ပြိုင်ပွဲကိုကြည့်ရင်း ကျီဖန်ယင်းသည် သူမကို တစ်ယောက်ယောက် မသိမသာ ကြည့်နေသည်ကို သတိပြုမိသည်။
စုန့်ရှီးယွီဆိုတာ ပြောစရာပင်မလိုပေ။
ချန်ယွမ်ရှင်းသည် ထိုနေ့က စားသောက်ဆိုင်တွင် သူနှင့် ဘလိုင်းဒိတ်တွေ့ခဲ့သူဖြစ်သည်။
ကျီဖန်ယင်းဟာ အားလပ်ရက်တွင် သူမဖောက်သည်နှင့်ဘတိုးလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဘူးပေမဲ့ အလုပ်ချိန်ပြင်ပတွင် သူ့နှင့်ဆက်ဆံစကားပြောရန် စိတ်မ၀င်စားပေ။ ထို့ကြောင့် သူမသည် သူ့အကြည့်ကို လျစ်လျူရှုကာ ပြိုင်ပွဲကိုသာ အာရုံစိုက်ခဲ့သည်။
နောက်ဆုံး ဖိုင်နယ်ရောက်နေပါပြီ။ ပွဲသည် ပြင်းထန်လွန်းသဖြင့် အလုံပိတ်အားကစားရုံအတွင်းတွင် နှစ်သင်းစလုံး၏ အားပေးသူများ၏အသံများသာ ကျယ်လောင်စွာထွက်ပေါ်နေသည်။
ချန်ယွမ်ရှန်း၏အသင်းက အနိုင်ရကာ ပွဲပြီးဆုံးသွားခဲ့ပါသည်။ လူအုပ်ကြီး၏ လက်ခုပ်သံများသည် ကျယ်လောင်စွာထွက်ပေါ်လာပြီး ချန်ယွမ်ရှင်းသည်လည်း မတ်တပ်ရပ်ကာ အနည်းငယ်ခုန်လိုက်သည်။
ကျီဖန်ယင်းသည် ညစာဘာစားရမလဲကို စဉ်းစားရင်း လူအုပ်နှင့်အတူ လက်ခုပ်တီးနေခဲ့သည်။
ဆုပေးပွဲအခမ်းအနားသည် အတော်လေး ခမ်းနားပါသည်။ တတိယနေရာနှင့် စတုတ္ထနေရာတို့ကို ဖိုင်နယ်ပွဲစဉ်များနှင့်အတူ တစ်ပြိုင်နက်တည်း ယှဉ်ပြိုင်ကစားခဲ့ပြီး တတိယဆုရရှိသည့်အသင်းကိုလည်း ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ဆုပေးခဲ့သည်။
ဆုပေးပွဲပြီးတာနဲ့ ချန်ယွမ်ရှန်းသည် ဆုတံဆိပ်ဖြင့် ရပ်နေသော ပရိသတ်များထံ ပြေးသွားကာ ကျီဖန်ယင်းရဲ့ အာရုံကို ဖမ်းစားနိုင်ရန် သူ့လက်ကို ဝှေ့ယမ်းပြီး "အစ်မ၊ အစ်မ"
ကျီဖန်ယင်း မသိစိတ်မှ မတ်တပ်ထရပ်လိုက်သော်လည်း၊ သူမသည် ချန်ယွမ်ရှင်းဆီသို့ အမြန်လှည့်ကြည့်လိုက်သည်။
