နောက်တစ်နေ့မနက်မှာတော့ စုန့်ရှီးယွီဟာ သူ့မိဘအိမ်ကနေ ကုမ္ပဏီကို အလုပ်သွားခဲ့ပါတယ်။ နေ့လယ်စာစားချိန်နီးလာသည်တာကြောင့် ကျီဖန်ယင်းနှင့် ချိန်းထားသည့် စားသောက်ဆိုင်သို့မသွားမီ သူကိုင်တွယ်နေသမျှကို အမြန်ပြီးအောင်ရှင်းလိုက်သည်။
ဆယ့်ငါးမိနစ် ကြိုရောက်သွားသည်။
သူအီးမေးလ်ကိုကြည့်နေတုန်းက သူ့အမေဆီ ဖုန်းဆက်လာသည်။
သူ့မိဘအိမ်မှာ တစ်ခုခုကျန်ခဲ့တယ်ထင်တာကြောင့် ဖုန်းကိုင်လိုက်ပေမယ့် သူဘာမှမပြောရသေးခင် သူ့အမေက လိုရင်းကို တခါတည်းပြောလိုက်သည် "ရှီးယွီ၊ နေ့လည်စာစားချိန်တောင်ရောက်တော့မယ်၊ စားသောက်ဆိုင်ရောက်နေပြီလား"
"ဟုတ်ကဲ့၊ ကျွန်တော် ရောက်နေပြီ"လို့ စုန့်ရှီးယွီက သူ့လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်တယ်။
နောက်ထပ် ဆယ်မိနစ်ပဲ လိုတော့တယ်။
"ဟုတ်ပြီ၊ ကောင်းတယ်။" မစ္စစုန့်က ဝမ်းသာအားရ ပြန်ဖြေသည်။ "အမေ မစ္စချန်ကို အဲဒီကိုလွှတ်လိုက်တယ်။ သူက အရမ်းကောင်းတဲ့မိန်းကလေးပဲ။ မင်းလုပ်ဖော်ကိုင်ဖက်တွေနဲ့ နေ့လည်စာစားတဲ့အချိန် သူ့ပါခေါ်သွားလိုက်။ သူ့ကို နေရခက်အောင်လုပ်မနေနဲ့နော်၊ သိပြီလား"
"… အမေ၊ ကျွန်တော် အခုလုပ်ဖော်ကိုင်ဖက်တွေနဲ့ ထမင်းတောင်စားနေပြီ" ဟု စုန့်ရှီးယွီက ကန့်ကွက်ခဲ့သည်။
"သူတို့အားလုံးက မင်းရဲ့လက်အောက်ငယ်သားတွေ မဟုတ်ဘူးလား" မစ္စစုန့်က ဒီကိစ္စကို စိတ်ထဲမထားပေ "တွေ့ဆုံပွဲမှာ သူငယ်ချင်းတစ်ယောက်ကို ခေါ်လာတာ ဘာမှမဖြစ်ပါဘူး။ သူခဏနေ ရောက်လာတော့မှာ။ ကောင်မလေးကို ကောင်းကောင်း ဆက်ဆံနော်၊ ပြောတာကြားလား"
စုန့်ရှီးယွီ ငြင်းဆိုရန် အခွင့်အရေးပင်မပေးဘဲ ချက်ခြင်း ဖုန်းချလိုက်သည်။ စုန့်ရှီးယွီက သူမကို ဖုန်းပြန်ခေါ်ဖို့ ကြိုးစားပေမယ့် ဖုန်းမအားပါတဲ့။
ဒီလိုလုပ်နေရင် အဲ့ဒီမစ္စချန်က ကျီဖန်ယင်းနဲ့ သွားတိုးလိမ့်မယ်။
စုန့်ရှီးယွီသည် လျင်မြန်စွာထကာ ဧည့်ကြိုကောင်တာရှေ့သို့ လျှောက်သွားလိုက်သည်။ လမ်းလျှောက်ရင်း သူ့ဖုန်းရဲ့ အဆက်အသွယ်စာရင်းထဲက ကျီဖန်ယင်းရဲ့ဖုန်းနံပါတ်ကို အမြန်ရှာဖွေလိုက်တယ်။
ဒါပေမယ့် 'Call' ခလုတ်ကို မနှိပ်ရသေးခင်မှာ ဧည့်ကြိုဝန်ထမ်းက ဗိုင်းကောင်းကျောက်ဖိ မိန်းမပျိုလေးကို ရုတ်တရက် ခေါ်ဆောင်လာပါတယ်။
