တစ်နာရီတစ်သိန်း အစားထိုးချစ်သူ

By Anaisa365

349K 43.5K 541

Title - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDI... More

↪ဇာတ်လမ်းမိတ်ဆက်↩
အခန်း၁
အခန်း၂
အခန်း၃
အခန်း၄
အခန်း၅
အခန်း၆
အခန်း၇
အခန်း၈
အခန်း၉
အခန်း၁၀
အခန်း၁၁
အခန်း၁၂
အခန်း၁၃
အခန်း၁၄
အခန်း၁၅
အခန်း၁၆
အခန်း၁၇
အခန်း၁၈
အခန်း၁၉
အခန်း၂၀
အခန်း၂၁
အခန်း၂၂
အခန်း၂၃
အခန်း၂၄
အခန်း၂၅
အခန်း၂၆
အခန်း၂၇
အခန်း၂၈
အခန်း၂၉
အခန်း၃၀
အခန်း၃၁
အခန်း၃၂
အခန်း၃၃
အခန်း၃၄
အခန်း၃၅
အခန်း၃၆
အခန်း၃၇
အခန်း၃၈
အခန်း၃၉
အခန်း၄၀
အခန်း၄၁
အခန်း၄၂
အခန်း၄၃
အခန်း၄၄
အခန်း၄၅
အခန်း၄၆
အခန်း၄၇
အခန်း၄၈
အခန်း၄၉
အခန်း၅၀
အခန်း၅၁
အခန်း၅၂
အခန်း၅၃
အခန်း၅၄
အခန်း၅၅
အခန်း၅၆
အခန်း၅၇
အခန်း၅၈
အခန်း၅၉
အခန်း၆၀
အခန်း၆၁
အခန်း၆၂
အခန်း၆၃
အခန်း၆၄
အခန်း၆၅
အခန်း၆၆
အခန်း၆၇
အခန်း၆၈
အခန်း၆၉
အခန်း၇၀
အခန်း၇၁
အခန်း၇၂
အခန်း၇၃
အခန်း၇၄
အခန်း၇၅
အခန်း၇၆
အခန်း၇၇
အခန်း၇၈
အခန်း၇၉
အခန်း၈၀
အခန်း၈၁
အခန်း၈၂
အခန်း၈၃
အခန်း၈၄
အခန်း၈၅
အခန်း၈၆
အခန်း၈၇
အခန်း၈၈
အခန်း၈၉
အခန်း၉၀
အခန်း၉၁
အခန်း၉၂
အခန်း၉၃
အခန်း၉၄
အခန်း၉၅
အခန်း၉၆
အခန်း၉၇
အခန်း၉၈
အခန်း၉၉
အခန်း၁၀၀
အခန်း၁၀၂
အခန်း၁၀၃
အခန်း၁၀၄
အခန်း၁၀၅
အခန်း၁၀၆
အခန်း၁၀၇
အခန်း၁၀၈
အခန်း၁၀၉
အခန်း၁၁၀
အခန်း၁၁၁
အခန်း၁၁၂
အခန်း၁၁၃
အခန်း၁၁၄
အခန်း၁၁၅
အခန်း၁၁၆
အခန်း၁၁၇
အခန်း၁၁၈
အခန်း၁၁၉
အခန်း၁၂၀
အခန်း၁၂၁
အခန်း၁၂၂
အခန်း၁၂၃
အခန်း၁၂၄
အခန်း၁၂၅
အခန်း၁၂၆
အခန်း၁၂၇
အခန်း၁၂၈
အခန်း၁၂၉
အခန်း၁၃၀
အခန်း၁၃၁
အခန်း၁၃၂
အခန်း၁၃၃
အခန်း၁၃၄
အခန်း၁၃၅
အခန်း၁၃၆
အခန်း၁၃၇
အခန်း၁၃၈
အခန်း၁၃၉
အခန်း၁၄၀
အခန်း၁၄၁
အခန်း၁၄၂
အခန်း၁၄၃
အခန်း၁၄၄
အခန်း၁၄၅
အခန်း၁၄၆
အခန်း၁၄၇
အခန်း၁၄၈
အခန်း၁၄၉
အခန်း၁၅၀
အခန်း၁၅၁
အခန်း၁၅၂
အခန်း၁၅၃
အခန်း၁၅၄
အခန်း၁၅၅
အခန်း၁၅၆
အခန်း၁၅၇
အခန်း၁၅၈
အခန်း၁၅၉
အခန်း၁၆၀
အခန်း၁၆၁
အခန်း၁၆၂
အခန်း၁၆၃
အခန်း၁၆၄
အခန်း၁၆၅
အခန်း၁၆၆
အခန်း၁၆၇
အခန်း၁၆၈
အခန်း၁၆၉
အခန်း၁၇၀
အခန်း၁၇၁
အခန်း၁၇၂
အခန်း၁၇၃
အခန်း၁၇၄
အခန်း၁၇၅
အခန်း၁၇၆
အခန်း၁၇၇
အခန်း၁၇၈
အခန်း၁၇၉
အခန်း၁၈၀
အခန်း၁၈၁
အခန်း၁၈၂
အခန်း၁၈၃
အခန်း၁၈၄
အခန်း၁၈၅
အခန်း၁၈၆
အခန်း၁၈၇
အခန်း၁၈၈
အခန်း၁၈၉
အခန်း၁၉၀
အခန်း၁၉၁
အခန်း၁၉၂
အခန်း၁၉၃
အခန်း၁၉၄
အခန်း၁၉၅
အခန်း၁၉၆
အခန်း၁၉၇
အခန်း၁၉၈
Announcement!!

