"မင်းက ကျောင်းသားပဲရှိသေးတာ" ကျီဖန်ယင်း ရယ်မောကာ "မင်းသွားရမဲ့လမ်းက အဝေးလိုသေးတော့၊ အနာဂတ်ကလည်း သေချာပေါက် ပြောင်းလဲနေဦးမှာ။ အဝေးကြီးလိုသေးတဲ့ အနာဂတ်ကအရာတွေကို မမတို့ အခု ဆုံးဖြတ်ရတော့မှာလား။"
ဘိုင်ကျိုးက ငါ့ကို ကျီရှင်းရှင်းနဲ့မပြောခင် ဇာတ်ညွှန်းကို အစမ်းလေ့ကျင့်ဖို့ အစားထိုးလို့ မြင်တာမဟုတ်ဘူးလား။ သူက ငါ့ဖောက်သည်တွေထဲက ခေါင်းအမာဆုံးလူပဲကို။
"ကျွန်တော် အခု အဖြေလိုချင်တာ။" ဘိုင်ကျိုးသည် လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားပြီး "မမ ဘယ်လိုစဉ်းစားလဲဆိုတာ ကျွန်တော်အမှန်အတိုင်းကြားချင်တယ်။"
သေချာပေါက် ကျီဖန်ယင်းဆီကနေ အမှန်တိုင်းမကြားနိုင်ပေမဲ့ ကျီရှင်းရှင်းဆိုရင်တော့...
ကျီဖန်ယင်းသည် မျက်လွှာချကာ လေးနက်စွာ တွေးနေသည်။ ခဏကြာတော့ သူမသည် ခေါင်းကိုမော့ပြီး ပြုံးကာ "သိပြီ။ မမတို့ကြား မသေချာမရေရာတဲ့အရာတွေ အများကြီးရှိသေးတော့ ကတိတစ်ခုထားကြရအောင်။ မင်းရဲ့ ၂၁နှစ်ပြည့် မွေးနေ့အထိ ဒီလိုခံစားနေရသေးရင် ဒီမေးခွန်းကို မမဖြေပေးမယ်၊ ဟုတ်ပြီလား။"
ဘိုင်ကျိုးက မကျေနပ်စွာ နှုတ်ခမ်းကို တင်းတင်းကျပ်ကျပ် ဖိထားသည်။
ကျီဖန်ယင်းက "အဲဒီအချိန်အတွင်း ကျိုးကျိုးက တာဝန်ယူတတ်ပြီး အားကိုးရတဲ့ ယောကျ်ားတစ်ယောက်ဖြစ်လာတာကို မမမြင်ချင်တယ်။ မင်း မမကိုစိတ်ပျက်အောင်တော့ မလုပ်ဘူးမလား။"
သူမသည် ဘိုင်ကျိုး စိတ်ကောက်နေမည်ကို လုံးဝစိတ်မပူဘဲ ဘိုင်ကျိုးကို အပြုံးတစ်ခုဖြင့် ချော့လိုက်သည်။ နူးညံ့သိမ်မွေ့သော 'ကျီရှင်းရှင်း' နှင့် ရင်ဆိုင်ရတဲ့အချိန် သူ မည်သို့မှ စိတ်ဆိုးနိုင်မည်မဟုတ်ချေ။
သူမထင်ထားသည့်အတိုင်း ဘိုင်ကျိုးသည် ခေါင်းကိုလှည့်သွားပြီး နေရောင်အောက်တွင် သမ်းဝေလိုက်သည်။ "ကျွန်တော်ပင်ပန်းနေပြီ။"
ကျီဖန်ယင်း အိပ်ဖို့ ဗီလာကို ပြန်သွားရအောင်ဟု အကြံမပေးရသေးခင်မှာဘဲ ဘိုင်ကျိုးက သူမပေါင်ပေါ် ခေါင်းတင်ကာ အိပ်လိုက်သည်။
"တစ်ရေးအိပ်လိုက်ဦးမယ်" ဘိုင်ကျိုးသည် မျက်လုံးကိုမှိတ်ထားရင်း နှာသံဖြင့် ပြောသည် "နာရီဝက်နေရင် ကျွန်တော့်ကို နှိုးဦး။ အဲ့ကျမှ အနားယူဖို့ ပြန်ကြမယ်။"
ကျီဖန်ယင်း : "..."
