ကျီဖန်ယင်းသည် ဘိုင်ကျိုး လျှောက်လည်နိုင်လောက်မည့်နေရာများစွာကို စဉ်းစားကြည့်ခဲ့သော်လည်း သူ၏ရွေးချယ်မှုက သူမကို လုံးဝအံ့အားသင့်စေခဲ့သည်။
ရွှေဇွန်းကိုက်မွေးလာသော စိတ်မြန်လက်မြန်ရှိသည့် လူငယ်တစ်ဦးဖြစ်သော်လည်းပဲ သူ၏ရွေးချယ်မှုခဲ့သည့်နေရာသည် အလယ်တန်းကျောင်းသားများသာ သွားမည့် သမိုင်းဝင်နေရာတစ်ခုဖြစ်သော neoprint boothဖြစ်သည်။
neoprint booth
ကျီဖန်ယင်းသည် neoprint boothကို တွေ့လိုက်ရသည့်အခိုက်တွင် သူမ၏အမူအရာများသည် ခဏလောက်ပျက်ယွင်းသွားခဲ့ပြီး ခံစားချက်အစစ်အမှန်ကို ထုတ်ဖော်ပြသမိသွားခဲ့သည်။ ကံမကောင်းစွာနဲ့ပဲ ဘိုင်ကျိုးက အဲဒါကို မြင်လိုက်သည်။
"ပေါက်တတ်ကရတွေလုပ်မနေဘဲ ပိုက်ဆံပေးထားတဲ့အတိုင်းလုပ်။"ဟု ကျီဖန်ယင်းကို အထဲကို တွန်းရင်း ဒေါသတကြီး ရေရွတ်လိုက်တယ်။
ကျီဖန်ယင်းသည် အတွင်းရှိထိုင်ခုံပေါ်တွင် ကျော့ရှင်းစွာထိုင်ပြီး ခလုတ်အချို့ကို စပ်စုစိတ်ဖြင့် နှိပ်လိုက်သည်။
'ဒီneo printစက်ကို ငါနောက်ဆုံးထိခဲ့တာ ဘယ်လောက်တောင်ရှိနေပြီလဲ'
ခြေတံရှည်သော ဘိုင်ကျိုးသည် တခါတည်းငုံ့ဝင်လာသော်လည်း သူ၏မြင့်သောအရပ်ကြောင့် ထိုင်ခုံနှင့် စခရင်ကြားတွင် သူ့ခြေထောက်များကို ချထားရန် နေရာမရှိတာကြောင့် အနည်းငယ်အဆင်မပြေဖြစ်နေသည်။
Neoprint boothများသည် ကျဉ်းမြောင်းပြီး အရွယ်ရောက်ပြီးသူ နှစ်ဦးက သူတို့ကိုယ်သူတို့ အတင်းတိုးဝင်နေကြသည်။ နောက်ဆုံးတွင် ဝင်နိုင်ခဲ့ပြီး လက်သီးနှစ်ဆုပ်စာသာ သူတို့ကြားတွင် ခြားနေခဲ့ပါသည်။
"ဘယ်လိုရိုက်ချင်လဲ" ကျီဖန်ယင်းက သူမဖောက်သည်ကို ယဉ်ကျေးစွာ မေးမြန်းခဲ့ပါတယ်။
ဘိုင်ကျိုးက သူ့လည်ချောင်းကို ရှင်းပြီး "ဘာမှမပြောနဲ့။ ငါပြောတာပဲ နားထောင်။"
ခလုတ်များကို မနှိပ်ခင် သူသည် အရင်ဆုံး QRကုဒ်ကို scanဖတ်ပြီး စက်အတွက် ငွေပေးချေခဲ့သည်။ နောက်ဆုံးထွက်လာတဲ့ပုံသည် ကင်မရာရှေ့တွင် ကျပ်ညှပ်စွာ ထိုင်နေကြသော သူတို့နှစ်ယောက်ရဲ့ ဓာတ်ပုံဖြစ်သည်။
