စနေနေ့တွင်
ကျီဖန်ယင်းသည် သူမအတွက် ဘဏ်အကောင့်အသစ်တစ်ခုကို ယခင်ကတည်းက လျှောက်ထားခဲ့သည်။ သူမသည် တစ်ပတ်လုံး အလုပ်ရှုပ်နေခဲ့သောကြောင့် စနေနေ့မှသာ ဘဏက်သို့လာနိုင်ခဲ့သညလ။
သူမ၏ဘဏ်အကောင့်ဟောင်းကို အဖေကျီနှင့် အမေကျီတို့က လုပ်ပေးထားခဲ့ပြီး သူတို့နှစ်ဦးသည် ရုပ်ရှင်ကြည့်ပွဲကတည်းက သူမ၏ဖုန်းကို အမြဲ ဖုန်းခေါ်ဆိုနေခဲ့ကြသည်။
သူမသည် အစပိုင်းတွင် သူတို့၏ဖုန်းများကို ကိုင်ခဲ့သော်လည်း 'နေကောင်းလား၊ အဆင်ပြေရဲ့လား' ကဲ့သို့သော အဓိပ္ပါယ်မရှိသောမေးခွန်းများကို ဆက်တိုက်မေးလာသောအခါတွင် သူမသည် ဖုန်းကို စားပွဲပေါ်သာ တင်ထားပြီး ဂရုမစိုက်တော့ကာ သူမလုပ်လက်စကို ဆက်လုပ်ပါတော့သည်။
ဆွေရင်းမျိုးရင်းဟူသော အရာများသည် ယခုအချိန်တွင် သူမ၏ ဦးစားပေးစာရင်းထဲတွင် ရှိပင်မနေချေ။ ချမ်းသာဖို့က ပိုအရေးကြီးပါသည်။
ထို့ကြောင့်လည်း ဘဏ်အကောင့်အသစ်အတွက် လျှောက်ခဲ့တာဖြစ်ပါသည်။
လုပ်ထုံးလုပ်နည်းတွေ ပြီးအောင်လုပ်ကာ ညနေစောင်း ဘဏ်မှထွက်လာခါနီး သူမ၏ ပိုက်ဆံများအားလုံးကို လွှဲပေးခဲ့သည်။ ထို့နောက်၊ သူမသည် သူမ၏ဘဏ်အကောင့်နံပါတ်ပြောင်းလဲသည့်အကြောင်းကိုလည်း ဖောက်သည်နှစ်ဦးကို အသိပေး မက်ဆေ့ချ်ပို့ခဲ့ပါသေးသည်။
သူမရဲ့ ဘဏ်အကောင့်ဟောင်းကိုလည်း ပိတ်ဖို့ မမေ့ခဲ့ပေ။
ဘဏ်မန်နေဂျာက သူမကို မဖျက်သိမ်းဖို့ပြောခဲ့ပေမဲ့ ကျီဖန်ယင်းက ငြင်းဆိုခဲ့ပါသည်။
ဘဏ်မှထွက်ခွာလာချိန်တွင် နေသည် ဝင်သည့် အရိပ်အယောင်ပြနေပြီဖြစ်သည်။ သူမသည် အခု တက္ကသိုလ်တစ်ခုနှင့် နီးသည့်နေရာတွင် ရောက်နေသောကြောင့် လမ်းပေါ်တွင် ငယ်ရွယ်သော တက္ကသိုလ် ကျောင်းသားများစွာ ရှိနေခဲ့သည်။
သူမ ဒီနေ့ ညနေ၄နာရီမှာ ကျင်းပမယ့် ဘက်စကတ်ဘောဖိုင်နယ်ပွဲအကြောင်းကို ကပ်ထားတဲ့ ကြော်ငြာပိုစတာကို သူမ သတိပြုမိလိုက်သည်။
နာရီကိုကြည့်လိုက်တော့ ညနေ၃နာရီခွဲလောက်ရှိနေပြီ။
တကယ့်ကို တိုက်ဆိုင်တာပဲ။ မိုးနတ်မင်းက ငါ့ကိုသွားစေချင်လို့ သဲလွန်စတွေချပေးနေသလိုလို။
ဟုတ်ပြီလေ၊ ဒီနေ့ ငါ့မှာ ဘာအရေးကြီးကိစ္စမှမရှိတာ။
ခဏစဉ်းစားပြီးနောက် ကျီဖန်ယင်းသည် ချန်ယွမ်ရှန်းနှင့် သူမ၏စကားပြောသည့်ချတ်ဘောက်စ် နှိပ်လိုက်ရာ သူမသည် ဘတ်စကတ်ဘောဖိုင်နယ်ပွဲ တည်နေရာအနီးတွင် ဖြစ်နေကြောင်း အတည်ပြုနိုင်ခဲ့သည်။
... ငါသွားကြည့်လိုက်ရမလား။
ကျီဖန်ယင်းသည် အနီးဆုံးစတိုးဆိုင်သို့သွားပြီး အားဖြည့်အချိုရည်များနှင့် သစ်သီးများဝယ်ယူကာ ပွဲကျင်းပရာနေရာကို သွားလိက်သည်။ သွားနေရင်း လမ်းတွင် သူမသည် ချန်ယွမ်ရှန်းထံ စာပို့လိုက်သည်။
