ထို့ကြောင့် ခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူသည် ကျီဖန်ယင်းရဲ့ ဇာတ်ညွှန်းအတိုင်းပင် လိုက်လုပ်ခဲ့သည်။
"ဒီတိုင်း အိပ်မက်မက်တာပါ။ ပြန်အိပ်လိုက်တော့လေ။" ဟု ပြောသည်။
"ဟိုးတုန်းကလို နင်မလှုပ်ရှားနိုင်တော့တာလည်း ပါသေးတယ်။" ကျီရှင်းရှင်းသည် သူ့စကားများကို လျစ်လျူရှုကာ ဝမ်းနည်းစွာ ဆက်၍ငိုကြွေးနေလေသည်။ "ငါကြောက်တယ်။ နင့်အခြေအနေက အရင်ကလို ပြန်ဆိုးလာမှာကို ငါကြောက်တယ်။ ဒီအချိန်ကြီး နင့်ဆီ ဖုန်းမခေါ်သင့်ဘူးဆိုတာ ငါသိပါတယ်၊ သိပေမယ့် ငါနင့်ကို အရမ်းစိတ်ပူနေလို့။ နင်အဆင်ပြေနေရဲ့လား လာစစ်ဆေးကြည့်တာပါ။ နင့်အာမခံမချင်း ငါစိတ်အေးမှာမဟုတ်ဘူး..."
ကျီဖန်ယင်းသည်လည်း တပြိုင်နက် အမြန်ပြန်ဖြေလာသည် [နင်ဘာမှမဖြစ်ဘူးလို့ ပြောပြီး ပြန်အိပ်ဖို့ထပ်ပြောချေ]
လီရှောက်ရှင်းသည် သူမ၏ စာကို ဖတ်ပြီး သူမပြောသည့်အတိုင်း လုပ်ခဲ့သည်။
[သူက အတိတ်အကြောင်းတွေ ဆက်ပြောလာလိမ့်မယ်၊ ကိုယ်ကိုကိုယ်ထိန်းချုပ်ထား။ သူ့ကို မနှစ်သိမ့်နဲ့၊ သူပြောတဲ့အတိတ်ကိုလည်း ပြန်မတွေးနဲ့၊ ဘာကတိမှလည်းမပေးနဲ့။]
[သူလိုချင်တာကို ပေးလိုက်ရင် သူရှင့်ကို ဦးစားပေးမှာမဟုတ်ဘူး။]
လီရှောက်ရှင်းသည် ကျီဖန်ယင်း၏ မက်ဆေ့ချ် နှစ်ခု ထွက်ပေါ်လာသည်ကို မမြင်ခင်ကအထိ ကျီရှင်းရှင်းနှင့် အတိတ်အကြောင်းများကို ပြန်လည်သတိရနေခဲ့တာဖြစ်ပါသည်။
ကျီဖန်ယင်းက ကျီရှင်းရှင်းရဲ့စိတ်ကို ဖတ်နေသလိုပါပဲ။
ဒီအရည်အချင်းကြောင့် လီရှောက်ရှင်းသည် ကျီဖန်ယင်းအပေါ် ယုံကြည်မှု နက်ရှိုင်းလာတာဖြစ်သည်။ ထို့ကြောင့် ကျီရှင်းရှင်းထံမှ ဖုန်းလက်ခံရရှိပြီးနောက် ပထမဆုံးလုပ်ခဲ့သည့်အရာမှာ ကျီဖန်ယင်းကို ဆက်သွယ်ခြင်းဖြစ်သည်။
သူကို စိတ်မပျက်စေခဲ့ဘူး။ ကျီဖန်ယင်းသည် ဒါကို ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့သည်။
သူမပြောခဲ့သည့် စကားလုံးတိုင်းသည် ကျီရှင်းရှင်းကို ထိခဲ့ပြီး သူမသည် သူ့ပိုက်ကွန်ဆီသို့ နီးကပ်လာခဲ့သည်။ ကျီဖန်ယင်းက သူ့ကိုကူညီလာဖို့ ဒီငွေကို သုံးခဲ့ရတာ တန်ပါသည်။
လူသုံးဦးနှင့် ဖုန်းခေါ်ဆိုမှုသို့ ပြန်သွားလိုက်ကြရအောင်။
