ကျီဖန်ယင်းသည် ကြက်ဥBenedictကို ပျော်ရွှင်စွာ စားသောက်နေသည်ကို ကြည့်ရင်း၊ စုန့်ရှီးယွီသည် ကျီရှင်းရှင်းနှင့် ကျီဖန်ယင်းကို မရောထွေးတော့ကြောင်းကို သတိထားမိလိုက်သည်။
ထူးဆန်းတယ်။
သူသည် အရင်က ကျီဖန်ယင်း၏သရုပ်ဆောင်မှုများအပေါ် ကျဆုံးခဲ့ပြီး မကြာခဏဆိုသလို သူမ သူ့ကို ငတုံးတစ်ယောက်ကဲ့သို့ လွယ်လွယ်ကူကူ လှည့်စားနိုင်ပုံကို စိတ်တိုခဲ့သည်။ အခုချိန်တွင်တော့...
ခရစ္စမတ်ကို အတူတူဖြတ်သန်းပြီးကတည်းက ဒီလိုမျိုး စတင်မှားယွင်းခြင်း မရှိခဲ့တော့သည်။ ကျီဖန်ယင်း၏ အမူအရာနှင့် အသံသည် ကျီရှင်းရှင်းနှင့် တူညီနေသေးသော်လည်း ယခုတွင် သူတို့နှစ်ယောက်ကို မသိစိတ်မှ တစ်နည်းနည်းဖြင့် ခွဲခြားနိုင်ခဲ့ပြီဖြစ်သည်။
ထို့အတူ ကျီဖန်ယင်းအကြောင်းကိုလည်း သူအနည်းငယ်သာ သိထားသည်ကို နားလည်လာသည်။
ကျီဖန်ယင်း ဘာကြိုက်လဲ၊ ဘာမကြိုက်လဲ။ ငါနဲ့အတူမရှိတဲ့အချိန် သူမ ဘာတွေများလုပ်နေမလဲ။ သူမ ဘာတွေးတတ်လဲ။ သူငါ့ကို ဘာလို့ ကြိုက်ခဲ့တာလဲ။ ဘာလို့ ကျီရှင်းရှင်းကို အစားထိုးပေးဖို့ကို သူလက်ခံခဲ့တာလဲ။
စုန့်ရှီးယွီသည် ထိုမေးခွန်းများ၏ အဖြေကိုမသိပေ။
သူသည် သူမထံမှ အဖြေကို ရရှိရန် ကြိုးစားသော်လည်း သူ ဘာမေးမေး ကျီရှင်းရှင်း၏ တုံ့ပြန်မှုအတိုင်းသာ ပြန်ဖြေသည်။
ကျီဖန်ယင်းသည် သူ့ရှေ့တွင် ထိုင်ကာ ညင်သာစွာ ပြုံးနေသည်။ သို့သော် သူမသည် လက်လှမ်းမမီသောနေရာတစ်ခုမှ ရေခဲအလွှာအောက်တွင် ရှိနေသကဲ့သို့ ခံစားရသည်...