ထိုမိန်းကလေးက စုန့်ရှီးယွီကိုမှတ်မိနေကာ ကျက်သရေရှိသောအပြုံးလေးဖြင့် ရှေ့သို့တိုးလာပြီး "တွေ့ရတာ ဝမ်းသာပါတယ်၊ မစ္စတာစုန့်" ဟု ပြောပါသည်။
စုန့်ရှီးယွီ၏လက်ချောင်းများသည် အေးခဲသွားသည်။ သူသည် ပုံမှန်ကဲ့သို့ သိမ်မွေ့သော အပြုံးကို လျင်မြန်စွာပြုံလိုက်ကာ "ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော် ခုလေးတင် ကုမ္ပဏီက အရေးကြီးဖုန်းတစ်ခုရထားလို့ ခဏလောက် အပြစ်ပြုမိပါတော့မယ်။ အခန်းထဲကို အရင်ဝင်နှင့်ပြီး ကျွန်တော့်ကိုစောင့်ပေးပါ။ ကျွန်တော် ချက်ချင်း ပြန်လာခဲ့ပါ့မယ်။"
"ဟုတ်ကဲ့ပါ"ဟု မိန်းမပျိုလေးသည် အနည်းငယ် နီမြန်းသော မျက်နှာဖြင့် ပြန်ပြောသည်။ "အလုပ်က ဦးစားပေးပဲလေ။ လုပ်စရာရှိတာ သွားလုပ်ပါ။"
စုန့်ရှီးယွီသည် သူမဖြတ်သွားနိုင်ရန် သူ့ခန္ဓာကိုယ်ကို ဘေးသို့ စောင့်လိုက်သည်။ ထို့နောက် လက်ထဲတွင် ဖုန်းကိုင်ထားလျက် ထွက်ခွာသွားခဲ့သည်။
ဒါပေမယ့် လာစရာ မလိုတော့ဘူးလို့ ကျီဖန်ယင်းကို ဖုန်းဆက်အကြောင်းကြားတော့မည့်အချိန်တွင် စင်္ကြန်အဆုံးမှာ ရုတ်တရက် သူမကို တွေ့လိုက်ရသည်။
သူမသည် နောက်ကျောဘက်တွက် လက်နှစ်ဖက်ပစ်ရာ မတ်တပ်ရပ်နေပြီး သူမမျက်နှာမှာ နူးညံ့တဲ့အပြုံးတစ်ခုလည်းရှိနေသည်။ စောစောက ဖြစ်ပျက်ခဲ့သမျှကို သူမ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသော်လည်း သူမ၏ခံစားချက်များတွင် အပြောင်းအလဲမရှိသည်ကို သူသည် ပြတ်ပြတ်သားသား မြင်နေရသည်။
စုန့်ရှီးယွီ၏ခြေထောက်များသည် ခဏတာမျှ အေးခဲသွားပြီး သူမရှေ့သို့ ဆက်လျှောက်သွားကာ နောက်ဆုံး သူမရှေ့ရောက်ချိန်တွင် ရပ်လိုက်သည်။
"ရှီးယွီ" ကျီဖန်ယင်းက စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကိုစောင်းကာ ပြောလိုက်သည်။ "နင်ငါတို့နဲ့အတူ နေ့လည်စာစားဖို့ တခြားမိန်းကလေးကို ဖိတ်ခဲ့သေးတာလား။"
စုန့်ရှီးယွီသည် သူမ၏မျက်နှာပေါ်တွင် မည့်သည့်ဒေါသ သို့မဟုတ် ဝမ်းနည်းမှုကိုမှ မမြင်နိုင်ပေ။ စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်ပြီးနောက် "ကျီဖန်ယင်း... တခြားဘာမှပြောစရာမရှိဘူးလား" လို့ မေးလိုက်ပါသည်။
'ကျီဖန်ယင်းက ငါ့ကို ကြိုက်နေတာမဟုတ်ဘူးလား။ သူကဘာလို့ ဘာမှမတုံ့ပြန်တာလဲ။'
"ဟမ်…" ကျီဖန်ယင်းသည် တခဏမျှစဉ်းစားပြီးနောက် သူမ၏ ပရော်ဖက်ရှင်နယ်ဆန်ဆန် အပြုံးကို ပြောင်းသွားခဲ့သည်။ "ဒါက ငါကနားရတော့မှာလား။"
