စုန့်ရှီးယွီက သူ့တိုက်ခန်းကို ပြန်လာပြီးနောက် ရေခဲသေတ္တာကိုဖွင့်လိုက်တယ်။ အသည်းပုံသဏ္ဍာန်ချောကလက်သည် နဂိုထုပ်ပိုးထားသည့်ပုံစံအတိုင်း ရှိနေသေးပြီး လုံးဝမထိရသေးပေ။
အမှန်တော့ သူသည် ချောကလက်ကို သိပ်မကြိုက်ပေ။
ခဏလောက် ကြည့်ပြီးနောက် အခန်းထဲသို့ ဖြည်းညှင်းစွာ ဝင်လာပြီး ဗီရိုကို ဖွင့်လိုက်သည်။
စုန့်ရှီးယွီတွင် စွဲလမ်းမှုအပျော့လေးတစ်ခုရှိသည်။ သူသည် ပစ္စည်းများကို အမျိုးအစားခွဲ၍ သီးသန့်နေရာများတွင် ထားရခြင်းကို နှစ်သက်သောကြောင့် သူ့ပစ္စည်းများကို ရှာရန် အချိန်အကြာကြီးမလိုပေ။
သို့သော် ယခုအချိန်တွင် သူရှာဖွေနေသည့်အရာကို ရှာမတွေ့ဖြစ်နေသည်။
အသုံးအဆောင်ပစ္စည်းများ၏ ပထမဆုံးအံဆွဲထဲတွင် ရှိသင့်သော ပွန်းပဲ့နေသော လက်ကောက်သည် ရှိသင့်သော နေရာတွင်ရှိမနေချေ။
ဒုတိယအဆင့်အံဆွဲနှင့် တတိယအဆင့်အံဆွဲများကို အမြန်ဆွဲဖွင့်ရှာသော်လည်း မရှိခဲ့ပေ။
သူ အနည်းငယ် စိုးရိမ်လာသည်။ သူ့နက်ကတိုင်၊ နာရီ၊ ခါးပတ်များကြား ငုံ့ကာ ပိုက်စိပ်တိုက်ရှာခဲ့ပြီး... သူထိုနေ့က ဝတ်ခဲ့သော အဝတ်များကိုပြန်စဉ်းစားကာ ထိုအိတ်ကပ်များထဲတွက်တောင် ရှာခဲ့ပေမယ့် အဲဒီနေ့က ကျီဖန်ယင်း မွေးနေ့လက်ဆောင်အဖြစ် သူ့ကိုပေးခဲ့သော လက်ကောက်ကို ရှာမတွေ့ခဲ့ပေ။
အဲဒီနေ့က ကားပါကင်ကနေ ထုတ်ပြီး ဒီမှာတင်ခဲ့တာကို ငါရှင်းရှင်းလင်းလင်းမှတ်မိတယ်။ အဲဒါကို ဘာလို့ဒီမှာမရှိနေတာလဲ။
စုန့်ရှီးယွီသည် အံဆွဲများကို ဒေါသတကြီးဖြင့် ရိုက်လိုက်သည်။
သူသည် စိတ်တိုနေသော သားရဲတစ်ကောင်ကဲ့သို့ နေရာတစ်ဝိုက်ကို လှည့်ပတ်ကာ လျှောက်နေသည်။ အဆုံးတွင်တေည့ သူသည် တစ်အိမ်လုံးကို ရှာရန် ဆုံးဖြတ်ခဲ့သည်။
အိပ်ခန်းထဲမှာ မရှိဘူး။
အိမ်သာထဲမှာ မရှိဘူး။
ဧည့်ခန်းထဲမှာ မရှိဘူး။
ကားပါကင်မှာ မရှိဘူး။
ဘယ်တုန်းက ပျောက်သွားတာဖြစ်နိုင်လဲ။
တိုက်ခန်းကို သန့်ရှင်းရေးလုပ်ရန် လူများရောက်လာတတ်သော်လည်း သူတို့သည် ပရောဖက်ရှင်နယ်များဖြစ်တာကြောင့် ကိုယ်ပိုင်ပိုင်ဆိုင်မှုများကို မထိပေ။ ဒီအတောအတွင်း ဘယ်ဧည့်သည်မှလည်း မရှိခဲ့...