မဟုတ်ဘူး၊ အခု ငါ့ရှေ့မှာထိုင်နေတဲ့လူက 'ကျီရှင်းရှင်း'ပဲ။
ဒီအတွေးသည် စုန့်ရှီးယွီ၏စိတ်ထဲတွင် ပျံ့လွင့်လာချိန် သူသည် မသိစိတ်က လက်သီးတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်သည်။ အသက်ပြင်းပြင်းရှူပြီး ကျီဖန်ယင်းအကြောင်း သူသိထားသမျှကို ပြန်မှတ်မိရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။
ဒီအမွှာညီအမနှစ်ယောက်နဲ့ သူသိခဲ့တာ နှစ်အတော်ကြာနေပြီဖြစ်ပြီး အသုံးဝင်မယ့် အရာတစ်ခု ရှိလောက်မှာပါ။
"မင်းအရင်တုန်းက ..." စုန့်ရှီးယွီသည် အဆုံးတွင် တစ်စုံတစ်ခုကို တူးဖော်နိုင်ခဲ့သည်။ "... မဟုတ်ဘူး၊ မင်းအစ်မက စာအရမ်းတော်ခဲ့တယ်ဆို။ သူက ဖတ်လိုက်တာနဲ့ အကုန်တန်းနားလည်ပြီး တတ်သွားတယ်လို့ ကြားတယ်။ သူ့ကိုအမှီလိုက်ချင်လို့ ပြတိုက်တွေ ခဏခဏ သွားတာလား။"
ကျီဖန်ယင်းသည် အစားအစာကို ဝါးနေရင်း ရှက်ရွံ့စွာ ပြုံးကာ ခေါင်းကို ဖြည်းညှင်းစွာ ငြိမ့်ပြလိုက်သည်။
သူမ၏ အပြုံးသည် အမြဲလိုလို ချိုမြိန်ပြီး ဖြူစင်နေသော်လည်း စုန့်ရှီးယွီသည်တော့ သူမ၏မျက်လုံးများထဲမှ မထီမဲ့မြင်ပြုသည့်အရိပ်အယောင်ကို မြင်နေရသလို ခဲ့စားရသည်။ အချိန်အတော်ကြာနေပြီဖြစ်တဲ့ ကိစ္စတစ်ခုကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားနေသောသူ့ကို လှောင်ပြောင်နေသကဲ့သို့ပင်။
"ဒီနေ့ ကြယ်သွားကြည့်ကြမလား။" စုန့်ရှီးယွီသည် မြို့ထဲတွင် နာမည်ကြီးသော နက္ခဗေဒပြတိုက်တစ်ခုရှိသည်ကို သတိရလိုက်သည်။
ကျီဖန်ယင်းသည် နောက်ဆုံး ကြက်ဥBenedictကို မျိုချလိုက်ပြီးနောက် "ကောင်းသားပဲ။ မမနဲ့အတူသွားလို့မရတာ စိတ်မကောင်းဘူး။"
စုန့်ရှီးယွီသည် ရင်ဘတ်ထဲတွင် တင်းကြပ်သွားသည် "... နောက်အခေါက်ကျ ခေါ်လို့ရတာပဲ။"
"ရပါတယ်" ကျီဖန်ယင်းက ပြုံးကာ ခေါင်းခါလိုက်သည်။ "မမက အဲလိုဟာတွေမကြိုက်တော့ဘူး။"
စုန့်ရှီးယွီ၏လည်စေ့သည် အပေါ်နှင့်အောက် ရွေ့လျားသွားပြီး "သူက ဘာကြိုက်တာလဲ"
ကျီဖန်ယင်းက သူ့ကို သံသယဖြစ်စွာ ကြည့်လိုက်ပြီး "ဘာလို့ မမကို အရမ်းဂရုစိုက်နေတာလဲ။ နင်ကြိုက်နေတာ ငါလား၊ မမလား။"
သူမ၏ စကားများသည် အလွန်ပေါ့ပါးနေပြီး သူမအတွက် အရေးမကြီးသော မေးခွန်းတစ်ခုကို မေးနေသကဲ့သို့ပင်။
စုန့်ရှီးယွီသည် သူ့ကို မကြိုက်တော့တဲ့အချိန်ကျမှ အရင်က ခံစားချက်တွေ ဘယ်လောက်တောင် တန်ဖိုးမရှိလဲဆိုတာကို သိလာခဲ့သည်။ အရင်က သူမသည် သူ့ကို အရမ်းသဘောကျခဲ့ပေမယ့် အခုချိန်တွင်တော့ ဘာခံစားချက်မှ မကျန်ခဲ့တော့ပေ။
