တစ်နာရီတစ်သိန်း အစားထိုးချစ်သူ

By Anaisa365

349K 43.5K 541

Title - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDI... More

↪ဇာတ်လမ်းမိတ်ဆက်↩
အခန်း၁
အခန်း၂
အခန်း၃
အခန်း၄
အခန်း၅
အခန်း၆
အခန်း၇
အခန်း၈
အခန်း၉
အခန်း၁၀
အခန်း၁၁
အခန်း၁၂
အခန်း၁၃
အခန်း၁၄
အခန်း၁၅
အခန်း၁၆
အခန်း၁၇
အခန်း၁၈
အခန်း၁၉
အခန်း၂၀
အခန်း၂၁
အခန်း၂၂
အခန်း၂၃
အခန်း၂၄
အခန်း၂၅
အခန်း၂၆
အခန်း၂၇
အခန်း၂၈
အခန်း၂၉
အခန်း၃၀
အခန်း၃၁
အခန်း၃၂
အခန်း၃၃
အခန်း၃၄
အခန်း၃၅
အခန်း၃၆
အခန်း၃၇
အခန်း၃၈
အခန်း၃၉
အခန်း၄၀
အခန်း၄၁
အခန်း၄၂
အခန်း၄၃
အခန်း၄၄
အခန်း၄၅
အခန်း၄၆
အခန်း၄၇
အခန်း၄၈
အခန်း၄၉
အခန်း၅၀
အခန်း၅၁
အခန်း၅၂
အခန်း၅၃
အခန်း၅၄
အခန်း၅၅
အခန်း၅၆
အခန်း၅၇
အခန်း၅၈
အခန်း၅၉
အခန်း၆၀
အခန်း၆၁
အခန်း၆၂
အခန်း၆၃
အခန်း၆၄
အခန်း၆၅
အခန်း၆၆
အခန်း၆၇
အခန်း၆၈
အခန်း၆၉
အခန်း၇၀
အခန်း၇၁
အခန်း၇၂
အခန်း၇၃
အခန်း၇၄
အခန်း၇၅
အခန်း၇၆
အခန်း၇၇
အခန်း၇၈
အခန်း၇၉
အခန်း၈၀
အခန်း၈၁
အခန်း၈၂
အခန်း၈၃
အခန်း၈၄
အခန်း၈၅
အခန်း၈၆
အခန်း၈၇
အခန်း၈၈
အခန်း၈၉
အခန်း၉၀
အခန်း၉၁
အခန်း၉၂
အခန်း၉၃
အခန်း၉၄
အခန်း၉၅
အခန်း၉၆
အခန်း၉၇
အခန်း၉၈
အခန်း၉၉
အခန်း၁၀၀
အခန်း၁၀၁
အခန်း၁၀၂
အခန်း၁၀၃
အခန်း၁၀၄
အခန်း၁၀၅
အခန်း၁၀၆
အခန်း၁၀၇
အခန်း၁၀၈
အခန်း၁၀၉
အခန်း၁၁၀
အခန်း၁၁၁
အခန်း၁၁၂
အခန်း၁၁၃
အခန်း၁၁၄
အခန်း၁၁၅
အခန်း၁၁၆
အခန်း၁၁၇
အခန်း၁၁၈
အခန်း၁၁၉
အခန်း၁၂၀
အခန်း၁၂၁
အခန်း၁၂၂
အခန်း၁၂၃
အခန်း၁၂၄
အခန်း၁၂၅
အခန်း၁၂၆
အခန်း၁၂၇
အခန်း၁၂၈
အခန်း၁၂၉
အခန်း၁၃၀
အခန်း၁၃၁
အခန်း၁၃၂
အခန်း၁၃၃
အခန်း၁၃၄
အခန်း၁၃၅
အခန်း၁၃၆
အခန်း၁၃၇
အခန်း၁၃၈
အခန်း၁၃၉
အခန်း၁၄၀
အခန်း၁၄၁
အခန်း၁၄၂
အခန်း၁၄၃
အခန်း၁၄၄
အခန်း၁၄၅
အခန်း၁၄၆
အခန်း၁၄၇
အခန်း၁၄၉
အခန်း၁၅၀
အခန်း၁၅၁
အခန်း၁၅၂
အခန်း၁၅၃
အခန်း၁၅၄
အခန်း၁၅၅
အခန်း၁၅၆
အခန်း၁၅၇
အခန်း၁၅၈
အခန်း၁၅၉
အခန်း၁၆၀
အခန်း၁၆၁
အခန်း၁၆၂
အခန်း၁၆၃
အခန်း၁၆၄
အခန်း၁၆၅
အခန်း၁၆၆
အခန်း၁၆၇
အခန်း၁၆၈
အခန်း၁၆၉
အခန်း၁၇၀
အခန်း၁၇၁
အခန်း၁၇၂
အခန်း၁၇၃
အခန်း၁၇၄
အခန်း၁၇၅
အခန်း၁၇၆
အခန်း၁၇၇
အခန်း၁၇၈
အခန်း၁၇၉
အခန်း၁၈၀
အခန်း၁၈၁
အခန်း၁၈၂
အခန်း၁၈၃
အခန်း၁၈၄
အခန်း၁၈၅
အခန်း၁၈၆
အခန်း၁၈၇
အခန်း၁၈၈
အခန်း၁၈၉
အခန်း၁၉၀
အခန်း၁၉၁
အခန်း၁၉၂
အခန်း၁၉၃
အခန်း၁၉၄
အခန်း၁၉၅
အခန်း၁၉၆
အခန်း၁၉၇
အခန်း၁၉၈
Announcement!!