အခန်း၁၀၁

1.7K 248 6
By Anaisa365

ဘိုင်ကျိုးက 'မလိုတော့ဘူး' ဟုပြောလိုက်တာ ကံကောင်းပါတယ်။ မိနစ်အနည်းငယ်အတွင်းမှာပဲ သူတို့ဟာ မြင့်မားတဲ့ ရှုခင်းကြည့်​သည့် ပလက်​ဖောင်းတစ်ခုဆီသို့ ရောက်သွားခဲ့သည်။

ပလက်ဖောင်းကို ပင်လယ်ပြင်အနီးတွင် ဆောက်လုပ်ထားတာကြောင့် ပင်လယ်ပြင်၏ကျယ်ပြောလှသော အံ့​သြဖွယ်ရှုခင်းကို မြင်နိုင်ခဲ့သည်။

ကျီဖန်ယင်းသည် လက်ရှိအချိန်ကို ကြည့်ကာ ဘိုင်ကျိုး သူမကို ဘာကြောင့် ဒီနေရာကိုခေါ်လာတာလဲ ဆိုတာ အဖြေရှာဖို့ မခက်ပေမယ့် "ဒီနေရာက ဘာလဲ" လို့တော့ မေးလိုက်ပါသည်။

"နေ့သစ်တစ်ခုရဲ့အစကို ကြည့်လို့ရမယ့်နေရာ။" ဘိုင်ကျိုးက စက်ဘီးကို ဘေးတွင် ရပ်လိုက်ပြီး "ကျွန်တော် ဆန်တိုရီနီကိုလာတိုင်း ပန်းချီဆွဲဖို့ ဒီကို အမြဲရောက်တယ်။ နေထွက်တာကို ကြည့်လို့ရတဲ့ နေရာတွေ အများကြီးရှိတယ်ဆိုပေမယ့် ဆန်တိုရီနီက နေထွက်ချိန်က ကျွန်တော်မြင်ဖူးသမျှတွေထဲက စိတ်ကူးယဉ်အဆန်ဆုံးပဲ။"

"အဲ့တော့ မင်းအရမ်းသဘောကျတဲ့နေထွက်ချိန်ကို မမကို ပြချင်လို့ အရမ်းတက်ကြွနေခဲ့တာလား။" ကျီဖန်ယင်းက ပြုံးပြုံးရွှင်ရွှင်ဖြင့် မေးသည်။

ဘိုင်ကျိုးက သူမကို ခဏလောက်ကြည့်ရင်း မျက်လုံးများသည် မဝံ့မရဲပုံစံဖြင့် "...အင်း၊ မမလည်း သဘောကျရင်ကောင်းမှာပဲ။"

ကျီဖန်ယင်းသည် ပလက်ဖောင်းပေါ်ရှိ ခုံတန်းလျားတစ်ခုတွင် ထိုင်လိုက်ကာ သူမဘေးရှိ လွတ်နေသောနေရာကို ပုတ်ပြပြီး "လာထိုင်လဲ့။"

ဘိုင်ကျိုးက မဝံ့မရဲ လျှောက်လာပြီး သူမဘေးမှာ ဝင်ထိုင်လိုက်တယ်။ သူ၏ ထိုင်ပုံထိုင်နည်းသည် ခါတိုင်းကဲ့သို့ မာနကြီးသည့်အသွင်နှင့် မတူဘဲ ရိုကျိုးနေ၏။

"ဘယ်လိုလုပ် သဘောမကျဘဲနေမှာလ။" ကျီဖန်ယင်းက တိုးတိုးလေးရယ်ပြီး ပြန်ပြောသည်။ "မင်းတန်ဖိုးထားတဲ့အရာကို မမကိုပြခဲ့တာဆိုတော့ မမလည်းမင်းအတိုင်း မြတ်နိုးတာပေါ့။"

ကျီရှင်းရှင်းသာ ဤကဲ့သို့ တူညီသော အခြေအနေတွင်ရှိနေခဲ့မည်ဆိုလျှင် သူမသည်လည်း ဒီကဲ့သို့သော စကားများကို ပြောပါလိမ့်မည်။

ထိုစကားများကိုကြားသောအခါ ဘိုင်ကျိုး၏အမူအရာမှာ သိသိသာသာ ​ပြေလျော့သွားခဲ့သည်။ သူက ခုံတန်းလျားပေါ် မှီလိုက်ပြီး "ဒီကို ပထမဆုံးအကြိမ် စရောက်ခဲ့တုန်းက ကျွန်တော်တို့ မိသားစုလိုက်လာခဲ့ကြတာ။ ဒါပေမယ့် တစ်ရက်တောင်မပြည့်သေးဘဲ သူတို့နှစ်ယောက်က ရန်ဖြစ်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် အော်နေကြတုန်း ကျွန်တော်ခိုးထွက်လာပြီး ဒီနေရာကိုရှာတွေ့ခဲ့တာ။ အဲဒီတုန်းကလည်း တိုက်တိုက်ဆိုင်ဆိုင် နေထွက်ချိန်လေ။"

