ဘိုင်ကျိုးသည် အေးချမ်းစွာအိပ်ရာမှ နိုးလာခဲ့သည်။
မျက်လုံးကိုဖွင့်ပြီး သူပထမဆုံးမြင်လိုက်ရတာက သူကြိုက်တဲ့လူဖြစ်တာကြောင့် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာတယ်။ အခုမှအိပ်ရာက နိုးလာတာဖြစ်လို့ နှာသံသေးသေးလေးဖြင့် "မမ" လို့ ခေါ်လိုက်သည်။
"အပျင်းကြီးတဲ့ကောင်လေး" တစ်ဖက်လူက သူ့နဖူးကို ပုတ်လိုက်တယ်။ "နေ့လည်စာစားချိန်ကကျော်သွားပြီ။ အိပ်ရာမထသေးရင် ဗိုက်က နာလာလိမ့်မယ်နော်။"
ဘိုင်ကျိုးက တိုးတိုးလေး ရေရွတ်ကာ "ကျွန်တော် … မမ ကိုယ်တိုင်ချက်ထားတာကို စားချင်တယ်။ မမ ပြင်သစ်မှာ စာသွားသင်မယ်လို့...ပြောခဲ့တယ်"
သူ့စကားများသည် တဖြည်းဖြည်း နှေးကွေးလာပြီး နောက်ဆုံး စကားလုံးရောက်သည့်အခါ အော်မိသွားသည်။ သူသည် မိုးကြိုးပစ်ခံရသကဲ့သို့ ချက်ချင်းထထိုင်လိုက်တယ်။
ချီး၊ သေချာပေါက် ကျီရှင်းရှင်းက ပြင်သစ်မှာလေ။ ဒါဆို ငါ့နားကလူက အတုပေါ့။
ဘိုင်ကျိုးသည် ကျီဖန်ယင်းအား ဒေါသနှင့် ထိတ်လန့်မှုများ ရောထွေးနေသောအကြည့်ဖြင့် စိုက်ကြည့်နေသော်လည်း ကျီဖန်ယင်းသည် အပြုံးမပျက် "မင်းကောင်းကောင်းနိုးလာပြီလား"
သူဆဲလိုက်ချင်ပေမယ့် နောက်အခိုက်အတန့်မှာတော့ သူ သူမအင်္ကျီကို ကိုင်ထားတာကို သိလိုက်ရသည်။ မရေမတွက်နိုင်သော ဆဲဆိုစကားများသည် သူ့စိတ်ထဲတွင် ပျံ့နှံ့သွားပြီး ချက်ချင်းပင် ဖယ်လိုက်သည်။
"နေ့လည်စာကို deliမှာလိုက်မယ်။" သူသည် ဖုန်းကို ဒေါသဖြစ်စွာ ထုတ်ပြီး ပို့ဆောင်ရေးအက်ပ်ကို ဖွင့်လိုက်သည်။ "ကြက်ကြော်စားကြမယ်"
ကျီဖန်ယင်း သက်ပြင်းချလိုက်သည်။ "မင်းက ငယ်သေးတယ်။ ဒီလိုကျန်းမာရေးနဲ့မညီညွှတ်တာတွေကို တစ်ချိန်လုံးမစားနေသင့်ဘူး။"
"ခင်ဗျားကိစ္စမဟုတ်ဘူး။" ဘိုင်ကျိုးက အော်လိုက်တယ်။ သူသည် အခုချိန်တွင် ပေါက်ကွဲခါနီး မီးတောင်နှင့်တူနေသည်။ "မင်က မမနဲ့ နည်းနည်းလေးမှတောင်မတူဘူး။ ဟင်းတောင်ချက်တတ်ရဲ့လား။"
"ချက်တတ်တယ်။" ကျီဖန်ယင်းက ပြုံးပြီး ပြန်ဖြေတယ်။ "ငါပြင်သစ်ဟင်းနည်းနည်းပါးပါး ချက်တတ်တယ်။ ဘာစားချင်လဲ"
