တစ်နာရီတစ်သိန်း အစားထိုးချစ်သူ

By Anaisa365

345K 43.3K 541

Title - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDI... More

↪ဇာတ်လမ်းမိတ်ဆက်↩
အခန်း၁
အခန်း၂
အခန်း၃
အခန်း၄
အခန်း၅
အခန်း၆
အခန်း၇
အခန်း၈
အခန်း၉
အခန်း၁၀
အခန်း၁၁
အခန်း၁၂
အခန်း၁၃
အခန်း၁၄
အခန်း၁၅
အခန်း၁၆
အခန်း၁၇
အခန်း၁၈
အခန်း၁၉
အခန်း၂၀
အခန်း၂၁
အခန်း၂၂
အခန်း၂၃
အခန်း၂၄
အခန်း၂၅
အခန်း၂၆
အခန်း၂၇
အခန်း၂၈
အခန်း၂၉
အခန်း၃၀
အခန်း၃၁
အခန်း၃၂
အခန်း၃၃
အခန်း၃၄
အခန်း၃၅
အခန်း၃၆
အခန်း၃၇
အခန်း၃၈
အခန်း၃၉
အခန်း၄၀
အခန်း၄၁
အခန်း၄၂
အခန်း၄၃
အခန်း၄၄
အခန်း၄၅
အခန်း၄၆
အခန်း၄၇
အခန်း၄၈
အခန်း၄၉
အခန်း၅၀
အခန်း၅၁
အခန်း၅၂
အခန်း၅၃
အခန်း၅၄
အခန်း၅၅
အခန်း၅၆
အခန်း၅၇
အခန်း၅၈
အခန်း၅၉
အခန်း၆၀
အခန်း၆၁
အခန်း၆၂
အခန်း၆၃
အခန်း၆၄
အခန်း၆၅
အခန်း၆၆
အခန်း၆၇
အခန်း၆၈
အခန်း၆၉
အခန်း၇၀
အခန်း၇၁
အခန်း၇၂
အခန်း၇၃
အခန်း၇၄
အခန်း၇၅
အခန်း၇၆
အခန်း၇၇
အခန်း၇၈
အခန်း၇၉
အခန်း၈၀
အခန်း၈၁
အခန်း၈၂
အခန်း၈၃
အခန်း၈၄
အခန်း၈၅
အခန်း၈၆
အခန်း၈၇
အခန်း၈၈
အခန်း၈၉
အခန်း၉၀
အခန်း၉၁
အခန်း၉၂
အခန်း၉၄
အခန်း၉၅
အခန်း၉၆
အခန်း၉၇
အခန်း၉၈
အခန်း၉၉
အခန်း၁၀၀
အခန်း၁၀၁
အခန်း၁၀၂
အခန်း၁၀၃
အခန်း၁၀၄
အခန်း၁၀၅
အခန်း၁၀၆
အခန်း၁၀၇
အခန်း၁၀၈
အခန်း၁၀၉
အခန်း၁၁၀
အခန်း၁၁၁
အခန်း၁၁၂
အခန်း၁၁၃
အခန်း၁၁၄
အခန်း၁၁၅
အခန်း၁၁၆
အခန်း၁၁၇
အခန်း၁၁၈
အခန်း၁၁၉
အခန်း၁၂၀
အခန်း၁၂၁
အခန်း၁၂၂
အခန်း၁၂၃
အခန်း၁၂၄
အခန်း၁၂၅
အခန်း၁၂၆
အခန်း၁၂၇
အခန်း၁၂၈
အခန်း၁၂၉
အခန်း၁၃၀
အခန်း၁၃၁
အခန်း၁၃၂
အခန်း၁၃၃
အခန်း၁၃၄
အခန်း၁၃၅
အခန်း၁၃၆
အခန်း၁၃၇
အခန်း၁၃၈
အခန်း၁၃၉
အခန်း၁၄၀
အခန်း၁၄၁
အခန်း၁၄၂
အခန်း၁၄၃
အခန်း၁၄၄
အခန်း၁၄၅
အခန်း၁၄၆
အခန်း၁၄၇
အခန်း၁၄၈
အခန်း၁၄၉
အခန်း၁၅၀
အခန်း၁၅၁
အခန်း၁၅၂
အခန်း၁၅၃
အခန်း၁၅၄
အခန်း၁၅၅
အခန်း၁၅၆
အခန်း၁၅၇
အခန်း၁၅၈
အခန်း၁၅၉
အခန်း၁၆၀
အခန်း၁၆၁
အခန်း၁၆၂
အခန်း၁၆၃
အခန်း၁၆၄
အခန်း၁၆၅
အခန်း၁၆၆
အခန်း၁၆၇
အခန်း၁၆၈
အခန်း၁၆၉
အခန်း၁၇၀
အခန်း၁၇၁
အခန်း၁၇၂
အခန်း၁၇၃
အခန်း၁၇၄
အခန်း၁၇၅
အခန်း၁၇၆
အခန်း၁၇၇
အခန်း၁၇၈
အခန်း၁၇၉
အခန်း၁၈၀
အခန်း၁၈၁
အခန်း၁၈၂
အခန်း၁၈၃
အခန်း၁၈၄
အခန်း၁၈၅
အခန်း၁၈၆
အခန်း၁၈၇
အခန်း၁၈၈
အခန်း၁၈၉
အခန်း၁၉၀
အခန်း၁၉၁
အခန်း၁၉၂
အခန်း၁၉၃
အခန်း၁၉၄
အခန်း၁၉၅
အခန်း၁၉၆
အခန်း၁၉၇
အခန်း၁၉၈
Announcement!!

