ကျီဖန်ယင်းသည် အလုပ်ချိန် ပြင်ပဖြစ်တာကြောင့် သူနဲ့ စကားပြောဖို့ကို စိတ်မ၀င်စားပေ။ သူမသည် ဘိုင်ကျိုးကို သူစိမ်းတစ်ယောက်ကဲ့သို့ တစ်ချက်သာကြည့်လိုက်ပြီး သူမရဲ့ ငရုတ်ဆီကြက်သားမွှကြော်ကို ယူဖို့သွားလိုက်သည်။
ဒါပေမယ့် သူမ ခြေလှမ်းအနည်းငယ်လှမ်းပြီးတာနဲ့ ဘိုင်ကျိုးက ရုတ်တရက် သူမကို လှမ်းဆွဲလိုက်ပြီး "စုန့်ရှီးယွီနဲ့ တွေ့မလို့လား"
ကျီဖန်ယင်း မျက်တောင်ခတ်လိုက်သည်။
သူမရဲ့ ဝတ်စားဆင်ယင်မှုပုံစံက ကျီရှင်းရှင်းနဲ့ သိသိသာသာ ကွဲပြားနေလေ့ရှိတာကြောင့် ဘိုင်ကျိုးက အခုလို ကောက်ချက်ချတာ အံ့သြစရာတော့ မဟုတ်ပါဘူး။
ဘိုင်ကျိုးသည် ကျီဖန်ယင်း၏ ဖုန်းစခရင်ကို တစ်ချက်ကြည့်လိုက်တော့ သူမ စေ့စပ်စွာ တည်းဖြတ်ထားသည့် သုံးသပ်ချက်ကိုဖွင့်ထားဆဲဖြစ်ပြီး စကားတစ်ကြောင်းကို မြင်လိုက်ရသည်၊ 'ငါဒီလို မဝမ်းနည်းခဲ့တာ ကြာပြီ။'
သူသည် ချက်ချင်းပင် စုန့်ရှီးယွီဘက်မှ မကျေမနပ်ဖြစ်ခဲ့ပြီး အပြစ်တင်ခဲ့သည်ဟု သဘောပေါက်လိုက်သည်။
ဘိုင်ကျိုး၏ စူးစိုက်ကြည့်မှုအောက်တွင် ကျီဖန်ယင်းသည် ဖုန်းစခရင်ကို တည်ငြိမ်စွာပိတ်လိုက်ပြီး အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ "မနေ့ကလို၊ ငါ့ဖောက်သည်မှာကိစ္စတစ်ခုရှိလို့ အလုပ်က စောထွက်လာတာ။"
ဘိုင်ကျိုးက သူ့လက်တွေကို အိတ်ကပ်ထဲကို ထည့်လိုက်ပြီး "အဲ့တော့ စုန့်ရှီးယွီ မင်းကို ပစ်ထားလို့ ငိုနေတာပေါ့"
ကျီဖန်ယင်းသည် ဤနေရာတွင် ကြီးမားသောသ နားလည်မှုလွဲမှားမှုကြီးရှိနေမှန်း သိသော်လည်း ရှင်းလင်းရန်ကို လုံးဝစိတ်မ၀င်စားသလို နားလည်းထောင်ချင်မနေပေ။
"မင်းသူ့ကို အဲ့လောက်ကြိုက်တာလား။ ကြိုက်တယ်ဆိုရင်လည်း မင်းသူ့ကို ရအောင် နည်းလမ်းရှာလေ။" ဘိုင်ကျိုးက ပြောသည်။
ဘိုင်ကျိုးဟာ သူ့ရဲ့ချစ်သူပြိုင်ဘက်တစ်ယောက်ကို ဖယ်ရှားဖို့ သူမကိုအသုံးပြုဖို့ ရည်ရွယ်နေတယ်ဆိုတာ ကျီဖန်ယင်းက ချက်ချင်းနားလည်လိုက်ပါသည်။ သူမသည် နည်းနည်းစဉ်းစားပြီးနောက် တင်းမာသောလေသံဖြင့် "အဲ့လိုသာရရင် သူအစောကြီးကတည်းက ငါ့ကိုပြန်ကြိုက်နေပြီ" လို့ ပြန်ဖြေလိုက်ပါသည်။
ဘိုင်ကျိုးသည် သူမ စိတ်အားထက်သန်မှု မရှိတာကြောင့် စိတ်တိုလာသည်။
ကျီဖန်ယင်းက စျေးအသက်သာဆုံး ရေညှိကင်ကို အေးအေးဆေးဆေး ထုတ်ပြီး သူ့ကို ကမ်းလိုက်သည်။ "ဒီမှာတိုက်တိုက်ဆိုင်ဆိုင်တွေ့ကြတယ်ဆိုတော့ ဖောက်သည်တစ်ယောက်အနေနဲ့၊ ရော့ ဒီမှာ အထူးအကျိုးခံစားခွင့်တစ်ခုပေးမယ်။"
"မလိုချင်ဘူး" ဘိုင်ကျိုးက သူမရဲ့ကမ်းလှမ်းချက်ကို အေးစက်စွာ ငြင်းဆိုခဲ့ပါတယ်။
ကျီဖန်ယင်းသည် ယဉ်ကျေးမှုအရ ထပ်မေးရန် စိတ်မ၀င်စားတော့ဘဲ လက်ကိုပြန်ရုတ်ကာ နှုတ်ဆက်လိုက်သည်။ "ဟုတ်ပြီလေ၊ အဲ့တာဆို နောက်မှတွေ့ကြတာပေါ့။"
သူမသည် ရေညှိကင်ကို ဝါးရင်း ထွက်သွားခဲ့သည်။
"ဘိုင်ကျိုး၊ ဘယ်သူလဲ။ မျက်နှာကို မမြင်လိုက်ပေမယ့် နည်းနည်းတော့ ရင်းနှီးနေသလိုပဲ..."