အခန်း၁၄၈

986 153 1
By Anaisa365

"ဆက်​ပြီးဖုံးကွယ်ထားချင်သေးတာလား။" ကျီရှင်းရှင်း အေးအေးဆေးဆေး မေးသည်၊ "ဒီရက်ပိုင်း ညီမ ဒီကိစ္စကို စဉ်းစားနေတာ။ အစတုန်းကတော့ မမကို သူလို့ထင်ခဲ့ပေမဲ့ နောက်ပိုင်းမှဘသဘောပေါက်သွားတယ်။ ညီမတောင် သူ့အကြောင်း အိပ်မက်မက်နိုင်ရင် မမလည်း အဲ့လိုအိမ်မက်,မက်နိုင်တာပဲ။ အဲဒါက သူဒီကမ္ဘာကို ရုတ်တရက် ရောက်လာပြီး မမဖြစ်သွားတယ်ဆိုတာထပ် ပိုအဓိပ္ပာယ်ရှိတယ်။"

ကျီရှင်းရှင်းသည် သူမ၏အတွေးကို သေချာနေသကဲ့သို့ ယုံကြည်မှုရှိသော လေသံဖြင့် ပြောနေသည်။

ကျီဖန်ယင်း စိတ်ရှုပ်သွားသည်။

ကျီရှင်းရှင်းအပေါ် ဒီလောက်ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ကျန်ခဲ့ရအောင် သူဘယ်သူ့ကို အိမ်မက်မက်ခဲ့တာလဲ။

ကျီရှင်းရှင်းသည် တိုးတိုးလေး ရယ်လိုက်ပြီး "မမ၊ တိတ်နေတာက အလုပ်မဖြစ်ဘူးနော်။ ညီမ ဘယ်သူ့ကို ပြောနေတာလဲဆိုတာ မမလည်းသိတာပဲ။ ညီမတို့နှစ်ယောက်လုံးထက် ပိုတောက်ပပြီး မမနဲ့ နာမည်တူတဲ့ မိန်းမ။ 'ကျီဖန်ယင်း' "

ကျီဖန်ယင်း: "...???"

"ဒီလတွေအတွင်း မမ အရမ်းပြောင်းလဲသွားတာ အဲ့တာကြောင့်မလား။ ညီမ မမအပေါ် သုံးခဲ့တဲ့ လှည့်ကွက်တွေက အသုံးမဝင်တော့တာ မဆန်းပါဘူး။" ကျီရှင်းရှင်း၏ စကားများသည် ပိုမိုမြန်ဆန်လာသည်။ "ဒီလတွေအတွင်း မမလုပ်ခဲ့သမျှအပုန်လုံး သူ့ဆီကနေ သင်ယူခဲ့တာတွေ မဟုတ်ဘူးလား။ ဒါပေမယ့် မမ၊ ညီမ့ရဲ့လူ​တွေကို ဒီလောက်နဲ့ အရယူနိုင်မယ်လို့ ထင်နေရင် စိတ်ကူးယဉ်နေတာပဲနော်။"

