တစ်နာရီတစ်သိန်း အစားထိုးချစ်သူ

Par Anaisa365

348K 43.4K 541

Title - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDI... Plus

↪ဇာတ်လမ်းမိတ်ဆက်↩
အခန်း၁
အခန်း၂
အခန်း၃
အခန်း၄
အခန်း၅
အခန်း၆
အခန်း၇
အခန်း၈
အခန်း၉
အခန်း၁၀
အခန်း၁၁
အခန်း၁၂
အခန်း၁၃
အခန်း၁၄
အခန်း၁၅
အခန်း၁၆
အခန်း၁၇
အခန်း၁၈
အခန်း၁၉
အခန်း၂၀
အခန်း၂၁
အခန်း၂၂
အခန်း၂၃
အခန်း၂၄
အခန်း၂၅
အခန်း၂၆
အခန်း၂၇
အခန်း၂၈
အခန်း၂၉
အခန်း၃၀
အခန်း၃၁
အခန်း၃၂
အခန်း၃၃
အခန်း၃၄
အခန်း၃၅
အခန်း၃၆
အခန်း၃၇
အခန်း၃၈
အခန်း၃၉
အခန်း၄၀
အခန်း၄၁
အခန်း၄၂
အခန်း၄၃
အခန်း၄၄
အခန်း၄၅
အခန်း၄၆
အခန်း၄၇
အခန်း၄၈
အခန်း၄၉
အခန်း၅၀
အခန်း၅၁
အခန်း၅၂
အခန်း၅၃
အခန်း၅၄
အခန်း၅၅
အခန်း၅၆
အခန်း၅၇
အခန်း၅၈
အခန်း၅၉
အခန်း၆၀
အခန်း၆၁
အခန်း၆၂
အခန်း၆၃
အခန်း၆၄
အခန်း၆၅
အခန်း၆၆
အခန်း၆၇
အခန်း၆၈
အခန်း၆၉
အခန်း၇၀
အခန်း၇၁
အခန်း၇၂
အခန်း၇၃
အခန်း၇၄
အခန်း၇၅
အခန်း၇၆
အခန်း၇၇
အခန်း၇၈
အခန်း၇၉
အခန်း၈၀
အခန်း၈၁
အခန်း၈၂
အခန်း၈၃
အခန်း၈၄
အခန်း၈၅
အခန်း၈၆
အခန်း၈၇
အခန်း၈၈
အခန်း၈၉
အခန်း၉၀
အခန်း၉၁
အခန်း၉၂
အခန်း၉၃
အခန်း၉၄
အခန်း၉၅
အခန်း၉၆
အခန်း၉၇
အခန်း၉၈
အခန်း၉၉
အခန်း၁၀၀
အခန်း၁၀၁
အခန်း၁၀၂
အခန်း၁၀၃
အခန်း၁၀၄
အခန်း၁၀၅
အခန်း၁၀၆
အခန်း၁၀၇
အခန်း၁၀၈
အခန်း၁၀၉
အခန်း၁၁၀
အခန်း၁၁၁
အခန်း၁၁၂
အခန်း၁၁၄
အခန်း၁၁၅
အခန်း၁၁၆
အခန်း၁၁၇
အခန်း၁၁၈
အခန်း၁၁၉
အခန်း၁၂၀
အခန်း၁၂၁
အခန်း၁၂၂
အခန်း၁၂၃
အခန်း၁၂၄
အခန်း၁၂၅
အခန်း၁၂၆
အခန်း၁၂၇
အခန်း၁၂၈
အခန်း၁၂၉
အခန်း၁၃၀
အခန်း၁၃၁
အခန်း၁၃၂
အခန်း၁၃၃
အခန်း၁၃၄
အခန်း၁၃၅
အခန်း၁၃၆
အခန်း၁၃၇
အခန်း၁၃၈
အခန်း၁၃၉
အခန်း၁၄၀
အခန်း၁၄၁
အခန်း၁၄၂
အခန်း၁၄၃
အခန်း၁၄၄
အခန်း၁၄၅
အခန်း၁၄၆
အခန်း၁၄၇
အခန်း၁၄၈
အခန်း၁၄၉
အခန်း၁၅၀
အခန်း၁၅၁
အခန်း၁၅၂
အခန်း၁၅၃
အခန်း၁၅၄
အခန်း၁၅၅
အခန်း၁၅၆
အခန်း၁၅၇
အခန်း၁၅၈
အခန်း၁၅၉
အခန်း၁၆၀
အခန်း၁၆၁
အခန်း၁၆၂
အခန်း၁၆၃
အခန်း၁၆၄
အခန်း၁၆၅
အခန်း၁၆၆
အခန်း၁၆၇
အခန်း၁၆၈
အခန်း၁၆၉
အခန်း၁၇၀
အခန်း၁၇၁
အခန်း၁၇၂
အခန်း၁၇၃
အခန်း၁၇၄
အခန်း၁၇၅
အခန်း၁၇၆
အခန်း၁၇၇
အခန်း၁၇၈
အခန်း၁၇၉
အခန်း၁၈၀
အခန်း၁၈၁
အခန်း၁၈၂
အခန်း၁၈၃
အခန်း၁၈၄
အခန်း၁၈၅
အခန်း၁၈၆
အခန်း၁၈၇
အခန်း၁၈၈
အခန်း၁၈၉
အခန်း၁၉၀
အခန်း၁၉၁
အခန်း၁၉၂
အခန်း၁၉၃
အခန်း၁၉၄
အခန်း၁၉၅
အခန်း၁၉၆
အခန်း၁၉၇
အခန်း၁၉၈
Announcement!!