အခန်း၉၃

1.5K 222 2
By Anaisa365

ဓာတ်လှေကားရောက်ရန် အချိန်အကြာကြီး မစောင့်လိုက်ရပေ။

ကျီဖန်ယင်း ဝင်သွားပြီးနောက် ဘိုင်ကျိုးကို လက်ပြနှုတ်ဆက်လိုက်သည်။ ထို့နောက် သူ့တုံ့ပြန်မှုကို မစောင့်ဘဲ ခေါင်းငုံ့ကာ ဖုန်းဖြင့် တက္ကစီတစ်စီးကို ခေါ်လိုက်သည်။

ဒီတိုက်ခန်းတွင် နေထိုင်သူ သိပ်များများစားစား မရှိဘူးဟု သူမထင်သည်။ ဝယ်ယူသူအများစုသည် ရင်းနှီးမြုပ်နှံဖို့အတွက် အိမ်ခန်းကို ဝယ်ယူခဲ့ကြခြင်းဖြစ်နိုင်သည်၊ မဟုတ်ပါက ဓာတ်လှေကားသည် အကြိမ်တိုင်း လျင်မြန်စွာရောက်ရှိလာမည်မဟုတ်ပေ။

အောက်ထပ်တွင်ရှိသည့် ဧည့်ကြိုကောင်တာတွင်ထိုင်နေသည့် ဝန်ထမ်းသည် ကျီဖန်ယင်းနှင့် ရင်းနှီးပြီးသားဖြစ်သည်။ ဓာတ်လှေကားထဲမှ ထွက်လာတာကိုမြင်တော့ ထီးတစ်လက်ဖြင့် အမြန်လျှောက်သွားလိုက်တယ်။ "ပြန်တော့မလို့လား။"

"အင်း" ကျီဖန်ယင်းက သူမဖုန်းကို အိတ်ကပ်ထဲထည့်ကာ ကျေးဇူးတင်စကားပြောလိုက်သည်။ "ရပါတယ်။ တက္ကစီလာတော့မှာ။"

