ထိုအချိန်မှာပဲ သူမဖုန်းသည် ရုတ်တရက် တုန်ခါသွားတယ်။ ချန်ယွမ်ရှန်းထံမှ မက်ဆေ့ချ်ရောက်လာတာဖြစ်သည်။
သူသည် ဘတ်စကက်ဘောကွင်းဘေးမှာရိုက်ထားသော သူ့ဓာတ်ပုံတစ်ပုံကို ပို့ပေးလာသည်။ သူ့ဆံပင်များသည် ချွေးများနှင့် ရွှဲနေပြီး လက်ထဲတွင်လည်း ရေပုလင်းကို ကိုင်ထားတယ်။ သူ့မျက်နှာပေါ်တွင် သွားဖြူဖြူလေးများပါပေါ်နေသည့် တောက်ပသော အပြုံးတစ်ခုရှိနေပြီး ဆယ်ကျော်သက်အချစ်ဒရာမာ ဇာတ်ကားများထဲမှ ချောမောသော ဒုတိယ ဇာတ်လိုက်များကဲ့သို့ပင်။
ကျီဖတ်ယင်းသည် ဓာတ်ပုံကို ကြည့်လိုက်ရုံဖြင့်ပင် သူမ၏ ငယ်ရွယ်နုပျိုခဲ့သောနှစ်များဆီသို့ ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။
ချန်ယွမ်ရှန်း - 【ဒီနေ့ ကျွန်တော်တို့ကျောင်းထဲမှာ ဘတ်စကက်ဘောပြိုင်ပွဲက ဆီမီးဖိုင်နယ်ကို ကျင်းပခဲ့တာ။ အမှတ်ကတော်တော်လေးကပ်ပေမဲ့ နောက်ဆုံး ကျွန်တော်တို့အသင်းပဲ နိုင်ခဲ့တယ်။ >A< 】
ကျီဖန်ယင်းသည် သူပေးပို့လိုက်သော '>A<' အီမိုဂျီကို ကြည့်ပြီး တက္ကသိုလ်ကျောင်းသားတွေချင်းအတူတူပဲကို ဘိုင်ကျိုးဆယ်ယောက်တောင် ချန်ယွမ်ရှန်း တစ်ယောက်လောက် ချစ်စရာမကောင်းဘူးလို့ သူမတွေးနေမိသည်။
သူမမက်ဆေ့ချ်ကိုမပြန်ရသေးခင်၊ ချန်ယွမ်ရှန်းသည် နောက်ထပ်မက်ဆေ့ချ်တစ်ခုကို ပို့လာပြန်သည် 【ဖိုင်နယ်ပွဲစဉ်က ဒီတနင်္ဂနွေနေ့လုပ်မှာ။ အစ်မ ပြိုင်ပွဲကြည့်ဖို့ အားလား။ ကျွန်တော်တို့အဖွဲ့က အစ်မအတွက် အကောင်းဆုံးနေရာများကို ကြိုပြင်ပေးထားမယ်လေ။】
ထို့နောက်တတိယစာတစ်စောင်ရောက်လာသည်- 【အလုပ်ပြီးသွားရင် စာပြန်ဖို့မမေ့ပါနဲ့ဦးနော် ⊙_⊙】
ကျီဖန်ယင်းသည် လောလောဆယ်တွင် အလုပ်များနေပါသည်။
VIPနားနေခန်းတွင် လူများစွာ သူမကို ဖြတ်သွားနေသော်လည်း ပြောင်လက်နေသော သားရေဖိနပ်တစ်ရံသည် ရုတ်တရက် သူမရှေ့တွင် ရပ်သွားသည်။
ကျီဖန်ယင်းသည် ဖုန်းမှ မျက်လုံးကိုခွာကာ သူမနားသို့ ရောက်လာသောသူကို ကြည့်လိက်ရာ တစ်ဖက်လူက သူမမျက်နှာကို အံ့အားသင့်စွာ စိုက်ကြည့်နေတာကို မြင်လိုက်ရသည် ။
"ရှင့်ကိုကြည့်ရတာ ကျွန်မညီမလေးနဲ့ သိတယ်ထင်တယ်။" လို့ ကျီဖန်ယင်းက ပြောလိုက်သည်။
"… ညီမလေး?"