ဒီအပြောင်းအလဲကြီးကို သူလက်မခံနိုင်ချေ။
ကျီဖန်ယင်းသည် သူခေါ်တိုင်းလာပြီး သူခိုင်းတိုင်းလုပ်သည်ကို ကျင့်သားရနေခဲ့ပြီ။ သူမကို စော်ကားပြောဆိုသည့်အချိန်တွင်တောင် နည်းနည်းမှစိတ်မဆိုးဘဲ တိတ်တဆိတ် သည်းခံခဲ့သည်။ ချစ်ခင်ကြင်နာနေသော မျက်လုံးများဖြင့် သူ့ကို အမြဲတမ်းကြည့်နေခြင်းသည် ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော အဆက်မပြတ်ရရှိနိုင်သောအရာဟု ခံစားမိခဲ့သည်။
နောက်ဆုံး သူ၏ စိတ်ပိုင်းဆိုင်ရာ အတားအဆီးကို ဖြိုခွဲခဲ့ပြီး ကျီဖန်ယင်းကို ဖွင့်ပြောခဲ့သည့်အချိန် သူမ၏ အထင်အမြင်သေးမှုကိုသာ ရရှိခဲ့ခြင်းကို သူလက်မခံနိုင်ပေ။
"နင်ပြောမှပဲ၊ ငါတို့ နက္ခတ်ဗေဒပြတိုက်ကို နောက်ဆုံးရောက်ခဲ့တာ ကြာပြီပဲ။ ညကျ အဲ့သွားကြမလား။" ကျီဖန်ယင်းသည် စကားဝိုင်းကို အနေရမခက်အောင် သယ်ဆောင်ပြောဆိုပေးခဲ့သည် "ညကျ ကြယ်တွေကို ကြည့်လို့ရတယ်။ တကယ်အရမ်းကိုလှမှာပဲနော်။"
စုန့်ရှီးယွီ ပြန်တုံ့ပြန်ပြောတော့မည့်အချိန်တွင် လူငယ်လေးတစ်ယောက်သည် စားသောက်ဆိုင်ထဲကို ရုတ်တရက် ဝင်လာသည်။ ထိုလူငယ်သည် စားပွဲထိုး၏ နှုတ်ဆက်စကားကို လျစ်လျူရှုကာ စုန့်ရှီးယွီနှင့် ကျီဖန်ယင်းတို့ စားပွဲဆီသို့ ဦးတည်သွားခဲ့သည်။
လက်နှစ်ဘက်စလုံးကို သူ၏လေကာဂျက်ကတ်အတွင်းတွင် ထည့်ထားသော လူငယ်က စုန့်ရှီးယွီကို အေးဆေးတည်ငြိမ်သောမျက်နှာဖြင့် ကြည့်ကာ "တိုက်ဆိုင်လိုက်တာ" ဟု ပြောသည်။
တိုက်ဆိုင်တယ်? ငါတို့ကို လာနှောင့်ယှက်ဖို့ ရောက်လာတယ်ဆိုတာ အသိသာကြီးကို။ ဒါပေမယ့် သူငါတို့ဒီမှာရှိတယ်ဆိုတာ ဘယ်လိုလုပ်သိတာလဲ။
... မဟုတ်သေးဘူး။ တကယ်မေးရမဲ့ မေးခွန်းက သူဒီကိုရောက်လာတာ ဘယ်သူ့ကို လာနှောင့်ယှက်ဖို့လဲ။
စုန့်ရှီးယွီသည် ဘိုင်ကျိုးကို စူးရှစွာ စိုက်ကြည့်နေသည်။ သူ့ရင်ထဲရှိ ကွဲလွဲနေတဲ့ ခံစားချက်အားလုံးကို မျိုသိပ်ပြီး ကျီဖန်ယင်း၏လက်ကို ဆုပ်ကိုင်လိုက်သည် "သွားရအောင်။"
အနည်းဆုံးတော့ ကျီဖန်ယင်းဟာ သူ့ရဲ့တောင်းဆိုမှုကို 'ဝန်ဆောင်မှုအချိန်များအတွင်း' ငြင်းပယ်မှာမဟုတ်ဘူးဆိုတာကို သူသိခဲ့ပါသည်။
"အင်း၊ ကောင်းပြီလေ" ကျီဖန်ယင်းသည် ဘာမှကွန်ပလိန်းမတက်ဘဲ မတ်တပ်ရပ်လိုက်သည်။
