နောက်တစ်နေ့တွင် ကျီရှင်းရှင်းသည် ကျီဖန်ယင်းကို ဖုန်းခေါ်လာသည်။
"အစ်မ ဟက်ပီဘက်ဒေး!" ကျီရှင်းရှင်းက မခို့တရို့ ပြောသည် "ညီမအရမ်းအလုပ်ရှုပ်နေလို့ အခုမှ မမကိုဖုန်းဆက်နိုင်တော့တယ်။ တောင်းပန်ပါတယ်နော်။ အစ်မ အခုတလော ဘယ်လိုလဲ။ ဒီနေ့ ဖေဖေ မေမေတို့နဲ့ မွေးနေ့ပွဲလုပ်မှာလား။"
ကျီဖန်ယင်းသည် လောလောဆယ်တွင် မနက်စာချက်ရင်း အလုပ်ရှုပ်နေပါသည်။ သူမသည် ပြတင်းပေါက်နားဆွင် ပျင်းရိစွာ ရပ်နေပြီး "ညီမလေးလည်း ဟက်ပီးဘက်ဒေးနော်" ဟု ပြန်ဖြေသည်။
ကျီရှင်းရှင်း၏မေးခွန်းများကိုဖြေရန် သူမ စိတ်မ၀င်စားပေ။
သို့သော် ကျီရှင်းရှင်းသည် သူမ၏ပြန်မဖြေမှုကို သိပ်စိတ်ထဲမထားပေ။ သူမကို ရွှင်လန်းစွာ ကျေးဇူးတင်ကြောင်းပြောလိုက်ပြီး "အရင်တုန်းက ညီမတို့ မွေးနေ့ဆို အမြဲတမ်း လက်ဆောင်တွေ အချင်းချင်းပေးခဲ့ကြတယ်လေ။ မမအတွက် လက်ဆောင်ကို ညီမ အိမ်ကိုပို့ထားတယ်၊ မမ အချိန်ရှိရန် သွားယူလိုက်ဦးနော်။"
ကျီဖန်ယင်း : "..."
သူမသည် စတီးယောင်းမကို ကိုင်ထားရင်း လေးလေးနက်နက် တွေးတောလိုက်ရာ ထိုကဲ့သို့သော အစဉ်အလာ ရှိခဲ့သည်ကို မှတ်မိလိုက်သည်။
ကျီဖန်ယင်း၏လက်ဆောင်သည် ကျီဖန်ယင်း မွေးနေ့တိုင်းတွင် ရရှိခဲ့သည့် တစ်ခုတည်းသောလက်ဆောင်ဖြစ်သည်။
"မမရော ညီမအတွက် ဘာလက်ဆောင်ပို့ထားတာလဲ။ ညီမဆီ အထုပ်တွေ အရမ်းအများကြီး ရောက်လာတယ်။ ဖောက်နေတာ နာရီတွေတောင်ချီနေပြီကို မကုန်နိုင်ဘူးလေ။" ဟု ကျီဖန်ယင်းကပြောသည် "မမ ဒီနှစ် ညီမကို ဘာလက်ဆောင်ပေးမလဲဆိုတာ ညီမ အရမ်းကို သိချင်နေပြီ။"
"မမ ဘာမှမပြင်ထားဘူး" ကျီဖန်ယင်းက နှလုံးသားမဲ့စွာ ပြန်ဖြေသည် "ညီမလေးက အခု နိုင်ငံခြားမှာဆိုတော့ ပြန်ရောက်တာနဲ့ တစ်ခုပြင်ပေးထားမယ်။"
"အာ... အဲ့လိုလား။" ကျီဖန်ယင်းသည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။ "ညီမ မျှော်နေမယ်နော်။"
"ညီမလေး ပြန်ရောက်ဖို့ နှစ်လလိုသေးတယ်မလား။"