ဘိုင်ကျိုးသည် ကြက်သားအစပ်ကို အမှာစာထဲ ဒေါသတကြီးထည့်နေတုန်း သူ၏လက်ချောင်းသည် ရုတ်တရက် ရပ်သွားသည် "...ဟုတ်လို့လား"
"ပြင်ဆင်ချိန်က နည်းနည်းတော့ ကြာနိုင်တယ်၊ ပြီတော့ ငါ့မှာ ဘာပစ္စည်းမှ မရှိဘူး။" ကျီဖန်ယင်းသည် သူမ၏ နာရီကို တစ်ချက်ကြည့်လိုက်သည်။ "စျေးဝယ်ပြီး မင်းအတွက် ညစာ ချက်ပေးရင်ရော။"
ဘိုင်ကျိုးသည် သူခိုးကို ကာကွယ်ရန် ကြိုးစားနေသကဲ့သို့ သူမအား စေ့စေ့ကြည့်နေသည်။
သို့သော် နောက်ဆုံးတွင် သူသည် သဘောတူလိုက်သည်။ သူက သူမဆီကို ဖုန်းလှမ်းကမ်းလိုက်ပြီး "နေ့လည်စာအတွက် မှာလိုက်" ဟု ပြောပါတယ်။
ကျီဖန်ယင်းသည် ကျန်းမာရေးနှင့် မညီညွတ်သော ကြက်ကြော်ဆိုင်၏ မီနူးကို ကြည့်လိုက်ကာ အဆုံးတွင် ကျီရှင်းရှင်းစားနေကျ အသုပ်နှင့် ပြောင်းဖူးကို ရွေးချယ်ခဲ့သည်။
'တော်သေးတာပေါ့၊ ငါမနက်စာများများစားလာလို့'
ဘိုင်ကျိုးသည် ကောင်းကောင်းအနားယူထားတာကြောင့် နေ့လည်ခင်းမှာ ပိုတက်ကြွနေတယ်။ ပုံကြမ်းနှစ်ခုကို အပြီးသတ်ပြီးသည့်နောက် အဖိုးတန်ရတနာတစ်ခုကဲ့သို့ ဖိုင်တွဲတစ်ခုတွင် ဂရုတစိုက်သိမ်းဆည်းလိုက်သည်။
"မင်းဘာသာ စူပါမားကတ်ကို သွားလိုက်တော့၊ ငါမလိုက်တော့ဘူး။" လို့ ဘိုင်ကျိုးက အနုပညာခန်းထဲက ထွက်လာရင်း ပြောလိုက်ပါသည် "ငါတို့နှစ်ယောက်ကို တစ်ယောက်ယောက်ကတွေ့သွားရင် ဒုက္ခရောက်လိမ့်မယ်။"
ကျီဖန်ယင်းက သူ့ဘဏ်ကတ်ကို တောင်းဖို့ စဉ်းစားထားခဲ့ပေမယ့် သူမရဲ့ဇာတ်ရုပ်ကို မချိုးဖောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒီစရိတ်တွေကို နောက်မှပဲ သူ့ဆီ အကြောင်းကြားလိုက်တော့မယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူသည် ငွေပြန်မပေးလို့မရပါဘူး။
ကျီဖန်ယင်းသည် ရှော့ပင်းမောလ်ရှိ B1အထပ်က Hema စူပါမားကတ်ဆီသို့ သွားခဲ့သည်။ သူမသည် စိတ်ထဲ၌ ပါဝင်ပစ္စည်းများအတွက်စာရင်းတစ်ခုကို အမြန်တွေးကာ သူမလိုအပ်သမျှကို ယူပြီးနောက် ငွေပေးချေလိုက်သည်။
ပြီးသည်နှင့် သူမ ဘိုင်ကျိုးကို ဖုန်းခေါ်လိုက်သည်။