_____________________________________________
Zawgyi
ေနာက္တစ္ေန႕မနက္မွာေတာ့ စုန့္ရွီးယြီဟာ သူ႕မိဘအိမ္ကေန ကုမၸဏီကို အလုပ္သြားခဲ့ပါတယ္။ေန႕လယ္စာစားခ်ိန္နီးလာသည္တာေၾကာင့္ က်ီဖန္ယင္းႏွင့္ ခ်ိန္းထားသည့္ စားေသာက္ဆိုင္သို႔မသြားမီ သူကိုင္တြယ္ေနသမွ်ကို အျမန္ၿပီးေအာင္ရွင္းလိုက္သည္။
ဆယ့္ငါးမိနစ္ ႀကိဳေရာက္သြားသည္။
သူအီးေမးလ္ကိုၾကည့္ေနတုန္းက သူ႕အေမဆီ ဖုန္းဆက္လာသည္။
သူ႕မိဘအိမ္မွာ တစ္ခုခုက်န္ခဲ့တယ္ထင္တာေၾကာင့္ ဖုန္းကိုင္လိုက္ေပမယ့္ သူဘာမွမေျပာရေသးခင္ သူ႕အေမက လိုရင္းကို တခါတည္းေျပာလိုက္သည္ "ရွီးယြီ၊ ေန႕လည္စာစားခ်ိန္ေတာင္ေရာက္ေတာ့မယ္၊ စားေသာက္ဆိုင္ေရာက္ေနၿပီလား"
"ဟုတ္ကဲ့၊ ကြၽန္ေတာ္ ေရာက္ေနၿပီ"လို႔ စုန့္ရွီးယြီက သူ႕လက္ပတ္နာရီကို တစ္ခ်က္ၾကည့္လိုက္တယ္။
ေနာက္ထပ္ ဆယ္မိနစ္ပဲ လိုေတာ့တယ္။
"ဟုတ္ၿပီ၊ ေကာင္းတယ္။" မစၥစုန့္က ဝမ္းသာအားရ ျပန္ေျဖသည္။ "အေမ မစၥခ်န္ကို အဲဒီကိုလႊတ္လိုက္တယ္။ သူက အရမ္းေကာင္းတဲ့မိန္းကေလးပဲ။မင္းလုပ္ေဖာ္ကိုင္ဖက္ေတြနဲ႕ ေန႕လည္စာစားတဲ့အခ်ိန္ သူ႕ပါေခၚသြားလိုက္။သူ႕ကို ေနရခက္ေအာင္လုပ္မေနနဲ႕ေနာ္၊ သိၿပီလား"
" အေမ၊ ကြၽန္ေတာ္ အခုလုပ္ေဖာ္ကိုင္ဖက္ေတြနဲ႕ ထမင္းေတာင္စားေနၿပီ" ဟု စုန့္ရွီးယြီက ကန႔္ကြက္ခဲ့သည္။
"သူတို႔အားလုံးက မင္းရဲ႕လက္ေအာက္ငယ္သားေတြ မဟုတ္ဘူးလား" မစၥစုန့္က ဒီကိစၥကို စိတ္ထဲမထားေပ"ေတြ႕ဆုံပြဲမွာ သူငယ္ခ်င္းတစ္ေယာက္ကို ေခၚလာတာ ဘာမွမျဖစ္ပါဘူး။ သူခဏေန ေရာက္လာေတာ့မွာ။ ေကာင္မေလးကို ေကာင္းေကာင္း ဆက္ဆံေနာ္၊ ေျပာတာၾကားလား"
စုန့္ရွီးယြီ ျငင္းဆိုရန္ အခြင့္အေရးပင္မေပးဘဲ ခ်က္ျခင္း ဖုန္းခ်လိဳက္သည္။စုန့္ရွီးယြီက သူမကို ဖုန္းျပန္ေခၚဖို႔ ႀကိဳးစားေပမယ့္ ဖုန္းမအားပါတဲ့။
ဒီလိုလုပ္ေနရင္ အဲ့ဒီမစၥခ်န္က က်ီဖန္ယင္းနဲ႕ သြားတိုးလိမ့္မယ္။
စုန့္ရွီးယြီသည္ လ်င္ျမန္စြာထကာ ဧည့္ႀကိဳေကာင္တာေရွ႕သို႔ ေလွ်ာက္သြားလိုက္သည္။လမ္းေလွ်ာက္ရင္း သူ႕ဖုန္းရဲ႕ အဆက္အသြယ္စာရင္းထဲက က်ီဖန္ယင္းရဲ႕ဖုန္းနံပါတ္ကို အျမန္ရွာေဖြလိုက္တယ္။
ဒါေပမယ့္ 'Call' ခလုတ္ကို မႏွိပ္ရေသးခင္မွာ ဧည့္ႀကိဳဝန္ထမ္းက ဗိုင္းေကာင္းေက်ာက္ဖိ မိန္းမပ်ိဳေလးကို ႐ုတ္တရက္ ေခၚေဆာင္လာပါတယ္။