ဘိုင်ကျိုးသည် ဓာတ်ပုံကိုကြည့်ပြီး အလွန်မကျေမနပ်ဖြစ်နေကာ မျက်မှောင်ကြုတ်လိုက်သည်။
"ငါကူပေးရမလား။" ကျီဖန်ယင်းက ကြင်နာစွာ မေးလိုက်သည်။
ဘိုင်ကျိုးဟာ neoprint boothကို အခုမှပထမဆုံးအကြိမ် ရောက်ဖူးတာဖြစ်ကြောင်း သူမပြောနိုင်သည်။
"မလိုဘူး။" ဘိုင်ကျိုးက ဒေါသတကြီး လှမ်းပြောသည်။ "အနားကပ်လာခဲ့ဦး"
ကျီဖန်ယင်းသည် သူပြောသလို အနားသို့ကပ်လိုက်သော်လည်း သူနဲ့တစ်သီးတစ်ဆုပ်အကွာရောက်တဲ့အချိန် သူသည် ရှောင်ဖယ်နေပြီဖြစ်သည်။ သူ့နောက်ထပ်ဆုတ်ဖို့ နေရာအများကြီးမရှိတော့တာကြောင့် နောက်ဆုံးတွင် သူသည် ထိုင်ခုံအစွန်းတွင်သာ ကြပ်ညှပ်ထိုင်လိုက်ရသည်။
ကျီဖန်ယင်းသည် နီရဲနေသော သူ့မျက်နှာသည် အလွန်စိတ်ဝင်စားစရာကောင်းသည်ဟု ထင်တာကြောင့် ဓာတ်ပုံရိုက်သည့် ခလုတ်ကို နှိပ်လိုက်သည်။
တစ်ချိန်တည်းမှာပဲ ဘိုင်ကျိုးက သည်းမခံနိုင်တော့ဘဲ ကျီဖန်ယင်းကို သူ့ဆီကနေ တွန်းထုတ်လိုက်ကာ "ငါ့နားကို ဒီလောက်ထိ ကပ်မလာနဲ့။"ဟု တိုးတိုးလေးပြောလိုက်သည်။
ထို့ကြောင့် ကျီဖန်ယင်းသည် အနည်းငယ် နောက်ပြန်ဆုတ်ကာ လက်မြှောက်လိုက်သည်။ "ကပ်ထိုင်ပြောလိုက်၊ အနားအရမ်းကပ်မလာနဲ့ပြောလိုက်နဲ့။ ငါဘယ်မှာထိုင်ရမလဲဆိုတာ တခါတည်းပဲပြောလိုက်ပါတော့လား။"
ဘိုင်ကျိုးက ကင်မရာကို လက်ညှိုးထိုးပြပြီး "မင်းရဲ့လက်" လို့ ငြီးတွားလိုက်ပါတယ်။
ကျီဖန်ယင်းက သူ့ကိုယ်ဟန်အနေအထားကို တစ်ချက်ကြည့်လိုက်ပြီး သူလုပ်ထားသော 'V' လက်ဟန်ကြောင့် ချက်ချင်းပင် ရယ်ချင်သွားသည်။ သူအတိုင်း လိုက်လုပ်လိုက်ပေမဲ့ ရယ်ချင်တာကို ထိန်းဖို့ခက်နေပါသည်။
အလယ်တန်းကျောင်းသားတွေ ချိန်းတွေ့တာကျလို့။
"မရယ်နဲ့" ဘိုင်ကျိုးကက ဟောက်လိုက်တယ်။
ထို့ကြောင့် နောက်ဆုံးတွင် ကျီဖန်ယင်းသည် ရယ်ချင်သည်ကိုထိန်းကာ ကင်မရာကို ကြည့်လိုက်သည်။
သရုပ်ဆောင်တစ်ယောက်ဟာ မွေးရာပါ မျက်နှာသွင်ပြင်နဲ့ မတူညီတဲ့ စိတ်နေသဘောထားတွေကို ဖော်ပြနိုင်ရပါမည်။ ကျီဖန်ယင်းသည် ကျီရှင်းရှင်းအဖြစ် သရုပ်ဆောင်နိုင်ခဲ့သော်လည်း သူမ၏မျက်နှာအသွင်အပြင်သည် နူးညံ့သိမ်မွေ့သော အမျိုးအစားမဟုတ်ပေ။