အခန်း၁၁၃

1.6K 216 6
Par Anaisa365

အခန်းတံခါးကို ဖြတ်ဝင်သွားပြီးမှ စန်းရှန်းရန်ပေးပို့သည့်စာကို ဖတ်လိုက်သည်၊ [သတိလာပေးတာပါ၊ ကျွန်တော် မေးခွန်းတွေကို ဖြေပြီးပို့ထားတာ အတော်​တောင်ကြာနေပြီနော်။]

စန်းရှန်းရန်သည် မကြာခဏဆိုသလို အသုံးမဝင်သည်များကို ပြောနေသော်လည်း ပထမဆုံးအကြိမ် စမ်းချိန်းဆိုမှုအတွက် ငွေပေးချေရာတွင်တော့ အတော်ပြတ်သားပါသည်။

ကြိုတင်ချိန်းဆိုမှုအတွက် ယွမ်နှစ်သိန်းသည် ကျီဖန်ယင်း၏ ဘဏ်အကောင့်ထဲသို့ရောက်လာသည်မှာ ရက်အတော်ကြာနေပြီဖြစ်တာကြောင့် ဒါကိစ္စကို ကိုင်တွယ်ရန် အချိန်တန်နေပြီဖြစ်သည်။

သူမက [မနက်ဖြန်အားလား။]

စန်းရှန်းရန်နှင့် တွေ့ဆုံမည့်အချိန်ကို ဆုံးဖြတ်ပြီးနောက် ကျီဖန်ယင်းသည် သူပို့ထားသော မေးခွန်းလွှာကို သူမ၏inboxထဲတွင် ရှာဖွေခဲ့သည်။

ထိုအရာသည် သူ၏ဖောက်သည်များကို စိတ်ကျေနပ်စေရန်အတွက် အလွန်အရေးကြီးပါသည်။

သူမသည် သူ၏အဖြေများကို လျင်မြန်စွာ ရှာဖွေပြီးနောက် အနှိပ်ခုံပေါ်တွင် ထိုင်ကာ အတွေးထဲနစ်ဝင်သွားသည်။

ကျီဖန်ယင်းသည် စိတ္တဇစန်းရှန်းရန်နှင့် ဆက်ဆံရာတွင် အန္တရာယ်ရှိသောလမ်းကြောင်းဖြင့် သွားရန် ရွေးချယ်ခဲ့သည်။ ရှင်းလင်အောင်ပြောရလျှင် 'အပြစ်ကင်းစင်ခြင်း' ဟူသော စကားလုံးဖြင့် ဖြစ်သည်။

ကျီဖန်ယင်းက သူမမျက်နှာကို ထိလိုက်သည်။

အင်း... စန်းရှန်းရန်က ငါးဖမ်းလုပ်ငန်းထဲက အရည်အသွေးအကောင်းဆုံးငါးတွေထဲက တစ်ကောင်ဆိုတော့လည်း ငါဘာလုပ်နိုင်ပါ့မလဲ။

စန်းရှန်းရန်သည် အခုမှ ရုပ်ရှင်လောကထဲမှ သူ့နေရာကိုစတင်တည်ဆောက်နေသော အသစ်လေးဟု စဉ်စားလျှင် အမြော်အမြင်မရှိဖြစ်ပါလိမ့်မည်။

သူသည် နာမည်ကြီးရှေ့နေ မိသားစုမှ ဆင်းသက်ခဲ့ပြီး သူ၏မိသားစုသည် သူ့အသက်မွေးဝမ်းကြောင်း ရွေးချယ်မှုကို ပြင်းထန်စွာ ကန့်ကွက်ခဲ့ကာ သူတို့၏ လမ်းကြောင်းအတိုင်း လိုက်စေချင်ခဲ့သည်။ သို့သော်လည်း စန်းရှန်းရန်သည် အနုပညာအသိုင်းအဝိုင်းတွင်သာ သူ့ကိုယ်သူ မြှုပ်နှံရန် ခေါင်းမာစွာ ရွေးချယ်ခဲ့သည်။

