တစ်နာရီတစ်သိန်း အစားထိုးချစ်သူ

By Anaisa365

348K 43.4K 541

Title - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDI... More

↪ဇာတ်လမ်းမိတ်ဆက်↩
အခန်း၁
အခန်း၂
အခန်း၃
အခန်း၄
အခန်း၅
အခန်း၆
အခန်း၇
အခန်း၈
အခန်း၉
အခန်း၁၀
အခန်း၁၁
အခန်း၁၂
အခန်း၁၃
အခန်း၁၄
အခန်း၁၅
အခန်း၁၆
အခန်း၁၇
အခန်း၁၈
အခန်း၁၉
အခန်း၂၀
အခန်း၂၁
အခန်း၂၂
အခန်း၂၃
အခန်း၂၄
အခန်း၂၅
အခန်း၂၆
အခန်း၂၇
အခန်း၂၈
အခန်း၂၉
အခန်း၃၀
အခန်း၃၁
အခန်း၃၂
အခန်း၃၃
အခန်း၃၄
အခန်း၃၅
အခန်း၃၆
အခန်း၃၇
အခန်း၃၈
အခန်း၃၉
အခန်း၄၀
အခန်း၄၁
အခန်း၄၂
အခန်း၄၃
အခန်း၄၄
အခန်း၄၅
အခန်း၄၆
အခန်း၄၇
အခန်း၄၈
အခန်း၄၉
အခန်း၅၀
အခန်း၅၁
အခန်း၅၂
အခန်း၅၃
အခန်း၅၄
အခန်း၅၅
အခန်း၅၆
အခန်း၅၇
အခန်း၅၈
အခန်း၅၉
အခန်း၆၀
အခန်း၆၁
အခန်း၆၂
အခန်း၆၃
အခန်း၆၄
အခန်း၆၅
အခန်း၆၆
အခန်း၆၇
အခန်း၆၈
အခန်း၆၉
အခန်း၇၀
အခန်း၇၁
အခန်း၇၂
အခန်း၇၃
အခန်း၇၄
အခန်း၇၅
အခန်း၇၆
အခန်း၇၇
အခန်း၇၈
အခန်း၇၉
အခန်း၈၀
အခန်း၈၁
အခန်း၈၂
အခန်း၈၃
အခန်း၈၄
အခန်း၈၅
အခန်း၈၆
အခန်း၈၇
အခန်း၈၈
အခန်း၈၉
အခန်း၉၀
အခန်း၉၁
အခန်း၉၂
အခန်း၉၃
အခန်း၉၄
အခန်း၉၅
အခန်း၉၆
အခန်း၉၇
အခန်း၉၈
အခန်း၉၉
အခန်း၁၀၀
အခန်း၁၀၁
အခန်း၁၀၂
အခန်း၁၀၃
အခန်း၁၀၄
အခန်း၁၀၅
အခန်း၁၀၆
အခန်း၁၀၇
အခန်း၁၀၈
အခန်း၁၀၉
အခန်း၁၁၀
အခန်း၁၁၁
အခန်း၁၁၂
အခန်း၁၁၃
အခန်း၁၁၄
အခန်း၁၁၅
အခန်း၁၁၆
အခန်း၁၁၇
အခန်း၁၁၈
အခန်း၁၁၉
အခန်း၁၂၀
အခန်း၁၂၁
အခန်း၁၂၂
အခန်း၁၂၃
အခန်း၁၂၄
အခန်း၁၂၅
အခန်း၁၂၆
အခန်း၁၂၇
အခန်း၁၂၈
အခန်း၁၂၉
အခန်း၁၃၀
အခန်း၁၃၁
အခန်း၁၃၂
အခန်း၁၃၃
အခန်း၁၃၄
အခန်း၁၃၅
အခန်း၁၃၆
အခန်း၁၃၇
အခန်း၁၃၈
အခန်း၁၃၉
အခန်း၁၄၀
အခန်း၁၄၂
အခန်း၁၄၃
အခန်း၁၄၄
အခန်း၁၄၅
အခန်း၁၄၆
အခန်း၁၄၇
အခန်း၁၄၈
အခန်း၁၄၉
အခန်း၁၅၀
အခန်း၁၅၁
အခန်း၁၅၂
အခန်း၁၅၃
အခန်း၁၅၄
အခန်း၁၅၅
အခန်း၁၅၆
အခန်း၁၅၇
အခန်း၁၅၈
အခန်း၁၅၉
အခန်း၁၆၀
အခန်း၁၆၁
အခန်း၁၆၂
အခန်း၁၆၃
အခန်း၁၆၄
အခန်း၁၆၅
အခန်း၁၆၆
အခန်း၁၆၇
အခန်း၁၆၈
အခန်း၁၆၉
အခန်း၁၇၀
အခန်း၁၇၁
အခန်း၁၇၂
အခန်း၁၇၃
အခန်း၁၇၄
အခန်း၁၇၅
အခန်း၁၇၆
အခန်း၁၇၇
အခန်း၁၇၈
အခန်း၁၇၉
အခန်း၁၈၀
အခန်း၁၈၁
အခန်း၁၈၂
အခန်း၁၈၃
အခန်း၁၈၄
အခန်း၁၈၅
အခန်း၁၈၆
အခန်း၁၈၇
အခန်း၁၈၈
အခန်း၁၈၉
အခန်း၁၉၀
အခန်း၁၉၁
အခန်း၁၉၂
အခန်း၁၉၃
အခန်း၁၉၄
အခန်း၁၉၅
အခန်း၁၉၆
အခန်း၁၉၇
အခန်း၁၉၈
Announcement!!