"ကျီရှင်းရှင်းက ကျွန်မရဲ့အမွှာညီမပါ" လို့ ကျီဖန်ယင်းက ပြောလိုက်သည်။ သူမ၏ ရှည်လျားသော မျက်တောင်များသည် အနည်းငယ် စိုက်ကျသွားကာ "ရှင်သူနဲ့လူများသွားတာမလား။"
"အဲ့လိုလား" ထိုလူသည် သူ၏အရင်က ရိုင်းစိုင်းသွားမှုကို ဖုံးကွယ်ရန် ပေါ့ပေါ့တန်တန် ချောင်းဆိုးလိုက်သည်။ "ကျွန်တော် တွေးနေတာက... မင်းတို့နှစ်ယောက် တကယ်ကို တူကြတာပဲ"
"အမွှာတွေမလို့ပါ" ကျီဖန်ယင်းက ပြန်ပြောသည်။ ထိူ့နောက် သူမဘေးနားက ထိုင်ခုံကို ညွှန်ပြကာ "ထိုင်ဦးမလား" ဟု မေးသည်။
"ရှင်းရှင်းဆီက မင်းအကြောင်းကို ကျွန်တော်ကြားဖူးတယ်" ဟု ထိုလူက ထိုင်ရင်း ပြောလိုက်သည်။ သူသည် နောက်ဆုံးတွင် ကျီဖန်ယင်း၏ မျက်နှာကို ခဏလောက် စေ့စေ့စိုက်ကြည့်ကာ "ဒါပေမယ့် မင်းက ကျွန်တော်ကြားခဲ့တာနဲ့ အရမ်းကွာနေတယ်။"
"ဟုတ်လား။" ကျီဖန်ယင်းက ဆက်ပြီး "ဖြစ်နိုင်ပါတယ်၊ ကျွန်မ ဒီရက်ပိုင်း အတော်လေး ပြောင်းလဲသွားတော့လေ။ ကျွန်မက ကျီဖန်ယင်းပါ။ ရှင့်ကိုဘယ်လိုခေါ်ရမလဲ။"
"အာ" ထိုလူက နေရခက်စွာ ပြောလိုက်သည် "ကျွန်တော်ကစန်းရှန်းရန်ပါ"
ကျီဖန်ယင်းကလည်း "အာ" ဟုသာ ပြောလိုက်သည်။
သူပဲ၊ ဒါရိုက်တာ၊ ပြီးတော့ အနာဂတ်ကျပြန်ပေးဆွဲပြီး အတင်းအကျပ်အနိုင်ကျင့်တဲ့ မုဒိန်းသမား စန်းရှန်းရန်။
"ရှင်းရှင်းဆီက ကျွန်တော့်အကြောင်း ကြားဖူးတယ်လား။" ဟု မေးရင်း စန်းရှန်းရန်၏ မျက်လုံးများသည် တောက်ပလာသည်။
ကျီဖန်ယင်းက "ကျွန်မနဲ့ ရှင်းရှင်းက အဲဒီလိုအကြောင်းတွေ သိပ်မပြောကြတော့လေ။"
စန်းရှန်းရန်က စိတ်ပျက်သွားကာ မျက်လွှာချလိုက်သည်။
သူ့တွင် ယနေ့ခေတ်တွင် ခေတ်စားသည်ဟု ယူဆ၍ရသော ခန့်ညားသော မျက်နှာပေါက်မျိုး ရှိပါသည်။ သူသည် လူအုပ်ကြားတွင် ထင်ရှားပေါ်လွင်စေသည့် မျက်နှာအသွင်အပြင်မျိုး မရှိပေ။ ထိုအစား သူသည် အနုပညာကိုခံစားတတ်သော လူငယ်တစ်ယောက်နှင့် ပိုတူတယ်။ သူ၏ ရွှေရောင်မျက်မှန်ဖြင့် တွဲကြည့်လိုက်လျှင် ရိုးသားကာ လိုက်လျောညီထွေနေတတ်သည့် ပုံစံပေါ်သည်။
သူ့အသွင်အပြင်နဲ့ စကားပြောပုံအရ ရာဇ၀တ်ကောင်နှင့် နည်းနည်းလေးမှ မတူပေ။