သို့သော်လည်း ဘိုင်ကျိုးသည် ကျီဖန်ယင်း၏လမ်းကို ပိတ်ဆို့ရန် ရှေ့တိုးလာခဲ့သည်။ သူဒီကို နှောင့်ယှက်ဖို့ရောက်လာတယ်ဆိုတာ သိသာနေပါပြီ။
စုန့်ရှီးယွီသည် သူကိုယ်တိုင်ပင် နားမလည်နိုင်သော ဒေါသများသည် အရှိန်အဟုန်ဖြင့် သူ့ခေါင်းထဲသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။
အနည်းဆုံးတော့ ဒီအချိန်အတွင်း ကျီဖန်ယင်းက ငါ့လူပဲဖြစ်ရမယ်။
ထို့နောက် အံ့သြစွာ တုန်လှုပ်သွားသည်။
ဘိုင်ကျိုးလည်း ငါလိုမျိုး အတွေးရှိနေခဲ့တာလား။
စုန့်ရှီးယွီနှင့် ဘိုင်ကျိုးအကြား တင်းမာမှုသည် လျင်မြန်စွာ ကြီးထွားလာသည်။ ရန်ထမဖြစ်ကြခင်မှာဘဲ ကျီဖန်ယင်းက ရုတ်တရက် "ကျိုးကျိုး၊ မမ အခု ချိန်းတွေ့နေတာ။ ဘာဒရမ်မာမှမလုပ်ပါနဲ့နော်။"
သူမသည် ချိုမြိန်သော အသံဖြင့် ဘိုင်ကျိုးအား အေးစက်သော စကားလုံးများကို ပြောလိုက်သည်။
ဘိုင်ကျိုးသည် ထိုစကားများ၏အဓိပ္ပါယ်ကို နားလည်ခဲ့ပြီး မယုံကြည်နိုင်စွာ မျက်လုံးကို ပြူးကျယ်သွားခဲ့သည်။ သရုပ်ဆောင်သည်ဆိုလျှင်ပင် သူမသည် 'ချိန်းတွေ့' ဟူသော စကားလုံးကို အသုံးပြုခဲ့သည်။
စုန့်ရှီးယွီသည် သူ၏နှလုံးခုန်နှုန်း မြန်လာသည်ကို ခံစားမိသော်လည်း သူ၏ဆင်ခြင်တုံတရားက လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
ကျီဖန်ယင်းကို သူငွေချေခဲ့လို့ ထိုကဲ့သို့ပြောသည်ဖြစ်ပြီး သူ့ကိုကြိုက်လို့မဟုတ်ကြောင်းကို သူသိပါသည်။ အခြေအနေကသာ ပြောင်းပြန်လှန်ပြီး ဘိုင်ကျိုးက သူမကို ငွေချေထားသောလူဆိုလျှင် သူသည်လည်း အေးစက်သော စကားလုံးတွေကို ရလိမ့်မည်ဖြစ်သည်။
သူသည် အတွေးများဖြင့်ပင် လုံး၀ နာကျင်သွားသည်ကို မယုံနိုင်ပေါ
'လူတစ်ယောက်ရဲ့ဘက်လိုက်မှုကို ဆုံးရှုံးလိုက်ရခြင်းက ဒီလောက်ခံရခက်လိမ့်မယ်လို့ ငါမသိခဲ့ဘူး။' စုန့်ရှီးယွီက နောင်တရနေမိသည်။
အရင်တုန်းက သူထိုအရာများအားလုံးကို စွန့်ပစ်ခဲ့တာတောင် ကိုယ့်ကိုကိုယ် မယုံနိုင်ခဲ့ပေ။
______
Zawgyi
က်ီဖန္ယင္းသည္ ၾကက္ဥBenedictကို ေပ်ာ္ရႊင္စြာ စားေသာက္ေနသည္ကို ၾကည့္ရင္း၊ စုန့္ရွီးယြီသည္ က်ီရွင္းရွင္းႏွင့္ က်ီဖန္ယင္းကို မေရာေထြးေတာ့ေၾကာင္းကို သတိထားမိလိုက္သည္။
ထူးဆန္းတယ္။
သူသည္ အရင္က က်ီဖန္ယင္း၏သ႐ုပ္ေဆာင္မွုမ်ားအေပၚ က်ဆုံးခဲ့ၿပီး မၾကာခဏဆိုသလို သူမ သူ႔ကို ငတုံးတစ္ေယာက္ကဲ့သို႔ လြယ္လြယ္ကူကူ လွည့္စားနိုင္ပုံကို စိတ္တိုခဲ့သည္။ အခုခ်ိန္တြင္ေတာ့...
