ကျီဖန်ယင်းသည် ဤ 'ကိုယ်ကိုကိုယ်ပေးအပ်ခြင်း' ဖြစ်ရပ်သည် သူမ၏အနားယူသည့် ပထမဆုံးနေ့တွင် သူမကြုံတွေ့ရမည့် တစ်ခုတည်းသော ကံဆိုးမှုသာဖြစ်မည်ဟု တွေးခဲ့သော်လည်း သူမအိပ်ပျော်ပြီး သိပ်မကြာခင် မနက်၁နာရီတွင် လီရှောက်ရှင်းဆီမှ ဖုန်းရောက်လာခဲ့သည်။
လီရှောက်ရှင်း၏ အသံမှာ အနည်းငယ် တောင့်တင်းနေပြီး "ကျီရှင်းရှင်းဆီက ဖုန်းလာတယ်"
ကျီဖန်ယင်းသည် မျက်လုံးများကို မှိတ်ထားကာ စောင်ကို တင်းကြပ်စွာ ပတ်လိုက်ရင်း အိပ်ယာပေါ် လူးလှိမ့်ပြီး "အဲ့တော့?"
"... ငါမကိုင်ရသေးဘူး" ဟု လီရှောက်ရှင်းက ဆက်ပြောသည်။
ကျီဖန်ယင်း၏ စိတ်ထဲတွင် မေးခွန်းအမှတ်အသားများ ပေါ်လာသည်။ "ရှင့်ဖုန်းက ခုထိမြည်နေတုန်းလား"
"ဟုတ်တယ်"
ကျီဖန်ယင်းသည် မျက်လုံးများကိုပွတ်သပ်ကာ အချိန်ကိုကြည့်ရန် ဖုန်းကို ကြည့်လိုက်ပြီး "မစ္စတာလီ၊ ဒီအချိန်ဆို ကျွန်မကိုပေးရမဲ့စျေးနှုန်းကို သိလား။"
"ဖုန်းဆက်ပြီးရင် ငွေလွှဲပေးမယ်။" ဟု လီရှောက်ရှင်းကပြောသည်။ "ငါဘာလုပ်ရမလဲ"
ကျီဖန်ယင်းသည် အာဏာရှင်CEO၏ 'ငါ ဘာလုပ်ရမလဲ' ဟူသောစကားသည် အနည်းငယ် ချစ်စရာကောင်းသော်လည်း သနားစရာလည်းကောင်းနေသည်ဟု တွေးမိလိုက်သည်။ သူမသည် အိပ်ယာဘေးက မီးတွေကို ဖွင့်ကာ ဖြည်းညှင်းစွာ ထထိုင်လိုက်တယ်။ သူမစိတ်တွေ ကြည်လင်လာသည်နှင့် "လောလောဆယ်... သူ့ကို လျစ်လျူရှုထားလိုက်" ဟု ပြောလိုက်သည်။
"လျစ်လျူရှုရမယ်?" လီရှောက်ရှင်းသည် မကျေနပ်စွာ သူမ၏စကားကို ထပ်ပြောလာခဲ့သည်။ "ဒီအချိန်ကြီး ဖုန်းခေါ်လာတာဆိုတော့ သူ့မှာအရေးတကြီးပြောစရာရှိလို့နေမှာ။"
ကျီဖန်ယင်းသည် အိပ်ယာဘေး စားပွဲပေါ်တွင် တင်ထားသော လက်ပ်တော့ကို လှမ်းယူလိုက်သည်။ "အင်းလေ၊ အဲဒါကြောင့် လွယ်လွယ်နဲ့ အလျော့ပေးလို့မရဘူး။ ရှင်အခု ကျွန်မနဲ့ ဖုန်းပြောနေတာဆိုတော့ ကျီရှင်းရှင်းက ဘယ်ဖုန်းကို ခေါ်နေတာလဲ။"
"ကြိုးဖုန်း"
ကျီဖန်ယင်းသည် လီရှောက်ရှင်း၏ wheelchairလှိမ့်သံကို ကြားနေပြီး မကြာမီတွင် သူ့ဘေးနားရှိ အခြားဖုန်းမြည်သံကိုလည်း ကြားလိုက်ရသည်။
