ကျီဖန်ယင်းက ခေါင်းခါပြီး တက္ကစီတစ်စီးကို ဖုန်းဖြင့် ခေါ်လိုက်သည်။ ကားကိုခေါ်ပြီးနောက် သူမသည် နှင်းများကို ဖြတ်လျှောက်သွားခဲ့သည်။
လမ်းဘေးတွင် တက္ကစီစောင့်ရင်း အချိန်ဖြုန်းရန် ဂိမ်းဆော့ရန်လုပ်ခဲ့သည်။
ဖုန်းစခရင်ပေါ်သို့ နှင်းများ ဆက်တိုက်ကျနေတာကြောင့် ခဏခဏ ဖယ်နေရသည်။ ထိုအရာက သူမကို အရမ်းစိတ်အနှောင့်အယှက်ဖြစ်စေသောကြောင့် နောက်ဆုံးတွင် သူမလက်လျှော့လိုက်သည်။
သူမသည် ကားခေါ်သည့်အက်ပ်ကို စစ်ဆေးကြည့်လိုက်ရာ ရောက်လာရန် သုံးမိနစ်သာလိုတော့သည်ကို တွေ့လိုက်ရသည်။ သူမသည် 'အိမ်ပြန်ဖို့ရန် ဖျားယောင်းသွေးဆောင်ခြင်း' အက်ပ်ကို ဆက်လက်စစ်ဆေးခဲ့သည်။
သူမရဲ့ ရုပ်ရှင်သုံးသပ်ချက်များကို ဖတ်နေသော အင်တာနက်သုံးစွဲသူများ၏ ကျေးဇူးတွေအပြင် စုန့်ရှီးယွီရဲ့ စိတ်ခံစားချက်ရမှတ်အများအပြားကို မြင်နေရသည်။ လျင်မြန်စွာကြည့်လိုက်တာတောင် ငွေသန်းပေါင်းများစွာရနေပြီဖြစ်သည်။
အက်ပ်သည် စိတ်ခံစားချက်ရမှတ်များကို ဘယ်လိုစီစဥ်ကြောင်းကို အသေးစိတ်ဖော်ပြချက်မရှိသော်လည်း ကျီဖန်ယင်းသည် လွန်ခဲ့သည့်လအနည်းငယ်အတွင်း သူမ၏လေ့လာတွေ့ရှိချက်များကို အခြေခံ၍ အကြမ်းဖျင်းတစ်ခုရခဲ့သည်။
အခြေခံအားဖြင့်၊ လူတစ်ဦးသည် သူတို့ရရှိနေသော ခံစားချက်များအတွက် ပေးလိုသောငွေပမာဏဖြစ်သည်။
ဥပမာအနေဖြင့် ကျီဖန်ယင်း တင်ထားတဲ့ ရုပ်ရှင်သုံးသပ်ချက်များကို ထည့်ပြောရလျှင် သူမဟာ အခုချိန်ထိ ရုပ်ရှင်ဝါသနာအိုးfollowerများ ရှိနေခဲ့သည်။ သူမ၏ရုပ်ရှင်သုံးသပ်ချက်များကိုဖတ်ပြီးနောက် သူတို့ဆီမှ စိတ်ခံစားချက်ရမှတ်များသည် များသောအားဖြင့် ရုပ်ရှင်လက်မှတ်တစ်စောင်၏ စျေးနှုန်းလောက်သာရှိသည်။
ထိုအရာသည် Otakuများ ဂိမ်းအတွက် ဘယ်လောက်ငွေသုံးလိုလဲဆိုသည်နှင့် အနည်းငယ်ဆင်တူပါသည်။
"ရေကူးဝတ်စုံskin?! ယွမ်တစ်သိန်းဆိုရင်တောင် ရအောင်ဝယ်ရမယ်!"