စဉ်းစားကြည့်လိုက်တော့ စုန့်ရှီးယွီလည်း သူ့လိုကောင်မျိုးပဲ မဟုတ်ဘူးလား။
စန်းရှန်းရန်သည် မကြာမီတွင် စိတ်ပျက်နေရာမှ ပြန်ထူးထောင်လာကာ "ရှင်းရှင်းက ပြင်သစ်ကိုရောက်ပြီးကတည်းက အရမ်းအလုပ်ရှုပ်နေတဲ့ပုံပဲ။ အရင်ကလို တစ်ယောက်နဲ့တစ်ယောက် စကားတွေသိပ်မပြောဖြစ်တော့ဘူး။ သူအိမ်ကိုရော ခဏခဏ ဖုန်းဆက်လား။ အဲ့မှာ အဆင်ပြေတယ်တဲ့လား။"
"သူက ဘယ်မှာမဆို ကောင်းကောင်းနေနိုင်မယ်လို့ မထင်ဘူးလား" ကျီဖန်ယင်းက တုန့်ပြန်မေးလိုက်သည်။
"ဟုတ်တယ်၊ မင်းပြောတာဟုတ်တယ်။" စန်းရှန်းရန် တိုးတိုးလေး ရယ်မောလိုက်သည်။ "ကျွန်တော် သူ့စွမ်းဆောင်ရည်ကို ယုံကြည်ပေမဲ့ သူက ကျွန်တော့်မျက်စိရှေ့မှာမဟုတ်တော့ ဟိုဟိုဒီဒီကိစ္စတွေကို စိတ်ပူနေရတာပေါ့။ ဘယ်တော့မှ မခွဲဘဲ သူ့အနားမှာပဲ အမြဲနေချင်တယ်။"
ကျီဖန်ယင်းက သူ့ကို တိတ်ဆိတ်စွာ ကြည့်နေသည်။
"...တောင်းပန်ပါတယ် ကျွန်တော်ကိုဒါတွေ အကုန်ထုတ်မပြောလိုက်သင့်ဘူး" စန်းရှန်းရန်သည် သူ့အတွေးထဲမှ ရုန်းထွက်ပြီး ရှက်ရွံ့စွာ တောင်းပန်လိုက်သည်။ "ကျွန်တော်က ဒါရိုက်တာတစ်ယောက်ပါ။ မင်းကရော။"
ထိုအချိန်တွင် နားနေခန်းဝင်ပေါက်တွင် နောက်ထပ်လူအနည်းငယ် ပေါ်လာပြန်သည်။
ကျီဖန်ယင်းသည် တစ်ချက်ကြည့်လိုက်ရာ စုန့်ရှီးယွီသည် အဖေကျီနှင့် အမေကျီတို့ကို ခေါ်ဆောင်လာသည်ကို တွေ့လိုက်ရသည်။ စုန့်ရှီးယွီသည် အခန်းတစ်ဝိုက်ကို ပေါ့ပေါ့ပါးပါး တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် သူမဆီသို့ အကြည့်ရောက်သွားသည်။ ထို့နောက် ချက်ချင်းပင် သူ့မျက်နှာသည် အနည်းငယ် မည်းမှောင်သွားသည်။
လောလောဆယ်တွင် အလုပ်ချိန်မဟုတ်တာကြောင့်၊ ကျီဖန်ယင်းသည် စုန့်ရှီးယွီဘက်သို့ ဖျော်ရည်ခွက်ကို မြှောက်ပြပြီးနောက် ခေါင်းကိုပြန်လှည့်ကာ စန်းရှန်းယန်၏မေးခွန်းကို ပြန်ဖြေလိုက်သည်။
"ကျွန်မစကားနဲ့ ပြောရမယ်ဆိုရင်တော့ အိပ်မက်ကို ဖန်တီးပေးတဲ့လူပေါ့။" လို့ ပြန်ဖြေသည်။
_____________________________________________
Zawgyi