"ရှင်ကျွန်မကို ဘာလို့ဖုန်းခေါ်တာလဲ" ကျီဖန်ယင်းက သိချင်စွာ မေးသည်။ "ဖုန်းလေးတစ်ကောပဲကို။"
"မင်းငါ့ကို ဘာလုပ်ရမလဲဆိုတာ ပြောပြဖို့"
"ဒီအခြေအနေမှာ ရှင်ဘာလုပ်ရမယ်ဆိုတာ စဉ်းစားစရာတောင်လိုသေးလို့လား။ ဖုန်းဖြေလိုက်ပေါ့။" ကျီဖန်ယင်းက သမ်းဝေလိုက်သည်။
"ကျီဖန်ယင်း မင်းကွန်ပလိန်းတက်တာတွေကို နားထောင်ဖို့ ပိုက်ဆံပေးထားတာမဟုတ်ဘူး။" လို့ လီရှောက်ရှင်းက ပြတ်သားစွာ ပြောလိုက်သည်။
ကျီဖန်ယင်း ထပ်သမ်းလိုက်သည်။ သူမတွင် သူနှင့် ငြင်းခုံရန် ခွန်အားကို မရှိသောကြောင့် တခြားတစ်ဖက်မှ ဖုန်းမြည်သံ အဆုံးသတ်ဖို့ကို စောင့်ဆိုင်းနေရင်း "အရင်ဆုံး စိတ်အေးအေးထားပါ။ နောက်တစ်ခေါက် ဖုန်းထပ်လာရင် ကျွန်မနားထောင်ဖို့ စပီကာဖွင့်ထားလိုက်။ ကျွန်မWechatကနေ ဘာလုပ်ရမလဲ ပြောပြမယ်။"
"... ငါ့မှာ မင်းရဲ့WeChatမရှိဘူး"
"အာ၊ အဲ့တာဆို အခုaddကြမယ်လေ။" ကျီဖန်ယင်းက ပြန်ပြောသည်။
အချင်းချင်းaddရန် တစ်မိနစ်တောင် မကြာခဲ့ပေ။ ထိုအချိန်တွင် ကျီရှင်းရှင်း၏ဒုတိယဖုန်းကောသည် ရောက်လာပြီဖြစ်သည်။ ဒုတိယအကြိမ် ဖုန်းဝင်လာပြီးနောက် ကျီဖန်ယင်းက ပြတ်ပြတ်သားသား အမိန့်ပေးလိုက်သည် "ကိုင်လိုက်"
ပြီးတာနဲ့ သူမလက်တော့ပ်ဖြင့် ကမန်းကတန်း စာရိုက်လိုက်သည် [အရင်စကားစပြောနဲ့။]
...
ကျီဖန်ယင်းက သူ့ကို 'ကိုင်လိုက်' လို့ပြောလိုက်တာနဲ့ လီရှေက်ရှင်းသည် ကြိုးဖုန်းမှ ဖုန်းကိုကိုင်ကာ စပီကာဖွင့်လိုက်သည်။ ထို့နောက် ကျီဖန်ယင်းပြောသည့်အတိုင်း ပါးစပ်ကို တင်းတင်းစေ့ထား၏။
စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီး လီရှောက်ရှင်းသည် မခံမရပ်နိုင်စွာ ခံစားနေရသည်။
သူသည် ကြိုးဖုန်းကို အပေါက်ဖောက်တော့မတတ် စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။
"ငါအိပ်မက်ဆိုးမက်တယ်။ အိမ်မက်ထဲမှာ နင်က ငါတို့စတွေ့တုန်းကလို ငါ့ကို လျစ်လျူရှုထားတယ်တဲ့။" ကျီရှင်းရှင်းသည် ငိုကြွေးနေခဲ့သည်။