စုန့်ရှီးယွီ၏ ခြေလှမ်းများသည် ရုတ်တရက် ရပ်တန့်သွားသည်။
မဟုတ်ဘူး၊ ဟိုတလောက ဒီကိုလူတစ်ယောက်လာခဲ့တယ်။
စိတ်တိုနေသောမျက်နှာဖြင့် စုန့်ရှီးယွီက ဖုန်းကို ကောက်ကိုင်လိုက်ပြီး ကျီဖန်ယင်းရဲ့ နံပါတ်ကို ခေါ်လိုက်တယ်။ ဒါပေမယ့် ဖုန်းမြည်ပြီး တစ်စက္ကန့်လောက်ကြာတော့ ဖုန်းချလိုက်တယ်။
ကျီဖန်ယင်းက လက်ကောက်ကိုတကယ်ပြန်ယူသွားတယ်ဆိုရင်တောင် သူ့ကိုဘယ်လိုပြောပြီး ပြန်တောင်းရမှာလဲ။ ပြောရရင် မကောင်းတော့တဲ့ လက်ကောက်တစ်ခုကို ဘာလို့ ပြန်တောင်းရမှာလဲ။
ဘာလို့ ကျီဖန်ယင်းက ငါ့ကို မကြိုက်တော့ဘူးလားဆိုတာကို စိတ်ပူနေရမှာလဲ။
…
စုန့်ရှီးယွီ ဖုန်းခေါ်ဆိုလာချိန်တွင် ကျီဖန်ယင်းသည် ညစာကိုပြင်ဆင်နေပါသည်။
သူမသည် အားနေသောလက်ဖြင့် ဖုန်းကိုင်လိုက်ကာ တခြားလက်တစ်ဖက်ဖြင့် အိုးကို ဆက်လက်မွှေနေလေသည်။ "ဟယ်လို?"
"မင်းငါ့အိမ်မှာတုန်းက ခွင့်ပြုချက်မရှိဘဲ ငါ့ပစ္စည်းတွေကို ထိခဲ့သေးလား။" စုန့်ရှီးယွီက မေးခွန်းထုတ်သည်။
ကျီဖန်ယင်းက သူ့အမေးကို ပြန်မဖြေခင် စဉ်းစားလိုက်ပြီး "ငါပြန်တဲ့အချိန် အမှိုက်ထုပ်ပဲ သယ်သွားတာပါ။ အဲ့ထဲမှာ အရေးကြီးတာပါသွားလို့လား။"
စုန့်ရှီးယွီ : "…"
"ဒါပေမဲ့ ပါသွားစရာမရှိပါဘူး။" ကျီဖန်ယင်းသည် သူ့စကားလမ်းကြောင်းအားလုံးကို လွယ်ကူစွာ ပိတ်ပစ်လိုက်သည်။ "စိတ်မပူပါနဲ့၊ ငါအမှိုက်ကိုမလွှင့်ခင် အရင်စစ်လိက်သေးတယ်။ အကုန်ပစ်ရမယ့် ပစ္စည်းတွေချည်းပဲ။"
လက်ကောက် ဘယ်လောက်တောင်ပျက်စီးနေသည်ကိုကြည့်လျှင် ထိုနေ့က စုန့်ရှီးယွီ တကယ်ကို ဒေါသထွက်နေခဲ့သည်ဆိုတာ ပြောနိုင်ပါသည်။ တကယ်အံ့သြစေတာကတော့ သူက လက်ကောက်ကို လွှင့်ပစ်မယ့်အစား သိမ်းထားတာပါပဲ။
စုန့်ရှီးယွီ : "…"
ကျီဖန်ယင်းက သူ့ကို ကြင်နာစွာသတိပေးတယ် "ဒါမှမဟုတ် နင်ဘာပျောက်တာလဲပြောကြည့်လေ။ ငါပြန်စဉ်းစားကြည့်ပေးမယ်။
သူ့မာနကို နှိမ့်ချကာ ထုတ်မပြောနိုင်ပေ။
စုန့်ရှီးယွီက ဖုန်းချလိုက်တယ်။
ကျီဖန်ယင်းက ဖုန်းချလိုက်ပြီးနောက် အိုးကို ဆက်မွှေနေလိုက်သည်။ ခဏအကြာတွင် သူမသည် နောက်ထပ်ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့သည်။
"ဟယ်လို မစ္စတာစန်း... မနက်ဖြန်နေ့လည်စာ။ ဟုတ်ပြီလေ၊ ကျွန်မဆီလိပ်စာ ပို့လိုက်ပါ"