"ကျွန်မကိုခေါ်တာမဟုတ်ပါဘူး။ ကျွန်မတို့ကဝမ်းကွဲလည်း ဝမ်းကွဲ၊ ရင်းလည်းရင်းနှီးတော့ နာမည်ပဲတပ်ခေါ်ကြတယ်။" ချန်ယွမ်ရှင်းက အမြန်ရှင်းပြပြီးနောက် ပါးစပ်ကို လက်ဖြင့်အုပ်ကာ တခစ်ခစ်ရယ်ပြီး "ရှင်အမြန်သွားသင့်တယ်၊ သူဘယ်လောက်တောင် စိတ်ပူနေလဲ ကြည့်ပါဦး။"
ထို့ကြောင့် ကျီဖန်ယင်းသည် လက်ရန်းဆီသို့ လျှောက်သွားပြီး ချန်ယွမ်ရှန်းရှိသော အောက်ဘက်သို့ ငုံ့ကြည့်ကာ "ဂုဏ်ယူပါတယ်" ဟုဆိုသည်။
ချန်ယွမ်ရှန်း အနည်းငယ် ခြေဖျားထောက်ကာ သူ၏ရှည်လျားသောလက်များဖြင့် တောက်ပသောတုတံဆိပ်ကို သူမ၏လည်ပင်းတွင် ဆွဲပေးလိုက်သည်။
ကျီဖန်ယင်းက သူ့လည်ပင်းပေါ်က အလေးချိန်ကို ချက်ချင်းခံစားလိုက်ရသည်။ ဆုတံဆိပ်သည် သူမ၏ မျက်လုံးအောက်တွင် လွတ်လပ်စွယ ရွေ့လျားနေသည်။
"... အစ်မကို ပေးတာလား"
"ဟုတ်။" ချန်ယွမ်ရှန်းက သတိထားပြီး နောက်ပြန်ဆုတ်ကာ "ပြန်ပေးရင်လက်မခံဘူးနော်" လို့ပြောလိုက်တယ်။
ထို့နောက် သူ့လက်ကို ဝှေ့ယမ်းကာ ရှောင်ပြေးသွားသည်။
သို့သော် သူမလွတ်မြောက်နိုင်ခင်မှာပဲ သူ့အသင်းဖော်များက သူ့ကို ဝိုင်းအုံပြီး ကျီဖန်ယင်းရှိသော ပရိသတ်များနေရာသို့ ပြန်ဆွဲခေါ်သွားသည်။
ကျီဖန်ယင်း : "…"
သူမသည် ချန်ယွမ်ရှန်းကို အနည်းငယ် ကူကယ်ရာသော အကြည့်ဖြင့် ကြည့်ရင်း လည်ပင်းတွင် ချိတ်ထားသည့် ဆုတံဆိပ်ကို ထိလိုက်သည်။
ရိုးရိုးသားသားပြောရရင် ဒီလက်ဆောင်ကို လက်မခံသင့်ပေ။ ထိလိုက်တာတောင် ပူလောင်နေတာပဲ။
ချန်ယွမ်ရှန်းက ကျီဖန်ယင်းကို ဘလင်းဘလင်း တောက်ပနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
"လက်ခံလိုက်၊ သူ့ကိုလက်ခံလိုက်။" ချန်ယွမ်ရှန်း၏ အသင်းဖော်များက ကျယ်လောင်စွာ အားပေးကြသည်။
ချန်ယွမ်ရှန်းသည် သူတို့၏စကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားပြီး သူတို့ဘက်သို့ လျင်မြန်စွာလှည့်ကာ "ငါဖွင့်တောင်မပြောရသေးဘူး။ ပြဿနာရှာမနေကြနဲ့။"