အခန်း၁၄၁

1.3K 197 2
By Anaisa365

ကျီရှင်းရှင်းသည် သူမ ပြင်သစ်ဟင်းလျာချက်ပြုတ်နည်းကို သင်ယူခဲ့ကြောင်း ဘိုင်ကျိုးကိုပြောခဲ့တာကို သတိရမိလိုက်သည်။ ခရစ္စမတ်နေ့တွင် သူနဲ့ မနက်ပိုင်းသာ ကုန်ဆုံးနိုင်တာကြောင့် သူ့အိမ်တွင် ချက်ပြုတ်ပေးရန် ​ပြောခဲ့သည်။

သူမသည် သူမ၏ကုန်ပစ္စည်းများကိုဝယ်ခဲ့သောကြောင့် ဘိုင်ကျိုး၏အိမ်သို့ အိတ်အကြီးကြီးတစ်လုံးဖြင့် ရောက်ခဲ့သည်။ ဓာတ်လှေကားဧည့်ခန်းရှိ အစောင့်တစ်ယောက်သည် သူမကိုတွေ့ကာ အမြန်လျှောက်လာခဲ့သည်။
{T/N: အားလုံးပဲ eng translatorက အိမ်တော်ထိန်းမဟုတ်ပါဘူးတဲ့၊ အစောင့်ကိုမှားရေးမိလိုက်တာပါတဲ့။}

"ကျွန်​တော်ကူ​ပေးမယ်။" အစောင့်သည် သူမ၏အိတ်တစ်ဝက်​လောက်ကို ပြုံးကာ သယ်ပေးသည်။

ကျီရှင်းရှင်းက အစောင့်ကို ခေါင်းညိတ်ပြပြီး ကျေးဇူးတင်လိုက်သည်။

အစောင့်က သူမနှင့် ရင်းနှီးသည့်ပုံပင် "ခင်ဗျား အများကြီး ထပ်ပြီး ယူလာပြန်ပြီ။ ဒီပစ္စည်းတွေအားလုံးကို ဝယ်ရတာ တော်တော်လေးခက်ခဲမှာပဲ။"

ကျီရှင်းရှင်း အေးခဲသွားသည်။

'ထပ်ပြီး?'

အစောင့်ဆီမှ စကားနှိုက်ရန် သူမ ဆုံးဖြတ်လိုက်သည်။ "မတတ်နိုင်ဘူးလေ။ သူက ကောင်းကောင်း မစားတော့ အာဟာရချို့တဲ့သွားမှာကို အမြဲ စိုးရိမ်​နေရတယ်။"

"မစ္စတာဘိုင်က ဒီလောက်ထိအရပ်ရှည်တာ ခင်ဗျားကျေးဇူးကြောင့် ဖြစ်မယ်။" ဟု အစောင့်က စနောက်ပြောသည်။ ကျီရှင်းရှင်းနှင့်အတူ ဓာတ်လှေကားဆီသို့ လျှောက်သွားကာ 'Up' ခလုတ်ကို နှိပ်လိုက်သည်။

ကျီရှင်းရှင်းသည် ဘိုင်ကျိုး၏ ယွမ်ဆယ်သန်းတန် ကွန်ဒိုတိုက်ခန်းသို့ လာခဲ့သည်မှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း သူမသည် အစောင့်နှင့် မရင်းနှီးပေ။

အကယ်၍ သူမသာ ဘိုင်ကျိုး၏ တိုက်ခန်းသို့ လာခဲ့သူမဟုတ်ရင်၊ အခြားဖြစ်နိုင်ချေတစ်ခုသာ ရှိတော့သည်၊ ကျီဖန်ယင်းပဲ။

'ဒင်း'ဟူသောအသံဖြင့် ဓာတ်လှေကားတံခါးများပွင့်လာသောအခါ အထဲတွင် ဘိုင်ကျိုးရပ်နေသည်ကို တွေ့လိုက်ရသည်။ ဓာတ်လှေကားတံခါးကို ပွင့်​နေ​စေရန် ခြေထောက်ကို အထဲထည့်လိုက်ပြီး "မမ၊ အိတ်တွေ ကျွန်တော်ပဲ သယ်လိုက်မယ်။ အထဲဝင်လာခဲ့လိုက်။"