သူ၏ခေါင်းမာမှုသည် အသုံးဝင်ခဲ့ပြီး နှစ်နှစ်အတွင်း အခမ်းနားဆုံး ဒါရိုက်တာဆုကို ရရှိနိုင်တော့မှာဖြစ်သည်။

သို့သော်လည်း ထိုနှစ်တွင် ကျီရှင်းရှင်း၏ လှည့်ကွက်ကြောင့် သူသည်အမှောင်ဘက်ခြမ်းသို့ ရောက်ရှိသွားပြီး သူမကို ပြန်ပေးဆွဲတော့သည်။ ထို့ကြောင့် သူသည် နှစ်အနည်းငယ်ကြာအောင် ထောင်ထဲတွင် နေခဲ့ရသည်။

... သူကတော့ ရေတိုဖောက်သည်လောက်ပဲဖြစ်လိမ့်မယ်။

သူတစ်ခုခုလုပ်ဖို့ကြိုးစားရင် ရဲတိုင်လိုက်တာပေါ့။

ဒါဆို လက်ရှိအချိန်အတွက်တော့ စန်းရှန်းရန်ဘက်မှ ကိစ္စများစွာကို ဖြေရှင်းနိုင်ခဲ့ပြီ။ အခုချိန်တွင် ပြဿနာအသစ်ခု ရှိနေသေးသည်။

ချန်ယွမ်ရှန်း

ကျီဖန်ယင်းသည် အမှိုက်ကောင်များနှင့် အေးဆေး ကစားနိုင်သော်လည်း ချန်ယွမ်ရှန်းကိုတော့ ထိုကဲ့သို့ မဆက်ဆံနိုင်ပေ။

သူသည် ပြတ်သားပြီး ဒဲ့တိုးသွားသောလူငယ်တစ်ယောက်ဖြစ်ပြီး ထက်မြက်ပြီး ဝေဖန်ပိုင်းခြားနိုင်စွမ်းလည်းရှိပါသည်။ သူမစကားမဆုံးခင်မှာပင် သူသည် သူမပြောချင်သည့်အရာကို သိနေပြီဖြစ်သည်။

ထက်မြက်သူများသည် ကိုယ့်ကိုကိုယ် ချောင်ပိတ်သွားအောင် လုပ်လေ့ရှိပါသည်။

အကယ်၍ သူမသာ မူလကမ္ဘာတွင် ရှိနေသေးမည်ဆိုပါက အခြေအနေသည် တူညီမှာမဟုတ်ပေ။

သူမခန္ဓာကိုယ်ကို အနှိပ်ခုံထဲသို့ နစ်မြုပ်စေလိုက်သည်။

ထားလိုက်တော့။ ငါသူ့ကိုငြင်းဖို့ အစီအစဉ်ချထားပြီးသား၊ ပြီးတော့ သူကလည်း အခုမှ အရွယ်ရောက်သွားတဲ့လူအနေနဲ့ ဆုံးဖြတ်ချက်ကိုချထားတာ။ ငါက ဘာအခွင့်အရေးနဲ့ သူ့ဆုံးဖြတ်ကို ချေပရမှာလဲ။

...

နောက်ဆုံး လေယာဉ်ဆိုက်သောအခါ ကျီဖန်ယင်းသည် သူမ၏ခရီးဆောင်အိတ်ကိုယူကာ ​လောယာဉ်ခန်းထဲမှထွက်ခွာသွားတော့သည်။

ဟုတ်ပါတယ်၊ သခင်လေးဘိုင်ကတော့ ကိုယ့်အထုပ်ကိုယ် ဘယ်ဆွဲပါ့မလဲ။ လေယာဉ်မယ် နှစ်ယောက်သည် ရှေ့သို့တိုးလာပြီး သူ့ခရီးဆောင်အိတ်ကို သယ်ကူပေးခဲ့တာကြောင့် သူသည် ကျီဖန်ယင်းထက် အနည်းငယ် နှေးကွေးသွားသည်။

ဘိုင်ကျိုးကို သူ၏နောက်ခံကြောင့် အခွင့်ထူးခံစားခွင့်ရသည်မှာ သိပ်မထူးဆန်းပေ။

ကျီဖန်ယင်းသည် သူမ၏ ခရီးဆောင်အိတ်ကိုဆွဲရင်း ဘိုင်ကျိုးနားမှ ဖြတ်သွားစဉ်တွင် သူ့ဘက်လှည့်ကာ ပြုံးပြလိုက်ပြီး "မင်းနောက်ထပ်ချိန်လာမဲ့အချိန်ကို မျှော်နေပါမယ်။"

ဘိုင်ကျိုး: "..."

