တစ်နာရီတစ်သိန်း အစားထိုးချစ်သူ

By Anaisa365

349K 43.5K 541

Title - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDI... More

↪ဇာတ်လမ်းမိတ်ဆက်↩
အခန်း၁
အခန်း၂
အခန်း၃
အခန်း၄
အခန်း၅
အခန်း၆
အခန်း၇
အခန်း၈
အခန်း၉
အခန်း၁၀
အခန်း၁၁
အခန်း၁၂
အခန်း၁၃
အခန်း၁၄
အခန်း၁၅
အခန်း၁၆
အခန်း၁၇
အခန်း၁၈
အခန်း၁၉
အခန်း၂၀
အခန်း၂၁
အခန်း၂၂
အခန်း၂၃
အခန်း၂၄
အခန်း၂၅
အခန်း၂၆
အခန်း၂၇
အခန်း၂၈
အခန်း၂၉
အခန်း၃၀
အခန်း၃၁
အခန်း၃၂
အခန်း၃၃
အခန်း၃၄
အခန်း၃၅
အခန်း၃၆
အခန်း၃၇
အခန်း၃၈
အခန်း၃၉
အခန်း၄၀
အခန်း၄၁
အခန်း၄၂
အခန်း၄၃
အခန်း၄၄
အခန်း၄၅
အခန်း၄၆
အခန်း၄၇
အခန်း၄၈
အခန်း၄၉
အခန်း၅၀
အခန်း၅၁
အခန်း၅၂
အခန်း၅၃
အခန်း၅၄
အခန်း၅၅
အခန်း၅၆
အခန်း၅၇
အခန်း၅၈
အခန်း၆၀
အခန်း၆၁
အခန်း၆၂
အခန်း၆၃
အခန်း၆၄
အခန်း၆၅
အခန်း၆၆
အခန်း၆၇
အခန်း၆၈
အခန်း၆၉
အခန်း၇၀
အခန်း၇၁
အခန်း၇၂
အခန်း၇၃
အခန်း၇၄
အခန်း၇၅
အခန်း၇၆
အခန်း၇၇
အခန်း၇၈
အခန်း၇၉
အခန်း၈၀
အခန်း၈၁
အခန်း၈၂
အခန်း၈၃
အခန်း၈၄
အခန်း၈၅
အခန်း၈၆
အခန်း၈၇
အခန်း၈၈
အခန်း၈၉
အခန်း၉၀
အခန်း၉၁
အခန်း၉၂
အခန်း၉၃
အခန်း၉၄
အခန်း၉၅
အခန်း၉၆
အခန်း၉၇
အခန်း၉၈
အခန်း၉၉
အခန်း၁၀၀
အခန်း၁၀၁
အခန်း၁၀၂
အခန်း၁၀၃
အခန်း၁၀၄
အခန်း၁၀၅
အခန်း၁၀၆
အခန်း၁၀၇
အခန်း၁၀၈
အခန်း၁၀၉
အခန်း၁၁၀
အခန်း၁၁၁
အခန်း၁၁၂
အခန်း၁၁၃
အခန်း၁၁၄
အခန်း၁၁၅
အခန်း၁၁၆
အခန်း၁၁၇
အခန်း၁၁၈
အခန်း၁၁၉
အခန်း၁၂၀
အခန်း၁၂၁
အခန်း၁၂၂
အခန်း၁၂၃
အခန်း၁၂၄
အခန်း၁၂၅
အခန်း၁၂၆
အခန်း၁၂၇
အခန်း၁၂၈
အခန်း၁၂၉
အခန်း၁၃၀
အခန်း၁၃၁
အခန်း၁၃၂
အခန်း၁၃၃
အခန်း၁၃၄
အခန်း၁၃၅
အခန်း၁၃၆
အခန်း၁၃၇
အခန်း၁၃၈
အခန်း၁၃၉
အခန်း၁၄၀
အခန်း၁၄၁
အခန်း၁၄၂
အခန်း၁၄၃
အခန်း၁၄၄
အခန်း၁၄၅
အခန်း၁၄၆
အခန်း၁၄၇
အခန်း၁၄၈
အခန်း၁၄၉
အခန်း၁၅၀
အခန်း၁၅၁
အခန်း၁၅၂
အခန်း၁၅၃
အခန်း၁၅၄
အခန်း၁၅၅
အခန်း၁၅၆
အခန်း၁၅၇
အခန်း၁၅၈
အခန်း၁၅၉
အခန်း၁၆၀
အခန်း၁၆၁
အခန်း၁၆၂
အခန်း၁၆၃
အခန်း၁၆၄
အခန်း၁၆၅
အခန်း၁၆၆
အခန်း၁၆၇
အခန်း၁၆၈
အခန်း၁၆၉
အခန်း၁၇၀
အခန်း၁၇၁
အခန်း၁၇၂
အခန်း၁၇၃
အခန်း၁၇၄
အခန်း၁၇၅
အခန်း၁၇၆
အခန်း၁၇၇
အခန်း၁၇၈
အခန်း၁၇၉
အခန်း၁၈၀
အခန်း၁၈၁
အခန်း၁၈၂
အခန်း၁၈၃
အခန်း၁၈၄
အခန်း၁၈၅
အခန်း၁၈၆
အခန်း၁၈၇
အခန်း၁၈၈
အခန်း၁၈၉
အခန်း၁၉၀
အခန်း၁၉၁
အခန်း၁၉၂
အခန်း၁၉၃
အခန်း၁၉၄
အခန်း၁၉၅
အခန်း၁၉၆
အခန်း၁၉၇
အခန်း၁၉၈
Announcement!!