ထိုအခ်ိန္မွာပဲ သူမဖုန္းသည္ ႐ုတ္တရက္ တုန္ခါသြားတယ္။ ခ်န္ယြမ္ရွန္းထံမွ မက္ေဆ့ခ်္ေရာက္လာတာျဖစ္သည္။
သူသည္ ဘတ္စကက္ေဘာကြင္းေဘးမွာရိုက္ထားေသာ သူ႕ဓာတ္ပုံတစ္ပုံကို ပို႔ေပးလာသည္။သူ႕ဆံပင္မ်ားသည္ ေခြၽးမ်ားႏွင့္ ႐ႊဲေနၿပီး လက္ထဲတြင္လည္း ေရပုလင္းကို ကိုင္ထားတယ္။သူ႕မ်က္ႏွာေပၚတြင္ သြားျဖဴျဖဴေလးမ်ားပါေပၚေနသည့္ ေတာက္ပေသာ အၿပဳံးတစ္ခုရွိေနၿပီး ဆယ္ေက်ာ္သက္အခ်စ္ဒရာမာ ဇာတ္ကားမ်ားထဲမွ ေခ်ာေမာေသာ ဒုတိယ ဇာတ္လိုက္မ်ားကဲ့သို႔ပင္။
က်ီဖတ္ယင္းသည္ ဓာတ္ပုံကို ၾကည့္လိုက္႐ုံျဖင့္ပင္ သူမ၏ ငယ္႐ြယ္ႏုပ်ိဳခဲ့ေသာႏွစ္မ်ားဆီသို႔ ျပန္ေရာက္သြားသလို ခံစားလိုက္ရသည္။
ခ်န္ယြမ္ရွန္း - ဒီေန႕ ကြၽန္ေတာ္တို႔ေက်ာင္းထဲမွာ ဘတ္စကက္ေဘာၿပိဳင္ပြဲက ဆီမီးဖိုင္နယ္ကို က်င္းပခဲ့တာ။ အမွတ္ကေတာ္ေတာ္ေလးကပ္ေပမဲ့ ေနာက္ဆုံး ကြၽန္ေတာ္တို႔အသင္းပဲ နိုင္ခဲ့တယ္။ >A<
က်ီဖန္ယင္းသည္ သူေပးပို႔လိုက္ေသာ '>A<' အီမိုဂ်ီကို ၾကည့္ၿပီး တကၠသိုလ္ေက်ာင္းသားေတြခ်င္းအတူတူပဲကို ဘိုင္က်ိဳးဆယ္ေယာက္ေတာင္ ခ်န္ယြမ္ရွန္း တစ္ေယာက္ေလာက္ ခ်စ္စရာမေကာင္းဘူးလို႔ သူမေတြးေနမိသည္။
သူမမက္ေဆ့ခ်္ကိုမျပန္ရေသးခင္၊ ခ်န္ယြမ္ရွန္းသည္ ေနာက္ထပ္မက္ေဆ့ခ်္တစ္ခုကို ပို႔လာျပန္သည္ ဖိုင္နယ္ပြဲစဥ္က ဒီတနဂၤႏြေေန႕လုပ္မွာ။ အစ္မ ၿပိဳင္ပြဲၾကည့္ဖို႔ အားလား။ ကြၽန္ေတာ္တို႔အဖြဲ႕က အစ္မအတြက္ အေကာင္းဆုံးေနရာမ်ားကို ႀကိဳျပင္ေပးထားမယ္ေလ။
ထို႔ေနာက္တတိယစာတစ္ေစာင္ေရာက္လာသည္- အလုပ္ၿပီးသြားရင္ စာျပန္ဖို႔မေမ့ပါနဲ႕ဦးေနာ္ _
က်ီဖန္ယင္းသည္ ေလာေလာဆယ္တြင္ အလုပ္မ်ားေနပါသည္။
VIPနားေနခန္းတြင္ လူမ်ားစြာ သူမကို ျဖတ္သြားေနေသာ္လည္း ေျပာင္လက္ေနေသာ သားေရဖိနပ္တစ္ရံသည္ ႐ုတ္တရက္ သူမေရွ႕တြင္ ရပ္သြားသည္။
က်ီဖန္ယင္းသည္ ဖုန္းမွ မ်က္လုံးကိုခြာကာ သူမနားသို႔ ေရာက္လာေသာသူကို ၾကည့္လိက္ရာ တစ္ဖက္လူက သူမမ်က္ႏွာကို အံ့အားသင့္စြာ စိုက္ၾကည့္ေနတာကို ျမင္လိုက္ရသည္ ။
"ရွင့္ကိုၾကည့္ရတာ ကြၽန္မညီမေလးနဲ႕ သိတယ္ထင္တယ္။" လို႔ က်ီဖန္ယင္းက ေျပာလိုက္သည္။
" ညီမေလး?"