ဘိုင်ကျိုးက လှည့်လိုက်ပြီး စိတ်မရှည်စွာ "ဘယ်သူမှ မဟုတ်ဘူး။ ငါလူမှားသွားတာ။"
ကျီဖန်ယင်းသည် သူမအဝတ်အစားများပေါ်တွင် ငရုတ်ဆီများ မပေရန် ဂရုစိုက်ကာ ကြက်သားမွှကြော်ကို ပြီးအောင်စားလိုက်သည်။ ထို့နောက် သူမသည် Bubble Teaဆိုင်သို့ သွားခဲ့သည်။
သူမ တန်းစီနေချိန်တွင် စုန့်ရှီးယွီထံမှ ရုတ်တရက် ဖုန်းဝင်လာသည်။
"မင်းအိမ်ကို သေချာ ပြန်ရောက်ရဲ့လား။" စုန့်ရှီးယွီကို မေးသည်။
သူသည် စိတ်ပူပေးသော စကားပြောနေသော်လည်း သူနောက်တွင် ဆက်ပြောသည့်စကားကြောင့် အကုန်အဓိပ္ပါယ်မရှိတာတွေ ဖြစ်ကုန်တော့သည်။
"ငါနဲ့ညစာစားဖို့ အခုလာခဲ့"
ကျီဖန်ယင်းဟာ အော်ဒါမှာတဲ့စက်ကို နှိပ်နေတုန်းဖြစ်ပြီး သူ့စကားများကိုကြားတဲ့အချိန်တွင် မမှာဘဲ ထွက်သွားဖို့ ဆုံးဖြတ်လိုက်သည်။
တခြားတစ်ယောက်ယောက်က ငါ့ကိုဝယ်ကျွေးမှာပဲကို ဘာလို့ ကိုယ့်ပိုက်ဆံကို သုံးရမှာလဲ။
သူမသည် ယခင်က စုန့်ရှီးယွီနှင့်တွေ့ရန် ချိန်းထားသည့် စားသောက်ဆိုင်သို့ ပြန်သွားခဲ့သော်လည်း လမ်းတွင် ဘိုင်ကျိုးနှင့် ထပ်မံဆုံခဲ့ပြန်သည်။
ကျီဖန်ယင်း : "..."