"မင်း ဘယ်လိုပြန်မှာလဲ" သူသည် ခဏလောက်နှုတ်ဆိတ်နေပြီးနောက် ရုတ်တရက်မေးလာသည်။

"အခုခေတ်မှာ နည်းပညာက အရမ်းကို တိုးတက်နေပြီလေ။" ကျီဖန်ယင်းသည် ကားခေါ်လို့ရသည့် အက်ပ်များရှိကြောင်းကို ပြသရန် သူ့ရှေ့တွင် ဖုန်းကို ယမ်း​ပြလိုက်သည်။

သူမသည် သူမ၏ဖုန်းစခရင်ကို ခဏတာမျှသာ ပြလိုက်သော်လည်း ဤစက္ကန့်တိုလေးအတွင်း ဘိုင်ကျိုး၏ အာရုံစူးစိုက်မှုသည် ကားငှားအက်ပ်တွင်မဟုတ်ဘဲ WeChatထဲမှ ရောက်လာသော မက်ဆေ့ချ်ပေါ်တွင် ရောက်နေခဲ့သည်။

သူသည် ထိုလူ၏အမည်ကို မ​မြင်လိုက်သော်လည်း မက်ဆေ့ချ်ထဲရှိ စကားလုံးအနည်းငယ်ကိုတော့ ဖြတ်ခနဲ မြင်လိုက်ပါသည်။

အဲဒီလူက [အစ်မ၊ ကျွန်​တော် လေဆိပ်ကို လာကြိုပေးမယ်လေ။]

ဘိုင်ကျိုး၏ ခန္ဓာကိုယ်သည် သူ့စိတ်ထက် ပိုမြန်ပါသည်။ သူအတွေးများ သေချာမရှင်းလင်းခင်မှာပဲ သူမရဲ့ ခရီးဆောင်အိတ်ကို လှမ်းဆွဲဖို့ ခြေလှမ်းပြင်ပြီးနေပြီဖြစ်သည်။ သူက ဖိအားပေးသောအသံဖြင့် "မင်း ဘယ်သူ့ကို လေဆိပ်မှာလို့ ပြောထားတာလဲ။ မမနဲ့လည်း သိတဲ့..."

တစ်နည်းနည်းကြောင့် ဒီအချက်ကို ပြောတဲ့အချိန် နေရခက်သော ခံစားချက်ကို ရရှိလိုက်သည်။

ကျီဖန်ယင်းကို 'အစ်မ'ဟု မက်ဆေ့ခ်ျပို့ခဲ့သောလူကဲ့သို့ သူသည်လည်း အရင်က ကျီဖန်ယင်းကို 'မမ' ဟု ခေါ်ခဲ့ဖူးသည်လေ။

"... ကျီဖန်ယင်းနဲ့လည်း သိတဲ့လူလား။ ငါမင်းကို ဒီကိစ္စကို ဘယ်သူ့မှမပြောနဲ့လို့ ပြောခဲ့တယ် မဟုတ်ဘူးလား" ဘိုင်ကျိုးသည် သူ့စကားကို အမြန်ပြောင်းကာ​ မေးလိုက်သည်။

"ဘာမှမပြောထားဘူး။ ငါနိုင်ငံခြားသွားတယ်ဆိုတာပဲ သူသိတာ။" ကျီဖန်ယင်းသည် သူမ၏ခရီးဆောင်အိတ်ပေါ်မှ ဘိုင်ကျိုး၏ ရုတ်တရက် ပြင်းထန်သောအားကြောင့် အနည်းငယ် နောက်သို့ ဆုတ်သွားသည်။ "မင်းက ငါ့ရဲ့ အဖိုးတန်ဖောက်သည်ပဲ။ ငါကိုယ့်ကိုကိုယ်တော့ အကျိုးယုတ်အောင်မလုပ်ဘူး။"

ဘိုင်ကျိုးက သူမရဲ့ ခရီးဆောင်အိတ်ကို မလွှတ်ပေးဘဲ "သူက ဘာလို့ မင်းကို အစ်မလို့ခေါ်တာလဲ"