သူ့အသံက အမြဲလိုလိုကို စိတ်မရှည်နေပေ။ "ပြီးပြီလား။ မင်းရဲ့လိပ်စာကို ငါ့ဆီပို့ပေး၊ ငါတို့ အဲဒီကို သပ်သပ်စီသွားကြမယ်။"
ကျီဖန်ယင်းက မျက်တောင်ခတ်ကာ ပြန်ဖြေလိုက်သည် "မင်းရဲ့အိမ်ကိုပဲ သွားရအောင်။ မင်းတို့အိမ်က မီးဖိုချောင်က ပိုကြီးတယ်လေ။ ပြီးတော့... မင်းခုတလော ကိုယ့်ကိုယ်ကို ဂရုစိုက်လားဆိုတာစစ်ဖို့ တိုက်ခန်းတစ်ဝိုက်ကို ကြည့်ကြည့်ချင်သေးတယ်။"
သူမ၏ လိပ်စာကို ကာစတမ်မာအား လွယ်လွယ် မပေးချင်ခဲ့ပါ။ စုန့်ရှီးယွီကိုတောင် လိပ်စာ အတိအကျမပေးဘဲ အနီးနားမှာရှိတဲ့ အများသုံး ကားပါကင်မှာပဲ တွေ့ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါသည်။
သူမသည် အလုပ်နှင့် ကိုယ်ပိုင်ဘဝအကြား ပြတ်သားစွာ စည်းခြားထားခဲ့သည်။
ဘိုင်ကျိုးက နှစ်စက္ကန့်လောက် တိတ်ဆိတ်သွားတယ်။ သူသည် ကျီဖန်ယင်းနဲ့ ငြင်းခုံရင်း အချိန်မဖြုန်းချင်တာကြောင့်လည်း ဖြစ်နိုင်ပြီး မကြာခင်မှာပဲ သူက "အဲဒါဆို ငါ့လိပ်စာကို ပို့ပေးလိုက်မယ်။ မင်းဘာသာ အဲဒီကိုသွားလိုက်တော့။"
နောက်တော့ သူဖုန်းချလိုက်သည်။
_____________________________________________
Zawgyi
ဘိုင္က်ိဳးသည္ ေအးခ်မ္းစြာအိပ္ရာမွ နိုးလာခဲ့သည္။
မ်က္လုံးကိုဖြင့္ၿပီး သူပထမဆုံးျမင္လိုက္ရတာက သူႀကိဳက္တဲ့လူျဖစ္တာေၾကာင့္ သူ႕မ်က္ႏွာေပၚတြင္ အၿပဳံးတစ္ခု ေပၚလာတယ္။အခုမွအိပ္ရာက နိုးလာတာျဖစ္လို႔ ႏွာသံေသးေသးေလးျဖင့္ "မမ" လို႔ ေခၚလိုက္သည္။
"အပ်င္းႀကီးတဲ့ေကာင္ေလး" တစ္ဖက္လူက သူ႕နဖူးကို ပုတ္လိုက္တယ္။ "ေန႕လည္စာစားခ်ိန္ကေက်ာ္သြားၿပီ။ အိပ္ရာမထေသးရင္ ဗိုက္က နာလာလိမ့္မယ္ေနာ္။"
ဘိုင္က်ိဳးက တိုးတိုးေလး ေရ႐ြတ္ကာ "ကြၽန္ေတာ္ မမ ကိုယ္တိုင္ခ်က္ထားတာကို စားခ်င္တယ္။ မမ ျပင္သစ္မွာ စာသြားသင္မယ္လို႔...ေျပာခဲ့တယ္"
သူ႕စကားမ်ားသည္ တျဖည္းျဖည္း ႏွေးေကြးလာၿပီး ေနာက္ဆုံး စကားလုံးေရာက္သည့္အခါ ေအာ္မိသြားသည္။ သူသည္ မိုးႀကိဳးပစ္ခံရသကဲ့သို႔ ခ်က္ခ်င္းထထိုင္လိုက္တယ္။
ခ်ီး၊ ေသခ်ာေပါက္ က်ီရွင္းရွင္းက ျပင္သစ္မွာေလ။ ဒါဆို ငါ့နားကလူက အတုေပါ့။