ကျီရှင်းရှင်း"ငါတို့ဆေးရုံမှာတုန်းက အချိန်တွေကို မှတ်မိသေးလား။ ငါနင့်ကိုအမြဲလိုက်ရှာပေမဲ့ နင်ကငါ့ကိုအမြဲလျစ်လျူရှုခဲ့တာလေ။ အဲ့တုန်းက နင့်လိုရုပ်ချောတဲ့လူက ဘာလို့ ဒီလောက်တောင် ဒေါသကြီးနေတာလဲဆိုတာ သိချင်ခဲ့တာ"
ကျီဖန်ယင်း: [သမ်းလိုက်]
လီရှောက်ရှင်းသည် ခက်ခဲသော်လည်း စိတ်ကိုမာအောင်ထားကာ သမ်းဝေလိုက်သည်။
ကျီရှင်းရှင်း: "နင်အိပ်ချင်နေပြီလား။ တောင်းပန်ပါတယ်၊ ငါနင်ကို ဒီလိုအချိန်မျိုးမှာ မခေါ်သင့်တာကို နင်အိပ်နေတာကို နှောင့်ယှက်မိသွားတယ်။ အရမ်းစိုးရိမ်နေလွန်းလို့ သေချာမတွေးဘဲ ခေါ်လိုက်မိတာ..."
ကျီဖန်ယင်း: [နင်စိတ်ထဲမထားဘူးဆိုတာကို အေးစက်စက်ပြောပြီး သူ့ကိုပြန်အိပ်ခိုင်းလိုက်။]
လီရှောက်ရှင်း၏ မူရင်းအသံကပင် အေးစက်သောကြောင့် လုပ်ယူရန် မလိုအပ်ပေ "သုံးနာရီထိုးတော့မယ်။ မြန်မြန်သွားအိပ်တော့။"
ဖုန်းထဲတွင် အချိန်အတော်ကြာအောင် လွန်ဆွဲပြိုင်ပွဲကြီးပြီးသွားပြီးနောက် ကျီရှင်းရှင်းက ဝှက်ဖဲကို ထုတ်လိုက်ပါသည် "ငါတို့ ငယ်ငယ်တုန်းကလို အိပ်ပျော်သွားတဲ့အထိ ရှိနေပေးပါ့လား။"
ကျီဖန်ယင်းက လီရှောက်ရှင်းကို 'ကြောင်လက်မထောင်ပြနေသော' အီမိုဂျီကို ပေးပို့ခဲ့သည်။
[သက်ပြင်းချလိုက်ပြီး စကားတစ်ခွန်းမှ မပြောနဲ့]
[ခဏနေ ရလဒ်တွေ့ရလိမ့်မယ်]
လီရှောက်ရှင်းသည် လျှာဖျားတွင်ရှိပြီးသား စကားလုံးများကို မျိုချကာ သက်ပြင်းချလိုက်သည်။
ကျီရှင်းရှင်းသည် ငိုသံစွက်လာပြီး "လီရှောက်ရှင်း၊ ငါနင့်ကို တောင်းပန်ပါတယ်၊ ငါဘာမှားခဲ့လဲဆိုတာ ငါ့ကိုပြောပြပေးပါ့လား။ ငါတို့ တစ်ယောက်နဲ့တစ်ယောက် သိလာကြတာ နှစ်ချီနေပြီ။ နင်က ငါ့ရဲ့အဖိုးတန်ဆုံး သူငယ်ချင်းပါ... ငါနင့်ကို မဆုံးရှုံးချင်ဘူး။"
လီရှောက်ရှင်း၏ အာရုံကို 'အဖိုးတန်ဆုံး' ဟူသော စကားလုံးများက စွဲဆောင်သွားပြီ သူတစ်ကိုယ်လုံးကို ပီတိဖြာသွားစေသည်။
လီရှောက်ရှင်းသည် ကျီရှင်းရှင်းကို အရှုံးပေးကာ နှစ်သိမ့်တော့မည့်အချိန်တွင် ကျီဖန်ယင်း၏ မက်ဆေ့ချ်သည် ထွက်ပေါ်လာသည် [အတည်လားလို့မေးလိုက်]