"အမှိုက် သွားမပစ်တော့ဘူးလား။" ဧည့်ကြိုဝန်ထမ်သည် ကျီဖန်ယင်း သယ်လာတဲ့ အထုပ်တွေကို လက်ညှိုးထိုးပြပြီး ပြုံးကာ မေးသည်၊ "အဲ့ထိလိုက်ပို့ပေးမယ်လေ။ ဘာပဲဖြစ်ဖြစ် သိပ်မဝေးပါဘူး။"

ဧည့်ကြိုဝန်ထမ်၏ အနက်ရောင်ထီးသည် သူတို့နှစ်ဦးလုံးကို ကာပေးနိုင်လောက်အောင် ကြီးမားပါသည်။ အနည်းဆုံး ကျီဖန်ယင်း၏ ပခုံးများပင် မိုးမစိုခဲ့ပေ။

သူမ ပြန်ရောက်တော့ တက္ကစီတစ်စီးက ဝင်ပေါက်မှာ စောင့်နေပြီ။

ဧည့်ကြိုဝန်ထမ်း ကျီဖန်ယင်းကို ကားထိလိုက်ပို့ပြီးနောက် အနည်းငယ် ဦးညွှတ်ကာ "ကောင်းကောင်းသွားပါ"

"နောက်မှတွေ့ကြတာပေါ့" ကျီဖန်ယင်းသည် ဧည့်​ကြိုဝနိထမ်းလစာသည် အလွန်များပြားလောက်သည်ဟု တွေးခဲ့သည်။

ကားတံခါးမပိတ်ခင် သူမကို လူတစ်ယောက် စိုက်ကြည့်နေတာကို သတိထားမိသောကြောင့် တိုက်ခန်းအပေါ်ဘက်သို့ မော့ကြည့်လိုက်သော်လည်း ဘယ်သူ့ကိုမှ မတွေ့ရပေ။

တက္ကစီသည် တိုက်ခန်းမှ ထွက်လာခဲ့သည်။ ကျီဖန်ယင်းသည် သားရေထိုင်ခုံပေါ် မှီလိုက်​ပြီး ဖြည်းညှင်းစွာ ဖုန်းရှိနိုတီများကို စတင်စစ်ဆေးခဲ့သည်။

သူမတို့ Disneylandကို သွားချိန်ကစ​ပြီး ဘိုင်ကျိုး ကျီဖန်ယင်းနဲ့တွေ့လျှင် ပထမဆုံး တုံ့ပြန်မှုက သူမရဲ့ ဖုန်းကို ပါဝါပိတ်တာပါပဲ။ သူလုပ်လိုက်တိုင်း သူ့အမူအရာက အနည်းငယ် ကြည်နူးနေပုံပေါ်သည်။

ဖုန်းတစ်ကောတည်းတင်ကို ဘိုင်ကျိုးသည် စုန့်ရှီးယွီကို ယခုအချိန်ထိ မကျေမနပ်ဖြစ်နေသေးသည်။

ဘဏ်မန်နေဂျာထံမှ မက်​ဆေ့ချ်တစ်ခု၊ ရုပ်ရှင်အသစ် ရုံတင်ပြသတော့မည်အကြောင်းကြားချက်၊ မိုဘိုင်းအော်ပရေတာထံမှ ဖုန်းခေါ်ဆိုမှုအပြင် စန်းရှန်းရန်ဆီမှ ဖုန်းခေါ်ဆိုမှုတစ်ခုလည်းရှိနေသည်။

ကျီဖန်ယင်းက မျက်ခုံးပင့်ကာ ဖုန်းပြန်ဆက်လိုက်သည် "ဒါရိုက်တာစန်း"

"အလုပ်ရှုပ်နေတာလား။" စန်းရှန်းရန်၏ အသံသည် အနည်းငယ် ရယ်သံစွက်နေပြီး အမျိုးသမီးတစ်ဦး၏ ရယ်သံကိုလည်း နောက်ခံတွင် ​ရေး​တေး​တေးကြား​နေရသည်။

