ဘိုင်ကျိုးက သူမကို စိုးရိမ်နေသော အပြုံးတစ်ခုဖြင့် ကြည့်နေသည်ကို သတိပြုမိသောကြောင့် သူမသည်လည်း နူးညံ့သောအပြုံးဖြင့် ပြန်တုံ့ပြန်လိုက်ပြီး ပါးစပ်ထဲသို့ နောက်ထပ် အသားတစ်ဖတ်ထည့်လိုက်သည်။
ကျီရှင်းရှင်း ဘာပြောလိုက်သည်ကို သူမ မသိသော်လည်း ဘိုင်ကျိုး၏ မျက်နှာသည် ရုတ်တရက် နက်မှောင်လာသည်။ သူက စိတ်တိုနေသော လေသံဖြင့် "… ဒီနေ့ည ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ဘယ်သူပြောပြတာလဲ။ စုန့်ရှီးယွီလား။"
ကျီဖန်ယင်းသည် စားရင်း ထိုမေးခွန်းကို စဉ်းစားနေသည်။
စုန့်ရှီးယွီက ကျီရှင်းရှင်းကို စောစောက ပွဲတုန်းက အဖြစ်အပျက်တွေကို ပြောပြခဲ့တာလား။
အနည်းဆုံးတော့ လက်ရှိအချိန်တွင် တရားမ၀င်ကလေးကိစ္စသည် ကျီရှင်းရှင်း၏နှလုံးသားထဲမှ ဘိုင်ကျိုးရဲ့အနာဂတ်ကို ထိခိုက်သွားပုံမပေါ်ပေ။ ထို့အပြင်၊ စုန့်ရှီးယွီသည် ရိုးသားပြီး လိမ္မာပါးနပ်သော ဇာတ်ကောင်မျိုးကို ဟန်ဆောင်ထားတာဖြစ်သည်။ သူသာ အခြားသူ၏အကြောင်းကို အတင်းအဖျင်းပြောလျှင် သူဘက်သာ ပို၍ နစ်နာမည်ဖြစ်သည်။
တရားခံက တခြားသူဖြစ်ရမယ်။
သတင်းအချက်အလက်များကို အခြေခံပြီး တွေးတတ်သော ပင်ကိုယ်ဥာဏ်သည် 'ပင်လယ်ဘုရင်' အတွက် အလွန်အရေးပါ,ပါသည်။ ကျီဖန်ယင်းသည် အခြေအနေကို ကျိုးကြောင်းဆီလျော်စွာ စဉ်းစားနေချိန် ဘိုင်ကျိုး၏ စကားဝိုင်းသည် နောက်တစ်ခုသို့ ပြောင်းသွားခဲ့ပြီဖြစ်သည်။
"မနက်ဖြန်လား။" ဘိုင်ကျိုးရဲ့လက်ချောင်းသည် စားပွဲပေါ်တွင် ထိတ်လန့်တကြား လှုပ်ရှားသွားသည်။ "… ကျွန်တော် အကောင့်ကို အဘန်းခံထားရလို့ အခုတလော မမနဲ့ ကစားလို့မရလောက်ဘူး။ ကျွန်တော့် အကောင့်ကို အဘန်းခံထားရတာ လွတ်သွားတာနဲ့ ဖုန်းလှမ်းဆက်လိုက်မယ်။"
ကျီဖန်ယင်းသည် အလွန်အားယားနေသောကြောင့် ဘိုင်ကျိုးကို ကူညီ ရေတွက်ပေးခဲ့သည်။
ယခုအချိန်အထိ အလိမ်အညာသုံးခုရှိပြီး တစ်ခုစီတိုင်းသည် ယခင်ထက် ပိုမိုချောမွေ့လာပါသည်။
"နောက်မှပေါ့၊ မမ" စကားဝိုင်းက အဲဒီ့မှာ ပြီးသွားပြီဖြစ်သော်လည်း ဘိုင်ကျိုးက ဖုန်းကို ချက်ချင်းမချဘဲ သူသည် "မမ၊ ကျွန်တော် မေးချင်တာတစ်ခုရှိလို့…" ဟု ချီတုံချတုံဖြင့် မေးတယ်။