ဘိုင္က်ိဳးသည္ က်ီဖန္ယင္းအား ေဒါသႏွင့္ ထိတ္လန႔္မႈမ်ား ေရာေထြးေနေသာအၾကည့္ျဖင့္ စိုက္ၾကည့္ေနေသာ္လည္း က်ီဖန္ယင္းသည္ အၿပဳံးမပ်က္ "မင္းေကာင္းေကာင္းနိုးလာၿပီလား"
သူဆဲလိုက္ခ်င္ေပမယ့္ ေနာက္အခိုက္အတန႔္မွာေတာ့ သူ သူမအကၤ်ီကို ကိုင္ထားတာကို သိလိုက္ရသည္။ မေရမတြက္နိုင္ေသာ ဆဲဆိုစကားမ်ားသည္ သူ႕စိတ္ထဲတြင္ ပ်ံ့ႏွံ႕သြားၿပီး ခ်က္ခ်င္းပင္ ဖယ္လိုက္သည္။
"ေန႕လည္စာကို deliမွာလိုက္မယ္။" သူသည္ ဖုန္းကို ေဒါသျဖစ္စြာ ထုတ္ၿပီး ပို႔ေဆာင္ေရးအက္ပ္ကို ဖြင့္လိုက္သည္။ "ၾကက္ေၾကာ္စားၾကမယ္"
က်ီဖန္ယင္း သက္ျပင္းခ်လိဳက္သည္။"မင္းက ငယ္ေသးတယ္။ဒီလိုက်န္းမာေရးနဲ႕မညီၫႊတ္တာေတြကို တစ္ခ်ိန္လုံးမစားေနသင့္ဘူး။"
"ခင္ဗ်ားကိစၥမဟုတ္ဘူး။"ဘိုင္က်ိဳးက ေအာ္လိုက္တယ္။သူသည္ အခုခ်ိန္တြင္ ေပါက္ကြဲခါနီး မီးေတာင္ႏွင့္တူေနသည္။ "မင္က မမနဲ႕ နည္းနည္းေလးမွေတာင္မတူဘူး။ ဟင္းေတာင္ခ်က္တတ္ရဲ႕လား။"
"ခ်က္တတ္တယ္။" က်ီဖန္ယင္းက ၿပဳံးၿပီး ျပန္ေျဖတယ္။ "ငါျပင္သစ္ဟင္းနည္းနည္းပါးပါး ခ်က္တတ္တယ္။ဘာစားခ်င္လဲ"
ဘိုင္က်ိဳးသည္ ၾကက္သားအစပ္ကို အမွာစာထဲ ေဒါသတႀကီးထည့္ေနတုန္း သူ၏လက္ေခ်ာင္းသည္ ႐ုတ္တရက္ ရပ္သြားသည္ "...ဟုတ္လို႔လား"
"ျပင္ဆင္ခ်ိန္က နည္းနည္းေတာ့ ၾကာနိုင္တယ္၊ ၿပီေတာ့ ငါ့မွာ ဘာပစၥည္းမွ မရွိဘူး။"က်ီဖန္ယင္းသည္ သူမ၏ နာရီကို တစ္ခ်က္ၾကည့္လိုက္သည္။"ေစ်းဝယ္ၿပီး မင္းအတြက္ ညစာ ခ်က္ေပးရင္ေရာ။"
ဘိုင္က်ိဳးသည္ သူခိုးကို ကာကြယ္ရန္ ႀကိဳးစားေနသကဲ့သို႔ သူမအား ေစ့ေစ့ၾကည့္ေနသည္။
သို႔ေသာ္ ေနာက္ဆုံးတြင္ သူသည္ သေဘာတူလိုက္သည္။ သူက သူမဆီကို ဖုန္းလွမ္းကမ္းလိုက္ၿပီး "ေန႕လည္စာအတြက္ မွာလိုက္" ဟု ေျပာပါတယ္။
က်ီဖန္ယင္းသည္ က်န္းမာေရးႏွင့္ မညီၫြတ္ေသာ ၾကက္ေၾကာ္ဆိုင္၏ မီႏူးကို ၾကည့္လိုက္ကာ အဆုံးတြင္ က်ီရွင္းရွင္းစားေနက် အသုပ္ႏွင့္ ေျပာင္းဖူးကို ေ႐ြးခ်ယ္ခဲ့သည္။
'ေတာ္ေသးတာေပါ့၊ ငါမနက္စာမ်ားမ်ားစားလာလို႔'
ဘိုင္က်ိဳးသည္ ေကာင္းေကာင္းအနားယူထားတာေၾကာင့္ ေန႕လည္ခင္းမွာ ပိုတက္ႂကြေနတယ္။ ပုံၾကမ္းႏွစ္ခုကို အၿပီးသတ္ၿပီးသည့္ေနာက္ အဖိုးတန္ရတနာတစ္ခုကဲ့သို႔ ဖိုင္တြဲတစ္ခုတြင္ ဂ႐ုတစိုက္သိမ္းဆည္းလိုက္သည္။