သူက ကျီရှင်းရှင်း၏လက်ထဲက အိတ်များကို ယူကာ အစောင့်ကို ခေါင်းညိတ်ပြလိုက်သည်။

ထို့​နောက်တံခါးများပိတ်သွား​ပြီး ဓာတ်လှေကားက အပေါ်ကို ရွေ့လာသည်။

ကျီရှင်းရှင်းသည် မျက်လွှာချကာ ဓာတ်လှေကားထဲတွင် ရပ်နေသည်။ သူမ မရှိနေသောအချိန်များအတွင်း ဘာတွေဖြစ်ခဲ့သည်ကို သိရှိရန် ဘိုင်ကျိုးကို ဘယ်လိုမေးခွန်းထုတ်သလဲကို တွေးနေခဲ့သည်။

အဆုံးတွင် သူမသည် စကားဝိုင်းကို သွယ်ဝိုက်စွာ စတင်ချဉ်းကပ်ရန် ဆုံးဖြတ်ခဲ့သည်။ "အစောင့်က အရမ်းဖော်ရွေတယ်နော်။ မမရောက်တာနဲ့ကို သူက ချက်ချင်းလာကူတာ၊ မမရဲ့ နာမည်တောင် သိနေသေးတယ်။ မင်း သူ့ကို​ကြိုအကြောင်းကြားထားတာလား။"

ထိုစကားကြောင့် ဘိုင်ကျိုး၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားသည်။ သူသည် မသိစိတ်မှ "ဘာကိုလဲ" ဟု မေးလိုက်မိသည်။

ဒါက သံသယဖြစ်စရာကောင်းပါသည်။ ဘိုင်ကျိုးက ဒီ​လောက်တိတ်ဆိတ်နေတဲ့ ဓာတ်လှေကားမှာတောင် သူမပြောတာကို မကြားလိုက်ဘူးပေါ့။

ဆင်ခြေကောင်းကောင်းကိုရှာရန် အချိန်ကိုဆွဲနေတာပဲ။

ကျီရှင်းရှင်းက ဖြည်းညှင်းစွာ အသက်ရှူကာ "ကျိုးကျိုး၊ မင်း မမဆီက တစ်ခုခုကို ဖုံးကွယ်ထားတာကို မမသိတယ်"

"မမဆီက ဖုံးကွယ်ထားတယ်။" ဘိုင်ကျိုးက ပေါ့ပေါ့တန်တန် ငြင်းဆန်လိုက်သည်။ "မမ ဘာပြောနေတာလဲ"

ကျီရှင်းရှင်းက စိတ်ပျက်စွာ သူ့ကိုကြည့်ပြီး "မမပြောနေတာကို မင်းကပိုသိတယ်မဟုတ်ဘူးလား"

ဘိုင်ကျိုး တိတ်ဆိတ်သွားတယ်။

ဓာတ်လှေကားသည် အ​ပေါ်ဆုံးအထပ်သို့ ရောက်ရှိလာခဲ့သည်။ ကျီရှင်းရှင်းက အိတ်တွေကို ကိုင်ကာ လျှောက်ဝင်လိုက်ပြီး "မင်းထုတ်ပြောဖို မလွယ်ဘူးဆိုတာ မမသိတယ်။ မင်း မမကို ပြောပြချင်တဲ့အထိ စောင့်ပေးမယ်။"

ဘိုင်ကျိုးက စိုးရိမ်တကြီး သူမနောက်ကို လိုက်လာကာ "မမထင်နေသလိုမဟုတ်ဘူး။"

"ဒါဆို ဘာလဲ။ မမကို ပြော။" ကျီရှင်းရှင်းလှည့်ပြီး သူ့ကိုကြည့်ကာ "မမ မင်းသူငယ်ချင်းအသစ်ဖွဲ့တာကို မမ ဘယ်တုန်းကမှ မကန့်ကွက်ခဲ့ဘူး၊ ဒါပေမယ့် ဒီအကြောင်းတွေကို မမဆီက ဖုံးကွယ်ထားရမယ့် အကြောင်းပြချက်ရှိလို့လား၊ အထူးသဖြင့် မမရဲ့အစ်မနဲ့ ပတ်သက်​နေတာကို။"

ဘိုင်ကျိုးက မျက်မှောင်ကြုတ်လိုက်​ပြီး စိတ်မွန်းကျပ်စွာ နှုတ်ခမ်းကိုကိုက်ကာ "ကျွန်တော်နဲ့ ကျီဖန်ယင်းက သူငယ်ချင်း​တွေမဟုတ်ဘူး။ ကျွန်တော်က ဒီတိုင်း...သူ့ကိုသနားစရာကောင်းတယ်ထင်လို့။"

နောက်ဆုံးတော့ သူ ဝန်ခံလာခဲ့ပြီ။

"သနားစရာကောင်းတယ်လို့ ထင်တဲ့လူတိုင်းကို အိမ်ထဲကိုခေါ်သွင်းလာပြီး သူတို့နဲ့ထမင်းစားတယ်လား။" ကျီရှင်းရှင်းက မေးသည်။

"သူ့ကို ထမင်းစားဖို့ အိမ်ကို ခေါ်တာမဟုတ်ဘူ။" ဘိုင်ကျိုးက ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်သည် "ကျွန်တော်က...သူ့ကို သနားနေရုံတင်။ ပြီး-ပြီးတော့ သူနဲ့အတူရှိနေရင် ကျွန်​တော် မမနဲ့အတူရှိနေသလိုခံစားရတယ်။ အထီးကျန်တာကို သက်သာသွားတယ်..."