"နည်းနည်း" ကျီဖန်ယင်းက ပြတ်သားစွာ ပြန်ဖြေသည်။ "လိုရင်းကိုပဲ တန်းပြောရင် ကျေးဇူးတင်မိမှာပါ။"

စန်းရှန်းရန်က "မင်းကျွန်တော့်ကို ပို့ထားတာကို ​ကြည့်ပြီး​ပြီ။ ကျွန်တော် စျေးနှုန်းကို မတတ်နိုင်တာ မဟုတ်ပေမဲ့ အရေးကြီးတာက ပေးရတဲ့ဈေးနဲ့ တန်ရဲ့လား။ ကျွန်တော်မနက်ဖြန် လုပ်စရာရှိလို့ သဘက်ခါတွေ့ကြည့်ကြရင်ရော ဘယ်လိုလဲ။"

"ကျွန်​တော် မနက်ဖြန် မအားဘူး။"

"သောကြာနေ့ဆိုရင်ရော"

"သောကြာရောပဲ"

"...ဒါဆို တနင်္ဂနွေရော"

"တနင်္ဂနွေလည်း အဆင်မပြေဘူး" ကျီဖန်ယင်းသည် ချက်ချင်းဖြတ်ချရန် ဆုံးဖြတ်လိုက်သည်။ "ကျွန်မ နောက်တစ်ပတ်လုံး အားမှာမဟုတ်ဘူး။ ကျွန်မ ပြန်​ရောက်ပြီးမှ ချိန်းပါ့လား။"

စန်းရှန်းရန်က အသံနက်ကြီးဖြင့် ရယ်မောကာ "ကျီဖန်ယင်း၊ မင်းဒီကိစ္စကို ဆက်လုပ်ချင်သေးလား။"

ကုမ္ပဏီမှလူများ မကြားအောင် သူမနာမည်ကို လေလုံးမကွဲစွာ ပြောခဲ့သည်။ သူမ၏နာမည်သာမဟုတ်ရင် ကျီဖန်ယင်းပင် နားလည်လောက်မည်မဟုတ်ပေ။

ကျီဖန်ယင်းက ကားပြတင်းပေါက် အပြင်ဘက်ကို ကြည့်ရင်း "စန်းရှန်းရန်၊ ဒီမေးခွန်းက ရှင့်ကိုမေးရမှာမဟုတ်ဘူးလား။ ရှင်ဒီကိစ္စကို ဆက်လုပ်ချင်ရဲ့လား။"

"ကောင်းပြီ" ကျီဖန်ယင်း၏တုံ့ပြန်မှုကြောင့် စန်းရှန်းရန်သည် ဒေါသထွက်သွားပုံမပေါ်ပေ။ "ကြိုတင်စာရင်းသွင်းတဲ့အနေနဲ့ မင်ရဲ့အကောင့်ထဲ ငွေလွှဲလိုက်မယ်။ မင်းအလုပ်ပြီးသွားတာနဲ့ ကျွန်တော့်ကိုဖုန်းဆက်လိုက်ပါ။ ဒီလိုဆို အဆင်ပြေတယ်မလား။"

"ခဏနေရင် မေးခွန်း​တွေ ပို့ပေးလိုက်ပါ့မယ်။"

"... မေးခွန်း?"