"မင္းဘာသာ စူပါမားကတ္ကို သြားလိုက္ေတာ့၊ ငါမလိုက္ေတာ့ဘူး။" လို႔ ဘိုင္က်ိဳးက အႏုပညာခန္းထဲက ထြက္လာရင္း ေျပာလိုက္ပါသည္ "ငါတို႔ႏွစ္ေယာက္ကို တစ္ေယာက္ေယာက္ကေတြ႕သြားရင္ ဒုကၡေရာက္လိမ့္မယ္။"
က်ီဖန္ယင္းက သူ႕ဘဏ္ကတ္ကို ေတာင္းဖို႔ စဥ္းစားထားခဲ့ေပမယ့္ သူမရဲ႕ဇာတ္႐ုပ္ကို မခ်ိဳးေဖာက္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။
ဒီစရိတ္ေတြကို ေနာက္မွပဲ သူ႕ဆီ အေၾကာင္းၾကားလိုက္ေတာ့မယ္။ဘယ္လိုပဲျဖစ္ျဖစ္ သူသည္ ေငြျပန္မေပးလို႔မရပါဘူး။
က်ီဖန္ယင္းသည္ ေရွာ့ပင္းေမာလ္ရွိ B1အထပ္က Hema စူပါမားကတ္ဆီသို႔ သြားခဲ့သည္။သူမသည္ စိတ္ထဲ၌ ပါဝင္ပစၥည္းမ်ားအတြက္စာရင္းတစ္ခုကို အျမန္ေတြးကာ သူမလိုအပ္သမွ်ကို ယူၿပီးေနာက္ ေငြေပးေခ်လိဳက္သည္။
ၿပီးသည္ႏွင့္ သူမ ဘိုင္က်ိဳးကို ဖုန္းေခၚလိုက္သည္။
သူ႕အသံက အၿမဲလိုလိုကို စိတ္မရွည္ေနေပ။ "ၿပီးၿပီလား။ မင္းရဲ႕လိပ္စာကို ငါ့ဆီပို႔ေပး၊ ငါတို႔ အဲဒီကို သပ္သပ္စီသြားၾကမယ္။"
က်ီဖန္ယင္းက မ်က္ေတာင္ခတ္ကာ ျပန္ေျဖလိုက္သည္ "မင္းရဲ႕အိမ္ကိုပဲ သြားရေအာင္။မင္းတို႔အိမ္က မီးဖိုေခ်ာင္က ပိုႀကီးတယ္ေလ။ၿပီးေတာ့... မင္းခုတေလာ ကိုယ့္ကိုယ္ကို ဂ႐ုစိုက္လားဆိုတာစစ္ဖို႔ တိုက္ခန္းတစ္ဝိုက္ကို ၾကည့္ၾကည့္ခ်င္ေသးတယ္။"
သူမ၏ လိပ္စာကို ကာစတမ္မာအား လြယ္လြယ္ မေပးခ်င္ခဲ့ပါ။စုန့္ရွီးယြီကိုေတာင္ လိပ္စာ အတိအက်မေပးဘဲ အနီးနားမွာရွိတဲ့ အမ်ားသုံး ကားပါကင္မွာပဲ ေတြ႕ဖို႔ ေ႐ြးခ်ယ္ခဲ့တာ ျဖစ္ပါသည္။
သူမသည္ အလုပ္ႏွင့္ ကိုယ္ပိုင္ဘဝအၾကား ျပတ္သားစြာ စည္းျခားထားခဲ့သည္။
ဘိုင္က်ိဳးက ႏွစ္စကၠန႔္ေလာက္ တိတ္ဆိတ္သြားတယ္။ သူသည္ က်ီဖန္ယင္းနဲ႕ ျငင္းခုံရင္း အခ်ိန္မျဖဳန္းခ်င္တာေၾကာင့္လည္း ျဖစ္နိုင္ၿပီး မၾကာခင္မွာပဲ သူက "အဲဒါဆို ငါ့လိပ္စာကို ပို႔ေပးလိုက္မယ္။ မင္းဘာသာ အဲဒီကိုသြားလိုက္ေတာ့။"
ေနာက္ေတာ့ သူဖုန္းခ်လိဳက္သည္။
_____________________________________________