ခရစၥမတ္ကို အတူတူျဖတ္သန္းၿပီးကတည္းက ဒီလိုမ်ိဳး စတင္မွားယြင္းျခင္း မရွိခဲ့ေတာ့သည္။ က်ီဖန္ယင္း၏ အမူအရာႏွင့္ အသံသည္ က်ီရွင္းရွင္းႏွင့္ တူညီေနေသးေသာ္လည္း ယခုတြင္ သူတို႔ႏွစ္ေယာက္ကို မသိစိတ္မွ တစ္နည္းနည္းျဖင့္ ခြဲျခားနိုင္ခဲ့ၿပီျဖစ္သည္။
ထို႔အတူ က်ီဖန္ယင္းအေၾကာင္းကိုလည္း သူအနည္းငယ္သာ သိထားသည္ကို နားလည္လာသည္။
က်ီဖန္ယင္း ဘာႀကိဳက္လဲ၊ ဘာမႀကိဳက္လဲ။ ငါနဲ႔အတူမရွိတဲ့အခ်ိန္ သူမ ဘာေတြမ်ားလုပ္ေနမလဲ။ သူမ ဘာေတြးတတ္လဲ။ သူငါ့ကို ဘာလို႔ ႀကိဳက္ခဲ့တာလဲ။ ဘာလို႔ က်ီရွင္းရွင္းကို အစားထိုးေပးဖို႔ကို သူလက္ခံခဲ့တာလဲ။
စုန့္ရွီးယြီသည္ ထိုေမးခြန္းမ်ား၏ အေျဖကိုမသိေပ။
သူသည္ သူမထံမွ အေျဖကို ရရွိရန္ ႀကိဳးစားေသာ္လည္း သူ ဘာေမးေမး က်ီရွင္းရွင္း၏ တုံ႔ျပန္မွုအတိုင္းသာ ျပန္ေျဖသည္။
က်ီဖန္ယင္းသည္ သူ႔ေရွ႕တြင္ ထိုင္ကာ ညင္သာစြာ ျပဳံးေနသည္။ သို႔ေသာ္ သူမသည္ လက္လွမ္းမမီေသာေနရာတစ္ခုမွ ေရခဲအလႊာေအာက္တြင္ ရွိေနသကဲ့သို႔ ခံစားရသည္...
မဟုတ္ဘူး၊ အခု ငါ့ေရွ႕မွာထိုင္ေနတဲ့လူက 'က်ီရွင္းရွင္း'ပဲ။
ဒီအေတြးသည္ စုန့္ရွီးယြီ၏စိတ္ထဲတြင္ ပ်ံ႕လြင့္လာခ်ိန္ သူသည္ မသိစိတ္က လက္သီးေတြကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ထားလိုက္သည္။ အသက္ျပင္းျပင္းရွူၿပီး က်ီဖန္ယင္းအေၾကာင္း သူသိထားသမၽွကို ျပန္မွတ္မိရန္ အတတ္နိုင္ဆုံး ႀကိဳးစားခဲ့သည္။
ဒီအမႊာညီအမႏွစ္ေယာက္နဲ႔ သူသိခဲ့တာ ႏွစ္အေတာ္ၾကာေနၿပီျဖစ္ၿပီး အသုံးဝင္မယ့္ အရာတစ္ခု ရွိေလာက္မွာပါ။
"မင္းအရင္တုန္းက ..." စုန့္ရွီးယြီသည္ အဆုံးတြင္ တစ္စုံတစ္ခုကို တူးေဖာ္နိုင္ခဲ့သည္။ "... မဟုတ္ဘူး၊ မင္းအစ္မက စာအရမ္းေတာ္ခဲ့တယ္ဆို။ သူက ဖတ္လိုက္တာနဲ႔ အကုန္တန္းနားလည္ၿပီး တတ္သြားတယ္လို႔ ၾကားတယ္။ သူ႔ကိုအမွီလိုက္ခ်င္လို႔ ျပတိုက္ေတြ ခဏခဏ သြားတာလား။"