အခန်း၅၉

1.7K 237 1
By Anaisa365

စန်းရှန်းရန်၏ စူးစမ်းလိုစိတ်က မြင့်တက်လာသည်။

"အိပ်မက်ကိုဖန်တီးပေးတဲ့သူကလွဲပြီး အခြားအသုံးအနှုန်းများရှိသေးလား"  သူကမေးသည်။

ကျီဖန်ယင်းက တခစ်ခစ်ရယ်လိုက်သည်။

အခြားအသုံးအနှုန်းဆိုရင်တော့ အချစ်ရေးကို လိမ်ပေးတဲ့သူပေါ့။

သူမသည် စန်းရှန်းရန်၏မေးခွန်းကို လျစ်လျူရှုလိုက်ပြီး "ရုပ်ရှင်က ခဏ​နေစတော့မှာဆိုတော့ ကျွန်မ နေရာယူဖို့သွားတော့မယ်။ ရှင်ရော"

VIPနား​နေခန်းထဲကိုဝင်လာခဲ့သော အဖေကျီနဲ့ အမေကျီတို့ဟာ လောလောဆယ် သူမဘက်ကို ဦးတည်နေပါသည်။

စန်းရှန်းရန်လည်း မတ်တပ်ရပ်လိုက်ကာ  "ကျွန်တော်လည်း မင်းနဲ့လိုက်ခဲ့မယ်။ မင်းရဲ့ထိုင်ခုံနံပါတ်ကဘယ်လောက်လဲ။"

နှစ်ယောက်သား ထိုင်ခုံနံပါတ်ကို မြန်မြန်ဆန်ဆန် ယှဉ်ကြည့်​ကြသည်။  သူတို့ထဲက တစ်ယောက်က လူသိများတဲ့ ဒါရိုက်တာဖြစ်ပြီး နောက်တစ်ယောက်ကတော့ ရုပ်ရှင်သုံးသပ်ချက်ရေးသူပါ။ သူတို့ ထိုင်ခုံများက တစ်ခုနဲ့တစ်ခု ဝေးကွာနေမယ်ဆိုတာ ပြောစရာပင်မလိုပါချေ။

"ဒီရုပ်ရှင်ကြည့်ပွဲပြီးသွားရင် စကားပြောကြတာ​ပေါ့။" စန်းရှန်းရန်က သူ့ဖုန်းကို ထုတ်လိုက်သည်။ "မင်း ဒီကဖိတ်စာကိုရတယ်ဆိုတော့ ရုပ်ရှင်လောကမှာလည်း အလုပ်လုပ်တာဖြစ်မယ်။ ဖုန်းနံပါတ်လဲကြမလား။"

သူသည် သဘာဝကျကျပြောခဲ့ပြီး ပရောပရီလုပ်နေပုံကို လုံးဝမခံစားရကယ အလုပ်အတွက် အဆက်အသွယ်ဖလှယ်နေ​ကြသော လူနှစ်ယောက်နဲ့ပင် ပိုတူသည်။

ကျီဖန်ယင်းက သူ့ကို ငါးနံပါတ်သုံးဖြစ်နိုင်ချေရှိသည်ဟု ရှုမြင်တာကြောင့် သူမသည် ထိုကမ်းလှမ်းမှုကို လက်ခံပြီး ဖုန်းကို ထုတ်လိုက်ပါတယ်။  ဒါပေမယ့် ဒီလဲလှယ်မှုကို စုန့်ရှီးယွီက ရပ်တန့်လိုက်ပါသည်။

အနားရောက်လာသော စုန့်ရှီးယွီသည် စန်းရှန်းရန်ဆီသို့ ဦးစွာ ခေါင်းညိတ်ပြပြီး ကျီဖန်ယင်းဘက်သို့ လှည့်ကာ "ကျီဖန်ယင်း၊ မင်းမိဘတွေက စိတ်ပူနေတယ်" လို့ ပြောပါသည်။