ထိုအချိန်တွင် ကျီဖန်ယင်းသည် ဖုန်းချလိုက်ပြီး ဖုန်းကို 'Fo Not Disturb' မုဒ်သို့ ပြောင်းလိုက်သည်။

ကျီရှင်းရှင်းက သူမသိချင်တဲ့အရာတွေအားလုံးကို ပြောပြီးပြီးဆိုတော့ အရေးလုပ်ပြီး ဆက်နားထောင်နေစရာ မလိုတော့ပေ။

ကျီဖန်ယင်းသည် ပျင်းရိပျင်းတွဲ ဆိုဖာပေါ်တွင် လှဲလျောင်းနေပြီး အရုပ်အချို့နှင့် ဆော့နေရင်း ကျီရှင်းရှင်း ကြင်နာစွာ ပေးခဲ့သည့် အချက်အလက်အချို့ကို တွေးတောလိုက်သည်။

သူမသည် ယခင်က 'ကျီဖန်ယင်း' ၏ မှတ်ဉာဏ်များကို သေချာမကြည့်ခဲ့သော်လည်း ကျီရှင်းရှင်းနှင့် အစောပိုင်းစကားဝိုင်းသည် သူမ၏သံသယအချို့ကို ဖြေဖျောက်ပေးနိုင်ခဲ့သည်။

ကျီရှင်းရှင်းသည် 'ကျီဖန်ယင်း'ကြောင့် စိတ်ပိုင်းဆိုင်ရာ ဖိအားတွေပိပြီး နေမကောင်းဖြစ်ရာက ပြန်ကျန်းမာလာတဲ့အချိန် ရုတ်တရက်ပြောင်းလဲသွားတဲ့အကြောင်းလိုဟာမျိုး။

ဒါမှမဟုတ် ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ဖြည်းဖြည်းချင်းတိုးတက်လာတဲ့ ကျီရှင်းရှင်းရဲ့ 'ပင်လယ်ဘုရင်' စွမ်းရည်က သူမနဲ့ ထူးထူးခြားခြား ရင်းနှီးနေသ​ယောင်ယောင် ဖြစ်နေတဲ့အကြောင်း။

ကျီဖန်ယင်း လေးလေးနက်နက် တွေးတောနေချိန်တွင် ဧည့်ခန်းရှိ တီဗွီသည် ဒီရက်ပိုင်း နာမည်ကြီး​နေသည့် ရှန်းရှဒရာမာကို ပြသနေပါသည်။ အမျိုးသားဇာတ်ဆောင်၏ ဆရာသည် အမျိုးသားခေါင်းဆောင်ကို နာကျင်နေသောမျက်နှာဖြင့် "မင်းလို တပည့်တစ်ယောက်မျိုး ငါ့မှာ မရှိဘူး။ ဒီနေ့ကစပြီး ငါတို့ရဲ့ ဆရာတပည့်ဆက်ဆံရေးက ပြတ်တောက်သွားပြီ။"

ကျီဖန်ယင်းသည် အမျိုးသားဇာတ်ဆောင်၏ဆရာအဖြစ် သရုပ်ဆောင်ထားသည့် သရုပ်ဆောင်ကို စာနာစိတ်ဖြင့် ကြည့်ကာ "ငါရော" ဟု ညည်းတွားလိုက်သည်။

...

ကျီရှင်းရှင်းက သူမကို ရုတ်တရတ် ဖုန်းချလိုက်ခြင်းကို ဒေါသမထွက်ပေ။ ဒါသည် ဟုတ်သည်ဟု ဝန်ခံသည့်သက်သေ ခိုင်မာသော သက်သေဟူ၍ပင် ယူဆခဲ့သည်။

ဒီရက်ပိုင်း ထိုအချက်အလက်များကြောင့် သူမ တုန်လှုပ်သွားသည်မှာ အမှန်ပင်ဖြစ်သော်လည်း စိတ်တည်ငြိမ်စေရန် ရက်အတော်ကြာ အချိန်ပေးပြီးနောက် သူမသည် ထိုကိစ္စကို ဆင်ခြင်တုံတရားဖြင့် ကြည့်ရှုနိုင်လာခဲ့သည်။