လီရှောက်ရှင်းသည် ခဏရပ်လိုက်သည်။ အံ့သြမိသည်မှာ ကျီဖန်ယင်းသည် နှုတ်ဖြင့် ခြယ်လှယ်နိုင်ကြောင်းကို အရိပ်အမြွက် ခံစားလိုက်ရသည်။ သူက လေးနက်စွယ မေးသည် "အတည်ပြောတာလား"
"ဟုတ်တာပေါ!" ကျီရှင်းရှင်းက ပြောလိုက်သည်။ အဲဒီနောက်မှာတော့ သူ့သံသယကြောင့် စိတ်ကောက်သွားသလို အသံက အနည်းငယ်တိုးသွားသည်။ "နင်က ငါ့လို မိန်းကလေးတစ်ယောက်ကို နင်ငါ့အတွက် ဘယ်လောက် အဓိပ္ပာယ်ရှိတာလဲဆိုတာ တကယ်ထုတ်ပြောစေချင်တာလား။"
ကျီဖန်ယင်း: [မနက်ဖြန်တွေ့ဖို့ပြော]
လီရှောက်ရှင်းက သူမပြောတဲ့အတိုင်း လုပ်သည်။
ကျီရှင်းရှင်းက နှာရှုံ့နေရင်း သူ့တောင်းဆိုချက်ကိုလက်ခံလိုက်ပြီး မနက်ဖြန်မနက် သူ့ဆီလာလည်မယ်ဟု ပြောလာသည်။
ကျီဖန်ယင်း [မနက်ဖြန်တွေ့ကြမယ်လို့ ပြောပြီး ဖုန်းချလိုက်တော့]
လီရှောက်ရှင်းက သူမပြောတဲ့အတိုင်း ထပ်လုပ်သည်။
'မနက်ဖြန်တွေ့ကြမယ်' လို့ ပြောလိုက်တဲ့အချိန် ကျီရှင်းရှင်း၏ ဝမ်းသာနေသောအမူအရာကို ဖုန်းထဲမှ မြင်နေရသလို ခံစားလိုက်ရသည်။ သူသည် လေးလေးနက်နက် အသက်ရှူထုတ်လိုက်ပြီး ကျီဖန်ယင်းကို ပထမဆုံးအကြိမ် ချီးကျူးလိုက်သည် "မင်းကတကယ်ပေးရတဲ့စျေးနဲ့တန်တာပဲ။"
ကျီဖန်ယင်းက သူ့ရဲ့ ချီးကျူးစကားကြောင့် စိတ်လှုပ်ရှားမသွားဘဲ "ကျွန်မစျေးနှုန်းကို အနီးဆုံးအထိတွက်ပေးထားပါတယ်။ ဒီလိုညသန်းခေါင်မှာဆို ကျသင့်ငွေက ငါးဆဖြစ်တာမလို့ ကျွန်မအကောင့်ထဲကို ယွမ်တစ်သန်းလွှဲပေးပါ။ ကျေးဇူးပါပဲ။"
_____
Zawgyi
ထို႔ေၾကာင့္ ခဏတာ တုံ႔ဆိုင္းသြားၿပီးေနာက္ သူသည္ က်ီဖန္ယင္းရဲ့ ဇာတ္ညႊန္းအတိုင္းပင္ လိုက္လုပ္ခဲ့သည္။
"ဒီတိုင္း အိပ္မက္မက္တာပါ။ ျပန္အိပ္လိုက္ေတာ့ေလ။" ဟု ေျပာသည္။
"ဟိုးတုန္းကလို နင္မလွုပ္ရွားနိုင္ေတာ့တာလည္း ပါေသးတယ္။" က်ီရွင္းရွင္းသည္ သူ႔စကားမ်ားကို လ်စ္လ်ဴရွုကာ ဝမ္းနည္းစြာ ဆက္၍ငိုေႂကြးေနေလသည္။ "ငါေၾကာက္တယ္။ နင့္အေျခအေနက အရင္ကလို ျပန္ဆိုးလာမွာကို ငါေၾကာက္တယ္။ ဒီအခ်ိန္ႀကီး နင့္ဆီ ဖုန္းမေခၚသင့္ဘူးဆိုတာ ငါသိပါတယ္၊ သိေပမယ့္ ငါနင့္ကို အရမ္းစိတ္ပူေနလို႔။ နင္အဆင္ေျပေနရဲ့လား လာစစ္ေဆးၾကည့္တာပါ။ နင့္အာမခံမခ်င္း ငါစိတ္ေအးမွာမဟုတ္ဘူး..."