ဒါက ဘယ်လိုကံကြမ္မာလဲဟ။ သူဆီက ကြိုချိန်းရမဲ့ ကံလား။
ဘိုင်ကျိုးဟာ အခုအချိန် ဆိုရှယ်မီဒီယာမှာ နာမည်ကြီးနေသော စားသောက်ဆိုင်တစ်ဆိုင်ရှေ့မှာ သူငယ်ချင်းတွေမပါဘဲ တစ်ယောက်တည်း ရပ်နေသည်။ နံရံကိုမှီနေပြီး အိတ်ကပ်ထဲတွင် လက်တစ်ဖက်ထည့်ထားကာ ကျန်တစ်ဖက်ကတော့ ဖုန်းနဲ့ ဆော့နေတယ်။ သူ့မျက်နှာသည် မဲ့ရှုံ့နေသော်လည်း ဖြတ်သွားရင်း သူ့ကို ခိုးကြောင်ခိုးဝှက် လှမ်းကြည့်နေတဲ့ မိန်းကလေးတွေ အများကြီး ရှိပါသေးသည်။
... သူ့ကို ပွင့်ပွင့်လင်းလင်း စိုက်ကြည့်နေသူတစ်ယောက်လည်းရှိနေတာပေါ့။
ကျီဖန်ယင်း ခဏလောက်စဉ်းစားလိုက်ပေမယ့် လက်ရှိချိန်းထားတာကိုသာ ဦးစားပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ထို့ကြောင့် သူမသည် ဘိုင်ကျိုးကို လျစ်လျူရှုကာ သူ့ကို ကျော်သွားခဲ့သည်။
"ဟေး။" သူ့ခေါင်းထိပ်မှာ မျက်လုံး ရှိနေသလိုပဲ ဘိုင်ကျိုးကို ဖြတ်သွားစဉ် သူက လှမ်းအော်လိုက်သည် "မင်းငါ့နောက်လိုက်နေတာလား။"
ကျီဖန်ယင်းက ရပ်လိုက်ပြီး သူ့ကို လှည့်ကြည့်လိုက်သည်။ "ငါလည်း ဒီမှာ ချိန်းထားတာရှိလို့။ သခင်လေးဘိုင်၊ မင်းလည်း ကြိုချိန်းချင်လို့လား။"
ဘိုင်ကျိုးသည် ကျီဖန်ယင်းရှိရာဆီသို့ လှမ်းကြည့်လိုက်ပြီး "စုန့်ရှီးယွီ ခေါ်ထားတာလား။"
ကျီဖန်ယင်းက တိတ်တဆိတ် ပြုံး၍သာ တုံ့ပြန်လိုက်တယ်။
_____________________________________________
Zawgyi
က်ီဖန္ယင္းသည္ အလုပ္ခ်ိန္ ျပင္ပျဖစ္တာေၾကာင့္ သူနဲ႕ စကားေျပာဖို႔ကို စိတ္မ၀င္စားေပ။ သူမသည္ ဘိုင္က်ိဳးကို သူစိမ္းတစ္ေယာက္ကဲ့သို႔ တစ္ခ်က္သာၾကည့္လိုက္ၿပီး သူမရဲ႕ င႐ုတ္ဆီၾကက္သားမႊေၾကာ္ကို ယူဖို႔သြားလိုက္သည္။
ဒါေပမယ့္ သူမ ေျခလွမ္းအနည္းငယ္လွမ္းၿပီးတာနဲ႕ ဘိုင္က်ိဳးက ႐ုတ္တရက္ သူမကို လွမ္းဆြဲလိုက္ၿပီး "စုန့္ရွီးယြီနဲ႕ ေတြ႕မလို႔လား"
က်ီဖန္ယင္း မ်က္ေတာင္ခတ္လိုက္သည္။
သူမရဲ႕ ဝတ္စားဆင္ယင္မႈပုံစံက က်ီရွင္းရွင္းနဲ႕ သိသိသာသာ ကြဲျပားေနေလ့ရွိတာေၾကာင့္ ဘိုင္က်ိဳးက အခုလို ေကာက္ခ်က္ခ်တာ အံ့ၾသစရာေတာ့ မဟုတ္ပါဘူး။