"က်ီရွင္းရွင္းက ကြၽန္မရဲ႕အမႊာညီမပါ" လို႔ က်ီဖန္ယင္းက ေျပာလိုက္သည္။ သူမ၏ ရွည္လ်ားေသာ မ်က္ေတာင္မ်ားသည္ အနည္းငယ္ စိုက္က်သြားကာ "ရွင္သူနဲ႕လူမ်ားသြားတာမလား။"
"အဲ့လိုလား" ထိုလူသည္ သူ၏အရင္က ရိုင္းစိုင္းသြားမႈကို ဖုံးကြယ္ရန္ ေပါ့ေပါ့တန္တန္ ေခ်ာင္းဆိုးလိုက္သည္။"ကြၽန္ေတာ္ ေတြးေနတာက... မင္းတို႔ႏွစ္ေယာက္ တကယ္ကို တူၾကတာပဲ"
"အမႊာေတြမလို႔ပါ" က်ီဖန္ယင္းက ျပန္ေျပာသည္။ ထိူ႕ေနာက္ သူမေဘးနားက ထိုင္ခုံကို ၫႊန္ျပကာ "ထိုင္ဦးမလား" ဟု ေမးသည္။
"ရွင္းရွင္းဆီက မင္းအေၾကာင္းကို ကြၽန္ေတာ္ၾကားဖူးတယ္" ဟု ထိုလူက ထိုင္ရင္း ေျပာလိုက္သည္။ သူသည္ ေနာက္ဆုံးတြင္ က်ီဖန္ယင္း၏ မ်က္ႏွာကို ခဏေလာက္ ေစ့ေစ့စိုက္ၾကည့္ကာ "ဒါေပမယ့္ မင္းက ကြၽန္ေတာ္ၾကားခဲ့တာနဲ႕ အရမ္းကြာေနတယ္။"
"ဟုတ္လား။"က်ီဖန္ယင္းက ဆက္ၿပီး "ျဖစ္နိုင္ပါတယ္၊ ကြၽန္မ ဒီရက္ပိုင္း အေတာ္ေလး ေျပာင္းလဲသြားေတာ့ေလ။ ကြၽန္မက က်ီဖန္ယင္းပါ။ရွင့္ကိုဘယ္လိုေခၚရမလဲ။"
"အာ" ထိုလူက ေနရခက္စြာေျပာလိုက္သည္ "ကြၽန္ေတာ္ကစန္းရွန္းရန္ပါ"
က်ီဖန္ယင္းကလည္း "အာ" ဟုသာ ေျပာလိုက္သည္။
သူပဲ၊ ဒါရိုက္တာ၊ ၿပီးေတာ့ အနာဂတ္က်ျပန္ေပးဆြဲၿပီး အတင္းအက်ပ္အနိုင္က်င့္တဲ့ မုဒိန္းသမား စန္းရွန္းရန္။
"ရွင္းရွင္းဆီက ကြၽန္ေတာ့္အေၾကာင္း ၾကားဖူးတယ္လား။" ဟု ေမးရင္း စန္းရွန္းရန္၏ မ်က္လုံးမ်ားသည္ ေတာက္ပလာသည္။
က်ီဖန္ယင္းက "ကြၽန္မနဲ႕ ရွင္းရွင္းက အဲဒီလိုအေၾကာင္းေတြ သိပ္မေျပာၾကေတာ့ေလ။"
စန္းရွန္းရန္က စိတ္ပ်က္သြားကာ မ်က္လႊာခ်လိဳက္သည္။
သူ႕တြင္ ယေန႕ေခတ္တြင္ ေခတ္စားသည္ဟု ယူဆ၍ရေသာ ခန့္ညားေသာ မ်က္ႏွာေပါက္မ်ိဳး ရွိပါသည္။သူသည္ လူအုပ္ၾကားတြင္ ထင္ရွားေပၚလြင္ေစသည့္ မ်က္ႏွာအသြင္အျပင္မ်ိဳး မရွိေပ။ ထိုအစား သူသည္ အႏုပညာကိုခံစားတတ္ေသာ လူငယ္တစ္ေယာက္ႏွင့္ ပိုတူတယ္။သူ၏ ေ႐ႊေရာင္မ်က္မွန္ျဖင့္ တြဲၾကည့္လိုက္လွ်င္ ရိုးသားကာ လိုက္ေလ်ာညီေထြေနတတ္သည့္ ပုံစံေပၚသည္။