သူမတွင် ထက်မြက်သော မျက်ခုံးနှင့် နှုတ်ခမ်းပါးများရှိပြီး သူမပြုံးမနေသည့်အခါတိုင်း အေးစက်ပြီး ကျော့ရှင်းသောအသွင်ကို ဖြစ်စေသည်။
ဘိုင်ကျိုးသည် စခရင်ကို အထပ်ထပ်အခါခါ စိုက်ကြည့်သော်လည်း တစ်ခုခုမှားနေတယ်ဟု ခံစားနေရသည်။ သူသည် ကျီဖန်ယင်း၏မျက်နှာကို အသုံးပြုပြီး သူနှင့်ကျီရှင်းရှင်းတို့ဓာတ်ပုံအဖြစ် သိမ်းထားဖို့ရန်ကို ရည်ရွယ်ထားခဲ့သည်။
ပြဿနာက ကျီဖန်ယင်းဟာ ကျီရှင်းရှင်းရဲ့ အပြုအမူများကို စွန့်လွှတ်လိုက်တာနဲ့ လုံးဝကို ကွဲပြားသွားပါသလိုခံစားရသည်။
သူတို့နှစ်ယောက်က လူချင်းတူတယ်လို့ မခံစားရရင် ဒီဓာတ်ပုံကို ဘယ်လိုရိုက်လို့ရပါ့မလဲ။
ဘိုင်ကျိုးက အသက်ပြင်းပြင်းရှူပြီး "ငါစိတ်ပြောင်းသွားပြီ။ ဆက်သရုပ်ဆောင်ပေး။"
ကျီဖန်ယင်းသည် သက်ပြင်းချကာ ရုတ်တရက် ဘိုင်ကျိုး၏ ပုခုံးပေါ်ကို လက်မောင်းတင်လိုက်ပြီး "ငါ့ကိုကြည့်" ဟု ပြောလိုက်သည်။
ဘိုင်ကျိုး၏ မျက်လုံးများသည် အနည်းငယ်ဝိုင်းစက်သွားပြီးနောက် ကျီဖန်ယင်းကို မျက်နှာတည့်တည့် ကြည့်လိုက်သည်။ သူသည် သူမကို စေ့စေ့ကြည့်နေသော်လည်း တစ်ချိန်တည်းမှာပင် ရုန်းကန်နေပုံရသည်။
ကျီဖန်ယင်းသည် ဓာတ်ပုံအနည်းငယ်ကို ဆက်တိုက်ရိုက်ရင်း လက်မြှောက်ကာ ဘိုင်ကျိုး၏ဆံပင်ကို ဘေးဘက်သို့ သပ်ပေးလိုက်သည်။ ဘိုင်ကျိုး ဖြစ်ပျက်နေတာတွေကိုတောင် သေချာမသိခင်မှာပဲ အရာအားလုံးက ပြီးဆုံးသွားခဲ့ပါပြီ။
သူဒေါသထွက်ပြတော့မည့်အချိန်တွင် ကျီဖန်ယင်းက ဓာတ်ပုံအသစ်များကို ပြကာ "ဘယ်လိုလဲ" လို့ မေးလိုက်သည်
ဘိုင်ကျိုးသည် ဓာတ်ပုံများထဲတွင် ရှိနေသော စုံတွဲဆီသို့ ချက်ချင်းအာရုံရောက်သွားသည်။ အကြာကြီး စိုက်ကြည့်နေပြီးနောက် ရုတ်တရက် ယူကာ သူ့အိတ်ကပ်ထဲ ထည့်လိုက်တယ်။ "အ-အွန်း။ ဆက်ရိုက်ရအောင်။"
သူသည် ထပ်ခါတလဲလဲ ဓါတ်ပုံရိုက်နေကာ လုံးဝစွဲလမ်းသွားသည့်ပုံပင်။
_____________________________________________
Zawgyi