ဘိုင္က်ိဳးသည္ က်ီဖန္ယင္း၏ ဖုန္းစခရင္ကို တစ္ခ်က္ၾကည့္လိုက္ေတာ့ သူမ ေစ့စပ္စြာ တည္းျဖတ္ထားသည့္ သုံးသပ္ခ်က္ကိုဖြင့္ထားဆဲျဖစ္ၿပီး စကားတစ္ေၾကာင္းကို ျမင္လိုက္ရသည္၊ 'ငါဒီလို မဝမ္းနည္းခဲ့တာ ၾကာၿပီ။'
သူသည္ ခ်က္ခ်င္းပင္ စုန့္ရွီးယြီဘက္မွ မေက်မနပ္ျဖစ္ခဲ့ၿပီး အျပစ္တင္ခဲ့သည္ဟု သေဘာေပါက္လိုက္သည္။
ဘိုင္က်ိဳး၏ စူးစိုက္ၾကည့္မႈေအာက္တြင္ က်ီဖန္ယင္းသည္ ဖုန္းစခရင္ကို တည္ၿငိမ္စြာပိတ္လိုက္ၿပီး အိတ္ကပ္ထဲသို႔ ထည့္လိုက္သည္။ "မေန႕ကလို၊ ငါ့ေဖာက္သည္မွာကိစၥတစ္ခုရွိလို႔ အလုပ္က ေစာထြက္လာတာ။"
ဘိုင္က်ိဳးက သူ႕လက္ေတြကို အိတ္ကပ္ထဲကို ထည့္လိုက္ၿပီး "အဲ့ေတာ့ စုန့္ရွီးယြီ မင္းကို ပစ္ထားလို႔ ငိုေနတာေပါ့"
က်ီဖန္ယင္းသည္ ဤေနရာတြင္ ႀကီးမားေသာသ နားလည္မႈလြဲမွားမႈႀကီးရွိေနမွန္း သိေသာ္လည္း ရွင္းလင္းရန္ကို လုံးဝစိတ္မ၀င္စားသလို နားလည္းေထာင္ခ်င္မေနေပ။
"မင္းသူ႕ကို အဲ့ေလာက္ႀကိဳက္တာလား။ ႀကိဳက္တယ္ဆိုရင္လည္း မင္းသူ႕ကို ရေအာင္ နည္းလမ္းရွာေလ။" ဘိုင္က်ိဳးက ေျပာသည္။
ဘိုင္က်ိဳးဟာ သူ႕ရဲ႕ခ်စ္သူၿပိဳင္ဘက္တစ္ေယာက္ကို ဖယ္ရွားဖို႔ သူမကိုအသုံးျပဳဖို႔ ရည္႐ြယ္ေနတယ္ဆိုတာ က်ီဖန္ယင္းက ခ်က္ခ်င္းနားလည္လိုက္ပါသည္။ သူမသည္ နည္းနည္းစဥ္းစားၿပီးေနာက္ တင္းမာေသာေလသံျဖင့္ "အဲ့လိုသာရရင္ သူအေစာႀကီးကတည္းက ငါ့ကိုျပန္ႀကိဳက္ေနၿပီ" လို႔ ျပန္ေျဖလိုက္ပါသည္။
ဘိုင္က်ိဳးသည္ သူမ စိတ္အားထက္သန္မႈ မရွိတာေၾကာင့္ စိတ္တိုလာသည္။
က်ီဖန္ယင္းက ေစ်းအသက္သာဆုံး ေရညွိကင္ကို ေအးေအးေဆးေဆး ထုတ္ၿပီး သူ႕ကို ကမ္းလိုက္သည္။ "ဒီမွာတိုက္တိုက္ဆိုင္ဆိုင္ေတြ႕ၾကတယ္ဆိုေတာ့ ေဖာက္သည္တစ္ေယာက္အေနနဲ႕၊ ေရာ့ ဒီမွာ အထူးအက်ိဳးခံစားခြင့္တစ္ခုေပးမယ္။"
"မလိုခ်င္ဘူး" ဘိုင္က်ိဳးက သူမရဲ႕ကမ္းလွမ္းခ်က္ကို ေအးစက္စြာ ျငင္းဆိုခဲ့ပါတယ္။
က်ီဖန္ယင္းသည္ ယဥ္ေက်းမႈအရ ထပ္ေမးရန္ စိတ္မ၀င္စားေတာ့ဘဲ လက္ကိုျပန္႐ုတ္ကာ ႏႈတ္ဆက္လိုက္သည္။ "ဟုတ္ၿပီေလ၊ အဲ့တာဆို ေနာက္မွေတြ႕ၾကတာေပါ့။"
သူမသည္ ေရညွိကင္ကို ဝါးရင္း ထြက္သြားခဲ့သည္။
"ဘိုင္က်ိဳး၊ ဘယ္သူလဲ။ မ်က္ႏွာကို မျမင္လိုက္ေပမယ့္ နည္းနည္းေတာ့ ရင္းႏွီးေနသလိုပဲ..."