အဲဒါကို မေ့သွားနိုင်တော့... သတိပေးချက် ရေးထားရမယ်ထင်တာပဲ။
ကြက်က ဥကိုဥပေးထားလို့ ဥပေါက်ပြီးကြက်ပေါက်လေးတွေ ထွက်လာတာလေ။ အဲ့တော့ ဥဥပေးထားတဲ့ ပထမဆုံးကြက်ကို လေးစားမှုပြသင့်တာပေါ့။
ကျီဖန်ယင်းက "နှစ်လဆိုတာ ခဏလေးနဲ့ ကုန်သွားမှာပါ။ တကယ်တော့ ညီမတို့ ဝေးပြီးမတွေ့ကြတာ အဲ့လောက်တောင်မကြာသေးတာကို မမ အရမ်းပြောင်းလဲသွားပြီလို့ ခံစားနေရတယ်။ ညီမသာ မမရဲ့ညီမအရင်းမဟုတ်ရင် မမကို လူစားထိုးထားတာလို့တောင် ထင်လောက်တယ်။"
ကျီဖန်ယင်း တိုးတိုးလေး ရယ်လိုက်သည်။ "တကယ် အဲ့လိုဆိုရင်ရော။"
ကျီရှင်းရှင်းကလည်း "ဒါဆို... မမအယောင်ဆောင်ထားတဲ့ လူစားထိုးနဲ့ အမြန်တွေ့ကြည့်ရမှာပေါ့။"
အနောက်မှ ခြေသံများ ထွက်ပေါ်လာသည်။
ကျီဖန်ယင်း လှည့်ကြည့်လိုက်ရာ ဘိုင်ကျိုးသည် လှေကားထစ်များပေါ်မှ သူမကို ငုံ့ကြည့်နေသည်။ သူမသည် "မမမှာ လုပ်စရာရှိသေးလို့။ နောက်မှတွေ့ကြတာပေါ့။" ဟုဆိုကာ အမြန်ဖုန်းချလိုက်သည်။
သူမသည် အမြဲတမ်း ဖုန်းစချတတ်သူဖြစ်ကာ ကျီဖန်ယင်းသည်လည်း ဒါကို ကျင့်သားရနေပြီဖြစ်သည်။
"ဘယ်သူနဲ့ ဖုန်းပြောနေတာလဲ" ဘိုင်ကျိုးက အနည်းငယ် ပျင်းရိစွာ မေးသည်။
"သူငယ်ချင်းတစ်ယောက်ပါ။ သူက မမကို မွေးနေ့ ဆုတောင်းပေးနေတာလေ။" ကျီဖန်ယင်းက ဘိုင်ကျိုးရဲ့ မေးခွန်းကို အမှန်တစ်ဝက်ဖြင့်သာ ဖြေလိုက်ပြီး မနက်စာစားဖို့ ပြောလိုက်ပါသည်။
"လီရှောက်ရှင်းလား။" ဘိုင်ကျိုးက မေးသည်။
"သူမဟုတ်ပါဘူး" ကျီဖန်ယင်းက ပြန်ဖြေသည်။
ကျီရှောက်ရှင်းသည် အခြားသော အမှိုက်ကောင်များနှင့် ကွဲပြားသည်။ သူသည် 'ကျီဖန်ယင်း'ကို ကျီရှင်းရှင်း၏ အစားထိုးအဖြစ် သဘောထားဆက်ဆံခဲ့သော လူရှစ်ဦးအနက်မှ တစ်ဦးဖြစ်သော်လည်း သူသည် ထိုအဖွဲ့ထဲတွင် ပါရုံသာပါသည်။ သူ 'ကျီဖန်ယင်း' နှင့် တွေ့ခဲ့သော အချိန်များကို လက်တစ်ဖက်တည်းဖြင့်ပင် ရေတွက်နိုင်ပါသည်။
ထို့အတွက် ကျီဖန်ယင်းသည် သူ့ကို သိပ်နားမလည်သောကြောင့် သူသည် ခက်ခဲသော ပစ်မှတ်ဖြစ်နေသည်။