ထိုစိတ်ခံစားမှုများသည် စိတ်ခံစားချက်ရမှတ်တစ်သိန်းကို ထုတ်ပေးလိမ့်မည်။
ကျီဖန်ယင်း ဂရုတစိုက်ရွေးချယ်ခဲ့သည့် ဖောက်သည်များသည် တန်ဖိုးဖြတ်ခြင်းနှင့်ပတ်သက်၍ အလွန်ကွဲပြားသော ခံယူချက်များရှိသောကြောင့် သူတို့ထံမှ ရရှိသော စိတ်ခံစားချက်ရမှတ်များမှာ အမြဲပြောင်းလဲနေတတ်သည်။
ကျီဖန်ယင်း၏ ထူးဆန်းသော ဆယ်ကျော်သက်ဒရမ်မာတစ်ခုထဲ ရောက်နေသလားဟု တွေးမိနေသည်။ သူမသည် ဒီအခိုက်အတန့်တွင် ဆယ်ကျော်သက်ဒရမ်မာအရိပ်အယောင်တစ်ခုကိုခံစားနေရပြီး ဒီနေ့ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်က အတည်ပြုပေးခဲ့သည်။
"ကိုယ်သူနဲ့ အတူမရှိနိုင်ဘူး၊ ဒါကြောင့် မင်းနဲ့တွဲချင်တယ်။"
ဦးနှောက်ရှိတဲ့ တစ်စုံတစ်ယောက်က ဒီလိုစကားများကို ပြောဖို့မှာ မဖြစ်နိုင်ပေ။
ယခု တစ်ခုတည်းသောမေးခွန်းမှာ စုန့်ရှီးယွီကို အခုတခါတည်းရှင်းပစ်လိုက်သင့်လား၊ ဒါမှမဟုတ် ဆက်ထားရဦးမှာလား။ ကျီဖန်ယင်းသည် ထိုကိစ္စကို မဆုံးဖြတ်နိုင်ဖြစ်နေသည်။
ကျီရှင်းရှင်းဆီမှ ခံစားချက်များ သူမဆီရွေ့လာပြီးဆိုသော အရိပ်အယောင်များ ပြနေပြီဖြစ်သည်။ ဒါက သူ့ဆီကနေ ငွေအမြောက်အမြားနဲ့ စိတ်ခံစားချက်ရမှတ်များကို စုဆောင်းရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်။
ထို့အပြင်၊ သူလိုအမှိုက်များသည် ကိုယ့်ဆေးကိုယ် ပြန်စားကြည့်သင့်သည် မဟုတ်ဘူးလား။
ကျီဖန်ယင်းက ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်ပြီး လက်ကိုပါ အိတ်ကပ်ထဲမှ မထုတ်တော့ရန် ဆုံးဖြတ်လိုက်တယ်။ အရမ်းအေးတယ်။
သူမသည် အိမ်ရာဝန်းဝင်ပေါက်တွင် ရပ်နေသောကြောင့် လမ်းလျှောက်နေသူ အနည်းငယ်ကို မြင်ရသည်။ ကျီဖန်ယင်းသည် ချစ်စရာကောင်းသော သမင်ချိုစကုပ်များကို ၀တ်ဆင်ထားသည့် မိန်းကလေးနှစ်ယောက်ကို တွေ့လိုက်ရသည်။ သူတို့နှစ်ယောက်သည် ထီးတစ်လက်ကို မျှသုံးနေကြပြီး ညစာအကြောင်း ဆွေးနွေးနေကြသည်။
'အနည်းဆုံးတော့ ဒီကမ္ဘာထဲက သာမန်ပြည်သူတွေကတော့ ပုံမှန်ပါပဲ၊' ကျီဖန်ယင်း တွေးလိုက်သည်။
သူမ ဆက်စောင့်နေသော်လည်း တက္ကစီသည် ရောက်မလာသေးပေ။
လမ်းပေါ်မှာ ကားနည်းနည်းများနေတော့ ကားပိတ်နေတာများလား။