ကျီဖန်ယင်းသည် ဘိုင်ကျိုး၏ မီး​တောက်​နေ​သော မျက်လုံးများကို စေ့စေ့ကြည့်ကာ "ဘာလို့လဲ။ အဲ့ဒါက မင်းနဲ့ ကျီဖန်ယင်းအတွက်ပဲ သီးသန့်ထားထားတဲ့ အခေါ်အဝေါ်မလို့လား။"
{T/N:Etranမှာ big sisလို့ရေးထားပေမဲ့ FMLနဲ့ချန်ယွမ်ရှန်းက သိပ်မရင်းနှီးကြသေးလို့ အစ်မလို့ပဲရေးလိုက်တာပါ။}

ဘိုင်ကျိုးက သူမမေးခွန်းကို နှုတ်ဆိတ်နေပေမယ့် သူ့လက်ကိုတော့ မလွှတ်သေးပေ။

ကျီဖန်ယင်း တိုးတိုးလေး ရယ်လိုက်ကာ "ဒါမှမဟုတ် တခြားတစ်ယောက်က ငါ့ကို အဲ့လိုအသုံးအနှုန်းနဲ့ခေါ်နေလို့ စိတ်ပူနေတာလား"

သူမ၏စကားများသည် သူ၏ချက်ကောင်းကို ထိသွားသကဲ့သို့ ဘိုင်ကျိုးသည် ချက်ချင်းပင် သူမ၏ ခရီးဆောင်အိတ်ကို ဆုပ်ကိုင်ထားတာကို လွှတ်လိုက်သည်။

သူမ၏ခရီးဆောင်အိတ်ပေါ်ရှိ အားများ ပျောက်ကွယ်သွားသည်ဟု ခံစားလိုက်ရပြီးနောက် ကျီဖန်ယင်းက ခေါင်းမော့ကာ "သခင်လေးဘိုင် နောက်မှတွေ့ကြမယ်။"ဟု ​ပြောလိုက်သည်။

_________

Zawgyi

အခန္းတံခါးကို ျဖတ္ဝင္သြားၿပီးမွ စန္းရွန္းရန္ေပးပို႔သည့္စာကို ဖတ္လိုက္သည္၊ [သတိလာေပးတာပါ၊ ကၽြန္ေတာ္ ေမးခြန္းေတြကို ေျဖၿပီးပို႔ထားတာ အေတာ္​ေတာင္ၾကာေနၿပီေနာ္။]

စန္းရွန္းရန္သည္ မၾကာခဏဆိုသလို အသုံးမဝင္သည္မ်ားကို ေျပာေနေသာ္လည္း ပထမဆုံးအႀကိမ္ စမ္းခ်ိန္းဆိုမွုအတြက္ ေငြေပးေခ်ရာတြင္ေတာ့ အေတာ္ျပတ္သားပါသည္။

ႀကိဳတင္ခ်ိန္းဆိုမွုအတြက္ ယြမ္ႏွစ္သိန္းသည္ က်ီဖန္ယင္း၏ ဘဏ္အေကာင့္ထဲသို႔ေရာက္လာသည္မွာ ရက္အေတာ္ၾကာေနၿပီျဖစ္တာေၾကာင့္ ဒါကိစၥကို ကိုင္တြယ္ရန္ အခ်ိန္တန္ေနၿပီျဖစ္သည္။

သူမက [မနက္ျဖန္အားလား။]

စန္းရွန္းရန္ႏွင့္ ေတြ႕ဆုံမည့္အခ်ိန္ကို ဆုံးျဖတ္ၿပီးေနာက္ က်ီဖန္ယင္းသည္ သူပို႔ထားေသာ ေမးခြန္းလႊာကို သူမ၏inboxထဲတြင္ ရွာေဖြခဲ့သည္။

ထိုအရာသည္ သူ၏ေဖာက္သည္မ်ားကို စိတ္ေက်နပ္ေစရန္အတြက္ အလြန္အေရးႀကီးပါသည္။

သူမသည္ သူ၏အေျဖမ်ားကို လ်င္ျမန္စြာ ရွာေဖြၿပီးေနာက္ အႏွိပ္ခုံေပၚတြင္ ထိုင္ကာ အေတြးထဲနစ္ဝင္သြားသည္။

က်ီဖန္ယင္းသည္ စိတၱဇစန္းရွန္းရန္ႏွင့္ ဆက္ဆံရာတြင္ အႏၲရာယ္ရွိေသာလမ္းေၾကာင္းျဖင့္ သြားရန္ ေရြးခ်ယ္ခဲ့သည္။ ရွင္းလင္ေအာင္ေျပာရလၽွင္ 'အျပစ္ကင္းစင္ျခင္း' ဟူေသာ စကားလုံးျဖင့္ ျဖစ္သည္။