ကျီဖန်ယင်းသည် သူ့ကို ခေါင်းညိမ့်ပြကာ သူပြောနေသော ပုံပြင်ကို စိတ်ဝင်စားစွာ နားထောင်​ပေးသည်။

"... ကျွန်​တော် ပြန်​ရောက်တဲ့ချိန်ကျ သူတို့ရန်ဖြစ်တာရပ်သွားပါစေစလို့ နေကိုကြည့်ရင်း ဆုတောင်းခဲ့တယ်။" ဘိုင်ကျိုးသည် သူ့ရှေ့မှ ကျယ်ပြောလှသော ပင်လယ်ပြင်ကို ကြည့်ရင်း စကားပြောနေသည်။ "တကယ်လည်း ကျွန်တော် ပြန်ရောက်တဲ့အချိန် သူတို့ရန်ဖြစ်တာ ရပ်သွားကြပြီ။ ကျွန်​တော် ပျောက်သွားလို့ စိုးရိမ်ပြီး လိုက်ရှာနေခဲ့ကြတာလေ၊ သူတို့နှစ်ယောက်က။ အဲဒီတုန်းက သူတို့နှစ်ယောက်က တကယ့်မိဘတွေနဲ့တူတယ်လို့ ကျွန်တော်ခံစားလိုက်ရတဲ့ တစ်ခုတည်းသောအချိန်ပဲ။"

ကျီဖန်ယင်းက ဒီအကြောင်းကို တစ်ခါမှ မသိခဲ့သေယ်လည်း သူမ အရမ်းအံ့သြမသွားပေ။

ဟုတ်တာပေါ့၊ ကလေးတုန်းက စိတ်ဒဏ်ရာတွေသာမရှိခဲ့ရင် ဘယ်လိုလုပ်မျက်လုံးကန်းပြီး သူ့ကိုမချစ်တဲ့မိန်းမတစ်ယောက်ကိုပဲ အရူးအမူးစွဲလမ်းနေမှာလဲ။

ဘိုင်ကျိုးသည် ကျီရှင်းရှင်း၏ ဟန်ဆောင်မှုများကို မြင်နိုင်လောက်အောင် ထက်မြက်​သော်လည်း ကျီရှင်းရှင်း သူ့ကို လှည့်စားတာကို ခံနေရသေးပါသည်။

ကျီရှင်းရှင်း သူ့ကို အသုံးပြုခဲ့သည့် လှည့်ကွက်များကို သိပ်မပါးနပ်သလို မည်သူမဆိုလည်း အလွယ်တကူ အသုံးပြုနိုင်သော အရာများဖြစ်သည်။ လှည့်ကွက်များ အလုပ်ဖြစ်၊ မဖြစ်ဆိုတာက အသုံးပြုသည့်လူများနှင့် သူတို့၏ပစ်မှတ်များအပေါ်တွင်မူတည်ပါသည်။

ဝေးကွာသော မိုးကုတ်စက်ဝိုင်း​ပေါ်တွင် နေထွက်တေ့မည့် အရိပ်အယောင်ဖြစ်သော ရွှေရောင်နယ်နိမိတ်တစ်ခု စတင်ဖွဲ့စည်းလာခဲ့သည်။

"...ဘာပဲဖြစ်ဖြစ် ကျွန်​တော် သူတို့အချစ်ကို မလိုပါဘူး" ဘိုင်ကျိုးက ရေရွတ်သည် "ကျွန်တော့်နားမှာ မမရှိသရွေ့ တခြားဘယ်သူ့ကိုမှ မလိုဘူး။"

ကျီဖန်ယင်းက ဘိုင်ကျိုးကိုကြည့်ပြီး "အရင်နေထွက်နေတဲ့အချိန် မင်းဆုတောင်းခဲ့တာ တကယ်ဖြစ်လာခဲ့တယ်မလား။"

"အင်း" ဘိုင်ကျိုးက ရှက်ရွံ့သောအပြုံးတစ်ခုဖြင့် "ကျွန်​တော် အဲဒါက တိုက်ဆိုင်တယ်ဆိုတာ သိပါတယ်။ ကျွန်တော် အဲ့လိုအရာတွေကို ယုံတတ်တဲ့ ကလေးလေးမဟုတ်တော့ဘူး။"

"ဒါပေမယ့် မမယုံတယ်လေ။" ကျီဖန်ယင်းသည် ဘိုင်ကျိုး၏ ဦးထုပ်ကို ညင်သာစွာ ထိလိုက်ပြီး "မမမှာ ဆုတောင်းချင်တဲ့အရာတစ်ခုရှိတယ်။"

ပင်လယ်မျက်နှာပြင်ပေါ်တွင် ပထမဆုံးနေရောင်ခြည်သည် တောက်ပစွာ ကျ​ရောက်လာသောအခါ ကျီဖန်ယင်းသည် သူမ၏လက်များကို ဆုပ်ကာ ဆုတောင်းခဲ့သည်။

သုံးနှစ်အတွင်း ငါးဘီလီယံ၊ ငါးနှစ်အတွင်း ဆယ်ဘီလီယံနှုန်းနဲ့ ပိုက်ဆံလိုချင်ပါတယ်။ နောက်ဆုံးငွေပြည့်သွားရင် အိမ်ပြန်ချင်ပြီး ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းချင်ပါတယ်။

သူမ မျက်လုံးဖွင့်လိုက်တော့ ဘေးနားရှိ ဘိုင်ကျိုးဆီမှ ငြီးတွားသံကို ကြားလိုက်ရသည် "မမ ဆုတောင်းမဲ့အစား ကျွန်​တော့်ကို ပြောပြသင့်တယ်၊ ဒါဆို ကျွန်တော်လုပ်ပေးလို့ ရတာပေါ့။ အနည်းဆုံး ဒီသဘာဝအဲယားကွန်းကြီးထပ် ပိုစိတ်ချရတယ်..."

