Unicode
မင်းရှေ့မှာ ငါရပ်နေခဲ့ပေမယ့် ငါ မင်းကိုချစ်တယ်ဆိုတာ မင်းမသိခဲ့ဘူး။ ငါ မင်းကို အချိန်မရွေး အသိပေးနိုင်ခဲ့တာမို့ အဲ့ဒါက အဆင်ပြေခဲ့တယ်။
လောကမှာ အများကြီးရှိတယ်။ နားလည်လွဲမှားမှုတွေ ဘယ်လောက်ပဲရှိနေပါစေ, ဘယ်လောက်ပဲ ခံစားနေရပါစေ, တစ်ယောက်က စိတ်ရင်းမှန်နဲ့ တောင်းပန်ပြီး အခြားတစ်ယောက်က ခွင့်လွှတ်တယ်ဆိုရင် ပြေလည်သွားနိုင်တာပဲလေ။
ဘယ်လောက်ပဲ အန္တရာယ်များပြီး ရှည်လျားတဲ့လမ်းဖြစ်ပါစေ, ဖြတ်ကျော်နိုင်တယ်လို့ စိတ်ထဲမှာ တွေးထားတယ်ဆိုရင် ကျော်ဖြတ်နိုင်အောင် လုပ်ဆောင်နိူင်လိမ့်မယ်။
အကယ်၍ လူတစ်ယောက်က အသက်ရှင်နေသေးတယ်ဆိုရင် ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်နိုင်ဆဲဖြစ်ပြီး နောက်ထပ်အခွင့်အရေးတစ်ခုက သေချာပေါက် ရှိနေပါသေးတယ်။
ဒါပေမယ့် ငါ့ရဲ့မိုက်မဲပြီး မဆင်မခြင်နဲ့ တာဝန်မဲ့တဲ့လုပ်ရပ်တွေရဲ့တန်ကြေးက အလွန်တရာကို လေးလံလွန်းတယ်။
ငါတို့ဟာ အတိတ်ကနေ့ရက်တွေကို ပြန်သွားလို့ မရတော့ဘူးလေ။
ငါ့ဘဝမှာ တစ်ခါမှ မဆုံးဖြတ်ခဲ့ဖူးတဲ့ ဒီဆုံးဖြတ်ချက်က ဘာလို့ ရယ်စရာကောင်းပြီးတော့ မှားယွင်းနေရတာလဲ?
တကယ်တော့ လောင်ယွီချန်ဟာ ဘယ်တုန်းကမှ မမှားခဲ့ဘူး။ ငါက တစ်ကိုယ်ကောင်းဆန်လွန်းတဲ့သူပါ။ ငါ့ရဲ့ပျော်ရွှင်မှုက မသေချာလွန်းဘူးလို့ ခံစားမိတဲ့အတွက် အရာအားလုံးကို ပစ်ချပြီးတော့ အစကနေ ပြန်စဖို့, ဒါမှမဟုတ် အရာအားလုံးကို တစ်ခါတည်းနဲ့ အဆုံးသတ်ဖို့ပဲ တွေးခဲ့တာ။
ငါ့ရဲ့ အမှောင်ကမ္ဘာမှာ မျှော်လင့်ချက်တွေ တဖျပ်ဖျပ်ခတ်နေတာကို မြင်ခွင့်ပေးတဲ့အတွက် သူ့ကို အပြစ်မတင်ရက်နိုင်ဘူး။
နောက်ဆုံးတော့ ပျော်ရွှင်ရနိုင်ခြေကို စွန့်ပယ်ခဲ့တဲ့သူက ငါပဲလေ။ အဲ့ဒါက ဒီကမ္ဘာပေါ်မှာ ငါ့အတွက် အရေးအကြီးဆုံးလူကိုတောင်မှ ပျက်စီးသွားစေနိုင်တယ်။
ငါ ခွင့်မလွှတ်နိုင်လောက်အောင်ကို အရမ်းအပြစ်တင်မိတယ်။
ရှမင်ရှု ညဘက် ပြန်ရောက်လာတဲ့အခါ လောင်ယွီချန်မသက်မသာဖြစ်နေတာကို သတိပြုမိသွားတယ်။ ရှမင်ရှုက သူ့ရဲ့ခုခံနေမှုကို လျစ်လျူရှုပြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်။