လက်ရှိ ကျီဖန်ယင်းက ဘယ်သူလဲဆိုတာ အတည်ပြုဖို့ရာမှာ သူမအတွက် သိပ်မခက်ခဲခဲ့ပေ။

အိပ်မက်ထဲမှာ သူမတွေ့ခဲ့ရတဲ့ 'ကျီဖန်ယင်း' ဟာ စုန့်ရှီးယွီ, ဘိုင်ကျိုး, လီရှောက်ရှင်းတို့ကို လုံးဝ စိတ်ဝင်စားမှာ မဟုတ်ဘူး။ သူမ၏အနေအထားနှင့် အတွေ့အကြုံအရ ထိုအမျိုးသားများသည် သူမ၏အာရုံကို ဖမ်းစားနိုင်မည်မဟုတ်ပေ။

ကျီဖန်ယင်းသည် ထိုအမျိုးသားများနှင့် ဆက်ဆံရန် ရွေးချယ်ခဲ့ခြင်းမှ အချက်နှစ်ချက်သာ မြင်သာနေခဲ့သည်။

တစ်အချက်၊ လက်ရှိကျီဖန်ယင်းသည် သူမ၏အစ်မသာဖြစ်ပြီး အိပ်မက်များမှ ရရှိလာသော အသိပညာကြောင့်သာ ပြောင်းလဲလာရခြင်းဖြစ်သည်။

နှစ်အချက်၊ သူမတွင် ရည်ရွယ်ချက်တစ်ခုခုရှိတာကြောင့် ထိုယောက်ျားများကို ချဉ်းကပ်ခဲ့ခြင်းပင်။

"ညီမရဲ့လူတွေကို ဖမ်းဖို့ လွယ်မှာ မဟုတ်ဘူး၊ မမ" ကျီရှင်းရှင်းသည် ဖုန်းစခရင်မှ သူမနှင့် ကျီဖန်ယင်း၏ ဓါတ်ပုံကို ညင်သာစွာ ထိလိုက်သည်။ "မမက အိပ်မက်ထဲမှာ 'ကျီဖန်ယင်း' သာဆိုရင် ညီမ မယှဉ်နိုင်ပေမယ့် မဟုတ်ရင်တော့ ညီမ ဘယ်လိုလုပ် ဒုတိယအကြိမ် ထပ်ရှုံးနိုင်ပါ့မလဲ။"

ကျီဖန်ယင်းနဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်တာကြောင့် တကယ့်အချက်ကို ဆုံးရှုံးသွားပြီဖြစ်ကြောင်းကို ကျီရှင်းရှင်းသိပေမယ့် သူမကတော့ အသာစီးရနေတယ်လို့ တွေးခဲ့ပါသည်။ သူမ၏အစ်မဘက်သို့ စားပွဲတွေလှန်ရန် အခွင့်အရေးကောင်းများ ရှိနေသေးပါသည်။

မမက ငါ့ထပ် ဉာဏ်​တော့ပိုကောင်းနိုင်ပေမဲ့ သူက ဒီဘက်မှာ လူသစ်တစ်ယောက်ပဲလေ။ ငါငယ်ငယ်တုန်းက သူ့​ကို ရှုံးခဲ့ရပေမယ့် အခုတော့ ထပ်အရှုံးမခံနိုင်ဘူး။

ကျီရှင်းရှင်းသည် သူမ၏ ဖုန်းကို အိတ်ထဲသို့ ထည့်ရင်း သေချာစွာ တွေးလိုက်သည်။

ကျီဖန်ယင်း ချဉ်းကပ်နေတဲ့ ​ယောကျ်ားတွေရဲ့ အာရုံစူးစိုက်မှုနဲ့ အချစ်ကို ငါဆီပဲ အပြည့်အဝ မြှုပ်နှံလာအောင် လုပ်ထားရမယ်။

_______

Zawgyi

"ဆက္​ၿပီးဖုံးကြယ္ထားခ်င္ေသးတာလား။" က်ီရွင္းရွင္း ေအးေအးေဆးေဆး ေမးသည္၊ "ဒီရက္ပိုင္း ညီမ ဒီကိစၥကို စဥ္းစားေနတာ။ အစတုန္းကေတာ့ မမကို သူလို႔ထင္ခဲ့ေပမဲ့ ေနာက္ပိုင္းမွဘသေဘာေပါက္သြားတယ္။ ညီမေတာင္ သူ႔အေၾကာင္း အိပ္မက္မက္နိုင္ရင္ မမလည္း အဲ့လိုအိမ္မက္,မက္နိုင္တာပဲ။ အဲဒါက သူဒီကမၻာကို ႐ုတ္တရက္ ေရာက္လာၿပီး မမျဖစ္သြားတယ္ဆိုတာထပ္ ပိုအဓိပၸာယ္ရွိတယ္။"