က်ီဖန္ယင္းသည္ အစားအစာကို ဝါးေနရင္း ရွက္ရြံ႕စြာ ျပဳံးကာ ေခါင္းကို ျဖည္းညႇင္းစြာ ၿငိမ့္ျပလိုက္သည္။
သူမ၏ အျပဳံးသည္ အျမဲလိုလို ခ်ိဳၿမိန္ၿပီး ျဖဴစင္ေနေသာ္လည္း စုန့္ရွီးယြီသည္ေတာ့ သူမ၏မ်က္လုံးမ်ားထဲမွ မထီမဲ့ျမင္ျပဳသည့္အရိပ္အေယာင္ကို ျမင္ေနရသလို ခဲ့စားရသည္။ အခ်ိန္အေတာ္ၾကာေနၿပီျဖစ္တဲ့ ကိစၥတစ္ခုကို ျပန္လည္အသက္သြင္းဖို႔ ႀကိဳးစားေနေသာသူ႔ကို ေလွာင္ေျပာင္ေနသကဲ့သို႔ပင္။
"ဒီေန႔ ၾကယ္သြားၾကည့္ၾကမလား။" စုန့္ရွီးယြီသည္ ၿမိဳ႕ထဲတြင္ နာမည္ႀကီးေသာ နကၡေဗဒျပတိုက္တစ္ခုရွိသည္ကို သတိရလိုက္သည္။
က်ီဖန္ယင္းသည္ ေနာက္ဆုံး ၾကက္ဥBenedictကို မ်ိဳခ်လိုက္ၿပီးေနာက္ "ေကာင္းသားပဲ။ မမနဲ႔အတူသြားလို႔မရတာ စိတ္မေကာင္းဘူး။"
စုန့္ရွီးယြီသည္ ရင္ဘတ္ထဲတြင္ တင္းၾကပ္သြားသည္ "... ေနာက္အေခါက္က် ေခၚလို႔ရတာပဲ။"
"ရပါတယ္" က်ီဖန္ယင္းက ျပဳံးကာ ေခါင္းခါလိုက္သည္။ "မမက အဲလိုဟာေတြမႀကိဳက္ေတာ့ဘူး။"
စုန့္ရွီးယြီ၏လည္ေစ့သည္ အေပၚႏွင့္ေအာက္ ေရြ႕လ်ားသြားၿပီး "သူက ဘာႀကိဳက္တာလဲ"
က်ီဖန္ယင္းက သူ႔ကို သံသယျဖစ္စြာ ၾကည့္လိုက္ၿပီး "ဘာလို႔ မမကို အရမ္းဂ႐ုစိုက္ေနတာလဲ။ နင္ႀကိဳက္ေနတာ ငါလား၊ မမလား။"
သူမ၏ စကားမ်ားသည္ အလြန္ေပါ့ပါးေနၿပီး သူမအတြက္ အေရးမႀကီးေသာ ေမးခြန္းတစ္ခုကို ေမးေနသကဲ့သို႔ပင္။
စုန့္ရွီးယြီသည္ သူ႔ကို မႀကိဳက္ေတာ့တဲ့အခ်ိန္က်မွ အရင္က ခံစားခ်က္ေတြ ဘယ္ေလာက္ေတာင္ တန္ဖိုးမရွိလဲဆိုတာကို သိလာခဲ့သည္။ အရင္က သူမသည္ သူ႔ကို အရမ္းသေဘာက်ခဲ့ေပမယ့္ အခုခ်ိန္တြင္ေတာ့ ဘာခံစားခ်က္မွ မက်န္ခဲ့ေတာ့ေပ။
ဒီအေျပာင္းအလဲႀကီးကို သူလက္မခံနိုင္ေခ်။
က်ီဖန္ယင္းသည္ သူေခၚတိုင္းလာၿပီး သူခိုင္းတိုင္းလုပ္သည္ကို က်င့္သားရေနခဲ့ၿပီ။ သူမကို ေစာ္ကားေျပာဆိုသည့္အခ်ိန္တြင္ေတာင္ နည္းနည္းမွစိတ္မဆိုးဘဲ တိတ္တဆိတ္ သည္းခံခဲ့သည္။ ခ်စ္ခင္ၾကင္နာေနေသာ မ်က္လုံးမ်ားျဖင့္ သူ႔ကို အျမဲတမ္းၾကည့္ေနျခင္းသည္ ကမၻာေပၚရွိ တစ္ခုတည္းေသာ အဆက္မျပတ္ရရွိနိုင္ေသာအရာဟု ခံစားမိခဲ့သည္။
