ဂရိနိုင်ငံသို့ လေယာဉ်ဆိုက်လာသောအခါ ကောင်းကင်သည် မှောင်နေသည်။ ဘယ်လိုပဲဖြစ်ပါစေ ရာသီဥတုသည် သာယာကောင်းမွန်နေပြီး တိုင်းတစ်ပါးသို့ရောက်လာပြီဖြစ်တာကြောင့် အလျင်အမြန်ပင် လန်းဆန်းသွားသည်။
ငါသာ ဒီကို အလုပ်မရှိဘဲ ခရီးထွက်ဖို့ပဲလာခဲ့တယ်ဆိုရင်။
သူတို့သည် ဟိုတယ်တွင်မတည်းဘဲ ဘိုင်မိသားစု၏ အပန်းဖြေဗီလာတစ်ခုတွင် နေဖို့လုပ်ခဲ့ကြသည်။ အိမ်တော်ထိန်းများသည် ဗီလာကို ဂရုတစိုက်ထိန်းသိမ်းထားသောကြောင့် ဘယ်လောက်ဘဲလူမရှိနေတာကြာပါစေ တန်းနေနိုင်ပါသည်။
ဤကဲ့သို့အရာများသည် လူအများစုအတွက် အရမ်းကိုလွန်ကဲစွာပိုလွန်းသော်လည်း အချို့အတွက်တော့ နေ့စဉ်ဘဝထက် မပိုပေ။
ဘိုင်ကျိုးသည် ဂရိမြေပေါ်သို့ ခြေချသည့်အခိုက်တွင် လေယာဉ်၌ ဖြစ်ပျက်ခဲ့သော မကျေနပ်မှုများအားလုံးကို မေ့သွားပုံရသည်။ ဗီလာကိုရောက်တာနဲ့ သူခရီးဆောင်အိတ်ကို ချကာ စိတ်လှုပ်ရှားနေတဲ့ အပြုံးဖြင့် "မမ ကျွန်တော်နဲ့လိုက်ခဲ့။ လုံးဝမိုက်တဲ့နေရာကို လိုက်ပြမယ်။"
ကျီဖန်ယင်းက ဗီလာတဝိုက်ကို လှည့်ပတ်ကြည့်ရင်း "မင်း စောစောက လေယာဉ်ပေါ်မှာ တစ်ရေးတောင် မအိပ်ခဲ့ဘူးမလား။ အရင်ဆုံး အနားယူလိုက်ပါ့လား။"
သူတို့ ဆင်းသက်လာချိန်က ဘယ်လိုတောင် အရုဏ်တက်ဖြစ်နေတာလဲဆိုတာကို တွေးရင်း စက်အင်ဂျင်ကိုလည်ပတ်ရန် ကောင်းကောင်း အိပ်ဖို့လိုနေသည်။
"ကျွန်တော် နည်းနည်းလေးမှကို မပင်ပန်းဘူး။" ဘိုင်ကျိုးသည် ဖိနပ်စင်ပေါ်ရှိ သော့ကို စိတ်လှုပ်ရှားစွာ ယူလိုက်ပြီး ကျီဖန်ယင်းအား တက်ကြွစွာ "သွားရအောင်။ ဒီနေရာကို ကျွန်တော် ဘာလို့အရမ်းသဘောကျတာလဲဆိုတာကို ပြောပြမယ်။"
ရိုးရိုးသားသားပြောရလျှင် ကျီဖန်ယင်းသည် ယခုအချိန်တွင် ပင်ပန်းနေပြီဖြစ်သည်။ သူမသည် လေယာဉ်ဆိုသည့်အရာနှင့် မကိုက်ပေ။
သို့သော် သူမ၏ဖောက်သည်သည် အလွန်တက်ကြွသောကြောင့် အခြားရွေးချယ်စရာမရှိပေ။ သူမသည် ခရီးဆောင်အိတ်ကို ဗီလာထဲတွင် ချခဲ့ပြီး ဘိုင်ကျိုးနှင့် အပြင်ဘက်သို့ ကူကယ်ရာမဲ့သော အပြုံးဖြင့် လိုက်ပါသွားခဲ့သည်။