က်ီရွင္းရွင္းသည္ သူမ၏အေတြးကို ေသခ်ာေနသကဲ့သို႔ ယုံၾကည္မွုရွိေသာ ေလသံျဖင့္ ေျပာေနသည္။

က်ီဖန္ယင္း စိတ္ရွုပ္သြားသည္။

က်ီရွင္းရွင္းအေပၚ ဒီေလာက္ႀကီးမားတဲ့ အက်ိဳးသက္ေရာက္မွုေတြ က်န္ခဲ့ရေအာင္ သူဘယ္သူ႔ကို အိမ္မက္မက္ခဲ့တာလဲ။

က်ီရွင္းရွင္းသည္ တိုးတိုးေလး ရယ္လိုက္ၿပီး "မမ၊ တိတ္ေနတာက အလုပ္မျဖစ္ဘူးေနာ္။ ညီမ ဘယ္သူ႔ကို ေျပာေနတာလဲဆိုတာ မမလည္းသိတာပဲ။ ညီမတို႔ႏွစ္ေယာက္လုံးထက္ ပိုေတာက္ပၿပီး မမနဲ႔ နာမည္တူတဲ့ မိန္းမ။ 'က်ီဖန္ယင္း' "

က်ီဖန္ယင္း: "...???"

"ဒီလေတြအတြင္း မမ အရမ္းေျပာင္းလဲသြားတာ အဲ့တာေၾကာင့္မလား။ ညီမ မမအေပၚ သုံးခဲ့တဲ့ လွည့္ကြက္ေတြက အသုံးမဝင္ေတာ့တာ မဆန္းပါဘူး။" က်ီရွင္းရွင္း၏ စကားမ်ားသည္ ပိုမိုျမန္ဆန္လာသည္။ "ဒီလေတြအတြင္း မမလုပ္ခဲ့သမၽွအပုန္လုံး သူ႔ဆီကေန သင္ယူခဲ့တာေတြ မဟုတ္ဘူးလား။ ဒါေပမယ့္ မမ၊ ညီမ့ရဲ့လူ​ေတြကို ဒီေလာက္နဲ႔ အရယူနိုင္မယ္လို႔ ထင္ေနရင္ စိတ္ကူးယဥ္ေနတာပဲေနာ္။"

ထိုအခ်ိန္တြင္ က်ီဖန္ယင္းသည္ ဖုန္းခ်လိုက္ၿပီး ဖုန္းကို 'Fo Not Disturb' မုဒ္သို႔ ေျပာင္းလိုက္သည္။

က်ီရွင္းရွင္းက သူမသိခ်င္တဲ့အရာေတြအားလုံးကို ေျပာၿပီးၿပီးဆိုေတာ့ အေရးလုပ္ၿပီး ဆက္နားေထာင္ေနစရာ မလိုေတာ့ေပ။

က်ီဖန္ယင္းသည္ ပ်င္းရိပ်င္းတြဲ ဆိုဖာေပၚတြင္ လွဲေလ်ာင္းေနၿပီး အ႐ုပ္အခ်ိဳ႕ႏွင့္ ေဆာ့ေနရင္း က်ီရွင္းရွင္း ၾကင္နာစြာ ေပးခဲ့သည့္ အခ်က္အလက္အခ်ိဳ႕ကို ေတြးေတာလိုက္သည္။

သူမသည္ ယခင္က 'က်ီဖန္ယင္း' ၏ မွတ္ဉာဏ္မ်ားကို ေသခ်ာမၾကည့္ခဲ့ေသာ္လည္း က်ီရွင္းရွင္းႏွင့္ အေစာပိုင္းစကားဝိုင္းသည္ သူမ၏သံသယအခ်ိဳ႕ကို ေျဖေဖ်ာက္ေပးနိုင္ခဲ့သည္။