"ဒါက ဝန်ဆောင်မှုပေးဖို့အတွက် အရမ်းအရေးကြီးပါတယ်၊ ဒါ့ကြောင့် သေသေချာချာ ဖြည့်ပေးပါ။"

ကျီဖန်ယင်းသည် စန်းရှန်းရန်သည် ဖောက်သည်ကောင်းမဟုတ်ဟု ခံစားမိ​မေသည်။ သူမသည် သူ့ကို အမြဲနှစ်ကြိမ် ပြန်ပြန်ပြောပေးနေရသည်။

စန်းရှန်းရန်သည် မယုံနိုင်ဖြစ်နေသော အခြေအနေတွင် ရှိနေဆဲဖြစ်သည်။ "မင်းမှာ မေးခွန်း​တွေတောင် ရှိတာလား"

"ရှိတယ်၊ အရမ်းအရေးကြီးတယ်။ ရှင်တွေ့ရင် နားလည်မှာပါ"

သူ့ကို ဖုန်းနဲ့ရှင်းပြမယ့်အစား သူ့ကိုပြတာက ပိုထိရောက်မှာဖြစ်သည့်အတွက် ဖုန်းချပြီးနောက် သူ့အီးမေးလ်သို့ မေးခွန်းလွှာကိုပို့လိုက်တယ်။

စန်းရှန်းရန်သည် အမြန်စစ်ဆေးပြီးနောက် သူမကို အစက်သုံးစက်ပို့လာခဲ့သည် [...]

ကျီဖန်ယင်းက သူ၏ဆွံအနေမှုကို ပြန်ဖြေသည့်အ​နေ​ဖြင့် [မေးခွန်း​တွေကို သေချာဖြေပေးပါ။]

သူမသည် စန်းရှန်းရန်ကို သူမ၏ 'ဖောက်သည်' အဖွဲ့ထဲသို့ ထည့်ခဲ့သည်။ ထို့နောက် ဂျီပီအက်စ်ကို ကြည့်လိုက်ရာ ရောက်ရန် ၂၈မိနစ် လိုသေးသည်ကို တွေ့လိုက်ရသည်။

ထို့ကြောင့် သူမသည် သားရေထိုင်ခုံပေါ် နောက်တစ်ကြိမ် မှီလိုက်ကာ စန်းရှန်းရန် အကြောင်းကို စုံစမ်းရန်လုပ်ခဲ့သည်။

__________

Zawgyi

ဓာတ္ေလွကားေရာက္ရန္ အခ်ိန္အၾကာႀကီး မေစာင့္လိုက္ရေပ။

က်ီဖန္ယင္း ဝင္သြားၿပီးေနာက္ ဘိုင္က်ိဳးကို လက္ျပႏွုတ္ဆက္လိုက္သည္။ ထို႔ေနာက္ သူ႔တုံ႔ျပန္မွုကို မေစာင့္ဘဲ ေခါင္းငုံ႔ကာ ဖုန္းျဖင့္ တကၠစီတစ္စီးကို ေခၚလိုက္သည္။

ဒီတိုက္ခန္းတြင္ ေနထိုင္သူ သိပ္မ်ားမ်ားစားစား မရွိဘူးဟု သူမထင္သည္။ ဝယ္ယူသူအမ်ားစုသည္ ရင္းႏွီးျမဳပ္ႏွံဖို႔အတြက္ အိမ္ခန္းကို ဝယ္ယူခဲ့ၾကျခင္းျဖစ္နိုင္သည္၊ မဟုတ္ပါက ဓာတ္ေလွကားသည္ အႀကိမ္တိုင္း လ်င္ျမန္စြာေရာက္ရွိလာမည္မဟုတ္ေပ။

ေအာက္ထပ္တြင္ရွိသည့္ ဧည့္ႀကိဳေကာင္တာတြင္ထိုင္ေနသည့္ ဝန္ထမ္းသည္ က်ီဖန္ယင္းႏွင့္ ရင္းႏွီးၿပီးသားျဖစ္သည္။ ဓာတ္ေလွကားထဲမွ ထြက္လာတာကိုျမင္ေတာ့ ထီးတစ္လက္ျဖင့္ အျမန္ေလၽွာက္သြားလိုက္တယ္။ "ျပန္ေတာ့မလို႔လား။"

