီအခ်ိန္ထိ အလုပ္လုပ္ေနတာလား။"
"အင္း၊ အခုေလးတင္ မင္းရဲ့မက္ေဆ့ခ်္ကို ေတြ႕လိုက္တာ။ ေနာက္ေန႔မေရာက္ေသးတာ ေတာ္ေသးတယ္။" က်ီဖန္ယယင္းသည္ လက္ထဲတြင္ နားကပ္ကိုကိုင္ရင္း ဖုန္းကိုကိုင္ကာ မတ္တပ္ထရပ္လိုက္သည္။ "မင္းေမြးေန႔အတြက္ အစ္မလက္ေဆာင္ေတာင္ မျပင္လိုက္ရဘူး။ အံေပါင္းဆိုရင္ေရာ ရလား။"
ခ်န္ယြမ္ရွန္းက ေခါင္းခါလိုက္ၿပီး "ကၽြန္ေတာ္ အစ္မဆီက အေကာင္းဆုံးလက္ေဆာင္ကို ရၿပီးသြားၿပီ။"
က်ီဖန္ယင္းက သူ၏အိပ္ရာနိုးခါစ အနည္းငယ္ေထာင္ေနေသာဆံပင္ကို သတိထားမိသည္။ သူ႔ေခါင္းကို ျပင္းျပင္းထန္ထန္ ခါလိုက္လၽွင္လိုက္ကာ လွုပ္ရွားေပမဲ့ ေအာက္ကိုေတာ့ က်မလာေပ။ ထူးထူးျခားျခား ရယ္စရာေကာင္းသည္။
သူမသည္ အိပ္ခန္းထဲသို႔ ေလၽွာက္သြားၿပီး သူမ၏မွန္တင္ခုံေပၚရွိ accessoryဘူးမ်ားစြာကို ခ်န္ယြမ္ရွန္းကို ျပသလိုက္သည္။ "မ်ားေနလား။"
"အရမ္းမမ်ားပါဘူး၊ ေနရာအမ်ားႀကီးလြတ္ေနေသးတယ္။" ခ်န္ယြမ္ရွန္းက ခ်က္ခ်င္းျပန္ေျဖသည္။
က်ီဖန္ယင္းက ေနာက္တစ္ႀကိမ္ ထပ္ရယ္ေမာလိုက္သည္။
ဖားကာေျပာေသာ စကားလုံးမ်ားပင္လၽွင္ အျပစ္ကင္းေသာ လူငယ္တစ္ဦးေျပာတာက လူႀကီးႏွင့္ အလြန္ကြာျခားပါသည္။
________
________