က်ီဖန္ယင္းသည္လည္း တၿပိဳင္နက္ အျမန္ျပန္ေျဖလာသည္ [နင္ဘာမွမျဖစ္ဘူးလို႔ ေျပာၿပီး ျပန္အိပ္ဖို႔ထပ္ေျပာေခ်]
လီေရွာက္ရွင္းသည္ သူမ၏ စာကို ဖတ္ၿပီး သူမေျပာသည့္အတိုင္း လုပ္ခဲ့သည္။
[သူက အတိတ္အေၾကာင္းေတြ ဆက္ေျပာလာလိမ့္မယ္၊ ကိုယ္ကိုကိုယ္ထိန္းခ်ဳပ္ထား။ သူ႔ကို မႏွစ္သိမ့္နဲ႔၊ သူေျပာတဲ့အတိတ္ကိုလည္း ျပန္မေတြးနဲ႔၊ ဘာကတိမွလည္းမေပးနဲ႔။]
[သူလိုခ်င္တာကို ေပးလိုက္ရင္ သူရွင့္ကို ဦးစားေပးမွာမဟုတ္ဘူး။]
လီေရွာက္ရွင္းသည္ က်ီဖန္ယင္း၏ မက္ေဆ့ခ်္ ႏွစ္ခု ထြက္ေပၚလာသည္ကို မျမင္ခင္ကအထိ က်ီရွင္းရွင္းႏွင့္ အတိတ္အေၾကာင္းမ်ားကို ျပန္လည္သတိရေနခဲ့တာျဖစ္ပါသည္။
က်ီဖန္ယင္းက က်ီရွင္းရွင္းရဲ့စိတ္ကို ဖတ္ေနသလိုပါပဲ။
ဒီအရည္အခ်င္းေၾကာင့္ လီေရွာက္ရွင္းသည္ က်ီဖန္ယင္းအေပၚ ယုံၾကည္မွု နက္ရွိုင္းလာတာျဖစ္သည္။ ထို႔ေၾကာင့္ က်ီရွင္းရွင္းထံမွ ဖုန္းလက္ခံရရွိၿပီးေနာက္ ပထမဆုံးလုပ္ခဲ့သည့္အရာမွာ က်ီဖန္ယင္းကို ဆက္သြယ္ျခင္းျဖစ္သည္။
သူကို စိတ္မပ်က္ေစခဲ့ဘူး။ က်ီဖန္ယင္းသည္ ဒါကို ေကာင္းေကာင္း ကိုင္တြယ္နိုင္ခဲ့သည္။
သူမေျပာခဲ့သည့္ စကားလုံးတိုင္းသည္ က်ီရွင္းရွင္းကို ထိခဲ့ၿပီး သူမသည္ သူ႔ပိုက္ကြန္ဆီသို႔ နီးကပ္လာခဲ့သည္။ က်ီဖန္ယင္းက သူ႔ကိုကူညီလာဖို႔ ဒီေငြကို သုံးခဲ့ရတာ တန္ပါသည္။
လူသုံးဦးႏွင့္ ဖုန္းေခၚဆိုမွုသို႔ ျပန္သြားလိုက္ၾကရေအာင္။
က်ီရွင္းရွင္း"ငါတို႔ေဆး႐ုံမွာတုန္းက အခ်ိန္ေတြကို မွတ္မိေသးလား။ ငါနင့္ကိုအျမဲလိုက္ရွာေပမဲ့ နင္ကငါ့ကိုအျမဲလ်စ္လ်ဴရွုခဲ့တာေလ။ အဲ့တုန္းက နင့္လို႐ုပ္ေခ်ာတဲ့လူက ဘာလို႔ ဒီေလာက္ေတာင္ ေဒါသႀကီးေနတာလဲဆိုတာ သိခ်င္ခဲ့တာ"