ယခုအချိန်တွက် သူမသိသည့် အရာမျာနှစ်ခုသာ ရှိသေးသည်။ လီရှောက်ရှင်းသည် အလွန်ချမ်းသာပြီး ကျီရှင်းရှင်းသည် သူ့ကို အလွန်သဘောကျပါသည်။
မဟုတ်ဘူး၊ သူ့ကို သဘောကျတယ်လို့ ပြောတာဟာ သိပ်မမှန်ကန်ပေ။ ပိုအတိအကျပြောရလျှင် သူမသည် လီရှောက်ရှင်းကို အလွန်မြတ်နိုးသည်။ သူမရဲ့စိတ်ထဲတွင် လီရှောက်ရှင်းနှင့် တန်းတူရပ်တည်နေနိုင်သူဟာ ဘိုင်ကျိုးသာ ရှိသည်။
ထိုသို့သော အတွေးများဖြင့် ကျီဖန်ယင်းသည် သူမရှေ့တွင် ထိုင်နေသော စိတ်ကြီးသည့်အရုပ်လေးကို သေချာကြည့်လိုက်သည်။
"ဘာလဲ?" ဘိုင်ကျိုးက သူမကို စူးစူးရဲရဲ ပြန်ကြည့်သည်။
ကျီဖန်ယင်းက ရယ်ချင်တာကိုထိန်းရင်း နှုတ်ခမ်းကို လက်ညိုးထိုးပြကာ "ခရမ်းချဉ်သီး အချဉ်" လို့ ပြောလိုက်သည်။
ဘိုင်ကျိုးက ထိတ်လန့်သွားကာ လက်ဖမိုးဖြင့် အမြန်သုတ်လိုက်ပြီး "ဘာလို့်ဆက်ကြည့်နေတာလဲ။ ခဏနေ ကမ်းခြေကိုသွားကြမယ်။"
__________
Zawgyi
ေနာက္တစ္ေန႔တြင္ က်ီရွင္းရွင္းသည္ က်ီဖန္ယင္းကို ဖုန္းေခၚလာသည္။
"အစ္မ ဟက္ပီဘက္ေဒး!" က်ီရွင္းရွင္းက မခို႔တရို႔ ေျပာသည္ "ညီမအရမ္းအလုပ္ရွုပ္ေနလို႔ အခုမွ မမကိုဖုန္းဆက္နိုင္ေတာ့တယ္။ ေတာင္းပန္ပါတယ္ေနာ္။ အစ္မ အခုတေလာ ဘယ္လိုလဲ။ ဒီေန႔ ေဖေဖ ေမေမတို႔နဲ႔ ေမြးေန႔ပြဲလုပ္မွာလား။"
က်ီဖန္ယင္းသည္ ေလာေလာဆယ္တြင္ မနက္စာခ်က္ရင္း အလုပ္ရွုပ္ေနပါသည္။ သူမသည္ ျပတင္းေပါက္နားဆြင္ ပ်င္းရိစြာ ရပ္ေနၿပီး "ညီမေလးလည္း ဟက္ပီးဘက္ေဒးေနာ္" ဟု ျပန္ေျဖသည္။
က်ီရွင္းရွင္း၏ေမးခြန္းမ်ားကိုေျဖရန္ သူမ စိတ္မ၀င္စားေပ။
သို႔ေသာ္ က်ီရွင္းရွင္းသည္ သူမ၏ျပန္မေျဖမွုကို သိပ္စိတ္ထဲမထားေပ။ သူမကို ရႊင္လန္းစြာ ေက်းဇူးတင္ေၾကာင္းေျပာလိုက္ၿပီး "အရင္တုန္းက ညီမတို႔ ေမြးေန႔ဆို အျမဲတမ္း လက္ေဆာင္ေတြ အခ်င္းခ်င္းေပးခဲ့ၾကတယ္ေလ။ မမအတြက္ လက္ေဆာင္ကို ညီမ အိမ္ကိုပို႔ထားတယ္၊ မမ အခ်ိန္ရွိရန္ သြားယူလိုက္ဦးေနာ္။"
က်ီဖန္ယင္း : "..."