ကျီရှင်းရှင်းသည် ဘိုင်ကျိုးကို စူးရှစွာ စိုက်ကြည့်သည်။ "ဒါပဲလား?"

"ဒါအကုန်ပါပဲ။" ဘိုင်ကျိုးက နှုတ်ခမ်းစူကာ "ကျီဖန်ယင်းက မမနဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။"

ကျီရှင်းရှင်းသည် ဘိုင်ကျိုးကို ခဏကြာအောင် စေ့စေ့ကြည့်လိုက်ပြီး သူ၏ အမူအရာအားလုံးကို လေ့လာလိုက်သည်။ ထို့နောက် လေသံကိုပျော့ကာ "မမရဲ့ အပြစ်ပါ။ မမ မင်းကို အထီးကျန်အောင် မလုပ်သင့်ဘူး"

"... ကျွန်​တော် အရင်ကပြောခဲ့သားပဲ။ နိုင်ငံခြားမသွားဘဲ ​ကျွန်တော်နဲ့ဒီမှာနေပါဆို။" ဘိုင်ကျိုးက စိတ်မချမ်းသာစွာဖြင့် ငြီးတွားလိုက်သည်။ "ဒါပေမယ့် မမက ပြင်သစ်ကို သွားတယ်လေ။ ကျွန်တော်မိဘတွေက မမဆီ သွားမလည်ခိုင်းဘူး။ ကျွန်တော်... ကျီဖန်ယင်းက အတုဆိုပေမဲ့လည်း အနည်းဆုံးတော့ မမနဲ့ မျက်နှာတူတယ်လေ။"

ကျီရှင်းရှင်းက ဘိုင်ကျိုးကို ညင်သာစွာ ဆူလိုက်သည် "မမကို ဒီလိုမျိုး မဆက်ဆံရဘူး။ သူစိတ်ဆိုးလိမ့်မယ်။"

စိတ်ဆိုးမယ်? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? အဲဒီ 'ကျီရှင်းရှင်း'က လုံးဝ စိတ်ဆိုးမှာ မဟုတ်ဘူး။ ဘိုင်ကျိုးနဲ့ အချိန်ဖြုန်းနေတာက သူ့အတွက် ပျော်စရာတောင်ကောင်းဦးမယ်။

ဒါပေမယ့် သူ့အတွက်တော့ ပေါ့ပေါ့ပါးပါး တွေ့တာဆိုရင်တောင် သူသာ အဲဒီ'ကျီဖန်ယင်း' ဆိုရင် ဘိုင်ကျိုးက သူ့ကို ချစ်မိသွားနိုင်တယ်။

"ကျိုးကျိုး၊ မမကို ကတိပေး။ မမရဲ့အစ်မနဲ့တွေ့ဖို့ မမကို အကြောင်းပြချက်အနေနဲ့ မသုံးနဲ့ ဟုတ်​ပြီလား" ကျီရှင်းရှင်းက မေးသည်။

"..." ဘိုင်ကျိုးက မျက်မှောင်ကြုတ်လိုက်သည်။ သူက ချက်ချင်း မတုံ့ပြန်လာပေ။

"မင်းရဲ့လုပ်ရပ်တွေက မမရော သူ့ကိုပါ မလေးစားရာကျတယ်" ကျီရှင်းရှင်းသည် သူမ၏လက်ကို မြှောက်ပြီး ဘိုင်ကျိုး၏ပါးကို ညင်သာစွာ တို့ထိလိုက်သည်။ "မင်းမမကို လွမ်းတဲ့အချိန်တိုင်း မမကိုဖုန်းဆက်ပြီး မက်ဆေ့ပို့လိ့ရတယ်။ တခြားလူတွေကို မမနေရာမှာ အစားမထိုးနဲ့ ဟုတ်​ပြီလား။"

ဘိုင်ကျိုး၏ မျက်လုံးများသည် တွေဝေမှုများဖြင့် တုန်ရိနေပြီး သူမကို ကြည့်နေသည်။

"ဒါမှမဟုတ် မမအပေါ်ထားတဲ့ ခံစားချက်တွေက သူ့ဆီ ရောက်သွားတာလား" ကျီရှင်းရှင်းက မေးသည်။

"မဖြစ်နိုင်တာ။ ကျွန်တော်က မမကိုပဲ ကြိုက်တာ။" ဘိုင်ကျိုးက အော်လိုက်တယ်။ "ကျီဖန်ယင်းက မမနဲ့ လုံးဝယှဉ်လို့မရဘူး။"

"ဒါဆိုရင် ဒီကိစ္စကို စကားနားထောင်ပေးနော်။"

"... ဟုတ်ကဲ့"