ဘာမှမစိုးရိမ်ရဘူးလို့ ထင်ခဲ့ပေမယ့် တကယ်တော့ သူက အစာအိမ်နဲ့ အူလမ်းကြောင်း ဖောက်ထွင်းခံရတာကို ခံစားနေရတယ်။ သူက နောက်တစ်ကြိမ် ပက်လက်လှန်ပြီးတော့ ဆေးရုံကို လှည့်ပတ်ကြည့်လိုက်တယ်။
သူ့ကို ပြုစုပြီးတဲ့နောက် ရှမင်ရှုက အလုပ်ဆက်လုပ်ရသေးတယ်။ ပင်ပန်းနေပေမယ့် သူက တစ်ချက်မှ မကျေနပ်မဖြစ်ဘဲ ညင်ညင်သာသာပြုံးနေတုန်းပဲ။
ငါ ဒါကို ကောင်းတယ်လို့ မထင်ဘူး။ သူက အတိတ်ကငါနဲ့ ပိုတူလာတယ်။ သန်မာတဲ့စိတ်နဲ့ ရှေ့တန်းတင်ပြီး သူ့ကိုယ်သူ ဆက်တွန်းအားပေးနေမယ်ဆိုရင် ငါလုပ်ခဲ့တဲ့အတိုင်း တစ်နေ့ကျရင် သူ့ရဲ့ရဲစွမ်းသတ္တိနဲ့ တိုက်ပွဲဝင်ချင်စိတ်တွေ ဆုံးရှုံးသွားနိုင်တယ်။
ဘာပဲဖြစ်ဖြစ် ရှမင်ရှုကတော့ ငါ့ထက် ပိုသန်မာနေမှာပါ။
လောင်ယွီချန်က လူနာဆောင်ထဲမှာ တစ်ယောက်တည်း ရှိနေတဲ့အချိန် နိုးလာခဲ့တယ်။ သူက မျက်နှာကျက်ကို ကြည့်ရင်း လေထုကို တွေဝေငေးမောစွာ မေးလိုက်တယ်, "ငါ ဝေဒနာနဲ့ သေသွားရင် မင်း ငါ့ကို လာတွေ့ဦးမှာလား?"
သူ အရင်က ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပေမယ့် ဘယ်သူမှ အနားမှာမရှိတဲ့အချိန် ငါသေသွားပြီဆိုတဲ့အချက်ကို သူ လက်ခံသွားခဲ့တယ်။
ဒါက မယုံနိုင်စရာကောင်းလွန်းလို့ ငါ တကယ်ကို သစ္စာဖောက်ခံလိုက်ရသလို ခံစားခဲ့ရတယ်။ လောင်ယွီချန်က ငါ အသက်ရှင်နေသေးတာကို ယုံကြည်ရမှာဖြစ်ပြီး သူ ငါ့ကို ရှာဖွေနေသင့်တာလေ။
ဒီအတွေးရှိနေတာ အရမ်းရှက်စရာကောင်းတယ်။ ငါ လက်မခံနိုင်ခဲ့ဘူး။
ငါက တကယ်လောဘကြီးလွန်းပြီးတော့ ဆန့်ကျင်ဘက်ဖြစ်နေကာ စက်ဆုပ်ရွံရှာဖို့လည်းကောင်းတယ်ဆိုတာကို သဘောပေါက်ခဲ့တယ်။ ငါ လောင်ယွီချန်ကို စိတ်ပူနေပေမယ့် သူ ငါ့ကို လွယ်လွယ်နဲ့ မမေ့နိုင်ဘူးလို့ တိတ်တဆိတ် မျှော်လင့်မိပါတယ်။
ငါ သူ့ရဲ့နောင်တ, ဝမ်းနည်းမှုနဲ့ နာကျင်မှုတွေအတွက်တောင်မှ လောဘကြီးမိခဲ့တယ်။ ငါ ဘာလို့ ဒီလိုဖြစ်တာလဲ? ဒါဆို သူကော? ရှမင်ရှုကကော ဘယ်လိုလဲ? သူတို့ကို အတူတူ ပျော်ရွှင်စေချင်တဲ့ ငါ့ရဲ့ အရင်က ကိုယ်ကျိုးမဖက်တဲ့ဆန္ဒကကော ဘာဖြစ်သွားတာလဲ?