"အင္း" က်ီဖန္ယင္းက သူမဖုန္းကို အိတ္ကပ္ထဲထည့္ကာ ေက်းဇူးတင္စကားေျပာလိုက္သည္။ "ရပါတယ္။ တကၠစီလာေတာ့မွာ။"

"အမွိုက္ သြားမပစ္ေတာ့ဘူးလား။" ဧည့္ႀကိဳဝန္ထမ္သည္ က်ီဖန္ယင္း သယ္လာတဲ့ အထုပ္ေတြကို လက္ညႇိုးထိုးျပၿပီး ျပဳံးကာ ေမးသည္၊ "အဲ့ထိလိုက္ပို႔ေပးမယ္ေလ။ ဘာပဲျဖစ္ျဖစ္ သိပ္မေဝးပါဘူး။"

ဧည့္ႀကိဳဝန္ထမ္၏ အနက္ေရာင္ထီးသည္ သူတို႔ႏွစ္ဦးလုံးကို ကာေပးနိုင္ေလာက္ေအာင္ ႀကီးမားပါသည္။ အနည္းဆုံး က်ီဖန္ယင္း၏ ပခုံးမ်ားပင္ မိုးမစိုခဲ့ေပ။

သူမ ျပန္ေရာက္ေတာ့ တကၠစီတစ္စီးက ဝင္ေပါက္မွာ ေစာင့္ေနၿပီ။

ဧည့္ႀကိဳဝန္ထမ္း က်ီဖန္ယင္းကို ကားထိလိုက္ပို႔ၿပီးေနာက္ အနည္းငယ္ ဦးညႊတ္ကာ "ေကာင္းေကာင္းသြားပါ"

"ေနာက္မွေတြ႕ၾကတာေပါ့" က်ီဖန္ယင္းသည္ ဧည့္​ႀကိဳဝနိထမ္းလစာသည္ အလြန္မ်ားျပားေလာက္သည္ဟု ေတြးခဲ့သည္။

ကားတံခါးမပိတ္ခင္ သူမကို လူတစ္ေယာက္ စိုက္ၾကည့္ေနတာကို သတိထားမိေသာေၾကာင့္ တိုက္ခန္းအေပၚဘက္သို႔ ေမာ့ၾကည့္လိုက္ေသာ္လည္း ဘယ္သူ႔ကိုမွ မေတြ႕ရေပ။

တကၠစီသည္ တိုက္ခန္းမွ ထြက္လာခဲ့သည္။ က်ီဖန္ယင္းသည္ သားေရထိုင္ခုံေပၚ မွီလိုက္​ၿပီး ျဖည္းညႇင္းစြာ ဖုန္းရွိနိုတီမ်ားကို စတင္စစ္ေဆးခဲ့သည္။

သူမတို႔ Disneylandကို သြားခ်ိန္ကစ​ၿပီး ဘိုင္က်ိဳး က်ီဖန္ယင္းနဲ႔ေတြ႕လၽွင္ ပထမဆုံး တုံ႔ျပန္မွုက သူမရဲ့ ဖုန္းကို ပါဝါပိတ္တာပါပဲ။ သူလုပ္လိုက္တိုင္း သူ႔အမူအရာက အနည္းငယ္ ၾကည္ႏူးေနပုံေပၚသည္။

ဖုန္းတစ္ေကာတည္းတင္ကို ဘိုင္က်ိဳးသည္ စုန့္ရွီးယြီကို ယခုအခ်ိန္ထိ မေက်မနပ္ျဖစ္ေနေသးသည္။

ဘဏ္မန္ေနဂ်ာထံမွ မက္​ေဆ့ခ်္တစ္ခု၊ ႐ုပ္ရွင္အသစ္ ႐ုံတင္ျပသေတာ့မည္အေၾကာင္းၾကားခ်က္၊ မိုဘိုင္းေအာ္ပေရတာထံမွ ဖုန္းေခၚဆိုမွုအျပင္ စန္းရွန္းရန္ဆီမွ ဖုန္းေခၚဆိုမွုတစ္ခုလည္းရွိေနသည္။