က်ီဖန္ယင္းက သူမမ်က္ႏွာကို ထိလိုက္သည္။

အင္း... စန္းရွန္းရန္က ငါးဖမ္းလုပ္ငန္းထဲက အရည္အေသြးအေကာင္းဆုံးငါးေတြထဲက တစ္ေကာင္ဆိုေတာ့လည္း ငါဘာလုပ္နိုင္ပါ့မလဲ။

စန္းရွန္းရန္သည္ အခုမွ ႐ုပ္ရွင္ေလာကထဲမွ သူ႔ေနရာကိုစတင္တည္ေဆာက္ေနေသာ အသစ္ေလးဟု စဥ္စားလၽွင္ အေျမာ္အျမင္မရွိျဖစ္ပါလိမ့္မည္။

သူသည္ နာမည္ႀကီးေရွ႕ေန မိသားစုမွ ဆင္းသက္ခဲ့ၿပီး သူ၏မိသားစုသည္ သူ႔အသက္ေမြးဝမ္းေၾကာင္း ေရြးခ်ယ္မွုကို ျပင္းထန္စြာ ကန႔္ကြက္ခဲ့ကာ သူတို႔၏ လမ္းေၾကာင္းအတိုင္း လိုက္ေစခ်င္ခဲ့သည္။ သို႔ေသာ္လည္း စန္းရွန္းရန္သည္ အႏုပညာအသိုင္းအဝိုင္းတြင္သာ သူ႔ကိုယ္သူ ျမႇုပ္ႏွံရန္ ေခါင္းမာစြာ ေရြးခ်ယ္ခဲ့သည္။

သူ၏ေခါင္းမာမွုသည္ အသုံးဝင္ခဲ့ၿပီး ႏွစ္ႏွစ္အတြင္း အခမ္းနားဆုံး ဒါရိုက္တာဆုကို ရရွိနိုင္ေတာ့မွာျဖစ္သည္။

သို႔ေသာ္လည္း ထိုႏွစ္တြင္ က်ီရွင္းရွင္း၏ လွည့္ကြက္ေၾကာင့္ သူသည္အေမွာင္ဘက္ျခမ္းသို႔ ေရာက္ရွိသြားၿပီး သူမကို ျပန္ေပးဆြဲေတာ့သည္။ ထို႔ေၾကာင့္ သူသည္ ႏွစ္အနည္းငယ္ၾကာေအာင္ ေထာင္ထဲတြင္ ေနခဲ့ရသည္။

... သူကေတာ့ ေရတိုေဖာက္သည္ေလာက္ပဲျဖစ္လိမ့္မယ္။

သူတစ္ခုခုလုပ္ဖို႔ႀကိဳးစားရင္ ရဲတိုင္လိုက္တာေပါ့။

ဒါဆို လက္ရွိအခ်ိန္အတြက္ေတာ့ စန္းရွန္းရန္ဘက္မွ ကိစၥမ်ားစြာကို ေျဖရွင္းနိုင္ခဲ့ၿပီ။ အခုခ်ိန္တြင္ ျပႆနာအသစ္ခု ရွိေနေသးသည္။

ခ်န္ယြမ္ရွန္း

က်ီဖန္ယင္းသည္ အမွိုက္ေကာင္မ်ားႏွင့္ ေအးေဆး ကစားနိုင္ေသာ္လည္း ခ်န္ယြမ္ရွန္းကိုေတာ့ ထိုကဲ့သို႔ မဆက္ဆံနိုင္ေပ။

သူသည္ ျပတ္သားၿပီး ဒဲ့တိုးသြားေသာလူငယ္တစ္ေယာက္ျဖစ္ၿပီး ထက္ျမက္ၿပီး ေဝဖန္ပိုင္းျခားနိုင္စြမ္းလည္းရွိပါသည္။ သူမစကားမဆုံးခင္မွာပင္ သူသည္ သူမေျပာခ်င္သည့္အရာကို သိေနၿပီျဖစ္သည္။

ထက္ျမက္သူမ်ားသည္ ကိုယ့္ကိုကိုယ္ ေခ်ာင္ပိတ္သြားေအာင္ လုပ္ေလ့ရွိပါသည္။

အကယ္၍ သူမသာ မူလကမၻာတြင္ ရွိေနေသးမည္ဆိုပါက အေျခအေနသည္ တူညီမွာမဟုတ္ေပ။

သူမခႏၶာကိုယ္ကို အႏွိပ္ခုံထဲသို႔ နစ္ျမဳပ္ေစလိုက္သည္။

ထားလိုက္ေတာ့။ ငါသူ႔ကိုျငင္းဖို႔ အစီအစဥ္ခ်ထားၿပီးသား၊ ၿပီးေတာ့ သူကလည္း အခုမွ အရြယ္ေရာက္သြားတဲ့လူအေနနဲ႔ ဆုံးျဖတ္ခ်က္ကိုခ်ထားတာ။ ငါက ဘာအခြင့္အေရးနဲ႔ သူ႔ဆုံးျဖတ္ကို ေခ်ပရမွာလဲ။

...