တံခါးပေါက်မှ ထွက်လာသည့်အခိုက်တွင် ပင်လယ်လေညင်းများသည် သူမကို ကြိုဆိုစွာ ဖြတ်တိုက်ခတ်သွားသည်။ အောက်တိုဘာလတွင် ဆန်တိုရီနီ(Santorini)ရှိ အပူချိန်သည် ပုံမှန်အားဖြင့် 20°C ဝန်းကျင်သာရှိပြီး သူမအတွက် ပြီးပြည့်စုံသောအပူချိန်ဖြစ်သည်။
ဘိုင်ကျိုး၏ ဗီလာသည် ကျွန်း၏အမြင့်ဆုံးနေရာ၌ တည်ရှိတာကြောင့် တစ်မြို့လုံးနှင့် နက်ရှိုင်းသော အပြာရောင်အဲဂျီယံပင်လယ်ကြီးကို ကောင်းကောင်းမြင်နိုင်သည်။ နှမျောစရာက ပင်လယ်ရေပြင်အထက်ရှိ မြူခိုးများကြောင့် ရှုခင်းကို သေချာမမြင်ရဖြစ်နေသည်။
ဘိုင်ကျိုးသည် တံခါးနားတွင် တစ်ယောက်ယောက်ကို ကြိုတင်ပြင်ဆင်ခိုင်းထားသော စက်ဘီးကို အမြန်ရှာဖွေကာ ထုတ်လိုက်သည်။ သူက နောက်ထိုင်ခုံကို ပုတ်ပြကာ "ဟိုထိ စက်ဘီးနဲ့သွားရမှာ။" လို့ပြောလိုက်တယ်။
ကျီဖန်ယင်း : "..."
သူများ တခြားတစ်ယောက်ရဲ့ စက်ဘီးနောက်တွင် တက်စီးခဲ့တာ ဆယ်စုနှစ်တစ်ခုလောက်ပင် ကြာလောက်ပါပြီ။
"မြန်မြန်လုပ်!" ဘိုင်ကျိုးက ရှေ့ခုံပေါ်တက်ကယ သူမကို လောလိုက်သည် "ကျွန်တော်တို့နောက်ကျတော့မယ်။"
ကျီဖန်ယင်းသည် သူမ၏ စကတ်ကို အနည်းငယ် မြှောက်ကာ စက်ဘီးနောက်ခုံပေါ်တွင် ထိုင်ချလိုက်သည်။ နူးညံ့သိမ်မွေ့ပြီး ကူကယ်ရာမဲ့နေသောလေသံဖြင့် သူ့ကို "အရမ်းအမြန်မမောင်းနဲ့နော်။" ဟု သတိပေးလိုက်သည်။
ဆန်တိုရီနီသည် ကြမ်းတမ်းသောမြေရှိပြီး လမ်းသွယ်များ များပြားသောကြောင့် ကားများအတွက် သိပ်မသင့်လျော်ပေ။ စက်ဘီးစီးရတာ ပိုလွယ်တယ်ဆိုပေမယ့် အားနည်းချက်လည်းရှိပါသည်၊ လမ်းကြမ်းခြင်း။
ဘိုင်ကျိုးက စက်ဘီးနင်းရင်း "မမ ကြောက်ရင် ကျ-ကျွန်တော့်ကို သေချာကိုင်ထားလို့ရတယ်။"
တစ်ဝက်တစ်ပျက်တွင် စကားထစ်သွားသလို သူမကိုလည်း လှည့်မကြည့်ဝံ့ပေ။
ကျီဖန်ယင်းက သူ့ကိုစနောက်ရန် ဒီအခွင့်အရေးကို အပြည့်အဝယူကာ "အို့၊ ငါတို့ကျိုးကျိုးလေးက ရှက်နေတာလား။"
သူသည် ရှက်ရမ်းရမ်းကာ စက်ဘီးကို ဒုံးပျံကဲ့သို့ မြန်ဆန်စွာ ပြင်းပြင်းထန်ထန် နင်းလိုက်သည်။