သူ႕အသြင္အျပင္နဲ႕ စကားေျပာပုံအရ ရာဇ၀တ္ေကာင္ႏွင့္ နည္းနည္းေလးမွ မတူေပ။
စဥ္းစားၾကည့္လိုက္ေတာ့ စုန့္ရွီးယြီလည္း သူ႕လိုေကာင္မ်ိဳးပဲ မဟုတ္ဘူးလား။
စန္းရွန္းရန္သည္ မၾကာမီတြင္ စိတ္ပ်က္ေနရာမွ ျပန္ထူးေထာင္လာကာ "ရွင္းရွင္းက ျပင္သစ္ကိုေရာက္ၿပီးကတည္းက အရမ္းအလုပ္ရႈပ္ေနတဲ့ပုံပဲ။အရင္ကလို တစ္ေယာက္နဲ႕တစ္ေယာက္ စကားေတြသိပ္မေျပာျဖစ္ေတာ့ဘူး။ သူအိမ္ကိုေရာ ခဏခဏ ဖုန္းဆက္လား။ အဲ့မွာ အဆင္ေျပတယ္တဲ့လား။"
"သူက ဘယ္မွာမဆို ေကာင္းေကာင္းေနနိုင္မယ္လို႔ မထင္ဘူးလား"က်ီဖန္ယင္းက တုန႔္ျပန္ေမးလိုက္သည္။
"ဟုတ္တယ္၊ မင္းေျပာတာဟုတ္တယ္။"စန္းရွန္းရန္ တိုးတိုးေလး ရယ္ေမာလိုက္သည္။"ကြၽန္ေတာ္ သူ႕စြမ္းေဆာင္ရည္ကို ယုံၾကည္ေပမဲ့ သူက ကြၽန္ေတာ့္မ်က္စိေရွ႕မွာမဟုတ္ေတာ့ ဟိုဟိုဒီဒီကိစၥေတြကို စိတ္ပူေနရတာေပါ့။ ဘယ္ေတာ့မွ မခြဲဘဲ သူ႕အနားမွာပဲ အၿမဲေနခ်င္တယ္။"
က်ီဖန္ယင္းက သူ႕ကို တိတ္ဆိတ္စြာ ၾကည့္ေနသည္။
"...ေတာင္းပန္ပါတယ္ ကြၽန္ေတာ္ကိုဒါေတြ အကုန္ထုတ္မေျပာလိုက္သင့္ဘူး"စန္းရွန္းရန္သည္ သူ႕အေတြးထဲမွ ႐ုန္းထြက္ၿပီး ရွက္႐ြံ႕စြာ ေတာင္းပန္လိုက္သည္။ "ကြၽန္ေတာ္က ဒါရိုက္တာတစ္ေယာက္ပါ။ မင္းကေရာ။"
ထိုအခ်ိန္တြင္ နားေနခန္းဝင္ေပါက္တြင္ ေနာက္ထပ္လူအနည္းငယ္ ေပၚလာျပန္သည္။
က်ီဖန္ယင္းသည္ တစ္ခ်က္ၾကည့္လိုက္ရာ စုန့္ရွီးယြီသည္ အေဖက်ီႏွင့္ အေမက်ီတို႔ကို ေခၚေဆာင္လာသည္ကို ေတြ႕လိုက္ရသည္။ စုန့္ရွီးယြီသည္ အခန္းတစ္ဝိုက္ကို ေပါ့ေပါ့ပါးပါး တစ္ခ်က္ေဝ့ၾကည့္လိုက္ၿပီးေနာက္ သူမဆီသို႔ အၾကည့္ေရာက္သြားသည္။ထို႔ေနာက္ ခ်က္ခ်င္းပင္ သူ႕မ်က္ႏွာသည္ အနည္းငယ္ မည္းေမွာင္သြားသည္။
ေလာေလာဆယ္တြင္ အလုပ္ခ်ိန္မဟုတ္တာေၾကာင့္၊ က်ီဖန္ယင္းသည္ စုန့္ရွီးယြီဘက္သို႔ ေဖ်ာ္ရည္ခြက္ကို ျမႇောက္ျပၿပီးေနာက္ ေခါင္းကိုျပန္လွည့္ကာ စန္းရွန္းယန္၏ေမးခြန္းကို ျပန္ေျဖလိုက္သည္။
"ကြၽန္မစကားနဲ႕ ေျပာရမယ္ဆိုရင္ေတာ့ အိပ္မက္ကို ဖန္တီးေပးတဲ့လူေပါ့။" လို႔ ျပန္ေျဖသည္။
_____________________________________________