သူသည် တင်းမာသောမျက်နှာဖြင့် အသင်းဖော်များကို ပြောလိုက်သောလည်း ခုနက ရုန်းရင်းဆန်ခတ်ဖြစ်မှုသည် အလုံပိတ် အားကစားရုံအတွင်းမှ မျက်လုံးတစ်ဝက်လောက်ကို ဆွဲဆောင်နိုင်ခဲ့သည်။
ချန်ယွမ်ရှန်းသည် ကျီဖန်ယင်းကို ချောင်းကြည့်ကာ သူမဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။ သူက လက်ရန်းကို မှီပြီး "အစ်မ၊ တောင်းပန်ပါတယ်။ သူတို့မှာ တခြားအဓိပ္ပါယ်မရှိပါဘူး။ ကျွန်တော် သူတို့ကို သူတို့ကို သင်ခန်းစာပေးလိုက်မယ်။ ဒါမှ သူတို့ နောက်ကျ မလုပ်ရဲတော့မှာ။"
ကျီဖန်ယင်းက လေးနက်စွာ မှတ်ချက်ချလိုက်သည် "ရပါတယ်၊ မင်းလူတိုင်းရှေ့မှာ ချစ်စရာကောင်းတယ်လို့ အစ်မထင်နေခဲ့တာ။"
ဒါပေမယ့် သူက သူမရှေ့မှာပဲ ချစ်စရာကောင်းအောင် နေ,နေတာပေါ့။ အဲဒါက ပိုချစ်စရာမကောင်းဘူးလား။
ချန်ယွမ်ရှန်း၏ မျက်နှာနီရဲသွားသည်။ သူက "ယောက်ျားလေးတစ်ယောက်ကို ချစ်စရာကောင်းတယ်လို့ ပြောလို့မရပေမဲ့ အစ်မဆီက ဆိုရင်တော့ အဆင်ပြေပါတယ်" ဟု တိုးတိုးလေးပြောသည်။
ကျီဖန်ယင်းက "အစ်မကို ဒီဆုတံဆိပ်ကို ပေးလိုက်တာ နောင်တမရဘူးလား။"
"လုံးဝကိုမရဘူး။" ချန်ယွမ်ရှန်းက ပြတ်ပြတ်သားသား ပြန်ပြောသည်။ သူက မေးစေ့ကို လက်ရန်းပေါ်တင်ပြီး "ကျွန်တော် အရမ်းတန်ဖိုးထားတဲ့အရာမို့လို့ အစ်မကိူ ပေးတာပါ။"
"မင်းတစ်ခုခုကို တန်ဖိုးထားတာနဲ့ပဲ သူက တန်ဖိုးရှိလာမှာမဟုတ်ဘူး။" တစ်စုံတစ်ဦးက ရုတ်တရက် ကြားဝင်ကာပြောဆိုခဲ့သည်။
ကျီဖန်ယင်းသည် လက်ရှိသူမဘေးနားရှိ ချန်ယွမ်ရှန်းကို စိုက်ကြည့်နေသော စုန့်ရှီးယွီကို တစ်ချက်ကြည့်လိုက်သည်။
ချန်ယွမ်ရှန်းက စုန့်ရှီးယွီဘက်သို့ မသိစိတ်မှ လှည့်ကာ "ကျရှုံးမှာကို ကြောက်တာနဲ့ပဲ ဘာမှမလုပ်ဘဲနေလို့တော့မရဘူးလေ၊ ဟုတ်တယ်မလား"
သူသည် ကျီဖန်ယင်းဘက်သို့တောင် လှည့်ပြီး ထောက်ခံချက်ယူလိုက်သေးသည်။ "အစ်မ၊ ကျွန်တော်ပြောတာ ဟုတ်တယ်မလား။"
ကျီဖန်ယင်းက ရယ်မောကာ သူ့ခေါင်းကို ညင်သာစွာ ပုတ်လိုက်ပြီး "ဟုတ်တာပေါ့၊ မင်ပြောတာ မှန်တယ်"