ထိုမိန္းကေလးက စုန့္ရွီးယြီကိုမွတ္မိေနကာ က်က္သေရရွိေသာအၿပဳံးေလးျဖင့္ ေရွ႕သို႔တိုးလာၿပီး "ေတြ႕ရတာ ဝမ္းသာပါတယ္၊ မစၥတာစုန့္" ဟု ေျပာပါသည္။
စုန့္ရွီးယြီ၏လက္ေခ်ာင္းမ်ားသည္ ေအးခဲသြားသည္။ သူသည္ ပုံမွန္ကဲ့သို႔ သိမ္ေမြ႕ေသာ အၿပဳံးကို လ်င္ျမန္စြာၿပဳံလိုက္ကာ "ဟုတ္ကဲ့ ေတြ႕ရတာ ဝမ္းသာပါတယ္။ကြၽန္ေတာ္ ခုေလးတင္ ကုမၸဏီက အေရးႀကီးဖုန္းတစ္ခုရထားလို႔ ခဏေလာက္ အျပစ္ျပဳမိပါေတာ့မယ္။ အခန္းထဲကို အရင္ဝင္ႏွင့္ၿပီး ကြၽန္ေတာ့္ကိုေစာင့္ေပးပါ။ ကြၽန္ေတာ္ ခ်က္ခ်င္း ျပန္လာခဲ့ပါ့မယ္။"
"ဟုတ္ကဲ့ပါ"ဟု မိန္းမပ်ိဳေလးသည္ အနည္းငယ္ နီျမန္းေသာ မ်က္ႏွာျဖင့္ ျပန္ေျပာသည္။"အလုပ္က ဦးစားေပးပဲေလ။လုပ္စရာရွိတာ သြားလုပ္ပါ။"
စုန့္ရွီးယြီသည္ သူမျဖတ္သြားနိုင္ရန္ သူ႕ခႏၶာကိုယ္ကို ေဘးသို႔ ေစာင့္လိုက္သည္။ထို႔ေနာက္ လက္ထဲတြင္ ဖုန္းကိုင္ထားလ်က္ ထြက္ခြာသြားခဲ့သည္။
ဒါေပမယ့္ လာစရာ မလိုေတာ့ဘူးလို႔ က်ီဖန္ယင္းကို ဖုန္းဆက္အေၾကာင္းၾကားေတာ့မည့္အခ်ိန္တြင္ စၾကၤန္အဆုံးမွာ ႐ုတ္တရက္ သူမကို ေတြ႕လိုက္ရသည္။
သူမသည္ ေနာက္ေက်ာဘက္တြက္ လက္ႏွစ္ဖက္ပစ္ရာ မတ္တပ္ရပ္ေနၿပီး သူမမ်က္ႏွာမွာ ႏူးညံ့တဲ့အၿပဳံးတစ္ခုလည္းရွိေနသည္။ေစာေစာက ျဖစ္ပ်က္ခဲ့သမွ်ကို သူမ ရွင္းရွင္းလင္းလင္း ျမင္ခဲ့ရေသာ္လည္း သူမ၏ခံစားခ်က္မ်ားတြင္ အေျပာင္းအလဲမရွိသည္ကို သူသည္ ျပတ္ျပတ္သားသား ျမင္ေနရသည္။
စုန့္ရွီးယြီ၏ေျခေထာက္မ်ားသည္ ခဏတာမွ် ေအးခဲသြားၿပီး သူမေရွ႕သို႔ ဆက္ေလွ်ာက္သြားကာ ေနာက္ဆုံး သူမေရွ႕ေရာက္ခ်ိန္တြင္ ရပ္လိုက္သည္။
"ရွီးယြီ" က်ီဖန္ယင္းက စိတ္ရႈပ္ေထြးစြာျဖင့္ ေခါင္းကိုေစာင္းကာ ေျပာလိုက္သည္။ "နင္ငါတို႔နဲ႕အတူ ေန႕လည္စာစားဖို႔ တျခားမိန္းကေလးကို ဖိတ္ခဲ့ေသးတာလား။"
စုန့္ရွီးယြီသည္ သူမ၏မ်က္ႏွာေပၚတြင္ မည့္သည့္ေဒါသ သို႔မဟုတ္ ဝမ္းနည္းမႈကိုမွ မျမင္နိုင္ေပ။ စကၠန့္အနည္းငယ္ေလာက္ တိတ္ဆိတ္ၿပီးေနာက္ "က်ီဖန္ယင္း... တျခားဘာမွေျပာစရာမရွိဘူးလား" လို႔ ေမးလိုက္ပါသည္။
'က်ီဖန္ယင္းက ငါ့ကို ႀကိဳက္ေနတာမဟုတ္ဘူးလား။သူကဘာလို႔ ဘာမွမတုံ႕ျပန္တာလဲ။'
"ဟမ္" က်ီဖန္ယင္းသည္ တခဏမွ်စဥ္းစားၿပီးေနာက္ သူမ၏ ပေရာ္ဖက္ရွင္နယ္ဆန္ဆန္ အၿပဳံးကို ေျပာင္းသြားခဲ့သည္။ "ဒါက ငါကနားရေတာ့မွာလား။"
_____________________________________________