ကျီဖန်ယင်းက ခေါင်းကို လှည့်ပြီး "တကယ်ပြောတာလား။"

ဘိုင်ကျိုးသည် ခဏတာ အံ့ဩသွားပြီးနောက် လျင်မြန်စွာ ခေါင်းညိတ်ကာ "ဒါပေါ့၊ ကျွန်တော် မမကို မလိမ်ပါဘူး။"

"ဒါဆို မမဆုတောင်းကို ပြော​ပြမယ်။" ကျီဖန်ယင်း၏ မျက်လုံးများသည် နူးညံ့သော လခြမ်း​ကွေးများအဖြစ်သို့ ကွေးသွားပြီး "ဆုတောင်းပြည့်သွားတဲ့ ပျော်နေတဲ့ ဘိုင်ကျိုးအသေးလေးကိူ မမ​ရှေ့ ပြန်ခေါ်လာပြီး ပြုံးပြခိုင်းလို့ရမလားလို့ နေမင်းကြီးကို မေးခဲ့တာလေ။"

ဘိုင်ကျိုး၏ မျက်လုံးများ ပြူးသွားသည်။

ကျီဖန်ယင်းက ရယ်မောရင်း ဘိုင်ကျိုးရဲ့ မျက်နှာတစ်ဝက်​လောက်ကို ဖုံးထားသော ဦးထုပ်ကို ချွတ်ကာ သူ၏ဆံပင်များကို ပွတ်သပ်လိုက်သည်။

"တခါတလေ မင်းကို မမပျော်အောင်မလုပ်ပေးနိုင်ဘူးလို့ ခံစားရတယ်။ မင်းက မမနားမှာ ရှိနေတဲ့အချိန် ပြုံးမှမပြုံးတာကို" လို့ သူမက ဆိုပါသည်။

"အဲ့လိုမဟုတ်ပါဘူး။" ဘိုင်ကျိုးက ခပ်တိုးတိုးပြောလိုက်သည်။

"ဒါဆို မမဆုတောင်းကို ဖြည့်ပေးလို့ရပြီလား။"

ဘိုင်ကျိုးသည် ရှက်ရွံ့ပြီး နေရခက်စွာ ခေါင်းကို လှည့်လိုက်သည်။ စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်နေပြီးနောက် လည်ချောင်းကို ရှင်းကာ "ဘိုင်ကျိုးအသေးလေးက 'မမ ကျေးဇူးတင်ပါတယ်'တဲ့။"

ကျီဖန်ယင်း : "..."

ဒီတစ်​ခေါက်တော့ ငတုံးဘိုင်ကျိုးက တကယ်ကို တုံးတုံးအအနဲ့ ချစ်ဖို့ကောင်းတယ်လို့ ထင်ရတယ်။

"မမနဲ့ နှစ်တိုင်း ဒီကိုလာပြီး နေထွက်တာကိုကြည့်ချင်တယ်။" ဟု ဘိုင်ကျိုးက ပြာယာခတ်စွာ ပြောသည်။

ကျီဖန်ယင်းသည် သူရုတ်တရက် ​ခေါင်းစဉ်ကို ကြိုးကြိုးစားစားပြောင်းလဲလိုက်သည်ကို ခံစားခဲ့ရသော်လည်း သူမကဲ့သို့ ပရော်ဖက်ရှင်နယ်တစ်ယောက်သည် လိမ္မာပါးနပ်စွာ ထောက်ပြမည်မဟုတ်ပေ။

ကျီရှင်းရှင်းသည် ဂရုတစိုက်ရှိပြီး ကြင်နာတတ်သူပုံဖမ်းထားတာဖြစ်သည်။

"မင်းဒီကို​ပြန်လာချင်တိုင်း မမလိုက်ခဲ့​ပေးမှာပေါ့။"

ငါအားပြီး၊ မင်းလည်း လုံလုံလောက်လောက် ပေးရင်ပေါ့။

ခုံတန်းလေးပေါ်တွင် အတူတူထိုင်နေကြသည်မှာ သိပ်မကြာသေးဟု ခံစား​နေရသော်လည်း နေက ကောင်းကင်ပေါ်သို့ တက်နေပြီဖြစ်သည်။

ကျီဖန်ယင်းသည် သူမနေကာမျက်မှန်ကို မယူခဲ့မိသည်ကို စတင်နောင်တရနေချိန် ဘိုင်ကျိုးက ရုတ်တရက် မေးလာသည် "ကျွန်တော် မမကို မေးချင်တာ တစ်ခုရှိသေးတယ်"

"ဘာကိုလဲ။"