က်ီဖန္ယင္းသည္ ဘိုင္က်ိဳး ေလွ်ာက္လည္နိုင္ေလာက္မည့္ေနရာမ်ားစြာကို စဥ္းစားၾကည့္ခဲ့ေသာ္လည္း သူ၏ေ႐ြးခ်ယ္မႈက သူမကို လုံးဝအံ့အားသင့္ေစခဲ့သည္။
ေ႐ႊဇြန္းကိုက္ေမြးလာေသာ စိတ္ျမန္လက္ျမန္ရွိသည့္ လူငယ္တစ္ဦးျဖစ္ေသာ္လည္းပဲ သူ၏ေ႐ြးခ်ယ္မႈခဲ့သည့္ေနရာသည္ အလယ္တန္းေက်ာင္းသားမ်ားသာ သြားမည့္ သမိုင္းဝင္ေနရာတစ္ခုျဖစ္ေသာ neoprint boothျဖစ္သည္။
neoprint booth
က်ီဖန္ယင္းသည္ neoprint boothကို ေတြ႕လိုက္ရသည့္အခိုက္တြင္ သူမ၏အမူအရာမ်ားသည္ ခဏေလာက္ပ်က္ယြင္းသြားခဲ့ၿပီး ခံစားခ်က္အစစ္အမွန္ကို ထုတ္ေဖာ္ျပသမိသြားခဲ့သည္။ ကံမေကာင္းစြာနဲ႕ပဲ ဘိုင္က်ိဳးက အဲဒါကို ျမင္လိုက္သည္။
"ေပါက္တတ္ကရေတြလုပ္မေနဘဲ ပိုက္ဆံေပးထားတဲ့အတိုင္းလုပ္။"ဟု က်ီဖန္ယင္းကို အထဲကို တြန္းရင္း ေဒါသတႀကီး ေရ႐ြတ္လိုက္တယ္။
က်ီဖန္ယင္းသည္ အတြင္းရွိထိုင္ခုံေပၚတြင္ ေက်ာ့ရွင္းစြာထိုင္ၿပီး ခလုတ္အခ်ိဳ႕ကို စပ္စုစိတ္ျဖင့္ ႏွိပ္လိုက္သည္။
'ဒီneo printစက္ကို ငါေနာက္ဆုံးထိခဲ့တာ ဘယ္ေလာက္ေတာင္ရွိေနၿပီလဲ'
ေျခတံရွည္ေသာ ဘိုင္က်ိဳးသည္ တခါတည္းငုံ႕ဝင္လာေသာ္လည္း သူ၏ျမင့္ေသာအရပ္ေၾကာင့္ ထိုင္ခုံႏွင့္ စခရင္ၾကားတြင္ သူ႕ေျခေထာက္မ်ားကို ခ်ထားရန္ ေနရာမရွိတာေၾကာင့္ အနည္းငယ္အဆင္မေျပျဖစ္ေနသည္။
Neoprint boothမ်ားသည္ က်ဥ္းေျမာင္းၿပီး အ႐ြယ္ေရာက္ၿပီးသူ ႏွစ္ဦးက သူတို႔ကိုယ္သူတို႔ အတင္းတိုးဝင္ေနၾကသည္။ ေနာက္ဆုံးတြင္ ဝင္နိုင္ခဲ့ၿပီး လက္သီးႏွစ္ဆုပ္စာသာ သူတို႔ၾကားတြင္ ျခားေနခဲ့ပါသည္။
"ဘယ္လိုရိုက္ခ်င္လဲ" က်ီဖန္ယင္းက သူမေဖာက္သည္ကို ယဥ္ေက်းစြာ ေမးျမန္းခဲ့ပါတယ္။
ဘိုင္က်ိဳးက သူ႕လည္ေခ်ာင္းကို ရွင္းၿပီး "ဘာမွမေျပာနဲ႕။ ငါေျပာတာပဲ နားေထာင္။"
ခလုတ္မ်ားကို မႏွိပ္ခင္ သူသည္ အရင္ဆုံး QRကုဒ္ကို scanဖတ္ၿပီး စက္အတြက္ ေငြေပးေခ်ခဲ့သည္။ ေနာက္ဆုံးထြက္လာတဲ့ပုံသည္ ကင္မရာေရွ႕တြင္ က်ပ္ညွပ္စြာ ထိုင္ေနၾကေသာ သူတို႔ႏွစ္ေယာက္ရဲ႕ ဓာတ္ပုံျဖစ္သည္။