ကျီဖန်ယင်းသည် ကြိုတင်မပြင်ဆင်ထားမိတာကြောင့် ဟန်ချက်ပြန်မထိန်းနိုင်ခင်အထိ ရှေ့ရှိထိုင်ခုံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရပါမည်။
... ငါဒီစက်ဘီးပေါ်ကနေ ပြုတ်ကျရင် သေချာပေါက် လျော်ကြေးတောင်းမှာ။
အကွေ့အကောက်များသော လမ်းကြားများတင်မက လမ်းတစ်လျှောက်လုံးငည် လှေကားထစ်ငယ်များကဲ့သို့ မညီမညာဖြစ်နေသည်။ ဘိုင်ကျိုးသည် သူ၏စိတ်မြန်လက်မြန်ရှိသော လူငယ်စရိုက်အတိုင်း သူ၏သွားရာလမ်းတွင် မည်သည့်အတားအဆီးများရှိပါစေ၊ ဇွဲရှိရှိ ရှေ့သို့လှမ်းချီ မြန်မာပြည်လုပ်နေခဲ့ပါသည်။
ထို့ကြောင့် နောက်ထိုင်ခုံမှ ကျီဖန်ယင်းသည် 4D ရုပ်ရှင်ရုံကဲ့သို့ ဟောလိဝုဒ်အက်ရှင်ရုပ်ရှင်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားနေရသည်။
နှစ်မိနစ်လောက်ကြာပြီးနောက် သူမ၏ဗိုက်သည် ဒီလိုအကြမ်းဖက်လုပ်ရပ်ကို စတင်ဆန့်ကျင်ဆန္ဒပြလာခဲ့ပါတော့သည်။
ကျီဖန်ယင်းက မအီမသာဖြစ်စွာ "ငါတို့ရောက်ဖို့ ဘယ်လောက်လိုသေးလဲ"ဟု မေးလိုက်သည်။
ဘိုင်ကျိုးသည် လွတ်လပ်သောခရီးတွင် အလွန်နှစ်မြှုပ်နေခဲ့ရာ သူမကိုမကြားနိုင်ခဲ့ပေ။
ကျီဖန်ယင်းသည် ဘိုင်ကျိုး၏အင်္ကျီကိုဆွဲကာ "ကျိုးကျိုး" ဟုအော်သည်။
ဘိုင်ကျိုးက "ဟမ်?" သူမကို လှည့်ကြည့်လိုက်ရာ မျက်လုံးချင်းဆုံသွားပြီး ရုတ်တရက် ဘရိတ်ကို တင်းတင်းဆွဲကာ စက်ဘီးကိုရပ်လိုက်သည်။
ချက်ချင်းကြီး ရပ်ချလိုက်တာကြောင့် ကျီဖန်ယင်းသည် ရှေ့သို့အရှိန်ဖြင့်ကိုင်လာပြီး ဘိုင်ကျိုး၏ နောက်ကျောဖြင့် တိုက်မိသွားသည်။
ဒါတိုက်ချက်ဟာ လုံးဝကို မပေါ့ပါးခဲ့ပေ။ သူမ၏ နဖူးကို ကိုင်ရင်း မျက်လုံးများသည် ပူလာပြီး စတင်စိုစွတ်လာတော့သည်။
ဘိုင်ကျိုး: "..."
ကျီဖန်ယင်းသည် နာကျင်မှုကို သက်သာစေရန် အနည်းငယ် နှိပ်နယ်ပြီး အသက်ရှူရှိုက်လိုက်သည်။ "ရောက်ဖို့ ဘယ်လောက်လိုသေးလဲလို့ မေးနေတာကို။ ဘာလို့ရုတ်တရက်ကြီး ရပ်ပစ်လိုက်တာလဲ။"