"မမ၊ စုန့်ရှီးယွီကို မကြိုက်လို့ ငြင်းလိုက်တာ ဟုတ်တယ်မလား" ဘိုင်ကျိုးက မေးသည်။

"မင်းလည်း အဲ့နေ့ကရှိ​နေတာပဲကို။" ကျီဖန်ယင်းက ကူကယ်ရာမဲ့စွာ သက်ပြင်းချပြီး ပြန်ပြောသည်။ "ရှီးယွီက မမအတွက် ဒီတိုင်းသူငယ်ချင်းပါပဲ"

ဘိုင်ကျိုးက ခေါင်းကို လှည့်ကာ သူမကို စူးစူးစိုက်စိုက် စိုက်ကြည့်ပြီး "ကျွန်တော် မမကို ကျွန်တော်ချစ်သူဖြစ်နေစေချင်တယ်။"

ကျီဖန်ယင်းက အံ့အားသင့်စွာဖြင့် ခေါင်းကို လှည့်လိုက်တာကြောင့် သူနှင့် မျက်လုံးချင်းဆုံမိသွားသည်။ တက်လာသော နေမင်းကြီး၏ကျေးဇူးကြောင့် ဘိုင်ကျိုး၏ ပါးပြင်ပေါ်တွင် ရွှေရောင်ဖိတ်ဖိတ်တောက်ပနေသည်။

"ကျွန်တော် ဆုတောင်းလိုက်ပြီ... ကျွန်တော့် ဆုတောင်းက ဖြစ်လာနိုင်ချေရှိလား။"

________

Zawgyi

ဘိုင္က်ိဳးက 'မလိုေတာ့ဘူး' ဟုေျပာလိုက္တာ ကံေကာင္းပါတယ္။ မိနစ္အနည္းငယ္အတြင္းမွာပဲ သူတို႔ဟာ ျမင့္မားတဲ့ ရွုခင္းၾကည့္​သည့္ ပလက္​ေဖာင္းတစ္ခုဆီသို႔ ေရာက္သြားခဲ့သည္။

ပလက္ေဖာင္းကို ပင္လယ္ျပင္အနီးတြင္ ေဆာက္လုပ္ထားတာေၾကာင့္ ပင္လယ္ျပင္၏က်ယ္ေျပာလွေသာ အံ့​ၾသဖြယ္ရွုခင္းကို ျမင္နိုင္ခဲ့သည္။

က်ီဖန္ယင္းသည္ လက္ရွိအခ်ိန္ကို ၾကည့္ကာ ဘိုင္က်ိဳး သူမကို ဘာေၾကာင့္ ဒီေနရာကိုေခၚလာတာလဲ ဆိုတာ အေျဖရွာဖို႔ မခက္ေပမယ့္ "ဒီေနရာက ဘာလဲ" လို႔ေတာ့ ေမးလိုက္ပါသည္။

"ေန႔သစ္တစ္ခုရဲ့အစကို ၾကည့္လို႔ရမယ့္ေနရာ။" ဘိုင္က်ိဳးက စက္ဘီးကို ေဘးတြင္ ရပ္လိုက္ၿပီး "ကၽြန္ေတာ္ ဆန္တိုရီနီကိုလာတိုင္း ပန္းခ်ီဆြဲဖို႔ ဒီကို အျမဲေရာက္တယ္။ ေနထြက္တာကို ၾကည့္လို႔ရတဲ့ ေနရာေတြ အမ်ားႀကီးရွိတယ္ဆိုေပမယ့္ ဆန္တိုရီနီက ေနထြက္ခ်ိန္က ကၽြန္ေတာ္ျမင္ဖူးသမၽွေတြထဲက စိတ္ကူးယဥ္အဆန္ဆုံးပဲ။"

"အဲ့ေတာ့ မင္းအရမ္းသေဘာက်တဲ့ေနထြက္ခ်ိန္ကို မမကို ျပခ်င္လို႔ အရမ္းတက္ႂကြေနခဲ့တာလား။" က်ီဖန္ယင္းက ျပဳံးျပဳံးရႊင္ရႊင္ျဖင့္ ေမးသည္။

ဘိုင္က်ိဳးက သူမကို ခဏေလာက္ၾကည့္ရင္း မ်က္လုံးမ်ားသည္ မဝံ့မရဲပုံစံျဖင့္ "...အင္း၊ မမလည္း သေဘာက်ရင္ေကာင္းမွာပဲ။"

က်ီဖန္ယင္းသည္ ပလက္ေဖာင္းေပၚရွိ ခုံတန္းလ်ားတစ္ခုတြင္ ထိုင္လိုက္ကာ သူမေဘးရွိ လြတ္ေနေသာေနရာကို ပုတ္ျပၿပီး "လာထိုင္လဲ့။"

ဘိုင္က်ိဳးက မဝံ့မရဲ ေလၽွာက္လာၿပီး သူမေဘးမွာ ဝင္ထိုင္လိုက္တယ္။ သူ၏ ထိုင္ပုံထိုင္နည္းသည္ ခါတိုင္းကဲ့သို႔ မာနႀကီးသည့္အသြင္ႏွင့္ မတူဘဲ ရိုက်ိဳးေန၏။