ငါက အရမ်းစက်ဆုပ်ရွံရှာဖို့ကောင်းတာပဲ။ သူက နာကျင်နေပေမယ့် တစ်ဖက်မှာတော့ ငါက အေးဆေးတည်ငြိမ်နေတယ်။
သူက လေထုထဲကို ငေးကြည့်နေဆဲဆိုပေမယ့် လေက သူ့ကို အဖြေမပေးနိုင်ခဲ့ဘူး။ ငါ သူ့အနားမှာ ရှိနေပေမယ့် ငါလည်း မဖြေနိုင်ခဲ့ဘူးလေ။
သူက ဝမ်းနည်းမှု, နာကျည်းမှု, ဒေါသ, မခံမရပ်ဖြစ်မှုတွေနဲ့အတူ ပေါ့ပေါ့ပါးပါး မေးလိုက်တယ်, "ရှောင်ဖန်, မင်း ငါ့ကို တကယ်မလိုချင်တော့ဘူးလား?"
သူ့အသံက အရမ်းအထီးကျန်ဆန်နေတယ်။ ငါ့ကျောပြင်က အေးစက်သွားသလို ခံစားလိုက်ရတယ်။
T/N - အရင်အပတ်က အလုပ်တော်တော်လေးရှုပ်သွားလို့ Update မတင်ဖြစ်တာ sorry ပါနော်, အဲ့အစား မနက်ဖြန် တစ်ပိုင်း ထပ် up ပေးမယ်ရှင်<3
Zawgyi
မင္းေ႐ွ႕မွာ ငါရပ္ေနခဲ့ေပမယ့္ ငါ မင္းကိုခ်စ္တယ္ဆိုတာ မင္းမသိခဲ့ဘူး။ ငါ မင္းကို အခ်ိန္မေ႐ြး အသိေပးႏိုင္ခဲ့တာမို႔ အဲ့ဒါက အဆင္ေျပခဲ့တယ္။
ေလာကမွာ အမ်ားႀကီး႐ွိတယ္။ နားလည္လြဲမွားမႈေတြ ဘယ္ေလာက္ပဲ႐ွိေနပါေစ, ဘယ္ေလာက္ပဲ ခံစားေနရပါေစ, တစ္ေယာက္က စိတ္ရင္းမွန္နဲ႔ ေတာင္းပန္ၿပီး အျခားတစ္ေယာက္က ခြင့္လႊတ္တယ္ဆိုရင္ ေျပလည္သြားႏိုင္တာပဲေလ။
ဘယ္ေလာက္ပဲ အႏၲရာယ္မ်ားၿပီး ႐ွည္လ်ားတဲ့လမ္းျဖစ္ပါေစ, ျဖတ္ေက်ာ္ႏိုင္တယ္လို႔ စိတ္ထဲမွာ ေတြးထားတယ္ဆိုရင္ ေက်ာ္ျဖတ္ႏိုင္ေအာင္ လုပ္ေဆာင္ႏိူင္လိမ့္မယ္။
အကယ္၍ လူတစ္ေယာက္က အသက္႐ွင္ေနေသးတယ္ဆိုရင္ ျပန္လည္ေကာင္းမြန္ေအာင္ လုပ္ေဆာင္ႏိုင္ဆဲျဖစ္ၿပီး ေနာက္ထပ္အခြင့္အေရးတစ္ခုက ေသခ်ာေပါက္ ႐ွိေနပါေသးတယ္။
ဒါေပမယ့္ ငါ့ရဲ႕မိုက္မဲၿပီး မဆင္မျခင္နဲ႔ တာဝန္မဲ့တဲ့လုပ္ရပ္ေတြရဲ႕တန္ေၾကးက အလြန္တရာကို ေလးလံလြန္းတယ္။
ငါတို႔ဟာ အတိတ္ကေန႔ရက္ေတြကို ျပန္သြားလို႔ မရေတာ့ဘူးေလ။
ငါ့ဘဝမွာ တစ္ခါမွ မဆုံးျဖတ္ခဲ့ဖူးတဲ့ ဒီဆုံးျဖတ္ခ်က္က ဘာလို႔ ရယ္စရာေကာင္းၿပီးေတာ့ မွားယြင္းေနရတာလဲ?