ကျီဖန်ယင်းသည် စုန့်ရှီးယွီ၏အကြည့်များသည် သူမ၏ဖုန်းစခရင်ပေါ်တွင် အနည်းငယ်ကြာအောင် စိုက်ကြည့်နေသည်ကို သတိပြုမိကာ ထူးဆန်းသွားသည်ါ

"ငါသူတို့ကို စောစောက နှုတ်ဆက်ပြီးသွားပြီ။" ကျီဖန်ယင်းသည် အလုပ်ချိန်ပြင်ပတွင် စုန့်ရှီးယွီနှင့် စကားစမြည်ပြောရန် စိတ်မ၀င်စားတာကြောင့် သူမသည်ထွက်သွားရန် ဆုံးဖြတ်ခဲ့သည်။  "ခွင့်ပြုပါဦး။"

သူမသည် VIPနား​နေခန်းမှ ထွက်မသွားမီ စန်းရှန်းရန်ကို နှုတ်ဆက်ခဲ့ပြီး သူတို့ကိုနှစ်ယောက်တည်း ချန်ထားခဲ့သည်။

ဤနေရာတွင် အဆက်အသွယ် ဖလှယ်သည်ပဲဖြစ်စေ၊ မလုပ်ဖြစ်သည်ပဲဖြစ်သေ အရေးမပါကြောင်း သူမသိပါသည်။ စန်းရှန်းရန်က လွယ်လွယ်နဲ့ လက်မလျှော့တတ်ချေ။

"မစ္စတာစုန့်က မစ္စကျီနဲ့ သိတယ်လား" စန်းရှန်းရန်က မေးသည်။  "အာ၊ သူက ရှင်းရှင်းရဲ့ အစ်မပဲ။ မစ္စတာစုန့်က ကျီမိသားစုနဲ့ ရင်းနှီးတော့ ညီအစ်မနှစ်ယောက်လုံးကို သိနေတာ မဆန်းပါဘူး။ ပြောရရင် ဒီညီအစ်မနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် လုံးဝကိုချွတ်စွပ်ပဲနော်။ မစ္စကျီသာ သဘောထားကို နည်းနည်းလေး ပြောင်းလဲလိုက်ရင် လုံးဝ သူ့ညီမအတိုင်းဖြစ်သွားမှာပဲ"

'အတိုင်း' ဟူသော စကားလုံးများသည် စုန့်ရှီးယွီ၏ နှလုံးသားထဲသို့ ဆူးများကဲ့သို့ ထိုးဖောက်ဝင်ရောက်သွားပြီး သူသည် စိတ်မသက်မသာဖြစ်ကာ မျက်မှောင်ကြုတ်လိုက်သည်။

တကယ်တော့ သူလည်း ကျီဖန်ယင်းကို ကျီရှင်းရှင်း၏ နေရာတွင် အစားထိုးခဲ့သည်လေ။

"ထားလိုက်ပါတော့၊ မစ္စတာစုန့်မှာ မစ္စကျီရဲ့ဖုန်းနံပါတ် ရှိတယ်ဟုတ်လား။ ကျွန်တော့်ကို ပို့ပေးလို့ရမလား"

စုန့်ရှီးယွီ: "…" ငါဖျက်ထားတာကို ပြန်မထည့်ရသေးဘူး။

"သူနဲ့ သွားမရှုပ်နဲ့"လို့ စုန့်ရှီးယွီက သူ့ခေါင်းတဆတ်ဆတ် ကိုက်ခဲ​နေတာကို သက်သာစေဖို့ နားထင်ကို ပွတ်သပ်ရင်း ပြောလိုက်ပါသည်၊ "ဘာပဲဖြစ်ဖြစ် သူက ရှင်းရှင်းရဲ့အစ်မပဲ။"

စန်းရှန်းရန်သည် တခဏတာ ထိတ်လန့်သွားပြီးနောက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး " 'သူ့ကို ရှုပ်တယ်'ဆိုတာ ဘာကိုဆိုလိုတာလဲ။  ကျွန်တော်က မစ္စကျီနဲ့ မိတ်ဖွဲ့ချင်ရုံပါပဲ။ ပြီးတော့ မစ္စတာစုန့်၊ ခင်ဗျားစည်းကျော်နေပြီလို့ မထင်ဘူးလား။ ကျွန်တော့်ကို ဘယ်လိုအနေအထားနဲ့ သတိပေးတာလဲ။ ရှင်းရှင်းရဲ့ ချစ်သူအနေနဲ့လား၊ ဒါမှမဟုတ် သာမန်သူငယ်ချင်းအဖြစ်နဲ့လား။"