ဘိုင်ကျိုး၏ မျက်လုံးများသည် ဟိုဟိုဒီဒီ လှည့်ပတ်နေပြီး ကျီဖန်ယင်း၏ မျက်နှာကို မကြည့်ရန် ဆုံးဖြတ်ထားပုံပင်၊ ထိုနောက် "သိပ်မလိုတော့ဘူး။" ဟု တိုးညှင်းစွာ ပြောလိုက်သည်။
"နည်းနည်းလောက် နှေးပေးလို့ရလား။" ကျီဖန်ယင်းက တိုးတိုးလေးမေးရင်း မျက်တောင်ခတ်လိုက်တာကြောင့် မျက်ရည်အနည်းငယ် စီးကျလာသည်။ "အရမ်းမြန်နေတော့ သိပ်နေလို့မကောင်းဘူးဖြစ်နေတယ်။"
"အင်း၊ ကျွန်တော် အရှိန်လျှော့လိုက်မယ်။" ဘိုင်ကျိုးက ချောင်းဟန့်ကာ ပြန်ဖြေသည်။
ခဏတာနားပြီးနောက် သူတို့ဆက်သွားခဲ့ကြပြီး ဒီတစ်ခေါက်တွင်တော့ ဘိုင်ကျိုးဟာ တောင်ပေါ်တက်သော လူကြီးစုံတွဲကဲ့သို့ ဖြည်းညှင်းစွာ နင်းလာခဲ့ပါတယ်။ နင်းတာနှေးလွန်းတဲ့အခါ စက်ဘီးကို ဟန်ချက်ထိန်းဖို့ ခက်ခဲသည်က ပုံမှန်ပါပဲ။
မယုံနိုင်လောက်အောင် တုန်ရီနေသောစက်ဘီးကြောင့် ကျီဖန်ယင်းသည် အလွန်စိတ်မချမ်းမသာဖြစ်သွားပြီး ဒရိုင်ဘာဘိုင်ကို စိတ်ထဲတွင် ကြယ်၁ပွင့် တိတ်တိတ်လေး ပေးခဲ့သည်။
မလိုအပ်ဘဲနဲ့ ဒီဒရိုင်ဘာနောက်က ဘယ်တော့မှ မလိုက်တော့ဘူး။
__________
Zawgyi
ဂရိနိုင္ငံသို႔ ေလယာဥ္ဆိုက္လာေသာအခါ ေကာင္းကင္သည္ ေမွာင္ေနသည္။ ဘယ္လိုပဲျဖစ္ပါေစ ရာသီဥတုသည္ သာယာေကာင္းမြန္ေနၿပီး တိုင္းတစ္ပါးသို႔ေရာက္လာၿပီျဖစ္တာေၾကာင့္ အလ်င္အျမန္ပင္ လန္းဆန္းသြားသည္။
ငါသာ ဒီကို အလုပ္မရွိဘဲ ခရီးထြက္ဖို႔ပဲလာခဲ့တယ္ဆိုရင္။
သူတို႔သည္ ဟိုတယ္တြင္မတည္းဘဲ ဘိုင္မိသားစု၏ အပန္းေျဖဗီလာတစ္ခုတြင္ ေနဖို႔လုပ္ခဲ့ၾကသည္။ အိမ္ေတာ္ထိန္းမ်ားသည္ ဗီလာကို ဂ႐ုတစိုက္ထိန္းသိမ္းထားေသာေၾကာင့္ ဘယ္ေလာက္ဘဲလူမရွိေနတာၾကာပါေစ တန္းေနနိုင္ပါသည္။
ဤကဲ့သို႔အရာမ်ားသည္ လူအမ်ားစုအတြက္ အရမ္းကိုလြန္ကဲစြာပိုလြန္းေသာ္လည္း အခ်ိဳ႕အတြက္ေတာ့ ေန႔စဥ္ဘဝထက္ မပိုေပ။
ဘိုင္က်ိဳးသည္ ဂရိေျမေပၚသို႔ ေျခခ်သည့္အခိုက္တြင္ ေလယာဥ္၌ ျဖစ္ပ်က္ခဲ့ေသာ မေက်နပ္မွုမ်ားအားလုံးကို ေမ့သြားပုံရသည္။ ဗီလာကိုေရာက္တာနဲ႔ သူခရီးေဆာင္အိတ္ကို ခ်ကာ စိတ္လွုပ္ရွားေနတဲ့ အျပဳံးျဖင့္ "မမ ကၽြန္ေတာ္နဲ႔လိုက္ခဲ့။ လုံးဝမိုက္တဲ့ေနရာကို လိုက္ျပမယ္။"