တကယ္ေတာ့ ေလာင္ယြီခ်န္ဟာ ဘယ္တုန္းကမွ မမွားခဲ့ဘူး။ ငါက တစ္ကိုယ္ေကာင္းဆန္လြန္းတဲ့သူပါ။ ငါ့ရဲ႕ေပ်ာ္႐ႊင္မႈက မေသခ်ာလြန္းဘူးလို႔ ခံစားမိတဲ့အတြက္ အရာအားလုံးကို ပစ္ခ်ၿပီးေတာ့ အစကေန ျပန္စဖို႔, ဒါမွမဟုတ္ အရာအားလုံးကို တစ္ခါတည္းနဲ႔ အဆုံးသတ္ဖို႔ပဲ ေတြးခဲ့တာ။
ငါ့ရဲ႕ အေမွာင္ကမ႓ာမွာ ေမွ်ာ္လင့္ခ်က္ေတြ တဖ်ပ္ဖ်ပ္ခတ္ေနတာကို ျမင္ခြင့္ေပးတဲ့အတြက္ သူ႕ကို အျပစ္မတင္ရက္ႏိုင္ဘူး။
ေနာက္ဆုံးေတာ့ ေပ်ာ္႐ႊင္ရႏိုင္ေျခကို စြန္႔ပယ္ခဲ့တဲ့သူက ငါပဲေလ။ အဲ့ဒါက ဒီကမ႓ာေပၚမွာ ငါ့အတြက္ အေရးအႀကီးဆုံးလူကိုေတာင္မွ ပ်က္စီးသြားေစႏိုင္တယ္။
ငါ ခြင့္မလႊတ္ႏိုင္ေလာက္ေအာင္ကို အရမ္းအျပစ္တင္မိတယ္။
႐ွမင္႐ႈ ညဘက္ ျပန္ေရာက္လာတဲ့အခါ ေလာင္ယြီခ်န္မသက္မသာျဖစ္ေနတာကို သတိျပဳမိသြားတယ္။ ႐ွမင္႐ႈက သူ႕ရဲ႕ခုခံေနမႈကို လ်စ္လ်ဴ႐ႈၿပီး ေဆး႐ုံကို ပို႔ေဆာင္ေပးခဲ့တယ္။
ဘာမွမစိုးရိမ္ရဘူးလို႔ ထင္ခဲ့ေပမယ့္ တကယ္ေတာ့ သူက အစာအိမ္နဲ႔ အူလမ္းေၾကာင္း ေဖာက္ထြင္းခံရတာကို ခံစားေနရတယ္။ သူက ေနာက္တစ္ႀကိမ္ ပက္လက္လွန္ၿပီးေတာ့ ေဆး႐ုံကို လွည့္ပတ္ၾကည့္လိုက္တယ္။
သူ႕ကို ျပဳစုၿပီးတဲ့ေနာက္ ႐ွမင္႐ႈက အလုပ္ဆက္လုပ္ရေသးတယ္။ ပင္ပန္းေနေပမယ့္ သူက တစ္ခ်က္မွ မေက်နပ္မျဖစ္ဘဲ ညင္ညင္သာသာျပဳံးေနတုန္းပဲ။
ငါ ဒါကို ေကာင္းတယ္လို႔ မထင္ဘူး။ သူက အတိတ္ကငါနဲ႔ ပိုတူလာတယ္။ သန္မာတဲ့စိတ္နဲ႔ ေ႐ွ႕တန္းတင္ၿပီး သူ႕ကိုယ္သူ ဆက္တြန္းအားေပးေနမယ္ဆိုရင္ ငါလုပ္ခဲ့တဲ့အတိုင္း တစ္ေန႔က်ရင္ သူ႕ရဲ႕ရဲစြမ္းသတၱိနဲ႔ တိုက္ပြဲဝင္ခ်င္စိတ္ေတြ ဆုံး႐ႈံးသြားႏိုင္တယ္။
ဘာပဲျဖစ္ျဖစ္ ႐ွမင္႐ႈကေတာ့ ငါ့ထက္ ပိုသန္မာေနမွာပါ။
ေလာင္ယြီခ်န္က လူနာေဆာင္ထဲမွာ တစ္ေယာက္တည္း ႐ွိေနတဲ့အခ်ိန္ ႏိုးလာခဲ့တယ္။ သူက မ်က္ႏွာက်က္ကို ၾကည့္ရင္း ေလထုကို ေတြေဝေငးေမာစြာ ေမးလိုက္တယ္, "ငါ ေဝဒနာနဲ႔ ေသသြားရင္ မင္း ငါ့ကို လာေတြ႕ဦးမွာလား?"