သူသည် ကျီရှင်းရှင်း၏ နှုတ်ဆက်ပွဲသို့ အလုပ်များနေတာကြောင့် မတက်ရောက်လိုက်ရ​သော်လည်း ထိုနေ့ကဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို သိပါသေးသည်။

ကျီရှင်းရှင်းကို ဖွင့်မပြောရသေးသော အခြားသူများနှင့်ယှဉ်လျှင် ကျီရှင်းရှင်း၏အငြင်းကို ခံခဲ့ရသော စုန့်ရှီးယွီသည် ပြိုင်ပွဲထဲတွင် မရှိတော့ပေ။

"ကျွန်တော်က သာမန်သူငယ်ချင်းဆိုရင်တောင် ခင်ဗျားထက် ပိုရင်းနှီးနေတုန်းပါပဲ။" လို့ စုန့်ရှီးယွီက ကျက်သရေရှိ​သောအပြုံးနဲ့ ပြန်ပြောခဲ့သည်။  "ကျီဖန်ယင်းက ခင်ဗျားထင်ထားသလို သူနဲ့ဆက်ဆံဖို့ မလွယ်ဘူး"

အရင်တုန်က ကျီဖန်ယင်းသည် အခြားသူများ သူမကို စော်ကားသည်များကို တိတ်တဆိတ်သာ လက်ခံသော်လည်း လက်ရှိ ကျီဖန်ယင်းသည်တော့ ကိုယ့်ကိုကိုယ် ကာကွယ်ရန်အတွက် သူမ၏ခံစားချက်ကို ဖုံးကွယ်ထားသည်...

... စုန့်ရှီးယွီ၏အမြင်တွင်​ သူမသည် အလွန် အားနည်းနေပါသေးသည်။

ကျီဖန်ယင်း၏သူ့အပေါ်ထား​သောအချစ်ကသာ ကျီရှင်းရှင်းဆီမှာဆိုလျှင် ဘယ်လောက်ကောင်းလိုက်မလဲဟူ၍ မကြာခဏဆိုသလို တွေးမိသည်။ တကယ်သာ အဲ့လိုဖြစ်ခဲ့ရင် သူတို့ သုံးယောက်လုံး ဒီလို ဒုက္ခရောက်​နေ​ကြမှာ မဟုတ်​ပေ။

စန်းရှန်းရန်သည် စုန့်ရှီးယွီ၏သတိပေးချက်ကို ပခုံးတွန့်ကာ "မစ္စတာစုန့်ရဲ့ စကားတွေကအထင်လွဲစရာပဲနော်။ ခင်ဗျားသဘောကျတဲ့လူက ရှင်းရှင်းမဟုတ်ဘဲ သူ့အစ်မလို့တောင် ထင်မိတော့မယ်။"

စုန့်ရှီးယွီက ထိုမှတ်ချက်ကို ပြုံးကာ တုံ့ပြန်လိုက်သော်လည်း စိတ်ထဲတွင်တော့ လှောင်ရယ်နေလေသည်။

သူသာ ကျီဖန်ယင်းအပေါ် တကယ် ခံစားချက်တွေ ရှိ​နေမယ်ဆိုရင်၊ သူတို့အတူရှိနေတာကြာပြီပဲဖြစ်သည်။ လူတစ်ယောက်ရဲ့ ခံစားချက်များကို အတင်းအကျပ် ပြောင်းလဲ၍မရပေ။

စုန့်ရှီးယွီသည် စကားမပြောချင်တော့တာကို တွေ့လိုက်ရတာကြောင့် စန့်ရှန်းရန်က ထိုအကြောင်းအရာကို ဆက်မပြောဖို့ ရွေးချယ်လိုက်တယ်။  သူသည် သုန့်ရှီးယွီကို 'ကြွပါ' ဟူ၍ လက်အမူအရာပြပြီး အတူထိုင်ခုံများဘက်​သို့ လျှောက်သွားသည်။

လမ်းတစ်လျှောက်တွင် စုန့်ရှီးယွီ၏ အသားအရောင်သည် အနည်းငယ်​ ကြည့်မကောင်းသည်ကို သတိပြုမိပြီး "မစ္စတာစုန့်၊ နေမကောင်းဘူးလား။ ခင်ဗျားနေမကောင်းရင်လည်း အိမ်ပြန်သင့်တယ်။ ကိုယ့်ကိုကိုယ် အရမ်းတွန်းအားပေးတာမကောင်းပါဘူး။"

စုန့်ရှီးယွီက စန်းရှန်းရန်ကို တစ်ချက်ကြည့်ပြီး "စိုးရိမ်ပေးလို့ ကျေးဇူးတင်ပေမယ့် ကျွန်​တော်အဆင်ပြေပါတယ်။"