ထိုအရာသည် လီရှောက်ရှင်း၏နှလုံးသားကို အရည်ပျော်သွားစေခဲ့သည်။ သူသည် သူမကို နှစ်သိမ့်ပေးချင်သော်လည်း ကျီဖန်ယင်း၏ မက်ဆေ့ချ်သည် သူ့WeChatတွင် ချက်ချင်းပေါ်လာသည်။ သူမသည် အချိန်နှင့်တပြေးညီ စကားပြောနေသကဲ့သို့ မယုံနိုင်လောက်သော အရှိန်ဖြင့် စာရိုက်နေသည်။
[အိမ်မက်တင်ပဲလို့ ပြောလိုက်]
[သူ့ကို မနှစ်သိမ့်နဲ့]
[ပြီးရင် ပြန်အိပ်ဖို့ပြော]
ထိုမက်ဆေ့ချ်သုံးခုသည် လီရှောက်ရှင်းကို တိတ်ဆိတ်သွားစေခဲ့သည်။ ထိုသို့သော တုံ့ပြန်မှုသည် နှလုံးသားမဲ့လွန်းပြီး ထိလွယ်ရှလွယ်ဖြစ်သော ကျီရှင်းရှင်းကို နာကျင်စေလိမ့်မည်။
ဒါပေမယ့် ကျီဖန်ယင်းသည် လွန်ခဲ့တဲ့ နှစ်လအတွင်း သူမ၏အရည်အချင်းကို သက်သေနိုင်ပြခဲ့ပါသည်။ ကျီရှင်းရှင်း၏တုံ့ပြန်မှု ၇၀%ကျော်ကို တိတိတိတိကျကျခန့်မှန်းနိုင်ခဲ့သည်။ အမြဲတိကျတာမဟုတ်သော်လည်း ထိတ်လန့်စရာကောင်းလောက်အောင် တိကျမှုသည် မြင့်မားပါသည်။
__________
Zawgyi
က်ီဖန္ယင္းသည္ ဤ 'ကိုယ္ကိုကိုယ္ေပးအပ္ျခင္း' ျဖစ္ရပ္သည္ သူမ၏အနားယူသည့္ ပထမဆုံးေန႔တြင္ သူမၾကဳံေတြ႕ရမည့္ တစ္ခုတည္းေသာ ကံဆိုးမွုသာျဖစ္မည္ဟု ေတြးခဲ့ေသာ္လည္း သူမအိပ္ေပ်ာ္ၿပီး သိပ္မၾကာခင္ မနက္၁နာရီတြင္ လီေရွာက္ရွင္းဆီမွ ဖုန္းေရာက္လာခဲ့သည္။
လီေရွာက္ရွင္း၏ အသံမွာ အနည္းငယ္ ေတာင့္တင္းေနၿပီး "က်ီရွင္းရွင္းဆီက ဖုန္းလာတယ္"
က်ီဖန္ယင္းသည္ မ်က္လုံးမ်ားကို မွိတ္ထားကာ ေစာင္ကို တင္းၾကပ္စြာ ပတ္လိုက္ရင္း အိပ္ယာေပၚ လူးလွိမ့္ၿပီး "အဲ့ေတာ့?"
"... ငါမကိုင္ရေသးဘူး" ဟု လီေရွာက္ရွင္းက ဆက္ေျပာသည္။
က်ီဖန္ယင္း၏ စိတ္ထဲတြင္ ေမးခြန္းအမွတ္အသားမ်ား ေပၚလာသည္။ "ရွင့္ဖုန္းက ခုထိျမည္ေနတုန္းလား"
"ဟုတ္တယ္"
က်ီဖန္ယင္းသည္ မ်က္လုံးမ်ားကိုပြတ္သပ္ကာ အခ်ိန္ကိုၾကည့္ရန္ ဖုန္းကို ၾကည့္လိုက္ၿပီး "မစၥတာလီ၊ ဒီအခ်ိန္ဆို ကၽြန္မကိုေပးရမဲ့ေစ်းႏွုန္းကို သိလား။"
"ဖုန္းဆက္ၿပီးရင္ ေငြလႊဲေပးမယ္။" ဟု လီေရွာက္ရွင္းကေျပာသည္။ "ငါဘာလုပ္ရမလဲ"
က်ီဖန္ယင္းသည္ အာဏာရွင္CEO၏ 'ငါ ဘာလုပ္ရမလဲ' ဟူေသာစကားသည္ အနည္းငယ္ ခ်စ္စရာေကာင္းေသာ္လည္း သနားစရာလည္းေကာင္းေနသည္ဟု ေတြးမိလိုက္သည္။ သူမသည္ အိပ္ယာေဘးက မီးေတြကို ဖြင့္ကာ ျဖည္းညႇင္းစြာ ထထိုင္လိုက္တယ္။ သူမစိတ္ေတြ ၾကည္လင္လာသည္ႏွင့္ "ေလာေလာဆယ္... သူ႔ကို လ်စ္လ်ဴရွုထားလိုက္" ဟု ေျပာလိုက္သည္။