က်ီဖန္ယင္း: [သမ္းလိုက္]
လီေရွာက္ရွင္းသည္ ခက္ခဲေသာ္လည္း စိတ္ကိုမာေအာင္ထားကာ သမ္းေဝလိုက္သည္။
က်ီရွင္းရွင္း: "နင္အိပ္ခ်င္ေနၿပီလား။ ေတာင္းပန္ပါတယ္၊ ငါနင္ကို ဒီလိုအခ်ိန္မ်ိဳးမွာ မေခၚသင့္တာကို နင္အိပ္ေနတာကို ေႏွာင့္ယွက္မိသြားတယ္။ အရမ္းစိုးရိမ္ေနလြန္းလို႔ ေသခ်ာမေတြးဘဲ ေခၚလိုက္မိတာ..."
က်ီဖန္ယင္း: [နင္စိတ္ထဲမထားဘူးဆိုတာကို ေအးစက္စက္ေျပာၿပီး သူ႔ကိုျပန္အိပ္ခိုင္းလိုက္။]
လီေရွာက္ရွင္း၏ မူရင္းအသံကပင္ ေအးစက္ေသာေၾကာင့္ လုပ္ယူရန္ မလိုအပ္ေပ "သုံးနာရီထိုးေတာ့မယ္။ ျမန္ျမန္သြားအိပ္ေတာ့။"
ဖုန္းထဲတြင္ အခ်ိန္အေတာ္ၾကာေအာင္ လြန္ဆြဲၿပိဳင္ပြဲႀကီးၿပီးသြားၿပီးေနာက္ က်ီရွင္းရွင္းက ဝွက္ဖဲကို ထုတ္လိုက္ပါသည္ "ငါတို႔ ငယ္ငယ္တုန္းကလို အိပ္ေပ်ာ္သြားတဲ့အထိ ရွိေနေပးပါ့လား။"
က်ီဖန္ယင္းက လီေရွာက္ရွင္းကို 'ေၾကာင္လက္မေထာင္ျပေနေသာ' အီမိုဂ်ီကို ေပးပို႔ခဲ့သည္။
[သက္ျပင္းခ်လိုက္ၿပီး စကားတစ္ခြန္းမွ မေျပာနဲ႔]
[ခဏေန ရလဒ္ေတြ႕ရလိမ့္မယ္]
လီေရွာက္ရွင္းသည္ လၽွာဖ်ားတြင္ရွိၿပီးသား စကားလုံးမ်ားကို မ်ိဳခ်ကာ သက္ျပင္းခ်လိုက္သည္။
က်ီရွင္းရွင္းသည္ ငိုသံစြက္လာၿပီး "လီေရွာက္ရွင္း၊ ငါနင့္ကို ေတာင္းပန္ပါတယ္၊ ငါဘာမွားခဲ့လဲဆိုတာ ငါ့ကိုေျပာျပေပးပါ့လား။ ငါတို႔ တစ္ေယာက္နဲ႔တစ္ေယာက္ သိလာၾကတာ ႏွစ္ခ်ီေနၿပီ။ နင္က ငါ့ရဲ့အဖိုးတန္ဆုံး သူငယ္ခ်င္းပါ... ငါနင့္ကို မဆုံးရွုံးခ်င္ဘူး။"
လီေရွာက္ရွင္း၏ အာ႐ုံကို 'အဖိုးတန္ဆုံး' ဟူေသာ စကားလုံးမ်ားက စြဲေဆာင္သြားၿပီ သူတစ္ကိုယ္လုံးကို ပီတိျဖာသြားေစသည္။