အခုသည် နွေလယ်ခေါင်ဖြစ်နေသေးသော်လည်း ရက်အတော်ကြာ မိုးဆက်တိုက်ရွာသွန်းထားခြင်းကြောင့် ရာသီဥတုသည် အနည်းငယ်အေး​နေခဲ့သည်။  ဒီလိုအခြေအနေတွေအောက်မှာ အအေးပတ်ဖို့သည် လွယ်ကူပြီး ကံမကောင်းစွာနဲ့ စုန့်ရှီးယွီဟာ ထိုသားကောင်များထဲက တစ်ယောက်ပါ။

သို့သော် သူသည် ချမ်းနေသည်ကို မျက်ကွယ်ပြုကာ သူ့အလုပ်ကိုသာ အာရုံစိုက်ခဲ့သည်။

အကြောင်းတစ်ခုခုကြောင့် ငွေရှာဖို့ကသာ အရေးကြီးဆုံးလို့ သူ​တွေးလာသည်။ သူ့လက်ထဲမှာ ပိုက်ဆံအလုံအလောက်ရှိသရွေ့ တကယ့်အချစ်စစ်နဲ့တူတဲ့ အချစ်ကိုတောင် ဝယ်လို့ရပါသည်။

သူလိုအပ်သည်မှာ အဆုံးမရှိသော ဝင်ငွေစီးကြောင်းကြီးသာ ဖြစ်သည်။

_____________________________________________

Zawgyi

စန္းရွန္းရန္၏ စူးစမ္းလိုစိတ္က ျမင့္တက္လာသည္။

"အိပ္မက္ကိုဖန္တီးေပးတဲ့သူကလြဲၿပီး အျခားအသုံးအႏႈန္းမ်ားရွိေသးလား" သူကေမးသည္။

က်ီဖန္ယင္းက တခစ္ခစ္ရယ္လိုက္သည္။

အျခားအသုံးအႏႈန္းဆိုရင္ေတာ့ အခ်စ္ေရးကို လိမ္ေပးတဲ့သူေပါ့။

သူမသည္ စန္းရွန္းရန္၏ေမးခြန္းကို လ်စ္လ်ဴရႈလိုက္ၿပီး "႐ုပ္ရွင္က ခဏေနစေတာ့မွာဆိုေတာ့ ကြၽန္မ ေနရာယူဖို႔သြားေတာ့မယ္။ ရွင္ေရာ"

VIPနားေနခန္းထဲကိုဝင္လာခဲ့ေသာ အေဖက်ီနဲ႕ အေမက်ီတို႔ဟာ ေလာေလာဆယ္ သူမဘက္ကို ဦးတည္ေနပါသည္။

စန္းရွန္းရန္လည္း မတ္တပ္ရပ္လိုက္ကာ "ကြၽန္ေတာ္လည္း မင္းနဲ႕လိုက္ခဲ့မယ္။မင္းရဲ႕ထိုင္ခုံနံပါတ္ကဘယ္ေလာက္လဲ။"

ႏွစ္ေယာက္သား ထိုင္ခုံနံပါတ္ကို ျမန္ျမန္ဆန္ဆန္ ယွဥ္ၾကည့္ၾကသည္။ သူတို႔ထဲက တစ္ေယာက္က လူသိမ်ားတဲ့ ဒါရိုက္တာျဖစ္ၿပီး ေနာက္တစ္ေယာက္ကေတာ့ ႐ုပ္ရွင္သုံးသပ္ခ်က္ေရးသူပါ။ သူတို႔ ထိုင္ခုံမ်ားက တစ္ခုနဲ႕တစ္ခု ေဝးကြာေနမယ္ဆိုတာ ေျပာစရာပင္မလိုပါေခ်။

"ဒီ႐ုပ္ရွင္ၾကည့္ပြဲၿပီးသြားရင္ စကားေျပာၾကတာေပါ့။"စန္းရွန္းရန္က သူ႕ဖုန္းကို ထုတ္လိုက္သည္။"မင္း ဒီကဖိတ္စာကိုရတယ္ဆိုေတာ့ ႐ုပ္ရွင္ေလာကမွာလည္း အလုပ္လုပ္တာျဖစ္မယ္။ဖုန္းနံပါတ္လဲၾကမလား။"

သူသည္ သဘာဝက်က်ေျပာခဲ့ၿပီး ပေရာပရီလုပ္ေနပုံကို လုံးဝမခံစားရကယ အလုပ္အတြက္ အဆက္အသြယ္ဖလွယ္ေနၾကေသာ လူႏွစ္ေယာက္နဲ႕ပင္ ပိုတူသည္။