အားးး၊ အလုပ်တွေ အများကြီးလာတော့မယ်။
_____________________________________________
Zawgyi
စုန့္ရွီးယြီက သူ႕တိုက္ခန္းကို ျပန္လာၿပီးေနာက္ ေရခဲေသတၱာကိုဖြင့္လိုက္တယ္။အသည္းပုံသ႑ာန္ေခ်ာကလက္သည္ နဂိုထုပ္ပိုးထားသည့္ပုံစံအတိုင္း ရွိေနေသးၿပီး လုံးဝမထိရေသးေပ။
အမွန္ေတာ့ သူသည္ ေခ်ာကလက္ကို သိပ္မႀကိဳက္ေပ။
ခဏေလာက္ ၾကည့္ၿပီးေနာက္ အခန္းထဲသို႔ ျဖည္းညွင္းစြာ ဝင္လာၿပီး ဗီရိုကို ဖြင့္လိုက္သည္။
စုန့္ရွီးယြီတြင္ စြဲလမ္းမႈအေပ်ာ့ေလးတစ္ခုရွိသည္။ သူသည္ ပစၥည္းမ်ားကို အမ်ိဳးအစားခြဲ၍ သီးသန့္ေနရာမ်ားတြင္ ထားရျခင္းကို ႏွစ္သက္ေသာေၾကာင့္ သူ႕ပစၥည္းမ်ားကို ရွာရန္ အခ်ိန္အၾကာႀကီးမလိုေပ။
သို႔ေသာ္ ယခုအခ်ိန္တြင္ သူရွာေဖြေနသည့္အရာကို ရွာမေတြ႕ျဖစ္ေနသည္။
အသုံးအေဆာင္ပစၥည္းမ်ား၏ ပထမဆုံးအံဆြဲထဲတြင္ ရွိသင့္ေသာ ပြန္းပဲ့ေနေသာ လက္ေကာက္သည္ ရွိသင့္ေသာ ေနရာတြင္ရွိမေနေခ်။
ဒုတိယအဆင့္အံဆြဲႏွင့္ တတိယအဆင့္အံဆြဲမ်ားကို အျမန္ဆြဲဖြင့္ရွာေသာ္လည္း မရွိခဲ့ေပ။
သူ အနည္းငယ္ စိုးရိမ္လာသည္။သူ႕နက္ကတိုင္၊ နာရီ၊ ခါးပတ္မ်ားၾကား ငုံ႕ကာ ပိုက္စိပ္တိုက္ရွာခဲ့ၿပီး... သူထိုေန႕က ဝတ္ခဲ့ေသာ အဝတ္မ်ားကိုျပန္စဥ္းစားကာ ထိုအိတ္ကပ္မ်ားထဲတြက္ေတာင္ ရွာခဲ့ေပမယ့္ အဲဒီေန႕က က်ီဖန္ယင္း ေမြးေန႕လက္ေဆာင္အျဖစ္ သူ႕ကိုေပးခဲ့ေသာ လက္ေကာက္ကို ရွာမေတြ႕ခဲ့ေပ။
အဲဒီေန႕က ကားပါကင္ကေန ထုတ္ၿပီး ဒီမွာတင္ခဲ့တာကို ငါရွင္းရွင္းလင္းလင္းမွတ္မိတယ္။ အဲဒါကိုဘာလို႔ဒီမွာမရွိေနတာလဲ။
စုန့္ရွီးယြီသည္ အံဆြဲမ်ားကို ေဒါသတႀကီးျဖင့္ ရိုက္လိုက္သည္။
သူသည္ စိတ္တိုေနေသာ သားရဲတစ္ေကာင္ကဲ့သို႔ ေနရာတစ္ဝိုက္ကို လွည့္ပတ္ကာ ေလွ်ာက္ေနသည္။ အဆုံးတြင္ေတည့ သူသည္ တစ္အိမ္လုံးကို ရွာရန္ ဆုံးျဖတ္ခဲ့သည္။
အိပ္ခန္းထဲမွာ မရွိဘူး။
အိမ္သာထဲမွာ မရွိဘူး။
ဧည့္ခန္းထဲမွာ မရွိဘူး။
ကားပါကင္မွာ မရွိဘူး။
ဘယ္တုန္းက ေပ်ာက္သြားတာျဖစ္နိုင္လဲ။
တိုက္ခန္းကို သန့္ရွင္းေရးလုပ္ရန္ လူမ်ားေရာက္လာတတ္ေသာ္လည္း သူတို႔သည္ ပေရာဖက္ရွင္နယ္မ်ားျဖစ္တာေၾကာင့္ ကိုယ္ပိုင္ပိုင္ဆိုင္မႈမ်ားကို မထိေပ။ဒီအေတာအတြင္း ဘယ္ဧည့္သည္မွလည္း မရွိခဲ့...