ဘိုင္က်ိဳးသည္ ဓာတ္ပုံကိုၾကည့္ၿပီး အလြန္မေက်မနပ္ျဖစ္ေနကာ မ်က္ေမွာင္ၾကဳတ္လိုက္သည္။
"ငါကူေပးရမလား။"က်ီဖန္ယင္းက ၾကင္နာစြာ ေမးလိုက္သည္။
ဘိုင္က်ိဳးဟာ neoprint boothကို အခုမွပထမဆုံးအႀကိမ္ ေရာက္ဖူးတာျဖစ္ေၾကာင္း သူမေျပာနိုင္သည္။
"မလိုဘူး။"ဘိုင္က်ိဳးက ေဒါသတႀကီး လွမ္းေျပာသည္။ "အနားကပ္လာခဲ့ဦး"
က်ီဖန္ယင္းသည္ သူေျပာသလို အနားသို႔ကပ္လိုက္ေသာ္လည္း သူနဲ႕တစ္သီးတစ္ဆုပ္အကြာေရာက္တဲ့အခ်ိန္ သူသည္ ေရွာင္ဖယ္ေနၿပီျဖစ္သည္။သူ႕ေနာက္ထပ္ဆုတ္ဖို႔ ေနရာအမ်ားႀကီးမရွိေတာ့တာေၾကာင့္ ေနာက္ဆုံးတြင္ သူသည္ ထိုင္ခုံအစြန္းတြင္သာ ၾကပ္ညွပ္ထိုင္လိုက္ရသည္။
က်ီဖန္ယင္းသည္ နီရဲေနေသာ သူ႕မ်က္ႏွာသည္ အလြန္စိတ္ဝင္စားစရာေကာင္းသည္ဟု ထင္တာေၾကာင့္ ဓာတ္ပုံရိုက္သည့္ ခလုတ္ကို ႏွိပ္လိုက္သည္။
တစ္ခ်ိန္တည္းမွာပဲ ဘိုင္က်ိဳးက သည္းမခံနိုင္ေတာ့ဘဲ က်ီဖန္ယင္းကို သူ႕ဆီကေန တြန္းထုတ္လိုက္ကာ "ငါ့နားကို ဒီေလာက္ထိ ကပ္မလာနဲ႕။"ဟု တိုးတိုးေလးေျပာလိုက္သည္။
ထို႔ေၾကာင့္ က်ီဖန္ယင္းသည္ အနည္းငယ္ ေနာက္ျပန္ဆုတ္ကာ လက္ျမႇောက္လိုက္သည္။ "ကပ္ထိုင္ေျပာလိုက္၊ အနားအရမ္းကပ္မလာနဲ႕ေျပာလိုက္နဲ႕။ ငါဘယ္မွာထိုင္ရမလဲဆိုတာ တခါတည္းပဲေျပာလိုက္ပါေတာ့လား။"
ဘိုင္က်ိဳးက ကင္မရာကို လက္ညွိုးထိုးျပၿပီး "မင္းရဲ႕လက္" လို႔ ၿငီးတြားလိုက္ပါတယ္။
က်ီဖန္ယင္းက သူ႕ကိုယ္ဟန္အေနအထားကို တစ္ခ်က္ၾကည့္လိုက္ၿပီး သူလုပ္ထားေသာ 'V' လက္ဟန္ေၾကာင့္ ခ်က္ခ်င္းပင္ ရယ္ခ်င္သြားသည္။သူအတိုင္း လိုက္လုပ္လိုက္ေပမဲ့ ရယ္ခ်င္တာကို ထိန္းဖို႔ခက္ေနပါသည္။
အလယ္တန္းေက်ာင္းသားေတြ ခ်ိန္းေတြ႕တာက်လိဳ႕။
"မရယ္နဲ႕"ဘိုင္က်ိဳးကက ေဟာက္လိုက္တယ္။
ထို႔ေၾကာင့္ ေနာက္ဆုံးတြင္ က်ီဖန္ယင္းသည္ ရယ္ခ်င္သည္ကိုထိန္းကာ ကင္မရာကို ၾကည့္လိုက္သည္။
သ႐ုပ္ေဆာင္တစ္ေယာက္ဟာ ေမြးရာပါ မ်က္ႏွာသြင္ျပင္နဲ႕ မတူညီတဲ့ စိတ္ေနသေဘာထားေတြကို ေဖာ္ျပနိုင္ရပါမည္။ က်ီဖန္ယင္းသည္ က်ီရွင္းရွင္းအျဖစ္ သ႐ုပ္ေဆာင္နိုင္ခဲ့ေသာ္လည္း သူမ၏မ်က္ႏွာအသြင္အျပင္သည္ ႏူးညံ့သိမ္ေမြ႕ေသာ အမ်ိဳးအစားမဟုတ္ေပ။