"လ်စ္လ်ဴရွုရမယ္?" လီေရွာက္ရွင္းသည္ မေက်နပ္စြာ သူမ၏စကားကို ထပ္ေျပာလာခဲ့သည္။ "ဒီအခ်ိန္ႀကီး ဖုန္းေခၚလာတာဆိုေတာ့ သူ႔မွာအေရးတႀကီးေျပာစရာရွိလို႔ေနမွာ။"
က်ီဖန္ယင္းသည္ အိပ္ယာေဘး စားပြဲေပၚတြင္ တင္ထားေသာ လက္ပ္ေတာ့ကို လွမ္းယူလိုက္သည္။ "အင္းေလ၊ အဲဒါေၾကာင့္ လြယ္လြယ္နဲ႔ အေလ်ာ့ေပးလို႔မရဘူး။ ရွင္အခု ကၽြန္မနဲ႔ ဖုန္းေျပာေနတာဆိုေတာ့ က်ီရွင္းရွင္းက ဘယ္ဖုန္းကို ေခၚေနတာလဲ။"
"ႀကိဳးဖုန္း"
က်ီဖန္ယင္းသည္ လီေရွာက္ရွင္း၏ wheelchairလွိမ့္သံကို ၾကားေနၿပီး မၾကာမီတြင္ သူ႔ေဘးနားရွိ အျခားဖုန္းျမည္သံကိုလည္း ၾကားလိုက္ရသည္။
"ရွင္ကၽြန္မကို ဘာလို႔ဖုန္းေခၚတာလဲ" က်ီဖန္ယင္းက သိခ်င္စြာ ေမးသည္။ "ဖုန္းေလးတစ္ေကာပဲကို။"
"မင္းငါ့ကို ဘာလုပ္ရမလဲဆိုတာ ေျပာျပဖို႔"
"ဒီအေျခအေနမွာ ရွင္ဘာလုပ္ရမယ္ဆိုတာ စဥ္းစားစရာေတာင္လိုေသးလို႔လား။ ဖုန္းေျဖလိုက္ေပါ့။" က်ီဖန္ယင္းက သမ္းေဝလိုက္သည္။
"က်ီဖန္ယင္း မင္းကြန္ပလိန္းတက္တာေတြကို နားေထာင္ဖို႔ ပိုက္ဆံေပးထားတာမဟုတ္ဘူး။" လို႔ လီေရွာက္ရွင္းက ျပတ္သားစြာ ေျပာလိုက္သည္။
က်ီဖန္ယင္း ထပ္သမ္းလိုက္သည္။ သူမတြင္ သူႏွင့္ ျငင္းခုံရန္ ခြန္အားကို မရွိေသာေၾကာင့္ တျခားတစ္ဖက္မွ ဖုန္းျမည္သံ အဆုံးသတ္ဖို႔ကို ေစာင့္ဆိုင္းေနရင္း "အရင္ဆုံး စိတ္ေအးေအးထားပါ။ ေနာက္တစ္ေခါက္ ဖုန္းထပ္လာရင္ ကၽြန္မနားေထာင္ဖို႔ စပီကာဖြင့္ထားလိုက္။ ကၽြန္မWechatကေန ဘာလုပ္ရမလဲ ေျပာျပမယ္။"
"... ငါ့မွာ မင္းရဲ့WeChatမရွိဘူး"
"အာ၊ အဲ့တာဆို အခုaddၾကမယ္ေလ။" က်ီဖန္ယင္းက ျပန္ေျပာသည္။
အခ်င္းခ်င္းaddရန္ တစ္မိနစ္ေတာင္ မၾကာခဲ့ေပ။ ထိုအခ်ိန္တြင္ က်ီရွင္းရွင္း၏ဒုတိယဖုန္းေကာသည္ ေရာက္လာၿပီျဖစ္သည္။ ဒုတိယအႀကိမ္ ဖုန္းဝင္လာၿပီးေနာက္ က်ီဖန္ယင္းက ျပတ္ျပတ္သားသား အမိန့္ေပးလိုက္သည္ "ကိုင္လိုက္"
ၿပီးတာနဲ႔ သူမလက္ေတာ့ပ္ျဖင့္ ကမန္းကတန္း စာရိုက္လိုက္သည္ [အရင္စကားစေျပာနဲ႔။]
...