က်ီရွင္းရွင္းသည္ 'က်ီဖန္ယင္း'ေၾကာင့္ စိတ္ပိုင္းဆိုင္ရာ ဖိအားေတြပိၿပီး ေနမေကာင္းျဖစ္ရာက ျပန္က်န္းမာလာတဲ့အခ်ိန္ ႐ုတ္တရက္ေျပာင္းလဲသြားတဲ့အေၾကာင္းလိုဟာမ်ိဳး။

ဒါမွမဟုတ္ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာေအာင္ ျဖည္းျဖည္းခ်င္းတိုးတက္လာတဲ့ က်ီရွင္းရွင္းရဲ့ 'ပင္လယ္ဘုရင္' စြမ္းရည္က သူမနဲ႔ ထူးထူးျခားျခား ရင္းႏွီးေနသ​ေယာင္ေယာင္ ျဖစ္ေနတဲ့အေၾကာင္း။

က်ီဖန္ယင္း ေလးေလးနက္နက္ ေတြးေတာေနခ်ိန္တြင္ ဧည့္ခန္းရွိ တီဗြီသည္ ဒီရက္ပိုင္း နာမည္ႀကီး​ေနသည့္ ရွန္းရွဒရာမာကို ျပသေနပါသည္။ အမ်ိဳးသားဇာတ္ေဆာင္၏ ဆရာသည္ အမ်ိဳးသားေခါင္းေဆာင္ကို နာက်င္ေနေသာမ်က္ႏွာျဖင့္ "မင္းလို တပည့္တစ္ေယာက္မ်ိဳး ငါ့မွာ မရွိဘူး။ ဒီေန႔ကစၿပီး ငါတို႔ရဲ့ ဆရာတပည့္ဆက္ဆံေရးက ျပတ္ေတာက္သြားၿပီ။"

က်ီဖန္ယင္းသည္ အမ်ိဳးသားဇာတ္ေဆာင္၏ဆရာအျဖစ္ သ႐ုပ္ေဆာင္ထားသည့္ သ႐ုပ္ေဆာင္ကို စာနာစိတ္ျဖင့္ ၾကည့္ကာ "ငါေရာ" ဟု ညည္းတြားလိုက္သည္။

...

က်ီရွင္းရွင္းက သူမကို ႐ုတ္တရတ္ ဖုန္းခ်လိုက္ျခင္းကို ေဒါသမထြက္ေပ။ ဒါသည္ ဟုတ္သည္ဟု ဝန္ခံသည့္သက္ေသ ခိုင္မာေသာ သက္ေသဟူ၍ပင္ ယူဆခဲ့သည္။

ဒီရက္ပိုင္း ထိုအခ်က္အလက္မ်ားေၾကာင့္ သူမ တုန္လွုပ္သြားသည္မွာ အမွန္ပင္ျဖစ္ေသာ္လည္း စိတ္တည္ၿငိမ္ေစရန္ ရက္အေတာ္ၾကာ အခ်ိန္ေပးၿပီးေနာက္ သူမသည္ ထိုကိစၥကို ဆင္ျခင္တုံတရားျဖင့္ ၾကည့္ရွုနိုင္လာခဲ့သည္။

လက္ရွိ က်ီဖန္ယင္းက ဘယ္သူလဲဆိုတာ အတည္ျပဳဖို႔ရာမွာ သူမအတြက္ သိပ္မခက္ခဲခဲ့ေပ။

အိပ္မက္ထဲမွာ သူမေတြ႕ခဲ့ရတဲ့ 'က်ီဖန္ယင္း' ဟာ စုန့္ရွီးယြီ, ဘိုင္က်ိဳး, လီေရွာက္ရွင္းတို႔ကို လုံးဝ စိတ္ဝင္စားမွာ မဟုတ္ဘူး။ သူမ၏အေနအထားႏွင့္ အေတြ႕အၾကဳံအရ ထိုအမ်ိဳးသားမ်ားသည္ သူမ၏အာ႐ုံကို ဖမ္းစားနိုင္မည္မဟုတ္ေပ။

က်ီဖန္ယင္းသည္ ထိုအမ်ိဳးသားမ်ားႏွင့္ ဆက္ဆံရန္ ေရြးခ်ယ္ခဲ့ျခင္းမွ အခ်က္ႏွစ္ခ်က္သာ ျမင္သာေနခဲ့သည္။