…
ဘတ်စကက်ဘောကွင်းတွင် လူများစွာ ရှိနေသည်။
ငယ်ရွယ်နုပျိုမှု၊ ချွေး၊ ဆွဲဆောင်မှုရှိသောလူငယ်လေးများနှင့် ဘတ်စကတ်ဘော။ ဤစကားလုံးလေးလုံးသည် ဤနေရာနှင့် အလွန်သင့်လျော်ပါသည်။
ပွဲစဖို့ နာရီဝက် လိုသေးသည်ဆိုပေမယ့် ပရိသတ်များသည် ထိုင်ခုံများတွင် ဝင်ထိုင်နေပြီဖြစ်သည်။ တချို့သည် ဆိုင်းဘုတ်များတောင် ယူလာကြကာ အားပေးနေသည်။
နှစ်သင်းစလုံး အားကစားရုံထဲသို့ ရောက်ရှိနေကြပြီ။ တစ်ချို့ဟာ သွေးပူလေ့ကျင့်ခန်းလုပ်နေကြပြီး အချို့ကတော့ နည်းပြ၏ ဟောပြောချက်များကို နားထောင်နေကြသည်။
… ခုံတန်းလျားသို့ပြေးကာ ဖုန်းသွားယူသည့် ခပ်မိုက်မိုက်ကောင်လေးတစ်ယောက်လည်း ရှိနေသည်။
"ချန်ယွမ်ရှန်း!" နည်းပြက အော်လိုက်သည် "အချိန်ကိုကြည့်လေ။ ဘာလို့ဖုန်းကြည့်နေတာလဲ.."
"… ဒီတိုင်း တစ်ချက်စစ်ကြည့်တာပါ။" ချန်ယွမ်ရှန်းသည် စောစောက တုန်ခါနေသည့် ဖုန်းကို ကောက်ကိုင်ကာ ကြည့်လိုက်သည်။ ချက်ချင်းပင် သူ့မျက်နှာ သည် တောက်ပလာပြီး "ဆရာ၊ ကျွန်တော် ခဏလောက် အပြင်သွားဦးမယ်"
နည်းပြရဲ့အသံက တကယ့်ကို လေးနက်နေပြီး "အခုလား။ မင်းခေါင်းကို ရိုက်ခွဲလိုက်ရ။"
အတွင်းသတင်းများကိုသိနေသည့် ချန်ယွမ်ရှန်း၏အသင်းဖော်တစ်ဦးသည် "ဝေ့၊ မင်းရုပ်ကိုကြည့်ရင် ဟိုတလောက အပြင်မှာတွေ့ခဲ့တဲ့ အဲ့အစ်မ မက်ဆေ့ခ်ျပို့တာမလား။"
"ပြိုင်ပွဲကို ဖိတ်လိုက်ပေမဲ့ လာမယ်လို့ တိတိကျကျမပြောတဲ့ ဂန္တာဝင်အစ်မကြီးမလား။"
"နည်းပြကလည်း၊ သူ့ကိုနားလည်ပေးလိုက်ပါ၊ သွားခိုင်းလိုက်။ ကြားဖူးတယ်မလား 'ကောင်းနေတဲ့အိမ်ထောင်ရေးတစ်ခုကို ဖျက်ဆီးတာထက် အဆင်မပြေတဲ့အိမ်ထောင်ဆယ်ခုကိုဖျက်ဆီးတယ် ပိုကောင်းတယ်'ဆိုတာ။"
နည်းပြက စိတ်မရှည်စွာဖြင့် "ဒါဆိုလည်း ရှစ်မိနစ် အချိန်ပေးမယ်။"
တစ်စက္ကန့်လေးတောင်မဖြုန်းတော့ဘဲ ချန်ယွမ်ရှန်းသည် သူ့ဂျာကင်နဲ့ ဖုန်းကို ကောက်ကိုင်လိုက်တယ်။
"အရှိန်လျှော့ဦးဟေ့၊ အခု ပင်ပန်းသွားရင် ခဏနေ ဘယ်လိုကစားမလဲ။"
_____________________________________________
Zawgyi
စနေနေ့တွင်
သူမသည် အစပိုင်းတွင် သူတို့၏ဖုန်းများကို ကိုင်ခဲ့သော်လည်း 'နေကောင်းလား၊ အဆင်ပြေရဲ့လား' ကဲ့သို့သော အဓိပ်ပါယျမရှိသောမေးခွန်းများကို ဆက်တိုက်မေးလာသောအခါတွင် သူမသည် ဖုန်းကို စားပွဲပေါ်သာ တင်ထားပြီး ဂရုမစိုက်တော့ကာ သူမလုပ်လက်စကို ဆက်လုပ်ပါတော့သည်။
_____________________________________________