_____________________________________________
Zawgyi
ၿပိဳင္ပြဲကိုၾကည့္ရင္း က်ီဖန္ယင္းသည္ သူမကို တစ္ေယာက္ေယာက္ မသိမသာ ၾကည့္ေနသည္ကို သတိျပဳမိသည္။
စုန့္ရွီးယြီဆိုတာ ေျပာစရာပင္မလိုေပ။
ခ်န္ယြမ္ရွင္းသည္ ထိုေန႕က စားေသာက္ဆိုင္တြင္ သူႏွင့္ ဘလိုင္းဒိတ္ေတြ႕ခဲ့သူျဖစ္သည္။
က်ီဖန္ယင္းဟာ အားလပ္ရက္တြင္ သူမေဖာက္သည္ႏွင့္ဘတိုးလိမ့္မည္ဟု ဘယ္တုန္းကမွ မေတြးခဲ့ဘူးေပမဲ့ အလုပ္ခ်ိန္ျပင္ပတြင္ သူ႕ႏွင့္ဆက္ဆံစကားေျပာရန္ စိတ္မ၀င္စားေပ။ ထို႔ေၾကာင့္ သူမသည္ သူ႕အၾကည့္ကို လ်စ္လ်ဴရႈကာ ၿပိဳင္ပြဲကိုသာ အာ႐ုံစိုက္ခဲ့သည္။
ေနာက္ဆုံး ဖိုင္နယ္ေရာက္ေနပါၿပီ။ ပြဲသည္ ျပင္းထန္လြန္းသျဖင့္ အလုံပိတ္အားကစား႐ုံအတြင္းတြင္ ႏွစ္သင္းစလုံး၏ အားေပးသူမ်ား၏အသံမ်ားသာ က်ယ္ေလာင္စြာထြက္ေပၚေနသည္။
ခ်န္ယြမ္ရွန္း၏အသင္းက အနိုင္ရကာ ပြဲၿပီးဆုံးသြားခဲ့ပါသည္။ လူအုပ္ႀကီး၏ လက္ခုပ္သံမ်ားသည္ က်ယ္ေလာင္စြာထြက္ေပၚလာၿပီး ခ်န္ယြမ္ရွင္းသည္လည္း မတ္တပ္ရပ္ကာ အနည္းငယ္ခုန္လိုက္သည္။
က်ီဖန္ယင္းသည္ ညစာဘာစားရမလဲကို စဥ္းစားရင္း လူအုပ္ႏွင့္အတူ လက္ခုပ္တီးေနခဲ့သည္။
ဆုေပးပြဲအခမ္းအနားသည္ အေတာ္ေလး ခမ္းနားပါသည္။ တတိယေနရာႏွင့္ စတုတၳေနရာတို႔ကို ဖိုင္နယ္ပြဲစဥ္မ်ားႏွင့္အတူ တစ္ၿပိဳင္နက္တည္း ယွဥ္ၿပိဳင္ကစားခဲ့ၿပီး တတိယဆုရရွိသည့္အသင္းကိုလည္း ဆုခ်ီးျမႇင့္ပြဲအခမ္းအနားတြင္ ဆုေပးခဲ့သည္။
ဆုေပးပြဲၿပီးတာနဲ႕ ခ်န္ယြမ္ရွန္းသည္ ဆုတံဆိပ္ျဖင့္ ရပ္ေနေသာ ပရိသတ္မ်ားထံ ေျပးသြားကာ က်ီဖန္ယင္းရဲ႕ အာ႐ုံကို ဖမ္းစားနိုင္ရန္ သူ႕လက္ကို ေဝွ႕ယမ္းၿပီး "အစ္မ၊ အစ္မ"
က်ီဖန္ယင္း မသိစိတ္မွ မတ္တပ္ထရပ္လိုက္ေသာ္လည္း၊ သူမသည္ ခ်န္ယြမ္ရွင္းဆီသို႔ အျမန္လွည့္ၾကည့္လိုက္သည္။