က်ီဖန္ယင္းက ဗီလာတဝိုက္ကို လွည့္ပတ္ၾကည့္ရင္း "မင္း ေစာေစာက ေလယာဥ္ေပၚမွာ တစ္ေရးေတာင္ မအိပ္ခဲ့ဘူးမလား။ အရင္ဆုံး အနားယူလိုက္ပါ့လား။"
သူတို႔ ဆင္းသက္လာခ်ိန္က ဘယ္လိုေတာင္ အ႐ုဏ္တက္ျဖစ္ေနတာလဲဆိုတာကို ေတြးရင္း စက္အင္ဂ်င္ကိုလည္ပတ္ရန္ ေကာင္းေကာင္း အိပ္ဖို႔လိုေနသည္။
"ကၽြန္ေတာ္ နည္းနည္းေလးမွကို မပင္ပန္းဘူး။" ဘိုင္က်ိဳးသည္ ဖိနပ္စင္ေပၚရွိ ေသာ့ကို စိတ္လွုပ္ရွားစြာ ယူလိုက္ၿပီး က်ီဖန္ယင္းအား တက္ႂကြစြာ "သြားရေအာင္။ ဒီေနရာကို ကၽြန္ေတာ္ ဘာလို႔အရမ္းသေဘာက်တာလဲဆိုတာကို ေျပာျပမယ္။"
ရိုးရိုးသားသားေျပာရလၽွင္ က်ီဖန္ယင္းသည္ ယခုအခ်ိန္တြင္ ပင္ပန္းေနၿပီျဖစ္သည္။ သူမသည္ ေလယာဥ္ဆိုသည့္အရာႏွင့္ မကိုက္ေပ။
သို႔ေသာ္ သူမ၏ေဖာက္သည္သည္ အလြန္တက္ႂကြေသာေၾကာင့္ အျခားေရြးခ်ယ္စရာမရွိေပ။ သူမသည္ ခရီးေဆာင္အိတ္ကို ဗီလာထဲတြင္ ခ်ခဲ့ၿပီး ဘိုင္က်ိဳးႏွင့္ အျပင္ဘက္သို႔ ကူကယ္ရာမဲ့ေသာ အျပဳံးျဖင့္ လိုက္ပါသြားခဲ့သည္။
တံခါးေပါက္မွ ထြက္လာသည့္အခိုက္တြင္ ပင္လယ္ေလညင္းမ်ားသည္ သူမကို ႀကိဳဆိုစြာ ျဖတ္တိုက္ခတ္သြားသည္။ ေအာက္တိုဘာလတြင္ ဆန္တိုရီနီ(Santorini)ရွိ အပူခ်ိန္သည္ ပုံမွန္အားျဖင့္ 20°C ဝန္းက်င္သာရွိၿပီး သူမအတြက္ ၿပီးျပည့္စုံေသာအပူခ်ိန္ျဖစ္သည္။
ဘိုင္က်ိဳး၏ ဗီလာသည္ ကၽြန္း၏အျမင့္ဆုံးေနရာ၌ တည္ရွိတာေၾကာင့္ တစ္ၿမိဳ႕လုံးႏွင့္ နက္ရွိုင္းေသာ အျပာေရာင္အဲဂ်ီယံပင္လယ္ႀကီးကို ေကာင္းေကာင္းျမင္နိုင္သည္။ ႏွေမ်ာစရာက ပင္လယ္ေရျပင္အထက္ရွိ ျမဴခိုးမ်ားေၾကာင့္ ရွုခင္းကို ေသခ်ာမျမင္ရျဖစ္ေနသည္။
ဘိုင္က်ိဳးသည္ တံခါးနားတြင္ တစ္ေယာက္ေယာက္ကို ႀကိဳတင္ျပင္ဆင္ခိုင္းထားေသာ စက္ဘီးကို အျမန္ရွာေဖြကာ ထုတ္လိုက္သည္။ သူက ေနာက္ထိုင္ခုံကို ပုတ္ျပကာ "ဟိုထိ စက္ဘီးနဲ႔သြားရမွာ။" လို႔ေျပာလိုက္တယ္။
က်ီဖန္ယင္း : "..."