ေနာက္ဆုံး သူ၏ စိတ္ပိုင္းဆိုင္ရာ အတားအဆီးကို ၿဖိဳခြဲခဲ့ၿပီး က်ီဖန္ယင္းကို ဖြင့္ေျပာခဲ့သည့္အခ်ိန္ သူမ၏ အထင္အျမင္ေသးမွုကိုသာ ရရွိခဲ့ျခင္းကို သူလက္မခံနိုင္ေပ။
"နင္ေျပာမွပဲ၊ ငါတို႔ နကၡတ္ေဗဒျပတိုက္ကို ေနာက္ဆုံးေရာက္ခဲ့တာ ၾကာၿပီပဲ။ ညက် အဲ့သြားၾကမလား။" က်ီဖန္ယင္းသည္ စကားဝိုင္းကို အေနရမခက္ေအာင္ သယ္ေဆာင္ေျပာဆိုေပးခဲ့သည္ "ညက် ၾကယ္ေတြကို ၾကည့္လို႔ရတယ္။ တကယ္အရမ္းကိုလွမွာပဲေနာ္။"
စုန့္ရွီးယြီ ျပန္တုံ႔ျပန္ေျပာေတာ့မည့္အခ်ိန္တြင္ လူငယ္ေလးတစ္ေယာက္သည္ စားေသာက္ဆိုင္ထဲကို ႐ုတ္တရက္ ဝင္လာသည္။ ထိုလူငယ္သည္ စားပြဲထိုး၏ ႏွုတ္ဆက္စကားကို လ်စ္လ်ဴရွုကာ စုန့္ရွီးယြီႏွင့္ က်ီဖန္ယင္းတို႔ စားပြဲဆီသို႔ ဦးတည္သြားခဲ့သည္။
လက္ႏွစ္ဘက္စလုံးကို သူ၏ေလကာဂ်က္ကတ္အတြင္းတြင္ ထည့္ထားေသာ လူငယ္က စုန့္ရွီးယြီကို ေအးေဆးတည္ၿငိမ္ေသာမ်က္ႏွာျဖင့္ ၾကည့္ကာ "တိုက္ဆိုင္လိုက္တာ" ဟု ေျပာသည္။
တိုက္ဆိုင္တယ္? ငါတို႔ကို လာေႏွာင့္ယွက္ဖို႔ ေရာက္လာတယ္ဆိုတာ အသိသာႀကီးကို။ ဒါေပမယ့္ သူငါတို႔ဒီမွာရွိတယ္ဆိုတာ ဘယ္လိုလုပ္သိတာလဲ။
... မဟုတ္ေသးဘူး။ တကယ္ေမးရမဲ့ ေမးခြန္းက သူဒီကိုေရာက္လာတာ ဘယ္သူ႔ကို လာေႏွာင့္ယွက္ဖို႔လဲ။
စုန့္ရွီးယြီသည္ ဘိုင္က်ိဳးကို စူးရွစြာ စိုက္ၾကည့္ေနသည္။ သူ႔ရင္ထဲရွိ ကြဲလြဲေနတဲ့ ခံစားခ်က္အားလုံးကို မ်ိဳသိပ္ၿပီး က်ီဖန္ယင္း၏လက္ကို ဆုပ္ကိုင္လိုက္သည္ "သြားရေအာင္။"
အနည္းဆုံးေတာ့ က်ီဖန္ယင္းဟာ သူ႔ရဲ့ေတာင္းဆိုမွုကို 'ဝန္ေဆာင္မွုအခ်ိန္မ်ားအတြင္း' ျငင္းပယ္မွာမဟုတ္ဘူးဆိုတာကို သူသိခဲ့ပါသည္။
"အင္း၊ ေကာင္းၿပီေလ" က်ီဖန္ယင္းသည္ ဘာမွကြန္ပလိန္းမတက္ဘဲ မတ္တပ္ရပ္လိုက္သည္။