ပျင်းရိနေသောကြောင့် ကျီဖန်ယင်းသည် လမ်းဘေးရှိ နှင်းများကို ကန်လိုက်သော်လည်း အဖြူရောင်အရာတစ်ခုခုက ရုတ်တရက် သူမ၏အမြင်အာရုံကို ဖုံးလွှမ်းသွားခဲ့သည်။ သူမ၏ မျက်တောင်များပေါ်သို့ နှင်းများ ကျလာခြင်းဖြစ်သည်။
သူမသည် အိတ်ကပ်ထဲက လက်တွေကို မထုတ်ချင်တာကြောင့် မှုတ်ထုတ်ရန် ကြိုးစားခဲ့သည်။
... ဒါပေမဲ့ နှင်းများက မပူးပေါင်းပေ။
သူမသည် ထိုအစအနောက်သန်သောနှင်းများကို သူမအပေါ်မှကျရန် ခုန်ပေါက်ရမလားဟု တွေးနေသည်။ ထိုအချိန်တွင် ရုတ်တရက် ထီးတစ်လက်သည် သူမခေါင်းကို ဖုံးအုပ်သွားကာ နှင်းများကျလာမည့်ဒဏ်မှ သူမကိုကာကွယ်ပေးလိုက်သည်။
"... ကျီဖန်ယင်း?" ထီးကိုင်ထားသူက သူမနာမည်ကို ခေါ်လာသည်။
ကျီဖန်ယင်း ခေါင်းကို လှည့်ကြည့်လိုက်တော့ တစ်ဖက်လူက အတော်လေး အရပ်ရှည်ကြောင်းကို သိလိုက်ရသည်။ နောက်ဆုံး အနက်ရောင် မျက်မှန်နှင့် မျက်နှာဖုံးကို တပ်ဆင်ထားသည့် အမျိုးသားတစ်ဦးကို သူမ မမြင်ခင် အနည်းငယ် မော့ခဲ့ရသည်။
ရင်းနှီးနေသော လူဖြစ်သည်။ တကယ်တော့ သူမသည် မျက်မှန်နောက်ကွယ်မှ မျက်လုံးတစ်စုံကို ကြည့်ရုံဖြင့်ပင် ထိုလူကို မှတ်မိနိုင်လိုက်သည်။ "ဟဲရှန်၊ ရှားရှားပါးပါးပါလား။"
______
Zawgyi
က်ီဖန္ယင္းက ေခါင္းခါၿပီး တကၠစီတစ္စီးကို ဖုန္းျဖင့္ ေခၚလိုက္သည္။ ကားကိုေခၚၿပီးေနာက္ သူမသည္ ႏွင္းမ်ားကို ျဖတ္ေလၽွာက္သြားခဲ့သည္။
လမ္းေဘးတြင္ တကၠစီေစာင့္ရင္း အခ်ိန္ျဖဳန္းရန္ ဂိမ္းေဆာ့ရန္လုပ္ခဲ့သည္။
ဖုန္းစခရင္ေပၚသို႔ ႏွင္းမ်ား ဆက္တိုက္က်ေနတာေၾကာင့္ ခဏခဏ ဖယ္ေနရသည္။ ထိုအရာက သူမကို အရမ္းစိတ္အေႏွာင့္အယွက္ျဖစ္ေစေသာေၾကာင့္ ေနာက္ဆုံးတြင္ သူမလက္ေလၽွာ့လိုက္သည္။
သူမသည္ ကားေခၚသည့္အက္ပ္ကို စစ္ေဆးၾကည့္လိုက္ရာ ေရာက္လာရန္ သုံးမိနစ္သာလိုေတာ့သည္ကို ေတြ႕လိုက္ရသည္။ သူမသည္ 'အိမ္ျပန္ဖို႔ရန္ ဖ်ားေယာင္းေသြးေဆာင္ျခင္း' အက္ပ္ကို ဆက္လက္စစ္ေဆးခဲ့သည္။
သူမရဲ့ ႐ုပ္ရွင္သုံးသပ္ခ်က္မ်ားကို ဖတ္ေနေသာ အင္တာနက္သုံးစြဲသူမ်ား၏ ေက်းဇူးေတြအျပင္ စုန့္ရွီးယြီရဲ့ စိတ္ခံစားခ်က္ရမွတ္အမ်ားအျပားကို ျမင္ေနရသည္။ လ်င္ျမန္စြာၾကည့္လိုက္တာေတာင္ ေငြသန္းေပါင္းမ်ားစြာရေနၿပီျဖစ္သည္။