က်ီဖန္ယင္းက သူ႕ကို ငါးနံပါတ္သုံးျဖစ္နိုင္ေခ်ရွိသည္ဟု ရႈျမင္တာေၾကာင့္ သူမသည္ ထိုကမ္းလွမ္းမႈကို လက္ခံၿပီး ဖုန္းကို ထုတ္လိုက္ပါတယ္။ ဒါေပမယ့္ ဒီလဲလွယ္မႈကို စုန့္ရွီးယြီက ရပ္တန႔္လိုက္ပါသည္။

အနားေရာက္လာေသာ စုန့္ရွီးယြီသည္ စန္းရွန္းရန္ဆီသို႔ ဦးစြာ ေခါင္းညိတ္ျပၿပီး က်ီဖန္ယင္းဘက္သို႔ လွည့္ကာ "က်ီဖန္ယင္း၊ မင္းမိဘေတြက စိတ္ပူေနတယ္" လို႔ ေျပာပါသည္။

က်ီဖန္ယင္းသည္ စုန့္ရွီးယြီ၏အၾကည့္မ်ားသည္ သူမ၏ဖုန္းစခရင္ေပၚတြင္ အနည္းငယ္ၾကာေအာင္ စိုက္ၾကည့္ေနသည္ကို သတိျပဳမိကာ ထူးဆန္းသြားသည္ါ

"ငါသူတို႔ကို ေစာေစာက ႏႈတ္ဆက္ၿပီးသြားၿပီ။"က်ီဖန္ယင္းသည္ အလုပ္ခ်ိန္ျပင္ပတြင္ စုန့္ရွီးယြီႏွင့္ စကားစျမည္ေျပာရန္ စိတ္မ၀င္စားတာေၾကာင့္ သူမသည္ထြက္သြားရန္ ဆုံးျဖတ္ခဲ့သည္။ "ခြင့္ျပဳပါဦး။"

သူမသည္ VIPနားေနခန္းမွ ထြက္မသြားမီ စန္းရွန္းရန္ကို ႏႈတ္ဆက္ခဲ့ၿပီး သူတို႔ကိုႏွစ္ေယာက္တည္း ခ်န္ထားခဲ့သည္။

ဤေနရာတြင္ အဆက္အသြယ္ ဖလွယ္သည္ပဲျဖစ္ေစ၊ မလုပ္ျဖစ္သည္ပဲျဖစ္ေသ အေရးမပါေၾကာင္း သူမသိပါသည္။ စန္းရွန္းရန္က လြယ္လြယ္နဲ႕ လက္မေလွ်ာ့တတ္ေခ်။

"မစၥတာစုန့္က မစၥက်ီနဲ႕ သိတယ္လား"စန္းရွန္းရန္က ေမးသည္။ "အာ၊ သူက ရွင္းရွင္းရဲ႕ အစ္မပဲ။ မစၥတာစုန့္ကက်ီမိသားစုနဲ႕ ရင္းႏွီးေတာ့ ညီအစ္မႏွစ္ေယာက္လုံးကို သိေနတာ မဆန္းပါဘူး။ ေျပာရရင္ ဒီညီအစ္မႏွစ္ေယာက္က တစ္ေယာက္နဲ႕တစ္ေယာက္ လုံးဝကိုခြၽတ္စြပ္ပဲေနာ္။မစၥက်ီသာ သေဘာထားကို နည္းနည္းေလး ေျပာင္းလဲလိုက္ရင္ လုံးဝ သူ႕ညီမအတိုင္းျဖစ္သြားမွာပဲ"

'အတိုင္း' ဟူေသာ စကားလုံးမ်ားသည္ စုန့္ရွီးယြီ၏ ႏွလုံးသားထဲသို႔ ဆူးမ်ားကဲ့သို႔ ထိုးေဖာက္ဝင္ေရာက္သြားၿပီး သူသည္ စိတ္မသက္မသာျဖစ္ကာ မ်က္ေမွာင္ၾကဳတ္လိုက္သည္။

တကယ္ေတာ့ သူလည္း က်ီဖန္ယင္းကို က်ီရွင္းရွင္း၏ ေနရာတြင္ အစားထိုးခဲ့သည္ေလ။

"ထားလိုက္ပါေတာ့၊ မစၥတာစုန့္မွာ မစၥက်ီရဲ႕ဖုန္းနံပါတ္ ရွိတယ္ဟုတ္လား။ကြၽန္ေတာ့္ကို ပို႔ေပးလို႔ရမလား"

စုန့္ရွီးယြီ: "" ငါဖ်က္ထားတာကို ျပန္မထည့္ရေသးဘူး။

"သူနဲ႕ သြားမရႈပ္နဲ႕"လို႔ စုန့္ရွီးယြီက သူ႕ေခါင္းတဆတ္ဆတ္ ကိုက္ခဲေနတာကို သက္သာေစဖို႔ နားထင္ကို ပြတ္သပ္ရင္း ေျပာလိုက္ပါသည္၊"ဘာပဲျဖစ္ျဖစ္ သူက ရွင္းရွင္းရဲ႕အစ္မပဲ။"