သူဆက်မပြောဘဲ ဤနေရာတွင်သာ စက္ကန့်အတော်ကြာရပ်နေပြီး "... ထားလိုက်ပါတော့၊ ဘာမှမဟုတ်တော့ဘူး။ ကိုယ့်ကိုကိုယ် သေချာဂရုစိုက်ဦးနော်။"
ကျီဖန်ယင်းက အတော်လေးကို စိတ်ဝင်စားစရာကောင်သည်ဟု ထင်နေသည်။ လူတစ်ယောက်သည် သူတို့စိတ်ထဲမှ စိတ်ရှုပ်မှုကိုလိုက်ပြီး စိတ်ခံစားချက်တွေက တဖြည်းဖြည်း ပြောင်းလဲသွားတာကို ကြည့်ရတာ သူမအတွက် စိတ်ဝင်စားဖို့ကောင်းပါသည်။
သို့သော်၊ သူမ ဤအလုပ်ကို ဖျက်သိမ်းသောအချိန်အထိ သူမ၏အဓိကဖောက်သည်များ စိတ်မပြောင်းလဲသွား၍မဖြစ်ပေ။ ထို့ကြောင့် ဘိုင်ကျိုး ဖုန်းကို ချပြီး တစ်ခုခုပြောဖို့ ပြင်နေတာတွေ့သောအခါ သူမက ချက်ချင်းဖျက်ကယ "သတိထား၊ ဟင်းရည်က ပူနေသေးတယ်" လို့ပြောလိုက်သည်။
ဘိုင်ကျိုး 'ကျစ်' ဟူ၍ စုတ်သပ်လိုက်သည်။ သူ့ကိုယ်သူ ဒေါသတွေ ပြေသွားအောင်လုပ်နေသကဲ့သို့ ပန်းကန်လုံးကို မြှောက်ကာ ပါးစပ်ထဲကို တစ်ငုံတည်း မော့ချလိုက်တယ်။
ကျီဖန်ယင်း : "…"
လူငယ်တွေများ၊ ဘာလို့ ဒီလိုအပူခံတာပါလိမ့်။
သူမသည် ဘိုင်ကျိုး၏အိမ်တွင် စုစုပေါင်း နှစ်နာရီကြာအောင်နေခဲ့သည်။ ထမင်းစားပြီးနောက် ဘားကောင်တာနှင့် မီးဖိုချောင်ကို သေသေချာချာ သန့်ရှင်းရေးလုပ်ပေးသည်။ သူမပြန်ခါနီးတွင်၊ တံခါးပေါက်နံရံကို မှီကာ လက်ပိုက်ထားသော ဘိုင်ကျိုးသည် ရုတ်တရက် မေးခွန်းတစ်ခုမေးလိုက်သည်။
"မနေ့ညက စုန့်ရှီးယွီ မင်းကိုရှာသေးလား။" သူကမေးတယ်။
ကျီဖန်ယင်းသည် ဒေါက်ဖိနပ်ကိုစီးနေရင်း သူ့အား လှည့်ကြည့်သည်။
ဝန်ဆောင်မှုအချိန်သည်ကုန်ဆုံးသွားပြီးဖြစ်တာကြောင့် ကျီဖန်ယင်း၏ သဘောထားသည် သူမ၏ပုံမှန်မဟုတ်သော အရင်ပုံစံသို့ ပြန်ပြောင်းသွားခဲ့သည်။ "အင်း၊ ဘာဖြစ်လို့လဲယ"
"အလကားလား။"
"အလကား?" ကျီဖန်ယင်းက တခစ်ခစ်ရယ်ကာ ငြင်းဆိုလိုက်သည်။ "မဖြစ်နိုင်တာ။"
ခြေဖနောင့်ကို ထည့်ပြီးနောက် မတ်တပ်ရပ်လိုက်သည်။ သူမ၏ ဒေါက်ဖိနပ်များသည် အတော်အတန် မြင့်လာတာကြောင့် ဘိုင်ကျိုးသည် သူမကို ဟန်ချက်ထိန်းပေးရန် လက်လှမ်းလိုက်သော်လည်း သူမသည် မသိစိတ်မှ ရှောင်လိုက်သည်။