အနားယူဖို့ ဗီလာကို ပြန်ဖို့ စိတ်ထဲရှိရင် ဘာကိစ္စနဲ့ ဒီမှာနာရီဝက်အိပ်နေသေးတာလဲ။
ဘိုင်ကျိုးက အိပ်ချင်ချင်၊ မအိပ်ချင်ချင် ဦးထုပ်ကို ဆွဲချပြီး မျက်လုံးမှိတ်ထားတာကြောင့် နာရီဝက်ကြာအောင် အိပ်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း သိသာပါသည်။
ကျီဖန်ယင်းသည် နာရီကိုတစ်ချက်ကြည့်ပြီး ဘိုင်ကျိုးနှင့်အတူ သူမဘဝ၏ မိနစ်သုံးဆယ်ကို ဖြုန်းတီးရန် စိတ်ဆုံးဖြတ်လိုက်သည်။
အနည်းဆုံးတော့ ရှုခင်းက သိပ်မဆိုးပါဘူး။ အခု ဘိုင်ကျိုးက စကားမပြောတာကြောင့် အားလပ်ရက်အဖြစ်တွေးပြီး စိတ်ကို နည်းနည်းဖြေလျော့ကြည့်တာပေါ့။
ဆယ်မိနစ်လောက်ကြာတော့ အဝေးမှ လှိုင်းပုတ်သံတွေကြား ဘိုင်ကျိုးရဲ့ အသက်ရှုသံများသည် တည်ငြိမ်သွားတော့သည်။
အပြင်မှာရှိနေတာတောင် သူသည် အမြန်အိပ်ပျော်သွားခဲ့သည်။ ကျီဖန်ယင်းသည် ဘိုင်ကျိုး၏အိပ်နေသောမျက်နှာကိုကြည့်ရန် မျက်လွှာချလိုက်သည်။ သူ့မျက်နှာတစ်ဝက်ကို ဦးထုပ်ဖြင့် ဖုံးအုပ်ထားသော်လည်း ကျန်တစ်ဝက်ကိုကြည့်တာနဲ့ပင် စိတ်မြန်လက်မြန်ရှိသော ဆွဲဆောင်မှုရှိသည့် ထက်မြက်သော လူငယ်တစ်ယောက်ဆိုတာ သိသာပါသည်။
ပေါင်ပေါ်မှာ အမျိုးသားတစ်ယောက် လှဲလျောင်းနေခြင်းက တခြားအမျိုးသမီးများအတွက် ရင်ခုန်စရာကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကျီဖန်ယင်းကတော့ သူမရဲ့ပေါင်များ ထုံကျင်နေသည်ကိုသာ ခံစားခဲ့ရပါသည
မိနစ်သုံးဆယ် အမြန်ကုန်ဆုံးသွားရန် စောင့်ဆိုင်းနေစဉ် ထိုင်ခုံ၏အနောက်မှ ခြေသံနှင့် ဘီးလုံးသံကို ကြားလိုက်ရသည်။ စူးစမ်းချင်စိတ်ဖြင့် သူမ နောက်သို့ လှည့်ကြည့်လိုက်ရာ လူနှစ်ယောက်ကို တွေ့လိုက်ရသည်။
တစ်ယောက်သည် wheelchairပေါ်တွင် ထိုင်နေပြီး ကျန်တစ်ယောက်ကတော့ တွန်းပေးနေသည်။
Wheelchairကို တွန်းပေးသည့် အမျိုးသားတွင် အရှေ့အာရှ မျက်နှာအသွင်အပြင်ရှိသည်။ သူသည် အတွင်းရေးမှုး သို့မဟုတ် လက်ထောက်ဟု ပြောနိုင်လောက်မည့် သပ်ရပ်သောအနောက်တိုင်းဝတ်စုံကို ၀တ်ဆင်ထားသည်။