ေနာက္ဆုံး ေလယာဥ္ဆိုက္ေသာအခါ က်ီဖန္ယင္းသည္ သူမ၏ခရီးေဆာင္အိတ္ကိုယူကာ ​ေလာယာဥ္ခန္းထဲမွထြက္ခြာသြားေတာ့သည္။

ဟုတ္ပါတယ္၊ သခင္ေလးဘိုင္ကေတာ့ ကိုယ့္အထုပ္ကိုယ္ ဘယ္ဆြဲပါ့မလဲ။ ေလယာဥ္မယ္ ႏွစ္ေယာက္သည္ ေရွ႕သို႔တိုးလာၿပီး သူ႔ခရီးေဆာင္အိတ္ကို သယ္ကူေပးခဲ့တာေၾကာင့္ သူသည္ က်ီဖန္ယင္းထက္ အနည္းငယ္ ေႏွးေကြးသြားသည္။

ဘိုင္က်ိဳးကို သူ၏ေနာက္ခံေၾကာင့္ အခြင့္ထူးခံစားခြင့္ရသည္မွာ သိပ္မထူးဆန္းေပ။

က်ီဖန္ယင္းသည္ သူမ၏ ခရီးေဆာင္အိတ္ကိုဆြဲရင္း ဘိုင္က်ိဳးနားမွ ျဖတ္သြားစဥ္တြင္ သူ႔ဘက္လွည့္ကာ ျပဳံးျပလိုက္ၿပီး "မင္းေနာက္ထပ္ခ်ိန္လာမဲ့အခ်ိန္ကို ေမၽွာ္ေနပါမယ္။"

ဘိုင္က်ိဳး: "..."

"မင္း ဘယ္လိုျပန္မွာလဲ" သူသည္ ခဏေလာက္ႏွုတ္ဆိတ္ေနၿပီးေနာက္ ႐ုတ္တရက္ေမးလာသည္။

"အခုေခတ္မွာ နည္းပညာက အရမ္းကို တိုးတက္ေနၿပီေလ။" က်ီဖန္ယင္းသည္ ကားေခၚလို႔ရသည့္ အက္ပ္မ်ားရွိေၾကာင္းကို ျပသရန္ သူ႔ေရွ႕တြင္ ဖုန္းကို ယမ္း​ျပလိုက္သည္။

သူမသည္ သူမ၏ဖုန္းစခရင္ကို ခဏတာမၽွသာ ျပလိုက္ေသာ္လည္း ဤစကၠန႔္တိုေလးအတြင္း ဘိုင္က်ိဳး၏ အာ႐ုံစူးစိုက္မွုသည္ ကားငွားအက္ပ္တြင္မဟုတ္ဘဲ WeChatထဲမွ ေရာက္လာေသာ မက္ေဆ့ခ်္ေပၚတြင္ ေရာက္ေနခဲ့သည္။

သူသည္ ထိုလူ၏အမည္ကို မ​ျမင္လိုက္ေသာ္လည္း မက္ေဆ့ခ်္ထဲရွိ စကားလုံးအနည္းငယ္ကိုေတာ့ ျဖတ္ခနဲ ျမင္လိုက္ပါသည္။

အဲဒီလူက [အစ္မ၊ ကၽြန္​ေတာ္ ေလဆိပ္ကို လာႀကိဳေပးမယ္ေလ။]

ဘိုင္က်ိဳး၏ ခႏၶာကိုယ္သည္ သူ႔စိတ္ထက္ ပိုျမန္ပါသည္။ သူအေတြးမ်ား ေသခ်ာမရွင္းလင္းခင္မွာပဲ သူမရဲ့ ခရီးေဆာင္အိတ္ကို လွမ္းဆြဲဖို႔ ေျခလွမ္းျပင္ၿပီးေနၿပီျဖစ္သည္။ သူက ဖိအားေပးေသာအသံျဖင့္ "မင္း ဘယ္သူ႔ကို ေလဆိပ္မွာလို႔ ေျပာထားတာလဲ။ မမနဲ႔လည္း သိတဲ့..."