အက္ပ္သည္ စိတ္ခံစားခ်က္ရမွတ္မ်ားကို ဘယ္လိုစီစဥ္ေၾကာင္းကို အေသးစိတ္ေဖာ္ျပခ်က္မရွိေသာ္လည္း က်ီဖန္ယင္းသည္ လြန္ခဲ့သည့္လအနည္းငယ္အတြင္း သူမ၏ေလ့လာေတြ႕ရွိခ်က္မ်ားကို အေျခခံ၍ အၾကမ္းဖ်င္းတစ္ခုရခဲ့သည္။
အေျခခံအားျဖင့္၊ လူတစ္ဦးသည္ သူတို႔ရရွိေနေသာ ခံစားခ်က္မ်ားအတြက္ ေပးလိုေသာေငြပမာဏျဖစ္သည္။
ဥပမာအေနျဖင့္ က်ီဖန္ယင္း တင္ထားတဲ့ ႐ုပ္ရွင္သုံးသပ္ခ်က္မ်ားကို ထည့္ေျပာရလၽွင္ သူမဟာ အခုခ်ိန္ထိ ႐ုပ္ရွင္ဝါသနာအိုးfollowerမ်ား ရွိေနခဲ့သည္။ သူမ၏႐ုပ္ရွင္သုံးသပ္ခ်က္မ်ားကိုဖတ္ၿပီးေနာက္ သူတို႔ဆီမွ စိတ္ခံစားခ်က္ရမွတ္မ်ားသည္ မ်ားေသာအားျဖင့္ ႐ုပ္ရွင္လက္မွတ္တစ္ေစာင္၏ ေစ်းႏွုန္းေလာက္သာရွိသည္။
ထိုအရာသည္ Otakuမ်ား ဂိမ္းအတြက္ ဘယ္ေလာက္ေငြသုံးလိုလဲဆိုသည္ႏွင့္ အနည္းငယ္ဆင္တူပါသည္။
"ေရကူးဝတ္စုံskin?! ယြမ္တစ္သိန္းဆိုရင္ေတာင္ ရေအာင္ဝယ္ရမယ္!"
ထိုစိတ္ခံစားမွုမ်ားသည္ စိတ္ခံစားခ်က္ရမွတ္တစ္သိန္းကို ထုတ္ေပးလိမ့္မည္။
က်ီဖန္ယင္း ဂ႐ုတစိုက္ေရြးခ်ယ္ခဲ့သည့္ ေဖာက္သည္မ်ားသည္ တန္ဖိုးျဖတ္ျခင္းႏွင့္ပတ္သက္၍ အလြန္ကြဲျပားေသာ ခံယူခ်က္မ်ားရွိေသာေၾကာင့္ သူတို႔ထံမွ ရရွိေသာ စိတ္ခံစားခ်က္ရမွတ္မ်ားမွာ အျမဲေျပာင္းလဲေနတတ္သည္။
က်ီဖန္ယင္း၏ ထူးဆန္းေသာ ဆယ္ေက်ာ္သက္ဒရမ္မာတစ္ခုထဲ ေရာက္ေနသလားဟု ေတြးမိေနသည္။ သူမသည္ ဒီအခိုက္အတန႔္တြင္ ဆယ္ေက်ာ္သက္ဒရမ္မာအရိပ္အေယာင္တစ္ခုကိုခံစားေနရၿပီး ဒီေန႔ျဖစ္ပ်က္ခဲ့ေသာ အျဖစ္အပ်က္က အတည္ျပဳေပးခဲ့သည္။
"ကိုယ္သူနဲ႔ အတူမရွိနိုင္ဘူး၊ ဒါေၾကာင့္ မင္းနဲ႔တြဲခ်င္တယ္။"
ဦးေႏွာက္ရွိတဲ့ တစ္စုံတစ္ေယာက္က ဒီလိုစကားမ်ားကို ေျပာဖို႔မွာ မျဖစ္နိုင္ေပ။
ယခု တစ္ခုတည္းေသာေမးခြန္းမွာ စုန့္ရွီးယြီကို အခုတခါတည္းရွင္းပစ္လိုက္သင့္လား၊ ဒါမွမဟုတ္ ဆက္ထားရဦးမွာလား။ က်ီဖန္ယင္းသည္ ထိုကိစၥကို မဆုံးျဖတ္နိုင္ျဖစ္ေနသည္။
က်ီရွင္းရွင္းဆီမွ ခံစားခ်က္မ်ား သူမဆီေရြ႕လာၿပီးဆိုေသာ အရိပ္အေယာင္မ်ား ျပေနၿပီျဖစ္သည္။ ဒါက သူ႔ဆီကေန ေငြအေျမာက္အျမားနဲ႔ စိတ္ခံစားခ်က္ရမွတ္မ်ားကို စုေဆာင္းရန္ အခြင့္အေရးေကာင္းတစ္ခု ျဖစ္သည္။