ကျီရှင်းရှင်း နောက်ဆုံးတွင် ပြုံးပြလိုက်တယ်။ သူမသည် ဘိုင်ကျိုး၏ပါးကို ချစ်ခင်စွာ ဆွဲ​လိုက်ပြီး "လိမ္မာလိုက်တာ။ အထဲဝင်ရအောင်၊ ဒီမှာအေးနေပြီ"

သူမသည် စိတ်ပျော့သော ဘိုင်ကျိုးကို ဒီလိုဖြေရှင်းနိုင်ခဲ့သော်လည်း ညဘက် လီ​ရှောက်ရှင်းနှင့် ချိန်းတွေ့ခြင်းကို စိုးရိမ်နေမိသည်။

ပြီးခဲ့သောလအနည်းငယ်အတွင်း အရာများသည် သူမ၏ ထိန်းချုပ်မှု​အောက်တွင် မရှိတော့သလို ခံစားရသည်။ ဘိုင်ကျိုးသည် ကျီဖန်ယင်းနှင့် ဆက်သွယ်ခဲ့သည်မှာ သေချာသော်လည်း အသေးစိတ်ကို ပြောမပြဘဲ ဝေ့လည်ကြောင်ပတ်ရိုက်နေသည်။

လီ​ရှောက်ရှင်းလည်း အဲ့လိုပဲလား။

စုန့်ရှီးယွီကရော၊ တခြားသူတွေရောပဲလား။ သူတို့အားလုံးကို ကျီဖန်ယင်း လုယူသွားတာလား။

သူမရခဲ့သမျှ ကျီဖန်ယင်း ဆီက လာတာဖြစ်သောကြောင့် အရမ်းကိုစိုးရိမ်နေမိသည်။

_____

Zawgyi

က်ီရွင္းရွင္းသည္ သူမ ျပင္သစ္ဟင္းလ်ာခ်က္ျပဳတ္နည္းကို သင္ယူခဲ့ေၾကာင္း ဘိုင္က်ိဳးကိုေျပာခဲ့တာကို သတိရမိလိုက္သည္။ ခရစၥမတ္ေန႔တြင္ သူနဲ႔ မနက္ပိုင္းသာ ကုန္ဆုံးနိုင္တာေၾကာင့္ သူ႔အိမ္တြင္ ခ်က္ျပဳတ္ေပးရန္ ​ေျပာခဲ့သည္။

သူမသည္ သူမ၏ကုန္ပစၥည္းမ်ားကိုဝယ္ခဲ့ေသာေၾကာင့္ ဘိုင္က်ိဳး၏အိမ္သို႔ အိတ္အႀကီးႀကီးတစ္လုံးျဖင့္ ေရာက္ခဲ့သည္။ ဓာတ္ေလွကားဧည့္ခန္းရွိ အေစာင့္တစ္ေယာက္သည္ သူမကိုေတြ႕ကာ အျမန္ေလၽွာက္လာခဲ့သည္။
{T/N: အားလုံးပဲ eng translatorက အိမ္ေတာ္ထိန္းမဟုတ္ပါဘူးတဲ့၊ အေစာင့္ကိုမွားေရးမိလိုက္တာပါတဲ့။}

"ကၽြန္​ေတာ္ကူ​ေပးမယ္။" အေစာင့္သည္ သူမ၏အိတ္တစ္ဝက္​ေလာက္ကို ျပဳံးကာ သယ္ေပးသည္။

က်ီရွင္းရွင္းက အေစာင့္ကို ေခါင္းညိတ္ျပၿပီး ေက်းဇူးတင္လိုက္သည္။

အေစာင့္က သူမႏွင့္ ရင္းႏွီးသည့္ပုံပင္ "ခင္ဗ်ား အမ်ားႀကီး ထပ္ၿပီး ယူလာျပန္ၿပီ။ ဒီပစၥည္းေတြအားလုံးကို ဝယ္ရတာ ေတာ္ေတာ္ေလးခက္ခဲမွာပဲ။"

က်ီရွင္းရွင္း ေအးခဲသြားသည္။

'ထပ္ၿပီး?'

အေစာင့္ဆီမွ စကားႏွိုက္ရန္ သူမ ဆုံးျဖတ္လိုက္သည္။ "မတတ္နိုင္ဘူးေလ။ သူက ေကာင္းေကာင္း မစားေတာ့ အာဟာရခ်ိဳ႕တဲ့သြားမွာကို အျမဲ စိုးရိမ္​ေနရတယ္။"

"မစၥတာဘိုင္က ဒီေလာက္ထိအရပ္ရွည္တာ ခင္ဗ်ားေက်းဇူးေၾကာင့္ ျဖစ္မယ္။" ဟု အေစာင့္က စေနာက္ေျပာသည္။ က်ီရွင္းရွင္းႏွင့္အတူ ဓာတ္ေလွကားဆီသို႔ ေလၽွာက္သြားကာ 'Up' ခလုတ္ကို ႏွိပ္လိုက္သည္။

က်ီရွင္းရွင္းသည္ ဘိုင္က်ိဳး၏ ယြမ္ဆယ္သန္းတန္ ကြန္ဒိုတိုက္ခန္းသို႔ လာခဲ့သည္မွာ ပထမဆုံးအႀကိမ္ မဟုတ္ေသာ္လည္း သူမသည္ အေစာင့္ႏွင့္ မရင္းႏွီးေပ။