သူမသည္ စတီးေယာင္းမကို ကိုင္ထားရင္း ေလးေလးနက္နက္ ေတြးေတာလိုက္ရာ ထိုကဲ့သို႔ေသာ အစဥ္အလာ ရွိခဲ့သည္ကို မွတ္မိလိုက္သည္။
က်ီဖန္ယင္း၏လက္ေဆာင္သည္ က်ီဖန္ယင္း ေမြးေန႔တိုင္းတြင္ ရရွိခဲ့သည့္ တစ္ခုတည္းေသာလက္ေဆာင္ျဖစ္သည္။
"မမေရာ ညီမအတြက္ ဘာလက္ေဆာင္ပို႔ထားတာလဲ။ ညီမဆီ အထုပ္ေတြ အရမ္းအမ်ားႀကီး ေရာက္လာတယ္။ ေဖာက္ေနတာ နာရီေတြေတာင္ခ်ီေနၿပီကို မကုန္နိုင္ဘူးေလ။" ဟု က်ီဖန္ယင္းကေျပာသည္ "မမ ဒီႏွစ္ ညီမကို ဘာလက္ေဆာင္ေပးမလဲဆိုတာ ညီမ အရမ္းကို သိခ်င္ေနၿပီ။"
"မမ ဘာမွမျပင္ထားဘူး" က်ီဖန္ယင္းက ႏွလုံးသားမဲ့စြာ ျပန္ေျဖသည္ "ညီမေလးက အခု နိုင္ငံျခားမွာဆိုေတာ့ ျပန္ေရာက္တာနဲ႔ တစ္ခုျပင္ေပးထားမယ္။"
"အာ... အဲ့လိုလား။" က်ီဖန္ယင္းသည္ စကၠန႔္အနည္းငယ္မၽွ တိတ္ဆိတ္သြားသည္။ "ညီမ ေမၽွာ္ေနမယ္ေနာ္။"
"ညီမေလး ျပန္ေရာက္ဖို႔ ႏွစ္လလိုေသးတယ္မလား။"
အဲဒါကို ေမ့သြားနိုင္ေတာ့... သတိေပးခ်က္ ေရးထားရမယ္ထင္တာပဲ။
ၾကက္က ဥကိုဥေပးထားလို႔ ဥေပါက္ၿပီးၾကက္ေပါက္ေလးေတြ ထြက္လာတာေလ။ အဲ့ေတာ့ ဥဥေပးထားတဲ့ ပထမဆုံးၾကက္ကို ေလးစားမွုျပသင့္တာေပါ့။
က်ီဖန္ယင္းက "ႏွစ္လဆိုတာ ခဏေလးနဲ႔ ကုန္သြားမွာပါ။ တကယ္ေတာ့ ညီမတို႔ ေဝးၿပီးမေတြ႕ၾကတာ အဲ့ေလာက္ေတာင္မၾကာေသးတာကို မမ အရမ္းေျပာင္းလဲသြားၿပီလို႔ ခံစားေနရတယ္။ ညီမသာ မမရဲ့ညီမအရင္းမဟုတ္ရင္ မမကို လူစားထိုးထားတာလို႔ေတာင္ ထင္ေလာက္တယ္။"
က်ီဖန္ယင္း တိုးတိုးေလး ရယ္လိုက္သည္။ "တကယ္ အဲ့လိုဆိုရင္ေရာ။"
က်ီရွင္းရွင္းကလည္း "ဒါဆို... မမအေယာင္ေဆာင္ထားတဲ့ လူစားထိုးနဲ႔ အျမန္ေတြ႕ၾကည့္ရမွာေပါ့။"
အေနာက္မွ ေျခသံမ်ား ထြက္ေပၚလာသည္။
က်ီဖန္ယင္း လွည့္ၾကည့္လိုက္ရာ ဘိုင္က်ိဳးသည္ ေလွကားထစ္မ်ားေပၚမွ သူမကို ငုံ႔ၾကည့္ေနသည္။ သူမသည္ "မမမွာ လုပ္စရာရွိေသးလို႔။ ေနာက္မွေတြ႕ၾကတာေပါ့။" ဟုဆိုကာ အျမန္ဖုန္းခ်လိုက္သည္။