"ဘယ္လိုလုပ္ သေဘာမက်ဘဲေနမွာလ။" က်ီဖန္ယင္းက တိုးတိုးေလးရယ္ၿပီး ျပန္ေျပာသည္။ "မင္းတန္ဖိုးထားတဲ့အရာကို မမကိုျပခဲ့တာဆိုေတာ့ မမလည္းမင္းအတိုင္း ျမတ္နိုးတာေပါ့။"

က်ီရွင္းရွင္းသာ ဤကဲ့သို႔ တူညီေသာ အေျခအေနတြင္ရွိေနခဲ့မည္ဆိုလၽွင္ သူမသည္လည္း ဒီကဲ့သို႔ေသာ စကားမ်ားကို ေျပာပါလိမ့္မည္။

ထိုစကားမ်ားကိုၾကားေသာအခါ ဘိုင္က်ိဳး၏အမူအရာမွာ သိသိသာသာ ​ေျပေလ်ာ့သြားခဲ့သည္။ သူက ခုံတန္းလ်ားေပၚ မွီလိုက္ၿပီး "ဒီကို ပထမဆုံးအႀကိမ္ စေရာက္ခဲ့တုန္းက ကၽြန္ေတာ္တို႔ မိသားစုလိုက္လာခဲ့ၾကတာ။ ဒါေပမယ့္ တစ္ရက္ေတာင္မျပည့္ေသးဘဲ သူတို႔ႏွစ္ေယာက္က ရန္ျဖစ္ၾကတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ ေအာ္ေနၾကတုန္း ကၽြန္ေတာ္ခိုးထြက္လာၿပီး ဒီေနရာကိုရွာေတြ႕ခဲ့တာ။ အဲဒီတုန္းကလည္း တိုက္တိုက္ဆိုင္ဆိုင္ ေနထြက္ခ်ိန္ေလ။"

က်ီဖန္ယင္းသည္ သူ႔ကို ေခါင္းညိမ့္ျပကာ သူေျပာေနေသာ ပုံျပင္ကို စိတ္ဝင္စားစြာ နားေထာင္​ေပးသည္။

"... ကၽြန္​ေတာ္ ျပန္​ေရာက္တဲ့ခ်ိန္က် သူတို႔ရန္ျဖစ္တာရပ္သြားပါေစစလို႔ ေနကိုၾကည့္ရင္း ဆုေတာင္းခဲ့တယ္။" ဘိုင္က်ိဳးသည္ သူ႔ေရွ႕မွ က်ယ္ေျပာလွေသာ ပင္လယ္ျပင္ကို ၾကည့္ရင္း စကားေျပာေနသည္။ "တကယ္လည္း ကၽြန္ေတာ္ ျပန္ေရာက္တဲ့အခ်ိန္ သူတို႔ရန္ျဖစ္တာ ရပ္သြားၾကၿပီ။ ကၽြန္​ေတာ္ ေပ်ာက္သြားလို႔ စိုးရိမ္ၿပီး လိုက္ရွာေနခဲ့ၾကတာေလ၊ သူတို႔ႏွစ္ေယာက္က။ အဲဒီတုန္းက သူတို႔ႏွစ္ေယာက္က တကယ့္မိဘေတြနဲ႔တူတယ္လို႔ ကၽြန္ေတာ္ခံစားလိုက္ရတဲ့ တစ္ခုတည္းေသာအခ်ိန္ပဲ။"

က်ီဖန္ယင္းက ဒီအေၾကာင္းကို တစ္ခါမွ မသိခဲ့ေသယ္လည္း သူမ အရမ္းအံ့ၾသမသြားေပ။

ဟုတ္တာေပါ့၊ ကေလးတုန္းက စိတ္ဒဏ္ရာေတြသာမရွိခဲ့ရင္ ဘယ္လိုလုပ္မ်က္လုံးကန္းၿပီး သူ႔ကိုမခ်စ္တဲ့မိန္းမတစ္ေယာက္ကိုပဲ အ႐ူးအမူးစြဲလမ္းေနမွာလဲ။

ဘိုင္က်ိဳးသည္ က်ီရွင္းရွင္း၏ ဟန္ေဆာင္မွုမ်ားကို ျမင္နိုင္ေလာက္ေအာင္ ထက္ျမက္​ေသာ္လည္း က်ီရွင္းရွင္း သူ႔ကို လွည့္စားတာကို ခံေနရေသးပါသည္။

က်ီရွင္းရွင္း သူ႔ကို အသုံးျပဳခဲ့သည့္ လွည့္ကြက္မ်ားကို သိပ္မပါးနပ္သလို မည္သူမဆိုလည္း အလြယ္တကူ အသုံးျပဳနိုင္ေသာ အရာမ်ားျဖစ္သည္။ လွည့္ကြက္မ်ား အလုပ္ျဖစ္၊ မျဖစ္ဆိုတာက အသုံးျပဳသည့္လူမ်ားႏွင့္ သူတို႔၏ပစ္မွတ္မ်ားအေပၚတြင္မူတည္ပါသည္။

ေဝးကြာေသာ မိုးကုတ္စက္ဝိုင္း​ေပၚတြင္ ေနထြက္ေတ့မည့္ အရိပ္အေယာင္ျဖစ္ေသာ ေရႊေရာင္နယ္နိမိတ္တစ္ခု စတင္ဖြဲ႕စည္းလာခဲ့သည္။