က်ီဖန္ယင္းက မ်က္ခုံးပင့္ကာ ဖုန္းျပန္ဆက္လိုက္သည္ "ဒါရိုက္တာစန္း"

"အလုပ္ရွုပ္ေနတာလား။" စန္းရွန္းရန္၏ အသံသည္ အနည္းငယ္ ရယ္သံစြက္ေနၿပီး အမ်ိဳးသမီးတစ္ဦး၏ ရယ္သံကိုလည္း ေနာက္ခံတြင္ ​ေရး​ေတး​ေတးၾကား​ေနရသည္။

"နည္းနည္း" က်ီဖန္ယင္းက ျပတ္သားစြာ ျပန္ေျဖသည္။ "လိုရင္းကိုပဲ တန္းေျပာရင္ ေက်းဇူးတင္မိမွာပါ။"

စန္းရွန္းရန္က "မင္းကၽြန္ေတာ့္ကို ပို႔ထားတာကို ​ၾကည့္ၿပီး​ၿပီ။ ကၽြန္ေတာ္ ေစ်းႏွုန္းကို မတတ္နိုင္တာ မဟုတ္ေပမဲ့ အေရးႀကီးတာက ေပးရတဲ့ေဈးနဲ႔ တန္ရဲ့လား။ ကၽြန္ေတာ္မနက္ျဖန္ လုပ္စရာရွိလို႔ သဘက္ခါေတြ႕ၾကည့္ၾကရင္ေရာ ဘယ္လိုလဲ။"

"ကၽြန္​ေတာ္ မနက္ျဖန္ မအားဘူး။"

"ေသာၾကာေန႔ဆိုရင္ေရာ"

"ေသာၾကာေရာပဲ"

"...ဒါဆို တနဂၤေႏြေရာ"

"တနဂၤေႏြလည္း အဆင္မေျပဘူး" က်ီဖန္ယင္းသည္ ခ်က္ခ်င္းျဖတ္ခ်ရန္ ဆုံးျဖတ္လိုက္သည္။ "ကၽြန္မ ေနာက္တစ္ပတ္လုံး အားမွာမဟုတ္ဘူး။ ကၽြန္မ ျပန္​ေရာက္ၿပီးမွ ခ်ိန္းပါ့လား။"

စန္းရွန္းရန္က အသံနက္ႀကီးျဖင့္ ရယ္ေမာကာ "က်ီဖန္ယင္း၊ မင္းဒီကိစၥကို ဆက္လုပ္ခ်င္ေသးလား။"

ကုမၸဏီမွလူမ်ား မၾကားေအာင္ သူမနာမည္ကို ေလလုံးမကြဲစြာ ေျပာခဲ့သည္။ သူမ၏နာမည္သာမဟုတ္ရင္ က်ီဖန္ယင္းပင္ နားလည္ေလာက္မည္မဟုတ္ေပ။

က်ီဖန္ယင္းက ကားျပတင္းေပါက္ အျပင္ဘက္ကို ၾကည့္ရင္း "စန္းရွန္းရန္၊ ဒီေမးခြန္းက ရွင့္ကိုေမးရမွာမဟုတ္ဘူးလား။ ရွင္ဒီကိစၥကို ဆက္လုပ္ခ်င္ရဲ့လား။"

"ေကာင္းၿပီ" က်ီဖန္ယင္း၏တုံ႔ျပန္မွုေၾကာင့္ စန္းရွန္းရန္သည္ ေဒါသထြက္သြားပုံမေပၚေပ။ "ႀကိဳတင္စာရင္းသြင္းတဲ့အေနနဲ႔ မင္ရဲ့အေကာင့္ထဲ ေငြလႊဲလိုက္မယ္။ မင္းအလုပ္ၿပီးသြားတာနဲ႔ ကၽြန္ေတာ့္ကိုဖုန္းဆက္လိုက္ပါ။ ဒီလိုဆို အဆင္ေျပတယ္မလား။"

"ခဏေနရင္ ေမးခြန္း​ေတြ ပို႔ေပးလိုက္ပါ့မယ္။"

"... ေမးခြန္း?"