ဒီလုပ်ရပ်က သူတို့နှစ်ယောက်လုံးကို အံ့သြသွားစေတယ်။
ဘိုင်ကျိုးက စုတ်သပ်လိုက်ပြီး သူ့လက်ကို မကျေမနပ်နဲ့ ပြန်ဆုတ်လိုက်သည်။ ကျီဖန်ယင်းသည်တော့ သူ့လက်ကို ရှောင်ရသောအကြောင်းအရင်းကို ရှင်းပြဖို့ စိတ်မ၀င်စားပေ။ ထို့ကြောင့် ဘာမှမဖြစ်ခဲ့သလို အေးအေးဆေးဆေး နှုတ်ဆက်ပြီး အိမ်ထဲမှ ထွက်လာခဲ့သည်။
"ဟိတ်" ဘိုင်ကျိုး ရုတ်တရက် သူမကို အော်လိုက်တယ်။ "ဘာလို့မေးတာလဲ မသိချင်ဘူးလား"
"ငါ့ဖောက်သည်ရဲ့ကိုယ်ပိုင်ဘဝတွေကို စိတ်မဝင်စားဘူး" လို့ ကျီဖန်ယင်းက လက်ချောင်းများကို ပိုက်ဆံပုံစံဝိုင်းပြလိုက်ရင်း ပြန်ဖြေခဲ့သည်။ "ဒီနေ့ ဖြစ်ခဲ့တာတွေကို တခြားသူတွေကို သေချာပေါက် ပြန်မပြောဘူးမလို့ စိတ်ပူနေစရာမလိုဘူး။"
ဒါကြောင့် လေးစားအပ်ပါသော ငါရဲ့ဖောက်သည်များရှင့်၊ ကျေးဇူးပြုပြီး ငါ့အပေါ် ဒီလောက်လွယ်လွယ် ကြွေမသွားကြပါနဲ့။
_____________________________________________
Zawgyi
ဘိုင္က်ိဳးက သူမကို စိုးရိမ္ေနေသာ အၿပဳံးတစ္ခုျဖင့္ ၾကည့္ေနသည္ကို သတိျပဳမိေသာေၾကာင့္ သူမသည္လည္း ႏူးညံ့ေသာအၿပဳံးျဖင့္ ျပန္တုံ႕ျပန္လိုက္ၿပီး ပါးစပ္ထဲသို႔ ေနာက္ထပ္ အသားတစ္ဖတ္ထည့္လိုက္သည္။
က်ီရွင္းရွင္း ဘာေျပာလိုက္သည္ကို သူမ မသိေသာ္လည္း ဘိုင္က်ိဳး၏ မ်က္ႏွာသည္ ႐ုတ္တရက္ နက္ေမွာင္လာသည္။သူက စိတ္တိုေနေသာ ေလသံျဖင့္ " ဒီေန႕ည ျဖစ္ခဲ့တဲ့ ကိစၥေတြကို ဘယ္သူေျပာျပတာလဲ။စုန့္ရွီးယြီလား။"
က်ီဖန္ယင္းသည္ စားရင္း ထိုေမးခြန္းကို စဥ္းစားေနသည္။
စုန့္ရွီးယြီက က်ီရွင္းရွင္းကို ေစာေစာက ပြဲတုန္းက အျဖစ္အပ်က္ေတြကို ေျပာျပခဲ့တာလား။
အနည္းဆုံးေတာ့ လက္ရွိအခ်ိန္တြင္ တရားမ၀င္ကေလးကိစၥသည္ က်ီရွင္းရွင္း၏ႏွလုံးသားထဲမွ ဘိုင္က်ိဳးရဲ႕အနာဂတ္ကို ထိခိုက္သြားပုံမေပၚေပ။ ထို႔အျပင္၊ စုန့္ရွီးယြီသည္ ရိုးသားၿပီး လိမၼာပါးနပ္ေသာ ဇာတ္ေကာင္မ်ိဳးကို ဟန္ေဆာင္ထားတာျဖစ္သည္။ သူသာ အျခားသူ၏အေၾကာင္းကို အတင္းအဖ်င္းေျပာလွ်င္ သူဘက္သာ ပို၍ နစ္နာမည္ျဖစ္သည္။