"...ဘာပဲျဖစ္ျဖစ္ ကၽြန္​ေတာ္ သူတို႔အခ်စ္ကို မလိုပါဘူး" ဘိုင္က်ိဳးက ေရရြတ္သည္ "ကၽြန္ေတာ့္နားမွာ မမရွိသေရြ႕ တျခားဘယ္သူ႔ကိုမွ မလိုဘူး။"

က်ီဖန္ယင္းက ဘိုင္က်ိဳးကိုၾကည့္ၿပီး "အရင္ေနထြက္ေနတဲ့အခ်ိန္ မင္းဆုေတာင္းခဲ့တာ တကယ္ျဖစ္လာခဲ့တယ္မလား။"

"အင္း" ဘိုင္က်ိဳးက ရွက္ရြံ႕ေသာအျပဳံးတစ္ခုျဖင့္ "ကၽြန္​ေတာ္ အဲဒါက တိုက္ဆိုင္တယ္ဆိုတာ သိပါတယ္။ ကၽြန္ေတာ္ အဲ့လိုအရာေတြကို ယုံတတ္တဲ့ ကေလးေလးမဟုတ္ေတာ့ဘူး။"

"ဒါေပမယ့္ မမယုံတယ္ေလ။" က်ီဖန္ယင္းသည္ ဘိုင္က်ိဳး၏ ဦးထုပ္ကို ညင္သာစြာ ထိလိုက္ၿပီး "မမမွာ ဆုေတာင္းခ်င္တဲ့အရာတစ္ခုရွိတယ္။"

ပင္လယ္မ်က္ႏွာျပင္ေပၚတြင္ ပထမဆုံးေနေရာင္ျခည္သည္ ေတာက္ပစြာ က်​ေရာက္လာေသာအခါ က်ီဖန္ယင္းသည္ သူမ၏လက္မ်ားကို ဆုပ္ကာ ဆုေတာင္းခဲ့သည္။

သုံးႏွစ္အတြင္း ငါးဘီလီယံ၊ ငါးႏွစ္အတြင္း ဆယ္ဘီလီယံႏွုန္းနဲ႔ ပိုက္ဆံလိုခ်င္ပါတယ္။ ေနာက္ဆုံးေငြျပည့္သြားရင္ အိမ္ျပန္ခ်င္ၿပီး ဘဝကို ေပါ့ေပါ့ပါးပါး ျဖတ္သန္းခ်င္ပါတယ္။

သူမ မ်က္လုံးဖြင့္လိုက္ေတာ့ ေဘးနားရွိ ဘိုင္က်ိဳးဆီမွ ၿငီးတြားသံကို ၾကားလိုက္ရသည္ "မမ ဆုေတာင္းမဲ့အစား ကၽြန္​ေတာ့္ကို ေျပာျပသင့္တယ္၊ ဒါဆို ကၽြန္ေတာ္လုပ္ေပးလို႔ ရတာေပါ့။ အနည္းဆုံး ဒီသဘာဝအဲယားကြန္းႀကီးထပ္ ပိုစိတ္ခ်ရတယ္..."

က်ီဖန္ယင္းက ေခါင္းကို လွည့္ၿပီး "တကယ္ေျပာတာလား။"

ဘိုင္က်ိဳးသည္ ခဏတာ အံ့ဩသြားၿပီးေနာက္ လ်င္ျမန္စြာ ေခါင္းညိတ္ကာ "ဒါေပါ့၊ ကၽြန္ေတာ္ မမကို မလိမ္ပါဘူး။"

"ဒါဆို မမဆုေတာင္းကို ေျပာ​ျပမယ္။" က်ီဖန္ယင္း၏ မ်က္လုံးမ်ားသည္ ႏူးညံ့ေသာ လျခမ္း​ေကြးမ်ားအျဖစ္သို႔ ေကြးသြားၿပီး "ဆုေတာင္းျပည့္သြားတဲ့ ေပ်ာ္ေနတဲ့ ဘိုင္က်ိဳးအေသးေလးကိူ မမ​ေရွ႕ ျပန္ေခၚလာၿပီး ျပဳံးျပခိုင္းလို႔ရမလားလို႔ ေနမင္းႀကီးကို ေမးခဲ့တာေလ။"

ဘိုင္က်ိဳး၏ မ်က္လုံးမ်ား ျပဴးသြားသည္။

က်ီဖန္ယင္းက ရယ္ေမာရင္း ဘိုင္က်ိဳးရဲ့ မ်က္ႏွာတစ္ဝက္​ေလာက္ကို ဖုံးထားေသာ ဦးထုပ္ကို ခၽြတ္ကာ သူ၏ဆံပင္မ်ားကို ပြတ္သပ္လိုက္သည္။

"တခါတေလ မင္းကို မမေပ်ာ္ေအာင္မလုပ္ေပးနိုင္ဘူးလို႔ ခံစားရတယ္။ မင္းက မမနားမွာ ရွိေနတဲ့အခ်ိန္ ျပဳံးမွမျပဳံးတာကို" လို႔ သူမက ဆိုပါသည္။

"အဲ့လိုမဟုတ္ပါဘူး။" ဘိုင္က်ိဳးက ခပ္တိုးတိုးေျပာလိုက္သည္။

"ဒါဆို မမဆုေတာင္းကို ျဖည့္ေပးလို႔ရၿပီလား။"

ဘိုင္က်ိဳးသည္ ရွက္ရြံ႕ၿပီး ေနရခက္စြာ ေခါင္းကို လွည့္လိုက္သည္။ စကၠန႔္အနည္းငယ္ေလာက္ တိတ္ဆိတ္ေနၿပီးေနာက္ လည္ေခ်ာင္းကို ရွင္းကာ "ဘိုင္က်ိဳးအေသးေလးက 'မမ ေက်းဇူးတင္ပါတယ္'တဲ့။"

က်ီဖန္ယင္း : "..."