Wheelchairတွင်ထိုင်နေသည့် အမျိုးသားအ၏အသွင်အပြင်သည် နိုင်ငံခြားအသွင်အပြင်ကိုမှ အနည်းငယ် နူးညံ့သိမ်မွေ့သောကြောင့် သူ့၏နောက်ခံကို ခန့်မှန်းရန်မှာ ပိုမိုခက်ခဲသည်။ သူ့အသားအရည်သည် လူပမာကဲ့သို့ ဖျော့တော့နေပြီး မျက်လုံးများသည် အနည်းငယ် မှိန်ဖျော့နေသည်။ သူ့မျက်နှာသည် ခံစားချက်ကင်းမဲ့နေသဖြင့် အသွင်အပြင်သည် လက်ရာမြောက်သော်လည်း အသက်မရှိသော အရုပ်တစ်ရုပ်ကဲ့သို့ ပုံစံပေါက်နေသည်။
အထက်တန်းလွှာမိသားစုတစ်ခုမှ နာမကျန်းဖြစ်နေသော ဆွေမျိုးတစ်ယောက်က လက်ရှိတွင် ခရီးသွားနေခြင်းဖြစ်နိုင်ည်။
ကျီဖန်ယင်း တွေးနေတုန်းမှာပင် အနောက်မှ အတွင်းရေးမှူးနှင့် မျက်လုံးချင်းဆုံသွားတယ်။ သူမသည် ပြုံးပြကာ နှုတ်ခမ်းကို လက်ညိုးဖြင့်ကပ်ကာ တိတ်တိတ်နေရန် အမူအရာပြလိုက်သည်။
အတွင်းရေးမှူးသည် သူမကိုတွေ့ချိန်တွင် အံ့သြသွားပုံပေါ်သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် တုံ့ပြန်သောသဘောဖြင့် ခေါင်းညိတ်လိုက်သည်။
ကျီဖန်ယင်းသည် သူတို့ဆီမှ အကြည့်ကို ဆုတ်ကာ အပြာရောင်ပင်လယ်ကြီးဆီသို့ ပြန်ပို့လိုက်သည်။ Wheelchairသည် ထိုနေရာ၌ စက္ကန့်အတော်ကြာရပ်နေပြီးမှ နောက်တစ်ကြိမ် ရှေ့သို့ရွေ့လာကြောင်းကို အသံမှ သူမပြောနိုင်သည်။
ထို့နောက် သူမ၏ ခုံတန်းလေးဘေးတွင် ရပ်တန့်သွားသည်။
___________
Zawgyi
"မင္းက ေက်ာင္းသားပဲရွိေသးတာ" က်ီဖန္ယင္း ရယ္ေမာကာ "မင္းသြားရမဲ့လမ္းက အေဝးလိုေသးေတာ့၊ အနာဂတ္ကလည္း ေသခ်ာေပါက္ ေျပာင္းလဲေနဦးမွာ။ အေဝးႀကီးလိုေသးတဲ့ အနာဂတ္ကအရာေတြကို မမတို႔ အခု ဆုံးျဖတ္ရေတာ့မွာလား။"
ဘိုင္က်ိဳးက ငါ့ကို က်ီရွင္းရွင္းနဲ႔မေျပာခင္ ဇာတ္ညႊန္းကို အစမ္းေလ့က်င့္ဖို႔ အစားထိုးလို႔ ျမင္တာမဟုတ္ဘူးလား။ သူက ငါ့ေဖာက္သည္ေတြထဲက ေခါင္းအမာဆုံးလူပဲကို။
"ကၽြန္ေတာ္ အခု အေျဖလိုခ်င္တာ။" ဘိုင္က်ိဳးသည္ လက္သီးမ်ားကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ထားၿပီး "မမ ဘယ္လိုစဥ္းစားလဲဆိုတာ ကၽြန္ေတာ္အမွန္အတိုင္းၾကားခ်င္တယ္။"
ေသခ်ာေပါက္ က်ီဖန္ယင္းဆီကေန အမွန္တိုင္းမၾကားနိုင္ေပမဲ့ က်ီရွင္းရွင္းဆိုရင္ေတာ့...
က်ီဖန္ယင္းသည္ မ်က္လႊာခ်ကာ ေလးနက္စြာ ေတြးေနသည္။ ခဏၾကာေတာ့ သူမသည္ ေခါင္းကိုေမာ့ၿပီး ျပဳံးကာ "သိၿပီ။ မမတို႔ၾကား မေသခ်ာမေရရာတဲ့အရာေတြ အမ်ားႀကီးရွိေသးေတာ့ ကတိတစ္ခုထားၾကရေအာင္။ မင္းရဲ့ ၂၁ႏွစ္ျပည့္ ေမြးေန႔အထိ ဒီလိုခံစားေနရေသးရင္ ဒီေမးခြန္းကို မမေျဖေပးမယ္၊ ဟုတ္ၿပီလား။"