အကယ္၍ သူမသာ ဘိုင္က်ိဳး၏ တိုက္ခန္းသို႔ လာခဲ့သူမဟုတ္ရင္၊ အျခားျဖစ္နိုင္ေခ်တစ္ခုသာ ရွိေတာ့သည္၊ က်ီဖန္ယင္းပဲ။

'ဒင္း'ဟူေသာအသံျဖင့္ ဓာတ္ေလွကားတံခါးမ်ားပြင့္လာေသာအခါ အထဲတြင္ ဘိုင္က်ိဳးရပ္ေနသည္ကို ေတြ႕လိုက္ရသည္။ ဓာတ္ေလွကားတံခါးကို ပြင့္​ေန​ေစရန္ ေျခေထာက္ကို အထဲထည့္လိုက္ၿပီး "မမ၊ အိတ္ေတြ ကၽြန္ေတာ္ပဲ သယ္လိုက္မယ္။ အထဲဝင္လာခဲ့လိုက္။"

သူက က်ီရွင္းရွင္း၏လက္ထဲက အိတ္မ်ားကို ယူကာ အေစာင့္ကို ေခါင္းညိတ္ျပလိုက္သည္။

ထို႔​ေနာက္တံခါးမ်ားပိတ္သြား​ၿပီး ဓာတ္ေလွကားက အေပၚကို ေရြ႕လာသည္။

က်ီရွင္းရွင္းသည္ မ်က္လႊာခ်ကာ ဓာတ္ေလွကားထဲတြင္ ရပ္ေနသည္။ သူမ မရွိေနေသာအခ်ိန္မ်ားအတြင္း ဘာေတြျဖစ္ခဲ့သည္ကို သိရွိရန္ ဘိုင္က်ိဳးကို ဘယ္လိုေမးခြန္းထုတ္သလဲကို ေတြးေနခဲ့သည္။

အဆုံးတြင္ သူမသည္ စကားဝိုင္းကို သြယ္ဝိုက္စြာ စတင္ခ်ဥ္းကပ္ရန္ ဆုံးျဖတ္ခဲ့သည္။ "အေစာင့္က အရမ္းေဖာ္ေရြတယ္ေနာ္။ မမေရာက္တာနဲ႔ကို သူက ခ်က္ခ်င္းလာကူတာ၊ မမရဲ့ နာမည္ေတာင္ သိေနေသးတယ္။ မင္း သူ႔ကို​ႀကိဳအေၾကာင္းၾကားထားတာလား။"

ထိုစကားေၾကာင့္ ဘိုင္က်ိဳး၏ ခႏၶာကိုယ္သည္ ေတာင့္တင္းသြားသည္။ သူသည္ မသိစိတ္မွ "ဘာကိုလဲ" ဟု ေမးလိုက္မိသည္။

ဒါက သံသယျဖစ္စရာေကာင္းပါသည္။ ဘိုင္က်ိဳးက ဒီ​ေလာက္တိတ္ဆိတ္ေနတဲ့ ဓာတ္ေလွကားမွာေတာင္ သူမေျပာတာကို မၾကားလိုက္ဘူးေပါ့။

ဆင္ေျခေကာင္းေကာင္းကိုရွာရန္ အခ်ိန္ကိုဆြဲေနတာပဲ။

က်ီရွင္းရွင္းက ျဖည္းညႇင္းစြာ အသက္ရွူကာ "က်ိဳးက်ိဳး၊ မင္း မမဆီက တစ္ခုခုကို ဖုံးကြယ္ထားတာကို မမသိတယ္"

"မမဆီက ဖုံးကြယ္ထားတယ္။" ဘိုင္က်ိဳးက ေပါ့ေပါ့တန္တန္ ျငင္းဆန္လိုက္သည္။ "မမ ဘာေျပာေနတာလဲ"

က်ီရွင္းရွင္းက စိတ္ပ်က္စြာ သူ႔ကိုၾကည့္ၿပီး "မမေျပာေနတာကို မင္းကပိုသိတယ္မဟုတ္ဘူးလား"

ဘိုင္က်ိဳး တိတ္ဆိတ္သြားတယ္။

ဓာတ္ေလွကားသည္ အ​ေပၚဆုံးအထပ္သို႔ ေရာက္ရွိလာခဲ့သည္။ က်ီရွင္းရွင္းက အိတ္ေတြကို ကိုင္ကာ ေလၽွာက္ဝင္လိုက္ၿပီး "မင္းထုတ္ေျပာဖို မလြယ္ဘူးဆိုတာ မမသိတယ္။ မင္း မမကို ေျပာျပခ်င္တဲ့အထိ ေစာင့္ေပးမယ္။"

ဘိုင္က်ိဳးက စိုးရိမ္တႀကီး သူမေနာက္ကို လိုက္လာကာ "မမထင္ေနသလိုမဟုတ္ဘူး။"