သူမတြင္ ထက္ျမက္ေသာ မ်က္ခုံးႏွင့္ ႏႈတ္ခမ္းပါးမ်ားရွိၿပီး သူမၿပဳံးမေနသည့္အခါတိုင္း ေအးစက္ၿပီး ေက်ာ့ရွင္းေသာအသြင္ကို ျဖစ္ေစသည္။
ဘိုင္က်ိဳးသည္ စခရင္ကို အထပ္ထပ္အခါခါ စိုက္ၾကည့္ေသာ္လည္း တစ္ခုခုမွားေနတယ္ဟု ခံစားေနရသည္။ သူသည္ က်ီဖန္ယင္း၏မ်က္ႏွာကို အသုံးျပဳၿပီး သူႏွင့္က်ီရွင္းရွင္းတို႔ဓာတ္ပုံအျဖစ္ သိမ္းထားဖို႔ရန္ကို ရည္႐ြယ္ထားခဲ့သည္။
ျပႆနာက က်ီဖန္ယင္းဟာ က်ီရွင္းရွင္းရဲ႕ အျပဳအမူမ်ားကို စြန႔္လႊတ္လိုက္တာနဲ႕ လုံးဝကို ကြဲျပားသြားပါသလိုခံစားရသည္။
သူတို႔ႏွစ္ေယာက္က လူခ်င္းတူတယ္လို႔ မခံစားရရင္ ဒီဓာတ္ပုံကို ဘယ္လိုရိုက္လို႔ရပါ့မလဲ။
ဘိုင္က်ိဳးက အသက္ျပင္းျပင္းရႉၿပီး "ငါစိတ္ေျပာင္းသြားၿပီ။ဆက္သ႐ုပ္ေဆာင္ေပး။"
က်ီဖန္ယင္းသည္ သက္ျပင္းခ်ကာ ႐ုတ္တရက္ ဘိုင္က်ိဳး၏ ပုခုံးေပၚကို လက္ေမာင္းတင္လိုက္ၿပီး "ငါ့ကိုၾကည့္" ဟု ေျပာလိုက္သည္။
ဘိုင္က်ိဳး၏ မ်က္လုံးမ်ားသည္ အနည္းငယ္ဝိုင္းစက္သြားၿပီးေနာက္ က်ီဖန္ယင္းကို မ်က္ႏွာတည့္တည့္ ၾကည့္လိုက္သည္။ သူသည္ သူမကို ေစ့ေစ့ၾကည့္ေနေသာ္လည္း တစ္ခ်ိန္တည္းမွာပင္ ႐ုန္းကန္ေနပုံရသည္။
က်ီဖန္ယင္းသည္ ဓာတ္ပုံအနည္းငယ္ကို ဆက္တိုက္ရိုက္ရင္း လက္ျမႇောက္ကာ ဘိုင္က်ိဳး၏ဆံပင္ကို ေဘးဘက္သို႔ သပ္ေပးလိုက္သည္။ဘိုင္က်ိဳး ျဖစ္ပ်က္ေနတာေတြကိုေတာင္ ေသခ်ာမသိခင္မွာပဲ အရာအားလုံးက ၿပီးဆုံးသြားခဲ့ပါၿပီ။
သူေဒါသထြက္ျပေတာ့မည့္အခ်ိန္တြင္ က်ီဖန္ယင္းက ဓာတ္ပုံအသစ္မ်ားကို ျပကာ "ဘယ္လိုလဲ" လို႔ ေမးလိုက္သည္
ဘိုင္က်ိဳးသည္ ဓာတ္ပုံမ်ားထဲတြင္ ရွိေနေသာ စုံတြဲဆီသို႔ ခ်က္ခ်င္းအာ႐ုံေရာက္သြားသည္။ အၾကာႀကီး စိုက္ၾကည့္ေနၿပီးေနာက္ ႐ုတ္တရက္ ယူကာ သူ႕အိတ္ကပ္ထဲ ထည့္လိုက္တယ္။ "အ-အြန္း။ ဆက္ရိုက္ရေအာင္။"
သူသည္ ထပ္ခါတလဲလဲ ဓါတ္ပုံရိုက္ေနကာ လုံးဝစြဲလမ္းသြားသည့္ပုံပင္။
_____________________________________________