ဘိုင္က်ိဳးက မေက်နပ္စြာ ႏွုတ္ခမ္းကို တင္းတင္းက်ပ္က်ပ္ ဖိထားသည္။
က်ီဖန္ယင္းက "အဲဒီအခ်ိန္အတြင္း က်ိဳးက်ိဳးက တာဝန္ယူတတ္ၿပီး အားကိုးရတဲ့ ေယာက်္ားတစ္ေယာက္ျဖစ္လာတာကို မမျမင္ခ်င္တယ္။ မင္း မမကိုစိတ္ပ်က္ေအာင္ေတာ့ မလုပ္ဘူးမလား။"
သူမသည္ ဘိုင္က်ိဳး စိတ္ေကာက္ေနမည္ကို လုံးဝစိတ္မပူဘဲ ဘိုင္က်ိဳးကို အျပဳံးတစ္ခုျဖင့္ ေခ်ာ့လိုက္သည္။ ႏူးညံ့သိမ္ေမြ႕ေသာ 'က်ီရွင္းရွင္း' ႏွင့္ ရင္ဆိုင္ရတဲ့အခ်ိန္ သူ မည္သို႔မွ စိတ္ဆိုးနိုင္မည္မဟုတ္ေခ်။
သူမထင္ထားသည့္အတိုင္း ဘိုင္က်ိဳးသည္ ေခါင္းကိုလွည့္သြားၿပီး ေနေရာင္ေအာက္တြင္ သမ္းေဝလိုက္သည္။ "ကၽြန္ေတာ္ပင္ပန္းေနၿပီ။"
က်ီဖန္ယင္း အိပ္ဖို႔ ဗီလာကို ျပန္သြားရေအာင္ဟု အႀကံမေပးရေသးခင္မွာဘဲ ဘိုင္က်ိဳးက သူမေပါင္ေပၚ ေခါင္းတင္ကာ အိပ္လိုက္သည္။
"တစ္ေရးအိပ္လိုက္ဦးမယ္" ဘိုင္က်ိဳးသည္ မ်က္လုံးကိုမွိတ္ထားရင္း ႏွာသံျဖင့္ ေျပာသည္ "နာရီဝက္ေနရင္ ကၽြန္ေတာ့္ကို ႏွိုးဦး။ အဲ့က်မွ အနားယူဖို႔ ျပန္ၾကမယ္။"
က်ီဖန္ယင္း : "..."
အနားယူဖို႔ ဗီလာကို ျပန္ဖို႔ စိတ္ထဲရွိရင္ ဘာကိစၥနဲ႔ ဒီမွာနာရီဝက္အိပ္ေနေသးတာလဲ။
ဘိုင္က်ိဳးက အိပ္ခ်င္ခ်င္၊ မအိပ္ခ်င္ခ်င္ ဦးထုပ္ကို ဆြဲခ်ၿပီး မ်က္လုံးမွိတ္ထားတာေၾကာင့္ နာရီဝက္ၾကာေအာင္ အိပ္ရန္ စိတ္ပိုင္းျဖတ္ထားေၾကာင္း သိသာပါသည္။
က်ီဖန္ယင္းသည္ နာရီကိုတစ္ခ်က္ၾကည့္ၿပီး ဘိုင္က်ိဳးႏွင့္အတူ သူမဘဝ၏ မိနစ္သုံးဆယ္ကို ျဖဳန္းတီးရန္ စိတ္ဆုံးျဖတ္လိုက္သည္။
အနည္းဆုံးေတာ့ ရွုခင္းက သိပ္မဆိုးပါဘူး။ အခု ဘိုင္က်ိဳးက စကားမေျပာတာေၾကာင့္ အားလပ္ရက္အျဖစ္ေတြးၿပီး စိတ္ကို နည္းနည္းေျဖေလ်ာ့ၾကည့္တာေပါ့။
ဆယ္မိနစ္ေလာက္ၾကာေတာ့ အေဝးမွ လွိုင္းပုတ္သံေတြၾကား ဘိုင္က်ိဳးရဲ့ အသက္ရွုသံမ်ားသည္ တည္ၿငိမ္သြားေတာ့သည္။
အျပင္မွာရွိေနတာေတာင္ သူသည္ အျမန္အိပ္ေပ်ာ္သြားခဲ့သည္။ က်ီဖန္ယင္းသည္ ဘိုင္က်ိဳး၏အိပ္ေနေသာမ်က္ႏွာကိုၾကည့္ရန္ မ်က္လႊာခ်လိုက္သည္။ သူ႔မ်က္ႏွာတစ္ဝက္ကို ဦးထုပ္ျဖင့္ ဖုံးအုပ္ထားေသာ္လည္း က်န္တစ္ဝက္ကိုၾကည့္တာနဲ႔ပင္ စိတ္ျမန္လက္ျမန္ရွိေသာ ဆြဲေဆာင္မွုရွိသည့္ ထက္ျမက္ေသာ လူငယ္တစ္ေယာက္ဆိုတာ သိသာပါသည္။