"ဒါဆို ဘာလဲ။ မမကို ေျပာ။" က်ီရွင္းရွင္းလွည့္ၿပီး သူ႔ကိုၾကည့္ကာ "မမ မင္းသူငယ္ခ်င္းအသစ္ဖြဲ႕တာကို မမ ဘယ္တုန္းကမွ မကန႔္ကြက္ခဲ့ဘူး၊ ဒါေပမယ့္ ဒီအေၾကာင္းေတြကို မမဆီက ဖုံးကြယ္ထားရမယ့္ အေၾကာင္းျပခ်က္ရွိလို႔လား၊ အထူးသျဖင့္ မမရဲ့အစ္မနဲ႔ ပတ္သက္​ေနတာကို။"

ဘိုင္က်ိဳးက မ်က္ေမွာင္ၾကဳတ္လိုက္​ၿပီး စိတ္မြန္းက်ပ္စြာ ႏွုတ္ခမ္းကိုကိုက္ကာ "ကၽြန္ေတာ္နဲ႔ က်ီဖန္ယင္းက သူငယ္ခ်င္း​ေတြမဟုတ္ဘူး။ ကၽြန္ေတာ္က ဒီတိုင္း...သူ႔ကိုသနားစရာေကာင္းတယ္ထင္လို႔။"

ေနာက္ဆုံးေတာ့ သူ ဝန္ခံလာခဲ့ၿပီ။

"သနားစရာေကာင္းတယ္လို႔ ထင္တဲ့လူတိုင္းကို အိမ္ထဲကိုေခၚသြင္းလာၿပီး သူတို႔နဲ႔ထမင္းစားတယ္လား။" က်ီရွင္းရွင္းက ေမးသည္။

"သူ႔ကို ထမင္းစားဖို႔ အိမ္ကို ေခၚတာမဟုတ္ဘူ။" ဘိုင္က်ိဳးက ျပင္းျပင္းထန္ထန္ တုံ႔ျပန္လိုက္သည္ "ကၽြန္ေတာ္က...သူ႔ကို သနားေန႐ုံတင္။ ၿပီး-ၿပီးေတာ့ သူနဲ႔အတူရွိေနရင္ ကၽြန္​ေတာ္ မမနဲ႔အတူရွိေနသလိုခံစားရတယ္။ အထီးက်န္တာကို သက္သာသြားတယ္..."

က်ီရွင္းရွင္းသည္ ဘိုင္က်ိဳးကို စူးရွစြာ စိုက္ၾကည့္သည္။ "ဒါပဲလား?"

"ဒါအကုန္ပါပဲ။" ဘိုင္က်ိဳးက ႏွုတ္ခမ္းစူကာ "က်ီဖန္ယင္းက မမနဲ႔ ဘယ္လိုလုပ္ယွဥ္နိုင္မွာလဲ။"

က်ီရွင္းရွင္းသည္ ဘိုင္က်ိဳးကို ခဏၾကာေအာင္ ေစ့ေစ့ၾကည့္လိုက္ၿပီး သူ၏ အမူအရာအားလုံးကို ေလ့လာလိုက္သည္။ ထို႔ေနာက္ ေလသံကိုေပ်ာ့ကာ "မမရဲ့ အျပစ္ပါ။ မမ မင္းကို အထီးက်န္ေအာင္ မလုပ္သင့္ဘူး"

"... ကၽြန္​ေတာ္ အရင္ကေျပာခဲ့သားပဲ။ နိုင္ငံျခားမသြားဘဲ ​ကၽြန္ေတာ္နဲ႔ဒီမွာေနပါဆို။" ဘိုင္က်ိဳးက စိတ္မခ်မ္းသာစြာျဖင့္ ၿငီးတြားလိုက္သည္။ "ဒါေပမယ့္ မမက ျပင္သစ္ကို သြားတယ္ေလ။ ကၽြန္ေတာ္မိဘေတြက မမဆီ သြားမလည္ခိုင္းဘူး။ ကၽြန္ေတာ္... က်ီဖန္ယင္းက အတုဆိုေပမဲ့လည္း အနည္းဆုံးေတာ့ မမနဲ႔ မ်က္ႏွာတူတယ္ေလ။"

က်ီရွင္းရွင္းက ဘိုင္က်ိဳးကို ညင္သာစြာ ဆူလိုက္သည္ "မမကို ဒီလိုမ်ိဳး မဆက္ဆံရဘူး။ သူစိတ္ဆိုးလိမ့္မယ္။"

စိတ္ဆိုးမယ္? ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ? အဲဒီ 'က်ီရွင္းရွင္း'က လုံးဝ စိတ္ဆိုးမွာ မဟုတ္ဘူး။ ဘိုင္က်ိဳးနဲ႔ အခ်ိန္ျဖဳန္းေနတာက သူ႔အတြက္ ေပ်ာ္စရာေတာင္ေကာင္းဦးမယ္။

ဒါေပမယ့္ သူ႔အတြက္ေတာ့ ေပါ့ေပါ့ပါးပါး ေတြ႕တာဆိုရင္ေတာင္ သူသာ အဲဒီ'က်ီဖန္ယင္း' ဆိုရင္ ဘိုင္က်ိဳးက သူ႔ကို ခ်စ္မိသြားနိုင္တယ္။