သူမ်ား တျခားတစ္ေယာက္ရဲ့ စက္ဘီးေနာက္တြင္ တက္စီးခဲ့တာ ဆယ္စုႏွစ္တစ္ခုေလာက္ပင္ ၾကာေလာက္ပါၿပီ။
"ျမန္ျမန္လုပ္!" ဘိုင္က်ိဳးက ေရွ႕ခုံေပၚတက္ကယ သူမကို ေလာလိုက္သည္ "ကၽြန္ေတာ္တို႔ေနာက္က်ေတာ့မယ္။"
က်ီဖန္ယင္းသည္ သူမ၏ စကတ္ကို အနည္းငယ္ ေျမႇာက္ကာ စက္ဘီးေနာက္ခုံေပၚတြင္ ထိုင္ခ်လိုက္သည္။ ႏူးညံ့သိမ္ေမြ႕ၿပီး ကူကယ္ရာမဲ့ေနေသာေလသံျဖင့္ သူ႔ကို "အရမ္းအျမန္မေမာင္းနဲ႔ေနာ္။" ဟု သတိေပးလိုက္သည္။
ဆန္တိုရီနီသည္ ၾကမ္းတမ္းေသာေျမရွိၿပီး လမ္းသြယ္မ်ား မ်ားျပားေသာေၾကာင့္ ကားမ်ားအတြက္ သိပ္မသင့္ေလ်ာ္ေပ။ စက္ဘီးစီးရတာ ပိုလြယ္တယ္ဆိုေပမယ့္ အားနည္းခ်က္လည္းရွိပါသည္၊ လမ္းၾကမ္းျခင္း။
ဘိုင္က်ိဳးက စက္ဘီးနင္းရင္း "မမ ေၾကာက္ရင္ က်-ကၽြန္ေတာ့္ကို ေသခ်ာကိုင္ထားလို႔ရတယ္။"
တစ္ဝက္တစ္ပ်က္တြင္ စကားထစ္သြားသလို သူမကိုလည္း လွည့္မၾကည့္ဝံ့ေပ။
က်ီဖန္ယင္းက သူ႔ကိုစေနာက္ရန္ ဒီအခြင့္အေရးကို အျပည့္အဝယူကာ "အို႔၊ ငါတို႔က်ိဳးက်ိဳးေလးက ရွက္ေနတာလား။"
သူသည္ ရွက္ရမ္းရမ္းကာ စက္ဘီးကို ဒုံးပ်ံကဲ့သို႔ ျမန္ဆန္စြာ ျပင္းျပင္းထန္ထန္ နင္းလိုက္သည္။
က်ီဖန္ယင္းသည္ ႀကိဳတင္မျပင္ဆင္ထားမိတာေၾကာင့္ ဟန္ခ်က္ျပန္မထိန္းနိုင္ခင္အထိ ေရွ႕ရွိထိုင္ခုံကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားရပါမည္။
... ငါဒီစက္ဘီးေပၚကေန ျပဳတ္က်ရင္ ေသခ်ာေပါက္ ေလ်ာ္ေၾကးေတာင္းမွာ။
အေကြ႕အေကာက္မ်ားေသာ လမ္းၾကားမ်ားတင္မက လမ္းတစ္ေလၽွာက္လုံးငည္ ေလွကားထစ္ငယ္မ်ားကဲ့သို႔ မညီမညာျဖစ္ေနသည္။ ဘိုင္က်ိဳးသည္ သူ၏စိတ္ျမန္လက္ျမန္ရွိေသာ လူငယ္စရိုက္အတိုင္း သူ၏သြားရာလမ္းတြင္ မည္သည့္အတားအဆီးမ်ားရွိပါေစ၊ ဇြဲရွိရွိ ေရွ႕သို႔လွမ္းခ်ီ ျမန္မာျပည္လုပ္ေနခဲ့ပါသည္။
ထို႔ေၾကာင့္ ေနာက္ထိုင္ခုံမွ က်ီဖန္ယင္းသည္ 4D ႐ုပ္ရွင္႐ုံကဲ့သို႔ ေဟာလိဝုဒ္အက္ရွင္႐ုပ္ရွင္ကို ကိုယ္တိုင္ကိုယ္က် ေတြ႕ၾကဳံခံစားေနရသည္။
ႏွစ္မိနစ္ေလာက္ၾကာၿပီးေနာက္ သူမ၏ဗိုက္သည္ ဒီလိုအၾကမ္းဖက္လုပ္ရပ္ကို စတင္ဆန႔္က်င္ဆႏၵျပလာခဲ့ပါေတာ့သည္။