စန္းရွန္းရန္သည္ တခဏတာ ထိတ္လန႔္သြားၿပီးေနာက္ ဟက္ဟက္ပက္ပက္ ရယ္ေမာလိုက္ၿပီး " 'သူ႕ကို ရႈပ္တယ္'ဆိုတာ ဘာကိုဆိုလိုတာလဲ။ ကြၽန္ေတာ္က မစၥက်ီနဲ႕ မိတ္ဖြဲ႕ခ်င္႐ုံပါပဲ။ ၿပီးေတာ့ မစၥတာစုန့္၊ ခင္ဗ်ားစည္းေက်ာ္ေနၿပီလို႔ မထင္ဘူးလား။ ကြၽန္ေတာ့္ကိုဘယ္လိုအေနအထားနဲ႕ သတိေပးတာလဲ။ရွင္းရွင္းရဲ႕ ခ်စ္သူအေနနဲ႕လား၊ ဒါမွမဟုတ္ သာမန္သူငယ္ခ်င္းအျဖစ္နဲ႕လား။"

သူသည္ က်ီရွင္းရွင္း၏ ႏႈတ္ဆက္ပြဲသို႔ အလုပ္မ်ားေနတာေၾကာင့္ မတက္ေရာက္လိုက္ရေသာ္လည္း ထိုေန႕ကျဖစ္ပ်က္ခဲ့ေသာ အျဖစ္အပ်က္မ်ားကို သိပါေသးသည္။

က်ီရွင္းရွင္းကို ဖြင့္မေျပာရေသးေသာ အျခားသူမ်ားႏွင့္ယွဥ္လွ်င္ က်ီရွင္းရွင္း၏အျငင္းကို ခံခဲ့ရေသာ စုန့္ရွီးယြီသည္ ၿပိဳင္ပြဲထဲတြင္ မရွိေတာ့ေပ။

"ကြၽန္ေတာ္က သာမန္သူငယ္ခ်င္းဆိုရင္ေတာင္ ခင္ဗ်ားထက္ ပိုရင္းႏွီးေနတုန္းပါပဲ။" လို႔ စုန့္ရွီးယြီက က်က္သေရရွိေသာအၿပဳံးနဲ႕ ျပန္ေျပာခဲ့သည္။ "က်ီဖန္ယင္းက ခင္ဗ်ားထင္ထားသလို သူနဲ႕ဆက္ဆံဖို႔ မလြယ္ဘူး"

အရင္တုန္က က်ီဖန္ယင္းသည္ အျခားသူမ်ား သူမကို ေစာ္ကားသည္မ်ားကို တိတ္တဆိတ္သာ လက္ခံေသာ္လည္း လက္ရွိ က်ီဖန္ယင္းသည္ေတာ့ ကိုယ့္ကိုကိုယ္ ကာကြယ္ရန္အတြက္ သူမ၏ခံစားခ်က္ကို ဖုံးကြယ္ထားသည္...

... စုန့္ရွီးယြီ၏အျမင္တြင္ သူမသည္ အလြန္ အားနည္းေနပါေသးသည္။

က်ီဖန္ယင္း၏သူ႕အေပၚထားေသာအခ်စ္ကသာ က်ီရွင္းရွင္းဆီမွာဆိုလွ်င္ ဘယ္ေလာက္ေကာင္းလိုက္မလဲဟူ၍ မၾကာခဏဆိုသလို ေတြးမိသည္။တကယ္သာ အဲ့လိုျဖစ္ခဲ့ရင္ သူတို႔ သုံးေယာက္လုံး ဒီလို ဒုကၡေရာက္ေနၾကမွာ မဟုတ္ေပ။

စန္းရွန္းရန္သည္ စုန့္ရွီးယြီ၏သတိေပးခ်က္ကို ပခုံးတြန႔္ကာ "မစၥတာစုန့္ရဲ႕ စကားေတြကအထင္လြဲစရာပဲေနာ္။ခင္ဗ်ားသေဘာက်တဲ့လူက ရွင္းရွင္းမဟုတ္ဘဲ သူ႕အစ္မလို႔ေတာင္ ထင္မိေတာ့မယ္။"

စုန့္ရွီးယြီက ထိုမွတ္ခ်က္ကို ၿပဳံးကာ တုံ႕ျပန္လိုက္ေသာ္လည္း စိတ္ထဲတြင္ေတာ့ ေလွာင္ရယ္ေနေလသည္။