ဘိုင္က်ိဳးက လွည့္လိုက္ၿပီး စိတ္မရွည္စြာ "ဘယ္သူမွ မဟုတ္ဘူး။ ငါလူမွားသြားတာ။"
က်ီဖန္ယင္းသည္ သူမအဝတ္အစားမ်ားေပၚတြင္ င႐ုတ္ဆီမ်ား မေပရန္ ဂ႐ုစိုက္ကာ ၾကက္သားမႊေၾကာ္ကို ၿပီးေအာင္စားလိုက္သည္။ ထို႔ေနာက္ သူမသည္ Bubble Teaဆိုင္သို႔ သြားခဲ့သည္။
သူမ တန္းစီေနခ်ိန္တြင္ စုန့္ရွီးယြီထံမွ ႐ုတ္တရက္ ဖုန္းဝင္လာသည္။
"မင္းအိမ္ကို ေသခ်ာ ျပန္ေရာက္ရဲ႕လား။" စုန့္ရွီးယြီကို ေမးသည္။
သူသည္ စိတ္ပူေပးေသာ စကားေျပာေနေသာ္လည္း သူေနာက္တြင္ ဆက္ေျပာသည့္စကားေၾကာင့္ အကုန်အဓိပ္ပါယ်မရှိတာတွေ ျဖစ္ကုန္ေတာ့သည္။
"ငါနဲ႕ညစာစားဖို႔ အခုလာခဲ့"
က်ီဖန္ယင္းဟာ ေအာ္ဒါမွာတဲ့စက္ကို ႏွိပ္ေနတုန္းျဖစ္ၿပီး သူ႕စကားမ်ားကိုၾကားတဲ့အခ်ိန္တြင္ မမွာဘဲ ထြက္သြားဖို႔ ဆုံးျဖတ္လိုက္သည္။
တျခားတစ္ေယာက္ေယာက္က ငါ့ကိုဝယ္ေကြၽးမွာပဲကို ဘာလို႔ ကိုယ့္ပိုက္ဆံကို သုံးရမွာလဲ။
သူမသည္ ယခင္က စုန့္ရွီးယြီႏွင့္ေတြ႕ရန္ ခ်ိန္းထားသည့္ စားေသာက္ဆိုင္သို႔ ျပန္သြားခဲ့ေသာ္လည္း လမ္းတြင္ ဘိုင္က်ိဳးႏွင့္ ထပ္မံဆုံခဲ့ျပန္သည္။
က်ီဖန္ယင္း : "..."
ဒါက ဘယ္လိုကံၾကမၼာလဲဟ။ သူဆီက ႀကိဳခ်ိန္းရမဲ့ ကံလား။
ဘိုင္က်ိဳးဟာ အခုအခ်ိန္ ဆိုရွယ္မီဒီယာမွာ နာမည္ႀကီးေနေသာ စားေသာက္ဆိုင္တစ္ဆိုင္ေရွ႕မွာ သူငယ္ခ်င္းေတြမပါဘဲ တစ္ေယာက္တည္း ရပ္ေနသည္။ နံရံကိုမွီေနၿပီး အိတ္ကပ္ထဲတြင္ လက္တစ္ဖက္ထည့္ထားကာ က်န္တစ္ဖက္ကေတာ့ ဖုန္းနဲ႕ ေဆာ့ေနတယ္။ သူ႕မ်က္ႏွာသည္ မဲ့ရႈံ႕ေနေသာ္လည္း ျဖတ္သြားရင္း သူ႕ကို ခိုးေၾကာင္ခိုးဝွက္ လွမ္းၾကည့္ေနတဲ့ မိန္းကေလးေတြ အမ်ားႀကီး ရွိပါေသးသည္။
... သူ႕ကို ပြင့္ပြင့္လင္းလင္း စိုက္ၾကည့္ေနသူတစ္ေယာက္လည္းရွိေနတာေပါ့။
က်ီဖန္ယင္း ခဏေလာက္စဥ္းစားလိုက္ေပမယ့္ လက္ရွိခ်ိန္းထားတာကိုသာ ဦးစားေပးဖို႔ ဆုံးျဖတ္လိုက္တယ္။ ထို႔ေၾကာင့္ သူမသည္ ဘိုင္က်ိဳးကို လ်စ္လ်ဴရႈကာ သူ႕ကို ေက်ာ္သြားခဲ့သည္။
"ေဟး။" သူ႕ေခါင္းထိပ္မွာ မ်က္လုံး ရွိေနသလိုပဲ ဘိုင္က်ိဳးကို ျဖတ္သြားစဥ္ သူက လွမ္းေအာ္လိုက္သည္ "မင္းငါ့ေနာက္လိုက္ေနတာလား။"
က်ီဖန္ယင္းက ရပ္လိုက္ၿပီး သူ႕ကို လွည့္ၾကည့္လိုက္သည္။ "ငါလည္း ဒီမွာ ခ်ိန္းထားတာရွိလို႔။ သခင္ေလးဘိုင္၊ မင္းလည္း ႀကိဳခ်ိန္းခ်င္လို႔လား။"
ဘိုင္က်ိဳးသည္ က်ီဖန္ယင္းရွိရာဆီသို႔ လွမ္းၾကည့္လိုက္ၿပီး "စုန့္ရွီးယြီ ေခၚထားတာလား။"
က်ီဖန္ယင္းက တိတ္တဆိတ္ ၿပဳံး၍သာ တုံ႕ျပန္လိုက္တယ္။
_____________________________________________