သို႔ေသာ္လည္း ဘိုင္က်ိဳးသည္ က်ီဖန္ယင္း၏လမ္းကို ပိတ္ဆို႔ရန္ ေရွ႕တိုးလာခဲ့သည္။ သူဒီကို ေႏွာင့္ယွက္ဖို႔ေရာက္လာတယ္ဆိုတာ သိသာေနပါၿပီ။
စုန့္ရွီးယြီသည္ သူကိုယ္တိုင္ပင္ နားမလည္နိုင္ေသာ ေဒါသမ်ားသည္ အရွိန္အဟုန္ျဖင့္ သူ႔ေခါင္းထဲသို႔ တိုးဝင္လာသည္ကို ခံစားလိုက္ရသည္။
အနည္းဆုံးေတာ့ ဒီအခ်ိန္အတြင္း က်ီဖန္ယင္းက ငါ့လူပဲျဖစ္ရမယ္။
ထို႔ေနာက္ အံ့ၾသစြာ တုန္လွုပ္သြားသည္။
ဘိုင္က်ိဳးလည္း ငါလိုမ်ိဳး အေတြးရွိေနခဲ့တာလား။
စုန့္ရွီးယြီႏွင့္ ဘိုင္က်ိဳးအၾကား တင္းမာမွုသည္ လ်င္ျမန္စြာ ႀကီးထြားလာသည္။ ရန္ထမျဖစ္ၾကခင္မွာဘဲ က်ီဖန္ယင္းက ႐ုတ္တရက္ "က်ိဳးက်ိဳး၊ မမ အခု ခ်ိန္းေတြ႕ေနတာ။ ဘာဒရမ္မာမွမလုပ္ပါနဲ႔ေနာ္။"
သူမသည္ ခ်ိဳၿမိန္ေသာ အသံျဖင့္ ဘိုင္က်ိဳးအား ေအးစက္ေသာ စကားလုံးမ်ားကို ေျပာလိုက္သည္။
ဘိုင္က်ိဳးသည္ ထိုစကားမ်ား၏အဓိပၸါယ္ကို နားလည္ခဲ့ၿပီး မယုံၾကည္နိုင္စြာ မ်က္လုံးကို ျပဴးက်ယ္သြားခဲ့သည္။ သ႐ုပ္ေဆာင္သည္ဆိုလၽွင္ပင္ သူမသည္ 'ခ်ိန္းေတြ႕' ဟူေသာ စကားလုံးကို အသုံးျပဳခဲ့သည္။
စုန့္ရွီးယြီသည္ သူ၏ႏွလုံးခုန္ႏွုန္း ျမန္လာသည္ကို ခံစားမိေသာ္လည္း သူ၏ဆင္ျခင္တုံတရားက လ်င္ျမန္စြာ ေရာက္ရွိလာခဲ့သည္။
က်ီဖန္ယင္းကို သူေငြေခ်ခဲ့လို႔ ထိုကဲ့သို႔ေျပာသည္ျဖစ္ၿပီး သူ႔ကိုႀကိဳက္လို႔မဟုတ္ေၾကာင္းကို သူသိပါသည္။ အေျခအေနကသာ ေျပာင္းျပန္လွန္ၿပီး ဘိုင္က်ိဳးက သူမကို ေငြေခ်ထားေသာလူဆိုလၽွင္ သူသည္လည္း ေအးစက္ေသာ စကားလုံးေတြကို ရလိမ့္မည္ျဖစ္သည္။
သူသည္ အေတြးမ်ားျဖင့္ပင္ လုံး၀ နာက်င္သြားသည္ကို မယုံနိုင္ေပါ
'လူတစ္ေယာက္ရဲ့ဘက္လိုက္မွုကို ဆုံးရွုံးလိုက္ရျခင္းက ဒီေလာက္ခံရခက္လိမ့္မယ္လို႔ ငါမသိခဲ့ဘူး။' စုန့္ရွီးယြီက ေနာင္တရေနမိသည္။
အရင္တုန္းက သူထိုအရာမ်ားအားလုံးကို စြန႔္ပစ္ခဲ့တာေတာင္ ကိုယ့္ကိုကိုယ္ မယုံနိုင္ခဲ့ေပ။
______