လီေရွာက္ရွင္းသည္ က်ီရွင္းရွင္းကို အရွုံးေပးကာ ႏွစ္သိမ့္ေတာ့မည့္အခ်ိန္တြင္ က်ီဖန္ယင္း၏ မက္ေဆ့ခ်္သည္ ထြက္ေပၚလာသည္ [အတည္လားလို႔ေမးလိုက္]
လီေရွာက္ရွင္းသည္ ခဏရပ္လိုက္သည္။ အံ့ၾသမိသည္မွာ က်ီဖန္ယင္းသည္ ႏွုတ္ျဖင့္ ျခယ္လွယ္နိုင္ေၾကာင္းကို အရိပ္အႁမြက္ ခံစားလိုက္ရသည္။ သူက ေလးနက္စြယ ေမးသည္ "အတည္ေျပာတာလား"
"ဟုတ္တာေပါ!" က်ီရွင္းရွင္းက ေျပာလိုက္သည္။ အဲဒီေနာက္မွာေတာ့ သူ႔သံသယေၾကာင့္ စိတ္ေကာက္သြားသလို အသံက အနည္းငယ္တိုးသြားသည္။ "နင္က ငါ့လို မိန္းကေလးတစ္ေယာက္ကို နင္ငါ့အတြက္ ဘယ္ေလာက္ အဓိပၸာယ္ရွိတာလဲဆိုတာ တကယ္ထုတ္ေျပာေစခ်င္တာလား။"
က်ီဖန္ယင္း: [မနက္ျဖန္ေတြ႕ဖို႔ေျပာ]
လီေရွာက္ရွင္းက သူမေျပာတဲ့အတိုင္း လုပ္သည္။
က်ီရွင္းရွင္းက ႏွာရွုံ႔ေနရင္း သူ႔ေတာင္းဆိုခ်က္ကိုလက္ခံလိုက္ၿပီး မနက္ျဖန္မနက္ သူ႔ဆီလာလည္မယ္ဟု ေျပာလာသည္။
က်ီဖန္ယင္း [မနက္ျဖန္ေတြ႕ၾကမယ္လို႔ ေျပာၿပီး ဖုန္းခ်လိုက္ေတာ့]
လီေရွာက္ရွင္းက သူမေျပာတဲ့အတိုင္း ထပ္လုပ္သည္။
'မနက္ျဖန္ေတြ႕ၾကမယ္' လို႔ ေျပာလိုက္တဲ့အခ်ိန္ က်ီရွင္းရွင္း၏ ဝမ္းသာေနေသာအမူအရာကို ဖုန္းထဲမွ ျမင္ေနရသလို ခံစားလိုက္ရသည္။ သူသည္ ေလးေလးနက္နက္ အသက္ရွူထုတ္လိုက္ၿပီး က်ီဖန္ယင္းကို ပထမဆုံးအႀကိမ္ ခ်ီးက်ဴးလိုက္သည္ "မင္းကတကယ္ေပးရတဲ့ေစ်းနဲ႔တန္တာပဲ။"
က်ီဖန္ယင္းက သူ႔ရဲ့ ခ်ီးက်ဴးစကားေၾကာင့္ စိတ္လွုပ္ရွားမသြားဘဲ "ကၽြန္မေစ်းႏွုန္းကို အနီးဆုံးအထိတြက္ေပးထားပါတယ္။ ဒီလိုညသန္းေခါင္မွာဆို က်သင့္ေငြက ငါးဆျဖစ္တာမလို႔ ကၽြန္မအေကာင့္ထဲကို ယြမ္တစ္သန္းလႊဲေပးပါ။ ေက်းဇူးပါပဲ။"
_____