ထို႔အျပင္၊ သူလိုအမွိုက္မ်ားသည္ ကိုယ့္ေဆးကိုယ္ ျပန္စားၾကည့္သင့္သည္ မဟုတ္ဘူးလား။
က်ီဖန္ယင္းက ဖုန္းကို အိတ္ကပ္ထဲ ျပန္ထည့္လိုက္ၿပီး လက္ကိုပါ အိတ္ကပ္ထဲမွ မထုတ္ေတာ့ရန္ ဆုံးျဖတ္လိုက္တယ္။ အရမ္းေအးတယ္။
သူမသည္ အိမ္ရာဝန္းဝင္ေပါက္တြင္ ရပ္ေနေသာေၾကာင့္ လမ္းေလၽွာက္ေနသူ အနည္းငယ္ကို ျမင္ရသည္။ က်ီဖန္ယင္းသည္ ခ်စ္စရာေကာင္းေသာ သမင္ခ်ိဳစကုပ္မ်ားကို ၀တ္ဆင္ထားသည့္ မိန္းကေလးႏွစ္ေယာက္ကို ေတြ႕လိုက္ရသည္။ သူတို႔ႏွစ္ေယာက္သည္ ထီးတစ္လက္ကို မၽွသုံးေနၾကၿပီး ညစာအေၾကာင္း ေဆြးေႏြးေနၾကသည္။
'အနည္းဆုံးေတာ့ ဒီကမၻာထဲက သာမန္ျပည္သူေတြကေတာ့ ပုံမွန္ပါပဲ၊' က်ီဖန္ယင္း ေတြးလိုက္သည္။
သူမ ဆက္ေစာင့္ေနေသာ္လည္း တကၠစီသည္ ေရာက္မလာေသးေပ။
လမ္းေပၚမွာ ကားနည္းနည္းမ်ားေနေတာ့ ကားပိတ္ေနတာမ်ားလား။
ပ်င္းရိေနေသာေၾကာင့္ က်ီဖန္ယင္းသည္ လမ္းေဘးရွိ ႏွင္းမ်ားကို ကန္လိုက္ေသာ္လည္း အျဖဴေရာင္အရာတစ္ခုခုက ႐ုတ္တရက္ သူမ၏အျမင္အာ႐ုံကို ဖုံးလႊမ္းသြားခဲ့သည္။ သူမ၏ မ်က္ေတာင္မ်ားေပၚသို႔ ႏွင္းမ်ား က်လာျခင္းျဖစ္သည္။
သူမသည္ အိတ္ကပ္ထဲက လက္ေတြကို မထုတ္ခ်င္တာေၾကာင့္ မွုတ္ထုတ္ရန္ ႀကိဳးစားခဲ့သည္။
... ဒါေပမဲ့ ႏွင္းမ်ားက မပူးေပါင္းေပ။
သူမသည္ ထိုအစအေနာက္သန္ေသာႏွင္းမ်ားကို သူမအေပၚမွက်ရန္ ခုန္ေပါက္ရမလားဟု ေတြးေနသည္။ ထိုအခ်ိန္တြင္ ႐ုတ္တရက္ ထီးတစ္လက္သည္ သူမေခါင္းကို ဖုံးအုပ္သြားကာ ႏွင္းမ်ားက်လာမည့္ဒဏ္မွ သူမကိုကာကြယ္ေပးလိုက္သည္။
"... က်ီဖန္ယင္း?" ထီးကိုင္ထားသူက သူမနာမည္ကို ေခၚလာသည္။
က်ီဖန္ယင္း ေခါင္းကို လွည့္ၾကည့္လိုက္ေတာ့ တစ္ဖက္လူက အေတာ္ေလး အရပ္ရွည္ေၾကာင္းကို သိလိုက္ရသည္။ ေနာက္ဆုံး အနက္ေရာင္ မ်က္မွန္ႏွင့္ မ်က္ႏွာဖုံးကို တပ္ဆင္ထားသည့္ အမ်ိဳးသားတစ္ဦးကို သူမ မျမင္ခင္ အနည္းငယ္ ေမာ့ခဲ့ရသည္။
ရင္းႏွီးေနေသာ လူျဖစ္သည္။ တကယ္ေတာ့ သူမသည္ မ်က္မွန္ေနာက္ကြယ္မွ မ်က္လုံးတစ္စုံကို ၾကည့္႐ုံျဖင့္ပင္ ထိုလူကို မွတ္မိနိုင္လိုက္သည္။ "ဟဲရွန္၊ ရွားရွားပါးပါးပါလား။"
______