"က်ိဳးက်ိဳး၊ မမကို ကတိေပး။ မမရဲ့အစ္မနဲ႔ေတြ႕ဖို႔ မမကို အေၾကာင္းျပခ်က္အေနနဲ႔ မသုံးနဲ႔ ဟုတ္​ၿပီလား" က်ီရွင္းရွင္းက ေမးသည္။

"..." ဘိုင္က်ိဳးက မ်က္ေမွာင္ၾကဳတ္လိုက္သည္။ သူက ခ်က္ခ်င္း မတုံ႔ျပန္လာေပ။

"မင္းရဲ့လုပ္ရပ္ေတြက မမေရာ သူ႔ကိုပါ မေလးစားရာက်တယ္" က်ီရွင္းရွင္းသည္ သူမ၏လက္ကို ေျမႇာက္ၿပီး ဘိုင္က်ိဳး၏ပါးကို ညင္သာစြာ တို႔ထိလိုက္သည္။ "မင္းမမကို လြမ္းတဲ့အခ်ိန္တိုင္း မမကိုဖုန္းဆက္ၿပီး မက္ေဆ့ပို႔လိ့ရတယ္။ တျခားလူေတြကို မမေနရာမွာ အစားမထိုးနဲ႔ ဟုတ္​ၿပီလား။"

ဘိုင္က်ိဳး၏ မ်က္လုံးမ်ားသည္ ေတြေဝမွုမ်ားျဖင့္ တုန္ရိေနၿပီး သူမကို ၾကည့္ေနသည္။

"ဒါမွမဟုတ္ မမအေပၚထားတဲ့ ခံစားခ်က္ေတြက သူ႔ဆီ ေရာက္သြားတာလား" က်ီရွင္းရွင္းက ေမးသည္။

"မျဖစ္နိုင္တာ။ ကၽြန္ေတာ္က မမကိုပဲ ႀကိဳက္တာ။" ဘိုင္က်ိဳးက ေအာ္လိုက္တယ္။ "က်ီဖန္ယင္းက မမနဲ႔ လုံးဝယွဥ္လို႔မရဘူး။"

"ဒါဆိုရင္ ဒီကိစၥကို စကားနားေထာင္ေပးေနာ္။"

"... ဟုတ္ကဲ့"

က်ီရွင္းရွင္း ေနာက္ဆုံးတြင္ ျပဳံးျပလိုက္တယ္။ သူမသည္ ဘိုင္က်ိဳး၏ပါးကို ခ်စ္ခင္စြာ ဆြဲ​လိုက္ၿပီး "လိမၼာလိုက္တာ။ အထဲဝင္ရေအာင္၊ ဒီမွာေအးေနၿပီ"

သူမသည္ စိတ္ေပ်ာ့ေသာ ဘိုင္က်ိဳးကို ဒီလိုေျဖရွင္းနိုင္ခဲ့ေသာ္လည္း ညဘက္ လီ​ေရွာက္ရွင္းႏွင့္ ခ်ိန္းေတြ႕ျခင္းကို စိုးရိမ္ေနမိသည္။

ၿပီးခဲ့ေသာလအနည္းငယ္အတြင္း အရာမ်ားသည္ သူမ၏ ထိန္းခ်ဳပ္မွု​ေအာက္တြင္ မရွိေတာ့သလို ခံစားရသည္။ ဘိုင္က်ိဳးသည္ က်ီဖန္ယင္းႏွင့္ ဆက္သြယ္ခဲ့သည္မွာ ေသခ်ာေသာ္လည္း အေသးစိတ္ကို ေျပာမျပဘဲ ေဝ့လည္ေၾကာင္ပတ္ရိုက္ေနသည္။

လီ​ေရွာက္ရွင္းလည္း အဲ့လိုပဲလား။

စုန့္ရွီးယြီကေရာ၊ တျခားသူေတြေရာပဲလား။ သူတို႔အားလုံးကို က်ီဖန္ယင္း လုယူသြားတာလား။

သူမရခဲ့သမၽွ က်ီဖန္ယင္း ဆီက လာတာျဖစ္ေသာေၾကာင့္ အရမ္းကိုစိုးရိမ္ေနမိသည္။

_____

Continue Reading

You'll Also Like

8.4M 229K 61
Warning this book is rough. Not edited. We wanted privacy. We wanted a normal relationship with no high expectations. But that's hard when you have...
271K 19.7K 23
Avantika Aadish Rajawat Aadi, with his fiery nature, adds intensity and excitement to their relationship, igniting a spark in Avni. Avni, like the ca...
429K 17.2K 48
Vikram, a senior officer, prioritizes his duty above all else, much like his father, ACP Rajendra. He has three siblings: one is an officer, and the...
Alina By ihidethisapp

General Fiction

1.5M 38.8K 78
The Lombardi family is the most notorious group in the crime world. They rule both the American and Italian mafias and have many others bowing at the...