တစ္နည္းနည္းေၾကာင့္ ဒီအခ်က္ကို ေျပာတဲ့အခ်ိန္ ေနရခက္ေသာ ခံစားခ်က္ကို ရရွိလိုက္သည္။

က်ီဖန္ယင္းကို 'အစ္မ'ဟု မက္ေဆ့ခ္်ပို႔ခဲ့ေသာလူကဲ့သို႔ သူသည္လည္း အရင္က က်ီဖန္ယင္းကို 'မမ' ဟု ေခၚခဲ့ဖူးသည္ေလ။

"... က်ီဖန္ယင္းနဲ႔လည္း သိတဲ့လူလား။ ငါမင္းကို ဒီကိစၥကို ဘယ္သူ႔မွမေျပာနဲ႔လို႔ ေျပာခဲ့တယ္ မဟုတ္ဘူးလား" ဘိုင္က်ိဳးသည္ သူ႔စကားကို အျမန္ေျပာင္းကာ​ ေမးလိုက္သည္။

"ဘာမွမေျပာထားဘူး။ ငါနိုင္ငံျခားသြားတယ္ဆိုတာပဲ သူသိတာ။" က်ီဖန္ယင္းသည္ သူမ၏ခရီးေဆာင္အိတ္ေပၚမွ ဘိုင္က်ိဳး၏ ႐ုတ္တရက္ ျပင္းထန္ေသာအားေၾကာင့္ အနည္းငယ္ ေနာက္သို႔ ဆုတ္သြားသည္။ "မင္းက ငါ့ရဲ့ အဖိုးတန္ေဖာက္သည္ပဲ။ ငါကိုယ့္ကိုကိုယ္ေတာ့ အက်ိဳးယုတ္ေအာင္မလုပ္ဘူး။"

ဘိုင္က်ိဳးက သူမရဲ့ ခရီးေဆာင္အိတ္ကို မလႊတ္ေပးဘဲ "သူက ဘာလို႔ မင္းကို အစ္မလို႔ေခၚတာလဲ"

က်ီဖန္ယင္းသည္ ဘိုင္က်ိဳး၏ မီး​ေတာက္​ေန​ေသာ မ်က္လုံးမ်ားကို ေစ့ေစ့ၾကည့္ကာ "ဘာလို႔လဲ။ အဲ့ဒါက မင္းနဲ႔ က်ီဖန္ယင္းအတြက္ပဲ သီးသန႔္ထားထားတဲ့ အေခၚအေဝၚမလို႔လား။"
{T/N:Etranမွာ big sisလို႔ေရးထားေပမဲ့ FMLနဲ႔ခ်န္ယြမ္ရွန္းက သိပ္မရင္းႏွီးၾကေသးလို႔ အစ္မလို႔ပဲေရးလိုက္တာပါ။}

ဘိုင္က်ိဳးက သူမေမးခြန္းကို ႏွုတ္ဆိတ္ေနေပမယ့္ သူ႔လက္ကိုေတာ့ မလႊတ္ေသးေပ။

က်ီဖန္ယင္း တိုးတိုးေလး ရယ္လိုက္ကာ "ဒါမွမဟုတ္ တျခားတစ္ေယာက္က ငါ့ကို အဲ့လိုအသုံးအႏွုန္းနဲ႔ေခၚေနလို႔ စိတ္ပူေနတာလား"

သူမ၏စကားမ်ားသည္ သူ၏ခ်က္ေကာင္းကို ထိသြားသကဲ့သို႔ ဘိုင္က်ိဳးသည္ ခ်က္ခ်င္းပင္ သူမ၏ ခရီးေဆာင္အိတ္ကို ဆုပ္ကိုင္ထားတာကို လႊတ္လိုက္သည္။

သူမ၏ခရီးေဆာင္အိတ္ေပၚရွိ အားမ်ား ေပ်ာက္ကြယ္သြားသည္ဟု ခံစားလိုက္ရၿပီးေနာက္ က်ီဖန္ယင္းက ေခါင္းေမာ့ကာ "သခင္ေလးဘိုင္ ေနာက္မွေတြ႕ၾကမယ္။"ဟု ​ေျပာလိုက္သည္။

_________

Continuer la Lecture

Vous Aimerez Aussi

1.6M 140K 65
RATHOD In a broken family, every person suffers from his insecurities and guilt. Successful in every field but a big failure when it comes to emotio...
477K 17K 194
Won Yoo-ha, a trainee unfairly deprived of the opportunity to appear on a survival program scheduled to hit the jackpot, became a failure of an idol...
480K 30.3K 40
Let's see how different personalities mends with each other to form a beautifull bond together. Where the Eldest is calm and cold, Second is aggress...
9.5K 811 10
နွေဦးမိုး၊ မက်မွန်ပန်းနှင့် လှပသောမိန်းမပျို လက်ထဲတွင်အနက်ရောင်ဝါးထီးတစ်လက်ကိုကိုင်ထားကာဤပန်းပင်အောက်၌ရပ်နေရင်း သူမ၏အပြုံးသည်နွေးထွေးပျော်ရွှင်နေသ...