တစ္အခ်က္၊ လက္ရွိက်ီဖန္ယင္းသည္ သူမ၏အစ္မသာျဖစ္ၿပီး အိပ္မက္မ်ားမွ ရရွိလာေသာ အသိပညာေၾကာင့္သာ ေျပာင္းလဲလာရျခင္းျဖစ္သည္။

ႏွစ္အခ်က္၊ သူမတြင္ ရည္ရြယ္ခ်က္တစ္ခုခုရွိတာေၾကာင့္ ထိုေယာက္်ားမ်ားကို ခ်ဥ္းကပ္ခဲ့ျခင္းပင္။

"ညီမရဲ့လူေတြကို ဖမ္းဖို႔ လြယ္မွာ မဟုတ္ဘူး၊ မမ" က်ီရွင္းရွင္းသည္ ဖုန္းစခရင္မွ သူမႏွင့္ က်ီဖန္ယင္း၏ ဓါတ္ပုံကို ညင္သာစြာ ထိလိုက္သည္။ "မမက အိပ္မက္ထဲမွာ 'က်ီဖန္ယင္း' သာဆိုရင္ ညီမ မယွဥ္နိုင္ေပမယ့္ မဟုတ္ရင္ေတာ့ ညီမ ဘယ္လိုလုပ္ ဒုတိယအႀကိမ္ ထပ္ရွုံးနိုင္ပါ့မလဲ။"

က်ီဖန္ယင္းနဲ႔ ထိပ္တိုက္ရင္ဆိုင္လိုက္တာေၾကာင့္ တကယ့္အခ်က္ကို ဆုံးရွုံးသြားၿပီျဖစ္ေၾကာင္းကို က်ီရွင္းရွင္းသိေပမယ့္ သူမကေတာ့ အသာစီးရေနတယ္လို႔ ေတြးခဲ့ပါသည္။ သူမ၏အစ္မဘက္သို႔ စားပြဲေတြလွန္ရန္ အခြင့္အေရးေကာင္းမ်ား ရွိေနေသးပါသည္။

မမက ငါ့ထပ္ ဉာဏ္​ေတာ့ပိုေကာင္းနိုင္ေပမဲ့ သူက ဒီဘက္မွာ လူသစ္တစ္ေယာက္ပဲေလ။ ငါငယ္ငယ္တုန္းက သူ႔​ကို ရွုံးခဲ့ရေပမယ့္ အခုေတာ့ ထပ္အရွုံးမခံနိုင္ဘူး။

က်ီရွင္းရွင္းသည္ သူမ၏ ဖုန္းကို အိတ္ထဲသို႔ ထည့္ရင္း ေသခ်ာစြာ ေတြးလိုက္သည္။

က်ီဖန္ယင္း ခ်ဥ္းကပ္ေနတဲ့ ​ေယာက်္ားေတြရဲ့ အာ႐ုံစူးစိုက္မွုနဲ႔ အခ်စ္ကို ငါဆီပဲ အျပည့္အဝ ျမႇုပ္ႏွံလာေအာင္ လုပ္ထားရမယ္။

Continue Reading

You'll Also Like

9.4K 1.4K 50
𝖡𝗎𝗋𝗆𝖾𝗌𝖾 𝖳𝗋𝖺𝗇𝗌𝗅𝖺𝗍𝗂𝗈𝗇 𝗈𝖿 "𝖠 𝖫𝗈𝗏𝖾 𝖲𝗉𝖺𝗋𝗄𝖾𝖽 𝖻𝗒 𝖠 𝖯𝖺𝗂𝗋 𝗈𝖿 𝖴𝗇𝖽𝖾𝗋𝗐𝖾𝖺𝗋". 𝖮𝗋𝗂𝗀𝗂𝗇𝖺𝗅 𝖭𝖺𝗆𝖾 : 一条内裤引发的...
265K 16.9K 47
The feeling of being abandoned by one's own family was not unknown to Aadhira. She hates her family for abandoning her when she was only a newborn, l...
Serçe By 🌥

Teen Fiction

91.9K 3.8K 21
"Efsun." "Nefesin bile beni tahrik ediyorken, üvey kardeşim olmanı umursayacağımı mı sanıyorsun?" Yayım tarihi | 05.02.2024 🪐 #1 komedi 24.02.24 #1...
156K 11.9K 142
Title The eunuch is pregnant Type Web Novel (CN) Genre Adult Comedy Fantasy Gender Bender Historical Josei Mature Romance Tags[ ] Alternate World A...