သူ အရင္က ျပတ္ျပတ္သားသား ျငင္းဆိုခဲ့ေပမယ့္ ဘယ္သူမွ အနားမွာမ႐ွိတဲ့အခ်ိန္ ငါေသသြားၿပီဆိုတဲ့အခ်က္ကို သူ လက္ခံသြားခဲ့တယ္။
ဒါက မယုံႏိုင္စရာေကာင္းလြန္းလို႔ ငါ တကယ္ကို သစၥာေဖာက္ခံလိုက္ရသလို ခံစားခဲ့ရတယ္။ ေလာင္ယြီခ်န္က ငါ အသက္႐ွင္ေနေသးတာကို ယုံၾကည္ရမွာျဖစ္ၿပီး သူ ငါ့ကို ႐ွာေဖြေနသင့္တာေလ။
ဒီအေတြး႐ွိေနတာ အရမ္း႐ွက္စရာေကာင္းတယ္။ ငါ လက္မခံႏိုင္ခဲ့ဘူး။
ငါက တကယ္ေလာဘႀကီးလြန္းၿပီးေတာ့ ဆန္႔က်င္ဘက္ျဖစ္ေနကာ စက္ဆုပ္႐ြံ႐ွာဖို႔လည္းေကာင္းတယ္ဆိုတာကို သေဘာေပါက္ခဲ့တယ္။ ငါ ေလာင္ယြီခ်န္ကို စိတ္ပူေနေပမယ့္ သူ ငါ့ကို လြယ္လြယ္နဲ႔ မေမ့ႏိုင္ဘူးလို႔ တိတ္တဆိတ္ ေမွ်ာ္လင့္မိပါတယ္။
ငါ သူ႕ရဲ႕ေနာင္တ, ဝမ္းနည္းမႈနဲ႔ နာက်င္မႈေတြအတြက္ေတာင္မွ ေလာဘႀကီးမိခဲ့တယ္။ ငါ ဘာလို႔ ဒီလိုျဖစ္တာလဲ? ဒါဆို သူေကာ? ႐ွမင္႐ႈကေကာ ဘယ္လိုလဲ? သူတို႔ကို အတူတူ ေပ်ာ္႐ႊင္ေစခ်င္တဲ့ ငါ့ရဲ႕ အရင္က ကိုယ္က်ိဳးမဖက္တဲ့ဆႏၵကေကာ ဘာျဖစ္သြားတာလဲ?
ငါက အရမ္းစက္ဆုပ္႐ြံ႐ွာဖို႔ေကာင္းတာပဲ။ သူက နာက်င္ေနေပမယ့္ တစ္ဖက္မွာေတာ့ ငါက ေအးေဆးတည္ၿငိမ္ေနတယ္။
သူက ေလထုထဲကို ေငးၾကည့္ေနဆဲဆိုေပမယ့္ ေလက သူ႕ကို အေျဖမေပးႏိုင္ခဲ့ဘူး။ ငါ သူ႕အနားမွာ ႐ွိေနေပမယ့္ ငါလည္း မေျဖႏိုင္ခဲ့ဘူးေလ။
သူက ဝမ္းနည္းမႈ, နာက်ည္းမႈ, ေဒါသ, မခံမရပ္ျဖစ္မႈေတြနဲ႔အတူ ေပါ့ေပါ့ပါးပါး ေမးလိုက္တယ္, "ေ႐ွာင္ဖန္, မင္း ငါ့ကို တကယ္မလိုခ်င္ေတာ့ဘူးလား?"
သူ႕အသံက အရမ္းအထီးက်န္ဆန္ေနတယ္။ ငါ့ေက်ာျပင္က ေအးစက္သြားသလို ခံစားလိုက္ရတယ္။
T/N - အရင္အပတ္က အလုပ္ေတာ္ေတာ္ေလး႐ႈပ္သြားလို႔ Update မတင္ျဖစ္တာ sorry ပါေနာ္, အဲ့အစား မနက္ျဖန္ တစ္ပိုင္း ထပ္ up ေပးမယ္႐ွင္<3