စုန့္ရွီးယြီ၏ ေျခလွမ္းမ်ားသည္ ႐ုတ္တရက္ ရပ္တန႔္သြားသည္။
မဟုတ္ဘူး၊ ဟိုတေလာက ဒီကိုလူတစ္ေယာက္လာခဲ့တယ္။
စိတ္တိုေနေသာမ်က္ႏွာျဖင့္ စုန့္ရွီးယြီက ဖုန္းကို ေကာက္ကိုင္လိုက္ၿပီး က်ီဖန္ယင္းရဲ႕ နံပါတ္ကို ေခၚလိုက္တယ္။ ဒါေပမယ့္ ဖုန္းျမည္ၿပီး တစ္စကၠန႔္ေလာက္ၾကာေတာ့ ဖုန္းခ်လိဳက္တယ္။
က်ီဖန္ယင္းက လက္ေကာက္ကိုတကယ္ျပန္ယူသြားတယ္ဆိုရင္ေတာင္ သူ႕ကိုဘယ္လိုေျပာၿပီး ျပန္ေတာင္းရမွာလဲ။ ေျပာရရင္ မေကာင္းေတာ့တဲ့ လက္ေကာက္တစ္ခုကို ဘာလို႔ ျပန္ေတာင္းရမွာလဲ။
ဘာလို႔ က်ီဖန္ယင္းက ငါ့ကို မႀကိဳက္ေတာ့ဘူးလားဆိုတာကို စိတ္ပူေနရမွာလဲ။
စုန့္ရွီးယြီ ဖုန္းေခၚဆိုလာခ်ိန္တြင္ က်ီဖန္ယင္းသည္ ညစာကိုျပင္ဆင္ေနပါသည္။
သူမသည္ အားေနေသာလက္ျဖင့္ ဖုန္းကိုင္လိုက္ကာ တျခားလက္တစ္ဖက္ျဖင့္ အိုးကို ဆက္လက္ေမႊေနေလသည္။ "ဟယ္လို?"
"မင္းငါ့အိမ္မွာတုန္းက ခြင့္ျပဳခ်က္မရွိဘဲ ငါ့ပစၥည္းေတြကို ထိခဲ့ေသးလား။"စုန့္ရွီးယြီက ေမးခြန္းထုတ္သည္။
က်ီဖန္ယင္းက သူ႕အေမးကို ျပန္မေျဖခင္ စဥ္းစားလိုက္ၿပီး "ငါျပန္တဲ့အခ်ိန္ အမွိုက္ထုပ္ပဲ သယ္သြားတာပါ။ အဲ့ထဲမွာ အေရးႀကီးတာပါသြားလို႔လား။"
စုန့္ရွီးယြီ : ""
"ဒါေပမဲ့ ပါသြားစရာမရွိပါဘူး။" က်ီဖန္ယင္းသည္ သူ႕စကားလမ္းေၾကာင္းအားလုံးကို လြယ္ကူစြာ ပိတ္ပစ္လိုက္သည္။ "စိတ္မပူပါနဲ႕၊ ငါအမွိုက္ကိုမလႊင့္ခင္ အရင္စစ္လိက္ေသးတယ္။အကုန္ပစ္ရမယ့္ ပစၥည္းေတြခ်ည္းပဲ။"
လက္ေကာက္ ဘယ္ေလာက္ေတာင္ပ်က္စီးေနသည္ကိုၾကည့္လွ်င္ ထိုေန႕က စုန့္ရွီးယြီ တကယ္ကို ေဒါသထြက္ေနခဲ့သည္ဆိုတာ ေျပာနိုင္ပါသည္။ တကယ္အံ့ၾသေစတာကေတာ့ သူက လက္ေကာက္ကို လႊင့္ပစ္မယ့္အစား သိမ္းထားတာပါပဲ။
စုန့္ရွီးယြီ : ""
က်ီဖန္ယင္းက သူ႕ကို ၾကင္နာစြာသတိေပးတယ္ "ဒါမွမဟုတ္ နင္ဘာေပ်ာက္တာလဲေျပာၾကည့္ေလ။ငါျပန္စဥ္းစားၾကည့္ေပးမယ္။
သူ႕မာနကို ႏွိမ့္ခ်ကာ ထုတ္မေျပာနိုင္ေပ။
စုန့္ရွီးယြီက ဖုန္းခ်လိဳက္တယ္။
က်ီဖန္ယင္းက ဖုန္းခ်လိဳက္ၿပီးေနာက္ အိုးကို ဆက္ေမႊေနလိုက္သည္။ ခဏအၾကာတြင္ သူမသည္ ေနာက္ထပ္ဖုန္းေခၚဆိုမႈတစ္ခုကို လက္ခံရရွိခဲ့သည္။
"ဟယ္လို မစၥတာစန္း... မနက္ျဖန္ေန႕လည္စာ။ဟုတ္ၿပီေလ၊ ကြၽန္မဆီလိပ္စာ ပို႔လိုက္ပါ"
အားးး၊ အလုပ္ေတြ အမ်ားႀကီးလာေတာ့မယ္။
_____________________________________________