ဒီတစ္​ေခါက္ေတာ့ ငတုံးဘိုင္က်ိဳးက တကယ္ကို တုံးတုံးအအနဲ႔ ခ်စ္ဖို႔ေကာင္းတယ္လို႔ ထင္ရတယ္။

"မမနဲ႔ ႏွစ္တိုင္း ဒီကိုလာၿပီး ေနထြက္တာကိုၾကည့္ခ်င္တယ္။" ဟု ဘိုင္က်ိဳးက ျပာယာခတ္စြာ ေျပာသည္။

က်ီဖန္ယင္းသည္ သူ႐ုတ္တရက္ ​ေခါင္းစဥ္ကို ႀကိဳးႀကိဳးစားစားေျပာင္းလဲလိုက္သည္ကို ခံစားခဲ့ရေသာ္လည္း သူမကဲ့သို႔ ပေရာ္ဖက္ရွင္နယ္တစ္ေယာက္သည္ လိမၼာပါးနပ္စြာ ေထာက္ျပမည္မဟုတ္ေပ။

က်ီရွင္းရွင္းသည္ ဂ႐ုတစိုက္ရွိၿပီး ၾကင္နာတတ္သူပုံဖမ္းထားတာျဖစ္သည္။

"မင္းဒီကို​ျပန္လာခ်င္တိုင္း မမလိုက္ခဲ့​ေပးမွာေပါ့။"

ငါအားၿပီး၊ မင္းလည္း လုံလုံေလာက္ေလာက္ ေပးရင္ေပါ့။

ခုံတန္းေလးေပၚတြင္ အတူတူထိုင္ေနၾကသည္မွာ သိပ္မၾကာေသးဟု ခံစား​ေနရေသာ္လည္း ေနက ေကာင္းကင္ေပၚသို႔ တက္ေနၿပီျဖစ္သည္။

က်ီဖန္ယင္းသည္ သူမေနကာမ်က္မွန္ကို မယူခဲ့မိသည္ကို စတင္ေနာင္တရေနခ်ိန္ ဘိုင္က်ိဳးက ႐ုတ္တရက္ ေမးလာသည္ "ကၽြန္ေတာ္ မမကို ေမးခ်င္တာ တစ္ခုရွိေသးတယ္"

"ဘာကိုလဲ။"

"မမ၊ စုန့္ရွီးယြီကို မႀကိဳက္လို႔ ျငင္းလိုက္တာ ဟုတ္တယ္မလား" ဘိုင္က်ိဳးက ေမးသည္။

"မင္းလည္း အဲ့ေန႔ကရွိ​ေနတာပဲကို။" က်ီဖန္ယင္းက ကူကယ္ရာမဲ့စြာ သက္ျပင္းခ်ၿပီး ျပန္ေျပာသည္။ "ရွီးယြီက မမအတြက္ ဒီတိုင္းသူငယ္ခ်င္းပါပဲ"

ဘိုင္က်ိဳးက ေခါင္းကို လွည့္ကာ သူမကို စူးစူးစိုက္စိုက္ စိုက္ၾကည့္ၿပီး "ကၽြန္ေတာ္ မမကို ကၽြန္ေတာ္ခ်စ္သူျဖစ္ေနေစခ်င္တယ္။"

က်ီဖန္ယင္းက အံ့အားသင့္စြာျဖင့္ ေခါင္းကို လွည့္လိုက္တာေၾကာင့္ သူႏွင့္ မ်က္လုံးခ်င္းဆုံမိသြားသည္။ တက္လာေသာ ေနမင္းႀကီး၏ေက်းဇူးေၾကာင့္ ဘိုင္က်ိဳး၏ ပါးျပင္ေပၚတြင္ ေရႊေရာင္ဖိတ္ဖိတ္ေတာက္ပေနသည္။

"ကၽြန္ေတာ္ ဆုေတာင္းလိုက္ၿပီ... ကၽြန္ေတာ့္ ဆုေတာင္းက ျဖစ္လာနိုင္ေခ်ရွိလား။"

________

Continue Reading

You'll Also Like

504K 32.2K 41
Let's see how different personalities mends with each other to form a beautifull bond together. Where the Eldest is calm and cold, Second is aggress...
Alina By ihidethisapp

General Fiction

1.5M 39.7K 80
The Lombardi family is the most notorious group in the crime world. They rule both the American and Italian mafias and have many others bowing at the...
51.2K 2.3K 28
This story starts when the mafia king kidnapped a wrong person lee yn. After that incident , they encountered eachother again and again. Will they...
Ice Cold By m

General Fiction

2.3M 86.2K 50
[boyxboy] Wren Ridley is always two steps ahead of everyone, or so he thinks. His life seems out of his control when he starts having feelings for so...