တရားခံက တျခားသူျဖစ္ရမယ္။
သတင္းအခ်က္အလက္မ်ားကို အေျခခံၿပီး ေတြးတတ္ေသာ ပင္ကိုယ္ဥာဏ္သည္ 'ပင္လယ္ဘုရင္' အတြက္ အလြန္အေရးပါ,ပါသည္။ က်ီဖန္ယင္းသည္ အေျခအေနကို က်ိဳးေၾကာင္းဆီေလ်ာ္စြာ စဥ္းစားေနခ်ိန္ ဘိုင္က်ိဳး၏ စကားဝိုင္းသည္ ေနာက္တစ္ခုသို႔ ေျပာင္းသြားခဲ့ၿပီျဖစ္သည္။
"မနက္ျဖန္လား။" ဘိုင္က်ိဳးရဲ႕လက္ေခ်ာင္းသည္ စားပြဲေပၚတြင္ ထိတ္လန႔္တၾကား လႈပ္ရွားသြားသည္။ " ကြၽန္ေတာ္ အေကာင့္ကို အဘန္းခံထားရလို႔ အခုတေလာ မမနဲ႕ ကစားလို႔မရေလာက္ဘူး။ ကြၽန္ေတာ့္ အေကာင့္ကို အဘန္းခံထားရတာ လြတ္သြားတာနဲ႕ ဖုန္းလွမ္းဆက္လိုက္မယ္။"
က်ီဖန္ယင္းသည္ အလြန္အားယားေနေသာေၾကာင့္ ဘိုင္က်ိဳးကို ကူညီ ေရတြက္ေပးခဲ့သည္။
ယခုအခ်ိန္အထိ အလိမ္အညာသုံးခုရွိၿပီး တစ္ခုစီတိုင္းသည္ ယခင္ထက္ ပိုမိုေခ်ာေမြ႕လာပါသည္။
"ေနာက္မွေပါ့၊ မမ" စကားဝိုင္းက အဲဒီ့မွာ ၿပီးသြားၿပီျဖစ္ေသာ္လည္း ဘိုင္က်ိဳးက ဖုန္းကို ခ်က္ခ်င္းမခ်ဘဲ သူသည္ "မမ၊ ကြၽန္ေတာ္ ေမးခ်င္တာတစ္ခုရွိလို႔" ဟု ခ်ီတုံခ်တဳံျဖင့္ ေမးတယ္။
သူဆက္မေျပာဘဲ ဤေနရာတြင္သာ စကၠန႔္အေတာ္ၾကာရပ္ေနၿပီး "... ထားလိုက္ပါေတာ့၊ ဘာမွမဟုတ္ေတာ့ဘူး။ ကိုယ့္ကိုကိုယ္ ေသခ်ာဂ႐ုစိုက္ဦးေနာ္။"
က်ီဖန္ယင္းက အေတာ္ေလးကို စိတ္ဝင္စားစရာေကာင္သည္ဟု ထင္ေနသည္။ လူတစ္ေယာက္သည္ သူတို႔စိတ္ထဲမွ စိတ္ရႈပ္မႈကိုလိုက္ၿပီး စိတ္ခံစားခ်က္ေတြက တျဖည္းျဖည္း ေျပာင္းလဲသြားတာကို ၾကည့္ရတာ သူမအတြက္ စိတ္ဝင္စားဖို႔ေကာင္းပါသည္။
သို႔ေသာ္၊ သူမ ဤအလုပ္ကို ဖ်က္သိမ္းေသာအခ်ိန္အထိ သူမ၏အဓိကေဖာက္သည္မ်ား စိတ္မေျပာင္းလဲသြား၍မျဖစ္ေပ။ ထို႔ေၾကာင့္ ဘိုင္က်ိဳး ဖုန္းကို ခ်ၿပီး တစ္ခုခုေျပာဖို႔ ျပင္ေနတာေတြ႕ေသာအခါ သူမက ခ်က္ခ်င္းဖ်က္ကယ "သတိထား၊ ဟင္းရည္က ပူေနေသးတယ္" လို႔ေျပာလိုက္သည္။
ဘိုင္က်ိဳး 'က်စ္' ဟူ၍ စုတ္သပ္လိုက္သည္။ သူ႕ကိုယ္သူ ေဒါသေတြ ေျပသြားေအာင္လုပ္ေနသကဲ့သို႔ ပန္းကန္လုံးကို ျမႇောက္ကာ ပါးစပ္ထဲကို တစ္ငုံတည္း ေမာ့ခ်လိဳက္တယ္။