သူသာ က်ီဖန္ယင္းအေပၚ တကယ္ ခံစားခ်က္ေတြ ရွိေနမယ္ဆိုရင္၊ သူတို႔အတူရွိေနတာၾကာၿပီပဲျဖစ္သည္။လူတစ္ေယာက္ရဲ႕ ခံစားခ်က္မ်ားကို အတင္းအက်ပ္ ေျပာင္းလဲ၍မရေပ။

စုန့္ရွီးယြီသည္ စကားမေျပာခ်င္ေတာ့တာကို ေတြ႕လိုက္ရတာေၾကာင့္ စန့္ရွန္းရန္က ထိုအေၾကာင္းအရာကို ဆက္မေျပာဖို႔ ေ႐ြးခ်ယ္လိုက္တယ္။ သူသည္ သုန့္ရွီးယြီကို 'ႂကြပါ' ဟူ၍ လက္အမူအရာျပၿပီး အတူထိုင္ခုံမ်ားဘက္သို႔ ေလွ်ာက္သြားသည္။

လမ္းတစ္ေလွ်ာက္တြင္ စုန့္ရွီးယြီ၏ အသားအေရာင္သည္ အနည္းငယ္ ၾကည့္မေကာင္းသည္ကို သတိျပဳမိၿပီး "မစၥတာစုန့္၊ ေနမေကာင္းဘူးလား။ခင္ဗ်ားေနမေကာင္းရင္လည္း အိမ္ျပန္သင့္တယ္။ ကိုယ့္ကိုကိုယ္ အရမ္းတြန္းအားေပးတာမေကာင္းပါဘူး။"

စုန့္ရွီးယြီက စန္းရွန္းရန္ကို တစ္ခ်က္ၾကည့္ၿပီး "စိုးရိမ္ေပးလို႔ ေက်းဇူးတင္ေပမယ့္ ကြၽန္ေတာ္အဆင္ေျပပါတယ္။"

အခုသည္ ႏြေလယ္ေခါင္ျဖစ္ေနေသးေသာ္လည္း ရက္အေတာ္ၾကာ မိုးဆက္တိုက္႐ြာသြန္းထားျခင္းေၾကာင့္ ရာသီဥတုသည္ အနည္းငယ္ေအးေနခဲ့သည္။ ဒီလိုအေျခအေနေတြေအာက္မွာ အေအးပတ္ဖို႔သည္ လြယ္ကူၿပီး ကံမေကာင္းစြာနဲ႕ စုန့္ရွီးယြီဟာ ထိုသားေကာင္မ်ားထဲက တစ္ေယာက္ပါ။

သို႔ေသာ္ သူသည္ ခ်မ္းေနသည္ကို မ်က္ကြယ္ျပဳကာ သူ႕အလုပ္ကိုသာ အာ႐ုံစိုက္ခဲ့သည္။

အေၾကာင္းတစ္ခုခုေၾကာင့္ ေငြရွာဖို႔ကသာ အေရးႀကီးဆုံးလို႔ သူေတြးလာသည္။ သူ႕လက္ထဲမွာ ပိုက္ဆံအလုံအေလာက္ရွိသေ႐ြ႕ တကယ့္အခ်စ္စစ္နဲ႕တူတဲ့ အခ်စ္ကိုေတာင္ ဝယ္လို႔ရပါသည္။

သူလိုအပ္သည္မွာ အဆုံးမရွိေသာ ဝင္ေငြစီးေၾကာင္းႀကီးသာ ျဖစ္သည္။

_____________________________________________

Continue Reading

You'll Also Like

114K 1.8K 24
First story and it randomly came to my mind. I'm 16 and my life took a dark twist. I leave with my brother to New York. The father of my child doesn'...
638K 29K 42
Needs editing [ the destiny series #1] 𝑻𝒉𝒆 𝒇𝒂𝒕𝒆 𝒑𝒖𝒔𝒉𝒆𝒅 𝒕𝒉𝒆𝒎 𝒂𝒑𝒂𝒓𝒕 𝒃𝒖𝒕 𝒅𝒆𝒔𝒕𝒊𝒏𝒚 𝒂𝒈𝒂𝒊𝒏 𝒑𝒖𝒍𝒍𝒆𝒅 𝒕𝒉𝒆𝒎 𝒕𝒐𝒈...
5.8K 323 5
ဒါ​ပေမယ့်​လေ ထင်းထင်....ကျန်းရန်က အရမ်းလည်း​ကောင်း​ပေးနိုင်ပါတယ်....သူက​လေ မင်းအတွက်ဆိုပြီး အ​ကောင်းဆုံးဖြစ်​အောင် အမြဲတမ်း​ပြောင်းလဲ​ပေး​နေခဲ့တာပါ...
9.7K 248 22
You died and went to where the sinners and hellborne reside. But you...aren't like any sinner down there. (You are a female reader) Hazbin hotel doe...