"ကြၽန္မကိုေခၚတာမဟုတ္ပါဘူး။ ကြၽန္မတို႔ကဝမ္းကြဲလည္း ဝမ္းကြဲ၊ ရင္းလည္းရင္းႏွီးေတာ့ နာမည္ပဲတပ္ေခၚၾကတယ္။" ခ်န္ယြမ္ရွင္းက အျမန္ရွင္းျပၿပီးေနာက္ပါးစပ္ကို လက္ျဖင့္အုပ္ကာ တခစ္ခစ္ရယ္ၿပီး "ရွင္အျမန္သြားသင့္တယ္၊ သူဘယ္ေလာက္ေတာင္ စိတ္ပူေနလဲ ၾကည့္ပါဦး။"
ထို႔ေၾကာင့္ က်ီဖန္ယင္းသည္ လက္ရန္းဆီသို႔ ေလွ်ာက္သြားၿပီး ခ်န္ယြမ္ရွန္းရွိေသာ ေအာက္ဘက္သို႔ ငုံ႕ၾကည့္ကာ "ဂုဏ္ယူပါတယ္" ဟုဆိုသည္။
ခ်န္ယြမ္ရွန္း အနည္းငယ္ ေျခဖ်ားေထာက္ကာ သူ၏ရွည္လ်ားေသာလက္မ်ားျဖင့္ ေတာက္ပေသာတုတံဆိပ္ကို သူမ၏လည္ပင္းတြင္ ဆြဲေပးလိုက္သည္။
က်ီဖန္ယင္းက သူ႕လည္ပင္းေပၚက အေလးခ်ိန္ကို ခ်က္ခ်င္းခံစားလိုက္ရသည္။ဆုတံဆိပ္သည္ သူမ၏ မ်က္လုံးေအာက္တြင္ လြတ္လပ္စြယ ေ႐ြ႕လ်ားေနသည္။
"... အစ္မကို ေပးတာလား"
"ဟုတ္။"ခ်န္ယြမ္ရွန္းက သတိထားၿပီး ေနာက္ျပန္ဆုတ္ကာ "ျပန္ေပးရင္လက္မခံဘူးေနာ္" လို႔ေျပာလိုက္တယ္။
ထို႔ေနာက္ သူ႕လက္ကို ေဝွ႕ယမ္းကာ ေရွာင္ေျပးသြားသည္။
သို႔ေသာ္ သူမလြတ္ေျမာက္နိုင္ခင္မွာပဲ သူ႕အသင္းေဖာ္မ်ားက သူ႕ကို ဝိုင္းအုံၿပီး က်ီဖန္ယင္းရွိေသာ ပရိသတ္မ်ားေနရာသို႔ ျပန္ဆြဲေခၚသြားသည္။
က်ီဖန္ယင္း : ""
သူမသည္ ခ်န္ယြမ္ရွန္းကို အနည္းငယ္ ကူကယ္ရာေသာ အၾကည့္ျဖင့္ ၾကည့္ရင္း လည္ပင္းတြင္ ခ်ိတ္ထားသည့္ ဆုတံဆိပ္ကို ထိလိုက္သည္။
ရိုးရိုးသားသားေျပာရရင္ ဒီလက္ေဆာင္ကို လက္မခံသင့္ေပ။ ထိလိုက္တာေတာင္ ပူေလာင္ေနတာပဲ။
ခ်န္ယြမ္ရွန္းက က်ီဖန္ယင္းကို ဘလင္းဘလင္း ေတာက္ပေနေသာ မ်က္လုံးမ်ားျဖင့္ စိုက္ၾကည့္ေနသည္။
"လက္ခံလိုက္၊သူ႕ကိုလက္ခံလိုက္။"ခ်န္ယြမ္ရွန္း၏ အသင္းေဖာ္မ်ားက က်ယ္ေလာင္စြာ အားေပးၾကသည္။
ခ်န္ယြမ္ရွန္းသည္ သူတို႔၏စကားကို ၾကားေသာအခါ မ်က္ေမွာင္ၾကဳတ္သြားၿပီး သူတို႔ဘက္သို႔ လ်င္ျမန္စြာလွည့္ကာ "ငါဖြင့္ေတာင္မေျပာရေသးဘူး။ ျပႆနာရွာမေနၾကနဲ႕။"
သူသည္ တင္းမာေသာမ်က္ႏွာျဖင့္ အသင္းေဖာ္မ်ားကို ေျပာလိုက္ေသာလည္း ခုနက ႐ုန္းရင္းဆန္ခတ္ျဖစ္မႈသည္ အလုံပိတ္ အားကစား႐ုံအတြင္းမွ မ်က္လုံးတစ္ဝက္ေလာက္ကို ဆြဲေဆာင္နိုင္ခဲ့သည္။