သူမသည္ အျမဲတမ္း ဖုန္းစခ်တတ္သူျဖစ္ကာ က်ီဖန္ယင္းသည္လည္း ဒါကို က်င့္သားရေနၿပီျဖစ္သည္။
"ဘယ္သူနဲ႔ ဖုန္းေျပာေနတာလဲ" ဘိုင္က်ိဳးက အနည္းငယ္ ပ်င္းရိစြာ ေမးသည္။
"သူငယ္ခ်င္းတစ္ေယာက္ပါ။ သူက မမကို ေမြးေန႔ ဆုေတာင္းေပးေနတာေလ။" က်ီဖန္ယင္းက ဘိုင္က်ိဳးရဲ့ ေမးခြန္းကို အမွန္တစ္ဝက္ျဖင့္သာ ေျဖလိုက္ၿပီး မနက္စာစားဖို႔ ေျပာလိုက္ပါသည္။
"လီေရွာက္ရွင္းလား။" ဘိုင္က်ိဳးက ေမးသည္။
"သူမဟုတ္ပါဘူး" က်ီဖန္ယင္းက ျပန္ေျဖသည္။
က်ီေရွာက္ရွင္းသည္ အျခားေသာ အမွိုက္ေကာင္မ်ားႏွင့္ ကြဲျပားသည္။ သူသည္ 'က်ီဖန္ယင္း'ကို က်ီရွင္းရွင္း၏ အစားထိုးအျဖစ္ သေဘာထားဆက္ဆံခဲ့ေသာ လူရွစ္ဦးအနက္မွ တစ္ဦးျဖစ္ေသာ္လည္း သူသည္ ထိုအဖြဲ႕ထဲတြင္ ပါ႐ုံသာပါသည္။ သူ 'က်ီဖန္ယင္း' ႏွင့္ ေတြ႕ခဲ့ေသာ အခ်ိန္မ်ားကို လက္တစ္ဖက္တည္းျဖင့္ပင္ ေရတြက္နိုင္ပါသည္။
ထို႔အတြက္ က်ီဖန္ယင္းသည္ သူ႔ကို သိပ္နားမလည္ေသာေၾကာင့္ သူသည္ ခက္ခဲေသာ ပစ္မွတ္ျဖစ္ေနသည္။
ယခုအခ်ိန္တြက္ သူမသိသည့္ အရာမ်ာႏွစ္ခုသာ ရွိေသးသည္။ လီေရွာက္ရွင္းသည္ အလြန္ခ်မ္းသာၿပီး က်ီရွင္းရွင္းသည္ သူ႔ကို အလြန္သေဘာက်ပါသည္။
မဟုတ္ဘူး၊ သူ႔ကို သေဘာက်တယ္လို႔ ေျပာတာဟာ သိပ္မမွန္ကန္ေပ။ ပိုအတိအက်ေျပာရလၽွင္ သူမသည္ လီေရွာက္ရွင္းကို အလြန္ျမတ္နိုးသည္။ သူမရဲ့စိတ္ထဲတြင္ လီေရွာက္ရွင္းႏွင့္ တန္းတူရပ္တည္ေနနိုင္သူဟာ ဘိုင္က်ိဳးသာ ရွိသည္။
ထိုသို႔ေသာ အေတြးမ်ားျဖင့္ က်ီဖန္ယင္းသည္ သူမေရွ႕တြင္ ထိုင္ေနေသာ စိတ္ႀကီးသည့္အ႐ုပ္ေလးကို ေသခ်ာၾကည့္လိုက္သည္။
"ဘာလဲ?" ဘိုင္က်ိဳးက သူမကို စူးစူးရဲရဲ ျပန္ၾကည့္သည္။
က်ီဖန္ယင္းက ရယ္ခ်င္တာကိုထိန္းရင္း ႏွုတ္ခမ္းကို လက္ညိဳးထိုးျပကာ "ခရမ္းခ်ဥ္သီး အခ်ဥ္" လို႔ ေျပာလိုက္သည္။
ဘိုင္က်ိဳးက ထိတ္လန႔္သြားကာ လက္ဖမိုးျဖင့္ အျမန္သုတ္လိုက္ၿပီး "ဘာလို႔္ဆက္ၾကည့္ေနတာလဲ။ ခဏေန ကမ္းေျခကိုသြားၾကမယ္။"
__________