ေပါင္ေပၚမွာ အမ်ိဳးသားတစ္ေယာက္ လွဲေလ်ာင္းေနျခင္းက တျခားအမ်ိဳးသမီးမ်ားအတြက္ ရင္ခုန္စရာေကာင္းေသာ အျဖစ္အပ်က္တစ္ခု ျဖစ္ေကာင္းျဖစ္နိုင္ေပမယ့္ က်ီဖန္ယင္းကေတာ့ သူမရဲ့ေပါင္မ်ား ထုံက်င္ေနသည္ကိုသာ ခံစားခဲ့ရပါသည
မိနစ္သုံးဆယ္ အျမန္ကုန္ဆုံးသြားရန္ ေစာင့္ဆိုင္းေနစဥ္ ထိုင္ခုံ၏အေနာက္မွ ေျခသံႏွင့္ ဘီးလုံးသံကို ၾကားလိုက္ရသည္။ စူးစမ္းခ်င္စိတ္ျဖင့္ သူမ ေနာက္သို႔ လွည့္ၾကည့္လိုက္ရာ လူႏွစ္ေယာက္ကို ေတြ႕လိုက္ရသည္။
တစ္ေယာက္သည္ wheelchairေပၚတြင္ ထိုင္ေနၿပီး က်န္တစ္ေယာက္ကေတာ့ တြန္းေပးေနသည္။
Wheelchairကို တြန္းေပးသည့္ အမ်ိဳးသားတြင္ အေရွ႕အာရွ မ်က္ႏွာအသြင္အျပင္ရွိသည္။ သူသည္ အတြင္းေရးမွုး သို႔မဟုတ္ လက္ေထာက္ဟု ေျပာနိုင္ေလာက္မည့္ သပ္ရပ္ေသာအေနာက္တိုင္းဝတ္စုံကို ၀တ္ဆင္ထားသည္။
Wheelchairတြင္ထိုင္ေနသည့္ အမ်ိဳးသားအ၏အသြင္အျပင္သည္ နိုင္ငံျခားအသြင္အျပင္ကိုမွ အနည္းငယ္ ႏူးညံ့သိမ္ေမြ႕ေသာေၾကာင့္ သူ႔၏ေနာက္ခံကို ခန့္မွန္းရန္မွာ ပိုမိုခက္ခဲသည္။ သူ႔အသားအရည္သည္ လူပမာကဲ့သို႔ ေဖ်ာ့ေတာ့ေနၿပီး မ်က္လုံးမ်ားသည္ အနည္းငယ္ မွိန္ေဖ်ာ့ေနသည္။ သူ႔မ်က္ႏွာသည္ ခံစားခ်က္ကင္းမဲ့ေနသျဖင့္ အသြင္အျပင္သည္ လက္ရာေျမာက္ေသာ္လည္း အသက္မရွိေသာ အ႐ုပ္တစ္႐ုပ္ကဲ့သို႔ ပုံစံေပါက္ေနသည္။
အထက္တန္းလႊာမိသားစုတစ္ခုမွ နာမက်န္းျဖစ္ေနေသာ ေဆြမ်ိဳးတစ္ေယာက္က လက္ရွိတြင္ ခရီးသြားေနျခင္းျဖစ္နိုင္ည္။
က်ီဖန္ယင္း ေတြးေနတုန္းမွာပင္ အေနာက္မွ အတြင္းေရးမွူးႏွင့္ မ်က္လုံးခ်င္းဆုံသြားတယ္။ သူမသည္ ျပဳံးျပကာ ႏွုတ္ခမ္းကို လက္ညိဳးျဖင့္ကပ္ကာ တိတ္တိတ္ေနရန္ အမူအရာျပလိုက္သည္။
အတြင္းေရးမွူးသည္ သူမကိုေတြ႕ခ်ိန္တြင္ အံ့ၾသသြားပုံေပၚသည္။ စကၠန႔္အနည္းငယ္ၾကာၿပီးေနာက္ တုံ႔ျပန္ေသာသေဘာျဖင့္ ေခါင္းညိတ္လိုက္သည္။
က်ီဖန္ယင္းသည္ သူတို႔ဆီမွ အၾကည့္ကို ဆုတ္ကာ အျပာေရာင္ပင္လယ္ႀကီးဆီသို႔ ျပန္ပို႔လိုက္သည္။ Wheelchairသည္ ထိုေနရာ၌ စကၠန့္အေတာ္ၾကာရပ္ေနၿပီးမွ ေနာက္တစ္ႀကိမ္ ေရွ႕သို႔ေရြ႕လာေၾကာင္းကို အသံမွ သူမေျပာနိုင္သည္။
ထို႔ေနာက္ သူမ၏ ခုံတန္းေလးေဘးတြင္ ရပ္တန႔္သြားသည္။
_________