ခ်န္ယြမ္ရွန္းသည္ က်ီဖန္ယင္းကို ေခ်ာင္းၾကည့္ကာ သူမဆီသို႔ ျဖည္းညွင္းစြာ ေလွ်ာက္သြားလိုက္သည္။ သူက လက္ရန္းကို မွီၿပီး "အစ္မ၊ ေတာင္းပန္ပါတယ္။ သူတို႔မွာ တခြားအဓိပ္ပါယ်မရှိပါဘူး။ ကြၽန္ေတာ္ သူတို႔ကို သူတို႔ကို သင္ခန္းစာေပးလိုက္မယ္။ ဒါမွ သူတို႔ ေနာက္က် မလုပ္ရဲေတာ့မွာ။"
က်ီဖန္ယင္းက ေလးနက္စြာ မွတ္ခ်က္ခ်လိဳက္သည္ "ရပါတယ္၊ မင္းလူတိုင္းေရွ႕မွာ ခ်စ္စရာေကာင္းတယ္လို႔ အစ္မထင္ေနခဲ့တာ။"
ဒါေပမယ့္ သူက သူမေရွ႕မွာပဲ ခ်စ္စရာေကာင္းေအာင္ ေန,ေနတာေပါ့။အဲဒါက ပိုခ်စ္စရာမေကာင္းဘူးလား။
ခ်န္ယြမ္ရွန္း၏ မ်က္ႏွာနီရဲသြားသည္။ သူက "ေယာက္်ားေလးတစ္ေယာက္ကို ခ်စ္စရာေကာင္းတယ္လို႔ ေျပာလို႔မရေပမဲ့ အစ္မဆီက ဆိုရင္ေတာ့ အဆင္ေျပပါတယ္" ဟု တိုးတိုးေလးေျပာသည္။
က်ီဖန္ယင္းက "အစ္မကို ဒီဆုတံဆိပ္ကို ေပးလိုက္တာ ေနာင္တမရဘူးလား။"
"လုံးဝကိုမရဘူး။" ခ်န္ယြမ္ရွန္းက ျပတ္ျပတ္သားသား ျပန္ေျပာသည္။ သူက ေမးေစ့ကို လက္ရန္းေပၚတင္ၿပီး "ကြၽန္ေတာ္ အရမ္းတန္ဖိုးထားတဲ့အရာမို႔လို႔ အစ္မကိူ ေပးတာပါ။"
"မင္းတစ္ခုခုကို တန္ဖိုးထားတာနဲ႕ပဲ သူက တန္ဖိုးရွိလာမွာမဟုတ္ဘူး။" တစ္စုံတစ္ဦးက ႐ုတ္တရက္ ၾကားဝင္ကာေျပာဆိုခဲ့သည္။
က်ီဖန္ယင္းသည္ လက္ရွိသူမေဘးနားရွိ ခ်န္ယြမ္ရွန္းကို စိုက္ၾကည့္ေနေသာ စုန့္ရွီးယြီကို တစ္ခ်က္ၾကည့္လိုက္သည္။
ခ်န္ယြမ္ရွန္းက စုန့္ရွီးယြီဘက္သို႔ မသိစိတ္မွ လွည့္ကာ "က်ရႈံးမွာကို ေၾကာက္တာနဲ႕ပဲ ဘာမွမလုပ္ဘဲေနလို႔ေတာ့မရဘူးေလ၊ ဟုတ္တယ္မလား"
သူသည္ က်ီဖန္ယင္းဘက္သို႔ေတာင္ လွည့္ၿပီး ေထာက္ခံခ်က္ယူလိုက္ေသးသည္။ "အစ္မ၊ ကြၽန္ေတာ္ေျပာတာ ဟုတ္တယ္မလား။"
က်ီဖန္ယင္းက ရယ္ေမာကာ သူ႕ေခါင္းကို ညင္သာစြာ ပုတ္လိုက္ၿပီး "ဟုတ္တာေပါ့၊ မင္ေျပာတာ မွန္တယ္"
_____________________________________________