"ဒါက ဝန္ေဆာင္မွုေပးဖို႔အတြက္ အရမ္းအေရးႀကီးပါတယ္၊ ဒါ့ေၾကာင့္ ေသေသခ်ာခ်ာ ျဖည့္ေပးပါ။"

က်ီဖန္ယင္းသည္ စန္းရွန္းရန္သည္ ေဖာက္သည္ေကာင္းမဟုတ္ဟု ခံစားမိ​ေမသည္။ သူမသည္ သူ႔ကို အျမဲႏွစ္ႀကိမ္ ျပန္ျပန္ေျပာေပးေနရသည္။

စန္းရွန္းရန္သည္ မယုံနိုင္ျဖစ္ေနေသာ အေျခအေနတြင္ ရွိေနဆဲျဖစ္သည္။ "မင္းမွာ ေမးခြန္း​ေတြေတာင္ ရွိတာလား"

"ရွိတယ္၊ အရမ္းအေရးႀကီးတယ္။ ရွင္ေတြ႕ရင္ နားလည္မွာပါ"

သူ႔ကို ဖုန္းနဲ႔ရွင္းျပမယ့္အစား သူ႔ကိုျပတာက ပိုထိေရာက္မွာျဖစ္သည့္အတြက္ ဖုန္းခ်ၿပီးေနာက္ သူ႔အီးေမးလ္သို႔ ေမးခြန္းလႊာကိုပို႔လိုက္တယ္။

စန္းရွန္းရန္သည္ အျမန္စစ္ေဆးၿပီးေနာက္ သူမကို အစက္သုံးစက္ပို႔လာခဲ့သည္ [...]

က်ီဖန္ယင္းက သူ၏ဆြံအေနမွုကို ျပန္ေျဖသည့္အ​ေန​ျဖင့္ [ေမးခြန္း​ေတြကို ေသခ်ာေျဖေပးပါ။]

သူမသည္ စန္းရွန္းရန္ကို သူမ၏ 'ေဖာက္သည္' အဖြဲ႕ထဲသို႔ ထည့္ခဲ့သည္။ ထို႔ေနာက္ ဂ်ီပီအက္စ္ကို ၾကည့္လိုက္ရာ ေရာက္ရန္ ၂၈မိနစ္ လိုေသးသည္ကို ေတြ႕လိုက္ရသည္။

ထို႔ေၾကာင့္ သူမသည္ သားေရထိုင္ခုံေပၚ ေနာက္တစ္ႀကိမ္ မွီလိုက္ကာ စန္းရွန္းရန္ အေၾကာင္းကို စုံစမ္းရန္လုပ္ခဲ့သည္။

__________

Continue Reading

You'll Also Like

42.1M 1.2M 164
» I didn't know you had a sister, Potter. «
203 102 13
تهیونگ:بچها میخوام براتون یه قصه‌ی جدید بگم...! قصه‌ای که از آسمون تا زمین زبون زد همه شد... قصه‌ی آدم و حوا،با مداخله های ابلیس.. قصه‌ای که پر از نق...
177K 22.4K 136
လမင်းကြီးဝိုင်းသည်ဖြစ်​စေ မဝိုင်း​တော့ဘူးဖြစ်​စေ ဘာဟာကမှ အ​ရေးမကြီးဘူး ကိုယ်တစ်​ယောက်လုံး မင်း​ဘေးနားမှာရှိ​နေ​ပေးမယ်~~~~
572K 15.5K 78
A butler was the job description. Do what he wants. Get what he desires. That's all I have to do, but suddenly, I am thrown into a completely differe...