က်ီဖန္ယင္းက မအီမသာျဖစ္စြာ "ငါတို႔ေရာက္ဖို႔ ဘယ္ေလာက္လိုေသးလဲ"ဟု ေမးလိုက္သည္။
ဘိုင္က်ိဳးသည္ လြတ္လပ္ေသာခရီးတြင္ အလြန္ႏွစ္ျမႇုပ္ေနခဲ့ရာ သူမကိုမၾကားနိုင္ခဲ့ေပ။
က်ီဖန္ယင္းသည္ ဘိုင္က်ိဳး၏အကၤ်ီကိုဆြဲကာ "က်ိဳးက်ိဳး" ဟုေအာ္သည္။
ဘိုင္က်ိဳးက "ဟမ္?" သူမကို လွည့္ၾကည့္လိုက္ရာ မ်က္လုံးခ်င္းဆုံသြားၿပီး ႐ုတ္တရက္ ဘရိတ္ကို တင္းတင္းဆြဲကာ စက္ဘီးကိုရပ္လိုက္သည္။
ခ်က္ခ်င္းႀကီး ရပ္ခ်လိုက္တာေၾကာင့္ က်ီဖန္ယင္းသည္ ေရွ႕သို႔အရွိန္ျဖင့္ကိုင္လာၿပီး ဘိုင္က်ိဳး၏ ေနာက္ေက်ာျဖင့္ တိုက္မိသြားသည္။
ဒါတိုက္ခ်က္ဟာ လုံးဝကို မေပါ့ပါးခဲ့ေပ။ သူမ၏ နဖူးကို ကိုင္ရင္း မ်က္လုံးမ်ားသည္ ပူလာၿပီး စတင္စိုစြတ္လာေတာ့သည္။
ဘိုင္က်ိဳး: "..."
က်ီဖန္ယင္းသည္ နာက်င္မွုကို သက္သာေစရန္ အနည္းငယ္ ႏွိပ္နယ္ၿပီး အသက္ရွူရွိုက္လိုက္သည္။ "ေရာက္ဖို႔ ဘယ္ေလာက္လိုေသးလဲလို႔ ေမးေနတာကို။ ဘာလို႔႐ုတ္တရက္ႀကီး ရပ္ပစ္လိုက္တာလဲ။"
ဘိုင္က်ိဳး၏ မ်က္လုံးမ်ားသည္ ဟိုဟိုဒီဒီ လွည့္ပတ္ေနၿပီး က်ီဖန္ယင္း၏ မ်က္ႏွာကို မၾကည့္ရန္ ဆုံးျဖတ္ထားပုံပင္၊ ထိုေနာက္ "သိပ္မလိုေတာ့ဘူး။" ဟု တိုးညႇင္းစြာ ေျပာလိုက္သည္။
"နည္းနည္းေလာက္ ေႏွးေပးလို႔ရလား။" က်ီဖန္ယင္းက တိုးတိုးေလးေမးရင္း မ်က္ေတာင္ခတ္လိုက္တာေၾကာင့္ မ်က္ရည္အနည္းငယ္ စီးက်လာသည္။ "အရမ္းျမန္ေနေတာ့ သိပ္ေနလို႔မေကာင္းဘူးျဖစ္ေနတယ္။"
"အင္း၊ ကၽြန္ေတာ္ အရွိန္ေလၽွာ့လိုက္မယ္။" ဘိုင္က်ိဳးက ေခ်ာင္းဟန့္ကာ ျပန္ေျဖသည္။
ခဏတာနားၿပီးေနာက္ သူတို႔ဆက္သြားခဲ့ၾကၿပီး ဒီတစ္ေခါက္တြင္ေတာ့ ဘိုင္က်ိဳးဟာ ေတာင္ေပၚတက္ေသာ လူႀကီးစုံတြဲကဲ့သို႔ ျဖည္းညႇင္းစြာ နင္းလာခဲ့ပါတယ္။ နင္းတာေႏွးလြန္းတဲ့အခါ စက္ဘီးကို ဟန္ခ်က္ထိန္းဖို႔ ခက္ခဲသည္က ပုံမွန္ပါပဲ။
မယုံနိုင္ေလာက္ေအာင္ တုန္ရီေနေသာစက္ဘီးေၾကာင့္ က်ီဖန္ယင္းသည္ အလြန္စိတ္မခ်မ္းမသာျဖစ္သြားၿပီး ဒရိုင္ဘာဘိုင္ကို စိတ္ထဲတြင္ ၾကယ္၁ပြင့္ တိတ္တိတ္ေလး ေပးခဲ့သည္။
မလိုအပ္ဘဲနဲ႔ ဒီဒရိုင္ဘာေနာက္က ဘယ္ေတာ့မွ မလိုက္ေတာ့ဘူး။
__________