က်ီဖန္ယင္း : ""
လူငယ္ေတြမ်ား၊ ဘာလို႔ ဒီလိုအပူခံတာပါလိမ့္။
သူမသည္ ဘိုင္က်ိဳး၏အိမ္တြင္ စုစုေပါင္း ႏွစ္နာရီၾကာေအာင္ေနခဲ့သည္။ ထမင္းစားၿပီးေနာက္ ဘားေကာင္တာႏွင့္ မီးဖိုေခ်ာင္ကို ေသေသခ်ာခ်ာ သန႔္ရွင္းေရးလုပ္ေပးသည္။ သူမျပန္ခါနီးတြင္၊ တံခါးေပါက္နံရံကို မွီကာ လက္ပိုက္ထားေသာ ဘိုင္က်ိဳးသည္ ႐ုတ္တရက္ ေမးခြန္းတစ္ခုေမးလိုက္သည္။
"မေန႕ညက စုန့္ရွီးယြီ မင္းကိုရွာေသးလား။" သူကေမးတယ္။
က်ီဖန္ယင္းသည္ ေဒါက္ဖိနပ္ကိုစီးေနရင္း သူ႕အား လွည့္ၾကည့္သည္။
ဝန္ေဆာင္မႈအခ်ိန္သည္ကုန္ဆုံးသြားၿပီးျဖစ္တာေၾကာင့္ က်ီဖန္ယင္း၏ သေဘာထားသည္ သူမ၏ပုံမွန္မဟုတ္ေသာ အရင္ပုံစံသို႔ ျပန္ေျပာင္းသြားခဲ့သည္။"အင္း၊ ဘာျဖစ္လို႔လဲယ"
"အလကားလား။"
"အလကား?"က်ီဖန္ယင္းက တခစ္ခစ္ရယ္ကာ ျငင္းဆိုလိုက္သည္။ "မျဖစ္နိုင္တာ။"
ေျခဖေနာင့္ကို ထည့္ၿပီးေနာက္ မတ္တပ္ရပ္လိုက္သည္။ သူမ၏ ေဒါက္ဖိနပ္မ်ားသည္ အေတာ္အတန္ ျမင့္လာတာေၾကာင့္ ဘိုင္က်ိဳးသည္ သူမကို ဟန္ခ်က္ထိန္းေပးရန္ လက္လွမ္းလိုက္ေသာ္လည္း သူမသည္ မသိစိတ္မွ ေရွာင္လိုက္သည္။
ဒီလုပ္ရပ္က သူတို႔ႏွစ္ေယာက္လုံးကို အံ့ၾသသြားေစတယ္။
ဘိုင္က်ိဳးက စုတ္သပ္လိုက္ၿပီး သူ႕လက္ကို မေက်မနပ္နဲ႕ ျပန္ဆုတ္လိုက္သည္။ က်ီဖန္ယင္းသည္ေတာ့ သူ႕လက္ကို ေရွာင္ရေသာအေၾကာင္းအရင္းကို ရွင္းျပဖို႔ စိတ္မ၀င္စားေပ။ ထို႔ေၾကာင့္ ဘာမွမျဖစ္ခဲ့သလို ေအးေအးေဆးေဆး ႏႈတ္ဆက္ၿပီး အိမ္ထဲမွ ထြက္လာခဲ့သည္။
"ဟိတ္" ဘိုင္က်ိဳး ႐ုတ္တရက္ သူမကို ေအာ္လိုက္တယ္။ "ဘာလို႔ေမးတာလဲ မသိခ်င္ဘူးလား"
"ငါ့ေဖာက္သည္ရဲ႕ကိုယ္ပိုင္ဘဝေတြကို စိတ္မဝင္စားဘူး" လို႔ က်ီဖန္ယင္းက လက္ေခ်ာင္းမ်ားကို ပိုက္ဆံပုံစံဝိုင္းျပလိုက္ရင္း ျပန္ေျဖခဲ့သည္။ "ဒီေန႕ ျဖစ္ခဲ့တာေတြကို တျခားသူေတြကို ေသခ်ာေပါက္ ျပန္မေျပာဘူးမလို႔ စိတ္ပူေနစရာမလိုဘူး။"
ဒါေၾကာင့္ ေလးစားအပ္ပါေသာ ငါရဲ႕ေဖာက္သည္မ်ားရွင့္၊ ေက်းဇူးျပဳၿပီး ငါ့အေပၚ ဒီေလာက္လြယ္လြယ္ ေႂကြမသြားၾကပါနဲ႕။
_____________________________________________