က်ီဖန္ယင္းက သူ႔ကို 'ကိုင္လိုက္' လို႔ေျပာလိုက္တာနဲ႔ လီေရွက္ရွင္းသည္ ႀကိဳးဖုန္းမွ ဖုန္းကိုကိုင္ကာ စပီကာဖြင့္လိုက္သည္။ ထို႔ေနာက္ က်ီဖန္ယင္းေျပာသည့္အတိုင္း ပါးစပ္ကို တင္းတင္းေစ့ထား၏။
စကၠန႔္အနည္းငယ္မၽွ တိတ္ဆိတ္သြားၿပီး လီေရွာက္ရွင္းသည္ မခံမရပ္နိုင္စြာ ခံစားေနရသည္။
သူသည္ ႀကိဳးဖုန္းကို အေပါက္ေဖာက္ေတာ့မတတ္ စူးရွေသာ မ်က္လုံးမ်ားျဖင့္ စိုက္ၾကည့္ေနေလသည္။
"ငါအိပ္မက္ဆိုးမက္တယ္။ အိမ္မက္ထဲမွာ နင္က ငါတို႔စေတြ႕တုန္းကလို ငါ့ကို လ်စ္လ်ဴရွုထားတယ္တဲ့။" က်ီရွင္းရွင္းသည္ ငိုေႂကြးေနခဲ့သည္။
ထိုအရာသည္ လီေရွာက္ရွင္း၏ႏွလုံးသားကို အရည္ေပ်ာ္သြားေစခဲ့သည္။ သူသည္ သူမကို ႏွစ္သိမ့္ေပးခ်င္ေသာ္လည္း က်ီဖန္ယင္း၏ မက္ေဆ့ခ်္သည္ သူ႔WeChatတြင္ ခ်က္ခ်င္းေပၚလာသည္။ သူမသည္ အခ်ိန္ႏွင့္တေျပးညီ စကားေျပာေနသကဲ့သို႔ မယုံနိုင္ေလာက္ေသာ အရွိန္ျဖင့္ စာရိုက္ေနသည္။
[အိမ္မက္တင္ပဲလို႔ ေျပာလိုက္]
[သူ႔ကို မႏွစ္သိမ့္နဲ႔]
[ၿပီးရင္ ျပန္အိပ္ဖို႔ေျပာ]
ထိုမက္ေဆ့ခ်္သုံးခုသည္ လီေရွာက္ရွင္းကို တိတ္ဆိတ္သြားေစခဲ့သည္။ ထိုသို႔ေသာ တုံ႔ျပန္မွုသည္ ႏွလုံးသားမဲ့လြန္းၿပီး ထိလြယ္ရွလြယ္ျဖစ္ေသာ က်ီရွင္းရွင္းကို နာက်င္ေစလိမ့္မည္။
ဒါေပမယ့္ က်ီဖန္ယင္းသည္ လြန္ခဲ့တဲ့ ႏွစ္လအတြင္း သူမ၏အရည္အခ်င္းကို သက္ေသနိုင္ျပခဲ့ပါသည္။ က်ီရွင္းရွင္း၏တုံ႔ျပန္မွု ၇၀%ေက်ာ္ကို တိတိတိတိက်က်ခန႔္မွန္းနိုင္ခဲ့သည္။ အျမဲတိက်တာမဟုတ္ေသာ္လည္း ထိတ္လန႔္စရာေကာင္းေလာက္ေအာင္ တိက်မွုသည္ ျမင့္မားပါသည္။
__________